𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]

By Tsubaki_Wang

105K 6.8K 1.1K

"အကိုထားခဲ့တာနဲ့ ကျွန်တော်ပျောက်ဆုံးသွားမှာပဲ" Xiao Zhan x Wang Yibo Heavy Zhanyi Fanfiction ... If you're ve... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆ (ဇာတ်သိမ်း)
Unseen Love (Xiao Zhan's Side Story)

အပိုင်း ၁၂

4.9K 373 73
By Tsubaki_Wang

Unicode

"Cheer!"

တေးသွားငြိမ့်ငြိမ့်လေးတွေသာ ပျံ့လွင့်နေသည့် Barတစ်ခုမှာပဲ သူတို့သုံးယောက် ငြိမ်ငြိမ်လေးထိုင်သောက်နေကြသည်။ ဆူဆူညံညံအသံတွေနဲ့ ကခုန်နေကြတဲ့ လူတွေရှိသည့် နေရာမျိုးကို ရိပေါ်မကြိုက်..။

"အကိုရိပေါ်က ပိုချောလာတယ်"

"နောက်နေတာလားမင်းက ..."

ဖန်ရှင်းအပြောကို ရိပေါ်ဘာမှမပြောရသေးခင် ကျိရန်က ဝင်ကာ ထောက်ဖြုတ်သည်။
ဒါပေမယ့် ကျိရန်ပြောတဲ့အတိုင်းပါပဲ...။ ဒီငါးနှစ်အတွင်း စိတ်ပင်ပန်းလူပင်ပန်းနဲ့ ချောဖို့တောင် ရိပေါ်မှာအချိန်မရခဲ့....။

"ဖန်ရှင်းရော ရည်းစားရနေပြီလား"

"ဟင့်အင်း ကျွန်တော်အထက်တန်းပြီးမှပဲစဉ်းစားတော့မယ်"

"ဘာတက္ကသိုလ်ရွေးထားလဲ"

ကိုင်ထားတဲ့ခွက်ထဲက အရက်ကိုတစ်ငုံသောက်ပြီး မေးလိုက်တော့ဖန်ရှင်းက သောက်လက်စခွက်ကို စားပွဲပေါ်ချကာ သက်ပြင်းချသည်။ ဖန်ရှင်းဟာ အထက်တန်းနောက်ဆုံးနှစ်ဖြစ်သော်လည်း အသက်ပြည့်ပြီးသားဖြစ်၍ သူတို့နဲ့အတူလိုက်လာခွင့်ရခြင်း...။

"ကော အဆင်ပြေတဲ့တက္ကသိုလ်တက်ရမှာ အရမ်းအမြင့်ကြီးလည်းမှန်းလို့မရဘူး ကောက အခုကျွန်တော့်ကျောင်းစရိတ်တွေရော အိမ်ရဲ့စားစရိတ်ရော တာဝန်ယူထားရတာလေ ကျွန်တော်က ဝန်မပိုစေချင်ဘူး"

"ဖေဖေပေးတဲ့ စကော်လာဝင်လျှောက်ပါလား"

ကျိရန်စကားကြောင့် ရိပေါ်မလုံမလဲ ဖြစ်ရသည်။ သူသာဝင်မတားရင် ဖန်ရှင်းအခုဆို ကျောင်းစရိတ်တောင်မလိုဘဲ ကျောင်းတက်ခွင့်ရရင်ရနေနိုင်၏။

"ကျွန်တော်စာအတွက်အချိန်မပေးနိုင်ဘူး မေမေကလည်းနေမကောင်းတော့ပြုစုရသေးတယ် ဖေဖေဆုံးပြီးကတည်းက မေမေက အရင်လိုမဟုတ်တော့ဘူးလေ"

"အကိုကပြန်မလာဘူးလား"

ဒီတစ်ခါတော့ သူတကယ်သိချင်နေတာကြောင့် ဖန်ရှင်းကို မေးလိုက်မိတော့ တေးသံနိမ့်နိမ့်လေးတွေကြား ဖန်ရှင်းရဲ့ သက်ပြင်းချသံကထပ်ထွက်လာသည်။

"ကောက သူ့တိုက်ခန်းမှာပဲနေတာလေ မေမေကလည်းပြန်မလာခိုင်းသလို သူကလည်းပြန်မလာဘူး ... အခုအကိုကျိရန်ကိုတောင် ကောမသိအောင်ကျွန်တော့်အတွက် အချိန်ပိုင်းအလုပ်လေးတောင်းနေတာ"

"ဖန်ရှင်းကစာပဲလုပ်ပါ အမှတ်အမြင့်ဆုံးရအောင်လုပ်ပြီး ဝင်ချင်တဲ့ တက္ကသိုလ်သာဝင်လိုက် အကိုကတာဝန်ယူပေးမယ်"

"ရပါတယ်အကိုရိပေါ်ရာ သောက်ကြရအောင် ခဏနေကျွန်တော်လည်းပြန်ရမှာ"

သူ့ဘဝမှာ အားနာရမယ့်သူတွေထဲ ဖန်ရှင်းလည်းပါသည်။
ဖန်ရှင်းကိုဆို သူအရင်ကအများကြီး မနာလိုဖြစ်ခဲ့ရတာမလား...။

"ဖန်ရှင်းကို မင်းလိုက်ပို့မလား ငါလိုက်ပို့ရမလား"

"ငါလိုက်မပို့ရဲဘူး သူ့အကိုနဲ့ စကားအများကြီးပြောနေရဦးမယ်"

သူ့စကားကြောင့် ဖန်ရှင်းကရယ်သည်။ ဖန်ရှင်းကို သူစက်ဘီးနဲ့ ပြန်ပို့သည့်နေ့ကစပြီး နောက်နေ့တွေမှာ ဖန်ရှင်းနဲ့ တွေ့ဖို့ရှိတိုင်း ကျိရန်ကိုပါ ခေါ်သွားခဲ့သည်။

"ဒါဆိုမင်းကောင်းကောင်းပြန်"

"အိုကေ... See you"

အပြင်ရောက်တာနဲ့ လက်ထဲကဆိုင်ကယ်ဦးထုပ်ကို ဆောင်းလျက် ကိုကိုဝယ်ပေးထားတဲ့ ဆိုင်ကယ်ကြီးပေါ် တက်ခွကာ Barရှေ့ကနေ မောင်းထွက်လာခဲ့တော့၏။

"ရိပေါ်ပြန်လာပြီလား"

"ဟုတ် ကိုကို..."

ဧည့်ခန်းထဲမှာ ဖုန်းထိုင်ကြည့်နေသည့် ကိုကို သူ့ကို လှမ်းမေးလာတာကြောင့် ရိပေါ် ဆိုင်ကယ်ဦးထုတ်ကို ဘေးကစင်ပေါ်တင်ရင်း ဖြေလိုက်တော့ ကိုကိုဟာ ခေါင်းတငြိမ့်ငြိမ့်....။

"သောက်လာတာလား"

"အင်း ကျိရန်တို့နဲ့ နည်းနည်း...."

သူခြေကုန်လက်ပမ်းကျနေသလိုပုံစံဖြင့် ကိုကို့ရှေ့ကက Sofaမှာဝင်ထိုင်လိုက်စဉ်မှာပဲ ဒယ်ဒီ့အခန်းထဲက ထွက်လာသည့် အကို့ကိုတွေ့လိုက်ရသည်။

"ရိပေါ်ပြန်လာပြီလား ဖန်ရှင်းရော"

"ကျိရန်နဲ့ ပြန်သွားတယ်အကို"

အကိုကလက်ကောက်ဝတ်မှာ နာရီလေးတစ်ခုကို ပတ်နေရင်း သူ့ကိုခေါင်းငြိမ့်ပြသည်။ အကိုပတ်နေတဲ့ နာရီလေးဟာ တစ်နှစ်ပြည့်တုန်းက သူပေးထားတဲ့ နာရီလေး...။

"ကိုကို ..."

"ပြော..."

"သားကို ခရီးလိုက်ပို့ပါလား"

ရိပေါ်လက်ထဲကဆေးလိပ်ကိုဖွာရင်းပြောတော့ ကိုကိုက မကြိုက်သလို နှာခေါင်းရှုံသည်။ သူ့စကားကို မကြိုက်တာမဟုတ်ဘဲ ဆေးလိပ်သောက်တာကို မကြိုက်တာ ဖြစ်ပါလိမ့်မည်။

"ဘယ်သွားချင်လို့လဲ"

"ကမ်းခြေတစ်ခုခုပေါ့ ကိုကိုနဲ့ ခရီးမသွားရတာကြာပြီ"

"အကိုရော လိုက်ခဲ့လို့ရလား"

သူနဲ့ကိုကို့ကြားက Sofaခုံပေါ်ဝင်ထိုင်လျက် မေးလာသည့်အကို့ကို သူမျက်ခုံးပင့်ကာ ခေါင်းငြိမ့်ပြမိသည်။ သူငြင်းစရာအကြောင်းပြချက်မှမရှိလေပဲ...။

"ဘယ်နေ့သွားချင်လဲ"

"မနက်ဖြန်"

"မနက်ဖြန်တော့မရဘူး ကိုကိုအလုပ်ရှိတယ် တဘက်ခါရော"

မနက်ဖြန်ကိုကို အလုပ်မရှိမှန်း သူသိသည်။ ကျိရန်က တပတ်ခါမှ အားမှာလည်း သူသိနေတာကြောင့် ပြုံးစိစိဖြင့်သာ လက်ခံလိုက်ရ၏။

"ကိုကိုဝင်တော့မယ် မနက်ဖြန်မနက်ဘာစားချင်လဲ ဦးလေးယွီကိုပြောထားလိုက်"

"ဟုတ်"

ကိုကို အပေါ်တက်သွားတာနဲ့ မီးဖိုချောင်ထဲဝင်ဖို့လုပ်တဲ့သူ့ကို အကိုကသေချာလိုက်ကြည့်နေသည်။ အကိုကြည့်နေတာကိုသိသော်လည်း သူဘာမှမပြောမိ...။ မီးဖိုချောင်ဗီရိုထဲက ခေါက်ဆွဲတစ်ထုတ်သာကို ထုတ်လိုက်ပြီး ရေခဲသေတ္တာထဲက ကြက်ဥကိုယူကာ စားပွဲပေါ်တင်လိုက်သည်။

"ဘာလုပ်မလို့လဲရိပေါ်"

"ခေါက်ဆွဲစားမလို့အကို ဗိုက်ဆာလို့ ... ပိုပြုတ်လိုက်ရမလား"

"ပေး... ကိုယ်ပြုတ်ပေးမယ်"

သူပြန်မပြောရသေးခင်မှာပဲ အကိုက သူလက်ထဲက အိုးကိုလှမ်းယူပြီး ရေခရားထဲကရေကိုလောင်းထည့်နေပြန်သည်။

"ဘာရပ်ကြည့်နေတာလဲထိုင်နေလေ"

"လက်ရောဆေးရဲ့လား"

အကိုက ခေါက်ဆွဲထုတ်ကိုဖောက်ထည့်နေရင်းမှ သူ့ကိုလှမ်းကြည့်သည်။

"ဒယ်ဒီနဲ့ထိတွေ့လာတဲ့ လက်တွေနဲ့ ကျွန်တော်စားဖို့လုပ်ပေးနေတာတော့မဟုတ်ဘူးလား"

"ဆေး .... ဆေးပြီးပြီ"

အကိုဟာ တကယ်ပဲ ဒယ်ဒီနဲ့ ထိတွေ့လာခဲ့တာပဲ....။ သူ့ကိုပြန်ဖြေသည့် အကို့အသံတွေကတော့ တုန်နေခဲ့သည်။

"ကျွန်တော်ကခေါက်ဆွဲနူးမှ ကြက်ဥကိုထည့်စားတာနော် အကို"

"ကိုယ်မှတ်မိပါတယ်"

"မဖြစ်နိုင်ပါဘူး လူတစ်ယောက်လုံးကိုတောင် အမြဲမေ့တတ်တဲ့ အကိုက ကျွန်တော့်အကြိုက်ကိုမမေ့ဘူးဆိုတာ မယုံပါဘူး"

"ကိုယ်မင်းနဲ့ပတ်သက်တာ ဘာမှမမေ့တော့ပါဘူး အထူးသဖြင့်မင်းကိုပေါ့"

အိုးထဲကခေါက်ဆွဲတွေကို တူနဲ့မွှေနေသည့် အကိုက သူ့ပါးကိုလက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်းပြောလာပေမယ့် သူမရုန်းခဲ့...။ ဒီအတွေ့အတွေ့ သူကြိုက်လို့လည်း မဟုတ်...။ ဒီအတိုင်းအကိုဘာလုပ်လုပ် ဘယ်လိုမှ မခံစားရလို့ပဲ...။

"ကိုယ့်ကို အမှားပြန်ပြင်ခွင့်ထပ်ပေးပါလား"

"အကိုသာ အချိန်တွေကို နောက်ပြန်လှည့်နိုင်ရင်တော့ သေချာပေါက် အမှားပြန်ပြင်ခွင့်ရမှာပဲ"

"အချိန်တွေကပြန်လှည့်လိုမရဘူးလေ ကလေး"

"ဒီလိုပဲလေ အကို့အမှားတွေကိုလည်း ပြန်ပြင်ခွင့်မရတော့ဘူး အကိုပြန်သွားလို့မရတဲ့အချိန်တွေမှာ အကို့အမှားတွေကအမှားအတိုင်းရှိနေမှာပဲ"

သူ့စကားအဆုံးမှာတော့ အကို့ရဲ့ သက်ပြင်းချသံဟာ ခပ်တိုးတိုးထွက်လာသည်။ ပြီးတော့ ကြက်ဥကို ဇွန်းနဲ့ခေါက်သံကလည်း တိတ်ဆိတ်သွားသော မီးဖိုချောင်ထဲ ပျံ့လွင့်လာ၏။ သူထင်တာတော့ ခေါက်ဆွဲရတော့မည်။

"တစ်ခုခုသောက်ဦးမလား"

"ရေပဲသောက်တော့မယ်"

"ဘီယာ?"

မီးဖိုမီးကိုပိတ်ပြီး ရေခဲသေတ္တာထဲက ဘီယာနှစ်ဗူးကို ထုတ်ကာ လှုပ်ပြလာတဲ့ အကို့ကို သူမငြင်းတော့...။

"ခေါက်ဆွဲရပါပြီ"

"ကောင်းကောင်းစားပါ့မယ်"

"ပူသေးတယ် ... အ "

ပူလောင်နေတဲ့ အိုးကိုလက်နဲ့ယောင်ယမ်းကိုင်မိသည့်အကိုက အပူလောင်သွားသည်နဲ့ တူသည်။ လက်ကလေးကို ကိုင်၍မျက်နှာဟာ ရှုံမဲ့လျက်..။

"ပူသွားရင်ရေဆေးလိုက်လေ "

"ရတယ် အဲ့လောက်မဟုတ်ဘူး"

အကိုဟာ ပြောရင်းနဲ့ပဲ ဖောက်ပြီးသာဘီယာဘူးကို သူ့ရှေ့တိုးပေးလာပြီး သူနဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်၏။

"အတူတူစားမလား"

"ကိုယ်ဗိုက်ပြည့်နေပြီ မင်းပဲစား"

"အင်း "

သူတို့နှစ်ယောက်ကြား အတော်အတန်ကြာအောင် တိတ်ဆိတ်သွားပြန်သည်။ အလုံပိတ် အခန်းဖြစ်တာမို့ လေတိုးသံပင်မကြားရ....။ စားလို့ရနိုင်လောက်တဲ့ အခြေအနေအထိ အေးသွားသော ခေါက်ဆွဲကို ပါးစပ်ထဲပလောင်းပလောင်းထိုးသွင်းနေသည့် သူ့အား အကိုကလည်း မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

"အဲ့ဒီ့နေတွေက ကိုယ့်ကိုမလွမ်းဘူးလား"

"ဘယ်နေ့တွေလဲ"

ခေါက်ဆွဲတွေ ပါးစပ်ထဲမှာ ရှိနေတာကြောင့် သူ့လေသံဟာ ပလုံးပထွေး...။ ဘေးနားက ဘီယာကို တစ်ငုံသောက်ရင်းသာ ပါးစပ်ထဲက ခေါက်ဆွဲတွေကို မျှောချလိုက်သည်။

"မင်း USမှာနေတဲ့ နှစ်တွေတုန်းကလေ"

"လွမ်းတယ်"

ရိပေါ် ဒါတော့ မငြင်းမိ...။ တစ်ယောက်တည်း နေရတဲ့ညတွေမှာ အကို့ကို လွမ်း၍ ပြိုလဲခဲ့ရဖူးသည်။

" အတူတူရှိနေခဲ့ဖူးတဲ့ လူတစ်ယောက်ကိုလွမ်းတာက သမာရိုးကျပဲမလား"

"ကိုယ်တောင်းပန်ပါတယ် နောက်ပိုင်းမှာ ကိုယ်ကမင်းဘေးမှာပဲရှိနေပေးပါ့မယ်"

"ဒါပေမယ့်ကျွန်တော်ကတော့ ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေမှာ အကိုမပါလည်းဖြစ်တယ်"

သူပြောပြီးတာနဲ ခေါက်ဆွဲကို ပါးစပ်ထဲ ထပ်ပြီးသွင်းလိုက်သည်။ ကျိရန်တို့နဲ့ သောက်လာတာရော အခုသောက်နေတာပါပေါင်းပြီး လူက ရီဝေဝေ...။

"ဖြေးဖြေးစား"

"တော်ပြီ"

"ကိုယ်ပြောလို့မစားနိုင်တော့တာလား"

"မဟုတ်ပါဘူး ဗိုက်ပြည့်သွားလို့"

ကုန်ခါနီးနေသည့် ခေါက်ဆွဲအိုးကို ဘေစင်ထဲချရင်း ဆေးဖို့လုပ်တော့ အကိုကသူပဲဝင်ဆေးပြန်သည်။

"အပေါ်တက်တော့ ကိုယ်သိမ်းလိုက်မယ်"

"ကျေးဇူး"

လူကလည်း သိပ်မဟန်တော့တာကြောင့် အကို့စကားကိုပဲနားထောင်ပြီး အပေါ်တက်ကာ လန်းသွားအောင် ရေချိုးပစ်လိုက်၏။

"အကိုဝင်လာလို့ရတယ်မလား ရိပေါ်"

အကိုဟာ အရင်ကအတိုင်းသူ့အဖြေကို မစောင့်...။ တံခါးကို တစ်ချက်သာခေါက်ရင်း တွန်းဝင်လာသည်။ အကိုဝင်လာတဲ့ အချိန်သူက အိပ်ရာပေါ်ရောက်နေလို့တော်သေးသည်။

"သံပုရာရည်ဖျော်လာပေးတယ် မင်းခေါင်းမကြည်လောက်ဘူးဆိုတာသိလို့"

"ကျွန်တော်အိပ်တော့မလို့"

သူပြောလိုက်တော့ အကိုကညသံပုရာရည်ခွက်လေးကို စားပွဲပေါ်တင်ကာ သူ့ကုတင်ပေါ်တက်လာခဲ့သည်။

"ကိုယ့်ရင်ခွင်ထဲမှာအိပ်"

"ရပါတယ်ဆိုဗျာ"

အကိုက ဘာမှမပြောဘဲ သူ့ကိုယ်လေးကိုအသာ မပြီးရင်ခွင်ထဲအထိ ဆွဲပွေ့သည်။

"ကိုယ့်မှာသာ အချိန်နောက်ပြန်လှည့်ဖို့ အခွင့်အရေးရှိမယ်ဆိုရင်လေ မင်းအပေါ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်ပြင်ချင်တယ်"

"ကျွန်တော့်မှာသာ အချိန်တွေပြန်လှည့်ဖို့အခွင့်အရေးရှိရင်တော့ အကိုနဲ့မတွေ့ခင်တစ်ရက်ကိုပြန်သွားပြီး သတ်သေပစ်ချင်တယ် "

သူ့ဆံပင်လေးတွေဆီ ရိုက်ခက်သွားတဲ့ အသက်ရှူသံနွေးနွေးနဲ့ အတူ သူ့ပုခုံးဆီမှစိုစွတ်သော အထိအတွေ့တစ်ခုကို သူခံစားလိုက်ရသည်။

"ကိုယ်ကအခုမင်းအတွက် ဘာလဲ"

"ရှောင်းကျန့်လေ... အကိုကကျွန်တော့်အတွက်တော့ ကျွန်တော်မချစ်တော့တဲ့ ရှောင်းကျန့်ပဲ"

အကို့ဆီက စကားသံ ထပ်ထွက်မလာဘဲ သူ့ကို ရင်ခွင်ထဲကနေ ဖြေးညှင်းစွာထုတ်ပြီး ခေါင်းအုံးလေးပေါ်ချကာ စောင်လေးကို သူ့ရင်ဘတ်အထိ ဆွဲခြုံပေးသည်။

"ဂစ်တာတီးရင်း သီချင်းဆိုသိပ်မယ်"

"ကျွန်တော်ဒီအတိုင်းလည်း အိပ်ပျော်ပါတယ်"

အကိုဟာ သူ့စကားကို ဂရုမစိုက်...။ သူ့အိပ်ခန်းထောင့်မှာထောင်ထားတဲ့ ဂစ်တာလေးကို သွားယူပြီး သူ့ဘေးကခုံမှာ ဝင်ထိုင်သည်။

🎵 There goes my heart beating
(ကိုယ်ရင်တွေခုန်နေတယ်)
Cause you are the reason
(အဲ့ဒါမင်းကြောင့်ပါ)
I'm losing my sleep
(ကိုယ်အိပ်လို့လည်းမပျော်ပါဘူး)
Please come back now....
(ကိုယ့်ဆီပြန်လာပေးပါ)
And there goes my mind racing
(ကိုယ့်စိတ်တွေမတည်ငြိမ်ဘူးဖြစ်နေတယ်)
And you are the reason
(ဒါလည်းမင်းကြောင့်ပါပဲ)
That I'm still breathing
(ကိုယ်အသက်ရှူနေပေမယ့်)
I'm hopeless now....
(မျှော်လင့်လျက်မဲ့နေတယ်)
I'd climb every mountain
(ကိုယ်တောင်တွေကိုကျော်ဖြတ်နိုင်တယ်)
And swim every ocean
(သမုဒ္ဒရာတွေကိုလည်းကူးဖြတ်နိုင်ပါတယ်)
Just to be with you
(မင်းနဲ့အတူတူဆိုရင်ပေါ့)
And fix what I've broken
(ကိုယ့်ချို့ယွင်းချက်တွေလည်းပြင်ပါ့မယ်)
Oh, cause I need you to see
(မင်းကိုတွေ့ဖို့ကိုယ်လိုအပ်နေတယ်)
That you are the reason....
(ဒါတွေဟာမင်းကြောင့်ပါပဲ)
There goes my hands shaking
(ကိုယ့်လက်တွေတုန်ယင်နေတယ်)
And you are the reason
(မင်းကြောင့်ပါပဲ)
My heart keeps bleeding
(ကိုယ့်ရင်တွေလည်းကွဲနေတုန်းပါပဲ)
I need you now
(မင်းကိုအခုလိုအပ်နေတယ်)
And if I could turn back the clock
(တကယ်လို့သာအချိန်တွေနောက်ပြန်ဆုတ်လို့ရရင်)
I'd make sure the light defeated the dark
(မှောင်မိုက်ခြင်းတွေကို ဝင်မလာနိုင်အောင်လုပ်လိုက်မှာ)
I'd spend every hour, of every day
(အချိန်တိုင်းနေ့ရက်တိုင်းမှာ)
Keeping you safe
(မင်းကိုလုံခြုံအောင်ပဲထားမှာ) 🎵

အကိုဆိုနေတဲ့ သီချင်းလေးမဆုံးခင်မှာပဲ သူ့မျက်လုံးတွေမှေးစင်းလာခဲ့သည်။
သေချာတာတစ်ခုကတော့ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူအကို့ဆီ ပြန်မသွားတော့ပါ။

🤍🤍🤍🤍🤍🤍

ဒီနေ့တော့ ဝမ်အိမ်တော်ရှေ့မှာ လူစုံနေသည်။ ဟောက်ရွှမ်းက ခရီးသွားဖို့ ပြောထားတာကြောင့် ဖန်ရှင်းရော ကျိရန်ပါရောက်နေကြ၏။

"ရိပေါ်လေး ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား"

ရိပေါ်နားကို အတင်းကပ်နေသည့် ယွီပင်း ဆိုသည့်ကောင်ကို ရှောင်းကျန့် မျက်မှောင်ကြုံပြီး ကြည့်လိုက်သည်။ US မှာ ရိပေါ်ကို ကုပေးတဲ့ ဆရာဝန်ဖြစ်သလို ဟောက်ရွှမ်းပြန်သွားတဲ့ အချိန်မှာလည်း ရိပေါ်နဲ့ အတူတူနေခဲ့ကြသေးသည်တဲ့...။

"အကုန်ထည့်ပြီးပြီကော ကောကလေမပြောမဆိုနဲ့ ရောက်ချလာတာ ကိုကိုကလည်း ကျွန်တော့်ကိုမပြောဘူး"

"အလည်လာတာလောက်ဆိုတော့ မပြောတော့တာ ဟောက်ရွှမ်းကိုပဲပြောထားပြီး ရိပေါ်လေးကိုမပြောဘဲနေတော့မလို့ဘဲ ဟောက်ရွှမ်းကဒီနေ့ခရီးထွက်ကြမလို့ဆိုတော့ ကောလည်းလိုက်လာတာ"

ထိုဆရာဝန်ပြောတော့ ရိပေါ်ကပြုံးသည်။ သူ့စိတ်ထဲဝမ်းနည်းလာသလို..။

"ကားပေါ်တက်လို့ရပြီ"

"ဟုတ် ကိုကို"

"ရိပေါ်"

ယွီပင်းဆိုတဲ့ကောင်နဲ့ အတူတူထွက်သွားတဲ့ ရိပေါ်ကို လှမ်းခေါ်ပြီး ခါးကနေဆွဲဖက်လိုက်တော့ ကလေးငယ်ဟာ အံ့ဩစွာ ကြည့်လာခဲ့သည်။

"အတူတူသွားမယ် ကိုယ့်ဘေးမှာပဲထိုင်"

"အကိုကလည်း ကျွန်တော်လန့်သွားတာပဲ ဘာဖြစ်တာလဲလို့"

ရိပေါ်ဟာ သူ့အပေါ်ပုံမှန်အတိုင်းပါပဲ...။ မချစ်တော့ဘူးလို့ ပါးစပ်ကပြောပြောနေတာကလွဲရင် ပြောင်းလဲခြင်း တစ်စုံတစ်ရာမရှိ..။

"ယွီပင်းကောအနောက်မှာထိုင်လို့အဆင်ပြေတယ်မလား"

"ကောကဘယ်မှာဖြစ်ဖြစ်ရတယ်"

Driverခေါ်ဖို့ပြောခဲ့ကြပေမယ့် ဟောက်ရွှမ်းကအပြင်လူမခေါ်ချင်ဘူးဆိုကာ ကိုယ်တိုင်မောင်းဖို့သာပြောလာ၍ ကျိရန် နဲ့ သူက ဟောက်ရွှမ်းပင်ပန်းတဲ့အခါ ကူမောင်းပေးဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။
ကားထွက်တဲ့အချိန်မှာ ကျိရန်က ဟောက်ရွှမ်းဘေးမှာ ထိုင်ပြီး သူကတော့ ရိပေါ်နဲ့ထိုင်သည်။ သူ့ညီဖန်ရှင်းကတော့ ရိပေါ်ရဲ့ ဆရာဝန်ကောင်နဲ့နောက်ဆုံးတန်းမှာအတူတူထိုင်ပြီး စကားတွေတောင် ပြောနေကြသေး၏။

"အိပ်ချင်နေတာလား"

"ဟုတ်"

မနက်စောစောထလာခဲ့ရတာကြောင့် အိပ်ငိုက်နေသည့် ကောင်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းလျက် သူ့ရင်ဘတ်ကိုခေါင်းမှီကာ အိပ်လိုက်စေသည်။ ဟောက်ရွှမ်းကတော့ မှန်ကနေသူတို့ကိုလှမ်းတကြည့်ကြည့်...။

"ယွီပင်းမင်းငါတို့နဲ့လိုက်လာတာအဆင်ပြေရဲ့လား"

"အင်းပြေပါတယ် ငါကဒီမှာလည်းလုပ်စရာမရှိဘူးလေ "

ရှေ့ခန်းကဟောက်ရွှမ်းအမေးကို အနောက်ဆုံးတန်းကကောင်က လှမ်းဖြေတာကြောင့် အိပ်နေသည့် သူ့ကောင်လေးမှာ လူးလွန့်လာသည်။

"အိပ်ဦးလေ အဝေးကြီးလိုသေးတာ"

"တော်ပြီအကို ... ကိုကို သားဗိုက်ဆာတယ်တစ်ခုခုမပါဘူးလား"

"ကိုယ့်မှာပါတယ် ရိပေါ်ဆာတတ်မှန်းသိလို့ အစောကြီးကတည်းက ထလုပ်လာတာ"

ရိပေါ်အားဖက်ထားသည့်လက်တွေကို အသာဖယ်လိုက်ပြီး ဘေးက ကျောပိုးအိတ်ထဲကမုန့်ဘူးလေးကိုထုတ်ကာ ရိပေါ်ထံလှမ်းပေးလိုက်သည်။

"ကျေးဇူးပဲနော်အကို"

"သူစိမ်းတွေကျလို့"

သူ့ကိုပြုံးပြလာသည့် ရိပေါ်ဟာ အရင်အတိုင်း...။

"စားလေဗိုက်ဆာနေတယ်ဆို"

သူပေးတဲ့Sandwich ဗူးလေးကိုဖွင့်ပြီး တုန်ယင်စွာ ကြည့်နေသည့် ရိပေါ်ကိုပြောလိုက်ပေမယ့် ရိပေါ်ဆီက ဘာတုန့်ပြန်မှုမှမရခဲ့....။ Sandwich ဘူးပေါ်ကျလာတဲ့ မျက်ရည်တချို့ဟာ ရှောင်းကျန့်ကို ပိုပြီး ရင်ထိတ်စေ၏။

"ဘာဖြစ်လို့လဲရိပေါ်"

"စားပြီးရင် ထားခဲ့မှာ အကိုက ... အကိုကထားခဲ့တော့မှာ .. ဟင့်အင်း"

ရိပေါ်ဆီက ထွက်လာသည့် ခပ်တိုးတိုးနဲ့ ကွဲအက်အက်အသံတစ်ခု...။

"ရိပေါ်"

"မထိနဲ့.....!!!"

သူ့လက်တွေကို ရုန်းဖယ်ပြီး လက်ထဲက Sandwich ဘူးကို ရှေ့ကို လွှတ်ပစ်လိုက်တာကြောင့် ဟောက်ရွှမ်းက ကားကို ထိုးရပ်ပစ်သည်။

"ငယ်လေး ဘာဖြစ်တာလဲ"

"ကြောက်တယ် အကိုကျွန်တော့်ကိုကယ်ပါ... မထားခဲ့ပါနဲ့ အကို .... "

"အကိုရှိတယ်လေကလေး... အကိုရှိနေတာ"

ရိပေါ်ဟာ ဂဏာမငြိမ်သည့် မျက်လုံးတွေဖြင့် သူ့ကို လှမ်းကြည့်လာပြီး တုန်တုန်ယင်ယင်ပွေ့ဖက်လာခဲ့သည်။

"မထားခဲ့ပါနဲ့ ထွက်မသွားပါနဲ့ ကျွန်တော်ကြောက်တယ် အရမ်းကြောက်တယ်"

"ကားတံခါးတွေ ခဏလောက်ဖွင့်ပြီးလေရအောင်လုပ်လိုက်"

နောက်ဖက်ကယွီပင်းထံမှ ထွက်လာတဲ့ စကားကြောင့် ဟောက်ရွှမ်းက ကားတံခါးတွေဖွင့်ချသည်။ သူနောက်ဆုံးထားခဲ့တဲ့ နေ့က Sandwich လေးကျွေးခဲ့ဖူးတာကို သတိရမိတော့ သူ့ရင်ထဲပိုပြီး စို့နင့်လာရသည်။ ကလေးငယ်ဟာ ဒါကို စိတ်ဒဏ်ရာ ရသွားသည့်ပုံ....။

"ငယ်လေး အဆင်ပြေရဲ့လား"

သူ့ကိုဖက်ထားသည့် ရိပေါ်ဟာ သူ့ပုခုံးပေါ် မျက်နှာအပ်ပြီး ငြိမ်သက်စွာ ငိုကြွေးလျက်...။

"ရိပေါ် .... အဆင်ပြေတယ်မလား"

"ဟင်း .... မောတယ် "

"အပြင်ခဏထွက်ပြီးလေရှူလိုက် အသက်ကိုဝအောင်ရှူ"

ယွီပင်းပြောတာနဲ့ သူရိပေါ်ကို ပွေ့ဖက်ထားရင်းပင် ကားပေါ်ကဆင်းလိုက်၏။

"အဆင်ပြေသွားပြီလား"

"အင်း"

ရှောင်းကျန့် ရိပေါ်မျက်နှာကို လက်ကလေးနဲ့ ပွတ်သပ်ပေးကာမျက်ရည်တွေသုတ်ပေးပြီး မေးလိုက်သည်။ ကလေးငယ်ကခေါင်းငြိမ့်ပြလာတော့မှ စိတ်​အေးသွားသလို...။

"အိမ်ပြန်မလားငယ်လေး"

"မပြန်ပါဘူး ဟင့် ဆက်သွားလို့ရတယ်"

အများကြီးငိုထား၍ ရိပေါ်စကားပြောလိုက်တိုင်း ရှိုက်သံလေးတွေဖြင့် တုန်ယင်နေဆဲ....။ နှာခေါင်းထိပ်လေးတွေကလည်း နီရဲစွာ....။

"ငယ်လေးဗိုက်ဆာနေရင်လမ်းမှာတစ်ခုခုဝင်စားဖို့လုပ်လိုက်မယ် ကျိရန်လည်းဆာတယ်ပြောလို့"

"ကျိရန်ဆာမှပဲနော် သားဆာနေတာကြာပြီကို အဲ့ကတည်းက ရပ်ပေးလိုက်တော့ဘာဖြစ်မှာမှာမို့လို့လဲ ဟင့်"

ဝမ်းနည်းနေပုံရတဲ့ ကောင်လေးက ဟောက်ရွှမ်းကို ရစ်ရင်း ငိုပြန်သည်။

"မဟုတ်ပါဘူးငယ်လေး ငယ်လေးစားချင်တဲ့ဆိုင်မှာရပ်မယ်နော် သူစားချင်တဲ့ဆိုင်မရပ်ဘူး"

"ဘာဖြစ်ဖြစ် သူဗိုက်ဆာမှရပ်တာလေ ကိုကိုက ကျိရန်ကိုပဲချစ်တာ"

ရိပေါ်ရစ်နေတုန်း ကျိရန်က ကားပေါ်ကဆင်းလာပြီး ဆေးလိပ်တစ်လိပ်ကို လှမ်းပေးသည်။

"စိတ်ပြေသွားအောင်သောက်လိုက်"

"မင်းကဘာလဲ ငါ့ကိုဆေးလိပ်လာပေးပြီး ငါ့အကိုကို အပိုင်ယူမလို့လား မင်းကဘာလို့ ကိုကို့ကို ကြိုက်လဲ"

"ဘာဖြစ်နေတာလဲကွာ"

"မင်းလာမအော်နဲ့ ဟင့်"

သူတို့သုံးယောက်ပုံစံက နေမကောင်းတဲ့ကလေးကို ချော့နေရသလိုမျိုး....။ ကားပေါ်ကနှစ်ယောက်ကတော့ အကြောင်သားဖြင့် လှမ်းကြည့်နေသည်။

"ကားပေါ်ပြန်တက်ရအောင်နော် ရိပေါ်"

"အကိုကရော အဲ့နေ့ကဘာလို့ထားခဲ့တာလဲ ဘာဖြစ်လို့တစ်ယောက်တည်းထားခဲ့တာလဲလို့!!! အကို့အဖေဆုံးသွားရင်တောင်မှ ကျွန်တော့်ကိုခေါ်ပြီးမှ ပြန်ပါလား ဘာလို့ ကျွန်တော့်ကိုထားခဲ့ရတာလဲ အီးဟီး..."

လမ်းပေါ်ငိုယိုအော်ဟစ်နေတာကြောင့်ဖြတ်သွားတဲ့ကားတွေကလည်း ကြည့်သွားကြသည်။ သူ့ကိုထုရိုက်နေသည့်လက်တွေကို အသာဖမ်းဆုပ်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းတော့ ကလေးကိုယ်လေးက အလိုက်သင့်ပါလာ၏။

"မငိုပါနဲ့တော့ရိပေါ်ရယ် ကိုယ်နောက်ထပ်မထားခဲ့တော့ဘူး မင်းကိုထပ်ပြီးအဆုံးရှုံးမခံတော့ဘူး"

"ကျွန်တော့်ကိုထပ်ပြီးဆုံးရှုံးစရာမရှိတော့ပါဘူး ဟင့် အကိုကျွန်တော့်ကိုဆုံးရှုံးပြီးသွားပြီ"

ရှိုက်သံတွေနဲ့အတူ နားထဲတိုးဝင်လာသည့်စကားလေးဟာ သူ့အသည်းစိုင်ကိုပါ ရိုက်ခတ်သည်။ သူတကယ်ပဲ ရိပေါ်ကို ဆုံးရှုံးပြီးသွားပြီလား...။ သူ့ရင်ခွင်ထဲကကောင်လေးကိုလေ...။

"ဒီလိုနဲ့မိုးချုပ်တော့မယ်"

"တက်ရအောင်နော် ရိပေါ်"

"အင်း"

မျက်ရည်တွေကို သုတ်ကာ ကားပေါ်တက်သွားသည့်ကလေးငယ်က ခုနက ငိုနေတာသူမဟုတ်တဲ့ အတိုင်း....။

"ငယ်လေးဘာစားချင်လဲ ဘယ်ဆိုင်မှာရပ်ပေးရမလဲ"

"ဘာမှမစားတော့ဘူးအိပ်မှာ"

"အိပ်မှာ" ဆိုသည့်စကားကြောင့် သူနောက်တကြိမ်ထပ်ပြီးရင်ခွင်ထဲဆွဲသွင်းဖို့လုပ်တုန်းမှာပဲ သူပေါင်ပေါ်လှဲအိပ်လာသည့် ကလေးငယ်။

"ညောင်းရင်နှိုးလိုက်"

"အင်းအင်း အိပ်ပျော်အောင်သာအိပ် ရောက်မှနှိုးမယ်"

သူ့အား တစ်စုံတစ်ရာပြန်မပြောဘဲ မျက်လုံးလေးတွေမှိတ်ချလိုက်တာကြောင့် သူလည်း ဘာမှဆက်မပြောမိတော့....။
အရင်ကချစ်ခဲ့တဲ့နေ့တွေကို သူပုံပြင်တစ်ပုဒ်လိုပဲ အဆုံးမသတ်လိုက်ချင်ပါ။
ဒီကလေးရခဲ့တဲ့ဒဏ်ရာတွေကိုကုစားပေးဖို့ပဲဖြစ်ဖြစ် သူပြန်သွားလို့မရနိုင်တော့ဘူးလား?

🤍🤍🤍🤍🤍🤍

"သုံးယောက်အိပ်နှစ်ခန်းမရတော့ပါဘူး"

Hotel ဝန်ထမ်းကောင်မလေး၏ စကားကြောင့် ဟောက်ရွှမ်းက သူ့ကို လှမ်းကြည့်သည်။ ရိပေါ်နဲ့ကျိရန်ကတော့ ကားပေါ်ကဆင်းကတည်းက ပင်လယ်ဘက်ကို ပြေးသွား၏။

"နှစ်ယောက်အိပ်သုံးခန်းယူပြီး ငါနဲ့ ကျိရန် တစ်ခန်းနေမယ် မင်းနဲ့ဖန်ရှင်းတစ်ခန်းနေလိုက်"

"ရိပေါ်က ဟိုကောင်နဲ့လား မဖြစ်ပါဘူးငါနဲ့ရိပေါ်နဲ့နေမှာ ငါမင်းကိုမပြောဘူးလား Booking လုပ်ထားဖို့ "

"ငါ့ကိုအပြစ်လာတင်မနေနဲ့ ရုတ်တရက်ကြီးစီစဉ်လိုက်တာကို ရိပေါ်ကိုတစ်ယောက်တည်းနေခိုင်းလိုက်မယ်"

"ကျိရန်နဲ့နေခိုင်းလိုက် မင်းအဲ့ဆရာဝန်ကောင်နဲ့ဖြစ်တယ်မလား"

"ဖန်ရှင်းခဏ...."

သူပြောတာကို ဟောက်ရွှမ်းက လက်မခံချင်ဘဲ Reception က Sofaပေါ်မှာ ထိုင်ငိုက်နေသည့် ဖန်ရှင်းကို လှမ်းခေါ်သည်။

"ညီလေး အဲ့အကိုနဲ့တစ်ခန်းတည်းနေလို့ဖြစ်လား"

"ဟုတ်ရတယ်လေ ယောက်ျားလေးတွေပဲ"

"ယွီပင်းကရော"

"ငါလည်းအဆင်ပြေတယ်"

သူတို့ကိုမေးပြီးတာနဲ့ ဟောက်ရွှမ်းကသူ့ကို ဘုကြည့်ကြည့်လာပြန်သည်။

"နှစ်ယောက်အိပ်သုံးခန်းပေး ရှောင်းကျန့်နော် ငါ့ညီကမနေချင်ဘူးပြောတာနဲ့လဲပေးရမယ်"

"ဟုတ်ကဲ့အကိုကြီး"

သူစလိုက်တာကြောင့် ဟောက်ရွှမ်းကမျက်စောင်းထိုးသည်။

"ရော့ သော့ရိပေါ်ကို သွားခေါ်လိုက်"

"အင်း "

သူပြောပြီး Hotelအပြင်ဘက်ထွက်လာလိုက်တော့ အေးစက်စက် လေပြေတစ်ချို့ဟာ သူ့ပါးပြင်ထံရိုက်ခတ်သည်။ ပင်လယ်နံ့သင်းသင်းလေးက နှာခေါင်းထဲတိုးဝင်လာတဲ့အချိန်မှာ သူတစ်ခုခုကို ဆုံးဖြတ်ချက်ချမိ၏...။ သူဒီက မပြန်ခင် ရိပေါ်အချစ်ကို ပြန်ရအောင်ယူမည်။

"ရိပေါ်"

ကျိရန်နဲ့ အတူ ခြေထောက်လေးကို ပင်လယ်ထဲထိလိုက် လှိုင်းတက်လာရင် အပေါ်ပြေးတက်လိုက်ဖြင့် ဆော့ကစားနေသည့် ကလေးက သူအသံကြားတော့ လှည့်ကြည့်လာသည်...။ ရေဆော့ရင်း သဘောကျစွာ ရယ်နေတဲ့ ကလေးတစ်ယောက်အလား ...။ သို့သော်လည်း လက်ထဲမှာ မလိုက်မဖက် ညှပ်ထားတဲ့ စီးကရက်တစ်လိပ်ကတော့ အကျည်းတန်စွာ...။

"ဒါတွေမသောက်ပါနဲ့ကလေးရယ်"

သူ့လက်ထဲကစီးကရက်ကို ယူကာ ကမ်းခြေက အမှိုက်ပုံးထဲ ပြေးထည့်ရသည်။

"ကျိရန် ဟောက်ရွှမ်းခေါ်နေတယ်"

"ဟုတ်လား ငါဝင်ဦးမယ်ရိပေါ် မင်းရော"

"မဝင်ချင်သေးဘူး"

ရိပေါ်က ကမ်းစပ်နားက သဲပြင်ပေါ်ထိုင်ချရင်း ကျိရန်ကို ပြန်ပြောသည်။ ခဏကြာတော့ လက်ညိုးကလေးတွေဖြင့် သဲလေးတွေကို ထိုးဖွနေရင်းမှ ခရုခွံလေးတစ်ခုကောက်ကာ သူ့ကိုလှမ်းပေး၏။

"ကိုယ့်အတွက်လား"

"လိုချင်လား မလိုချင်လည်း ပစ်လိုက်မယ်"

"လိုချင်တယ် "

ခရုခွံလေးတစ်ခုပြီးတစ်ခု သူ့ကိုလှမ်းပေးနေ၍ သူ့လက်နှစ်ဖက်ထဲ ခရုခွံလေးတွေက အများအပြား...။

"ရိပေါ် ကိုယ့်ကိုချစ်လား"

"မချစ်ဘူး"

ရုတ်တရက်ဆန်စွာ သူမေးလိုက်သော်လည်း အထစ်အငေါ့မရှိ ဖြေလာတဲ့ ကလေးကြောင့် သူ့နှလုံးသားလေး ထပ်ပြီး ကြေကွဲရပြန်သည်။
အိပ်နေရင်းထမေးတောင် ရိပေါ်ဟာ သူ့ကို ချစ်တယ်လို့ ပြောလာဖွယ်မရှိ...။

"ကိုယ်သေသွားရင်ရော မချစ်ဘူးလား"

"အကို့ကို မချစ်တော့ဘဲနေသားကျနေပြီလေ ထပ်ချစ်ပြီး ထပ်နာကျင်ပြီး ဘာလုပ်မှာလဲ"

"ကိုယ်ကနာကျင်အောင်ထပ်မလုပ်တော့ပါဘူး"

"မတည်တဲ့ကတိတွေနဲ့သတ်ကွင်းထဲ ထပ်ခေါ်ဖို့ မကြိုးစားပါနဲ့တော့"

သတ်ကွင်းတဲ့လား? ဘယ်လောက်များနာကျင်ခဲ့လို့ ဒီကလေးဆီက အခုလိုစကားမျိုးထွက်လာခဲ့ရတာလဲ?

"မင်းမချစ်တော့ရင် ကိုယ်ဒီပင်လယ်ထဲကို ဆင်းပြီး တစ်သက်လုံးပြန်မလာတော့ဘူး"

ရိပေါ်က သူ့ကိုတစ်ချက်ကြည့်ပြီးသာရယ်သည်။ သူကတော့ ဇွဲလျှော့မည်မဟုတ်....။ ရိပေါ်ဘေးကထလိုက်ပြီး ပင်လယ်ထဲကို ဆင်းလာလိုက်၏။

"အကိုကတကယ်ကြီးသေမှာလား ကျွန်တော့်အတွက်နဲ့လေ"

"မင်းပြန်ချစ်ဖို့ဘာပဲလုပ်ရလုပ်ရ"

"အကိုသေရင်တောင် ကျွန်တော်မချစ်တော့ရင် သေတာမတန်ဘူးလေ မဟုတ်ဘူးလား ကျွန်တော်အကို့ကိုစိတ်ကုန်နေပြီ"

ပြောပြီးတာနဲ့ ထထွက်သွားတဲ့ ရိပေါ်ကျောပြင်ကို တဆုံးလိုက်ငေးရင်း ရှောင်းကျန့်ငိုချမိသည်။

"မင်းသေရင်တောင်ကိုယ်ကလာမချော့ရင် သေတာမတန်ဘူးလေ မဟုတ်ဘူးလား ကိုယ်စိတ်ကုန်နေပြီ"

အရင်အချိန်တွေက ရိပေါ်လက်ထဲမှ ပန်းအိုးကွဲစကို သူဂရုမစိုက်ဘဲ ပြောခဲ့သည့်စကား...။ ရိပေါ်ဟာ အခုချိန်ထိ မှတ်ထားခဲ့သည်။
ထိုအချိန်တုန်းက ရိပေါ်ဟာ သူ့နဖူးလေးရှသွားတာကိုတောင် သိပ်ကို စိုးရိမ်နေခဲ့ရှာတာ...။

"ရှောင်းကျန့် အပေါ်ပြန်တက်စမ်း မင်းဘာတွေလျှောက်လုပ်နေတာလဲ ငါ့ကိုရိပေါ်ပြောလို့ ထွက်လာတာ"

"ဟောက်ရွှမ်း..."

သူရေထဲမှာ အတွေးလွန်နေတာဘယ်လောက်ကြာသွားလဲ မသိ...။ ဟောက်ရွှမ်းပြေးထွက်လာပြီး သူ့နာမည်ခေါ်မှ သတိဝင်ကာ မျက်ရည်တို့ကို သုတ်လိုက်သည်။
ရိပေါ်က သူ့ကို နည်းနည်းလေးတော့ ဂရုစိုက်သားပဲ။

"ငါပြောတယ်မလား အချိန်ယူရမယ်လို့ အတင်းအကြပ်လုပ်ရင် ရိပေါ်မုန်းသွားလိမ့်မယ် သွား သော့သွားဖွင့်ပေးလိုက်"

"အင်း...."

သူတို့နေရမှာ နှစ်ယောက်ခန်းဆိုသော်လည်း သာမန်Hotel တွေလိုအခန်းမျိုးမဟုတ်ဘဲ Bungalow လေးတွေလို အပြင်ဘက်မှာ ဆောက်ထားတဲ့ အခန်းငယ်လေးတွေဖြစ်သည်။

"Sorry ကိုယ်သော့ဖွင့်ပေးရမှာ"

"အင်း"

အခန်းတံခါးကိုသော့ဖွင့်ပေးလိုက်တာနဲ့ အခန်းထဲ တန်းဝင်သွားသော ကောင်လေးက သူ့ကို မကြည်သလို....။ အပိုစကားတစ်ခွန်းမှမပြောဘဲ အစွန်ဘက်ကကုတင်ပေါ်တက်ထိုင်လျက် ခြေအိတ်တွေကိုသာချွတ်နေသည်။
သူကတော့လက်ထဲဆုပ်ကိုင်ထားမိသည့် ခရုခွံလေးတွေကို ခရီးဆောင်အိတ်ထောင့်တွင်ထည့်ပြီး သဘတ်ပတ်ကာ ရေစိုနေတဲ့ အပေါ်ထပ်ဘောင်းဘီကို ချွတ်ချလိုက်သည်။

"ကလေးရေချိုးမှာလား"

"ဟင့်အင်း"

"ဒါဆိုကိုယ်အရင်ချိုးမယ်"

"အင်း..."

အရင်ကအချိန်တွေက စိတ်ကောက်ရင် လုပ်တတ်တဲ့အပြုအမူမျိုးလေးတွေလုပ်နေပြန်တော့ ရှောင်းကျန့်မှာ အသည်းယားစွာ အနားတိုးကပ်မိသည်။ အရင်နှစ်တွေက ချော့ရတာ စိတ်ရှုပ်သည်ဟု သူ့ဘာကြောင့်တွေးခဲ့မိလဲ မသိပါ...။ ရိပေါ်ဟာ သူ့ဆီက အရမ်းအချော့ခံချင်ခဲ့တာမလား။

"ရိပေါ်ကစိတ်ဆိုးနေတာလား"

"မဆိုးဘူး"

"စိတ်မဆိုးတော့ဘဲ အရင်လိုပြန်နေရအောင်"

အရင်လိုစူထွက်မနေဘဲ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းလေးတွေကို ဖိကပ်နမ်းလိုက်တော့ ရှောင်ဖယ်သည်။

"မလုပ်နဲ့အကို ကျွန်တော်စိတ်မပါဘူး"

"ကိုယ်ကစိတ်ပါအောင်လုပ်ပေးမယ်ဆိုရင်ရော"

သူပြောရင်းနဲ့ ပါးလေးနှစ်ဖက်ကို စုကိုင်လိုက်တော့ စူထွက်လာတဲ့ နှုတ်ခမ်းလေး....။ ရှောင်းကျန့်နမ်းဖို့ လုပ်တော့ ရုန်းပြန်သည်။

"ကိုယ့်ကိုပြန်ချစ်ပေးပါလား ရိပေါ် "

"ကျွန်တော်စိတ်မပါဘူးလို့ မနမ်းနဲ့"

"ကလေးကလည်းကွာ မင်းဆီကချစ်တယ်ပဲကြားချင်တာကို တိုးတိုးလေးပြောလည်းရတယ်လေ"

"ဘာဖြစ်နေတာလဲ"

သူထပ်နမ်းဖို့လုပ်ပေမယ့် ရိပေါ်ဟာ ရုန်းနေဆဲ...။ ဒီနှုတ်ခမ်းလုံးလေးတွေကို သူဒီနေ့တော့ အရမ်းပဲ နမ်းချင်နေသည်။

"အကို ကျွန်တော်မကြိုက်ဘူးလို့ပြောနေတာကို!"

"ဒုန်း!"

သူ့ကို ဆောင့်တွန်းပြီး မက်တပ်ထရပ်သည့် ကလေးငယ်ကို သူကြောင်အစွာ ကြည့်နေမိ၏။ ပြန်လာခါစတုန်းကတော့ သူဘာလုပ်လုပ် ခံစားချက်မရှိသလို ငြိမ်ခံနေတဲ့ ကလေးက အခုအတင်းငြင်းနေတာ သူအပေါ်ခံစားချက်ရှိနေလို့ မဖြစ်နိုင်ဘူးလား?

"ရူးအောင်ချစ်ခဲ့ပေးတာကိုတောင်အကိုက မလုံလောက်နိုင်သေးဘူးလား"

"ကိုယ် အဲ့လိုသဘောမဟုတ်... တောင်းပန်ပါတယ်ရိပေါ်ရယ်"

"အကို့ကို အမြဲအရှုံးပေးခဲ့တာပဲ ဒီတစ်ခါတော့လို့လွှတ်ထားပေးလိုက်လို့မရဘူးလား"

"မင်းကသာ အနိုင်မယူချင်တဲ့ ကိုယ့်ကိုအရှုံးပေးပြီး အနိုင်နဲ့ပိုင်းပစ်လိုက်တာမဟုတ်ဘူးလား"

တကယ်တော့ ဒါဟာ ပြိုင်ပွဲတစ်ခုဆိုရင် ရိပေါ်နိုင်သည်။ ရှောင်းကျန့်သာလျှင် မမေ့နိုင်ဘဲ နောင်တတွေရပြီး ကျန်နေခဲ့ရ၏။

"ကျွန်တော်တို့ မျက်နှာချင်းဆိုင်ရှိနေလည်း နီးလာတော့မှာမဟုတ်ဘူး"

"ကိုယ့်ကိုတကယ်ပဲမချစ်တော့ဘူးလား"

"အကို့ကိုမချစ်လို့သေရမယ်ဆိုရင်တောင် သေလမ်းကိုပဲ ကျွန်တော်ရွေးချယ်မယ် ဘယ်တော့မှတော့ အကို့ကိုပြန်မချစ်ဘူး"

"ဒါဆိုကိုယ့်လမ်းကိုယ်ပဲလျှောက်ကြရအောင်ရိပေါ် ကိုယ်လည်း ဘယ်တော့မှအတိတ်ကို ပြန်လှည့်မကြည့်တော့ဘူး"

ရိပေါ်ဟာ တည်ငြိမ်စွာပဲ သူ့ကိုကြည့်သည်။ တစ်ခုခုပြောဖို့ ဟန်ပြင်ပြီးမှ ပြောမလာဘဲ နှုတ်ခမ်းတစ်စုံဟာ ကွေးတက်သွား၏။

"နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောစရာရှိတယ်"

"အင်း ပြောပါ..."

ရိပေါ်စိတ်ပြောင်းသွားမယ်ဆိုရင်လည်း သူလည်းစိတ်ပြောင်းဖို့ အသင့်....။ သူ့ကိုတကယ်မချစ်တော့ဘူးဆိုရင်လည်း ရိပေါ်ကို လက်လွှတ်ပေးလိုက်ပါတော့မည်။

"အကိုသိလား.... ကျွန်တော်ချစ်ခဲ့တာလောက်တော့အကိုမချစ်ပေးနိုင်သေးဘူး"

"အခုတော့အားလုံးပြီးပြီမလားရိပေါ် ကိုယ်တကယ်လက်လွှတ်ပေးလိုက်ပြီ"

"ကျေးဇူး"

သူ့ရင်ခွင်ကို ခြေစုံကန်ပြီး ပြေးထွက်သွားတဲ့ ကလေးငယ်ဟာ ဘယ်တော့မှ သူ့ဆီပြန်မလှမ်းလာတော့...။ ခြေရာထင်ကျန်နေတဲ့ နှလုံးသားတစ်စုံကသာ အမှတ်တရအဖြစ် ကျန်ရှိနေခဲ့တော့သည်။

🤍🤍🤍🤍🤍🤍🤍
ဆက်ရန်။ (You're the reasonလေး နောက်ဆုံးမှာထည့်ထားပေးတယ်)
Updateဖို့မေ့နေတာတကယ်က... "ကျဲကျဲ အပ်ပဒိတ်မလုပ်သေးဘူးလား" ဆိုပြီးလာပြောကြတဲ့ ဘေဘီလေးတွေကြောင့်သာ မှတ်မိလို့ စာပြန်စစ်ရ...။ စာပြန်စစ်တာတောင်တစ်ရက်ကြာတယ်။ အိုင်ရေးရင် အလွန်ဆုံး ၁၇ပိုင်းလောက်ပါပဲ။ တစ်ပိုင်းတစ်ပိုင်းဆိုလည်း ရှည်ရှည်ရေးတာကြောင့်ပါ။ အကြာကြီးဆွဲရင်ပျင်းကုန်ကြမှာ...။

Zawgyi

"Cheer!"

ေတးသြားၿငိမ့္ၿငိမ့္ေလးေတြသာ ပ်ံ႕လြင့္ေနသည့္ Barတစ္ခုမွာပဲ သူတို႔သုံးေယာက္ ၿငိမ္ၿငိမ္ေလးထိုင္ေသာက္ေနၾကသည္။ ဆူဆူညံညံအသံေတြနဲ႔ ကခုန္ေနၾကတဲ့ လူေတြရွိသည့္ ေနရာမ်ိဳးကို ရိေပၚမႀကိဳက္..။

"အကိုရိေပၚက ပိုေခ်ာလာတယ္"

"ေနာက္ေနတာလားမင္းက ..."

ဖန္ရွင္းအေျပာကို ရိေပၚဘာမွမေျပာရေသးခင္ က်ိရန္က ဝင္ကာ ေထာက္ျဖဳတ္သည္။
ဒါေပမယ့္ က်ိရန္ေျပာတဲ့အတိုင္းပါပဲ...။ ဒီငါးႏွစ္အတြင္း စိတ္ပင္ပန္းလူပင္ပန္းနဲ႔ ေခ်ာဖို႔ေတာင္ ရိေပၚမွာအခ်ိန္မရခဲ့....။

"ဖန္ရွင္းေရာ ရည္းစားရေနၿပီလား"

"ဟင့္အင္း ကၽြန္ေတာ္အထက္တန္းၿပီးမွပဲစဥ္းစားေတာ့မယ္"

"ဘာတကၠသိုလ္ေရြးထားလဲ"

ကိုင္ထားတဲ့ခြက္ထဲက အရက္ကိုတစ္ငုံေသာက္ၿပီး ေမးလိုက္ေတာ့ဖန္ရွင္းက ေသာက္လက္စခြက္ကို စားပြဲေပၚခ်ကာ သက္ျပင္းခ်သည္။ ဖန္ရွင္းဟာ အထက္တန္းေနာက္ဆုံးႏွစ္ျဖစ္ေသာ္လည္း အသက္ျပည့္ၿပီးသားျဖစ္၍ သူတို႔နဲ႔အတူလိုက္လာခြင့္ရျခင္း...။

"ေကာ အဆင္ေျပတဲ့တကၠသိုလ္တက္ရမွာ အရမ္းအျမင့္ႀကီးလည္းမွန္းလို႔မရဘူး ေကာက အခုကၽြန္ေတာ့္ေက်ာင္းစရိတ္ေတြေရာ အိမ္ရဲ့စားစရိတ္ေရာ တာဝန္ယူထားရတာေလ ကၽြန္ေတာ္က ဝန္မပိုေစခ်င္ဘူး"

"ေဖေဖေပးတဲ့ စေကာ္လာဝင္ေလၽွာက္ပါလား"

က်ိရန္စကားေၾကာင့္ ရိေပၚမလုံမလဲ ျဖစ္ရသည္။ သူသာဝင္မတားရင္ ဖန္ရွင္းအခုဆို ေက်ာင္းစရိတ္ေတာင္မလိုဘဲ ေက်ာင္းတက္ခြင့္ရရင္ရေနနိုင္၏။

"ကၽြန္ေတာ္စာအတြက္အခ်ိန္မေပးနိုင္ဘူး ေမေမကလည္းေနမေကာင္းေတာ့ျပဳစုရေသးတယ္ ေဖေဖဆုံးၿပီးကတည္းက ေမေမက အရင္လိုမဟုတ္ေတာ့ဘူးေလ"

"အကိုကျပန္မလာဘူးလား"

ဒီတစ္ခါေတာ့ သူတကယ္သိခ်င္ေနတာေၾကာင့္ ဖန္ရွင္းကို ေမးလိုက္မိေတာ့ ေတးသံနိမ့္နိမ့္ေလးေတြၾကား ဖန္ရွင္းရဲ့ သက္ျပင္းခ်သံကထပ္ထြက္လာသည္။

"ေကာက သူ႔တိုက္ခန္းမွာပဲေနတာေလ ေမေမကလည္းျပန္မလာခိုင္းသလို သူကလည္းျပန္မလာဘူး ... အခုအကိုက်ိရန္ကိုေတာင္ ေကာမသိေအာင္ကၽြန္ေတာ့္အတြက္ အခ်ိန္ပိုင္းအလုပ္ေလးေတာင္းေနတာ"

"ဖန္ရွင္းကစာပဲလုပ္ပါ အမွတ္အျမင့္ဆုံးရေအာင္လုပ္ၿပီး ဝင္ခ်င္တဲ့ တကၠသိုလ္သာဝင္လိုက္ အကိုကတာဝန္ယူေပးမယ္"

"ရပါတယ္အကိုရိေပၚရာ ေသာက္ၾကရေအာင္ ခဏေနကၽြန္ေတာ္လည္းျပန္ရမွာ"

သူ႔ဘဝမွာ အားနာရမယ့္သူေတြထဲ ဖန္ရွင္းလည္းပါသည္။
ဖန္ရွင္းကိုဆို သူအရင္ကအမ်ားႀကီး မနာလိုျဖစ္ခဲ့ရတာမလား...။

"ဖန္ရွင္းကို မင္းလိုက္ပို႔မလား ငါလိုက္ပို႔ရမလား"

"ငါလိုက္မပို႔ရဲဘူး သူ႔အကိုနဲ႔ စကားအမ်ားႀကီးေျပာေနရဦးမယ္"

သူ႔စကားေၾကာင့္ ဖန္ရွင္းကရယ္သည္။ ဖန္ရွင္းကို သူစက္ဘီးနဲ႔ ျပန္ပို႔သည့္ေန႔ကစၿပီး ေနာက္ေန႔ေတြမွာ ဖန္ရွင္းနဲ႔ ေတြ႕ဖို႔ရွိတိုင္း က်ိရန္ကိုပါ ေခၚသြားခဲ့သည္။

"ဒါဆိုမင္းေကာင္းေကာင္းျပန္"

"အိုေက... See you"

အျပင္ေရာက္တာနဲ႔ လက္ထဲကဆိုင္ကယ္ဦးထုပ္ကို ေဆာင္းလ်က္ ကိုကိုဝယ္ေပးထားတဲ့ ဆိုင္ကယ္ႀကီးေပၚ တက္ခြကာ Barေရွ႕ကေန ေမာင္းထြက္လာခဲ့ေတာ့၏။

"ရိေပၚျပန္လာၿပီလား"

"ဟုတ္ ကိုကို..."

ဧည့္ခန္းထဲမွာ ဖုန္းထိုင္ၾကည့္ေနသည့္ ကိုကို သူ႔ကို လွမ္းေမးလာတာေၾကာင့္ ရိေပၚ ဆိုင္ကယ္ဦးထုတ္ကို ေဘးကစင္ေပၚတင္ရင္း ေျဖလိုက္ေတာ့ ကိုကိုဟာ ေခါင္းတၿငိမ့္ၿငိမ့္....။

"ေသာက္လာတာလား"

"အင္း က်ိရန္တို႔နဲ႔ နည္းနည္း...."

သူေျခကုန္လက္ပမ္းက်ေနသလိုပုံစံျဖင့္ ကိုကို႔ေရွ႕ကက Sofaမွာဝင္ထိုင္လိုက္စဥ္မွာပဲ ဒယ္ဒီ့အခန္းထဲက ထြက္လာသည့္ အကို႔ကိုေတြ႕လိုက္ရသည္။

"ရိေပၚျပန္လာၿပီလား ဖန္ရွင္းေရာ"

"က်ိရန္နဲ႔ ျပန္သြားတယ္အကို"

အကိုကလက္ေကာက္ဝတ္မွာ နာရီေလးတစ္ခုကို ပတ္ေနရင္း သူ႔ကိုေခါင္းၿငိမ့္ျပသည္။ အကိုပတ္ေနတဲ့ နာရီေလးဟာ တစ္ႏွစ္ျပည့္တုန္းက သူေပးထားတဲ့ နာရီေလး...။

"ကိုကို ..."

"ေျပာ..."

"သားကို ခရီးလိုက္ပို႔ပါလား"

ရိေပၚလက္ထဲကေဆးလိပ္ကိုဖြာရင္းေျပာေတာ့ ကိုကိုက မႀကိဳက္သလို ႏွာေခါင္းရႈံသည္။ သူ႔စကားကို မႀကိဳက္တာမဟုတ္ဘဲ ေဆးလိပ္ေသာက္တာကို မႀကိဳက္တာ ျဖစ္ပါလိမ့္မည္။

"ဘယ္သြားခ်င္လို႔လဲ"

"ကမ္းေျခတစ္ခုခုေပါ့ ကိုကိုနဲ႔ ခရီးမသြားရတာၾကာၿပီ"

"အကိုေရာ လိုက္ခဲ့လို႔ရလား"

သူနဲ႔ကိုကို႔ၾကားက Sofaခုံေပၚဝင္ထိုင္လ်က္ ေမးလာသည့္အကို႔ကို သူမ်က္ခုံးပင့္ကာ ေခါင္းၿငိမ့္ျပမိသည္။ သူျငင္းစရာအေၾကာင္းျပခ်က္မွမရွိေလပဲ...။

"ဘယ္ေန႔သြားခ်င္လဲ"

"မနက္ျဖန္"

"မနက္ျဖန္ေတာ့မရဘူး ကိုကိုအလုပ္ရွိတယ္ တဘက္ခါေရာ"

မနက္ျဖန္ကိုကို အလုပ္မရွိမွန္း သူသိသည္။ က်ိရန္က တပတ္ခါမွ အားမွာလည္း သူသိေနတာေၾကာင့္ ျပဳံးစိစိျဖင့္သာ လက္ခံလိုက္ရ၏။

"ကိုကိုဝင္ေတာ့မယ္ မနက္ျဖန္မနက္ဘာစားခ်င္လဲ ဦးေလးယြီကိုေျပာထားလိုက္"

"ဟုတ္"

ကိုကို အေပၚတက္သြားတာနဲ႔ မီးဖိုေခ်ာင္ထဲဝင္ဖို႔လုပ္တဲ့သူ႔ကို အကိုကေသခ်ာလိုက္ၾကည့္ေနသည္။ အကိုၾကည့္ေနတာကိုသိေသာ္လည္း သူဘာမွမေျပာမိ...။ မီးဖိုေခ်ာင္ဗီရိုထဲက ေခါက္ဆြဲတစ္ထုတ္သာကို ထုတ္လိုက္ၿပီး ေရခဲေသတၱာထဲက ၾကက္ဥကိုယူကာ စားပြဲေပၚတင္လိုက္သည္။

"ဘာလုပ္မလို႔လဲရိေပၚ"

"ေခါက္ဆြဲစားမလို႔အကို ဗိုက္ဆာလို႔ ... ပိုျပဳတ္လိုက္ရမလား"

"ေပး... ကိုယ္ျပဳတ္ေပးမယ္"

သူျပန္မေျပာရေသးခင္မွာပဲ အကိုက သူလက္ထဲက အိုးကိုလွမ္းယူၿပီး ေရခရားထဲကေရကိုေလာင္းထည့္ေနျပန္သည္။

"ဘာရပ္ၾကည့္ေနတာလဲထိုင္ေနေလ"

"လက္ေရာေဆးရဲ့လား"

အကိုက ေခါက္ဆြဲထုတ္ကိုေဖာက္ထည့္ေနရင္းမွ သူ႔ကိုလွမ္းၾကည့္သည္။

"ဒယ္ဒီနဲ႔ထိေတြ႕လာတဲ့ လက္ေတြနဲ႔ ကၽြန္ေတာ္စားဖို႔လုပ္ေပးေနတာေတာ့မဟုတ္ဘူးလား"

"ေဆး .... ေဆးၿပီးၿပီ"

အကိုဟာ တကယ္ပဲ ဒယ္ဒီနဲ႔ ထိေတြ႕လာခဲ့တာပဲ....။ သူ႔ကိုျပန္ေျဖသည့္ အကို႔အသံေတြကေတာ့ တုန္ေနခဲ့သည္။

"ကၽြန္ေတာ္ကေခါက္ဆြဲႏူးမွ ၾကက္ဥကိုထည့္စားတာေနာ္ အကို"

"ကိုယ္မွတ္မိပါတယ္"

"မျဖစ္နိုင္ပါဘူး လူတစ္ေယာက္လုံးကိုေတာင္ အျမဲေမ့တတ္တဲ့ အကိုက ကၽြန္ေတာ့္အႀကိဳက္ကိုမေမ့ဘူးဆိုတာ မယုံပါဘူး"

"ကိုယ္မင္းနဲ႔ပတ္သက္တာ ဘာမွမေမ့ေတာ့ပါဘူး အထူးသျဖင့္မင္းကိုေပါ့"

အိုးထဲကေခါက္ဆြဲေတြကို တူနဲ႔ေမႊေနသည့္ အကိုက သူ႔ပါးကိုလက္ႏွစ္ဖက္နဲ႔ ဆုပ္ကိုင္ရင္းေျပာလာေပမယ့္ သူမ႐ုန္းခဲ့...။ ဒီအေတြ႕အေတြ႕ သူႀကိဳက္လို႔လည္း မဟုတ္...။ ဒီအတိုင္းအကိုဘာလုပ္လုပ္ ဘယ္လိုမွ မခံစားရလို႔ပဲ...။

"ကိုယ့္ကို အမွားျပန္ျပင္ခြင့္ထပ္ေပးပါလား"

"အကိုသာ အခ်ိန္ေတြကို ေနာက္ျပန္လွည့္နိုင္ရင္ေတာ့ ေသခ်ာေပါက္ အမွားျပန္ျပင္ခြင့္ရမွာပဲ"

"အခ်ိန္ေတြကျပန္လွည့္လိုမရဘူးေလ ကေလး"

"ဒီလိုပဲေလ အကို႔အမွားေတြကိုလည္း ျပန္ျပင္ခြင့္မရေတာ့ဘူး အကိုျပန္သြားလို႔မရတဲ့အခ်ိန္ေတြမွာ အကို႔အမွားေတြကအမွားအတိုင္းရွိေနမွာပဲ"

သူ႔စကားအဆုံးမွာေတာ့ အကို႔ရဲ့ သက္ျပင္းခ်သံဟာ ခပ္တိုးတိုးထြက္လာသည္။ ၿပီးေတာ့ ၾကက္ဥကို ဇြန္းနဲ႔ေခါက္သံကလည္း တိတ္ဆိတ္သြားေသာ မီးဖိုေခ်ာင္ထဲ ပ်ံ႕လြင့္လာ၏။ သူထင္တာေတာ့ ေခါက္ဆြဲရေတာ့မည္။

"တစ္ခုခုေသာက္ဦးမလား"

"ေရပဲေသာက္ေတာ့မယ္"

"ဘီယာ?"

မီးဖိုမီးကိုပိတ္ၿပီး ေရခဲေသတၱာထဲက ကိုလာႏွစ္ဗူးကို ထုတ္ကာ လႈပ္ျပလာတဲ့ အကို႔ကို သူမျငင္းေတာ့...။

"ေခါက္ဆြဲရပါၿပီ"

"ေကာင္းေကာင္းစားပါ့မယ္"

"ပူေသးတယ္ ... အ "

ပူေလာင္ေနတဲ့ အိုးကိုလက္နဲ႔ေယာင္ယမ္းကိုင္မိသည့္အကိုက အပူေလာင္သြားသည္နဲ႔ တူသည္။ လက္ကေလးကို ကိုင္၍မ်က္ႏွာဟာ ရႈံမဲ့လ်က္..။

"ပူသြားရင္ေရေဆးလိုက္ေလ "

"ရတယ္ အဲ့ေလာက္မဟုတ္ဘူး"

အကိုဟာ ေျပာရင္းနဲ႔ပဲ ေဖာက္ၿပီးသာဘီယာဘူးကို သူ႔ေရွ႕တိုးေပးလာၿပီး သူနဲ႔မ်က္ႏွာခ်င္းဆိုင္ခုံမွာ ဝင္ထိုင္၏။

"အတူတူစားမလား"

"ကိုယ္ဗိုက္ျပည့္ေနၿပီ မင္းပဲစား"

"အင္း "

သူတို႔ႏွစ္ေယာက္ၾကား အေတာ္အတန္ၾကာေအာင္ တိတ္ဆိတ္သြားျပန္သည္။ အလုံပိတ္ အခန္းျဖစ္တာမို႔ ေလတိုးသံပင္မၾကားရ....။ စားလို႔ရနိုင္ေလာက္တဲ့ အေျခအေနအထိ ေအးသြားေသာ ေခါက္ဆြဲကို ပါးစပ္ထဲပေလာင္းပေလာင္းထိုးသြင္းေနသည့္ သူ႔အား အကိုကလည္း မ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနသည္။

"အဲ့ဒီ့ေနေတြက ကိုယ့္ကိုမလြမ္းဘူးလား"

"ဘယ္ေန႔ေတြလဲ"

ေခါက္ဆြဲေတြ ပါးစပ္ထဲမွာ ရွိေနတာေၾကာင့္ သူ႔ေလသံဟာ ပလုံးပေထြး...။ ေဘးနားက ဘီယာကို တစ္ငုံေသာက္ရင္းသာ ပါးစပ္ထဲက ေခါက္ဆြဲေတြကို ေမၽွာခ်လိုက္သည္။

"မင္း USမွာေနတဲ့ ႏွစ္ေတြတုန္းကေလ"

"လြမ္းတယ္"

ရိေပၚ ဒါေတာ့ မျငင္းမိ...။ တစ္ေယာက္တည္း ေနရတဲ့ညေတြမွာ အကို႔ကို လြမ္း၍ ၿပိဳလဲခဲ့ရဖူးသည္။

" အတူတူရွိေနခဲ့ဖူးတဲ့ လူတစ္ေယာက္ကိုလြမ္းတာက သမာရိုးက်ပဲမလား"

"ကိုယ္ေတာင္းပန္ပါတယ္ ေနာက္ပိုင္းမွာ ကိုယ္ကမင္းေဘးမွာပဲရွိေနေပးပါ့မယ္"

"ဒါေပမယ့္ကၽြန္ေတာ္ကေတာ့ ေရွ႕ဆက္ေလၽွာက္ရမယ့္လမ္းေတြမွာ အကိုမပါလည္းျဖစ္တယ္"

သူေျပာၿပီးတာနဲ ေခါက္ဆြဲကို ပါးစပ္ထဲ ထပ္ၿပီးသြင္းလိုက္သည္။ က်ိရန္တို႔နဲ႔ ေသာက္လာတာေရာ အခုေသာက္ေနတာပါေပါင္းၿပီး လူက ရီေဝေဝ...။

"ေျဖးေျဖးစား"

"ေတာ္ၿပီ"

"ကိုယ္ေျပာလို႔မစားနိုင္ေတာ့တာလား"

"မဟုတ္ပါဘူး ဗိုက္ျပည့္သြားလို႔"

ကုန္ခါနီးေနသည့္ ေခါက္ဆြဲအိုးကို ေဘစင္ထဲခ်ရင္း ေဆးဖို႔လုပ္ေတာ့ အကိုကသူပဲဝင္ေဆးျပန္သည္။

"အေပၚတက္ေတာ့ ကိုယ္သိမ္းလိုက္မယ္"

"ေက်းဇူး"

လူကလည္း သိပ္မဟန္ေတာ့တာေၾကာင့္ အကို႔စကားကိုပဲနားေထာင္ၿပီး အေပၚတက္ကာ လန္းသြားေအာင္ ေရခ်ိဳးပစ္လိုက္၏။

"အကိုဝင္လာလို႔ရတယ္မလား ရိေပၚ"

အကိုဟာ အရင္ကအတိုင္းသူ႔အေျဖကို မေစာင့္...။ တံခါးကို တစ္ခ်က္သာေခါက္ရင္း တြန္းဝင္လာသည္။ အကိုဝင္လာတဲ့ အခ်ိန္သူက အိပ္ရာေပၚေရာက္ေနလို႔ေတာ္ေသးသည္။

"သံပုရာရည္ေဖ်ာ္လာေပးတယ္ မင္းေခါင္းမၾကည္ေလာက္ဘူးဆိုတာသိလို႔"

"ကၽြန္ေတာ္အိပ္ေတာ့မလို႔"

သူေျပာလိုက္ေတာ့ အကိုကညသံပုရာရည္ခြက္ေလးကို စားပြဲေပၚတင္ကာ သူ႔ကုတင္ေပၚတက္လာခဲ့သည္။

"ကိုယ့္ရင္ခြင္ထဲမွာအိပ္"

"ရပါတယ္ဆိုဗ်ာ"

အကိုက ဘာမွမေျပာဘဲ သူ႔ကိုယ္ေလးကိုအသာ မၿပီးရင္ခြင္ထဲအထိ ဆြဲေပြ႕သည္။

"ကိုယ့္မွာသာ အခ်ိန္ေနာက္ျပန္လွည့္ဖို႔ အခြင့္အေရးရွိမယ္ဆိုရင္ေလ မင္းအေပၚလုပ္ခဲ့တဲ့အမွားေတြကို ျပန္ျပင္ခ်င္တယ္"

"ကၽြန္ေတာ့္မွာသာ အခ်ိန္ေတြျပန္လွည့္ဖို႔အခြင့္အေရးရွိရင္ေတာ့ အကိုနဲ႔မေတြ႕ခင္တစ္ရက္ကိုျပန္သြားၿပီး သတ္ေသပစ္ခ်င္တယ္ "

သူ႔ဆံပင္ေလးေတြဆီ ရိုက္ခက္သြားတဲ့ အသက္ရႉသံေႏြးေႏြးနဲ႔ အတူ သူ႔ပုခုံးဆီမွစိုစြတ္ေသာ အထိအေတြ႕တစ္ခုကို သူခံစားလိုက္ရသည္။

"ကိုယ္ကအခုမင္းအတြက္ ဘာလဲ"

"ေရွာင္းက်န္႔ေလ... အကိုကကၽြန္ေတာ့္အတြက္ေတာ့ ကၽြန္ေတာ္မခ်စ္ေတာ့တဲ့ ေရွာင္းက်န္႔ပဲ"

အကို႔ဆီက စကားသံ ထပ္ထြက္မလာဘဲ သူ႔ကို ရင္ခြင္ထဲကေန ေျဖးညႇင္းစြာထုတ္ၿပီး ေခါင္းအုံးေလးေပၚခ်ကာ ေစာင္ေလးကို သူ႔ရင္ဘတ္အထိ ဆြဲျခဳံေပးသည္။

"ဂစ္တာတီးရင္း သီခ်င္းဆိုသိပ္မယ္"

"ကၽြန္ေတာ္ဒီအတိုင္းလည္း အိပ္ေပ်ာ္ပါတယ္"

အကိုဟာ သူ႔စကားကို ဂ႐ုမစိုက္...။ သူ႔အိပ္ခန္းေထာင့္မွာေထာင္ထားတဲ့ ဂစ္တာေလးကို သြားယူၿပီး သူ႔ေဘးကခုံမွာ ဝင္ထိုင္သည္။

🎵 There goes my heart beating
(ကိုယ္ရင္ေတြခုန္ေနတယ္)
Cause you are the reason
(အဲ့ဒါမင္းေၾကာင့္ပါ)
I'm losing my sleep
(ကိုယ္အိပ္လို႔လည္းမေပ်ာ္ပါဘူး)
Please come back now....
(ကိုယ့္ဆီျပန္လာေပးပါ)
And there goes my mind racing
(ကိုယ့္စိတ္ေတြမတည္ၿငိမ္ဘူးျဖစ္ေနတယ္)
And you are the reason
(ဒါလည္းမင္းေၾကာင့္ပါပဲ)
That I'm still breathing
(ကိုယ္အသက္ရႉေနေပမယ့္)
I'm hopeless now....
(ေမၽွာ္လင့္လ်က္မဲ့ေနတယ္)
I'd climb every mountain
(ကိုယ္ေတာင္ေတြကိုေက်ာ္ျဖတ္နိုင္တယ္)
And swim every ocean
(သမုဒၵရာေတြကိုလည္းကူးျဖတ္နိုင္ပါတယ္)
Just to be with you
(မင္းနဲ႔အတူတူဆိုရင္ေပါ့)
And fix what I've broken
(ကိုယ့္ခ်ိဳ႕ယြင္းခ်က္ေတြလည္းျပင္ပါ့မယ္)
Oh, cause I need you to see
(မင္းကိုေတြ႕ဖို႔ကိုယ္လိုအပ္ေနတယ္)
That you are the reason....
(ဒါေတြဟာမင္းေၾကာင့္ပါပဲ)
There goes my hands shaking
(ကိုယ့္လက္ေတြတုန္ယင္ေနတယ္)
And you are the reason
(မင္းေၾကာင့္ပါပဲ)
My heart keeps bleeding
(ကိုယ့္ရင္ေတြလည္းကြဲေနတုန္းပါပဲ)
I need you now
(မင္းကိုအခုလိုအပ္ေနတယ္)
And if I could turn back the clock
(တကယ္လို႔သာအခ်ိန္ေတြေနာက္ျပန္ဆုတ္လို႔ရရင္)
I'd make sure the light defeated the dark
(ေမွာင္မိုက္ျခင္းေတြကို ဝင္မလာနိုင္ေအာင္လုပ္လိုက္မွာ)
I'd spend every hour, of every day
(အခ်ိန္တိုင္းေန႔ရက္တိုင္းမွာ)
Keeping you safe
(မင္းကိုလုံျခဳံေအာင္ပဲထားမွာ) 🎵

အကိုဆိုေနတဲ့ သီခ်င္းေလးမဆုံးခင္မွာပဲ သူ႔မ်က္လုံးေတြေမွးစင္းလာခဲ့သည္။
ေသခ်ာတာတစ္ခုကေတာ့ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သူအကို႔ဆီ ျပန္မသြားေတာ့ပါ။

🤍🤍🤍🤍🤍🤍

ဒီေန႔ေတာ့ ဝမ္အိမ္ေတာ္ေရွ႕မွာ လူစုံေနသည္။ ေဟာက္ရႊမ္းက ခရီးသြားဖို႔ ေျပာထားတာေၾကာင့္ ဖန္ရွင္းေရာ က်ိရန္ပါေရာက္ေနၾက၏။

"ရိေပၚေလး ပစၥည္းေတြအကုန္ထည့္ၿပီးၿပီလား"

ရိေပၚနားကို အတင္းကပ္ေနသည့္ ယြီပင္း ဆိုသည့္ေကာင္ကို ေရွာင္းက်န္႔ မ်က္ေမွာင္ၾကဳံၿပီး ၾကည့္လိုက္သည္။ US မွာ ရိေပၚကို ကုေပးတဲ့ ဆရာဝန္ျဖစ္သလို ေဟာက္ရႊမ္းျပန္သြားတဲ့ အခ်ိန္မွာလည္း ရိေပၚနဲ႔ အတူတူေနခဲ့ၾကေသးသည္တဲ့...။

"အကုန္ထည့္ၿပီးၿပီေကာ ေကာကေလမေျပာမဆိုနဲ႔ ေရာက္ခ်လာတာ ကိုကိုကလည္း ကၽြန္ေတာ့္ကိုမေျပာဘူး"

"အလည္လာတာေလာက္ဆိုေတာ့ မေျပာေတာ့တာ ေဟာက္ရႊမ္းကိုပဲေျပာထားၿပီး ရိေပၚေလးကိုမေျပာဘဲေနေတာ့မလို႔ဘဲ ေဟာက္ရႊမ္းကဒီေန႔ခရီးထြက္ၾကမလို႔ဆိုေတာ့ ေကာလည္းလိုက္လာတာ"

ထိုဆရာဝန္ေျပာေတာ့ ရိေပၚကျပဳံးသည္။ သူ႔စိတ္ထဲဝမ္းနည္းလာသလို..။

"ကားေပၚတက္လို႔ရၿပီ"

"ဟုတ္ ကိုကို"

"ရိေပၚ"

ယြီပင္းဆိုတဲ့ေကာင္နဲ႔ အတူတူထြက္သြားတဲ့ ရိေပၚကို လွမ္းေခၚၿပီး ခါးကေနဆြဲဖက္လိုက္ေတာ့ ကေလးငယ္ဟာ အံ့ဩစြာ ၾကည့္လာခဲ့သည္။

"အတူတူသြားမယ္ ကိုယ့္ေဘးမွာပဲထိုင္"

"အကိုကလည္း ကၽြန္ေတာ္လန္႔သြားတာပဲ ဘာျဖစ္တာလဲလို႔"

ရိေပၚဟာ သူ႔အေပၚပုံမွန္အတိုင္းပါပဲ...။ မခ်စ္ေတာ့ဘူးလို႔ ပါးစပ္ကေျပာေျပာေနတာကလြဲရင္ ေျပာင္းလဲျခင္း တစ္စုံတစ္ရာမရွိ..။

"ယြီပင္းေကာအေနာက္မွာထိုင္လို႔အဆင္ေျပတယ္မလား"

"ေကာကဘယ္မွာျဖစ္ျဖစ္ရတယ္"

Driverေခၚဖို႔ေျပာခဲ့ၾကေပမယ့္ ေဟာက္ရႊမ္းကအျပင္လူမေခၚခ်င္ဘူးဆိုကာ ကိုယ္တိုင္ေမာင္းဖို႔သာေျပာလာ၍ က်ိရန္ နဲ႔ သူက ေဟာက္ရႊမ္းပင္ပန္းတဲ့အခါ ကူေမာင္းေပးဖို႔သာ ဆုံးျဖတ္ခဲ့ၾကသည္။
ကားထြက္တဲ့အခ်ိန္မွာ က်ိရန္က ေဟာက္ရႊမ္းေဘးမွာ ထိုင္ၿပီး သူကေတာ့ ရိေပၚနဲ႔ထိုင္သည္။ သူ႔ညီဖန္ရွင္းကေတာ့ ရိေပၚရဲ့ ဆရာဝန္ေကာင္နဲ႔ေနာက္ဆုံးတန္းမွာအတူတူထိုင္ၿပီး စကားေတြေတာင္ ေျပာေနၾကေသး၏။

"အိပ္ခ်င္ေနတာလား"

"ဟုတ္"

မနက္ေစာေစာထလာခဲ့ရတာေၾကာင့္ အိပ္ငိုက္ေနသည့္ ေကာင္ေလးကို သူ႔ရင္ခြင္ထဲဆြဲသြင္းလ်က္ သူ႔ရင္ဘတ္ကိုေခါင္းမွီကာ အိပ္လိုက္ေစသည္။ ေဟာက္ရႊမ္းကေတာ့ မွန္ကေနသူတို႔ကိုလွမ္းတၾကည့္ၾကည့္...။

"ယြီပင္းမင္းငါတို႔နဲ႔လိုက္လာတာအဆင္ေျပရဲ့လား"

"အင္းေျပပါတယ္ ငါကဒီမွာလည္းလုပ္စရာမရွိဘူးေလ "

ေရွ႕ခန္းကေဟာက္ရႊမ္းအေမးကို အေနာက္ဆုံးတန္းကေကာင္က လွမ္းေျဖတာေၾကာင့္ အိပ္ေနသည့္ သူ႔ေကာင္ေလးမွာ လူးလြန္႔လာသည္။

"အိပ္ဦးေလ အေဝးႀကီးလိုေသးတာ"

"ေတာ္ၿပီအကို ... ကိုကို သားဗိုက္ဆာတယ္တစ္ခုခုမပါဘူးလား"

"ကိုယ့္မွာပါတယ္ ရိေပၚဆာတတ္မွန္းသိလို႔ အေစာႀကီးကတည္းက ထလုပ္လာတာ"

ရိေပၚအားဖက္ထားသည့္လက္ေတြကို အသာဖယ္လိုက္ၿပီး ေဘးက ေက်ာပိုးအိတ္ထဲကမုန္႔ဘူးေလးကိုထုတ္ကာ ရိေပၚထံလွမ္းေပးလိုက္သည္။

"ေက်းဇူးပဲေနာ္အကို"

"သူစိမ္းေတြက်လို႔"

သူ႔ကိုျပဳံးျပလာသည့္ ရိေပၚဟာ အရင္အတိုင္း...။

"စားေလဗိုက္ဆာေနတယ္ဆို"

သူေပးတဲ့Sandwich ဗူးေလးကိုဖြင့္ၿပီး တုန္ယင္စြာ ၾကည့္ေနသည့္ ရိေပၚကိုေျပာလိုက္ေပမယ့္ ရိေပၚဆီက ဘာတုန္႔ျပန္မႈမွမရခဲ့....။ Sandwich ဘူးေပၚက်လာတဲ့ မ်က္ရည္တခ်ိဳ႕ဟာ ေရွာင္းက်န္႔ကို ပိုၿပီး ရင္ထိတ္ေစ၏။

"ဘာျဖစ္လို႔လဲရိေပၚ"

"စားၿပီးရင္ ထားခဲ့မွာ အကိုက ... အကိုကထားခဲ့ေတာ့မွာ .. ဟင့္အင္း"

ရိေပၚဆီက ထြက္လာသည့္ ခပ္တိုးတိုးနဲ႔ ကြဲအက္အက္အသံတစ္ခု...။

"ရိေပၚ"

"မထိနဲ႔.....!!!"

သူ႔လက္ေတြကို ႐ုန္းဖယ္ၿပီး လက္ထဲက Sandwich ဘူးကို ေရွ႕ကို လႊတ္ပစ္လိုက္တာေၾကာင့္ ေဟာက္ရႊမ္းက ကားကို ထိုးရပ္ပစ္သည္။

"ငယ္ေလး ဘာျဖစ္တာလဲ"

"ေၾကာက္တယ္ အကိုကၽြန္ေတာ့္ကိုကယ္ပါ... မထားခဲ့ပါနဲ႔ အကို .... "

"အကိုရွိတယ္ေလကေလး... အကိုရွိေနတာ"

ရိေပၚဟာ ဂဏာမၿငိမ္သည့္ မ်က္လုံးေတြျဖင့္ သူ႔ကို လွမ္းၾကည့္လာၿပီး တုန္တုန္ယင္ယင္ေပြ႕ဖက္လာခဲ့သည္။

"မထားခဲ့ပါနဲ႔ ထြက္မသြားပါနဲ႔ ကၽြန္ေတာ္ေၾကာက္တယ္ အရမ္းေၾကာက္တယ္"

"ကားတံခါးေတြ ခဏေလာက္ဖြင့္ၿပီးေလရေအာင္လုပ္လိုက္"

ေနာက္ဖက္ကယြီပင္းထံမွ ထြက္လာတဲ့ စကားေၾကာင့္ ေဟာက္ရႊမ္းက ကားတံခါးေတြဖြင့္ခ်သည္။ သူေနာက္ဆုံးထားခဲ့တဲ့ ေန႔က Sandwich ေလးေကၽြးခဲ့ဖူးတာကို သတိရမိေတာ့ သူ႔ရင္ထဲပိုၿပီး စို႔နင့္လာရသည္။ ကေလးငယ္ဟာ ဒါကို စိတ္ဒဏ္ရာ ရသြားသည့္ပုံ....။

"ငယ္ေလး အဆင္ေျပရဲ့လား"

သူ႔ကိုဖက္ထားသည့္ ရိေပၚဟာ သူ႔ပုခုံးေပၚ မ်က္ႏွာအပ္ၿပီး ၿငိမ္သက္စြာ ငိုေႂကြးလ်က္...။

"ရိေပၚ .... အဆင္ေျပတယ္မလား"

"ဟင္း .... ေမာတယ္ "

"အျပင္ခဏထြက္ၿပီးေလရႉလိုက္ အသက္ကိုဝေအာင္ရႉ"

ယြီပင္းေျပာတာနဲ႔ သူရိေပၚကို ေပြ႕ဖက္ထားရင္းပင္ ကားေပၚကဆင္းလိုက္၏။

"အဆင္ေျပသြားၿပီလား"

"အင္း"

ေရွာင္းက်န္႔ ရိေပၚမ်က္ႏွာကို လက္ကေလးနဲ႔ ပြတ္သပ္ေပးကာမ်က္ရည္ေတြသုတ္ေပးၿပီး ေမးလိုက္သည္။ ကေလးငယ္ကေခါင္းၿငိမ့္ျပလာေတာ့မွ စိတ္​ေအးသြားသလို...။

"အိမ္ျပန္မလားငယ္ေလး"

"မျပန္ပါဘူး ဟင့္ ဆက္သြားလို႔ရတယ္"

အမ်ားႀကီးငိုထား၍ ရိေပၚစကားေျပာလိုက္တိုင္း ရွိုက္သံေလးေတြျဖင့္ တုန္ယင္ေနဆဲ....။ ႏွာေခါင္းထိပ္ေလးေတြကလည္း နီရဲစြာ....။

"ငယ္ေလးဗိုက္ဆာေနရင္လမ္းမွာတစ္ခုခုဝင္စားဖို႔လုပ္လိုက္မယ္ က်ိရန္လည္းဆာတယ္ေျပာလို႔"

"က်ိရန္ဆာမွပဲေနာ္ သားဆာေနတာၾကာၿပီကို အဲ့ကတည္းက ရပ္ေပးလိုက္ေတာ့ဘာျဖစ္မွာမွာမို႔လို႔လဲ ဟင့္"

ဝမ္းနည္းေနပုံရတဲ့ ေကာင္ေလးက ေဟာက္ရႊမ္းကို ရစ္ရင္း ငိုျပန္သည္။

"မဟုတ္ပါဘူးငယ္ေလး ငယ္ေလးစားခ်င္တဲ့ဆိုင္မွာရပ္မယ္ေနာ္ သူစားခ်င္တဲ့ဆိုင္မရပ္ဘူး"

"ဘာျဖစ္ျဖစ္ သူဗိုက္ဆာမွရပ္တာေလ ကိုကိုက က်ိရန္ကိုပဲခ်စ္တာ"

ရိေပၚရစ္ေနတုန္း က်ိရန္က ကားေပၚကဆင္းလာၿပီး ေဆးလိပ္တစ္လိပ္ကို လွမ္းေပးသည္။

"စိတ္ေျပသြားေအာင္ေသာက္လိုက္"

"မင္းကဘာလဲ ငါ့ကိုေဆးလိပ္လာေပးၿပီး ငါ့အကိုကို အပိုင္ယူမလို႔လား မင္းကဘာလို႔ ကိုကို႔ကို ႀကိဳက္လဲ"

"ဘာျဖစ္ေနတာလဲကြာ"

"မင္းလာမေအာ္နဲ႔ ဟင့္"

သူတို႔သုံးေယာက္ပုံစံက ေနမေကာင္းတဲ့ကေလးကို ေခ်ာ့ေနရသလိုမ်ိဳး....။ ကားေပၚကႏွစ္ေယာက္ကေတာ့ အေၾကာင္သားျဖင့္ လွမ္းၾကည့္ေနသည္။

"ကားေပၚျပန္တက္ရေအာင္ေနာ္ ရိေပၚ"

"အကိုကေရာ အဲ့ေန႔ကဘာလို႔ထားခဲ့တာလဲ ဘာျဖစ္လို႔တစ္ေယာက္တည္းထားခဲ့တာလဲလို႔!!! အကို႔အေဖဆုံးသြားရင္ေတာင္မွ ကၽြန္ေတာ့္ကိုေခၚၿပီးမွ ျပန္ပါလား ဘာလို႔ ကၽြန္ေတာ့္ကိုထားခဲ့ရတာလဲ အီးဟီး..."

လမ္းေပၚငိုယိုေအာ္ဟစ္ေနတာေၾကာင့္ျဖတ္သြားတဲ့ကားေတြကလည္း ၾကည့္သြားၾကသည္။ သူ႔ကိုထုရိုက္ေနသည့္လက္ေတြကို အသာဖမ္းဆုပ္ၿပီး သူ႔ရင္ခြင္ထဲဆြဲသြင္းေတာ့ ကေလးကိုယ္ေလးက အလိုက္သင့္ပါလာ၏။

"မငိုပါနဲ႔ေတာ့ရိေပၚရယ္ ကိုယ္ေနာက္ထပ္မထားခဲ့ေတာ့ဘူး မင္းကိုထပ္ၿပီးအဆုံးရႈံးမခံေတာ့ဘူး"

"ကၽြန္ေတာ့္ကိုထပ္ၿပီးဆုံးရႈံးစရာမရွိေတာ့ပါဘူး ဟင့္ အကိုကၽြန္ေတာ့္ကိုဆုံးရႈံးၿပီးသြားၿပီ"

ရွိုက္သံေတြနဲ႔အတူ နားထဲတိုးဝင္လာသည့္စကားေလးဟာ သူ႔အသည္းစိုင္ကိုပါ ရိုက္ခတ္သည္။ သူတကယ္ပဲ ရိေပၚကို ဆုံးရႈံးၿပီးသြားၿပီလား...။ သူ႔ရင္ခြင္ထဲကေကာင္ေလးကိုေလ...။

"ဒီလိုနဲ႔မိုးခ်ဳပ္ေတာ့မယ္"

"တက္ရေအာင္ေနာ္ ရိေပၚ"

"အင္း"

မ်က္ရည္ေတြကို သုတ္ကာ ကားေပၚတက္သြားသည့္ကေလးငယ္က ခုနက ငိုေနတာသူမဟုတ္တဲ့ အတိုင္း....။

"ငယ္ေလးဘာစားခ်င္လဲ ဘယ္ဆိုင္မွာရပ္ေပးရမလဲ"

"ဘာမွမစားေတာ့ဘူးအိပ္မွာ"

"အိပ္မွာ" ဆိုသည့္စကားေၾကာင့္ သူေနာက္တႀကိမ္ထပ္ၿပီးရင္ခြင္ထဲဆြဲသြင္းဖို႔လုပ္တုန္းမွာပဲ သူေပါင္ေပၚလွဲအိပ္လာသည့္ ကေလးငယ္။

"ေညာင္းရင္ႏွိုးလိုက္"

"အင္းအင္း အိပ္ေပ်ာ္ေအာင္သာအိပ္ ေရာက္မွႏွိုးမယ္"

သူ႔အား တစ္စုံတစ္ရာျပန္မေျပာဘဲ မ်က္လုံးေလးေတြမွိတ္ခ်လိုက္တာေၾကာင့္ သူလည္း ဘာမွဆက္မေျပာမိေတာ့....။
အရင္ကခ်စ္ခဲ့တဲ့ေန႔ေတြကို သူပုံျပင္တစ္ပုဒ္လိုပဲ အဆုံးမသတ္လိုက္ခ်င္ပါ။
ဒီကေလးရခဲ့တဲ့ဒဏ္ရာေတြကိုကုစားေပးဖို႔ပဲျဖစ္ျဖစ္ သူျပန္သြားလို႔မရနိုင္ေတာ့ဘူးလား?

🤍🤍🤍🤍🤍🤍

"သုံးေယာက္အိပ္ႏွစ္ခန္းမရေတာ့ပါဘူး"

Hotel ဝန္ထမ္းေကာင္မေလး၏ စကားေၾကာင့္ ေဟာက္ရႊမ္းက သူ႔ကို လွမ္းၾကည့္သည္။ ရိေပၚနဲ႔က်ိရန္ကေတာ့ ကားေပၚကဆင္းကတည္းက ပင္လယ္ဘက္ကို ေျပးသြား၏။

"ႏွစ္ေယာက္အိပ္သုံးခန္းယူၿပီး ငါနဲ႔ က်ိရန္ တစ္ခန္းေနမယ္ မင္းနဲ႔ဖန္ရွင္းတစ္ခန္းေနလိုက္"

"ရိေပၚက ဟိုေကာင္နဲ႔လား မျဖစ္ပါဘူးငါနဲ႔ရိေပၚနဲ႔ေနမွာ ငါမင္းကိုမေျပာဘူးလား Booking လုပ္ထားဖို႔ "

"ငါ့ကိုအျပစ္လာတင္မေနနဲ႔ ႐ုတ္တရက္ႀကီးစီစဥ္လိုက္တာကို ရိေပၚကိုတစ္ေယာက္တည္းေနခိုင္းလိုက္မယ္"

"က်ိရန္နဲ႔ေနခိုင္းလိုက္ မင္းအဲ့ဆရာဝန္ေကာင္နဲ႔ျဖစ္တယ္မလား"

"ဖန္ရွင္းခဏ...."

သူေျပာတာကို ေဟာက္ရႊမ္းက လက္မခံခ်င္ဘဲ Reception က Sofaေပၚမွာ ထိုင္ငိုက္ေနသည့္ ဖန္ရွင္းကို လွမ္းေခၚသည္။

"ညီေလး အဲ့အကိုနဲ႔တစ္ခန္းတည္းေနလို႔ျဖစ္လား"

"ဟုတ္ရတယ္ေလ ေယာက္်ားေလးေတြပဲ"

"ယြီပင္းကေရာ"

"ငါလည္းအဆင္ေျပတယ္"

သူတို႔ကိုေမးၿပီးတာနဲ႔ ေဟာက္ရႊမ္းကသူ႔ကို ဘုၾကည့္ၾကည့္လာျပန္သည္။

"ႏွစ္ေယာက္အိပ္သုံးခန္းေပး ေရွာင္းက်န္႔ေနာ္ ငါ့ညီကမေနခ်င္ဘူးေျပာတာနဲ႔လဲေပးရမယ္"

"ဟုတ္ကဲ့အကိုႀကီး"

သူစလိုက္တာေၾကာင့္ ေဟာက္ရႊမ္းကမ်က္ေစာင္းထိုးသည္။

"ေရာ့ ေသာ့ရိေပၚကို သြားေခၚလိုက္"

"အင္း "

သူေျပာၿပီး Hotelအျပင္ဘက္ထြက္လာလိုက္ေတာ့ ေအးစက္စက္ ေလေျပတစ္ခ်ိဳ႕ဟာ သူ႔ပါးျပင္ထံရိုက္ခတ္သည္။ ပင္လယ္နံ့သင္းသင္းေလးက ႏွာေခါင္းထဲတိုးဝင္လာတဲ့အခ်ိန္မွာ သူတစ္ခုခုကို ဆုံးျဖတ္ခ်က္ခ်မိ၏...။ သူဒီက မျပန္ခင္ ရိေပၚအခ်စ္ကို ျပန္ရေအာင္ယူမည္။

"ရိေပၚ"

က်ိရန္နဲ႔ အတူ ေျခေထာက္ေလးကို ပင္လယ္ထဲထိလိုက္ လွိုင္းတက္လာရင္ အေပၚေျပးတက္လိုက္ျဖင့္ ေဆာ့ကစားေနသည့္ ကေလးက သူအသံၾကားေတာ့ လွည့္ၾကည့္လာသည္...။ ေရေဆာ့ရင္း သေဘာက်စြာ ရယ္ေနတဲ့ ကေလးတစ္ေယာက္အလား ...။ သို႔ေသာ္လည္း လက္ထဲမွာ မလိုက္မဖက္ ညႇပ္ထားတဲ့ စီးကရက္တစ္လိပ္ကေတာ့ အက်ည္းတန္စြာ...။

"ဒါေတြမေသာက္ပါနဲ႔ကေလးရယ္"

သူ႔လက္ထဲကစီးကရက္ကို ယူကာ ကမ္းေျခက အမွိုက္ပုံးထဲ ေျပးထည့္ရသည္။

"က်ိရန္ ေဟာက္ရႊမ္းေခၚေနတယ္"

"ဟုတ္လား ငါဝင္ဦးမယ္ရိေပၚ မင္းေရာ"

"မဝင္ခ်င္ေသးဘူး"

ရိေပၚက ကမ္းစပ္နားက သဲျပင္ေပၚထိုင္ခ်ရင္း က်ိရန္ကို ျပန္ေျပာသည္။ ခဏၾကာေတာ့ လက္ညိဳးကေလးေတြျဖင့္ သဲေလးေတြကို ထိုးဖြေနရင္းမွ ခ႐ုခြံေလးတစ္ခုေကာက္ကာ သူ႔ကိုလွမ္းေပး၏။

"ကိုယ့္အတြက္လား"

"လိုခ်င္လား မလိုခ်င္လည္း ပစ္လိုက္မယ္"

"လိုခ်င္တယ္ "

ခ႐ုခြံေလးတစ္ခုၿပီးတစ္ခု သူ႔ကိုလွမ္းေပးေန၍ သူ႔လက္ႏွစ္ဖက္ထဲ ခ႐ုခြံေလးေတြက အမ်ားအျပား...။

"ရိေပၚ ကိုယ့္ကိုခ်စ္လား"

"မခ်စ္ဘူး"

႐ုတ္တရက္ဆန္စြာ သူေမးလိုက္ေသာ္လည္း အထစ္အေငါ့မရွိ ေျဖလာတဲ့ ကေလးေၾကာင့္ သူ႔ႏွလုံးသားေလး ထပ္ၿပီး ေၾကကြဲရျပန္သည္။
အိပ္ေနရင္းထေမးေတာင္ ရိေပၚဟာ သူ႔ကို ခ်စ္တယ္လို႔ ေျပာလာဖြယ္မရွိ...။

"ကိုယ္ေသသြားရင္ေရာ မခ်စ္ဘူးလား"

"အကို႔ကို မခ်စ္ေတာ့ဘဲေနသားက်ေနၿပီေလ ထပ္ခ်စ္ၿပီး ထပ္နာက်င္ၿပီး ဘာလုပ္မွာလဲ"

"ကိုယ္ကနာက်င္ေအာင္ထပ္မလုပ္ေတာ့ပါဘူး"

"မတည္တဲ့ကတိေတြနဲ႔သတ္ကြင္းထဲ ထပ္ေခၚဖို႔ မႀကိဳးစားပါနဲ႔ေတာ့"

သတ္ကြင္းတဲ့လား? ဘယ္ေလာက္မ်ားနာက်င္ခဲ့လို႔ ဒီကေလးဆီက အခုလိုစကားမ်ိဳးထြက္လာခဲ့ရတာလဲ?

"မင္းမခ်စ္ေတာ့ရင္ ကိုယ္ဒီပင္လယ္ထဲကို ဆင္းၿပီး တစ္သက္လုံးျပန္မလာေတာ့ဘူး"

ရိေပၚက သူ႔ကိုတစ္ခ်က္ၾကည့္ၿပီးသာရယ္သည္။ သူကေတာ့ ဇြဲေလၽွာ့မည္မဟုတ္....။ ရိေပၚေဘးကထလိုက္ၿပီး ပင္လယ္ထဲကို ဆင္းလာလိုက္၏။

"အကိုကတကယ္ႀကီးေသမွာလား ကၽြန္ေတာ့္အတြက္နဲ႔ေလ"

"မင္းျပန္ခ်စ္ဖို႔ဘာပဲလုပ္ရလုပ္ရ"

"အကိုေသရင္ေတာင္ ကၽြန္ေတာ္မခ်စ္ေတာ့ရင္ ေသတာမတန္ဘူးေလ မဟုတ္ဘူးလား ကၽြန္ေတာ္အကို႔ကိုစိတ္ကုန္ေနၿပီ"

ေျပာၿပီးတာနဲ႔ ထထြက္သြားတဲ့ ရိေပၚေက်ာျပင္ကို တဆုံးလိုက္ေငးရင္း ေရွာင္းက်န္႔ငိုခ်မိသည္။

"မင္းေသရင္ေတာင္ကိုယ္ကလာမေခ်ာ့ရင္ ေသတာမတန္ဘူးေလ မဟုတ္ဘူးလား ကိုယ္စိတ္ကုန္ေနၿပီ"

အရင္အခ်ိန္ေတြက ရိေပၚလက္ထဲမွ ပန္းအိုးကြဲစကို သူဂ႐ုမစိုက္ဘဲ ေျပာခဲ့သည့္စကား...။ ရိေပၚဟာ အခုခ်ိန္ထိ မွတ္ထားခဲ့သည္။
ထိုအခ်ိန္တုန္းက ရိေပၚဟာ သူ႔နဖူးေလးရွသြားတာကိုေတာင္ သိပ္ကို စိုးရိမ္ေနခဲ့ရွာတာ...။

"ေရွာင္းက်န္႔ အေပၚျပန္တက္စမ္း မင္းဘာေတြေလၽွာက္လုပ္ေနတာလဲ ငါ့ကိုရိေပၚေျပာလို႔ ထြက္လာတာ"

"ေဟာက္ရႊမ္း..."

သူေရထဲမွာ အေတြးလြန္ေနတာဘယ္ေလာက္ၾကာသြားလဲ မသိ...။ ေဟာက္ရႊမ္းေျပးထြက္လာၿပီး သူ႔နာမည္ေခၚမွ သတိဝင္ကာ မ်က္ရည္တို႔ကို သုတ္လိုက္သည္။
ရိေပၚက သူ႔ကို နည္းနည္းေလးေတာ့ ဂ႐ုစိုက္သားပဲ။

"ငါေျပာတယ္မလား အခ်ိန္ယူရမယ္လို႔ အတင္းအၾကပ္လုပ္ရင္ ရိေပၚမုန္းသြားလိမ့္မယ္ သြား ေသာ့သြားဖြင့္ေပးလိုက္"

"အင္း...."

သူတို႔ေနရမွာ ႏွစ္ေယာက္ခန္းဆိုေသာ္လည္း သာမန္Hotel ေတြလိုအခန္းမ်ိဳးမဟုတ္ဘဲ Bungalow ေလးေတြလို အျပင္ဘက္မွာ ေဆာက္ထားတဲ့ အခန္းငယ္ေလးေတြျဖစ္သည္။

"Sorry ကိုယ္ေသာ့ဖြင့္ေပးရမွာ"

"အင္း"

အခန္းတံခါးကိုေသာ့ဖြင့္ေပးလိုက္တာနဲ႔ အခန္းထဲ တန္းဝင္သြားေသာ ေကာင္ေလးက သူ႔ကို မၾကည္သလို....။ အပိုစကားတစ္ခြန္းမွမေျပာဘဲ အစြန္ဘက္ကကုတင္ေပၚတက္ထိုင္လ်က္ ေျခအိတ္ေတြကိုသာခၽြတ္ေနသည္။
သူကေတာ့လက္ထဲဆုပ္ကိုင္ထားမိသည့္ ခ႐ုခြံေလးေတြကို ခရီးေဆာင္အိတ္ေထာင့္တြင္ထည့္ၿပီး သဘတ္ပတ္ကာ ေရစိုေနတဲ့ အေပၚထပ္ေဘာင္းဘီကို ခၽြတ္ခ်လိုက္သည္။

"ကေလးေရခ်ိဳးမွာလား"

"ဟင့္အင္း"

"ဒါဆိုကိုယ္အရင္ခ်ိဳးမယ္"

"အင္း..."

အရင္ကအခ်ိန္ေတြက စိတ္ေကာက္ရင္ လုပ္တတ္တဲ့အျပဳအမူမ်ိဳးေလးေတြလုပ္ေနျပန္ေတာ့ ေရွာင္းက်န္႔မွာ အသည္းယားစြာ အနားတိုးကပ္မိသည္။ အရင္ႏွစ္ေတြက ေခ်ာ့ရတာ စိတ္ရႈပ္သည္ဟု သူ႔ဘာေၾကာင့္ေတြးခဲ့မိလဲ မသိပါ...။ ရိေပၚဟာ သူ႔ဆီက အရမ္းအေခ်ာ့ခံခ်င္ခဲ့တာမလား။

"ရိေပၚကစိတ္ဆိုးေနတာလား"

"မဆိုးဘူး"

"စိတ္မဆိုးေတာ့ဘဲ အရင္လိုျပန္ေနရေအာင္"

အရင္လိုစူထြက္မေနဘဲ တင္းတင္းေစ့ထားတဲ့ ႏႈတ္ခမ္းေလးေတြကို ဖိကပ္နမ္းလိုက္ေတာ့ ေရွာင္ဖယ္သည္။

"မလုပ္နဲ႔အကို ကၽြန္ေတာ္စိတ္မပါဘူး"

"ကိုယ္ကစိတ္ပါေအာင္လုပ္ေပးမယ္ဆိုရင္ေရာ"

သူေျပာရင္းနဲ႔ ပါးေလးႏွစ္ဖက္ကို စုကိုင္လိုက္ေတာ့ စူထြက္လာတဲ့ ႏႈတ္ခမ္းေလး....။ ေရွာင္းက်န္႔နမ္းဖို႔ လုပ္ေတာ့ ႐ုန္းျပန္သည္။

"ကိုယ့္ကိုျပန္ခ်စ္ေပးပါလား ရိေပၚ "

"ကၽြန္ေတာ္စိတ္မပါဘူးလို႔ မနမ္းနဲ႔"

"ကေလးကလည္းကြာ မင္းဆီကခ်စ္တယ္ပဲၾကားခ်င္တာကို တိုးတိုးေလးေျပာလည္းရတယ္ေလ"

"ဘာျဖစ္ေနတာလဲ"

သူထပ္နမ္းဖို႔လုပ္ေပမယ့္ ရိေပၚဟာ ႐ုန္းေနဆဲ...။ ဒီႏႈတ္ခမ္းလုံးေလးေတြကို သူဒီေန႔ေတာ့ အရမ္းပဲ နမ္းခ်င္ေနသည္။

"အကို ကၽြန္ေတာ္မႀကိဳက္ဘူးလို႔ေျပာေနတာကို!"

"ဒုန္း!"

သူ႔ကို ေဆာင့္တြန္းၿပီး မက္တပ္ထရပ္သည့္ ကေလးငယ္ကို သူေၾကာင္အစြာ ၾကည့္ေနမိ၏။ ျပန္လာခါစတုန္းကေတာ့ သူဘာလုပ္လုပ္ ခံစားခ်က္မရွိသလို ၿငိမ္ခံေနတဲ့ ကေလးက အခုအတင္းျငင္းေနတာ သူအေပၚခံစားခ်က္ရွိေနလို႔ မျဖစ္နိုင္ဘူးလား?

"႐ူးေအာင္ခ်စ္ခဲ့ေပးတာကိုေတာင္အကိုက မလုံေလာက္နိုင္ေသးဘူးလား"

"ကိုယ္ အဲ့လိုသေဘာမဟုတ္... ေတာင္းပန္ပါတယ္ရိေပၚရယ္"

"အကို႔ကို အျမဲအရႈံးေပးခဲ့တာပဲ ဒီတစ္ခါေတာ့လို႔လႊတ္ထားေပးလိုက္လို႔မရဘူးလား"

"မင္းကသာ အနိုင္မယူခ်င္တဲ့ ကိုယ့္ကိုအရႈံးေပးၿပီး အနိုင္နဲ႔ပိုင္းပစ္လိုက္တာမဟုတ္ဘူးလား"

တကယ္ေတာ့ ဒါဟာ ၿပိဳင္ပြဲတစ္ခုဆိုရင္ ရိေပၚနိုင္သည္။ ေရွာင္းက်န္႔သာလၽွင္ မေမ့နိုင္ဘဲ ေနာင္တေတြရၿပီး က်န္ေနခဲ့ရ၏။

"ကၽြန္ေတာ္တို႔ မ်က္ႏွာခ်င္းဆိုင္ရွိေနလည္း နီးလာေတာ့မွာမဟုတ္ဘူး"

"ကိုယ့္ကိုတကယ္ပဲမခ်စ္ေတာ့ဘူးလား"

"အကို႔ကိုမခ်စ္လို႔ေသရမယ္ဆိုရင္ေတာင္ ေသလမ္းကိုပဲ ကၽြန္ေတာ္ေရြးခ်ယ္မယ္ ဘယ္ေတာ့မွေတာ့ အကို႔ကိုျပန္မခ်စ္ဘူး"

"ဒါဆိုကိုယ့္လမ္းကိုယ္ပဲေလၽွာက္ၾကရေအာင္ရိေပၚ ကိုယ္လည္း ဘယ္ေတာ့မွအတိတ္ကို ျပန္လွည့္မၾကည့္ေတာ့ဘူး"

ရိေပၚဟာ တည္ၿငိမ္စြာပဲ သူ႔ကိုၾကည့္သည္။ တစ္ခုခုေျပာဖို႔ ဟန္ျပင္ၿပီးမွ ေျပာမလာဘဲ ႏႈတ္ခမ္းတစ္စုံဟာ ေကြးတက္သြား၏။

"ေနာက္ဆုံးအေနနဲ႔ ကၽြန္ေတာ္ေျပာစရာရွိတယ္"

"အင္း ေျပာပါ..."

ရိေပၚစိတ္ေျပာင္းသြားမယ္ဆိုရင္လည္း သူလည္းစိတ္ေျပာင္းဖို႔ အသင့္....။ သူ႔ကိုတကယ္မခ်စ္ေတာ့ဘူးဆိုရင္လည္း ရိေပၚကို လက္လႊတ္ေပးလိုက္ပါေတာ့မည္။

"အကိုသိလား.... ကၽြန္ေတာ္ခ်စ္ခဲ့တာေလာက္ေတာ့အကိုမခ်စ္ေပးနိုင္ေသးဘူး"

"အခုေတာ့အားလုံးၿပီးၿပီမလားရိေပၚ ကိုယ္တကယ္လက္လႊတ္ေပးလိုက္ၿပီ"

"ေက်းဇူး"

သူ႔ရင္ခြင္ကို ေျခစုံကန္ၿပီး ေျပးထြက္သြားတဲ့ ကေလးငယ္ဟာ ဘယ္ေတာ့မွ သူ႔ဆီျပန္မလွမ္းလာေတာ့...။ ေျခရာထင္က်န္ေနတဲ့ ႏွလုံးသားတစ္စုံကသာ အမွတ္တရအျဖစ္ က်န္ရွိေနခဲ့ေတာ့သည္။

🤍🤍🤍🤍🤍🤍🤍
ဆက္ရန္။ (You're the reasonေလး ေနာက္ဆုံးမွာထည့္ထားေပးတယ္)
Updateဖို႔ေမ့ေနတာတကယ္က... "က်ဲက်ဲ အပ္ပဒိတ္မလုပ္ေသးဘူးလား" ဆိုၿပီးလာေျပာၾကတဲ့ ေဘဘီေလးေတြေၾကာင့္သာ မွတ္မိလို႔ စာျပန္စစ္ရ...။ စာျပန္စစ္တာေတာင္တစ္ရက္ၾကာတယ္။ အိုင္ေရးရင္ အလြန္ဆုံး ၁၇ပိုင္းေလာက္ပါပဲ။ တစ္ပိုင္းတစ္ပိုင္းဆိုလည္း ရွည္ရွည္ေရးတာေၾကာင့္ပါ။ အၾကာႀကီးဆြဲရင္ပ်င္းကုန္ၾကမွာ...။

Continue Reading

You'll Also Like

207K 14.3K 46
အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30
268K 17.3K 37
မုန္းတယ္ဆိုတဲ႕စကားတစ္ခြန္းနာၾကင္ရေပမယ့္ ငါမေျပာပါနဲ႕လို့မင္းကိုမတားျမစ္ခဲ႕ဘူး မင္းငါ့ကိုမုန္းလည္းရတယ္ ဒါေပမယ့္မင္းသိထားဖို့ကငါမင္းကိုအရမ္းခ်စ္တယ္ uni...
44.1K 2.9K 20
ကျန်တဲ့အပိုင်းတွေကို ဒီacc မှာဘဲတင်ပေးပါ့မယ်နော်။သာသာ့ရဲ့အရင် acc ကပျက်သွားတာ။ရေးထားတာတွေအောင်ပြန်ရေးနေရတယ်။ဒီ fic ကို arc4မှာဘဲအဆုံးသတ်ပါမယ်။ real l...
293K 50.3K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)