ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

Galing kay Ahlaly

618K 22.8K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ Higit pa

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo
Candy or Originary

အပိုင်း (၁၈)

12K 488 46
Galing kay Ahlaly

"ကျွန်တော် မေးစရာရှိလေးရှိတယ်၊
အကွေးဖြေပေးချင်လား....."

"အင်း ဘာအကြောင်းလဲ၊ ကမ္ဘာကြီးအကြောင်းလား
ဒါမဟုတ် ကဗျာတွေလား..တောင်တန်းတွေအကြောင်းလား...."
ပြောနေရင်းနဲ့ သူမလက်တဖက်ကို ကောင်းလှဲနေသည့်ဘက်သို့ဆန့်တန်းလိုက်သည်။ ကောင်းကလည်း အလိုက်တသိပင် အကွေးရဲ့လက်ဆီသို့ သူ့လက်ကမ်းပေးဖြစ်သည်။

ထိုအခါ အကွေးက ကောင်းရဲ့လက်ကို ဖမ်းဆုပ်ကိုင်ထားပြီး....
"နာဂတောင်တန်းတွေရော အဆင်ပြေရဲ့လားမသိဘူး။ ဒါပေမယ့်လည်း မြတ်ဘုန်းက အဆင်ပြေမှာပါလေ....ဒါနဲ့ ကောင်းသိလား၊ ဆရာကြီးဒေါက်တာနာဂသန်းလှိုင်လေ..."

"အင်း...."

တကယ်ဆို ကောင်းမှာမေးစရာမရှိပါ။သူမလေးဘက်က ဒီညမှာငြိမ်နေတာကြောင့် ကောင်းဘက်က စကားစ,ပေးလိုက်ခြင်းပါ။ထုံးစံအတိုင်း အခုတော့ဖြင့် သူမလေးရဲ့မေးသံ၊ဖြေသံလေးတွေကို ကောင်းကြားရပြီ။သူမလေးထိတွေ့ထားတဲ့ ကောင်းရဲ့လက်ဖဝါးဆီကနေပြီး ကောင်းတစ်ကိုယ်လုံးကို သူမလေးရဲ့ အနွေးဓာတ်တွေစီးဝင်နေသလိုခံစားရသည်။

"မြတ်ဘုန်း လည်း သူ့လိုဖြစ်မလားမသိဘူးနော်။
အဲ့ဒီမှာနေတဲ့သူတွေက သိပ်ရိုးသားတာ ကောင်းရဲ့"

ကျွန်တော့် အတွက်တော့ အကွေးကသာအရိုးသားဆုံးနဲ့အဖြူစင်ဆုံးပါ။

ပြန်မဖြေပဲ သူမကိုပဲ ကြည့်နေတဲ့ ကောင်းကြောင့် သူမ အနည်းငယ်လေးတော့ ကောင်းအနားကို တိုးမိသည်။အနည်းငယ်လေးဆိုပြီး တိုးလိုက်တာက ကောင်းလက်မောင်းပေါ်ကို ခေါင်အုံးထားမိပြီ။

"မိုးဟိန်း လက်မောင်းက ကောင်းထက်ပိုပြီးကြီးတယ်။ဒါပေမယ့်လည်း ကောင်းဆီမှာပိုပြီး အုံး လို့ကောင်းတယ်။မိုးဟိန်းလက်မောင်းက ပိုပြီးမာတော့ ခေါင်းအုံးရတာ ကျွတ်ဆတ်ဆတ်နဲ့"

နာဂတောင်တန်းတွေကနေ ခေါင်အုံးဆီသို့ ရောက်လာတဲ့ အကွေး။မွေ့ယာတစ်ဖက်အစွန်းကနေ ကောင်းရဲ့ရင်ခွင်ထဲကို ရောက်လုနီးပါး ဖြစ်နေတဲ့ အကွေး။ဒီလို အကွေးကို ကောင်းမှာ အသဲတယားယားနဲ့ ချစ်လို့မဆုံးဖြစ်နေရသည်။

"ကောင်း ဘာမေးမို့လဲ မေးလေ..."

ပက်လက်အနေအထားကနေ ကောင်းဆီကို မော့ကြည့်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ....
"မနက်ဖြန် ၁၀နာရီလောက် ကျွန်တော်သွားစရာရှိလို့ အကွေးလိုက်ချင်လား မေးမလို့ပါ"

"ဘောလုံး သွားကန်မို့လား"

"အင်း.."

"မလိုက်တော့ပါဘူး၊ ငါ ထမင်းချက်ထားပေးမယ်လေ။နေ့တိုင်း ကောင်းပဲချက်နေရတာဆိုတော့ မနက်ဖြန် ငါချက်ထားပေးမယ်"

"တကယ်ပြောတာနော်..."

"ငါ့ကိုသာ ယုံလိုက်ပါ။" ဆိုပြီး မျက်စိတစ်ဖက် မှိတ်ပြတော့ ကောင်းမှာ ရင်ခုန်သံတွေဝုန်းဒိုင်းကြဲကုန်၏။

သူမလေးက တော့ ဘာမှဖြစ်ဟန်မတူပါ။ပုံမှန်အတိုင်းလေးပဲ ငြိမ်သက်သွားတဲ့ ဒီအနေအထားမှာ မျက်တောင်လေးတွေ ဆင်းပြီး အိပ်ပျော်သွားသည်။ကောင်းမှာတော့ မထိရက်မကိုင်ရက်နဲ့ ညတစ်ဝက်ကျော်လောက်အထိ သူမလေးရဲ့ မျက်နှာရှင်းရှင်းကို အကြောင်းပြချက်မရှိပဲ ငေးနေမိသည်။

__________________

"စိတ်ချလို့ရရဲ့လားဗျာ။
မဟုတ်ရင်လည်း ထားလိုက်ပါ
၁၂မထိုးခင် ကျွန်တော်ပြန်ရောက်မှာပဲ
အဲ့ကျမှပဲ ချက်လိုက်မယ်၊ အကွေး ဆာနေရင်တော့ မုန့်စားထားလို့ရတာပဲ"

"ကောင်းဆာနေရင်ရော...."

ပါးစပ်ထဲက ပေါင်မုန်ကို မဝါးရသေးပဲ ပြန်ဖြေသည်မို့ ကောင်းမှာ စိုးရိမ်တကြီးနဲ့ပဲ....
"ဝါးပြီးမှ ပြောလည်းရတာကို အကွေးရာ"

ဒီလိုဆိုတော့လည်း သူမလေးက ပါးစပ်ထဲက ပေါင်မုန့်ကို အရင်ဝါးသည်။ပြီးမှ နွားနို့ခွက်ကို မော့သောက်ကာ ကောင်းကိုကြည့်သည်။

"နောက်တစ်ခါကျရင် သကြားသုံးဇွန်းထည့်ပေးလို့ရမလားဟင်...."

"အခုလည်း ထည့်ထားတာပဲ မချိုပြန်ဘူးလား"

"ဒါဆိုလည်း အဆစ်အနေနဲ့ နောက်ထပ်ဇွန်းတစ်ဝက်လောက်ထည့် ပေးပါလား "

နွားနို့ထဲကို သကြားထည့်မသောက်တတ်တဲ့ကောင်းနဲ့ သကြားအဆစ်တောင်းနေတဲ့ အကွေးတို့နှစ်ယောက်ဟာ မနက်ခင်းလေးမှာလည်း သကြားနဲ့ ပက်သတ်ပြီး ကြည်နူးစရာအချိန်လေးတွေ ရှိခဲ့ကြသည်။ ဘာကြောင့်လဲလို့ မေးရင် ချစ်စရာကောင်းအောင် သကြားအပိုတောင်းတတ်တဲ့ ကျွန်တော့်လခြမ်းကွေးကြောင့် ပေါ့ဗျာ။

"စိတ်ချမယ်နော် အကွေး...."

"သွားမှာ သွားစမ်းပါ ကောင်းရာ။
ငါတကယ်ချက်တတ်တယ်..."
ကောင်းရဲ့ နောက်ကျောကို တွန်းကာ အမြန်သွားခိုင်းလိုက်ရသည်။ အမေသာဆို အကွေးကို ဟင်းတွေတစ်မျိုးပြီးတစ်မျိုးချက်ခိုင်းတတ်သည်။ အကွေးလည်း အစပိုင်းတော့ လုပ်ပါတယ် နောက်ပိုင်းတော့ အဝန်းက ပြောသည်..လုပ်တတ်ရင် နင်တော့လုပ်နေရမှာတဲ့။အဲ့ဒီကနေ စပြီး လခြမ်းကွေးဟာ ဘာကိုမှမလုပ်တတ်ခဲ့တာ အခုမှ ပြန်ပြီးလုပ်တတ်ချင်နေသည်။

နေ့တိုင်း သူမအတွက်ဆိုပြီး သူမထက်အသက်ငယ်တဲ့ ကောင်းက ချက်ကျွေးနေတာ အားနာစရာကောင်းသည်မို့ ဒီနေ့တော့ ကောင်းအတွက် အကောင်းဆုံး လက်စွမ်းပြဖို့စဥ်းစားထားသည်။

မနေ့ကဝယ်လာတဲ့ ကြက်သားကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး အရည်သောက်လေးချက်ဖို့ လုပ်လိုက်သည်။ ကောင်းက ဆီမကြိုက်တာကို အကွေးရိပ်မိသည်မို့ ဆီကတော့ သိပ်မများစေရ။ကြက်သားဆေးထားပြီး ရေစစ်ထားတာ ထမင်းအိုးလေးအရင်တည်လိုက်သည်။

ပေါင်းအိုးနဲ့ တည်ရင် ကဆီဓာတ်များတယ်ဆိုလား..ကောင်းက ကွိုင်ပေါ်မှာ ဒန်အိုးတည်ကာချက်သည်။ အကွးတို့အိမ်မှာက မီးသွေးနဲ့ချက်သည်မို့ ဒီလိုချက်ရတာကလည်း အကွေးအတွက်သိပ်တော့မခက်ခဲလှပါ။ အေးအေးဆေးဆေးနဲ့ ထမင်းအိုး တည်ထားပြီး အဖွားရဲ့ စာအုပ်စင်က စာအုပ်တစ်ခုကို ဆွဲယူဖတ်လိုက်နေသည်။

ထမင်းအိုး ပွက်မှ သူမထ,လာလိုက်ပြီး ကြည့်ကျက်ပြီး ထမင်းအိုးငဲ့လိုက်သည်။ ထမင်းရည်တွေနဲ့ အငွေ့တွေနဲ့က ပူလိုက်တာဆိုတာက ငရဲတောင် အခုလောက်ပူပါ့မလားလို့ သူမတွေးမိသည်။

သို့သော်လည်း ထမင်းအိုးကိစ္စကတော့ အဆင်ပြေစွာနဲ့ပင်ပြီးသွားပါသည်။ နည်းနည်းတော့ပျော့မယ်လို့ထင်ရတာပဲ။တတ်နိုင်သလောက်လုပ်ပြီးပြီမို့ ဟင်းအိုးအတွက်ပဲ စီစဥ်လိုက်သည်။

ကြက်သွန်နီက မွှန်တာမှမျက်ရည်တွေက တတောက်တောက်နဲ့ အသံပင် ကြားရသည်ဟု အကွေးထင်မိသည်။အိမ်ကလည်း တိတ်ဆိတ်နေတာမှ အပ်ကျသံပင် ကြားရသည်အထိ။တစ်ယောက်ထဲပျင်းသော်ငြားလည်း အိမ်ပြင်ကိုပင် မထွက်ချင်။

"အို    ကောင်း..."
ဟင်းအိုးမွှေနေရင်းနဲ့ သူမမွှေနေတဲ့ ယောင်းမဟာလည်း အောက်သို့ပြုတ်ကျသွားသည်။ သူမစိတ်ထဲမှာလည်း ပူပင်လာသည်။

ကောင်း တစ်ခုခုဖြစ်နေသလားပဲ လို့တွေးမိပြီး မျက်ရည်တွေကျလာသည်။ပြီးနောက် သူမ ကောင်းဆီသွားချင်လာသည်မို့ ကွိုင်ကို မီးပိတ်ကာ အိမ်အပြင်ထွက်လာခဲ့သည်။အိမ်အပြင်ရောက်မှ သူမစဥ်းစားမိတာက ကောင်းဘယ်ကို သွားလဲသူမ မသိပါ။ဘောလုံးကန် သွားတယ်ပဲသိတာ ။ဘယ်နေရာမှာ ကန်သလဲဆိုတာကို သူမ မသိ။

အိမ်ရှေ့က ကုန်းထိပ်မှာရပ်နေရင်းနဲ့ ကလေးတစ်ယောက်လိုပင် သူမ ငိုနေမိသည်။ အနီးအနားမှာ အိမ်နီချင်းကလည်းမရှိပါ။ အကွေးတို့နဲ့မျက်နှာချင်းဆိုင်က ဘုရားတောင်ကို သွားတဲ့နေရာဖြစ်သည်။ သူမတို့အိမ် နောက်ကျောဘက်ကသာ ရပ်ကွက်သဘောမျိုး အိမ်လေးတွေရှိသည်။

ငိုနေရင်းနဲ့ သူမ ကုန်းထိပ်ကနေ ဆင်းလာပြီး လမ်းထိပ်ကို ထွက်လာဖို့ လုပ်လိုက်သည်။သန္တာတို့အိမ်ဘေးက လမ်းကြားလေးထိပ်ကိုအရောက်မှာ သန္တာတို့ကားကို မြင်လိုက်ရတာကြောင့် သူမ ရှေ့ဆက်မသွားပဲ ကားနဲ့ မလှမ်းမကမ်းမှာတင် ရပ်လိုက်ပြီး ငိုနေလိုက်သည်။

မကြာပါဘူး ကားပေါ်က သန္တာဆင်းလာသည်။

"အကွေး ဘာဖြစ်တာလဲ၊"

ချက်ချင်းပင် အကွေးအနားသို့ရောက်လာပြီး အကွေးပါးပြင်မှ မျက်ရည်တွေကို သုတ်ပေးသည်။

"ကောင်း ကောင်းတစ်ခုခုဖြစ်နေပြီ သန္တာ။
ကောင်းကို လိုက်ရှာရအောင် လိုက်ရှာချင်တယ်"

"မငိုနဲ့ ငါလိုက်ရှာပေးမယ်။
တိတ်တော့ တိတ်တော့...."

"ငါမငိုချင်ပါဘူး ဒါပေမယ့် ငါ့စိတ်တွေအရမ်းလေးနေတာပဲ သန္တာရယ်၊ မြန်မြန်သွားရအောင်ပါ...."

"အင်း အင်း..."

အကွေးကိုခေါ်ပြီး သန္တာကားဆီသို့ သွားလိုက်သည်။သက်လွင်ကတော့ ကားထဲမှာပဲ သန္တာလွင်လေးကို ချီထားသည်။

သန္တာ အကွေးအတွက် ကားတံခါးကိုဖွင့်ပေးနေစဥ်မှာပဲ သန္တာတို့ကားအနောက်မှာ ဆိုင်ကယ်တစ်စီးထိုးရပ်သွားသည်။

"အကွေး...."

"ကောင်း"

အကွေးက သန္တာဆီကနေ ဖယ်ခွာပြီး ကောင်းမြတ်သောဆီကို ပြေးသွားတာကြောင့် သန္တာ့မှာ မယုံနိုင်သလိုဖြစ်သွားသည်။ဒီတစ်ပတ်ကျော်အချိန်လေးအတွင်းမှာ အကွေးဟာ ကောင်းနဲ့ပက်သတ်ပြီး သံယောဇဥ်တွေ သိပ်ပြီးကြီးနေပါလား။

ခုနှစ်နှစ်ကျော်လောက် ခင်ခဲ့တဲ့ သန္တာဆီကနေ ထွက်သွားပြီး ကောင်းရင်ခွင်ကို ဝင်သွားပုံက သူတို့သိပ်ပြီးရင်းနှီးနေသလိုပင်။သန္တာကတော့ လမ်းတစ်လျှောက်လုံး အကွေးမှ အဆင်ပြေပါ့မလားလို့ စိုးရိမ်နေခဲ့တာ အခုတော့ သူမလေးက သိပ်ကို အဆင်ပြေနေသည်။

"ကောင်း ဘာဖြစ်တာလဲဟင်..
ငါ့စိတ်ထဲမှာ ထူးထူးဆန်းဆန်းနဲ့ လေးလေးပင်ပင်ခံစားချက်ကြီးကောင်းရယ်။ ငါအရမ်းပင်ပန်းတာပဲ"

ရင်ခွင်ထဲကနေ မထွက်ပဲ မျက်ရည်တွေကြားကနေ ငိုသံတွေနဲ့ အကွေးကမေးသည်။ဒီလိုဆိုတော့လည်း ကောင်းမှာ စိတ်မကောင်းဖြစ်ရသည်။ ဘောလုံးကန်နေရင်းနဲ့ ပြေးချိန်တင်လိုက်တဲ့အချိန်မှာ လူက မြေကြီးပေါ်ကို လက်ထောက်လျက်ကျသည်။ ပွဲကနေ ဆေးခန်းသွားသင့်ပေမယ့်လည်း ကောင်းစိတ်ထဲလည်း အကွေးတစ်ခုခုဖြစ်နေသည်ကို ခံစားရတာမို့ ချက်ချင်းပဲ အိမ်ကို ပြန်လာခဲ့တာ။အခုတော့ဖြင့် သူမလေးက မျက်ရည်တွေနဲ့ ကောင်းအတွက်ကို စိတ်ပူနေသည်တဲ့။

ဒါက ဘယ်လိုဆက်သွယ်မှုမျိုးလဲ ဆိုတာကို ကောင်းမစဥ်းစားချင်ပါ။အကွေးပင်ပန်းရတယ်ဆိုရင် သူလည်း ဒီလိုဆက်သွယ်မှုမျိုးကိုမလိုချင်ပါ။အကွေးကိုမျက်ရည်တွေကိုလည်း ကောင်းမလိုချင်ပါ။

"လက်မှာ သွေးတွေနဲ့ကောင်းရယ်...."

ကောင်းစဥ်းစားနေတဲ့ အချိန်မှာပဲ အကွေးက ကောင်းလက်ကို ခပ်ဖွဖွလေးကိုင်ပြီး စိတ်ပူနေသည်။

"ဘာမှ မဖြစ်ပါဘူး အကွေးရ၊
နည်းနည်းလေးပဲ ကွဲသွားတာပါ။
အိမ်ထဲဝင်ရအောင်...."

"အင်း..."

သို့ဖြင့် သူတို့ ဇနီးမောင်နှံဟာ သူတို့အိမ်ကိုပြန်သွားကြသည်။သန္တာကလည်း သက်လွင်ဆီကနေ ကလေးငယ်လေးကိုခေါ်ကာ အကွေးတို့နောက်ကနေလိုက်ခဲ့လိုက်သည်။ ဆိုင်ကယ်နဲ့လူကလည်း ဆိုင်ကယ်နဲ့ပင် အကွေးတို့အိမ်ထဲကို ဝင်ခဲ့လိုက်သည်။

"အကွေး ဒီမှာ နေခဲ့ဦး။
ကျွန်တော် ဒဏ်ရာကို ရေသွားဆေးလိုက်မယ်"

"ငါလိုက်ခဲ့မယ်လေ..."

"ရပါတယ် အကွေးက ဆေးသေတ္တာလေးချထားပေး"
သွေးတွေကို သူမလေးမမြင်သင့်ပါဟု ကောင်းတွေးမိတာကြောင့် သူမလေးကို ထားခဲ့ကာ အိမ်နောက်က ရေစည်ဆီသို့ လာခဲ့လိုက်သည်။

ကျန်ခဲ့တဲ့ အကွေးကလည်း ကောင်းပြောသလိုပဲ ဆေးသေတ္တာလေး စားပွဲပေါ်တင်ပြီး ကောင်းကို စောင့်နေသည်။ သန္တာကလည်း အကွေးရဲ့ဘေးမှာထိုင်ပြီး အကွေးကို အကဲခတ်နေသည်။ ဆိုင်ကယ်နဲ့လူကလည်း ခုံမှာပဲ ထိုင်နေသည်။

ခဏနေတော့ ကောင်း အိမ်ထဲပြန်ဝင်လာသည်မို့ အကွေးနေရာကနေ ထ,ပြီး ကောင်းဆီသို့ သွားလိုက်သည်။

"ရတယ် အကွေး၊
အကွေးက အမနဲ့စကားပြောနေလိုက်ပါ။
ကျွန်တော့်ကို ဆရာကဆေးထည့်ပေးလိမ့်မယ်"

"ဘာဆိုင်လဲကွ...ငါကန်ခိုင်းတာလဲမဟုတ်ဘူး။
မင်းဘာမင်း ကြေးစားသွားကန်တာလေ။
မထည့်ပေးနိုင်ဘူး...."

"အဖိုးကြီးကတော့ ရစ်ပြီဗျာ..."

"ဒါဆို ကောင်းသွားကန်တာက သွားဆော့တာမဟုတ်ဘူးပေါ့။ကြေးစားလူသတ်သမားလိုပဲ ပိုက်ဆံနဲ့ သွားကန်တာပေါ့....."

ကြေးစားလူသတ်သမားတွေ ပါလာပြီးမို့ သန္တာ့မှာ ကလေးတစ်ဖက်နဲ့ အကွေးကို သွားဆွဲထားရသည်။ မဆွဲလို့ကလည်းမရ ကောင်းလက်မှာက သွေးတွေ တစ်စက်ချင်းပြန်ထွက်နေပြီ။ ဆေးအမြန်ထဲ့မှရမည်။

ထိုအချိန်မှာပဲ ကားသွင်းနေရင်း ကျန်ခဲ့သက်လွင်က ကောင်းအိမ်ကိုရောက်လာသည်မို့...
"ကောင်းကို ဆေးထည့်ပေးလိုက်စမ်း သက်လွင်" ဟု သန္တာကပဲ ခိုင်းလိုက်ရသည်။

ကောင်းက လျင်ပါတယ် ချက်ချင်းပဲ အိမ်ပြင်ထွက်သွားသည်။ ထို့ကြောင့် သက်လွင်က ဆေးသေတ္တာယူပြီး ကောင်းနောက်လိုက်ရသည်။လှေကားထစ်မှာ ထိုင်စောင့်နေတဲ့ ကောင်းကို သေချာကြည့်လိုက်တော့ လက်က ကွဲကြောင်းက သိပ်တော့ မများပေမယ့်လည်း ဒဏ်ရာက နက်သည်ထင်ပါ့ သွေးပြန်ထွက်နေသည်။

အရက်ပြန်နဲ့ ပြန်သန့်စင်ပေးပြီး ဆေးဝါထည့်ကာ ပတ်တီးစည်းပေးပြီး သက်လွင်နဲ့ ကောင်းက အိမ်ထဲပြန်ဝင်ခဲ့တော့...

"ဒါဆို ကောင်းကဆိုးတာပဲ။
သင်ပေးတဲ့ ဆရာကိုကျော်ပြီး သူကပိုက်ဆံလိုချင်နေတာပဲနော်...ဦးလေးဆို ငါ့ကိုအသေရိုက်မှာ"

"ငါလည်း ဒီကောင်လေးကို အသေသတ်မှာပဲ"

"သတ်လို့ ဘယ်ရမလဲ။
ကောင်းက ကလေးလည်းမဟုတ်တော့ဘူး...
သူ့ဆုံးဖြတ်ချက်နဲ့သူပေါ့ ဘကြီးရဲ့"

ချက်ချင်းပင် အသံပြောင်းသွားတဲ့ လခြမ်းကွေးကြောင့် ဦးဝဏ္ဏလွင်မှာ မျက်စိစုံပြူးကာ အံ့သြသွားရသည်။ ကောင်းကလည်း အကွေးရဲ့ ဘကြီးဆိုတဲ့ အသုံးကြောင့် ရယ်ချင်နေသည်။

"ငါ့တပည့်က အခုမှ ၁၈နှစ်တောင်မပြည့်သေးဘူး။
ကလေးပဲ ညည်းသာ ကလေးကိုယူထားတာ..."

"ဟင် တကယ်လား၊"

ထုံစံအတိုင်း မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကောင်းဆီကို ကြည့်ပြီးမေးသည်။ ကောင်းက ခေါင်းယမ်းပြပေမယ့်လည်း သူမလေးက ယုံဟန်မတူပါ။သူမဘေးမှာ ထိုင်နေတဲ့ အမသန္တာဆီကို လှည့်သွားပြီး....
"ဒါဆို ငါ သက်ငယ်မုဒိန်းနဲ့....
အမလေး....ငါက ဖက်လေသန္တာ၊
ဒါပေမယ့်လည်း ကောင်းကလည်း ဥပဲ။
ဒီလိုနဲ့ ငါ တကယ်ပဲ အဖမ်းခံရမှာလားဟင်"

အကွေးရဲ့ စကားကြောင့် သက်လွင်က တဟားဟားနဲ့ အော်ရယ်ပြီး အကွေးထိုင်ခုံရဲ့ လက်ရမ်းမှာ ကပ်ပြီးထိုင်လိုက်သည်။

"နင်တော့ တစ်သက်တစ်ကျွန်းပဲ အကွေး"

"အေး သက်ငယ်မုဒိန်းက တစ်သက်တစ်ကျွန်းပဲ။
ငါ ဘယ်ပြေးရမလဲဟင် သက်လွင်...."

"ရာဇတ်ဝတ်ဘေးက ပြေးလို့လွတ်လား...."

သက်လွင်က အဆုံးထိကျပ်လိုက်တော့ လခြမ်းကွေးဟာလည်း တော်တော်လေး ငြိမ်သက်ပြီးတွေးနေသည်။သန္တာကတော့ ပခုံးတွေလှုပ်သည်အထိ ရယ်အူတက်နေသည်။

ဦးဝဏ္ဏလွင်ကလည်း တပည့်ဖြစ်သူ၏ မိန်းမကို ကြည့်ကာ အံ့သြနေသည်။ ဒီလောက်ထိ အူရလားလို့လည်းတွေးမိသည်။

နောက်ဆုံးတော့ ကောင်းမှာ အကွေးဆီသို့သွားလိုက်ပြီး အကွေးကို နေရာကနေ ထ,စေလိုက်ကာ...
"မှတ်ပုံတင်ထဲမှာ ပြည့်ပြီးပြီ အကွေးစိတ်မပူလည်းရတယ်"

"မရရင် ဘယ်လိုလုပ်မလဲ ကောင်း။
ထောင်ထဲမှာ ငါတော့ တစ်သက်လုံး မနေချင်ပါဘူး။"

"ကျွန်တော့် အသက်အမှန်ကို ဘယ်သူမှမသိပါဘူး အကွေးရာ။အကွေးကို ဘယ်သူက ဖမ်းမလဲ ကျွန်တော်ရှိနေတာပဲကို"

ကောင်းမြတ်သောရဲ့ စကားကြောင့် အကွေးနည်းနည်းလေးတော့ စိတ်အေးသွားရသော်လည်း...
"ငါသိတာပဲ မင်းမွေးစာရင်းလည်း ငါ့မှာရှိတာပဲ။
ငါတိုင်ရင် မင်းတို့ဘာတတ်နိုင်မလဲ"

"ဟုတ်သားပဲ၊ ဒီအဘကြီးကိုဘယ်လိုလုပ်မလဲဟင် !!"

သူမနောက်နေတာမဟုတ်မှန်းကို သူမရဲ့မျက်လုံးးလေးတွေက သက်သေပြုပေးနေ၏။

"နှုတ်ပိတ်လိုက်မလား အကွေး"

"ဖြစ်ပါ့မလားဟဲ့..."

သက်လွင်က စနေတာကို သူမက ဖြစ်ပါ့မလားတဲ့ ဒီတစ်ခါတော့ သက်လွင်တို့လင်မယားတင်မကဘူး ဦးဝဏ္ဏလွင်ပါ အရယ်မရပ်တော့။အကုန်လုံးက ရယ်နေတာကြောင့် ကောင်းမှာ ချစ်ရတဲ့ အူကြောင်ကြောင် အကွေးလေးကို ရင်ခွင်ထဲထဲ့ကာ ဖွက်ထားလိုက်ရသည်။

"ဟားးးဟားးးး...ဒီငအူကို မင်းဘယ်လိုလုပ်မလဲကောင်းရာ" လို့ အရယ်တွေနဲ့ သက်လွင်ကပြောသည်။

သန္တာကလည်း.....
"ငါတော့ အကွေးကို သေချာသင်မှပဲ" ဟု ဆို၏။

ဦးဝဏ္ဏလွင်ကတော့ ရယ်ရာကနေမရပ်သေး။

"ငါ ဟင်းအိုးပြန်တည်လိုက်ဦးမယ် ကောင်း။
စိတ်မပူနဲ့သိလား...ကောင်းရဲ့ ဘကြီးကရယ်နေတာပဲ မဖမ်းခိုင်းလိုက်ပါဘူး"
ကောင်းရဲ့ ရင်ဘက်မှာ မျက်နှာအပ်ပြီး ကောင်းရဲ့နှလုံးသားဆီကို ဦးတည်ပြီး ပြောတဲ့စကား။ဒီစကားကြောင့် ကောင်းရမှာ ငိုရမှာလိုလို၊ ရယ်ရမှာလိုလိုနဲ့။

"သန္တာ ငါ့ဟင်းအိုးကို လာကြည့်လှည့်"
တော်တော်ကြာတော့ မီးဖိုးထဲက အကွေးရဲ့အသံလေးထွက်လာသည်။

သို့သော်လည်း အမသန္တာတို့ကပြန်သွားပြီ၊ အိမ်မှာ ကောင်းတစ်ယောက်ပဲ ရှိသည်မို့ ကောင်းပဲ သွားလိုက်သည်။

"သန္တာရော..."

"ပြန်သွားပြီ၊"

"ဟင် ငါ့တောင်မပြောသွားဘူး"

"အင်း အကွေးအိမ်ကို ဝင်ခဲ့သေးတယ်တဲ့။
အကွေးအမေက အကွေးကိုဖုန်းဆက်ဦးလို့ မှာလိုက်တယ်တဲ့ အကွေးဆက်လိုက်ဦးလေ။"

"အင်း ဒါဆို သန္တာ့ကို အမေပြောလိုက်တာထင်တယ်။ဒါနဲ့ ကောင်း ဘကြီးရော"

"ပြန်သွားပြီ မနက်ဖြန်ကစပြီး ကျွန်တော် ကွင်းပြန်သွားရတော့မယ်"

"ငါလိုက်ခဲ့မယ်..."

အရင်ကဆို ကောင်းကလိုက်ချင်လားလို့မေးရင်တောင်မှ အိမ်မှာပဲ နေခဲ့တဲ့အကွေးဟာ အခုချိန်မှာတော့ ကောင်းရဲ့အမေးကိုတောင် မစောင့်ပဲ သူမလေးလိုက်ခဲ့မယ်လို့ ပြောသည်။

လိုက်ခဲ့တာလည်း ကောင်းပါတယ်လေ။ နောက်ဆံမတင်းပဲ လေ့ကျင့်လို့ရတာပေါ့။

နောက်တစ်နေ့မနက်ခင်းမှာတော့ ကျောပိုးအိတ်တစ်လုံးဟာ အိမ်ရှေ့ခန်းက စားပွဲပေါ်မှာ နေရာယူထားသည်။ မနက်စာစားပြီး ထွက်လာတော့ အကွေးက ထိုအိတ်ကို လွယ်ကာ...
"သွားမယ်" ဟု ဆိုသည်။

သို့နှင့် အကွေးကို စက်ဘီးနောက်ကနေတင်ကာ အိမ်ကနေ ထွက်ခဲ့လိုက်သည်။

"နေ့လယ်မှ လာခဲ့မယ် သန္တာ"

"ဘယ်သွားမှာလဲ"

"မသိဘူး ကောင်းနောက်လိုက်သွားမလို့"

လေထဲ လွင့်နေတဲ့ဂါဝန်လေးနဲ့ အတူ သူမရဲ့အသံလေးဟာ လေထဲမှာပဲ ပျော်ရွှင်မှုတွေအပြည့်နှင့်။

စျေးသွားတဲ့လမ်းပါပဲ သို့သော်လည်း အဝိုင်းမရောက်ခင်မှာတင် "အားကစားကျေးရွာ"ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။

"ဒီကိုလား..."

"အင်း ဝင်လို့ရလားမသိဘူး။
ခဏစောင့်နော် ကျွန်တော်သွားမေးဦးမယ်"

စက်ဘီးကို ဒေါက်ထောက်ခဲ့ပြီး ဝင်ပေါက်ကို သွားမေးလိုက်သည်။ပြန်လာတော့ စက်ဘီးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ အကွေးကြောင့် ကောင်းမှာ သူမလေးကို ရယ်ပြလိုက်သည်။
"တောင်ဘက်ပေါက်ကနေ ဝင်ရမှာတဲ့"

"ကောင်းလက် အဆင်မပြေရင် ငါနင်းပေးရမလား။"

"ရပါတယ်ဗျာ...လက်ကို သိပ်ပြီးအားမစိုက်ထားလို့ အဆင်ပြေပါတယ်"

"လိုအပ်ရင်ပြောနော်..."

"ဟုတ်ကဲ့..."

ဒီလိုနဲ့ပဲ နီးလျက်နဲ့ဝေးဆိုသလိုပဲ အဝိုင်းကနေ ကျော်ပြီး တောင်ဘက်ပေါက်ကို သွားလိုက်ရသည်။

"စျေးသွားတဲ့ လမ်းပဲနော်"

"အင်း စျေးထိတော့မရောက်ဘူး။
အကွေး စျေးသွားချင်လို့လား။"

"မသွားချင်ပါဘူး ငါက ကောင်းနောက်ကိုပဲလိုက်မှာ"

ဒီစကားကြောင့် ကောင်းမြတ်သောမှာ ကြည်နူးမဆုံး တပြုံးပြုံးနဲ့ပေါ့။

"ဘကြီး...."
ကောင်း စက်ဘီးရပ်နေတုန်းမှာပဲ အကွေးက အသံကျယ်ကျယ်နဲ့ ကွင်းထဲမှာ ပြေးနေတဲ့ ဆရာ့ကိုလှမ်းခေါ်သည်။

မနက်ပိုင်းမို့ အငယ်တွေပါ ပြေးနေသည်ကြောင့် ကွင်းမှာ လူစုံနေသည်။ အကွေးရဲ့အသံကြောင့် ဆရာ့ကို ကြည့်ပြီး ရယ်ကျတဲ့ သင်တန်းသားတွေက မနည်းမနော။ဒီတော့ ဆရာက ကောင်းတို့ဆီကို ပြေးလာသည်။

"ဘကြီးကလည်း ဒီမှာပဲလား...."

"တိုးတိုးပြောစမ်းဟာ၊
နင် ငါးရောင်းပါ့လား..."

"အင်း ဘယ်လောက်မြတ်သလဲဟင်"

ထိုစကားကြောင့် ဆရာ့မှာ ဘာပြန်ပြောရမှန်းမသိပဲ ကောင်းဆီကို ကြည့်သည်မို့ ကောင်းလည်း အကွေးလက်ကို ဆွဲကာ ပွဲကြည့်စင်မှာ ထိုင်ခိုင်းလိုက်သည်။ထိုထိတိုင် အကွေးက နောက်ပြန်လှည့်ပြီး ဆရာ့ကို ကြည့်နေသေးသည်။

"အကွေး ဒီမှာနေနော်..."

"ငါ့ကိုစိတ်မပူနဲ့ ဖြည်းဖြည်းချင်းပဲပြေးနော်။
လဲကျမှာစိုးလို့..."

"အင်း..."
သို့နှင့် ကောင်း အကွေးကိုထားခဲ့လိုက်ကာ အဝတ်လဲဖို့ရန်အတွက်သွားလိုက်သည်။ကောင်းအတွက် ရှိနေသေးတဲ့ ဗီရိုအကန့်လေးကို ကောင်းခဏတော့ ငေးကြည့်နေမိသည်။

ရည်မှန်းချက်ထက် ပိုပြီးလိုချင်ခဲ့တဲ့ အမျိုးသမီးကိုလည်း ရနေပြီမို့ သူနောက်တစ်ကြိမ် ရည်မှန်းချက်ကို ကြိုးစားသင့်ပြီ။

"ဒီတစ်ခါတော့ သေချာလုပ်ကွာ..."
ဘယ်အချိန်ထဲက ရောက်နေမှန်းမသိတဲ့ ဦးဝဏ္ဏလွင်ဟာ ကောင်းရဲ့ပခုံးကို ဆုပ်ကိုင်ပြီး အားပေးသည်။

၃နှစ်သားထဲက သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ကောင်းမြတ်သောဟာ တစ်နေ့မှာတော့ ကမ္ဘာ့အသိအမှတ်ပြုတစ်ယောက်ဖြစ်ရမည်။ဖြစ်သင့်တဲ့အရည်အချင်းလည်းရှိသည်၊ခံယူချက်လည်းရှိသည်၊ ဇွဲလုံ့လဆိုတာကလည်း အပြည့်နှင့်။ဒီကြားထဲမှာ မိန်းမယူလိုကတာကလွဲရင် ကောင်းဟာ အရာအားလုံးပြည့်စုံသူပင်။

ကွင်းဆီသို့ ပြေးထွက်လာသည့်အချိန်မှာ ကောင်းရဲ့ စိတ်တွေက လန်းဆန်းပြီး တက်ကြွလာသည်။

"ဘာလုပ်နေတာလဲ..."

"စာဖတ်နေတာ...ဒါနဲ့ ဘကြီးကရော"

လက်ထဲမှာ စာအုပ်တစ်ရွက်ကိုင်လာတဲ့ ဦးဝဏ္ဏလွင်ကို အကွေးပြန်ပြီးမေးလိုက်သည်။ထိုအခါမှ ဦးဝဏ္ဏလွင်က အကွေးဘေးက ခုံမှာဝင်ထိုင်ပြီး...
"မြို့ထဲသွားပြီး ဘာသာပြန်ရှာမလို့၊
ကောင်းအတွက် ဖောင်ပြန်တင်ရမယ်။
ပြီးတော့ နှစ်ချုပ်အတွက်လည်း လုပ်ရဦးမယ်"

"ကြည့်ကြည့်လို့ရမလား..."လို့ အကွေးက မေးတော့ ဦးဝဏ္ဏလွင်ဟာ A4စာရွက်လေးကို အကွေးဆီပေးသည်။

အကွေး သေချာဖတ်ကြည့်ပြီးနောက်မှာ...
"ကောင်းအတွက်ပဲဟာ သမီးလုပ်ပေးလိုက်မယ်"
ပြောပြောဆိုဆိုနဲ့ သူမရဲ့အိတ်ထဲက Laptopကို ထုတ်ကာ ထိုစာရွက်ကိုကြည့်ရင်း စာရိုက်နေသည်။

၁၀မိနစ်လောက်ကြာပြီးနောက်မှာတော့ သူမဟာ ဦးဝဏ္ဏလွင်ဆီကို laptopပေးပြီး အဆင်ပြေလားကြည့်ခိုင်းလိုက်သည်။
"ရလား ဘကြီး"

"အေ ဘယ်လိုလုပ်လိုက်သလဲ။
ဘာလဲ ညည်းကtranslatorလား..ဘယ်ဆိုးလို့လဲ"

"ဒီလောက်ကတော့..."လို့ ပြောပြီး သူမဟာ ဦးဝဏ္ဏလွင်ရှေ့မှာပဲ အကျောဆန့်ကာ "အေးဆေးပါ" ဟု တိုးတိုးလေးပြောသည်။ပြီးနောက် laptopကိုပြန်ယူကာ...
"ဘယ်ကို Mailပို့ရမလဲ"

"အင်း ဒီလိပ်စာပဲ"
ဟုဆိုကာ လက်မှာရေးထားတာကို အကွေးဆီသို့ ဖြန့်ပြလိုက်တော့ သူမလေးက Mailပါ တစ်ခါတည်းပို့ပေးသည်။

"ရပြီ ဘကြီး..."

"ရော့"

အကွေးဆီသို့ ကမ်းပေးလာတဲ့ ၁သောင်းတန်နှစ်ရွက်နှင့် ၅ထောင်တန် တစ်ရွက်။

"ဝိုးး...တကယ်ပေးတာနော်"

"နောက်တစ်ခါလည်း ညည်းဆီပဲလာခဲ့မယ်။
ငါလည်း မြို့ထဲမသွားချင်တာနဲ့ အကိုက်ပဲ"

အကွေးဘဝမှာ ဘာသာပြန်လာတဲ့ စာပေါင်းကမနည်းမနောပါ။သို့သော် ဒီတစ်ခါသာ ပိုက်ဆံရဖူးသည်မို့ အကွး တော်တော်လေးကို ပျော်နေမိသည်။

"ကောင်းရေ ဒီမှာကြည့်လိုက်"

"အကွေး ဘာသာပြန်ခရတယ်ဆို"

"၂၅၀၀၀တောင်နော်၊ နောက်ပိုင်း ကောင်းကိုငါပဲရှာကျွေးမယ်။ ကောင်းက ကျောင်းပဲပြန်တတ်လို့ရတယ်သိလား။"

"အင်းပါ...."

ဒီလိုနဲ့ သူတို့ နေလယ်စာအတွက် အိမ်မပြန်ပဲ တခြားကလေးတွေနဲ့ အတူ အဆောင်ထမင်းကျွေးသည့်နေရာမှာပဲ စားလိုက်သည်။ထမင်းစားပြီးတော့ အကုန်လုံးက တရေးတမောအိပ်သည်မို့ အကွေးကလည်း ဘောလုံးကန်တဲ့ ညီမလေးတွေရဲ့ မိန်းကလေးအဆောင်ကို လိုက်သွားလိုက်သည်။
ကောင်းကလည်း သူနဲ့ရွယ်တူဖြစ်တဲ့ သူ့သူငယ်ချင်းစွမ်းပြည့်နဲ့အတူ ပါသွားသည်။

"ညနေခင်းမှာ စွန်လွှတ်တာက အရမ်းပျော်စရာကောင်းတယ်ပေါ့..."

"ဒါပေါ့ အမရ။လူတွေအများကြီးနဲ့ ပျော်စရာကြီး"

မအိပ်ပဲ အကွေးက ရှမ်းတိုင်းရင်းသူလေးနဲ့ စကားလက်ဆုံကျနေသည်။

"စွန်ဘယ်က ရလဲဟင်"

"ကျွန်မတို့ သွားဝယ်ဦးမှာ အမလိုချင်ရင်မှာလိုက်လေ"
ဟု နောက်တစ်ယောက်ကပြောသည်။ဒီကောင်မလေးရဲ့စကားကြောင့် အကုန်လုံးက ထ,လာကာ စွန်မှာကြသည်။

"ဒီမှာက ဒီလိုပဲလေ၊ခိုးထွက်ပြီး သွားဝယ်ရတယ်။
တစ်ယောက်ထွက်ရင် အကုန်လုံးကမှာကြတာပဲ" ဟု ရှမ်းမလေးက ရှင်းပြတာမို့ အကွေးမှာ ခေါင်းတငြိမ့်ငြိမ်နဲ့။

"အမကို ၁ထောင်ဖိုး၊
အယ် ဒီလိုလုပ်မနေနဲ့ အကုန်လုံးပိုက်ဆံတွေပြန်ယူလိုက်ကြ အမပဲပေးလိုက်မယ်။ရော့ ဒီမှာ ၅ထောင် လူစေ့ဝယ်ခဲ့လိုက်။ပိုတာကို ညီမလေးတို့အတွက်မုန့်ဝယ်ပြီး ဝေစားကြပေါ့"

မိန်းကလေးဘောလုံးကန်တာက အငယ်လေးတွေ၁၅ယောက်လောက်သာရှိသည်မို့ သူတို့အကုန်လုံးက အကွေးရဲ့ ရက်ရောမှုကို တော်တော်လေးသဘောကျသွားကြသည်။ပထမနေ့မှာတင် အကွေးတို့ တော်တော်လေး ရင်းနှီးသွားကြသည်။

ညနေပိုင်း သူတို့ လေ့ကျင့်ပြီးသည့်အချိန်မှာ ကွင်းထဲကနေ သူတို့ကအကွေးကို လှမ်းခေါ်သည်မို့ အကွေးလည်း ကွင်းထဲသို့ ခပ်သွက်သွက်ပင်လျှောက်သွားလိုက်သည်။စိတ်ထဲမှာလည်း တော်တော်လေးအူမြူးနေသည်။

"စွန်တွေဖြတ်ချရမယ် ဟီးဟီး...."

အတွေးတွေနဲ့ ကြည်နူးနေတုန်းမှာပဲ ကွင်းစပ်မှာတင် ကောင်းက အကွေးရှေ့ကိုရောက်လာပြီး...
"ပြန်တော့မယ်လေ"

"ဟာ ငါစွန်လွှတ်မလို့ ဝယ်ထားပြီးပြီ၊
ခဏပဲလေ..."

"အင်း လာလေ၊ကျွန်တော်နဲ့ လွှတ်ရအောင်"

အကွေးလက်ကို ဆွဲကာ စွန်လွှတ်ဖို့ပြင်နေကြတဲ့ အငယ်တွေဆီကိုလျှောက်လာလိုက်သည်။ဒီလူတွေအကုန်လုံးထဲမှာ အကွေးက အသက်ကြီးဆုံးဖြစ်လောက်သည်။ ဒီဘက်Classက အငယ်တွေကြည့်မို့ ကောင်းနဲ့ စွမ်းပြည့် ကလွဲရင် ကျန်တာတွေက အငယ်တွေဖြစ်၏။

"အမအတွက်" ဆိုပြီး ရှမ်းမလေးက အပ်ချည်တစ်လုံးနဲ့ စွန်တစ်ခုလာပေးသည်။ ဒါနဲ့ အကွေးလည်း မြေပေါ်မှာ ထိုင်ပြီး စွန်ကြိုးတပ်ဖို့လုပ်ပေးမယ့် ကောင်းက သူလုပ်ပေးမယ်ဆိုကာ အစအဆုံးသူကပဲ လုပ်ပေးသွားတာက အခုဆို အကွေးရဲ့ စွန်က ကောင်းကင်မှာ ရောက်နေပြီ။

တော်တော်လေး အမြင့်မို့ အနီးနားက ကပ်လျက် စွန်ကို ဖြတ်ချဖို့အတွက် အကွေး ကြိုးကို လှုပ်ရှားလိုက်တဲ့အချိန်မှာ....
"မလုပ်ရဘူးလေ အကွေး"

ကောင်းက အကွေးနောက်ကနေရပ်ပြီး အကွေးလက်ထဲက အပ်ချည်လုံးကို ကြိုး ငြိမ်အောင်ပြန်ထိန်းသည်။

"ကောင်းကလည်း ငါကဖြတ်ချချင်တာ..."

အကွေး အနောက်ကိုလှည့်ပြီး မကျေနပ်သလိုလေးပြောလိုက်တော့ ကောင်းက ခပ်ပါးပါးလေးပြုံးပြပြီး......
"ကောင်းကင်မှာ ကောင်းကင်စည်းမျဥ်းဆိုတာရှိတယ်အကွေးရ၊ အမြီးမပါတဲ့စွန်ကို ချာရမ်းနဲ့အတူတူ သဘောထားပြီး ဖြတ်ချတာမျိုးလုပ်လို့မရဘူးလေ....အကွေး သေချာကြည့်လိုက်ပါဦး။ဒီထဲမှာ ချာရမ်းပါရဲ့လားလို့"

ကောင်းရဲ့ စကားကြောင့် အကွေးကောင်းကင်ကို ပြန်မော့ကြည့်လိုက်တော့ စွန်တွေအားလုံးက အမြီးမပါ။သို့သော်လည်း အကွေးကတော့ ဖြတ်ချချင်သည်မို့...
" မသိဘူးဟာ..မဟုတ်ရင် ဘာလို့ဇက်ညောင်းခံပြီး မော့ကြည့်နေမှာလဲ"

နောက်ကိုလှည့်ပြီး အကျေမနပ်ပြောမိတော့ ကောင်း အကွေးရဲ့ခန္ဓာကိုယ်ကို ထွေးပွေ့ပြီး အကွေးရဲ့ လက်တွေကို တယုတယနဲ့ပင်ကိုင်ကာ....
"လေထဲမှာ မြောလွှင့်နေတဲ့စွန်ကို အကွေးသေချာကြည့်ပါ....သူကလှုပ်လီလှုပ်လဲ့နဲ့ လေဟုန်စီးနေတာ"

ကောင်းရဲ့စကားကြောင့် အကွေးကောင်းကင်ကို နောက်တစ်ခါ ပြန်မော့ကြည့်လိုက်သည်။ဟုတ်ပါရဲ့ ကောင်းပြောသလိုပဲ စွန်လေးက ငြိမ်နေတယ်လို့ထင်ရပေမယ့်လည်း လေရဲ့အဟုန်ကြောင့် လှုပ်နေသည်ကို ကြည့်နေရတာ အို..အကွေးတစ်ခါမှဒီလိုမျိုး မကြည့်ခဲ့၊မခံစားခဲ့ဖူးပါ။

ကောင်းကင်ကို မော့ကြည်ပြီး ကြည့်နူးနေကြတဲ့ ကောင်းတို့လင်မယားအတွက် စွမ်းပြည့်က သူ့ကင်မရာနဲ့ မှတ်တမ်းတင်ပေးသည်။ဒီပုံလေးဟာ စွမ်းပြည့်ရိုက်ဖူးသမျှထဲမှာ အကြည်လင်ဆုံးနဲ့ အသက်ဝင်ဆုံး ပုံလေးဖြစ်သည်။


______________________________


Zawgyi.......


"ကြၽန္ေတာ္ ေမးစရာရွိေလးရွိတယ္၊
အေကြးေျဖေပးခ်င္လား....."

"အင္း ဘာအေၾကာင္းလဲ၊ ကမာၻႀကီးအေၾကာင္းလား
ဒါမဟုတ္ ကဗ်ာေတြလား..ေတာင္တန္းေတြအေၾကာင္းလား...."
ေျပာေနရင္းနဲ႔ သူမလက္တဖက္ကို ေကာင္းလွဲေနသည့္ဘက္သို႔ဆန္႔တန္းလိုက္သည္။ ေကာင္းကလည္း အလိုက္တသိပင္ အေကြးရဲ႕လက္ဆီသို႔ သူ႔လက္ကမ္းေပးျဖစ္သည္။

ထိုအခါ အေကြးက ေကာင္းရဲ႕လက္ကို ဖမ္းဆုပ္ကိုင္ထားၿပီး....
"နာဂေတာင္တန္းေတြေရာ အဆင္ေျပရဲ႕လားမသိဘူး။ ဒါေပမယ့္လည္း ျမတ္ဘုန္းက အဆင္ေျပမွာပါေလ....ဒါနဲ႔ ေကာင္းသိလား၊ ဆရာႀကီးေဒါက္တာနာဂသန္းလႈိင္ေလ..."

"အင္း...."

တကယ္ဆို ေကာင္းမွာေမးစရာမရွိပါ။သူမေလးဘက္က ဒီညမွာၿငိမ္ေနတာေၾကာင့္ ေကာင္းဘက္က စကားစ,ေပးလိုက္ျခင္းပါ။ထုံးစံအတိုင္း အခုေတာ့ျဖင့္ သူမေလးရဲ႕ေမးသံ၊ေျဖသံေလးေတြကို ေကာင္းၾကားရၿပီ။သူမေလးထိေတြ႕ထားတဲ့ ေကာင္းရဲ႕လက္ဖဝါးဆီကေနၿပီး ေကာင္းတစ္ကိုယ္လုံးကို သူမေလးရဲ႕ အေႏြးဓာတ္ေတြစီးဝင္ေနသလိုခံစားရသည္။

"ျမတ္ဘုန္း လည္း သူ႔လိုျဖစ္မလားမသိဘူးေနာ္။
အဲ့ဒီမွာေနတဲ့သူေတြက သိပ္႐ိုးသားတာ ေကာင္းရဲ႕"

ကြၽန္ေတာ့္ အတြက္ေတာ့ အေကြးကသာအ႐ိုးသားဆုံးနဲ႔အျဖဴစင္ဆုံးပါ။

ျပန္မေျဖပဲ သူမကိုပဲ ၾကည့္ေနတဲ့ ေကာင္းေၾကာင့္ သူမ အနည္းငယ္ေလးေတာ့ ေကာင္းအနားကို တိုးမိသည္။အနည္းငယ္ေလးဆိုၿပီး တိုးလိုက္တာက ေကာင္းလက္ေမာင္းေပၚကို ေခါင္အုံးထားမိၿပီ။

"မိုးဟိန္း လက္ေမာင္းက ေကာင္းထက္ပိုၿပီးႀကီးတယ္။ဒါေပမယ့္လည္း ေကာင္းဆီမွာပိုၿပီး အုံး လို႔ေကာင္းတယ္။မိုးဟိန္းလက္ေမာင္းက ပိုၿပီးမာေတာ့ ေခါင္းအုံးရတာ ကြၽတ္ဆတ္ဆတ္နဲ႔"

နာဂေတာင္တန္းေတြကေန ေခါင္အုံးဆီသို႔ ေရာက္လာတဲ့ အေကြး။ေမြ႕ယာတစ္ဖက္အစြန္းကေန ေကာင္းရဲ႕ရင္ခြင္ထဲကို ေရာက္လုနီးပါး ျဖစ္ေနတဲ့ အေကြး။ဒီလို အေကြးကို ေကာင္းမွာ အသဲတယားယားနဲ႔ ခ်စ္လို႔မဆုံးျဖစ္ေနရသည္။

"ေကာင္း ဘာေမးမို႔လဲ ေမးေလ..."

ပက္လက္အေနအထားကေန ေကာင္းဆီကို ေမာ့ၾကည့္တဲ့ မ်က္လုံးဝိုင္းဝိုင္းေလးေတြ....
"မနက္ျဖန္ ၁၀နာရီေလာက္ ကြၽန္ေတာ္သြားစရာရွိလို႔ အေကြးလိုက္ခ်င္လား ေမးမလို႔ပါ"

"ေဘာလုံး သြားကန္မို႔လား"

"အင္း.."

"မလိုက္ေတာ့ပါဘူး၊ ငါ ထမင္းခ်က္ထားေပးမယ္ေလ။ေန႔တိုင္း ေကာင္းပဲခ်က္ေနရတာဆိုေတာ့ မနက္ျဖန္ ငါခ်က္ထားေပးမယ္"

"တကယ္ေျပာတာေနာ္..."

"ငါ့ကိုသာ ယုံလိုက္ပါ။" ဆိုၿပီး မ်က္စိတစ္ဖက္ မွိတ္ျပေတာ့ ေကာင္းမွာ ရင္ခုန္သံေတြဝုန္းဒိုင္းႀကဲကုန္၏။

သူမေလးက ေတာ့ ဘာမွျဖစ္ဟန္မတူပါ။ပုံမွန္အတိုင္းေလးပဲ ၿငိမ္သက္သြားတဲ့ ဒီအေနအထားမွာ မ်က္ေတာင္ေလးေတြ ဆင္းၿပီး အိပ္ေပ်ာ္သြားသည္။ေကာင္းမွာေတာ့ မထိရက္မကိုင္ရက္နဲ႔ ညတစ္ဝက္ေက်ာ္ေလာက္အထိ သူမေလးရဲ႕ မ်က္ႏွာရွင္းရွင္းကို အေၾကာင္းျပခ်က္မရွိပဲ ေငးေနမိသည္။

__________________

"စိတ္ခ်လို႔ရရဲ႕လားဗ်ာ။
မဟုတ္ရင္လည္း ထားလိုက္ပါ
၁၂မထိုးခင္ ကြၽန္ေတာ္ျပန္ေရာက္မွာပဲ
အဲ့က်မွပဲ ခ်က္လိုက္မယ္၊ အေကြး ဆာေနရင္ေတာ့ မုန္႔စားထားလို႔ရတာပဲ"

"ေကာင္းဆာေနရင္ေရာ...."

ပါးစပ္ထဲက ေပါင္မုန္ကို မဝါးရေသးပဲ ျပန္ေျဖသည္မို႔ ေကာင္းမွာ စိုးရိမ္တႀကီးနဲ႔ပဲ....
"ဝါးၿပီးမွ ေျပာလည္းရတာကို အေကြးရာ"

ဒီလိုဆိုေတာ့လည္း သူမေလးက ပါးစပ္ထဲက ေပါင္မုန္႔ကို အရင္ဝါးသည္။ၿပီးမွ ႏြားႏို႔ခြက္ကို ေမာ့ေသာက္ကာ ေကာင္းကိုၾကည့္သည္။

"ေနာက္တစ္ခါက်ရင္ သၾကားသုံးဇြန္းထည့္ေပးလို႔ရမလားဟင္...."

"အခုလည္း ထည့္ထားတာပဲ မခ်ိဳျပန္ဘူးလား"

"ဒါဆိုလည္း အဆစ္အေနနဲ႔ ေနာက္ထပ္ဇြန္းတစ္ဝက္ေလာက္ထည့္ ေပးပါလား "

ႏြားႏို႔ထဲကို သၾကားထည့္မေသာက္တတ္တဲ့ေကာင္းနဲ႔ သၾကားအဆစ္ေတာင္းေနတဲ့ အေကြးတို႔ႏွစ္ေယာက္ဟာ မနက္ခင္းေလးမွာလည္း သၾကားနဲ႔ ပက္သတ္ၿပီး ၾကည္ႏူးစရာအခ်ိန္ေလးေတြ ရွိခဲ့ၾကသည္။ ဘာေၾကာင့္လဲလို႔ ေမးရင္ ခ်စ္စရာေကာင္းေအာင္ သၾကားအပိုေတာင္းတတ္တဲ့ ကြၽန္ေတာ့္လျခမ္းေကြးေၾကာင့္ ေပါ့ဗ်ာ။

"စိတ္ခ်မယ္ေနာ္ အေကြး...."

"သြားမွာ သြားစမ္းပါ ေကာင္းရာ။
ငါတကယ္ခ်က္တတ္တယ္..."
ေကာင္းရဲ႕ ေနာက္ေက်ာကို တြန္းကာ အျမန္သြားခိုင္းလိုက္ရသည္။ အေမသာဆို အေကြးကို ဟင္းေတြတစ္မ်ိဳးၿပီးတစ္မ်ိဳးခ်က္ခိုင္းတတ္သည္။ အေကြးလည္း အစပိုင္းေတာ့ လုပ္ပါတယ္ ေနာက္ပိုင္းေတာ့ အဝန္းက ေျပာသည္..လုပ္တတ္ရင္ နင္ေတာ့လုပ္ေနရမွာတဲ့။အဲ့ဒီကေန စၿပီး လျခမ္းေကြးဟာ ဘာကိုမွမလုပ္တတ္ခဲ့တာ အခုမွ ျပန္ၿပီးလုပ္တတ္ခ်င္ေနသည္။

ေန႔တိုင္း သူမအတြက္ဆိုၿပီး သူမထက္အသက္ငယ္တဲ့ ေကာင္းက ခ်က္ေကြၽးေနတာ အားနာစရာေကာင္းသည္မို႔ ဒီေန႔ေတာ့ ေကာင္းအတြက္ အေကာင္းဆုံး လက္စြမ္းျပဖို႔စဥ္းစားထားသည္။

မေန႔ကဝယ္လာတဲ့ ၾကက္သားကို ေရခဲေသတၱာထဲကေန ထုတ္လိုက္ၿပီး အရည္ေသာက္ေလးခ်က္ဖို႔ လုပ္လိုက္သည္။ ေကာင္းက ဆီမႀကိဳက္တာကို အေကြးရိပ္မိသည္မို႔ ဆီကေတာ့ သိပ္မမ်ားေစရ။ၾကက္သားေဆးထားၿပီး ေရစစ္ထားတာ ထမင္းအိုးေလးအရင္တည္လိုက္သည္။

ေပါင္းအိုးနဲ႔ တည္ရင္ ကဆီဓာတ္မ်ားတယ္ဆိုလား..ေကာင္းက ကြိဳင္ေပၚမွာ ဒန္အိုးတည္ကာခ်က္သည္။ အကြးတို႔အိမ္မွာက မီးေသြးနဲ႔ခ်က္သည္မို႔ ဒီလိုခ်က္ရတာကလည္း အေကြးအတြက္သိပ္ေတာ့မခက္ခဲလွပါ။ ေအးေအးေဆးေဆးနဲ႔ ထမင္းအိုး တည္ထားၿပီး အဖြားရဲ႕ စာအုပ္စင္က စာအုပ္တစ္ခုကို ဆြဲယူဖတ္လိုက္ေနသည္။

ထမင္းအိုး ပြက္မွ သူမထ,လာလိုက္ၿပီး ၾကည့္က်က္ၿပီး ထမင္းအိုးငဲ့လိုက္သည္။ ထမင္းရည္ေတြနဲ႔ အေငြ႕ေတြနဲ႔က ပူလိုက္တာဆိုတာက ငရဲေတာင္ အခုေလာက္ပူပါ့မလားလို႔ သူမေတြးမိသည္။

သို႔ေသာ္လည္း ထမင္းအိုးကိစၥကေတာ့ အဆင္ေျပစြာနဲ႔ပင္ၿပီးသြားပါသည္။ နည္းနည္းေတာ့ေပ်ာ့မယ္လို႔ထင္ရတာပဲ။တတ္ႏိုင္သေလာက္လုပ္ၿပီးၿပီမို႔ ဟင္းအိုးအတြက္ပဲ စီစဥ္လိုက္သည္။

ၾကက္သြန္နီက မႊန္တာမွမ်က္ရည္ေတြက တေတာက္ေတာက္နဲ႔ အသံပင္ ၾကားရသည္ဟု အေကြးထင္မိသည္။အိမ္ကလည္း တိတ္ဆိတ္ေနတာမွ အပ္က်သံပင္ ၾကားရသည္အထိ။တစ္ေယာက္ထဲပ်င္းေသာ္ျငားလည္း အိမ္ျပင္ကိုပင္ မထြက္ခ်င္။

"အို    ေကာင္း..."
ဟင္းအိုးေမႊေနရင္းနဲ႔ သူမေမႊေနတဲ့ ေယာင္းမဟာလည္း ေအာက္သို႔ျပဳတ္က်သြားသည္။ သူမစိတ္ထဲမွာလည္း ပူပင္လာသည္။

ေကာင္း တစ္ခုခုျဖစ္ေနသလားပဲ လို႔ေတြးမိၿပီး မ်က္ရည္ေတြက်လာသည္။ၿပီးေနာက္ သူမ ေကာင္းဆီသြားခ်င္လာသည္မို႔ ကြိဳင္ကို မီးပိတ္ကာ အိမ္အျပင္ထြက္လာခဲ့သည္။အိမ္အျပင္ေရာက္မွ သူမစဥ္းစားမိတာက ေကာင္းဘယ္ကို သြားလဲသူမ မသိပါ။ေဘာလုံးကန္ သြားတယ္ပဲသိတာ ။ဘယ္ေနရာမွာ ကန္သလဲဆိုတာကို သူမ မသိ။

အိမ္ေရွ႕က ကုန္းထိပ္မွာရပ္ေနရင္းနဲ႔ ကေလးတစ္ေယာက္လိုပင္ သူမ ငိုေနမိသည္။ အနီးအနားမွာ အိမ္နီခ်င္းကလည္းမရွိပါ။ အေကြးတို႔နဲ႔မ်က္ႏွာခ်င္းဆိုင္က ဘုရားေတာင္ကို သြားတဲ့ေနရာျဖစ္သည္။ သူမတို႔အိမ္ ေနာက္ေက်ာဘက္ကသာ ရပ္ကြက္သေဘာမ်ိဳး အိမ္ေလးေတြရွိသည္။

ငိုေနရင္းနဲ႔ သူမ ကုန္းထိပ္ကေန ဆင္းလာၿပီး လမ္းထိပ္ကို ထြက္လာဖို႔ လုပ္လိုက္သည္။သႏၲာတို႔အိမ္ေဘးက လမ္းၾကားေလးထိပ္ကိုအေရာက္မွာ သႏၲာတို႔ကားကို ျမင္လိုက္ရတာေၾကာင့္ သူမ ေရွ႕ဆက္မသြားပဲ ကားနဲ႔ မလွမ္းမကမ္းမွာတင္ ရပ္လိုက္ၿပီး ငိုေနလိုက္သည္။

မၾကာပါဘူး ကားေပၚက သႏၲာဆင္းလာသည္။

"အေကြး ဘာျဖစ္တာလဲ၊"

ခ်က္ခ်င္းပင္ အေကြးအနားသို႔ေရာက္လာၿပီး အေကြးပါးျပင္မွ မ်က္ရည္ေတြကို သုတ္ေပးသည္။

"ေကာင္း ေကာင္းတစ္ခုခုျဖစ္ေနၿပီ သႏၲာ။
ေကာင္းကို လိုက္ရွာရေအာင္ လိုက္ရွာခ်င္တယ္"

"မငိုနဲ႔ ငါလိုက္ရွာေပးမယ္။
တိတ္ေတာ့ တိတ္ေတာ့...."

"ငါမငိုခ်င္ပါဘူး ဒါေပမယ့္ ငါ့စိတ္ေတြအရမ္းေလးေနတာပဲ သႏၲာရယ္၊ ျမန္ျမန္သြားရေအာင္ပါ...."

"အင္း အင္း..."

အေကြးကိုေခၚၿပီး သႏၲာကားဆီသို႔ သြားလိုက္သည္။သက္လြင္ကေတာ့ ကားထဲမွာပဲ သႏၲာလြင္ေလးကို ခ်ီထားသည္။

သႏၲာ အေကြးအတြက္ ကားတံခါးကိုဖြင့္ေပးေနစဥ္မွာပဲ သႏၲာတို႔ကားအေနာက္မွာ ဆိုင္ကယ္တစ္စီးထိုးရပ္သြားသည္။

"အေကြး...."

"ေကာင္း"

အေကြးက သႏၲာဆီကေန ဖယ္ခြာၿပီး ေကာင္းျမတ္ေသာဆီကို ေျပးသြားတာေၾကာင့္ သႏၲာ့မွာ မယုံႏိုင္သလိုျဖစ္သြားသည္။ဒီတစ္ပတ္ေက်ာ္အခ်ိန္ေလးအတြင္းမွာ အေကြးဟာ ေကာင္းနဲ႔ပက္သတ္ၿပီး သံေယာဇဥ္ေတြ သိပ္ၿပီးႀကီးေနပါလား။

ခုႏွစ္ႏွစ္ေက်ာ္ေလာက္ ခင္ခဲ့တဲ့ သႏၲာဆီကေန ထြက္သြားၿပီး ေကာင္းရင္ခြင္ကို ဝင္သြားပုံက သူတို႔သိပ္ၿပီးရင္းႏွီးေနသလိုပင္။သႏၲာကေတာ့ လမ္းတစ္ေလွ်ာက္လုံး အေကြးမွ အဆင္ေျပပါ့မလားလို႔ စိုးရိမ္ေနခဲ့တာ အခုေတာ့ သူမေလးက သိပ္ကို အဆင္ေျပေနသည္။

"ေကာင္း ဘာျဖစ္တာလဲဟင္..
ငါ့စိတ္ထဲမွာ ထူးထူးဆန္းဆန္းနဲ႔ ေလးေလးပင္ပင္ခံစားခ်က္ႀကီးေကာင္းရယ္။ ငါအရမ္းပင္ပန္းတာပဲ"

ရင္ခြင္ထဲကေန မထြက္ပဲ မ်က္ရည္ေတြၾကားကေန ငိုသံေတြနဲ႔ အေကြးကေမးသည္။ဒီလိုဆိုေတာ့လည္း ေကာင္းမွာ စိတ္မေကာင္းျဖစ္ရသည္။ ေဘာလုံးကန္ေနရင္းနဲ႔ ေျပးခ်ိန္တင္လိုက္တဲ့အခ်ိန္မွာ လူက ေျမႀကီးေပၚကို လက္ေထာက္လ်က္က်သည္။ ပြဲကေန ေဆးခန္းသြားသင့္ေပမယ့္လည္း ေကာင္းစိတ္ထဲလည္း အေကြးတစ္ခုခုျဖစ္ေနသည္ကို ခံစားရတာမို႔ ခ်က္ခ်င္းပဲ အိမ္ကို ျပန္လာခဲ့တာ။အခုေတာ့ျဖင့္ သူမေလးက မ်က္ရည္ေတြနဲ႔ ေကာင္းအတြက္ကို စိတ္ပူေနသည္တဲ့။

ဒါက ဘယ္လိုဆက္သြယ္မႈမ်ိဳးလဲ ဆိုတာကို ေကာင္းမစဥ္းစားခ်င္ပါ။အေကြးပင္ပန္းရတယ္ဆိုရင္ သူလည္း ဒီလိုဆက္သြယ္မႈမ်ိဳးကိုမလိုခ်င္ပါ။အေကြးကိုမ်က္ရည္ေတြကိုလည္း ေကာင္းမလိုခ်င္ပါ။

"လက္မွာ ေသြးေတြနဲ႔ေကာင္းရယ္...."

ေကာင္းစဥ္းစားေနတဲ့ အခ်ိန္မွာပဲ အေကြးက ေကာင္းလက္ကို ခပ္ဖြဖြေလးကိုင္ၿပီး စိတ္ပူေနသည္။

"ဘာမွ မျဖစ္ပါဘူး အေကြးရ၊
နည္းနည္းေလးပဲ ကြဲသြားတာပါ။
အိမ္ထဲဝင္ရေအာင္...."

"အင္း..."

သို႔ျဖင့္ သူတို႔ ဇနီးေမာင္ႏွံဟာ သူတို႔အိမ္ကိုျပန္သြားၾကသည္။သႏၲာကလည္း သက္လြင္ဆီကေန ကေလးငယ္ေလးကိုေခၚကာ အေကြးတို႔ေနာက္ကေနလိုက္ခဲ့လိုက္သည္။ ဆိုင္ကယ္နဲ႔လူကလည္း ဆိုင္ကယ္နဲ႔ပင္ အေကြးတို႔အိမ္ထဲကို ဝင္ခဲ့လိုက္သည္။

"အေကြး ဒီမွာ ေနခဲ့ဦး။
ကြၽန္ေတာ္ ဒဏ္ရာကို ေရသြားေဆးလိုက္မယ္"

"ငါလိုက္ခဲ့မယ္ေလ..."

"ရပါတယ္ အေကြးက ေဆးေသတၱာေလးခ်ထားေပး"
ေသြးေတြကို သူမေလးမျမင္သင့္ပါဟု ေကာင္းေတြးမိတာေၾကာင့္ သူမေလးကို ထားခဲ့ကာ အိမ္ေနာက္က ေရစည္ဆီသို႔ လာခဲ့လိုက္သည္။

က်န္ခဲ့တဲ့ အေကြးကလည္း ေကာင္းေျပာသလိုပဲ ေဆးေသတၱာေလး စားပြဲေပၚတင္ၿပီး ေကာင္းကို ေစာင့္ေနသည္။ သႏၲာကလည္း အေကြးရဲ႕ေဘးမွာထိုင္ၿပီး အေကြးကို အကဲခတ္ေနသည္။ ဆိုင္ကယ္နဲ႔လူကလည္း ခုံမွာပဲ ထိုင္ေနသည္။

ခဏေနေတာ့ ေကာင္း အိမ္ထဲျပန္ဝင္လာသည္မို႔ အေကြးေနရာကေန ထ,ၿပီး ေကာင္းဆီသို႔ သြားလိုက္သည္။

"ရတယ္ အေကြး၊
အေကြးက အမနဲ႔စကားေျပာေနလိုက္ပါ။
ကြၽန္ေတာ့္ကို ဆရာကေဆးထည့္ေပးလိမ့္မယ္"

"ဘာဆိုင္လဲကြ...ငါကန္ခိုင္းတာလဲမဟုတ္ဘူး။
မင္းဘာမင္း ေၾကးစားသြားကန္တာေလ။
မထည့္ေပးႏိုင္ဘူး...."

"အဖိုးႀကီးကေတာ့ ရစ္ၿပီဗ်ာ..."

"ဒါဆို ေကာင္းသြားကန္တာက သြားေဆာ့တာမဟုတ္ဘူးေပါ့။ေၾကးစားလူသတ္သမားလိုပဲ ပိုက္ဆံနဲ႔ သြားကန္တာေပါ့....."

ေၾကးစားလူသတ္သမားေတြ ပါလာၿပီးမို႔ သႏၲာ့မွာ ကေလးတစ္ဖက္နဲ႔ အေကြးကို သြားဆြဲထားရသည္။ မဆြဲလို႔ကလည္းမရ ေကာင္းလက္မွာက ေသြးေတြ တစ္စက္ခ်င္းျပန္ထြက္ေနၿပီ။ ေဆးအျမန္ထဲ့မွရမည္။

ထိုအခ်ိန္မွာပဲ ကားသြင္းေနရင္း က်န္ခဲ့သက္လြင္က ေကာင္းအိမ္ကိုေရာက္လာသည္မို႔...
"ေကာင္းကို ေဆးထည့္ေပးလိုက္စမ္း သက္လြင္" ဟု သႏၲာကပဲ ခိုင္းလိုက္ရသည္။

ေကာင္းက လ်င္ပါတယ္ ခ်က္ခ်င္းပဲ အိမ္ျပင္ထြက္သြားသည္။ ထို႔ေၾကာင့္ သက္လြင္က ေဆးေသတၱာယူၿပီး ေကာင္းေနာက္လိုက္ရသည္။ေလွကားထစ္မွာ ထိုင္ေစာင့္ေနတဲ့ ေကာင္းကို ေသခ်ာၾကည့္လိုက္ေတာ့ လက္က ကြဲေၾကာင္းက သိပ္ေတာ့ မမ်ားေပမယ့္လည္း ဒဏ္ရာက နက္သည္ထင္ပါ့ ေသြးျပန္ထြက္ေနသည္။

အရက္ျပန္နဲ႔ ျပန္သန္႔စင္ေပးၿပီး ေဆးဝါထည့္ကာ ပတ္တီးစည္းေပးၿပီး သက္လြင္နဲ႔ ေကာင္းက အိမ္ထဲျပန္ဝင္ခဲ့ေတာ့...

"ဒါဆို ေကာင္းကဆိုးတာပဲ။
သင္ေပးတဲ့ ဆရာကိုေက်ာ္ၿပီး သူကပိုက္ဆံလိုခ်င္ေနတာပဲေနာ္...ဦးေလးဆို ငါ့ကိုအေသ႐ိုက္မွာ"

"ငါလည္း ဒီေကာင္ေလးကို အေသသတ္မွာပဲ"

"သတ္လို႔ ဘယ္ရမလဲ။
ေကာင္းက ကေလးလည္းမဟုတ္ေတာ့ဘူး...
သူ႔ဆုံးျဖတ္ခ်က္နဲ႔သူေပါ့ ဘႀကီးရဲ႕"

ခ်က္ခ်င္းပင္ အသံေျပာင္းသြားတဲ့ လျခမ္းေကြးေၾကာင့္ ဦးဝဏၰလြင္မွာ မ်က္စိစုံျပဴးကာ အံ့ၾသသြားရသည္။ ေကာင္းကလည္း အေကြးရဲ႕ ဘႀကီးဆိုတဲ့ အသုံးေၾကာင့္ ရယ္ခ်င္ေနသည္။

"ငါ့တပည့္က အခုမွ ၁၈ႏွစ္ေတာင္မျပည့္ေသးဘူး။
ကေလးပဲ ညည္းသာ ကေလးကိုယူထားတာ..."

"ဟင္ တကယ္လား၊"

ထုံစံအတိုင္း မ်က္လုံးဝိုင္းဝိုင္းေတြနဲ႔ ေကာင္းဆီကို ၾကည့္ၿပီးေမးသည္။ ေကာင္းက ေခါင္းယမ္းျပေပမယ့္လည္း သူမေလးက ယုံဟန္မတူပါ။သူမေဘးမွာ ထိုင္ေနတဲ့ အမသႏၲာဆီကို လွည့္သြားၿပီး....
"ဒါဆို ငါ သက္ငယ္မုဒိန္းနဲ႔....
အမေလး....ငါက ဖက္ေလသႏၲာ၊
ဒါေပမယ့္လည္း ေကာင္းကလည္း ဥပဲ။
ဒီလိုနဲ႔ ငါ တကယ္ပဲ အဖမ္းခံရမွာလားဟင္"

အေကြးရဲ႕ စကားေၾကာင့္ သက္လြင္က တဟားဟားနဲ႔ ေအာ္ရယ္ၿပီး အေကြးထိုင္ခုံရဲ႕ လက္ရမ္းမွာ ကပ္ၿပီးထိုင္လိုက္သည္။

"နင္ေတာ့ တစ္သက္တစ္ကြၽန္းပဲ အေကြး"

"ေအး သက္ငယ္မုဒိန္းက တစ္သက္တစ္ကြၽန္းပဲ။
ငါ ဘယ္ေျပးရမလဲဟင္ သက္လြင္...."

"ရာဇတ္ဝတ္ေဘးက ေျပးလို႔လြတ္လား...."

သက္လြင္က အဆုံးထိက်ပ္လိုက္ေတာ့ လျခမ္းေကြးဟာလည္း ေတာ္ေတာ္ေလး ၿငိမ္သက္ၿပီးေတြးေနသည္။သႏၲာကေတာ့ ပခုံးေတြလႈပ္သည္အထိ ရယ္အူတက္ေနသည္။

ဦးဝဏၰလြင္ကလည္း တပည့္ျဖစ္သူ၏ မိန္းမကို ၾကည့္ကာ အံ့ၾသေနသည္။ ဒီေလာက္ထိ အူရလားလို႔လည္းေတြးမိသည္။

ေနာက္ဆုံးေတာ့ ေကာင္းမွာ အေကြးဆီသို႔သြားလိုက္ၿပီး အေကြးကို ေနရာကေန ထ,ေစလိုက္ကာ...
"မွတ္ပုံတင္ထဲမွာ ျပည့္ၿပီးၿပီ အေကြးစိတ္မပူလည္းရတယ္"

"မရရင္ ဘယ္လိုလုပ္မလဲ ေကာင္း။
ေထာင္ထဲမွာ ငါေတာ့ တစ္သက္လုံး မေနခ်င္ပါဘူး။"

"ကြၽန္ေတာ့္ အသက္အမွန္ကို ဘယ္သူမွမသိပါဘူး အေကြးရာ။အေကြးကို ဘယ္သူက ဖမ္းမလဲ ကြၽန္ေတာ္ရွိေနတာပဲကို"

ေကာင္းျမတ္ေသာရဲ႕ စကားေၾကာင့္ အေကြးနည္းနည္းေလးေတာ့ စိတ္ေအးသြားရေသာ္လည္း...
"ငါသိတာပဲ မင္းေမြးစာရင္းလည္း ငါ့မွာရွိတာပဲ။
ငါတိုင္ရင္ မင္းတို႔ဘာတတ္ႏိုင္မလဲ"

"ဟုတ္သားပဲ၊ ဒီအဘႀကီးကိုဘယ္လိုလုပ္မလဲဟင္ !!"

သူမေနာက္ေနတာမဟုတ္မွန္းကို သူမရဲ႕မ်က္လုံးးေလးေတြက သက္ေသျပဳေပးေန၏။

"ႏႈတ္ပိတ္လိုက္မလား အေကြး"

"ျဖစ္ပါ့မလားဟဲ့..."

သက္လြင္က စေနတာကို သူမက ျဖစ္ပါ့မလားတဲ့ ဒီတစ္ခါေတာ့ သက္လြင္တို႔လင္မယားတင္မကဘူး ဦးဝဏၰလြင္ပါ အရယ္မရပ္ေတာ့။အကုန္လုံးက ရယ္ေနတာေၾကာင့္ ေကာင္းမွာ ခ်စ္ရတဲ့ အူေၾကာင္ေၾကာင္ အေကြးေလးကို ရင္ခြင္ထဲထဲ့ကာ ဖြက္ထားလိုက္ရသည္။

"ဟားးးဟားးးး...ဒီငအူကို မင္းဘယ္လိုလုပ္မလဲေကာင္းရာ" လို႔ အရယ္ေတြနဲ႔ သက္လြင္ကေျပာသည္။

သႏၲာကလည္း.....
"ငါေတာ့ အေကြးကို ေသခ်ာသင္မွပဲ" ဟု ဆို၏။

ဦးဝဏၰလြင္ကေတာ့ ရယ္ရာကေနမရပ္ေသး။

"ငါ ဟင္းအိုးျပန္တည္လိုက္ဦးမယ္ ေကာင္း။
စိတ္မပူနဲ႔သိလား...ေကာင္းရဲ႕ ဘႀကီးကရယ္ေနတာပဲ မဖမ္းခိုင္းလိုက္ပါဘူး"
ေကာင္းရဲ႕ ရင္ဘက္မွာ မ်က္ႏွာအပ္ၿပီး ေကာင္းရဲ႕ႏွလုံးသားဆီကို ဦးတည္ၿပီး ေျပာတဲ့စကား။ဒီစကားေၾကာင့္ ေကာင္းရမွာ ငိုရမွာလိုလို၊ ရယ္ရမွာလိုလိုနဲ႔။

"သႏၲာ ငါ့ဟင္းအိုးကို လာၾကည့္လွည့္"
ေတာ္ေတာ္ၾကာေတာ့ မီးဖိုးထဲက အေကြးရဲ႕အသံေလးထြက္လာသည္။

သို႔ေသာ္လည္း အမသႏၲာတို႔ကျပန္သြားၿပီ၊ အိမ္မွာ ေကာင္းတစ္ေယာက္ပဲ ရွိသည္မို႔ ေကာင္းပဲ သြားလိုက္သည္။

"သႏၲာေရာ..."

"ျပန္သြားၿပီ၊"

"ဟင္ ငါ့ေတာင္မေျပာသြားဘူး"

"အင္း အေကြးအိမ္ကို ဝင္ခဲ့ေသးတယ္တဲ့။
အေကြးအေမက အေကြးကိုဖုန္းဆက္ဦးလို႔ မွာလိုက္တယ္တဲ့ အေကြးဆက္လိုက္ဦးေလ။"

"အင္း ဒါဆို သႏၲာ့ကို အေမေျပာလိုက္တာထင္တယ္။ဒါနဲ႔ ေကာင္း ဘႀကီးေရာ"

"ျပန္သြားၿပီ မနက္ျဖန္ကစၿပီး ကြၽန္ေတာ္ ကြင္းျပန္သြားရေတာ့မယ္"

"ငါလိုက္ခဲ့မယ္..."

အရင္ကဆို ေကာင္းကလိုက္ခ်င္လားလို႔ေမးရင္ေတာင္မွ အိမ္မွာပဲ ေနခဲ့တဲ့အေကြးဟာ အခုခ်ိန္မွာေတာ့ ေကာင္းရဲ႕အေမးကိုေတာင္ မေစာင့္ပဲ သူမေလးလိုက္ခဲ့မယ္လို႔ ေျပာသည္။

လိုက္ခဲ့တာလည္း ေကာင္းပါတယ္ေလ။ ေနာက္ဆံမတင္းပဲ ေလ့က်င့္လို႔ရတာေပါ့။

ေနာက္တစ္ေန႔မနက္ခင္းမွာေတာ့ ေက်ာပိုးအိတ္တစ္လုံးဟာ အိမ္ေရွ႕ခန္းက စားပြဲေပၚမွာ ေနရာယူထားသည္။ မနက္စာစားၿပီး ထြက္လာေတာ့ အေကြးက ထိုအိတ္ကို လြယ္ကာ...
"သြားမယ္" ဟု ဆိုသည္။

သို႔ႏွင့္ အေကြးကို စက္ဘီးေနာက္ကေနတင္ကာ အိမ္ကေန ထြက္ခဲ့လိုက္သည္။

"ေန႔လယ္မွ လာခဲ့မယ္ သႏၲာ"

"ဘယ္သြားမွာလဲ"

"မသိဘူး ေကာင္းေနာက္လိုက္သြားမလို႔"

ေလထဲ လြင့္ေနတဲ့ဂါဝန္ေလးနဲ႔ အတူ သူမရဲ႕အသံေလးဟာ ေလထဲမွာပဲ ေပ်ာ္႐ႊင္မႈေတြအျပည့္ႏွင့္။

ေစ်းသြားတဲ့လမ္းပါပဲ သို႔ေသာ္လည္း အဝိုင္းမေရာက္ခင္မွာတင္ "အားကစားေက်း႐ြာ"ဆိုတဲ့ ဆိုင္းဘုတ္ကို ျမင္လိုက္ရသည္။

"ဒီကိုလား..."

"အင္း ဝင္လို႔ရလားမသိဘူး။
ခဏေစာင့္ေနာ္ ကြၽန္ေတာ္သြားေမးဦးမယ္"

စက္ဘီးကို ေဒါက္ေထာက္ခဲ့ၿပီး ဝင္ေပါက္ကို သြားေမးလိုက္သည္။ျပန္လာေတာ့ စက္ဘီးေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ အေကြးေၾကာင့္ ေကာင္းမွာ သူမေလးကို ရယ္ျပလိုက္သည္။
"ေတာင္ဘက္ေပါက္ကေန ဝင္ရမွာတဲ့"

"ေကာင္းလက္ အဆင္မေျပရင္ ငါနင္းေပးရမလား။"

"ရပါတယ္ဗ်ာ...လက္ကို သိပ္ၿပီးအားမစိုက္ထားလို႔ အဆင္ေျပပါတယ္"

"လိုအပ္ရင္ေျပာေနာ္..."

"ဟုတ္ကဲ့..."

ဒီလိုနဲ႔ပဲ နီးလ်က္နဲ႔ေဝးဆိုသလိုပဲ အဝိုင္းကေန ေက်ာ္ၿပီး ေတာင္ဘက္ေပါက္ကို သြားလိုက္ရသည္။

"ေစ်းသြားတဲ့ လမ္းပဲေနာ္"

"အင္း ေစ်းထိေတာ့မေရာက္ဘူး။
အေကြး ေစ်းသြားခ်င္လို႔လား။"

"မသြားခ်င္ပါဘူး ငါက ေကာင္းေနာက္ကိုပဲလိုက္မွာ"

ဒီစကားေၾကာင့္ ေကာင္းျမတ္ေသာမွာ ၾကည္ႏူးမဆုံး တၿပဳံးၿပဳံးနဲ႔ေပါ့။

"ဘႀကီး...."
ေကာင္း စက္ဘီးရပ္ေနတုန္းမွာပဲ အေကြးက အသံက်ယ္က်ယ္နဲ႔ ကြင္းထဲမွာ ေျပးေနတဲ့ ဆရာ့ကိုလွမ္းေခၚသည္။

မနက္ပိုင္းမို႔ အငယ္ေတြပါ ေျပးေနသည္ေၾကာင့္ ကြင္းမွာ လူစုံေနသည္။ အေကြးရဲ႕အသံေၾကာင့္ ဆရာ့ကို ၾကည့္ၿပီး ရယ္က်တဲ့ သင္တန္းသားေတြက မနည္းမေနာ။ဒီေတာ့ ဆရာက ေကာင္းတို႔ဆီကို ေျပးလာသည္။

"ဘႀကီးကလည္း ဒီမွာပဲလား...."

"တိုးတိုးေျပာစမ္းဟာ၊
နင္ ငါးေရာင္းပါ့လား..."

"အင္း ဘယ္ေလာက္ျမတ္သလဲဟင္"

ထိုစကားေၾကာင့္ ဆရာ့မွာ ဘာျပန္ေျပာရမွန္းမသိပဲ ေကာင္းဆီကို ၾကည့္သည္မို႔ ေကာင္းလည္း အေကြးလက္ကို ဆြဲကာ ပြဲၾကည့္စင္မွာ ထိုင္ခိုင္းလိုက္သည္။ထိုထိတိုင္ အေကြးက ေနာက္ျပန္လွည့္ၿပီး ဆရာ့ကို ၾကည့္ေနေသးသည္။

"အေကြး ဒီမွာေနေနာ္..."

"ငါ့ကိုစိတ္မပူနဲ႔ ျဖည္းျဖည္းခ်င္းပဲေျပးေနာ္။
လဲက်မွာစိုးလို႔..."

"အင္း..."
သို႔ႏွင့္ ေကာင္း အေကြးကိုထားခဲ့လိုက္ကာ အဝတ္လဲဖို႔ရန္အတြက္သြားလိုက္သည္။ေကာင္းအတြက္ ရွိေနေသးတဲ့ ဗီ႐ိုအကန္႔ေလးကို ေကာင္းခဏေတာ့ ေငးၾကည့္ေနမိသည္။

ရည္မွန္းခ်က္ထက္ ပိုၿပီးလိုခ်င္ခဲ့တဲ့ အမ်ိဳးသမီးကိုလည္း ရေနၿပီမို႔ သူေနာက္တစ္ႀကိမ္ ရည္မွန္းခ်က္ကို ႀကိဳးစားသင့္ၿပီ။

"ဒီတစ္ခါေတာ့ ေသခ်ာလုပ္ကြာ..."
ဘယ္အခ်ိန္ထဲက ေရာက္ေနမွန္းမသိတဲ့ ဦးဝဏၰလြင္ဟာ ေကာင္းရဲ႕ပခုံးကို ဆုပ္ကိုင္ၿပီး အားေပးသည္။

၃ႏွစ္သားထဲက သူကိုယ္တိုင္ ေလ့က်င့္သင္ၾကားေပးခဲ့တဲ့ ေကာင္းျမတ္ေသာဟာ တစ္ေန႔မွာေတာ့ ကမာၻ႔အသိအမွတ္ျပဳတစ္ေယာက္ျဖစ္ရမည္။ျဖစ္သင့္တဲ့အရည္အခ်င္းလည္းရွိသည္၊ခံယူခ်က္လည္းရွိသည္၊ ဇြဲလုံ႔လဆိုတာကလည္း အျပည့္ႏွင့္။ဒီၾကားထဲမွာ မိန္းမယူလိုကတာကလြဲရင္ ေကာင္းဟာ အရာအားလုံးျပည့္စုံသူပင္။

ကြင္းဆီသို႔ ေျပးထြက္လာသည့္အခ်ိန္မွာ ေကာင္းရဲ႕ စိတ္ေတြက လန္းဆန္းၿပီး တက္ႂကြလာသည္။

"ဘာလုပ္ေနတာလဲ..."

"စာဖတ္ေနတာ...ဒါနဲ႔ ဘႀကီးကေရာ"

လက္ထဲမွာ စာအုပ္တစ္႐ြက္ကိုင္လာတဲ့ ဦးဝဏၰလြင္ကို အေကြးျပန္ၿပီးေမးလိုက္သည္။ထိုအခါမွ ဦးဝဏၰလြင္က အေကြးေဘးက ခုံမွာဝင္ထိုင္ၿပီး...
"ၿမိဳ႕ထဲသြားၿပီး ဘာသာျပန္ရွာမလို႔၊
ေကာင္းအတြက္ ေဖာင္ျပန္တင္ရမယ္။
ၿပီးေတာ့ ႏွစ္ခ်ဳပ္အတြက္လည္း လုပ္ရဦးမယ္"

"ၾကည့္ၾကည့္လို႔ရမလား..."လို႔ အေကြးက ေမးေတာ့ ဦးဝဏၰလြင္ဟာ A4စာ႐ြက္ေလးကို အေကြးဆီေပးသည္။

အေကြး ေသခ်ာဖတ္ၾကည့္ၿပီးေနာက္မွာ...
"ေကာင္းအတြက္ပဲဟာ သမီးလုပ္ေပးလိုက္မယ္"
ေျပာေျပာဆိုဆိုနဲ႔ သူမရဲ႕အိတ္ထဲက Laptopကို ထုတ္ကာ ထိုစာ႐ြက္ကိုၾကည့္ရင္း စာ႐ိုက္ေနသည္။

၁၀မိနစ္ေလာက္ၾကာၿပီးေနာက္မွာေတာ့ သူမဟာ ဦးဝဏၰလြင္ဆီကို laptopေပးၿပီး အဆင္ေျပလားၾကည့္ခိုင္းလိုက္သည္။
"ရလား ဘႀကီး"

"ေအ ဘယ္လိုလုပ္လိုက္သလဲ။
ဘာလဲ ညည္းကtranslatorလား..ဘယ္ဆိုးလို႔လဲ"

"ဒီေလာက္ကေတာ့..."လို႔ ေျပာၿပီး သူမဟာ ဦးဝဏၰလြင္ေရွ႕မွာပဲ အေက်ာဆန္႔ကာ "ေအးေဆးပါ" ဟု တိုးတိုးေလးေျပာသည္။ၿပီးေနာက္ laptopကိုျပန္ယူကာ...
"ဘယ္ကို Mailပို႔ရမလဲ"

"အင္း ဒီလိပ္စာပဲ"
ဟုဆိုကာ လက္မွာေရးထားတာကို အေကြးဆီသို႔ ျဖန္႔ျပလိုက္ေတာ့ သူမေလးက Mailပါ တစ္ခါတည္းပို႔ေပးသည္။

"ရၿပီ ဘႀကီး..."

"ေရာ့"

အေကြးဆီသို႔ ကမ္းေပးလာတဲ့ ၁ေသာင္းတန္ႏွစ္႐ြက္ႏွင့္ ၅ေထာင္တန္ တစ္႐ြက္။

"ဝိုးး...တကယ္ေပးတာေနာ္"

"ေနာက္တစ္ခါလည္း ညည္းဆီပဲလာခဲ့မယ္။
ငါလည္း ၿမိဳ႕ထဲမသြားခ်င္တာနဲ႔ အကိုက္ပဲ"

အေကြးဘဝမွာ ဘာသာျပန္လာတဲ့ စာေပါင္းကမနည္းမေနာပါ။သို႔ေသာ္ ဒီတစ္ခါသာ ပိုက္ဆံရဖူးသည္မို႔ အကြး ေတာ္ေတာ္ေလးကို ေပ်ာ္ေနမိသည္။

"ေကာင္းေရ ဒီမွာၾကည့္လိုက္"

"အေကြး ဘာသာျပန္ခရတယ္ဆို"

"၂၅၀၀၀ေတာင္ေနာ္၊ ေနာက္ပိုင္း ေကာင္းကိုငါပဲရွာေကြၽးမယ္။ ေကာင္းက ေက်ာင္းပဲျပန္တတ္လို႔ရတယ္သိလား။"

"အင္းပါ...."

ဒီလိုနဲ႔ သူတို႔ ေနလယ္စာအတြက္ အိမ္မျပန္ပဲ တျခားကေလးေတြနဲ႔ အတူ အေဆာင္ထမင္းေကြၽးသည့္ေနရာမွာပဲ စားလိုက္သည္။ထမင္းစားၿပီးေတာ့ အကုန္လုံးက တေရးတေမာအိပ္သည္မို႔ အေကြးကလည္း ေဘာလုံးကန္တဲ့ ညီမေလးေတြရဲ႕ မိန္းကေလးအေဆာင္ကို လိုက္သြားလိုက္သည္။
ေကာင္းကလည္း သူနဲ႔႐ြယ္တူျဖစ္တဲ့ သူ႔သူငယ္ခ်င္းစြမ္းျပည့္နဲ႔အတူ ပါသြားသည္။

"ညေနခင္းမွာ စြန္လႊတ္တာက အရမ္းေပ်ာ္စရာေကာင္းတယ္ေပါ့..."

"ဒါေပါ့ အမရ။လူေတြအမ်ားႀကီးနဲ႔ ေပ်ာ္စရာႀကီး"

မအိပ္ပဲ အေကြးက ရွမ္းတိုင္းရင္းသူေလးနဲ႔ စကားလက္ဆုံက်ေနသည္။

"စြန္ဘယ္က ရလဲဟင္"

"ကြၽန္မတို႔ သြားဝယ္ဦးမွာ အမလိုခ်င္ရင္မွာလိုက္ေလ"
ဟု ေနာက္တစ္ေယာက္ကေျပာသည္။ဒီေကာင္မေလးရဲ႕စကားေၾကာင့္ အကုန္လုံးက ထ,လာကာ စြန္မွာၾကသည္။

"ဒီမွာက ဒီလိုပဲေလ၊ခိုးထြက္ၿပီး သြားဝယ္ရတယ္။
တစ္ေယာက္ထြက္ရင္ အကုန္လုံးကမွာၾကတာပဲ" ဟု ရွမ္းမေလးက ရွင္းျပတာမို႔ အေကြးမွာ ေခါင္းတၿငိမ့္ၿငိမ္နဲ႔။

"အမကို ၁ေထာင္ဖိုး၊
အယ္ ဒီလိုလုပ္မေနနဲ႔ အကုန္လုံးပိုက္ဆံေတြျပန္ယူလိုက္ၾက အမပဲေပးလိုက္မယ္။ေရာ့ ဒီမွာ ၅ေထာင္ လူေစ့ဝယ္ခဲ့လိုက္။ပိုတာကို ညီမေလးတို႔အတြက္မုန္႔ဝယ္ၿပီး ေဝစားၾကေပါ့"

မိန္းကေလးေဘာလုံးကန္တာက အငယ္ေလးေတြ၁၅ေယာက္ေလာက္သာရွိသည္မို႔ သူတို႔အကုန္လုံးက အေကြးရဲ႕ ရက္ေရာမႈကို ေတာ္ေတာ္ေလးသေဘာက်သြားၾကသည္။ပထမေန႔မွာတင္ အေကြးတို႔ ေတာ္ေတာ္ေလး ရင္းႏွီးသြားၾကသည္။

ညေနပိုင္း သူတို႔ ေလ့က်င့္ၿပီးသည့္အခ်ိန္မွာ ကြင္းထဲကေန သူတို႔ကအေကြးကို လွမ္းေခၚသည္မို႔ အေကြးလည္း ကြင္းထဲသို႔ ခပ္သြက္သြက္ပင္ေလွ်ာက္သြားလိုက္သည္။စိတ္ထဲမွာလည္း ေတာ္ေတာ္ေလးအူျမဴးေနသည္။

"စြန္ေတြျဖတ္ခ်ရမယ္ ဟီးဟီး...."

အေတြးေတြနဲ႔ ၾကည္ႏူးေနတုန္းမွာပဲ ကြင္းစပ္မွာတင္ ေကာင္းက အေကြးေရွ႕ကိုေရာက္လာၿပီး...
"ျပန္ေတာ့မယ္ေလ"

"ဟာ ငါစြန္လႊတ္မလို႔ ဝယ္ထားၿပီးၿပီ၊
ခဏပဲေလ..."

"အင္း လာေလ၊ကြၽန္ေတာ္နဲ႔ လႊတ္ရေအာင္"

အေကြးလက္ကို ဆြဲကာ စြန္လႊတ္ဖို႔ျပင္ေနၾကတဲ့ အငယ္ေတြဆီကိုေလွ်ာက္လာလိုက္သည္။ဒီလူေတြအကုန္လုံးထဲမွာ အေကြးက အသက္ႀကီးဆုံးျဖစ္ေလာက္သည္။ ဒီဘက္Classက အငယ္ေတြၾကည့္မို႔ ေကာင္းနဲ႔ စြမ္းျပည့္ ကလြဲရင္ က်န္တာေတြက အငယ္ေတြျဖစ္၏။

"အမအတြက္" ဆိုၿပီး ရွမ္းမေလးက အပ္ခ်ည္တစ္လုံးနဲ႔ စြန္တစ္ခုလာေပးသည္။ ဒါနဲ႔ အေကြးလည္း ေျမေပၚမွာ ထိုင္ၿပီး စြန္ႀကိဳးတပ္ဖို႔လုပ္ေပးမယ့္ ေကာင္းက သူလုပ္ေပးမယ္ဆိုကာ အစအဆုံးသူကပဲ လုပ္ေပးသြားတာက အခုဆို အေကြးရဲ႕ စြန္က ေကာင္းကင္မွာ ေရာက္ေနၿပီ။

ေတာ္ေတာ္ေလး အျမင့္မို႔ အနီးနားက ကပ္လ်က္ စြန္ကို ျဖတ္ခ်ဖို႔အတြက္ အေကြး ႀကိဳးကို လႈပ္ရွားလိုက္တဲ့အခ်ိန္မွာ....
"မလုပ္ရဘူးေလ အေကြး"

ေကာင္းက အေကြးေနာက္ကေနရပ္ၿပီး အေကြးလက္ထဲက အပ္ခ်ည္လုံးကို ႀကိဳး ၿငိမ္ေအာင္ျပန္ထိန္းသည္။

"ေကာင္းကလည္း ငါကျဖတ္ခ်ခ်င္တာ..."

အေကြး အေနာက္ကိုလွည့္ၿပီး မေက်နပ္သလိုေလးေျပာလိုက္ေတာ့ ေကာင္းက ခပ္ပါးပါးေလးၿပဳံးျပၿပီး......
"ေကာင္းကင္မွာ ေကာင္းကင္စည္းမ်ဥ္းဆိုတာရွိတယ္အေကြးရ၊ အၿမီးမပါတဲ့စြန္ကို ခ်ာရမ္းနဲ႔အတူတူ သေဘာထားၿပီး ျဖတ္ခ်တာမ်ိဳးလုပ္လို႔မရဘူးေလ....အေကြး ေသခ်ာၾကည့္လိုက္ပါဦး။ဒီထဲမွာ ခ်ာရမ္းပါရဲ႕လားလို႔"

ေကာင္းရဲ႕ စကားေၾကာင့္ အေကြးေကာင္းကင္ကို ျပန္ေမာ့ၾကည့္လိုက္ေတာ့ စြန္ေတြအားလုံးက အၿမီးမပါ။သို႔ေသာ္လည္း အေကြးကေတာ့ ျဖတ္ခ်ခ်င္သည္မို႔...
" မသိဘူးဟာ..မဟုတ္ရင္ ဘာလို႔ဇက္ေညာင္းခံၿပီး ေမာ့ၾကည့္ေနမွာလဲ"

ေနာက္ကိုလွည့္ၿပီး အေက်မနပ္ေျပာမိေတာ့ ေကာင္း အေကြးရဲ႕ခႏၶာကိုယ္ကို ေထြးေပြ႕ၿပီး အေကြးရဲ႕ လက္ေတြကို တယုတယနဲ႔ပင္ကိုင္ကာ....
"ေလထဲမွာ ေျမာလႊင့္ေနတဲ့စြန္ကို အေကြးေသခ်ာၾကည့္ပါ....သူကလႈပ္လီလႈပ္လဲ့နဲ႔ ေလဟုန္စီးေနတာ"

ေကာင္းရဲ႕စကားေၾကာင့္ အေကြးေကာင္းကင္ကို ေနာက္တစ္ခါ ျပန္ေမာ့ၾကည့္လိုက္သည္။ဟုတ္ပါရဲ႕ ေကာင္းေျပာသလိုပဲ စြန္ေလးက ၿငိမ္ေနတယ္လို႔ထင္ရေပမယ့္လည္း ေလရဲ႕အဟုန္ေၾကာင့္ လႈပ္ေနသည္ကို ၾကည့္ေနရတာ အို..အေကြးတစ္ခါမွဒီလိုမ်ိဳး မၾကည့္ခဲ့၊မခံစားခဲ့ဖူးပါ။

ေကာင္းကင္ကို ေမာ့ၾကည္ၿပီး ၾကည့္ႏူးေနၾကတဲ့ ေကာင္းတို႔လင္မယားအတြက္ စြမ္းျပည့္က သူ႔ကင္မရာနဲ႔ မွတ္တမ္းတင္ေပးသည္။ဒီပုံေလးဟာ စြမ္းျပည့္႐ိုက္ဖူးသမွ်ထဲမွာ အၾကည္လင္ဆုံးနဲ႔ အသက္ဝင္ဆုံး ပုံေလးျဖစ္သည္။


Ipagpatuloy ang Pagbabasa

Magugustuhan mo rin

6.3K 297 16
A real love with fight
281K 29K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
72.9K 7.6K 31
ပိုင်ချင်းယွီတစ်ယောက် သူဘယ်တော့မှထပ်မဖတ်ချင်တဲ့ ဝတ္ထုထဲကိုကူးပြောင်းလာခဲ့တယ် Gong : မင်းက ငါ့အချစ်ဦးနဲ့ ခွဲချင်နေတယ်ပေါ့မင်းကို သတ်ပစ်မယ် Shou : ငါက...
102K 7.4K 48
It's all about heart touching love story,betrayal & hot love💗............ Karku sake abaku labari