Unicode
_______
စျေးသည် လမ်းဆုံလမ်းခွဆုံရာ အရပ်ဖြစ်သောကြောင့် နေမြင့်သည်တိုင်အောင် လူပွဲမသွားသေး။အသားငါး၊အသီးအရွက်၊သရေစာမုန့်မျိုးစုံမှ စ၍ အထည်အလိပ်၊လူသုံးကုန်အမျိုးမျိုးအထိ ရှိသည်။
စျေးခေါ်သံ စကားပြောသံများဖြင့် ဆူညံနေသည့်ကြားထဲမှာ တိုးကာ လျှိုးကာဖြင့် လိုရာအရပ်ကို သွားနေကြသည့် အရွယ်စုံ ပုံစံစုံ လူများ။တွေ့သမျှလူ လိုက်ငေးနေမိသော သူ့မှာ အတော်မူးနေပြီ။
သွေးပူသွေးလော ပြေးလာခဲ့တုန်းက ဂရုမပြုမိခဲ့သော ဝမ်းဗိုက်သည် အငွေ့တထောင်းထောင်း ထနေသော ပေါက်စီရောင်းသည့် ဆိုင်ရှေ့အရောက်တွင် ဆန္ဒပြတော့သည်။အငွေ့ကြားထဲက ဖြူုဖြူဖွေးဖွေးပေါက်စီလုံးများသည် သူ့ကိုလက်ယပ်ခေါ်နေသယောင်ရှိသည်။
"အဟမ်း လာထားနော်။ပေါက်စီတွေ ရမယ်။နူးနူးညံ့ညံ့အိအိလေး..တစ်ခါစားရုံနဲ့တစ်သက်လုံး ဆွေမျိုးမေ့သွားမယ်နော်။နောက်ကျရင် လက်ဗလာနဲ့ လှည့်ပြန်သွားရမယ်နော်..လာထား...ပေါက်စီတွေ...ပေါက်စီတွေ"
ပါးနပ်သော ဆိုင်ရှင်သည် ရစ်သီ,ရစ်သီလုပ်နေသော ဂျောင်ကုကိုမြင်လျှင် ယခင်ကထက် အရှိန်မြှင့်ကာ ပိုပြီးဖိအော်တော့သည်။
ခက်သည်က သူ့မှာ ပိုက်ဆံတစ်ပြားမှမပါ။အလကား တောင်းစားရအောင်လည်း ဆိုင်ပိုင်ရှင်သည် သူနေ့တိုင်း အနိုင်ကျင့်ဗိုလ်ကျနေသော အထိန်းတော်ကြီးရှောင်းလည်းမဟုတ်ပြန်။ခက်တော့ ခက်ချေပြီ။သို့သော် ထိုမျှလောက်ကို အကြံအဖန်ဂွင်မဖန်တတ်လျှင် ဂျောင်ကုသည် ေဂျာင်ကုဖြစ်နေတော့မည် မဟုတ်။
"ပေါက်စီတစ်လုံး ဘယ်လောက်လဲ "
"ငွေစ ၅စ"
"ဟင်!!စျေးကြီးလိုက်တာ"
"စျေးကြီးရင် မစားနဲ့"
သူ့ရှေ့က ဝယ်သူတစ်ယောက်စ နှစ်ယောက်စသည် မတန်တဆ စျေးကြောင့် မဝယ်ဘဲလှည့်ပြန်သွားကြသည်။ဂျောင်ကု အသာကြည့်နေလိုက်သည်။
သူသည် အိမ်ရှေ့စံမင်းသားတစ်ပါးပင်ဖြစ်သော်လည်း နန်းတော်အပြင်ကို လစ်ရင်လစ်သလို ခိုးထွက်နေကျမို့ ဆီစျေး၊ဆန်စျေးကအစ သိသည်။လောဘကြီးသော ဆိုင်ရှင်ကို နည်းနည်းတော့ ပညာပေးဖို့လိုပြီ။
နဖူးပတ်ပေါ်က ဆံပင်စတွေကိုသိမ်းလိုက်ပြီး လက်နောက်ပစ်ကာ ဆိုင်ရှေ့သို့ မြောက်ကြွ,မြောက်ကြွဖြင့် သွားရပ်လိုက်သည်။
"ဒီမှာ ဒီမှာ ခင်ဗျား ပေါက်စီကို ဘယ်လိုအော်ရောင်းတာ ပြန်အော်ကြည့်စမ်းပါဦး"
ဆိုင်ရှင်က နှာခေါင်းတစ်ချက်ရှုံ့ကာ ဟန်ပါပါဖြင့် နောက်တစ်ကြိမ်ထပ်အော်သည်။
"အဟမ်း...ပေါက်စီတွေ ရမယ်နော်။လာထား..တစ်ခါစားရုံနဲ့တစ်သက်လုံး ဆွေမျိုးမေ့သွားမယ်နော်...."
"တော်...တော် အဲ့ဒီမှာရပ်.."
ဂျောင်ကုက သူလိုချင်သော နေရာသို့ရောက်သောအခါ လက်တစ်ဖက်ကို ကာပြပြီး ရပ်ခိုင်းသည်။ထို့နောက် အငွေ့တထောင်းထောင်း ထနေသည့် အကြီးဆုံးဟု ထင်ရသော ပေါက်စီနှစ်လုံးကို ဦးဦးဖျားဖျားယူလိုက်သည်။
"ခင်ဗျား..ပြောတယ်မဟုတ်လား။တစ်ခါစားရုံနဲ့ တစ်သက်လုံး ဆွေမျိုးမေ့မယ် ဆိုတာ။တကယ်လို့ ကျုပ်စားကြည့်လို့ ကျုပ်အမျိုးတွေကို မမေ့ရင် ခင်ဗျားကို လိမ်လည်မှုနဲ့ တရားရုံးကိုပို့ပစ်မယ်"
သူ့စကားအဆုံး ဆိုင်ရှင်က ပြူးပြူးပြာပြာနှင့် သူ့လက်ထဲကပေါက်စီနှစ်လုံးကို အတင်းပြန်လုပြီး'အရူးလား' ဟူသည့်မျက်နှာပေးဖြင့်ကြည့်သည်။
"ဒါမျိုးက ဒီလိုပဲ ကိုယ့်ပစ္စည်းကို အမွှန်းတင်ပြီးရောင်းရတာပဲလေ။မင်းရူးနေတာလား"
"ရူးနေတာက မတန်တဆရောင်းတဲ့ ခင်ဗျားပဲ ဖြစ်မှာ။ဒီမှာကြည့်.."
အကျီလက်ထဲက တစ်စုံတစ်ခုကို ထုတ်ပြလိုက်သောအခါ ဆိုင်ရှင်သည် ပြူးပြူးပြာပြာဖြင့် ရှိသမျှ ေပါက်စီတွေကို အကုန်ပေးဖို့ပြင်သည်။ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် ဆိုသည်။
"ခွင့်လွှတ်ပေးပါ လူကြီးမင်း၊နောက်တစ်ခါ စျေးတင်မရောင်းတော့ပါဘူး...ခွင့်လွှတ်ပေးပါ"
ဆိုင်ရှင်မြင်လိုက်သော ပစ္စည်းသည် နန်းတွင်းထဲက အရာရှိလူကြီးမင်း တစ်ဦးဦးကိုင်ဆောင်သော တံဆိပ်ပြားဖြစ်လိမ့်မည်။ခေါင်းနဲ့ကိုယ် အိုးစားမကွဲခင် အမိုက်အမဲကို ဗွေမယူဖို့ မြန်မြန် တောင်းပန်ပြီး လာဘ်ထိုးဖို့ကြိုးစားရသည်။
"တော်ပြီ...ကျုပ်က မောင်မင်းကို သနားသောအားဖြင့် ဟောဒီပေါက်စီသုံးလုံးပဲ ယူလိုက်မယ်။မောင်မင်းသာ နောက်တစ်ခါ စျေးတင်မရောင်းနဲ့..ဟုတ်ပြီလား"
ဂျောင်ကုသည် ထိုနေရာကနေ လှည့်ထွက်ခဲ့ပြီး ကိုယ့်လုပ်ရပ် ကိုယ်သဘောကျကာ တခွီခွီနဲ့ သဘောကျလို့မဆုံး တပြုံးပြုံးဖြစ်လျက်ရှိသည်။နူးညံ့ပြီး အိစက်နေသော ထိုပေါက်စီလုံးများကို တန်ဖိုးကြီးရတနာတစ်ခုလို ကာကွယ်ရင်း နှာသီးဖျားတွင် တေ့ကာတစ်ဝကြီး ရှုသွင်းလိုက်သည်။ထို့နောက် စားရချည်သေးရဲ့ ဟု အားရပါးရ ကိုက်မည်အလုပ်....
"ဘုတ် "
"ဟာ"
မြေကြီးကို ပြေးဆင်းသွားသော ထိုပေါက်စီလုံးသည် သူတစ်ယောက်တည်း ခုန်ချသည်ကိုအားမရ။ကျန်သည့် နှစ်လုံးကိုပါ အဖော်ခေါ်ပြီး ခုန်ချသွားသည်။
အကြောင်းမဲ့ ပြုတ်ကျသွားခြင်းတော့ မဟုတ်ပါ။မသမာသူ လက်ချက်ကြောင့် ဖြစ်သည်။အရသာခံခါနီး အဆင်သင့်ဖြစ်နေသော လျှာကိုပင် သူ့မှာပြန်မသိမ်းမိသေး။လွန်စွာမှာ နှမြောတသသော အကြည့်တို့ဖြင့် သူ့မှာရင်ကွဲပက်လက်ဖြစ် ကျန်ခဲ့သည်။
မိမိအနားက လမ်းသွားလမ်းလာ တစ်ချို့ကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံတို့ဖြင့် စူးစမ်းလိုက်လေလျှင် မသက်ာစရာကောင်းသော ထိုသူ။
တွေ့ပါပြီ...ငါးမြှားတံ တကားကားနဲ့ မသိချင်ယောင်ဆောင်ပြီး အေးအေးဆေးဆေး လမ်းလျှောက်နေသော မသမာသူ။ထိုသူသည် နောက်ကိုတစ်ချက်မှ ပြန်မကြည့်။လက်စွဲတော် လက်နက်ဖြစ်သော ငါးမြှားတံကို ပခုံးပေါ်ထမ်းပြီး ဘေးဘီဝဲယာက ဆိုင်တွေကို ငေးနေသည်။
"ဟေ့..ဒီမှာ.. ဒီမှာ"
ဂျောင်ကု အသံကုန်ဟစ်ပြီး ခေါ်တော့ နောက်ကိုဆတ်ကနဲလှည့်ကြည့်သည်။
"အား!"
ဒုတိယ အကြိမ်မြောက် အဆော်ခံလိုက်ရခြင်း။
ဒီတစ်ခါတော့ ပေါက်စီမဟုတ်တော့။သူ့ခေါင်းပေါ်က ဆံပင်တစ်ချို့ဖြစ်သည်။သနားစရာဆံပင်လေးများသည် ငါးမြှားချိတ်မှာ ကားယားကလေး ပါသွားသည်။
"သေပါပြီ..အား..ကျုပ်ဆံပင်တွေ"
ဂျောင်ကု၏ မချိမဆန့်အော်သံကြောင့် ထိုသူက မျက်လုံးတွေ ဝိုင်းသွားပြီး ငါးမြှားချိတ်ကို လာဖြုတ်ပေးသည်။ဆံပင်မွှေး တစ်မွှေးစ နှစ်မွှေးစကတော့ ကျွတ်ပါသွားလေပြီ။
"ဒီလောက် လူသွားလူလာ များတဲ့လမ်းမှာ ငါးမြှားတံကြီး တကားကားနဲ့...အကုန်လုံး ငြိကုန်ပြီ။ကျုပ်မုန့်တွေ အကုန်မြေကြီးပေါ် ပြုတ်ကျသွားပြီ ပြန်လျော်ပေး"
ဆော့ဂျင် သူ့မျက်စိရှေ့က ကောင်လေးကိုကြည့်လိုက်သည်။အကျီအရောင် မွဲခြောက်ခြောက်နှင့်မလိုက်ဖက်စွာ နုပျိုနေသော မျက်နှာ။နှာခေါင်းလုံးလုံး၊ရှေ့သွားနှစ်ချောင်းက ကြီးကြီးဖြင့် အသားကုန်အော်ဟစ်ပြီး နှုတ်ခမ်းထော်ရန်တွေ့နေသော ေကာင်လေး။
လွန်ရှိမှ အသက် ၂၀ကေျာ်ရုံလောက်ပဲရှိဦးမည်။အသက်အရွယ်နှင့် စကားနဲ့က မလိုက်အောင် ဒင်းက ရန်တွေ့ကြမ်းလွန်းသည်။
"ဟေ့ကောင်လေး..ငါ့နောက်စိမှာ မျက်လုံးမပါဘူးကွ။မင်းကို ဘယ်လိုလုပ် မြင်မလဲ။မျက်လုံးပါတဲ့ မင်းကရှောင်လေ"
တစ်သက်လုံး သူများတကာအပေါ် လက်တစ်လုံးခြား မလိမ့်တပတ်လုပ်လာသော ဂျွန်ဂျောင်ကုသည် သူ့ရှေ့က နှုတ်ခမ်းမွှေးစစနဲ့လူကြောင့် ပြောစရာစကား ပျောက်ဆုံးသွားသည်။မသိရင် ကိုယ်ကပဲ သူ့ငါးမြှားချိတ်ကို တည့်တည့်ဝင်တိုးသလိုမျိုး။
"ခင်ဗျား အဲ့ဒီလိုတော့ မတရားမပြောနဲ့လေ။ခင်ဗျားသာ သတိထားပြီး သွားရင် ချိတ်မိမလား။မရဘူး....ကျုပ်မုန့်တွေပြန်လျော်ပေး"
"မပေးဘူးကွာ"
"မပေးရင် ကျုပ်အကြောင်းသိမယ်"
ဂျောင်ကု၏ ဒေါသများတစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်သွားရကာ ထိုသူ့လက်ထဲက ငါးမြှားတံကို အတင်းဝင်လုတော့သည်။သူ့အကြံအစည်က အပိုင်းပိုင်းချိုးပြီး ဖျက်ဆီးပစ်ဖို့။
"ဟေ့ကောင် ငါ့ငါးမြှားတံကို မထိနဲ့"
"ကျုပ်မုန့်တွေပြန်လျော်ပေးရင် မထိဘူး"
ဆော့ဂျင်က သူပိုင်ဆိုင်သော တစ်ခုတည်းသော ငါးမြှားတံလေးကို ထိုကောင်စုတ်လေး ရန်က အသည်းအသန်ကာကွယ်သည်။ဆွဲလုမရသည့်အဆုံး ဆွဲမိဆွဲရာ ဆွဲလိုက်တော့ သူ့လက်ထဲ ဆံပင်မွှေးအချို့ပါလာသည်။
"အ့ သေပါပြီ ကျုပ်ဆံပင်တွေ ကုန်ပြီ"
ကောင်လေး၏ အော်သံအဆုံးမှာ သူ့ခေါင်းပေါ်ဆံပင်တစ်ချို့လည်း ထိုကောင်လေးလက်ထဲ ပါသွားရပြန်သည်။
"မင်း ငါ့ဆံပင်တွေကို မဆွဲနဲ့"
"ေဟ့ လုပ်ကြပါဦး။ဆွဲကြပါဦး ဒီမှာရန်ဖြစ်နေကြတယ်"
"အဲ့တာ ကင်ဆော့ဂျင်မလား။ငါးလာ လာပို့တဲ့ကလေးလေ"
"ဟုတ်တယ် ။ဒီဘက်က ကလေးကိုတော့ တစ်ခါမှမမြင်ဖူးဘူး"
သူတို့နှစ်ယောက်လုံး ခေါင်းချင်းဆိုင်ပြီး တစ်ယောက်ဆံပင်တွေကို တစ်ယောက်ဆုပ်ထားတုန်းဖြစ်သည်။ဘယ်သူ့ဘက်ကမှ စပြီးအလျှော့ပေးမည့်ပုံမပေါ်။ဒီပုံအတိုင်းဆို နှစ်ယောက်လုံး ဆံပင်မွှေးတွေအကုန်ပြောင်ပြီး ကတုံးဘဝရောက်မှ လက်လျှော့မည့်ပုံပေါ်သည်။
"ခင်ဗျား လွှတ်နော်"
"မင်း အရင်လွှတ်မှ လွှတ်မယ်"
ခေါင်းတွေလည်း ကျိန်းစပ်နေပြီ။စျေးထဲက ဆော့ဂျင်နှင့်အသိ အဒေါ်ကြီးများက ဝိုင်းအုံလာကြသဖြင့် ရှက်ရှက်နှင့်ပင် ထိုကောင်လေး၏ ဆံပင်တွေကိုဆွဲထားမိတုန်း။
"ဟဲ့ ဆွဲကြစမ်း...ဖယ်...တော်တော့.. "
နောက်ဆုံး ပတ်ဝန်းကျင်က စျေးသည်များ၏ ကောင်းမှုကိုအကြောင်းပြု၍ သူတို့နှစ်ယောက်၏ ရန်ပွဲအဆုံးသတ်သွားသည်။ရလာဒ်က အနိုင်အရှုံးမရှိ၊သရေ။
ဂျောင်ကု မျက်ရည်ဝဲချင်လာသည်။ခေါင်းက ဆံပင်တွေထောင်ထ နေသည်ဟုခံစားရသည်။မုန့် အလျော်မရသည့်အပြင် ဆံပင်တွေပါအဆစ်ပါသွားသည်။ထိုလူက မိမိထက်အသက်ကြီးပုံပေါ်သော်လည်း နည်းနည်းလေးတောင် အလျော့မပေး။
စျေးထဲ အေးအေးဆေးဆေး ပတ်မည်ဟု ကြံစည်ထားသော အကြံအစည်တွေ ထိုသူ့ကြောင့်လွင့်ပြယ်ကုန်ြပီ။ပြဿနာသည် ဂျောင်ကုကိုရှာလေပြီ။လွယ်လွယ်နှင့် အလျော့ပေးတတ်လျှင် ဂျွန်ဂျောင်ကုပီသတော့မည် မဟုတ်ချေ။
ခင်ဗျားတော့ လူမှားရှုပ်မိပြီ။
အခုအချိန်က စပြီး ရေမြေအဆုံးအထိ ခင်ဗျားကို စိတ်ဒုက္ခလိုက်ပေးဖို့က ကျုပ်တာဝန်။ခင်ဗျား လွတ်အောင်သာ ပြေးတော့။
᪥ ~ ᪥ ~ ᪥
"ဟူး..အခုမှပဲ အပူသက်သာတော့တယ်"
ညနေ နေစောင်းကာနီးပြီမို့ တစ်နေ့လုံး အရှိန်ပြင်းပြင်းနှင့် ပူထားသော နေသည် အပူချိန်လျော့သွားလေပြီ။
အိမ်ရောက်ဖို့က သိပ်မလိုတော့။ငါးမျှားတံကို ပခုံးပေါ်ထမ်းရင်း တောလမ်းကလေး အတိုင်း ခပ်ဖြေးဖြေးလျှောက်လာခဲ့သည်။ငါးမျှားတံသည် ကင်ဆော့ဂျင်၏ မရှိမဖြစ် လက်စွဲတော်ဟု ပြောလို့ရသည်။
နှစ်ပေါင်းများစွာ ကိုင်ခဲ့သော ထိုငါးမျှားတံလေးကို အသစ်တောင် သူမလဲခဲ့။ချိတ်တွေ ကြိုးတွေသာအမျိုးမျိုးပြောင်းခဲ့ပေမယ့် ကိုယ်ထည်ကတော့ မူလအတိုင်း ပုံစံမပျက်ရှိနေသေးသည်။သံယောဇဥ်ကြီးလွန်းသော ထိုငါးမြှားတံလေးကို မြို့ပေါ်သွားသည့်အခါတိုင်း ယူလာနေကျဖြစ်သည်။
နေ့လည်က ငါးဖိုးရောင်းရငွေ တစ်ချို့ကို စိတ်ထဲမှာ ခွဲတမ်းချလိုက်ရင်း သူ့အတွေးနဲ့ သူပျော်နေသည်။မြစ်ကမ်းဘေးမှာ ငါးလေးမြှားလိုက်၊ရာသီပေါ်သီးနှံလေးတွေစိုက်လိုက်နှင့် မြေးအဘွားနှစ်ယောက်တည်းသာ ရှိသော ဆော့ဂျင်ဘဝသည် အတော်လေးကို အေးချမ်း သာယာသည်ဟု ပြောလို့ရသည်။
ယနေ့မူကား ထိုကံကောင်းခြင်းများသည် အဆုံးသတ်ဖို့ အချိန်အခါသင့်ပြီ ထင်သည်။
"ဟေ့ကောင်လေး သွား..ပြန်"
စျေးထဲမှာ ရန်ဖြစ်ခဲ့သော ကောင်လေးသည် သူ့နောက်တကောက်ကောက် လျှောက်လိုက်နေသောကြောင့်ဖြစ်သည်။ထိုကောင်လေးက ချော့မရ ခြောက်မရဖြင့် အရိပ်လိုလိုက်ကပ်သည်။ သူရပ်လျှင်ရပ်၊သူသွားလျှင်သွားနှင့် ယခုမူအိမ်နားအထိတောင် ရောက်လာပြီဖြစ်သည်။
"မင်းမှာ နားမပါဘူးလား။သွား...ပြန်"
မျက်ခြေဖြတ်ထားပစ်ခဲ့လို့လည်း မရ။အနှီကောင်လေးသည် လမ်းကြောင်းကိုလည်း ကျွမ်းကျင်နေပုံရသည်။ဘယ်လိုမှ ချော့မရခြောက်မရသည့်အဆုံး လမ်းဘေးက ခဲလုံးလေးတွေကို လက်တစ်ဆုပ်စာရအောင် ကြုံးလိုက်ပြီး ကောင်လေး၏ ဘေးပတ်ဝန်းကျင်ကို ခြောက်လှန့်ပစ်လိုက်သည်။
"ပြန်...ငါ့နောက်လိုက်မလာနဲ့"
ဂျောင်ကုက သူ့ဘေးနား ပလူပျံကျလာသည့် မြေကြီးခဲလေးတွေကို မထိအောင် ရှောင်သည်။သူ့ရည်ရွယ်ချက်က ထိုလူကြီးအိမ်ကိုရောက်အောင် လိုက်ပြီး မွှေဖို့။မုန့်တွေ ပြန်လျော်မပေးသည့်အပြင် ဆံပင်တွေကိုပါ ကျွတ်အောင်ဆွဲသော ထိုလူသည် တာဝန်မဲ့လွန်းဟု ထင်သည်။
မွှေစရာတစ်ခုမဟုတ် တစ်ခုရှိမှ နေသာထိုင်သာ ရှိသော ဂျောင်ကုလို အမွှေစိန်ကိုမှ တည့်တည့် လာတိုးသည့် ထိုလူကြီး၏ ကံကြမ္မာသည် ယနေ့ကစပြီး အညံ့ဇာတာထဲ ရောက်ပြီထင်သည်။
ဂျောင်ကု တစ်ချက်ခိုးပြုံးလိုက်ရင်း ခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။
ဂျိုဆွန်းရဲ့ အိမ်ရှေ့စံမင်းသားလေးက ယခုလိုမျိုး တံငါသည်လေးတစ်ယောက်နောက်ကို ကောက်ကောက်ပါအောင် လိုက်နေသည့်အကြောင်းကို ခမည်းတော် ၊မယ်တော်တို့သာ သိသွားလျှင် ရင်ကွဲနာကျနိုင်ဖွယ်ရှိသည်။
"မင်းနော်...မိုးချုပ်တော့မယ်။သွားစမ်း...ကိုယ့်အိမ်ကိုယ်ပြန်"
ဆော့ဂျင် စိတ်တိုတိုနဲ့ ပိတ်အော်လိုက်သည်။နေ့လည်က စွာကျယ်,စွာကျယ်နဲ့ ရန်ဖြစ်ခဲ့တာ သူမဟုတ်သည့်အတိုင်း။မအူမလည်ရုပ်ဖမ်းနေသော ထိုကောင်လေးကို ကိုင်ဆောင့်ပစ်ချင်သည်။ဘယ်လိုအလေအလွင့် အပေအတေလေးလည်းတော့ မပြောတတ်။အကြောတင်းတာတော့ သေချာသည်။
ခြေသံ မကြားလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ထိုကောင်လေး၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့။ကြည့်ရတာတော့ အသိတရားဝင်ပြီး အိမ်ပြန်သွားပြီထင်သည်။
ထိုကဲ့သို့သော ကောင်ဆိုးလေးတွေကို ဂျိုဆွန်း၏ လူစည်ကားသော နေရာအတော်များများမှာ တွေ့ရတတ်သည်မို့ ဆော့ဂျင်အဖို့ သိပ်တော့မထူးဆန်း။မုန့်စားချင်လို့ ဂွင်အမျိူးမျိုးဖန်သော ကောင်လေးများဖြစ်သည်။
တစ်ချို့ကောင်လေးတွေဆို ထိုအဆင့်ထက်ပင် ကျော်လွန်ကာ ခါးပိုက်နှိုက်၊သူခိုးလေးတွေအဖြစ် ကျင်လည်ကျက်စားကြသည်။
သို့သော် အနှီကောင်လေး၏ ရုပ်ရည်ရူပကာကတော့ အတော်လေးသန့်သန့်ပြန့်ပြန့်ရှိသည်။လက်ကလေးတွေဆို နေရောင်ခြည် သိပ်မထိဖူးသလိုမျိုး နုနုဖတ်ဖတ်ကလေးတွေဖြစ်သည်။မသိရင် မျိုးရိုးမြင့်တော်ဝင် မိသားစုက သခင်လေးတွေလိုမျိုး ရုပ်ချောလေးဖြစ်သည်။ရုပ်လေးက သနားကမားပေမယ့်လို့ အကျင့်မကောင်းတာတော့ ဆိုးသည်။
"မြေးရယ် နောက်ကျလိုက်တာ။အဘွားမှာ စိတ်ပူနေရတယ်"
"ဘာမှ မဖြစ်ဘူး အဘွား"
စိတ်ပူနေသော အဘွားကို ပြန်ဖြေလိုက်ရင်း
အိမ်အတက်အဆင်းမှာ ခြေထောက်နှစ်ဖက်ကို ချလိုက်ပြီး ဖိနပ်တွေ ခြေအိတ်တွေအကုန်ချွတ်ပစ်လိုက်သည်။လက်စွဲတော် ငါးမြှားတံကိုလည်း အိမ်နံရံမှာ သပ်သပ်ရပ်ရပ်ထောင်ထား လိုက်သည်။
"ဟော..သူလေးက ဘယ်သူလေးလဲ"
တစ်နေ့လုံး ပင်ပန်းလာခဲ့သမျှ အိပ်ရာပေါ် ပစ်လှဲမလို့ကြံစဥ် အဘွားဖြစ်သူ၏ နောက်ဆက်တွဲ စကားကြောင့် ဆော့ဂျင် ခေါင်းနပန်းကြီးသွားသည်။
ဟိုက်...ဒင်းက အိမ်အထိတောင် လိုက်လာတယ်။
"ကျွန်တော်လည်း မသိဘူး အဘွား။တစ်နေ့လုံး နောက်ကနေ တကောက်ကောက်လိုက်နေတာ"
သူ အဘွားကိုပြန်ဖြေရင်း တစ်ဆက်တည်းမှာပင် အိမ်နံရံက ထောင်ထားတဲ့ ငါးမြှားတံကို ပြေးဆွဲလိုက်ရင်း ကောင်လေးမျက်နှာ တည့်တည့်ကိုရွယ်ထားလိုက်သည်။
"မင်း တော်တော်နားပေတဲ့ ကောင်လေးပါလား။ဒီတစ်ခါဆို မင်းဆံပင်တင်မဟုတ်ဘူး။တစ်ကိုယ်လုံးပါအောင် ချိတ်ပြီး ဟောဟိုက မြစ်ထဲကိုသွားချပစ်မယ်သိလား...သွား..ပြန်ပေတော့"
ထိုအခိုက် တစ်လျှောက်လုံး တုံဏှိဘာဝေ လုပ်လာသော ကောင်လေးသည် မျက်လုံးလေးပြူးကာ မျက်နှာငယ်လေးဖြင့် မဝံ့မရဲ တိုးတိုးလေးဆိုသည်။
"ကျွန်တော်ဘယ်ပြန်ရမှန်းမသိလို့ပါ။အဖေတွေ အမေတွေကိုလည်း မမှတ်မိတော့ဘူး။မြို့ပေါ်ကို သားအဖသုံးယောက် တက်လာရင်းကနေ လမ်းမှာ လူချင်းကွဲသွားပြီး ချောက်ထဲကို ချော်ကြသွားတာ။နိုးလာတော့ ခေါင်းနောက်မှာသွေးတွေနဲ့ ဘာမှကို မမှတ်မိတော့ဘူး"
တခြားသူများအဖို့ ဤစကားသည် ကရုဏာသက်ချင်စရာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ဆော့ဂျင်အဖို့တော့ ခြေဖဝါးကို ကလိထိုးရယ်တာထက်ပင် ရယ်စရာကောင်းတော့သည်။အတိတ်မေ့တဲ့သူက ရန်ဖြစ်တဲ့နေရာမှာတော့ ဆရာတစ်ဆူဖြစ်သည်။
"မင်းအပိုတွေပြောမနေနဲ့။ကလိမ်ကကျစ်နဲ့ ငါ..လုပ်လိုက်ရ "
ဆော့ဂျင် အိမ်အောက်ကိုပြေးဆင်းဖို့အလုပ် အဘွားက လက်ဦးမှုယူကာ ထိုကောင်လေးလက်ကိုသွားဆွဲသည်။
"ကင်ဆော့ဂျင်ရယ်.. နင့်မလည်း ကြမ်းတမ်းလိုက်တာ။ကလေးက စိတ်နောက်နေတာဖြစ်မှာ။နေကောင်းတဲ့သူလည်း မဟုတ်ဘူး။နည်းနည်းပါးပါး အကြင်နာတရားရှိစမ်းပါအေ"
အဘွားက မျက်စောင်းတထိုးထိုးဖြင့် ထိုကောင်လေးကိုပင် ကာကွယ်ပေးလိုက်သေးသည်။ထိုအခါမျက်နှာကို ပိုငုံ့ကာ အလွန်ညှိုးငယ်သောအသံလေးဖြင့် ဆိုလာသော စကားတို့ကြောင့် ဆော့ဂျင်တစ်ယောက် မျက်လုံးပြူးသွားသည်။
"အဘွားမြေးက ကုကီး ရှိနေတာကို မလိုလားဘူးထင်ပါတယ်။ကိုယ့်ဘဝနဲ့ ကိုယ်ပဲရှိပါစေတော့။ဘာဖြစ်ဖြစ်ပါ။သွားပါတော့မယ် စိတ်ဖြောင့်ဖြောင့်နဲ့ နေရစ်ခဲ့ပါ။တစ်ချိန်ချိန်မှာ ပြန်မတွေ့ဖြစ်ခဲ့ရင်တောင် အဘွားအိမ်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာခဲ့တဲ့ ကုကီး ဆိုတဲ့ကောင်လေးကို အမှတ်ရနေပေးပါ "
အမယ်လေးလေ..အတိတ်မေ့တဲ့ ကောင်က ကိုယ့်နာမည်တော့ ကိုယ်မှတ်မိသား..အဟက်။
"သူ့ကို ဂရုမစိုက်မနေနဲ့ ငါ့မြေး။ဒင်းက တစ်နေ့တစ်နေ့ ငါးမြှားဖို့လောက်ပဲ သိတာ။ဒေါသအိုးဆိုတာ သူပဲ။လာ...အဘွားရှိတယ်..မကြောက်နဲ့ "
ထိုစကားအဆုံး ခေါင်းငုံ့နေရာမှ အနည်းငယ်မော့လာကာ အဘွားမသိအောင် မျက်စိတစ်ဖက်မှိတ်ပြသွားသော ကောင်လေးကို ကြည့်ရင်း ဆော့ဂျင် ပါးစပ်အဟောင်းသားနှင့်ဖင်ထိုင်ရက်သား လဲကျသွားသည်။သူရင်ဆိုင်ရမည့် ရန်သူသည် ပေါ့သေးသေးတော့မဟုတ်။ဖြူစင်ရိုးသားချင်ယောင်ဆောင်ထားသည့် လူဆိုးကလေးဖြစ်သည်။
"ဟဲ့ ဆော့ဂျင်ရေ အဲ့ဒီမှာ ငေးငိုင်မနေနဲ့ဦး။ရေသွားချိုးပြီးရင် ထမင်းပွဲပြင်လိုက်။ဒီကလေးဖို့ပါ တစ်ယောက်စာ ပိုပြင်လိုက်"
အဘွား၏ အသံအဆုံးမှာ သူထိုင်နေသည့် နေရာတစ်ခုတည်းကွက်ပြီး မိုးကြိုးပစ်ပြီး လေဆင်နှာမောင်း တစ်ခုတိုက်ခတ်သွားသည်ဟု ခံစားလိုက်ရတော့သည်။
~~~~~~~~~~~~~~~~~//~~~~~~~~~~~~
Thanks for reading & voting
Riona🌼
..
..
..
..
Zawgyi
_______
ေစ်းသည္ လမ္းဆုံလမ္းခြဆုံရာ အရပ္ျဖစ္ေသာေၾကာင့္ ေနျမင့္သည္တိုင္ေအာင္ လူပြဲမသြားေသး။အသားငါး၊အသီးအ႐ြက္၊သေရစာမုန္႔မ်ိဳးစုံမွ စ၍ အထည္အလိပ္၊လူသုံးကုန္အမ်ိဳးမ်ိဳးအထိ ႐ွိသည္။
ေစ်းေခၚသံ စကားေျပာသံမ်ားျဖင့္ ဆူညံေနသည့္ၾကားထဲမွာ တိုးကာ လွ်ိဳးကာျဖင့္ လိုရာအရပ္ကို သြားေနၾကသည့္ အ႐ြယ္စုံ ပုံစံစုံ လူမ်ား။ေတြ႕သမွ်လူ လိုက္ေငးေနမိေသာ သူ႕မွာ အေတာ္မူးေနၿပီ။
ေသြးပူေသြးေလာ ေျပးလာခဲ့တုန္းက ဂ႐ုမျပဳမိခဲ့ေသာ ဝမ္းဗိုက္သည္ အေငြ႕တေထာင္းေထာင္း ထေနေသာ ေပါက္စီေရာင္းသည့္ ဆိုင္ေ႐ွ႕အေရာက္တြင္ ဆႏၵျပေတာ့သည္။အေငြ႕ၾကားထဲက ျဖဴုျဖဴေဖြးေဖြးေပါက္စီလုံးမ်ားသည္ သူ႕ကိုလက္ယပ္ေခၚေနသေယာင္႐ွိသည္။
"အဟမ္း လာထားေနာ္။ေပါက္စီေတြ ရမယ္။ႏူးႏူးညံ့ညံ့အိအိေလး..တစ္ခါစား႐ုံနဲ႔တစ္သက္လုံး ေဆြမ်ိဳးေမ့သြားမယ္ေနာ္။ေနာက္က်ရင္ လက္ဗလာနဲ႔ လွည့္ျပန္သြားရမယ္ေနာ္..လာထား...ေပါက္စီေတြ...ေပါက္စီေတြ"
ပါးနပ္ေသာ ဆိုင္႐ွင္သည္ ရစ္သီ,ရစ္သီလုပ္ေနေသာ ေဂ်ာင္ကုကိုျမင္လွ်င္ ယခင္ကထက္ အ႐ွိန္ျမႇင့္ကာ ပိုၿပီးဖိေအာ္ေတာ့သည္။
ခက္သည္က သူ႕မွာ ပိုက္ဆံတစ္ျပားမွမပါ။အလကား ေတာင္းစားရေအာင္လည္း ဆိုင္ပိုင္႐ွင္သည္ သူေန႔တိုင္း အႏိုင္က်င့္ဗိုလ္က်ေနေသာ အထိန္းေတာ္ႀကီးေ႐ွာင္းလည္းမဟုတ္ျပန္။ခက္ေတာ့ ခက္ေခ်ၿပီ။သို႔ေသာ္ ထိုမွ်ေလာက္ကို အၾကံအဖန္ဂြင္မဖန္တတ္လွ်င္ ေဂ်ာင္ကုသည္ ေဂ်ာင္ကုျဖစ္ေနေတာ့မည္ မဟုတ္။
"ေပါက္စီတစ္လုံး ဘယ္ေလာက္လဲ "
"ေငြစ ၅စ"
"ဟင္!!ေစ်းႀကီးလိုက္တာ"
"ေစ်းႀကီးရင္ မစားနဲ႔"
သူ႕ေ႐ွ႕က ဝယ္သူတစ္ေယာက္စ ႏွစ္ေယာက္စသည္ မတန္တဆ ေစ်းေၾကာင့္ မဝယ္ဘဲလွည့္ျပန္သြားၾကသည္။ေဂ်ာင္ကု အသာၾကည့္ေနလိုက္သည္။
သူသည္ အိမ္ေ႐ွ႕စံမင္းသားတစ္ပါးပင္ျဖစ္ေသာ္လည္း နန္းေတာ္အျပင္ကို လစ္ရင္လစ္သလို ခိုးထြက္ေနက်မို႔ ဆီေစ်း၊ဆန္ေစ်းကအစ သိသည္။ေလာဘႀကီးေသာ ဆိုင္႐ွင္ကို နည္းနည္းေတာ့ ပညာေပးဖို႔လိုၿပီ။
နဖူးပတ္ေပၚက ဆံပင္စေတြကိုသိမ္းလိုက္ၿပီး လက္ေနာက္ပစ္ကာ ဆိုင္ေ႐ွ႕သို႔ ေျမာက္ႂကြ,ေျမာက္ႂကြျဖင့္ သြားရပ္လိုက္သည္။
"ဒီမွာ ဒီမွာ ခင္ဗ်ား ေပါက္စီကို ဘယ္လိုေအာ္ေရာင္းတာ ျပန္ေအာ္ၾကည့္စမ္းပါဦး"
ဆိုင္႐ွင္က ႏွာေခါင္းတစ္ခ်က္႐ႈံ႕ကာ ဟန္ပါပါျဖင့္ ေနာက္တစ္ႀကိမ္ထပ္ေအာ္သည္။
"အဟမ္း...ေပါက္စီေတြ ရမယ္ေနာ္။လာထား..တစ္ခါစား႐ုံနဲ႔တစ္သက္လုံး ေဆြမ်ိဳးေမ့သြားမယ္ေနာ္...."
"ေတာ္...ေတာ္ အဲဲ႕ဒီမွာရပ္.."
ေဂ်ာင္ကုက သူလိုခ်င္ေသာ ေနရာသို႔ေရာက္ေသာအခါ လက္တစ္ဖက္ကို ကာျပၿပီး ရပ္ခိုင္းသည္။ထို႔ေနာက္ အေငြ႕တေထာင္းေထာင္း ထေနသည့္ အႀကီးဆုံးဟု ထင္ရေသာ ေပါက္စီႏွစ္လုံးကို ဦးဦးဖ်ားဖ်ားယူလိုက္သည္။
"ခင္ဗ်ား..ေျပာတယ္မဟုတ္လား။တစ္ခါစား႐ုံနဲ႔ တစ္သက္လုံး ေဆြမ်ိဳးေမ့မယ္ ဆိုတာ။တကယ္လို႔ က်ဳပ္စားၾကည့္လို႔ က်ဳပ္အမ်ိဳးေတြကို မေမ့ရင္ ခင္ဗ်ားကို လိမ္လည္မႈနဲ႔ တရား႐ုံးကိုပို႔ပစ္မယ္"
သူ႕စကားအဆုံး ဆိုင္႐ွင္က ျပဴးျပဴးျပာျပာႏွင့္ သူ႕လက္ထဲကေပါက္စီႏွစ္လုံးကို အတင္းျပန္လုၿပီး'အ႐ူးလား' ဟူသည့္မ်က္ႏွာေပးျဖင့္ၾကည့္သည္။
"ဒါမ်ိဳးက ဒီလိုပဲ ကိုယ့္ပစၥည္းကို အမႊန္းတင္ၿပီးေရာင္းရတာပဲေလ။မင္း႐ူးေနတာလား"
"႐ူးေနတာက မတန္တဆေရာင္းတဲ့ ခင္ဗ်ားပဲ ျဖစ္မွာ။ဒီမွာၾကည့္.."
အက်ီလက္ထဲက တစ္စုံတစ္ခုကို ထုတ္ျပလိုက္ေသာအခါ ဆိုင္႐ွင္သည္ ျပဴးျပဴးျပာျပာျဖင့္ ႐ွိသမွ် ေပါက္စီေတြကို အကုန္ေပးဖို႔ျပင္သည္။ပါးစပ္ကလည္း တတြတ္တြတ္ျဖင့္ ဆိုသည္။
"ခြင့္လႊတ္ေပးပါ လူႀကီးမင္း၊ေနာက္တစ္ခါ ေစ်းတင္မေရာင္းေတာ့ပါဘူး...ခြင့္လႊတ္ေပးပါ"
ဆိုင္႐ွင္ျမင္လိုက္ေသာ ပစၥည္းသည္ နန္းတြင္းထဲက အရာ႐ွိလူႀကီးမင္း တစ္ဦးဦးကိုင္ေဆာင္ေသာ တံဆိပ္ျပားျဖစ္လိမ့္မည္။ေခါင္းနဲ႔ကိုယ္ အိုးစားမကြဲခင္ အမိုက္အမဲကို ေဗြမယူဖို႔ ျမန္ျမန္ ေတာင္းပန္ၿပီး လာဘ္ထိုးဖို႔ႀကိဳးစားရသည္။
"ေတာ္ၿပီ...က်ဳပ္က ေမာင္မင္းကို သနားေသာအားျဖင့္ ေဟာဒီေပါက္စီသုံးလုံးပဲ ယူလိုက္မယ္။ေမာင္မင္းသာ ေနာက္တစ္ခါ ေစ်းတင္မေရာင္းနဲ႔..ဟုတ္ၿပီလား"
ေဂ်ာင္ကုသည္ ထိုေနရာကေန လွည့္ထြက္ခဲ့ၿပီး ကိုယ့္လုပ္ရပ္ ကိုယ္သေဘာက်ကာ တခြီခြီနဲ႔ သေဘာက်လို႔မဆုံး တျပဳံးျပဳံးျဖစ္လ်က္႐ွိသည္။ႏူးညံ့ၿပီး အိစက္ေနေသာ ထိုေပါက္စီလုံးမ်ားကို တန္ဖိုးႀကီးရတနာတစ္ခုလို ကာကြယ္ရင္း ႏွာသီးဖ်ားတြင္ ေတ့ကာတစ္ဝႀကီး ႐ႈသြင္းလိုက္သည္။ထို႔ေနာက္ စားရခ်ည္ေသးရဲ႕ ဟု အားရပါးရ ကိုက္မည္အလုပ္....
"ဘုတ္ "
"ဟာ"
ေျမႀကီးကို ေျပးဆင္းသြားေသာ ထိုေပါက္စီလုံးသည္ သူတစ္ေယာက္တည္း ခုန္ခ်သည္ကိုအားမရ။က်န္သည့္ ႏွစ္လုံးကိုပါ အေဖာ္ေခၚၿပီး ခုန္ခ်သြားသည္။
အေၾကာင္းမဲ့ ျပဳတ္က်သြားျခင္းေတာ့ မဟုတ္ပါ။မသမာသူ လက္ခ်က္ေၾကာင့္ ျဖစ္သည္။အရသာခံခါနီး အဆင္သင့္ျဖစ္ေနေသာ လွ်ာကိုပင္ သူ႕မွာျပန္မသိမ္းမိေသး။လြန္စြာမွာ ႏွေျမာတသေသာ အၾကည့္တို႔ျဖင့္ သူ႕မွာရင္ကြဲပက္လက္ျဖစ္ က်န္ခဲ့သည္။
မိမိအနားက လမ္းသြားလမ္းလာ တစ္ခ်ိဳ႕ကို မီးဝင္းဝင္းေတာက္ေနသည့္ မ်က္လုံးအစုံတို႔ျဖင့္ စူးစမ္းလိုက္ေလလွ်င္ မသက္ာစရာေကာင္းေသာ ထိုသူ။
ေတြ႕ပါၿပီ...ငါးျမႇားတံ တကားကားနဲ႔ မသိခ်င္ေယာင္ေဆာင္ၿပီး ေအးေအးေဆးေဆး လမ္းေလွ်ာက္ေနေသာ မသမာသူ။ထိုသူသည္ ေနာက္ကိုတစ္ခ်က္မွ ျပန္မၾကည့္။လက္စြဲေတာ္ လက္နက္ျဖစ္ေသာ ငါးျမႇားတံကို ပခုံးေပၚထမ္းၿပီး ေဘးဘီဝဲယာက ဆိုင္ေတြကို ေငးေနသည္။
ြ"ေဟ့..ဒီမွာ.. ဒီမွာ"
ေဂ်ာင္ကု အသံကုန္ဟစ္ၿပီး ေခၚေတာ့ ေနာက္ကိုဆတ္ကနဲလွည့္ၾကည့္သည္။
"အား!"
ဒုတိယ အႀကိမ္ေျမာက္ အေဆာ္ခံလိုက္ရျခင္း။
ဒီတစ္ခါေတာ့ ေပါက္စီမဟုတ္ေတာ့။သူ႕ေခါင္းေပၚက ဆံပင္တစ္ခ်ိဳ႕ျဖစ္သည္။သနားစရာဆံပင္ေလးမ်ားသည္ ငါးျမႇားခ်ိတ္မွာ ကားယားကေလး ပါသြားသည္။
"ေသပါၿပီ..အား..က်ဳပ္ဆံပင္ေတြ"
ေဂ်ာင္ကု၏ မခ်ိမဆန္႔ေအာ္သံေၾကာင့္ ထိုသူက မ်က္လုံးေတြ ဝိုင္းသြားၿပီး ငါးျမႇားခ်ိတ္ကို လာျဖဳတ္ေပးသည္။ဆံပင္ေမႊး တစ္ေမႊးစ ႏွစ္ေမႊးစကေတာ့ ကြၽတ္ပါသြားေလၿပီ။
"ဒီေလာက္ လူသြားလူလာ မ်ားတဲ့လမ္းမွာ ငါးျမႇားတံႀကီး တကားကားနဲ႔...အကုန္လုံး ၿငိကုန္ၿပီ။က်ဳပ္မုန္႔ေတြ အကုန္ေျမႀကီးေပၚ ျပဳတ္က်သြားၿပီ ျပန္ေလ်ာ္ေပး"
ေဆာ့ဂ်င္ သူ႕မ်က္စိေ႐ွ႕က ေကာင္ေလးကိုၾကည့္လိုက္သည္။အက်ီအေရာင္ မြဲေျခာက္ေျခာက္ႏွင့္မလိုက္ဖက္စြာ ႏုပ်ိဳေနေသာ မ်က္ႏွာ။ႏွာေခါင္းလုံးလုံး၊ေ႐ွ႕သြားႏွစ္ေခ်ာင္းက ႀကီးႀကီးျဖင့္ အသားကုန္ေအာ္ဟစ္ၿပီး ႏႈတ္ခမ္းေထာ္ရန္ေတြ႕ေနေသာ ေကာင္ေလး။
လြန္႐ွိမွ အသက္ ၂၀ေက်ာ္႐ုံေလာက္ပဲ႐ွိဦးမည္။အသက္အ႐ြယ္ႏွင့္ စကားနဲ႔က မလိုက္ေအာင္ ဒင္းက ရန္ေတြ႕ၾကမ္းလြန္းသည္။
"ေဟ့ေကာင္ေလး..ငါ့ေနာက္စိမွာ မ်က္လုံးမပါဘူးကြ။မင္းကို ဘယ္လိုလုပ္ ျမင္မလဲ။မ်က္လုံးပါတဲ့ မင္းကေ႐ွာင္ေလ"
တစ္သက္လုံး သူမ်ားတကာအေပၚ လက္တစ္လုံးျခား မလိမ့္တပတ္လုပ္လာေသာ ဂြၽန္ေဂ်ာင္ကုသည္ သူ႕ေ႐ွ႕က ႏႈတ္ခမ္းေမႊးစစနဲ႔လူေၾကာင့္ ေျပာစရာစကား ေပ်ာက္ဆုံးသြားသည္။မသိရင္ ကိုယ္ကပဲ သူ႕ငါးျမႇားခ်ိတ္ကို တည့္တည့္ဝင္တိုးသလိုမ်ိဳး။
"ခင္ဗ်ား အဲ့ဒီလိုေတာ့ မတရားမေျပာနဲ႔ေလ။ခင္ဗ်ားသာ သတိထားၿပီး သြားရင္ ခ်ိတ္မိမလား။မရဘူး....က်ဳပ္မုန္႔ေတြျပန္ေလ်ာ္ေပး"
"မေပးဘူးကြာ"
"မေပးရင္ က်ဳပ္အေၾကာင္းသိမယ္"
ေဂ်ာင္ကု၏ ေဒါသမ်ားတစ္ဆင့္ၿပီး တစ္ဆင့္ျမင့္တက္သြားရကာ ထိုသူ႕လက္ထဲက ငါးျမႇားတံကို အတင္းဝင္လုေတာ့သည္။သူ႕အၾကံအစည္က အပိုင္းပိုင္းခ်ိဳးၿပီး ဖ်က္ဆီးပစ္ဖို႔။
"ေဟ့ေကာင္ ငါ့ငါးျမႇားတံကို မထိနဲ႔"
"က်ဳပ္မုန္႔ေတြျပန္ေလ်ာ္ေပးရင္ မထိဘူး"
ေဆာ့ဂ်င္က သူပိုင္ဆိုင္ေသာ တစ္ခုတည္းေသာ ငါးျမႇားတံေလးကို ထိုေကာင္စုတ္ေလး ရန္က အသည္းအသန္ကာကြယ္သည္။ဆြဲလုမရသည့္အဆုံး ဆြဲမိဆြဲရာ ဆြဲလိုက္ေတာ့ သူ႕လက္ထဲ ဆံပင္ေမႊးအခ်ိဳ႕ပါလာသည္။
"အ့ ေသပါၿပီ က်ဳပ္ဆံပင္ေတြ ကုန္ၿပီ"
ေကာင္ေလး၏ ေအာ္သံအဆုံးမွာ သူ႕ေခါင္းေပၚဆံပင္တစ္ခ်ိဳ႕လည္း ထိုေကာင္ေလးလက္ထဲ ပါသြားရျပန္သည္။
"မင္း ငါ့ဆံပင္ေတြကို မဆြဲနဲ႔"
"ေဟ့ လုပ္ၾကပါဦး။ဆြဲၾကပါဦး ဒီမွာရန္ျဖစ္ေနၾကတယ္"
"အဲ့တာ ကင္ေဆာ့ဂ်င္မလား။ငါးလာ လာပို႔တဲ့ကေလးေလ"
"ဟုတ္တယ္ ။ဒီဘက္က ကေလးကိုေတာ့ တစ္ခါမွမျမင္ဖူးဘူး"
သူတို႔ႏွစ္ေယာက္လုံး ေခါင္းခ်င္းဆိုင္ၿပီး တစ္ေယာက္ဆံပင္ေတြကို တစ္ေယာက္ဆုပ္ထားတုန္းျဖစ္သည္။ဘယ္သူ႕ဘက္ကမွ စၿပီးအေလွ်ာ့ေပးမည့္ပုံမေပၚ။ဒီပုံအတိုင္းဆို ႏွစ္ေယာက္လုံး ဆံပင္ေမႊးေတြအကုန္ေျပာင္ၿပီး ကတုံးဘဝေရာက္မွ လက္ေလွ်ာ့မည့္ပုံေပၚသည္။
"ခင္ဗ်ား လႊတ္ေနာ္"
"မင္း အရင္လႊတ္မွ လႊတ္မယ္"
ေခါင္းေတြလည္း က်ိန္းစပ္ေနၿပီ။ေစ်းထဲက ေဆာ့ဂ်င္ႏွင့္အသိ အေဒၚႀကီးမ်ားက ဝိုင္းအုံလာၾကသျဖင့္ ႐ွက္႐ွက္ႏွင့္ပင္ ထိုေကာင္ေလး၏ ဆံပင္ေတြကိုဆြဲထားမိတုန္း။
"ဟဲ့ ဆြဲၾကစမ္း...ဖယ္...ေတာ္ေတာ့.. "
ေနာက္ဆုံး ပတ္ဝန္းက်င္က ေစ်းသည္မ်ား၏ ေကာင္းမႈကိုအေၾကာင္းျပဳ၍ သူတို႔ႏွစ္ေယာက္၏ ရန္ပြဲအဆုံးသတ္သြားသည္။ရလာဒ္က အႏိုင္အ႐ႈံးမ႐ွိ၊သေရ။
ေဂ်ာင္ကု မ်က္ရည္ဝဲခ်င္လာသည္။ေခါင္းက ဆံပင္ေတြေထာင္ထ ေနသည္ဟုခံစားရသည္။မုန္႔ အေလ်ာ္မရသည့္အျပင္ ဆံပင္ေတြပါအဆစ္ပါသြားသည္။ထိုလူက မိမိထက္အသက္ႀကီးပုံေပၚေသာ္လည္း နည္းနည္းေလးေတာင္ အေလ်ာ့မေပး။
ေစ်းထဲ ေအးေအးေဆးေဆး ပတ္မည္ဟု ၾကံစည္ထားေသာ အၾကံအစည္ေတြ ထိုသူ႕ေၾကာင့္လြင့္ျပယ္ကုန္ျပီ။ျပႆနာသည္ ေဂ်ာင္ကုကို႐ွာေလၿပီ။လြယ္လြယ္ႏွင့္ အေလ်ာ့ေပးတတ္လွ်င္ ဂြၽန္ေဂ်ာင္ကုပီသေတာ့မည္ မဟုတ္ေခ်။
ခင္ဗ်ားေတာ့ လူမွား႐ႈပ္မိၿပီ။
အခုအခ်ိန္က စၿပီး ေရေျမအဆုံးအထိ ခင္ဗ်ားကို စိတ္ဒုကၡလိုက္ေပးဖို႔က က်ဳပ္တာဝန္။ခင္ဗ်ား လြတ္ေအာင္သာ ေျပးေတာ့။
᪥ ~ ᪥ ~ ᪥
"ဟူး..အခုမွပဲ အပူသက္သာေတာ့တယ္"
ညေန ေနေစာင္းကာနီးၿပီမို႔ တစ္ေန႔လုံး အ႐ွိန္ျပင္းျပင္းႏွင့္ ပူထားေသာ ေနသည္ အပူခ်ိန္ေလ်ာ့သြားေလၿပီ။
အိမ္ေရာက္ဖို႔က သိပ္မလိုေတာ့။ငါးမွ်ားတံကို ပခုံးေပၚထမ္းရင္း ေတာလမ္းကေလး အတိုင္း ခပ္ေျဖးေျဖးေလွ်ာက္လာခဲ့သည္။ငါးမွ်ားတံသည္ ကင္ေဆာ့ဂ်င္၏ မ႐ွိမျဖစ္ လက္စြဲေတာ္ဟု ေျပာလို႔ရသည္။
ႏွစ္ေပါင္းမ်ားစြာ ကိုင္ခဲ့ေသာ ထိုငါးမွ်ားတံေလးကို အသစ္ေတာင္ သူမလဲခဲ့။ခ်ိတ္ေတြ ႀကိဳးေတြသာအမ်ိဳးမ်ိဳးေျပာင္းခဲ့ေပမယ့္ ကိုယ္ထည္ကေတာ့ မူလအတိုင္း ပုံစံမပ်က္႐ွိေနေသးသည္။သံေယာဇဥ္ႀကီးလြန္းေသာ ထိုငါးျမႇားတံေလးကို ၿမိဳ႕ေပၚသြားသည့္အခါတိုင္း ယူလာေနက်ျဖစ္သည္။
ေန႔လည္က ငါးဖိုးေရာင္းရေငြ တစ္ခ်ိဳ႕ကို စိတ္ထဲမွာ ခြဲတမ္းခ်လိုက္ရင္း သူ႕အေတြးနဲ႔ သူေပ်ာ္ေနသည္။ျမစ္ကမ္းေဘးမွာ ငါးေလးျမႇားလိုက္၊ရာသီေပၚသီးႏွံေလးေတြစိုက္လိုက္ႏွင့္ ေျမးအဘြားႏွစ္ေယာက္တည္းသာ ႐ွိေသာ ေဆာ့ဂ်င္ဘဝသည္ အေတာ္ေလးကို ေအးခ်မ္း သာယာသည္ဟု ေျပာလို႔ရသည္။
ယေန႔မူကား ထိုကံေကာင္းျခင္းမ်ားသည္ အဆုံးသတ္ဖို႔ အခ်ိန္အခါသင့္ၿပီ ထင္သည္။
"ေဟ့ေကာင္ေလး သြား..ျပန္"
ေစ်းထဲမွာ ရန္ျဖစ္ခဲ့ေသာ ေကာင္ေလးသည္ သူ႕ေနာက္တေကာက္ေကာက္ ေလွ်ာက္လိုက္ေနေသာေၾကာင့္ျဖစ္သည္။ထိုေကာင္ေလးက ေခ်ာ့မရ ေျခာက္မရျဖင့္ အရိပ္လိုလိုက္ကပ္သည္။ သူရပ္လွ်င္ရပ္၊သူသြားလွ်င္သြားႏွင့္ ယခုမူအိမ္နားအထိေတာင္ ေရာက္လာၿပီျဖစ္သည္။
"မင္းမွာ နားမပါဘူးလား။သြား...ျပန္"
မ်က္ေျချဖတ္ထားပစ္ခဲ့လို႔လည္း မရ။အႏွီေကာင္ေလးသည္ လမ္းေၾကာင္းကိုလည္း ကြၽမ္းက်င္ေနပုံရသည္။ဘယ္လိုမွ ေခ်ာ့မရေျခာက္မရသည့္အဆုံး လမ္းေဘးက ခဲလုံးေလးေတြကို လက္တစ္ဆုပ္စာရေအာင္ ၾကဳံးလိုက္ၿပီး ေကာင္ေလး၏ ေဘးပတ္ဝန္းက်င္ကို ေျခာက္လွန္႔ပစ္လိုက္သည္။
"ျပန္...ငါ့ေနာက္လိုက္မလာနဲ႔"
ေဂ်ာင္ကုက သူ႕ေဘးနား ပလူပ်ံက်လာသည့္ ေျမႀကီးခဲေလးေတြကို မထိေအာင္ ေ႐ွာင္သည္။သူ႕ရည္႐ြယ္ခ်က္က ထိုလူႀကီးအိမ္ကိုေရာက္ေအာင္ လိုက္ၿပီး ေမႊဖို႔။မုန္႔ေတြ ျပန္ေလ်ာ္မေပးသည့္အျပင္ ဆံပင္ေတြကိုပါ ကြၽတ္ေအာင္ဆြဲေသာ ထိုလူသည္ တာဝန္မဲ့လြန္းဟု ထင္သည္။
ေမႊစရာတစ္ခုမဟုတ္ တစ္ခု႐ွိမွ ေနသာထိုင္သာ ႐ွိေသာ ေဂ်ာင္ကုလို အေမႊစိန္ကိုမွ တည့္တည့္ လာတိုးသည့္ ထိုလူႀကီး၏ ကံၾကမၼာသည္ ယေန႔ကစၿပီး အညံ့ဇာတာထဲ ေရာက္ၿပီထင္သည္။
ေဂ်ာင္ကု တစ္ခ်က္ခိုးျပဳံးလိုက္ရင္း ေျခလွမ္းေတြကို အ႐ွိန္တင္လိုက္သည္။
ဂ်ိဳဆြန္းရဲ႕ အိမ္ေ႐ွ႕စံမင္းသားေလးက ယခုလိုမ်ိဳး တံငါသည္ေလးတစ္ေယာက္ေနာက္ကို ေကာက္ေကာက္ပါေအာင္ လိုက္ေနသည့္အေၾကာင္းကို ခမည္းေတာ္ ၊မယ္ေတာ္တို႔သာ သိသြားလွ်င္ ရင္ကြဲနာက်ႏိုင္ဖြယ္႐ွိသည္။
"မင္းေနာ္...မိုးခ်ဳပ္ေတာ့မယ္။သြားစမ္း...ကိုယ့္အိမ္ကိုယ္ျပန္"
ေဆာ့ဂ်င္ စိတ္တိုတိုနဲ႔ ပိတ္ေအာ္လိုက္သည္။ေန႔လည္က စြာက်ယ္,စြာက်ယ္နဲ႔ ရန္ျဖစ္ခဲ့တာ သူမဟုတ္သည့္အတိုင္း။မအူမလည္႐ုပ္ဖမ္းေနေသာ ထိုေကာင္ေလးကို ကိုင္ေဆာင့္ပစ္ခ်င္သည္။ဘယ္လိုအေလအလြင့္ အေပအေတေလးလည္းေတာ့ မေျပာတတ္။အေၾကာတင္းတာေတာ့ ေသခ်ာသည္။
ေျခသံ မၾကားလို႔ ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ထိုေကာင္ေလး၏ အရိပ္အေယာင္ကိုမွ် မေတြ႕ရေတာ့။ၾကည့္ရတာေတာ့ အသိတရားဝင္ၿပီး အိမ္ျပန္သြားၿပီထင္သည္။
ထိုကဲ့သို႔ေသာ ေကာင္ဆိုးေလးေတြကို ဂ်ိဳဆြန္း၏ လူစည္ကားေသာ ေနရာအေတာ္မ်ားမ်ားမွာ ေတြ႕ရတတ္သည္မို႔ ေဆာ့ဂ်င္အဖို႔ သိပ္ေတာ့မထူးဆန္း။မုန္႔စားခ်င္လို႔ ဂြင္အမ်ိဴးမ်ိဳးဖန္ေသာ ေကာင္ေလးမ်ားျဖစ္သည္။
တစ္ခ်ိဳ႕ေကာင္ေလးေတြဆို ထိုအဆင့္ထက္ပင္ ေက်ာ္လြန္ကာ ခါးပိုက္ႏိႈက္၊သူခိုးေလးေတြအျဖစ္ က်င္လည္က်က္စားၾကသည္။
သို႔ေသာ္ အႏွီေကာင္ေလး၏ ႐ုပ္ရည္႐ူပကာကေတာ့ အေတာ္ေလးသန္႔သန္႔ျပန္႔ျပန္႔႐ွိသည္။လက္ကေလးေတြဆို ေနေရာင္ျခည္ သိပ္မထိဖူးသလိုမ်ိဳး ႏုႏုဖတ္ဖတ္ကေလးေတြျဖစ္သည္။မသိရင္ မ်ိဳး႐ိုးျမင့္ေတာ္ဝင္ မိသားစုက သခင္ေလးေတြလိုမ်ိဳး ႐ုပ္ေခ်ာေလးျဖစ္သည္။႐ုပ္ေလးက သနားကမားေပမယ့္လို႔ အက်င့္မေကာင္းတာေတာ့ ဆိုးသည္။
"ေျမးရယ္ ေနာက္က်လိုက္တာ။အဘြားမွာ စိတ္ပူေနရတယ္"
"ဘာမွ မျဖစ္ဘူး အဘြား"
စိတ္ပူေနေသာ အဘြားကို ျပန္ေျဖလိုက္ရင္း
အိမ္အတက္အဆင္းမွာ ေျခေထာက္ႏွစ္ဖက္ကို ခ်လိုက္ၿပီး ဖိနပ္ေတြ ေျခအိတ္ေတြအကုန္ခြၽတ္ပစ္လိုက္သည္။လက္စြဲေတာ္ ငါးျမႇားတံကိုလည္း အိမ္နံရံမွာ သပ္သပ္ရပ္ရပ္ေထာင္ထား လိုက္သည္။
"ေဟာ..သူေလးက ဘယ္သူေလးလဲ"
တစ္ေန႔လုံး ပင္ပန္းလာခဲ့သမွ် အိပ္ရာေပၚ ပစ္လွဲမလို႔ၾကံစဥ္ အဘြားျဖစ္သူ၏ ေနာက္ဆက္တြဲ စကားေၾကာင့္ ေဆာ့ဂ်င္ ေခါင္းနပန္းႀကီးသြားသည္။
ဟိုက္...ဒင္းက အိမ္အထိေတာင္ လိုက္လာတယ္။
"ကြၽန္ေတာ္လည္း မသိဘူး အဘြား။တစ္ေန႔လုံး ေနာက္ကေန တေကာက္ေကာက္လိုက္ေနတာ"
သူ အဘြားကိုျပန္ေျဖရင္း တစ္ဆက္တည္းမွာပင္ အိမ္နံရံက ေထာင္ထားတဲ့ ငါးျမႇားတံကို ေျပးဆြဲလိုက္ရင္း ေကာင္ေလးမ်က္ႏွာ တည့္တည့္ကို႐ြယ္ထားလိုက္သည္။
"မင္း ေတာ္ေတာ္နားေပတဲ့ ေကာင္ေလးပါလား။ဒီတစ္ခါဆို မင္းဆံပင္တင္မဟုတ္ဘူး။တစ္ကိုယ္လုံးပါေအာင္ ခ်ိတ္ၿပီး ေဟာဟိုက ျမစ္ထဲကိုသြားခ်ပစ္မယ္သိလား...သြား..ျပန္ေပေတာ့"
ထိုအခိုက္ တစ္ေလွ်ာက္လုံး တုံဏွိဘာေဝ လုပ္လာေသာ ေကာင္ေလးသည္ မ်က္လုံးေလးျပဴးကာ မ်က္ႏွာငယ္ေလးျဖင့္ မဝံ့မရဲ တိုးတိုးေလးဆိုသည္။
"ကြၽန္ေတာ္ဘယ္ျပန္ရမွန္းမသိလို႔ပါ။အေဖေတြ အေမေတြကိုလည္း မမွတ္မိေတာ့ဘူး။ၿမိဳ႕ေပၚကို သားအဖသုံးေယာက္ တက္လာရင္းကေန လမ္းမွာ လူခ်င္းကြဲသြားၿပီး ေခ်ာက္ထဲကို ေခ်ာ္ၾကသြားတာ။ႏိုးလာေတာ့ ေခါင္းေနာက္မွာေသြးေတြနဲ႔ ဘာမွကို မမွတ္မိေတာ့ဘူး"
တျခားသူမ်ားအဖို႔ ဤစကားသည္ က႐ုဏာသက္ခ်င္စရာ ျဖစ္ေကာင္းျဖစ္လိမ့္မည္။ေဆာ့ဂ်င္အဖို႔ေတာ့ ေျခဖဝါးကို ကလိထိုးရယ္တာထက္ပင္ ရယ္စရာေကာင္းေတာ့သည္။အတိတ္ေမ့တဲ့သူက ရန္ျဖစ္တဲ့ေနရာမွာေတာ့ ဆရာတစ္ဆူျဖစ္သည္။
"မင္းအပိုေတြေျပာမေနနဲ႔။ကလိမ္ကက်စ္နဲ႔ ငါ..လုပ္လိုက္ရ "
ေဆာ့ဂ်င္ အိမ္ေအာက္ကိုေျပးဆင္းဖို႔အလုပ္ အဘြားက လက္ဦးမႈယူကာ ထိုေကာင္ေလးလက္ကိုသြားဆြဲသည္။
"ကင္ေဆာ့ဂ်င္ရယ္.. နင့္မလည္း ၾကမ္းတမ္းလိုက္တာ။ကေလးက စိတ္ေနာက္ေနတာျဖစ္မွာ။ေနေကာင္းတဲ့သူလည္း မဟုတ္ဘူး။နည္းနည္းပါးပါး အၾကင္နာတရား႐ွိစမ္းပါေအ"
အဘြားက မ်က္ေစာင္းတထိုးထိုးျဖင့္ ထိုေကာင္ေလးကိုပင္ ကာကြယ္ေပးလိုက္ေသးသည္။ထိုအခါမ်က္ႏွာကို ပိုငုံ႔ကာ အလြန္ညိႇဳးငယ္ေသာအသံေလးျဖင့္ ဆိုလာေသာ စကားတို႔ေၾကာင့္ ေဆာ့ဂ်င္တစ္ေယာက္ မ်က္လုံးျပဴးသြားသည္။
"အဘြားေျမးက ကုကီး ႐ွိေနတာကို မလိုလားဘူးထင္ပါတယ္။ကိုယ့္ဘဝနဲ႔ ကိုယ္ပဲ႐ွိပါေစေတာ့။ဘာျဖစ္ျဖစ္ပါ။သြားပါေတာ့မယ္ စိတ္ေျဖာင့္ေျဖာင့္နဲ႔ ေနရစ္ခဲ့ပါ။တစ္ခ်ိန္ခ်ိန္မွာ ျပန္မေတြ႕ျဖစ္ခဲ့ရင္ေတာင္ အဘြားအိမ္ကို မ်က္စိလည္လမ္းမွားၿပီး ေရာက္လာခဲ့တဲ့ ကုကီး ဆိုတဲ့ေကာင္ေလးကို အမွတ္ရေနေပးပါ "
အတိတ္ေမ့တဲ့ ေကာင္က ကိုယ့္နာမည္ေတာ့ကိုယ္မွတ္မိသား..အဟက္။
"သူ႕ကို ဂ႐ုမစိုက္မေနနဲ႔ ငါ့ေျမး။ဒင္းက တစ္ေန႔တစ္ေန႔ ငါးျမႇားဖို႔ေလာက္ပဲ သိတာ။ေဒါသအိုးဆိုတာ သူပဲ။လာ...အဘြား႐ွိတယ္..မေၾကာက္နဲ႔ "
ထိုစကားအဆုံး ေခါင္းငုံ႔ေနရာမွ အနည္းငယ္ေမာ့လာကာ အဘြားမသိေအာင္ မ်က္စိတစ္ဖက္မွိတ္ျပသြားေသာ ေကာင္ေလးကို ၾကည့္ရင္း ေဆာ့ဂ်င္ ပါးစပ္အေဟာင္းသားႏွင့္ဖင္ထိုင္ရက္သား လဲက်သြားသည္။သူရင္ဆိုင္ရမည့္ ရန္သူသည္ ေပါ့ေသးေသးေတာ့မဟုတ္။ျဖဴစင္႐ိုးသားခ်င္ေယာင္ေဆာင္ထားသည့္ လူဆိုးကေလးျဖစ္သည္။
"ဟဲ့ ေဆာ့ဂ်င္ေရ အဲ့ဒီမွာ ေငးငိုင္မေနနဲ႔ဦး။ေရသြားခ်ိဳးၿပီးရင္ ထမင္းပြဲျပင္လိုက္။ဒီကေလးဖို႔ပါ တစ္ေယာက္စာ ပိုျပင္လိုက္"
အဘြား၏ အသံအဆုံးမွာ သူထိုင္ေနသည့္ ေနရာတစ္ခုတည္းကြက္ၿပီး မိုးႀကိဳးပစ္ၿပီး ေလဆင္ႏွာေမာင္း တစ္ခုတိုက္ခတ္သြားသည္ဟု ခံစားလိုက္ရေတာ့သည္။
~~~~~~~~~~~~~~~~~~//~~~~~~~~~~~~~~~
Thanks for reading & voting
Riona🌼