Healing Love

By Merrie614

70.2K 12.4K 1.3K

Chanbaek Only More

Healing Love (1)
Healing Love (2)
Healing Love (3)
Healing Love (4)
Healing Love (5)
Healing Love (6)
Healing Love (7)
Healing Love (8)
Healing Love (9)
Healing Love (10)
Healing Love(11)
Healing Love (12)
Healing Love(13)๐Ÿšจ
Healing Love (14)
Healing Love (15)
Healing Love(16)
Healing Love(17)
Healing Love (18)
Healing Love(19)
Healing Love (20)
Healing Love(21)
Healing Love (22)
Healing Love (23) ๐Ÿšจ๐Ÿšจ
Healing Love (24)
Healing Love (26)
Healing Love (27)
Healing Love (28)
Healing Love (29)
Healing Love (30)
Healing Love (31)
Healing Love (32) ๐Ÿšจ
Healing Love (33)

Healing Love (25)

1.7K 368 50
By Merrie614

Healing Love 🍁

Part-25

လေးလေးရဲ့ အကြံပေးချက်အတိုင်း ဆိုဟီးနဲ့ဖြစ်ဖြစ် ဆိုဟီးဘက်က ရှေ့နေနဲ့ဖြစ်ဖြစ် တွေ့ဖို့ အရင်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ ကာမလိမ်လည်မှုနဲ့ တရား စွဲထားတယ်ဆိုသော်ငြား ကိုယ်က သူ့ရဲ့ ကာမကို လိမ်လည်ရယူခဲ့ခြင်း မရှိခဲ့ဖူးပါ။ ဖြားယောင်းသွေးဆောင်ခြင်းလည်း မရှိခဲ့ဖူး။ ဒါကြောင့် သူမ သို့မဟုတ် ရှေ့နေနဲ့ တိုက်ရိုက်တွေ့ပြီး အမှုကို ပြန်ရုတ်သိမ်းပေးဖို့ ညှိနှိုင်းရမည်ဖြစ်သည်။

ဆိုဟီးအဖေဆီ ပြန်ဆက်သွယ်ကာ သူတို့ဘက်က မြို့နယ်ဥပဒေအရာရှိ ​ထိုင်တဲ့ ရုံးအထိ လိုက်ရ၏။ သို့သော် ဆိုဟီးနဲ့တော့ အတွေ့မခံကြပါ။

" ဒီဘက်က ဆရာပြောကြားချက်အရဆိုရင် မင်ဆိုဟီးနဲ့ ဆရာက မှားယွင်းခဲ့ဖူးခြင်း မရှိဘူးပေါ့ "

" မမှားခဲ့ဘူးခင်ဗျ ... ဒါကို သူလည်း သိသလို ကျွန်တော်လည်း သိတယ် , လက်ထပ်ဖို့ အကြောင်းပြ လိမ်လည်ပြီး အတူနေခဲ့ခြင်းလည်း မရှိသလို ကျွန်တော့်ဘက်က ဖြားယောင်းသွေးဆောင်တာလည်း မရှိဘူး , ဆိုဟီးအဖေက မသိဘဲနဲ့ လုပ်တာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဆိုဟီးနဲ့ပဲ တိုက်ရိုက် ဖြေရှင်းချင်ပါတယ် "

ထိုအခါ တစ်ဖက်ရှေ့နေက သက်ပြင်းချကာ ခေါင်းညိတ်၏။ သူတို့ဘက်က ပြင်ဆင်ထားတဲ့ တရားစွဲဆိုမှု အကြောင်းအရာစာရွက်တွေက စားပွဲပေါ်မှာ အပုံလိုက်ဖြစ်သည်။

" ဒါကတော့ ခက်ခဲလိမ့်မယ်ဗျ ... မင်ဆိုဟီးက အခု စိတ်ကျ​န်း​မာရေးဆရာဝန်နဲ့ ကုသမှု ခံယူနေတာဆိုတော့..... "

" ဒါဆိုရင် ကျွန်တော့်ရဲ့ ကာမလိမ်လည်မှုဆိုတာ အကျုံးမဝင်ဘူးပဲ ... ဒီအမှုက ကာယကံရှင်ကိုယ်တိုင် တရားရုံးမှာ ဦးတိုက်လျှောက်မှ အကျုံးဝင်တာ ဆရာသိမှာပါ .... တကယ်လို့ ဒါကိုမှ ရှေ့ဆက်တိုးရင် ကျွန်တော့်ဘက်ကလည်း အသရေဖျက်မှုနဲ့ ပြန်တရားစွဲရပါလိမ့်မယ် "

" ကောင်းပါပြီ ... အမှု ပြန်ရုတ်သိမ်းတာ မသိမ်းတာကလည်း ကျွန်တော့်ဘက်က လုပ်လို့ရတဲ့ အရာ မဟုတ်ဘူးဗျ ... ကျွန်တော့် အမှုသည် တရားလို မင်ဆိုဟီးဘက်က ဖြေကြားချက်အတိုင်းပဲ ကျွန်တော် ဆောင်ရွက်ရမှာ "

" ပြန်မေးကြည့်လိုက်ပါ ... တကယ်လို့ သူမဘက်က ကျွန်တော် သူမကို ကာမရယူထားပါတယ်ဆိုရင်လည်း သက်သေနဲ့တကွ တရားစွဲပါ ..... ကျွန်တော်သာ တကယ် ကျူးလွန်တယ်ဆိုရင် တရားရင်ဆိုင်ဖို့ တွန့်ဆုတ်မနေပါဘူးခင်ဗျ "

" ကောင်းပါပြီ .... ကျွန်တော် ထပ်စုံစမ်းလိုက်ပါ့မယ် "

" အခု ကျွန်တော့်အိမ်ကို ဆင့်ခေါ်စာ ရောက်နေလောက်ပါပြီ ... ပထမရက် တရားခွင်မတိုင်ခင် သေချာစုံစမ်းပေးဖို့ တောင်းဆိုပါတယ် ဆရာ , လိုအပ်တာ ညှိနှိုင်းချင်ရင် ဆက်သွယ်ရအောင်လို့ ဒါ ကျွန်တော့် card ပါ  "

" ဟုတ်ကဲ့ပါ ဆရာ .... "

အောက်ကျို့ပြီး ပြောစရာမလိုတာကြောင့် ေချချေတင်းတင်းပဲ ညှိနှိုင်းခဲ့ကာ ကိုယ့်ရုံးကိုယ် ပြန်ရတော့၏။ အဖေ့ဘက်က ဘယ်လိုရှိလဲတော့ မသိပါ။ မကြာခင်ပဲ မှုခင်းသတင်းကနေ ပါလာလောက်မလား။ အခုတော့ အဖေက ဂျပန်မှာရှိတဲ့ ကုမ္ပဏီခွဲကို အုပ်ချုပ်ရင်း အဲ့ဒီက ဂျပန်အမျိုးသမီးနဲ့ပဲ အတူနေထိုင်နေတယ်လို့ သတင်းကြားသည်။

တရားရုံးက ဆင့်ခေါ်စာ ပေးတယ်ဆိုတာကလည်း ပြည်တွင်းပဲ ရတာကြောင့် အဖေ့လို ပြည်ပမှာရှိတဲ့ တရားခံအတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တရားခံ လွှဲပြောင်းစာနဲ့မှ ရမည်ဖြစ်သည်။
ထိုအမှုသာ တရားခွင် တက်ရင် မျက်မြင်သက်သေက ကိုယ် ကိုယ်တိုင်ဖြစ်၏။ သက်သေအနေနဲ့ ထွက်ဆိုရင် အဖေ့ကို ထောင်ချသူဟာ သေချာပေါက် ကိုယ် ဖြစ်လိမ့်မည်၊

ဘယ်လောက်ပဲ ရွံရှာမုန်းတီးနေပါစေ ... ဒီလိုတော့ မဖြစ်စေချင်ပါ ။ မပတ်သက်ပဲသာ နေလိုက်ချင်၏...ကိုယ့် ကြောင့်တော့ ဒုက္ခမရောက်စေလို....

နေ့လည်စာစားချိန်တောင် ကျော်လွန်နေပေမယ့် စားချင်စိတ်လည်း မရှိတာကြောင့် အစ်မကို အစာမကြေကြောင်းသာ ပြောထားရ၏။ ခဏနေ အမှုသည်လာစရာရှိတာမို့ လုပ်စရာရှိတာလုပ်ခါမှ silent လုပ်ထားတဲ့ ဖုန်းကို သတိရတော့သည်။
ကြည့်မိတော့ ကောင်လေးရဲ့ missed call ၃ ခု ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဆက်ထားတာဖြစ်သည်။

ပြန်ခေါ်ဖို့ လုပ်ပေမယ့် အမှုသည် ဝင်လာတာကြောင့် လက်ထဲက ဖုန်းကိုချကာ အလုပ်ဆက်လုပ်ရတော့၏။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

' ကိုယ် အလုပ်ကအပြန် bar ခဏ ဝင်မလို့ ' ဆိုတဲ့ စာတစ်စောင်က စိတ်ပူမှုကို မြင့်တက်စေသည်။ အလုပ်မှာ အဆင်မပြေလို့လား ၊ စိတ်ညစ်စရာများ ရှိနေလားဆိုတဲ့ လား ပေါင်းများစွာနဲ့ အစ်ကို့ကို ကျွန်တော် စိတ်ပူ၏။ သို့သော်လည်း tutorial ဖြေနေရတာကြောင့် အစ်ကိုနဲ့အတူတူ Bar မှာတော့ လိုက်ထိုင်ပေးလို့ မရပါ။ ' ဖုန်းဆက်တော့မှသာ လာခေါ်ပေးမယ်' လို့ ပြောလိုက်ရ၏။

သို့သော်လည်း စာသာလုပ်နေရတာ ...
အစ်ကို တစ်ခုခုဖြစ်နေတာ ခံစားမိပါသည်။ တစ်နေကုန် ဖုန်းလည်းမကိုင်သလို ပြန်တောင်မခေါ်တဲ့ အစ်ကိုက ကျွန်တော့်အပေါ် နေနိုင်လိုက်တာနော်.... စ ချစ်မှန်းသိလို့ အလေးမထားတာမျိုးတော့ မဟုတ်လောက်ပါဘူး။ အစ်ကိုက ဒီလိုလူမျိုး လုံးဝ မဟုတ်ဘူးမလား။

ည ၉ နာရီလောက်မှာတော့ အစ်ကိုက ဖုန်းဆက်လာပါသည်။

" ပြန်လာတော့မလို့ ကောင်လေး "

အသံက ခပ်လေးလေး ပြောနေတာကြောင့် အစ်ကို တော်တော်လေး မူးနေတာ သိလိုက်ပြီ။

" မူးနေရင် လာခေါ်ပေးရမလားဗျ "

" အင်းမ် ... အငှားယာဥ်မောင်း ခေါ်ထားတယ် "

" ဟုတ်..ဒါဆို ကျွန်တော် အစ်ကို့တိုက်အောက်မှာ လာစောင့်ပေးမယ်နော် "

ဖုန်းချပြီးတာနဲ့ ကျွန်တော့်အိမ်ကနေ အစ်ကို့တိုက်အောက်အထိ ခပ်သွက်သွက် လျှောက်လာလိုက်သည်။ အစ်ကိုက မူးနေရင် ဘာမှ လုပ်တတ်မှာမဟုတ်ဘူး.... ပေပြီး အိပ်နေမှာ ။
မူးနေလို့ဆိုပြီး ခြေလက်မဆေးဘဲ ဒီအတိုင်းကြီး အိပ်တာက မနက်ကျရင် စိတ်မကြည်မလင် ဖြစ်စေသည်။ လမ်းက store ဆိုင်ကနေလည်း အစ်ကို့အတွက် အမူးပြေဆေးလေး ဝယ်ခဲ့သေး၏။

ခဏစောင့်လိုက်တော့ အစ်ကို့ကား ရောက်လာခဲ့ပြီ။ အရင်ဆုံး ယာဥ်မောင်းကို ပိုက်ဆံရှင်းပေးလိုက်ကာ နောက်ခန်းထဲမှာ အိပ်ပျော်နေတဲ့ အစ်ကို့ကို ဆွဲခေါ်ရ၏။ နိုးတဝက် အိပ်တဝက်နဲ့ပဲ အပေါ်အထိတော့ ပါလာခဲ့သည်။

ကုတင်ပေါ်ပဲ တန်းချပေးလိုက်ကာ အဝတ်အစားလဲဖို့ အရင် ထုတ်ရ၏။ ထို့နောက် သဘက်အသေးတစ်ထည်လောက်များ ရှိမလားလို့ ဗီရိုထဲ မွှေနှောက်ရှာနေတုန်း အစ်ကို ခေါ်လိုက်တဲ့ နာမည် ....

အစ်ကို ထပ်ခါ ထပ်ခါ တောင့်တနေတဲ့ နာမည် ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

လည်ချောင်းထဲမှာ ပူစပ်ပူလောင်ဖြစ်ကာ ရေဆာလွန်းလို့ Chanyeol မှာ ခပ်စောစော နိုးလာရသည်။ နိုးနိုးချင်း သတိရမိသည်က ကောင်လေး...
ညက မမူးခင်အထိ ကောင်လေးနဲ့ ဖုန်းပြောတာ သူမှတ်မိပါသည်။ တိုက်အောက်ကနေ အိမ်ပေါ်အထိ သူ တွဲခေါ်လာပေးတာလည်း ဝိုးတဝါးပေမယ့် သိနေ၏၊ ဒါဆို ညကတည်းက ပြန်သွားတာများလား။

ရေအဝသောက်ပြီး မျက်နှာသစ် ရေချိုးလိုက်တာတောင် အချိန်က မနက် ၆ နာရီဝန်းကျင်ပဲ ရှိသေးသည်။ အရမ်းစောနေသေးပေမယ့် လက်က ဖုန်းကောက်ကိုင်ကာ ကောင်လေးဆီ ဖုန်းဆက်မိ၏။ ' မအားသေးပါ ' ဆိုတာကြောင့် ရုတ်တရက် ကြောင်အ သွားမိတာတော့ အမှန်ပဲ။ ဒါက  blacklist ထဲ ထည့်ထားလို့ မြည်နေတဲ့ operator အသံလေ....

Chanyeol မှာ ဖုန်းကို ကြည့်လိုက် နား အနားကပ်ကာ နားထောင်လိုက်ဖြင့် အံ့သြနေရသည်။ အခု ကောင်လေးက သူ့ဖုန်းကို blacklist ထဲ ထည့်ထားတာလား၊ ဘာဖြစ်လို့လဲ ။ ညက အမှားတစ်ခုခုများ လုပ်မိသလား။
ပြန်စဥ်းစားရသလောက်တော့ သူ တန်းပြီး အိပ်ပျော်သွားတာပါပဲ။

" ကျစ် !! ဘာလုပ်တာလဲ ဒါက "

ပါးစပ်ကလည်း မကျေ​မနပ် ရွတ်ဆိုကာ ဖုန်းကို ကုန်တင်ခြေရင်းနားအထိ ပစ်လိုက်၏။
ချိုးသွားတဲ့ အချိုးက ဘာလဲ !!
ဒီလို ကလေးဆန်တဲ့ အပြုအမူမျိုးတော့ Chanyeol မကြိုက်ပါ။ မကျေနပ်တာရှိရင်တောင် တိုက်ရိုက် ဖြေရှင်း​သင့်တာပေါ့....

သူ့အကြောင်း တွေးမနေတော့ဘဲ မနက်ခင်း သတင်းကို ရှာကြည့်မိတော့ ကိုယ် မှန်းထားသလို အဖေ့သတင်း မတွေ့ရ။ ဥက္ကဋ္ဌမို့လို့ privacy ထိန်းသိမ်းပေးတာလား...ဒါမှမဟုတ် အခုထိ တရားရုံးက အတည်မပြုပေးသေးတာလား။ ဒီနေ့တော့ အတိအကျ စုံစမ်းရမည်ဖြစ်သည်။

ရုံးသွားဖို့ ပြင်ဆင်နေရင်းက မနက်စာပြင်ပေးဖို့ ရောက်မလာတဲ့ ကောင်လေးကို မျှော်မိသည်။ သူ မပြင်ပေးတော့ ကိုယ့်ရဲ့ မနက်စာက ဝမ်းတူးကော်ဖီ တစ်ခွက်သာ ။ မနက်တိုင်း သူ ထုတ်ပေးတဲ့ suit ပဲ ဝတ်နေတာမို့ ဒီနေ့ ကိုယ်တိုင် ထုတ်တဲ့အခါ suit နဲ့ လိုက်တဲ့ necktie တောင် မရွေးတတ်တော့ဘူး ။ ဖိနပ်နှစ်ဖက်ကို  အမြဲတမ်း မညီမညာ ချွတ်တတ်တဲ့ ကိုယ့်အတွက် လက်နဲ့ကိုင်ပြီး သေချာစီပေးတတ်တဲ့ ကောင်လေး မရှိတဲ့အခါ ဖိနပ်နှစ်ဖက်က တစ်နေရာစီ.....

ဘာကို စိတ်ဆိုးသွားမှန်း မသိရသလို ချော့ခွင့်လည်း မပေးတဲ့ ကောင်လေး​ကို စိတ်တိုတာကြောင့် သူ နေရာချထားတဲ့ ပန်းအိုးကိုတောင် အခန်းထောင့်ဆီ ရွှေ့ပစ်လိုက်၏။ စိတ်အလိုမကျစွာပဲ တိုက်အောက်ဆင်းလာကာ ကောင်လေးအိမ်ဘက်သို့ ခြေလျင် လျှောက်ခဲ့သည်။ သို့သော်.....

' ကျစ် !! တံခါးကို အပြင်က သော့ခတ်သွားတာလား '

အိမ်မှာ မရှိတာမို့ ဖုန်း ဆက်တိုက် ခေါ်ပါသော်လည်း မအားသေးပါပဲ ပြောသည်။ စိတ်ကို တကယ် လျှော့ထားရ၏။ ကိုယ်တိုင်က အပူတွေနဲ့မို့ ကောင်လေး ပေးတဲ့ အေးချမ်းမှုတွေ အားပေးစကားတွေသာ လိုချင်သည်၊ ထပ်ပြီး မပူလောင် မခံစားချင်ဘူး။

" မင်း ဘယ်ရောက်နေတာလဲ ကောင်လေး .... "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

😥😥



Healing Love 🍁

Part-25

ေလးေလးရဲ႕ အႀကံေပးခ်က္အတိုင္း ဆိုဟီးနဲ႕ျဖစ္ျဖစ္ ဆိုဟီးဘက္က ေရွ႕ေနနဲ႕ျဖစ္ျဖစ္ ေတြ႕ဖို႔ အရင္ဆုံး ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ ကာမလိမ္လည္မႈနဲ႕ တရား စြဲထားတယ္ဆိုေသာ္ျငား ကိုယ္က သူ႕ရဲ႕ ကာမကို လိမ္လည္ရယူခဲ့ျခင္း မရွိခဲ့ဖူးပါ။ ျဖားေယာင္းေသြးေဆာင္ျခင္းလည္း မရွိခဲ့ဖူး။ ဒါေၾကာင့္ သူမ သို႔မဟုတ္ ေရွ႕ေနနဲ႕ တိုက္ရိုက္ေတြ႕ၿပီး အမႈကို ျပန္႐ုတ္သိမ္းေပးဖို႔ ညွိႏွိုင္းရမည္ျဖစ္သည္။

ဆိုဟီးအေဖဆီ ျပန္ဆက္သြယ္ကာ သူတို႔ဘက္က ၿမိဳ႕နယ္ဥပေဒအရာရွိ ​ထိုင္တဲ့ ႐ုံးအထိ လိုက္ရ၏။ သို႔ေသာ္ ဆိုဟီးနဲ႕ေတာ့ အေတြ႕မခံၾကပါ။

" ဒီဘက္က ဆရာေျပာၾကားခ်က္အရဆိုရင္ မင္ဆိုဟီးနဲ႕ ဆရာက မွားယြင္းခဲ့ဖူးျခင္း မရွိဘူးေပါ့ "

" မမွားခဲ့ဘူးခင္ဗ် ... ဒါကို သူလည္း သိသလို ကြၽန္ေတာ္လည္း သိတယ္ , လက္ထပ္ဖို႔ အေၾကာင္းျပ လိမ္လည္ၿပီး အတူေနခဲ့ျခင္းလည္း မရွိသလို ကြၽန္ေတာ့္ဘက္က ျဖားေယာင္းေသြးေဆာင္တာလည္း မရွိဘူး , ဆိုဟီးအေဖက မသိဘဲနဲ႕ လုပ္တာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္ကေတာ့ ဆိုဟီးနဲ႕ပဲ တိုက္ရိုက္ ေျဖရွင္းခ်င္ပါတယ္ "

ထိုအခါ တစ္ဖက္ေရွ႕ေနက သက္ျပင္းခ်ကာ ေခါင္းညိတ္၏။ သူတို႔ဘက္က ျပင္ဆင္ထားတဲ့ တရားစြဲဆိုမႈ အေၾကာင္းအရာစာ႐ြက္ေတြက စားပြဲေပၚမွာ အပုံလိုက္ျဖစ္သည္။

" ဒါကေတာ့ ခက္ခဲလိမ့္မယ္ဗ် ... မင္ဆိုဟီးက အခု စိတ္က်​န္း​မာေရးဆရာဝန္နဲ႕ ကုသမႈ ခံယူေနတာဆိုေတာ့..... "

" ဒါဆိုရင္ ကြၽန္ေတာ့္ရဲ႕ ကာမလိမ္လည္မႈဆိုတာ အက်ဳံးမဝင္ဘူးပဲ ... ဒီအမႈက ကာယကံရွင္ကိုယ္တိုင္ တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္မွ အက်ဳံးဝင္တာ ဆရာသိမွာပါ .... တကယ္လို႔ ဒါကိုမွ ေရွ႕ဆက္တိုးရင္ ကြၽန္ေတာ့္ဘက္ကလည္း အသေရဖ်က္မႈနဲ႕ ျပန္တရားစြဲရပါလိမ့္မယ္ "

" ေကာင္းပါၿပီ ... အမႈ ျပန္႐ုတ္သိမ္းတာ မသိမ္းတာကလည္း ကြၽန္ေတာ့္ဘက္က လုပ္လို႔ရတဲ့ အရာ မဟုတ္ဘူးဗ် ... ကြၽန္ေတာ့္ အမႈသည္ တရားလို မင္ဆိုဟီးဘက္က ေျဖၾကားခ်က္အတိုင္းပဲ ကြၽန္ေတာ္ ေဆာင္႐ြက္ရမွာ "

" ျပန္ေမးၾကည့္လိုက္ပါ ... တကယ္လို႔ သူမဘက္က ကြၽန္ေတာ္ သူမကို ကာမရယူထားပါတယ္ဆိုရင္လည္း သက္ေသနဲ႕တကြ တရားစြဲပါ ..... ကြၽန္ေတာ္သာ တကယ္ က်ဴးလြန္တယ္ဆိုရင္ တရားရင္ဆိုင္ဖို႔ တြန့္ဆုတ္မေနပါဘူးခင္ဗ် "

" ေကာင္းပါၿပီ .... ကြၽန္ေတာ္ ထပ္စုံစမ္းလိုက္ပါ့မယ္ "

" အခု ကြၽန္ေတာ့္အိမ္ကို ဆင့္ေခၚစာ ေရာက္ေနေလာက္ပါၿပီ ... ပထမရက္ တရားခြင္မတိုင္ခင္ ေသခ်ာစုံစမ္းေပးဖို႔ ေတာင္းဆိုပါတယ္ ဆရာ , လိုအပ္တာ ညွိႏွိုင္းခ်င္ရင္ ဆက္သြယ္ရေအာင္လို႔ ဒါ ကြၽန္ေတာ့္ card ပါ  "

" ဟုတ္ကဲ့ပါ ဆရာ .... "

ေအာက္က်ိဳ႕ၿပီး ေျပာစရာမလိုတာေၾကာင့္ ေခ်ေခ်တင္းတင္းပဲ ညွိႏွိုင္းခဲ့ကာ ကိုယ့္႐ုံးကိုယ္ ျပန္ရေတာ့၏။ အေဖ့ဘက္က ဘယ္လိုရွိလဲေတာ့ မသိပါ။ မၾကာခင္ပဲ မႈခင္းသတင္းကေန ပါလာေလာက္မလား။ အခုေတာ့ အေဖက ဂ်ပန္မွာရွိတဲ့ ကုမၸဏီခြဲကို အုပ္ခ်ဳပ္ရင္း အဲ့ဒီက ဂ်ပန္အမ်ိဳးသမီးနဲ႕ပဲ အတူေနထိုင္ေနတယ္လို႔ သတင္းၾကားသည္။

တရား႐ုံးက ဆင့္ေခၚစာ ေပးတယ္ဆိုတာကလည္း ျပည္တြင္းပဲ ရတာေၾကာင့္ အေဖ့လို ျပည္ပမွာရွိတဲ့ တရားခံအတြက္ တစ္နိုင္ငံနဲ႕ တစ္နိုင္ငံ တရားခံ လႊဲေျပာင္းစာနဲ႕မွ ရမည္ျဖစ္သည္။
ထိုအမႈသာ တရားခြင္ တက္ရင္ မ်က္ျမင္သက္ေသက ကိုယ္ ကိုယ္တိုင္ျဖစ္၏။ သက္ေသအေနနဲ႕ ထြက္ဆိုရင္ အေဖ့ကို ေထာင္ခ်သဴဟာ ေသခ်ာေပါက္ ကိုယ္ ျဖစ္လိမ့္မည္၊

ဘယ္ေလာက္ပဲ ႐ြံရွာမုန္းတီးေနပါေစ ... ဒီလိုေတာ့ မျဖစ္ေစခ်င္ပါ ။ မပတ္သက္ပဲသာ ေနလိုက္ခ်င္၏...ကိုယ့္ ေၾကာင့္ေတာ့ ဒုကၡမေရာက္ေစလို....

ေန႕လည္စာစားခ်ိန္ေတာင္ ေက်ာ္လြန္ေနေပမယ့္ စားခ်င္စိတ္လည္း မရွိတာေၾကာင့္ အစ္မကို အစာမေၾကေၾကာင္းသာ ေျပာထားရ၏။ ခဏေန အမႈသည္လာစရာရွိတာမို႔ လုပ္စရာရွိတာလုပ္ခါမွ silent လုပ္ထားတဲ့ ဖုန္းကို သတိရေတာ့သည္။
ၾကည့္မိေတာ့ ေကာင္ေလးရဲ႕ missed call ၃ ခု ။ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္က ဆက္ထားတာျဖစ္သည္။

ျပန္ေခၚဖို႔ လုပ္ေပမယ့္ အမႈသည္ ဝင္လာတာေၾကာင့္ လက္ထဲက ဖုန္းကိုခ်ကာ အလုပ္ဆက္လုပ္ရေတာ့၏။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

' ကိုယ္ အလုပ္ကအျပန္ bar ခဏ ဝင္မလို႔ ' ဆိုတဲ့ စာတစ္ေစာင္က စိတ္ပူမႈကို ျမင့္တက္ေစသည္။ အလုပ္မွာ အဆင္မေျပလို႔လား ၊ စိတ္ညစ္စရာမ်ား ရွိေနလားဆိုတဲ့ လား ေပါင္းမ်ားစြာနဲ႕ အစ္ကို႔ကို ကြၽန္ေတာ္ စိတ္ပူ၏။ သို႔ေသာ္လည္း tutorial ေျဖေနရတာေၾကာင့္ အစ္ကိုနဲ႕အတူတူ Bar မွာေတာ့ လိုက္ထိုင္ေပးလို႔ မရပါ။ ' ဖုန္းဆက္ေတာ့မွသာ လာေခၚေပးမယ္' လို႔ ေျပာလိုက္ရ၏။

သို႔ေသာ္လည္း စာသာလုပ္ေနရတာ ...
အစ္ကို တစ္ခုခုျဖစ္ေနတာ ခံစားမိပါသည္။ တစ္ေနကုန္ ဖုန္းလည္းမကိုင္သလို ျပန္ေတာင္မေခၚတဲ့ အစ္ကိုက ကြၽန္ေတာ့္အေပၚ ေနနိုင္လိုက္တာေနာ္.... စ ခ်စ္မွန္းသိလို႔ အေလးမထားတာမ်ိဳးေတာ့ မဟုတ္ေလာက္ပါဘူး။ အစ္ကိုက ဒီလိုလူမ်ိဳး လုံးဝ မဟုတ္ဘူးမလား။

ည ၉ နာရီေလာက္မွာေတာ့ အစ္ကိုက ဖုန္းဆက္လာပါသည္။

" ျပန္လာေတာ့မလို႔ ေကာင္ေလး "

အသံက ခပ္ေလးေလး ေျပာေနတာေၾကာင့္ အစ္ကို ေတာ္ေတာ္ေလး မူးေနတာ သိလိုက္ၿပီ။

" မူးေနရင္ လာေခၚေပးရမလားဗ် "

" အင္းမ္ ... အငွားယာဥ္ေမာင္း ေခၚထားတယ္ "

" ဟုတ္..ဒါဆို ကြၽန္ေတာ္ အစ္ကို႔တိုက္ေအာက္မွာ လာေစာင့္ေပးမယ္ေနာ္ "

ဖုန္းခ်ၿပီးတာနဲ႕ ကြၽန္ေတာ့္အိမ္ကေန အစ္ကို႔တိုက္ေအာက္အထိ ခပ္သြက္သြက္ ေလွ်ာက္လာလိုက္သည္။ အစ္ကိုက မူးေနရင္ ဘာမွ လုပ္တတ္မွာမဟုတ္ဘူး.... ေပၿပီး အိပ္ေနမွာ ။
မူးေနလို႔ဆိုၿပီး ေျခလက္မေဆးဘဲ ဒီအတိုင္းႀကီး အိပ္တာက မနက္က်ရင္ စိတ္မၾကည္မလင္ ျဖစ္ေစသည္။ လမ္းက store ဆိုင္ကေနလည္း အစ္ကို႔အတြက္ အမူးေျပေဆးေလး ဝယ္ခဲ့ေသး၏။

ခဏေစာင့္လိုက္ေတာ့ အစ္ကို႔ကား ေရာက္လာခဲ့ၿပီ။ အရင္ဆုံး ယာဥ္ေမာင္းကို ပိုက္ဆံရွင္းေပးလိုက္ကာ ေနာက္ခန္းထဲမွာ အိပ္ေပ်ာ္ေနတဲ့ အစ္ကို႔ကို ဆြဲေခၚရ၏။ နိုးတဝက္ အိပ္တဝက္နဲ႕ပဲ အေပၚအထိေတာ့ ပါလာခဲ့သည္။

ကုတင္ေပၚပဲ တန္းခ်ေပးလိုက္ကာ အဝတ္အစားလဲဖို႔ အရင္ ထုတ္ရ၏။ ထို႔ေနာက္ သဘက္အေသးတစ္ထည္ေလာက္မ်ား ရွိမလားလို႔ ဗီရိုထဲ ေမႊႏွောက္ရွာေနတုန္း အစ္ကို ေခၚလိုက္တဲ့ နာမည္ ....

အစ္ကို ထပ္ခါ ထပ္ခါ ေတာင့္တေနတဲ့ နာမည္ ....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

လည္ေခ်ာင္းထဲမွာ ပူစပ္ပူေလာင္ျဖစ္ကာ ေရဆာလြန္းလို႔ Chanyeol မွာ ခပ္ေစာေစာ နိုးလာရသည္။ နိုးနိုးခ်င္း သတိရမိသည္က ေကာင္ေလး...
ညက မမူးခင္အထိ ေကာင္ေလးနဲ႕ ဖုန္းေျပာတာ သူမွတ္မိပါသည္။ တိုက္ေအာက္ကေန အိမ္ေပၚအထိ သူ တြဲေခၚလာေပးတာလည္း ဝိုးတဝါးေပမယ့္ သိေန၏၊ ဒါဆို ညကတည္းက ျပန္သြားတာမ်ားလား။

ေရအဝေသာက္ၿပီး မ်က္ႏွာသစ္ ေရခ်ိဳးလိုက္တာေတာင္ အခ်ိန္က မနက္ ၆ နာရီဝန္းက်င္ပဲ ရွိေသးသည္။ အရမ္းေစာေနေသးေပမယ့္ လက္က ဖုန္းေကာက္ကိုင္ကာ ေကာင္ေလးဆီ ဖုန္းဆက္မိ၏။ ' မအားေသးပါ ' ဆိုတာေၾကာင့္ ႐ုတ္တရက္ ေၾကာင္အ သြားမိတာေတာ့ အမွန္ပဲ။ ဒါက  blacklist ထဲ ထည့္ထားလို႔ ျမည္ေနတဲ့ operator အသံေလ....

Chanyeol မွာ ဖုန္းကို ၾကည့္လိုက္ နား အနားကပ္ကာ နားေထာင္လိုက္ျဖင့္ အံ့ၾသေနရသည္။ အခု ေကာင္ေလးက သူ႕ဖုန္းကို blacklist ထဲ ထည့္ထားတာလား၊ ဘာျဖစ္လို႔လဲ ။ ညက အမွားတစ္ခုခုမ်ား လုပ္မိသလား။
ျပန္စဥ္းစားရသေလာက္ေတာ့ သူ တန္းၿပီး အိပ္ေပ်ာ္သြားတာပါပဲ။

" က်စ္ !! ဘာလုပ္တာလဲ ဒါက "

ပါးစပ္ကလည္း မေက်​မနပ္ ႐ြတ္ဆိုကာ ဖုန္းကို ကုန္တင္ေျခရင္းနားအထိ ပစ္လိုက္၏။
ခ်ိဳးသြားတဲ့ အခ်ိဳးက ဘာလဲ !!
ဒီလို ကေလးဆန္တဲ့ အျပဳအမူမ်ိဳးေတာ့ Chanyeol မႀကိဳက္ပါ။ မေက်နပ္တာရွိရင္ေတာင္ တိုက္ရိုက္ ေျဖရွင္း​သင့္တာေပါ့....

သူ႕အေၾကာင္း ေတြးမေနေတာ့ဘဲ မနက္ခင္း သတင္းကို ရွာၾကည့္မိေတာ့ ကိုယ္ မွန္းထားသလို အေဖ့သတင္း မေတြ႕ရ။ ဥကၠ႒မို႔လို႔ privacy ထိန္းသိမ္းေပးတာလား...ဒါမွမဟုတ္ အခုထိ တရား႐ုံးက အတည္မျပဳေပးေသးတာလား။ ဒီေန႕ေတာ့ အတိအက် စုံစမ္းရမည္ျဖစ္သည္။

႐ုံးသြားဖို႔ ျပင္ဆင္ေနရင္းက မနက္စာျပင္ေပးဖို႔ ေရာက္မလာတဲ့ ေကာင္ေလးကို ေမွ်ာ္မိသည္။ သူ မျပင္ေပးေတာ့ ကိုယ့္ရဲ႕ မနက္စာက ဝမ္းတူးေကာ္ဖီ တစ္ခြက္သာ ။ မနက္တိုင္း သူ ထုတ္ေပးတဲ့ suit ပဲ ဝတ္ေနတာမို႔ ဒီေန႕ ကိုယ္တိုင္ ထုတ္တဲ့အခါ suit နဲ႕ လိုက္တဲ့ necktie ေတာင္ မေ႐ြးတတ္ေတာ့ဘူး ။ ဖိနပ္ႏွစ္ဖက္ကို  အၿမဲတမ္း မညီမညာ ခြၽတ္တတ္တဲ့ ကိုယ့္အတြက္ လက္နဲ႕ကိုင္ၿပီး ေသခ်ာစီေပးတတ္တဲ့ ေကာင္ေလး မရွိတဲ့အခါ ဖိနပ္ႏွစ္ဖက္က တစ္ေနရာစီ.....

ဘာကို စိတ္ဆိုးသြားမွန္း မသိရသလို ေခ်ာ့ခြင့္လည္း မေပးတဲ့ ေကာင္ေလး​ကို စိတ္တိုတာေၾကာင့္ သူ ေနရာခ်ထားတဲ့ ပန္းအိုးကိုေတာင္ အခန္းေထာင့္ဆီ ေ႐ႊ႕ပစ္လိုက္၏။ စိတ္အလိုမက်စြာပဲ တိုက္ေအာက္ဆင္းလာကာ ေကာင္ေလးအိမ္ဘက္သို႔ ေျခလ်င္ ေလွ်ာက္ခဲ့သည္။ သို႔ေသာ္.....

' က်စ္ !! တံခါးကို အျပင္က ေသာ့ခတ္သြားတာလား '

အိမ္မွာ မရွိတာမို႔ ဖုန္း ဆက္တိုက္ ေခၚပါေသာ္လည္း မအားေသးပါပဲ ေျပာသည္။ စိတ္ကို တကယ္ ေလွ်ာ့ထားရ၏။ ကိုယ္တိုင္က အပူေတြနဲ႕မို႔ ေကာင္ေလး ေပးတဲ့ ေအးခ်မ္းမႈေတြ အားေပးစကားေတြသာ လိုခ်င္သည္၊ ထပ္ၿပီး မပူေလာင္ မခံစားခ်င္ဘူး။

" မင္း ဘယ္ေရာက္ေနတာလဲ ေကာင္ေလး .... "

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

😥😥






Continue Reading

You'll Also Like

563K 8.6K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
1.1M 37.1K 63
๐’๐“๐€๐‘๐†๐ˆ๐‘๐‹ โ”€โ”€โ”€โ”€ โi just wanna see you shine, 'cause i know you are a stargirl!โž ๐ˆ๐ ๐–๐‡๐ˆ๐‚๐‡ jude bellingham finally manages to shoot...
208K 7.3K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
144K 5.1K 39
โ if I knew that i'd end up with you then I would've been pretended we were together. โž She stares at me, all the air in my lungs stuck in my throat...