Love Between Serpent Beastman...
By imyourhlaing12
178K 36.2K 973
Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More
🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားပြောသင်ပေးနေသည်🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐹ဆရာ Heat တကျနပွေီ🐹/🐹ဆရာ Heat တက်နေပြီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ်ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို့ကမ္ဘာ🌐
❄⛄တူတူအိပျကွမယျလေ⛄❄/❄⛄တူတူအိပ်ကြမယ်လေ⛄❄
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ရေချိုးပေးမလို့တဲ့💖🤣
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🍀🐍ငါနဲ့တိုကျခငျြသေးလား🐍🍀/🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ပြန်လည်ပေါင်းစည်ြး
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
2.5K 604 17
By imyourhlaing12
(Unicode)
ရှုရှုက ဝါးနေသည်ကိုရပ်ကာ သူ၏'အိပ်ခန်း' ဟုသတ်မှတ်ထားသော ကျင်းလေးထဲမှထွက်ကာ 'ဧည့်ခန်း' ဟုသတ်မှတ်ထားသော ကျင်းဘက်သို့ကြည့်လိုက်၏။
ဟမ်းစတားလေးတစ်ကောင်အနေဖြင့် သူ၏ညအမြင်က ကောင်းမွန်သလို အနံ့အာရုံခံစားမှုကလည်း ကောင်းမွန်လှ၏။
ရင်းနှီးနေသော ကိုယ်အနံ့က သူ၏နှာခေါင်းဝနားကျီစယ်လာပြီး သူ၏'ဧည့်ခန်း'လေးထဲ ဖိတ်ခေါ်မထားသည့် မြွေကြီးကအခန့်သားရောက်နေ၏။
မြွေကြီး သူ့အနားမရှိသေးမီက ရှုရှုမှာ သူ့အား မကျေမနပ်ပြောရဲ၏။ မြွေကြီးက သူ့အားချစ်ခင်ပြီး မစားချင်မှန်း သူ၏မသိစိတ်က သိနေ၏။ ထို့ကြောင့် မြွေကြီးနှင့် တောအုပ်တစ်ခုထဲနေရသည့်အပေါ် ရှုရှုမကြောက်တော့ပေ။ သို့သော် ယခုလိုမြင်ရလေတော့ ရှုရှုမှာ ခေါင်းကြိမ်းသွားရပြီး ခြေထောက်များလည်း ခွေယိုင်ကာ နှလုံးခုန်သံပင် မြန်လာရ၏။
ရှုရှုမှာ သူ၏ပင်ကိုယ်အသိစိတ်အရ တုံ့ပြန်မှုအားလုံးဝ မထိန်းချုပ်နိုင်ပေ။
ရှုရှုမှာ 'အိပ်ခန်း'အဝလေးတွင် ​မှောက်ယက်ကလေးလဲလျောင်းနေပြီး တစ်ကိုယ်လုံးတောင့်တင်းနေကာ မလှုပ်နိုင်ရှာပေ။ မြွေကြီးက သူ၏ 'ဧည့်ခန်း' ထဲ ပိုင်စိုးပိုင်နင်းဖြင့် အခြေချနေသည်ကို အကူအညီမဲ့စွာကြည့်နေရ၏။ အမှောင်ထဲတွင် သူ့အားကြည့်လာသော မြွေကြီး၏မျက်လုံးအစုံမှာ ဘလင်းဘလင်းအရောင်များထွက်နေ၏။
ရှုရှု၏နားရွက်ပွပွလေးနှင့် တစ်ကိုယ်လုံးရှိအမွှေးများထောင်သွားရ၏။ သူ့တစ်ကိုယ်လုံး အေးစက်လာပြီး တုန်ယင်နေကာ သူ၏စိတ်မအစုံမှာလည်း ဗလာဖြစ်၍နေသည်။ ကံကောင်းစွာပင် မြွေကြီးကအခြားဘာမျှမလုပ်ပဲ ခွေကာအိပ်တော့၏။ ထိုအခါမှ ရှုရှုလှုပ်ရှားနိုင်လာလေ၏။
ရှုရှုက 'အိပ်ခန်း' လေးထဲပြန်ဝင်ကာ အဝကို ကျောက်တုံးဖြင့်ဆို့လိုက်၏။ ရှရှုက ​ကျဥ်းမြှောင်းလှသည့် 'အိပ်ခန်း' ကျင်းလေးထဲပတ်ကာ တလှုပ်လှုပ်ဖြစ်နေသည်။
သူက ကျင်းတူးရသည်ကိုနှစ်သက်ပြီး တွင်းသေးသေးလေးများတူးရသည်ကိုလည်း ကြိုက်၏။ ထိုတွင်းသေးသေးလေးများက အမှန်ပင်ကျဥ်းလှပြီး သူတစ်ကိုယ်စာထိုင်နေရုံမျှသာကျယ်၏။ ထိုတွင်းလေးအား စိတ်သက်သာလို သက်သာငြားတူးထားခြင်းဖြစ်လေသည်။
ဟမ်းစတားဘဝမှ ပြေးသည့်လှည့်ကွင်းလေးသာရှိလျှင် ယခု လေးနာရီလုံးလုံး သူမရပ်မနားပြေးနေမည်ဖြစ်၏။
ရှုရှုက သူ၏'အိပ်ခန်း'ထဲမှ မြက်ပုံပေါ်တွင် တစ်ခဏထိုင်ကာ သူပိတ်ထားသည့်ကျောက်တုံးနား မြက်ပင်များထပ်ပိတ်လိုက်၏။ ထို့နောက် ပိတ်ထားသည့်နေရာနှင့် ဆန့်ကျင်ဘက်ဆီသို့ သူ၏လက်သည်းကိုထုတ်ကာ ကျင်းစတူးတော့၏။
ရှုရှုမှာ...မရပ်မနားတူးနေလေသည်။
ရှုရှုက ဆက်လည်းမစားတော့သလို၊အိပ်လည်းမအိပ်တော့ပဲ တွင်းသာတူးနေတော့၏။ ဤတောင်ကြီးကို ဖြတ်၍မတူးရမချင်း ရှုရှုစိတ်ငြိမ်မည်မဟုတ်ပေ။
ရှုရှုတူးထုတ်လိုက်သောမြေကြီးများက လေထဲတွင် ပြန့်လွင့်လာပြီး သူက တစ်ခါတစ်ရံ ကျောက်တုံးများကို တူးမိ၍ သူ၏လက်သည်းများမှာ အလွန်နာကျင်သွားရသော်လည်း လက်မလျှော့ပဲ အလုပ်ထဲစိတ်နှစ်ကာ ကျင်းတစ်ခုကိုဆက်လက်တူးနေခဲ့၏။
မြွေကြီးအားမြင်လိုက်ရ၍ ရှုရှုမှာ သူ၏'ဧည့်ခန်း'အား ကြောက်ရွံ့ခြင်းအပေါ်မထိန်းထားနိုင်ခဲ့ပေ။ မြွေကြီးက သူနှင့်ဘေးချင်းကပ်ရပ်တွင်ရှိသည်ဟူသော အတွေးက သူ့အားပို၍ကြောက်ရွံ့လာစေ၏။ ယခုလိုကျင်းတူးနေရတော့ သူတွေးနေသည့်အရာအားလုံး မေ့နိုင်သွားခဲ့၏။
သူပို၍တူးလေလေ တွင်းက ပိုနက်လာလေလေဖြစ်၏။ သူ၏နောက်ဘက်တွင်လည်း မြေစာများပုံနေပြီး သူနှင့်တူးခဲ့သည့်တွင်းလမ်းကြောင်းအကြား အဟန့်အတားတစ်ခုကဲ့သို့ဖြစ်လာ၏။ ထို့ကြောင့် သူစိတ်သက်သာရာရနေပြီး သူ့ကိုယ်သူပင် ဂုဏ်ဆာမိသွား၏။
ဟွန့်....သူ့ဂူကိုများ လာအပိုင်စီးချင်နေသေးတယ်။ သူက ဘယ်အချိန်မဆို နောက်တစ်ကျင်း ထပ်တူးပြီး လုပ်နိုင်ပါတယ်နော်။
......🐹🐹🐹🐹🐹🐹........
သားရဲတစ်ပိုင်းလူသားလေးနေသည့် ကျင်းလေးဆီမှ တူးသံ၊ မြေစာများကျသည့်အသံများကို အက်ဂါကြားပေမယ့် ဂရုစိုက်ဖို့ အားပင်မကျန်တော့ချေ။
အကောင်ငယ်လေး၏ဂူကျင်းက ကျယ်ဝန်းပြီး နွေးနွေးထွေးထွေးလည်းရှိလှ၏။ သူကျင်းထဲရောက်ပြီးပြီးချင်း အလွန်ပင်ပန်းနေသလို ခံစားလိုက်ရသည်။ အက်ဂါကောင်းကောင်းအိပ်ကာ အနားယူဖို့ပြင်တော့သည်။ သားရဲတစ်ပိုင်းလူသားငယ်လေး၏အနံ့ကိုရှုသွင်းလိုက်ပြီး အက်ဂါကအိပ်မောကျသွားလေသည်။ ထူးခြားစွာပင် အချိန်တော်တော်ကြာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ပြီး နံနက်ခင်းပင်ရောက်ရှိလာလေ၏။
အခြားတစ်ဖက်မှ တစ်ညလုံးကျင်းတူးနေသည့်ရှုရှုမှာ သူ၏လက်သည်းများ ပြုတ်ထွက်နေပြီဟုပင် ထင်နေမိ၏။
သူနောက်ဆုံးတော့ အဆုံးထိတူးနိုင်ခဲ့ပြီ။
သူကြောက်ဖို့ကောင်းသည့် မြွေကြီးကို ထားခဲ့နိုင်ပြီ။
ဒါပေမဲ့...နေပါဦးးးးး။
သူ့အရှေ့မှ လေဝင်လေထွက်ကောင်းသည့် အပေါက်ကျဥ်းကျဥ်းလေးကိုကြည့်ကာ ရှုရှုစိတ်ရှုပ်ထွေးသွားရသည်။
သူတောင်၏ နောက်တစ်ဖက်နေရာကို တူးခဲ့တာလေ။ အခုဒါဘယ်နေရာလဲ။ သူထွက်ပြေးလို့ဖြစ်ပါဦးမလား။
သူအခုဘယ်ရောက်နေသည်ဟူသော ကိစ္စကိုထားလိုက်ဦး...။ သူ၏သိုလှောင်ထားသောအစာများက ဂူထဲကျန်နေခဲ့၍ ထိုအစာများကိုရှုရှုမထားခဲ့နိုင်ပေ။ ထို့အပြင်.... မြွေကြီးက သူ့အားလှည့်စားထားသေး၏။ သို့သော်လည်း မြွေကြီးမှာ အမှန်ပင် ဒဏ်ရာအပြင်းအထန်ရနေကြောင်း သူကောင်းကောင်းသိနေပြန်သည်။
သူသာ ထွက်ပြေးသွားခဲ့လျှင် မြွေကြီးမှာ အန္တရာယ်ကြုံလာနိုင်သည်။
ရှုရှုမှာ စိတ်ရှုပ်နေသော်လည်း မရပ်မနားဆက်တူးခဲ့၍ ယခုဤနေရာသိူ့ရောက်ခဲ့ခြင်းဖြစ်၏။
သူ ရင်းနှီးနေသောအနံ့ကိုရပြန်ပြီ။ ရှုရှုမှာ သစ်သားရုပ်လို တောင့်တင်းသွားရပြန်သည်။ ရှုရှုကျင်းကိုတူးစဥ်က သူ၏ဂူဝ၏ဘေးဘက်နံရံတစ်ခုခုတွင် ထွက်ရစေရန် ကွေ့ကောက်ကာ တူးခဲ့ခြင်းဖြစ်၏။ ယခု... သူက သူ၏ကိုယ်ပိုင်ဂူကျင်းထဲ ပြန်ရောက်နေတာလား။
မဟုတ်သေးပါဘူး။ ရှုရှုက အနံ့ခံရင်း ခံရင်းဖြင့် ဤနေရာတွင် သူ၏အနံ့မရှိပဲ မြွေကြီးသာအနံ့သာရှိကြောင်း သိသွားလေသည်။
ဒါဆို....ဒါသူ့ရဲ့ကျင်းမဟုတ်ဘူးပေါ့။ ဒါမြွေကြီးရဲ့ကျင်းပဲ....။
ရှုရှုက ချက်ချင်းပင် သိချင်စိတ်များကြွတက်လာပြီး ​ဂူထဲသို့ မျက်လုံးတစ်ချက်ဝေ့ကာ ကြည့်တော့၏။
......🐍🐹🐍🐹🐍🐹🐍.....
စာရေးသူမှာ ပြောစရာရှိပါတယ်.....
ရှုရှု🐹: ငါမြွေကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိရတော့မယ်ကွ။
အက်ဂါ🐍: သားရဲတစ်ပိုင်းလူသားလေးက အရမ်းကို စိတ်စောတာပဲ။ တစ်ညထဲပဲရှိသေးတယ်..ကိုယ်တို့ရဲ့ကျင်းတွေကို ဆက်ထားတဲ့လမ်းကြောင်းကို ဖောက်ပစ်လိုက်တော့တာပဲ
ကဲကဲ နှစ်ကိုယ်တူအတူတူနေထိုင်တဲ့အခန်း စလိုက်ကြရအောင်။
.............
6.8.2021
(Zawgyi)
......🐹🐹🐹🐹🐹🐹........
ဒါပေမဲ့...နေပါဦးးးးး။
ရှုရှုမှာ စိတ်ရှုပ်နေသော်လည်း မရပ်မနားဆက်တူးခဲ့၍ ယခုဤနေရာသို့ရောက်ခဲ့ခြင်းဖြစ်၏။
......🐍🐹🐍🐹🐍🐹🐍.....
.............
6.8.2021
Continue Reading
You'll Also Like
707K 31.4K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
195K 17.7K 136
၀တ္ထုတစ်ခုထဲကူးပြောင်းလာပြီးတဲ့နောက်သူက အရန်Topတစ်ယောက်ဆိုတာသိလိုက်ရတယ်။_______ I just translate it.All full credits give to the original author and...
1.4M 183K 152