𝚁𝚎𝚌𝚒𝚙𝚎 𝚏𝚘𝚛 𝙻𝚘𝚟𝚎...
By 4Khaung_trulycosmos
4K 523 20
ကိုယ့်ရည်းစားလေးဖြစ်လာတဲ့အခါကျရင် ဒီလောက်ထိချောမောမနေဖို့ တိုးတိုးတိတ်တိတ်သွန်သင်ဆုံးမရဦးမယ် More
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙾𝚗𝚎
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚃𝚠𝚘
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚃𝚑𝚛𝚎𝚎
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙵𝚘𝚞𝚛
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙵𝚒𝚟𝚎
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚂𝚒𝚡
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝚂𝚎𝚟𝚎𝚗
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙴𝚒𝚐𝚑𝚝
𝙲𝚑𝚊𝚙𝚝𝚎𝚛 - 𝙽𝚒𝚗𝚎 [𝙵𝙸𝙽𝙰𝙻]
499 67 12
By 4Khaung_trulycosmos
𝚄𝚗𝚒𝚌𝚘𝚍𝚎
အဲ့နေ့ကစပြီး ကိုယ့်တစ်တောလုံး ပန်းတွေဝေတယ်...လောကကြီးက ပန်းနုရောင်ကာလာသွင်းထားတဲ့မျက်မှန်ကတဆင့် ကြည့်ရသလိုကို နုနယ်ပျိုမျစ်လွန်းနေတယ်
"ကိုကြီး..ဝက်ဝံပုံကွတ်ကီးလေးပုံဖော်ပြီးရင် စူပါမန်းပုံပါလုပ်ပေးနော်.."
"ကိုကြီးကပုံဆွဲမှမတော်တာ...ဝက်ဝံပုံတောင် မနည်းကြည့်ဆွဲထားရတာ..ကိုကြီးက အသည်းလေးပဲလုပ်တတ်တာ.."
"အသည်းပုံဆိုတော့ အချစ်မုန့်လားဟင်.."
"အချစ်မုန့်?အဲ..အချစ်မုန့်ကကိုကြီးလည်း ခုမှကြားဖူးတာ။ဘာတွေနဲ့လုပ်ရလဲ မသိဘူး။ပေါင်ပေါင်ရဲ့ကောဆိုရင်တော့ လုပ်တတ်မယ်ထင်တယ်.."
ယောက်ဖလောင်းကိုပြောနေပေမဲ့ ကိုယ့်အကြည့်ကတော့ kitchen counterကို သန့်ရှင်းရေးလုပ်နေတဲ့တိတိဆီမှာ။သူကလည်း ကိုယ်ပြောတာကိုကြားတော့ ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းပြီး မနိုင်ဘူးဆိုတဲ့ပုံမျိုးပြုံးတယ်။
ခုလက်ရှိကိုယ်တို့အခြေအနေက ဘယ်ခေါင်းစဥ်အောက်မှာရှိနေလဲ ကိုယ်ကိုယ်တိုင်လည်းမသိဘူး။ကိုယ်ကအချစ်ကိုဖွင့်ဟထားပြီး တိတိကဖွင့်ပြောခံထားရတဲ့သူ။နှစ်ယောက်က ဒီအခြေအနေမှာ ရပ်တန့်နေကြတယ်။အဲ့ညကကိုယ်ဖွင့်ပြောပြီးတယ်ဆို တိတိကကိုယ့်ကိုမိနစ်ဝက်စာလောက် နေမြဲအတိုင်းနေရင်း၊ကြည့်မြဲအတိုင်း ကြည့်တယ်။ပြီးတာနဲ့ကိုယ့်ဆံပင်တွေကို ဆွဲဖွပြီး ထထိုင်တယ်။ပြီးတော့ ပြန်ကြရအောင်တဲ့။
အဲ့ညပြီးကတည်းက ကိုယ်တို့အခြေအနေက ပုံမှန်ထက်ပိုရင်းနှီးခဲ့ကြတာတော့ ငြင်းမရဘူး။ကိုယ်တို့တွေ instaမှာ အပြန်အလှန်DMတွေပို့ဖြစ်တယ်။အိပ်ရာနိုးပြီလား...၊ထမင်းစားပြီးပြီလား..၊ညနက်နေပြီ အိပ်တော့လေ...၊ဒီနေ့မိုးရွာလိမ့်မယ်ထင်တယ်...ကျောင်းကိုထီးထည့်သြားနော်..၊ဆိုတဲ့ပုံမှန်စကားဝိုင်းလေးတွေအပြင် တခါတလေဆို မြို့ထဲမှာအသစ်ဖွင့်တဲ့ဆိုင်လေးတွေကို သူမြင်ခဲ့ရင်လည်း ပုံရိုက်ပြီးပို့တတ်တယ်။ပြီးတော့ ကြည့်ဖြစ်တဲ့ရုပ်ရှင်တွေနဲ့ နားထောင်ဖြစ်တဲ့သီချင်းတွေကို အပြန်အလှန်ညွှန်းကြတယ်။တိတိနဲ့ကိုယ်ကအကြိုက်တူသလိုနဲ့ အကြိုက်မတူဘူး။ကိုယ်က ballad songsတွေကြိုက်တယ်၊ တိတိက operaတွေ၊ classicတွေကြိုက်တယ်။ဘာပဲဖြစ်ဖြစ် နှစ်မျိုးစလုံးက ခပ်အေးအေးနဲ့ အိပ်ချင်စရာကောင်းတာတော့ အမှန်ပဲလေ။ ဒီပျင်းစရာအကြောင်းအရာတွေကိုပဲ ကိုယ်တို့အပြန်အလှန်ဆွေးနွေးဖြစ်ကြတယ်။ စောစောအိပ်တော့လေလို့ပြောနေရင်းကနေ စကားအမျှင်တန်းပြီး နှစ်ယောက်သားသန်းခေါင်ကျော်သြားတဲ့တစ်ချို့ညတွေလည်းရှိတယ်။
ကိုယ့်သူငယ်ချင်းရှောင်ဖုန်းနဲ့တိတိလည်း ခုဆိုရင်းနှီးနေကြပြီ။ဒီကောင်ရှိနေတော့ ဘာဖြစ်ဖြစ်ဆေးကျောင်းမှာ တိတိကိုဘယ်သူတွေ ဘယ်လိုအထာပေးပြီး တိတိကဘယ်လိုတုံ့ပြန်သလဲသိရတော့မဆိုးလှပါဘူး။
တိတိရဲ့ပါး ဆေးရုံမှာဆေးသွားစစ်ရတဲ့ခုလိုရက်တွေမှာတော့ တိတိရယ်၊ကိုယ်ရယ်၊ပေါက်စီရယ် မုန့်လုပ်စားဖြစ်ကြတယ်။ဒီအခြေအနေနဲ့တင်းတိမ်နေနိုင်တာတော့မဟုတ်ပေမဲ့ အရာရာဟာတိတိသဘောဆန္ဒမို့ တိတိအဆင်ပြေနေတဲ့ဇုန်ဟာ ကိုယ့်စိတ်သက်ငြိမ်ရာဇုန်ပါပဲ။
ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်ရှိမနေပေမဲ့ message requestရောက်နေတာမို့ ကိုယ့်ကိုreviewရေးပေးဖို့ ပြောထားတာတွေဖြစ်နေမှာစိုးလို့ ဝင်ကြည့်ဖြစ်တယ်။ကိုယ်က Facebookမှာ lowkeyနဲ့နေပေမဲ့ တစ်ချို့ဆိုင်ရှင်တွေက instaအပြင် Facebookမှာပါ reviewပေးစေချင်ကြတယ်။အဲ့တာမို့လည်း instaမှာဆက်သွယ်လို့ရရက်နဲ့ Facebookက private accအထိ တကူးတကကမ်းလှမ်းတာမျိုးတွေရှိတတ်တယ်။ကိုယ်ကလုပ်ဖြစ်မလုပ်ဖြစ်မသေချာတောင် လေးစားသမှုနဲ့စာပြန်သင့်တာမို့ ဝင်လိုက်တယ်။
'လော်ယွင်ရှီးဆိုတာလား'
ပုံမှန်အလုပ်လာအပ်ကြရင် ကိုယ့်ig nameနဲ့ လာကြတာပဲ များတယ်။ခုကတော့ လော်ယွင်ရှီးဆိုပြီး နာမည်နဲ့လာမေးတော့ တစ်မျိုးတော့တစ်မျိုးပဲ။
'ဟုတ်ပါတယ်ခင်ဗျ'
'အိုင့်နာမည်တော့ မိတ်မဆက်တော့ဘူး...ချန်ဖေးယွီတော့ ယူသိမှာပါ..အိုင်ကသူ့ girlfriendပါ'
'စကားတွေရှည်မနေချင်တော့ဘူး။ယူကအိုင့်ကောင်လေးနဲ့ ရင်းနှီးမှန်း သိတယ်။သာမာန်သူငယ်ချင်းလိုမဟုတ်မှန်းလည်း သိတယ်'
'ယူသိတဲ့အတိုင်း အိုင်တို့က LDRSတွေလေ။အဲ့တော့ ကိုယ့်ကောင်လေးက တစ်မြို့တစ်ရွာမှာ နေနေရလို့ လွမ်းရတာတစ်ခု၊သူ့ကိုမရိုးမသားစိတ်ရှိနေတဲ့လူ အနားမှာရှိနေတာသိရလို့ ပင်ပန်းရတာတစ်ခု..'
'ဟုတ်ကဲ့...အဲ့ဘက်ကဘာကိုပြောချင်တာလဲမသိဘူး။လိုရင်းကိုပြောလို့ရပါတယ်'
'ဟုတ်ပြီလေ အိုင့်ကောင်လေးနဲ့ဝေးဝေးနေပေးပါ။ယူလည်းအဆင့်အတန်းရှိတဲ့လူတစ်ယောက်မှန်း အိုင်သိပါတယ်။အိုင့်ကိုလည်း နားလည်ပေးဖို့မျှော်လင့်ပါတယ်'
'စိတ်ချပါ။ကိုယ်သူနဲ့ဝေးဝေးနေလိုက်မယ်။ပြီးတော့ သူ့မှာချစ်သူရှိမှန်းမသိလို့ ချည်းကပ်မိတာပါ။တောင်းပန်ပါတယ်'
အရာရာဟာ အဆင့်တန်းရှိရှိပြေပြေလည်လည်ပြီးဆုံးသြားပေမဲ့ ကိုယ့်ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ကွယ်မသွားသေး။
ဒီကိစ္စတွေရဲ့အစက လွန်ခဲ့တဲ့တစ်ပတ်စနေနေ့ကပဲ။ထုံးစံအတိုင်းတိတိတို့အိမ်ကို ကိုယ်သြားဖြစ်တယ်။အဲ့မှာတိတိအပြင် တခြားမိန်းကလေးတစ်ယောက်ကိုပါတွေ့တယ်။ကိုယ်ရောက်လာတာကိုတော့ နှစ်ယောက်စလုံးမမြင်ကြပါဘူး။ပြီးတော့ အဲ့မိန်းကလေးက တိတိရင်ခွင်ထဲဝင်ပြီး ငိုတယ်။ကိုယ်ဆက်မကြည့်ရက်လို့ ထွက်လာခဲ့တယ်...။အဲ့နေ့ကစပြီး ကိုယ်တိတိနဲ့instaမှာ စကားမပြောဖြစ်တော့ဘူး။ကိုယ့်ရင်ထဲမှာဗလာသပ်သပ်လိုခံစားနေရပေမဲ့ တိတိအပြစ်လို့လည်းမယူဆဘူး။တကယ်ဆိုတိတိကဘာဆိုဘာမှမပြောခဲ့သလို ကိုယ့်အပေါ် အဆင့်ကျော်ဆက်ဆံခဲ့တာမျိုးလည်း မရှိခဲ့ဘူး။ကိုယ်ကသာ တဖက်သက်ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့တာ။စောနကအခြေအနေမတိုင်ခင်အထိလည်း ကိုယ်အရာရာကို လက်မခံသေးပါဘူး။ဝေဝေဝါးဝါးအခြေအနေမှာ ကိုယ်မသေမချာယုံကြည်ချက်လေးထားနေခဲ့သေးတာ။ခုတော့ တိတိကျကျသေချာခဲ့ပြီပေါ့။
"DMတွေကို seenပြပြီး ဘာလို့ replyမပြန်တာလဲ...ဖုန်းဆက်လည်း အမြဲ busyဖြစ်ပြီး အပြင်မှာလည်းတစ်ခါတောင်မတွေ့ဘူး..ခုမှသိလိုက်တာ..မတွေ့အောင်သီးသန့်ရှောင်နေတာပဲ..အဟက်...ဘာလို့ဒါမျိုးတွေလုပ်နေတာလဲ။အရမ်းလွယ်နေတယ်လား...ကျွန်တော်ကအရမ်းလွယ်နေပုံပေါက်လား.."
ဒီလိုပုံနဲ့တိတိဆိုတာ အိပ်မက်ထဲတောင် မမြင်မက်ခဲ့ဖူးဘူး။တိတိကအမြဲဆိတ်ငြိမ်အေးချမ်းနေတဲ့သူ၊အမြဲတည်ငြိမ်နေတဲ့သူ။ခုလိုစိတ်လှုပ်ရှားနေတဲ့၊အတက်အကျလေသံမငြိမ်တဲ့၊အဆင်ပြေနေပုံမရတဲ့မျက်နှာထားနဲ့တိတိကို မြင်ရတာ ကိုယ်လည်းမသက်သာ။တကယ်မသိလို့မေးနေတာလား...သိသိရက်နဲ့ ကိုယ်ပြောတာကိုမှ ကြားချင်နေတာလား ကလေးရယ်။ဒီလူအများကြီးအားတင်းပြီးမှ ဒီလိုဟန်မပျက်နေထိုင်နိုင်တာကို မင်းမှမသိတာ။
တိတိဆီကနေအကြည့်ကို ပန်းခြံဘေးကားလမ်းမဆီကို လွှဲလိုက်တယ်။ကိုယ့်နာကျင်မှုတွေ မင်းကိုမမြင်စေချင်ဘူး။ကိုယ်က ကိုယ်ချစ်ရတဲ့သူကြောင့် နာကျင်ရတယ်ဆိုတာမျိုးမဖြစ်ချင်ဘူး။ကိုယ်ချစ်ရတဲ့သူကို တခြားလူတွေထင်မြင်ချက်အမျိုးမျိုးပေးမှာ မလိုလားဘူး။
"ဟမ်..ပြောလေ..မင်းကအရမ်းစကားတတ်တာလေ..ခုမှဘာလို့တိတ်နေတာလဲ"
ကားလမ်းမဆီက အကြည့်ကို ကိုယ့်လက်ကို ခုထိမလွှတ်တမ်းကိုင်ထားတဲ့တိတိလက်တွေဆီ ပြန်ပို့လိုက်တယ်။အဲ့ညတုန်းကလည်း ခုလိုပဲ ကိုယ့်လက်တွေကို တင်းတင်းဆုပ်ကိုင်ထားခဲ့တာပေါ့။ဒါပေမဲ့ခံစားချက်တွေကတော့ အခုနဲ့သိပ်ကိုကွဲပြားလွန်းတယ်။
"တိတိကောင်မလေး...တိတိချစ်သူက ကိုယ့်ကိုတောင်းဆိုတယ်။တိတိနဲ့ မပတ်သက်ဖို့.."
သက်ပြင်းကိုခိုးရှိုက်လိုက်ရင်း အကြည့်ချင်းဆုံပြီး ကိုယ်ပြောလိုက်တယ်။သူ့မျက်နှာမှာ ဘာအရိပ်တွေဖြတ်ပြေးသွားမလဲ ကိုယ်မလွတ်တမ်းငေးတယ်။ကိုယ့်စကားကြားကြားချင်း နည်းနည်းအံ့ဩသြားပုံတော့ရတယ်။ခဏအတွင်းမှာပဲ အဲ့မျက်နှာအနေအထားက ပျောက်သွားပြီး ပြန်တည်ငြိမ်သွားတယ်။ဒါအရင်ကတိတိပုံမျိုးပဲ...ကိုယ်မဖတ်တတ်တဲ့မျက်နှာအမူအရာမျိုးနဲ့။
"အဲ့တာကြောင့်ရှောင်နေတာပေါ့...စာမပြန်တာပေါ့၊ဖုန်းမကိုင်တာပေါ့"
ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီးမေးလာပြန်တယ်။ကိုယ်အသံမထွက်ဘဲ ခေါင်းညိတ်ပြလိုက်တယ်။
"ကောင်းပြီလေ"
ဒါပဲ။ကိုယ်မဖတ်တတ်တဲ့မျက်နှာအမူအရာနဲ့ အဲ့စကားတစ်ခွန်းကို ပြောပြီးတယ်ဆို ကိုယ့်လက်ကိုလွှတ်ပေးပြီး ထွက်သွားတယ်။နောက်ဆုံးအနေနဲ့ သူငယ်ချင်းလိုနေဖို့ အခွင့်အရေးတောင် ကိုယ်မရလိုက်ဘူး။
ပိုက်သံပါလာတဲ့အထိ နောက်ဆုံးတစ်ခေါက် စုပ်ယူပြီးတာနဲ့ မလှမ်းမကမ်းက အမှိုက်ပုံးထဲကို ချိန်ပြီး ဘူးခွံကိုပစ်လိုက်တယ်။အဟက်...ပုံမှန်ဆိုတလွဲဖြစ်နေကျ...ခုတော့ဝင်သြားလိုက်တာတည့်မတ်နေရော။
'ကိုိကိုကဘာဖြစ်နေမှန်းကို မသိပါဘူးဗျာ..တစ်ပတ်လုံးမျက်နှာကြီးက ပုပ်သိုးနေတာပဲ။သားကိုလည်း ပေါင်ပေါင်ဆိုပြီး အမြဲချစ်ဖို့ကောင်းအောင်ခေါ်နေကျ။ခုကျ ဟေ့ကောင်!!!တဲ့။သားမျက်ရည်တောင်ဝဲတယ်'
မနေ့ညကပေါက်စီလေးနဲ့ ဂိမ်းအတူဆော့ပေးတုန်း အသံနေအသံထားမှန်မှန်နဲ့ ရင်ဖွင့်ရှာတယ်။တိတိကဘာတွေဘယ်လောက်များ စိတ်ညစ်စရာရှိလို့ သူ့အသည်းကျော်ကို အော်ရတဲ့အထိဖြစ်နေပါလိမ့်။အဆင်ပြေလားလို့မေးချင်၊နှစ်သိမ့်ပေးချင်ပေမဲ့ စာတစ်ကြောင်းပို့ဖို့တောင် ကိုယ့်အသိစိတ်ကခွင့်မပြုဘူး။ကိုယ်သေလောက်အောင်ချစ်နေပါစေ...တခြားသူရဲ့ချစ်ခြင်းကိုခွဲရအောင်အထိ ကိုယ့်အချစ်ကအောက်တန်းမကျဘူး။
"ဟင်း..."
သက်ပြင်းချသံ ခပ်လေးလေးတစ်ခု ပြုပြီး ကိုယ့်ဘေးမှာဝင်ထိုင်တယ်။သိသိသာသာကြီးမကြည့်လိုက်ပေမဲ့ ဒီလူနဲ့ပတ်သက်ရင် ခြေသံတိုးဖွဖွလေးဆိုရင်တောင် ကိုယ်ကအလွတ်ရနေတော့ သိပ်ခက်တယ်။
"အဲ့ကာလာကို ဘယ်လိုခေါ်လဲမသိဘူး...ပန်းလိမ္မော်ရောင်ခေါ်မလား...ကျွန်တော်ကတော့ နှလုံးသွေးရောင်နဲ့တူလို့ အသည်းကွဲရောင်လို့ပဲခေါ်တယ်.."
မြင်ကွင်းရှေ့က ခိုပြာရောင်၊လိမ္မော်ရောင်တွေနဲ့အတူ ရောနှောနေတဲ့ခပ်ရင့်ရင့်ပန်းသွေးရောင်တိမ်တိုက်တွေကို ဆိုလိုတာနဲ့တူပါရဲ့။ကိုယ်လည်းအဲ့အရောင်ကို နှလုံးသွေးရောင်လို့ တစ်ကိုယ်ရည်သမုတ်ခဲ့ဖူးတယ်။အရင်ကဆိုရင်တော့ ဒါဟာရင်ခုန်ချင်စရာတိုက်ဆိုင်မှုတစ်ခုပေါ့။
"ကျွန်တော့်မှာ အထက်တန်းကတည်းက ကြိုက်ရတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။သူကကျွန်တော်သူ့ကိုကြိုက်မှန်းသိတော့ ဆိုးတယ်။ကျွန်တော်အများကြီးသည်းခံခဲ့ရပြီး တက္ကသိုလ်စတက်မှ အဖြေပြန်ပေးခဲ့တာ"
အသည်းကွဲရောင်က ညနေကောင်းကင်မှာပဲ ရှိတာမဟုတ်ဘူး။ကိုယ့်နှလုံးသားမှာလည်း ရှိတယ်။မင်းရဲ့ဒီစကားတွေကို ခံနိုင်ရည်မရှိလို့ ကွဲအက်သြားတဲ့ကိုယ့်နှလုံးသွေးတွေမှာလည်း အရောင်ရှိတယ်။
"သူကကျွန်တော့်ကိုဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ ဖြတ်လေ့ရှိတယ်။သူဖြတ်တိုင်းကျွန်တော်ကအရူးလို ခံစားရတယ်။သူကဒါကိုသိတော့ကစားတယ်။သူလိုရင်ပြန်လာတယ်။ကျွန်တော်ဒီမြို့ကိုလာခါနီးပဲ ကျွန်တော်တို့တခေါက်ထပ်ပြတ်တယ်.."
"ဒါပေမဲ့ ကျွန်တော်အရင်လိုအရူးအမူးခံစားချက်မရှိတော့ဘူး။ကျွန်တော့်ကိုကျွန်တော်လည်းသိပ်အံ့ဩခဲ့တာ။အဲ့လူကိုမြင်နေရရင် ကျွန်တော်ပျော်တယ်။အဲ့လူကိုမတွေ့ရရင် အဲ့နေ့မှာကျွန်တော်အဆင်မပြေဘူး။အဲ့လူနဲ့ယှဥ်ရင် exဆိုတာ တကယ့်သဲမှုန်တစ်ခုစာပမာဏပဲ..."
"ကျွန်တော့်ကို ဘာမှပြန်မပြောတော့ဘူးပေါ့။ရပါတယ် ကျွန်တော်ဒါလေးပေးမလို့လာတာ"
သူပြောချင်တာတွေ တရစပ်ပြောပြီးတယ်ဆို ကိုယ့်လက်ထဲကို ပန်းလိမ္မော်ရောင်noteစာရွက်လေး လာထိုးထည့်တယ်။တိတိပပချိုးထားတဲ့ခေါက်ရိုးလေးကို ဖွင့်ကြည့်လိုက်တော့ အနက်ရောင်မင်စိုနဲ့ရေးထားတဲ့ ရှင်းလင်းသေသပ်တဲ့ယောကျာ်းလေးလက်ရေးလေးကို မြင်လိုက်ရတယ်။
Recipe for Love
Ingredients:
-Luo Yunxi ♡ Chen Feiyu
စာလေးကိုအထပ်ထပ်ဖတ်ပြီး သူ့ကိုမော့ကြည့်လိုက်တော့ ကိုယ့်ကိုပြုံးပြတယ်။ထုံးစံအတိုင်း သွားညီညီလေးတွေ ပြိုးပြိုးပြက်ပြက်တောက်ပနေပြီးတော့ပေါ့...
"အချစ်မုန့်အတွက် ပါဝင်ပစ္စည်းလေ"
"အဲ့တော့ယူတို့ကို မိဘတွေကကောလွယ်လွယ်ကူကူသဘောတူခဲ့ကြလား"
"ဘဝမှာဆိုးတဲ့အရာတွေကို လက်ခံတတ်တာ ကောင်းတဲ့ကိစ္စပေမဲ့ ရေရှည်သယ်ပိုးထားတာတော့ ကောင်းတဲ့ကိစ္စမဟုတ်ဘူး အဲ့လိုပဲ မကောင်းတဲ့မှတ်ဥာဏ်အစိတ်အပိုင်းတွေက ကိုယ့်အတွေးထဲမှာရှိမနေတော့ဘူး။လောလောဆယ် ကိုယ်တို့နှစ်ယောက် ပျော်နေကြတယ်လေ.."
"အိုခေ..ကျွန်မနားလည်ပြီ.."
"ဟော..ဟိုမှာသူလာနေပြီ။ကိုယ်သွားတော့မယ်..မင်းနဲ့စကားပြောရတာကောင်းတယ်။ပြန်ဆုံချင်ပါသေးတယ်.."
-
-
-
"စောင့်နေရတာကြာသွားလား..လူနာနဲ့တောင် စကားထိုင်ပြောနေရတယ်.."
"မကြာပါဘူး..ပိစိသေးသေးလေးပဲစောင့်လိုက်ရတယ်။အရမ်းပင်ပန်းနေလား.."
"အွန်း...operationက ၃နာရီနီးပါးတောင်.."
"ဟုတ်လား...သနားပါတယ် ကိုယ့်တိတိလေး.."
"အဲ့တာဆိုအာဝါးပေး"
"အများကြီး...အများကြီးပေးမယ်။ဒီနေ့ကော ဘာလုပ်ချင်လဲ။ကိုယ့်အသည်းလေးလုပ်မလား...ကိုယ့်ကျောက်ကပ်လေးလုပ်မလား..."
"ကိုယ်တွင်းအင်္ဂါတွေ မကုန်သေးဘူးလား....။ဒီနေ့တော့ အချစ်ကလေးပဲလုပ်မယ်လေ...မဟုတ်လည်း လောင်ကုန်း..."
"တိတိလေးသဘော....ဒါနဲ့ ပေါက်စီလေးက သူ့high school graduation ceremonyကို လာဖို့ဖုန်းဆက်ထားတယ်။နောက်တစ်ပတ်တဲ့.."
"မိဘတွေဆီလည်း မရောက်တာကြာပြီဆိုတော့ အဲ့နေ့ခွင့်ယူလိုက်မယ်လေ.."
"အွန်း တိတိလေးသဘော.."
"လောင်ကုန်းဆို"
"အာ sorry လောင်ကုန်း လောင်ကုန်းသဘော .."
ချစ်ခြင်းမေတ္တာဟာ နှင်းဆီပန်းပွင့်ကလေးထက်ပိုလှတယ်...
5,𝙰𝚄𝙶,2021
𝚉𝚊𝚠𝚐𝚢𝚒
'ဟုတ်ပါတယ်ခင်ဗျ'
"ကောင်းပြီလေ"
"ဟင်း..."
Recipe for Love
Ingredients:
-Luo Yunxi ♡ Chen Feiyu
-
-
-
"အဲ့တာဆိုအာဝါးပေး"
"အွန်း တိတိလေးသဘော.."
"လောင်ကုန်းဆို"
5,𝙰𝚄𝙶,2021
Continue Reading
You'll Also Like
304K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
667K 33.1K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
90.1M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
148K 11K 175
♡ Korean Yaoi Manhwa ♡ ♡ Both Unicode & Zawgyi♡ Starting date-12.11.2021 Ending date-? I do not own this manhwa , I am just a translator !! Full cre...