Uni
💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞
Ep 16
ဈာန်ဦးထိုက်တယောက် လူကသာ ထိုင်းကကုမ္ပဏီတွင်ရောက်နေသော်လည်း.... စိတ်ကတော့ ယောက်ျားပေါက်စဆီသို့ရောက်နေသည်....။ လုပ်ငန်းခွင်ထဲတွင်အလုပ်ကိစ္စကြောင့်မအားမလပ်ဖြစ်နေသော်လည်း ထမင်းစားနားချိန်တွင်တော့ ဖုန်းထဲကယောက်ျားပေါက်စ၏ ဓာတ်ပုံလေးကိုကြည့်နေလေသည်...။
{လွမ်းလိုက်တာ ကလေးရယ်... စိတ်တွေလဲလေးပင်နေတယ် တစုံတခုကိုဆုံးရှုံးရတော့မယ့်ခံစားချက်ကြီး ဘာလို့ခံစားနေရတာလဲ}
ဈာန်ဦးထိုက်စိတ်ထဲတွင်တွေးကာ သက်ပြင်းရှည်ချလိုက်သည်....။
"CEOစားဖို့အတွက် နေ့လည်စာရပါပြီဗျ ကွေ့တီယိုလေးပါအစစ်ပါသေးတယ်နော်...ရော့ စားလိုက်ပါဦး"
ထိုင်းကုမ္ပဏီက လက်ထောက်မန်ဂျာလေး လန်ဖာ့က ဈာန်ဦးထိုက်စားသုံးရန်အတွက် နေ့လည်စာဗန်းလေးယူပြီး ဈာန်ဦးထိုက်ကိုပေးရင်း သူလဲစားနေသည်... ။ ဈာန်ဦးထိုက်လဲ လန်ဖာ့ပေးသောနေ့လည်စာဗန်းလေးယူပြီး ကွေ့တီယိုလေးကို ပူပူလောလောလေးစားလိုက်တော့ ပါးစပ်ထဲမှအငွေ့ပင်အပြင်သို့ထွက်လာသည်...။
"အခြေနေဘယ်လိုရှိလဲ လန်ဖာ့"
ဟိုဘက်ကုမ္ပဏီကနေ ဒီနေ့ပစ္စည်းသစ်တွေ တင်ပို့ပါတယ်CEO.. ချည်ထည်နဲ့ပိုးထည်တိုက်တွေကလည်း ကျွန်တော်တို့ကုမ္ပဏီနဲ့ ချိတ်ဆက်လာပါတယ်... သဘောတရားကတော့ ကျွန်တော်တို့ကုမ္ပဏီနဲ့ ရေရှည်လက်တွဲချင်တယ်လို့လဲပြောပါတယ်"
လန်ဖာ့တင်ပြတဲ့အကြောင်းအရာတွေကို သေချာနားထောင်ပြီး ခေါင်းငြိမ့်ကာသေချာတွေးတောနေ၏။
"လုပ်ငန်းရှင်တွေစိတ်တိုင်းကျတဲ့အထိလုပ်ပေးလိုက်ပါ... ကျွန်တော်တို့ကုမ္ပဏီနဲ့ချိတ်ဆက်ရလို့ အဆင်မပြေဘူးဆိုသံတွေမကြားချင်ဘူး"
"ဟုတ်ကဲ့ပါCEO ကျွန်တော်အားလုံးအဆင်ေပြအောင်လုပ်ပေးလိုက်ပါ့မယ်"
ဒီလိုနဲ့နေ့လည်စာကိုခပ်သွက်သွက်စားပြီးသည်နှင့် လုပ်ငန်းခွင်ထဲပြန်ဝင်ရသည်။ CEOဆိုသော်ငြားလည်း အခန့်သားနေလို့မရဘူးမဟုတ်ပေလား။ အလုပ်ကိစ္စတွေက မအားလပ်တာမို့ ယောက်ျားပေါက်စထံသို့ ဖုန်းလေးတောင်မဆက်နိုင်ဘူး။ ကလေးငယ်တော့ သူ့ကိုစိတ်ဆိုးနေမည်ထင်ပါရဲ့။
ရိှုင်းမာန်ခတယောက် ဈာန်ဦးထိုက် ထိုင်းကိုခရီးထွက်သွားသည့်အချိန်မှစ၍ .... ဈာန်ရှားကို အကြိုအပို့မလုပ်ခိုင်းပဲ ဇွဲခန့်နှင့်သာ ကျောင်းသွားကျောင်းပြန်လုပ်သည်... ။ ယခုလဲ ကျောင်းကန်တင်းတွင်သူတို့နှစ်ယောက်ထိုင်နေလေသည်...။
"ဒဏ်ရာ သက်သာလား ဇွဲခန့်"
"သက်သာသွားပါပြီ ရှိုင်းက ကိုယ့်ကိုစိတ်ပူလို့လား"
"အင်း စိတ်ပူတာပေါ့"
ရိှုင်းမာန်ခ၏စကားကြောင့် ဇွဲခန့်ပြုံးလိုက်မိသည်...။
"ကိုယ့်ကိုစိတ်ပူတယ်ဆိုလို့ အရမ်းပျော်တာပဲ"
"အင်းပါ"
"ရိှုင်း မျက်နှာမကောင်းဘူးနော် ဘာဖြစ်လို့လဲ"
"ဒီလိုပါပဲ နဲနဲစိတ်ညစ်နေလို့ပါ"
"ရိှုင်း စိတ်ညစ်တာတွေပျောက်သွားအောင် ကျွန်တော်တို့ ဒီနေ့အတန်းလစ်ပြီး လျှောက်လည်ရအောင်"
ဇွဲခန့်ကပြောတော့ ရိှုင်းမာန်ခ၏မျက်လုံးလေးအရောင်တောက်လာသည်... ။ သူတခါမှကျောင်းမပြေးဖူးဘူးလေ ။ကျောင်းပြေးရတဲ့အရသာကိုခံစားကြည့်ချင်မိသည်....။
"ဒါဆို အခုပဲ သွားကြရအောင် ဇွဲခန့်"
ထို့နောက်နှစ်ယောက်သား ကန်တင်းမှထွက်လာကာ ဆိုင်ကယ်တစ်စီးဖြင့် ကစားကွင်းသို့အရင်ထွက်လာခဲ့သည်... ။
"တိုက်ကားစီးရအောင် ရှိုင်း.. ကိုယ် လက်မှတ်ဝယ်လာတယ်"
"အင်း စီးကြမယ်လေ"
ကစားကွင်းကိုခြေချမိသည်နှင့် တိုက်ကားစီးခြင်းဖြင့် စတင်လေ၏...။ ရိှုင်းမာန်ခကရှောင်လိုက် ဇွဲခန့်ကတိုက်လိုက်နှင့်... ဇွဲခန့်ရဲ့တိုက်ကားကို တခြားလူတွေရဲ့တိုက်ကားက လိုက်တိုက်လိုက် ဇွဲခန့်ကရှောင်လိုက်နှင့် ပျော်စရာအလွန်ကောင်းသည်....။
"ရဟတ်သွားစီးရအောင် ရှိုင်း"
ရဟတ်၏အမြင့်ကိုကြည့်ကာ ရှိုင်းမာန်ခ စီးရမှာကြောက်နေသည်...။
"အမြင့်ကြီးပဲ မစီးရဲဘူး"
"ဘာမှမကြောက်နဲ့ ကိုယ်ရှိတယ်.... လာပါသွားစီးရအောင်နော်"
ဇွဲခန့်က လက်ကိုဆွဲကာခေါ်တာမို့ ရိှုင်းမာန်ခလဲ ရဟတ်စီးလိုက်ရသည်... ။ ရဟတ်က တဖြည်းဖြည်းအပေါ်တက်ကာ ထိပ်ဆုံးကိုရောက်ချိန်မှာတော့ ရိှုင်းမာန်ခ၏ မျက်လုံးစုံမှိတ်ကာ အသံကုန်အော်မိသည်...။
"အားးးးးး!!!!!"
"မကြောက်နဲ့နော် ကိုယ့်ကိုဖက်ထားလိုက်"
ရိှုင်းမာန်ခကအော်တော့ ဇွဲခန့်က ရိှုင်းမာန်ခ၏ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသွင်းကာဖက်ထားလိုက်သည်... ။ရှိုင်းမာန်ခလဲ အလွန်ကြောက်နေတာမို့ ဇွဲခန့်၏ရင်ခွင်ထဲတိုးဝင်ကာ မျက်စိမှိတ်ထားလိုက်တော့ စစချင်းစီးတုန်းကလောက် မကြောက်တော့ပေ.....။ အချိန်စေ့သွားတာမို့ ရဟတ်ရပ်တော့ ရှိုင်းမာန်ခတို့လဲ ရဟတ်ပေါ်မှ ဆင်းလာကြသည်... ။ဇွဲခန့်က ရှိုင်းမာန်ခ၏ လက်လေးကိုဆုပ်ကိုင်ထားသည်.....။
"ဘာလုပ်ချင်သေးလဲ ရှိုင်း"
"အရုပ်ကောက်စက်မှာ အရုပ်သွားကောက်ရအောင်"
"Ok သွားကြစို့!!"
ဇွဲခန့်ကအော်ပြောကာ ရိှုင်းမာန်ခ၏လက်ကိုဆွဲရင်း အရှေ့ကပြေးသွားတာမို့ ရှိုင်းမာန်ခလဲ ဇွဲခန့်ရဲ့ အနောက်ကပြေးလိုက်လေသည်..။ အရုပ်ကောက်စက်နားရောက်တော့ စက်အထဲမှ ခြင်္သေ့ရုပ်လေးကို ရိှုင်းမာန်ခလိုချင်မိသည်... ။ထို့နောက် အကြွေစေ့ဝယ်ကာ ခြင်္သေ့ရုပ်လေးကို ရိှုင်းမာန်ခ အာရုံစူးစိုက်ကာ ကောက်လိုက်သည်...။
"ကျစ် ပြုတ်ကျသွားပြန်ပြီကွာ"
အကြိမ်များစွာကြိုစားကောက်ပေမယ့် အရုပ်လေးက ညှပ်နှင့်ပါလာသော်လည်း ထပ်တလဲလဲပြန်ပြုတ်ကျသွားတာမို့ ရိှုင်းမာန်ခ ဒေါသထွက်မိသည်...။
"ကိုယ် ကောက်ပေးကြည့်မယ် ရှိုင်း"
ဇွဲခန့်ကပြောတော့ ရိှုင်းမာန်ခလဲ ဇွဲခန့်ကိုတချက်ကြည့်လိုက်သည်...။ ထို့နောက် ခေါင်းငြိမ့်ပြကာ ဇွဲခန့်ကို အရုပ်ကောက်ခိုင်းလိုက်သည်...။
"ဟုတ်ပြီ ရတော့မယ်... ရတော့မယ်... အား...ရပြီကွ"
ဇွဲခန့်ကတကြိမ်ထဲနှင့် ရိှုင်းမာန်ခ လိုချင်သော ခြင်္သေ့ရုပ်လေးကိုကောက်ပေးနိုင်တာမို့ ရိှုင်းမာန်ခလဲ အရမ်းပျော်သွားသည်...။
"ရော့ ဒါက ရိှုင်းအတွက် ကိုယ့်ရဲ့လက်ဆောင်"
" ကျေးဇူးတင်ပါတယ်ဗျ"
ရိှုင်းမာန်ခ တယောက် ခြင်္သေ့ရုပ်လေးရတာမို့ အလွန်ပျော်သွားသည်... ။ ဇွဲခန့်ကလည်း ရှိုင်းမာန်ခကို မြတ်နိုးမဝစွာ ကြည့်နေမိသည်....။
"ရိှုင်း ဗိုက်ဆာပြီလား ကိုယ်တို့ တခုခုသွားစားရအောင်လေ"
"အင်း သွားကြမယ်လေ"
ဒီလိုနဲ့ ကစားကွင်းထဲကထွက်ကာ ရိှုင်းမာန်ခနဲ့ဇွဲခန့်လဲ စားသောက်ဆိုင်တခုသို့ဝင်၍ ဗိုက်ဖြည့်ကြသည်...။
"ရိှုင်း ဘာစားမလဲ"
"ကြက်သားပေါက်ဆီနဲ့ ပီဇာပဲမှာပေးပါ"
"ညီလေးရေ ကြက်သားပေါက်စီနှစ်ပွဲ ပီဇာနှစ်ချပ်နဲ့ စတော့ဘယ်ရီဖျော်ရည်နှစ်ခွက်ပေးနော်"
စားပွဲထိုးကောင်လေးကို ဇွဲခန့်ကစားစရာတွေမှာလိုက်သည်.... ။
"ရိှုင်း ဒီနေ့ကိုယ်နဲ့လျှောက်လည်ရတာ ပျော်ရဲ့လား"
"အရမ်းပျော်တာပဲ... ဇွဲခန့်ကိုကျေးဇူးတင်ပါတယ်နော်"
"ရိှုင်းပျော်ရင် ကိုယ်လဲပျော်ပါတယ်"
"မှာထားတာတွေရပါပြီခင်ဗျ"
စာပွဲထိုးကောင်လေးက စားစရာတွေလာချပေးတော့ စကားပြောနေတာ ရပ်တန့်သွားသည်...။ စားပွဲထိုးကောင်လေးပြန်ထွက်သွားတော့ ရှိုင်းမာန်ခလဲ ဗိုက်ဆာနေတာမို့ ပေါက်ဆီနှင့်ပီဇာကို စားလိုက်သည်...။
"နုတ်ခမ်းမှာပေနေလို့ ကိုယ် သုတ်ပေးမယ်နော်"
" ကျေးဇူးပါဗျ"
"ဟို ကိုယ် ရှိုင်းကိုပြောစရာရှိတယ်"
ဇွဲခန့်ကပြောတော့ ရှိုင်းမာန်ခလဲ စားနေတာကို ခနရပ်လိုက်ကာ ဇွဲခန့်ကိုကြည့်လိုက်သည်...။
"အမယ် စကားပလ္လင်ခံလို့ပါလား ပြောပါဦး ဘာများလဲ"
"ကိုယ် ပြောရင် ရှိုင်း စိတ်ဆိုးမှာကြောက်တယ်"
"ဘာစကားမို့လို့လဲ ဇွဲခန့်ရဲ့ ပြောမှာသာပြောပါဗျ"
"ဟို ဟို ကိုယ် ရှိုင်းကို ချစ်တယ်"
တနေ့ဒီလိုပြောလာလိမ့်မယ်ဆိုတာ ရှိုင်းမာန်ခ ကြိုတွက်ပြီးသားမို့မအံ့ဩတော့ပေ...။သူလဲ ဇွဲခန့် အပေါ် စိတ်ရှိပါသည်လေ...။
"ဘာများလဲလို့ ဇွဲခန့်ရယ်"
"ရိှုင်း ကိုယ့်ကို စိတ်မဆိုးဘူးလားဟင်"
"မဆိုးပါဘူးဗျာ... ဒါစိတ်ဆိုးစရာမှမဟုတ်တာ... ဒါပေမယ့် ကျွန်တော်က အိမ်ထောင်ရှိတယ်ဗျ"
"ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ် ရိှုင်းကိုချစ်တယ် ကိုယ့်ကို လူမသိသူမသိတွဲမယ်ဆိုလဲ လက်ခံပါ့မယ်"
ဇွဲခန့်က မျက်နှာငယ်လေးနှင့်ပြောတော့ ရှိုင်းမာန်ခလဲ ဇွဲခန့်ကို သနားသွားသည်....။
"ကျွန်တော် စဥ်းစားပါရစေ ဇွဲခန့်"
"ကိုယ်စောင့်ပါ့မယ် ရှိုင်း"
"ကျွန်တော်တို့ ပြန်ကြရအောင်လေ"
"ကောင်းပါပြီဗျ"
ဇွဲခန့်လဲ အစားသောက်ဖိုးပိုက်ဆံရှင်းကာ ရှိုင်းမာန်ခကို ထည်ဝါအိမ်တော် အနားသို့ ပြန်လိုက်ပို့လေသည်.....။
"ယောက်ဖလေးပြန်လာပြီလား ဒါနဲ့ ခုနကောင်လေးက ဘယ်သူလဲ"
ဈာန်ရှားက ဆေးရုံကပြန်လာတော့ ရိှုင်းမာန်ခကို ဇွဲခန့်လိုက်ပို့တာ မြင်၍မေးလိုက်ခြင်းဖြစ်သည်....။ ဈာန်ရှား၏မေးခွန်းကြောင့် ရှိုင်းမာန်ခ ဖြေရခက်လှသည်။.
"ဟို... ဟို သူ သူက ကျွန်တော့်သူငယ်ချင်းပါအကို"
"ဟုတ်ပါပြီ ယောက်ဖလေးသွားနားတော့နော်"
"ဟုတ်ကဲ့အကို"
ရှိုင်းမာန်ခလဲ ဈာန်ရှား၏ရှေ့မှအမြန်ထွက်လာကာ အခန်းထဲဝင်လိုက်သသည်....။ ထို့နောက် ရေချိုးအဝတ်စားလဲကာ အိပ်ယာပေါ်လှဲ၍တရေးအိပ်လိုက်သည်...။
*ဒေါက်... ဒေါက်...ဒေါက်...*
မတ်လေးရေ အောက်မှာ မတ်လေးရဲ့သူငယ်ချင်း လေပြေဆိုတဲ့ကောင်လေး ရောက်နေတယ်"
မှေးခနဲအိပ်ပျော်နေစဥ် ဈာန်မေရှားက အခန်းတံခါးခေါက်ကာပြောသောကြောင့် ရိှုင်းမာန်ခလဲ နိုးလာခဲ့သည်....။
"လာပြီ မမ "
ရှိုင်းမာန်ခလဲ အောက်ထပ်သို့ဆင်းလာတော့ ဧည့်ခန်းထဲထိုင်ကာ အချိုရည်သောက်နေသော လေပြေ၏ ဘေးနားတွင်ဝင်ထိုင်လိုက်သည်...။
"အိမ်တိုင်ရာရောက်ဘာလာလုပ်တာလဲ... ကျောင်းလဲမလာဘူးနော်"
"ဟုတ်တယ်ကွ နောက်မှမင်းဆီကစာပြန်ကူးတော့မယ် ငါအခုလာတာက ငါ့ရဲ့မင်္ဂလာဖိတ်စာလာပို့တာလေ ဟဲဟဲ"
လေပြေကပြောရင်းဖြင့် ရှိုင်းမာန်ခ၏လက်ထဲသို့ ဖိတ်စာအပြာရောင်လေး ထည့်ပေး၏။
"ဝိုးးး ငါ့ကောင် မြန်လှချည်လား"
"မမြန်ပါဘူးကွာ ငါ့ကိုကိုခရီးကပြန်လာတာနဲ့ ချက်ချင်းမင်္ဂလာဆောင်ဖို့အတွက် ငါ့မှာမာမီတို့ကိုဖားလိုက် ယောက်္ခထီးနဲ့ယောက္ခမကိုဖားလိုက်နဲ့ ကျောင်းတောင်ပျက်တယ်လေ"
"မင်းယူမယ့်သူက ဘယ်သွားလို့လဲ"
"အင်း ကိုကိုက မင်းရဲ့ ယောက်ျားကုမ္ပဏီမှာအလုပ်လုပ်တာလေ မင်းရဲ့လူကြီးခရီးထွက်သွားတော့ ကိုကိုလဲ အတူပါသွားတာလေ... ငါတောင်အစကမသိဘူး ကိုကိုဓာတ်ပုံအယ်ဘမ်ထဲမှာ မင်းလူကြီးနဲ့တွဲရိုက်ထားတာတွေ့လို့သိသွားတာ"
"မင်း ဘာလို့ငါ့ယောက်ျားကုမ္ပဏီကဝန်ထမ်းနဲ့ ယူချင်ရတာလဲ သူ့မှာမင်းအတွက်အချိန်ပေးနိုင်မှာမဟုတ်ဖူး...သူများတွေလို ပျော်စရာအချိန်တွေဖန်တီးပေးနိုင်မှာမဟုတ်ဖူး စိတ်ပျက်စရာကြီးပါကွာ"
"ငါတော့အာ့လိုမထင်ဘူး ကိုကို့နဲ့လက်ထပ်ရဖို့ငါဂုဏ်ယူတယ်... ငါ့တို့အပူပင်ကင်းကင်းနေရဖို့အတွက် ကိုကိုကနုပျိုတုန်းမှာစီးပွားရှာနေရတာလေ... ဒါမှငါတို့အိုမင်းသွားတဲ့အချိန်မှာ မတောင့်မတမကြောင့်မကျပဲ အပူပင်ကင်းကင်းနေနိုင်မှာပေါ့ကွ...
မင်းပြောသလိုပဲ ကိုကိုက ငါ့ကိုပြောတယ် ငါနဲ့လက်ထပ်ဖို့သူငြင်းတယ်... အစကတော့ ငါ့ကိုမချစ်ဖူးလို့ထင်ခဲ့တာ ဒါပေမယ့်... သူက ငါ့အတွက်စဥ်းစားပြီး ငြင်းမှန်းသိလိုက်ရတယ်.... လုပ်ငန်းရှင်အများစုက အချိန်မပေးနိုင်ဘူး ဟုတ်တယ်... ဒါပေမယ့် သူတို့အာ့လိုမအားမလပ်ဖြစ်နေလို့ သူတို့မှာ ဖောက်ပြန်ဖို့အချိန်မရှိလို့ စိတ်ပူစရာမလိုဘူးလေ..
ကိုကို့ကို တော်တော်များများကမချစ်ကြဘူး တကယ်တော့... ကိုကိုလဲ ချစ်သူနဲ့အတူပျော်ချင်ကြတာပဲလေ... ဒါပေမယ့် ကိုကိုက ကုမ္ပဏီနားရက်တွေဆို ငါ့ကိုအချိန်ပေးတယ်.. အဓိကအချက်က တယောက်နဲ့တယောက်ချစ်နေဖို့ပဲလိုတာလေကွာ... တယောက်အပေါ်တယောက်နားလည်ပေးရမှာပေါ့"
လေပြေရဲ့ စကားအဆုံး ရိှုင်းမာန်ခ မှင်သက်သွားမိသည်.... ။သူက လူကြီးရဲ့ ဘဝကိုနားမလည်ပဲ သူပျော်ရွှင်ရဖို့သာအလေးထားခဲ့တယ်...။ သူအရမ်းမိုက်မဲခဲ့တာပဲ...။ အခုချိန်မှာ လူကြီး ကြိုးစားရှာဖွေနေတာတွေက နောင်တချိန်မှာ သူ့အတွက်ပဲလို့ လူကြီးပြောဖူးခဲ့တယ်။ သူ တော်တော်မကောင်းခဲ့တာပဲ။
"ငါ...ငါ မှားသွားပြီလေပြေ ငါ ငါ လူကြီးအပေါ် သစ္စာဖောက်မိတော့မလို့...ငါ အရမ်းမှားသွားပြီ...ဟင့်"
ရိှုင်းမာန်ခကငိုတော့ လေပြေလဲ လန့်သွားသည်...။
"ဘာ ဘာဖြစ်လဲ ရှိုင်းရဲ့"
"ငါလေ ဇွဲခန့်အပေါ်စိတ်ယိုင်မိတော့မလို့ မင်းသိလား .. ရှိုင်းမာန်ခဆိုတဲ့ ငါကလေ.. ငါ့ယောက်ျားအပေါ်မှာ သစ္စာဖောက်မိတော့မလို့ကွ ဟင့်."
ရှိုင်းမာန်ခပြောသောစကားများကို လေပြေတခုမှ နားမလည်နိုင်ဖြစ်နေ၏။
"ဘာတွေလဲကွာ ငါ ကျောင်းပျက်တဲ့ရက်မှာ ဘာတွေဖြစ်ကြတာလဲ"
"ဇွဲခန့်က ငါ့ကိုချစ်ရေးဆိုထားတယ်"
"ဘာ!!!.. မင်းလက်ခံလိုက်ပြီလား"
"ဟင့်အင်း ငါအဖြေမပေးရသေးဘူး"
"တော်သေးတာပေါ့ အပြတ်ငြင်းလိုက်ရှိုင်း... မင်း ဦးဈာန် အပေါ်မရက်စက်ပါနဲ့ကွာ"
"ငါနားလည်ပါပြီ မင်းကိုကျေးဇူးတင်ပါတယ် လေပြေ"
"ရပါတယ်ကွာ ဒါဆိုငါပြန်တော့မယ် ငါ့မင်္ဂလာပွဲကို မင်းလူကြီးနဲ့ စုံတွဲလေးလာတာမြင်ချင်တယ်နော်"
"စိတ်ချ ငါ့ယောက်ျားနဲ့ ငါလာခဲ့ပါမယ်"
လေပြေ ပြန်သွားတော့ ရှိုင်းမာန်ခလဲ ဖုန်းကိုယူကာ ဇွဲခန့်ဆီသို့စာတစောင်ရိုက်ပို့လိုက်သည်..။
💌ငါ သေချာစဥ်းစားပြီးမှ ဒီစာကိုပို့လိုက်တာပါ ငါ့ယောက်ျားအပေါ် ငါသစ္စာမဖောက်ချင်ဘူး ဇွဲခန့်..ငါတို့သူငယ်ချင်းလိုပဲဆက်ခင်ရအောင် ငါ...ငါ့ယောက်ျားဈာန်ဦးထိုက်ကိုပဲ ချစ်တယ်...💌
ရှိုင်းမာန်ခလဲ ဇွဲခန့်ကိုစာပို့ကာအပေါ်ထပ်တက်ပြီးအခန်းထဲဝင်ကာ ကုတင်ပေါ်တွင်ထိုင်နေမိသည်...။
*Ring... Ring...Ring..*
ဖုန်းမြည် သံကြောင့် ကြည့်လိုက်တော့ ဈာန်ဦးထိုက်ဆီကမို့ ရိှုင်းမာန်ခပျော်သွားသည်...။
📱ဟယ်လို...📱
ကိုယ့်ယောက်ျားနှင့်ကိုယ် ဖုန်းပြောဖို့တောင် စိတ်လှုပ်ရှားနေမိသည်... ။သူတို့အဖြစ်က အနေဝေးနေတဲ့ ချစ်သူရည်းစားတွေပမာ..။
📲ဟယ်လို... ကလေးလေး ကိုယ်ပြောတာကြားလား...📲
📱ကြားတယ် လူကြီးရဲ့...နေကောင်းရဲ့လား.....📱
📲ကိုယ်နေကောင်းပါတယ် ကလေးလေးရော နေကောင်းရဲ့လား...📲
📱လူကနေကောင်းပါတယ် စိတ်ကနေမကောင်းဘူး....📱
ရိှုင်းမာန်ခရဲ့စကားကြောင့် တဖက်ကစိတ်ပူသွားသည်ထင်ပါရဲ့...။
📲ကလေးလေး ဘာဖြစ်လို့လဲ...ကိုယ့်ကလေးကို ဘယ်သူဘာလုပ်လဲ စိတ်ပူလိုက်တာကွာ...📲
📱ဘယ်သူမှမလုပ်ပါဘူး... ကျွန်တော် လူကြီးကိုလွမ်းလို့ ဟင့်..📱
ဈာန်ဦးထိုက် တယောက် ယောက်ျားဖြစ်သူထံမှ သူ့ကိုလွမ်းသည်ဆိုသောကြောင့်...ဝမ်းသာသွားသည်...။
📲ကိုယ်လဲ ကလေးလေးကိုလွမ်းတယ် ကလေးလေးဒီနေ့အတန်းတက်ရတာအဆင်ပြေရဲ့လား...📲
📱ဒီနေ့အတန်းလစ်ပြီး ဇွဲခန့်နဲ့လျှောက်လည်မိတယ်... ပြီးတော့လေ ဇွဲခန့်က ကျွန်တော့်ကိုချစ်ခွင့်ပန်တယ်... ကျွန်တော်ငြင်းလိုက်တယ် လူကြီး.... ကျွန်တော် လူကြီးကိုပဲချစ်တာလို့...📱
မြတ်သူထံမှ စာပို့ကာပြောပြထားတာမို့ ဈာန်ဥိးထိုက်သိနေသည်... ဒါ့ကြောင့်လဲ အလုပ်မအားတာတောင် စိတ်မအေးနိုင်ပဲ ယောက်ျားပေါက်စထံသို့ ဖုန်းဆက်ခြင်းဖြစ်သည်... ။သို့ပေမယ့် ကလေးငယ်ထံမှ ယခုလိုအမှန်တိုင်းပြောပြလိမ့်မည်ဟုမထင်ထားတာမို့ အံ့ဩမိသည်... ။ခုမှသူစိတ်ပူတာသက်သာသွားတော့သည်...။
📲ကိုယ်... ကိုယ် ကြောက်နေခဲ့တာ ကလေး ကိုယ့်ကို ထားခဲ့မှာ ကြောက်နေခဲ့တာ...📲
ရှိုက်သံသဲ့သဲ့ဖြင့်ပြောလာသော ဈာန်ဦးထိုက်၏ စကားကြောင့် ရိှုင်းမာန်ခမျက်ဝန်းလေးဝိုင်းစက်သွားသည်...။
📱လူကြီး ကြိုသိနေခဲ့တာလား...📱
📲အင်း... ကိုယ်က ကလေးစိတ်ချမ်းသာပါစေဆိုပြီး မျိုသိပ်နေခဲ့တာ...📲
📱ဟင့် လူကြီး... ကျွန်တော်တောင်းပန်ပါတယ် ဟင့်...📱
📲မငိုရဘူးလေး ကလေးရယ်... ကိုယ် ကလေးကိုအရမ်းချစ်တာမို့ အပြစ်မမြင်ဘူးနော်...📲
📱လူကြီး ဟင့်.. အရမ်းချစ်တယ်.. အရမ်းလဲလွမ်းတယ် ဟင့် အန္တရာယ် ကင်းကင်းနဲ့ပြန်လာခဲ့နော် ဟင့်.... ဟီး... အင့်......📱
📲အင်းပေါ့ကလေးရဲ့... ကိုယ် အမြန်ဆုံးပြန်လာမှာမို့ အလွမ်းတွေနဲ့စောင့်နေနော် မငိုနဲ့တိတ်တော့နော်... ကိုယ်အဝေးရောက်နေတာမို့ ကလေးပါးထက်ကမျက်ရည်တွေမသုတ်ပေးနိုင်ဘူးလေး.... ချစ်တယ် ကလေးလေး...📲
📱ကျွန်တော်လဲ အရမ်းချစ်တယ် ဖိုးရီး... အာဘွားးးး📱
📲ကလေးကတော့ကွာ အနားမှာသာရှိရင် စိတ်ကြိုက်ချစ်ပစ်မိမှာ... ကလေးလေး ကိုယ်ဖုန်းအားမရှိတော့ဘူး ဒါပဲနော်...📲
📱ဟုတ်ကဲ့လူကြီး....📱
ရိှုင်းမာန်ခတယောက် ဖုန်းပြောပြီးသည်နှင့် မျက်နှာကြီးပြုံးဖြီးလျက် အိပ်ယာဝင်လိုက်သည်... ။ သေချာတယ် အိမ်မက်တွေလှနေတော့မည်...။ တကယ်တော့ ဈာန်ဦးထိုက်ဟာ ညဘက်အထိစာရင်းတွေစစ်နေရတာမို့ ကလေးအား စိတ်မပူစေရန် ဖုန်းအားကုန်ပြီဟု လိမ်ပြောကာ ဖုန်းချလိုက်ခြင်းဖြစ်သည်....။
{ကိုယ့်ရဲ့အသည်းတခြမ်း ကလေးဆီကျန်ခဲ့တာမို့... ကိုယ် အန္တရာယ်ကင်းကင်းနဲ့ပြန်လာနိုင်အောင် ကြိုးစားပါ့မယ် ကလေးငယ်... ကိုယ့်အချစ်တွေနဲ့ ကလေးလေး ထာဝရနွေးထွေး ပါစေကွယ်}
Ep 17ဆက်ရန်...
ပိစိနဲ့ဦးဈာန်တို့အတွဲလေးကိုချစ်ပေးလို့ကျေးဇူးပါ😍 Thank you for reading. Please vote and feedback.
🌊Hlaing Kyoe Myinn🌊
💗💗💗💗💗💗💗💗💗💗💗💗💗
Zgi
Ep 16
"ဟုတ်ကဲ့ပါCEO ကျွန်တော်အားလုံးအဆင်ပြေအောင်လုပ်ပေးလိုက်ပါ့မယ်"
"အင်း စိတ်ပူတာပေါ့"
ရှိုင်းမာန်ခ၏စကားကြောင့် ဇွဲခန့်ပြုံးလိုက်မိသည်...။
"အင်းပါ"
"ရှိုင်း မျက်နှာမကောင်းဘူးနော် ဘာဖြစ်လို့လဲ"
"ရှိုင်း စိတ်ညစ်တာတွေပျောက်သွားအောင် ကျွန်တော်တို့ ဒီနေ့အတန်းလစ်ပြီး လျှောက်လည်ရအောင်"
"အင်း စီးကြမယ်လေ"
ဇွဲခန့်က လက်ကိုဆွဲကာခေါ်တာမို့ ရှိုင်းမာန်ခလဲ ရဟတ်စီးလိုက်ရသည်... ။ ရဟတ်က တဖြည်းဖြည်းအပေါ်တက်ကာ ထိပ်ဆုံးကိုရောက်ချိန်မှာတော့ ရှိုင်းမာန်ခ၏ မျက်လုံးစုံမှိတ်ကာ အသံကုန်အော်မိသည်...။
"အားးးးးး!!!!!"
"Ok သွားကြစို့!!"
ဇွဲခန့်ကအော်ပြောကာ ရှိုင်းမာန်ခ၏လက်ကိုဆွဲရင်း အရှေ့ကပြေးသွားတာမို့ ရှိုင်းမာန်ခလဲ ဇွဲခန့်ရဲ့ အနောက်ကပြေးလိုက်လေသည်..။ အရုပ်ကောက်စက်နားရောက်တော့ စက်အထဲမှ ခြင်္သေ့ရုပ်လေးကို ရှိုင်းမာန်ခလိုချင်မိသည်... ။ထို့နောက် အကြွေစေ့ဝယ်ကာ ခြင်္သေ့ရုပ်လေးကို ရှိုင်းမာန်ခ အာရုံစူးစိုက်ကာ ကောက်လိုက်သည်...။
အကြိမ်များစွာကြိုစားကောက်ပေမယ့် အရုပ်လေးက ညှပ်နှင့်ပါလာသော်လည်း ထပ်တလဲလဲပြန်ပြုတ်ကျသွားတာမို့ ရှိုင်းမာန်ခ ဒေါသထွက်မိသည်...။
ဇွဲခန့်ကတကြိမ်ထဲနှင့် ရှိုင်းမာန်ခ လိုချင်သော ခြင်္သေ့ရုပ်လေးကိုကောက်ပေးနိုင်တာမို့ ရှိုင်းမာန်ခလဲ အရမ်းပျော်သွားသည်...။
"ရော့ ဒါက ရှိုင်းအတွက် ကိုယ့်ရဲ့လက်ဆောင်"
" ကျေးဇူးတင်ပါတယ်ဗျ"
"ရှိုင်း ဗိုက်ဆာပြီလား ကိုယ်တို့ တခုခုသွားစားရအောင်လေ"
"အင်း သွားကြမယ်လေ"
ဒီလိုနဲ့ ကစားကွင်းထဲကထွက်ကာ ရှိုင်းမာန်ခနဲ့ဇွဲခန့်လဲ စားသောက်ဆိုင်တခုသို့ဝင်၍ ဗိုက်ဖြည့်ကြသည်...။
"ရှိုင်း ဘာစားမလဲ"
"ရှိုင်း ဒီနေ့ကိုယ်နဲ့လျှောက်လည်ရတာ ပျော်ရဲ့လား"
"ရှိုင်းပျော်ရင် ကိုယ်လဲပျော်ပါတယ်"
" ကျေးဇူးပါဗျ"
"ရှိုင်း ကိုယ့်ကို စိတ်မဆိုးဘူးလားဟင်"
"ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ် ရှိုင်းကိုချစ်တယ် ကိုယ့်ကို လူမသိသူမသိတွဲမယ်ဆိုလဲ လက်ခံပါ့မယ်"
"ကောင်းပါပြီဗျ"
"ဟုတ်ကဲ့အကို"
*ဒေါက်... ဒေါက်...ဒေါက်...*
မှေးခနဲအိပ်ပျော်နေစဉ် ဈာန်မေရှားက အခန်းတံခါးခေါက်ကာပြောသောကြောင့် ရှိုင်းမာန်ခလဲ နိုးလာခဲ့သည်....။
"လာပြီ မမ "
ရှိုင်းမာန်ခကငိုတော့ လေပြေလဲ လန့်သွားသည်...။
*Ring... Ring...Ring..*
ဖုန်းမြည် သံကြောင့် ကြည့်လိုက်တော့ ဈာန်ဦးထိုက်ဆီကမို့ ရှိုင်းမာန်ခပျော်သွားသည်...။
📱ဟယ်လို...📱
ရှိုင်းမာန်ခရဲ့စကားကြောင့် တဖက်ကစိတ်ပူသွားသည်ထင်ပါရဲ့...။
ရှိုက်သံသဲ့သဲ့ဖြင့်ပြောလာသော ဈာန်ဦးထိုက်၏ စကားကြောင့် ရှိုင်းမာန်ခမျက်ဝန်းလေးဝိုင်းစက်သွားသည်...။
📱ဟုတ်ကဲ့လူကြီး....📱
Ep 17ဆက်ရန်...
ပိစိနဲ့ဦးဈာန်တို့အတွဲလေးကိုချစ်ပေးလို့ကျေးဇူးပါ😍 Thank you for reading. Please like and feedback.
🌊Hlaing Kyoe Myinn🌊