ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

By Ahlaly

619K 22.8K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo
Candy or Originary

အပိုင်း (၁၆)

11.9K 475 37
By Ahlaly

"ကျွန်တော် စျေးသွားမလို့၊
အကွေးလိုက်ချင်လားဟင်"

"အင်း.."

"ဒါဆို ထ"

သူမလေးရဲ့ ခန္ဓာကိုယ်လေးကို တွဲထူပေးတော့လည်း သူမက ကောင်းအလိုကျ ထိုင်ရာမှထ,လာသည်။ဘာမှတော့ မပြောပဲ ကောင်းကို ပဲကြည့်နေသည်မို့ ကောင်းကပဲ သူမလေးရဲ့လက်ကို ဆွဲပြီး အိမ်ပြင်ထွက်ခဲ့လိုက်သည်။

"စက်ဘီးနဲ့ သွားမှာလား"

"အင်းလေ..."

"ငါ့ကိုယ်ကို တင်နင်းနိုင်ပါ့မလား"

"ကျွန်တော့် အင်အားတွေအများကြီးရှိပါတယ်။
လာပါဗျာ..."

အိမ်သော့ခတ်ပြီးနောက် သရက်ပင်အောက် ကစက်ဘီးအနားကို သူမလေးကို ခေါ်ကာ ထိုင်စေလိုက်သည်။ခြံတံခါးကို မပိတ်တော့ပဲ ဒီတိုင်းပဲထားခဲ့လိုက်သည်။

"ငါ့ဆီကိုလာတုန်းက စက်ဘီးနဲ့မတူဘူးနော်"

သူမလေးအိမ်ကို သွားတုန်းက စီးလာတဲ့စက်ဘီးကိုပြောသည်ထင်ပါရဲ့။ဒါကြောင့် ကောင်းလည်း...
"အဲ့ဒီဘီးက သူငယ်ချင်းဆီက ငှားလာတာ"

"ငါဆေးရုံရောက်နေတာ ကောင်းဘယ်လိုသိလဲဟင်"

"ကျွန်တော်လည်း အကွေးတို့ရွာမှာ ဘောလုံးကန်နေတာလေ။အကွေးကို မြင်တော့ ကျွန်တော်နောက်ကလိုက်ခဲ့လိုက်တာ.."

အိမ်ကနေ ထွက်ထွက်ချင်းက ကုန်းဆင်းမို့ အဆင်ပြေသော်လည်း အခုက ကုန်းတက်ကိုရောက်နေသည်မို့ ကောင်းမှာ စကားကို များများမပြောနိုင်။
သူမလေးကတော့ သိချင်သည်က များသည်ထင်ပါရဲ့ မေးခွန်းတွေဆက်မေးသည်။

"ကောင်း ငါ့ကို လိုက်ရှာခဲ့လားဟင်"

"အင်း ရှာတယ်လေ၊"
ရှာလို့ပဲ အဲ့ဒီညပြီးထဲက ရမည်းသင်းနဲ့မိတ္ထီလာနဲ့ကို ကူးချည်သန်းချည် လုပ်နေတာလို့တော့ စိတ်ထဲကပဲပြောလိုက်သည်။

"မောနေပြီလား..."

"နည်းနည်းပါ၊ ကုန်းတက်မိုလို့လေ"

"အင်း.."
ထို့သို့ အဖြေပေးပြီး သူမလေး အသံတိတ်သွားသည်။

လမ်းထိပ်ကို ရောက်မှ ကောင်း အသက်ဝဝရှူလိုက်ပြီး  စျေးဘက်သို့သွားရန်အတွက် မိန်းလမ်းမပေါ်ကနေ အရှေ့ကို ကွေ့ချိုးလိုက်သည်။

"သိပ်မမောတော့ဘူး မလား၊
ငါ စကားပြောချင်လို့ပါ"

ညီညာတဲ့ ကွန်ကရစ်လမ်းပေါ် ရောက်ပြီဖြစ်လို့ ကောင်းမမောတော့ပါ။အစောကလည်း မောသည်ဆိုသော်ငြား သူမလေးသာ အလိုရှိရင် ကောင်းလည်းသူမလေးနဲ့အတူ စကားပြောပေးမှာပါ။သို့သော်လည်း အကွေးက အလိုက်သိသည်။

"ပြောပါဗျာ....ဒီလောက်လေးနဲ့ ကျွန်တော်တကယ်မမောပါဘူး။ မနက်ပိုင်းပြေးရင် မြို့မစျေးဘက်ထိပြေးတာ..ဒီလောက်ကတော့ ဘာမှမဟုတ်ပါဘူး တကယ်ပြောတာ"

"အိုး ကောင်းတကယ်ပြောတာလား၊
အဝေးကြီးပဲ ကောင်းတော့ အရမ်းမောမှာပဲနော်"

"အကျင့်သားရသွားတော့ သိပ်တော့မမောပါဘူး"

စက်ဘီးလေးကို ခပ်မှန်မှန်စီးပြီး သူမလေးနဲ့ စကားတွေပြောနေရတာကို ကောင်းပျော်ရွှင်နေမိသည်။

"ငါလေ ထမင်းဆိုင်ဖွင့်မလားလို့"

"အကွေးက ချက်တတ်တယ်ပေါ့"

"သင်မှာပေါ့ ကောင်းရဲ့၊
ဟို ထမင်းဆိုင်ပိုင်ရှင်လေ သူ့လည်ပင်းကဆွဲကြိုးကြီးကို ကောင်းသတိမထားမိဘူးလား..သူတော်တော်လေး မြတ်တာဖြစ်ရမယ်"

"ဆွဲကြိုး ဝတ်ချင်လို့လား"

"မဝတ်ချင်ပါဘူး လေးတယ်၊
ငါပြောချင်တာက ကောင်းရယ်.. ငါဘာလုပ်ရင်ချမ်းသာလာမယ်လို့ ကောင်းထင်လဲဟင်"

"ဖြည်းဖြည်းချင်းလေးပဲ ဂရုတစိုက်နဲ့နေပေါ့ အကွေးရဲ့၊ လောကကြီးမှာ ချမ်းသာလာဖို့က အသက်ရှင်နေရင် တစ်ချိန်ချိန်တော့ဖြစ်လာမှာပါ"

စကားတပြောပြောနဲ့စီးလာတာ အဝိုင်းရောက်ပြီ။အဝိုင်းကနေ တောင်ဘက်ကိုရှိုးလိုက်တဲ့အချိန်မှာ အစောက ပြောနေတဲ့စကားလမ်းကြောင်းကနေ ကွဲလွဲသွားပြီး နောက်ထပ်စကားသံတစ်မျိုးထွက်လာသည်။

"ပင်လယ်ပြာစျေးလား..."

"အင်း ၊ အကွေးသိတယ်လား..."

"သက်လွင်နဲ့မိုးဟိန်းက ဆိုင်ဖွင့်ထားတယ်လေ၊
ဆိုင်ဖွင့်ပွဲတုန်းက တစ်ခါရောက်ဖူးတယ်။
စျေးထဲရောက်ရင် ငါ မိုးဟိန်းဆီဝင်ချင်သေးတယ်။"

"ကျွန်တော်လိုက်ပို့ပေးပါ့မယ်..."

လမ်းချိုး သုံးကွေ့မြောက်မှာ ကောင်းရဲ့စက်ဘီးလေးဟာ အရှေ့ဘက်သို့ ချိုးဝင်လိုက်၏။စျေးထဲမဝင်ခင် စက်ဘီးကို ရပ်လိုက်တော့လည်း အကွေးက စက်ဘီးပေါ်ကနေ ဆင်းမလာသေးပဲ စျေးအတွင်းကိုသာ မမှိတ်မသုန်ကြည့်နေ၏။ထိုကြောင့် ကောင်းလည်း သူမကိုယ်လေးကို စက်ဘီးပေါ်တင်ထားပြီးစက်ဘီးကိုတွန်းကာ လွတ်နေတဲ့နေရာမှာ ဒေါက်ထောက်လိုက်သည်။

"သြ.."
ဒေါက်ထောက်ပြီးမှ အကွေးက ကောင်းဆီသို့ ကြည့်လာပြီး ကောင်းကို ရယ်ပြသည်။ ဒါကြောင့် ကောင်းလည်း သူမလေးကို ရယ်ပြလိုက်ပြီး သူမလေးရဲ့လက်ကိုဆွဲကာ စျေးအတွင်းထဲသို့ဝင်ခဲ့လိုက်သည်။

"အကွေး ထဘီက အရမ်းရှည်နေသလိုပဲ"

စျေးထဲမှာ လမ်းလျှောက်နေရင်းနဲ့ လက်တစ်ဖက်က ထဘီမြှောက်ကိုင်ထားတဲ့ အကွေးကို ကြည့်ရင်း ကောင်းပြောလိုက်ခြင်း။သူမလေးက မြှောက်ကိုင်ထားသည့်တိုင်အောင် ထဘီစဟာ ခြေမျက်စိဖုံး ဖြစ်နေသေးသည်။

"အရင်က ဗိုက်ပေါ်တက်ပြီး ဝတ်တာ၊အခုက ဗိုက်ကို ဖိမိမှာစိုးလို့ ဗိုက်အောက်လျောပြီးဝတ်တော့ တော်တော်လေးရှည်သွားတာ"

"ဘာဖြစ်လို့လဲ အကွေး၊ဗိုက်အောင့်နေလို့လား.."ဟု စိုးရိမ်တကြီးနဲ့ ကောင်းက မေးမိတော့....သူမလေးက "အစက်လေးတွေ ပြားသွားမှာစိုးလို့"တဲ့ဗျာ။

သူမလေးကြောင့် ကောင်းမှာ ငိုအားထက် ရယ်အားသန်သွားရသည်။

"ငါ့ကို မိုးဟိန်းဆီအရင်လိုက်ပို့ပါလား..."ထိုသို့ပြောပြီးနောက် သူမလေးက ကောင်းအနားကို ကပ်လာပြီး ခြေဖျားထောက်ကာ..."ထဘီက ချောင်ကျချင်နေပြီ" လို့ပြောသည်။

ကောင်းမှာ အကွေးကိုရယ်ချင်ပေမယ့်လည်း စိတ်ရှုပ်နေပုံရတဲ့ သူမလေးရဲ့ မျက်နှာလေးကြောင့် မရယ်ရက်ပါ။ထိုကြောင့် ဖြတ်လမ်းကနေ သူမသူငယ်ချင်းဆိုင်သို့ ဖြည်းဖြည်းချင်းခေါ်သွားလိုက်သည်။

ဆိုင်ထဲမှာ စာရင်းတွေထိုင်မှတ်နေသည့် အကိုမိုဟိန်းက အကွေးကိုမြင်ပုံမရပါ။ထို့ကြောင့် ကောင်းကိုယ်တိုင်ဆိုင်ထဲသို့ လိုက်ပို့ပေးဖို့ပြင်လိုက်သည်။

"ရတယ် ကောင်း၊
ငါပဲ သွားလိုက်မယ်။
ကောင်းက စျေးသွားဝယ်လိုက်လေ"

"ကျွန်တော် လိုက်ပို့ပေးမယ်လေ။
ပြီးတော့ ကျွန်တော်ရှင်းပြ..."

"မလိုပါဘူး ကောင်းရယ်၊ မိုးဟိန်းက ဘာမှမဖြစ်ဘူး။စိတ်မပူနဲ့ ကောင်း.... သွားစရာရှိတာသာ သွား"

ကျွန်တော်ရှင်းပြပေးမယ်ဆိုတဲ့ စကားကြောင့် အစောက အိမ်မှာ ကောင်းနဲ့သူမနဲ့တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြတဲ့ အချိန်ကို ပြန်တွေးမိသွားပြီး ပူထူလာသည်မို့ အကွေး ကောင်းကို အမြန်သွားခိုင်းနေခြင်းပါ။

သို့သော်လည်း ကောင်းက မသွားပဲ အကွေးကို သေချာရဲ့လား ဆိုပြီးကြည့်နေသည်မို့ အကွေးကပဲ ကောင်းလက်ကို ဖြုတ်ကာ မိုးဟိန်းရဲ့ဆိုင်ထဲကို ဝင်လာလိုက်သည်။

"မိုးဟိန်း..."

"ဟင် အကွေး၊နင်ဘယ်လိုရောက်လာတာလဲ။
ထဘီကြီး ဝတ်ထားတာကလဲ ကပိုကရိုနဲ့ဟာ၊ဘာလဲ ဘုရားဖူးလာတာလား"

"ကျစ် နင့်ပါးစပ်ကို ပိတ်ပြီး ဆိုင်ရှေ့ကတစ်ယောက်ကို ပြုံးပြလိုက်စမ်းပါဟာ..."

အကွေးရဲ့အပြောကြောင့် မိုးဟိန်း ဆိုင်ရှေ့ကို ကြည့်မိတော့ သက်လွင်အိမ်ဘေးက ကောင်လေး။သူနဲ့အကွေးနဲ့ နေရာကို ကြည့်နေသည်က ဘာကြောင့်မှန်းမသိ ဒီကောင်လေးရဲ့မျက်ဝန်းတွေက မိုးဟိန်းဆီကို အကူအညီတောင်းနေသလိုပဲ။ထိုကြောင့် မိုးဟိန်းလည်း ယောင်နနနဲ့ အကွေးပြောသလို ပြုံးပြလိုက်သည်။

ထိုအချိန်မှာပဲ ကောင်လေးက မိုးဟိန်းကိုပြန်ပြုံးပြပြီး...
"ကျွန်တော် ခဏပဲကြာမှာပါ" ဟု ပြောပြီး ဆိုင်ရှေ့ကနေထွက်သွားသည်။

ဘာကိုဆိုလိုလဲဆိုတာကို မိုးဟိန်းမသိတာကြောင့် သူငယ်ချင်းမကို ကြည့်မိတော့ သူမလေးကမျက်လုံးပြူးပြသည်။ပြီးနောက် မိုးဟိန်းကို ထိုင်ခုံကနေ ထခိုင်းကာ သူမလေးက ထိုင်ခုံမှာ ဖြည်းညှင်းစွာပင် ဝင်ထိုင်၏။

အရောင်းဝန်ထမ်းလေး နှစ်ယောက်ရှိနေလို့ မိုးဟိန်းမှာ အကွေးနဲ့စကားပြောဖို့ အချိန်ရပါသည်။သို့သော်လည်း ဘာမှမပြောရသေးခင်မှာ...
"ငါ့ကို ကြံရည်ဝယ်တိုက်စမ်းပါ" လို့ အမိန့်တော်မှတ်သည်မို့ မျက်နှာချင်းဆိုင် ဆိုင်ကနေ ကြံရည်သွားဝယ်ပေးရသည်။

ကြံရည်ထုတ်ကိုသာ အာရုံစိုက်နေသည့် အကွေးကိုကြည့်နေရင်းနဲ့ စိတ်မရှည်သည်မို့....

"ဘာတွေလဲဟ၊ နင်ဘာတွေလုပ်ထားလဲ အကွေး"
အနီးအနားက ကော်ခုံကို ယူထိုင်ပြီး အကွေးကိုမေးလိုက်တော့ သူမလေးက မိုးဟိန်းဆီသို့လှည့်ကြည့်လာသည်။

"ငါ့မှာ ကိုယ်ဝန်ရှိနေပြီ မိုးဟိန်း"

"မနောက်စမ်းနဲ့ဟာ..ဆောင်းကမဆက်သွယ်တာတစ်မျိုး၊ သက်လွင်အမေက နေမကောင်းတာကတစ်မျိုးနဲ့ နင့်ကြောင့်မဟုတ်လည်း ငါမှာ သောကတွေနဲ့"

"သက်လွင် အမေကဘာဖြစ်တာလဲဟ၊
သူတို့ မိဘအိမ်ပြန်သွားတယ်ပဲ ငါသိထားတာ"

ထုံးစံအတိုင်း လခြမ်းကွေးရဲ့ စကားလမ်းကြောင်းဟာ ပြောင်းလဲသွားပြန်သည်။

"သက်လွင် အမေက အသည်းအသန်ဖြစ်နေတယ်။အဲ့တာကြောင့် သူတို့မိသားစု ခဏပြန်သွားတာ"

"ငါတို့နှစ်ယောက် လိုက်မေးသင့်တယ်မလား။
အယ် ငါကသိပ်ပြီးမလှုပ်ရဲသေးဘူး၊တော်ကြာ ပျောက်ကုန်လိမ့်မယ်"

သူမလေးရဲ့ ဗိုက်ကို လက်ဖဝါးနဲ့ပွတ်သပ်ပြီး ပြောတဲ့ လခြမ်းကွေးကြောင့် မိုးဟိန်းမှာ မယုံကြည်နိုင်သလို ဖြစ်နေရသည်။

"ဘာတွေလဲ အကွေးရာ"
အဆီမထည့်ထားတဲ့ ဆံပင်အတိုလေးတွေကို ထိုးဖွရင်း မေးလိုက်သည်။

ထိုအခါမှာတော့ သူမလေးက မိုးဟိန်းရဲ့ပေါင်ပေါ်ကို လက်တင်ကာ....
"ငါ ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုသွားတယ်၊
အဲ့မှာ အအေးသောက်တယ်၊ပြီးတော့ ခန္ဓာကိုယ်က ပူလာတယ်၊ သော်တာက ငါနဲ့စကားလာပြောတယ်ဟာ ....ဒါပေမယ့် ကောင်းကကြားဖြတ်ဝင်လာပြီး ငါနဲ့ကောင်းနဲ့ အဲ့ညက ဖြစ်သွားတယ်ပြောရမှာပဲ။နောက်ဆုံးအနေနဲ့ ငါ့မှာ အခုကိုယ်ဝန်ရှိနေပြီ"

"ဒါဆို အစောက ကောင်လေးက နင့်ဗိုက်..ကျစ် ငါဒီကောင့်ကို သတ်မယ်။ အကွေးရာ အဲ့တာကြောင့် နင့်ကိုစိတ်မချတာ"

မတ်တပ်ရပ်ပြီး ကောင်းကိုလိုက်ရှာဖို့ ပြင်နေတဲ့ မိုးဟိန်းကို လခြမ်းကွေး အတင်းဆွဲထားရသည်။

"မဟုတ်ဘူးဟ...တကယ်အဓိက တရားခံက အအေးပဲ"

"အူလည်လည်တွေ မလုပ်စမ်းနဲ့ အကွေး၊
သူ မလုပ်ရင် ဗိုက်က..ငါမပြောလိုက်ချင်ဘူးဟာ"

"အဲ့လိုဆိုတော့လည်း မဟုတ်ပြန်ဘူး၊
တကယ်ဆို ငါက ကောင်းကိုစပြီး အီးး...ဟီးးး...။
နင်လုပ်တာနဲ့ ငါပြန်တွေးမိသွားပြီ။ရှက်လိုက်တာဟယ်"
ပြောနေရင်း မိုးဟိန်းရဲ့ပေါင်ကို တဖြန်းဖြန်း ရိုက်ကာ မျက်နှာကို ချုံ့တွနေသည့်  လခြမ်းကွေးကို မိုးဟိန်းဘယ်လိုလုပ်ပေးရပါ့။

"အခု နင့်ဗိုက်က ဘယ်လောက်ရှိပြီလဲ"

"၅ပတ်လား ၆ပတ်လားပဲ။ဒါတွေကို သန္တာ့ဆီမပြောနဲ့ဦး..သူတို့ပြန်လာမှ သိပါစေ။ဆောင်းနဲ့ကလည်း အဆက်အသွယ်မရဘူး.."

"နင့်မြတ်ဘုန်းကရော.."

"သူလား.."လို့ပြောပြီး လခြမ်းကွေးရဲ့ မျက်နှာဟာ အတွေးတွေနဲ့ဖုံးလွှမ်းသွားကာ ခန္ဓာကိုယ်လေးဟာလည်း ငြိမ်သက်သွားပြန်သည်။

မြတ်ဘုန်းက အကွေးနဲ့ဝေးနေရင်း ဝေးနေရင်းနဲ့ပဲ နောက်ဆုံးမှာ ပြန်လိုမှ ပြန်ဆုံနိုင်တော့တဲ့ အကွာအဝေးသို့ ရောက်သွားပြီလားပဲ။သူနဲ့ ပြန်တွေ့ကြရင် ဘယ်လို လုပ်ရပါ့မလဲလေ။

"ပြန်ရအောင် အကွေး..."

"ဟမ် ပြီးသွားပြီလား"

"အင်း အကွေးနေချင်သေးလို့လား၊
ဒါဆိုလည်း နေခဲ့လေ..ကျွန်တော် ပြီးမှနောက်တစ်ခေါက်လာခေါ်ပေးမယ်"

"အာ ရပါတယ်၊ပြန်လိုက်မယ်"ဟု ဆိုကာ သူမလေးထ,ရပ်လိုက်ပြီး ဆိုင်ထဲကနေ ထွက်လာခဲ့လိုက်သည်။

"အကွေး နေချင်နေခဲ့လေ၊ ငါပြီးမှ ပြန်လိုက်ပို့ပေးမယ်"
အကြောင်းစုံကို မသိရသေးသည်မို့ မိုးဟိန်းက အကွေးကို မသွားစေချင်သေး။

သို့သော်လည်း သူမလေးက ခေါင်းယမ်းပြပြီး..
"မနက်ဖြန်မှ ထပ်လာခဲ့မယ်"

ထို့နောက်တွင် ထဘီမြှောက်ကာ သူမလေးရဲ့ အမျိုးသားနောက်ကို လိုက်သွား၏။

အပြန်လမ်းမှာလည်း အလာတုန်းက အတိုင်းပင် လခြမ်းကွေးဟာ စကားပြောမပြတ်ပါ။

"သက်လွင်အမေက နေမကောင်းဘူးတဲ့ကောင်းရယ်၊
သက်လွင်လည်း တော်တော်တော့ စိတ်ပူနေရှာမှာ..သူ့အမေက တော်တော်မာတာရယ် အခုလိုနေမကောင်းတာ ငါဖြင့် မယုံနိုင်ဘူး"

"အသက်ကြီးလာလို့ဖြစ်မှာပေါ့ အကွေးရဲ့။"

"အသက်ကြီးလာရင် မကောင်းဘူး၊ ဘာမှမလုပ်နိုင် ဘယ်မှလည်း မသွားနိုင်ပဲနဲ့ လေဖြတ်သွားရင် စကားလည်းမပြောနိုင်တော့ဘူး။စားချင်တာလည်း မစားရနဲ့...သိပ်ဆိုးတာပဲ" ဟု သူမက မှတ်ချက်ပေး၏။

"ကျန်းမာရေးကောင်းရင် ဖြစ်ပါတယ်၊ ကျန်းမာအောင် စားသောက်နေရင်းနဲ့ ဘာမှမဖြစ်သလိုဘဝကို စွန့်ခွာသွားတဲ့ သူတွေလည်း ရှိတာပဲ"

"အင်း အေးပေါ့လေ...
Everything will depend on the luck.
ကံပေါ်မှာပဲ မူတည်တာပါလေ"

ပြောနေရင်းနဲ့ ကောင်းတို့ လမ်းထိပ်ကို ရောက်လာသည့်အချိန်မှာ......
"ကောင်း စက်ဘီးကိုရပ်လိုက်၊
ခြေချင်လျှောက်ရအောင်"

"ရပါတယ် ကျွန်တော်စီးနိုင်ပါတယ်ဗျာ.."

"မဟုတ်ဘူးလေ ကိုယ်ဝန်ရှိနေရင် လမ်းလျှောက်တာ ကောင်းတယ်လေ"

"အစပိုင်းမှာတော့ သိပ်ပြီးလှုပ်လှုပ်ရှားရှားမလုပ်သင့်ဘူး၊မဟုတ်ရင် ကလေးတွေက တွယ်ကုတ်လို့မရပဲဖြစ်တတ်တယ်တဲ့"

"ကောင်းက ဘယ်လိုသိလဲ.."

"အဖွားပြောပြဖူးတာပဲ..."

"ဒီလိုအကြောင်းတွေလည်း ပြောတာပဲလားဟင်"

"အဘွားက သူဖတ်တဲ့စာအုပ်တွေအကြောင်းကို ကျွန်တော့်ကို ပြောပြတယ်လေ။ဟိုတစ်စ ဒီတစ်စနဲ့ ကြားဖူးနားဝတွေများလာတော့လည်း အထူးတလည် စာဖတ်စရာမလိုပဲ သိနေတာ"

"သြ ဒါဆို အဖွားရဲ့စာအုပ်တွေရော၊
သူများကို ပေးလိုက်ပြီလား"

"မပေးပါဘူး အကွေးဖတ်ချင်လို့လား.."

"အင်း"

"အိမ်ရောက်ရင် ပြမယ်လေ" ဟု ဆိုကာ အားကုန်သုံးပြီး နောက်ဆုံး ကုန်းကို တက်ခဲ့လိုက်တော့ ခြံတံခါးလေး ပွင့်နေတဲ့ သူတို့ အိမ်ကို ရောက်လာလေသည်။

ဝယ်လာတာတွေအိမ်ထဲသွင်းပြီး မီးဖိုထဲမှာ ကောင်းနေ့လည်စာအတွက်အလုပ်ရှုပ်နေခိုက်မှာ အကွေးကတော့ မီးဖိုခန်းရဲ့ ရှေ့ဘက်အစွန်က စာအုပ်စင်လေးမှာ ငြိမ်သက်နေသည်။

"ရေချိုးတော့လေ အကွေး..."

"အင်း...ဘယ်နားမှာ ချိုးရမလဲ"

"မီးဖိုးပေါက်ကနေ ထွက်လိုက်ရုံပါပဲဗျာ"

ကောင်းရဲ့စကားကြောင့် အကွေး မီးဖိုအသေးလေးရဲ့ တံခါးပေါက်ကို ဖွင့်လိုက်တော့ အနောက်ထဲမှာ တဲသေးသေးလေးကို တွေ့လိုက်ရသည်။ ကျောက်စည်ပိုင်း တစ်ခုချထားပြီး ဘေးမှာလည်း ရွှေပင်၊ငွေပင်လို့ ခေါ်တဲ့ ပန်းပင်တွေက စီရီလို့နေသည်။

"ပန်း ဘယ်သူစိုက်တာလဲ ကောင်း"

"အဖွားစိုက်ခဲ့တဲ့ အပင်တွေပါ။
အကွေးရော ပန်းစိုက်တာ ဝါသနာပါလား။"

"အင်း ပါတယ်..."

"ဒါဆိုလည်း နောက်နေ့မှ ပျိုးပင်သွားဝယ်ပေးမယ်။အခုတော့ ရေချိုးတော့နော်"

"အို........ကေ"

အို ကို အသံရှည်ဆွဲပြီး နောက်မှ ကေကို ရေရွတ်လိုက်တော့ ကောင်းက သဘောတကျနဲ့ပင် ရယ်ချကာ သူမကို ကြည့်နေလေသည်။ကောင်းရယ်လိုက်တဲ့အချိန်တိုင်းမှာ ကလေးလေးလိုမျိုး ဖြစ်သွားတတ်တာကို အကွေးသတိထားမိသည်။ကောင်း ရယ်ရင် ကလေးလေးလိုပဲ ချစ်စရာကောင်းသည်။

ကောင်း ရေချိုးပြီး သူတို့နှစ်ယောက် ထမင်းစားတဲ့အချိန်ရောက်လာတော့ အကွေးစိတ်ထဲ ကြောက်စိတ်တွေဖြစ်လာရသည်။

မနက်က ကောင်း ပုဇွန်ဝယ်လာလို့ အကွေးအများကြီး မျှော်လင့်ထားတာပါ။အခုတော့....

"ဘာဖြစ်လို့လဲ အကွေး.."

ကန်စွန်းရွက်နဲ့ ပုဇွန်နဲ့ ကြော်ထားတဲ့ ဟင်းခွက်ကို အပေါ်ကနေ ဝှိုက်ကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေရင်း သူမလေးရဲ့မျက်နှာက ညှိုးလာသည်မို့ ကောင်း မေးမိတော့ သူမက ခေါင်းယမ်းပြကာ...
"ငါတော့ ကန်စွန်းရွက်ခင်းထဲကို ပုဇွန်ဆင်းရှာရတော့မယ်ထင်တယ်"

"ဟောဗျာ..အကွေးက ကန်စွန်းရွက်မစားဘူးလား"

"အင်း မစားဘူး၊ချဥ်ပေါင်ကြော်တော့စားတယ်။
ကန်စွန်းရွက်ကြော်က မစားဖူးဘူး"

"ဘာလို့လဲ အကွေးအမေက မချက်ပေးဘူးလား"
ထမင်းမစားသေးပဲ သူမလေးကို အရင်မေးရမြန်းရသည်။ဒါကိုလည်း ကောင်းစိတ်မကွက်မိပါ။ပျော်တောင်ပျော်သေးသည်။အရင်က တိတ်ဆိတ်နေတဲ့ ထမင်းဝိုင်းဟာ အခုချိန်မှာတော့ သူမလေးရဲ့ စကားသံတွေကြောင့် စိုပြေနေသည်။

"ငါတို့မှ မစားတာ ၊အမေက ဘယ်ချက်မလဲကောင်းရဲ့"

"အကွေး ဘာဟင်းကြိုက်လဲ၊
နောက်နေ့ အကွေးကြိုက်တဲ့ဟင်းကို ကျွန်တော် ချက်ပေးမှာပေါ့"

"အမဲသား၊ ကြက်သား၊ ငါး..ငါက အကုန်စားပါတယ်။ဟင်းမရွေးတတ်ပါဘူး...အသီးအရွက်တွေတော့ မချက်ပါနဲ့။အမှိုက်ရှုပ်တယ်။ သူတို့ကို သင်ရ ခြွေရတာကလည်း အလုပ်ရှုပ်တယ် ပြီးရင် ဗိုက်ထဲမှာလည်း အသီးအရွက်တွေများသွားရင် ဟိုဟိုဒီဒီရှုပ်ကုန်မယ်"

"ဟုတ်လား....ကျွန်တော်တော့ ဘာမှမရှုပ်ပါဘူး။
ဒီတိုင်းပဲ စားနေတာပဲ..ထားပါလေ ဒါဆို အကွေးက ပုဇွန်စားပေါ့၊ ကန်စွန်းရွက်တွေကို ကျွန်တော့်ပန်းကန်ထဲထဲ့ပေးလေ။ မန်ကျည်းသီးထောင်းရော စားရဲ့လား..သိပ်တော့ မစပ်ပါဘူး"

"အထောင်းက စားပါတယ်" လို့ပြောပြီး ကန်စွန်းရွက်တွေထဲကနေ ပုဇွန်ကို ရွေးထုတ်ကာ စားလေသည်။

ဒီလိုဆိုတော့လည်း ကောင်းဘာမှမပြောဖြစ်ပဲ သူမလေးစိတ်တိုင်းကျ ပုဇွန်စားရရေးအတွက် ကောင်းရဲ့ပန်းကန်ထဲရောက်လာတဲ့ ပုဇွန်တွေကို သူမလေးရဲ့ ပန်းကန်ထဲကို ထဲ့ပေးဖြစ်သည်။

နှစ်ခါသုံးခါလောက် ထဲ့ပေးပြီး နောက်ထပ်ကောင်းပန်းကန်ထဲရောက်လာသည့် ပုဇွန်နှစ်ကောင်ကို သူမလေးအတွက် ထဲ့ပေးဖို့ ယူလိုက်ပေမယ့်လည်း....သူမလေးရဲ့ ဇွန်းဟာ ကောင်းရဲ့ပန်းကန်ထဲကို ရောက်လာသည်။

"ကောင်းရဲ့ ကန်စွန်းရွက်က ဝါးလို့ကောင်းတယ်၊
ငါ့ထဲကို ပုဇွန်မထဲ့ပေးနဲ့တော့...သွားညောင်းလို့ ကန်စွန်းရွက် နဲ့ပဲစားတော့မယ်"
ကန်စွန်းရွက်ကြော်နဲ့ထမင်းနဲ့ စားနေတဲ့ကောင်းကို သူမ သနားလာတာကြောင့် ထိုသို့ပြောလိုက်သည်။

ဒီလိုကျတော့လည်း ကောင်းက ခေါင်းငြိမ့်ပြီး ပုဇွန်ကို စားသည်။ အခုမှ ကောင်းပါးစပ်ထဲ ပုဇွန်ရောက်ရသည်ကို ကြည့်ပြီး အကွေး သက်ပြင်းချမိသည်။

ထမင်းစားပြီးတော့ အကွေးက ပန်းကန်ဆေးပေးသည်။သို့သော်လည်း ကောင်းက အကွေးကို ဝင်ကူရင်း သူက ရေအကြည်ဆေးပြီး ပန်းကန်သိမ်းသည်။

အကုန်လုံး သိမ်းဆည်းပြီးနောက်မှာ ကောင်းက အကွေးကို TVကြည့်ချင်လားမေးပါသည်။သူမက စာအုပ်ဖတ်မယ်လို့ ပြောတာကြောင့် ကောင်းက TVကြည့်နေသည်။ သူမကတော့ အနောက်ထဲက ကောင်းအဖွားရဲ့ စာအုပ်စင်မှာ ရှာဖွေနေရင်းနဲ့မှ...
"ကောင်းရေ ငါမုန့်သွားဝယ်ဦးမယ်"

ဘောလုံးပွဲကြည့်နေတဲ့ ကောင်းရဲ့ဘေးကို လာရပ်ပြီး ထိုသို့ဆိုတော့ ကောင်းက အကွေးကိုလှည့်မကြည့်ပဲ သူ့ဘေးက အိတ်ထဲကနေ သော့တစ်ချောင်းထုတ်ပေးသည်။
"အိမ်နောက်မှာ ဆိုင်ရှိတယ်၊အကွေးသိတယ်မလား.."

"အင်း မချိုဝင်းဆိုင်"

"ဟိုဗီရိုရဲ့ အန်ဆွဲမှာ အကွေးလိုသလောက်ယူသွားနော်။သော့ကိုလည်း အကွေးပဲသိမ်းထားလိုက်ပါ"

ပါးစပ်ကသာ ပြောနေတာ ကောင်းမျက်လုံးတွေက TVကနေမခွာပေ။ ဘာမှလည်း စိတ်ဝင်စားစရာမရှိတဲ့ဟာကို ကောင်းက မျက်တောင်မခတ်စတမ်းကြည့်နေသည်။

အကွေးက ပိုက်ဆံယူဖို့ အန်ဆွဲကို ဖွင့်လိုက်တော့ ပိုက်ဆံအထပ်လေးတွေကို မြင်လိုက်ရသည်။ကောင်းမှာ ဒီလောက်ထိ ပိုက်ဆံရှိလိမ့်မည်ဟုအကွေးမထင်ခဲ့ပါ။အန်ဆွဲနဲ့ အပြည့်ပိုက်ဆံလေးတွေထဲမှာ တစ်ထောင်တန်က အမြင့်ဆုံးဖြစ်ပြီး ၅၀တန်လေးတွေပါ အစီအရီထားထားသည်။

"ကောင်း ဘာစားဦးမလဲ"

"ကျွန်တော်က တော်ပါပြီ"

ဒါနဲ့ အကွေးလည်း အိမ်ရှေ့ကနေထွက်ကာ နောက်ကျောဘက်က စျေးဆိုင်သို့လမ်းလျှောက်သွားလိုက်သည်။စျေးဆိုင်ကနေ မိုင်လိုတစ်ဗူးနဲ့ ချောကလတ်ကိတ်ကို ဝယ်ပြီးပြန်လာသည့်တိုင် ကောင်းရဲ့ ဘောလုံးပွဲဟာ မပြီးသေး။

ထိုကြောင့် အကွေးလည်း ကောင်းဘေးမှာထိုင်ပြီး မုန့်စားနေလိုက်သည်။အကွေးကသာ ကောင်းကို ကြည့်နေတာ ကောင်းကတော့ TVဆီမှ အကြည့်မခွာပါ။

မုန့်စားလိုက် ကောင်းကိုကြည့်လိုက်၊ ကောင်းသဘောတကျနဲ့ကြည့်နေတဲ့ TVကို ကြည့်လိုက်နဲ့ ဗျာများနေတုန်းမှာပဲ။

"အားးး...."

"ဘာဖြစ်တာလဲ အကွေး၊ ဟင် ဘာဖြစ်တာလဲ"

"သွား သွားကိုက်နေပြီ၊လုပ်ပါဦး ကောင်းရယ်"

သူမလေးရဲ့ ပါးစပ်ကို ဟပြပြီး မျက်ရည်တွေချက်ချင်းကျလာတဲ့ အကွေးကြောင့် ကောင်းမှာ ထူပူသွားရသည်။

ဖုန်းမီးကိုယူပြီး သူမလေးရဲ့ ပါးစပ်ထဲကို ကြည့်မိတော့ ပိုးစားနေတဲ့သွားလေးတွေကို ကောင်းတွေ့လိုက်ရတာကြောင့်..."ဆေးခန်းသွားရအောင်"

အမြန်ပင် သူမလေးကို ပွေ့ချီကာ စက်ဘီးနှင့် အဝိုင်းကျော်မှာရှိတဲ့ သွားဆေးခန်းသို့ အမြန်ပင် နင်းလာလိုက်ရ၏။

"နာတယ် ကောင်း လုပ်ပါဦး။"

ဆရာဝန်က သွားပိုးပေါက်လေးထဲကို အချွန်ပါတဲ့သံချောင်း အသေးလေးနဲ့ စမ်းကြည့်နေသည်ကို သူမက အငြိမ်မနေပဲ ကောင်းကို ဖက်ထားကာ ဂျီကျနေသည်။

"ခဏပဲ နာမှာပါ အကွေးရ၊
ငြိမ်ငြိမ်လေးနေလိုက်ရင် ခဏပဲကြာမှာပါ။
မဟုတ်ရင် ကြာသွားလိမ့်မယ်"

"အိမ်ပြန်ချင်ပြီ...အိမ်ရောက်မှ သွားတိုက်လိုက်မယ်လေ... နော်လို့ ပြန်ရအောင်"

ဘယ်လိုမှ အငြိမ်မနေတဲ့ အကွေးကြောင့် ဆရာဝန်ကလည်း သူ့သံချောင်းလေးကို အကွေးပါးစပ်ထဲကနေထုတ်လိုက်ရသည်။မဟုတ်ရင် အကွေးလုပ်ပုံနဲ့ အာခေါင်ဆူးမိနိုင်သည်။

"ကဲ ဒီကညီမ ကလေးလည်းမဟုတ်ပါဘူး။
မနာပါဘူး ခဏပဲကြာမှာ.."

ကောင်းကိုဖက်ထားတဲ့ အကွေးရဲ့လက်တွေကို ဆွဲခွာပြီး သူနာပြုဆရာမလေး နှစ်ယောက်က အကွေးကို ချုပ်ထားသည်။

"မောင်လေးက အပြင်ကနေ စောင့်လိုက်ပါ၊
မဟုတ်ရင် မင်းလူနာက ငြိမ်မှာမဟုတ်ဘူး"

အကွေးရဲ့ လက်သေးသေးလေးတွေက သူနာပြုနှစ်ယောက်ရဲ့ကြားမှာ အတင်းရုန်ကန်နေကာ ပါးစပ်ကလည်း ကောင်းနာမည်ကိုခေါ်ကာ မျက်လုံးတွေကလည်း ကောင်းကို အသနားခံနေသည်မို့ ကောင်း အပြင်ကို ထွက်မသွားချင်ပါ။

"နာတယ် ကောင်း...ငါ့ကိုမထားခဲ့ပါနဲ့နော်"

သူမလေးကို သနားလာတာကြောင့် ကောင်း သူမလေးအနားကို သွားလိုက်ပြီး သူနာပြုဆရာမတွေရဲ့ လက်ကို ဖယ်လိုက်ကာ သူမလေးကို ဖက်လိုက်သည်။

ဆေးရုံမှာ ဒရမ်မာလာရိုက်နေတဲ့ မင်းသားနဲ့မင်းသမီးကို ဆရာဝန်မနဲ့သူနာပြုနှစ်ယောက်ဟာ ခေါင်းတရမ်းရမ်းဖြင့်ကြည့်နေကြသည်။အကွေးကလည်း ရှိုက်ပြီး ငိုနေသည်။ကောင်းကလည်း အကွေးရဲ့နောက်ကျောလေးကို ပွတ်သပ်ပေးရင်း သူမလေးကို ဖက်ထားသည်။

"ဘာမှမဖြစ်ပါဘူး ခဏပဲ..."
အငိုတိတ်ခါနီးမို့ ကောင်း ချော့ပြောဖို့လုပ်လိုက်သည်။

"ဟင့်အင်း ခဏလည်းနာတယ်၊ မလုပ်ချင်ဘူးလို့"

"ကျွန်တော့်ကို ကြည့်ပါဦး"

ဖက်ထားရာမှာ ခွာပြီး သူမလေးကိုကြည့်မို့ဟာကို အခွာမခံပဲ ကောင်းကို အတင်းတွယ်ကပ်ဖက်ထား၏။

"ဟင့်အင်း လို့၊ ငါ နာလိမ့်မယ် ကောင်းရာ၊
မလုပ်ချင်ဘူးလို့ ပြောနေတာကိုဟာ..."

မျက်ရည်တွေကြားကနေ စကားတွေကို ဗလုံးဗထွေးပြောနေတဲ့ အကွေးကို ကောင်းအသနားပိုမိပေမယ့်လည်း ရေရှည်ကိုတွေးပြီး သူမလေးကို အတတ်နိုင်ဆုံးချော့ပြာရသည်။
"အသက်ကြီးလာရင် အကွေးကြိုက်တာတွေ မစားရပဲနေလိမ့်မယ်။ အကွေးပဲ အသက်ကြီးလာရင် ဘာမှမဖြစ်ချင်ဘူးဆို...အဲ့လိုဆို အခုထဲက ဂရုစိုက်ရမှာပေါ့။မဟုတ်ရင် အကွေးမှာ သွားတွေမရှိတော့ပဲနေလိမ့်မယ်"

"ဟင်...သွားက ဘာလို့မရှိမှာလဲဟင်"

မျက်ရည်တွေနဲ့ မျက်နှာလေးဟာ ကောင်းရဲ့ ရင်ခွင်ကနေ ခွာပြီး ကောင်းမျက်နှာကို မော့ကြည့်သည်။

"ပိုးစားတာ ကြာသွားရင် သွားတွေကုန်တာပေါ့"

"မဟုတ်ပဲနဲ့"

"ဟောဗျာ အခုပဲကြည့်လေ အကွေးမှာပိုးပေါက်လေးတွေနဲ့။အဲတာတွေက ဘယ်သူစားထားတာလဲ စဥ်းစားလေဗျာ..သေးသေးလေးတွေတောင် ဖောက်စားထားတာ ကြာရင် အကြီးကြီးဖြစ်အောင် မစားနိုင်ဘူးလို့ အကွေးထင်လား"

ဒီလိုမေးလိုက်တော့ သူမလေးက ခေါင်းယမ်းပြသည်။

"အဲ့တာကြောင့် အခုထဲက သူတို့ကိုဖယ်ထုတ်ထားမှ အကွေးအဆင်ပြေမှာပေါ့..."

မျက်ဆံလေးတွေ ငြိမ်ပြီးစဥ်းစားနေတဲ့ အကွေးရဲ့မျက်နှာက မျက်ရည်တွေကို သုတ်ပေးပြီး သူမလေးရဲ့ ဆံပင်တွေကိုလည်း သပ်ပြီး လက်နဲ့ပဲဖြီးသင်ပေးလိုက်ရသည်။

၃မိနစ်လောက်ကြာမှ...
"အများကြီးတော့ မနာပါဘူးနော်"

ဆရာဝန်မကြီးကို ကြည့်ပြီးမေးတော့ ထိုဆရာဝန်ကလည်း "မနာပါဘူး ရှင်" ဟု ဆိုကာ အကွေးရဲ့ သွားသန့်ရှင်းခြင်းနဲ့ ဖာထေးခြင်းလုပ်ငန်းကို ဖြည်းဖြည်းခြင်းလေး လုပ်ဆောင်ပေးသည်။

သွားကို သန့်ရှင်းပြီးနောက် ထုံးဆေးထိုးပေးသည်မို့အကွေး မနာလောက်ပါလေ။

____________________

Zawgyi......

"ကြၽန္ေတာ္ ေစ်းသြားမလို႔၊
အေကြးလိုက္ခ်င္လားဟင္"

"အင္း.."

"ဒါဆို ထ"

သူမေလးရဲ႕ ခႏၶာကိုယ္ေလးကို တြဲထူေပးေတာ့လည္း သူမက ေကာင္းအလိုက် ထိုင္ရာမွထ,လာသည္။ဘာမွေတာ့ မေျပာပဲ ေကာင္းကို ပဲၾကည့္ေနသည္မို႔ ေကာင္းကပဲ သူမေလးရဲ႕လက္ကို ဆြဲၿပီး အိမ္ျပင္ထြက္ခဲ့လိုက္သည္။

"စက္ဘီးနဲ႔ သြားမွာလား"

"အင္းေလ..."

"ငါ့ကိုယ္ကို တင္နင္းႏိုင္ပါ့မလား"

"ကြၽန္ေတာ့္ အင္အားေတြအမ်ားႀကီးရွိပါတယ္။
လာပါဗ်ာ..."

အိမ္ေသာ့ခတ္ၿပီးေနာက္ သရက္ပင္ေအာက္ ကစက္ဘီးအနားကို သူမေလးကို ေခၚကာ ထိုင္ေစလိုက္သည္။ၿခံတံခါးကို မပိတ္ေတာ့ပဲ ဒီတိုင္းပဲထားခဲ့လိုက္သည္။

"ငါ့ဆီကိုလာတုန္းက စက္ဘီးနဲ႔မတူဘူးေနာ္"

သူမေလးအိမ္ကို သြားတုန္းက စီးလာတဲ့စက္ဘီးကိုေျပာသည္ထင္ပါရဲ႕။ဒါေၾကာင့္ ေကာင္းလည္း...
"အဲ့ဒီဘီးက သူငယ္ခ်င္းဆီက ငွားလာတာ"

"ငါေဆး႐ုံေရာက္ေနတာ ေကာင္းဘယ္လိုသိလဲဟင္"

"ကြၽန္ေတာ္လည္း အေကြးတို႔႐ြာမွာ ေဘာလုံးကန္ေနတာေလ။အေကြးကို ျမင္ေတာ့ ကြၽန္ေတာ္ေနာက္ကလိုက္ခဲ့လိုက္တာ.."

အိမ္ကေန ထြက္ထြက္ခ်င္းက ကုန္းဆင္းမို႔ အဆင္ေျပေသာ္လည္း အခုက ကုန္းတက္ကိုေရာက္ေနသည္မို႔ ေကာင္းမွာ စကားကို မ်ားမ်ားမေျပာႏိုင္။
သူမေလးကေတာ့ သိခ်င္သည္က မ်ားသည္ထင္ပါရဲ႕ ေမးခြန္းေတြဆက္ေမးသည္။

"ေကာင္း ငါ့ကို လိုက္ရွာခဲ့လားဟင္"

"အင္း ရွာတယ္ေလ၊"
ရွာလို႔ပဲ အဲ့ဒီညၿပီးထဲက ရမည္းသင္းနဲ႔မိတၳီလာနဲ႔ကို ကူးခ်ည္သန္းခ်ည္ လုပ္ေနတာလို႔ေတာ့ စိတ္ထဲကပဲေျပာလိုက္သည္။

"ေမာေနၿပီလား..."

"နည္းနည္းပါ၊ ကုန္းတက္မိုလို႔ေလ"

"အင္း.."
ထို႔သို႔ အေျဖေပးၿပီး သူမေလး အသံတိတ္သြားသည္။

လမ္းထိပ္ကို ေရာက္မွ ေကာင္း အသက္ဝဝရႉလိုက္ၿပီး  ေစ်းဘက္သို႔သြားရန္အတြက္ မိန္းလမ္းမေပၚကေန အေရွ႕ကို ေကြ႕ခ်ိဳးလိုက္သည္။

"သိပ္မေမာေတာ့ဘူး မလား၊
ငါ စကားေျပာခ်င္လို႔ပါ"

ညီညာတဲ့ ကြန္ကရစ္လမ္းေပၚ ေရာက္ၿပီျဖစ္လို႔ ေကာင္းမေမာေတာ့ပါ။အေစာကလည္း ေမာသည္ဆိုေသာ္ျငား သူမေလးသာ အလိုရွိရင္ ေကာင္းလည္းသူမေလးနဲ႔အတူ စကားေျပာေပးမွာပါ။သို႔ေသာ္လည္း အေကြးက အလိုက္သိသည္။

"ေျပာပါဗ်ာ....ဒီေလာက္ေလးနဲ႔ ကြၽန္ေတာ္တကယ္မေမာပါဘူး။ မနက္ပိုင္းေျပးရင္ ၿမိဳ႕မေစ်းဘက္ထိေျပးတာ..ဒီေလာက္ကေတာ့ ဘာမွမဟုတ္ပါဘူး တကယ္ေျပာတာ"

"အိုး ေကာင္းတကယ္ေျပာတာလား၊
အေဝးႀကီးပဲ ေကာင္းေတာ့ အရမ္းေမာမွာပဲေနာ္"

"အက်င့္သားရသြားေတာ့ သိပ္ေတာ့မေမာပါဘူး"

စက္ဘီးေလးကို ခပ္မွန္မွန္စီးၿပီး သူမေလးနဲ႔ စကားေတြေျပာေနရတာကို ေကာင္းေပ်ာ္႐ႊင္ေနမိသည္။

"ငါေလ ထမင္းဆိုင္ဖြင့္မလားလို႔"

"အေကြးက ခ်က္တတ္တယ္ေပါ့"

"သင္မွာေပါ့ ေကာင္းရဲ႕၊
ဟို ထမင္းဆိုင္ပိုင္ရွင္ေလ သူ႔လည္ပင္းကဆြဲႀကိဳးႀကီးကို ေကာင္းသတိမထားမိဘူးလား..သူေတာ္ေတာ္ေလး ျမတ္တာျဖစ္ရမယ္"

"ဆြဲႀကိဳး ဝတ္ခ်င္လို႔လား"

"မဝတ္ခ်င္ပါဘူး ေလးတယ္၊
ငါေျပာခ်င္တာက ေကာင္းရယ္.. ငါဘာလုပ္ရင္ခ်မ္းသာလာမယ္လို႔ ေကာင္းထင္လဲဟင္"

"ျဖည္းျဖည္းခ်င္းေလးပဲ ဂ႐ုတစိုက္နဲ႔ေနေပါ့ အေကြးရဲ႕၊ ေလာကႀကီးမွာ ခ်မ္းသာလာဖို႔က အသက္ရွင္ေနရင္ တစ္ခ်ိန္ခ်ိန္ေတာ့ျဖစ္လာမွာပါ"

စကားတေျပာေျပာနဲ႔စီးလာတာ အဝိုင္းေရာက္ၿပီ။အဝိုင္းကေန ေတာင္ဘက္ကိုရႈိးလိုက္တဲ့အခ်ိန္မွာ အေစာက ေျပာေနတဲ့စကားလမ္းေၾကာင္းကေန ကြဲလြဲသြားၿပီး ေနာက္ထပ္စကားသံတစ္မ်ိဳးထြက္လာသည္။

"ပင္လယ္ျပာေစ်းလား..."

"အင္း ၊ အေကြးသိတယ္လား..."

"သက္လြင္နဲ႔မိုးဟိန္းက ဆိုင္ဖြင့္ထားတယ္ေလ၊
ဆိုင္ဖြင့္ပြဲတုန္းက တစ္ခါေရာက္ဖူးတယ္။
ေစ်းထဲေရာက္ရင္ ငါ မိုးဟိန္းဆီဝင္ခ်င္ေသးတယ္။"

"ကြၽန္ေတာ္လိုက္ပို႔ေပးပါ့မယ္..."

လမ္းခ်ိဳး သုံးေကြ႕ေျမာက္မွာ ေကာင္းရဲ႕စက္ဘီးေလးဟာ အေရွ႕ဘက္သို႔ ခ်ိဳးဝင္လိုက္၏။ေစ်းထဲမဝင္ခင္ စက္ဘီးကို ရပ္လိုက္ေတာ့လည္း အေကြးက စက္ဘီးေပၚကေန ဆင္းမလာေသးပဲ ေစ်းအတြင္းကိုသာ မမွိတ္မသုန္ၾကည့္ေန၏။ထိုေၾကာင့္ ေကာင္းလည္း သူမကိုယ္ေလးကို စက္ဘီးေပၚတင္ထားၿပီးစက္ဘီးကိုတြန္းကာ လြတ္ေနတဲ့ေနရာမွာ ေဒါက္ေထာက္လိုက္သည္။

"ၾသ.."
ေဒါက္ေထာက္ၿပီးမွ အေကြးက ေကာင္းဆီသို႔ ၾကည့္လာၿပီး ေကာင္းကို ရယ္ျပသည္။ ဒါေၾကာင့္ ေကာင္းလည္း သူမေလးကို ရယ္ျပလိုက္ၿပီး သူမေလးရဲ႕လက္ကိုဆြဲကာ ေစ်းအတြင္းထဲသို႔ဝင္ခဲ့လိုက္သည္။

"အေကြး ထဘီက အရမ္းရွည္ေနသလိုပဲ"

ေစ်းထဲမွာ လမ္းေလွ်ာက္ေနရင္းနဲ႔ လက္တစ္ဖက္က ထဘီေျမႇာက္ကိုင္ထားတဲ့ အေကြးကို ၾကည့္ရင္း ေကာင္းေျပာလိုက္ျခင္း။သူမေလးက ေျမႇာက္ကိုင္ထားသည့္တိုင္ေအာင္ ထဘီစဟာ ေျခမ်က္စိဖုံး ျဖစ္ေနေသးသည္။

"အရင္က ဗိုက္ေပၚတက္ၿပီး ဝတ္တာ၊အခုက ဗိုက္ကို ဖိမိမွာစိုးလို႔ ဗိုက္ေအာက္ေလ်ာၿပီးဝတ္ေတာ့ ေတာ္ေတာ္ေလးရွည္သြားတာ"

"ဘာျဖစ္လို႔လဲ အေကြး၊ဗိုက္ေအာင့္ေနလို႔လား.."ဟု စိုးရိမ္တႀကီးနဲ႔ ေကာင္းက ေမးမိေတာ့....သူမေလးက "အစက္ေလးေတြ ျပားသြားမွာစိုးလို႔"တဲ့ဗ်ာ။

သူမေလးေၾကာင့္ ေကာင္းမွာ ငိုအားထက္ ရယ္အားသန္သြားရသည္။

"ငါ့ကို မိုးဟိန္းဆီအရင္လိုက္ပို႔ပါလား..."ထိုသို႔ေျပာၿပီးေနာက္ သူမေလးက ေကာင္းအနားကို ကပ္လာၿပီး ေျခဖ်ားေထာက္ကာ..."ထဘီက ေခ်ာင္က်ခ်င္ေနၿပီ" လို႔ေျပာသည္။

ေကာင္းမွာ အေကြးကိုရယ္ခ်င္ေပမယ့္လည္း စိတ္ရႈပ္ေနပုံရတဲ့ သူမေလးရဲ႕ မ်က္ႏွာေလးေၾကာင့္ မရယ္ရက္ပါ။ထိုေၾကာင့္ ျဖတ္လမ္းကေန သူမသူငယ္ခ်င္းဆိုင္သို႔ ျဖည္းျဖည္းခ်င္းေခၚသြားလိုက္သည္။

ဆိုင္ထဲမွာ စာရင္းေတြထိုင္မွတ္ေနသည့္ အကိုမိုဟိန္းက အေကြးကိုျမင္ပုံမရပါ။ထို႔ေၾကာင့္ ေကာင္းကိုယ္တိုင္ဆိုင္ထဲသို႔ လိုက္ပို႔ေပးဖို႔ျပင္လိုက္သည္။

"ရတယ္ ေကာင္း၊
ငါပဲ သြားလိုက္မယ္။
ေကာင္းက ေစ်းသြားဝယ္လိုက္ေလ"

"ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ။
ၿပီးေတာ့ ကြၽန္ေတာ္ရွင္းျပ..."

"မလိုပါဘူး ေကာင္းရယ္၊ မိုးဟိန္းက ဘာမွမျဖစ္ဘူး။စိတ္မပူနဲ႔ ေကာင္း.... သြားစရာရွိတာသာ သြား"

ကြၽန္ေတာ္ရွင္းျပေပးမယ္ဆိုတဲ့ စကားေၾကာင့္ အေစာက အိမ္မွာ ေကာင္းနဲ႔သူမနဲ႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ေနၾကတဲ့ အခ်ိန္ကို ျပန္ေတြးမိသြားၿပီး ပူထူလာသည္မို႔ အေကြး ေကာင္းကို အျမန္သြားခိုင္းေနျခင္းပါ။

သို႔ေသာ္လည္း ေကာင္းက မသြားပဲ အေကြးကို ေသခ်ာရဲ႕လား ဆိုၿပီးၾကည့္ေနသည္မို႔ အေကြးကပဲ ေကာင္းလက္ကို ျဖဳတ္ကာ မိုးဟိန္းရဲ႕ဆိုင္ထဲကို ဝင္လာလိုက္သည္။

"မိုးဟိန္း..."

"ဟင္ အေကြး၊နင္ဘယ္လိုေရာက္လာတာလဲ။
ထဘီႀကီး ဝတ္ထားတာကလဲ ကပိုက႐ိုနဲ႔ဟာ၊ဘာလဲ ဘုရားဖူးလာတာလား"

"က်စ္ နင့္ပါးစပ္ကို ပိတ္ၿပီး ဆိုင္ေရွ႕ကတစ္ေယာက္ကို ၿပဳံးျပလိုက္စမ္းပါဟာ..."

အေကြးရဲ႕အေျပာေၾကာင့္ မိုးဟိန္း ဆိုင္ေရွ႕ကို ၾကည့္မိေတာ့ သက္လြင္အိမ္ေဘးက ေကာင္ေလး။သူနဲ႔အေကြးနဲ႔ ေနရာကို ၾကည့္ေနသည္က ဘာေၾကာင့္မွန္းမသိ ဒီေကာင္ေလးရဲ႕မ်က္ဝန္းေတြက မိုးဟိန္းဆီကို အကူအညီေတာင္းေနသလိုပဲ။ထိုေၾကာင့္ မိုးဟိန္းလည္း ေယာင္နနနဲ႔ အေကြးေျပာသလို ၿပဳံးျပလိုက္သည္။

ထိုအခ်ိန္မွာပဲ ေကာင္ေလးက မိုးဟိန္းကိုျပန္ၿပဳံးျပၿပီး...
"ကြၽန္ေတာ္ ခဏပဲၾကာမွာပါ" ဟု ေျပာၿပီး ဆိုင္ေရွ႕ကေနထြက္သြားသည္။

ဘာကိုဆိုလိုလဲဆိုတာကို မိုးဟိန္းမသိတာေၾကာင့္ သူငယ္ခ်င္းမကို ၾကည့္မိေတာ့ သူမေလးကမ်က္လုံးျပဴးျပသည္။ၿပီးေနာက္ မိုးဟိန္းကို ထိုင္ခုံကေန ထခိုင္းကာ သူမေလးက ထိုင္ခုံမွာ ျဖည္းညႇင္းစြာပင္ ဝင္ထိုင္၏။

အေရာင္းဝန္ထမ္းေလး ႏွစ္ေယာက္ရွိေနလို႔ မိုးဟိန္းမွာ အေကြးနဲ႔စကားေျပာဖို႔ အခ်ိန္ရပါသည္။သို႔ေသာ္လည္း ဘာမွမေျပာရေသးခင္မွာ...
"ငါ့ကို ႀကံရည္ဝယ္တိုက္စမ္းပါ" လို႔ အမိန္႔ေတာ္မွတ္သည္မို႔ မ်က္ႏွာခ်င္းဆိုင္ ဆိုင္ကေန ႀကံရည္သြားဝယ္ေပးရသည္။

ႀကံရည္ထုတ္ကိုသာ အာ႐ုံစိုက္ေနသည့္ အေကြးကိုၾကည့္ေနရင္းနဲ႔ စိတ္မရွည္သည္မို႔....

"ဘာေတြလဲဟ၊ နင္ဘာေတြလုပ္ထားလဲ အေကြး"
အနီးအနားက ေကာ္ခုံကို ယူထိုင္ၿပီး အေကြးကိုေမးလိုက္ေတာ့ သူမေလးက မိုးဟိန္းဆီသို႔လွည့္ၾကည့္လာသည္။

"ငါ့မွာ ကိုယ္ဝန္ရွိေနၿပီ မိုးဟိန္း"

"မေနာက္စမ္းနဲ႔ဟာ..ေဆာင္းကမဆက္သြယ္တာတစ္မ်ိဳး၊ သက္လြင္အေမက ေနမေကာင္းတာကတစ္မ်ိဳးနဲ႔ နင့္ေၾကာင့္မဟုတ္လည္း ငါမွာ ေသာကေတြနဲ႔"

"သက္လြင္ အေမကဘာျဖစ္တာလဲဟ၊
သူတို႔ မိဘအိမ္ျပန္သြားတယ္ပဲ ငါသိထားတာ"

ထုံးစံအတိုင္း လျခမ္းေကြးရဲ႕ စကားလမ္းေၾကာင္းဟာ ေျပာင္းလဲသြားျပန္သည္။

"သက္လြင္ အေမက အသည္းအသန္ျဖစ္ေနတယ္။အဲ့တာေၾကာင့္ သူတို႔မိသားစု ခဏျပန္သြားတာ"

"ငါတို႔ႏွစ္ေယာက္ လိုက္ေမးသင့္တယ္မလား။
အယ္ ငါကသိပ္ၿပီးမလႈပ္ရဲေသးဘူး၊ေတာ္ၾကာ ေပ်ာက္ကုန္လိမ့္မယ္"

သူမေလးရဲ႕ ဗိုက္ကို လက္ဖဝါးနဲ႔ပြတ္သပ္ၿပီး ေျပာတဲ့ လျခမ္းေကြးေၾကာင့္ မိုးဟိန္းမွာ မယုံၾကည္ႏိုင္သလို ျဖစ္ေနရသည္။

"ဘာေတြလဲ အေကြးရာ"
အဆီမထည့္ထားတဲ့ ဆံပင္အတိုေလးေတြကို ထိုးဖြရင္း ေမးလိုက္သည္။

ထိုအခါမွာေတာ့ သူမေလးက မိုးဟိန္းရဲ႕ေပါင္ေပၚကို လက္တင္ကာ....
"ငါ ေက်ာင္းသားေဟာင္းေတြ႕ဆုံပြဲကိုသြားတယ္၊
အဲ့မွာ အေအးေသာက္တယ္၊ၿပီးေတာ့ ခႏၶာကိုယ္က ပူလာတယ္၊ ေသာ္တာက ငါနဲ႔စကားလာေျပာတယ္ဟာ ....ဒါေပမယ့္ ေကာင္းကၾကားျဖတ္ဝင္လာၿပီး ငါနဲ႔ေကာင္းနဲ႔ အဲ့ညက ျဖစ္သြားတယ္ေျပာရမွာပဲ။ေနာက္ဆုံးအေနနဲ႔ ငါ့မွာ အခုကိုယ္ဝန္ရွိေနၿပီ"

"ဒါဆို အေစာက ေကာင္ေလးက နင့္ဗိုက္..က်စ္ ငါဒီေကာင့္ကို သတ္မယ္။ အေကြးရာ အဲ့တာေၾကာင့္ နင့္ကိုစိတ္မခ်တာ"

မတ္တပ္ရပ္ၿပီး ေကာင္းကိုလိုက္ရွာဖို႔ ျပင္ေနတဲ့ မိုးဟိန္းကို လျခမ္းေကြး အတင္းဆြဲထားရသည္။

"မဟုတ္ဘူးဟ...တကယ္အဓိက တရားခံက အေအးပဲ"

"အူလည္လည္ေတြ မလုပ္စမ္းနဲ႔ အေကြး၊
သူ မလုပ္ရင္ ဗိုက္က..ငါမေျပာလိုက္ခ်င္ဘူးဟာ"

"အဲ့လိုဆိုေတာ့လည္း မဟုတ္ျပန္ဘူး၊
တကယ္ဆို ငါက ေကာင္းကိုစၿပီး အီးး...ဟီးးး...။
နင္လုပ္တာနဲ႔ ငါျပန္ေတြးမိသြားၿပီ။ရွက္လိုက္တာဟယ္"
ေျပာေနရင္း မိုးဟိန္းရဲ႕ေပါင္ကို တျဖန္းျဖန္း ႐ိုက္ကာ မ်က္ႏွာကို ခ်ဳံ႕တြေနသည့္  လျခမ္းေကြးကို မိုးဟိန္းဘယ္လိုလုပ္ေပးရပါ့။

"အခု နင့္ဗိုက္က ဘယ္ေလာက္ရွိၿပီလဲ"

"၅ပတ္လား ၆ပတ္လားပဲ။ဒါေတြကို သႏၲာ့ဆီမေျပာနဲ႔ဦး..သူတို႔ျပန္လာမွ သိပါေစ။ေဆာင္းနဲ႔ကလည္း အဆက္အသြယ္မရဘူး.."

"နင့္ျမတ္ဘုန္းကေရာ.."

"သူလား.."လို႔ေျပာၿပီး လျခမ္းေကြးရဲ႕ မ်က္ႏွာဟာ အေတြးေတြနဲ႔ဖုံးလႊမ္းသြားကာ ခႏၶာကိုယ္ေလးဟာလည္း ၿငိမ္သက္သြားျပန္သည္။

ျမတ္ဘုန္းက အေကြးနဲ႔ေဝးေနရင္း ေဝးေနရင္းနဲ႔ပဲ ေနာက္ဆုံးမွာ ျပန္လိုမွ ျပန္ဆုံႏိုင္ေတာ့တဲ့ အကြာအေဝးသို႔ ေရာက္သြားၿပီလားပဲ။သူနဲ႔ ျပန္ေတြ႕ၾကရင္ ဘယ္လို လုပ္ရပါ့မလဲေလ။

"ျပန္ရေအာင္ အေကြး..."

"ဟမ္ ၿပီးသြားၿပီလား"

"အင္း အေကြးေနခ်င္ေသးလို႔လား၊
ဒါဆိုလည္း ေနခဲ့ေလ..ကြၽန္ေတာ္ ၿပီးမွေနာက္တစ္ေခါက္လာေခၚေပးမယ္"

"အာ ရပါတယ္၊ျပန္လိုက္မယ္"ဟု ဆိုကာ သူမေလးထ,ရပ္လိုက္ၿပီး ဆိုင္ထဲကေန ထြက္လာခဲ့လိုက္သည္။

"အေကြး ေနခ်င္ေနခဲ့ေလ၊ ငါၿပီးမွ ျပန္လိုက္ပို႔ေပးမယ္"
အေၾကာင္းစုံကို မသိရေသးသည္မို႔ မိုးဟိန္းက အေကြးကို မသြားေစခ်င္ေသး။

သို႔ေသာ္လည္း သူမေလးက ေခါင္းယမ္းျပၿပီး..
"မနက္ျဖန္မွ ထပ္လာခဲ့မယ္"

ထို႔ေနာက္တြင္ ထဘီေျမႇာက္ကာ သူမေလးရဲ႕ အမ်ိဳးသားေနာက္ကို လိုက္သြား၏။

အျပန္လမ္းမွာလည္း အလာတုန္းက အတိုင္းပင္ လျခမ္းေကြးဟာ စကားေျပာမျပတ္ပါ။

"သက္လြင္အေမက ေနမေကာင္းဘူးတဲ့ေကာင္းရယ္၊
သက္လြင္လည္း ေတာ္ေတာ္ေတာ့ စိတ္ပူေနရွာမွာ..သူ႔အေမက ေတာ္ေတာ္မာတာရယ္ အခုလိုေနမေကာင္းတာ ငါျဖင့္ မယုံႏိုင္ဘူး"

"အသက္ႀကီးလာလို႔ျဖစ္မွာေပါ့ အေကြးရဲ႕။"

"အသက္ႀကီးလာရင္ မေကာင္းဘူး၊ ဘာမွမလုပ္ႏိုင္ ဘယ္မွလည္း မသြားႏိုင္ပဲနဲ႔ ေလျဖတ္သြားရင္ စကားလည္းမေျပာႏိုင္ေတာ့ဘူး။စားခ်င္တာလည္း မစားရနဲ႔...သိပ္ဆိုးတာပဲ" ဟု သူမက မွတ္ခ်က္ေပး၏။

"က်န္းမာေရးေကာင္းရင္ ျဖစ္ပါတယ္၊ က်န္းမာေအာင္ စားေသာက္ေနရင္းနဲ႔ ဘာမွမျဖစ္သလိုဘဝကို စြန္႔ခြာသြားတဲ့ သူေတြလည္း ရွိတာပဲ"

"အင္း ေအးေပါ့ေလ...
Everything will depend on the luck.
ကံေပၚမွာပဲ မူတည္တာပါေလ"

ေျပာေနရင္းနဲ႔ ေကာင္းတို႔ လမ္းထိပ္ကို ေရာက္လာသည့္အခ်ိန္မွာ......
"ေကာင္း စက္ဘီးကိုရပ္လိုက္၊
ေျခခ်င္ေလွ်ာက္ရေအာင္"

"ရပါတယ္ ကြၽန္ေတာ္စီးႏိုင္ပါတယ္ဗ်ာ.."

"မဟုတ္ဘူးေလ ကိုယ္ဝန္ရွိေနရင္ လမ္းေလွ်ာက္တာ ေကာင္းတယ္ေလ"

"အစပိုင္းမွာေတာ့ သိပ္ၿပီးလႈပ္လႈပ္ရွားရွားမလုပ္သင့္ဘူး၊မဟုတ္ရင္ ကေလးေတြက တြယ္ကုတ္လို႔မရပဲျဖစ္တတ္တယ္တဲ့"

"ေကာင္းက ဘယ္လိုသိလဲ.."

"အဖြားေျပာျပဖူးတာပဲ..."

"ဒီလိုအေၾကာင္းေတြလည္း ေျပာတာပဲလားဟင္"

"အဘြားက သူဖတ္တဲ့စာအုပ္ေတြအေၾကာင္းကို ကြၽန္ေတာ့္ကို ေျပာျပတယ္ေလ။ဟိုတစ္စ ဒီတစ္စနဲ႔ ၾကားဖူးနားဝေတြမ်ားလာေတာ့လည္း အထူးတလည္ စာဖတ္စရာမလိုပဲ သိေနတာ"

"ၾသ ဒါဆို အဖြားရဲ႕စာအုပ္ေတြေရာ၊
သူမ်ားကို ေပးလိုက္ၿပီလား"

"မေပးပါဘူး အေကြးဖတ္ခ်င္လို႔လား.."

"အင္း"

"အိမ္ေရာက္ရင္ ျပမယ္ေလ" ဟု ဆိုကာ အားကုန္သုံးၿပီး ေနာက္ဆုံး ကုန္းကို တက္ခဲ့လိုက္ေတာ့ ၿခံတံခါးေလး ပြင့္ေနတဲ့ သူတို႔ အိမ္ကို ေရာက္လာေလသည္။

ဝယ္လာတာေတြအိမ္ထဲသြင္းၿပီး မီးဖိုထဲမွာ ေကာင္းေန႔လည္စာအတြက္အလုပ္ရႈပ္ေနခိုက္မွာ အေကြးကေတာ့ မီးဖိုခန္းရဲ႕ ေရွ႕ဘက္အစြန္က စာအုပ္စင္ေလးမွာ ၿငိမ္သက္ေနသည္။

"ေရခ်ိဳးေတာ့ေလ အေကြး..."

"အင္း...ဘယ္နားမွာ ခ်ိဳးရမလဲ"

"မီးဖိုးေပါက္ကေန ထြက္လိုက္႐ုံပါပဲဗ်ာ"

ေကာင္းရဲ႕စကားေၾကာင့္ အေကြး မီးဖိုအေသးေလးရဲ႕ တံခါးေပါက္ကို ဖြင့္လိုက္ေတာ့ အေနာက္ထဲမွာ တဲေသးေသးေလးကို ေတြ႕လိုက္ရသည္။ ေက်ာက္စည္ပိုင္း တစ္ခုခ်ထားၿပီး ေဘးမွာလည္း ေ႐ႊပင္၊ေငြပင္လို႔ ေခၚတဲ့ ပန္းပင္ေတြက စီရီလို႔ေနသည္။

"ပန္း ဘယ္သူစိုက္တာလဲ ေကာင္း"

"အဖြားစိုက္ခဲ့တဲ့ အပင္ေတြပါ။
အေကြးေရာ ပန္းစိုက္တာ ဝါသနာပါလား။"

"အင္း ပါတယ္..."

"ဒါဆိုလည္း ေနာက္ေန႔မွ ပ်ိဳးပင္သြားဝယ္ေပးမယ္။အခုေတာ့ ေရခ်ိဳးေတာ့ေနာ္"

"အို........ေက"

အို ကို အသံရွည္ဆြဲၿပီး ေနာက္မွ ေကကို ေရ႐ြတ္လိုက္ေတာ့ ေကာင္းက သေဘာတက်နဲ႔ပင္ ရယ္ခ်ကာ သူမကို ၾကည့္ေနေလသည္။ေကာင္းရယ္လိုက္တဲ့အခ်ိန္တိုင္းမွာ ကေလးေလးလိုမ်ိဳး ျဖစ္သြားတတ္တာကို အေကြးသတိထားမိသည္။ေကာင္း ရယ္ရင္ ကေလးေလးလိုပဲ ခ်စ္စရာေကာင္းသည္။

ေကာင္း ေရခ်ိဳးၿပီး သူတို႔ႏွစ္ေယာက္ ထမင္းစားတဲ့အခ်ိန္ေရာက္လာေတာ့ အေကြးစိတ္ထဲ ေၾကာက္စိတ္ေတြျဖစ္လာရသည္။

မနက္က ေကာင္း ပုဇြန္ဝယ္လာလို႔ အေကြးအမ်ားႀကီး ေမွ်ာ္လင့္ထားတာပါ။အခုေတာ့....

"ဘာျဖစ္လို႔လဲ အေကြး.."

ကန္စြန္း႐ြက္နဲ႔ ပုဇြန္နဲ႔ ေၾကာ္ထားတဲ့ ဟင္းခြက္ကို အေပၚကေန ဝႈိက္ၾကည့္လိုက္ ေဘးတိုက္ၾကည့္လိုက္နဲ႔ အလုပ္ရႈပ္ေနရင္း သူမေလးရဲ႕မ်က္ႏွာက ညႇိဳးလာသည္မို႔ ေကာင္း ေမးမိေတာ့ သူမက ေခါင္းယမ္းျပကာ...
"ငါေတာ့ ကန္စြန္း႐ြက္ခင္းထဲကို ပုဇြန္ဆင္းရွာရေတာ့မယ္ထင္တယ္"

"ေဟာဗ်ာ..အေကြးက ကန္စြန္း႐ြက္မစားဘူးလား"

"အင္း မစားဘူး၊ခ်ဥ္ေပါင္ေၾကာ္ေတာ့စားတယ္။
ကန္စြန္း႐ြက္ေၾကာ္က မစားဖူးဘူး"

"ဘာလို႔လဲ အေကြးအေမက မခ်က္ေပးဘူးလား"
ထမင္းမစားေသးပဲ သူမေလးကို အရင္ေမးရျမန္းရသည္။ဒါကိုလည္း ေကာင္းစိတ္မကြက္မိပါ။ေပ်ာ္ေတာင္ေပ်ာ္ေသးသည္။အရင္က တိတ္ဆိတ္ေနတဲ့ ထမင္းဝိုင္းဟာ အခုခ်ိန္မွာေတာ့ သူမေလးရဲ႕ စကားသံေတြေၾကာင့္ စိုေျပေနသည္။

"ငါတို႔မွ မစားတာ ၊အေမက ဘယ္ခ်က္မလဲေကာင္းရဲ႕"

"အေကြး ဘာဟင္းႀကိဳက္လဲ၊
ေနာက္ေန႔ အေကြးႀကိဳက္တဲ့ဟင္းကို ကြၽန္ေတာ္ ခ်က္ေပးမွာေပါ့"

"အမဲသား၊ ၾကက္သား၊ ငါး..ငါက အကုန္စားပါတယ္။ဟင္းမေ႐ြးတတ္ပါဘူး...အသီးအ႐ြက္ေတြေတာ့ မခ်က္ပါနဲ႔။အမႈိက္ရႈပ္တယ္။ သူတို႔ကို သင္ရ ေႁခြရတာကလည္း အလုပ္ရႈပ္တယ္ ၿပီးရင္ ဗိုက္ထဲမွာလည္း အသီးအ႐ြက္ေတြမ်ားသြားရင္ ဟိုဟိုဒီဒီရႈပ္ကုန္မယ္"

"ဟုတ္လား....ကြၽန္ေတာ္ေတာ့ ဘာမွမရႈပ္ပါဘူး။
ဒီတိုင္းပဲ စားေနတာပဲ..ထားပါေလ ဒါဆို အေကြးက ပုဇြန္စားေပါ့၊ ကန္စြန္း႐ြက္ေတြကို ကြၽန္ေတာ့္ပန္းကန္ထဲထဲ့ေပးေလ။ မန္က်ည္းသီးေထာင္းေရာ စားရဲ႕လား..သိပ္ေတာ့ မစပ္ပါဘူး"

"အေထာင္းက စားပါတယ္" လို႔ေျပာၿပီး ကန္စြန္း႐ြက္ေတြထဲကေန ပုဇြန္ကို ေ႐ြးထုတ္ကာ စားေလသည္။

ဒီလိုဆိုေတာ့လည္း ေကာင္းဘာမွမေျပာျဖစ္ပဲ သူမေလးစိတ္တိုင္းက် ပုဇြန္စားရေရးအတြက္ ေကာင္းရဲ႕ပန္းကန္ထဲေရာက္လာတဲ့ ပုဇြန္ေတြကို သူမေလးရဲ႕ ပန္းကန္ထဲကို ထဲ့ေပးျဖစ္သည္။

ႏွစ္ခါသုံးခါေလာက္ ထဲ့ေပးၿပီး ေနာက္ထပ္ေကာင္းပန္းကန္ထဲေရာက္လာသည့္ ပုဇြန္ႏွစ္ေကာင္ကို သူမေလးအတြက္ ထဲ့ေပးဖို႔ ယူလိုက္ေပမယ့္လည္း....သူမေလးရဲ႕ ဇြန္းဟာ ေကာင္းရဲ႕ပန္းကန္ထဲကို ေရာက္လာသည္။

"ေကာင္းရဲ႕ ကန္စြန္း႐ြက္က ဝါးလို႔ေကာင္းတယ္၊
ငါ့ထဲကို ပုဇြန္မထဲ့ေပးနဲ႔ေတာ့...သြားေညာင္းလို႔ ကန္စြန္း႐ြက္ နဲ႔ပဲစားေတာ့မယ္"
ကန္စြန္း႐ြက္ေၾကာ္နဲ႔ထမင္းနဲ႔ စားေနတဲ့ေကာင္းကို သူမ သနားလာတာေၾကာင့္ ထိုသို႔ေျပာလိုက္သည္။

ဒီလိုက်ေတာ့လည္း ေကာင္းက ေခါင္းၿငိမ့္ၿပီး ပုဇြန္ကို စားသည္။ အခုမွ ေကာင္းပါးစပ္ထဲ ပုဇြန္ေရာက္ရသည္ကို ၾကည့္ၿပီး အေကြး သက္ျပင္းခ်မိသည္။

ထမင္းစားၿပီးေတာ့ အေကြးက ပန္းကန္ေဆးေပးသည္။သို႔ေသာ္လည္း ေကာင္းက အေကြးကို ဝင္ကူရင္း သူက ေရအၾကည္ေဆးၿပီး ပန္းကန္သိမ္းသည္။

အကုန္လုံး သိမ္းဆည္းၿပီးေနာက္မွာ ေကာင္းက အေကြးကို TVၾကည့္ခ်င္လားေမးပါသည္။သူမက စာအုပ္ဖတ္မယ္လို႔ ေျပာတာေၾကာင့္ ေကာင္းက TVၾကည့္ေနသည္။ သူမကေတာ့ အေနာက္ထဲက ေကာင္းအဖြားရဲ႕ စာအုပ္စင္မွာ ရွာေဖြေနရင္းနဲ႔မွ...
"ေကာင္းေရ ငါမုန္႔သြားဝယ္ဦးမယ္"

ေဘာလုံးပြဲၾကည့္ေနတဲ့ ေကာင္းရဲ႕ေဘးကို လာရပ္ၿပီး ထိုသို႔ဆိုေတာ့ ေကာင္းက အေကြးကိုလွည့္မၾကည့္ပဲ သူ႔ေဘးက အိတ္ထဲကေန ေသာ့တစ္ေခ်ာင္းထုတ္ေပးသည္။
"အိမ္ေနာက္မွာ ဆိုင္ရွိတယ္၊အေကြးသိတယ္မလား.."

"အင္း မခ်ိဳဝင္းဆိုင္"

"ဟိုဗီ႐ိုရဲ႕ အန္ဆြဲမွာ အေကြးလိုသေလာက္ယူသြားေနာ္။ေသာ့ကိုလည္း အေကြးပဲသိမ္းထားလိုက္ပါ"

ပါးစပ္ကသာ ေျပာေနတာ ေကာင္းမ်က္လုံးေတြက TVကေနမခြာေပ။ ဘာမွလည္း စိတ္ဝင္စားစရာမရွိတဲ့ဟာကို ေကာင္းက မ်က္ေတာင္မခတ္စတမ္းၾကည့္ေနသည္။

အေကြးက ပိုက္ဆံယူဖို႔ အန္ဆြဲကို ဖြင့္လိုက္ေတာ့ ပိုက္ဆံအထပ္ေလးေတြကို ျမင္လိုက္ရသည္။ေကာင္းမွာ ဒီေလာက္ထိ ပိုက္ဆံရွိလိမ့္မည္ဟုအေကြးမထင္ခဲ့ပါ။အန္ဆြဲနဲ႔ အျပည့္ပိုက္ဆံေလးေတြထဲမွာ တစ္ေထာင္တန္က အျမင့္ဆုံးျဖစ္ၿပီး ၅၀တန္ေလးေတြပါ အစီအရီထားထားသည္။

"ေကာင္း ဘာစားဦးမလဲ"

"ကြၽန္ေတာ္က ေတာ္ပါၿပီ"

ဒါနဲ႔ အေကြးလည္း အိမ္ေရွ႕ကေနထြက္ကာ ေနာက္ေက်ာဘက္က ေစ်းဆိုင္သို႔လမ္းေလွ်ာက္သြားလိုက္သည္။ေစ်းဆိုင္ကေန မိုင္လိုတစ္ဗူးနဲ႔ ေခ်ာကလတ္ကိတ္ကို ဝယ္ၿပီးျပန္လာသည့္တိုင္ ေကာင္းရဲ႕ ေဘာလုံးပြဲဟာ မၿပီးေသး။

ထိုေၾကာင့္ အေကြးလည္း ေကာင္းေဘးမွာထိုင္ၿပီး မုန္႔စားေနလိုက္သည္။အေကြးကသာ ေကာင္းကို ၾကည့္ေနတာ ေကာင္းကေတာ့ TVဆီမွ အၾကည့္မခြာပါ။

မုန္႔စားလိုက္ ေကာင္းကိုၾကည့္လိုက္၊ ေကာင္းသေဘာတက်နဲ႔ၾကည့္ေနတဲ့ TVကို ၾကည့္လိုက္နဲ႔ ဗ်ာမ်ားေနတုန္းမွာပဲ။

"အားးး...."

"ဘာျဖစ္တာလဲ အေကြး၊ ဟင္ ဘာျဖစ္တာလဲ"

"သြား သြားကိုက္ေနၿပီ၊လုပ္ပါဦး ေကာင္းရယ္"

သူမေလးရဲ႕ ပါးစပ္ကို ဟျပၿပီး မ်က္ရည္ေတြခ်က္ခ်င္းက်လာတဲ့ အေကြးေၾကာင့္ ေကာင္းမွာ ထူပူသြားရသည္။

ဖုန္းမီးကိုယူၿပီး သူမေလးရဲ႕ ပါးစပ္ထဲကို ၾကည့္မိေတာ့ ပိုးစားေနတဲ့သြားေလးေတြကို ေကာင္းေတြ႕လိုက္ရတာေၾကာင့္..."ေဆးခန္းသြားရေအာင္"

အျမန္ပင္ သူမေလးကို ေပြ႕ခ်ီကာ စက္ဘီးႏွင့္ အဝိုင္းေက်ာ္မွာရွိတဲ့ သြားေဆးခန္းသို႔ အျမန္ပင္ နင္းလာလိုက္ရ၏။

"နာတယ္ ေကာင္း လုပ္ပါဦး။"

ဆရာဝန္က သြားပိုးေပါက္ေလးထဲကို အခြၽန္ပါတဲ့သံေခ်ာင္း အေသးေလးနဲ႔ စမ္းၾကည့္ေနသည္ကို သူမက အၿငိမ္မေနပဲ ေကာင္းကို ဖက္ထားကာ ဂ်ီက်ေနသည္။

"ခဏပဲ နာမွာပါ အေကြးရ၊
ၿငိမ္ၿငိမ္ေလးေနလိုက္ရင္ ခဏပဲၾကာမွာပါ။
မဟုတ္ရင္ ၾကာသြားလိမ့္မယ္"

"အိမ္ျပန္ခ်င္ၿပီ...အိမ္ေရာက္မွ သြားတိုက္လိုက္မယ္ေလ... ေနာ္လို႔ ျပန္ရေအာင္"

ဘယ္လိုမွ အၿငိမ္မေနတဲ့ အေကြးေၾကာင့္ ဆရာဝန္ကလည္း သူ႔သံေခ်ာင္းေလးကို အေကြးပါးစပ္ထဲကေနထုတ္လိုက္ရသည္။မဟုတ္ရင္ အေကြးလုပ္ပုံနဲ႔ အာေခါင္ဆူးမိႏိုင္သည္။

"ကဲ ဒီကညီမ ကေလးလည္းမဟုတ္ပါဘူး။
မနာပါဘူး ခဏပဲၾကာမွာ.."

ေကာင္းကိုဖက္ထားတဲ့ အေကြးရဲ႕လက္ေတြကို ဆြဲခြာၿပီး သူနာျပဳဆရာမေလး ႏွစ္ေယာက္က အေကြးကို ခ်ဳပ္ထားသည္။

"ေမာင္ေလးက အျပင္ကေန ေစာင့္လိုက္ပါ၊
မဟုတ္ရင္ မင္းလူနာက ၿငိမ္မွာမဟုတ္ဘူး"

အေကြးရဲ႕ လက္ေသးေသးေလးေတြက သူနာျပဳႏွစ္ေယာက္ရဲ႕ၾကားမွာ အတင္း႐ုန္ကန္ေနကာ ပါးစပ္ကလည္း ေကာင္းနာမည္ကိုေခၚကာ မ်က္လုံးေတြကလည္း ေကာင္းကို အသနားခံေနသည္မို႔ ေကာင္း အျပင္ကို ထြက္မသြားခ်င္ပါ။

"နာတယ္ ေကာင္း...ငါ့ကိုမထားခဲ့ပါနဲ႔ေနာ္"

သူမေလးကို သနားလာတာေၾကာင့္ ေကာင္း သူမေလးအနားကို သြားလိုက္ၿပီး သူနာျပဳဆရာမေတြရဲ႕ လက္ကို ဖယ္လိုက္ကာ သူမေလးကို ဖက္လိုက္သည္။

ေဆး႐ုံမွာ ဒရမ္မာလာ႐ိုက္ေနတဲ့ မင္းသားနဲ႔မင္းသမီးကို ဆရာဝန္မနဲ႔သူနာျပဳႏွစ္ေယာက္ဟာ ေခါင္းတရမ္းရမ္းျဖင့္ၾကည့္ေနၾကသည္။အေကြးကလည္း ရႈိက္ၿပီး ငိုေနသည္။ေကာင္းကလည္း အေကြးရဲ႕ေနာက္ေက်ာေလးကို ပြတ္သပ္ေပးရင္း သူမေလးကို ဖက္ထားသည္။

"ဘာမွမျဖစ္ပါဘူး ခဏပဲ..."
အငိုတိတ္ခါနီးမို႔ ေကာင္း ေခ်ာ့ေျပာဖို႔လုပ္လိုက္သည္။

"ဟင့္အင္း ခဏလည္းနာတယ္၊ မလုပ္ခ်င္ဘူးလို႔"

"ကြၽန္ေတာ့္ကို ၾကည့္ပါဦး"

ဖက္ထားရာမွာ ခြာၿပီး သူမေလးကိုၾကည့္မို႔ဟာကို အခြာမခံပဲ ေကာင္းကို အတင္းတြယ္ကပ္ဖက္ထား၏။

"ဟင့္အင္း လို႔၊ ငါ နာလိမ့္မယ္ ေကာင္းရာ၊
မလုပ္ခ်င္ဘူးလို႔ ေျပာေနတာကိုဟာ..."

မ်က္ရည္ေတြၾကားကေန စကားေတြကို ဗလုံးဗေထြးေျပာေနတဲ့ အေကြးကို ေကာင္းအသနားပိုမိေပမယ့္လည္း ေရရွည္ကိုေတြးၿပီး သူမေလးကို အတတ္ႏိုင္ဆုံးေခ်ာ့ျပာရသည္။
"အသက္ႀကီးလာရင္ အေကြးႀကိဳက္တာေတြ မစားရပဲေနလိမ့္မယ္။ အေကြးပဲ အသက္ႀကီးလာရင္ ဘာမွမျဖစ္ခ်င္ဘူးဆို...အဲ့လိုဆို အခုထဲက ဂ႐ုစိုက္ရမွာေပါ့။မဟုတ္ရင္ အေကြးမွာ သြားေတြမရွိေတာ့ပဲေနလိမ့္မယ္"

"ဟင္...သြားက ဘာလို႔မရွိမွာလဲဟင္"

မ်က္ရည္ေတြနဲ႔ မ်က္ႏွာေလးဟာ ေကာင္းရဲ႕ ရင္ခြင္ကေန ခြာၿပီး ေကာင္းမ်က္ႏွာကို ေမာ့ၾကည့္သည္။

"ပိုးစားတာ ၾကာသြားရင္ သြားေတြကုန္တာေပါ့"

"မဟုတ္ပဲနဲ႔"

"ေဟာဗ်ာ အခုပဲၾကည့္ေလ အေကြးမွာပိုးေပါက္ေလးေတြနဲ႔။အဲတာေတြက ဘယ္သူစားထားတာလဲ စဥ္းစားေလဗ်ာ..ေသးေသးေလးေတြေတာင္ ေဖာက္စားထားတာ ၾကာရင္ အႀကီးႀကီးျဖစ္ေအာင္ မစားႏိုင္ဘူးလို႔ အေကြးထင္လား"

ဒီလိုေမးလိုက္ေတာ့ သူမေလးက ေခါင္းယမ္းျပသည္။

"အဲ့တာေၾကာင့္ အခုထဲက သူတို႔ကိုဖယ္ထုတ္ထားမွ အေကြးအဆင္ေျပမွာေပါ့..."

မ်က္ဆံေလးေတြ ၿငိမ္ၿပီးစဥ္းစားေနတဲ့ အေကြးရဲ႕မ်က္ႏွာက မ်က္ရည္ေတြကို သုတ္ေပးၿပီး သူမေလးရဲ႕ ဆံပင္ေတြကိုလည္း သပ္ၿပီး လက္နဲ႔ပဲၿဖီးသင္ေပးလိုက္ရသည္။

၃မိနစ္ေလာက္ၾကာမွ...
"အမ်ားႀကီးေတာ့ မနာပါဘူးေနာ္"

ဆရာဝန္မႀကီးကို ၾကည့္ၿပီးေမးေတာ့ ထိုဆရာဝန္ကလည္း "မနာပါဘူး ရွင္" ဟု ဆိုကာ အေကြးရဲ႕ သြားသန္႔ရွင္းျခင္းနဲ႔ ဖာေထးျခင္းလုပ္ငန္းကို ျဖည္းျဖည္းျခင္းေလး လုပ္ေဆာင္ေပးသည္။

သြားကို သန္႔ရွင္းၿပီးေနာက္ ထုံးေဆးထိုးေပးသည္မို႔အေကြး မနာေလာက္ပါေလ။

Continue Reading

You'll Also Like

281K 29K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
102K 7.4K 48
It's all about heart touching love story,betrayal & hot love💗............ Karku sake abaku labari
8.1K 1.3K 154
Hər üstün bilən və bacaranın bir üstün bilən və bacaranı vardır. Ən üstün bilən və bacaran isə bilik və bacarığı yaradan - Tanrıdır!
619K 22.8K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။