Love Between Serpent Beastman...

By imyourhlaing12

179K 36.3K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍

2.5K 606 17
By imyourhlaing12

ထိုလူကြီးကမြွေကြီးတဲ့လား-2

(Unicode)

မြွေကြီးကကျားကြီးကို သူနဲ့ဝေးရာဆီ ခေါ်သွားပေးနေတာလား။ အဲ့ဒီမြွေကြီးက သူသေလောက်အောင်ကြောက်ခဲ့ရသည့် ယခင်ကမြွေကြီးလား။

ရှုရှု၏ဦးနှောက်ကလေးမှာ အလုပ်မလုပ်နိုင်တော့ပေ။ မှန်သလား၊မှားသလား မသေချာသည့်အတွက် ဆက်၍မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်၏။ သူ၏ကိုယ်ထဲမှရှိသည့် စိတ်စွမ်းအင်စွမ်းအားအနည်းငယ်အားသုံးကာ သူမြန်မြန်လမ်းလျှောက်နိုင်ရန် ကြိုးစားကြည့်လိုက်၏။ ကံမကောင်းစွာပင် သူပို၍စိုးရိမ်မှုလွန်ကဲလာလေလေ...သူပို၍မလှုပ်နိုင်လေလေဖြစ်နေ၏။ နောက်ဆုံးတော့ သူသေ၊ကိုယ်သေ တိုက်ခိုက်နေကြသည့် ဧရာမသားရဲနှစ်ကောင်အား ဗလာသက်သက်စိုက်ကြည့်နေမိတော့၏။

သားရဲနှစ်ကောင်တိုက်ခိုက်သည့်အချိန် ကြာလာသည်နှင့်အမျှ အနိုင်ရမည့်သူအားခန့်မှန်းနိုင်လာ၏။ မြွေအကြီးကြီးမှာ တစ်ကိုယ်လုံးစုတ်ပြတ်ဒဏ်ရာရနေသော်လည်း ပို၍သန်မာပုံရပြီး ကျားကြီးအားသေသည်အထိ ညစ်ကာသတ်လိုက်၏။

ထိုအချိန်မှ ရှုရှုလည်း လှုပ်ရှားနိုင်တော့၏။

ခြေလက်လေးချောင်းလုံး တောင့်တင်းနေသော်လည်း ရှုရှုကဖြည်းဖြည်းချင်းထကာ လေးဘက်ထောက်၍ ကုပ်ကုပ်၊ကုပ်ကုပ်ဖြင့် ဝေးရာဆီသွားနေ၏။ အနည်းငယ်သွားပြီးနောက် သဘောကောင်းသည့်လူကြီး၏ကိုယ်အနံ့အား ရှုရှုခံစားမိလိုက်၏။

ထိုလူကြီးကော ဒီနေရာမှာရောက်နေတာလား။

ရှုရှုက ဆက်မသွားတော့ပဲ အံကိုကြိတ်ကာ ထိုလူကြီးအားရှာရန် သားရဲနှစ်ကောင်ရှိရာဆီပြန်သွားလိုက်၏။

ဧရာမကျားကြီးမှာ သေဆုံးနေပြီး မြွေကြီးမှာလည်း မြေကြီးပေါ် မလှုပ်မယှက်လဲကျနေ၏။ သို့သော် မြွေကြီး၏ကိုယ်မှာ ထွက်သွားချင်ဟန်ဖြင့် လှုပ်ရှားလိုက်သော်လည်း မလုပ်နိုင်ခဲ့ပေ။ ရှုရှု၏ချဥ်းကပ်လာခြင်းအား သိရှိပုံပေါ်ပြီး မြွေကြီး၏မျက်လုံးအစုံက ရှုရှုပေါ်ကျရောက်လာ၏။

ရှုရှုမှာ မြေကြီးပေါ်ဒူးထောက်နေရင်း တစ်ကိုယ်လုံးတုန်ယင်သွားနေလေ၏။ သွားများမှာလည်း တကပ်ကပ်အသံထွက်သည်အထိ တုန်ယင်နေပြီး နားရွက်ပွပွအစုံမှာလည်း ထောင်တက်နေကာ သူ၏လက်သည်းလေးများပင်ထွက်နေ၏။ ရှုရှု​က သူ့အားပျော်ရွှင်စေသည့် သဘောကောင်းသည့်လူကြီး၏အနံ့အား ရှာဖွေနေသည့်အတွက် မြွေကြီးကြောင့်ထွက်ပြေးချင်သော်လည်း ကိုယ်ကိုကိုင်းကာအနံ့ခံလိုက်၏။

တစ်ခဏအကြာတွင် ရှုရှု၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားရ၏။

ထိုလူကြီး၏အနံ့မှာ မြွေအကြီးကြီးဆီမှ ထွက်လာခြင်းဖြစ်နေ၏။

ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

ရှုရှုမှာ မြွေကြီးကိုကြည့်ရင်း တစ်ကိုယ်လုံးလည်းပြင်းပြင်းထန်ထန် တုန်ယင်နေ၏။ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရှုရှုပြန်သတိဝင်လာ၏။ ရှုရှုက ဤအရာမှာ ဖြစ်နိုင်ကြောင်းခံစားလိုက်ရ၏။

မြွေကြီးနှင့်ပထမဦးဆုံးအကြိမ် ဆုံတွေ့ခဲ့ရစဥ် ထိုမြွေကြီးက သူ့အားအန္တရာယ်မပေးခဲ့ပေ။ ထို့အပြင် သူ့အားမြန်မြန်ပင်လွှတ်ပေးခဲ့၏။ ယခုဆိုလျှင်လည်း....ကျားကြီးကသူ့အားစားဖို့ပြင်တော့ မြွေကြီးကသူ့အားကယ်တင်ပေး၏။

မြွေကြီးက ပုံမှန်ဆို ကျားကြီးနှင့်တိုက်ခိုက်စရာ အကြောင်းလုံးဝမရှိပေ။ ရှုရှု့အား ကယ်တင်ချင်၍ ကျားကြီးနှင့်တိုက်ခိုက်ခြင်းပဲ ဖြစ်ရမည်။ သူ့အားကယ်တင်ချင်၍ မြွေကြီးမှာ သေလုမျောပါး ဒဏ်ရာအကြီးအကျယ်ရနေရလေပြီ။

ရှုရှုက မြွေကြီး၏ကိုယ်ပေါ်မှ စုတ်ပြဲနေသော အရေခွံနှင့် ဒဏ်ရာများအားကြည့်နေမိ၏။ သူ၏တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး မျက်ရည်များကလည်း အကြောင်းမဲ့ကျလာ၏။

ရှုရှုကဤမြွေကြီးအား သေလုအောင်ကြောက်သော်လည်း သူ၏အသက်သခင်ကျေးဇူးရှင်အား မပစ်ထားခဲ့နိုင်ပေ။

ထိုမြွေကြီးက သူ့ဘေး၌တစ်ချိန်လုံးရှိနေပေးခဲ့ပြီး အန္တရာယ်တစ်စုံတစ်ရာမှမပေးခဲ့ဖူးပေ။ ထို့ကြောင့် မြွေကြီးက သူ့အားစားချင်သည့်အတွေး မရှိလောက်ပေ။ ထို့အပြင် သူ့အား သားကောင်များစွာလည်း ဖမ်းပေးခဲ့ဖူး၏။

ရှုရှုမှာ တုန်တုန်ယင်ယင်ဖြင့် မျက်ရည်များကိုသုတ်လိုက်၏။ သူ၏ဘေးဘက်မှ သစ်ပင်အားမှီလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ထွက်ပြေးသွားလိုက်၏။

.........🐹🐾🐹🐾🐹🐾🐹..........

ရှုရှုထွက်ပြေးသွားသည်ကို မြင်လိုက်သည့်အက်ဂါက သူညှစ်သတ်ထားသည့် ကျားအသေကောင်ပေါ်ခေါင်းတင်ကာ နားလိုက်၏။ သူက ခံစားချက်ပေါင်းစုံရောထွေးနေလေသည်။

သူကအနည်းငယ်ဆုံးရှုံးသွားသည်ဟု ခံစားနေရသော်လည်း သူလုပ်ခဲ့သည့်အရာမှာ လုံးဝမှန်ကန်သည်ဟုခံစားနေရသည်။

အိမ်ရှေ့စံမင်းသားဖြစ်စဥ်က သားရဲတစ်ပိုင်းလူသားအများအပြားက သူ့အားနှစ်သက်ကြသော်လည်း သူ၏အေးစက်စက်သားရဲပုံစံအား တော်တော်များများ မကြိုက်ကြချေ။ ယခုဆိုလျှင် သူကသားရဲလူသားပင်မဟုတ်တော့ပဲ သားရဲတစ်ကောင်ဖြစ်လာပြီဖြစ်၍ လူတိုင်း၏ခံစားချက်အား ပြောင်းအောင်ပို၍မလုပ်နိုင်တော့ပေ။

ဘယ်သူက သားရဲတစ်ကောင်နဲ့ ချစ်ကြိုက်မှာတဲ့လဲ။ သားရဲတစ်ပိုင်းလူသားများက သားရဲအမြုတေပျက်စီးကာ သားရဲဖြစ်သွားသည့် အဆင့်ကျသားရဲများအား မနှစ်မြို့ကြပေ။

ပိုဆိုးသည်က ထိုအကောင်ငယ်လေးမှာ သူယခင်ကသားရဲလူသားဖြစ်ခဲ့ကြောင်းကိုပင် မသိချေ။ ထိုသားရဲတစ်ပိုင်းလူသားလေး၏မျက်လုံးထဲတွင် သူက မြွေတစ်ကောင်သာ။

အက်ဂါက ခေါင်းအစခြေအဆုံးနာကျင်နေပြီး ခုန်နေသည့်နှလုံးသားကပင် နာကျင်နေ၏။

သူ၏မူလအင်အားနှင့်ဆိုလျှင် ထိုဧရာမကျားကြီးအား အလွယ်ပင် သတ်ပစ်နိုင်၏။ သို့သော် ယခုမှာ ယခင်ကနှင့်မတူတော့ပေ။

သူ့ကိုယ်သူပေါက်ခွဲလိုက်စဥ်က သူ၏သားရဲအမြုတေပျက်စီးရုံတင်မက သူကိုယ်တိုင်ပါ ဒဏ်ရာအပြင်းအထန်ရရှိခဲ့၏။ ယခု သူ၏အင်အားမှာ မူလအင်အား၏ဆယ်ပုံတစ်ပုံတောင်မရှိတော့ပေ။ ဤကဲ့သို့အခြေအနေမျိုးတွင် ကျားကြီးအားအနိုင်ရခဲ့သော်လည်း တန်ဖိုးတစ်ခုပေးဆပ်ခဲ့ရ၏။

ယခင်ဒဏ်ရာဟောင်းများက အနည်းငယ်သက်သာခဲ့သော်လည်း ယခုအကြိမ်တွင် လုံးလုံးဆိုးရွားသွားတော့၏။

ကံကောင်းစွာပင် သူနှင့် ကျားကြီး၏အနံ့ကြောင့် အခြားသားရဲများ လာရဲလိမ့်မည်မဟုတ်ပေ။ သူလည်း စိတ်ချလက်ချ နားနိုင်ပြီး သားရဲတစ်ပိုင်းလူသားလေးမှာလည်း အချိန်အတိုင်းအတာတစ်ခုအထိ လုံလုံခြုံခြုံနေနိုင်လိမ့်မည်။

အက်ဂါကမလှုပ်ရှားပဲ အားနည်းနည်းပြန်ပြည့်လာမည်ကို စောင့်နေ၏။ ထိုအချိန်တွင် သားရဲတစ်ပိုင်းလူသားလေး၏ခြေသံအား ကြားလိုက်ရ၏။

အက်ဂါက မယုံကြည်နိုင်စွာဖြင့် ခေါင်းထောင်ကြည့်လိုက်ရာ သားရဲတစ်ပိုင်းလူသားလေးမှာ ဆေးပင်များကိုင်ရင်း ပြန်ရောက်လာ၏။

အက်ဂါကခေါင်းထောင်ကြည့်လိုက်သဖြင့် ဆေးပင်များကိုင်ထားသည့် သားရဲတစ်ပိုင်းလူသားလေးမှာ ဖြူဖျော့သွားပြီး ကြောက်ရွံ့ကာနောက်သို့ တစ်လှမ်းဆုတ်သွားလေ၏။ ရှုရှုကတုန်ယင်နေပြီး မလှုပ်ရှားနိုင်တော့ပဲ မျက်ရည်များလည်းဝဲလာ၏။ သူက ချက်ချင်းပင် မေ့လဲကျတော့မည့်ပုံစံလေးဖြစ်နေ၏။

အက်ဂါက သူလေး၏ပုံစံကိုကြည့်ကာ မပြုံးပဲမနေနိုင်တော့ချေ။ သို့သော်လည်း မြွေများက ပြုံးသည့်အမူအယာ မလုပ်နိုင်ပေ။

သားရဲတစ်ပိုင်းလူသားလေးအား ကြောက်ရွံ့သွားစေမည်စိုး၍ အက်ဂါကခေါင်းကို ပြန်ချလိုက်ကာ တုန်ယင်နေသည့်အကောင်ငယ်လေးအား ကြည့်လိုက်၏။ ရှုရှုမှာ မြွေခေါင်းဘက်ကို ကွေ့ပတ်ကာရှောင်လိုက်ပြီး မြွေအမြီးနားမှအက်ဂါထံချဥ်းကပ်လိုက်ကာ အက်ဂါနားမလည်သော ဘာသာစကားဖြင့် တတွတ်တွတ်စကားပြောနေ၏။

"ကျွန်တော့်ကို မစားနဲ့နော်...နော်။ ကျွန်တော့်ရဲ့အသားက စားလို့မကောင်းဘူး...အရသာလဲမရှိဘူး"

ရှုရှုက ဆေးပင်များကို ဝါးရင်း တတွတ်တွတ်ပြောပြနေမိ၏။ သူကအကြိမ်အနည်းငယ်ဝါးပြီးတိုင်း မြွေကြီး၏ကိုယ်ပေါ်မှ ဒဏ်ရာများအပေါ် လှမ်းပစ်ကာတင်ပေးလိုက်လေသည်။

................🐍🌿🐹🐹🌿🐍...............

4.8.2021

Cuttie ShuShu- ဟမ်းစတားလေးရှုရှု

ထိုလူႀကီးကေႁမြႀကီးတဲ့လား-2

(Zawgyi)

ေႁမြႀကီးကက်ားႀကီးကို သူနဲ႕ေဝးရာဆီ ေခၚသြားေပးေနတာလား။ အဲ့ဒီေႁမြႀကီးက သူေသေလာက္ေအာင္ေၾကာက္ခဲ့ရသည့္ ယခင္ကေႁမြႀကီးလား။

ရႈရႈ၏ဦးႏွောက္ကေလးမွာ အလုပ္မလုပ္နိုင္ေတာ့ေပ။ မွန္သလား၊မွားသလား မေသခ်ာသည့္အတြက္ ဆက္၍မေတြးေတာ့ရန္သာ ဆုံးျဖတ္လိုက္၏။ သူ၏ကိုယ္ထဲမွရွိသည့္ စိတ္စြမ္းအင္စြမ္းအားအနည္းငယ္အားသုံးကာ သူျမန္ျမန္လမ္းေလွ်ာက္နိုင္ရန္ ႀကိဳးစားၾကည့္လိုက္၏။ ကံမေကာင္းစြာပင္ သူပို၍စိုးရိမ္မႈလြန္ကဲလာေလေလ...သူပို၍မလႈပ္နိုင္ေလေလျဖစ္ေန၏။ ေနာက္ဆုံးေတာ့ သူေသ၊ကိုယ္ေသ တိုက္ခိုက္ေနၾကသည့္ ဧရာမသားရဲႏွစ္ေကာင္အား ဗလာသက္သက္စိုက္ၾကည့္ေနမိေတာ့၏။

သားရဲႏွစ္ေကာင္တိုက္ခိုက္သည့္အခ်ိန္ ၾကာလာသည္ႏွင့္အမွ် အနိုင္ရမည့္သူအားခန့္မွန္းနိုင္လာ၏။ ေႁမြအႀကီးႀကီးမွာ တစ္ကိုယ္လုံးစုတ္ျပတ္ဒဏ္ရာရေနေသာ္လည္း ပို၍သန္မာပုံရၿပီး က်ားႀကီးအားေသသည္အထိ ညစ္ကာသတ္လိုက္၏။

ထိုအခ်ိန္မွ ရႈရႈလည္း လႈပ္ရွားနိုင္ေတာ့၏။

ေျခလက္ေလးေခ်ာင္းလုံး ေတာင့္တင္းေနေသာ္လည္း ရႈရႈကျဖည္းျဖည္းခ်င္းထကာ ေလးဘက္ေထာက္၍ ကုပ္ကုပ္၊ကုပ္ကုပ္ျဖင့္ ေဝးရာဆီသြားေန၏။ အနည္းငယ္သြားၿပီးေနာက္ သေဘာေကာင္းသည့္လူႀကီး၏ကိုယ္အနံ႕အား ရႈရႈခံစားမိလိုက္၏။

ထိုလူႀကီးေကာ ဒီေနရာမွာေရာက္ေနတာလား။

ရႈရႈက ဆက္မသြားေတာ့ပဲ အံကိုႀကိတ္ကာ ထိုလူႀကီးအားရွာရန္ သားရဲႏွစ္ေကာင္ရွိရာဆီျပန္သြားလိုက္၏။

ဧရာမက်ားႀကီးမွာ ေသဆုံးေနၿပီး ေႁမြႀကီးမွာလည္း ေျမႀကီးေပၚ မလႈပ္မယွက္လဲက်ေန၏။ သို႔ေသာ္ ေႁမြႀကီး၏ကိုယ္မွာ ထြက္သြားခ်င္ဟန္ျဖင့္ လႈပ္ရွားလိုက္ေသာ္လည္း မလုပ္နိုင္ခဲ့ေပ။ ရႈရႈ၏ခ်ဥ္းကပ္လာျခင္းအား သိရွိပုံေပၚၿပီး ေႁမြႀကီး၏မ်က္လုံးအစုံက ရႈရႈေပၚက်ေရာက္လာ၏။

ရႈရႈမွာ ေျမႀကီးေပၚဒူးေထာက္ေနရင္း တစ္ကိုယ္လုံးတုန္ယင္သြားေနေလ၏။ သြားမ်ားမွာလည္း တကပ္ကပ္အသံထြက္သည္အထိ တုန္ယင္ေနၿပီး နား႐ြက္ပြပြအစုံမွာလည္း ေထာင္တက္ေနကာ သူ၏လက္သည္းေလးမ်ားပင္ထြက္ေန၏။ ရႈရႈ​က သူ႕အားေပ်ာ္႐ႊင္ေစသည့္ သေဘာေကာင္းသည့္လူႀကီး၏အနံ႕အား ရွာေဖြေနသည့္အတြက္ ေႁမြႀကီးေၾကာင့္ထြက္ေျပးခ်င္ေသာ္လည္း ကိုယ္ကိုကိုင္းကာအနံ႕ခံလိုက္၏။

တစ္ခဏအၾကာတြင္ ရႈရႈ၏မ်က္ဝန္းအစုံမွာ ျပဴးက်ယ္သြားရ၏။

ထိုလူႀကီး၏အနံ႕မွာ ေႁမြအႀကီးႀကီးဆီမွ ထြက္လာျခင္းျဖစ္ေန၏။

ဒါဘယ္လိုျဖစ္နိုင္မွာလဲ။

ရႈရႈမွာ ေႁမြႀကီးကိုၾကည့္ရင္း တစ္ကိုယ္လုံးလည္းျပင္းျပင္းထန္ထန္ တုန္ယင္ေန၏။ အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနၿပီးေနာက္ ရႈရႈျပန္သတိဝင္လာ၏။ ရႈရႈက ဤအရာမွာ ျဖစ္နိုင္ေၾကာင္းခံစားလိုက္ရ၏။

ေႁမြႀကီးႏွင့္ပထမဦးဆုံးအႀကိမ္ ဆုံေတြ႕ခဲ့ရစဥ္ ထိုေႁမြႀကီးက သူ႕အားအႏၱရာယ္မေပးခဲ့ေပ။ ထို႔အျပင္ သူ႕အားျမန္ျမန္ပင္လႊတ္ေပးခဲ့၏။ ယခုဆိုလွ်င္လည္း....က်ားႀကီးကသူ႕အားစားဖို႔ျပင္ေတာ့ ေႁမြႀကီးကသူ႕အားကယ္တင္ေပး၏။

ေႁမြႀကီးက ပုံမွန္ဆို က်ားႀကီးႏွင့္တိုက္ခိုက္စရာ အေၾကာင္းလုံးဝမရွိေပ။ ရႈရႈ႕အား ကယ္တင္ခ်င္၍ က်ားႀကီးႏွင့္တိုက္ခိုက္ျခင္းပဲ ျဖစ္ရမည္။ သူ႕အားကယ္တင္ခ်င္၍ ေႁမြႀကီးမွာ ေသလုေမ်ာပါး ဒဏ္ရာအႀကီးအက်ယ္ရေနရေလၿပီ။

ရႈရႈက ေႁမြႀကီး၏ကိုယ္ေပၚမွ စုတ္ၿပဲေနေသာ အေရခြံႏွင့္ ဒဏ္ရာမ်ားအားၾကည့္ေနမိ၏။ သူ၏တစ္ကိုယ္လုံးမွာ တုန္ယင္ေနၿပီး မ်က္ရည္မ်ားကလည္း အေၾကာင္းမဲ့က်လာ၏။

ရႈရႈကဤေႁမြႀကီးအား ေသလုေအာင္ေၾကာက္ေသာ္လည္း သူ၏အသက္သခင္ေက်းဇူးရွင္အား မပစ္ထားခဲ့နိုင္ေပ။

ထိုေႁမြႀကီးက သူ႕ေဘး၌တစ္ခ်ိန္လုံးရွိေနေပးခဲ့ၿပီး အႏၱရာယ္တစ္စုံတစ္ရာမွမေပးခဲ့ဖူးေပ။ ထို႔ေၾကာင့္ ေႁမြႀကီးက သူ႕အားစားခ်င္သည့္အေတြး မရွိေလာက္ေပ။ ထို႔အျပင္ သူ႕အား သားေကာင္မ်ားစြာလည္း ဖမ္းေပးခဲ့ဖူး၏။

ရႈရႈမွာ တုန္တုန္ယင္ယင္ျဖင့္ မ်က္ရည္မ်ားကိုသုတ္လိုက္၏။ သူ၏ေဘးဘက္မွ သစ္ပင္အားမွီလိုက္ၿပီး မတ္တပ္ထရပ္လိုက္ကာ ထြက္ေျပးသြားလိုက္၏။

.........🐹🐾🐹🐾🐹🐾🐹..........

ရႈရႈထြက္ေျပးသြားသည္ကို ျမင္လိုက္သည့္အက္ဂါက သူညွစ္သတ္ထားသည့္ က်ားအေသေကာင္ေပၚေခါင္းတင္ကာ နားလိုက္၏။ သူက ခံစားခ်က္ေပါင္းစုံေရာေထြးေနေလသည္။

သူကအနည္းငယ္ဆုံးရႈံးသြားသည္ဟု ခံစားေနရေသာ္လည္း သူလုပ္ခဲ့သည့္အရာမွာ လုံးဝမွန္ကန္သည္ဟုခံစားေနရသည္။

အိမ္ေရွ႕စံမင္းသားျဖစ္စဥ္က သားရဲတစ္ပိုင္းလူသားအမ်ားအျပားက သူ႕အားႏွစ္သက္ၾကေသာ္လည္း သူ၏ေအးစက္စက္သားရဲပုံစံအား ေတာ္ေတာ္မ်ားမ်ား မႀကိဳက္ၾကေခ်။ ယခုဆိုလွ်င္ သူကသားရဲလူသားပင္မဟုတ္ေတာ့ပဲ သားရဲတစ္ေကာင္ျဖစ္လာၿပီျဖစ္၍ လူတိုင္း၏ခံစားခ်က္အား ေျပာင္းေအာင္ပို၍မလုပ္နိုင္ေတာ့ေပ။

ဘယ္သူက သားရဲတစ္ေကာင္နဲ႕ ခ်စ္ႀကိဳက္မွာတဲ့လဲ။ သားရဲတစ္ပိုင္းလူသားမ်ားက သားရဲအျမဳေတပ်က္စီးကာ သားရဲျဖစ္သြားသည့္ အဆင့္က်သားရဲမ်ားအား မႏွစ္ၿမိဳ႕ၾကေပ။

ပိုဆိုးသည္က ထိုအေကာင္ငယ္ေလးမွာ သူယခင္ကသားရဲလူသားျဖစ္ခဲ့ေၾကာင္းကိုပင္ မသိေခ်။ ထိုသားရဲတစ္ပိုင္းလူသားေလး၏မ်က္လုံးထဲတြင္ သူက ေႁမြတစ္ေကာင္သာ။

အက္ဂါက ေခါင္းအစေျခအဆုံးနာက်င္ေနၿပီး ခုန္ေနသည့္ႏွလုံးသားကပင္ နာက်င္ေန၏။

သူ၏မူလအင္အားႏွင့္ဆိုလွ်င္ ထိုဧရာမက်ားႀကီးအား အလြယ္ပင္ သတ္ပစ္နိုင္၏။ သို႔ေသာ္ ယခုမွာ ယခင္ကႏွင့္မတူေတာ့ေပ။

သူ႕ကိုယ္သူေပါက္ခြဲလိုက္စဥ္က သူ၏သားရဲအျမဳေတပ်က္စီး႐ုံတင္မက သူကိုယ္တိုင္ပါ ဒဏ္ရာအျပင္းအထန္ရရွိခဲ့၏။ ယခု သူ၏အင္အားမွာ မူလအင္အား၏ဆယ္ပုံတစ္ပုံေတာင္မရွိေတာ့ေပ။ ဤကဲ့သို႔အေျခအေနမ်ိဳးတြင္ က်ားႀကီးအားအနိုင္ရခဲ့ေသာ္လည္း တန္ဖိုးတစ္ခုေပးဆပ္ခဲ့ရ၏။

ယခင္ဒဏ္ရာေဟာင္းမ်ားက အနည္းငယ္သက္သာခဲ့ေသာ္လည္း ယခုအႀကိမ္တြင္ လုံးလုံးဆိုး႐ြားသြားေတာ့၏။

ကံေကာင္းစြာပင္ သူႏွင့္ က်ားႀကီး၏အနံ႕ေၾကာင့္ အျခားသားရဲမ်ား လာရဲလိမ့္မည္မဟုတ္ေပ။ သူလည္း စိတ္ခ်လက္ခ် နားနိုင္ၿပီး သားရဲတစ္ပိုင္းလူသားေလးမွာလည္း အခ်ိန္အတိုင္းအတာတစ္ခုအထိ လုံလုံၿခဳံၿခဳံေနနိုင္လိမ့္မည္။

အက္ဂါကမလႈပ္ရွားပဲ အားနည္းနည္းျပန္ျပည့္လာမည္ကို ေစာင့္ေန၏။ ထိုအခ်ိန္တြင္ သားရဲတစ္ပိုင္းလူသားေလး၏ေျခသံအား ၾကားလိုက္ရ၏။

အက္ဂါက မယုံၾကည္နိုင္စြာျဖင့္ ေခါင္းေထာင္ၾကည့္လိုက္ရာ သားရဲတစ္ပိုင္းလူသားေလးမွာ ေဆးပင္မ်ားကိုင္ရင္း ျပန္ေရာက္လာ၏။

အက္ဂါကေခါင္းေထာင္ၾကည့္လိုက္သျဖင့္ ေဆးပင္မ်ားကိုင္ထားသည့္ သားရဲတစ္ပိုင္းလူသားေလးမွာ ျဖဴေဖ်ာ့သြားၿပီး ေၾကာက္႐ြံ႕ကာေနာက္သို႔ တစ္လွမ္းဆုတ္သြားေလ၏။ ရႈရႈကတုန္ယင္ေနၿပီး မလႈပ္ရွားနိုင္ေတာ့ပဲ မ်က္ရည္မ်ားလည္းဝဲလာ၏။ သူက ခ်က္ခ်င္းပင္ ေမ့လဲက်ေတာ့မည့္ပုံစံေလးျဖစ္ေန၏။

အက္ဂါက သူေလး၏ပုံစံကိုၾကည့္ကာ မၿပဳံးပဲမေနနိုင္ေတာ့ေခ်။ သို႔ေသာ္လည္း ေႁမြမ်ားက ၿပဳံးသည့္အမူအယာ မလုပ္နိုင္ေပ။

သားရဲတစ္ပိုင္းလူသားေလးအား ေၾကာက္႐ြံ႕သြားေစမည္စိုး၍ အက္ဂါကေခါင္းကို ျပန္ခ်လိဳက္ကာ တုန္ယင္ေနသည့္အေကာင္ငယ္ေလးအား ၾကည့္လိုက္၏။ ရႈရႈမွာ ေႁမြေခါင္းဘက္ကို ေကြ႕ပတ္ကာေရွာင္လိုက္ၿပီး ေႁမြအၿမီးနားမွအက္ဂါထံခ်ဥ္းကပ္လိုက္ကာ အက္ဂါနားမလည္ေသာ ဘာသာစကားျဖင့္ တတြတ္တြတ္စကားေျပာေန၏။

"ကြၽန္ေတာ့္ကို မစားနဲ႕ေနာ္...ေနာ္။ ကြၽန္ေတာ့္ရဲ႕အသားက စားလို႔မေကာင္းဘူး...အရသာလဲမရွိဘူး"

ရႈရႈက ေဆးပင္မ်ားကို ဝါးရင္း တတြတ္တြတ္ေျပာျပေနမိ၏။ သူကအႀကိမ္အနည္းငယ္ဝါးၿပီးတိုင္း ေႁမြႀကီး၏ကိုယ္ေပၚမွ ဒဏ္ရာမ်ားအေပၚ လွမ္းပစ္ကာတင္ေပးလိုက္ေလသည္။

................🐍🌿🐹🐹🌿🐍...............

4.8.2021

Cuttie ShuShu- ဟမ္းစတားေလးရႈရႈ

Continue Reading

You'll Also Like

12K 1K 18
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့
272K 19.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
212K 23.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...