He is mine. (Complete)

By kokolayphilo

6.8K 239 5

အချစ်ဦးက သူ့အဖေ ဖြစ်ခဲ့ပေမယ့် အချစ်ဆုံးကတော့ သူ ဖြစ်နေခဲ့တယ်။ More

P-2
P-3
P-4
P-5
P-6
P-7
P-8
P-9
P-10
End.

P-1

2K 38 0
By kokolayphilo

He is mine.

Part (1)

အရှေ့မှာ ထိုင်နေတဲ့ အမျိူးသမီးကို ခေါင်းငြိမ့်ပြလိုက်ရင်း မျက်နှာချင်းဆိုင်က ခုံမှာ သူဝင်ထိုင်လိုက်ပါတယ်။ အမျိုးသမီးက တစ်ချက်ပြုံးလိုက်ပြီး
"အောင်ကိုမင်း နော် ဆရာ့နာမည်က။"
"ကျွန်တော့်ကို အောင်ကိုလို့ပဲ ခေါ်လို့ ရပါတယ် အန်တီ။"
အမျိုးသမီးက တစ်ချက်ခေါင်းငြိမ့်လိုက်ရင်း စကားကိုဆက် ပြောပါတယ်။
"မောင်အောင်ကို့ကို အန်တီ့သား အကြောင်း အရင်ပြောပြ ချင်လို့ အပြင်မှာတွေ့ဖို့ ချိန်းလိုက်တာပါ။ သားကို စာမသင်ခင် သား အကြောင်းလေး အရင်သိထား တော့ အဆင်ပြေအောင် လို့ပါ။"
"ဟုတ်ကဲ့ပါ အန်တီ။"
"သား ဆယ်တန်းနှစ်မှာပဲ သူ့ဒယ်ဒီနဲ့ အန်တီက တရားဝင်လမ်းခွဲ ခဲ့တယ်။ သားက သူ့ဒယ်ဒီကို အရမ်းချစ်ပေမယ့် သူ့ဒယ်ဒီက သားကို အန်တီနဲ့ပဲ ထားခဲ့တာမို့ သူ့စိတ်မှာ ဒါဏ်ရာ ရခဲ့တယ်။ အဲဒီ့အချိ်န်ထဲက သူအိမ်မှာ ဘယ်သူနဲ့မှ စကားမပြောဘူး။ ခေါင်းငြိမ့်ခေါင်းခါ အင်းအဲ အဲ့လောက်ပဲ လုပ်တယ်။ အဲဒီ့နှစ်မှာပဲ ဆယ်တန်းကျတယ်။ နောက်နှစ်မှာ သားက ကျောင်းတက်ဖို့ ငြင်းခဲ့တာမို့ အပြင်က ဆရာနဲ့ပဲ အပ်ခဲ့တယ်။"
အမျိုးသမီးက အအေးခွက်ကို ကိုင်ကာ ပြောနေရင်းက စကားကို ခနရပ်လိုက်ကာ အောင်ကို့ကို ကြည့်ရင်း
"အဲဒီ့အတစ်နှစ် အတွင်းမှာပဲ ဆရာ ဘယ်နှစ်ရောက် ပြောင်းသွားတယ်လို့ ထင်လဲ မောင်အောင်ကို။"
အောင်ကို ဘာမှမဖြေပဲ မျက်ခုံးကိုသာ အသာပင့်ပြလိုက်ပါတယ်။
"ခြောက်ယောက်တိတိ ပြောင်းပေးရတယ်။ ဒါပေမယ့် သူမအောင်ခဲ့ဘူး။ အမှန်က သူစိတ်တွေ မငြိမ်သေးလို့လို့ အန်တီထင်ခဲ့တာ။ ဒါပေမယ့် အခုနှစ်လည်း သူဒီလိုပဲ လုပ်နေခဲ့တယ်။ ဒါကသူတစ်ခုခုကို အလိုမကျနေသေးတာလို့ အန်တီထင်တယ်။ သူအလိုမကျလို့ ကြိုက်သလို နေခွင့်ပြုတယ်။ သူ့ကို လွတ်လွတ်လပ်လပ်ပဲ အန်တီထားခဲ့တယ်။ ဒါပေမယ့် ပညာရေး နောင့်နှေးတာတော့ မဖြစ်စေချင်ဘူး ကွယ်။ အခုလို ပြောပြတာလဲ အန်တီအတော်လေး စဉ်းစားပြီးမှ ပြောပြတာပါ။ သူ့ကို ဒီနှစ်အောင်အောင် နှစ်ဆုံးထိ မင်းသာ သင်ပေးနိုင်မယ် ဆိုရင် .....။"
သူမအရှေ့ကို တွန်းပေးလိုက်တဲ့ A4 ဆိုဒ်အရွယ် စာအိတ်အညိုရောင် ကို အောင်ကို ကိုင်မကြည့်ပဲ သိနေပါတယ်။ ဒါက အောင်ကို့ရဲ့ အမြင့်ဆုံး တွန်းအား တစ်ခုလေ။ ဘယ်လိုမှ မလွှဲမရှောင်သာ လက်ခံရမယ့် ကိစ္စ။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လဲ ဒါက ထိုက်သင့်တဲ့ အပေးအယူတစ်ခု။ အောင်ကို့ အတွက် ပေးထားတာ ပိုတောင်များနေတာပါ။
"ဒီမှာ စာချုပ်တစ်ခု ဒါက မောင်အောင်ကို နဲ့ အန်တီ နှစ်ဦး သဘောတူ အတည်ပြုကြောင်း လက်မှတ်ထိုးဖို့ပါ။ ပြီးတော့ လစာကိုလဲ သူများနည်းတူ လစဉ်ပေး သွားမှာပါ။"
အောင်ကို ခေါင်းကို ငြိမ့်လိုက်ရင်း
"ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပါ့မယ် အန်တီ။ အခုလို ပေးတဲ့ အခွင့်အရေး အတွက်လဲ အများကြီး ကျေးဇူးတင်ပါတယ်။ အချိန်က အတော်လေး နဲနေတာ ကျွန်တော့်အတွက် စဉ်းစားစရာ ဖြစ်နေတာ။"
"နောက်ဆုံးပြောရရင် အန်တီ့သား စာမေးပွဲ မအောင်ခဲ့ရင်တောင် မောင်အောင်ကိုတို့ ကိစ္စက ပိုပြီး ဆုံးရှုံးသွားတာမှ မဟုတ်တာ။ အန်တီက သာ ဖြစ်စေ ချင်လွန်းလို့ အများကြီး လိုက်လျောပြီး အကူအညီတောင်းခံနေတာပါ။"
"ဒီလိုလုပ်ရအောင် အန်တီ။ ကျွန်တော့်ကို သူနဲ့ ပေးတွေ့ပါ။ သူနဲ့ ကျွန်တော် တွေ့ပြီးတာနဲ့ ဒီကိစ္စ လုပ်ဖြစ်မလုပ်ဖြစ်ကို ကျွန်တော်တို့ Confirm လုပ်ကြတာပေါ့။"
"ကောင်းပါပြီ။ မနက်ဖြန် နေ့လည် (၁၂) နာရီ တိတိကို မောင်အောင်ကို အန်တီ့အိမ်ကို လာခဲ့ပါ။"
"ဟုတ်ကဲ့ပါ အန်တီ။ အဲဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး။"
အမျိုးသမီးက ခေါင်းကို အသာငြိမ့်ပြတာနဲ့ အောင်ကို ထိုင်နေတဲ့ ဝိုင်းကနေ ထိုင်နေထပြီး ဆိုင်ထဲက ထွက်လာခဲ့လိုက်ပါတယ်။

.....................
"အမေရေ ကိုကြီး ပြန်လာပြီ။"
သူတို့ခြံလေး ရှေ့မှာ ရပ်ထားတဲ့ ကားကို ရှောင်ကာ အိမ်ထဲကို အောင်ကို ဝင်လာလိုက်တာနဲ့ ညီလေး အသံကို ကြားရတာမို့ အောင်ကို နှုတ်ခမ်းပေါ် လက်ညှိုးလေး တင်က တိုးတိုးနေဖို့ပြော လိုက်ပါတယ်။ ဧည့်သည်တွေ ရောက်နေတယ် မဟုတ်လား။ ဒီကားက အမေ့ ငယ်သူငယ်ချင်း အန်တီနှင်းရဲ့ ကားလေ။ အန်တီနှင်း လာရင် တစ်ခါတစ်လေ မမကေလဲ ပါလာတက်ပါတယ်။ အောင်ကို အိမ်ထဲ ဝင်လိုက်တာနဲ့ အမေက အောင်ကို့နားကို ခပ်သွက်သွက် လျှောက်လာရင်း အောင်ကို့လက်ကို ဆွဲလိုက်ကာ
"လာဦးသား။ နှင်းပွင့် ခနလေးနော်။"
"အေးပါ အေးဆေးလုပ် ဘာမှမဖြစ်ဘူး။"
"မကေ မပါဘူးလား အန်တီနှင်း။"
"မပါဘူး သားရေ သားအစ်မ ဒီနေ့ သင််တန်းရှိလို့ လိုက်မလာဘူး။"
အောင်ကို အမေ ဆွဲခေါ်ရာ အိမ်ခန်းထဲကို လိုက်ရင်း အန်တီနှင်းကို လှမ်းနှုတ်ဆက်လိုက်တာပါ။ အခန်းထဲရောက်တာနဲ့ အမေက အသံတိုးတိုးဖြင့်
"အခြေအနေ ဘယ်လိုလဲသား။ တွေ့ခဲ့ရဲ့လား။"
အမေ့ရဲ့ စိတ်လှုပ်ရှားစွာ မေးလာတဲ့ပုံကို ကြည့်ပြီး အောင်ကို သက်ပြင်းကို အသာချလိုက်ကာ ခေါင်းငြိမ့်ပြလိုက်ပါတယ်။
"အမေ့ကို ပြောပါဦး ဘာတဲ့လဲ သူက ဟင်သား။"
"အမေ ထင်ထားသလိုပဲ အမေ။"
"ဟယ် တစ်ကယ်လား အမလေး ပျော်လိုက်တာ သားရယ်။ တော်သေးတာပေါ့ အမေ့မှာ ဆုတောင်းလိုက်ရတာ။ တော်သေးတာပေါ့ ဘုရားကယ်လို့။"
"နေပါဦး အမေရယ်။ သားလက်ခံတယ်လို့ မပြောလိုက်သေးပါဘူး။"
"ဟင် ဘာလို့လဲ သားရယ်။ ဒါသား လက်ခံမှကို ဖြစ်မှာလေ။"
"သား နားလည်ပါတယ်။ ဒါပေမယ့် အချိန်က ကြည့်ဦး လေးလပဲ ကျန်တော့တာ။"
"လုပ်ပါသားရယ်။ ငါ့သားက တော်တာ အမေသိပါတယ်။ အမေ့ကို ကယ်ပါသားရယ်။ နော်။ ဒီအိမ်လေးက....။"
"တော်ပါတော့ အမေရယ်။ သားသိပါတယ်။ သားအဆင်ပြေ အောင်လုပ်ပါ့မယ်နော်။ ဟုတ်ပြီလား။ သားရေချိုးဦးမယ်နော်။"
အမေ ခေါင်းကိုငြိမ့်ကာ သူ့လက်မောင်းကို ပုတ်ရင်း
"အင်း အင်း လုပ် သားရေချိုးပြီးရင် သားအကြိုက် မေ ငါးခြောက်ဖုတ်လေး လုပ်ထားတယ်။ ပြီးတော့ ဟိုမှာ သားအန်တီနှင်းက ဝက်စတူး ဝယ်လာတယ် အများကြီးပဲ ထမင်းစား လိုက်နော်။"
"ဟုတ်။"
အမေ အခန်းထဲက ထွက်သွားတော့မှ အောင်ကို လက်ထဲက ဖိုင်လေးကို စားပွဲပေါ်တင်လိုက်ကာ ကုတင်ပေါ် အသာလှဲချလိုက်ပါတယ်။ အိ်မ်ခေါင်မိိုးလေးကို မော့ကြည့်လိုက်တော့ သွပ်ဟောင်းလေးတွေ သံချေးတောင် တက်နေပီ။ ဒီအိမ်လေးက အဖိုးက အမေ့ကို အမွေပေးခဲ့တဲ့ အိမ်လေးပေါ့။ အဖေ မဆုံးခင်က ကင်ဆာရောမို့ တက်နိုင်သမျှ ကုသပေးရင်း ဒီအိမ်လေးကို ပေါင်ခဲ့ရတာ လေးနှစ်တောင်ရှိပြီ အတိုးမှန်မှန်ပေးနေတာမို့ မဆုံးရှုံးခဲ့သေးပေမယ့် အခုတော့ အပေါင်ခံသူက သူတို့ အိမ်ဂရံကို ဒေါ်မြသဇင် ထံလက်လွှဲပေးလိုက်တာပါ။ ဒေါ်မြသဇင် က သူလိုချင်တဲ့ အရာကို ရအောင်ယူတက်ပြီး သိပ်ကို ပြတ်သားတဲ့ အမျိုးသမီး တစ်ယောက်။
အောင်ကိုက အိမ်တွေမှာ စာလိုက်သင်တဲ့ နေရာမှာ အတော်လေး နာမည်ရထားးတာမို့ ဒီလိုတွေ အပေးအယူလုပ်ခြင်း ခံလာရတာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရလာတဲ့ အခွင့်အရေးကို အောင်ကို အကောင်းဆုံး အသုံးချရပေတော့မည်။ သက်ပြင်းကို အသာချရင်း လှဲနေရာကနေ ကုန်းထလိုက်ပါတယ်။ ရေမိုးချိုး ထမင်းစားပြီး စာသင်သွားရဦးမယ်လေ။

..........................

ခြံဝမှ ဘဲလ်လေးကို တီးလိုက်တာနဲ့ ခြံစောင့်က တံခါးကို လာဖွင့်ပေးပါတယ်။ နှစ်ထပ်တိုက်ဆိုပေမယ့် အမြင့်ကြီး ထုထည်ကိုက ထည်ဝါနေတာ။ အိမ်ထဲကို ဝင်လိုက်တော့ ဧည့်ခန်းရဲ့ အကျယ်က သူတို့ တစ်အိမ်စာလောက်တောင် ရှိမလား မသိပေ။
"ခန ထိုင်ပါဦး ဆရာ။ မမလေး ဆင်းလာပါလိမ့်မယ်။"
အောင်ကို ဧည့်ခန်းက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း ဧည့်ခန်းကို မျက်စိဝှေ့ကာ ကြည့်မိတော့ အပြင်အဆင်တွေဟာ သူတို့ရဲ့ ချမ်းသာမှုကို ပဏာမ ပြသထား သလိုပါပဲ။ အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဒေါ်မြသဇင် ကို မြင်ရတော့ အောင်ကို အသက်ကို ဝအောင်ရှုသွင်းလိုက် မိပါတော့တယ်။ ဒေါ်မြသဇင်က အောင်ကို့ ရှေ့မှာ ဝင်ထိုင်လိုက်ရင်း
"သားက စာဖတ်နေတယ်။ အရင်က (၁၂) နာရီ လောက်ဆို သူ ထမင်းစား ဆင်းလာနေကျပါ။ မောင်အောင်ကို ခနစောင့်နိုင်မလား။"
"ကျွန်တော် တစ်ခုလောက် ခွင့်တောင်းပါရစေ အန်တီ။"
ဒေါ်မြသဇင် ခေါင်းကို အသာငြိမ့်ပြတာမို့
"ကျွန်တော့်ကို သူ့အခန်းကို တစ်ချက်ပြပေးပါလား။ ကျွန်တော်သူနဲ့သွားပြီး ဆွေးနွေးလိုက်ပါ့မယ်။ သိပ်မကြာပါဘူး။"
ဒေါ်မြသဇင် တစ်ချက်ငြိမ်သွားပြီး မျက်မှောင်ကို အသာတွန့်ကာ စဉ်းစားနေပါတယ်။ ပြီးတော့မှ
"ဒီကနေတက်သွားရင် လှေကားထိပ်မှာ အရင်ဆုံး တွေ့တဲ့အခန်းပဲ။ အန်တီ ဒီကပဲ စောင့်နေမယ်။"
"ကျွန်တော် အချိန် (၁၅) မိနစ်ပဲ ယူပါမယ် အန်တီ။"
ပြောပြီး အောင်ကို ထိုင်ရာက ထလိုက်ချိန်မှာပဲ ဒေါ်မြသဇင်က လက်ဖဝါးကို ဖြန့်ပြကာ တက်သွားနိုင်ပြီလို့ ခွင့်ပြုလိုက်ပါတယ်။ အောင်ကို အိမ်ကြီးရဲ့ အပေါ်ကို တက်ခဲ့လိုက်ပါတယ်။ ကျွန်းလက်ရမ်းတွေက ကိုင်လိုက်ရင် လက်ရာ ထင်သွားတောင် စိုးရသလို ပြောင်လက်လို့နေပါတယ်။ အပေါ်ထပ် အခန်း တစ်ခန်းရဲ့ ရှေ့ကို ရောက်တော့ အောင်ကို ရပ်လိုက်ပြီး တံခါးကို အသာခေါက်လိုက်ပါတယ်။
"ဒေါက်...ဒေါက်...ဒေါက်။"
အထဲက ဘာအသံမှ မကြားရသလို တံခါးလဲ မပွင့်သွားပါ။ ခနလေး စောင့်လိုက်ပြီး နောက်တစ်ကြိမ် အောင်ကို ထပ်ခေါက်လိုက်ပါတယ်။
"ဒေါက်...ဒေါက်...ဒေါက်။"
အသံဘာမှ မကြားရသလို အခန်းတံခါးလဲ လာမဖွင့်တာမို့ ခနလေး စောင့်လိုက်ပြီး အခန်းတံခါးလော့ကို အသာလှည့်ကာ ဖွင့်လိုက်ပါတယ်။ အခန်းတံခါးက ပွင့်သွားတာမို့ အခန်းထဲကို အသာဝင်လိုက်ပါတယ်။ အခန်းက အတော်လေး ကျယ်တာတောင် ရှုတ်ပွနေတဲ့ ပစ္စည်းတွေကလည်း အခန်းနဲ့ အပြည့်ပါပဲ။ ကောင်လေးကို သူရှာကြည့်လိုက်တော့ ကုတင်ပေါ်မှာ မှောက်ယက်လေး အိပ်နေတာလား လို့ သေချာကြည့်မိတော့ မဟုတ်ပါဘူး။ စာအုပ်တစ်အုပ် ကို ဖတ်နေတာ။ အောင်ကို အနားကို ရောက်သွားတဲ့ အထိ လှည့်ပင်မကြည့်ပေ။
အောင်ကို ကောင်လေး လက်ထဲက စာအုပ်ကို ဖျတ်ခနဲ လုယူလိုက်တော့မှ ကောင်လေးက အောင်ကိုဖက်ကို လှည့်ကြည့်လာ ပါတယ်။ မျက်လုံးလေးတွေက ဝိုင်းစက်နေသလို မျက်တောင် စင်းစင်း နှာတံသွယ်သွယ် မျက်ခုံး ကွေးကွေးလေးတွေနဲ့ ဖွေးနုနေတဲ့ ကောင်လေး မျက်နှာဟာ လုံးဝကို ရင်ထဲလှပ်ခနဲ ဖြစ်သွား ရတဲ့ အထိ ချောမွေ့လို့ နေပါတယ်။
ကောင်လေးကလဲ အောင်ကို့ကို ငြိမ်သက်စွာ မော့ကြည့်နေပါတယ်။ အောင်ကို ကောင်လေး မျက်နှာရှေ့မှာ ကပ်ခါ လက်ဖျောက်တစ်ချက်တီး လိုက်တော့ ကောင်လေး မျက်နှာ နောက်ကို ဆုတ်သွားကာ မှောက်ယက်ကြီး ကနေ ကုန်းထ လိုက်ပါတယ်။
"မင်းက ဘယ်သူလဲ ငါ့စာအုပ် ပြန်ပေးစမ်း။"
ဒီလောက် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကနေ ထွက်လာတဲ့ စကားလုံးတွေက လားလားမှ မအပ်စပ်သလို ဖြစ်နေပေမယ့် အသံလေးကလည်း စွဲနစ်နေအောင် ချိုအီလို့နေပြန်ပါတယ်။ အောင်ကို စာအုပ် အဖုံးကို ကြည့်လိုက်တော့ နိုင်ငံခြား ဘာသာပြန် ဝတၳုတစ်အုပ်။
"ငါ့ကို အချိန် (၅) မိ်နစ်ပဲပေး မင်းစာအုပ်ပြန်ပေးမယ်။ ဒါမှမဟုတ်ရင် တစ်နာရီမက ကြာသွားနိုင်တယ်။"
ကောင်လေးက အောင်ကို့ကို စိုက်ကြည့်လိုက်ရင်း
"နှစ်ခုလုံးကို မရွေးရင်ကော။"
အောင်ကို လှစ်ခနဲ ပြုံးလိုက်ရင်းက ပုဆိုးကို တင်းနေအောင် ပြန်ဝတ်လိုက်ပါတယ်။
"မင်းကို မချုပ်ထားနိုင်လောက်အောင် ငါက အားမနည်းသေးဘူးလေ။"
"ငါတစ်ချက်အော် လိုက်ရင် မင်းဘာဖြစ်သွားမယ် ဆိုတာကော မင်းသိလား။"
"ဘာမှမဖြစ်ဘူးဆိုတာပဲ ငါသိတယ်။ ဘာလို့လဲဆိုတော့ မင်းမာမီကိုယ်တိုင် ငါ့ကို ခွင့်ပြုပေးလိုက်လို့ပဲ။"
ကောင်လေးက ရုတ်တရက် ထိုင်နေရာကနေ သုတ်ခနဲ အထ အောင်ကို ကောင်လေးကို ပြေးကာ နောက်ကနေ သိုင်းဖက်ကာ ချုပ်ထားလိုက်ပါတယ်။
"လွှတ်စမ်း ငါ့ကိုလွှတ်။ ဖယ်။ ဖယ်ပေး။"
"မင်း ငြိမ်ငြိမ်လေး နေရင် မင်းကို လွှတ်ပေးမယ်။"
"ဘာလို့နေရမှာလဲ ဖယ်ပေးစမ်း ငါ့ကို။"
ကောင်လေး အတင်းရုန်းနေတာမို့ အောင်ကို အနောက်က နေမနဲ ချုပ်ကာ ဖက်ထားရပါတယ်။ ကောင်လေးက ခြေထောင်ကို ကြမ်းပြင်နှင့် စုံကန်ကာ ခုန်နေတာမို့ အောင်ကို ကောင်လေးကို နောက်ကနေ ဖက်ထားရာမှ လွှဲကာ ကုတင်ပေါ် ပစ်တင်လိုက်ပါတယ်။ ကောင်လေး ပက်လက်လေး လန်ကာ ကုတင်ပေါ် ကျသွားတာနဲ့ အောင်ကို အပေါ်ကနေ အုပ်ချလိုက်ပြီး ကောင်လေး လက်တွေကို ချုပ်ထားလိုက်ပါတယ်။
ကောင်လေး ရဲ့ ခန္ဓာကိုယ်နဲ့ အောင်ကို ရဲ့ ခန္ဓာကိုယ်နှစ်ခုက ထပ်ရပ် ရင်ဘတ်ချင်း အပ်နေကြသလို မျက်နှာနှစ်ခုကလည်း ခြောက်လက်မလောက်သာ ကွာဝေးတဲ့ အနေအထား။ ကောင်လေးရဲ့ ထွက်သက် ဝင်သက်တွေကို အတိုင်းသား ကြားနေရသလို ရင်ဘတ်နှစ်ခုရဲ့ လှုပ်ခါမှုတွေကလည်း တစ်ဦးကို တစ်ဦး သတိထားနေ မိအောင်လှုပ်ခါနေပါတယ်။ မျက်လုံးချင်း အဆုံမှာ အသံတွေ တိတ်ဆိတ်ကာ အရာအားလုံး ငြိမ်သက်ကုန်ပါတယ်။ စက္ကန့် အတော် များများ ကုန်လွန်သွားမှ အောင်ကို မျက်တောင်တွေ ခတ်လိုက်ကာ
"ငါးမိနစ်ပဲလေ။"
ကောင်လေး လဲ မျက်လွှာချသွားကာ
"ဖယ်။"
အောင်ကို ကိုင်ထားတဲ့ ကောင်လေး လက်တွေကို လွှတ်ပေးလိုက်ရင်း ကောင်လေးပေါ်ကနေ တစ်ဖက်ကို လှည့်ရင်း ဖယ်ပေး လိုက်ပါတယ်။ သူတို့နှစ်ဦး ကုတင်ပေါ်မှာ ပက်လက်လှန်ကာ ဘေးချင်းယှဉ်လျက် ရှိနေပါတယ်။
"မင်းမှာလည်း မင်းခံစားချက်နဲ့ မင်းရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါ့မှာလဲ ငါ့မိသားစုအတွက် အခက်အခဲ ရှိနေတယ်။ အဲဒီတော့ မင်းနဲ့ ငါနဲ့ အပေး အယူ တစ်ခု လုပ်ကြမယ်။ ငါမင်းကို စာသင်ဖို့ မင်းလက်ခံပေးပါ။ အဲဒီ့အတွက် မင်းအောင်စာရင်း ထွက်တဲ့နေ့မှာ မင်းအောင်ပြီဆိုတာနဲ့ မင်းအတွက် မင်းလိုချင်တာ တစ်ခု ဘယ်အရာ မဆို ငါပေးမယ်။ ငါတက်နိုင်တဲ့ထဲကပေါ့။"
ပထမ နေနိုင်သာ မျက်နှာလေး တစ်ချက်ပြုံးလိုက်ပြီးမှ ပြန်တည်သွားပြီး ပက်လက်ကနေ ခေါင်းကို တံတောင်နဲ့ ထောက်လိုက်ကာ အောင်ကို့ကို သေချာကြည့် လိုက်ပါတယ်။ ပြီးမှ
"မင်းသေချာပြီလား။"
အောင်ကို အသံမထွက်ပဲ မျက်နှာကို ကောင်လေးဖက်သာ လှည့်ကာ ပြန်ကြည့်လိုက်ပါတယ်။
"အိုကေ။ ငါလက်ခံတယ်။ အဲဒီ့အတွက် မင်းနဲ့ငါနဲ့ အမှတ်အသား တစ်ခုတော့ လုပ်ထားရမယ်။ အချိန်တန်ရင် မင်းမငြင်း နိုင်အောင်ပေါ့။"
အောင်ကို ခေါင်းအောက်ကို လက်ပြန်ထိုးထည့်လိုက်ရင်း ခေါင်းကိုခုလိုက်ရင်း အသာငြိမ့်လိုက်ပါတယ်။
ကောင်လေး ကုတင်ပေါ်ကနေ ထသွားလိုက်ပြီး ဝရံတာကို ထွက်သွားလိုက်ပါတယ်။ သူပြန်ဝင်လာတော့ လက်ထဲမှာ ပါလာတာ အလှစိုက် ပိန်းပန်းပင်လေး တစ်ပင်။ အောင်ကို လှဲနေရာကနေ ကုန်းထလိုက်ပြီး
"ဒါကြီးက ဘာလုပ်ဖို့လဲ။"
"မင်းလက်ပေး။"
အောင်ကို လက်ကို ရှေ့ဆန့်ပေးလိုက်တော့ ကောင်လေးက အောင်ကို့ လက်ကို ကိုင်ကာ ပိန်းပန်းပင် ခြေက မြေကြီးမဲမဲလေးတွေပေါ် တင်လိုက်သလို သူ့လက် တစ်ဖက်ကို လည်း ကျန်တဲ့ဖက်မှာ တင်လိုက်ပါတယ်။
"ပေးထားတဲ့ ကတိကို ဖောက်ဖျက်တဲ့ သူက ဒီသဲ အရေအတွက် အတိုင်း အကြိမ်ကြိမ်အခါခါ ပြန်ပြီး ခံစားရပါစေ။ အိုကေ။"
အောင်ကို ကောင်လေးကို တစ်ချက်ကြည့်လိုက်ရင်း ခေါင်းကို အသာငြိမ့်ကာ
"အိုကေ။"

ဆက်လက် တင်ပြ သွားပါ့မယ် ခမျ။

အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။

ကိုကိုလေး။

Continue Reading

You'll Also Like

2.6M 148K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.1M 27.4K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
298K 24.7K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
397K 24.9K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...