Unicode
မျက်စိတစ်မှိတ်အတွင်းမှာပဲ လမုန့်ပွဲတော်ရောက်ရှိလာခဲ့တယ်။
အရင်နှစ်တွေတုန်းကစုန့်ရီကကျောက်ဟုန်းရန်ရယ် စုန့်ကျဲရယ်နဲ့အတူ အပြင်ထွက်ပီးခေါက်ဆွဲအေးစားကြတယ်။ ကျောက်ဟုန်းရန်ကစိတ်မပျော်ဖြစ်လာရင်သူတို့ပြန်လာကြတယ်။ ဒါ့ကြောင့်စုန့်ရီက လမုန့်ပွဲတော်ဆိုပီး မျှော်လင့်ချက်တွေမထားဘူး။
ဒီနှစ်လဲ ကျောက်ဟုန်းရန်ဆေးရုံတက်နေရတာကလွဲလို့ အရင်နှစ်တွေတုန်းကနဲ့မထူးမခြားမနားပါပဲ။ ဒီပွဲတော်အတွင်းမှာ မောင်နှမနှစ်ယောက်ရယ် တူမလေးတစ်ယောက်ရယ်ပဲရှိတယ်။
စုန့်ရီကမီးဖိုချောင်ထဲမှာ ဂဏန်းတွေကိုသေချာဆေးပီး အိုးထဲကိုတစ်ကောင်ချင်းစီထည့်လိိုက်တယ်။ ဧည့်ခန်းထဲကနေ စုန့်ကျဲရဲ့ပေါ့ပါးတဲ့ပြုံးရယ်သံကြားတော့ သူပြုံးပီးလက်ဆေးကာ အပြင်ဘက်ထွက်လာလိုက်တယ်။
ကလေးကတွန်းလှည်းလေးထဲမှာ အေးအေးချမ်းချမ်းအိပ်ပျော်နေပီဖြစ်တယ်။ စုန့်ကျဲကဆိုဖာပေါ်မှာမှီထိုင်နေပီး TV ကိုစိတ်ဝင်တစားကြည့်နေတယ် "ကိုကို လာပါအုံး..."
"ဘာဖြစ်လို့လဲ?" စုန့်ရီသူမဘေးမှာထိုင်လိုက်ပီး ပခုံးလေးကိုဖက်ကာပုတ်လိုက်တယ်။
စုန့်ကျဲကပြောတယ် "အရင်နှစ်တွေတုန်းကလို ငါတို့ အပြင်ထွက်ပီးစားလို့ရတာကို ဘာလို့အိမ်မှာချက်ရတာလဲ?"
"ကိုယ့်ဘာသာကိုယ်ချက်တာကရှင်းလင်းရတာလွယ်တယ်လေ" စုန့်ရီကပေါ့ပေါ့ပါးပါးပဲလိမ်လည်လိုက်ပါတယ်။
စုန့်ကျဲကခါးသက်တဲ့မျက်နှာနဲ့တွေဝေနေပုံပေါ်တယ် "ဒါပေမဲ့ငါကအခုမှကလေးမွေးဖူးတာဆိုတော့ အပြင်ကိုထွက်ပီးမစားရတာလဲအတော်ကြာပီလေ စျေးဝယ်လဲမထွက်ရဘူး"
စုန့်ရီကကြင်ကြင်နာနာနဲ့သူ့ရဲ့ပါးလေးကိုဖျစ်ပီး ပြုံးလိုက်တယ် "နင်ကအခုနို့တိုက်နေရတာလေ အစားစားတဲ့အခါမှာဂရုတစိုက်ရှိရမယ် အချိန်တစ်ခုကျော်လွန်သွားရင်အားလုံးကအဆင်ပြေသွားမှာပါ"
စုန့်ကျဲကပါးလေးကိုဖောင်းပီး စုန့်ရီရဲ့လက်မောင်းပေါ်ကိုသက်သောင့်သက်သာရှိစွာမှီလိုက်တယ်။ သူခနလောက်စဥ်းစားပီးတော့ တိုးတိုးလေးပြောလာတယ် "တကယ်တော့ ငါ့မိခင်တစ်ယောက်ဖြစ်လာမှာကိုအရမ်းစိုးရိမ်နေတယ် ငါကအနာဂါတ်မှာမားလိုမိခင်မျိုးဖြစ်မှာကိုကြောက်တယ်"
စုန့်ရီသူ့ညီမလေးအတွက်စိတ်လေးပင်စွာနဲ့ သူမရဲ့ဆံပင်လေးကိုညင်ညင်သာသာသပ်ချပေးတယ်။ ကျောက်ဟုန်းရန်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကသူတစ်ယောက်တည်းကိုတင်ဦးတည်ခဲ့တာမဟုတ်ဘူး "အများကြီးတွေးမနေပါနဲ့ နင်ကသူနဲ့တူမှာမဟုတ်ပါဘူး"
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ?" သူမကစုန့်ရီဘက်လှည့်ကြည့်ပီး နှာခေါင်းလေးရှုံ့တယ် "ငါကသူ့လိုပုံစံမျိုးဖြစ်ချင်တယ်ဆိုရင်ရော"
စုန့်ရီကပြုံးပီး နူးနူးညံ့ညံ့ပြုံးလိုက်တယ် "ငါနဲ့သာဆိုရင် နင့်ကိုသူ့လိုမျိုးမဖြစ်အောင်အတင်းတိုက်တွန်းမှာပေါ့"
စုန့်ကျဲကလိမ်လိမ်မာ ခေါင်းညိမ့်ပြတယ်။ စုန့်ရီရဲ့ကြည်လင်တဲ့မျက်နှာလေးကိုတွေ့တော့ ဘာကိုတွေးမိသွားမှန်းမသိဘဲ တိုးတိုးလေးပြောတယ် "နင်သာငါ့အစ်ကိုမဟုတ်ရင် ကောင်းမှာပဲ"
"ရူးလိုက်တာ" စုန့်ရီသူမပြောတာကိုတွေးကြည့်ရင်း ယုတ္တိရှိရှိပြောရမယ်ဆိုရင် သူကတကယ်ကိုစုန့်ကျဲရဲ့အစ်ကိုအရင်းမဟုတ်ဘူး။ ဒါပေမဲ့နှစ်ပေါင်းများစွာအတူတူနေပီးတဲ့နောက်မှာ ဆွေးမျိုးအရင်းတွေနဲ့မခြားဖြစ်နေခဲ့ပြီဖြစ်တယ်။
စုန့်ကျဲကရှက်ရွံ့စွာပြုံးလိုက်ပီး ခေါင်းလှည့်သွားတယ်။ သူက TV ကအသံကိုနားထောင်နေချိန်မှာ စုန့်ကျဲက 'Wow' လို့အော်လိုက်ပီး မျက်လုံးတွေကတောက်ပသွားတယ် "ကိုကို ကြည့်ကြည့် ကုရှင်ချွမ်း!"
CCTV ရဲ့ လမုန့်ပွဲတော်က TV ပေါ်မှာတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တယ်။ 90 inch LCD screen ပေါ်မှာ ကုရှင်ချွမ်းရဲ့မျက်နှာကခြွင်းချက်မရှိရှင်းလင်းပြတ်သားနေတယ်။ သူ့မျက်ခုံးမျက်လုံးတွေကတောက်ပနေပီး နှုတ်လမ်းရဲရဲ သွားဖွေးဖွေးလေးတွေနဲ့ဖြစ်တယ်။
စင်ပေါ်ကမီးကတဖြည်းဖြည်းမှိန်သွားပီး ကုရှင်ချွမ်းနေရာမှာပဲ အမိုးဆီကနေဖြူဖွေးတဲ့ အလင်းရောင်တစ်ခုထိုးကျနေတယ်။ ကုရှင်ချွမ်းရဲ့ထောင့်ကျကျမျက်နှာနဲ့ အားအင်အပြည့်ရှိတဲ့မျက်နှာသွင်ပြင်ကို နွေးထွေးတဲ့မီးရောင်ကအများကြီးနူးညံ့သွားစေတယ်။
ကုရှင်ချွမ်းက ဝတ်စုံပြည့်ဝတ်ခဲတယ်။ သူက straight trousers ဝတ်ထားပီးတော့ အပေါ်ပိုင်းမှာတော့ ပေါ့ပေါ့းရှိတဲ့အဖြူအောင်ရှပ်တစ်ထည်ဝတ်ထားတယ်။ ရှပ်အင်္ကျီမှာ ကြယ်သီးအနည်းငယ်ဖြုတ်ထားတာက sexy တစ်ဝက်ခန့်ညားမှုတစ်ဝက်ရောယှက်စေတယ်။
သူ့ရဲ့ပခုံးတွေကအသက်ရှုနှုန်းနဲ့အညီနိမ့်လိုက်မြင့်လိုက်ဖြစ်နေပီး cello နဲ့ violin သံကရေစီးသံလိုမျိူးညှင်းညှင်းသာသာနဲ့ နောက်ခံဂီတအဖြစ်ညီညီညာညာထွက်ပေါ်နေတယ်။ စန္ဒယားသံကလဲ လရောင်အောက်ကလမ်းမရှည်ကြီးလိုပဲ အေးစက် လစ်ဟာစွာနဲ့ တည်တည်ငြိမ်ငြိမ် နောက်ကနေအဖော်ပြုလာတယ်။
"You stand on the bridge and watch the scenery.
People are watching you.
The bright moon has decorated your window.
You have decorated my dream....."
စုန့်ရီကကုရှင်ချွမ်းဂန္တဝင်သီချင်းဆိုတာကိုနားထောင်တာရှားတယ်။ အခုသူဆိုတဲ့သီချင်းကို ပြောရမယ်ဆိုရင် အရမ်းကောင်းပီး ဆွေးရတယ်ဆိုပေမဲ့ဝမ်းနည်းစရာမကောင်းဘူး။ နုနယ်မှုအပြည့်နဲ့ နွေဦးရဲ့ညနေခင်းလေပြေလေးထဲက ကဗျာလေးတစ်ပုဒ်လိုပဲ။
"ဒါကသီချင်းအသစ်လား?" စုန့်ကျဲကစိတ်လှုပ်ရှားစွာပြောတယ်။ သူ့မျက်လုံးထဲကကြယ်လေးတွေပွင့်ထွက်လာတော့မတတ်တလက်လက်တောက်ပနေတယ် "အရမ်းကောင်းတာပဲ!"
စုန့်ရီရယ်လိုက်ပီး သူမကိုလှည့်ကြည့်လိုက်တယ် "နင်အရမ်းပျော်နေတာ သီချင်းကအရမ်းကောင်းလွန်းလို့ရောဟုတ်ရဲ့လား?"
စုန့်ကျဲကရှက်ရွံ့စွာ စုန့်ရီရဲ့ပခုံးကိုတွန်းလိုက်ပီး စိတ်ဆိုးချင်ယောင်ဆောင်တယ် "ကိုကို ငါ့မှာကလေးတစ်ယောက်ရှိနေပီ ငါပျော်တာသီချင်းကကောင်းလို့ပါ သူချောလို့မဟုတ်ဘူး!"
"အင်းလေ ဘာပြောနေလို့တုန်း?" စုန့်ရီကခေါင်းလေးငုံ့ပီး ညင်ညင်သာသာပြုံးလိုက်တယ်။
စုန့်ကျဲကရှက်ရွံ့စွာနဲ့မျက်နှာကိုပွတ်လိုက်ပီး သူမတစ်ခုခုကိုတွေးမိဟန်နဲ့ စိုးကိမ်တကြီးပြောလာတယ် "ငါကသူ့ကိုကြည့်ကောင်းတယ်လို့ထင်ပေမဲ့ အင်တာနက်မှာပြောကြတာတော့သူကဒေါသအိုးတဲ့ နင်တို့နှစ်ယောက်ကအလုပ်တူတူလုပ်နေတာဆိုတော့ သူနင့်ကိုဒေါသထွက်ပီး တစ်ခုခုတော့မလုပ်ဘူးမလား?"
စုန့်ရီနှာခေါင်ရိုးကိုဖျစ်လိုက်ပီး စုန့်ကျဲကိုဘယ်လိုရှင်းပြရမလဲခနလောက်မသိဖြစ်သွားတယ် "မလုပ်ပါဘူး"
စုန့်ကျဲကစိတ်သက်သာရာရစွာသက်ပြင်းချတယ် "အဲ့တာကောင်းတယ် တကယ်လို့အခွင့်အရေးရှိရင်လေ သူ့ကိုအပြင်ဘက်မှာမြင်ဖူးချင်လို့ငါ့ကိုခေါ်သွားပေးနော် သူက TV ထဲကပုံနဲ့ အများကြီးခြားနားလားသိချင်လို့"
အနုပညာရှင်တွေမိတ်ကပ်ရှိတဲ့အချိန်နဲ့မရှိတဲ့အချိန် အများစုကတော့လုံးဝခြားနားတယ်။ နောက်ပိုင်းပုံတွေပြုပြင်ကြည့်ရင် fan တွေအများအပြားဟာ မိတ်ကပ်တွေအောက်ကအစက်အပြောက်တွေကိုပါမြင်လာကြတယ်။
ကုရှင်ချွမ်းရဲ့မျက်နှာကတော့ ဘယ်လိုစမ်းသပ်မှုမှာမဆိုခံနိုင်ရည်ရှိတယ်။ ကင်မရာနောက်ကွယ်မှာရော ကင်မရာထဲမှာရော ခြားနားမှုမရှိဘူး။ တချို့ဖြစ်စဥ်တွေမှာတော့ပုံကိုထိန်းချုပ်မှုကအရမ်းကောင်းတယ်။ ကင်မရာရှေ့ကဖယ်ခွာသွားရင်တော့ သူ့ပုံစံကအေးစက်နေပီး တခြားသူတွေကိုခေါင်းကိုမော်ချီပီးကြည့်နေတဲ့ပုံက အမြင်ကပ်စရာကောင်းသလို သွားကျိန်းစရာလဲကောင်းတယ်။
စုန့်ရီကဖုန်းကိုထုတ်ပီး အချိန်ကိုကြည့်လိုက်တယ် "နင်သူ့ကိုတွေ့ချင်တယ်ဆိုရင် အခုညမပြန်နဲ့"
"ဟမ်?" စုန့်ကျဲအံ့အားသင့်သွားပီး သူ့ကိုကြောင်ကြည့်နေတယ်။
စုန့်ရီကမီးပွိုင့်မိမဲ့အချိန်တွေကိုပါတွက်ကြည့်လိုက်တယ်။ မိနစ်လေးဆယ်အကြာမှာတော့ တံခါးခေါက်သံကြားလိုက်ရပီး အပြင်ဘက်ကတံခါးကတွန်းဖွင့်ခံလိုက်ရတယ်။ ကုရှင်ချွမ်းကလေအေးတစ်ပွေ့နဲ့အတူလျှောက်ဝင်လာပီး ကုတ်အင်္ကျီနဲ့ ဂျက်ကတ်ကိုအဝင်ဝမှာကတည်းကချွတ်လာတယ်။ သူကအေပရွန်ကိုကောက်ယူလိုက်ပီး သူ့ခန္တာကိုယ်မှာချောမွေ့စွာဝတ်လိုက်ပီး မီးဖိုခန်းထဲဝင်သွားတယ်။
"စုန့်ရီငါမင်းကိုကဏန်းတွေကိုလျှောက်မလုပ်နဲ့ပြောတယ်လေ အခုကြည့်အုံးအိုးထဲကနေတွားတက်ကုန်ပီ ငါပြန်လာမှလုပ်ပါမယ်ဆို" သူကစင်ပေါ်တုန်းကအဝတ်အစားတွေဝတ်ဆင်ထားတုန်းဖြစ်တယ်။ စင်မြင့်ပေါ်ကလို လန်းဆန်းသစ်လွင်မှုကနေဖယ်ခွာလို့ခုတော့ရိုးရှင်းဟန်ပေါက်နေတယ်။
စုန့်ကျဲရေချိုးခန်းထဲကထွက်လာပီး မီးဖိုးခန်းကတံခါးနားမှာ ကြောင်အလျက်ရပ်နေမိတယ်။
ကုရှင်ချွမ်းကသူ့ကိုလှည့်ကြည့်ပီး ဖြည်းဖြည်းလေးမျက်မှောင်ကြုတ်တယ် "မင်းကဘာလို့ဒီမှာရှိနေတာလဲ?"
"ငါ့ညီမလေးကဒီနေ့ငါတို့နဲ့အတူလမုန့်ပွဲတော်ကျင်းပဖို့အတူရှိနေပေးမှာ" စုန့်ရီကကုရှင်ချွမ်းကိုအရမ်းကာရောကြီးမလုပ်အောင် သတိပေးလိုက်တယ်။
ကုရှင်ချွမ်းကဟိုဘက်လှည့်သွားပီး ကဏန်းတွေကိုသေချာဆေးကြောနေရင်း အေးစက်စက်ပြောလာတယ် "ကဏန်းတွေကလူသုံးယောက်စာဆိုမလောက်ဘူး"
စုန့်ရီသူ့ရဲ့စိတ်နေစိတ်ထားကိုသိတာမို့ ညင်ညင်သာသာပြုံးလိုက်တယ် "ရပါတယ် ငါကကဏန်းသိပ်မကြိုက်ဘူး မင်းတို့နှစ်ယောက်ကပိုစားကြပေါ့"
ကုရှင်ချွမ်းကသူ့ကိုစိုက်ကြည့်ပီး သူမကျေမနပ်ဖြစ်တာကိုပြသတဲ့အနေနဲ့ အဖုံးကိုအိုးပေါ်ကိုကလုံကလွမ်မြည်အောင်ပစ်ချတယ်။
စုန့်ကျဲကတုံးအတာမို့ ဒီအခြေအနေကိုနားမလည်ဘူး။ သူကစုန့်ရီရဲ့အင်္ကျီလက်မောင်းကိုဆွဲပီး စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့တိုးတိုးလေးပြောတယ် "သူက TV ထဲမှာထပ်အပြင်မှာပိုချောတယ်လို့ငါထင်တယ် သူကချက်တတ်ပြုတ်တတ်သေးတယ်လား?"
"အတော်လေးကျွမ်းတယ် ခနနေရင်ဘယ်လောက်အရသာရှိလဲဆိုတာနင်စားကြည့်ရင်သိလိမ့်မယ်" ။ စုန့်ရီလဲချက်တတ်ပေမဲ့ အနောက်တိုင်းအစားအသောက်တွေချက်တာမှာအကန့်အသတ်ရှိတယ်။ သူက steak လုပ်ရင်ဖြစ်ဖြစ် pasta ချက်ရင်ဖြစ်ဖြစ် လက်ရာကအတော်လေးနိမ့်တယ်။ တရုတ်အစားအစာတွေချက်တဲ့အခါမှာလဲ ကြော်တာတွေပေါင်းတာတွေမှာမတော်ဘူး။ ကုရှင်ချွမ်းကတော့အတော်လေး ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်။ အညွှန်းလေးဖတ်ပီးချက်ရင်တောင် ဟင်းပွဲတွေကအရသာရှိတယ်။ သူကတစ်နေ့အလုပ်လက်မဲ့ဖြစ်သွားခဲ့မယ်ဆိုရင်တောာင် စားသောက်ဆိုင်လေးဖွင့်လို့ရတယ်။
စုန့်ကျဲကရုတ်တရပ်အတွေးပေါက်သွားပီး မျက်တောင်လေးပေကလပ်ပေကလပ်နဲ့ ရွှတ်နောက်နောက်မေးတယ် "နင်တို့ကတကယ်ကြီး just friends တွေပဲလား?"
စုန့်ရီကစကားတစ်ခွန်းမှမပြောဘဲ ပြုံးရုံပဲပြုံးနေလိုက်တယ်။ စုန့်ကျဲကဧည့်ခန်းထဲကိုသွားခိုင်လိုက်ပီး စားဖိုမှူးကြီးကိုကူညီီဖို့မီးခိုးခန်းထဲဝင်လိုက်တယ်။ ဟင်းသီးဟင်းရွက်လေးဆေးလိုက်လှီးလိုက်နဲ့ပဲ ပြီးသလောက်နီးပါးဖြစ်သွားတယ်။
နှစ်ယောက်သားအတူတူချက်တော့ပိုမြန်တယ်။ ခနအကြာမှာတော့ စားပွဲမှာ ဟင်းပွဲတွေအပြည့်ဖြစ်သွားတယ်။ အရသာရှိတဲ့ကဏန်းအသားတွေကမျှစ်စို့ပေါက်ကြီးတွေလိုပဲ ပုစွန်ကွေးကွေးလေးတွေကိုလဲကြော်ထားတယ်။ အရောင်အဆင်းရော အနံ့အရသာရောပါပြည့်စုံတဲ့အတွက် ကြည့်ရတာနဲ့တင် သွားရည်လည်စရာဖြစ်နေတယ်။
စုန့်ကျဲကကုရှင်ချွမ်းနဲ့တစ်စားပွဲတည်းထိုင်ရတော့ အစပိုင်းမှာ နည်းနည်းလန့်နေသေးတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းအေးအေးသာသာဖြစ်လာပီး စုန့်ရီနဲ့ကုရှင်ချွမ်းကိုတိတ်တိတ်လေးအကဲခတ်နေတယ်။
စောနလေးတုတ်းကပဲ microphone ကိုင်ခဲ့တဲ့လက်တွေကအခုတော့ ကဏန်းတွေကိုသပ်သပ်ရပ်ရပ်အခွံခွာနေတယ်။ ခွာပီးသားကဏန်းအားလုံးတွေကိုတော့ အလယ်ကပန်းကန်ပြားတစ်ချပ်ပေါ်မှာတင်ထားတယ်။ သူ့လက်တွေကချောချောမွေ့မွေ့လှုပ်ရှားနေပီး ဖြည်းဖြည်းလေးမျက်မှောင်ကြုတ်ထားတယ် "နောက်အပတ်ကျရင် ကြော်ငြာရိုက်ဖို့ Hokkaido ကိုငါသွားရမယ်"
လမုန့်ပွဲတော်မှာ သူ့ဘေးမှာဒီလူနှစ်ယောက်ကှိနေတဲ့အတွက် စုန့်ရီကစိတ်အခြေအနေကောင်းနေတယ်။ "ကောင်းပါတယ် ရက်နည်းနည်းလောက်နေပီးမှ ပြန်လာပေါ့"
ကုရှင်ချွမ်းကသူ့ကိုမော့ကြည့်ပီး တစ်ရှူးအနည်းငယ်ဆွဲထုတ်ကာ သူ့ရဲ့လက်သွယ်သွယ်လေးတွေကိုသုတ်ရင်း အသံနိမ့်နိမ့်နဲ့ပြောတယ် "ငါကြောငြာရိုက်ပီး တန်းပြန်လာမှာ ဘာမှပျော်ပါးစရာမရှိဘူး"
"ရပါတယ်"
"ဘာကိုပြောချင်တာလဲ?"
စုန့်ရီကစုန့်ကျဲကိုမရှင်းလင်းတဲ့အကြည့်တစ်ခုကြည့်ပီး ကုရှင်ချွမ်းကိုညင်ညင်သာသာပြောတယ် "မင်းပြန်လာချင်တဲ့ဘယ်အချိန်မဆိုပြန်လာလို့ရပါတယ် ဒါကမင်းရဲ့ကိစ္စပဲကို"
ကုရှင်ချွမ်းကခေါင်းလေးငုံ့ပီး ဖွဖွလေးပြုံးကာ နှာမှူတ်လိုက်တယ် "ငါပြန်မလာရင်အကောင်းဆုံးမလား?"
စုန့်ရီကပုစွန်တစ်ကောင်ကိုတူလေးနဲ့ညှပ်ယူပီး သူ့ပန်းကန်လုံးလေးထဲထည့်ပေးကာ မထူးမခြားနားစွာပြောလာတယ် "မင်းပြန်လာရင် ညစာအတူတူစားဖို့မင်းကိုလာရှာမယ်"
ကုရှင်ချွမ်းပါးစပ်ကကွေးသွားပီး စုန့်ကျဲရှေ့မှာပဲပြုံးပြကာ အေးစက်စက်ခေါင်းညိမ့်တယ် "အင်း မင်းကအရမ်းအကျင့်ကောင်းတာပဲ"
စုန့်ရီတွေးလိုက်မိတယ် မင်းကတစ်စားပွဲလုံးစားစရာတွေအပြည့်ချက်ထားတယ် အကျင့်ကောင်းချင်တဲ့အချိန်ကောင်းတယ် ကြားထဲကအကျင့်ပုတ်ချင်ရင်လဲပုတ်လာတာပဲ။ အဲ့ဒီနောက်သူဆက်တွေးမိတာက ဒီလိုစိတ်နေသဘောထားနဲ့သာ ကုရှင်ချွမ်းက beta ဒါမှမဟုတ် omega ဖြစ်ခဲ့မယ်ဆိုရင် သူသည်းခံပီးတောင် လုံးဝကြိုက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ alpha ဖြစ်နေတော့လဲ ဒီလိုစိတ်ထားလေးရှိတာက စိတ်ဝင်စားစရာကောင်းနေပြန်ရောပဲ။
အပြင်ဘက်မှာမီးရှူးမီးပန်းတွေဖောက်လွှတ်နေပီး ကောင်းကင်တစ်ဝက်လောက်ကလင်းထိန်သွားတယ်။ စုန့်ကျဲကကလေးလေးလန့်နိုးသွားမှာစိုးလို့ အလျင်အမြန်ကလေးလေးနားကိုအုပ်ပေးတယ်။
ကုရှင်ချွမ်းကအိတ်ကပ်ထဲကနေဖုန်းထုတ်လိုက်ပီးmessage တစ်စောင်ပို့ကာ စုန့်ကျဲကိုအိမ်ပြန်ပို့မဲ့အမိန့်ကို ကျွမ်းကျမ်စွာနဲ့ပဲချမှတ်လိုက်ပါတော့တယ် "ဆယ့်တစ်နာရီတောင်ရှိပီး စုန့်ကျဲကမိန်းကလေးပီးတော့ ကလေးလေးရောပြန်ခေါ်သွားရမှာဆိုတော့ အန္တရာယ်ရှိတယ် ငါ့ရဲ့လက်ထောက်ကိုခနနရင် သူ့ကိုအိမ်လိုက်ပို့ပေးလိမ့်မယ်"
စုန့်ကျဲကရှက်ရွံ့စွာနဲ့ပဲ ခေါင်းလေးညွတ်ပီးပြောတယ် "ကျေးဇူးတင်ပါတယ်"
စုန့်ရီကုရှင်ချွမ်းကိုကြည့်လိုက်တယ်။ ကုရှင်ချွမ်းမျက်နှာမှာတော့ ငါပြောသလိုလုပ်ဆိုတဲ့အဓိပ္ပါယ်တွေပေါ်လွင်နေတယ်။ စုန့်ရီကစုန့်ကျဲရဲ့ပခုံးလေးကိုအကူအညီမဲ့စွာကိုင်လိုက်ပီး စကားအနည်းငယ်ပြောလိုက်တယ်။ ကုရှင်ချွမ်းအပြုအမူတွေကိုစိတ်ထဲမထားဖို့နဲ့ နောက်ပိုင်းကျလဲကလေးကိုကစားရအောင်အိမ်ခေါ်လာဖို့အကြောင်းတွေခနလောက်ပြောလိုက်တယ်။
စုန့်ကျဲထွက်သွားတဲ့အခါမှာတော့ ကုရှင်ချွမ်းကစားပွဲပေါ်ကဟာတွေကိုရှင်းလင်းလိုက်တယ်။ နောက်တော့ ထိုင်ခုံတစ်လုံးဆွဲထုတ်ထုတ်လိုက်ပီး လသာဆောင်မှာစုန့်ရီနဲ့ဘေးချင်းယှဥ်ထိုင်ပီး လကိုကြည့်နေလိုက်တယ်။
ညလယ်ခေါင်မှာ ရပ်ကွက်ကအရမ်းကိုတိတ်ဆိတ်နေပီး ဘာလူသံသူသံမှမရှိဘူး။ ညကောင်းကင်ကအနက်ရောင်ကတ္တီပါစကြီးနဲ့တူပီး လလေးကတော့ ရွေရောင်သကြားလုံးလေးချထားသလိုပဲ။
စုန့်ရီမျက်မှန်ကိုချွတ်လိုက်ပီး နားထင်ကိုလက်နှစ်ဖက်နဲ့ပွတ်နေလိုက်တယ်။ ဒီတစ်ခါကသူကြုံဖူးခဲ့တဲ့လမုန့်ပွဲတော်တွေထဲမှာ ကြည်နူးစရာအကောင်းဆုံးဖြစ်တယ်။ မိသားစုဝင်တွေအတူတူပျော်ပျော်ရွှင်ရွှင်နဲ့ညစာစားပီး ရိုးရှင်းစွာနဲ့စိတ်ကိုအေးချမ်းစေတယ်။
ကုရှင်ချွမ်းကခေါင်းလှည့်ပီး စုန့်ရီကိုသေချာကြည့်တော့တယ်။ သူအရင်တုန်းကတစ်ခါမှ လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကဘယ်လိုနေလဲဆိုတာကိုအာရုံမစိုက်ဖူးဘူး။ လူတစ်ယောက်မှာ မျက်လုံးနှစ်လုံး ပါးစပ်တစ်ခုရှိတယ် သူ့ဘာသာသူကြည့်ကောင်းကောင်းမကောင်းကောင်း သူ့အရေးမဟုတ်ဘူး အားလုံးအတူတူပဲ။
ဒါပေမဲ့စုန့်ရီနဲ့တွေ့တဲ့အခါမှာတော့ လူတွေအပေါ်ထားတဲ့သူ့ရဲ့အလှအပခံစားမှုကပြန်ပေါ်လာတယ်။ သူကကောင်းမွန်တဲ့ omega တစ်ယောက်ကိုတွေ့ရင် မထိန်းနိုင်ဘဲစုန့်ရီနဲ့အမြဲယှဥ်မိတယ်။ ဒါပေမဲ့စုန့်ရီကကြည့်အကောင်းဆုံးပဲ ဘယ်လိုပဲကြည့်ကြည့် အစိတ်အပိုင်းတိုင်းကသူ့ရဲ့ဝါသနာလိုပဲ ပြီးပြည့်စုံတယ်။
စုန့်ရီရဲ့မျက်မှန်ဘောင်ကြောင့်ဖြစ်တဲ့နှာခေါင်းရိုးပေါ်ကအနီရောင်အရာနှစ်ခုသာပဲမကောင်းမကန်းဖြစ်နေတာ။
သူလက်ဆန့်ထုတ်ပီး စုန့်ရီရဲ့အရမ်းမထင်တဲ့နီနီအမှတ်လေးကိုညင်ညင်သာသာလေးထိလိုက်တယ်။ စုန့်ရီကသူ့ကိုစူးစမ်းသလိုမျက်လုံးလေးမှေးကြည့်တယ်။ မျက်တောင်မွှေးလေးတွေကလရောင်အောက်မှာထင်ရှားတယ်။ မျက်လုံးလေးတွေကရှည်ပီး အစွန်းလေးမှာနည်းနည်းကော့တက်သွားတယ်။ အင်း အသက်ရှူမှားစရာလေးပါပဲလေ။
ကုရှင်ချွမ်းရဲ့အသက်ရှူနှူန်းတွေကရပ်တန့်သွားပီးညနှုတ်ခမ်းသပ်လိုက်တယ် "မင်းနောက်ပိုင်းကျမျက်ကပ်မှန်တပ်ရမယ်"
စုန့်ရီမျက်ကပ်မှန်တပ်ဖူးပေမဲ့ ဘယ်တုန်းကတပ်ခဲ့လဲဆိုတာတောင်မမှတ်မိတော့ဘူး။ စုန့်ရီခေါင်းညိမ့်လိုက်တယ် "အင်းပါ"
အဲ့ဒီညမှာတော့ သူကောင်းမွန်စွာအိပ်စက်ခဲ့ရပါတယ်။
နောက်နေ့မှာတော့ ရှန်းစစ်ရဲယ်ကသူ့ကိုလက်တွဲတဲ့စာချုပ်ကိုလက်မှတ်ထိုးဖို့ ဝုလီချင်းကိုခေါ်တယ်။
စုန့်ရီအစကတော့မျက်မှန်တပ်သွားမလို့ပဲ ဒါပေမဲ့ ကုရှင်ချွမ်းရဲ့စကားတွေကြားယောင်မိတော့ မျက်ကပ်မှန်ပဲတပ်လိုက်တော့တယ်။
နောက်ဆုံးတစ်ခေါက်တုန်းကလိုပဲ ရှန်းစစ်ရဲယ်နဲ့အတူသက်လတ်ပိုင်းလူကြီးတစဦးရှိနေတယ်။ ပြောင်းလဲသွားတာကတော့ Biluochun လက်ဖက်ရည်အိုးလေးနဲ့အတူ သေသပ်ပီးရိုးရှင်းတဲ့စားစရာတချို့ဖြစ်တယ်။
ရှန်းစစ်ရဲယ်ကအရမ်းသတိရှိတယ်။.သူကသာချုပ်အထူကြီးကိုစားပွဲပေါ်ကိုပစ်ချပေးပီး အံ့ဩစရာကောင်းတဲ့အရှိန်အဝါနဲ့ထိုင်နေတယ်။ စုန့်ရီကသာချုပ်ကိုယူပီး ဂရုတစိုက်နဲ့စေ့စေ့စပ်စပ်ကြည့်နေလိုက်တယ်။
ရှန်းစစ်ရဲယ်က အပြာနဲ့အဖြူရောယှက်ထားတဲ့ကြွေခွက်လေးကိုကိုင်ထားပီး ခွပ်နှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ဖွဖွလေးခေါက်ကာ စုန့်ရီကိုစဥ်းစဥ်းစားစားကြည့်နေတယ်။
သက်လတ်ပိုင်းအရွယ်လူကြီးကခေါင်းငုံ့ပီးတိုးတိုးလေးနဲ့သတိထားပြောတယ် "မျက်မှန်မပါရင်ပိုပီးတူတယ်မလား?"
စတုတ္ထသခင်ကြီးကခေါင်းညိမ့်ပီး ညင်ညင်သာသာပြောတယ် "ဒီကလေးမှာ ရှန်းတုနဲ့အသက်မရှည်တဲ့သူ့ရဲ့အဖေလို ruifeng မျက်လုံးတွေရှိတယ်"
သက်လတ်ပိုင်းအရွယ်လူကြီးကသဘောတူသလိုပြုံးလိုက်တယ် "စစ်ရဲယ်ရဲ့မျက်လုံးတွေကလဲ ruifeng မျက်လုံးတွေပါ ဒီလိုမျက်လုံးတွေကရှားပါးတယ် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီသခင်လေးရဲ့သွင်ပြင်ကစစ်ရဲယ်ဆီကအမွေရထားသလိုပဲ"
ခွက်နှုတ်ခမ်းမှာခေါက်နေတဲ့လက်ကရပ်သွားပီး သက်လတ်ပိုင်းအရွယ်လူကြီးကိုကြည့်ကာ အေးစက်စက်မေးတယ် "အမွေရတာ?"
"ဟုတ်ပါတယ် စစ်ရဲယ်မသိဘူးလား မျက်လုံးတွေကဖခင်ဆီကအမွေရတယ်ဆိုတာ"
"ငါပထမဆုံးကြားဖူးတာပဲ" စတုတ္ထသခင်ကြီးကခွက်ကိုချပီး စုန့်ရီကိုကြည့်လိုက်တယ်။ မျက်မှန်တပ်ထားတုန်းက ရှစ်ပုံပုံရင်ခုနစ်ပုံတူပေမဲ့ မျက်မှန်မတပ်ထားတဲ့အခါမှာတော့ မိတ္တူကူးထားတဲ့အတိုင်းပဲ။ ဒီတစ်ခါမှာ သူကိုယ်တိုင်နဲ့တူရုံတင်မဟုတ်ဘူး အသေစောခဲ့တဲ့သူ့ရဲ့သားနဲ့အတူဆုံးပဲ။ ပီးတော့ရှန်းတုနဲ့လဲမျက်ခုံးတွေကတိတိကျကျတူညီနေပြန်တယ်။
သူ့ရဲ့ရုပ်ရည်သွင်ပြင်ကတူညီရုံတင်မကဘူး စိတ်နေသဘောထားကလဲ ရှန်မိသားစုရဲ့စိတ်နေစိတ်ထားအတိုင်းပဲ လုံးဝကိုတူညီတယ်။
တချို့အတွေးတွေက နှင်ထုတ်လို့မရနိုင်လောက်အောင်ထိ တရိပ်ရိပ်ပေါ်လာတယ်။
ရှန်းစစ်ရဲယ်ကစားပွဲပေါ်မှာ လက်ချောင်းလေးတွေကိုညင်ညင်သားသားတင်လိုက်တယ်။ စုန့်ရီ ID card မိတ္တူကိုတိတ်တိတ်လေးယူလိုက်ပီး မွေးနေ့ကိုကြည့်လိုက်တယ် "မင်းရဲ့မွေးနေ့ကိုပြောင်းထားသေးလား?".
"ဟင့်အင်း" စုန့်ရီကသူ့ကိုယ်သူစာချုပ်ထဲမှာပဲနှစ်မြုပ်ထားပီး ခေါင်းတောင်မော့မလာပဲ အဖြေပြန်ပေးတယ်။
စုန့်ရီရဲ့မွေးနေ့ကရှန်းလီနဲ့တစ်ပတ်ပဲကွာတယ်။
ရှန်းစစ်ရဲယ်ကသူ့ဘေးနားလေးကိုလက်နဲ့ခေါက်လိုက်တယ် "မင်းရဲ့မိသားစုကအမြဲတမ်း Imperial Capital မှာနေခဲ့တာလား?"
စုန့်ရီကခေါင်းမော့လာတယ်။ ရှန်းစစ်ရဲယ်ကဒါကိုဘာအတွက်ကြောင့်မေးမှန်းမသိပေမဲ့လို့ အမှန်အတိုင်းပဲရှင်းပြလိုက်တယ် "ကျွန်တော်တို့မိသားစုကဒေသခံတွေမဟုတ်ဘူး အရင်က Suzhou မှာနေတယ် နောက်ပိုင်းမှကျွန်တော့်မိဘတွေက Imperial Capital ကိုအလုပ်လုပ်ရအောင်လာခဲ့တာ ကျွန်တော်လဲသူတို့နဲ့အတူပါလာတယ်"
အဲ့ဒီစကားတွေကြားတော့ ရှန်းစစ်ရဲယ်ကစကားတစ်ခွန်းမပြောဘဲ သူ့ရဲ့မျက်နှာက မြို့ပေါ်ကိုဖြတ်သွားတဲ့တိမ်မည်းကြီးတွေလိုပဲ
ခနလောက်ညို့မှိုင်းသွားတယ်။
~~~~~~~~~
နောက်တစ်ခါဆိုအများကြီးရေးမယ်လို့ဘယ်တော့မှမပြောတော့ဘူး အများကြီးရေးမယ်ပြောရင်း လုပ်စရာတွေပေါ်လာရင်း တော်ပီ တော်ပီ တစ်ပတ်တစ်ပိုင်းလို့ပဲပြောတော့မယ် 🤦♀️🤦♀️
Zawgyi
မ်က္စိတစ္မွိတ္အတြင္းမွာပဲ လမုန္႔ပြဲေတာ္ေရာက္ရွိလာခဲ့တယ္။
အရင္ႏွစ္ေတြတုန္းကစုန္႔ရီကေက်ာက္ဟုန္းရန္ရယ္ စုန္႔က်ဲရယ္နဲ႔အတူ အျပင္ထြက္ပီးေခါက္ဆြဲေအးစားၾကတယ္။ ေက်ာက္ဟုန္းရန္ကစိတ္မေပ်ာ္ျဖစ္လာရင္သူတို႔ျပန္လာၾကတယ္။ ဒါ့ေၾကာင့္စုန္႔ရီက လမုန္႔ပြဲေတာ္ဆိုပီး ေမၽွာ္လင့္ခ်က္ေတြမထားဘူး။
ဒီႏွစ္လဲ ေက်ာက္ဟုန္းရန္ေဆး႐ုံတက္ေနရတာကလြဲလို႔ အရင္ႏွစ္ေတြတုန္းကနဲ႔မထူးမျခားမနားပါပဲ။ ဒီပြဲေတာ္အတြင္းမွာ ေမာင္ႏွမႏွစ္ေယာက္ရယ္ တူမေလးတစ္ေယာက္ရယ္ပဲရွိတယ္။
စုန္႔ရီကမီးဖိုေခ်ာင္ထဲမွာ ဂဏန္းေတြကိုေသခ်ာေဆးပီး အိုးထဲကိုတစ္ေကာင္ခ်င္းစီထည့္လိိုက္တယ္။ ဧည့္ခန္းထဲကေန စုန္႔က်ဲရဲ့ေပါ့ပါးတဲ့ျပဳံးရယ္သံၾကားေတာ့ သူျပဳံးပီးလက္ေဆးကာ အျပင္ဘက္ထြက္လာလိုက္တယ္။
ကေလးကတြန္းလွည္းေလးထဲမွာ ေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္ေနပီျဖစ္တယ္။ စုန္႔က်ဲကဆိုဖာေပၚမွာမွီထိုင္ေနပီး TV ကိုစိတ္ဝင္တစားၾကည့္ေနတယ္ "ကိုကို လာပါအုံး..."
"ဘာျဖစ္လို႔လဲ?" စုန္႔ရီသူမေဘးမွာထိုင္လိုက္ပီး ပခုံးေလးကိုဖက္ကာပုတ္လိုက္တယ္။
စုန္႔က်ဲကေျပာတယ္ "အရင္ႏွစ္ေတြတုန္းကလို ငါတို႔ အျပင္ထြက္ပီးစားလို႔ရတာကို ဘာလို႔အိမ္မွာခ်က္ရတာလဲ?"
"ကိုယ့္ဘာသာကိုယ္ခ်က္တာကရွင္းလင္းရတာလြယ္တယ္ေလ" စုန္႔ရီကေပါ့ေပါ့ပါးပါးပဲလိမ္လည္လိုက္ပါတယ္။
စုန္႔က်ဲကခါးသက္တဲ့မ်က္ႏွာနဲ႔ေတြေဝေနပုံေပၚတယ္ "ဒါေပမဲ့ငါကအခုမွကေလးေမြးဖူးတာဆိုေတာ့ အျပင္ကိုထြက္ပီးမစားရတာလဲအေတာ္ၾကာပီေလ ေစ်းဝယ္လဲမထြက္ရဘူး"
စုန္႔ရီကၾကင္ၾကင္နာနာနဲ႔သူ႔ရဲ့ပါးေလးကိုဖ်စ္ပီး ျပဳံးလိုက္တယ္ "နင္ကအခုနို႔တိုက္ေနရတာေလ အစားစားတဲ့အခါမွာဂ႐ုတစိုက္ရွိရမယ္ အခ်ိန္တစ္ခုေက်ာ္လြန္သြားရင္အားလုံးကအဆင္ေျပသြားမွာပါ"
စုန္႔က်ဲကပါးေလးကိုေဖာင္းပီး စုန္႔ရီရဲ့လက္ေမာင္းေပၚကိုသက္ေသာင့္သက္သာရွိစြာမွီလိုက္တယ္။ သူခနေလာက္စဥ္းစားပီးေတာ့ တိုးတိုးေလးေျပာလာတယ္ "တကယ္ေတာ့ ငါ့မိခင္တစ္ေယာက္ျဖစ္လာမွာကိုအရမ္းစိုးရိမ္ေနတယ္ ငါကအနာဂါတ္မွာမားလိုမိခင္မ်ိဳးျဖစ္မွာကိုေၾကာက္တယ္"
စုန္႔ရီသူ႔ညီမေလးအတြက္စိတ္ေလးပင္စြာနဲ႔ သူမရဲ့ဆံပင္ေလးကိုညင္ညင္သာသာသပ္ခ်ေပးတယ္။ ေက်ာက္ဟုန္းရန္ရဲ့ အိမ္တြင္းအၾကမ္းဖက္မွုကသူတစ္ေယာက္တည္းကိုတင္ဦးတည္ခဲ့တာမဟုတ္ဘူး "အမ်ားႀကီးေတြးမေနပါနဲ႔ နင္ကသူနဲ႔တူမွာမဟုတ္ပါဘူး"
"ဒါေပမဲ့ ဘယ္လိုလုပ္မလဲ?" သူမကစုန္႔ရီဘက္လွည့္ၾကည့္ပီး ႏွာေခါင္းေလးရွုံ႔တယ္ "ငါကသူ႔လိုပုံစံမ်ိဳးျဖစ္ခ်င္တယ္ဆိုရင္ေရာ"
စုန္႔ရီကျပဳံးပီး ႏူးႏူးညံ့ညံ့ျပဳံးလိုက္တယ္ "ငါနဲ႔သာဆိုရင္ နင့္ကိုသူ႔လိုမ်ိဳးမျဖစ္ေအာင္အတင္းတိုက္တြန္းမွာေပါ့"
စုန္႔က်ဲကလိမ္လိမ္မာ ေခါင္းညိမ့္ျပတယ္။ စုန္႔ရီရဲ့ၾကည္လင္တဲ့မ်က္ႏွာေလးကိုေတြ႕ေတာ့ ဘာကိုေတြးမိသြားမွန္းမသိဘဲ တိုးတိုးေလးေျပာတယ္ "နင္သာငါ့အစ္ကိုမဟုတ္ရင္ ေကာင္းမွာပဲ"
"႐ူးလိုက္တာ" စုန္႔ရီသူမေျပာတာကိုေတြးၾကည့္ရင္း ယုတၱိရွိရွိေျပာရမယ္ဆိုရင္ သူကတကယ္ကိုစုန္႔က်ဲရဲ့အစ္ကိုအရင္းမဟုတ္ဘူး။ ဒါေပမဲ့ႏွစ္ေပါင္းမ်ားစြာအတူတူေနပီးတဲ့ေနာက္မွာ ေဆြးမ်ိဳးအရင္းေတြနဲ႔မျခားျဖစ္ေနခဲ့ၿပီျဖစ္တယ္။
စုန္႔က်ဲကရွက္ရြံ့စြာျပဳံးလိုက္ပီး ေခါင္းလွည့္သြားတယ္။ သူက TV ကအသံကိုနားေထာင္ေနခ်ိန္မွာ စုန္႔က်ဲက 'Wow' လို႔ေအာ္လိုက္ပီး မ်က္လုံးေတြကေတာက္ပသြားတယ္ "ကိုကို ၾကည့္ၾကည့္ ကုရွင္ခၽြမ္း!"
CCTV ရဲ့ လမုန္႔ပြဲေတာ္က TV ေပၚမွာတိုက္ရိုက္ထုတ္လႊင့္ေနတာျဖစ္တယ္။ 90 inch LCD screen ေပၚမွာ ကုရွင္ခၽြမ္းရဲ့မ်က္ႏွာကႁခြင္းခ်က္မရွိရွင္းလင္းျပတ္သားေနတယ္။ သူ႔မ်က္ခုံးမ်က္လုံးေတြကေတာက္ပေနပီး ႏွုတ္လမ္းရဲရဲ သြားေဖြးေဖြးေလးေတြနဲ႔ျဖစ္တယ္။
စင္ေပၚကမီးကတျဖည္းျဖည္းမွိန္သြားပီး ကုရွင္ခၽြမ္းေနရာမွာပဲ အမိုးဆီကေနျဖဴေဖြးတဲ့ အလင္းေရာင္တစ္ခုထိုးက်ေနတယ္။ ကုရွင္ခၽြမ္းရဲ့ေထာင့္က်က်မ်က္ႏွာနဲ႔ အားအင္အျပည့္ရွိတဲ့မ်က္ႏွာသြင္ျပင္ကို ေႏြးေထြးတဲ့မီးေရာင္ကအမ်ားႀကီးႏူးညံ့သြားေစတယ္။
ကုရွင္ခၽြမ္းက ဝတ္စုံျပည့္ဝတ္ခဲတယ္။ သူက straight trousers ဝတ္ထားပီးေတာ့ အေပၚပိုင္းမွာေတာ့ ေပါ့ေပါ့းရွိတဲ့အျဖဴေအာင္ရွပ္တစ္ထည္ဝတ္ထားတယ္။ ရွပ္အကၤ်ီမွာ ၾကယ္သီးအနည္းငယ္ျဖဳတ္ထားတာက sexy တစ္ဝက္ခန္႔ညားမွုတစ္ဝက္ေရာယွက္ေစတယ္။
သူ႔ရဲ့ပခုံးေတြကအသက္ရွုႏွုန္းနဲ႔အညီနိမ့္လိုက္ျမင့္လိုက္ျဖစ္ေနပီး cello နဲ႔ violin သံကေရစီးသံလိုမ်ိဴးညႇင္းညႇင္းသာသာနဲ႔ ေနာက္ခံဂီတအျဖစ္ညီညီညာညာထြက္ေပၚေနတယ္။ စႏၵယားသံကလဲ လေရာင္ေအာက္ကလမ္းမရွည္ႀကီးလိုပဲ ေအးစက္ လစ္ဟာစြာနဲ႔ တည္တည္ၿငိမ္ၿငိမ္ ေနာက္ကေနအေဖာ္ျပဳလာတယ္။
"You stand on the bridge and watch the scenery.
People are watching you.
The bright moon has decorated your window.
You have decorated my dream....."
စုန္႔ရီကကုရွင္ခၽြမ္းဂႏၲဝင္သီခ်င္းဆိုတာကိုနားေထာင္တာရွားတယ္။ အခုသူဆိုတဲ့သီခ်င္းကို ေျပာရမယ္ဆိုရင္ အရမ္းေကာင္းပီး ေဆြးရတယ္ဆိုေပမဲ့ဝမ္းနည္းစရာမေကာင္းဘူး။ ႏုနယ္မွုအျပည့္နဲ႔ ေႏြဦးရဲ့ညေနခင္းေလေျပေလးထဲက ကဗ်ာေလးတစ္ပုဒ္လိုပဲ။
"ဒါကသီခ်င္းအသစ္လား?" စုန္႔က်ဲကစိတ္လွုပ္ရွားစြာေျပာတယ္။ သူ႔မ်က္လုံးထဲကၾကယ္ေလးေတြပြင့္ထြက္လာေတာ့မတတ္တလက္လက္ေတာက္ပေနတယ္ "အရမ္းေကာင္းတာပဲ!"
စုန္႔ရီရယ္လိုက္ပီး သူမကိုလွည့္ၾကည့္လိုက္တယ္ "နင္အရမ္းေပ်ာ္ေနတာ သီခ်င္းကအရမ္းေကာင္းလြန္းလို႔ေရာဟုတ္ရဲ့လား?"
စုန္႔က်ဲကရွက္ရြံ့စြာ စုန္႔ရီရဲ့ပခုံးကိုတြန္းလိုက္ပီး စိတ္ဆိုးခ်င္ေယာင္ေဆာင္တယ္ "ကိုကို ငါ့မွာကေလးတစ္ေယာက္ရွိေနပီ ငါေပ်ာ္တာသီခ်င္းကေကာင္းလို႔ပါ သူေခ်ာလို႔မဟုတ္ဘူး!"
"အင္းေလ ဘာေျပာေနလို႔တုန္း?" စုန္႔ရီကေခါင္းေလးငုံ႔ပီး ညင္ညင္သာသာျပဳံးလိုက္တယ္။
စုန္႔က်ဲကရွက္ရြံ့စြာနဲ႔မ်က္ႏွာကိုပြတ္လိုက္ပီး သူမတစ္ခုခုကိုေတြးမိဟန္နဲ႔ စိုးကိမ္တႀကီးေျပာလာတယ္ "ငါကသူ႔ကိုၾကည့္ေကာင္းတယ္လို႔ထင္ေပမဲ့ အင္တာနက္မွာေျပာၾကတာေတာ့သူကေဒါသအိုးတဲ့ နင္တို႔ႏွစ္ေယာက္ကအလုပ္တူတူလုပ္ေနတာဆိုေတာ့ သူနင့္ကိုေဒါသထြက္ပီး တစ္ခုခုေတာ့မလုပ္ဘူးမလား?"
စုန္႔ရီႏွာေခါင္ရိုးကိုဖ်စ္လိုက္ပီး စုန္႔က်ဲကိုဘယ္လိုရွင္းျပရမလဲခနေလာက္မသိျဖစ္သြားတယ္ "မလုပ္ပါဘူး"
စုန္႔က်ဲကစိတ္သက္သာရာရစြာသက္ျပင္းခ်တယ္ "အဲ့တာေကာင္းတယ္ တကယ္လို႔အခြင့္အေရးရွိရင္ေလ သူ႔ကိုအျပင္ဘက္မွာျမင္ဖူးခ်င္လို႔ငါ့ကိုေခၚသြားေပးေနာ္ သူက TV ထဲကပုံနဲ႔ အမ်ားႀကီးျခားနားလားသိခ်င္လို႔"
အႏုပညာရွင္ေတြမိတ္ကပ္ရွိတဲ့အခ်ိန္နဲ႔မရွိတဲ့အခ်ိန္ အမ်ားစုကေတာ့လုံးဝျခားနားတယ္။ ေနာက္ပိုင္းပုံေတြျပဳျပင္ၾကည့္ရင္ fan ေတြအမ်ားအျပားဟာ မိတ္ကပ္ေတြေအာက္ကအစက္အေျပာက္ေတြကိုပါျမင္လာၾကတယ္။
ကုရွင္ခၽြမ္းရဲ့မ်က္ႏွာကေတာ့ ဘယ္လိုစမ္းသပ္မွုမွာမဆိုခံနိုင္ရည္ရွိတယ္။ ကင္မရာေနာက္ကြယ္မွာေရာ ကင္မရာထဲမွာေရာ ျခားနားမွုမရွိဘူး။ တခ်ိဳ႕ျဖစ္စဥ္ေတြမွာေတာ့ပုံကိုထိန္းခ်ဳပ္မွုကအရမ္းေကာင္းတယ္။ ကင္မရာေရွ႕ကဖယ္ခြာသြားရင္ေတာ့ သူ႔ပုံစံကေအးစက္ေနပီး တျခားသူေတြကိုေခါင္းကိုေမာ္ခ်ီပီးၾကည့္ေနတဲ့ပုံက အျမင္ကပ္စရာေကာင္းသလို သြားက်ိန္းစရာလဲေကာင္းတယ္။
စုန္႔ရီကဖုန္းကိုထုတ္ပီး အခ်ိန္ကိုၾကည့္လိုက္တယ္ "နင္သူ႔ကိုေတြ႕ခ်င္တယ္ဆိုရင္ အခုညမျပန္နဲ႔"
"ဟမ္?" စုန္႔က်ဲအံ့အားသင့္သြားပီး သူ႔ကိုေၾကာင္ၾကည့္ေနတယ္။
စုန္႔ရီကမီးပြိဳင့္မိမဲ့အခ်ိန္ေတြကိုပါတြက္ၾကည့္လိုက္တယ္။ မိနစ္ေလးဆယ္အၾကာမွာေတာ့ တံခါးေခါက္သံၾကားလိုက္ရပီး အျပင္ဘက္ကတံခါးကတြန္းဖြင့္ခံလိုက္ရတယ္။ ကုရွင္ခၽြမ္းကေလေအးတစ္ေပြ႕နဲ႔အတူေလၽွာက္ဝင္လာပီး ကုတ္အကၤ်ီနဲ႔ ဂ်က္ကတ္ကိုအဝင္ဝမွာကတည္းကခၽြတ္လာတယ္။ သူကေအပရြန္ကိုေကာက္ယူလိုက္ပီး သူ႔ခႏၲာကိုယ္မွာေခ်ာေမြ႕စြာဝတ္လိုက္ပီး မီးဖိုခန္းထဲဝင္သြားတယ္။
"စုန္႔ရီငါမင္းကိုကဏန္းေတြကိုေလၽွာက္မလုပ္နဲ႔ေျပာတယ္ေလ အခုၾကည့္အုံးအိုးထဲကေနတြားတက္ကုန္ပီ ငါျပန္လာမွလုပ္ပါမယ္ဆို" သူကစင္ေပၚတုန္းကအဝတ္အစားေတြဝတ္ဆင္ထားတုန္းျဖစ္တယ္။ စင္ျမင့္ေပၚကလို လန္းဆန္းသစ္လြင္မွုကေနဖယ္ခြာလို႔ခုေတာ့ရိုးရွင္းဟန္ေပါက္ေနတယ္။
စုန္႔က်ဲေရခ်ိဳးခန္းထဲကထြက္လာပီး မီးဖိုးခန္းကတံခါးနားမွာ ေၾကာင္အလ်က္ရပ္ေနမိတယ္။
ကုရွင္ခၽြမ္းကသူ႔ကိုလွည့္ၾကည့္ပီး ျဖည္းျဖည္းေလးမ်က္ေမွာင္ၾကဳတ္တယ္ "မင္းကဘာလို႔ဒီမွာရွိေနတာလဲ?"
"ငါ့ညီမေလးကဒီေန႔ငါတို႔နဲ႔အတူလမုန္႔ပြဲေတာ္က်င္းပဖို႔အတူရွိေနေပးမွာ" စုန္႔ရီကကုရွင္ခၽြမ္းကိုအရမ္းကာေရာႀကီးမလုပ္ေအာင္ သတိေပးလိုက္တယ္။
ကုရွင္ခၽြမ္းကဟိုဘက္လွည့္သြားပီး ကဏန္းေတြကိုေသခ်ာေဆးေၾကာေနရင္း ေအးစက္စက္ေျပာလာတယ္ "ကဏန္းေတြကလူသုံးေယာက္စာဆိုမေလာက္ဘူး"
စုန္႔ရီသူ႔ရဲ့စိတ္ေနစိတ္ထားကိုသိတာမို႔ ညင္ညင္သာသာျပဳံးလိုက္တယ္ "ရပါတယ္ ငါကကဏန္းသိပ္မႀကိဳက္ဘူး မင္းတို႔ႏွစ္ေယာက္ကပိုစားၾကေပါ့"
ကုရွင္ခၽြမ္းကသူ႔ကိုစိုက္ၾကည့္ပီး သူမေက်မနပ္ျဖစ္တာကိုျပသတဲ့အေနနဲ႔ အဖုံးကိုအိုးေပၚကိုကလုံကလြမ္ျမည္ေအာင္ပစ္ခ်တယ္။
စုန္႔က်ဲကတုံးအတာမို႔ ဒီအေျခအေနကိုနားမလည္ဘူး။ သူကစုန္႔ရီရဲ့အကၤ်ီလက္ေမာင္းကိုဆြဲပီး စိတ္လွုပ္ရွားေနတဲ့အမူအရာနဲ႔တိုးတိုးေလးေျပာတယ္ "သူက TV ထဲမွာထပ္အျပင္မွာပိုေခ်ာတယ္လို႔ငါထင္တယ္ သူကခ်က္တတ္ျပဳတ္တတ္ေသးတယ္လား?"
"အေတာ္ေလးကၽြမ္းတယ္ ခနေနရင္ဘယ္ေလာက္အရသာရွိလဲဆိုတာနင္စားၾကည့္ရင္သိလိမ့္မယ္" ။ စုန္႔ရီလဲခ်က္တတ္ေပမဲ့ အေနာက္တိုင္းအစားအေသာက္ေတြခ်က္တာမွာအကန္႔အသတ္ရွိတယ္။ သူက steak လုပ္ရင္ျဖစ္ျဖစ္ pasta ခ်က္ရင္ျဖစ္ျဖစ္ လက္ရာကအေတာ္ေလးနိမ့္တယ္။ တ႐ုတ္အစားအစာေတြခ်က္တဲ့အခါမွာလဲ ေၾကာ္တာေတြေပါင္းတာေတြမွာမေတာ္ဘူး။ ကုရွင္ခၽြမ္းကေတာ့အေတာ္ေလး ကၽြမ္းကၽြမ္းက်င္က်င္ရွိတယ္။ အညႊန္းေလးဖတ္ပီးခ်က္ရင္ေတာင္ ဟင္းပြဲေတြကအရသာရွိတယ္။ သူကတစ္ေန႔အလုပ္လက္မဲ့ျဖစ္သြားခဲ့မယ္ဆိုရင္ေတာာင္ စားေသာက္ဆိုင္ေလးဖြင့္လို႔ရတယ္။
စုန႔္က်ဲက႐ုတ္တရပ္အေတြးေပါက္သြားပီး မ်က္ေတာင္ေလးေပကလပ္ေပကလပ္နဲ႔ ရႊတ္ေနာက္ေနာက္ေမးတယ္ "နင္တို႔ကတကယ္ႀကီး just friends ေတြပဲလား?"
စုန္႔ရီကစကားတစ္ခြန္းမွမေျပာဘဲ ျပဳံး႐ုံပဲျပဳံးေနလိုက္တယ္။ စုန္႔က်ဲကဧည့္ခန္းထဲကိုသြားခိုင္လိုက္ပီး စားဖိုမွူးႀကီးကိုကူညီီဖို႔မီးခိုးခန္းထဲဝင္လိုက္တယ္။ ဟင္းသီးဟင္းရြက္ေလးေဆးလိုက္လွီးလိုက္နဲ႔ပဲ ၿပီးသေလာက္နီးပါးျဖစ္သြားတယ္။
ႏွစ္ေယာက္သားအတူတူခ်က္ေတာ့ပိုျမန္တယ္။ ခနအၾကာမွာေတာ့ စားပြဲမွာ ဟင္းပြဲေတြအျပည့္ျဖစ္သြားတယ္။ အရသာရွိတဲ့ကဏန္းအသားေတြကမၽွစ္စို႔ေပါက္ႀကီးေတြလိုပဲ ပုစြန္ေကြးေကြးေလးေတြကိုလဲေၾကာ္ထားတယ္။ အေရာင္အဆင္းေရာ အနံ့အရသာေရာပါျပည့္စုံတဲ့အတြက္ ၾကည့္ရတာနဲ႔တင္ သြားရည္လည္စရာျဖစ္ေနတယ္။
စုန္႔က်ဲကကုရွင္ခၽြမ္းနဲ႔တစ္စားပြဲတည္းထိုင္ရေတာ့ အစပိုင္းမွာ နည္းနည္းလန္႔ေနေသးတယ္။ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းေအးေအးသာသာျဖစ္လာပီး စုန္႔ရီနဲ႔ကုရွင္ခၽြမ္းကိုတိတ္တိတ္ေလးအကဲခတ္ေနတယ္။
ေစာနေလးတုတ္းကပဲ microphone ကိုင္ခဲ့တဲ့လက္ေတြကအခုေတာ့ ကဏန္းေတြကိုသပ္သပ္ရပ္ရပ္အခြံခြာေနတယ္။ ခြာပီးသားကဏန္းအားလုံးေတြကိုေတာ့ အလယ္ကပန္းကန္ျပားတစ္ခ်ပ္ေပၚမွာတင္ထားတယ္။ သူ႔လက္ေတြကေခ်ာေခ်ာေမြ႕ေမြ႕လွုပ္ရွားေနပီး ျဖည္းျဖည္းေလးမ်က္ေမွာင္ၾကဳတ္ထားတယ္ "ေနာက္အပတ္က်ရင္ ေၾကာ္ျငာရိုက္ဖို႔ Hokkaido ကိုငါသြားရမယ္"
လမုန္႔ပြဲေတာ္မွာ သူ႔ေဘးမွာဒီလူႏွစ္ေယာက္ကွိေနတဲ့အတြက္ စုန္႔ရီကစိတ္အေျခအေနေကာင္းေနတယ္။ "ေကာင္းပါတယ္ ရက္နည္းနည္းေလာက္ေနပီးမွ ျပန္လာေပါ့"
ကုရွင္ခၽြမ္းကသူ႔ကိုေမာ့ၾကည့္ပီး တစ္ရွူးအနည္းငယ္ဆြဲထုတ္ကာ သူ႔ရဲ့လက္သြယ္သြယ္ေလးေတြကိုသုတ္ရင္း အသံနိမ့္နိမ့္နဲ႔ေျပာတယ္ "ငါေၾကာျငာရိုက္ပီး တန္းျပန္လာမွာ ဘာမွေပ်ာ္ပါးစရာမရွိဘူး"
"ရပါတယ္"
"ဘာကိုေျပာခ်င္တာလဲ?"
စုန္႔ရီကစုန္႔က်ဲကိုမရွင္းလင္းတဲ့အၾကည့္တစ္ခုၾကည့္ပီး ကုရွင္ခၽြမ္းကိုညင္ညင္သာသာေျပာတယ္ "မင္းျပန္လာခ်င္တဲ့ဘယ္အခ်ိန္မဆိုျပန္လာလို႔ရပါတယ္ ဒါကမင္းရဲ့ကိစၥပဲကို"
ကုရွင္ခၽြမ္းကေခါင္းေလးငုံ႔ပီး ဖြဖြေလးျပဳံးကာ ႏွာမွူတ္လိုက္တယ္ "ငါျပန္မလာရင္အေကာင္းဆုံးမလား?"
စုန္႔ရီကပုစြန္တစ္ေကာင္ကိုတူေလးနဲ႔ညႇပ္ယူပီး သူ႔ပန္းကန္လုံးေလးထဲထည့္ေပးကာ မထူးမျခားနားစြာေျပာလာတယ္ "မင္းျပန္လာရင္ ညစာအတူတူစားဖို႔မင္းကိုလာရွာမယ္"
ကုရွင္ခၽြမ္းပါးစပ္ကေကြးသြားပီး စုန္႔က်ဲေရွ႕မွာပဲျပဳံးျပကာ ေအးစက္စက္ေခါင္းညိမ့္တယ္ "အင္း မင္းကအရမ္းအက်င့္ေကာင္းတာပဲ"
စုန္႔ရီေတြးလိုက္မိတယ္ မင္းကတစ္စားပြဲလုံးစားစရာေတြအျပည့္ခ်က္ထားတယ္ အက်င့္ေကာင္းခ်င္တဲ့အခ်ိန္ေကာင္းတယ္ ၾကားထဲကအက်င့္ပုတ္ခ်င္ရင္လဲပုတ္လာတာပဲ။ အဲ့ဒီေနာက္သူဆက္ေတြးမိတာက ဒီလိုစိတ္ေနသေဘာထားနဲ႔သာ ကုရွင္ခၽြမ္းက beta ဒါမွမဟုတ္ omega ျဖစ္ခဲ့မယ္ဆိုရင္ သူသည္းခံပီးေတာင္ လုံးဝႀကိဳက္နိုင္မွာမဟုတ္ဘူး။ ဒါေပမဲ့ alpha ျဖစ္ေနေတာ့လဲ ဒီလိုစိတ္ထားေလးရွိတာက စိတ္ဝင္စားစရာေကာင္းေနျပန္ေရာပဲ။
အျပင္ဘက္မွာမီးရွူးမီးပန္းေတြေဖာက္လႊတ္ေနပီး ေကာင္းကင္တစ္ဝက္ေလာက္ကလင္းထိန္သြားတယ္။ စုန္႔က်ဲကကေလးေလးလန္႔နိုးသြားမွာစိုးလို႔ အလ်င္အျမန္ကေလးေလးနားကိုအုပ္ေပးတယ္။
ကုရွင္ခၽြမ္းကအိတ္ကပ္ထဲကေနဖုန္းထုတ္လိုက္ပီးmessage တစ္ေစာင္ပို႔ကာ စုန္႔က်ဲကိုအိမ္ျပန္ပို႔မဲ့အမိန္႔ကို ကၽြမ္းက်မ္စြာနဲ႔ပဲခ်မွတ္လိုက္ပါေတာ့တယ္ "ဆယ့္တစ္နာရီေတာင္ရွိပီး စုန္႔က်ဲကမိန္းကေလးပီးေတာ့ ကေလးေလးေရာျပန္ေခၚသြားရမွာဆိုေတာ့ အႏၲရာယ္ရွိတယ္ ငါ့ရဲ့လက္ေထာက္ကိုခနနရင္ သူ႔ကိုအိမ္လိုက္ပို႔ေပးလိမ့္မယ္"
စုန္႔က်ဲကရွက္ရြံ့စြာနဲ႔ပဲ ေခါင္းေလးညြတ္ပီးေျပာတယ္ "ေက်းဇူးတင္ပါတယ္"
စုန္႔ရီကုရွင္ခၽြမ္းကိုၾကည့္လိုက္တယ္။ ကုရွင္ခၽြမ္းမ်က္ႏွာမွာေတာ့ ငါေျပာသလိုလုပ္ဆိုတဲ့အဓိပၸါယ္ေတြေပၚလြင္ေနတယ္။ စုန္႔ရီကစုန္႔က်ဲရဲ့ပခုံးေလးကိုအကူအညီမဲ့စြာကိုင္လိုက္ပီး စကားအနည္းငယ္ေျပာလိုက္တယ္။ ကုရွင္ခၽြမ္းအျပဳအမူေတြကိုစိတ္ထဲမထားဖို႔နဲ႔ ေနာက္ပိုင္းက်လဲကေလးကိုကစားရေအာင္အိမ္ေခၚလာဖို႔အေၾကာင္းေတြခနေလာက္ေျပာလိုက္တယ္။
စုန္႔က်ဲထြက္သြားတဲ့အခါမွာေတာ့ ကုရွင္ခၽြမ္းကစားပြဲေပၚကဟာေတြကိုရွင္းလင္းလိုက္တယ္။ ေနာက္ေတာ့ ထိုင္ခုံတစ္လုံးဆြဲထုတ္ထုတ္လိုက္ပီး လသာေဆာင္မွာစုန္႔ရီနဲ႔ေဘးခ်င္းယွဥ္ထိုင္ပီး လကိုၾကည့္ေနလိုက္တယ္။
ညလယ္ေခါင္မွာ ရပ္ကြက္ကအရမ္းကိုတိတ္ဆိတ္ေနပီး ဘာလူသံသူသံမွမရွိဘူး။ ညေကာင္းကင္ကအနက္ေရာင္ကတၱီပါစႀကီးနဲ႔တူပီး လေလးကေတာ့ ေရြေရာင္သၾကားလုံးေလးခ်ထားသလိုပဲ။
စုန္႔ရီမ်က္မွန္ကိုခၽြတ္လိုက္ပီး နားထင္ကိုလက္ႏွစ္ဖက္နဲ႔ပြတ္ေနလိုက္တယ္။ ဒီတစ္ခါကသူၾကဳံဖူးခဲ့တဲ့လမုန္႔ပြဲေတာ္ေတြထဲမွာ ၾကည္ႏူးစရာအေကာင္းဆုံးျဖစ္တယ္။ မိသားစုဝင္ေတြအတူတူေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ညစာစားပီး ရိုးရွင္းစြာနဲ႔စိတ္ကိုေအးခ်မ္းေစတယ္။
ကုရွင္ခၽြမ္းကေခါင္းလွည့္ပီး စုန္႔ရီကိုေသခ်ာၾကည့္ေတာ့တယ္။ သူအရင္တုန္းကတစ္ခါမွ လူတစ္ေယာက္ရဲ့႐ုပ္ရည္သြင္ျပင္ကဘယ္လိုေနလဲဆိုတာကိုအာ႐ုံမစိုက္ဖူးဘူး။ လူတစ္ေယာက္မွာ မ်က္လုံးႏွစ္လုံး ပါးစပ္တစ္ခုရွိတယ္ သူ႔ဘာသာသူၾကည့္ေကာင္းေကာင္းမေကာင္းေကာင္း သူ႔အေရးမဟုတ္ဘူး အားလုံးအတူတူပဲ။
ဒါေပမဲ့စုန္႔ရီနဲ႔ေတြ႕တဲ့အခါမွာေတာ့ လူေတြအေပၚထားတဲ့သူ႔ရဲ့အလွအပခံစားမွုကျပန္ေပၚလာတယ္။ သူကေကာင္းမြန္တဲ့ omega တစ္ေယာက္ကိုေတြ႕ရင္ မထိန္းနိုင္ဘဲစုန္႔ရီနဲ႔အျမဲယွဥ္မိတယ္။ ဒါေပမဲ့စုန္႔ရီကၾကည့္အေကာင္းဆုံးပဲ ဘယ္လိုပဲၾကည့္ၾကည့္ အစိတ္အပိုင္းတိုင္းကသူ႔ရဲ့ဝါသနာလိုပဲ ၿပီးျပည့္စုံတယ္။
စုန္႔ရီရဲ့မ်က္မွန္ေဘာင္ေၾကာင့္ျဖစ္တဲ့ႏွာေခါင္းရိုးေပၚကအနီေရာင္အရာႏွစ္ခုသာပဲမေကာင္းမကန္းျဖစ္ေနတာ။
သူလက္ဆန္႔ထုတ္ပီး စုန္႔ရီရဲ့အရမ္းမထင္တဲ့နီနီအမွတ္ေလးကိုညင္ညင္သာသာေလးထိလိုက္တယ္။ စုန္႔ရီကသူ႔ကိုစူးစမ္းသလိုမ်က္လုံးေလးေမွးၾကည့္တယ္။ မ်က္ေတာင္ေမႊးေလးေတြကလေရာင္ေအာက္မွာထင္ရွားတယ္။ မ်က္လုံးေလးေတြကရွည္ပီး အစြန္းေလးမွာနည္းနည္းေကာ့တက္သြားတယ္။ အင္း အသက္ရွူမွားစရာေလးပါပဲေလ။
ကုရွင္ခၽြမ္းရဲ့အသက္ရွူႏွူန္းေတြကရပ္တန္႔သြားပီးညႏွုတ္ခမ္းသပ္လိုက္တယ္ "မင္းေနာက္ပိုင္းက်မ်က္ကပ္မွန္တပ္ရမယ္"
စုန္႔ရီမ်က္ကပ္မွန္တပ္ဖူးေပမဲ့ ဘယ္တုန္းကတပ္ခဲ့လဲဆိုတာေတာင္မမွတ္မိေတာ့ဘူး။ စုန္႔ရီေခါင္းညိမ့္လိုက္တယ္ "အင္းပါ"
အဲ့ဒီညမွာေတာ့ သူေကာင္းမြန္စြာအိပ္စက္ခဲ့ရပါတယ္။
ေနာက္ေန႔မွာေတာ့ ရွန္းစစ္ရဲယ္ကသူ႔ကိုလက္တြဲတဲ့စာခ်ဳပ္ကိုလက္မွတ္ထိုးဖို႔ ဝုလီခ်င္းကိုေခၚတယ္။
စုန္႔ရီအစကေတာ့မ်က္မွန္တပ္သြားမလို႔ပဲ ဒါေပမဲ့ ကုရွင္ခၽြမ္းရဲ့စကားေတြၾကားေယာင္မိေတာ့ မ်က္ကပ္မွန္ပဲတပ္လိုက္ေတာ့တယ္။
ေနာက္ဆုံးတစ္ေခါက္တုန္းကလိုပဲ ရွန္းစစ္ရဲယ္နဲ႔အတူသက္လတ္ပိုင္းလူႀကီးတစဦးရွိေနတယ္။ ေျပာင္းလဲသြားတာကေတာ့ Biluochun လက္ဖက္ရည္အိုးေလးနဲ႔အတူ ေသသပ္ပီးရိုးရွင္းတဲ့စားစရာတခ်ိဳ႕ျဖစ္တယ္။
ရွန္းစစ္ရဲယ္ကအရမ္းသတိရွိတယ္။.သူကသာခ်ဳပ္အထူႀကီးကိုစားပြဲေပၚကိုပစ္ခ်ေပးပီး အံ့ဩစရာေကာင္းတဲ့အရွိန္အဝါနဲ႔ထိုင္ေနတယ္။ စုန္႔ရီကသာခ်ဳပ္ကိုယူပီး ဂ႐ုတစိုက္နဲ႔ေစ့ေစ့စပ္စပ္ၾကည့္ေနလိုက္တယ္။
ရွန္းစစ္ရဲယ္က အျပာနဲ႔အျဖဴေရာယွက္ထားတဲ့ေႂကြခြက္ေလးကိုကိုင္ထားပီး ခြပ္ႏွုတ္ခမ္းကိုလက္ညႇိုးေလးနဲ႔ဖြဖြေလးေခါက္ကာ စုန္႔ရီကိုစဥ္းစဥ္းစားစားၾကည့္ေနတယ္။
သက္လတ္ပိုင္းအရြယ္လူႀကီးကေခါင္းငုံ႔ပီးတိုးတိုးေလးနဲ႔သတိထားေျပာတယ္ "မ်က္မွန္မပါရင္ပိုပီးတူတယ္မလား?"
စတုတၳသခင္ႀကီးကေခါင္းညိမ့္ပီး ညင္ညင္သာသာေျပာတယ္ "ဒီကေလးမွာ ရွန္းတုနဲ႔အသက္မရွည္တဲ့သူ႔ရဲ့အေဖလို ruifeng မ်က္လုံးေတြရွိတယ္"
သက္လတ္ပိုင္းအရြယ္လူႀကီးကသေဘာတူသလိုျပဳံးလိုက္တယ္ "စစ္ရဲယ္ရဲ့မ်က္လုံးေတြကလဲ ruifeng မ်က္လုံးေတြပါ ဒီလိုမ်က္လုံးေတြကရွားပါးတယ္ တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ ဒီသခင္ေလးရဲ့သြင္ျပင္ကစစ္ရဲယ္ဆီကအေမြရထားသလိုပဲ"
ခြက္ႏွုတ္ခမ္းမွာေခါက္ေနတဲ့လက္ကရပ္သြားပီး သက္လတ္ပိုင္းအရြယ္လူႀကီးကိုၾကည့္ကာ ေအးစက္စက္ေမးတယ္ "အေမြရတာ?"
"ဟုတ္ပါတယ္ စစ္ရဲယ္မသိဘူးလား မ်က္လုံးေတြကဖခင္ဆီကအေမြရတယ္ဆိုတာ"
"ငါပထမဆုံးၾကားဖူးတာပဲ" စတုတၳသခင္ႀကီးကခြက္ကိုခ်ပီး စုန္႔ရီကိုၾကည့္လိုက္တယ္။ မ်က္မွန္တပ္ထားတုန္းက ရွစ္ပုံပုံရင္ခုနစ္ပုံတူေပမဲ့ မ်က္မွန္မတပ္ထားတဲ့အခါမွာေတာ့ မိတၱဴကူးထားတဲ့အတိုင္းပဲ။ ဒီတစ္ခါမွာ သူကိုယ္တိုင္နဲ႔တူ႐ုံတင္မဟုတ္ဘူး အေသေစာခဲ့တဲ့သူ႔ရဲ့သားနဲ႔အတူဆုံးပဲ။ ပီးေတာ့ရွန္းတုနဲ႔လဲမ်က္ခုံးေတြကတိတိက်က်တူညီေနျပန္တယ္။
သူ႔ရဲ့႐ုပ္ရည္သြင္ျပင္ကတူညီ႐ုံတင္မကဘူး စိတ္ေနသေဘာထားကလဲ ရွန္မိသားစုရဲ့စိတ္ေနစိတ္ထားအတိုင္းပဲ လုံးဝကိုတူညီတယ္။
တခ်ိဳ႕အေတြးေတြက ႏွင္ထုတ္လို႔မရနိုင္ေလာက္ေအာင္ထိ တရိပ္ရိပ္ေပၚလာတယ္။
ရွန္းစစ္ရဲယ္ကစားပြဲေပၚမွာ လက္ေခ်ာင္းေလးေတြကိုညင္ညင္သားသားတင္လိုက္တယ္။ စုန္႔ရီ ID card မိတၱဴကိုတိတ္တိတ္ေလးယူလိုက္ပီး ေမြးေန႔ကိုၾကည့္လိုက္တယ္ "မင္းရဲ့ေမြးေန႔ကိုေျပာင္းထားေသးလား?".
"ဟင့္အင္း" စုန္႔ရီကသူ႔ကိုယ္သူစာခ်ဳပ္ထဲမွာပဲႏွစ္ျမဳပ္ထားပီး ေခါင္းေတာင္ေမာ့မလာပဲ အေျဖျပန္ေပးတယ္။
စုန္႔ရီရဲ့ေမြးေန႔ကရွန္းလီနဲ႔တစ္ပတ္ပဲကြာတယ္။
ရွန္းစစ္ရဲယ္ကသူ႔ေဘးနားေလးကိုလက္နဲ႔ေခါက္လိုက္တယ္ "မင္းရဲ့မိသားစုကအျမဲတမ္း Imperial Capital မွာေနခဲ့တာလား?"
စုန္႔ရီကေခါင္းေမာ့လာတယ္။ ရွန္းစစ္ရဲယ္ကဒါကိုဘာအတြက္ေၾကာင့္ေမးမွန္းမသိေပမဲ့လို႔ အမွန္အတိုင္းပဲရွင္းျပလိုက္တယ္ "ကၽြန္ေတာ္တို႔မိသားစုကေဒသခံေတြမဟုတ္ဘူး အရင္က Suzhou မွာေနတယ္ ေနာက္ပိုင္းမွကၽြန္ေတာ့္မိဘေတြက Imperial Capital ကိုအလုပ္လုပ္ရေအာင္လာခဲ့တာ ကၽြန္ေတာ္လဲသူတို႔နဲ႔အတူပါလာတယ္"
အဲ့ဒီစကားေတြၾကားေတာ့ ရွန္းစစ္ရဲယ္ကစကားတစ္ခြန္းမေျပာဘဲ သူ႔ရဲ့မ်က္ႏွာက ၿမိဳ႕ေပၚကိုျဖတ္သြားတဲ့တိမ္မည္းႀကီးေတြလိုပဲ
ခနေလာက္ညိဳ႕မွိုင္းသြားတယ္။
~~~~~~~~~
ေနာက္တစ္ခါဆိုအမ်ားႀကီးေရးမယ္လို႔ဘယ္ေတာ့မွမေျပာေတာ့ဘူး အမ်ားႀကီးေရးမယ္ေျပာရင္း လုပ္စရာေတြေပၚလာရင္း ေတာ္ပီ ေတာ္ပီ တစ္ပတ္တစ္ပိုင္းလို႔ပဲေျပာေတာ့မယ္ 🤦♀️🤦♀️