Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 117K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 ေလာ့က်န္းေပ့ x ေလာ့႐ွန္ဟြာ More

intro
ဇာတ္ေကာင္မိတ္ဆက္(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန္စုမင္)
Chapter - 5(ဒယ္ဒီဆီက ေန႔လည္စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ္ဒီက ငါ့မက္မြန္ေလးကို ႐ိုက္ရဲတယ္!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ္ဒီရန္မေၾကာက္ ေရခဲမုန္႔ထပ္စားရန္ၾကံေနသည့္႐ွန္ေလး-1)
Chapter -16 (မင္းက ကိုယ့္အပိုင္ပဲ)
Chapter -17(လီ႐ွန္းဟြာ???)
Chapter-18(hot dogလား ကိုယ္လား)
Chapter -19(ဒယ္ဒီ သိသြားၿပီ ေဟာ္႐ွ!)
Chapter -20 (က်န္းယုေဝဆုိသည့္ အန္တီႀကီးေရ ဒယ္ဒီေဘးနားကေန out!)
Chapter-21(ဒယ္ဒီက ထူးဆန္းတယ္)
Chapter -22(ဒယ္ဒီ ဒါဘာအခန္းႀကီးလဲ)
Chapter-23(ဦး)
Chapter-24 (က်န္းလင္း႐ွ)
Chapter -25(ငါ့ကို သူငယ္ခ်င္းလို႔ေကာ သတ္မွတ္ခဲ့ရဲ႕လား)
chapter-26(႐ွအန္းထ်န္း & ထန္းေဟာ္႐ွ)
Chapter-27(ပင္လယ္ထဲကလက ပံုရိပ္ေယာင္သက္သက္ပဲ)
Chapter - 28
Chapter -29(ဒယ္ဒီက နံပါတ္တစ္)
Chapter-30
Chapter-32 (ေကာ့ေတးပါတီေနာက္ကလွည့္ကြက္မ်ား-၂)
Chapter-33(ေကာ့ေတးပါတီေနာက္ကြယ္ကလွည့္ကြက္မ်ား-3)
Chapter -34(ကေလးငယ္ေၾကာင့္ ႐ူးေတာ့မယ္)
Chapter-35(ဖက္ ဖက္ ဖက္ ဖက္)
Chapter -36(ဒယ္ဒီက ရွန္ေလးကို ပိုခ်စ္တာေပါ့ေနာ္)
Chapter-37(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-1)
Chapter -38(ေနာက္ကြယ္ကျဖစ္ရပ္မ်ား-2)
Chapter -39(ေနာက္ကြယ္က လွည့္ကြက္မ်ား-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင္းက ကိုယ့္အပိုင္ ေဟာ္ရွ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90

Chapter-31(ေကာ့တင္းပါတီေနာက္ကလွည့္ကြက္မ်ား-1)

14.9K 1.6K 32
By Neko_san_ZP

Zawgyi

ေနာက္ေန႔ ညေနကို ေရာက္လာသည့္ခ်ိန္မွာ ေလာ့႐ွန္ဟြာ ေကာ့ေတးပါတီကို မလုိက္ရေတာ့ဘူးထင္ေပမယ့္ သူ႔ဒယ္ဒီဟာ သူ႔ကို တူတူလိုက္ခဲ့ရန္ေျပာၾကားလာေတာ့သည္။​ေလာ့႐ွန္ဟြာ မယုံၾကည္ႏိုင္ျဖစ္သြားေပမယ့္ ေလာ့အိမ္ေတာ္ရဲ႕ သီးသန္႔ဒီဇိုင္နာအဖြဲ႔မွ သူ႔ကိုအဝတ္အစားဆင္ယင္ေပးလာသည့္ခ်ိန္က်မွ သူ႔ဒယ္ဒီမလိမ္မွန္း ယုံၾကည္သြားေတာ့သည္၊

အဝတ္အစားအေရာင္ဟာလည္း သူ႔စိတ္ႀကိဳက္ေရြးခ်ယ္ဆုိတာေၾကာင့္ ေလာ့႐ွန္ဟြာ အနက္ေရာင္ကို ေရြးခ်ယ္လိုက္သည္၊အျခားအေရာင္ေတြကို သူတကယ္မႀကိဳက္တာ အမွန္ေပ၊

အေနာက္တိုင္းဝတ္စံုကို ေလာ့႐ွန္ဟြာဝတ္လိုက္သည့္ခ်ိန္မွာ နက္ေမွာင္ေမွာင္သည့္ အက်ႌအသားဟာ ေလာ့႐ွန္ဟြာရဲ႕ ႏို႔ႏွစ္ေရာင္အသားအေရေလးနဲ႔လိုက္ဖက္စြာ တည္႐ွိေနသည္၊'U'ပံုသ႑ာန္ေကာ္လံ အနက္ေရာင္ကုတ္ရဲ႕ေအာက္ထပ္မွာေတာ့ အျပာႏုေရာင္႐ွပ္အက်ႌလက္႐ွည္ကို ဝတ္ဆင္ထားၿပီး နက္ေျပာင္ေနသည့္အနက္ေရာင္နက္ကတိုင္ရယ္၊နက္ကတိုင္​ေပၚက "aquamarine"စိန္ျခယ္ထားသည့္ ေရြွနဲ့ျပဳလုပ္ထား ညႇပ္ကလစ္ေလးဟာ ေလာ့႐ွန္ဟြာရဲ႕မ်က္ဝန္းအေရာင္ေလးအတိုင္းပင္၊ ဘဲဥပံုသ႑ာန္ အျပာ႐ွပ္အက်ႌလက္ေကာက္ဝတ္ ၾကယ္သီးသည္လည္း အလားတူစြာပင္ "aquamarine"စိန္တပ္ဆင္ထားသည့္ ေရႊၾကယ္သီးကိုတဖက္စီတပ္တင္ထားသည္၊ အနက္ေရာင္ေဘာင္းဘီ႐ွည္ဟာ အရမ္းလည္းၾကပ္ထုတ္မေန၊အရမ္းလည္းပြေယာင္းမေနတာေၾကာင့္ ေလာ့႐ွန္ဟြာရဲ႕ကိုယ္ေနဟန္ကို ေပၚလြင္ေအာင္ ထိန္းသိမ္းထားၿပီး ေယာက်ာ္းစီး 0.5 ေဒါက္အျမင့္ အနက္ေရာင္႐ွဴးဖိနပ္ကို လိုက္ဖက္စြာဝတ္ဆင္ထားသည္၊

ေလာ့႐ွန္ဟာ ကိုယ္လံုးေပၚမွန္ထဲကေန သူ႔ပံုစံုကိုၾကည့္ရင္း တခ်က္ျပံဳးသြားၿပီး ေဘးနားက ဒီဇိုင္နာအား

"မမ ကြၽန္ေတာ့္ဆံပင္ပံုစံကို အနက္ဘက္ကို ၿဖီးတင္ထားၿပီး အေ႐ွ႕ဘက္ကုိ ခ်ေပးပါ" လို႔ ေျပာလိုက္ေတာ့ ဒီဇိုင္နာမမဟာ ေခါင္းညိတ္လိုက္ရင္း သူ႔ကိုခံုမွာ ထိုင္ခိုင္းကာ ျပင္ဆင္ေပးလိုက္သည္၊ ဒီဆံပင္ပံုစံဟာ သူအႀကိဳက္ဆံုး ဆံပင္ေကျဖစ္သည္၊ ငယ္ရြယ္သည့္ေလာ့႐ွန္ဟြာရဲ႕မ်က္ႏွာေပါက္ေလးဟာ ထိုဆံပင္ေၾကာင့္ ရင့္က်က္တည္ၿငိမ္သည့္အမ်ိဳးသားတစ္ေယာက္လို ေပါက္ေစၿပီး တဖက္မွာလည္း ပိုမိုယုံၾကည္အားထားစရာလူငယ္ေလးတစ္ေယာက္လိုပံုစံ ျဖစ္ေနျပန္သည္၊

အခန္းတြင္း႐ွိ ျပင္ဆင္ေပးေနသည့္ သူမ်ားပင္ ေလာ့႐ွန္ဟြာရဲ႕ေျပာင္းလဲသြားသည့္ပံုစံရယ္ အနည္းငယ္ေပၚထြက္လာသည့္ အမ်ိဳးအမည္မသိသည့္ဖိအားေၾကာင့္ စိတ္ထဲ ေၾကာက္ရြံေလးစားလာၾကတာေၾကာင့္ သခင္ေလးေလာ့႐ွန္ဟြာစကားအတိုင္း လိုက္လုပ္ေပးေနမိသည္၊

"မၿပီးေသးဘူး" အခန္းဝမွာ ပြင့္ေနသည့္တံခါးကို တခ်က္ေခါက္ကာ ေျပာလာသည့္စကားသံေၾကာင့္ ေလာ့႐ွန္ဟြာရဲ႕မ်က္ႏွာေလးဟာ ခုနကလို တည္တည္ၿငိမ္ၿငိမ္မဟုတ္ေတာ့ပဲ သြားေလးမ်ားေပၚတဲ့အထိ ျပံဳးလာၿပီး ေလာ့က်န္းေပ့ေ႐ွ႕သြားကာ

"ဒယ္ဒီ ...႐ွန္ေလး ၾကည့္ေကာင္းလား" လို႔ ေမးလိုက္ေတာ့ သူ႔ဒယ္ဒီဟာ သူရဲ႕တကိုယ္လံုးကို အေပၚေအာက္စူးစိုက္ၾကည့္လာရင္း မ်က္ဝန္းထဲမွာ သူနားမလည္သည့္အရိပ္ေတြပါ ျမင္ေနရေတာ့သည္၊ထိုေနာက္ သူ႔ဒယ္ဒီဟာ သူရဲ႕ ပါးေလးကို ပြတ္လာၿပီး

"ၾကည့္ေကာင္းတယ္" လို႔ ေျပာလာမွ သူလည္း စိတ္ေက်နပ္သြားစြာျဖင့္ ဒယ္ဒီရဲ႕ လက္ေမာင္းႀကီးကို ေပြ႔ဖက္ကာ...

"ဒယ္ဒီက ႐ွန္ေလးထက္ မ်ားႀကီး မ်ားႀကီး ပိုၾကည့္ေကာင္းတယ္"လို႔ ေျပာရင္း သူ႔ဒယ္ဒီကို ေငးၾကည့္ေနေတာ့သည္၊အနက္ေရာင္သာ သေဘာက်သည့္ သူ႔ဒယ္ဒီဟာ ဒီေန႔ ထူးထူးဆန္းဆန္း ခဲေရာင္အေနာက္တိုင္းဝတ္စံုကို ဝတ္ဆင္ထားတာေၾကာင့္ မ်က္လံုးထဲ အျမင္ဆန္းက်ယ္ေပမယ့္ ခဲေရာင္နဲ႔လည္း ဒယ္ဒီဟာ ၾကည့္ေကာင္းေနျပန္သည္၊ဒါ​ေပမယ့္ ေသခ်ာၾကည့္မွ ဒယ္ဒီနဲ႔သူ႔ဝတ္စံုဟာ ဆင္တူေနၿပီး နက္ကတိုင္က ညႇပ္ကလစ္ရယ္ ၾကယ္သီးေတြကသာ အနက္ေရာင္စိန္မ်ားျဖစ္သည္၊သူ စိန္အေၾကာင္းနားမလည္ေပမယ့္ ေတာက္ေျပာင္ကာ လက္ထေနသည့္ အနက္ေရာင္စိန္မ်ားဟာ တန္ဖိုးလည္းေသးမည္မဟုတ္ေပ၊

"ပါတီမွာ ဒယ္ဒီအနားမွာပဲ ေန ၾကားလား" လို႔ သူ႔ကို ငံု႔ၾကည့္ကာ ေျပာလိုက္သည့္ ဒယ္ဒီရဲ႕အနီေရာင္ထက္ အညိဳေရာင္ဘက္ပိုသန္းသည့္ ႏူတ္ခမ္းတစံုကိုၾကည့္ရင္း ေလာ့႐ွန္ဟြာ နားထိပ္ေလးမ်ား ရဲသြားကာ ေခါင္းကို အလ်င္စလို အႀကိမ္ႀကိမ္ညိတ္ရင္း ဒယ္ဒီႏူတ္ခမ္းေပၚကေန အျခားဘက္ကို အၾကည့္မ်ား ေ႐ွာင္လြဲလိုက္သည္၊

'ဒယ္ဒီရဲ႕​ေနရာတိုင္းက black holeလိုပဲ ဆြဲငင္ႏိုင္စြမ္း ျပင္းလိုက္တာ'

ထိုေနာက္ ဒယ္ဒီနဲ႔အတူ ေကာ့ေတးပါတီ တက္ေရာက္မည့္ေနရာကို ထြက္ခြာလာေတာ့သည္၊ထိုပါတီဟာ ဒယ္ဒီရဲ႕အနာဂတ္ကို ဆံုးျဖတ္ေပးမည့္ ပြဲျဖစ္တာေၾကာင့္ ေလာ့႐ွန္ဟြာ သတိနဲ႔ေနရမည္! ဒယ္ဒီကို ကာကြယ္ေစာင့္ေ႐ွာက္ရမည္၊

ေလာ့က်န္းေပ့ဟာ သူ႔ကေလးငယ္ရဲ႕ေလးနက္သည့္ပံုစံေလးကိုၾကည့္ရင္း သူရဲ႕ႏူတ္ခမ္းမ်ားဟာ တြန္႔ေကြးသြားၿပီး... ကေလးငယ္ရဲ႕ကိုယ္ေလးကို သူ႔ဖက္ဆြဲကာ နားေလးေတြကို သူ႔ႏူတ္ခမ္းဖ်ားနဲ႔ ပြတ္သပ္ေပးရင္း

"ေပါင္ေပ့... ဘာေတြ ေတြးေနတာလဲ" လို႔ နားနားကပ္ကာ ေျပာလိုက္ေတာလ သူ႔ကေလးငယ္ဟာ သူ႔နားသူ ျပန္အုပ္ရင္း...အသံတိုးတိုးေလးျဖင့္...

"ဒယ္ဒီကို ပါတီက အန္တီႀကီးေတြ မကပ္ေအာင္ ဘယ္လိုကာကြယ္ရမလဲစဥ္းစားေနတာ" လို႔ ေျပာလာတာေၾကာင့္ သူ႔မွာ အသည္းတယား ေခါင္းပုတ္ရန္႐ွိေသးသည္၊သူရဲ႕လက္ကို လက္ေလးတဖက္နဲ႔ ပင့္ကာ ကာလိုက္ၿပီး

"႐ွန္ေလး ဆံပင္စတိုင္ ပ်က္သြားလိမ့္မယ္" လို႔ ေျပာလာတာေၾကာင့္ သူ႔မွာ လက္ကို ေနရာေျပာင္းကာ ႏူးညံ့ေနသည့္ပါးေလးေတြကိုသာ ဖြဖြေလးပြတ္သပ္လိုက္ၿပီး

"ဟိုေရာက္ရင္ ဒယ္ဒီနားမွာပဲ ေန" လို႔ ထပ္ေျပာလာေတာ့ ေလာ့႐ွန္ဟြာ မိက္လံုးေလးမ်ားေမွးသြားသည့္ ျပံဳးလိုက္ၿပီး

"ဟုတ္ကဲ့ ဒယ္ဒီ" လို႔ ျပန္ေျပာလိုက္သည္၊

ထိုေနာက္ သူတို႔ဟာ စစ္အိမ္ေတာ္ရဲ႕ျခံဝန္းႀကီးထဲကို ဝင္လာၾကေတာ့သည္၊ေ႐ွ႕ေနာက္ အနက္ေရာင္ ကားႏွစ္စီး နဲ႔ အလယ္မွာ အနက္ေရာင္ဇိမ္ခံကားဟာ အားလံုးရဲ႕အာရံုကို အရယူသြားႏိုင္သည္၊သူတို႔ဟာ ဒီကားေတြဟာ ဘယ္အိမ္ေတာ္ကမွန္း သိတာေၾကာင့္ လႈပ္လႈပ္ရြရြပင္ ျဖစ္ကုန္ၿပီး...

"သခင္ေလးေလာ့!တကယ္လာတာပဲ " လို႔ အမ်ိဳးသမီးေလးေတြ ေမ်ာ္လင့္ခ်က္အေရာင္တဖ်ပ္ဖ်ပ္ျဖင့္ မ်က္ဝန္းေလးမ်ားဟာ ေတာက္ပေနကုန္ၾကသည္၊ေလာ့အိမ္ေတာ္ရဲ႕ဆက္ခံသူ ေလာ့က်န္းေပ့ဆုိတာ ႐ုပ္ရည္ခန္႔ညားေခ်ာေမာရံုသာမက အရည္အခ်င္းပါ ျပည့္ဝတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ အမ်ိဳးသမီးတိုင္းရဲ႕ အိပ္မက္မင္းသားတစ္ပါးလိုပင္ ၊

ထိုေနာက္ သက္ေတာ္ေစာင့္တစ္ဦးက ကားထဲကေန ထြက္လာၿပီး ေလာ့က်န္းေပ့တို႔ ကားရဲ႕ကားတံခါးကို ဖြင့္လိုက္ေတာ့သည္၊

ဇိမ္ခံကားထဲကေန ခဲေရာင္ဝတ္စံုနဲ႔ေလာ့က်န္းေပ့ ဆင္းလာသည့္ခ်ိန္မွာ အားလံုးဟာ တိတ္ဆိတ္သြားၾကေတာ့သည္၊စီးပြားေရးနတ္ဘုရားက ေရာက္ေလရာ ေနရာတိုင္း လူတိုင္းကို ေငးေမာေအာင္ ဖန္တီးႏိုင္တာ အမွန္ေပ၊

"Oh my God! သခင္ေလးေလာ့က ခဲေရာင္ဝတ္စံုနဲ႔ အရမ္းၾကည့္ေကာင္းတာပဲ" လို႔ တေယာက္တေပါက္ေျပာေနတုန္း ေလာ့က်န္းေပ့ဟာ ကားတံခါးဝမွာ ရပ္ရင္း တံခါးေပါက္ဘက္လွည့္ကာ လက္ကမ္းလိုက္သည့္ခ်ိန္မွာ ခုနကဆူညံေနသည့္ အဖြဲ႔ပင္တိတ္ဆိတ္သြားေတာ့သည္၊ အျမဲတစ္ေယာက္တည္းသာ ပြဲတက္တတ္သည့္ ေလာ့သခင္ေလးရဲ႕ကားထဲ ဘယ္သူ႐ွိေနတာလဲ?? ဘယ္သူက ေလာ့သခင္ေလးရဲ႕တြဲဖက္အေနနဲ႔ ကံေကာင္းၿပီး ေရြးခ်ယ္ခံရတာလဲလို႔ စိတ္ထဲ ေတြးေတာေျပာေနၾကတုန္းမွာ ကားထဲကေန လက္သြယ္သြယ္ေလးထြက္လာကာ ေလာ့က်န္းေပ့ရဲ႕ႀကီးမားသည့္ လက္တဖက္ေပၚ တင္လိုက္ၿပီးေနာက္မွာ အနက္ေရာင္ဆံပင္မတိုမ႐ွည္နဲ႔ ၾကည့္ေကာင္းသည့္ လူငယ္ေလးထြက္လာေတာ့သည္၊ထိုလူငယ္ေလးဟာ ေလာ့က်န္းေပ့မွာ ရပ္သည့္ခ်ိန္မွာ ေလာ့က်န္းေပ့ရဲ႕ ပခံုးေလာက္သာ ႐ွိေပမယ့္ ဘာေၾကာင့္မွန္းမသိ သူတို႔မ်က္ဝန္းထဲ အရမ္းလိုက္ဖက္သလို ခံစားေနရေတာ့သည္၊ေနာက္ၿပီး အနက္ေရာင္ နဲ႔ ခဲေရာင္အ​နက္တိုင္းဝတ္စံု​ ႏွစ္စံုဟာ ဆင္တူေနသည္ကို ျမင္ေတာ့ ပိုမိုအံ့အားသင့္သြားၾကေတာ့သည္၊

'အဲ့လူငယ္ေလးက ဘယ္သူလဲ!'

ေလာ့႐ွန္ဟြာဟာ သူ႔ကိုၾကည့္ေနသည့္မ်က္ဝန္းမ်ားကို လစ္လ်ဴ႐ႈထားရင္း သူ႔ဒယ္ဒီရဲ႕လက္ဝါးႀကီးႀကီးထဲမွာ သူရဲ႕လက္ေလးကို တင္းၾကပ္ကာ ဆုပ္ကိုင္ကာ ဂ႐ုမစိုက္သည့္ပုံစံျဖင့္ သူ႔ဒယ္ဒီပံုစံအတိုင္း ခပ္တည္တည္မ်က္ႏွာျဖင့္သာ ပါသြားေတာ့သည္၊ ပါတီအတြင္းေရာက္ေတာ့ လူတိုင္းရဲ႕အာရံုဟာ သူတို႔ဆီ က်လာျပန္ေတာ့သည္၊ထိုခ်ိန္ ညဴတုတုအသံျဖင့္ မိန္းမတစ္ေယာက္အသံၾကားသည့္ခ်ိန္မွာ ေလာ့႐ွန္ဟြာမ်က္ႏွာေလးဟာ ပိုမိုဆူပုပ္သြားေတာ့သည္၊

"က်န္းေကာ... က်န္းေကာကို ညီမ ေစာင့္ေနတာ" ဆိုးၿပီး က်န္းယုေဝဟာ ညႇပ္႐ိုးေပၚၿပီး sexyက်သည့္ အနက္ေရာင္ပါတီတက္ဝတ္စံုကို ဝတ္ဆင္ထားတာေၾကာင့္ သူမရဲ႕ကိုယ္လံုးကိုယ္ေပါက္ေလးဟာ ေယာက်ာ္းတိုင္းကို မ်က္လံုးမလြဲႏိုင္ေအာင္ ဆြဲေဆာင္ႏိုင္သည္၊ က်န္းယုေဝကိုယ္တုိင္ကလည္း ေလာ့က်န္းေပ့ သူမထံတြင္ ေပ်ာ္ဝင္မည္ဟု ယုံၾကည္တာေၾကာင့္ ဝိုင္ခြက္တခြက္ကို ကိုင္ထားရင္း ေျပာလိုက္ျခင္းျဖစ္သည္၊

ဒါေပမယ့္ ေလာ့က်န္းေပ့ဟာ အၾကည့္တခ်က္​ေတာင္ ေရာက္မလာပဲ စားပြဲထိုးကို ႏြားႏို႔တခြက္ ယူလာရန္ မွာေနေတာ့သည္၊ေဘးနားမွာလည္း ေလာ့႐ွန္ဟြာ ဆူပုပ္ပုပ္ေလးျဖင့္

"ဒယ္ဒီ ႐ွန္ေလး ႏြားႏို႔မေသာက္ခ်င္ဘူး!" လို႔ ေျပာေတာ့ ေလာ့က်န္းေပ့ဟာ ေလာ့႐ွန္ဟြာရဲ႕ ပါးေလးကို ဖြဖြေလး ပြတ္ကာ ၾကင္နာေႏြးေထြးသည့္ ၾသ႐ွ႐ွအသံျဖင့္

"ေပါင္ေပ့... မဆိုးရဘူးေလ " လို႔ ေျပာလာသည့္စကားေၾကာင့္ က်န္းယုေဝပင္ မနာလိုျဖစ္သြားသည္၊ထိုႏွစ္ဦးဟာ သားအဖဆိုေပမယ့္ သူမနည္းနည္းေလး​ေတာ့ သံသယဝင္ေနမိတာ အမွန္ေပ၊ၿပီးေတာ့ ထုိႏွစ္ဦးဟာ အသက္ကအစ ၁၃ႏွစ္သာ ကြာၿပီး ၾကည့္လိုက္ရင္ သားအဖထက္ စံုတြဲနဲ႔ ပိုတူေနျပန္သည္၊ အဆိုးဆံုးဟာ သူတို႔က သူမရဲ႕တည္႐ွိေနမႈကို လစ္လ်ဴ႐ႈထားသည္ကိုပင္၊

က်န္းယုေဝ ေအာက္ႏူတ္ခမ္းကို ဖိကိုက္ၿပီး သူမဟာ ေလအနည္းငယ္႐ွဴကာ ဘာမွမျဖစ္သလို ျပံဳးလိုက္ၿပီး

"က်န္းေကာ... ႐ွန္ဟြာေလးက ဝိုင္ေသာက္ခ်င္လို႔ေနမွာေပါ့... " လို႔ေျပာရင္း သူမလက္ထဲက ဝိုင္ခြက္ကို ေလာ့႐ွန္ဟြာဆီ ကမ္းလိုက္ၿပီး

"႐ွန္ဟြာေလး လာ မမဟာ ေသာက္ၾကည့္ေလ ဒီဝိုင္က အရမ္းမမူးတဲ့အျပင္ အရသာလည္း႐ွိတယ္ 1920ဝန္းက်င္က စတင္ထြက္ေပၚလာတဲ့ နာမည္ႀကီးတဲ့ဝိုင္တစ္မ်ိဳးပဲ" လို႔ ေျပာလိုက္သည္၊

ေလာ့႐ွန္ဟြာရဲ႕မ်က္ဝန္းေလးမ်ားဟာ အေရာင္လက္ေနေပမယ့္ ယူရန္ လက္လွမ္းခ်ိန္မွာ ေလာ့က်န္းေပ့ရဲ႕လက္တဖက္ဟာ လွမ္းသြားသည့္လက္ကို ျပန္လည္ဖမ္းဆုပ္ရင္း

"ဘာလို႔ သူစိမ္းေပးတိုင္း ယူေနရတာလဲ ၿပီးေတာ့ သူပါးစပ္နဲ႔ေတ့ေသာက္ၿပိ္းသားႀကီး ေရာဂါပိုးေတြ ႐ွိေနရင္ ဘယ္လိုလုပ္မလဲ"လို႔ ဆူေငါက္ကာ ခပ္တိုးတိုးေျပာလာေပမယ့္ က်န္းယုေဝကေတာ့ ျပတ္ျပတ္သားသားကို ၾကားလိုက္ရတာေၾကာင့္ ျပံဳးေနသည့္ႏူတ္ခမ္းမ်ားပင္ မဲ့ခ်င္သြားေတာ့သည္၊

ေလာ့႐ွန္ဟြာလည္း သူ႔ဒယ္ဒီစကားေၾကာင့္ ခ်က္ခ်င္းထိတ္လန္႔သြားၿပီး က်န္းယုေဝကို ၾကည့္ကာ အေနာက္ပင္တလွမ္းဆုတ္သြားကာ

"မေသာက္ေတာ့ပါဘူး အန္တီ" လို႔ ေျပာလာေတာ့သည္၊ ဝိုင္ခြက္ကို ကိုင္ကာ ကမ္းထားသည့္ က်န္းယုေဝလက္ဟာ ေလထဲမွာ႐ွိေနေသးၿပီး သူမရဲ႕အျခားလက္တဖက္ဟာလည္း ေငြေရာင္ပိုက္ဆံကုိ ကိုင္ကာတင္းၾကပ္စြာ ဆုပ္ထားတာေၾကာင့္ လက္ထိပ္မ်ားပင္ နာက်င္ေနၿပီျဖစ္သည္၊

သူမရဲ႕ အ႐ွက္ကြဲကာ ကိုး႐ိုးကား႐ိုးအေျခအေနကို ကယ္မဲ့သူလည္းမ႐ွိသလို၊ အ႐ွက္ခြဲသြားသည့္ႏွစ္ေယာက္လည္း သူမကို အေလးမစိုက္သလို အျခားစီးပြား႐ွင္မ်ားရဲ႕လာေရာက္ႏူတ္ဆက္မႈကုိ ခံယူကာ စကားျမည္ေနၾကေတာ့သည္၊ထိုခ်ိန္မွာ သူမရဲ႕လက္ေမာင္းကုိ ကိုင္လိုက္သည့္ လက္တစ္စံုေၾကာင့္ ၾကည့္လိုက္ေတာ့ သူမရဲ႕ေမာင္ က်န္းလင္း႐ွျဖစ္​ေန​ေတာ့သည္၊

က်န္းလင္း႐ွဟာ သူရဲ႕စိတ္ပ်က္ေနသည့္မ်က္ဝန္းမ်ားကို ဖံုးကြယ္လိုက္ၿပီး သူရဲ႕အစ္မကို ၾကည့္ကာ အသံတိုးတိုးျဖင့္

"မမ အဲ့ေလာ့႐ွန္ဟြာကို သတိထား... သူရဲ႕စိတ္ဓာတ္က အျပင္ပန္းလိုမဟုတ္ေတာ့... ေျမေခြးလိုေကာင္" ေျပာလိုက္ေတာ့ က်န္းယုေဝဟာ အံ့အားသင့္စြာ က်န္းလင္း႐ွကို ေမာ့ၾကည့္ၿပီး ေလာ့႐ွန္ဟြာတုိ႔ဘက္ကို စိုက္ၾကည့္လိုက္သည္၊ က်န္းလင္း႐ွကလည္း သူရဲ႕အစ္မ၊ ေလာ့႐ွန္ဟြာကို မုန္းတီးေအာင္

"မမကို အ႐ွက္ကြဲေအာင္ သူတမင္လုပ္တာပဲ ၾကည့္ေလ... ေလာ့အိမ္ေတာ္မွာထဲက မမ အမွတ္မ႐ွိေသးဘူးလား" လို႔ ေျပာလာသည့္စကားေၾကာင့္ က်န္းယုေဝဟာ ေတြေဝၿပိ္းေနာက္မွာ ေလာ့႐ွန္ဟြာကို မုန္းတီးစြာစိုက္ၾကည့္လာေတာ့သည္၊

"အဲ့ေကာင္ေလးကို! က်န္းေကာ ဘဝထဲကေန ထြက္သြားေအာင္ ငါလုပ္ျပမယ္" ေျပာရင္ က်န္းယုေဝဟာ လူ႐ွင္းသည့္ဘက္ကို ဖုန္းေျပာရန္ ထြက္သြားေတာ့သည္၊က်န္းလင္း႐ွကေတာ့ မ်က္ဝန္းမ်ားဟာ ေပ်ာ္ျမဴးရိပ္မ်ား သန္းေနၿပီး ေလာ့႐ွန္းေပ့ကို ၾကည့္သည့္ခ်ိန္မွာ လိုခ်င္တပ္မက္စိတ္မ်ားျဖင့္ ျပည့္သိပ္ေနေတာ့သည္၊

'အဟက္ ဒီည ခဲတလံုးနဲ႔ ငွက္ႏွစ္ေကာင္ပစ္ျပမယ္'

-*-*-*-*-*-**-*-*-*-*

chapter -32 ေမ်ွာ္

--------------

Unicode

Chapter -31(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-1)

Zawgyi

နောက်နေ့ ညနေကို ရောက်လာသည့်ချိန်မှာ လော့ရှန်ဟွာ ကော့တေးပါတီကို မလိုက်ရတော့ဘူးထင်ပေမယ့် သူ့ဒယ်ဒီဟာ သူ့ကို တူတူလိုက်ခဲ့ရန်ပြောကြားလာတော့သည်။​လော့ရှန်ဟွာ မယုံကြည်နိုင်ဖြစ်သွားပေမယ့် လော့အိမ်တော်ရဲ့ သီးသန့်ဒီဇိုင်နာအဖွဲ့မှ သူ့ကိုအဝတ်အစားဆင်ယင်ပေးလာသည့်ချိန်ကျမှ သူ့ဒယ်ဒီမလိမ်မှန်း ယုံကြည်သွားတော့သည်၊

အဝတ်အစားအရောင်ဟာလည်း သူ့စိတ်ကြိုက်ရွေးချယ်ဆိုတာကြောင့် လော့ရှန်ဟွာ အနက်ရောင်ကို ရွေးချယ်လိုက်သည်၊အခြားအရောင်တွေကို သူတကယ်မကြိုက်တာ အမှန်ပေ၊

အနောက်တိုင်းဝတ်စုံကို လော့ရှန်ဟွာဝတ်လိုက်သည့်ချိန်မှာ နက်မှောင်မှောင်သည့် အကျႌအသားဟာ လော့ရှန်ဟွာရဲ့ နို့နှစ်ရောင်အသားအရေလေးနဲ့လိုက်ဖက်စွာ တည်ရှိနေသည်၊'U'ပုံသဏ္႑ာန်ကော်လံ အနက်ရောင်ကုတ်ရဲ့အောက်ထပ်မှာတော့ အပြာနုရောင်ရှပ်အကျႌလက်ရှည်ကို ဝတ်ဆင်ထားပြီး နက်ပြောင်နေသည့်အနက်ရောင်နက်ကတိုင်ရယ်၊နက်ကတိုင်​ပေါ်က "aquamarine"စိန်ခြယ်ထားသည့် ရွှေနဲ့ပြုလုပ်ထား ညှပ်ကလစ်လေးဟာ လော့ရှန်ဟွာရဲ့မျက်ဝန်းအရောင်လေးအတိုင်းပင်၊ ဘဲဥပုံသဏ္႑ာန် အပြာရှပ်အကျႌလက်ကောက်ဝတ် ကြယ်သီးသည်လည်း အလားတူစွာပင် "aquamarine"စိန်တပ်ဆင်ထားသည့် ရွှေကြယ်သီးကိုတဖက်စီတပ်တင်ထားသည်၊ အနက်ရောင်ဘောင်းဘီရှည်ဟာ အရမ်းလည်းကြပ်ထုတ်မနေ၊အရမ်းလည်းပွယောင်းမနေတာကြောင့် လော့ရှန်ဟွာရဲ့ကိုယ်နေဟန်ကို ပေါ်လွင်အောင် ထိန်းသိမ်းထားပြီး ယောကျာ်းစီး 0.5 ဒေါက်အမြင့် အနက်ရောင်ရှူးဖိနပ်ကို လိုက်ဖက်စွာဝတ်ဆင်ထားသည်၊

လော့ရှန်ဟာ ကိုယ်လုံးပေါ်မှန်ထဲကနေ သူ့ပုံစုံကိုကြည့်ရင်း တချက်ပြုံးသွားပြီး ဘေးနားက ဒီဇိုင်နာအား

"မမ ကျွန်တော့်ဆံပင်ပုံစံကို အနက်ဘက်ကို ဖြီးတင်ထားပြီး အရှေ့ဘက်ကို ချပေးပါ" လို့ ပြောလိုက်တော့ ဒီဇိုင်နာမမဟာ ခေါင်းညိတ်လိုက်ရင်း သူ့ကိုခုံမှာ ထိုင်ခိုင်းကာ ပြင်ဆင်ပေးလိုက်သည်၊ ဒီဆံပင်ပုံစံဟာ သူအကြိုက်ဆုံး ဆံပင်ကေဖြစ်သည်၊ ငယ်ရွယ်သည့်လော့ရှန်ဟွာရဲ့မျက်နှာပေါက်လေးဟာ ထိုဆံပင်ကြောင့် ရင့်ကျက်တည်ငြိမ်သည့်အမျိုးသားတစ်ယောက်လို ပေါက်စေပြီး တဖက်မှာလည်း ပိုမိုယုံကြည်အားထားစရာလူငယ်လေးတစ်ယောက်လိုပုံစံ ဖြစ်နေပြန်သည်၊

အခန်းတွင်းရှိ ပြင်ဆင်ပေးနေသည့် သူများပင် လော့ရှန်ဟွာရဲ့ပြောင်းလဲသွားသည့်ပုံစံရယ် အနည်းငယ်ပေါ်ထွက်လာသည့် အမျိုးအမည်မသိသည့်ဖိအားကြောင့် စိတ်ထဲ ကြောက်ရွံလေးစားလာကြတာကြောင့် သခင်လေးလော့ရှန်ဟွာစကားအတိုင်း လိုက်လုပ်ပေးနေမိသည်၊

"မပြီးသေးဘူး" အခန်းဝမှာ ပွင့်နေသည့်တံခါးကို တချက်ခေါက်ကာ ပြောလာသည့်စကားသံကြောင့် လော့ရှန်ဟွာရဲ့မျက်နှာလေးဟာ ခုနကလို တည်တည်ငြိမ်ငြိမ်မဟုတ်တော့ပဲ သွားလေးများပေါ်တဲ့အထိ ပြုံးလာပြီး လော့ကျန်းပေ့ရှေ့သွားကာ

"ဒယ်ဒီ ...ရှန်လေး ကြည့်ကောင်းလား" လို့ မေးလိုက်တော့ သူ့ဒယ်ဒီဟာ သူရဲ့တကိုယ်လုံးကို အပေါ်အောက်စူးစိုက်ကြည့်လာရင်း မျက်ဝန်းထဲမှာ သူနားမလည်သည့်အရိပ်တွေပါ မြင်နေရတော့သည်၊ထိုနောက် သူ့ဒယ်ဒီဟာ သူရဲ့ ပါးလေးကို ပွတ်လာပြီး

"ကြည့်ကောင်းတယ်" လို့ ပြောလာမှ သူလည်း စိတ်ကျေနပ်သွားစွာဖြင့် ဒယ်ဒီရဲ့ လက်မောင်းကြီးကို ပွေ့ဖက်ကာ...

"ဒယ်ဒီက ရှန်လေးထက် များကြီး များကြီး ပိုကြည့်ကောင်းတယ်"လို့ ပြောရင်း သူ့ဒယ်ဒီကို ငေးကြည့်နေတော့သည်၊အနက်ရောင်သာ သဘောကျသည့် သူ့ဒယ်ဒီဟာ ဒီနေ့ ထူးထူးဆန်းဆန်း ခဲရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် မျက်လုံးထဲ အမြင်ဆန်းကျယ်ပေမယ့် ခဲရောင်နဲ့လည်း ဒယ်ဒီဟာ ကြည့်ကောင်းနေပြန်သည်၊ဒါ​ပေမယ့် သေချာကြည့်မှ ဒယ်ဒီနဲ့သူ့ဝတ်စုံဟာ ဆင်တူနေပြီး နက်ကတိုင်က ညှပ်ကလစ်ရယ် ကြယ်သီးတွေကသာ အနက်ရောင်စိန်များဖြစ်သည်၊သူ စိန်အကြောင်းနားမလည်ပေမယ့် တောက်ပြောင်ကာ လက်ထနေသည့် အနက်ရောင်စိန်များဟာ တန်ဖိုးလည်းသေးမည်မဟုတ်ပေ၊

"ပါတီမှာ ဒယ်ဒီအနားမှာပဲ နေ ကြားလား" လို့ သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်သည့် ဒယ်ဒီရဲ့အနီရောင်ထက် အညိုရောင်ဘက်ပိုသန်းသည့် နူတ်ခမ်းတစုံကိုကြည့်ရင်း လော့ရှန်ဟွာ နားထိပ်လေးများ ရဲသွားကာ ခေါင်းကို အလျင်စလို အကြိမ်ကြိမ်ညိတ်ရင်း ဒယ်ဒီနူတ်ခမ်းပေါ်ကနေ အခြားဘက်ကို အကြည့်များ ရှောင်လွဲလိုက်သည်၊

'ဒယ်ဒီရဲ့​နေရာတိုင်းက black holeလိုပဲ ဆွဲငင်နိုင်စွမ်း ပြင်းလိုက်တာ'

ထိုနောက် ဒယ်ဒီနဲ့အတူ ကော့တေးပါတီ တက်ရောက်မည့်နေရာကို ထွက်ခွာလာတော့သည်၊ထိုပါတီဟာ ဒယ်ဒီရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမည့် ပွဲဖြစ်တာကြောင့် လော့ရှန်ဟွာ သတိနဲ့နေရမည်! ဒယ်ဒီကို ကာကွယ်စောင့်ရှောက်ရမည်၊

လော့ကျန်းပေ့ဟာ သူ့ကလေးငယ်ရဲ့လေးနက်သည့်ပုံစံလေးကိုကြည့်ရင်း သူရဲ့နူတ်ခမ်းများဟာ တွန့်ကွေးသွားပြီး... ကလေးငယ်ရဲ့ကိုယ်လေးကို သူ့ဖက်ဆွဲကာ နားလေးတွေကို သူ့နူတ်ခမ်းဖျားနဲ့ ပွတ်သပ်ပေးရင်း

"ပေါင်ပေ့... ဘာတွေ တွေးနေတာလဲ" လို့ နားနားကပ်ကာ ပြောလိုက်တောလ သူ့ကလေးငယ်ဟာ သူ့နားသူ ပြန်အုပ်ရင်း...အသံတိုးတိုးလေးဖြင့်...

"ဒယ်ဒီကို ပါတီက အန်တီကြီးတွေ မကပ်အောင် ဘယ်လိုကာကွယ်ရမလဲစဉ်းစားနေတာ" လို့ ပြောလာတာကြောင့် သူ့မှာ အသည်းတယား ခေါင်းပုတ်ရန်ရှိသေးသည်၊သူရဲ့လက်ကို လက်လေးတဖက်နဲ့ ပင့်ကာ ကာလိုက်ပြီး

"ရှန်လေး ဆံပင်စတိုင် ပျက်သွားလိမ့်မယ်" လို့ ပြောလာတာကြောင့် သူ့မှာ လက်ကို နေရာပြောင်းကာ နူးညံ့နေသည့်ပါးလေးတွေကိုသာ ဖွဖွလေးပွတ်သပ်လိုက်ပြီး

"ဟိုရောက်ရင် ဒယ်ဒီနားမှာပဲ နေ" လို့ ထပ်ပြောလာတော့ လော့ရှန်ဟွာ မိက်လုံးလေးများမှေးသွားသည့် ပြုံးလိုက်ပြီး

"ဟုတ်ကဲ့ ဒယ်ဒီ" လို့ ပြန်ပြောလိုက်သည်၊

ထိုနောက် သူတို့ဟာ စစ်အိမ်တော်ရဲ့ခြံဝန်းကြီးထဲကို ဝင်လာကြတော့သည်၊ရှေ့နောက် အနက်ရောင် ကားနှစ်စီး နဲ့ အလယ်မှာ အနက်ရောင်ဇိမ်ခံကားဟာ အားလုံးရဲ့အာရုံကို အရယူသွားနိုင်သည်၊သူတို့ဟာ ဒီကားတွေဟာ ဘယ်အိမ်တော်ကမှန်း သိတာကြောင့် လှုပ်လှုပ်ရွရွပင် ဖြစ်ကုန်ပြီး...

"သခင်လေးလော့!တကယ်လာတာပဲ " လို့ အမျိုးသမီးလေးတွေ မျော်လင့်ချက်အရောင်တဖျပ်ဖျပ်ဖြင့် မျက်ဝန်းလေးများဟာ တောက်ပနေကုန်ကြသည်၊လော့အိမ်တော်ရဲ့ဆက်ခံသူ လော့ကျန်းပေ့ဆိုတာ ရုပ်ရည်ခန့်ညားချောမောရုံသာမက အရည်အချင်းပါ ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အမျိုးသမီးတိုင်းရဲ့ အိပ်မက်မင်းသားတစ်ပါးလိုပင် ၊

ထိုနောက် သက်တော်စောင့်တစ်ဦးက ကားထဲကနေ ထွက်လာပြီး လော့ကျန်းပေ့တို့ ကားရဲ့ကားတံခါးကို ဖွင့်လိုက်တော့သည်၊

ဇိမ်ခံကားထဲကနေ ခဲရောင်ဝတ်စုံနဲ့လော့ကျန်းပေ့ ဆင်းလာသည့်ချိန်မှာ အားလုံးဟာ တိတ်ဆိတ်သွားကြတော့သည်၊စီးပွားရေးနတ်ဘုရားက ရောက်လေရာ နေရာတိုင်း လူတိုင်းကို ငေးမောအောင် ဖန်တီးနိုင်တာ အမှန်ပေ၊

"Oh my God! သခင်လေးလော့က ခဲရောင်ဝတ်စုံနဲ့ အရမ်းကြည့်ကောင်းတာပဲ" လို့ တယောက်တပေါက်ပြောနေတုန်း လော့ကျန်းပေ့ဟာ ကားတံခါးဝမှာ ရပ်ရင်း တံခါးပေါက်ဘက်လှည့်ကာ လက်ကမ်းလိုက်သည့်ချိန်မှာ ခုနကဆူညံနေသည့် အဖွဲ့ပင်တိတ်ဆိတ်သွားတော့သည်၊ အမြဲတစ်ယောက်တည်းသာ ပွဲတက်တတ်သည့် လော့သခင်လေးရဲ့ကားထဲ ဘယ်သူရှိနေတာလဲ?? ဘယ်သူက လော့သခင်လေးရဲ့တွဲဖက်အနေနဲ့ ကံကောင်းပြီး ရွေးချယ်ခံရတာလဲလို့ စိတ်ထဲ တွေးတောပြောနေကြတုန်းမှာ ကားထဲကနေ လက်သွယ်သွယ်လေးထွက်လာကာ လော့ကျန်းပေ့ရဲ့ကြီးမားသည့် လက်တဖက်ပေါ် တင်လိုက်ပြီးနောက်မှာ အနက်ရောင်ဆံပင်မတိုမရှည်နဲ့ ကြည့်ကောင်းသည့် လူငယ်လေးထွက်လာတော့သည်၊ထိုလူငယ်လေးဟာ လော့ကျန်းပေ့မှာ ရပ်သည့်ချိန်မှာ လော့ကျန်းပေ့ရဲ့ ပခုံးလောက်သာ ရှိပေမယ့် ဘာကြောင့်မှန်းမသိ သူတို့မျက်ဝန်းထဲ အရမ်းလိုက်ဖက်သလို ခံစားနေရတော့သည်၊နောက်ပြီး အနက်ရောင် နဲ့ ခဲရောင်အ​နက်တိုင်းဝတ်စုံ​ နှစ်စုံဟာ ဆင်တူနေသည်ကို မြင်တော့ ပိုမိုအံ့အားသင့်သွားကြတော့သည်၊

'အဲ့လူငယ်လေးက ဘယ်သူလဲ!'

လော့ရှန်ဟွာဟာ သူ့ကိုကြည့်နေသည့်မျက်ဝန်းများကို လစ်လျူရှုထားရင်း သူ့ဒယ်ဒီရဲ့လက်ဝါးကြီးကြီးထဲမှာ သူရဲ့လက်လေးကို တင်းကြပ်ကာ ဆုပ်ကိုင်ကာ ဂရုမစိုက်သည့်ပုံစံဖြင့် သူ့ဒယ်ဒီပုံစံအတိုင်း ခပ်တည်တည်မျက်နှာဖြင့်သာ ပါသွားတော့သည်၊ ပါတီအတွင်းရောက်တော့ လူတိုင်းရဲ့အာရုံဟာ သူတို့ဆီ ကျလာပြန်တော့သည်၊ထိုချိန် ညူတုတုအသံဖြင့် မိန်းမတစ်ယောက်အသံကြားသည့်ချိန်မှာ လော့ရှန်ဟွာမျက်နှာလေးဟာ ပိုမိုဆူပုပ်သွားတော့သည်၊

"ကျန်းကော... ကျန်းကောကို ညီမ စောင့်နေတာ" ဆိုးပြီး ကျန်းယုဝေဟာ ညှပ်ရိုးပေါ်ပြီး sexyကျသည့် အနက်ရောင်ပါတီတက်ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် သူမရဲ့ကိုယ်လုံးကိုယ်ပေါက်လေးဟာ ယောကျာ်းတိုင်းကို မျက်လုံးမလွဲနိုင်အောင် ဆွဲဆောင်နိုင်သည်၊ ကျန်းယုဝေကိုယ်တိုင်ကလည်း လော့ကျန်းပေ့ သူမထံတွင် ပျော်ဝင်မည်ဟု ယုံကြည်တာကြောင့် ဝိုင်ခွက်တခွက်ကို ကိုင်ထားရင်း ပြောလိုက်ခြင်းဖြစ်သည်၊

ဒါပေမယ့် လော့ကျန်းပေ့ဟာ အကြည့်တချက်​တောင် ရောက်မလာပဲ စားပွဲထိုးကို နွားနို့တခွက် ယူလာရန် မှာနေတော့သည်၊ဘေးနားမှာလည်း လော့ရှန်ဟွာ ဆူပုပ်ပုပ်လေးဖြင့်

"ဒယ်ဒီ ရှန်လေး နွားနို့မသောက်ချင်ဘူး!" လို့ ပြောတော့ လော့ကျန်းပေ့ဟာ လော့ရှန်ဟွာရဲ့ ပါးလေးကို ဖွဖွလေး ပွတ်ကာ ကြင်နာနွေးထွေးသည့် သြရှရှအသံဖြင့်

"ပေါင်ပေ့... မဆိုးရဘူးလေ " လို့ ပြောလာသည့်စကားကြောင့် ကျန်းယုဝေပင် မနာလိုဖြစ်သွားသည်၊ထိုနှစ်ဦးဟာ သားအဖဆိုပေမယ့် သူမနည်းနည်းလေး​တော့ သံသယဝင်နေမိတာ အမှန်ပေ၊ပြီးတော့ ထိုနှစ်ဦးဟာ အသက်ကအစ ၁၃နှစ်သာ ကွာပြီး ကြည့်လိုက်ရင် သားအဖထက် စုံတွဲနဲ့ ပိုတူနေပြန်သည်၊ အဆိုးဆုံးဟာ သူတို့က သူမရဲ့တည်ရှိနေမှုကို လစ်လျူရှုထားသည်ကိုပင်၊

ကျန်းယုဝေ အောက်နူတ်ခမ်းကို ဖိကိုက်ပြီး သူမဟာ လေအနည်းငယ်ရှူကာ ဘာမှမဖြစ်သလို ပြုံးလိုက်ပြီး

"ကျန်းကော... ရှန်ဟွာလေးက ဝိုင်သောက်ချင်လို့နေမှာပေါ့... " လို့ပြောရင်း သူမလက်ထဲက ဝိုင်ခွက်ကို လော့ရှန်ဟွာဆီ ကမ်းလိုက်ပြီး

"ရှန်ဟွာလေး လာ မမဟာ သောက်ကြည့်လေ ဒီဝိုင်က အရမ်းမမူးတဲ့အပြင် အရသာလည်းရှိတယ် 1920ဝန်းကျင်က စတင်ထွက်ပေါ်လာတဲ့ နာမည်ကြီးတဲ့ဝိုင်တစ်မျိုးပဲ" လို့ ပြောလိုက်သည်၊

လော့ရှန်ဟွာရဲ့မျက်ဝန်းလေးများဟာ အရောင်လက်နေပေမယ့် ယူရန် လက်လှမ်းချိန်မှာ လော့ကျန်းပေ့ရဲ့လက်တဖက်ဟာ လှမ်းသွားသည့်လက်ကို ပြန်လည်ဖမ်းဆုပ်ရင်း

"ဘာလို့ သူစိမ်းပေးတိုင်း ယူနေရတာလဲ ပြီးတော့ သူပါးစပ်နဲ့တေ့သောက်ပြိ်းသားကြီး ရောဂါပိုးတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ"လို့ ဆူငေါက်ကာ ခပ်တိုးတိုးပြောလာပေမယ့် ကျန်းယုဝေကတော့ ပြတ်ပြတ်သားသားကို ကြားလိုက်ရတာကြောင့် ပြုံးနေသည့်နူတ်ခမ်းများပင် မဲ့ချင်သွားတော့သည်၊

လော့ရှန်ဟွာလည်း သူ့ဒယ်ဒီစကားကြောင့် ချက်ချင်းထိတ်လန့်သွားပြီး ကျန်းယုဝေကို ကြည့်ကာ အနောက်ပင်တလှမ်းဆုတ်သွားကာ

"မသောက်တော့ပါဘူး အန်တီ" လို့ ပြောလာတော့သည်၊ ဝိုင်ခွက်ကို ကိုင်ကာ ကမ်းထားသည့် ကျန်းယုဝေလက်ဟာ လေထဲမှာရှိနေသေးပြီး သူမရဲ့အခြားလက်တဖက်ဟာလည်း ငွေရောင်ပိုက်ဆံကို ကိုင်ကာတင်းကြပ်စွာ ဆုပ်ထားတာကြောင့် လက်ထိပ်များပင် နာကျင်နေပြီဖြစ်သည်၊

သူမရဲ့ အရှက်ကွဲကာ ကိုးရိုးကားရိုးအခြေအနေကို ကယ်မဲ့သူလည်းမရှိသလို၊ အရှက်ခွဲသွားသည့်နှစ်ယောက်လည်း သူမကို အလေးမစိုက်သလို အခြားစီးပွားရှင်များရဲ့လာရောက်နူတ်ဆက်မှုကို ခံယူကာ စကားမြည်နေကြတော့သည်၊ထိုချိန်မှာ သူမရဲ့လက်မောင်းကို ကိုင်လိုက်သည့် လက်တစ်စုံကြောင့် ကြည့်လိုက်တော့ သူမရဲ့မောင် ကျန်းလင်းရှဖြစ်​နေ​တော့သည်၊

ကျန်းလင်းရှဟာ သူရဲ့စိတ်ပျက်နေသည့်မျက်ဝန်းများကို ဖုံးကွယ်လိုက်ပြီး သူရဲ့အစ်မကို ကြည့်ကာ အသံတိုးတိုးဖြင့်

"မမ အဲ့လော့ရှန်ဟွာကို သတိထား... သူရဲ့စိတ်ဓာတ်က အပြင်ပန်းလိုမဟုတ်တော့... မြေခွေးလိုကောင်" ပြောလိုက်တော့ ကျန်းယုဝေဟာ အံ့အားသင့်စွာ ကျန်းလင်းရှကို မော့ကြည့်ပြီး လော့ရှန်ဟွာတို့ဘက်ကို စိုက်ကြည့်လိုက်သည်၊ ကျန်းလင်းရှကလည်း သူရဲ့အစ်မ၊ လော့ရှန်ဟွာကို မုန်းတီးအောင်

"မမကို အရှက်ကွဲအောင် သူတမင်လုပ်တာပဲ ကြည့်လေ... လော့အိမ်တော်မှာထဲက မမ အမှတ်မရှိသေးဘူးလား" လို့ ပြောလာသည့်စကားကြောင့် ကျန်းယုဝေဟာ တွေဝေပြိ်းနောက်မှာ လော့ရှန်ဟွာကို မုန်းတီးစွာစိုက်ကြည့်လာတော့သည်၊

"အဲ့ကောင်လေးကို! ကျန်းကော ဘဝထဲကနေ ထွက်သွားအောင် ငါလုပ်ပြမယ်" ပြောရင် ကျန်းယုဝေဟာ လူရှင်းသည့်ဘက်ကို ဖုန်းပြောရန် ထွက်သွားတော့သည်၊ကျန်းလင်းရှကတော့ မျက်ဝန်းများဟာ ပျော်မြူးရိပ်များ သန်းနေပြီး လော့ရှန်းပေ့ကို ကြည့်သည့်ချိန်မှာ လိုချင်တပ်မက်စိတ်များဖြင့် ပြည့်သိပ်နေတော့သည်၊

'အဟက် ဒီည ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်ပြမယ်'

-*-*-*-*-*-**-*-*-*-*

chapter -32 မျှော်

--------------

Continue Reading

You'll Also Like

1K 93 5
စကားပြောဂရုထဲမှာ ခင်မင်ကြတဲ့ ကျနော်ရဲ့ ဘော်ဒါ တစ်သိုက်ကို ဦးတည်၍ စေတနာ ဗလာပွဖြင့် လုပ်ကြံလိုက်သည်။
7.4K 357 52
"Where you go ? " "Home " "Where is home ? " >>Home 🏘️
3.3M 213K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်