သောကမီးလျှံ

Από Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Περισσότερα

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၃၅)

1.2K 306 9
Από Ling____

ဆယ်စုနှစ်တစ်ခုစာမျှတွေ့ကြုံခဲ့ရသော အနိမ့်အမြင့်အတက်အကျများလှသည့် လောကဓံတရားများ၊ သာမန်လူသားတစ်ယောက်ကဲ့သို့ နေ့မအိပ်ညမနားကြိုးစားပမ်းစားလုပ်ကိုင်ခဲ့ရသောအလုပ်များ၊ လကုန်တိုင်း သနားစရာကောင်းလောက်အောင် ပြောင်သလင်းခါသွားတတ်သော ဘဏ်အကောင့်တစ်ခု၊ ညဉ့်သန်းခေါင်ယံအချိန် အရက်ဝိုင်းအတွင်း သူ၏အဖော်ဖြစ်သော ကျောက်ပုစွန်ကင်နှင့် ကမ္ဘာ့ဖလားဘောလုံးပွဲများ၊ တက္ကသိုလ်တက်ရာမြို့ထဲရှိ မီးခိုးကျပ်တိုက်ထားသော တံစို့ထိုးအသားကင်ချောင်းများနှင့်မာလာဟော့ပေါ့များ.....သူသည်ကား ကမ္ဘာမြေသို့အလည်အပတ်ရောက်ရှိလာသော ခရီးသွားတစ်ယောက်လို ဘဝကို အတတ်နိုင်ဆုံးရှင်သန်နေထိုင်ခဲ့သူဖြစ်သည်__ထိုအချိန်မတိုင်ခင်ကတော့ ၎င်းမှာ ဖြစ်ကတက်ဆန်းရေးသားထားသော တရုတ်ရိုးရာစကားလုံးများကို သေသေချာချာဂရုတစိုက်အမှားပြန်ပြင်ခဲ့ရသူ၊ သူ၏ 'မိသားစု' နှင့် အဆင်ပြေပြေနေထိုင်နိုင်ရေးအတွက် ဂရုတစိုက်ကြိုးစားအားထုတ်ခဲ့ရသူ၊ အခြားသောလူငယ်လေးများ၏အပြုအမူအပြောအဆိုများကို တိတ်တဆိတ်အတုခိုးလေ့လာခဲ့ရသူတစ်ဦးဖြစ်ခဲ့လေသည်။ ၎င်းမှာ သူတို့၏ဂိမ်းကစားပုံကစားနည်းများ၊ ရေပန်းစားသောအကြောင်းအရာများ၊ ဟာသများနှင့် နောက်ဆုံးပေါ်အရပ်သုံးစကားများနှင့်ဗန်းစကားများအပါအဝင် ဝေါဟာရအသစ်အဆန်းများကိုအမြဲတစေ အတုခိုးကာသင်ယူလေ့လာခဲ့ရသူဖြစ်သည်......ထိုအချိန်မတိုင်မီကတော့ သူသည်ကား ချိယွမ်းချောက်နက်ကြီးအတွင်းရှိ ယဇ်ပလ္လင်အတွင်းမှ ဘုမသိဘမသိမွေးဖွားလာခဲ့ပြီး ဘုမသိဘမသိကြီးပြင်းလာခဲ့ရသူတစ်ဦးဖြစ်လေသည်။

ရှန့်လင်ယွမ်းမှာ ရုတ်တရက် တစ်စုံတစ်ခုကိုသတိထားမိသွားဟန်ဖြင့် အထိတ်တလန့်ဖြစ်သွား၏။ ထိုအချိန်၌ ရွှမ်းကျီး၏အသိဉာဏ်ပင်လယ်ထဲ၌ မီးလျှံငှက်၏စစ်မှန်သောမီးတောက်ကဲ့သို့သော အဖြူရောင်အလင်းတန်းတစ်ကြောင်းက မြူနှင်းလွှာများကို ရုတ်တရက်ထိုးခွဲ၍ထွက်ပေါ်လာပြီးနောက် သူ့ကို ဖိအားပေးတွန်းထုတ်လိုက်သည့်အတွက် ရှန့်လင်ယွမ်းမှာ နောက်သို့ကမန်းကတန်းပြန်ဆုတ်သွားရရှာတော့သည်။ ရွှမ်းကျီးက ချက်ချင်းဆိုသလိုပင် သူ၏ထိန်းသိမ်းချုပ်နှောင်ခံထားရသောစိတ်အာရုံကိုဖြတ်တောက်ပစ်လိုက်ပြီး သူ့လက်ဖဝါးအတွင်းမှ ရှည်လျားသောမီးလျှံသံချိန်းကြိုးတစ်ချောင်းထွက်ပေါ်လာကာ ရှန့်လင်ယွမ်း၏ဦးခေါင်းတည့်တည့်ဆီသို့ပစ်လွှတ်လိုက်လေတော့သည်။

ရွှမ်းကျီး၏အသိစိတ်အာရုံမှာ လှုပ်ခတ်သွားရသလို သူ၏သတ်လိုဖြတ်လိုစိတ်တို့မှာလည်း လှုပ်ရှားသွားလေတော့သည်။ အဖြူရောင်အလင်းတန်းများနှင့်အနက်ရောင်မြူခိုးများမှာ တစ်ခုနှင့်တစ်ခု အရှိန်ပြင်းစွာဝင်တိုက်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ ကျယ်လောင်သောမိုးကြိုးပစ်သံတစ်သံက ပဲ့တင်ထပ်လွင့်ပျံသွားပြီး အထပ်ပေါင်းသုံးဆယ်ကျော်ရှိ ဟိုတယ်ပြတင်းပေါက်များကို တုန်ခါလှုပ်ယမ်းသွားစေပြီးသကာလဝယ် သူတို့နှစ်ဦးမှာ အသိစိတ်ပြန်ကပ်သွားရှာတော့သည်__သူတို့နှစ်ဦးသည်ကား ပျားပန်းခတ်မျှသက်ဝင်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည့် မြို့တွင်းရှိ အထပ်မြင့်အဆောက်အဦးတစ်ခုပေါ်တွင်ရောက်ရှိနေကြတာဖြစ်သည်!

နှစ်ယောက်စလုံး ရုတ်ချည်းပင် လူချင်းခွာလိုက်ကြသည်။ ရွှမ်းကျီးမှာ *ပြင်သစ်ပြတင်းပေါက်ကိုကျောကပ်ထားလိုက်သလို ရှန့်လင်ယွမ်းမှာလည်း လက်တစ်ဖက်ကိုမြှောက်ကာ ဟိုတယ်အခန်းတံခါးဝဆီသို့တွန်းဖိဟန်ပြုလိုက်သည်။ ထူးဆန်းစွာပင် သူတို့၏တုံ့ပြန်လှုပ်ရှားမှုများက တစ်ချိန်တည်းတစ်ပြိုင်တည်းထပ်တူကျလို့နေသည်။ အဖြူရောင်နှင့်အနက်ရောင်မန္တန်အစီအရင်များသည်ကား တစ်ပြိုင်နက်တည်းမှာပင် ပြတင်းပေါက်များနှင့်တံခါးရွက်များပေါ်သို့ အသီးသီးကျရောက်သွားကြပြီး အခန်းတစ်ဝက်လောက်ကိုခြုံလွှမ်းသွားရင်း **ယင်းနှင့်ယန်သင်္ကေတကဲ့သို့ပင် တစ်ခု၏ထိပ်ပိုင်းနှင့်တစ်ခု၏အမြီးပိုင်းတို့က အပြန်အလှန်ထိစပ်သွားကြပြီးနောက် ဤနေရာအား ပြင်ပလောကကြီးထံမှ လုံးလုံးလျားလျားပိုင်းခြားကန့်သတ်၍ပိတ်ဆို့ထားလိုက်လေတော့သည်။

*ပြင်သစ်ပြတင်းပေါက်


**ယင်းနှင့်ယန် သင်္ကေတ

အခန်းတွင်း၌ မိုးအောက်မြေပြင်တခွင်သိမ့်သိမ့်တုန်သွားလောက်စေနိုင်သည့် ဝုန်းခနဲအသံကျယ်ကြီးတစ်သံထွက်ပေါ်လို့လာသည်။ ရှန့်လင်ယွမ်း၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားသလို ရွှမ်းကျီးမှာလည်း သူ့ခေါင်းကိုအနည်းငယ်စောင်းငဲ့လိုက်ချိန်ဝယ် ပေါက်ကွဲမှုကြောင့် သူ၏နားတစ်စုံအတွင်းမှ သွေးစီးကြောင်းမျှင်မျှင်လေးတစ်ကြောင်းစီးကျလို့လာသည်။

သူတို့ပြုလုပ်ဖန်တီးထားသော အတားအဆီးမှာလည်း ရုတ်ချည်းပင် ပျက်စီးပြိုကွဲသွားရှာသည်။ ညလေယာဉ်ကိုအချိန်မီစီးနင်းလိုက်ပါနိုင်ရန်အလို့ငှာ အခန်းအပြင်ဘက်ရှိ ခရီးသွားဧည့်သည်တစ်ယောက်က သူ့ခရီးဆောင်အိတ်ကို ခပ်သွက်သွက်ဆွဲယူသွားသောအသံများကိုလည်းကြားလိုက်ရလေသည်။ ပါးလျသော သစ်သားတံခါးတစ်ချပ်၏နောက်ကွယ်တွင်ဘာတွေဖြစ်လို့ဖြစ်နေမှန်း သတိထားမိခြင်းအလျဉ်းမရှိသော အဆိုပါခြေသံများသည်ကား ဓာတ်လှေကားအတွင်းဝင်ရောက်ပျောက်ကွယ်သွား၏။

ချိယွမ်းယဇ်ပလ္လင်ထက်တွင်မူ ဓား (၁) ၏ဦးဆောင်မှုနောက်၌လိုက်ပါလာကြသော လက်နက်ဝိညာဉ်အားလုံးသည်ကား ဂူသင်္ချိုင်းကျောက်တိုင်တောအုပ်အတွင်း စုဝေးလိုက်ကြသည်။ ဂူကျောက်တိုင်များအနက် ကျောက်တိုင်နှစ်ခုမှာ အစိတ်စိတ်အမြွှာမြွှာပြိုကျပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့နောက် ဓား (၁) က အမိန့်ပေးလိုက်သည်နှင့်တပြိုင်နက် သံချေးတက်ပြီးစုတ်ပဲ့ပျက်စီးနေပြီဖြစ်သော သံသတ္တုများသည်ကား ဂူသင်္ချိုင်းကျောက်တိုင်တောအုပ်ကိုကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ခက်ခက်ခဲခဲအားကုန်ထုတ်သုံး၍ အစီအရင်တစ်ခုကိုဖွဲ့စည်းလိုက်ကြလေသည်။ ထိတ်လန့်ချောက်ချားစရာကောင်းလှသော ကြက်သွေးနီရောင် သော်တာလရောင်ခြည်သည်ကား တောင်ထိပ်ပေါ်မှ ထွန်းလင်းပေါ်ထွက်လာကာ ချိယွမ်းချောက်နက်ကြီးအတွင်း၌ဖုံးကွယ်လျက်ရှိနေသော ယဇ်ပလ္လင်ထက်သို့ ဖြာကျလင်းလက်လာတော့သည်။

ဓား (၁) ၏အံ့ဩဆွံ့အစွာကြည့်နေသောအကြည့်အောက်မှာပင် ကွဲအက်သံတစ်သံထွက်ပေါ်လို့လာကာ တတိယမြောက်ဂူသင်္ချိုင်းကျောက်တိုင်မှာ ဤတစ်ကြိမ်တွင်မူ အချက်မပေးဘာမပေးဖြင့် ရုတ်ချည်းပင် မှုန့်မှုန့်ညက်ညက်ကြေကာပြိုကျပျက်စီးသွားပြန်၏။

ရွှမ်းကျီးနှင့်ရှန့်လင်ယွမ်းတို့နှစ်ဦးကြားရှိ စိတ်ချင်းဆက်သွယ်မှုမှာ ပြတ်တောက်သွားပြီဖြစ်သည်။ တစ်ယောက်က ပြတင်းပေါက်နားတွင်ရှိနေပြီး ကျန်တစ်ယောက်ကတော့ တံခါးပေါက်နားတွင်ရှိနေသည်။ နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်ထားသောအနေအထားတွင်ရှိနေကြသလို သူတို့နှစ်ယောက်ကြားရှိအကွာအဝေးမှာလည်း ဆယ်မီတာခန့်ပင်မရှိပါချေ။ ဟိုတယ်အခန်းလေးခမျာလည်း ပေါက်ကွဲမှုအရှိန်ကြောင့် အုတ်ကျိုးပုံတစ်ပုံဖြစ်သွားရှာတော့သည်။

"ကျွန်တော်က ပိရှကို အလွန်အင်မတန်လေးစားခဲ့တာပါဗျာ"

နောက်ဆုံးတွင်တော့ အချိန်မည်မျှကြာလို့ကြာသွားမှန်းမသိလိုက်ခင်မှာပင် ရွှမ်းကျီးက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ကာ စကားလုံးတစ်လုံးချင်းစီတိုင်းကို ဂရုတစိုက်ဖြင့် အသံထွက်ပီသစွာပြောဆိုလိုက်သည်။

"ကိုးပြည်ထောင်စစ်ပွဲကြီးကို အဆုံးသတ်ပေးနိုင်ခဲ့တဲ့သူဟာ သူရဲကောင်းတစ်ဦးဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်နေခဲ့တာဗျ...ပိရှက တစ်ချိန်လုံး ဆန်ကုန်မြေလေးတစ်ယောက်လိုသရုပ်ဆောင်နေပေမယ့်လည်းလို့ပေါ့..."

အဖြူရောင်အလင်းတန်းများကွယ်ပျောက်သွားသည်နှင့် ရှန့်လင်ယွမ်း၏ကြုံ့ဝင်နေသော မျက်ဆံများမှာ နဂိုမူလအရွယ်အစားသို့ပြန်လည်ရောက်ရှိလာကြသည်။

တစ်ချိန်တည်းမှာပင် အံ့ဩထိတ်လန့်သွားသော သူ၏အမူအရာကို အစအနမကျန်အောင်သိမ်းဆည်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်။

"ဒီအတွက်တော့ ငါ တကယ်ပဲ တောင်းပန်ပါတယ်"

ရွှမ်းကျီး၏နားစည်တစ်စုံမှာ ပေါက်ကွဲမှုအရှိန်ကြောင့်သွေးများထွက်လာသည့်အပြင် တစ်ခုခုစိမ့်ထွက်နေသည့်နှယ် နားထဲတွင် တဝီဝီမြည်သံများကို အဆက်မပြတ်ကြားနေရပြီး ခေါင်းများပင်မူးနောက်နောက်ဖြစ်လာရလေတော့သည်။ ယခုအချိန်မှာ ညဉ့်သန်းခေါင်အချိန်ဖြစ်နေသည့်အပြင် ဟိုတယ်တစ်ခုလုံးတွင်လည်း တည်းခိုသူခရီးသွားဧည့်သည့်များဖြင့်ပြည့်နှက်လုနီးပါးဖြစ်နေတာဖြစ်သည်။ မည်သို့ပင်ကြည့်ကြည့် ဟိုတယ်ထဲတွင် လူပေါင်း ၈၀၀- ၁၀၀၀ ဝန်းကျင်ခန့်ရှိပေလိမ့်မည်။ မိစ္ဆာအရှင်သခင်ကြီးသည်ပင် မဆိုင်သူများကိုထိခိုက်မိမည်စိုးသောကြောင့် အတားအဆီးတစ်ခုကို အရင်ဦးဆုံးပြုလုပ်ဖန်တီးလိုက်ရတာဖြစ်သည်။ ဤအချိန်သည်ကား သူသေကိုယ်သေတိုက်ခိုက်နေသင့်သည့်အချိန်အခါမျိုးမဟုတ်ပါချေ။ ရွှမ်းကျီးမှာ ခေတ္တခဏကြာသည်အထိ အတောင့်သားရပ်နေပြီးကာမှ ထို့နောက် စကားတစ်ခွန်းမှမပြောတော့ဘဲ အသင့်စားမုန့်ထုပ်တစ်ထုပ်ကိုယူကာ တံခါးကိုဖွင့်၍ထွက်သွားလိုက်လေတော့သည်။

ရှန့်လင်ယွမ်းက ယဉ်ကျေးဖော်ရွေစွာပင် ကိုယ်ကိုတစ်ဖက်သို့စောင်းလှည့်ကာ သူ့အားလမ်းဖယ်ပေးလိုက်သည်။ ၎င်းတို့နှစ်ဦးသည်ကား တစ်ယောက်နားမှတစ်ယောက်ဖြတ်သွားသည့်အချိန်၌ ရှန့်လင်ယွမ်း၏နက်ရှိုင်းသောအဓိပ္ပာယ်များပါဝင်နေသည့်အကြည့်များမှာ ရွှမ်းကျီး၏ကိုယ်ပေါ်သို့စူးစိုက်စွဲမြဲစွာကျရောက်လို့လာသည်။ မိစ္ဆာကောင်လေး၏အနံ့အသက်များက ဓာတ်လှေကားအတွင်းဝင်ရောက်ပျောက်ကွယ်သွားသောအခါမှပင် ရှန့်လင်ယွမ်းသည်ကား နောက်ဆုံး၌ သူ့အပြုံးများကိုရုတ်သိမ်းလိုက်သည်။ သူက လက်တစ်ဖက်ကိုမြှောက်လိုက်သောအခါမှာတော့ အနက်ရောင်မြူခိုးတစ်အုပ်က အခန်းတစ်ခုလုံးအပြည့်ပျံ့နှံ့သွား၏။ အဆိုပါမြူခိုးများမှာ သေးငယ်သောအမျှင်တန်းများအဖြစ်ပြိုကွဲသွားကြပြီးနောက် ခုနလေးတင် သူတို့နှစ်ယောက်လက်ချက်ကြောင့်ပျက်စီးသွားရရှာသော ပရိဘောဂပစ္စည်းများဆီသို့ပျံသန်းသွားလေသည်။ ကြေမွသွားသောဖန်ထည်များနှင့် အပိုင်းပိုင်းအစစပဲ့ထွက်သွားသောသစ်သားများမှာ အသက်ဝင်လာသည့်နှယ် သူတို့ဘာသာသူတို့ အလိုအလျောက်ပြန်လည်တွဲဆက်သွားလေတော့သည်။ တခဏအတွင်းမှာပင် အရာအားလုံးမှာ ယခင်အတိုင်းပြန်ဖြစ်သွားကြသည်__ဟိုတယ်မှ check out လုပ်ချိန်ရောက်လာလျှင်တောင် ထိုကိစ္စကို မည်သူမှ သတိထားမိကြလိမ့်မည်မဟုတ်ပါချေ။

အနက်ရောင်မြူခိုးများသည်ကား သူတို့၏အလုပ်တာဝန်ကိုကြိုးကြိုးစားစားထမ်းဆောင်ပြီး ပရိဘောဂပစ္စည်းများကိုပြန်လည်ပြုပြင်ပြီးသွားချိန်မှာတော့ မည်သည့်အခါကမှမတည်ရှိခဲ့သည့်အလား ရုတ်ချည်းပင်ပျောက်ကွယ်လွင့်ပါးသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် အခန်းအပြင်ဘက်ရှိ ဟိုတယ်အတွင်း၌ အလှဆင်စိုက်ပျိုးထားသောပန်းအိုးများအနက် တစ်ဝက်ကျော်လောက်မှာ ချက်ချင်းဆိုသလို ခြောက်သွေ့ညှိုးလျော်ကာသေဆုံးသွားကြပြီး ပန်းအိုးတစ်အိုးပေါ်တွင်နားနေသော ဆောင်းဦးအင်းဆက်ပိုးကောင်တစ်ကောင်မှာလည်း ရုတ်တရက်တုတ်တုတ်မှမလှုပ်ရှားနိုင်တော့ပေ။ သာယာညင်သာသောလေပြည်လေညင်းလေးတစ်ချက်အဝှေ့မှာပင် သူ့ခန္ဓာကိုယ်မှာ မြေမှုန့်များအဖြစ်ကြွေကျသွားရှာတော့သည်။

ရှန့်လင်ယွမ်းက သူ့ပုခုံးစွန်းများကိုဖြေလျှော့လိုက်ပြီး အခန်းတံခါးပေါ်သို့မှီထားလိုက်သည်။ အဆက်မပြတ်တဝီဝီဆူညံနေသော အဲကွန်းလေထွက်ပေါက်ကို သူမော့ကြည့်လိုက်ရင်းက ထိုအရာကိုပိတ်ဆို့ပစ်လိုက်ချင်စိတ်များတဖွားဖွားပေါ်ပေါက်လို့လာသည်။

နောက်ဆုံးမှာတော့ သူ မိစ္ဆာကောင်လေး၏မူလဇာစ်မြစ်ကိုသိရှိသွားခဲ့ပြီဖြစ်သည်....သေချာသည်ကတော့ ၎င်းမှာ ရှုပ်ယှက်ခတ်နေသောဖြစ်စဉ်တစ်ခုဖြစ်ပြီး ဇာတ်လမ်းမှာ ပြောရလျှင်ရှည်တော့ရှည်လျားသည်။

သမိုင်းမှတ်တမ်းများအရ ကိုးပြည်ထောင်စစ်ပွဲကြီးအား အစပြုဖန်တီးခဲ့သူမှာ ဧကရာဇ်ဖျင်ရှန့်ကျွင်းဖြစ်သည်ဟူ၍ပြောဆိုကြသည်။

စစ်ပွဲကိုအစပြုဖန်တီးခဲ့သူတစ်ဦးအနေဖြင့် ၎င်းမှာ နောက်မျိုးဆက်သစ်များရေးသားထားကြသော ပုံပြင်ဇာတ်လမ်းများတွင် အခန်းကဏ္ဍနှစ်နေရာမှသာပါဝင်ခဲ့ရသည်။ အလိုရမ္မက်ကြီးကာ ရည်မှန်းချက်အလွန်အကျွံကြီးမားသော မကောင်းဆိုးဝါးတစ်ကောင် သို့တည်းမဟုတ် မိုးကောင်းကင်၏အမြင့်နှင့်မြေကြီး၏အတိမ်အနက်ကိုမသိသော အရူးတစ်ယောက်ဟူ၍ဖြစ်သည်။

သို့သော် အမှန်တကယ်တွင်မူ တိုင်းသူပြည်သားများအား ဒုက္ခနွံတောအတွင်းသို့ဦးစိုက်ကျွမ်းပြန်ကျဆင်းစေခဲ့သော ကာလရှည်ကြာစွာဖြစ်ပွားခဲ့သည့်စစ်ပွဲကြီးသည်ကား သာမန်လူသားတစ်ဦးတည်း၏အပြစ်ကြောင့်တော့လည်းမဟုတ်ခဲ့ပါချေ။

ထိုအကြောင်းအရာမှာ ရှေးဟောင်းလျှို့ဝှက်သမိုင်းမှတ်တမ်းများနှင့်ဆက်စပ်မှုရှိနေသောအကြောင်းအရာဖြစ်ပြီး ယနေ့ခေတ်မျိုးဆက်သစ်လူငယ်များသည်ကား ထိုအရာနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို တစ်လုံးတစ်ပါဒမျှမသိရှိကြတော့ပေ__

လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀) ခန့်က ချိယွမ်းကို 'ချိယွမ်း' ဟူ၍ခေါ်ဆိုခြင်းမရှိကြပါချေ။ ထိုနေရာသည်ကား 'နန်မင်တောင်ကြား' ဟုခေါ်ဆိုသောနေရာဖြစ်ပြီး မီးလျှံငှက်ဟုခေါ်တွင်သည့် နတ်ငှက်ဘုရားများ နေထိုင်ကျက်စားရာအရပ်ဒေသတစ်ခုဖြစ်ခဲ့သည်။

မီးလျှံနတ်ငှက်ဘုရားများသည်ကား ထူးခြားသောအဆင့်အတန်းရှိသည့်သတ္တဝါတစ်မျိုးဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့မှာ မိစ္ဆာမျိုးနွယ်စုအတွင်း၌ ရိုသေလေးစားစရာကောင်းသောမျိုးနွယ်စုတစ်စုဖြစ်ပြီး ကျန်တစ်ဖက်တွင်မူ တောင်ပိုင်းနယ်မြေဒေသတို့အား ကာကွယ်စောင့်ရှောက်ပေးသော နတ်ဘုရားများအဖြစ် လူသားမျိုးနွယ်စု၏ရိုသေလေးမြတ်စွာကိုးကွယ်ဆည်းကပ်မှုကိုခံရသောမျိုးနွယ်စုဖြစ်သည်။

သဘောတရားကျကျပြောရမည်ဆိုလျှင် ၎င်းတို့သည်ကား မိစ္ဆာမျိုးနွယ်စုဝင်များဖြစ်သော်လည်း နတ်ဘုရားများကဲ့သို့အလေးပေးဆက်ဆံခံရမှုအပေါ်တွင် သဘောကျနှစ်ခြိုက်ကြသူများဖြစ်သည်။ မီးလျှံငှက်မျိုးဆက်များမှာ ပညာရှိပဏ္ဍိတကြီးလေးပါးနှင့်အတူ ဘုံကျောင်းများထဲ၌ပါ ပူဇော်ကိုးကွယ်ခံရသူများဖြစ်လေသည်။

ပါးစပ်ရာဇဝင်များအရ နန်မင်တောင်ကြား၏အောက်ခြေတွင် မီးတောင်ချော်ရည်ပူများရှိပြီး အပူချိန်မှာအလွန်မြင့်မားလွန်းသဖြင့် မီးလျှံငှက်များမှလွဲ၍ အခြားသောသက်ရှိသတ္တဝါများမှာ ထိုအနားသို့ပင်မကပ်နိုင်ပါချေ။ ထိုအရာမှာ ကြီးမားသောသဘာဝချောက်နက်ကြီးတစ်ခုလိုပင်။ ဤသဘာဝချောက်နက်ကြီးသည်ကား လူသားမျိုးနွယ်စုများနှင့် မိစ္ဆာမျိုးနွယ်စုများအား ကျင်းဟယ်မြစ်ရေနှင့်ဝေ့ဟယ်မြစ်ရေများကဲ့သို့ တိတိပပပိုင်းခြားကန့်သတ်ပေးထားသောနေရာဒေသတစ်ခုဖြစ်လို့နေသည်။ အစောပိုင်းတွင်မူ သူတို့၏နေ့ရက်များမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိကြပြီး မိမိ၏နယ်မြေဒေသတွင်သာ ကိုယ်စီကိုယ်ငှနေထိုင်ရှင်သန်နေကြတာဖြစ်သည်။

စစ်ပွဲကြီးဖြစ်ပွားစေခဲ့သော မူလအကြောင်းရင်းကိုပြောရလျှင် အမှန်တကယ်တမ်းတွင်မူ သဘာဝဘေးအန္တရာယ်ကိုသာအပြစ်တင်သင့်တာဖြစ်သည်။

ဖျင်ယွမ်းစစ်ပွဲကြီးမဖြစ်ပွားမီအချိန်က နန်မင်တောင်ကြား၌ ပြင်းထန်အားကောင်းသောမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့လေသည်။ ပြောစကားများအရ အဆိုပါမြေငလျင်သည်ကား နန်မင်တောင်ကြားတစ်ခုလုံးအားတုန်ခါလှုပ်ယမ်းသွားစေပြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေခဲ့သည်။ မြောက်ပိုင်းတွင်ရှိသော လူသားမြို့တော်နှင့်တောင်ပိုင်းတွင်ရှိသော မိစ္ဆာမြို့တော်တို့မှာလည်း ငလျင်ဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရရှာသည်။ ထို့နောက်တွင်မူ ထူးဆန်းသောဖြစ်ရပ်ဆန်းတစ်ခုက ထပ်ခါတလဲလဲဖြစ်ပျက်လာတော့သည်။ ထိုနှစ်ဆောင်းရာသီသို့ရောက်သောအခါ မိစ္ဆာမြို့တော်ရှိ ရေခဲထုများက ယခင်နှစ်များထက် နှစ်လက်မခန့်ပိုမြင့်လာခဲ့သည်။ နောက်တစ်နှစ် လေးလပိုင်းတွင်မူ လူသားများ၏နယ်မြေအတွင်းတွင် ရွက်သစ်ပင်ပျို ပန်းမာလာများ ဖူးပွင့်လာချိန်၌ မိစ္ဆာတို့၏နယ်မြေတွင်မူ ပင်စောက်ပင်များနှင့်မိုးမခပင်တို့မှာ မြစိမ်းရောင်ပင်သန်းမလာသေးပါချေ။

တတိယမြောက်နှစ်တွင်မူ နန်မင်တောင်ကြားရှိ အပူချိန်မှာကျဆင်းလာပြီး မိစ္ဆာနယ်မြေရှိ ဝိညာဉ်စွမ်းအင်များမှာလည်း အကြောင်းခြင်းရာမည်မည်ရရမရှိပါဘဲ အမြောက်အမြားလျော့နည်းကျဆင်းသွားလေတော့သည်။

လူသားများနှင့်မတူညီသည့်အချက်မှာ မိစ္ဆာများသည်ကား လူသားများကဲ့သို့သီးပင်စားပင်များကိုစိုက်ပျိုးထွန်ယက်ခြင်းဖြင့်အသက်မွေးနိုင်ကြတာမျိုးမဟုတ်ကြခြင်းပင်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စုများအဖို့__အထူးသဖြင့် ဂုဏ်သိက္ခာအဆင့်အတန်းမြင့်မားသောထိပ်တန်းမိသားစုများအတွက် မျိုးဆက်ပွားရေးသည်ကား အမြဲတစေခက်ခဲနေခဲ့သောကိစ္စတစ်ခုဖြစ်သည်။ ရာသီဥတုသိသိသာသာပြောင်းလဲသွားခြင်းနှင့် ဝိညာဉ်စွမ်းအင်များလျော့နည်းလာခြင်းတို့ကြောင့် ထိုနှစ်တွင် ကလေးမွေးဖွားမှုနှုန်းမှာ ပိုမိုကျဆင်းသွားသလို မွေးဖွားလာသည့်မိစ္ဆာကလေးတစ်ဝက်လောက်မှာလည်း အသေမွေးလာခြင်းများသာဖြစ်ခဲ့လေသည်။

မထင်မှတ်ထားသည်က နန်မင်တောင်ကြားအတွင်း၌အပူချိန်ကျဆင်းသွားသည်နှင့်အမျှ မီးပင်လယ်ကြီးမှာလည်း ယခင်ကလောက် အားကောင်းကောင်းဖြင့်လောင်ကျွမ်းတောက်လောင်နေတာမျိုးမရှိတော့ပါချေ။ မိစ္ဆာမျိုးနွယ်စုအများအပြားသည်ကား သူတို့၏ထူးခြားစွမ်းရည်များကိုအသုံးချကာ ချောက်နက်ကြီးကိုဖြတ်သန်းကျော်လွှားပြီး အသက်ရှင်သန်နိုင်ရေးအတွက် လူသားများ၏နယ်မြေအတွင်းသို့ရွှေ့ပြောင်းကျက်စားနေထိုင်ရန်ကြိုးပမ်းလာကြလေသည်။ လူသားမျိုးနွယ်စုမှာလည်း တူညီသောပြဿနာများနှင့်ရင်ဆိုင်နေရသည်သာဖြစ်သည်။ ၎င်းတို့သည်ကား ဝိညာဉ်စွမ်းအင်များကိုမလိုအပ်သည့်တိုင် စားရန်သောက်ရန်အတွက်တော့လိုအပ်နေတာပဲဖြစ်သည်။ ကြီးမားသောရာသီဥတုအပြောင်းအလဲကြောင့် ကောက်ပဲသီးနှံများဖြစ်ထွန်းအောင်မြင်ခြင်းမရှိသည့်အတွက် မလွှဲမရှောင်သာပင် အငတ်ဘေးဆိုက်လာရတော့သည်။

အစာရေစာပေါကြွယ်ဝပြီး အဆင်ပြေချောမွေ့စွာနေထိုင်နိုင်သည့်အချိန်တွင်မူ အပြင်ဘက်မှရောက်ရှိလာသောဧည့်သည်တစ်ဦးသည်ကား အဝေးတစ်နေရာမှရောက်လာသောမိတ်ဆွေတစ်ဦးကဲ့သို့ပင်ဖြစ်သည်။ သို့သော် အားလုံး၏အိုးထဲတွင်စားစရာမရှိတော့သည့်အချိန်တွင်မူ အပြင်မှလာသူများသည်ကား အလိုအလျောက်ပင် မဖိတ်ခေါ်ဘဲရောက်လာသောဧည့်သည်များဖြစ်သွားကြလေတော့သည်။ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုဟူသည်ကား ပြောစရာမလိုလောက်အောင်ပင်ကွဲပြားခြားနားကြသူများဖြစ်သည့်အပြင် နှစ်ရာပေါင်းထောင်ပေါင်းများစွာကြာသည်အထိ ပထဝီအနေအထားအရ တသီးတခြားစီနေထိုင်ခဲ့ကြသူများဖြစ်သလို စိတ်သဘောထားချင်းလည်းတိုက်ဆိုင်မှုမရှိကြပါချေ။ သို့ဖြစ်ရာ ပဋိပက္ခများဖြစ်ပွားလာတော့မည့်အရိပ်အယောင်များကိုမြင်တွေ့နေရပြီဖြစ်သည်။

နှစ်ဦးနှစ်ဖက်အလယ်တွင်ကြားညပ်နေရှာသော နန်မင်တောင်ကြားရှိ မီးလျှံနတ်ငှက်ဘုရားမျိုးနွယ်စုမှာလည်း ဘေးကြပ်နံကြပ်အခြေအနေသို့ရောက်ရှိသွားလေတော့သည်။

မီးလျှံငှက်များ၏ခေါင်းဆောင်ဖြစ်သူခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရှာ၏။ နေ့စဉ်နှင့်အမျှ တိုက်ပွဲငယ်လေးများ မကြာခဏဖြစ်ပွားနေသည်ကိုတွေ့မြင်လာရသောအခါ ၎င်းမှာ မည်သို့မျှမတတ်သာတော့ဘဲ စစ်ပွဲကြီးတစ်ပွဲအသွင်အဖြစ်ပြောင်းလဲမသွားစေရန်အလို့ငှာ မျိုးနွယ်စု၏ လီမီးတောက်များကိုစွန့်စားထုတ်ယူလိုက်ပြီး နန်မင်တောင်ကြားတစ်ခုလုံးအား မရမကမီးလောင်တိုက်သွင်းလိုက်ရင်း လူသားများနှင့်မိစ္ဆာများကို ကန့်သတ်ပိုင်းခြားပေးလိုက်လေတော့သည်။

ထိုအချိန်မှာပင် အောင်မြင်မှုကိုငတ်မွတ်တောင့်တနေသော ထောင်လွှားဝင့်ကြွားနေသည့် ဧကရာဇ်ဖျင်သည်ကား ဘာရယ်ကြောင့်မှန်းမသိ ရူးနှမ်းမိုက်မဲသောလုပ်ရပ်တစ်ခုကိုပြုလုပ်ခဲ့လေသည်။ ထိုလုပ်ရပ်ကြောင့်ပင် နောက်ပိုင်းမျိုးဆက်သစ်လူငယ်များသည်ကား ကိုးပြည်ထောင်စစ်ပွဲကြီးဖြစ်ပွားခဲ့ရခြင်း၏အပြစ်များကို သူ့ခေါင်းပေါ်သို့ပုံချခဲ့ကြတာဖြစ်သည်__၎င်းသည်ကား လူသားကျင့်ကြံသူများဖြင့်ဖွဲ့စည်းထားသော 'ငြိမ်ဝပ်ပိပြားစေမည့်တပ်ဖွဲ့' ကိုဖွဲ့စည်းတည်ထောင်လိုက်ပြီး နန်မင်တောင်ကြားကိုဖြတ်သန်းကာ လူသားနယ်မြေအတွင်းသို့ ခိုးဝင်လာသောမိစ္ဆာများကို ပစ်မှတ်ထားတိုက်ခိုက်ချေမှုန်းစေခဲ့သည်။ အပြန်လမ်းမှာလည်း ပိတ်ဆို့သွားသောကြောင့် နောက်ပြန်လှည့်ပြေးစရာမြေလည်းမရှိဖြစ်နေရှာသည့် အနှီမိစ္ဆာများအား ၎င်းက အင်အားအလုံးအရင်းဖြင့် နောက်မှလိုက်လံတိုက်ခိုက်ကာ အစုလိုက်အပြုံလိုက်သုတ်သင်ချေမှုန်းခဲ့သည့်အပြင် 'ဤနယ်မြေအတွင်းသို့ ခြေတစ်လှမ်းကျူးကျော်လာသော မိစ္ဆာမှန်သမျှ သုတ်သင်သတ်ဖြတ်ခြင်းခံရမည်' ဟူသည့်စကားတစ်ခွန်းကိုပါ ဖြန့်ဝေလိုက်ပြန်သေးသည်။

ဤဖြစ်ရပ်က မိစ္ဆာဘုရင်ကြီးအား ဒေါသအမျက်ချောင်းချောင်းထွက်သွားစေတော့သည်။ မိစ္ဆာမြို့တော်တစ်ခုလုံးသည်ကား ဒေါသမာန်ဟုန်ထကြွလာကြပြီး (၈၁) ဖွဲ့သော မိစ္ဆာအုပ်စုများမှာလည်း စစ်သွေးစစ်မာန်များထကြွလာကာ စစ်ရေးတပြင်ပြင်ဖြစ်လာကြလေသည်။

မီးလျှံငှက်များသည်ကား ဆုတောင်းပွဲများနှင့်အမွှေးတိုင်များအကြားတွင်နေထိုင်ရသည်ကိုကျင့်သားရနေကြပြီဖြစ်လေရာ ၎င်းတို့မှာ သူတို့ကိုယ်သူတို့ အမှန်တကယ်ကိုပင် နတ်ဘုရားအလား အထင်မှောက်မှားသွားခဲ့ကြတာဖြစ်သည်။ ထိုအခြေအနေမျိုးရောက်နေတာတောင်မှပင် သူတို့ကိုယ်သူတို့ လူသားမျိုးနွယ်နှင့်မိစ္ဆာမျိုးနွယ်စုတို့ကြား၌ ကြားဝင်ဖြန်ဖြေပေးနိုင်စွမ်းရှိပြီး စစ်ပွဲကိုတားဆီးပေးနိုင်သူများဖြစ်သည်ဟု အထင်ရောက်နေသည့်အတွက် လမ်းဖယ်ပေးခြင်းမပြုကြပါချေ။

ထိုအချိန်တုန်းက မိစ္ဆာဘုရင်ဖြစ်သူသည်ကား အလွန်တရာရက်စက်ဆိုးသွမ်းသူတစ်ဦးဖြစ်ပြီး အခြေခံသဘောတရားများကိုနားမလည်၊ နတ်ဘုရားများကိုမယုံကြည်သော ဘာသာမဲ့တစ်ယောက်ဖြစ်သည်__ အနှီ 'နတ်ဘုရား' များက နန်မင်တောင်ကြားကိုဖြတ်သန်းသွားလာခွင့်မပြုဘဲ လမ်းကိုတားဆီးပိတ်ဆို့ထားကြသည်။ သို့ဖြစ်ရာ ၎င်းမှာ လက်နက်ချအညံ့ခံချင်ယောင်ဆောင်လိုက်ပြီး နတ်ဘုရားများထံသို့လာရောက်ဂါရဝပြုဟန်ဆောင်ပြီးနောက် မီးလျှံငှက်မျိုးနွယ်စုတစ်စုလုံးအား ထောင်ချောက်ဆင်ကာ အမြစ်ပြတ်သုတ်သင်ချေမှုန်းပစ်ခဲ့လေတော့သည်။ နောက်ပိုင်းတွင် ထိုဖြစ်ရပ်မှာ 'နတ်ဘုရားများအား သုတ်သင်ချေမှုန်းခြင်း တိုက်ပွဲ' ဟူ၍အမည်တွင်ခဲ့သည်။

အထွတ်အမြတ်ထားရှိရာ ဘုရားကျောင်းဆောင်များပြိုကျပျက်စီးသွားခြင်းနှင့်အတူ နယ်မြေဒေသများအတွင်းသို့ ဆူပူရမ်းကားစွာဝင်ရောက်လာသော မကောင်းဆိုးဝါးမိစ္ဆာများကြောင့် ပဋိပက္ခများဖြစ်ပွားသော ခေတ်တစ်ခေတ်အစပျိုးပေါ်ပေါက်လာခဲ့လေတော့သည်။

ထိုနေ့တွင် နတ်မီးလျှံငှက်များ၏သွေးများမှာ နန်မင်တောင်ကြားတစ်ခုလုံးအနှံ့စွန်းထင်းပေကျံသွားကြပြီး မိစ္ဆာဘုရင်သည်ကား ချိယွမ်း၏အင်အားကိုဆုပ်ကိုင်နိုင်ခဲ့ကာ မိစ္ဆာစစ်တပ်မှာလည်း ချောက်နက်ကြီးကိုဖြတ်သန်းသွားလာပြီးနောက် ပထမဆုံး 'ဖျင်ယွမ်း' စစ်ပွဲကြီးကိုအောင်နိုင်သွားခဲ့ကြလေသည်။ ထိုစစ်ပွဲအတွင်း ဧကရာဇ်ဖျင်အပါအဝင် သိန်းနှင့်ချီသော လူသားများနှင့် မိစ္ဆာပေါင်းမြောက်မြားစွာသေဆုံးခဲ့ကြရသည်။ ထိုအချိန်မှစ၍ နန်မင်တောင်ကြားသည်ကား ကမ္ဘာလောကကြီးပေါ်ရှိ ငရဲဘုံတစ်ခုဖြစ်သွားခဲ့ပြီး 'ချိယွမ်း' ဟူ၍ပြောင်းလဲအမည်တွင်ခဲ့လေတော့သည်။

မိစ္ဆာဘုရင်သေဆုံးသွားခဲ့ပြီးနောက် စစ်ပွဲကြီးအဆုံးသတ်သွားသည့်တိုင်အောင် ချိယွမ်းရှိမီးတောက်များသည်ကား အမျက်မာန်ဟုန်ပြင်းပြစွာတဟုန်းဟုန်းတောက်လောင်နေဆဲဖြစ်လေသည်။

ချိယွမ်းမှာ နတ်ငှက်မျိုးဆက်များ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် အမြဲတစေရှိနေခဲ့တာဖြစ်သည်။ ဒဏ္ဍာရီလာစကားများအရ ချိယွမ်းမြေပြင်ထက်ရှိ မီးတောက်များမှာ မိစ္ဆာစွမ်းအင်ဓာတ်များ၏မူလရင်းမြစ်ဖြစ်သည်ဟူ၍ပြောကြသည်။ ချိယွမ်းကိုအုပ်စိုးနိုင်သူ မည်သူမဆို မိစ္ဆာအားလုံးကို အမိန့်ပေးထိန်းချုပ်နိုင်စွမ်းရရှိမည်ဖြစ်သည်။ အကယ်၍ ချိယွမ်းကိုထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိပါက မီးတောက်များနှင့်မိစ္ဆာစွမ်းအင်များမှာ သက်ရှိသတ္တဝါများ၏ကိုယ်ပေါ်သို့ပျံ့နှံ့ဝင်ရောက်သွားကြမည်ဖြစ်သည်။ မွေးကတည်းက ဒွါရခုနစ်ပေါက်လုံး အလိုအလျောက်ပိတ်ဆို့ခံထားရသော သာမန်လူသားများမှလွဲ၍ ကျန်သောမျိုးနွယ်စုများအားလုံးမှာ မိစ္ဆာစွမ်းအင်များ၏သက်ရောက်မှုကိုခံစားရမည်ဖြစ်ပြီး စစ်မီးတောက်များမှာလည်း နောက်တစ်ကြိမ်ပြန်လည်တောက်လောင်သွားပေလိမ့်မည်__အဆိုပါစကားများသည်ကား အမှန်တကယ်လေလား၊ အလိမ်အညာစကားများလားဆိုတာကို ဧကရာဇ်ဝူသည်လည်း အသေအချာတပ်အပ်မပြောနိုင်ပါချေ။ ရှေးယခင်ကာလများမှအစပြု၍ သက်ရှိသတ္တဝါတစ်ယောက်သည်ကား ဆိုးယုတ်သောလုပ်ရပ်တစ်ခုကိုပြုလုပ်ခဲ့သည့်အချိန်တိုင်းတွင် မိမိတို့အားကာကွယ်စောင့်ရှောက်မှုမပေးသော နတ်ဘုရားများအပေါ်သို့အပြစ်တင်လျှင်တင်၊ သို့တည်းမဟုတ် လူသားတို့၏စိတ်နှလုံးအား ဖျားယောင်းလှည့်စားတတ်သော မကောင်းဆိုးဝါးမိစ္ဆာများအပေါ်အပြစ်တင်တတ်ကြစမြဲသာဖြစ်သည်။

သို့ပေသိ ချိယွမ်းသည်ကား လူသားမျိုးနွယ်စုမှလွဲ၍ အခြားသောမျိုးနွယ်စုများ၏တိုက်ခိုက်မှုစွမ်းရည်များကို ထပ်လောင်းအားဖြည့်ပေးနိုင်စွမ်းရှိသည်ကတော့ အမှန်တကယ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း မိစ္ဆာဘုရင်က ချိယွမ်းကိုသိမ်းပိုက်လိုက်ချိန်၌ လူသားများမှာ သူ့ကိုမည်သို့မှပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်စွမ်းမရှိခဲ့တာဖြစ်သည်။

လူသားမျိုးနွယ်စုသည်ကား ကောင်းကင်နှင့်မြေကြီး၊ တောင်တန်းနှင့်မြစ်ချောင်းများ၏ မျက်နှာသာပေးမှုကိုမခံရပါမူ မည်ကဲ့သို့လုပ်ရပါမည်နည်း?

လူသားဧကရာဇ်တစ်ပါးဖြစ်သော ရှန့်လင်ယွမ်းတစ်ယောက်လုပ်နိုင်သမျှအရာအားလုံးသည်ကား တောင်ကိုဖြိုခွဲလိုက်ပြီး ပင်လယ်ကိုကျောက်စရစ်ခဲများအပြည့်ဖြည့်လိုက်ခြင်းသာဖြစ်သည်__ ၎င်းသည်ကား စစ်ပွဲကြီးကိုအဆုံးသတ်ပေးခဲ့ပြီးသည့်နောက်တွင်မူ ချိယွမ်းရှိမီးတောက်များကိုငြှိမ်းသက်ရန်အလို့ငှာ နတ်မီးလျှံငှက်များ၏ဘိုးဘေးဘီဘင်အုတ်ဂူများကို တူးဖော်ကာ ချိယွမ်းမီးတောက်ထဲတွင်တောင် လောင်ကျွမ်းသွားခြင်းမရှိသည့် အရိုးများကိုပြန်လည်ထုတ်ယူလိုက်ပြီး ဘာသာရေးအရဆန့်ကျင်တားမြစ်ထားသော လျှို့ဝှက်မှော်အတတ်နည်းလမ်းများကိုအသုံးပြုကာ ထိုအရိုးများအား 'မီးချိပ်တံဆိပ်' (၃၆) ခုအဖြစ်ထွင်းထုလိုက်ပြီးသော် ချိယွမ်းအတွင်း၌ထားရှိခဲ့လေသည်။
နတ်ငှက်ဘုရားများ၏အရိုးများဖြင့်ပြုလုပ်ထားသော မီးချိပ်တံဆိပ်များကို ကမ္ဘာမြေကြီး၏အလယ်ဗဟိုတွင်မြှုပ်နှံထားခဲ့ပြီး ထောင်စုနှစ်ပေါင်းများစွာကြာညောင်းလာသောအခါတွင်မူ အဆိုပါပစ္စည်းများသည်ကား ဖြည်းဖြည်းချင်း အသက်ဝိညာဉ်ဖြစ်တည်လာကြလေတော့သည်။

မိစ္ဆာကောင်လေးသည်ကား မီးချိပ်တံဆိပ်များအတွင်းမှ မွေးဖွားလာခဲ့သော ဝိညာဉ်တစ်ခုဖြစ်ရမည်။

မီးချိပ်တံဆိပ်ပေါင်း (၃၆) ခုရှိသည့်အတွက် 'မီးအစောင့်အရှောက်' များမှာလည်း စုစုပေါင်း (၃၆)ယောက်ရှိကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ အတွင်း ချိယွမ်းအတွင်း၌ မငြိမ်မသက်မှုများဖြစ်ပေါ်လာသည့်အချိန်တိုင်း ထိုဖြစ်ရပ်များကိုထိန်းသိမ်းနိုင်ရန်အလို့ငှာ မီးချိပ်တံဆိပ်တစ်ခုသည်ကား အစိတ်စိတ်အမြွှာမြွှာကြေမွပျက်စီးသွားရရှာသည်။ အကယ်၍ သူတို့ကို 'မျိုးနွယ်စု' တစ်ခုဟုသတ်မှတ်ယူဆမည်ဆိုပါက.....

သို့ဖြစ်ပါလျှင် မီးအစောင့်အရှောက်မျိုးနွယ်စုသည်ကား သူ့လက်ဖြင့်ကိုယ်တိုင်ကိုယ်ကျဖန်တီးထားခဲ့သော စတေးခံယဇ်ကောင်များအဖြစ် 'မွေးဖွား' လာခဲ့ရသူများဖြစ်ကြလေသည်။

သို့ဖြစ်ရာ မိမိသေဆုံးပြီးသည့်နောက်တွင်တောင်မှ သူ့ကိုအေးအေးချမ်းချမ်းအိပ်စက်အနားယူခွင့်မပေးတာကလည်း ထူးတော့မထူးဆန်းလှပါချေ။ ၎င်းတို့သည်ကား အကြွေးလာတောင်းသူများပင်တည်း။

ရှန့်လင်ယွမ်းမှာ မွေးကတည်းမှ ကံဆိုးမိုးမှောင်ကျခဲ့ရသူတစ်ဦးဖြစ်လေရာ ကိစ္စများက သူမျှော်မှန်းထားသည့်အတိုင်းဖြစ်မလာခဲ့ခြင်းအပေါ်တွင်ကျင့်သားရနေခဲ့ပြီဖြစ်သည်။ အနှီ 'အကြွေးတောင်းသူလေးများ' ကို အလေးမထားတော့ရုံသာမက သူ၏ရုပ်အလောင်းကိုပါ မထီမဲ့မြင်မခန့်လေးစားပြုမူကြသည့်အပေါ်တွင်လည်း ရေးကြီးခွင်ကျယ်လုပ်မနေတော့ပါချေ။ သူက မဆိုစလောက် ရယ်ရခက်ငိုရခက်ဖြစ်သွားရုံသာ။

သူပြုံးလိုက်ချိန်မှာပင် ဘယ်နေရာကဘာဖြစ်သွားသည်လဲမသိ၊ သူ့ရင်ဘတ်အတွင်း၌ စူးရှထက်မြသောနာကျင်မှုဝေဒနာတစ်ခုက တရှိန်ထိုးဆန်တက်လာသည်ကိုခံစားလိုက်ရလေတော့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပြင်ပမှပစ္စည်းတစ်ခု နစ်ဝင်နေသယောင်၊ ထိုပစ္စည်းမှာ သူ၏အသွေးအသားထဲသို့ ပျော်ဝင်သွားခြင်းမရှိသလို အပြင်သို့ဆွဲထုတ်ယူလို့လည်းမရနိုင်ဘဲဖြစ်လို့နေသည်။

ဘာများပါလိမ့်?

ရှန့်လင်ယွမ်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ချောင်းငါးချောင်းလုံးကို ရင်ဘတ်ပေါ်သို့ဖိနှိပ်လိုက်ကာ အသားထဲသို့ထိုးစိုက်လိုက်သည်။ သူက ခံစားချက်မရှိသူတစ်ယောက်နှယ် သူ၏နှလုံးအိမ်တဝိုက်ကိုထိုးနှိုက်လှန်လှောရှာဖွေပါသော်လည်း မည်သည့်အရာကိုမှလက်ဆုပ်လက်ကိုင်ဖမ်းယူနိုင်ခြင်းမရှိခဲ့ပါချေ။

သူက ထိုအရာမှာမည်သည့်အရာဖြစ်ကြောင်းကို သိသလိုလိုရှိသော်ငြား မျက်မှောင်ကြုတ်ထားရင်း တခဏမျှကြာအောင်အပြန်ပြန်အလှန်လှန်စဉ်းစားတွေးတောလိုက်စေကာမူ မမှတ်မိနိုင်သေးဘဲဖြစ်လို့နေသည်။

"ငါ တကယ် အသက်ကြီးလာပြီပဲ"

ပိရှက သက်ပြင်းဖွဖွချလိုက်ကာ သူ၏နားထင်ကို ဖြည်းဖြည်းချင်းနှိပ်နယ်လိုက်သည်။

"မှတ်ဉာဏ်ကလည်း အတော်မကောင်းရှာတော့ဘူးပဲ.......မကောင်းဘူး!"

သူက ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားပြီးနောက် ဆတ်ခနဲခေါင်းမော့ကြည့်လိုက်လေသည်။

ရွှမ်းကျီးတစ်ယောက် အောက်ထပ်သို့ဆင်းလာပြီး သူ့အတွက် နောက်ထပ်အခန်းတစ်ခန်းငှားရမ်းရန်စောင့်ဆိုင်းနေခိုက်မှာပင် အပေါက်ဝသို့ထွက်လာကာ စီးကရက်တစ်လိပ်ကိုမီးညှိလိုက်သည်။

သူ အနည်းငယ် ပျို့ချင်အန်ချင်သလိုဖြစ်နေသည်။ ဖြစ်နိုင်တာက သူ့ဦးနှောက်တစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့ရသည့် နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်နိုင်သည်။ ထိုအခိုက်မှာပင် သူ၏စိတ်အာရုံအတွင်း၌ ပုံရိပ်ပေါင်းများစွာ မရပ်မနားဖြတ်သန်းပြေးလွှားလာကြသည်__သွေးပင်လယ်မြစ်ချောင်းများနှင့် တောင်ပုံရာပုံဖြစ်နေသောအလောင်းများ၊ အပျက်အစီးပုံများမဟုတ်လျှင် မီးလောင်ပြင်များ.....အဆိုပါမှတ်ဉာဏ်အပိုင်းအစများကို သူ မည်သည့်ရုပ်ရှင်ဇာတ်ကားထဲမှတွေ့မြင်လာခဲ့တာမှန်းမသိ။

သူက နားထင်ကြောများကိုပွတ်သပ်လိုက်ရင်း အေးစိမ့်သောညဉ့်လေပြည်ညင်းထဲတွင် မီးခိုးငွေ့ရှည်ရှည်တစ်လိပ်ကို မှုတ်ထုတ်လိုက်သည်။

ရှန့်လင်ယွမ်းတစ်ယောက် အားလော့ကျင်းပေါ်သို့ ချိပ်တံဆိပ်ခတ်နှိပ်လိုက်ချိန်၌ ရွှမ်းကျီးပြောချင်ခဲ့သောစကားတစ်ခွန်းရှိသည်။ ဒဏ္ဍာရီစကားများအရ လူသား-မိစ္ဆာဟူသည် သာမန်အားဖြင့်မသေဆုံးနိုင်၊ စိတ်ချရသည့်အကောင်းဆုံးနည်းလမ်းကတော့ သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျားဖျက်ဆီးပစ်လိုက်ခြင်းသာဖြစ်သည်။ သို့သော် ခေါင်းတလားအဖုံးကိုပိတ်နေချိန်၌ ပါးစပ်အတွင်းမှသွေးတစ်ပွက်အန်ထွက်လာခဲ့သော ရှန့်လင်ယွမ်းအားကြည့်နေရင်း ရွှမ်းကျီးမှာထိုစကားကိုမည်သို့မှပြောမထွက်ခဲ့ပါချေ။

သမိုင်းမှတ်တမ်းထဲရှိ လူသားဧကရာဇ်အပေါ်ထားရှိသော သူ၏ဘက်လိုက်မှုက အတော်လေးကိုအားကောင်းပုံရသည်။ ထိုသူ့အပေါ်တွင် ကျိုးကြောင်းသင့်လျော်မှုမရှိသော မျှော်လင့်ချက်များထားမိသည်အထိပင်။

တကယ်တမ်းတွင်မူ ခေါင်းအေးအေးထားပြီးစဉ်းစားကြည့်မည်ဆိုပါက ဆောင်းဦးအလီလီကြာညောင်းတည်တံ့ခဲ့သော အောင်မြင်မှုစွမ်းဆောင်ချက်များနှင့် မိမိအလိုရှိသည့်အရာကို တရားသဖြင့်ရော မတရားသဖြင့်ပါ နည်းလမ်းပေါင်းစုံသုံးကာရယူခဲ့သောကိစ္စနှစ်ရပ်သည်ကား ဝိရောဓိဖြစ်နေစရာကိစ္စများမဟုတ်ကြပါချေ။

အချို့လူများအဖို့ ဆွေမရှိမျိုးမရှိ၊ မိတ်ဆွေအပေါင်းအသင်းမရှိဘဲ အထီးကျန်တစ်ကောင်ကြွက်ဘဝဖြင့်နေထိုင်ရခြင်းသည်ကား ဝမ်းနည်းကြေကွဲစရာကောင်းသောကံတရားကြောင့်ဖြစ်သည်။ သို့သော် အချို့လူများမှာတော့ ထိုကဲ့သို့ခံစားရရန်ထိုက်တန်သူများဖြစ်ကြသည်။ ရှန့်လင်ယွမ်းကဲ့သို့ သောက်ကျိုးနည်းကောင်တစ်ကောင်အတွက်မူ ၎င်းသည်ကား လူသားများ၏ကိုးကွယ်ပူဇော်ပသမှုကို ပျော်ရွှင်စွာခံယူရင်း သမိုင်းစာအုပ်များထဲတွင်သာ နေထိုင်သင့်သောလူစားမျိုးဖြစ်သည်။ ကမ္ဘာလောကကြီးအတွင်းသို့ မိတ်ဖြစ်ဆွေဖြစ်ယဉ်ကျေးမှုအလည်အပတ်ခရီးစဉ်ထွက်လာပြီး လူ့ဘုံခန်းဝါအတွင်းသို့သက်ဆင်းဝင်ရောက်လာစရာလုံးဝမလိုအပ်ပါချေ။

ရွှမ်းကျီးမှာ စိတ်ပိုင်းဆိုင်ရာအားဖြင့် အလွန်တရာတည်ငြိမ်သောလူစားမျိုးဖြစ်ပြီး တစ်စုံတစ်ခုအပေါ်တွင် အလွန်အမင်းအစွဲအလမ်းကြီးတတ်သူမဟုတ်ပေ။ ပြဿနာတစ်ခုခုနှင့်ကြုံတွေ့လာရချိန်တွင် ၎င်းမှာ ပထမဆုံးအနေဖြင့် အဖြေကိုရှာရန်ကြိုးစားပေလိမ့်မည်။ အကယ်၍ ဖြေရှင်းလို့မရသော ပြဿနာမျိုးဖြစ်နေသည်ဆိုပါက ၎င်းမှာ သူ၏ကိုယ်ပိုင်စိတ်သဘောထားအမြင်ကိုအဖြေထုတ်ရန်ကြိုးစားမည်ဖြစ်သည်__ပြောရလျှင် သက်တောင့်သက်သာရှိသောအနေအထားတစ်ခုကိုရှာဖွေလိုက်ကာ ပက်လက်လှန်လဲလျောင်းလိုက်ပြီး ထိုကိစ္စကိုလက်ခံလိုက်မည်သာဖြစ်သည်။

မိမိသည်ကား မိုးလောက်ကြီးသောပျော်ရွှင်ဝမ်းမြောက်စရာသတင်းများကိုကြားရသောအခါတွင် အလွန်အမင်းအူမြူးပျော်ရွှင်သွားတာမျိုးမရှိသလို ဒေါသထွက်စရာကောင်းသောကိစ္စများနှင့်တွေ့ကြုံလာရလျှင်လည်း စီးကရက်လေးတစ်လိပ်သောက်လိုက်ရုံဖြင့်ပင် ထိုအရာများကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားမည်သာဖြစ်သည်။

သို့သော် ယနေ့တွင်မူ ဘာရယ်ကြောင့်မှန်းမသိဘဲ စီးကရက်သောက်လေလေ ပို၍ဂဏာမငြိမ်ဖြစ်လာလေဖြစ်နေတော့သည်။ သူ့နားထဲတွင်လည်း တဝီဝီမြည်သံများက တစတစပို၍တောင်ကျယ်လောင်လာနေ၏။ ကတ္တရာစေးနှင့်နီကိုတင်းဓာတ်တို့က အမှန်တကယ်ကိုပင် အဆိပ်ရှိသောဓာတုပစ္စည်းများဖြစ်ကြသည်။ သူ၏လေပြွန်အတွင်းသို့ ခေတ္တခဏဖြတ်သန်းသွားချိန်မှာပင် ၎င်းမှာ ရုတ်တရက် အသက်ရှူကြပ်သလိုခံစားလိုက်ရရှာသည်။ သူ့မျက်စိရှေ့မှောက်ရှိကမ္ဘာလောကကြီးမှာ မှုန်ရီဝေဝါးလာပြီး ထိုသို့တွေဝေမိန်းမောနေစဉ်မှာပင် ပုံရိပ်ယောင်တစ်ခုကိုမြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ မိမိသည်ကား မီးပင်လယ်၏အလယ်ဗဟိုအတွင်းရပ်နေရင်း ချိယွမ်းရှိယဇ်ပလ္လင်ဆီသို့ မျက်နှာမူလျက်ရပ်နေတာဖြစ်သည်။ ပါးလျသောသွေးတစ်လွှာက သူ၏မြင်ကွင်းကိုထပ်ဆင့်ကာဆီးထားနေသဖြင့် ၎င်းမှာ မီးတောက်မီးလျှံများ၏အပြင်ဘက်အနားသတ်များကိုသာလျှင်မြင်တွေ့နေရသည်။ ဓား (၁) နှင့် အခြားသောလက်နက်ဝိညာဉ်များက စိုးရိမ်ထိတ်လန့်တကြီးဖြင့် သူ့အား တစ်ခုခုကိုလှမ်းအော်ပြောနေကြသည်။

၎င်းမှာ သူတို့ဘာတွေပြောနေသလဲဆိုတာကိုမကြားသလို ကြားအောင်လည်းမကြိုးစားခဲ့ပါချေ။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏သက်စောင့်ဓားကို ကျောရိုးအတွင်းမှ ဂရုတစိုက်ဆွဲထုတ်ယူလိုက်သည်__အဆိုပါဓားသည်ကား သူ၏သဘောဆန္ဒအတိုင်း စိတ်ကြိုက်အထုတ်အသွင်းပြုလုပ်လို့ရသောဓားတစ်လက်ဖြစ်ပြီး ထိုဓားကိုအထုတ်အသွင်းပြုချိန်၌လည်း မည်သို့မှမခံစားရခဲ့ပါချေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ ဓားကိုဆွဲထုတ်လိုက်ချိန်၌ သူ၏နှလုံးသားကိုပါ တူးဆွထုတ်ယူလိုက်သကဲ့သို့ခံစားလိုက်ရလေသည်။ စကားလုံးများဖြင့်ဖော်ညွှန်း၍မရနိုင်သော မျှော်လင့်ချက်မဲ့သည့်ခံစားချက်များသည်ကား သူ၏လစ်ဟာသွားသောကျောရိုးအတွင်းသို့ အလုံးအရင်းဖြင့်တိုးဝင်လို့လာသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးများကို ရုတ်တရက် ဆွဲထုတ်ဖယ်ရှားခြင်းခံလိုက်ရသည့်နှယ် ၎င်းမှာ မြေပြင်ပေါ်သို့ဒူးထောက်ကျသွားလေတော့သည်။

"ဒီတစ်ခေါက်ဆိုရင် (၂၃၂) နှစ်ကြာခဲ့ပြီ"

၎င်းမှာ မြေကြီးပေါ်တွင်ဒူးထောက်ထားနေရင်းက သူ့ဘာသာသူတစ်ကိုယ်တည်းရေရွတ်ပြောဆိုနေသည့်အလား၊ သူက အစွမ်းကုန်ကြိုးစားအားထုတ်ကာ သူ့နှုတ်ခမ်းစွန်းများကို အပေါ်သို့ပင့်တင်လိုက်သည်။

"ဒီတစ်ခေါက်က ငါတောင့်ခံထားနိုင်သမျှထဲမှာ အကြာဆုံးအချိန်ပဲ....ဒါပေမဲ့ နိဗ္ဗာန်ကျောက်တုံးကလည်း ကြေမွပျက်စီးသွားပြီ...ငါ ...တကယ့်ကို...."

သူက အသက်ကို ခက်ခက်ခဲခဲကြိုးစားပမ်းစားရှူရှိုက်နေရရှာပြီး သူ၏လည်ချောင်းအတွင်း၌ တစ်ဆို့နေသောစကားသံများမှာလည်း စူးရှသောလွန်ပူတစ်ချောင်းအဖြစ်ပြောင်းလဲသွား၏။ သို့တိုင် ၎င်းသည်ကား ဆက်လက်၍ကြိုးစားပမ်းစားပြုံးပြနေသေးသည်။

"တကယ်ပဲ...ငါ ဆက်မလုပ်နိုင်တော့ဘူး...တောင်းပန်ပါတယ်....တကယ့်ကို...ငါက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ....တောင်းပန်ပါတယ်...."

ရွှမ်းကျီးမှာ မိမိသည်ကား ဓားကိုစကားပြောနေတာဖြစ်နိုင်ကြောင်း သဘောပေါက်သွားလေသည်။

ဒါက ဘယ်သူ့ရဲ့မြင်ကွင်းရှုထောင့်လဲ?

ခဏလေး...(၂၃၂) နှစ်...ဒီကိန်းဂဏန်းကို ကြားဖူးနေသလိုပဲ

ရွှမ်းကျီး၏စိတ်အာရုံမှာ အလျင်အမြန်ပြောင်းလဲသွားပြီး သူရုတ်တရက်အမှတ်ရသွားသည်။ ချိယွမ်းယဇ်ပလ္လင်ဘေးတွင်ရှိသော အခု (၃၀) ကျော်ခန့်ရှိသည့် ဘိုးဘေးများ၏အမှတ်အသားကျောက်တိုင်များပေါ်တွင် အသက်အရှည်ဆုံးနေထိုင်ခဲ့သူ၏အသက်မှာ အတိအကျကို (၂၃၂) နှစ်ပင်ဖြစ်သည်!

ဒါက တိုက်ဆိုင်မှုတစ်ခုလား ဒါမှမဟုတ်....

နောက်တခဏအကြာတွင် ထိုပုံရိပ်ယောင်အတွင်း၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများအက်ကွဲကြေမွသွားသည့်အသံများကို ကြားလိုက်ရသည်။ မီးတောက်မီးလျှံများအတွင်းမှ ငှက်တစ်ကောင်၏ စူးရှသော တွန်ကျူးမြည်တမ်းသံတစ်သံက ထိုးဖောက်ထွက်ပေါ်လာပြီး ရွှမ်းကျီးခမျာ ပြင်းပြင်းထန်ထန်ယိမ်းထိုးလှုပ်ယမ်းသွားရှာသည်__

"ဒါရိုက်တာရွှမ်း!"

ရွှမ်းကျီးက ငူငူငိုင်ငိုင်ဖြင့် နောက်သို့လှည့်ကာ သူ့လက်မောင်းကိုဆွဲထားသော လူတစ်ယောက်ကိုအချိန်အတော်ကြာကြောင်အမ်းအမ်းစိုက်ကြည့်နေမိသည်။ ထို့နောက်တွင်မှ ထိုသူသည်ကား သူတို့အုပ်စုအား လာရောက်ကြိုဆိုပြီး ဟိုတယ်၌နေရာချထားပေးခဲ့သော ဒေသခံ DCO လမ်းပြဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ခက်ခက်ခဲခဲမှတ်မိသွား၏။ ၎င်းမှာ အလျင်စလိုပြေးလွှားလာပုံရပြီး သူ့ခေါင်းတစ်ခုလုံးပေါ်တွင် ချွေးများစို့နေရှာသည်။ သူ့လက်ထဲတွင် ဖုန်းတစ်လုံးကိုကိုင်ထားပြီး ဖုန်းထဲမှ WeChat message များဝင်လာနေသော တတောင်တောင်မြည်နေသည့်အချက်ပေးသံများမှာ တရစပ်ထွက်ပေါ်လို့နေသည်။ လတ်စသတ်တော့ ခုနတုန်းက သူကြားလိုက်ရသော ငှက်တစ်ကောင်၏တွန်ကျူးသံများသည်ကား မက်ဆေ့ချ်ဝင်လာသောအချက်ပြသံများသာဖြစ်နေတာပဲ။

ဝန်ထမ်းကောင်လေးသည်ကား ကမန်းကတန်းပြေးလာပြီး ညဉ့်အမှောင်ယံအောက်ဝယ် ရွှမ်းကျီး၏မျက်နှာအမူအရာပျက်ယွင်းနေတာကိုလည်း သတိထားမိဟန်မတူပေ။

"ကျွန်တော် အပေါ်တက်ပြီး ဆရာ့ကိုသွားရှာတော့မလို့၊ ဘယ်သူသိမှာလဲ ဆရာ့ကိုဒီနေရာမှာတွေ့ရလိမ့်မယ်လို့! မြန်မြန် ဒါရိုက်တာရှောင်းက ဆရာ့ကိုရှာနေတယ် အရေးကြီးတယ်တဲ့!"

သူပြောနေစဉ်မှာပင် ဖုန်းထဲသို့ အဝင်ခေါ်ဆိုမှုတစ်ခုဝင်ရောက်လာသည်။ လမ်းပြကောင်လေးက ချက်ချင်းပင် ဖုန်းကိုလက်ခံဆက်သွယ်လိုက်ပြီး ဖုန်းမျက်နှာပြင်ကို ရွှမ်းကျီး၏နားအနီးသို့တွန်းပို့ပေးလိုက်သည်။

"......ငါပါ"

ရွှမ်းကျီးက လေးတိလေးကန်ဖြင့်တစ်ခွန်းဖြေလိုက်သည်။ ဖုန်း၏အခြားတစ်ဖက်မှ ရှည်လျားသောဝါကျအရှည်ကြီးတစ်ကြောင်းဖြတ်သန်းဝင်ရောက်လာပြီးနောက်တွင်မူ နောက်ဆုံး၌ သူ၏အသိစိတ်အာရုံသည်ကား ဖြည်းဖြည်းချင်းပြန်လည်အိပ်တန်းတက်လာပြီး သူ၏ဆုံချက်ပျံ့လွင့်နေသောအကြည့်များမှာလည်း ပြန်လည်၍စုစည်းသွားလေတော့သည်။

"ဘာ?"

6.8.21

🔥🔥🔥🔥🔥🔥

Zawgyi

ဆယ္စုႏွစ္တစ္ခုစာမွ်ေတြ႕ႀကဳံခဲ့ရေသာ အနိမ့္အျမင့္အတက္အက်မ်ားလွသည့္ ေလာကဓံတရားမ်ား၊ သာမန္လူသားတစ္ေယာက္ကဲ့သို႔ ေန႕မအိပ္ညမနားႀကိဳးစားပမ္းစားလုပ္ကိုင္ခဲ့ရေသာအလုပ္မ်ား၊ လကုန္တိုင္း သနားစရာေကာင္းေလာက္ေအာင္ ေျပာင္သလင္းခါသြားတတ္ေသာ ဘဏ္အေကာင့္တစ္ခု၊ ညဉ့္သန္းေခါင္ယံအခ်ိန္ အရက္ဝိုင္းအတြင္း သူ၏အေဖာ္ျဖစ္ေသာ ေက်ာက္ပုစြန္ကင္ႏွင့္ ကမၻာ့ဖလားေဘာလုံးပြဲမ်ား၊ တကၠသိုလ္တက္ရာၿမိဳ႕ထဲရွိ မီးခိုးက်ပ္တိုက္ထားေသာ တံစို႔ထိုးအသားကင္ေခ်ာင္းမ်ားႏွင့္မာလာေဟာ့ေပါ့မ်ား.....သူသည္ကား ကမၻာေျမသို႔အလည္အပတ္ေရာက္ရွိလာေသာ ခရီးသြားတစ္ေယာက္လို ဘဝကို အတတ္နိုင္ဆုံးရွင္သန္ေနထိုင္ခဲ့သူျဖစ္သည္__ထိုအခ်ိန္မတိုင္ခင္ကေတာ့ ၎မွာ ျဖစ္ကတက္ဆန္းေရးသားထားေသာ တ႐ုတ္ရိုးရာစကားလုံးမ်ားကို ေသေသခ်ာခ်ာဂ႐ုတစိုက္အမွားျပန္ျပင္ခဲ့ရသူ၊ သူ၏ 'မိသားစု' ႏွင့္ အဆင္ေျပေျပေနထိုင္နိုင္ေရးအတြက္ ဂ႐ုတစိုက္ႀကိဳးစားအားထုတ္ခဲ့ရသူ၊ အျခားေသာလူငယ္ေလးမ်ား၏အျပဳအမူအေျပာအဆိုမ်ားကို တိတ္တဆိတ္အတုခိုးေလ့လာခဲ့ရသူတစ္ဦးျဖစ္ခဲ့ေလသည္။ ၎မွာ သူတို႔၏ဂိမ္းကစားပုံကစားနည္းမ်ား၊ ေရပန္းစားေသာအေၾကာင္းအရာမ်ား၊ ဟာသမ်ားႏွင့္ ေနာက္ဆုံးေပၚအရပ္သုံးစကားမ်ားႏွင့္ဗန္းစကားမ်ားအပါအဝင္ ေဝါဟာရအသစ္အဆန္းမ်ားကိုအၿမဲတေစ အတုခိုးကာသင္ယူေလ့လာခဲ့ရသူျဖစ္သည္......ထိုအခ်ိန္မတိုင္မီကေတာ့ သူသည္ကား ခ်ိယြမ္းေခ်ာက္နက္ႀကီးအတြင္းရွိ ယဇ္ပလႅင္အတြင္းမွ ဘုမသိဘမသိေမြးဖြားလာခဲ့ၿပီး ဘုမသိဘမသိႀကီးျပင္းလာခဲ့ရသူတစ္ဦးျဖစ္ေလသည္။

ရွန႔္လင္ယြမ္းမွာ ႐ုတ္တရက္ တစ္စုံတစ္ခုကိုသတိထားမိသြားဟန္ျဖင့္ အထိတ္တလန႔္ျဖစ္သြား၏။ ထိုအခ်ိန္၌ ႐ႊမ္းက်ီး၏အသိဉာဏ္ပင္လယ္ထဲ၌ မီးလွ်ံငွက္၏စစ္မွန္ေသာမီးေတာက္ကဲ့သို႔ေသာ အျဖဴေရာင္အလင္းတန္းတစ္ေၾကာင္းက ျမဴႏွင္းလႊာမ်ားကို ႐ုတ္တရက္ထိုးခြဲ၍ထြက္ေပၚလာၿပီးေနာက္ သူ႕ကို ဖိအားေပးတြန္းထုတ္လိုက္သည့္အတြက္ ရွန႔္လင္ယြမ္းမွာ ေနာက္သို႔ကမန္းကတန္းျပန္ဆုတ္သြားရရွာေတာ့သည္။ ႐ႊမ္းက်ီးက ခ်က္ခ်င္းဆိုသလိုပင္ သူ၏ထိန္းသိမ္းခ်ဳပ္ႏွောင္ခံထားရေသာစိတ္အာ႐ုံကိုျဖတ္ေတာက္ပစ္လိုက္ၿပီး သူ႕လက္ဖဝါးအတြင္းမွ ရွည္လ်ားေသာမီးလွ်ံသံခ်ိန္းႀကိဳးတစ္ေခ်ာင္းထြက္ေပၚလာကာ ရွန႔္လင္ယြမ္း၏ဦးေခါင္းတည့္တည့္ဆီသို႔ပစ္လႊတ္လိုက္ေလေတာ့သည္။

႐ႊမ္းက်ီး၏အသိစိတ္အာ႐ုံမွာ လႈပ္ခတ္သြားရသလို သူ၏သတ္လိုျဖတ္လိုစိတ္တို႔မွာလည္း လႈပ္ရွားသြားေလေတာ့သည္။ အျဖဴေရာင္အလင္းတန္းမ်ားႏွင့္အနက္ေရာင္ျမဴခိုးမ်ားမွာ တစ္ခုႏွင့္တစ္ခု အရွိန္ျပင္းစြာဝင္တိုက္သြားၾကေလသည္။ တစ္ခ်ိန္တည္းမွာပင္ အျပင္ဘက္၌ က်ယ္ေလာင္ေသာမိုးႀကိဳးပစ္သံတစ္သံက ပဲ့တင္ထပ္လြင့္ပ်ံသြားၿပီး အထပ္ေပါင္းသုံးဆယ္ေက်ာ္ရွိ ဟိုတယ္ျပတင္းေပါက္မ်ားကို တုန္ခါလႈပ္ယမ္းသြားေစၿပီးသကာလဝယ္ သူတို႔ႏွစ္ဦးမွာ အသိစိတ္ျပန္ကပ္သြားရွာေတာ့သည္__သူတို႔ႏွစ္ဦးသည္ကား ပ်ားပန္းခတ္မွ်သက္ဝင္လႈပ္ရွားမႈမ်ားျဖင့္ျပည့္ႏွက္ေနသည့္ ၿမိဳ႕တြင္းရွိ အထပ္ျမင့္အေဆာက္အဦးတစ္ခုေပၚတြင္ေရာက္ရွိေနၾကတာျဖစ္သည္!

ႏွစ္ေယာက္စလုံး ႐ုတ္ခ်ည္းပင္ လူခ်င္းခြာလိုက္ၾကသည္။ ႐ႊမ္းက်ီးမွာ *ျပင္သစ္ျပတင္းေပါက္ကိုေက်ာကပ္ထားလိုက္သလို ရွန႔္လင္ယြမ္းမွာလည္း လက္တစ္ဖက္ကိုျမႇောက္ကာ ဟိုတယ္အခန္းတံခါးဝဆီသို႔တြန္းဖိဟန္ျပဳလိုက္သည္။ ထူးဆန္းစြာပင္ သူတို႔၏တုံ႕ျပန္လႈပ္ရွားမႈမ်ားက တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္းထပ္တူက်လိဳ႕ေနသည္။ အျဖဴေရာင္ႏွင့္အနက္ေရာင္မႏၱန္အစီအရင္မ်ားသည္ကား တစ္ၿပိဳင္နက္တည္းမွာပင္ ျပတင္းေပါက္မ်ားႏွင့္တံခါး႐ြက္မ်ားေပၚသို႔ အသီးသီးက်ေရာက္သြားၾကၿပီး အခန္းတစ္ဝက္ေလာက္ကိုၿခဳံလႊမ္းသြားရင္း **ယင္းႏွင့္ယန္သေကၤတကဲ့သို႔ပင္ တစ္ခု၏ထိပ္ပိုင္းႏွင့္တစ္ခု၏အၿမီးပိုင္းတို႔က အျပန္အလွန္ထိစပ္သြားၾကၿပီးေနာက္ ဤေနရာအား ျပင္ပေလာကႀကီးထံမွ လုံးလုံးလ်ားလ်ားပိုင္းျခားကန႔္သတ္၍ပိတ္ဆို႔ထားလိုက္ေလေတာ့သည္။

*ျပင္သစ္ျပတင္းေပါက္

**ယင္းႏွင့္ယန္ သေကၤတ


အခန္းတြင္း၌ မိုးေအာက္ေျမျပင္တခြင္သိမ့္သိမ့္တုန္သြားေလာက္ေစနိုင္သည့္ ဝုန္းခနဲအသံက်ယ္ႀကီးတစ္သံထြက္ေပၚလို႔လာသည္။ ရွန႔္လင္ယြမ္း၏မ်က္ႏွာမွာ ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္သြားသလို ႐ႊမ္းက်ီးမွာလည္း သူ႕ေခါင္းကိုအနည္းငယ္ေစာင္းငဲ့လိုက္ခ်ိန္ဝယ္ ေပါက္ကြဲမႈေၾကာင့္ သူ၏နားတစ္စုံအတြင္းမွ ေသြးစီးေၾကာင္းမွ်င္မွ်င္ေလးတစ္ေၾကာင္းစီးက်လိဳ႕လာသည္။

သူတို႔ျပဳလုပ္ဖန္တီးထားေသာ အတားအဆီးမွာလည္း ႐ုတ္ခ်ည္းပင္ ပ်က္စီးၿပိဳကြဲသြားရွာသည္။ ညေလယာဥ္ကိုအခ်ိန္မီစီးနင္းလိုက္ပါနိုင္ရန္အလို႔ငွာ အခန္းအျပင္ဘက္ရွိ ခရီးသြားဧည့္သည္တစ္ေယာက္က သူ႕ခရီးေဆာင္အိတ္ကို ခပ္သြက္သြက္ဆြဲယူသြားေသာအသံမ်ားကိုလည္းၾကားလိုက္ရေလသည္။ ပါးလ်ေသာ သစ္သားတံခါးတစ္ခ်ပ္၏ေနာက္ကြယ္တြင္ဘာေတြျဖစ္လို႔ျဖစ္ေနမွန္း သတိထားမိျခင္းအလ်ဥ္းမရွိေသာ အဆိုပါေျခသံမ်ားသည္ကား ဓာတ္ေလွကားအတြင္းဝင္ေရာက္ေပ်ာက္ကြယ္သြား၏။

ခ်ိယြမ္းယဇ္ပလႅင္ထက္တြင္မူ ဓား (၁) ၏ဦးေဆာင္မႈေနာက္၌လိုက္ပါလာၾကေသာ လက္နက္ဝိညာဥ္အားလုံးသည္ကား ဂူသခၤ်ိဳင္းေက်ာက္တိုင္ေတာအုပ္အတြင္း စုေဝးလိုက္ၾကသည္။ ဂူေက်ာက္တိုင္မ်ားအနက္ ေက်ာက္တိုင္ႏွစ္ခုမွာ အစိတ္စိတ္အႁမႊာႁမႊာၿပိဳက်ပ်က္စီးသြားခဲ့ၿပီျဖစ္သည္။ ထို႔ေနာက္ ဓား (၁) က အမိန႔္ေပးလိုက္သည္ႏွင့္တၿပိဳင္နက္ သံေခ်းတက္ၿပီးစုတ္ပဲ့ပ်က္စီးေနၿပီျဖစ္ေသာ သံသတၱဳမ်ားသည္ကား ဂူသခၤ်ိဳင္းေက်ာက္တိုင္ေတာအုပ္ကိုကာကြယ္ေစာင့္ေရွာက္ရန္အလို႔ငွာ ခက္ခက္ခဲခဲအားကုန္ထုတ္သုံး၍ အစီအရင္တစ္ခုကိုဖြဲ႕စည္းလိုက္ၾကေလသည္။ ထိတ္လန႔္ေခ်ာက္ခ်ားစရာေကာင္းလွေသာ ၾကက္ေသြးနီေရာင္ ေသာ္တာလေရာင္ျခည္သည္ကား ေတာင္ထိပ္ေပၚမွ ထြန္းလင္းေပၚထြက္လာကာ ခ်ိယြမ္းေခ်ာက္နက္ႀကီးအတြင္း၌ဖုံးကြယ္လ်က္ရွိေနေသာ ယဇ္ပလႅင္ထက္သို႔ ျဖာက်လင္းလက္လာေတာ့သည္။

ဓား (၁) ၏အံ့ဩဆြံ႕အစြာၾကည့္ေနေသာအၾကည့္ေအာက္မွာပင္ ကြဲအက္သံတစ္သံထြက္ေပၚလို႔လာကာ တတိယေျမာက္ဂူသခၤ်ိဳင္းေက်ာက္တိုင္မွာ ဤတစ္ႀကိမ္တြင္မူ အခ်က္မေပးဘာမေပးျဖင့္ ႐ုတ္ခ်ည္းပင္ မႈန႔္မႈန႔္ညက္ညက္ေၾကကာၿပိဳက်ပ်က္စီးသြားျပန္၏။

႐ႊမ္းက်ီးႏွင့္ရွန႔္လင္ယြမ္းတို႔ႏွစ္ဦးၾကားရွိ စိတ္ခ်င္းဆက္သြယ္မႈမွာ ျပတ္ေတာက္သြားၿပီျဖစ္သည္။ တစ္ေယာက္က ျပတင္းေပါက္နားတြင္ရွိေနၿပီး က်န္တစ္ေယာက္ကေတာ့ တံခါးေပါက္နားတြင္ရွိေနသည္။ ႏွစ္ေယာက္သားမွာ တစ္ေယာက္ႏွင့္တစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ထားေသာအေနအထားတြင္ရွိေနၾကသလို သူတို႔ႏွစ္ေယာက္ၾကားရွိအကြာအေဝးမွာလည္း ဆယ္မီတာခန႔္ပင္မရွိပါေခ်။ ဟိုတယ္အခန္းေလးခမ်ာလည္း ေပါက္ကြဲမႈအရွိန္ေၾကာင့္ အုတ္က်ိဳးပုံတစ္ပုံျဖစ္သြားရွာေတာ့သည္။

"ကြၽန္ေတာ္က ပိရွကို အလြန္အင္မတန္ေလးစားခဲ့တာပါဗ်ာ"

ေနာက္ဆုံးတြင္ေတာ့ အခ်ိန္မည္မွ်ၾကာလို႔ၾကာသြားမွန္းမသိလိုက္ခင္မွာပင္ ႐ႊမ္းက်ီးက တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္ကာ စကားလုံးတစ္လုံးခ်င္းစီတိုင္းကို ဂ႐ုတစိုက္ျဖင့္ အသံထြက္ပီသစြာေျပာဆိုလိုက္သည္။

"ကိုးျပည္ေထာင္စစ္ပြဲႀကီးကို အဆုံးသတ္ေပးနိုင္ခဲ့တဲ့သူဟာ သူရဲေကာင္းတစ္ဦးျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ေနခဲ့တာဗ်...ပိရွက တစ္ခ်ိန္လုံး ဆန္ကုန္ေျမေလးတစ္ေယာက္လိုသ႐ုပ္ေဆာင္ေနေပမယ့္လည္းလို႔ေပါ့..."

အျဖဴေရာင္အလင္းတန္းမ်ားကြယ္ေပ်ာက္သြားသည္ႏွင့္ ရွန႔္လင္ယြမ္း၏ႀကဳံ႕ဝင္ေနေသာ မ်က္ဆံမ်ားမွာ နဂိုမူလအ႐ြယ္အစားသို႔ျပန္လည္ေရာက္ရွိလာၾကသည္။

တစ္ခ်ိန္တည္းမွာပင္ အံ့ဩထိတ္လန႔္သြားေသာ သူ၏အမူအရာကို အစအနမက်န္ေအာင္သိမ္းဆည္းလိုက္ၿပီး ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးကာေျပာလိုက္သည္။

"ဒီအတြက္ေတာ့ ငါ တကယ္ပဲ ေတာင္းပန္ပါတယ္"

႐ႊမ္းက်ီး၏နားစည္တစ္စုံမွာ ေပါက္ကြဲမႈအရွိန္ေၾကာင့္ေသြးမ်ားထြက္လာသည့္အျပင္ တစ္ခုခုစိမ့္ထြက္ေနသည့္ႏွယ္ နားထဲတြင္ တဝီဝီျမည္သံမ်ားကို အဆက္မျပတ္ၾကားေနရၿပီး ေခါင္းမ်ားပင္မူးေနာက္ေနာက္ျဖစ္လာရေလေတာ့သည္။ ယခုအခ်ိန္မွာ ညဉ့္သန္းေခါင္အခ်ိန္ျဖစ္ေနသည့္အျပင္ ဟိုတယ္တစ္ခုလုံးတြင္လည္း တည္းခိုသူခရီးသြားဧည့္သည့္မ်ားျဖင့္ျပည့္ႏွက္လုနီးပါးျဖစ္ေနတာျဖစ္သည္။ မည္သို႔ပင္ၾကည့္ၾကည့္ ဟိုတယ္ထဲတြင္ လူေပါင္း ၈၀၀- ၁၀၀၀ ဝန္းက်င္ခန႔္ရွိေပလိမ့္မည္။ မိစ္ဆာအရွင္သခင္ႀကီးသည္ပင္ မဆိုင္သူမ်ားကိုထိခိုက္မိမည္စိုးေသာေၾကာင့္ အတားအဆီးတစ္ခုကို အရင္ဦးဆုံးျပဳလုပ္ဖန္တီးလိုက္ရတာျဖစ္သည္။ ဤအခ်ိန္သည္ကား သူေသကိုယ္ေသတိုက္ခိုက္ေနသင့္သည့္အခ်ိန္အခါမ်ိဳးမဟုတ္ပါေခ်။ ႐ႊမ္းက်ီးမွာ ေခတၱခဏၾကာသည္အထိ အေတာင့္သားရပ္ေနၿပီးကာမွ ထို႔ေနာက္ စကားတစ္ခြန္းမွမေျပာေတာ့ဘဲ အသင့္စားမုန႔္ထုပ္တစ္ထုပ္ကိုယူကာ တံခါးကိုဖြင့္၍ထြက္သြားလိုက္ေလေတာ့သည္။

ရွန႔္လင္ယြမ္းက ယဥ္ေက်းေဖာ္ေ႐ြစြာပင္ ကိုယ္ကိုတစ္ဖက္သို႔ေစာင္းလွည့္ကာ သူ႕အားလမ္းဖယ္ေပးလိုက္သည္။ ၎တို႔ႏွစ္ဦးသည္ကား တစ္ေယာက္နားမွတစ္ေယာက္ျဖတ္သြားသည့္အခ်ိန္၌ ရွန႔္လင္ယြမ္း၏နက္ရွိုင္းေသာအဓိပၸာယ္မ်ားပါဝင္ေနသည့္အၾကည့္မ်ားမွာ ႐ႊမ္းက်ီး၏ကိုယ္ေပၚသို႔စူးစိုက္စြဲၿမဲစြာက်ေရာက္လို႔လာသည္။ မိစ္ဆာေကာင္ေလး၏အနံ႕အသက္မ်ားက ဓာတ္ေလွကားအတြင္းဝင္ေရာက္ေပ်ာက္ကြယ္သြားေသာအခါမွပင္ ရွန႔္လင္ယြမ္းသည္ကား ေနာက္ဆုံး၌ သူ႕အၿပဳံးမ်ားကို႐ုတ္သိမ္းလိုက္သည္။ သူက လက္တစ္ဖက္ကိုျမႇောက္လိုက္ေသာအခါမွာေတာ့ အနက္ေရာင္ျမဴခိုးတစ္အုပ္က အခန္းတစ္ခုလုံးအျပည့္ပ်ံ့ႏွံ႕သြား၏။ အဆိုပါျမဴခိုးမ်ားမွာ ေသးငယ္ေသာအမွ်င္တန္းမ်ားအျဖစ္ၿပိဳကြဲသြားၾကၿပီးေနာက္ ခုနေလးတင္ သူတို႔ႏွစ္ေယာက္လက္ခ်က္ေၾကာင့္ပ်က္စီးသြားရရွာေသာ ပရိေဘာဂပစၥည္းမ်ားဆီသို႔ပ်ံသန္းသြားေလသည္။ ေၾကမြသြားေသာဖန္ထည္မ်ားႏွင့္ အပိုင္းပိုင္းအစစပဲ့ထြက္သြားေသာသစ္သားမ်ားမွာ အသက္ဝင္လာသည့္ႏွယ္ သူတို႔ဘာသာသူတို႔ အလိုအေလ်ာက္ျပန္လည္တြဲဆက္သြားေလေတာ့သည္။ တခဏအတြင္းမွာပင္ အရာအားလုံးမွာ ယခင္အတိုင္းျပန္ျဖစ္သြားၾကသည္__ဟိုတယ္မွ check out လုပ္ခ်ိန္ေရာက္လာလွ်င္ေတာင္ ထိုကိစၥကို မည္သူမွ သတိထားမိၾကလိမ့္မည္မဟုတ္ပါေခ်။

အနက္ေရာင္ျမဴခိုးမ်ားသည္ကား သူတို႔၏အလုပ္တာဝန္ကိုႀကိဳးႀကိဳးစားစားထမ္းေဆာင္ၿပီး ပရိေဘာဂပစၥည္းမ်ားကိုျပန္လည္ျပဳျပင္ၿပီးသြားခ်ိန္မွာေတာ့ မည္သည့္အခါကမွမတည္ရွိခဲ့သည့္အလား ႐ုတ္ခ်ည္းပင္ေပ်ာက္ကြယ္လြင့္ပါးသြားေလေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ အခန္းအျပင္ဘက္ရွိ ဟိုတယ္အတြင္း၌ အလွဆင္စိုက္ပ်ိဳးထားေသာပန္းအိုးမ်ားအနက္ တစ္ဝက္ေက်ာ္ေလာက္မွာ ခ်က္ခ်င္းဆိုသလို ေျခာက္ေသြ႕ညွိုးေလ်ာ္ကာေသဆုံးသြားၾကၿပီး ပန္းအိုးတစ္အိုးေပၚတြင္နားေနေသာ ေဆာင္းဦးအင္းဆက္ပိုးေကာင္တစ္ေကာင္မွာလည္း ႐ုတ္တရက္တုတ္တုတ္မွမလႈပ္ရွားနိုင္ေတာ့ေပ။ သာယာညင္သာေသာေလျပည္ေလညင္းေလးတစ္ခ်က္အေဝွ႕မွာပင္ သူ႕ခႏၶာကိုယ္မွာ ေျမမႈန႔္မ်ားအျဖစ္ေႂကြက်သြားရွာေတာ့သည္။

ရွန႔္လင္ယြမ္းက သူ႕ပုခုံးစြန္းမ်ားကိုေျဖေလွ်ာ့လိုက္ၿပီး အခန္းတံခါးေပၚသို႔မွီထားလိုက္သည္။ အဆက္မျပတ္တဝီဝီဆူညံေနေသာ အဲကြန္းေလထြက္ေပါက္ကို သူေမာ့ၾကည့္လိုက္ရင္းက ထိုအရာကိုပိတ္ဆို႔ပစ္လိုက္ခ်င္စိတ္မ်ားတဖြားဖြားေပၚေပါက္လို႔လာသည္။

ေနာက္ဆုံးမွာေတာ့ သူ မိစ္ဆာေကာင္ေလး၏မူလဇာစ္ျမစ္ကိုသိရွိသြားခဲ့ၿပီျဖစ္သည္....ေသခ်ာသည္ကေတာ့ ၎မွာ ရႈပ္ယွက္ခတ္ေနေသာျဖစ္စဥ္တစ္ခုျဖစ္ၿပီး ဇာတ္လမ္းမွာ ေျပာရလွ်င္ရွည္ေတာ့ရွည္လ်ားသည္။

သမိုင္းမွတ္တမ္းမ်ားအရ ကိုးျပည္ေထာင္စစ္ပြဲႀကီးအား အစျပဳဖန္တီးခဲ့သူမွာ ဧကရာဇ္ဖ်င္ရွန႔္ကြၽင္းျဖစ္သည္ဟူ၍ေျပာဆိုၾကသည္။

စစ္ပြဲကိုအစျပဳဖန္တီးခဲ့သူတစ္ဦးအေနျဖင့္ ၎မွာ ေနာက္မ်ိဳးဆက္သစ္မ်ားေရးသားထားၾကေသာ ပုံျပင္ဇာတ္လမ္းမ်ားတြင္ အခန္းက႑ႏွစ္ေနရာမွသာပါဝင္ခဲ့ရသည္။ အလိုရမၼက္ႀကီးကာ ရည္မွန္းခ်က္အလြန္အကြၽံႀကီးမားေသာ မေကာင္းဆိုးဝါးတစ္ေကာင္ သို႔တည္းမဟုတ္ မိုးေကာင္းကင္၏အျမင့္ႏွင့္ေျမႀကီး၏အတိမ္အနက္ကိုမသိေသာ အ႐ူးတစ္ေယာက္ဟူ၍ျဖစ္သည္။

သို႔ေသာ္ အမွန္တကယ္တြင္မူ တိုင္းသူျပည္သားမ်ားအား ဒုကၡႏြံေတာအတြင္းသို႔ဦးစိုက္ကြၽမ္းျပန္က်ဆင္းေစခဲ့ေသာ ကာလရွည္ၾကာစြာျဖစ္ပြားခဲ့သည့္စစ္ပြဲႀကီးသည္ကား သာမန္လူသားတစ္ဦးတည္း၏အျပစ္ေၾကာင့္ေတာ့လည္းမဟုတ္ခဲ့ပါေခ်။

ထိုအေၾကာင္းအရာမွာ ေရွးေဟာင္းလွ်ို႔ဝွက္သမိုင္းမွတ္တမ္းမ်ားႏွင့္ဆက္စပ္မႈရွိေနေသာအေၾကာင္းအရာျဖစ္ၿပီး ယေန႕ေခတ္မ်ိဳးဆက္သစ္လူငယ္မ်ားသည္ကား ထိုအရာႏွင့္ပတ္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားကို တစ္လုံးတစ္ပါဒမွ်မသိရွိၾကေတာ့ေပ__

လြန္ခဲ့ေသာႏွစ္ေပါင္း (၃၀၀၀) ခန႔္က ခ်ိယြမ္းကို 'ခ်ိယြမ္း' ဟူ၍ေခၚဆိုျခင္းမရွိၾကပါေခ်။ ထိုေနရာသည္ကား 'နန္မင္ေတာင္ၾကား' ဟုေခၚဆိုေသာေနရာျဖစ္ၿပီး မီးလွ်ံငွက္ဟုေခၚတြင္သည့္ နတ္ငွက္ဘုရားမ်ား ေနထိုင္က်က္စားရာအရပ္ေဒသတစ္ခုျဖစ္ခဲ့သည္။

မီးလွ်ံနတ္ငွက္ဘုရားမ်ားသည္ကား ထူးျခားေသာအဆင့္အတန္းရွိသည့္သတၱဝါတစ္မ်ိဳးျဖစ္သည္။ တစ္ဖက္တြင္ ၎တို႔မွာ မိစ္ဆာမ်ိဳးႏြယ္စုအတြင္း၌ ရိုေသေလးစားစရာေကာင္းေသာမ်ိဳးႏြယ္စုတစ္စုျဖစ္ၿပီး က်န္တစ္ဖက္တြင္မူ ေတာင္ပိုင္းနယ္ေျမေဒသတို႔အား ကာကြယ္ေစာင့္ေရွာက္ေပးေသာ နတ္ဘုရားမ်ားအျဖစ္ လူသားမ်ိဳးႏြယ္စု၏ရိုေသေလးျမတ္စြာကိုးကြယ္ဆည္းကပ္မႈကိုခံရေသာမ်ိဳးႏြယ္စုျဖစ္သည္။

သေဘာတရားက်က်ေျပာရမည္ဆိုလွ်င္ ၎တို႔သည္ကား မိစ္ဆာမ်ိဳးႏြယ္စုဝင္မ်ားျဖစ္ေသာ္လည္း နတ္ဘုရားမ်ားကဲ့သို႔အေလးေပးဆက္ဆံခံရမႈအေပၚတြင္ သေဘာက်ႏွစ္ၿခိဳက္ၾကသူမ်ားျဖစ္သည္။ မီးလွ်ံငွက္မ်ိဳးဆက္မ်ားမွာ ပညာရွိပ႑ိတႀကီးေလးပါးႏွင့္အတူ ဘုံေက်ာင္းမ်ားထဲ၌ပါ ပူေဇာ္ကိုးကြယ္ခံရသူမ်ားျဖစ္ေလသည္။

ပါးစပ္ရာဇဝင္မ်ားအရ နန္မင္ေတာင္ၾကား၏ေအာက္ေျခတြင္ မီးေတာင္ေခ်ာ္ရည္ပူမ်ားရွိၿပီး အပူခ်ိန္မွာအလြန္ျမင့္မားလြန္းသျဖင့္ မီးလွ်ံငွက္မ်ားမွလြဲ၍ အျခားေသာသက္ရွိသတၱဝါမ်ားမွာ ထိုအနားသို႔ပင္မကပ္နိုင္ပါေခ်။ ထိုအရာမွာ ႀကီးမားေသာသဘာဝေခ်ာက္နက္ႀကီးတစ္ခုလိုပင္။ ဤသဘာဝေခ်ာက္နက္ႀကီးသည္ကား လူသားမ်ိဳးႏြယ္စုမ်ားႏွင့္ မိစ္ဆာမ်ိဳးႏြယ္စုမ်ားအား က်င္းဟယ္ျမစ္ေရႏွင့္ေဝ့ဟယ္ျမစ္ေရမ်ားကဲ့သို႔ တိတိပပပိုင္းျခားကန႔္သတ္ေပးထားေသာေနရာေဒသတစ္ခုျဖစ္လို႔ေနသည္။ အေစာပိုင္းတြင္မူ သူတို႔၏ေန႕ရက္မ်ားမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိၾကၿပီး မိမိ၏နယ္ေျမေဒသတြင္သာ ကိုယ္စီကိုယ္ငွေနထိုင္ရွင္သန္ေနၾကတာျဖစ္သည္။

စစ္ပြဲႀကီးျဖစ္ပြားေစခဲ့ေသာ မူလအေၾကာင္းရင္းကိုေျပာရလွ်င္ အမွန္တကယ္တမ္းတြင္မူ သဘာဝေဘးအႏၱရာယ္ကိုသာအျပစ္တင္သင့္တာျဖစ္သည္။

ဖ်င္ယြမ္းစစ္ပြဲႀကီးမျဖစ္ပြားမီအခ်ိန္က နန္မင္ေတာင္ၾကား၌ ျပင္းထန္အားေကာင္းေသာေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေလသည္။ ေျပာစကားမ်ားအရ အဆိုပါေျမငလ်င္သည္ကား နန္မင္ေတာင္ၾကားတစ္ခုလုံးအားတုန္ခါလႈပ္ယမ္းသြားေစၿပီး ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္သြားေစခဲ့သည္။ ေျမာက္ပိုင္းတြင္ရွိေသာ လူသားၿမိဳ႕ေတာ္ႏွင့္ေတာင္ပိုင္းတြင္ရွိေသာ မိစ္ဆာၿမိဳ႕ေတာ္တို႔မွာလည္း ငလ်င္ဒဏ္ကိုျပင္းထန္စြာခံစားခဲ့ရရွာသည္။ ထို႔ေနာက္တြင္မူ ထူးဆန္းေသာျဖစ္ရပ္ဆန္းတစ္ခုက ထပ္ခါတလဲလဲျဖစ္ပ်က္လာေတာ့သည္။ ထိုႏွစ္ေဆာင္းရာသီသို႔ေရာက္ေသာအခါ မိစ္ဆာၿမိဳ႕ေတာ္ရွိ ေရခဲထုမ်ားက ယခင္ႏွစ္မ်ားထက္ ႏွစ္လက္မခန႔္ပိုျမင့္လာခဲ့သည္။ ေနာက္တစ္ႏွစ္ ေလးလပိုင္းတြင္မူ လူသားမ်ား၏နယ္ေျမအတြင္းတြင္ ႐ြက္သစ္ပင္ပ်ိဳ ပန္းမာလာမ်ား ဖူးပြင့္လာခ်ိန္၌ မိစ္ဆာတို႔၏နယ္ေျမတြင္မူ ပင္ေစာက္ပင္မ်ားႏွင့္မိုးမခပင္တို႔မွာ ျမစိမ္းေရာင္ပင္သန္းမလာေသးပါေခ်။

တတိယေျမာက္ႏွစ္တြင္မူ နန္မင္ေတာင္ၾကားရွိ အပူခ်ိန္မွာက်ဆင္းလာၿပီး မိစ္ဆာနယ္ေျမရွိ ဝိညာဥ္စြမ္းအင္မ်ားမွာလည္း အေၾကာင္းျခင္းရာမည္မည္ရရမရွိပါဘဲ အေျမာက္အျမားေလ်ာ့နည္းက်ဆင္းသြားေလေတာ့သည္။

လူသားမ်ားႏွင့္မတူညီသည့္အခ်က္မွာ မိစ္ဆာမ်ားသည္ကား လူသားမ်ားကဲ့သို႔သီးပင္စားပင္မ်ားကိုစိုက္ပ်ိဳးထြန္ယက္ျခင္းျဖင့္အသက္ေမြးနိုင္ၾကတာမ်ိဳးမဟုတ္ၾကျခင္းပင္ျဖစ္သည္။ မိစ္ဆာမ်ိဳးႏြယ္စုမ်ားအဖို႔__အထူးသျဖင့္ ဂုဏ္သိကၡာအဆင့္အတန္းျမင့္မားေသာထိပ္တန္းမိသားစုမ်ားအတြက္ မ်ိဳးဆက္ပြားေရးသည္ကား အၿမဲတေစခက္ခဲေနခဲ့ေသာကိစၥတစ္ခုျဖစ္သည္။ ရာသီဥတုသိသိသာသာေျပာင္းလဲသြားျခင္းႏွင့္ ဝိညာဥ္စြမ္းအင္မ်ားေလ်ာ့နည္းလာျခင္းတို႔ေၾကာင့္ ထိုႏွစ္တြင္ ကေလးေမြးဖြားမႈႏႈန္းမွာ ပိုမိုက်ဆင္းသြားသလို ေမြးဖြားလာသည့္မိစ္ဆာကေလးတစ္ဝက္ေလာက္မွာလည္း အေသေမြးလာျခင္းမ်ားသာျဖစ္ခဲ့ေလသည္။

မထင္မွတ္ထားသည္က နန္မင္ေတာင္ၾကားအတြင္း၌အပူခ်ိန္က်ဆင္းသြားသည္ႏွင့္အမွ် မီးပင္လယ္ႀကီးမွာလည္း ယခင္ကေလာက္ အားေကာင္းေကာင္းျဖင့္ေလာင္ကြၽမ္းေတာက္ေလာင္ေနတာမ်ိဳးမရွိေတာ့ပါေခ်။ မိစ္ဆာမ်ိဳးႏြယ္စုအမ်ားအျပားသည္ကား သူတို႔၏ထူးျခားစြမ္းရည္မ်ားကိုအသုံးခ်ကာ ေခ်ာက္နက္ႀကီးကိုျဖတ္သန္းေက်ာ္လႊားၿပီး အသက္ရွင္သန္နိုင္ေရးအတြက္ လူသားမ်ား၏နယ္ေျမအတြင္းသို႔ေ႐ႊ႕ေျပာင္းက်က္စားေနထိုင္ရန္ႀကိဳးပမ္းလာၾကေလသည္။ လူသားမ်ိဳးႏြယ္စုမွာလည္း တူညီေသာျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရသည္သာျဖစ္သည္။ ၎တို႔သည္ကား ဝိညာဥ္စြမ္းအင္မ်ားကိုမလိုအပ္သည့္တိုင္ စားရန္ေသာက္ရန္အတြက္ေတာ့လိုအပ္ေနတာပဲျဖစ္သည္။ ႀကီးမားေသာရာသီဥတုအေျပာင္းအလဲေၾကာင့္ ေကာက္ပဲသီးႏွံမ်ားျဖစ္ထြန္းေအာင္ျမင္ျခင္းမရွိသည့္အတြက္ မလႊဲမေရွာင္သာပင္ အငတ္ေဘးဆိုက္လာရေတာ့သည္။

အစာေရစာေပါႂကြယ္ဝၿပီး အဆင္ေျပေခ်ာေမြ႕စြာေနထိုင္နိုင္သည့္အခ်ိန္တြင္မူ အျပင္ဘက္မွေရာက္ရွိလာေသာဧည့္သည္တစ္ဦးသည္ကား အေဝးတစ္ေနရာမွေရာက္လာေသာမိတ္ေဆြတစ္ဦးကဲ့သို႔ပင္ျဖစ္သည္။ သို႔ေသာ္ အားလုံး၏အိုးထဲတြင္စားစရာမရွိေတာ့သည့္အခ်ိန္တြင္မူ အျပင္မွလာသူမ်ားသည္ကား အလိုအေလ်ာက္ပင္ မဖိတ္ေခၚဘဲေရာက္လာေသာဧည့္သည္မ်ားျဖစ္သြားၾကေလေတာ့သည္။ လူသားမ်ိဳးႏြယ္စုႏွင့္ မိစ္ဆာမ်ိဳးႏြယ္စုဟူသည္ကား ေျပာစရာမလိုေလာက္ေအာင္ပင္ကြဲျပားျခားနားၾကသူမ်ားျဖစ္သည့္အျပင္ ႏွစ္ရာေပါင္းေထာင္ေပါင္းမ်ားစြာၾကာသည္အထိ ပထဝီအေနအထားအရ တသီးတျခားစီေနထိုင္ခဲ့ၾကသူမ်ားျဖစ္သလို စိတ္သေဘာထားခ်င္းလည္းတိုက္ဆိုင္မႈမရွိၾကပါေခ်။ သို႔ျဖစ္ရာ ပဋိပကၡမ်ားျဖစ္ပြားလာေတာ့မည့္အရိပ္အေယာင္မ်ားကိုျမင္ေတြ႕ေနရၿပီျဖစ္သည္။

ႏွစ္ဦးႏွစ္ဖက္အလယ္တြင္ၾကားညပ္ေနရွာေသာ နန္မင္ေတာင္ၾကားရွိ မီးလွ်ံနတ္ငွက္ဘုရားမ်ိဳးႏြယ္စုမွာလည္း ေဘးၾကပ္နံၾကပ္အေျခအေနသို႔ေရာက္ရွိသြားေလေတာ့သည္။

မီးလွ်ံငွက္မ်ား၏ေခါင္းေဆာင္ျဖစ္သူခမ်ာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနရွာ၏။ ေန႕စဥ္ႏွင့္အမွ် တိုက္ပြဲငယ္ေလးမ်ား မၾကာခဏျဖစ္ပြားေနသည္ကိုေတြ႕ျမင္လာရေသာအခါ ၎မွာ မည္သို႔မွ်မတတ္သာေတာ့ဘဲ စစ္ပြဲႀကီးတစ္ပြဲအသြင္အျဖစ္ေျပာင္းလဲမသြားေစရန္အလို႔ငွာ မ်ိဳးႏြယ္စု၏ လီမီးေတာက္မ်ားကိုစြန႔္စားထုတ္ယူလိုက္ၿပီး နန္မင္ေတာင္ၾကားတစ္ခုလုံးအား မရမကမီးေလာင္တိုက္သြင္းလိုက္ရင္း လူသားမ်ားႏွင့္မိစ္ဆာမ်ားကို ကန႔္သတ္ပိုင္းျခားေပးလိုက္ေလေတာ့သည္။

ထိုအခ်ိန္မွာပင္ ေအာင္ျမင္မႈကိုငတ္မြတ္ေတာင့္တေနေသာ ေထာင္လႊားဝင့္ႂကြားေနသည့္ ဧကရာဇ္ဖ်င္သည္ကား ဘာရယ္ေၾကာင့္မွန္းမသိ ႐ူးႏွမ္းမိုက္မဲေသာလုပ္ရပ္တစ္ခုကိုျပဳလုပ္ခဲ့ေလသည္။ ထိုလုပ္ရပ္ေၾကာင့္ပင္ ေနာက္ပိုင္းမ်ိဳးဆက္သစ္လူငယ္မ်ားသည္ကား ကိုးျပည္ေထာင္စစ္ပြဲႀကီးျဖစ္ပြားခဲ့ရျခင္း၏အျပစ္မ်ားကို သူ႕ေခါင္းေပၚသို႔ပုံခ်ခဲ့ၾကတာျဖစ္သည္__၎သည္ကား လူသားက်င့္ႀကံသူမ်ားျဖင့္ဖြဲ႕စည္းထားေသာ 'ၿငိမ္ဝပ္ပိျပားေစမည့္တပ္ဖြဲ႕' ကိုဖြဲ႕စည္းတည္ေထာင္လိုက္ၿပီး နန္မင္ေတာင္ၾကားကိုျဖတ္သန္းကာ လူသားနယ္ေျမအတြင္းသို႔ ခိုးဝင္လာေသာမိစ္ဆာမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ေခ်မႈန္းေစခဲ့သည္။ အျပန္လမ္းမွာလည္း ပိတ္ဆို႔သြားေသာေၾကာင့္ ေနာက္ျပန္လွည့္ေျပးစရာေျမလည္းမရွိျဖစ္ေနရွာသည့္ အႏွီမိစ္ဆာမ်ားအား ၎က အင္အားအလုံးအရင္းျဖင့္ ေနာက္မွလိုက္လံတိုက္ခိုက္ကာ အစုလိုက္အၿပဳံလိုက္သုတ္သင္ေခ်မႈန္းခဲ့သည့္အျပင္ 'ဤနယ္ေျမအတြင္းသို႔ ေျခတစ္လွမ္းက်ဴးေက်ာ္လာေသာ မိစ္ဆာမွန္သမွ် သုတ္သင္သတ္ျဖတ္ျခင္းခံရမည္' ဟူသည့္စကားတစ္ခြန္းကိုပါ ျဖန႔္ေဝလိုက္ျပန္ေသးသည္။

ဤျဖစ္ရပ္က မိစ္ဆာဘုရင္ႀကီးအား ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္သြားေစေတာ့သည္။ မိစ္ဆာၿမိဳ႕ေတာ္တစ္ခုလုံးသည္ကား ေဒါသမာန္ဟုန္ထႂကြလာၾကၿပီး (၈၁) ဖြဲ႕ေသာ မိစ္ဆာအုပ္စုမ်ားမွာလည္း စစ္ေသြးစစ္မာန္မ်ားထႂကြလာကာ စစ္ေရးတျပင္ျပင္ျဖစ္လာၾကေလသည္။

မီးလွ်ံငွက္မ်ားသည္ကား ဆုေတာင္းပြဲမ်ားႏွင့္အေမႊးတိုင္မ်ားအၾကားတြင္ေနထိုင္ရသည္ကိုက်င့္သားရေနၾကၿပီျဖစ္ေလရာ ၎တို႔မွာ သူတို႔ကိုယ္သူတို႔ အမွန္တကယ္ကိုပင္ နတ္ဘုရားအလား အထင္ေမွာက္မွားသြားခဲ့ၾကတာျဖစ္သည္။ ထိုအေျခအေနမ်ိဳးေရာက္ေနတာေတာင္မွပင္ သူတို႔ကိုယ္သူတို႔ လူသားမ်ိဳးႏြယ္ႏွင့္မိစ္ဆာမ်ိဳးႏြယ္စုတို႔ၾကား၌ ၾကားဝင္ျဖန္ေျဖေပးနိုင္စြမ္းရွိၿပီး စစ္ပြဲကိုတားဆီးေပးနိုင္သူမ်ားျဖစ္သည္ဟု အထင္ေရာက္ေနသည့္အတြက္ လမ္းဖယ္ေပးျခင္းမျပဳၾကပါေခ်။

ထိုအခ်ိန္တုန္းက မိစ္ဆာဘုရင္ျဖစ္သူသည္ကား အလြန္တရာရက္စက္ဆိုးသြမ္းသူတစ္ဦးျဖစ္ၿပီး အေျခခံသေဘာတရားမ်ားကိုနားမလည္၊ နတ္ဘုရားမ်ားကိုမယုံၾကည္ေသာ ဘာသာမဲ့တစ္ေယာက္ျဖစ္သည္__ အႏွီ 'နတ္ဘုရား' မ်ားက နန္မင္ေတာင္ၾကားကိုျဖတ္သန္းသြားလာခြင့္မျပဳဘဲ လမ္းကိုတားဆီးပိတ္ဆို႔ထားၾကသည္။ သို႔ျဖစ္ရာ ၎မွာ လက္နက္ခ်အညံ့ခံခ်င္ေယာင္ေဆာင္လိုက္ၿပီး နတ္ဘုရားမ်ားထံသို႔လာေရာက္ဂါရဝျပဳဟန္ေဆာင္ၿပီးေနာက္ မီးလွ်ံငွက္မ်ိဳးႏြယ္စုတစ္စုလုံးအား ေထာင္ေခ်ာက္ဆင္ကာ အျမစ္ျပတ္သုတ္သင္ေခ်မႈန္းပစ္ခဲ့ေလေတာ့သည္။ ေနာက္ပိုင္းတြင္ ထိုျဖစ္ရပ္မွာ 'နတ္ဘုရားမ်ားအား သုတ္သင္ေခ်မႈန္းျခင္း တိုက္ပြဲ' ဟူ၍အမည္တြင္ခဲ့သည္။

အထြတ္အျမတ္ထားရွိရာ ဘုရားေက်ာင္းေဆာင္မ်ားၿပိဳက်ပ်က္စီးသြားျခင္းႏွင့္အတူ နယ္ေျမေဒသမ်ားအတြင္းသို႔ ဆူပူရမ္းကားစြာဝင္ေရာက္လာေသာ မေကာင္းဆိုးဝါးမိစ္ဆာမ်ားေၾကာင့္ ပဋိပကၡမ်ားျဖစ္ပြားေသာ ေခတ္တစ္ေခတ္အစပ်ိဳးေပၚေပါက္လာခဲ့ေလေတာ့သည္။

ထိုေန႕တြင္ နတ္မီးလွ်ံငွက္မ်ား၏ေသြးမ်ားမွာ နန္မင္ေတာင္ၾကားတစ္ခုလုံးအႏွံ႕စြန္းထင္းေပက်ံသြားၾကၿပီး မိစ္ဆာဘုရင္သည္ကား ခ်ိယြမ္း၏အင္အားကိုဆုပ္ကိုင္နိုင္ခဲ့ကာ မိစ္ဆာစစ္တပ္မွာလည္း ေခ်ာက္နက္ႀကီးကိုျဖတ္သန္းသြားလာၿပီးေနာက္ ပထမဆုံး 'ဖ်င္ယြမ္း' စစ္ပြဲႀကီးကိုေအာင္နိုင္သြားခဲ့ၾကေလသည္။ ထိုစစ္ပြဲအတြင္း ဧကရာဇ္ဖ်င္အပါအဝင္ သိန္းႏွင့္ခ်ီေသာ လူသားမ်ားႏွင့္ မိစ္ဆာေပါင္းေျမာက္ျမားစြာေသဆုံးခဲ့ၾကရသည္။ ထိုအခ်ိန္မွစ၍ နန္မင္ေတာင္ၾကားသည္ကား ကမၻာေလာကႀကီးေပၚရွိ ငရဲဘုံတစ္ခုျဖစ္သြားခဲ့ၿပီး 'ခ်ိယြမ္း' ဟူ၍ေျပာင္းလဲအမည္တြင္ခဲ့ေလေတာ့သည္။

မိစ္ဆာဘုရင္ေသဆုံးသြားခဲ့ၿပီးေနာက္ စစ္ပြဲႀကီးအဆုံးသတ္သြားသည့္တိုင္ေအာင္ ခ်ိယြမ္းရွိမီးေတာက္မ်ားသည္ကား အမ်က္မာန္ဟုန္ျပင္းျပစြာတဟုန္းဟုန္းေတာက္ေလာင္ေနဆဲျဖစ္ေလသည္။

ခ်ိယြမ္းမွာ နတ္ငွက္မ်ိဳးဆက္မ်ား၏ကာကြယ္ေစာင့္ေရွာက္မႈေအာက္တြင္ အၿမဲတေစရွိေနခဲ့တာျဖစ္သည္။ ဒ႑ာရီလာစကားမ်ားအရ ခ်ိယြမ္းေျမျပင္ထက္ရွိ မီးေတာက္မ်ားမွာ မိစ္ဆာစြမ္းအင္ဓာတ္မ်ား၏မူလရင္းျမစ္ျဖစ္သည္ဟူ၍ေျပာၾကသည္။ ခ်ိယြမ္းကိုအုပ္စိုးနိုင္သူ မည္သူမဆို မိစ္ဆာအားလုံးကို အမိန႔္ေပးထိန္းခ်ဳပ္နိုင္စြမ္းရရွိမည္ျဖစ္သည္။ အကယ္၍ ခ်ိယြမ္းကိုထိန္းသိမ္းေစာင့္ေရွာက္မည့္သူမရွိပါက မီးေတာက္မ်ားႏွင့္မိစ္ဆာစြမ္းအင္မ်ားမွာ သက္ရွိသတၱဝါမ်ား၏ကိုယ္ေပၚသို႔ပ်ံ့ႏွံ႕ဝင္ေရာက္သြားၾကမည္ျဖစ္သည္။ ေမြးကတည္းက ဒြါရခုနစ္ေပါက္လုံး အလိုအေလ်ာက္ပိတ္ဆို႔ခံထားရေသာ သာမန္လူသားမ်ားမွလြဲ၍ က်န္ေသာမ်ိဳးႏြယ္စုမ်ားအားလုံးမွာ မိစ္ဆာစြမ္းအင္မ်ား၏သက္ေရာက္မႈကိုခံစားရမည္ျဖစ္ၿပီး စစ္မီးေတာက္မ်ားမွာလည္း ေနာက္တစ္ႀကိမ္ျပန္လည္ေတာက္ေလာင္သြားေပလိမ့္မည္__အဆိုပါစကားမ်ားသည္ကား အမွန္တကယ္ေလလား၊ အလိမ္အညာစကားမ်ားလားဆိုတာကို ဧကရာဇ္ဝူသည္လည္း အေသအခ်ာတပ္အပ္မေျပာနိုင္ပါေခ်။ ေရွးယခင္ကာလမ်ားမွအစျပဳ၍ သက္ရွိသတၱဝါတစ္ေယာက္သည္ကား ဆိုးယုတ္ေသာလုပ္ရပ္တစ္ခုကိုျပဳလုပ္ခဲ့သည့္အခ်ိန္တိုင္းတြင္ မိမိတို႔အားကာကြယ္ေစာင့္ေရွာက္မႈမေပးေသာ နတ္ဘုရားမ်ားအေပၚသို႔အျပစ္တင္လွ်င္တင္၊ သို႔တည္းမဟုတ္ လူသားတို႔၏စိတ္ႏွလုံးအား ဖ်ားေယာင္းလွည့္စားတတ္ေသာ မေကာင္းဆိုးဝါးမိစ္ဆာမ်ားအေပၚအျပစ္တင္တတ္ၾကစၿမဲသာျဖစ္သည္။

သို႔ေပသိ ခ်ိယြမ္းသည္ကား လူသားမ်ိဳးႏြယ္စုမွလြဲ၍ အျခားေသာမ်ိဳးႏြယ္စုမ်ား၏တိုက္ခိုက္မႈစြမ္းရည္မ်ားကို ထပ္ေလာင္းအားျဖည့္ေပးနိုင္စြမ္းရွိသည္ကေတာ့ အမွန္တကယ္ပင္ျဖစ္သည္။ ထို႔ေၾကာင့္လည္း မိစ္ဆာဘုရင္က ခ်ိယြမ္းကိုသိမ္းပိုက္လိုက္ခ်ိန္၌ လူသားမ်ားမွာ သူ႕ကိုမည္သို႔မွျပန္လည္တြန္းလွန္တိုက္ခိုက္နိုင္စြမ္းမရွိခဲ့တာျဖစ္သည္။

လူသားမ်ိဳးႏြယ္စုသည္ကား ေကာင္းကင္ႏွင့္ေျမႀကီး၊ ေတာင္တန္းႏွင့္ျမစ္ေခ်ာင္းမ်ား၏ မ်က္ႏွာသာေပးမႈကိုမခံရပါမူ မည္ကဲ့သို႔လုပ္ရပါမည္နည္း?

လူသားဧကရာဇ္တစ္ပါးျဖစ္ေသာ ရွန႔္လင္ယြမ္းတစ္ေယာက္လုပ္နိုင္သမွ်အရာအားလုံးသည္ကား ေတာင္ကိုၿဖိဳခြဲလိုက္ၿပီး ပင္လယ္ကိုေက်ာက္စရစ္ခဲမ်ားအျပည့္ျဖည့္လိုက္ျခင္းသာျဖစ္သည္__ ၎သည္ကား စစ္ပြဲႀကီးကိုအဆုံးသတ္ေပးခဲ့ၿပီးသည့္ေနာက္တြင္မူ ခ်ိယြမ္းရွိမီးေတာက္မ်ားကိုျငႇိမ္းသက္ရန္အလို႔ငွာ နတ္မီးလွ်ံငွက္မ်ား၏ဘိုးေဘးဘီဘင္အုတ္ဂူမ်ားကို တူးေဖာ္ကာ ခ်ိယြမ္းမီးေတာက္ထဲတြင္ေတာင္ ေလာင္ကြၽမ္းသြားျခင္းမရွိသည့္ အရိုးမ်ားကိုျပန္လည္ထုတ္ယူလိုက္ၿပီး ဘာသာေရးအရဆန႔္က်င္တားျမစ္ထားေသာ လွ်ို႔ဝွက္ေမွာ္အတတ္နည္းလမ္းမ်ားကိုအသုံးျပဳကာ ထိုအရိုးမ်ားအား 'မီးခ်ိပ္တံဆိပ္' (၃၆) ခုအျဖစ္ထြင္းထုလိုက္ၿပီးေသာ္ ခ်ိယြမ္းအတြင္း၌ထားရွိခဲ့ေလသည္။
နတ္ငွက္ဘုရားမ်ား၏အရိုးမ်ားျဖင့္ျပဳလုပ္ထားေသာ မီးခ်ိပ္တံဆိပ္မ်ားကို ကမၻာေျမႀကီး၏အလယ္ဗဟိုတြင္ျမႇုပ္ႏွံထားခဲ့ၿပီး ေထာင္စုႏွစ္ေပါင္းမ်ားစြာၾကာေညာင္းလာေသာအခါတြင္မူ အဆိုပါပစၥည္းမ်ားသည္ကား ျဖည္းျဖည္းခ်င္း အသက္ဝိညာဥ္ျဖစ္တည္လာၾကေလေတာ့သည္။

မိစ္ဆာေကာင္ေလးသည္ကား မီးခ်ိပ္တံဆိပ္မ်ားအတြင္းမွ ေမြးဖြားလာခဲ့ေသာ ဝိညာဥ္တစ္ခုျဖစ္ရမည္။

မီးခ်ိပ္တံဆိပ္ေပါင္း (၃၆) ခုရွိသည့္အတြက္ 'မီးအေစာင့္အေရွာက္' မ်ားမွာလည္း စုစုေပါင္း (၃၆)ေယာက္ရွိၾကသည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀၀၀ အတြင္း ခ်ိယြမ္းအတြင္း၌ မၿငိမ္မသက္မႈမ်ားျဖစ္ေပၚလာသည့္အခ်ိန္တိုင္း ထိုျဖစ္ရပ္မ်ားကိုထိန္းသိမ္းနိုင္ရန္အလို႔ငွာ မီးခ်ိပ္တံဆိပ္တစ္ခုသည္ကား အစိတ္စိတ္အႁမႊာႁမႊာေၾကမြပ်က္စီးသြားရရွာသည္။ အကယ္၍ သူတို႔ကို 'မ်ိဳးႏြယ္စု' တစ္ခုဟုသတ္မွတ္ယူဆမည္ဆိုပါက.....

သို႔ျဖစ္ပါလွ်င္ မီးအေစာင့္အေရွာက္မ်ိဳးႏြယ္စုသည္ကား သူ႕လက္ျဖင့္ကိုယ္တိုင္ကိုယ္က်ဖန္တီးထားခဲ့ေသာ စေတးခံယဇ္ေကာင္မ်ားအျဖစ္ 'ေမြးဖြား' လာခဲ့ရသူမ်ားျဖစ္ၾကေလသည္။

သို႔ျဖစ္ရာ မိမိေသဆုံးၿပီးသည့္ေနာက္တြင္ေတာင္မွ သူ႕ကိုေအးေအးခ်မ္းခ်မ္းအိပ္စက္အနားယူခြင့္မေပးတာကလည္း ထူးေတာ့မထူးဆန္းလွပါေခ်။ ၎တို႔သည္ကား အေႂကြးလာေတာင္းသူမ်ားပင္တည္း။

ရွန႔္လင္ယြမ္းမွာ ေမြးကတည္းမွ ကံဆိုးမိုးေမွာင္က်ခဲ့ရသူတစ္ဦးျဖစ္ေလရာ ကိစၥမ်ားက သူေမွ်ာ္မွန္းထားသည့္အတိုင္းျဖစ္မလာခဲ့ျခင္းအေပၚတြင္က်င့္သားရေနခဲ့ၿပီျဖစ္သည္။ အႏွီ 'အေႂကြးေတာင္းသူေလးမ်ား' ကို အေလးမထားေတာ့႐ုံသာမက သူ၏႐ုပ္အေလာင္းကိုပါ မထီမဲ့ျမင္မခန႔္ေလးစားျပဳမူၾကသည့္အေပၚတြင္လည္း ေရးႀကီးခြင္က်ယ္လုပ္မေနေတာ့ပါေခ်။ သူက မဆိုစေလာက္ ရယ္ရခက္ငိုရခက္ျဖစ္သြား႐ုံသာ။

သူၿပဳံးလိုက္ခ်ိန္မွာပင္ ဘယ္ေနရာကဘာျဖစ္သြားသည္လဲမသိ၊ သူ႕ရင္ဘတ္အတြင္း၌ စူးရွထက္ျမေသာနာက်င္မႈေဝဒနာတစ္ခုက တရွိန္ထိုးဆန္တက္လာသည္ကိုခံစားလိုက္ရေလေတာ့သည္။ သူ႕ခႏၶာကိုယ္ထဲတြင္ ျပင္ပမွပစၥည္းတစ္ခု နစ္ဝင္ေနသေယာင္၊ ထိုပစၥည္းမွာ သူ၏အေသြးအသားထဲသို႔ ေပ်ာ္ဝင္သြားျခင္းမရွိသလို အျပင္သို႔ဆြဲထုတ္ယူလို႔လည္းမရနိုင္ဘဲျဖစ္လို႔ေနသည္။

ဘာမ်ားပါလိမ့္?

ရွန႔္လင္ယြမ္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ၏လက္ေခ်ာင္းငါးေခ်ာင္းလုံးကို ရင္ဘတ္ေပၚသို႔ဖိႏွိပ္လိုက္ကာ အသားထဲသို႔ထိုးစိုက္လိုက္သည္။ သူက ခံစားခ်က္မရွိသူတစ္ေယာက္ႏွယ္ သူ၏ႏွလုံးအိမ္တဝိုက္ကိုထိုးႏွိုက္လွန္ေလွာရွာေဖြပါေသာ္လည္း မည္သည့္အရာကိုမွလက္ဆုပ္လက္ကိုင္ဖမ္းယူနိုင္ျခင္းမရွိခဲ့ပါေခ်။

သူက ထိုအရာမွာမည္သည့္အရာျဖစ္ေၾကာင္းကို သိသလိုလိုရွိေသာ္ျငား မ်က္ေမွာင္ၾကဳတ္ထားရင္း တခဏမွ်ၾကာေအာင္အျပန္ျပန္အလွန္လွန္စဥ္းစားေတြးေတာလိုက္ေစကာမူ မမွတ္မိနိုင္ေသးဘဲျဖစ္လို႔ေနသည္။

"ငါ တကယ္ အသက္ႀကီးလာၿပီပဲ"

ပိရွက သက္ျပင္းဖြဖြခ်လိဳက္ကာ သူ၏နားထင္ကို ျဖည္းျဖည္းခ်င္းႏွိပ္နယ္လိုက္သည္။

"မွတ္ဉာဏ္ကလည္း အေတာ္မေကာင္းရွာေတာ့ဘူးပဲ.......မေကာင္းဘူး!"

သူက ႐ုတ္တရက္ တစ္စုံတစ္ခုကိုအမွတ္ရသြားၿပီးေနာက္ ဆတ္ခနဲေခါင္းေမာ့ၾကည့္လိုက္ေလသည္။

႐ႊမ္းက်ီးတစ္ေယာက္ ေအာက္ထပ္သို႔ဆင္းလာၿပီး သူ႕အတြက္ ေနာက္ထပ္အခန္းတစ္ခန္းငွားရမ္းရန္ေစာင့္ဆိုင္းေနခိုက္မွာပင္ အေပါက္ဝသို႔ထြက္လာကာ စီးကရက္တစ္လိပ္ကိုမီးညွိလိုက္သည္။

သူ အနည္းငယ္ ပ်ိဳ႕ခ်င္အန္ခ်င္သလိုျဖစ္ေနသည္။ ျဖစ္နိုင္တာက သူ႕ဦးႏွောက္တစ္ခုလုံး ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္သြားခဲ့ရသည့္ ေနာက္ဆက္တြဲအက်ိဳးဆက္ေၾကာင့္ျဖစ္နိုင္သည္။ ထိုအခိုက္မွာပင္ သူ၏စိတ္အာ႐ုံအတြင္း၌ ပုံရိပ္ေပါင္းမ်ားစြာ မရပ္မနားျဖတ္သန္းေျပးလႊားလာၾကသည္__ေသြးပင္လယ္ျမစ္ေခ်ာင္းမ်ားႏွင့္ ေတာင္ပုံရာပုံျဖစ္ေနေသာအေလာင္းမ်ား၊ အပ်က္အစီးပုံမ်ားမဟုတ္လွ်င္ မီးေလာင္ျပင္မ်ား.....အဆိုပါမွတ္ဉာဏ္အပိုင္းအစမ်ားကို သူ မည္သည့္႐ုပ္ရွင္ဇာတ္ကားထဲမွေတြ႕ျမင္လာခဲ့တာမွန္းမသိ။

သူက နားထင္ေၾကာမ်ားကိုပြတ္သပ္လိုက္ရင္း ေအးစိမ့္ေသာညဉ့္ေလျပည္ညင္းထဲတြင္ မီးခိုးေငြ႕ရွည္ရွည္တစ္လိပ္ကို မႈတ္ထုတ္လိုက္သည္။

ရွန႔္လင္ယြမ္းတစ္ေယာက္ အားေလာ့က်င္းေပၚသို႔ ခ်ိပ္တံဆိပ္ခတ္ႏွိပ္လိုက္ခ်ိန္၌ ႐ႊမ္းက်ီးေျပာခ်င္ခဲ့ေသာစကားတစ္ခြန္းရွိသည္။ ဒ႑ာရီစကားမ်ားအရ လူသား-မိစ္ဆာဟူသည္ သာမန္အားျဖင့္မေသဆုံးနိုင္၊ စိတ္ခ်ရသည့္အေကာင္းဆုံးနည္းလမ္းကေတာ့ သူ၏ခႏၶာကိုယ္ကို လုံးလုံးလ်ားလ်ားဖ်က္ဆီးပစ္လိုက္ျခင္းသာျဖစ္သည္။ သို႔ေသာ္ ေခါင္းတလားအဖုံးကိုပိတ္ေနခ်ိန္၌ ပါးစပ္အတြင္းမွေသြးတစ္ပြက္အန္ထြက္လာခဲ့ေသာ ရွန႔္လင္ယြမ္းအားၾကည့္ေနရင္း ႐ႊမ္းက်ီးမွာထိုစကားကိုမည္သို႔မွေျပာမထြက္ခဲ့ပါေခ်။

သမိုင္းမွတ္တမ္းထဲရွိ လူသားဧကရာဇ္အေပၚထားရွိေသာ သူ၏ဘက္လိုက္မႈက အေတာ္ေလးကိုအားေကာင္းပုံရသည္။ ထိုသူ႕အေပၚတြင္ က်ိဳးေၾကာင္းသင့္ေလ်ာ္မႈမရွိေသာ ေမွ်ာ္လင့္ခ်က္မ်ားထားမိသည္အထိပင္။

တကယ္တမ္းတြင္မူ ေခါင္းေအးေအးထားၿပီးစဥ္းစားၾကည့္မည္ဆိုပါက ေဆာင္းဦးအလီလီၾကာေညာင္းတည္တံ့ခဲ့ေသာ ေအာင္ျမင္မႈစြမ္းေဆာင္ခ်က္မ်ားႏွင့္ မိမိအလိုရွိသည့္အရာကို တရားသျဖင့္ေရာ မတရားသျဖင့္ပါ နည္းလမ္းေပါင္းစုံသုံးကာရယူခဲ့ေသာကိစၥႏွစ္ရပ္သည္ကား ဝိေရာဓိျဖစ္ေနစရာကိစၥမ်ားမဟုတ္ၾကပါေခ်။

အခ်ိဳ႕လူမ်ားအဖို႔ ေဆြမရွိမ်ိဳးမရွိ၊ မိတ္ေဆြအေပါင္းအသင္းမရွိဘဲ အထီးက်န္တစ္ေကာင္ႂကြက္ဘဝျဖင့္ေနထိုင္ရျခင္းသည္ကား ဝမ္းနည္းေၾကကြဲစရာေကာင္းေသာကံတရားေၾကာင့္ျဖစ္သည္။ သို႔ေသာ္ အခ်ိဳ႕လူမ်ားမွာေတာ့ ထိုကဲ့သို႔ခံစားရရန္ထိုက္တန္သူမ်ားျဖစ္ၾကသည္။ ရွန႔္လင္ယြမ္းကဲ့သို႔ ေသာက္က်ိဳးနည္းေကာင္တစ္ေကာင္အတြက္မူ ၎သည္ကား လူသားမ်ား၏ကိုးကြယ္ပူေဇာ္ပသမႈကို ေပ်ာ္႐ႊင္စြာခံယူရင္း သမိုင္းစာအုပ္မ်ားထဲတြင္သာ ေနထိုင္သင့္ေသာလူစားမ်ိဳးျဖစ္သည္။ ကမၻာေလာကႀကီးအတြင္းသို႔ မိတ္ျဖစ္ေဆြျဖစ္ယဥ္ေက်းမႈအလည္အပတ္ခရီးစဥ္ထြက္လာၿပီး လူ႕ဘုံခန္းဝါအတြင္းသို႔သက္ဆင္းဝင္ေရာက္လာစရာလုံးဝမလိုအပ္ပါေခ်။

႐ႊမ္းက်ီးမွာ စိတ္ပိုင္းဆိုင္ရာအားျဖင့္ အလြန္တရာတည္ၿငိမ္ေသာလူစားမ်ိဳးျဖစ္ၿပီး တစ္စုံတစ္ခုအေပၚတြင္ အလြန္အမင္းအစြဲအလမ္းႀကီးတတ္သူမဟုတ္ေပ။ ျပႆနာတစ္ခုခုႏွင့္ႀကဳံေတြ႕လာရခ်ိန္တြင္ ၎မွာ ပထမဆုံးအေနျဖင့္ အေျဖကိုရွာရန္ႀကိဳးစားေပလိမ့္မည္။ အကယ္၍ ေျဖရွင္းလို႔မရေသာ ျပႆနာမ်ိဳးျဖစ္ေနသည္ဆိုပါက ၎မွာ သူ၏ကိုယ္ပိုင္စိတ္သေဘာထားအျမင္ကိုအေျဖထုတ္ရန္ႀကိဳးစားမည္ျဖစ္သည္__ေျပာရလွ်င္ သက္ေတာင့္သက္သာရွိေသာအေနအထားတစ္ခုကိုရွာေဖြလိုက္ကာ ပက္လက္လွန္လဲေလ်ာင္းလိုက္ၿပီး ထိုကိစၥကိုလက္ခံလိုက္မည္သာျဖစ္သည္။

မိမိသည္ကား မိုးေလာက္ႀကီးေသာေပ်ာ္႐ႊင္ဝမ္းေျမာက္စရာသတင္းမ်ားကိုၾကားရေသာအခါတြင္ အလြန္အမင္းအူျမဴးေပ်ာ္႐ႊင္သြားတာမ်ိဳးမရွိသလို ေဒါသထြက္စရာေကာင္းေသာကိစၥမ်ားႏွင့္ေတြ႕ႀကဳံလာရလွ်င္လည္း စီးကရက္ေလးတစ္လိပ္ေသာက္လိုက္႐ုံျဖင့္ပင္ ထိုအရာမ်ားကိုေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားမည္သာျဖစ္သည္။

သို႔ေသာ္ ယေန႕တြင္မူ ဘာရယ္ေၾကာင့္မွန္းမသိဘဲ စီးကရက္ေသာက္ေလေလ ပို၍ဂဏာမၿငိမ္ျဖစ္လာေလျဖစ္ေနေတာ့သည္။ သူ႕နားထဲတြင္လည္း တဝီဝီျမည္သံမ်ားက တစတစပို၍ေတာင္က်ယ္ေလာင္လာေန၏။ ကတၱရာေစးႏွင့္နီကိုတင္းဓာတ္တို႔က အမွန္တကယ္ကိုပင္ အဆိပ္ရွိေသာဓာတုပစၥည္းမ်ားျဖစ္ၾကသည္။ သူ၏ေလႁပြန္အတြင္းသို႔ ေခတၱခဏျဖတ္သန္းသြားခ်ိန္မွာပင္ ၎မွာ ႐ုတ္တရက္ အသက္ရႉၾကပ္သလိုခံစားလိုက္ရရွာသည္။ သူ႕မ်က္စိေရွ႕ေမွာက္ရွိကမၻာေလာကႀကီးမွာ မႈန္ရီေဝဝါးလာၿပီး ထိုသို႔ေတြေဝမိန္းေမာေနစဥ္မွာပင္ ပုံရိပ္ေယာင္တစ္ခုကိုျမင္ေတြ႕လိုက္ရသလို ခံစားလိုက္ရသည္။ မိမိသည္ကား မီးပင္လယ္၏အလယ္ဗဟိုအတြင္းရပ္ေနရင္း ခ်ိယြမ္းရွိယဇ္ပလႅင္ဆီသို႔ မ်က္ႏွာမူလ်က္ရပ္ေနတာျဖစ္သည္။ ပါးလ်ေသာေသြးတစ္လႊာက သူ၏ျမင္ကြင္းကိုထပ္ဆင့္ကာဆီးထားေနသျဖင့္ ၎မွာ မီးေတာက္မီးလွ်ံမ်ား၏အျပင္ဘက္အနားသတ္မ်ားကိုသာလွ်င္ျမင္ေတြ႕ေနရသည္။ ဓား (၁) ႏွင့္ အျခားေသာလက္နက္ဝိညာဥ္မ်ားက စိုးရိမ္ထိတ္လန႔္တႀကီးျဖင့္ သူ႕အား တစ္ခုခုကိုလွမ္းေအာ္ေျပာေနၾကသည္။

၎မွာ သူတို႔ဘာေတြေျပာေနသလဲဆိုတာကိုမၾကားသလို ၾကားေအာင္လည္းမႀကိဳးစားခဲ့ပါေခ်။ သူက ရည္႐ြယ္ခ်က္ရွိရွိျဖင့္ သူ၏သက္ေစာင့္ဓားကို ေက်ာရိုးအတြင္းမွ ဂ႐ုတစိုက္ဆြဲထုတ္ယူလိုက္သည္__အဆိုပါဓားသည္ကား သူ၏သေဘာဆႏၵအတိုင္း စိတ္ႀကိဳက္အထုတ္အသြင္းျပဳလုပ္လို႔ရေသာဓားတစ္လက္ျဖစ္ၿပီး ထိုဓားကိုအထုတ္အသြင္းျပဳခ်ိန္၌လည္း မည္သို႔မွမခံစားရခဲ့ပါေခ်။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္မူ သူ ဓားကိုဆြဲထုတ္လိုက္ခ်ိန္၌ သူ၏ႏွလုံးသားကိုပါ တူးဆြထုတ္ယူလိုက္သကဲ့သို႔ခံစားလိုက္ရေလသည္။ စကားလုံးမ်ားျဖင့္ေဖာ္ၫႊန္း၍မရနိုင္ေသာ ေမွ်ာ္လင့္ခ်က္မဲ့သည့္ခံစားခ်က္မ်ားသည္ကား သူ၏လစ္ဟာသြားေသာေက်ာရိုးအတြင္းသို႔ အလုံးအရင္းျဖင့္တိုးဝင္လို႔လာသည္။ သူ႕ခႏၶာကိုယ္အတြင္းမွ အရိုးမ်ားကို ႐ုတ္တရက္ ဆြဲထုတ္ဖယ္ရွားျခင္းခံလိုက္ရသည့္ႏွယ္ ၎မွာ ေျမျပင္ေပၚသို႔ဒူးေထာက္က်သြားေလေတာ့သည္။

"ဒီတစ္ေခါက္ဆိုရင္ (၂၃၂) ႏွစ္ၾကာခဲ့ၿပီ"

၎မွာ ေျမႀကီးေပၚတြင္ဒူးေထာက္ထားေနရင္းက သူ႕ဘာသာသူတစ္ကိုယ္တည္းေရ႐ြတ္ေျပာဆိုေနသည့္အလား၊ သူက အစြမ္းကုန္ႀကိဳးစားအားထုတ္ကာ သူ႕ႏႈတ္ခမ္းစြန္းမ်ားကို အေပၚသို႔ပင့္တင္လိုက္သည္။

"ဒီတစ္ေခါက္က ငါေတာင့္ခံထားနိုင္သမွ်ထဲမွာ အၾကာဆုံးအခ်ိန္ပဲ....ဒါေပမဲ့ နိဗၺာန္ေက်ာက္တုံးကလည္း ေၾကမြပ်က္စီးသြားၿပီ...ငါ ...တကယ့္ကို...."

သူက အသက္ကို ခက္ခက္ခဲခဲႀကိဳးစားပမ္းစားရႉရွိုက္ေနရရွာၿပီး သူ၏လည္ေခ်ာင္းအတြင္း၌ တစ္ဆို႔ေနေသာစကားသံမ်ားမွာလည္း စူးရွေသာလြန္ပူတစ္ေခ်ာင္းအျဖစ္ေျပာင္းလဲသြား၏။ သို႔တိုင္ ၎သည္ကား ဆက္လက္၍ႀကိဳးစားပမ္းစားၿပဳံးျပေနေသးသည္။

"တကယ္ပဲ...ငါ ဆက္မလုပ္နိုင္ေတာ့ဘူး...ေတာင္းပန္ပါတယ္....တကယ့္ကို...ငါက တကယ့္ကို အသုံးမက်တဲ့ေကာင္ပဲ....ေတာင္းပန္ပါတယ္...."

႐ႊမ္းက်ီးမွာ မိမိသည္ကား ဓားကိုစကားေျပာေနတာျဖစ္နိုင္ေၾကာင္း သေဘာေပါက္သြားေလသည္။

ဒါက ဘယ္သူ႕ရဲ႕ျမင္ကြင္းရႈေထာင့္လဲ?

ခဏေလး...(၂၃၂) ႏွစ္...ဒီကိန္းဂဏန္းကို ၾကားဖူးေနသလိုပဲ

႐ႊမ္းက်ီး၏စိတ္အာ႐ုံမွာ အလ်င္အျမန္ေျပာင္းလဲသြားၿပီး သူ႐ုတ္တရက္အမွတ္ရသြားသည္။ ခ်ိယြမ္းယဇ္ပလႅင္ေဘးတြင္ရွိေသာ အခု (၃၀) ေက်ာ္ခန႔္ရွိသည့္ ဘိုးေဘးမ်ား၏အမွတ္အသားေက်ာက္တိုင္မ်ားေပၚတြင္ အသက္အရွည္ဆုံးေနထိုင္ခဲ့သူ၏အသက္မွာ အတိအက်ကိဳ (၂၃၂) ႏွစ္ပင္ျဖစ္သည္!

ဒါက တိုက္ဆိုင္မႈတစ္ခုလား ဒါမွမဟုတ္....

ေနာက္တခဏအၾကာတြင္ ထိုပုံရိပ္ေယာင္အတြင္း၌ သူ႕ခႏၶာကိုယ္တစ္ခုလုံးရွိ အရိုးမ်ားအက္ကြဲေၾကမြသြားသည့္အသံမ်ားကို ၾကားလိုက္ရသည္။ မီးေတာက္မီးလွ်ံမ်ားအတြင္းမွ ငွက္တစ္ေကာင္၏ စူးရွေသာ တြန္က်ဴးျမည္တမ္းသံတစ္သံက ထိုးေဖာက္ထြက္ေပၚလာၿပီး ႐ႊမ္းက်ီးခမ်ာ ျပင္းျပင္းထန္ထန္ယိမ္းထိုးလႈပ္ယမ္းသြားရွာသည္__

"ဒါရိုက္တာ႐ႊမ္း!"

႐ႊမ္းက်ီးက ငူငူငိုင္ငိုင္ျဖင့္ ေနာက္သို႔လွည့္ကာ သူ႕လက္ေမာင္းကိုဆြဲထားေသာ လူတစ္ေယာက္ကိုအခ်ိန္အေတာ္ၾကာေၾကာင္အမ္းအမ္းစိုက္ၾကည့္ေနမိသည္။ ထို႔ေနာက္တြင္မွ ထိုသူသည္ကား သူတို႔အုပ္စုအား လာေရာက္ႀကိဳဆိုၿပီး ဟိုတယ္၌ေနရာခ်ထားေပးခဲ့ေသာ ေဒသခံ DCO လမ္းျပဝန္ထမ္းတစ္ဦးျဖစ္ေၾကာင္း ခက္ခက္ခဲခဲမွတ္မိသြား၏။ ၎မွာ အလ်င္စလိုေျပးလႊားလာပုံရၿပီး သူ႕ေခါင္းတစ္ခုလုံးေပၚတြင္ ေခြၽးမ်ားစို႔ေနရွာသည္။ သူ႕လက္ထဲတြင္ ဖုန္းတစ္လုံးကိုကိုင္ထားၿပီး ဖုန္းထဲမွ WeChat message မ်ားဝင္လာေနေသာ တေတာင္ေတာင္ျမည္ေနသည့္အခ်က္ေပးသံမ်ားမွာ တရစပ္ထြက္ေပၚလို႔ေနသည္။ လတ္စသတ္ေတာ့ ခုနတုန္းက သူၾကားလိုက္ရေသာ ငွက္တစ္ေကာင္၏တြန္က်ဴးသံမ်ားသည္ကား မက္ေဆ့ခ်္ဝင္လာေသာအခ်က္ျပသံမ်ားသာျဖစ္ေနတာပဲ။

ဝန္ထမ္းေကာင္ေလးသည္ကား ကမန္းကတန္းေျပးလာၿပီး ညဉ့္အေမွာင္ယံေအာက္ဝယ္ ႐ႊမ္းက်ီး၏မ်က္ႏွာအမူအရာပ်က္ယြင္းေနတာကိုလည္း သတိထားမိဟန္မတူေပ။

"ကြၽန္ေတာ္ အေပၚတက္ၿပီး ဆရာ့ကိုသြားရွာေတာ့မလို႔၊ ဘယ္သူသိမွာလဲ ဆရာ့ကိုဒီေနရာမွာေတြ႕ရလိမ့္မယ္လို႔! ျမန္ျမန္ ဒါရိုက္တာေရွာင္းက ဆရာ့ကိုရွာေနတယ္ အေရးႀကီးတယ္တဲ့!"

သူေျပာေနစဥ္မွာပင္ ဖုန္းထဲသို႔ အဝင္ေခၚဆိုမႈတစ္ခုဝင္ေရာက္လာသည္။ လမ္းျပေကာင္ေလးက ခ်က္ခ်င္းပင္ ဖုန္းကိုလက္ခံဆက္သြယ္လိုက္ၿပီး ဖုန္းမ်က္ႏွာျပင္ကို ႐ႊမ္းက်ီး၏နားအနီးသို႔တြန္းပို႔ေပးလိုက္သည္။

"......ငါပါ"

႐ႊမ္းက်ီးက ေလးတိေလးကန္ျဖင့္တစ္ခြန္းေျဖလိုက္သည္။ ဖုန္း၏အျခားတစ္ဖက္မွ ရွည္လ်ားေသာဝါက်အရွည္ႀကီးတစ္ေၾကာင္းျဖတ္သန္းဝင္ေရာက္လာၿပီးေနာက္တြင္မူ ေနာက္ဆုံး၌ သူ၏အသိစိတ္အာ႐ုံသည္ကား ျဖည္းျဖည္းခ်င္းျပန္လည္အိပ္တန္းတက္လာၿပီး သူ၏ဆုံခ်က္ပ်ံ့လြင့္ေနေသာအၾကည့္မ်ားမွာလည္း ျပန္လည္၍စုစည္းသြားေလေတာ့သည္။

"ဘာ?"

6.8.21

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

28.4K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
3.5M 282K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023