Love Between Serpent Beastman...

By imyourhlaing12

179K 36.3K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖

2.5K 595 3
By imyourhlaing12

ကျင့်ကြံခြင်း- 2

(Unicode)

ဤနေရာရောက်ခါစတုန်းက ရှုရှုမှာ အချိန်တိုင်းအလွန်ကြောက်နေခဲ့ရ၏။ ကောင်းကောင်းလည်းမအိပ်နိုင်သလို ကျင့်ကြံဖို့ပင်မဝံ့ရဲခဲ့ချေ။ ထို့အပြင် မမျှော်လင့်ပဲ ရုတ်တရက်ဆန်စွာ လူသားအဖြစ်​ပြောင်းသွားခဲ့ရ၏။ သူ၏ကိုယ်ထဲမှ ပင်ပင်ပန်းပန်းစုဆောင်းခဲ့ရသော စွမ်းအားများမှာလည်း ပျောက်ကွယ်သွားခဲ့၏။ သူကစွမ်းအားဆက်ကျင့််ရာတွင် မည်သို့မှန်မှန်ကန်ကန် ကျင့်ကြံသင့်သည်ကို ယခုထိသဘောမပေါက်သေးသည့် ငတုံးလေးဖြစ်နေ၏။

မည်သို့ပင်ဆိုစေ သူ့ထံ၌အစာရေဆာအလုံအလောက်ရှိနေပြီး နေ့တိုင်းအသားစားနေနိုင်လေပြီ။ ထို့အပြင် အန္တရာယ်ဟူ၍လည်းမရှိ။ ထို့ကြောင့်သူက ကျင့်ကြံခြင်းကိုသာ ဆက်လုပ်နေတော့၏။

သူမြန်မြန်ကျင့်ကြံပြီး သူ့ရဲနားရွက်နဲ့ အမြီးကို တတ်နိုင်သမျှမြန်မြန်ဖျောက်ပစ်ရမည်။

သို့မှသာ လူသားများအကြားနေထိုင်နိုင်မည့်ဖြစ်ကာ လူသားတို့၏အစာနှင့် စပ်စပ်ရှိန်းရှိန်းအချိုရည်(ကိုကာကိုလာ)တို့အား စားနိုင်ပေလိမ့်မည်။

ထိုလူကြီးအားလည်းတွေ့ရဦးမည်။ ရှုရှုသာ လူသားတစ်ဦးအဖြစ်လုံးလုံးပြောင်းသွားလျှင် ထိုလူလည်း သူ့အားတွေ့ချင်လာနိုင်သည်။

ဂူထဲတွင် ရက်အနည်းငယ်ကျင့်ကြံပြီးနောက် ရှုရှုကနေရာပြောင်းကာ ကျင့်ကြံကြည့်လိုက်၏။ ညတိုင်း..သူကအကြိမ်အနည်းငယ်ပြေးကာ တောင်ကုန်းငယ်လေးတစ်ခုထိပ်သို့တက်ပြီး ကျင့်ကြံ၏။

သူက နေ၊လတို့၏စွမ်းအားကိုစုပ်ယူကာ ကျင့်ကြံကြည့်ရင်း ညအချိန်တွင် လကိုအမှီပြုကာကျင့်ကြံသည်ကရလဒ်ပိုကောင်းကြောင်း သိလိုက်ရ၏။

သူပြန်လည်ကျင့်ကြံသည့်အစပိုင်းရက်များတွင် မည်သည့်စွမ်းအားမှမခံစားရသော်လည်း နောက်ပိုင်းကျင့်ကြံမှုကြာလာသည်နှင့်အမျှ အပူစီးကြောင်းလေးကသူ၏ကိုယ်အား ရစ်ပတ်လာ၏။ တစ်ချိန်တည်းမှာပင် ဤတောထဲမှ စိတ်စွမ်းအင်များမှာ အံ့အားသင့်ဖွယ် အလွန်ပေါများနေကြောင်းတွေ့လိုက်ရ၏။

အနီ​ေရာင်ပုတီးစေ့အားမျိုချမိစဥ် ထိုပုတီးစေ့ထဲမှ ကျင့်ကြံနည်းများစွာကိုရှုရှုသိခဲ့ရ၏။ ရှုရှုက သတ္တဝါလေးမှလူသားပြောင်းလဲသည့်ကျင့်ကြံခြင်းကို ရွေးချယ်ကာ အပြီးတိုင်ကျင့်ကြံပြီးခဲ့ပြီ။ ယခုသူက ထိုကျင့်ကြံနည်းအားပြန်ရှာဖွေကာ ဂရုတစိုက်ကျင့်ကြံတော့၏။

သူက အမှန်ပင်ကျင့်ကြံခြင်း၌ ပါရမီလည်းမပါသလို ကျွမ်းကျင်မှုလည်းမရှိပေ။ သို့သော်လည်း သူ၏ကိုယ်ထဲမှပုတီးစေ့လေးက ကျင့်ကြံပုံမှားယွင်းနေလျှင် သူ့အားအချက်ပြကာသတိပေးသည့်အတွက် မမှားသင့်သောအမှားများကို မလုပ်မိခဲ့ခြင်းဖြစ်၏။ ဤနည်းဖြင့် သူ၏ကျင့်ကြံခြင်းမှာ တဖြည်းဖြည်းတိုးတက်လာခဲ့၏။ ရှုရှုက ကျင့်ကြံခြင်းမိုးကြိုးခံယူရမည့်အချိန်ကိုလည်းမသိခဲ့၍ ပြင်ဆင်ထားခြင်းမရှိပဲ ဤနေရာသို့ရောက်ခဲ့ရ၏။

တောင်ကုန်းလေးပေါ်ထိုင်လိုက်ပြီး ရှုရှုကမျက်လုံးမှိတ်ကာ ကြိုးကြိုးစားစားကျင့်ကြံနေ၏။

အက်ဂါက အနည်းငယ်ကွာဝေးသည့်နေရာလေးတွင် ခွေနေကာအိပ်ငိုက်နေ၏။ သူကမကြာမကြာ အကောင်ငယ်လေး၏လှုပ်ရှားမှုအသံများကြောင့် နိုးလာပြီး ဘေးဘီကိုနိုးနိုးကြားကြားကြည့်ရှုစစ်ဆေးပြီးမှ တောင်ကုန်းထိပ်တွင်ထိုင်နေသည့် သားရဲတစ်ပိုင်းလူသားလေးအား ငေးကြည့်တတ်၏။

အက်ဂါက သားရဲအင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ချောမောကာ စွမ်းအားလည်းကြီးခဲ့ဖူး၏။ အတိတ်တုန်းက သူ့အားလိုက်လံပိုးပန်းခဲ့သည့် သားရဲတစ်ပိုင်းလူသားလေးများထံမှ အမြဲပုန်းရှောင်ခဲ့၏။ သူကယခုကဲ့သို့ သားရဲတစ်ပိုင်းလူသားငယ်လေးအားတိတ်တဆိတ် စောင့်ရှောက်ကာ ကာကွယ်ပေးနေလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်မကူးခဲ့ဖူးပေ။

အက်ဂါကထိုအကြောင်းစဥ်းစားမိရင်း ဖြစ်ပျက်ခဲ့သမျှအား ပြန်ကာတွေးကြည့်နေမိ၏။

.............🐍🐹🐍🐹🐍🐹🐍.............

လွန်ခဲ့သောသုံးလ....

အက်ဂါက လူအချို့အားခေါ်ကာ အသစ်တွေ့ရှိထားသော ဂြိုဟ်တစ်ခုအား အမိန့်အရ လေ့လာနေခဲ့၏။ သို့သော် ဘာဖြစ်သွားမှန်းမသိလိုက်ရပဲ သူ၏ကိုယ်ပေါ်ရှိ ဆက်သွယ်ရေးကိရိယာမှာ ပျက်စီးသွားခဲ့ပြီး ထိုဂြိုဟ်ပေါ်မှ စွမ်းအားကြီးသည့်အကောင်ကြီးအများစုနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရကာ ထိုအကောင်အများစု၏ ဝိုင်းရံတိုက်ခိုက်ခြင်းအား ခံလိုက်ရ၏။

သားရဲလူသားအင်ပါယာမှာ ယခင်ကနှင့်မတူတော့ချေ။ အင်ပါယာအရှင်က အရာအားလုံးကိုတာဝန်ယူရပြီး အင်ပါယာမိသားစု၏တည်ရှိမှုက သင်္ကေတတစ်ခုလို ဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ...အင်ပါယာမိသားစုမှသားရဲလူသားများက အင်ပါယာ၏ အားအကောင်းဆုံးသော သူများဖြစ်ကြ၏။

လွန်ခဲ့သောနှစ်ပေါင်းများစွာက....သားရဲအင်ပါယာ၏ နိုင်ငံဦးသျှောင်ဖြစ်ရန် ခွန်အားအပေါ်မှီခို အသုံးပြုကြရ၏။ နောက်ပိုင်း သားရဲလူသားများက ကိုယ်ပိုင်ဂြိုဟ်မှစွန့်ခွာပြီး ကြယ်နောက်တစ်စင်းဆီ ပြောင်းရွှေ့အခြေချခဲ့သော်လည်း သားရဲလူသားအင်ပါယာကိုအုပ်စိုးရန် သူတို့၏ကိုယ်ပိုင်ခွန်အားကိုမှီခိုအားထားနေရဆဲဖြစ်သည်။

ထိုအချိန်တုန်းက သူကရှေ့​ပြေးဦးဆောင်သူအနေအဖြစ် ဂြိုဟ်ဆီသို့သွားခဲ့ခြင်းမှာ ကြီးမားကာ နှိုင်းယှဥ်မရနိုင်သည့် အကောင်ကြီးများအား တိုက်ခိုက်နိုင်ရန်အတွက် သူ၏စက်ရုပ်ယာဥ်ပျံအား ပြန်လည်ပုံဖော်မှုပြီးစီးခဲ့သောကြောင့်ဖြစ်သည်။

ထိုသတ္တဝါကြီးများက အလွန်သန်မာကြသော်လည်း အက်ဂါက သူတို့ထက်ပိုသန်မာ၏။ ထို့ကြောင့် သူလွတ်အောင်ပြေးနိုင်သော်လည်း အကြောင်းတစ်စုံတစ်ရာမသိရပဲ ထိုသတ္တဝါကြီးများက သူ့တစ်ယောက်ထဲနောက်ကိုသာလိုက်ပြီး ဝိုင်းရံတိုက်ခိုက်ကြ၏။

ထိုအမိန့်မှာ လှည့်စားထားခြင်းဖြစ်နိုင်သည်ဟု အက်ဂါသတိထားမိခဲ့သော်လည်း ထိုအချိန်တုန်းက အခြေအနေမကောင်းလှသဖြင့် သူအများကြီးမစဉ်းစားခဲ့ပေ။ သူ့စိတ်ထဲရှိနေသည့် တစ်ခုတည်းသောအတွေးမှာ လွတ်မြောက်ရန်သာဖြစ်သည်။ သို့သော်လည်း သူကမလွတ်မြောက်နိုင်သေးပေ။

သူအသက်ရှင်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရချိန်တွင် သူကနှလုံးသားမဲ့စွာဆုံးဖြတ်ချက်ချခဲ့၏။ သားရဲအမြုတေကိုပေါက်ကွဲစေပြီး သူကိုယ်တိုင်နှင့် ထိုသတ္တဝါကောင်ကြီးများကိုပါ တစ်ခါတည်းသေသွားအောင်လုပ်ဆောင်ခဲ့၏။

သူက သေဆုံးလိမ့်မည်ဟု လုံးဝယုံကြည်ခဲ့၏။ မမျှော်လင့်ပဲ သူကမသေဆုံးသည့်အပြင် ဤဂြိုဟ်ငယ်လေးပေါ်သို့ပင် ရောက်နေလေသည်။

သူသတိရလာစဥ်က အက်ဂါမှာ သားရဲတစ်ကောင်ဖြစ်ရခြင်းထက် သေသွားတာမှကောင်းသေးသည်ဟု တွေးခဲ့၏။ သို့သော်လည်း ယခုတော့ အသက်ရှင်သန်နေခြင်းအပေါ် အလွန်ဝမ်းသာလျက်ရှိပြီး သို့မဟုတ်ပါက သားရဲတစ်ပိုင်းလူသားလေး ဤတောထဲတွင် ရှင်သန်နေထိုင်နိုင်လိမ့်မည်မဟုတ်ပေ။

..............................

ထိုအကောင်ငယ်လေး အဘယ့်ကြောင့် တောင်ကုန်းထိပ်ပေါ် မလှုပ်မယှက်ထိုင်နေသည်ကိုမသိသော်လည်း အက်ဂါကသူ့အားစောင့်ကြည့်ကာ စိတ်ထဲအေးချမ်းမှုကိုခံစားလိုက်ရ၏။

ဤဂြိုဟ်တွင် နေထိုင်ကြသော သားရဲလူသားများရှိနိုင်သည်။ သူ၏ ဒဏ်ရာအားလုံးပျောက်သွားလျှင် ဤတောထဲမှ တောကောင်များအား စိတ်ပူစရာမလိုတော့ပေ။ ထိုအခါမှ ဤဂြိုဟ်ရှိ သားရဲလူသားများကို ရှာကာအကူအညီတောင်းခံရမည်။ သူက သားရဲတစ်ပိုင်းလူသားလေးအား ဤတောအုပ်ထဲတွင် ထာဝရမနေစေလိုပေ။

ထို့အပြင်....သူမှာလည်း အခြေအနေရှိသေးလေသည်။ သူက လူ့အဖွဲ့အစည်းထဲ ပြန်မဝင်နိုင်သော်လည်း သူ၏မိဘနှစ်ပါးကို သူ၏လက်ရှိအခြေအနေအား ပြောပြချင်သေးသည်။

အက်ဂါက ထိုအရာများအားစဥ်းစားမိနေစဥ် ထိုအကောင်ငယ်လေးမှာ ရုတ်တရက်နှာချေလိုက်၏။ ထို့နောက်အကောင်ငယ်လေးက တောင်ကုန်းထိပ််တွင် မတ်တတ်ရပ်လိုက်ပြီးတုန်ယင်သွားကာ ပုန်းလျှိုးကွယ်လျှိုဖြင့် ဂူထဲသို့ အမြန်ပြေးသွားခဲ့လေသည်။

ဤကဲ့သို့ အေးလှသည့်နေ့တွင် မြက်စကပ်လေးသာ ဝတ်ပြီးပြေးလွှားနေသည့် သားရဲတစ်ပိုင်းလူသားလေးအားကြည့်မိလိုက်ပြီး အက်ဂါကသူ၏မြွေခေါင်းကြီးအား ယမ်းလိုက်မိကာ ထိုအကောင်ငယ်လေးအတွက် ထင်းများများပိုရှာပေးရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

............🐹🐍🐹🐍🐹🐍🐹🐍........

3.8.2021

က်င့္ႀကံျခင္း- 2

(Zawgyi)

ဤေနရာေရာက္ခါစတုန္းက ရႈရႈမွာ အခ်ိန္တိုင္းအလြန္ေၾကာက္ေနခဲ့ရ၏။ ေကာင္းေကာင္းလည္းမအိပ္နိုင္သလို က်င့္ႀကံဖို႔ပင္မဝံ့ရဲခဲ့ေခ်။ ထို႔အျပင္ မေမွ်ာ္လင့္ပဲ ႐ုတ္တရက္ဆန္စြာ လူသားအျဖစ္​ေျပာင္းသြားခဲ့ရ၏။ သူ၏ကိုယ္ထဲမွ ပင္ပင္ပန္းပန္းစုေဆာင္းခဲ့ရေသာ စြမ္းအားမ်ားမွာလည္း ေပ်ာက္ကြယ္သြားခဲ့၏။ သူကစြမ္းအားဆက္က်င့္္ရာတြင္ မည္သို႔မွန္မွန္ကန္ကန္ က်င့္ႀကံသင့္သည္ကို ယခုထိသေဘာမေပါက္ေသးသည့္ ငတုံးေလးျဖစ္ေန၏။

မည္သို႔ပင္ဆိုေစ သူ႕ထံ၌အစာေရဆာအလုံအေလာက္ရွိေနၿပီး ေန႕တိုင္းအသားစားေနနိုင္ေလၿပီ။ ထို႔အျပင္ အႏၱရာယ္ဟူ၍လည္းမရွိ။ ထို႔ေၾကာင့္သူက က်င့္ႀကံျခင္းကိုသာ ဆက္လုပ္ေနေတာ့၏။

သူျမန္ျမန္က်င့္ႀကံၿပီး သူ႕ရဲနား႐ြက္နဲ႕ အၿမီးကို တတ္နိုင္သမွ်ျမန္ျမန္ေဖ်ာက္ပစ္ရမည္။

သို႔မွသာ လူသားမ်ားအၾကားေနထိုင္နိုင္မည့္ျဖစ္ကာ လူသားတို႔၏အစာႏွင့္ စပ္စပ္ရွိန္းရွိန္းအခ်ိဳရည္(ကိုကာကိုလာ)တို႔အား စားနိုင္ေပလိမ့္မည္။

ထိုလူႀကီးအားလည္းေတြ႕ရဦးမည္။ ရႈရႈသာ လူသားတစ္ဦးအျဖစ္လုံးလုံးေျပာင္းသြားလွ်င္ ထိုလူလည္း သူ႕အားေတြ႕ခ်င္လာနိုင္သည္။

ဂူထဲတြင္ ရက္အနည္းငယ္က်င့္ႀကံၿပီးေနာက္ ရႈရႈကေနရာေျပာင္းကာ က်င့္ႀကံၾကည့္လိုက္၏။ ညတိုင္း..သူကအႀကိမ္အနည္းငယ္ေျပးကာ ေတာင္ကုန္းငယ္ေလးတစ္ခုထိပ္သို႔တက္ၿပီး က်င့္ႀကံ၏။

သူက ေန၊လတို႔၏စြမ္းအားကိုစုပ္ယူကာ က်င့္ႀကံၾကည့္ရင္း ညအခ်ိန္တြင္ လကိုအမွီျပဳကာက်င့္ႀကံသည္ကရလဒ္ပိုေကာင္းေၾကာင္း သိလိုက္ရ၏။

သူျပန္လည္က်င့္ႀကံသည့္အစပိုင္းရက္မ်ားတြင္ မည္သည့္စြမ္းအားမွမခံစားရေသာ္လည္း ေနာက္ပိုင္းက်င့္ႀကံမႈၾကာလာသည္ႏွင့္အမွ် အပူစီးေၾကာင္းေလးကသူ၏ကိုယ္အား ရစ္ပတ္လာ၏။ တစ္ခ်ိန္တည္းမွာပင္ ဤေတာထဲမွ စိတ္စြမ္းအင္မ်ားမွာ အံ့အားသင့္ဖြယ္ အလြန္ေပါမ်ားေနေၾကာင္းေတြ႕လိုက္ရ၏။

အနီ​ေရာင္ပုတီးေစ့အားမ်ိဳခ်မိစဥ္ ထိုပုတီးေစ့ထဲမွ က်င့္ႀကံနည္းမ်ားစြာကိုရႈရႈသိခဲ့ရ၏။ ရႈရႈက သတၱဝါေလးမွလူသားေျပာင္းလဲသည့္က်င့္ႀကံျခင္းကို ေ႐ြးခ်ယ္ကာ အၿပီးတိုင္က်င့္ႀကံၿပီးခဲ့ၿပီ။ ယခုသူက ထိုက်င့္ႀကံနည္းအားျပန္ရွာေဖြကာ ဂ႐ုတစိုက္က်င့္ႀကံေတာ့၏။

သူက အမွန္ပင္က်င့္ႀကံျခင္း၌ ပါရမီလည္းမပါသလို ကြၽမ္းက်င္မႈလည္းမရွိေပ။ သို႔ေသာ္လည္း သူ၏ကိုယ္ထဲမွပုတီးေစ့ေလးက က်င့္ႀကံပုံမွားယြင္းေနလွ်င္ သူ႕အားအခ်က္ျပကာသတိေပးသည့္အတြက္ မမွားသင့္ေသာအမွားမ်ားကို မလုပ္မိခဲ့ျခင္းျဖစ္၏။ ဤနည္းျဖင့္ သူ၏က်င့္ႀကံျခင္းမွာ တျဖည္းျဖည္းတိုးတက္လာခဲ့၏။ ရႈရႈက က်င့္ႀကံျခင္းမိုးႀကိဳးခံယူရမည့္အခ်ိန္ကိုလည္းမသိခဲ့၍ ျပင္ဆင္ထားျခင္းမရွိပဲ ဤေနရာသို႔ေရာက္ခဲ့ရ၏။

ေတာင္ကုန္းေလးေပၚထိုင္လိုက္ၿပီး ရႈရႈကမ်က္လုံးမွိတ္ကာ ႀကိဳးႀကိဳးစားစားက်င့္ႀကံေန၏။

အက္ဂါက အနည္းငယ္ကြာေဝးသည့္ေနရာေလးတြင္ ေခြေနကာအိပ္ငိုက္ေန၏။ သူကမၾကာမၾကာ အေကာင္ငယ္ေလး၏လႈပ္ရွားမႈအသံမ်ားေၾကာင့္ နိုးလာၿပီး ေဘးဘီကိုနိုးနိုးၾကားၾကားၾကည့္ရႈစစ္ေဆးၿပီးမွ ေတာင္ကုန္းထိပ္တြင္ထိုင္ေနသည့္ သားရဲတစ္ပိုင္းလူသားေလးအား ေငးၾကည့္တတ္၏။

အက္ဂါက သားရဲအင္ပါယာ၏ အိမ္ေရွ႕စံမင္းသားျဖစ္ၿပီး ေခ်ာေမာကာ စြမ္းအားလည္းႀကီးခဲ့ဖူး၏။ အတိတ္တုန္းက သူ႕အားလိုက္လံပိုးပန္းခဲ့သည့္ သားရဲတစ္ပိုင္းလူသားေလးမ်ားထံမွ အၿမဲပုန္းေရွာင္ခဲ့၏။ သူကယခုကဲ့သို႔ သားရဲတစ္ပိုင္းလူသားငယ္ေလးအားတိတ္တဆိတ္ ေစာင့္ေရွာက္ကာ ကာကြယ္ေပးေနလိမ့္မည္ဟု ဘယ္ေသာအခါမွ စိတ္မကူးခဲ့ဖူးေပ။

အက္ဂါကထိုအေၾကာင္းစဥ္းစားမိရင္း ျဖစ္ပ်က္ခဲ့သမွ်အား ျပန္ကာေတြးၾကည့္ေနမိ၏။

.............🐍🐹🐍🐹🐍🐹🐍.............

လြန္ခဲ့ေသာသုံးလ....

အက္ဂါက လူအခ်ိဳ႕အားေခၚကာ အသစ္ေတြ႕ရွိထားေသာ ၿဂိဳဟ္တစ္ခုအား အမိန့္အရ ေလ့လာေနခဲ့၏။ သို႔ေသာ္ ဘာျဖစ္သြားမွန္းမသိလိုက္ရပဲ သူ၏ကိုယ္ေပၚရွိ ဆက္သြယ္ေရးကိရိယာမွာ ပ်က္စီးသြားခဲ့ၿပီး ထိုၿဂိဳဟ္ေပၚမွ စြမ္းအားႀကီးသည့္အေကာင္ႀကီးအမ်ားစုႏွင့္ ထိပ္တိုက္ရင္ဆိုင္လိုက္ရကာ ထိုအေကာင္အမ်ားစု၏ ဝိုင္းရံတိုက္ခိုက္ျခင္းအား ခံလိုက္ရ၏။

သားရဲလူသားအင္ပါယာမွာ ယခင္ကႏွင့္မတူေတာ့ေခ်။ အင္ပါယာအရွင္က အရာအားလုံးကိုတာဝန္ယူရၿပီး အင္ပါယာမိသားစု၏တည္ရွိမႈက သေကၤတတစ္ခုလို ျဖစ္လာခဲ့သည္။ မည္သို႔ပင္ဆိုေစ...အင္ပါယာမိသားစုမွသားရဲလူသားမ်ားက အင္ပါယာ၏ အားအေကာင္းဆုံးေသာ သူမ်ားျဖစ္ၾက၏။

လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက....သားရဲအင္ပါယာ၏ နိုင္ငံဦးေသွ်ာင္ျဖစ္ရန္ ခြန္အားအေပၚမွီခို အသုံးျပဳၾကရ၏။ ေနာက္ပိုင္း သားရဲလူသားမ်ားက ကိုယ္ပိုင္ၿဂိဳဟ္မွစြန့္ခြာၿပီး ၾကယ္ေနာက္တစ္စင္းဆီ ေျပာင္းေ႐ႊ႕အေျခခ်ခဲ့ေသာ္လည္း သားရဲလူသားအင္ပါယာကိုအုပ္စိုးရန္ သူတို႔၏ကိုယ္ပိုင္ခြန္အားကိုမွီခိုအားထားေနရဆဲျဖစ္သည္။

ထိုအခ်ိန္တုန္းက သူကေရွ႕​ေျပးဦးေဆာင္သူအေနအျဖစ္ ၿဂိဳဟ္ဆီသို႔သြားခဲ့ျခင္းမွာ ႀကီးမားကာ ႏွိုင္းယွဥ္မရနိုင္သည့္ အေကာင္ႀကီးမ်ားအား တိုက္ခိုက္နိုင္ရန္အတြက္ သူ၏စက္႐ုပ္ယာဥ္ပ်ံအား ျပန္လည္ပုံေဖာ္မႈၿပီးစီးခဲ့ေသာေၾကာင့္ျဖစ္သည္။

ထိုသတၱဝါႀကီးမ်ားက အလြန္သန္မာၾကေသာ္လည္း အက္ဂါက သူတို႔ထက္ပိုသန္မာ၏။ ထို႔ေၾကာင့္ သူလြတ္ေအာင္ေျပးနိုင္ေသာ္လည္း အေၾကာင္းတစ္စုံတစ္ရာမသိရပဲ ထိုသတၱဝါႀကီးမ်ားက သူ႕တစ္ေယာက္ထဲေနာက္ကိုသာလိုက္ၿပီး ဝိုင္းရံတိုက္ခိုက္ၾက၏။

ထိုအမိန႔္မွာ လွည့္စားထားျခင္းျဖစ္နိုင္သည္ဟု အက္ဂါသတိထားမိခဲ့ေသာ္လည္း ထိုအခ်ိန္တုန္းက အေျခအေနမေကာင္းလွသျဖင့္ သူအမ်ားႀကီးမစဥ္းစားခဲ့ေပ။ သူ႕စိတ္ထဲရွိေနသည့္ တစ္ခုတည္းေသာအေတြးမွာ လြတ္ေျမာက္ရန္သာျဖစ္သည္။ သို႔ေသာ္လည္း သူကမလြတ္ေျမာက္နိုင္ေသးေပ။

သူအသက္ရွင္ဖို႔ မျဖစ္နိုင္ေတာ့ေၾကာင္း သိလိုက္ရခ်ိန္တြင္ သူကႏွလုံးသားမဲ့စြာဆုံးျဖတ္ခ်က္ခ်ခဲ့၏။ သားရဲအျမဳေတကိုေပါက္ကြဲေစၿပီး သူကိုယ္တိုင္ႏွင့္ ထိုသတၱဝါေကာင္ႀကီးမ်ားကိုပါ တစ္ခါတည္းေသသြားေအာင္လုပ္ေဆာင္ခဲ့၏။

သူက ေသဆုံးလိမ့္မည္ဟု လုံးဝယုံၾကည္ခဲ့၏။ မေမွ်ာ္လင့္ပဲ သူကမေသဆုံးသည့္အျပင္ ဤၿဂိဳဟ္ငယ္ေလးေပၚသို႔ပင္ ေရာက္ေနေလသည္။

သူသတိရလာစဥ္က အက္ဂါမွာ သားရဲတစ္ေကာင္ျဖစ္ရျခင္းထက္ ေသသြားတာမွေကာင္းေသးသည္ဟု ေတြးခဲ့၏။ သို႔ေသာ္လည္း ယခုေတာ့ အသက္ရွင္သန္ေနျခင္းအေပၚ အလြန္ဝမ္းသာလ်က္ရွိၿပီး သို႔မဟုတ္ပါက သားရဲတစ္ပိုင္းလူသားေလး ဤေတာထဲတြင္ ရွင္သန္ေနထိုင္နိုင္လိမ့္မည္မဟုတ္ေပ။

..............................

ထိုအေကာင္ငယ္ေလး အဘယ့္ေၾကာင့္ ေတာင္ကုန္းထိပ္ေပၚ မလႈပ္မယွက္ထိုင္ေနသည္ကိုမသိေသာ္လည္း အက္ဂါကသူ႕အားေစာင့္ၾကည့္ကာ စိတ္ထဲေအးခ်မ္းမႈကိုခံစားလိုက္ရ၏။

ဤၿဂိဳဟ္တြင္ ေနထိုင္ၾကေသာ သားရဲလူသားမ်ားရွိနိုင္သည္။ သူ၏ ဒဏ္ရာအားလုံးေပ်ာက္သြားလွ်င္ ဤေတာထဲမွ ေတာေကာင္မ်ားအား စိတ္ပူစရာမလိုေတာ့ေပ။ ထိုအခါမွ ဤၿဂိဳဟ္ရွိ သားရဲလူသားမ်ားကို ရွာကာအကူအညီေတာင္းခံရမည္။ သူက သားရဲတစ္ပိုင္းလူသားေလးအား ဤေတာအုပ္ထဲတြင္ ထာဝရမေနေစလိုေပ။

ထို႔အျပင္....သူမွာလည္း အေျခအေနရွိေသးေလသည္။ သူက လူ႕အဖြဲ႕အစည္းထဲ ျပန္မဝင္နိုင္ေသာ္လည္း သူ၏မိဘႏွစ္ပါးကို သူ၏လက္ရွိအေျခအေနအား ေျပာျပခ်င္ေသးသည္။

အက္ဂါက ထိုအရာမ်ားအားစဥ္းစားမိေနစဥ္ ထိုအေကာင္ငယ္ေလးမွာ ႐ုတ္တရက္ႏွာေခ်လိဳက္၏။ ထို႔ေနာက္အေကာင္ငယ္ေလးက ေတာင္ကုန္းထိပ္္တြင္ မတ္တတ္ရပ္လိုက္ၿပီးတုန္ယင္သြားကာ ပုန္းလွ်ိုးကြယ္လွ်ိုျဖင့္ ဂူထဲသို႔ အျမန္ေျပးသြားခဲ့ေလသည္။

ဤကဲ့သို႔ ေအးလွသည့္ေန႕တြင္ ျမက္စကပ္ေလးသာ ဝတ္ၿပီးေျပးလႊားေနသည့္ သားရဲတစ္ပိုင္းလူသားေလးအားၾကည့္မိလိုက္ၿပီး အက္ဂါကသူ၏ေႁမြေခါင္းႀကီးအား ယမ္းလိုက္မိကာ ထိုအေကာင္ငယ္ေလးအတြက္ ထင္းမ်ားမ်ားပိုရွာေပးရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္ေလသည္။

............🐹🐍🐹🐍🐹🐍🐹🐍........

3.8.2021

Continue Reading

You'll Also Like

3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
168K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
212K 23.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
25.3K 4.1K 47
ဘာသာပြန်သူ - စွဲညို့အသင်း