ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

由 Ahlaly

610K 22.6K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ 更多

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo
Candy or Originary

အပိုင်း (၁၃)

12.9K 525 70
由 Ahlaly

လေးယောက်လုံးရဲ့ ကမ္ဘာဟာ ငြိမ်သက်လွန်းမက ဖြစ်နေပြီး ထိုအချိန်မှာပဲ.....

🎶Ring Ring Ring..🎶

ဖုန်းမြည်သံဟာ လခြမ်းကွေးကို အတွေးတွေကနေ ဆွဲထုတ်ပေးလိုက်သည်။ သူမဖုန်းကို ကြည့်လိုက်တော့ contant nameကြောင့် ချက်ချင်းပင်ဖုန်းကိုင်လိုက်ပြီး...
"ငါကြောက်နေတယ် မြတ်ဘုန်း၊ငါ အရမ်းကို ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် အသက်ရှူနေတာတောင် ငါအသက်ရှူမဝဘူးဖြစ်နေတယ် ငါအရမ်းကိုကြောက်နေတယ် ငါ့ကို ငါ့ကိုလာခေါ်ပါလား...လာခေါ်ပါနော်"

"အကွေး အေးအေးဆေးဆေးပြောစမ်း၊
ဘာမှမဖြစ်ဘူး။နင် ဘာဖြစ်တာလဲဆိုတာကိုပဲပြော စိတ်ကိုအေးအေးထား"

"ဖြစ်သွားပြီ ငါဘာမှတောင်မသိလိုက်ခင်မှာပဲ ဖြစ်သွားခဲ့ပြီ မြတ်ဘုန်း၊ ငါအရမ်းကိုမှ ကြောက်နေလို့ ငါ့ကိုလာခေါ်ပါဟာ"

ဒီနေရာကနေ လေနဲ့အတူပါသွားလို့ ရရင်သိပ်ကောင်းမှာပဲ။လေညှင်းတွေကနေတဆင့် မြတ်ဘုန်းရှိတဲ့ နာဂတောင်တန်းတွေဆီကို ခေါ်သွားပေးလို့ရရင် အကွေးသိပ်ပျော်မိမှာ။

"အကွေး စိတ်ကိုအေးအေးထားလို့ ငါပြောနေတယ်လေ"
ငိုသံတွေစွက်နေတဲ့ အကွေးရဲ့အသံကြောင့် မြတ်ဘုန်းလည်း ပူထူနေပါပြီ။သူမလေး ဘာတွေဖြစ်နေပြီလဲဆိုတာကို သိချင်နေပေမယ့် ငိုသံတွေနဲ့သူမကိုလာခေါ်ပါကလွဲရင် ဘာမှတိတိကျကျမပြောတဲ့ အကွေးကြောင့် မြတ်ဘုန်းအသံကအနည်းငယ်တော့မာသွားသည်။

"ကိုယ်ဝန်ရှိနေတာကို ငါစိတ်အေးအေးထားနိုင်ဦးမှာလား။"

ဖုန်းထဲကနေကြားရတဲ့ သူမလေးရဲ့ အသံပြတ်ပြတ်ဟာ မြတ်ဘုန်းရဲ့ အသက်သွေးကြောတွေကိုဖြတ်တောက်လိုက်သလိုပင်။လူနာအတွက် အရေးပေါ်သွေးလိုလို့ အနီးအနားကမြို့ကို သူရောက်လာခဲ့သည်။ ဆေးရုံမှာသွေးစောင့်နေတုန်း ဖုန်းလိုင်းမိခိုက် သူမလေးဆီကို ဆက်သွယ်ခဲ့သည်က ဒီလိုစကားတွေကြားရဖို့မှမဟုတ်တာ။

သူ,မရှိတဲ့အချိန်တွေမှာ အကွေးဘာတွေဖြစ်နေပြီလဲ။တကယ်ဆို သူမျှော်လင့်ထားတာက ဒီလိုမဟုတ်ပါ။ဖြူစင်လွန်းတဲ့ အကွေးအတွက် ဖြူစင်လွန်းတဲ့ပတ်ဝန်းကျင်ကို သူရှာတွေ့ခဲ့ပြီ။ဒီမှာ တာဝန်တွေပါးတဲ့အချိန်မှာ သူမလေးကို သွားခေါ်ပြီး နာဂတောင်တန်းတွေကြားမှာပဲ သူမလေးကို အဖြူစင်ဆုံးရှင်သန်ခိုင်းချင်တာ။အခုတော့ ဘာတွေဖြစ်ကုန်တာလဲ...သူလုပ်နေတာတွေအကုန်လုံးက ဘာမှအရာမထင်တော့ဘူးဆိုတဲ့သဘောလား။

"မြတ်ဘုန်း ငါအရမ်းကို ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်တော့ဘူး၊ငါ ငါ ဘာတွေဖြစ်နေတာလဲ နင်သိလားဟင်"

သူမလေးက မေးခွန်းမေးသည်တဲ့။ထုံးစံအတိုင်း သူမကပဲ မေးသည်၊အခုတစ်ခါတော့ မြတ်ဘုန်းဘာပြန်ဖြေရမလဲ တကယ်ကိုမသိပါ။သို့သော်လည်း ဒီအချိန်မှာ မြတ်ဘုန်းအကွေးဘေးမှာ ရှိနေမှဖြစ်မည်။အမြန်ဆုံးအိမ်ပြန်ရမည်။

"ဆရာရေ သွေးရပါပြီနော်..."

မြတ်ဘုန်းရဲ့စိတ်ကူးတွေက လက်တွေ့မှာတော့ မဖြစ်နိုင်သေးပါ။သူ့ကို အားကိုးနေတဲ့ အကွေးလိုပဲဖြူစင်တဲ့ မျက်ဝန်းတွေကို သူသတိရသွားသည်။ထို့ကြောင့် သူလက်တွေ့ဆန်စွာပင်....
"အဲ့ဒီလူ ဘေးမှာရှိလားအကွေး"

"အင်း.."
စက်ဘီးပေါ်မှာ ထိုင်နေတဲ့အကွေးဟာ စက်ဘီးကို ကိုင်ပြီး သူမဆီကိုကြည့်နေတဲ့ ကောင်းကို ကြည့်လိုက်သည်။

"ဒါဆို သူ့ကိုဖုန်းပေးလိုက်ပါ။
ငါ သူနဲ့စကားပြောချင်တယ်"

ထိုသို့ ဆိုတော့လည်း လခြမ်းကွေးဟာ ကောင်းဆီသို့ ဖုန်းကို ကမ်းပေးသည်။ လခြမ်းကွေး ကမ်းပေးတဲ့ ဖုန်းကို ယူလိုက်ပြီး လက်တစ်ဖက်ထဲနဲ့ စက်ဘီးလက်ကိုင်ကို သူမြဲမြံစွာပင်ဆုပ်ကိုင်ထားသည်။လခြမ်းကွေးကလည်း စက်ဘီးပေါ်ကနေ ဆင်းဖို့ သတိမရသေးပဲ၊ ထိုင်ခုံမှာပင် ထိုင်နေသည်။

"Hello..."

"မင်းကဘယ်သူလဲ၊ အသက်ဘယ်လောက်လဲ ဒါတွေထားပါဦး မင်းနဲ့အကွေးနဲ့မဖြစ်နိုင်ပါဘူး။ဆိုတော့ မင်း အကွေးနဲ့ ဝေးဝေးမှာနေပါ။ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ ငါမသိပေမယ့် အကွေးကိုတော့ငါသိတယ်။ဒီကမ္ဘာမှာ ငါ့လောက် အကွေးကို သိတဲ့သူမရှိဘူး ဒါကြောင့် မင်းနောက်တစ်ခါသူနဲ့ မပက်သတ်ပါနဲ့...."

"ခဏလေးအကို..ကျွန်တော့်နာမည်က ကောင်းမြတ်သော၊ အသက်က ၁၈ပြည့်ပြီးပါပြီ။ပြီးတော့ ကျွန်တော်က ယောကျာ်းပါ....."
ဟုဆိုကာ အကွေးဆီသို့ ဖုန်းပြန်ပေးလိုက်သည်။

အကွေးက မျက်ရည်တွေနဲ့ ကောင်းကိုကြည့်နေပြီး သူမဖုန်းလေးကို ပြန်ယူလိုက်သည်။

"အကွေးဆီကို ဖုန်းပြန်ပေးပေးပါ"
တစ်ဖက်ကာင်လေးရဲ့ ကျစ်လျစ်သေသပ်တဲ့ စကားအသုံးနှုန်းကြောင့် မြတ်ဘုန်း ဆက်ပြီးစကားမပြောချင်တော့။ထိုကြောင့် အကွေးကိုသာ ဖြောင့်ဖြပေးဖို့ လုပ်ရသည်။

"ငါပြောနေတာ မြတ်ဘုန်း"

"အင်း အကွေး၊ဘာမှမလုပ်နဲ့ ဒီတိုင်းပဲနေ။
ငါပြန်လာခဲ့မယ် ငါကိုစောင့်နေ ဘာမှမလုပ်နဲ့နော်...ငါပြောတာ သဘောပေါက်လားအကွေး။"
ထိုသို့ပြောနေတုန်းမှာပင် သွေးအိတ်ကိုင်ပြီး မြတ်ဘုန်းကို မျှော်လင့် တစ်ကြီးကြည့်နေတဲ့ အမျိုးသားကြီးကြောင့် မြတ်ဘုန်းဖုန်းပြောတာကို လက်စ သတ်ရတော့မည်။

"ဒါပဲနော် ငါပြောတဲ့အတိုင်းပဲလုပ်နော် အကွေး..."ဟုဆိုကာ ဖုန်းချသွားသည်။

အကွေးဘာကိုမှ ပြန်ဖြေချိန်မရလိုက်ပါ။

အကွေးဖုန်းချပြီးနောက်တွင် အိမ်ပေါက်ဝမှာရပ်နေတဲ့ အကွေးအမေက..
"လာ လာ အိမ်ထဲဝင်တော့၊" ဟု ပြောသည်။

အကွေးအဖေကလည်း ဘာမှမပြောပဲ အိမ်ထဲကို ဝင်သွားနှင့်ပြီ။ထိုအခါမှ အကွေးလည်း စက်ဘီးပေါ်ကနေ ဆင်းကာ ကောင်းကိုမစောင့်ပဲအိမ်ထဲဝင်ခဲ့လိုက်သည်။

"လူလေး လာ အိမ်ထဲဝင်"

"ဟုတ်ကဲ့.." စက်ဘီး ဒေါက်ထောက်ပြီး ကောင်းလည်း အကွေးအမေနောက်သို့ လိုက်လာလိုက်၏။

တန်းလျားခုံမှာ ထိုင်နေတဲ့ အကွေးအဖေကိုမြင်တော့ ကောင်းချက်ချင်းပင် တမံသလင်းပေါ်ကို ဒူးထောက်ထိုင်ချလိုက်သည်။

"ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုချင်ပါဘူး ဦးလေး။ကျွန်တော် လုပ်ခဲ့တာက လွန်တယ်ဆိုသိပေမယ့်လည်း ကျွန်တော် တကယ်ကိုချစ်မိပြီးပိုင်ဆိုင်ချင်တာမို့ပါ"

"မင်း မင်း..."
ငြိမ်သက်နေတဲ့ ဗုံးတစ်လုံးကို စနက်တံဆွဲဖြုတ်လိုက်သလိုပါပဲ။ အကွေးရဲ့အဖေဟာ ထိုင်ရာကနေထ,လာပြီး ကောင်းရဲ့ အင်္ကျီကို ဆွဲစုတ်ပြီး ထိုးဖို့ရန်ရွယ်လိုက်သည်။

"ခဏလေး အဖေ.....
အအေးပဲ သောက်ပြီးမထူနိုင်အောင် မူးလာပြီး ပူလောင်နေတာ ဘာလို့လဲ"

တစ်ဖက်က ကောင်လေးကို ထိုးတော့မည့်အချိန်မှာ အခန်းထဲကနေ ထွက်လာပြီး မေးတဲ့သမီးဖြစ်သူကြောင့် အကွေးရဲ့အဖေကျန်းမာရေးမှူးခဗျာ ရူးချင်သွားသည်။ ဒီလောက်ထိဖြစ်နေတာတောင်မှ မေးလို့ မဆုံးနိုင်တဲ့ ဒီသမီးကို ရိုက်ချင်လာသည်။

"ဟုတ်တယ် အဖေ သူ,မမှားဘူးပဲ"

"ဟမ်..လခြမ်းကွေး"
သူမအဖေ တော်တော်လေးအော်လိုက်သည်။

ထို့ကြောင့် လခြမ်းကွေးရဲ့ ခန္ဓာကိုယ်လေးက တွန့်သွားပြီး......
"အအေးသောက်လိုက်တယ်၊ မူးလာတယ်။
အဖေသိလား သမီး သမီးကသူ့ကိုအရင်...."
သူမလေးရဲ့ ပါးစပ်ကို သူမအမေက ပိတ်ပေးလိုက်သည်။

"လခြမ်းကွေး ....ညည်းမလည်ရှုပ်တွေလုပ်တာ များပြီနော်။ ဒီကိစ္စကို ဘာထင်နေလဲ"

ပါးစပ်ကို လက်နဲ့ပိတ်ထားပြီး မေးခွန်းမေးနေတဲ့ အမေကြောင့် အကွေးမှာ မျက်လုံးလေးတွေဝှေ့ပြီး အဖြေပေးနေရသည်။ ပါးစပ်ကမှဖြေလို့မရပဲ မျက်လုံးက ဖြေရမှာပေါ့လေ။

အကွေးအဖေရဲ့ လက်ထဲကနေ ကောင်း အကွေးဆီသို့ကြည့်မိသည်။ သူမလေးရဲ့ မျက်လုံးလေးတွေ အထူးသဖြင့် မျက်ဆံအနက်လေးကာ ဝေ့ဝိုက်ပြီး လုပ်နေသည်က တကယ့်ကလေးတစ်ယောက်လိုပဲ။မျက်နှာမြင်ရုံနဲ့တင် အေးချမ်းစေတဲ့ အကွေးပါလေ။

"လွှတ်ပေးလိုက်စမ်းပါ မြရယ်၊မင်းသမီးရဲ့မျက်လုံးက အကိုဆီလာမှန်နေပါဦးမယ်"

ထိုအခါမှ အမေက အကွေးကို လွှတ်ပေးသည်။ လွတ်ပေးချင်းမှာပဲ....
"သူမဟုတ်ဘူး အဖေ၊
သမီးပဲ ဟုတ်တယ် သမီးပဲ။
ဒါက ဖက်ပေါ်အပ်ကျလည်း ဖက်ပေါက်တယ်ဆိုပေမယ့် ဥပေါ်ကျောက်ပြင်ကျတော့လည်း ဥကွဲတာဆိုသလိုဖြစ်သွားတာပဲ"

"ဟောတော်"

"လခြမ်းကွေး မဟုတ်တာတွေမတွေးစမ်းနဲ့ဟာ"
အကွေးရဲ့ အဖေကတော့ စိတ်ပျက်လို ပြောပေမယ့် ကောင်းမြတ်သောကတော့ ရယ်ချင်နေသည်။လခြမ်းကွေးက ဒီလိုလေးလားလို့ တွေးမိပြီး သူကြည်နူးမိသည်။

သူသိသည်က တစ်ခါသာဆုံဖူးသော အကွေးဟာ နွေးထွေးသည်၊ပွင့်လင်းသည်။ဒါကြောင့် သူ အကွေးကို လိုချင်ခဲ့တာ။အခုတော့ဖြင့် အဆစ်နေတဲ့ အကွေးဟာ ချစ်စရာကောင်းလောက်အောင် ပြောတတ်နေသည်။

"တကယ်ပြောတာ ကဲ အဖေသူ့ကိုလွှတ်ပေးလိုက်တော့..."
ပြောပြောဆိုဆိုနဲ့ အကွေးက ကောင်းအနားကို ရောက်လာပြီး ကောင်းရဲ့ အင်္ကျီစကို သူမအဖေလက်ထဲကနေ ပြန်လုပေးပြီး သူမအဖေနဲ့ ကောင်းရဲ့ကြားမှာဝင်ရပ်သည်။အကွာအဝေးအနေနဲ့ ပြောရလျှင် သူမအဖေထက် ကောင်းနဲ့ပိုလို့နီးကပ်နေသည်။

"ထမင်းစားပြီးပြီလား..."

ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ကောင်းရဲ့မျက်နှာကိုကြည့်ပြီး ရိုရှင်းတဲ့အမေးက သူမနှုတ်ဖျားက ထွက်ကျလာသည်။

ကောင်းဘာမှပြန်မပြောနိုင်ပဲ သူမလေးကိုသာ ငေးလို့ကြည့်နေမိသည်။

"ဖျော်ရည်သောက်ချင်လား၊
နွားနို့ရော....ဒါမှမဟုတ် ကော်ဖီ ဘာစားမလဲ"

တယုတယနဲ့အမေးမဟုတ်ပေမယ့် ကြည်လင်နေတဲ့ ဒီအမေးကြောင့် ကောင်းစိတ်ထဲမှာ ဝမ်းနည်းမိသည်။ဒီလိုမျိုးမေးမယ့်သူ,မရှိတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ဒီလို သူ့အပေါ်ဂရုစိုက်ပေးတဲ့သူ မရှိခဲ့တာကြာတော့ အခုအမေးက ကောင်းအတွက် ဝမ်းနည်းစေသည်။

"ဘာဖြစ်လို့လဲ ငိုချင်လို့လား"

ကောင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး မေးတဲ့ဒီစကား။ သေချာပေါက် ကောင်းငိုနေပါသည်။သို့သော်လည်း စိတ်ထဲမှာပါ။အပြင်မှာတော့ ကောင်းမျက်နှာက ဘာမှမဖြစ်သလိုပါ။

"အရမ်းကြီး ဝမ်းမနည်းပါနဲ့
အသက်ရှင်နေသေးတာပဲလေ"

ထိုအပြောကြောင့် ကောင်း ခေါင်းငြိမ့်ပြမိသည်။ ပြီးနောက် သူမလေးက ကောင်းလက်ကိုတွဲပြီး မီးဖိုထဲကိုခေါ်လာသည်။ကောင်းကို ထမင်းစားတဲ့ စားပွဲဝိုင်းအပုလေးမှာ ထိုင်စေပြီး ထမင်းခူးပေးသည်။

လခြမ်းကွေးရဲ့ အဖေနဲ့အမေကတော့ သူတို့သမီးရဲ့ လုပ်ဆောင်ချက်တွေကို မမှိတ်မသုန်နဲ့ကြည့်နေသည်။

"မင်းသမီး ဘာတွေတွေးနေတယ်ထင်လဲ"

"ဘယ်သိမလဲ၊ ရှင့်သမီးပဲဟာ ရှင်လည်းသိသင့်တယ်မလား။ အဲ့တော့ အဖေပဲ ပြော။သူဘာတွေတွေးနေလဲ"

လခြမ်းကွေးရဲ့ အမေကထိုသို့ပြောတော့ သူမအဖေက လေးပင်ပင်နဲ့ပင် ခေါင်းယမ်းပြကာ...
"ထုံးစံအတိုင်း ငါတို့ လိုက်မမှီတဲ့နေရာရောက်နေပြီထင်တယ်"

ထိုအပြောကို လခြမ်းကွေး အမေကလည်း ခေါင်းညိမ့်ပြီး ထောက်ခံသည်။

"စားလေ..."

ထမင်းဟင်းတွေ ခူးခပ်ပေးပြီး မောင်ငယ်တစ်ယောက်ကို ထမင်းကျွေးမည့် အမကြီးတစ်ယောက်လို ပုံစံမျိုးကြောင့် ကောင်းလည်း ထမင်းကို ဇွန်းဖြင့် ယူကာ စားလိုက်သည်။ဒီလိုဆိုတော့လည်း သူမလေးက ကောင်းပန်းကန်ထဲကို ဟင်းထဲ့ပေးသည်။

"စိတ်ကြွဆေးက ဘာရောင်လဲဟင်၊
အဲ့ဒီဆေးကို ဘာလို့စိတ်ကြွဆေးလို့ခေါ်တာလဲ။ငါ စိတ်ကြွနေတုန်းကရော ဘယ်လိုပုံစံလဲဟင်"

"ဗျာ..."
ပါးစပ်ထဲက ထမင်းလုပ်တောင် ပြန်ထွက်ကျလာမလိုဖြစ်သွားရသည်။

"အင်း ကောင်းလည်းငယ်သေးတာပဲ။
ဘယ်သိပါ့မလဲ ဒါဆို နောက်ဆုံးတစ်ခုပဲဖြေပါ။
ငါစိတ်ကြွနေတုန်းက ဘယ်လိုပုံစံလဲဟင်..."

"ဟို အဲ့တာက..."

"အင်း ပြောလေ"
တော်တော်နဲ့ စကားမဆက်လာသည့် ကောင်းကြောင့် အကွေးစကားထောက်လိုက်ရသည်။

"ဒီတိုင်းပါပဲ အရက်မူးနေသလိုပဲ"
အကျယ်တဝင့်ပြောပြဖို့ရန်အတွက်က သူမလေးရဲ့ မိဘတွေက ရပ်ပြီးကြည့်နေသည်မဟုတ်လား။ဒါကြောင့် အလွယ်ပင်ဖြေလိုက်သည်။

ဒီအဖြေကြောင့် လခြမ်းကွေးရဲ့ မျက်လုံးလေးတွေက ဝိုင်းစက်သွားပြီး အချိန်တစ်ခုထိ သူမလေးငြိမ်သက်သွားသည်။

သူ့ဘေးမှာ ထိုင်နေရင်း သူ့မျက်နှာကို ကြည့်ကာ ငြိမ်သက်နေသည့် အကွေးကြောင့် ကောင်းခင်ဗျာ ထမင်းပဲဆက်စားရမလို၊ သူမလေးကိုပဲ ဆက်ပြီးကြည့်ရမလိုဖြစ်နေသည်။

"ကောင်း သိလား။
ငါအရက်မမူးတတ်ဘူး"

"အင်း..."

"ထားပါတော့လေ ကဲ စား စား။"
တွေးလက်စတွေကို ထားလိုက်ပြီး ကောင်းကို ထမင်းစားခိုင်းလိုက်သည်။သူမက စား စားလို့ပြောမှ ကောင်းမြတ်သောက ထမင်းပန်းကန်ကို ကြည့်ကာ ဖြည်းဖြည်းချင်းစားသည်။

အကွေးကြည့်နေတာ ကောင်းက အချဥ်ဟင်းခွက်ထဲက အရွက်တွေကိုသာစားသည်။သူမထဲ့ပေးထားတဲ့ အမဲသားတုံးကတော့ အခုထိမကုန်သေး။တခြားဟင်းတွေလည်း ဘာမှမထဲ့ပဲ အချဥ်ဟင်းထဲက အသီးအရွက်တွေကိုသာ ပန်းကန်ထဲထဲ့ပြီး ဖြည်းဖြည်းချင်းဝါးစားသည်။

အကွေးဆို နှစ်ချက်သုံးချက်လောက်ဝါးပြီးရင်း မျိုချလိုက်သည်။ ကောင်းကတော့ဒီလိုမဟုတ်။အကွေးသေချာကြည့်နေတာ ထမင်းတစ်လုပ်ကို ကောင်းက အနည်းဆုံး၁၀ချက်လောက်တော့ဝါးသည်။

ကြည့်နေရင်းကနေ ကောင်းမျက်လုံးတွေက တစ်ခုခုကိုရှာနေသည်မို့..
"ဘာလို လို့လဲဟင်" လို့ မေးလိုက်သည်။

"ဟို ရေသောက်ချင်လို့ပါ"

"အင်း.."ဟုဆိုကာ သူမထ,ရပ်သွားပြီး ကောင်းအတွက် ရေတစ်ခွက်ယူလာပေးသည်။

"ကျေးဇူး"

ထိုသို့ဆိုတော့လည်း အကွေးက ဘာမှပြန်မပြောပဲ ကောင်းဘေးမှာ ပြန်ထိုင်သည်။ကောင်းထမင်းစားပြီးသွားတော့ အကွေးက ပန်းကန်တွေသိမ်းပေးပြီး ကောင်းကို အိမ်ရှေ့သို့ခေါ်လာသည်။

"စာမေးပွဲဖြေတော့မှာနော့."

"သဘက်ခါ ဖြေမှာ"

"စာတွေရော ရပြီလား ကောင်း။
သိပ်တော့ စိတ်ပူစရာမရှိပါဘူး အားကစားကအမှတ်တွေ ရဦးမှာပဲ။ဒါနဲ့ ဘူမိက ကောင်တွေနဲ့ ကောင်းနဲ့ဘယ်လိုဆော့လဲ"

"ဗျာ.."

"ဖလားရတယ်ဆိုလို့လေ။
ငါတို့မေဂျာက ငါနောက်ဆုံးနှစ်မှ ဂိုးရဖူးတာ။
သော်တာ့ကြောင့်လေ သော်တာ..ခဏ ခဏ"

ကောင်းကတောင် ဘာမှပြန်မပြောရသေးဘူး သူမလေးက ခဏခဏ ဟုဆိုကာ ငြိမ်သက်သွားပြန်သည်။ထို့ကြောင့် ကောင်းလည်း ဘာမှမပြောပဲ သူမလေးကိုပဲကြည့်နေလိုက်သည်။

"ငါ့ကို ဆေးခတ်တာက သော်တာလားမသိဘူး ကောင်း၊ ငါစိတ်ထဲတော့....မဟုတ်ရင် အားနာရပါတယ်။"

"အကွေး...."

"ရှင်"

"နင်တွေးရမှာက အဲ့တာတွေထက် ပိုတာရှိသေးတယ်။မေ့သွားလို့မရဘူးလေ ဒီကိစ္စဘယ်လိုလုပ်မှာလဲ"
လက်ဖဝါးနှစ်ဖက်ကို ဗိုက်ရှေ့မှာကာပြီး ဗိုက်ကြီးသလို ပုံသံမျိုးလုပ်ပြတဲ့ အဖေ့ကို ကြည့်ပြီး အကွေးလည်း သူမကိစ္စကိုပြန်သတိရသွားသည်။

အတန်ကြာတဲ့အထိ သူတို့အကုန်လုံးတိတ်ဆိတ်သွားပြန်သည်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ။ဗိုက်ထဲက အစက်အပြောက်လေးတွေကို သူမဘယ်လိုလုပ်ရပါ့။တွေးနေရင်းက မြတ်ဘုန်းကို သတိရသွားသည်။

မြတ်ဘုန်းစကားတွေကို သူမပြန်လည်တွေးမိသွားပြီး အဖြေထုတ်ရခက်နေသည်။ထိုအချိန်မှာပဲ သူမ မေးခွန်းတစ်ခုကို မေးချင်လာသည်။

"အချစ်ကဘာလဲ ကောင်း..."
သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကောင်းမြတ်သောရဲ့ မျက်လုံးတွေကို ကြည့်ပြီး သူမကြည်လင်စွာပင်မေးလိုက်မိသည်။

ဘယ်သူ့ဆီကမှ တိကျစွာမရခဲ့တဲ့ ဒီအဖြေကို သူမဘာကြောင့်မှန်းမသိပဲ ကောင်းဆီကနေ မျှော်လင့်တကြီးဖြစ်နေသည်။

"အချစ်က အဆင်ပြေမှုပဲ
အဆင်ပြေပြေနဲ့ နေနိုင်ရင် အဆင်ပြေမယ်လို့ ကျွန်တော်ထင်တယ်။နေထိုင်မှု ၊ ဆက်ဆံမှု အားလုံးအဆင်ပြေရင် ဒါကအဆင်ပြေတာပဲလေ။အဆင်ပြေမှ အချစ်ကရှိနိုင်မှာ။ဒါကြောင့် အချစ်က အဆင်ပြေမှုလို့ ယူဆတယ်"

ကောင်းမြတ်သောရဲ့ အဖြေကို လခြမ်းကွေးရဲ့အဖေက ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံရှာသည်။အချစ်က အဆင်ပြေမှုပဲတဲ့ ဒါသိပ်ကိုကောင်းတဲ့စကားပဲ။

လူတိုင်း အချစ်ကို အမျိုးမျိုးရိုးမယ်ဖွဲ့ကြသည်။ အချစ်ကြောင့်ပဲ မခွဲနိုင်မခွာနိုင်ဖြစ်ကာ လက်ထပ်ကြသည်။နောက်ပိုင်းအဆင်မပြေမှုတွေဖြစ်လာရင် ကွဲကြကွာကြသည်။ တကယ်တော့အချစ်ဟာ ကဗျာတစ်ပုဒ်လည်းမဟုတ်သလို၊ မင်းမှမင်း ဆိုတာမျိုးလည်းမဟုတ်ပါ။ အချစ်က အဆင်ပြေမှုပါပဲ။

နှစ်ဦးနှစ်ဖက် အဆင်ပြေပြေရှိနေရင် အချစ်ကလည်း ရှိနေမှာမဟုတ်လား။အဆင်ပြေမှုဆိုတာသာ မရှိရင် အချစ်လည်းရှိမှာမဟုတ်ဘူး။ဒီကောင်လေး ကြည့်ရတာ ငယ်ပေးမယ့်လည်း တော်တော်လေး ရင့်ကျက်သည်။သူတော့ သဘောကျမိသည်။ထို့ကြောင့် ဇနီးဖြစ်သူကို လှည့်ကြည့်လိုက်တော့လည်း ဇနီးဖြစ်သူရဲ့ မျက်နှာမှာ ကျေနပ်မှုတွေက အတိုင်းသား။

"ကဲ ရပ်ကွက်ရုံးကို သွားမယ်"

ကောင်းရဲ့ အဖြေကို စဥ်းစားနေတုန်းမှာပင် သူမအဖေက သူမလက်ကို ဆုပ်ကိုင်ကြီး ပြောလိုက်တဲ့စကား။ထိုစကားကြောင့် အကွေးတွေးနေရာကနေ ထုံးစံအတိုင်း သူမအဖေကိုကြောင်ပြီးကြည့်လိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်။
လာ သွားကြမယ်"

အကွေးအမေကပါ အကွေးလက်ကို ဆွဲပြီးထ,ရပ်စေလိုက်သည်။ထို့ကြောင့် လခြမ်းကွေးလည်း ဘာမှန်းမသိပဲ သူမမိဘတွေဦးဆောင်ရာ နောက်သို့လိုက်လာသည်။ကောင်းမြတ်သောကလည်း သူမရဲ့ဘေးမှာ ကပ်ပါလာ၏။

"ဟေ လက်ထပ်စာချုပ်ဟုတ်လား.."
အကွေးအဖေရဲ့ပြောစကားကို ရွာသူကြီးဟာ လခြမ်းကွေးကို ကြည့်ပြီးမေးခွန်းထုတ်လိုက်သည်။ ထိုအခါမှ လခြမ်းကွေးကလည်း အသက်ပြန်ဝင်လာသလို ပြူးပြူးပြာပြာဖြစ်ကာ...
"ဟင် အကွေးလက်ထပ်ရမှာလား။" ဟု ထ,မေးသည်။

"အေး.."
ထိုသို့ပြောပြီး အကွေးရဲ့အဖေက ရွာသူကြီးရဲ့အံဆွဲထဲကနေ လက်ထပ်စာချုပ်နှစ်ဆောင်ကို ဆွဲထုတ်လေသည်။ အကြောင်းသိတွေမို့ ရွာသူကြီးက ဘာမှမပြောတော့ ပဲ လခြမ်းကွေးတို့ သားအဖနှစ်ယောက်ကို တစ်လှည့်စီကြည့်နေသည်။

"ခဏလေးအဖေ ...သမီး စဥ်းစားလိုက်ဦးမယ်။
သမီး လိုက်မမှီတော့ဘူး"
ပြောပြီး သူမအဖေဆီကနေ မျက်နှာလွှဲလိုက်တော့ ကောင်းဆီသို့ ကြည့်မိသွားသည်။

ဟုတ်ပြီ အချစ်တွေဘာတွေထားပါဦး။အိမ်ထောင်ရေးနဲ့ ပက်သတ်ပြီး အကွေးမှာ မေးစရာများသည်။ထို့ကြောင့် ရွာသူကြီးရဲ့စားပွဲခုံပေါ် လက်ထောက်ပြီး ကောင်းဘက်ကိုကြည့်ကာ....
"ကောင်း အသက်ကြီးလာရင် နံလာမှာလား၊
ညအိပ်ရင်ရော ဟောက်တတ်သလား၊ မနက်အစော အိမ်သာတက်လား"

"အကုန်လုံး အကွေးအဆင်ပြေအောင်လုပ်ပေးမှာပါ"

"ဒါဆို နောက်တစ်ခုမေးမယ်။
ဂတိဆိုတာက ဘာလဲ"

"ဂတိက ဘာလဲတော့ကျွန်တော်မသိဘူး။
ဒါပေမယ့် ယောကျာ်းဆိုတာ ပြောတဲ့စကားကိုဖြစ်အောင်လုပ်ရတယ်လို့ ကျွန်တော့်အဖွားက ဆုံးမခဲ့ပါတယ်"

ဟုတ်သားပဲ။ အခုမှ ကောင်းရဲ့အကြောင်းကို သူမတွေးမိသွားသည်။ ကောင်းရဲ့မိသားစုကရော ဒီအခြေအနေကို လက်ခံပါ့မလား။

"ကောင်းမိဘတွေ သိရင်ဆူမယ်ထင်တယ်။ဖြစ်ပါ့မလားဟင်"

ကောင်းနဲ့လက်မထပ်ချင်လို့ပြောနေတာမျိုးမဟုတ်ပဲ အမှန်တကယ်ပင် ကောင်းအတွက်စိုးရိမ်နေဟန်ဖြင့် သူမပြောသည်။သူမဘာလုပ်လုပ် ကောင်းဘက်ကခန့်မှန်းတတ်တာ ဘာကြောင့်မှန်းမသိပေမယ့် ကောင်း အကွေးကို နားလည်နိုင်သည်၊ အကွေးပြောချင်တာကို သဘောပေါက်သည်။

"ကျွန်တော်က အဖွားနဲ့နေတာပါ။
ကျွန်တော် ၁၀တန်းအောင်တဲ့နှစ်ကပဲ အဖွားဆုံးသွားပါတယ်"

ဒီလိုဆိုတော့လည်း အကွေးအမေကစိတ်မကောင်းဖြစ်ရသည်။ ဘယ်တတ်နိုင်ပါ့မလဲ သူမတို့မှာ သမီးနဲ့ပက်သတ်ပြီး သားတစ်ယောက်ထပ်ရသည်လို့ပဲတွေးရမှာပေါ့လေ.....
"ဝမ်းမနည်းပါနဲ့ ကောင်းရယ်၊ အမေတို့ရှိနေတာပဲ"

အကွေးတို့နောက်မှာ ရပ်နေသည့် အမေက ကောင်းရဲ့ပခုံးလေးပေါ်ကို လက်တင်ပြီးဖိညှစ်ကာ အားပေး၏။

အကွေးတို့မိသားစုက နွေးထွေးလိုက်တာ။
အေးစက်နေတဲ့ ကောင်းတို့မိသားစုနဲ့ ကွာခြားလိုက်ပုံများ တကယ်တော့ အကွေးဟာ ကောင်းအတွက်တော့ ကောင်းနဲ့ဘယ်လိုမှမထိုက်တန်တဲ့ ရတနာတစ်ပါးလို ဖြစ်တည်မှုမျိုးပင်။သို့သော်လည်း ကောင်းကို ကံတရားကမျက်နှာပေးသည်ထင်ပါရဲ့..ဒီရတနာလေးကို သူပိုင်ဆိုင်ခွင့်ရတော့မည်။

"ကဲ အကွေး ထပ်ပြီးမမေးတော့နဲ့၊ ကောင်းလည်း ငိုတော့မယ် နင်လုပ်တာနဲ့"

"အင်း..ဒါဆို မြတ်ဘုန်းကိုဘယ်လိုလုပ်မလဲ အဖေ" ဟု သူမတိုးညှင်းစွာပင် မေးလိုက်သည်။

ဒီတော့ သူမအဖေက ထုံးစံအတိုင်း သူမလေးကို မေးခွန်းပြန်ထုတ်သည်။.
"ဒါဆို အကွေးဘယ်လိုလုပ်ချင်လဲ"

အဖေပြောတဲ့ ဘယ်လိုလုပ်ချင်လဲဆိုတာကို အကွေးစဥ်းစားသည်။ဘယ်လို လုပ်ချင်လဲဆိုတော့  မြတ်ဘုန်းလား၊မြတ်ဘုန်းနဲ့သူမက နေရင်းထိုင်ရင်းနဲ့ပဲ ဘယ်လိုမှတွေးလို့မရအောင် ဝေးသွားပြီးလို့ ခံစားရသည်။ဘာလို့ သူမတို့ဝေးခဲ့ကြသလဲ၊သူမဘက်က တုန့်နှေးလို့လား။

ဒါကတော့မဖြစ်နိုင် သူမဘက်က သိသာအောင်တစ်မျိုး၊မသိသာအောင်တစ်မျိုး ချစ်နေကြောင်းကို ပြောခဲ့၊ပြခဲ့သည်။ဒါဆို မြတ်ဘုန်းက မသိတာလား၊နည်းနည်းလေးတောင်မသိခဲ့ဘူးလား။ဒါမှမဟုတ်ရင် မသိချင်ယောင်ဆောင်နေတာလား။သူ့ဘက်က နည်းနည်းလေးတောင် အကွေးကိုမချစ်ခဲ့ဖူးဘူးလား။

မေးခွန်းတွေက ရင်နှင့်မဆံ့ဖြစ်ကာ၊ နာကျင်လာရသည်။

"ကျွန်တော့်ကို လက်ထပ်ပါနော်"တဲ့။
သူမရဲ့ လက်ဖဝါးလေးကို အုပ်မိုးပြီး နွေးထွေးမှုတွေ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့ ကောင်းရဲ့စကားသံ။

ဒီအသံဟာ နတ်ပြည်ကဗြောလိုပဲ ချိုတမြမြနှင့် အကွေးရဲ့ရင်အတွင်းကို စီးဝင်သွားသည်။သို့တိုင်အောင် နာကျင်မှုတွေက အကုန်မပျောက်သေးပဲ ရှရှတတနဲ့ကျန်ရစ်နေသေးသည်။

သူမအဖေကလည်း သူမကိုကြည့်နေပြီး သူမအမေကလည်း သူမရဲ့ပခုံးကိုခပ်ဖွဖွလေးကိုင်ထားသည်။အားလုံးက အကွေးအတွက်စိုးရိမ်နေကြသည်။ဟုတ်ပါတယ်လေ အဖေနဲ့အမေကို ဒီလောက်စိတ်ပူအောင်လုပ်ရရင် သူမကျေနပ်သင့်ပါပြီ။

နေလို ပူပြင်းတဲ့လက်တွေ့ဘဝက တကယ်တမ်းတော့ ခါးသီးနာကျင်ရပါသည်။ လရောင်လို အေးမြတဲ့စိတ်ကူးယဥ်အချစ်တွေကို သူမလက်မလွတ်ချင်သေးပါ။သို့သော်လည်း သူမဆုံးဖြတ်ရတော့မည်။သူမ လက်တွေ့ဘဝကိုရင်ဆိုင်ရမည်၊ ပူပြင်းမှုတွေကို သူမလက်ခံရတော့မည်ထင်ပါရဲ့။

သူမ ခေါင်းပဲညိမ့်ပြလိုက်သည်။ ထိုအခါမှာ သူမအဖေကျေနပ်သွားလိုက်တာများ အဝန်းဘွဲ့ယူတုန်းကတောင် သူဒီလောက်ထိပျော်မည်မထင်ပါ။

"လက်မှတ်ထိုးဖို့ အသိသက်သေက အကိုကြီးပဲလုပ်ပေးပါဗျာ" ဆိုပြီး ရွာသူကြီးကို ပြောတဲ့အသံက ကြည်နူးမှုတွေ အတိုင်းဆမဲ့ပါဝင်နေသည်။

ဒီလိုနဲ့ပဲ အကွေးဟာလက်ထပ်ပြီးသားမိန်းမတစ်ယောက်၊ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတစ်ယောက်အဖြစ်သို့ရောက်ရှိခဲ့ပြီ။

ရပ်ကွက်ရုံးကနေ သူမတို့အိမ်ကိုပြန်ရောက်တော့ သူမတစ်ခုတွေးမိသွားပြီး
"ကောင်း မနက်ဖြန် မိတ္ထီလာပြန်ရမှာပေါ့" လို့ပြောလိုက်သည်။

သဘက်ခါစာမေးပွဲဖြေမည်မို့ ကောင်းမြတ်သော မနက်ဖြန် မိတ္ထီလာပြန်ရမည်။ဟုတ်ပါရဲ့ တော်သေးသည် အကွေးအနေမခက်ရတော့ဘူးပေါ့။စာမေးပွဲဖြေပြီး ကောင်းပြန်မလာလျှင် ကောင်းမည်လို့ သူမတွေးမိသည်။သူမ အရာရာကို လက်ခံဖို့အဆင်သင့်မဖြစ်သေးပါ။

"ညနေမှ ပြန်ပါ့မယ်၊
ပြီးရင် ကျွန်တော်ပြန်လာခဲ့မယ်"

ထိုအဖြေကိုကြားပြီးနောက်တော့ သူမအခန်းထဲကို ဝင်သွားလိုက်သည်။နောက်မှာကျန်ခဲ့တဲ့ သူမမိဘတွေနဲ့ ကောင်းနဲ့ ဘာတွေပြောနေလဲဆိုတာကို သူမ မသိချင်တော့။ဘာမှလည်း မတွေးချင်တော့သည်မို့ အခန်းထဲရောက်တော့ အိပ်ရာပေါ်လှဲချပြီး သူမအိပ်ပျော်ဖို့လုပ်လိုက်သည်။

ည၁၁နာရီထိုးခါနီးတော့ သူမရေဆာသည်မို့ အိပ်ရာကနေ ထ,လာပြီး အခန်းပြင်ကိုထွက်ခဲ့လိုက်သည်။လှေကားဘေးက သူမအခန်းမို့ အောက်ထပ်ကဧည့်ခန်းက သူမအခန်းကထွက်လျှင်ရောက်သည်။ထိုနေရာမှာပဲ သူတို့မောင်နှမတွေ TVကြည့်ရင်း ကစားကြသည့် ပျဥ်ခင်းကွပ်ပစ်အပုလေးရှိသည်၊ဘေးကတော့ အဖေနဲ့အမေထိုင်တဲ့ တန်းလျားနှစ်ခုကို မျက်နှာချင်းဆိုင်မထားပဲ ရှေ့ထိပ်မှာတစ်ခု နံရံဘေးမှာတစ်ခုထားကာ လွတ်နေတဲ့နေရာမှာ ခြေမြင့်စားပွဲခုံးတစ်လုံးထားသည်။

အခု ကွပ်ပစ်ပေါ်မှာ ခြင်ထောင်တစ်လုံးရှိနေသည်။အိမ်ပေါ်မှာကလည်း အဝန်းနဲ့အလင်းရဲ့အခန်းမို့ နေရာလွတ်ကမရှိ။မီးဖိုမှာလည်း ရှေ့ထိပ်က အဖေနဲ့အမေနဲ့အိပ်သည်ဆိုတော့ ကောင်းကို ဒီနေရာမှာပဲ အိပ်ခိုင်းသည်ထင်ပါရဲ့။

ဘာရယ်မဟုတ်ပဲ သူမ ကောင်းဆီသို့ သွားကြည့်မိသည်။ ငြိမ်သက်နေသည်က အသက်ရှူသံမျှင်းမျှင်းကိုပင် ဂရုတစိုက်နားထောင်မှ ကြားရသည်။

"အကွေးလား..."

ခြင်ထောင်အပြင်က လူရိပ်ကြောင့် ကောင်းခပ်တိုးတိုးပင်မေးလိုက်ပြီး ခြင်ထောင်လှပ်ကာ ကြည့်လိုက်သည်။

"အိပ်မပျော်ဘူးလား"

"အင်း နေရာပြောင်းရင်အဲ့လိုပဲဖြစ်တတ်တယ်"

"ဘာပြောရမလဲဟင်.."

ဟောဗျာ သူမလေးက ဘာပြောရမလဲဆိုတာတောင် ကောင်းကို မေးနေသည်။ ဒီလောက်ထိ ဖြူစင်တဲ့သူမျိုး ဒီကမ္ဘာမှာရှိသေးတာကို ကောင်းမယုံကြည်နိုင်ဖြစ်ရပေမယ့်လည်း အကွေးကဟန်ဆောင်ပြီးပြောနေတာမဟုတ်မှန်းသူသိပါသည်။ဒီအမျိုးသမီးကို သူ မြတ်နိုးလွန်းမက မြတ်နိုးရသည်မို့...
"ဘာပြောရမှာလဲ ညဉ့်နက်နေပြီ အိပ်တော့လေ၊
ကျွန်တော်လည်း အိပ်ချင်နေပြီ"

တကယ်တော့ ကောင်း မအိပ်ချင်ပါ။အိပ်လို့လည်းမပျော်ပါ။

"အင်း Good night"ဆိုပြီး သူမလေး ခပ်ဖွဖွခြေနင်းက ရေသွားသောက်ပြီး သူမလေးရဲ့အခန်းထဲကို ပြန်ဝင်သွားသည်။


_________________________

Zawgyi.......


ေလးေယာက္လုံးရဲ႕ ကမာၻဟာ ၿငိမ္သက္လြန္းမက ျဖစ္ေနၿပီး ထိုအခ်ိန္မွာပဲ.....

🎶Ring Ring Ring..🎶

ဖုန္းျမည္သံဟာ လျခမ္းေကြးကို အေတြးေတြကေန ဆြဲထုတ္ေပးလိုက္သည္။ သူမဖုန္းကို ၾကည့္လိုက္ေတာ့ contant nameေၾကာင့္ ခ်က္ခ်င္းပင္ဖုန္းကိုင္လိုက္ၿပီး...
"ငါေၾကာက္ေနတယ္ ျမတ္ဘုန္း၊ငါ အရမ္းကို ဘာလုပ္ရမွန္းမသိဘူးျဖစ္ေနတယ္ အသက္ရႉေနတာေတာင္ ငါအသက္ရႉမဝဘူးျဖစ္ေနတယ္ ငါအရမ္းကိုေၾကာက္ေနတယ္ ငါ့ကို ငါ့ကိုလာေခၚပါလား...လာေခၚပါေနာ္"

"အေကြး ေအးေအးေဆးေဆးေျပာစမ္း၊
ဘာမွမျဖစ္ဘူး။နင္ ဘာျဖစ္တာလဲဆိုတာကိုပဲေျပာ စိတ္ကိုေအးေအးထား"

"ျဖစ္သြားၿပီ ငါဘာမွေတာင္မသိလိုက္ခင္မွာပဲ ျဖစ္သြားခဲ့ၿပီ ျမတ္ဘုန္း၊ ငါအရမ္းကိုမွ ေၾကာက္ေနလို႔ ငါ့ကိုလာေခၚပါဟာ"

ဒီေနရာကေန ေလနဲ႔အတူပါသြားလို႔ ရရင္သိပ္ေကာင္းမွာပဲ။ေလညႇင္းေတြကေနတဆင့္ ျမတ္ဘုန္းရွိတဲ့ နာဂေတာင္တန္းေတြဆီကို ေခၚသြားေပးလို႔ရရင္ အေကြးသိပ္ေပ်ာ္မိမွာ။

"အေကြး စိတ္ကိုေအးေအးထားလို႔ ငါေျပာေနတယ္ေလ"
ငိုသံေတြစြက္ေနတဲ့ အေကြးရဲ႕အသံေၾကာင့္ ျမတ္ဘုန္းလည္း ပူထူေနပါၿပီ။သူမေလး ဘာေတြျဖစ္ေနၿပီလဲဆိုတာကို သိခ်င္ေနေပမယ့္ ငိုသံေတြနဲ႔သူမကိုလာေခၚပါကလြဲရင္ ဘာမွတိတိက်က်မေျပာတဲ့ အေကြးေၾကာင့္ ျမတ္ဘုန္းအသံကအနည္းငယ္ေတာ့မာသြားသည္။

"ကိုယ္ဝန္ရွိေနတာကို ငါစိတ္ေအးေအးထားႏိုင္ဦးမွာလား။"

ဖုန္းထဲကေနၾကားရတဲ့ သူမေလးရဲ႕ အသံျပတ္ျပတ္ဟာ ျမတ္ဘုန္းရဲ႕ အသက္ေသြးေၾကာေတြကိုျဖတ္ေတာက္လိုက္သလိုပင္။လူနာအတြက္ အေရးေပၚေသြးလိုလို႔ အနီးအနားကၿမိဳ႕ကို သူေရာက္လာခဲ့သည္။ ေဆး႐ုံမွာေသြးေစာင့္ေနတုန္း ဖုန္းလိုင္းမိခိုက္ သူမေလးဆီကို ဆက္သြယ္ခဲ့သည္က ဒီလိုစကားေတြၾကားရဖို႔မွမဟုတ္တာ။

သူ,မရွိတဲ့အခ်ိန္ေတြမွာ အေကြးဘာေတြျဖစ္ေနၿပီလဲ။တကယ္ဆို သူေမွ်ာ္လင့္ထားတာက ဒီလိုမဟုတ္ပါ။ျဖဴစင္လြန္းတဲ့ အေကြးအတြက္ ျဖဴစင္လြန္းတဲ့ပတ္ဝန္းက်င္ကို သူရွာေတြ႕ခဲ့ၿပီ။ဒီမွာ တာဝန္ေတြပါးတဲ့အခ်ိန္မွာ သူမေလးကို သြားေခၚၿပီး နာဂေတာင္တန္းေတြၾကားမွာပဲ သူမေလးကို အျဖဴစင္ဆုံးရွင္သန္ခိုင္းခ်င္တာ။အခုေတာ့ ဘာေတြျဖစ္ကုန္တာလဲ...သူလုပ္ေနတာေတြအကုန္လုံးက ဘာမွအရာမထင္ေတာ့ဘူးဆိုတဲ့သေဘာလား။

"ျမတ္ဘုန္း ငါအရမ္းကို ဘာေတြျဖစ္ေနလဲဆိုတာကို နားမလည္ႏိုင္ေတာ့ဘူး၊ငါ ငါ ဘာေတြျဖစ္ေနတာလဲ နင္သိလားဟင္"

သူမေလးက ေမးခြန္းေမးသည္တဲ့။ထုံးစံအတိုင္း သူမကပဲ ေမးသည္၊အခုတစ္ခါေတာ့ ျမတ္ဘုန္းဘာျပန္ေျဖရမလဲ တကယ္ကိုမသိပါ။သို႔ေသာ္လည္း ဒီအခ်ိန္မွာ ျမတ္ဘုန္းအေကြးေဘးမွာ ရွိေနမွျဖစ္မည္။အျမန္ဆုံးအိမ္ျပန္ရမည္။

"ဆရာေရ ေသြးရပါၿပီေနာ္..."

ျမတ္ဘုန္းရဲ႕စိတ္ကူးေတြက လက္ေတြ႕မွာေတာ့ မျဖစ္ႏိုင္ေသးပါ။သူ႔ကို အားကိုးေနတဲ့ အေကြးလိုပဲျဖဴစင္တဲ့ မ်က္ဝန္းေတြကို သူသတိရသြားသည္။ထို႔ေၾကာင့္ သူလက္ေတြ႕ဆန္စြာပင္....
"အဲ့ဒီလူ ေဘးမွာရွိလားအေကြး"

"အင္း.."
စက္ဘီးေပၚမွာ ထိုင္ေနတဲ့အေကြးဟာ စက္ဘီးကို ကိုင္ၿပီး သူမဆီကိုၾကည့္ေနတဲ့ ေကာင္းကို ၾကည့္လိုက္သည္။

"ဒါဆို သူ႔ကိုဖုန္းေပးလိုက္ပါ။
ငါ သူနဲ႔စကားေျပာခ်င္တယ္"

ထိုသို႔ ဆိုေတာ့လည္း လျခမ္းေကြးဟာ ေကာင္းဆီသို႔ ဖုန္းကို ကမ္းေပးသည္။ လျခမ္းေကြး ကမ္းေပးတဲ့ ဖုန္းကို ယူလိုက္ၿပီး လက္တစ္ဖက္ထဲနဲ႔ စက္ဘီးလက္ကိုင္ကို သူၿမဲၿမံစြာပင္ဆုပ္ကိုင္ထားသည္။လျခမ္းေကြးကလည္း စက္ဘီးေပၚကေန ဆင္းဖို႔ သတိမရေသးပဲ၊ ထိုင္ခုံမွာပင္ ထိုင္ေနသည္။

"Hello..."

"မင္းကဘယ္သူလဲ၊ အသက္ဘယ္ေလာက္လဲ ဒါေတြထားပါဦး မင္းနဲ႔အေကြးနဲ႔မျဖစ္ႏိုင္ပါဘူး။ဆိုေတာ့ မင္း အေကြးနဲ႔ ေဝးေဝးမွာေနပါ။ဘာေတြဘယ္လိုျဖစ္သြားလဲဆိုတာ ငါမသိေပမယ့္ အေကြးကိုေတာ့ငါသိတယ္။ဒီကမာၻမွာ ငါ့ေလာက္ အေကြးကို သိတဲ့သူမရွိဘူး ဒါေၾကာင့္ မင္းေနာက္တစ္ခါသူနဲ႔ မပက္သတ္ပါနဲ႔...."

"ခဏေလးအကို..ကြၽန္ေတာ့္နာမည္က ေကာင္းျမတ္ေသာ၊ အသက္က ၁၈ျပည့္ၿပီးပါၿပီ။ၿပီးေတာ့ ကြၽန္ေတာ္က ေယာက်ာ္းပါ....."
ဟုဆိုကာ အေကြးဆီသို႔ ဖုန္းျပန္ေပးလိုက္သည္။

အေကြးက မ်က္ရည္ေတြနဲ႔ ေကာင္းကိုၾကည့္ေနၿပီး သူမဖုန္းေလးကို ျပန္ယူလိုက္သည္။

"အေကြးဆီကို ဖုန္းျပန္ေပးေပးပါ"
တစ္ဖက္ကာင္ေလးရဲ႕ က်စ္လ်စ္ေသသပ္တဲ့ စကားအသုံးႏႈန္းေၾကာင့္ ျမတ္ဘုန္း ဆက္ၿပီးစကားမေျပာခ်င္ေတာ့။ထိုေၾကာင့္ အေကြးကိုသာ ေျဖာင့္ျဖေပးဖို႔ လုပ္ရသည္။

"ငါေျပာေနတာ ျမတ္ဘုန္း"

"အင္း အေကြး၊ဘာမွမလုပ္နဲ႔ ဒီတိုင္းပဲေန။
ငါျပန္လာခဲ့မယ္ ငါကိုေစာင့္ေန ဘာမွမလုပ္နဲ႔ေနာ္...ငါေျပာတာ သေဘာေပါက္လားအေကြး။"
ထိုသို႔ေျပာေနတုန္းမွာပင္ ေသြးအိတ္ကိုင္ၿပီး ျမတ္ဘုန္းကို ေမွ်ာ္လင့္ တစ္ႀကီးၾကည့္ေနတဲ့ အမ်ိဳးသားႀကီးေၾကာင့္ ျမတ္ဘုန္းဖုန္းေျပာတာကို လက္စ သတ္ရေတာ့မည္။

"ဒါပဲေနာ္ ငါေျပာတဲ့အတိုင္းပဲလုပ္ေနာ္ အေကြး..."ဟုဆိုကာ ဖုန္းခ်သြားသည္။

အေကြးဘာကိုမွ ျပန္ေျဖခ်ိန္မရလိုက္ပါ။

အေကြးဖုန္းခ်ၿပီးေနာက္တြင္ အိမ္ေပါက္ဝမွာရပ္ေနတဲ့ အေကြးအေမက..
"လာ လာ အိမ္ထဲဝင္ေတာ့၊" ဟု ေျပာသည္။

အေကြးအေဖကလည္း ဘာမွမေျပာပဲ အိမ္ထဲကို ဝင္သြားႏွင့္ၿပီ။ထိုအခါမွ အေကြးလည္း စက္ဘီးေပၚကေန ဆင္းကာ ေကာင္းကိုမေစာင့္ပဲအိမ္ထဲဝင္ခဲ့လိုက္သည္။

"လူေလး လာ အိမ္ထဲဝင္"

"ဟုတ္ကဲ့.." စက္ဘီး ေဒါက္ေထာက္ၿပီး ေကာင္းလည္း အေကြးအေမေနာက္သို႔ လိုက္လာလိုက္၏။

တန္းလ်ားခုံမွာ ထိုင္ေနတဲ့ အေကြးအေဖကိုျမင္ေတာ့ ေကာင္းခ်က္ခ်င္းပင္ တမံသလင္းေပၚကို ဒူးေထာက္ထိုင္ခ်လိုက္သည္။

"ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးဖို႔ မေတာင္းဆိုခ်င္ပါဘူး ဦးေလး။ကြၽန္ေတာ္ လုပ္ခဲ့တာက လြန္တယ္ဆိုသိေပမယ့္လည္း ကြၽန္ေတာ္ တကယ္ကိုခ်စ္မိၿပီးပိုင္ဆိုင္ခ်င္တာမို႔ပါ"

"မင္း မင္း..."
ၿငိမ္သက္ေနတဲ့ ဗုံးတစ္လုံးကို စနက္တံဆြဲျဖဳတ္လိုက္သလိုပါပဲ။ အေကြးရဲ႕အေဖဟာ ထိုင္ရာကေနထ,လာၿပီး ေကာင္းရဲ႕ အက်ႌကို ဆြဲစုတ္ၿပီး ထိုးဖို႔ရန္႐ြယ္လိုက္သည္။

"ခဏေလး အေဖ.....
အေအးပဲ ေသာက္ၿပီးမထူႏိုင္ေအာင္ မူးလာၿပီး ပူေလာင္ေနတာ ဘာလို႔လဲ"

တစ္ဖက္က ေကာင္ေလးကို ထိုးေတာ့မည့္အခ်ိန္မွာ အခန္းထဲကေန ထြက္လာၿပီး ေမးတဲ့သမီးျဖစ္သူေၾကာင့္ အေကြးရဲ႕အေဖက်န္းမာေရးမႉးခဗ်ာ ႐ူးခ်င္သြားသည္။ ဒီေလာက္ထိျဖစ္ေနတာေတာင္မွ ေမးလို႔ မဆုံးႏိုင္တဲ့ ဒီသမီးကို ႐ိုက္ခ်င္လာသည္။

"ဟုတ္တယ္ အေဖ သူ,မမွားဘူးပဲ"

"ဟမ္..လျခမ္းေကြး"
သူမအေဖ ေတာ္ေတာ္ေလးေအာ္လိုက္သည္။

ထို႔ေၾကာင့္ လျခမ္းေကြးရဲ႕ ခႏၶာကိုယ္ေလးက တြန္႔သြားၿပီး......
"အေအးေသာက္လိုက္တယ္၊ မူးလာတယ္။
အေဖသိလား သမီး သမီးကသူ႔ကိုအရင္...."
သူမေလးရဲ႕ ပါးစပ္ကို သူမအေမက ပိတ္ေပးလိုက္သည္။

"လျခမ္းေကြး ....ညည္းမလည္ရႈပ္ေတြလုပ္တာ မ်ားၿပီေနာ္။ ဒီကိစၥကို ဘာထင္ေနလဲ"

ပါးစပ္ကို လက္နဲ႔ပိတ္ထားၿပီး ေမးခြန္းေမးေနတဲ့ အေမေၾကာင့္ အေကြးမွာ မ်က္လုံးေလးေတြေဝွ႔ၿပီး အေျဖေပးေနရသည္။ ပါးစပ္ကမွေျဖလို႔မရပဲ မ်က္လုံးက ေျဖရမွာေပါ့ေလ။

အေကြးအေဖရဲ႕ လက္ထဲကေန ေကာင္း အေကြးဆီသို႔ၾကည့္မိသည္။ သူမေလးရဲ႕ မ်က္လုံးေလးေတြ အထူးသျဖင့္ မ်က္ဆံအနက္ေလးကာ ေဝ့ဝိုက္ၿပီး လုပ္ေနသည္က တကယ့္ကေလးတစ္ေယာက္လိုပဲ။မ်က္ႏွာျမင္႐ုံနဲ႔တင္ ေအးခ်မ္းေစတဲ့ အေကြးပါေလ။

"လႊတ္ေပးလိုက္စမ္းပါ ျမရယ္၊မင္းသမီးရဲ႕မ်က္လုံးက အကိုဆီလာမွန္ေနပါဦးမယ္"

ထိုအခါမွ အေမက အေကြးကို လႊတ္ေပးသည္။ လြတ္ေပးခ်င္းမွာပဲ....
"သူမဟုတ္ဘူး အေဖ၊
သမီးပဲ ဟုတ္တယ္ သမီးပဲ။
ဒါက ဖက္ေပၚအပ္က်လည္း ဖက္ေပါက္တယ္ဆိုေပမယ့္ ဥေပၚေက်ာက္ျပင္က်ေတာ့လည္း ဥကြဲတာဆိုသလိုျဖစ္သြားတာပဲ"

"ေဟာေတာ္"

"လျခမ္းေကြး မဟုတ္တာေတြမေတြးစမ္းနဲ႔ဟာ"
အေကြးရဲ႕ အေဖကေတာ့ စိတ္ပ်က္လို ေျပာေပမယ့္ ေကာင္းျမတ္ေသာကေတာ့ ရယ္ခ်င္ေနသည္။လျခမ္းေကြးက ဒီလိုေလးလားလို႔ ေတြးမိၿပီး သူၾကည္ႏူးမိသည္။

သူသိသည္က တစ္ခါသာဆုံဖူးေသာ အေကြးဟာ ေႏြးေထြးသည္၊ပြင့္လင္းသည္။ဒါေၾကာင့္ သူ အေကြးကို လိုခ်င္ခဲ့တာ။အခုေတာ့ျဖင့္ အဆစ္ေနတဲ့ အေကြးဟာ ခ်စ္စရာေကာင္းေလာက္ေအာင္ ေျပာတတ္ေနသည္။

"တကယ္ေျပာတာ ကဲ အေဖသူ႔ကိုလႊတ္ေပးလိုက္ေတာ့..."
ေျပာေျပာဆိုဆိုနဲ႔ အေကြးက ေကာင္းအနားကို ေရာက္လာၿပီး ေကာင္းရဲ႕ အက်ႌစကို သူမအေဖလက္ထဲကေန ျပန္လုေပးၿပီး သူမအေဖနဲ႔ ေကာင္းရဲ႕ၾကားမွာဝင္ရပ္သည္။အကြာအေဝးအေနနဲ႔ ေျပာရလွ်င္ သူမအေဖထက္ ေကာင္းနဲ႔ပိုလို႔နီးကပ္ေနသည္။

"ထမင္းစားၿပီးၿပီလား..."

ၾကည္လင္ေနတဲ့ မ်က္လုံးေတြနဲ႔ ေကာင္းရဲ႕မ်က္ႏွာကိုၾကည့္ၿပီး ႐ိုရွင္းတဲ့အေမးက သူမႏႈတ္ဖ်ားက ထြက္က်လာသည္။

ေကာင္းဘာမွျပန္မေျပာႏိုင္ပဲ သူမေလးကိုသာ ေငးလို႔ၾကည့္ေနမိသည္။

"ေဖ်ာ္ရည္ေသာက္ခ်င္လား၊
ႏြားႏို႔ေရာ....ဒါမွမဟုတ္ ေကာ္ဖီ ဘာစားမလဲ"

တယုတယနဲ႔အေမးမဟုတ္ေပမယ့္ ၾကည္လင္ေနတဲ့ ဒီအေမးေၾကာင့္ ေကာင္းစိတ္ထဲမွာ ဝမ္းနည္းမိသည္။ဒီလိုမ်ိဳးေမးမယ့္သူ,မရွိတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ။ဒီလို သူ႔အေပၚဂ႐ုစိုက္ေပးတဲ့သူ မရွိခဲ့တာၾကာေတာ့ အခုအေမးက ေကာင္းအတြက္ ဝမ္းနည္းေစသည္။

"ဘာျဖစ္လို႔လဲ ငိုခ်င္လို႔လား"

ေကာင္းရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္ၿပီး ေမးတဲ့ဒီစကား။ ေသခ်ာေပါက္ ေကာင္းငိုေနပါသည္။သို႔ေသာ္လည္း စိတ္ထဲမွာပါ။အျပင္မွာေတာ့ ေကာင္းမ်က္ႏွာက ဘာမွမျဖစ္သလိုပါ။

"အရမ္းႀကီး ဝမ္းမနည္းပါနဲ႔
အသက္ရွင္ေနေသးတာပဲေလ"

ထိုအေျပာေၾကာင့္ ေကာင္း ေခါင္းၿငိမ့္ျပမိသည္။ ၿပီးေနာက္ သူမေလးက ေကာင္းလက္ကိုတြဲၿပီး မီးဖိုထဲကိုေခၚလာသည္။ေကာင္းကို ထမင္းစားတဲ့ စားပြဲဝိုင္းအပုေလးမွာ ထိုင္ေစၿပီး ထမင္းခူးေပးသည္။

လျခမ္းေကြးရဲ႕ အေဖနဲ႔အေမကေတာ့ သူတို႔သမီးရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မမွိတ္မသုန္နဲ႔ၾကည့္ေနသည္။

"မင္းသမီး ဘာေတြေတြးေနတယ္ထင္လဲ"

"ဘယ္သိမလဲ၊ ရွင့္သမီးပဲဟာ ရွင္လည္းသိသင့္တယ္မလား။ အဲ့ေတာ့ အေဖပဲ ေျပာ။သူဘာေတြေတြးေနလဲ"

လျခမ္းေကြးရဲ႕ အေမကထိုသို႔ေျပာေတာ့ သူမအေဖက ေလးပင္ပင္နဲ႔ပင္ ေခါင္းယမ္းျပကာ...
"ထုံးစံအတိုင္း ငါတို႔ လိုက္မမွီတဲ့ေနရာေရာက္ေနၿပီထင္တယ္"

ထိုအေျပာကို လျခမ္းေကြး အေမကလည္း ေခါင္းညိမ့္ၿပီး ေထာက္ခံသည္။

"စားေလ..."

ထမင္းဟင္းေတြ ခူးခပ္ေပးၿပီး ေမာင္ငယ္တစ္ေယာက္ကို ထမင္းေကြၽးမည့္ အမႀကီးတစ္ေယာက္လို ပုံစံမ်ိဳးေၾကာင့္ ေကာင္းလည္း ထမင္းကို ဇြန္းျဖင့္ ယူကာ စားလိုက္သည္။ဒီလိုဆိုေတာ့လည္း သူမေလးက ေကာင္းပန္းကန္ထဲကို ဟင္းထဲ့ေပးသည္။

"စိတ္ႂကြေဆးက ဘာေရာင္လဲဟင္၊
အဲ့ဒီေဆးကို ဘာလို႔စိတ္ႂကြေဆးလို႔ေခၚတာလဲ။ငါ စိတ္ႂကြေနတုန္းကေရာ ဘယ္လိုပုံစံလဲဟင္"

"ဗ်ာ..."
ပါးစပ္ထဲက ထမင္းလုပ္ေတာင္ ျပန္ထြက္က်လာမလိုျဖစ္သြားရသည္။

"အင္း ေကာင္းလည္းငယ္ေသးတာပဲ။
ဘယ္သိပါ့မလဲ ဒါဆို ေနာက္ဆုံးတစ္ခုပဲေျဖပါ။
ငါစိတ္ႂကြေနတုန္းက ဘယ္လိုပုံစံလဲဟင္..."

"ဟို အဲ့တာက..."

"အင္း ေျပာေလ"
ေတာ္ေတာ္နဲ႔ စကားမဆက္လာသည့္ ေကာင္းေၾကာင့္ အေကြးစကားေထာက္လိုက္ရသည္။

"ဒီတိုင္းပါပဲ အရက္မူးေနသလိုပဲ"
အက်ယ္တဝင့္ေျပာျပဖို႔ရန္အတြက္က သူမေလးရဲ႕ မိဘေတြက ရပ္ၿပီးၾကည့္ေနသည္မဟုတ္လား။ဒါေၾကာင့္ အလြယ္ပင္ေျဖလိုက္သည္။

ဒီအေျဖေၾကာင့္ လျခမ္းေကြးရဲ႕ မ်က္လုံးေလးေတြက ဝိုင္းစက္သြားၿပီး အခ်ိန္တစ္ခုထိ သူမေလးၿငိမ္သက္သြားသည္။

သူ႔ေဘးမွာ ထိုင္ေနရင္း သူ႔မ်က္ႏွာကို ၾကည့္ကာ ၿငိမ္သက္ေနသည့္ အေကြးေၾကာင့္ ေကာင္းခင္ဗ်ာ ထမင္းပဲဆက္စားရမလို၊ သူမေလးကိုပဲ ဆက္ၿပီးၾကည့္ရမလိုျဖစ္ေနသည္။

"ေကာင္း သိလား။
ငါအရက္မမူးတတ္ဘူး"

"အင္း..."

"ထားပါေတာ့ေလ ကဲ စား စား။"
ေတြးလက္စေတြကို ထားလိုက္ၿပီး ေကာင္းကို ထမင္းစားခိုင္းလိုက္သည္။သူမက စား စားလို႔ေျပာမွ ေကာင္းျမတ္ေသာက ထမင္းပန္းကန္ကို ၾကည့္ကာ ျဖည္းျဖည္းခ်င္းစားသည္။

အေကြးၾကည့္ေနတာ ေကာင္းက အခ်ဥ္ဟင္းခြက္ထဲက အ႐ြက္ေတြကိုသာစားသည္။သူမထဲ့ေပးထားတဲ့ အမဲသားတုံးကေတာ့ အခုထိမကုန္ေသး။တျခားဟင္းေတြလည္း ဘာမွမထဲ့ပဲ အခ်ဥ္ဟင္းထဲက အသီးအ႐ြက္ေတြကိုသာ ပန္းကန္ထဲထဲ့ၿပီး ျဖည္းျဖည္းခ်င္းဝါးစားသည္။

အေကြးဆို ႏွစ္ခ်က္သုံးခ်က္ေလာက္ဝါးၿပီးရင္း မ်ိဳခ်လိုက္သည္။ ေကာင္းကေတာ့ဒီလိုမဟုတ္။အေကြးေသခ်ာၾကည့္ေနတာ ထမင္းတစ္လုပ္ကို ေကာင္းက အနည္းဆုံး၁၀ခ်က္ေလာက္ေတာ့ဝါးသည္။

ၾကည့္ေနရင္းကေန ေကာင္းမ်က္လုံးေတြက တစ္ခုခုကိုရွာေနသည္မို႔..
"ဘာလို လို႔လဲဟင္" လို႔ ေမးလိုက္သည္။

"ဟို ေရေသာက္ခ်င္လို႔ပါ"

"အင္း.."ဟုဆိုကာ သူမထ,ရပ္သြားၿပီး ေကာင္းအတြက္ ေရတစ္ခြက္ယူလာေပးသည္။

"ေက်းဇူး"

ထိုသို႔ဆိုေတာ့လည္း အေကြးက ဘာမွျပန္မေျပာပဲ ေကာင္းေဘးမွာ ျပန္ထိုင္သည္။ေကာင္းထမင္းစားၿပီးသြားေတာ့ အေကြးက ပန္းကန္ေတြသိမ္းေပးၿပီး ေကာင္းကို အိမ္ေရွ႕သို႔ေခၚလာသည္။

"စာေမးပြဲေျဖေတာ့မွာေနာ့."

"သဘက္ခါ ေျဖမွာ"

"စာေတြေရာ ရၿပီလား ေကာင္း။
သိပ္ေတာ့ စိတ္ပူစရာမရွိပါဘူး အားကစားကအမွတ္ေတြ ရဦးမွာပဲ။ဒါနဲ႔ ဘူမိက ေကာင္ေတြနဲ႔ ေကာင္းနဲ႔ဘယ္လိုေဆာ့လဲ"

"ဗ်ာ.."

"ဖလားရတယ္ဆိုလို႔ေလ။
ငါတို႔ေမဂ်ာက ငါေနာက္ဆုံးႏွစ္မွ ဂိုးရဖူးတာ။
ေသာ္တာ့ေၾကာင့္ေလ ေသာ္တာ..ခဏ ခဏ"

ေကာင္းကေတာင္ ဘာမွျပန္မေျပာရေသးဘူး သူမေလးက ခဏခဏ ဟုဆိုကာ ၿငိမ္သက္သြားျပန္သည္။ထို႔ေၾကာင့္ ေကာင္းလည္း ဘာမွမေျပာပဲ သူမေလးကိုပဲၾကည့္ေနလိုက္သည္။

"ငါ့ကို ေဆးခတ္တာက ေသာ္တာလားမသိဘူး ေကာင္း၊ ငါစိတ္ထဲေတာ့....မဟုတ္ရင္ အားနာရပါတယ္။"

"အေကြး...."

"ရွင္"

"နင္ေတြးရမွာက အဲ့တာေတြထက္ ပိုတာရွိေသးတယ္။ေမ့သြားလို႔မရဘူးေလ ဒီကိစၥဘယ္လိုလုပ္မွာလဲ"
လက္ဖဝါးႏွစ္ဖက္ကို ဗိုက္ေရွ႕မွာကာၿပီး ဗိုက္ႀကီးသလို ပုံသံမ်ိဳးလုပ္ျပတဲ့ အေဖ့ကို ၾကည့္ၿပီး အေကြးလည္း သူမကိစၥကိုျပန္သတိရသြားသည္။

အတန္ၾကာတဲ့အထိ သူတို႔အကုန္လုံးတိတ္ဆိတ္သြားျပန္သည္။ ဒီကိစၥကို ဘယ္လိုေျဖရွင္းရမလဲ။ဗိုက္ထဲက အစက္အေျပာက္ေလးေတြကို သူမဘယ္လိုလုပ္ရပါ့။ေတြးေနရင္းက ျမတ္ဘုန္းကို သတိရသြားသည္။

ျမတ္ဘုန္းစကားေတြကို သူမျပန္လည္ေတြးမိသြားၿပီး အေျဖထုတ္ရခက္ေနသည္။ထိုအခ်ိန္မွာပဲ သူမ ေမးခြန္းတစ္ခုကို ေမးခ်င္လာသည္။

"အခ်စ္ကဘာလဲ ေကာင္း..."
သူမနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ ေကာင္းျမတ္ေသာရဲ႕ မ်က္လုံးေတြကို ၾကည့္ၿပီး သူမၾကည္လင္စြာပင္ေမးလိုက္မိသည္။

ဘယ္သူ႔ဆီကမွ တိက်စြာမရခဲ့တဲ့ ဒီအေျဖကို သူမဘာေၾကာင့္မွန္းမသိပဲ ေကာင္းဆီကေန ေမွ်ာ္လင့္တႀကီးျဖစ္ေနသည္။

"အခ်စ္က အဆင္ေျပမႈပဲ
အဆင္ေျပေျပနဲ႔ ေနႏိုင္ရင္ အဆင္ေျပမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ေနထိုင္မႈ ၊ ဆက္ဆံမႈ အားလုံးအဆင္ေျပရင္ ဒါကအဆင္ေျပတာပဲေလ။အဆင္ေျပမွ အခ်စ္ကရွိႏိုင္မွာ။ဒါေၾကာင့္ အခ်စ္က အဆင္ေျပမႈလို႔ ယူဆတယ္"

ေကာင္းျမတ္ေသာရဲ႕ အေျဖကို လျခမ္းေကြးရဲ႕အေဖက ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ေထာက္ခံရွာသည္။အခ်စ္က အဆင္ေျပမႈပဲတဲ့ ဒါသိပ္ကိုေကာင္းတဲ့စကားပဲ။

လူတိုင္း အခ်စ္ကို အမ်ိဳးမ်ိဳး႐ိုးမယ္ဖြဲ႕ၾကသည္။ အခ်စ္ေၾကာင့္ပဲ မခြဲႏိုင္မခြာႏိုင္ျဖစ္ကာ လက္ထပ္ၾကသည္။ေနာက္ပိုင္းအဆင္မေျပမႈေတြျဖစ္လာရင္ ကြဲၾကကြာၾကသည္။ တကယ္ေတာ့အခ်စ္ဟာ ကဗ်ာတစ္ပုဒ္လည္းမဟုတ္သလို၊ မင္းမွမင္း ဆိုတာမ်ိဳးလည္းမဟုတ္ပါ။ အခ်စ္က အဆင္ေျပမႈပါပဲ။

ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေျပရွိေနရင္ အခ်စ္ကလည္း ရွိေနမွာမဟုတ္လား။အဆင္ေျပမႈဆိုတာသာ မရွိရင္ အခ်စ္လည္းရွိမွာမဟုတ္ဘူး။ဒီေကာင္ေလး ၾကည့္ရတာ ငယ္ေပးမယ့္လည္း ေတာ္ေတာ္ေလး ရင့္က်က္သည္။သူေတာ့ သေဘာက်မိသည္။ထို႔ေၾကာင့္ ဇနီးျဖစ္သူကို လွည့္ၾကည့္လိုက္ေတာ့လည္း ဇနီးျဖစ္သူရဲ႕ မ်က္ႏွာမွာ ေက်နပ္မႈေတြက အတိုင္းသား။

"ကဲ ရပ္ကြက္႐ုံးကို သြားမယ္"

ေကာင္းရဲ႕ အေျဖကို စဥ္းစားေနတုန္းမွာပင္ သူမအေဖက သူမလက္ကို ဆုပ္ကိုင္ႀကီး ေျပာလိုက္တဲ့စကား။ထိုစကားေၾကာင့္ အေကြးေတြးေနရာကေန ထုံးစံအတိုင္း သူမအေဖကိုေၾကာင္ၿပီးၾကည့္လိုက္သည္။

"ဟုတ္တယ္ ဟုတ္တယ္။
လာ သြားၾကမယ္"

အေကြးအေမကပါ အေကြးလက္ကို ဆြဲၿပီးထ,ရပ္ေစလိုက္သည္။ထို႔ေၾကာင့္ လျခမ္းေကြးလည္း ဘာမွန္းမသိပဲ သူမမိဘေတြဦးေဆာင္ရာ ေနာက္သို႔လိုက္လာသည္။ေကာင္းျမတ္ေသာကလည္း သူမရဲ႕ေဘးမွာ ကပ္ပါလာ၏။

"ေဟ လက္ထပ္စာခ်ဳပ္ဟုတ္လား.."
အေကြးအေဖရဲ႕ေျပာစကားကို ႐ြာသူႀကီးဟာ လျခမ္းေကြးကို ၾကည့္ၿပီးေမးခြန္းထုတ္လိုက္သည္။ ထိုအခါမွ လျခမ္းေကြးကလည္း အသက္ျပန္ဝင္လာသလို ျပဴးျပဴးျပာျပာျဖစ္ကာ...
"ဟင္ အေကြးလက္ထပ္ရမွာလား။" ဟု ထ,ေမးသည္။

"ေအး.."
ထိုသို႔ေျပာၿပီး အေကြးရဲ႕အေဖက ႐ြာသူႀကီးရဲ႕အံဆြဲထဲကေန လက္ထပ္စာခ်ဳပ္ႏွစ္ေဆာင္ကို ဆြဲထုတ္ေလသည္။ အေၾကာင္းသိေတြမို႔ ႐ြာသူႀကီးက ဘာမွမေျပာေတာ့ ပဲ လျခမ္းေကြးတို႔ သားအဖႏွစ္ေယာက္ကို တစ္လွည့္စီၾကည့္ေနသည္။

"ခဏေလးအေဖ ...သမီး စဥ္းစားလိုက္ဦးမယ္။
သမီး လိုက္မမွီေတာ့ဘူး"
ေျပာၿပီး သူမအေဖဆီကေန မ်က္ႏွာလႊဲလိုက္ေတာ့ ေကာင္းဆီသို႔ ၾကည့္မိသြားသည္။

ဟုတ္ၿပီ အခ်စ္ေတြဘာေတြထားပါဦး။အိမ္ေထာင္ေရးနဲ႔ ပက္သတ္ၿပီး အေကြးမွာ ေမးစရာမ်ားသည္။ထို႔ေၾကာင့္ ႐ြာသူႀကီးရဲ႕စားပြဲခုံေပၚ လက္ေထာက္ၿပီး ေကာင္းဘက္ကိုၾကည့္ကာ....
"ေကာင္း အသက္ႀကီးလာရင္ နံလာမွာလား၊
ညအိပ္ရင္ေရာ ေဟာက္တတ္သလား၊ မနက္အေစာ အိမ္သာတက္လား"

"အကုန္လုံး အေကြးအဆင္ေျပေအာင္လုပ္ေပးမွာပါ"

"ဒါဆို ေနာက္တစ္ခုေမးမယ္။
ဂတိဆိုတာက ဘာလဲ"

"ဂတိက ဘာလဲေတာ့ကြၽန္ေတာ္မသိဘူး။
ဒါေပမယ့္ ေယာက်ာ္းဆိုတာ ေျပာတဲ့စကားကိုျဖစ္ေအာင္လုပ္ရတယ္လို႔ ကြၽန္ေတာ့္အဖြားက ဆုံးမခဲ့ပါတယ္"

ဟုတ္သားပဲ။ အခုမွ ေကာင္းရဲ႕အေၾကာင္းကို သူမေတြးမိသြားသည္။ ေကာင္းရဲ႕မိသားစုကေရာ ဒီအေျခအေနကို လက္ခံပါ့မလား။

"ေကာင္းမိဘေတြ သိရင္ဆူမယ္ထင္တယ္။ျဖစ္ပါ့မလားဟင္"

ေကာင္းနဲ႔လက္မထပ္ခ်င္လို႔ေျပာေနတာမ်ိဳးမဟုတ္ပဲ အမွန္တကယ္ပင္ ေကာင္းအတြက္စိုးရိမ္ေနဟန္ျဖင့္ သူမေျပာသည္။သူမဘာလုပ္လုပ္ ေကာင္းဘက္ကခန္႔မွန္းတတ္တာ ဘာေၾကာင့္မွန္းမသိေပမယ့္ ေကာင္း အေကြးကို နားလည္ႏိုင္သည္၊ အေကြးေျပာခ်င္တာကို သေဘာေပါက္သည္။

"ကြၽန္ေတာ္က အဖြားနဲ႔ေနတာပါ။
ကြၽန္ေတာ္ ၁၀တန္းေအာင္တဲ့ႏွစ္ကပဲ အဖြားဆုံးသြားပါတယ္"

ဒီလိုဆိုေတာ့လည္း အေကြးအေမကစိတ္မေကာင္းျဖစ္ရသည္။ ဘယ္တတ္ႏိုင္ပါ့မလဲ သူမတို႔မွာ သမီးနဲ႔ပက္သတ္ၿပီး သားတစ္ေယာက္ထပ္ရသည္လို႔ပဲေတြးရမွာေပါ့ေလ.....
"ဝမ္းမနည္းပါနဲ႔ ေကာင္းရယ္၊ အေမတို႔ရွိေနတာပဲ"

အေကြးတို႔ေနာက္မွာ ရပ္ေနသည့္ အေမက ေကာင္းရဲ႕ပခုံးေလးေပၚကို လက္တင္ၿပီးဖိညႇစ္ကာ အားေပး၏။

အေကြးတို႔မိသားစုက ေႏြးေထြးလိုက္တာ။
ေအးစက္ေနတဲ့ ေကာင္းတို႔မိသားစုနဲ႔ ကြာျခားလိုက္ပုံမ်ား တကယ္ေတာ့ အေကြးဟာ ေကာင္းအတြက္ေတာ့ ေကာင္းနဲ႔ဘယ္လိုမွမထိုက္တန္တဲ့ ရတနာတစ္ပါးလို ျဖစ္တည္မႈမ်ိဳးပင္။သို႔ေသာ္လည္း ေကာင္းကို ကံတရားကမ်က္ႏွာေပးသည္ထင္ပါရဲ႕..ဒီရတနာေလးကို သူပိုင္ဆိုင္ခြင့္ရေတာ့မည္။

"ကဲ အေကြး ထပ္ၿပီးမေမးေတာ့နဲ႔၊ ေကာင္းလည္း ငိုေတာ့မယ္ နင္လုပ္တာနဲ႔"

"အင္း..ဒါဆို ျမတ္ဘုန္းကိုဘယ္လိုလုပ္မလဲ အေဖ" ဟု သူမတိုးညႇင္းစြာပင္ ေမးလိုက္သည္။

ဒီေတာ့ သူမအေဖက ထုံးစံအတိုင္း သူမေလးကို ေမးခြန္းျပန္ထုတ္သည္။.
"ဒါဆို အေကြးဘယ္လိုလုပ္ခ်င္လဲ"

အေဖေျပာတဲ့ ဘယ္လိုလုပ္ခ်င္လဲဆိုတာကို အေကြးစဥ္းစားသည္။ဘယ္လို လုပ္ခ်င္လဲဆိုေတာ့  ျမတ္ဘုန္းလား၊ျမတ္ဘုန္းနဲ႔သူမက ေနရင္းထိုင္ရင္းနဲ႔ပဲ ဘယ္လိုမွေတြးလို႔မရေအာင္ ေဝးသြားၿပီးလို႔ ခံစားရသည္။ဘာလို႔ သူမတို႔ေဝးခဲ့ၾကသလဲ၊သူမဘက္က တုန္႔ေႏွးလို႔လား။

ဒါကေတာ့မျဖစ္ႏိုင္ သူမဘက္က သိသာေအာင္တစ္မ်ိဳး၊မသိသာေအာင္တစ္မ်ိဳး ခ်စ္ေနေၾကာင္းကို ေျပာခဲ့၊ျပခဲ့သည္။ဒါဆို ျမတ္ဘုန္းက မသိတာလား၊နည္းနည္းေလးေတာင္မသိခဲ့ဘူးလား။ဒါမွမဟုတ္ရင္ မသိခ်င္ေယာင္ေဆာင္ေနတာလား။သူ႔ဘက္က နည္းနည္းေလးေတာင္ အေကြးကိုမခ်စ္ခဲ့ဖူးဘူးလား။

ေမးခြန္းေတြက ရင္ႏွင့္မဆံ့ျဖစ္ကာ၊ နာက်င္လာရသည္။

"ကြၽန္ေတာ့္ကို လက္ထပ္ပါေနာ္"တဲ့။
သူမရဲ႕ လက္ဖဝါးေလးကို အုပ္မိုးၿပီး ေႏြးေထြးမႈေတြ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ျပည့္ႏွက္ေနတဲ့ ေကာင္းရဲ႕စကားသံ။

ဒီအသံဟာ နတ္ျပည္ကေျဗာလိုပဲ ခ်ိဳတျမျမႏွင့္ အေကြးရဲ႕ရင္အတြင္းကို စီးဝင္သြားသည္။သို႔တိုင္ေအာင္ နာက်င္မႈေတြက အကုန္မေပ်ာက္ေသးပဲ ရွရွတတနဲ႔က်န္ရစ္ေနေသးသည္။

သူမအေဖကလည္း သူမကိုၾကည့္ေနၿပီး သူမအေမကလည္း သူမရဲ႕ပခုံးကိုခပ္ဖြဖြေလးကိုင္ထားသည္။အားလုံးက အေကြးအတြက္စိုးရိမ္ေနၾကသည္။ဟုတ္ပါတယ္ေလ အေဖနဲ႔အေမကို ဒီေလာက္စိတ္ပူေအာင္လုပ္ရရင္ သူမေက်နပ္သင့္ပါၿပီ။

ေနလို ပူျပင္းတဲ့လက္ေတြ႕ဘဝက တကယ္တမ္းေတာ့ ခါးသီးနာက်င္ရပါသည္။ လေရာင္လို ေအးျမတဲ့စိတ္ကူးယဥ္အခ်စ္ေတြကို သူမလက္မလြတ္ခ်င္ေသးပါ။သို႔ေသာ္လည္း သူမဆုံးျဖတ္ရေတာ့မည္။သူမ လက္ေတြ႕ဘဝကိုရင္ဆိုင္ရမည္၊ ပူျပင္းမႈေတြကို သူမလက္ခံရေတာ့မည္ထင္ပါရဲ႕။

သူမ ေခါင္းပဲညိမ့္ျပလိုက္သည္။ ထိုအခါမွာ သူမအေဖေက်နပ္သြားလိုက္တာမ်ား အဝန္းဘြဲ႕ယူတုန္းကေတာင္ သူဒီေလာက္ထိေပ်ာ္မည္မထင္ပါ။

"လက္မွတ္ထိုးဖို႔ အသိသက္ေသက အကိုႀကီးပဲလုပ္ေပးပါဗ်ာ" ဆိုၿပီး ႐ြာသူႀကီးကို ေျပာတဲ့အသံက ၾကည္ႏူးမႈေတြ အတိုင္းဆမဲ့ပါဝင္ေနသည္။

ဒီလိုနဲ႔ပဲ အေကြးဟာလက္ထပ္ၿပီးသားမိန္းမတစ္ေယာက္၊ကိုယ္ဝန္ေဆာင္ထားတဲ့ မိခင္ေလာင္းတစ္ေယာက္အျဖစ္သို႔ေရာက္ရွိခဲ့ၿပီ။

ရပ္ကြက္႐ုံးကေန သူမတို႔အိမ္ကိုျပန္ေရာက္ေတာ့ သူမတစ္ခုေတြးမိသြားၿပီး
"ေကာင္း မနက္ျဖန္ မိတၳီလာျပန္ရမွာေပါ့" လို႔ေျပာလိုက္သည္။

သဘက္ခါစာေမးပြဲေျဖမည္မို႔ ေကာင္းျမတ္ေသာ မနက္ျဖန္ မိတၳီလာျပန္ရမည္။ဟုတ္ပါရဲ႕ ေတာ္ေသးသည္ အေကြးအေနမခက္ရေတာ့ဘူးေပါ့။စာေမးပြဲေျဖၿပီး ေကာင္းျပန္မလာလွ်င္ ေကာင္းမည္လို႔ သူမေတြးမိသည္။သူမ အရာရာကို လက္ခံဖို႔အဆင္သင့္မျဖစ္ေသးပါ။

"ညေနမွ ျပန္ပါ့မယ္၊
ၿပီးရင္ ကြၽန္ေတာ္ျပန္လာခဲ့မယ္"

ထိုအေျဖကိုၾကားၿပီးေနာက္ေတာ့ သူမအခန္းထဲကို ဝင္သြားလိုက္သည္။ေနာက္မွာက်န္ခဲ့တဲ့ သူမမိဘေတြနဲ႔ ေကာင္းနဲ႔ ဘာေတြေျပာေနလဲဆိုတာကို သူမ မသိခ်င္ေတာ့။ဘာမွလည္း မေတြးခ်င္ေတာ့သည္မို႔ အခန္းထဲေရာက္ေတာ့ အိပ္ရာေပၚလွဲခ်ၿပီး သူမအိပ္ေပ်ာ္ဖို႔လုပ္လိုက္သည္။

ည၁၁နာရီထိုးခါနီးေတာ့ သူမေရဆာသည္မို႔ အိပ္ရာကေန ထ,လာၿပီး အခန္းျပင္ကိုထြက္ခဲ့လိုက္သည္။ေလွကားေဘးက သူမအခန္းမို႔ ေအာက္ထပ္ကဧည့္ခန္းက သူမအခန္းကထြက္လွ်င္ေရာက္သည္။ထိုေနရာမွာပဲ သူတို႔ေမာင္ႏွမေတြ TVၾကည့္ရင္း ကစားၾကသည့္ ပ်ဥ္ခင္းကြပ္ပစ္အပုေလးရွိသည္၊ေဘးကေတာ့ အေဖနဲ႔အေမထိုင္တဲ့ တန္းလ်ားႏွစ္ခုကို မ်က္ႏွာခ်င္းဆိုင္မထားပဲ ေရွ႕ထိပ္မွာတစ္ခု နံရံေဘးမွာတစ္ခုထားကာ လြတ္ေနတဲ့ေနရာမွာ ေျချမင့္စားပြဲခုံးတစ္လုံးထားသည္။

အခု ကြပ္ပစ္ေပၚမွာ ျခင္ေထာင္တစ္လုံးရွိေနသည္။အိမ္ေပၚမွာကလည္း အဝန္းနဲ႔အလင္းရဲ႕အခန္းမို႔ ေနရာလြတ္ကမရွိ။မီးဖိုမွာလည္း ေရွ႕ထိပ္က အေဖနဲ႔အေမနဲ႔အိပ္သည္ဆိုေတာ့ ေကာင္းကို ဒီေနရာမွာပဲ အိပ္ခိုင္းသည္ထင္ပါရဲ႕။

ဘာရယ္မဟုတ္ပဲ သူမ ေကာင္းဆီသို႔ သြားၾကည့္မိသည္။ ၿငိမ္သက္ေနသည္က အသက္ရႉသံမွ်င္းမွ်င္းကိုပင္ ဂ႐ုတစိုက္နားေထာင္မွ ၾကားရသည္။

"အေကြးလား..."

ျခင္ေထာင္အျပင္က လူရိပ္ေၾကာင့္ ေကာင္းခပ္တိုးတိုးပင္ေမးလိုက္ၿပီး ျခင္ေထာင္လွပ္ကာ ၾကည့္လိုက္သည္။

"အိပ္မေပ်ာ္ဘူးလား"

"အင္း ေနရာေျပာင္းရင္အဲ့လိုပဲျဖစ္တတ္တယ္"

"ဘာေျပာရမလဲဟင္.."

ေဟာဗ်ာ သူမေလးက ဘာေျပာရမလဲဆိုတာေတာင္ ေကာင္းကို ေမးေနသည္။ ဒီေလာက္ထိ ျဖဴစင္တဲ့သူမ်ိဳး ဒီကမာၻမွာရွိေသးတာကို ေကာင္းမယုံၾကည္ႏိုင္ျဖစ္ရေပမယ့္လည္း အေကြးကဟန္ေဆာင္ၿပီးေျပာေနတာမဟုတ္မွန္းသူသိပါသည္။ဒီအမ်ိဳးသမီးကို သူ ျမတ္ႏိုးလြန္းမက ျမတ္ႏိုးရသည္မို႔...
"ဘာေျပာရမွာလဲ ညဥ့္နက္ေနၿပီ အိပ္ေတာ့ေလ၊
ကြၽန္ေတာ္လည္း အိပ္ခ်င္ေနၿပီ"

တကယ္ေတာ့ ေကာင္း မအိပ္ခ်င္ပါ။အိပ္လို႔လည္းမေပ်ာ္ပါ။

"အင္း Good night"ဆိုၿပီး သူမေလး ခပ္ဖြဖြေျခနင္းက ေရသြားေသာက္ၿပီး သူမေလးရဲ႕အခန္းထဲကို ျပန္ဝင္သြားသည္။

继续阅读

You'll Also Like

464K 32.9K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်
215K 7.7K 50
အချစ်ဦးကို ဘယ်လောက်ထိချစ်မှန်း ကောင်းကင်ကြီးပဲသိလိမ့်မယ်။ အခ်စ္ဦးကို ဘယ္ေလာက္ထိခ်စ္မွန္း ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။
2K 341 31
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio