ဆုံစည်းခွင့်လေး (Completed)

By Meaningless101

42.5K 1.5K 38

*Fall in love with me* More

Ep-01
Ep-02
Ep-03
Ep-04
Ep-05
Ep-06
Ep-07
Ep-08
Ep-09
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep - 28
Ep-29
Ep-30
✨Notice✨
Ep-32
Ep-33
➡Advertisement〽⬅
Ep-34
Ep-35
Ep-36
Ep-37
ကြော်ငြာတစ်ဖြတ် 😉
မိတ်ဆက်ခြင်း
Ep-38
Ep-39
Ep-40
Ep-41 🌑🌑
Ep-42
Ep-43
Ep-44
Ep-45
Final
new fic
Hey...

Ep-31

652 23 1
By Meaningless101






အချိန်အားဖြင့်တစ်နှစ်ကျော်ကြာလာခဲ့ပေပြီ... ။
ဇိမ်းက ပန်းခြံကြီးစိုက်ပျိုးထားကာ ပန်းအလှဆင်လုပ်ငန်းလုပ်သတဲ့...။ အစကတော့အပျော်သဘောထင်ခဲ့ပေမယ့်... တစ်စတစ်စအောင်မြင်မှုကလဲမသေး...။

ခုချိန်မှာဇိမ်းက မိဘဆီကလက်ဖြန့်တောင်းနေတဲ့ကောင်လေးမဟုတ်တော့ပဲ လုပ်ငန်းရှင်သူဌေးလေးဖြစ်လို့လာပါတယ်...။

အလုပ်တွေမအားမလပ်ကြားကပဲ သတိုးနောက်လဲအလိုက်မပြတ်... ။ခုတော့ သူတို့တွေအတော်အသင့်တော့အဆင်ပြေပြီထင်ရတာပဲ...။ ဇိမ်းဆီလဲသိပ်မရောက်ဖြစ်တော့ ဘာမှတော့ရေရေရာရာရယ်မသိ...။

ကိုကို့ကိုကုန်တိုက်လွှတ်လိုက်တာလဲ ခုထိပြန်မလာသေး...။ အိမ်ကထွက်သွားတာ သုံးနာရီနီးပါးပင်ရှိပေပြီ... ။စိုးရိမ်စိတ်လေးနဲ့ ဖုန်းဆက်ပြန်တော့လဲ မကိုင်... ။ ကြာတော့စိတ်ပူသထက်ပူလာပြီး ဟိုလူ့ဖုန်းဆက်မေး ဒီလူ့ဖုန်းဆက်မေး ဘယ်သူမှလဲ မသိပြန်ဘူးတဲ့...။ ဇိမ်းဆီဆက်ပြန်တော့မကိုင်... ။ စိုးတထိတ်ထိတ်နဲ့ရင်တွေပူနေတုန်းရှိသေး အိမ်ရှေ့ကားရပ်သံကြားလို့အပြေးထွက်ကြည့်မှ စိတ်အေးသွားကာ

"ကိုကို ဘယ်တွေသွားနေတာလဲ ဖုန်းလဲမကိုင်ဘူး"

"....."

"ကူန်တိုက်သွားတာမဟုတ်ဘူးလား ဘာမှပါမလာဘူးရော..."

"...."

တစ်ဘက်ကဘာမှပြန်မဖြေပဲ မှုန်ကုပ်ပြီး ဆိုဖာပေါ်မှီထိုင်ချကာ စိတ်ပင်ပန်းနေပုံ...။ ကိုကို့ကိုဒီလိုပုံစံမျိုးကို နှိုင်းတစ်ခါမှမမြင်ဖူးခဲ့.... ။

"ကိုကိုဘာဖြစ်နေတာလဲဟင်"

အလိုက်သိစွာ ဘေးနားဝင်ထိုင်ပြီး မေးတော့ ရီဝေဝေမျက်လုံးနဲ့ကြည့်လာပြီး...

" ဇိမ်းကတော့မရဘူးနော်... နှိုင်း... ကို့ညီကတော့အ့လိုဖြစ်လို့မရဘူးနော် ကိုကိုလက်မခံနိုင်ဘူး"

ရင်ထဲ ဒိန်းခနဲ... ။ဇိမ်းကဘာဖြစ်တာလဲ...။ ဘာလို့ ကိုကို့ပုံစံကဒီလိုဖြစ်နေတာလဲ...။ ဇိမ်းများတစ်ခုခုဖြစ်လို့လား...။

အံ့သြထိတ်လန့်ပြီးပြူးကျယ်တဲ့မျက်လုံးတွေနဲ့ မေးမိသည်။

"​ဟင်... ဇိမ်းကဘာဖြစ်တာလဲ ဇိမ်းကဘာဖြစ်လို့လဲဟင် ကိုကို"

တစ်ဖက်ကစောင်းငဲ့ကြည့်လာပြီး

"​ကိုကို့အမှားကြောင့်ပါ ကိုကိုမှားပါတယ် တကယ်ဆိုကိုကိုအတ္တမကြီးသင့်ဘူး သူကိုကို့ကိုအရွဲ့တိုက်နေတာ တမင်အရှက်ကွဲစေချင်တာ ကိုကို့အမှား"

ဘာလဲ...။ ဇိမ်းကဘာလုပ်လို့ကိုကိုကဒီလိုခံစားနေရတာလဲ...။ ပြီးတော့ကိုကိုကကောဘာမှားတာလဲ...။ အတ္တတွေဘာတွေကကော ဘာလဲ...။ နှိုင်းကဘာကိုမှနားမလည်နိုင်တော့...။

"​ကိုကို နှိုင်းနားလည်အောင်ပြော ဇိမ်းနဲ့ဘာဖြစ်လာတာလဲ"

ရုပ်တည်လေးနဲ့ ခပ်ပြတ်ပြတ်မေးတော့ မျက်လုံးလေးတစ်ချက်သာဝေ့ကြည့်ကာ

"ဘာမှမဟုတ်ပါဘူး စိတ်ထဲထားမနေနဲ ဒီတိုင်း"

ပြောလုဆဲဆဲစကားလုံးတွေကိုရုပ်သိမ်းလိုက်သည်။ နှိုင်းကို ဒီကိစ္စထဲဆွဲမထည့်ချင်...။ သက်ပြင်းတစ်ချက်ကြိတ်ချလိုက်ရင်း...

" ကိုကိုခဏနားလိုက်ဦးမယ်" ဆိုပြီး အခန်းထဲသာဝင်လာခဲ့တော့သည်။

ကိုကိုကစကားစဖြတ်သွားပေမယ့် နှိုင်းရဲ့သိချင်စိတ်တို့ကထိန်းမရ...။ ကိုကို့ကိုထပ်မေးနေရင်လဲ အပိုပဲဖြစ်နေမှာ ဘာမှထပ်ပြောလာမှာမဟုတ်...။  အဲ့တော့ အဓိကတရားခံဖြစ်တဲ့ဇိမ်းကိုပဲ ဖုန်းဆက်မေးဖို့စိတ်ပိုင်းဖြတ်လိုက်သည်။

ဇိမ်းဆီဖုန်းဆက်တော့ အတော်နှင့်ဖုန်းမကိုင်... အတန်ကြာမှ

"အေး... ပြော"

"ဟင် နင့်အသံကဘာဖြစ်နေတာလဲ"

ကျွတ်ဆတ်ဆတ်နိုင်လွန်းတဲ့အသံကိုလျော့ချကာ

"ဘာမှမဖြစ်ပါဘူးဟာ ဘာရားသားကော"

"မေးချင်တာအဲ့တာ ဘာဖြစ်လာကြတာလဲ နင်နဲ့ဘယ်လိုတွေ့လို့ သူ့ပုံစံကသရဲနဲ့တွေ့ခဲ့သလို ကြောင်တောင်တောင်ဖြစ်နေတာလဲ"

"ဒီလိုပါပဲဟာ သတိုးနဲ့ငါ့ကိုတွေ့သွားရုံတင်ပါ"

"သာမန်အခြေနေလောက်နဲ့တော့ ကိုကိုကဒီလိုသွေးပျက်နေမှာမဟုတ်ဘူးနော်"

"အင်း... ငါတို့ပစ္စည်းရွေးရင်း ဖက်နမ်းလိုက်တာကိုမြင်သွားတယ်ထင်တယ်"

"​ဗုဒ္ဓေါ... နင်ကိုကအနေမတတ်အထိုင်မတတ် လူကြားထဲနမ်းစရာလား စပ🙂"

"​ငါလဲမသိဘူးဟာ နင်ကြည့်ကျက်ဖြေရှင်းလိုက်ဦး"

"​လိ့... ငါကဘယ်လိုဖြေရှင်းရမှာလဲ နင့်အရှုပ်ထုပ်နင့်ဘာနင်လာရှင်း"

ဖုန်းလေးအမြန်ချပြီး အခန်းထဲပြေးဝင်ရသည်။ ကိုကိုကဒီလိုကိစ္စမျိုးကိုလုံးဝလက်မခံနိုင်တာနှိုင်းသိပါသည်။ သို့ပေမယ့် ဒီလိုမျိုးကဖြစ်လာပြီပဲ တားဆီးလို့မှမဖြစ်နိုင်တာ။ အဲ့လိုတွေးပေမယ့်လဲ ကိုကို့စိတ်ကိုလဲအသိ...။ ဘူးဆို ဖရုံမသီးတတ်တဲ့သူမျိုး... ။ နှိုင်းထက်တောင်ခေါင်းမာသေးသည်...။ သူခေါင်းမာလို့လဲ နှိုင်းနဲ့ဒီလိုအခြေနေထိဖြစ်လာရတာ။

"ကိုကို"

နားထင်ကြောတွေကိုလက်နဲ့ထောက်ရင်း မျက်လုံးတွေမှိတ်လျက် စိတ်ဖြေနေဟန်...။

"ကိုကိုလို့"

အနည်းငယ်မျှသာဖွင့်ကြည့်လျက် မျက်လုံးတွေပြန်မှိတ်လိုက်ပြီး

"ဧကရာဇ်​အကြောင်းဆို ကိုကိုမကြားချင်ဘူး"

"အာ... ကိုကိုကလဲ ဘာဇိမ်းအကြောင်းမှမဟုတ်ပါဘူး"

ထိုမှမျက်လုံးတို့ကိုဖွင့်ကာ စိုက်ကြည့်လာသည်။

အရင်ဆုံး ကိုကို့ရင်ခွင်ကျယ်ကြီးထဲတိုးဝင်ကာဖက်ထားလိုက်ပြီး

"​အား... နွေးနေတာပဲ"

"ပြောတော့ ဧကရာဇ်​အကြောင်းပြောမှာမဟုတ်ဘူးဆို"

"​အင်း... မဟုတ်ဘူးလေ"

မျက်လုံးလေးဝိုင်းကာမော့ကြည့်ပြီး တန်းဖြေလိုက်ပုံက တကယ်အသည်းယားစရာလေး။

"ပြော... ဘာလိုချင်တာလဲ"

မျက်နှာလေးပြန်ငုံ့သွားကာ ရင်ဘတ်ပေါ်လက်ညှိုးလေးနဲ့တို့ထိကစားနေရင်း

"ကိုကြီးနဲ့ ဦးဘုန်းကိုဘယ်လိုမြင်လဲဟင်"

ရင်ခွင်ထဲမှာကြောင်ပေါက်လေးလိုခေါင်းတိုးဝင်ထားတဲ့ကောင်မလေးကိုသိုင်းဖက်လိုက်ရင်း

"သဲက ဘာကိုဆိုလိုချင်တာလဲ"

"မာန်အဟုန်နဲ့ဘုန်းသွန်းခတွဲနေတာကိုဘယ်လိုမြင်လဲလို့"

စိတ်မရှည်တဲ့လေသံနဲ့အော်ပြီး ရင်ဘတ်ကိုလဲ 'ဘုန်း'​ခနဲမြည်အောင်ရိုက်သေး...။ လူက'အင့်'​ခနဲပဲ။

"​ဪ... ခုထိတော့အဆင်ပြေတယ်ထင်တာပဲ"

လိုချင်တဲ့အဖြေရတော့မျက်လုံးထဲလက်ခနဲပဲ...။ ပါးကိုပါထနမ်းလိုက်သေး။

"အဲ့လိုပဲလေ ဇိမ်းလဲအဆင်ပြေမှာပါ"

"​မတူဘူးလေ ဧကရာဇ်​ကတော့မရဘူး ကျန်တာအကုန်ခွင့်လွှတ်ပေးလို့ရပေမယ့် ဒီလိုကိစ္စကတော့မရဘူးလေ ကိုကို့ညီအကြောင်းကိုကိုအသိဆုံးပါ သဲကသာဝင်မပါပဲ ဒီတိုင်းပဲကြည့်နေ"

"ဟင်... ဘာလို့ဝင်မပါရမှာလဲ ဟိုမိုတွေအပေါ်အမြင်စောင်းနေတဲ့ကိုကို့စိတ်ကိုပဲပြင်"

"​သဲကကွာ ပြောနေရင်းကို တော်ပြီ အိပ်တော့မယ် သဲလဲအိပ်တော့ ဟုတ်ပြီလား"

"​ကိုကိုကလဲ... "

ညုတုတုအသံနဲ့ဆိုတော့ နှုတ်ခမ်းကိုကုန်းနမ်းပြီး

"​ဆက်ပြောနေရင် မပြောနိုင်အောင်လုပ်လိုက်မှာနော်"

မျက်လုံးလေးအဝိုင်းသားနဲ့ ဘာမှဆက်မပြောတော့ပဲ နှုတ်ခမ်းလေးကိုလက်ဖျားလေးနဲ့အုပ်၍ သာနေလိုက်တယ်။

အင်ပါယာမျက်လုံးထဲမှာတော့ ထိုအပြုမူလေးတွေကပဲ ဆွဲဆောင်နေသယောင်...။ ချစ်မဝ မြတ်နိုးလို့မဆုံးသူလေး...။

ဒီကောင်မလေးကိုကျွန်တော်ဘယ်လိုနည်းနဲ့မှအဆုံးရှုံးမခံနိုင်ပါ...။ ဒါ့ကြောင့်လဲ ဧကရာဇ်​သဘောကျနေမှန်းသိသိရက်နဲ့တစ်ကိုယ်ကောင်းဆန်စွာ ရှေ့တိုးမိသည်အထိ.... လက်လွှတ်မခံနိုင်တဲ့ကောင်မလေးဖြစ်ခဲ့ပါတယ်။ နှစ်တွေကြာလွန်သွားတာတောင် သူမကိုမြင်တိုင်းကျွန်တော့်ရင်ခုန်သံတွေကလတ်ဆတ်နေဆဲ...။

အတွေးတို့မဆုံးခင် နားရွက်ဖျားလေးကနွေးခနဲဖြစ်လာပြီး ကြက်သည်းများထကာရင်ထဲလှိုက်ခနဲ...။

ကျွန်တော့်နားရွက်ဖျားတို့ကိုအကြောက်အလန့်မရှိလျှာဖျားလေးနဲ့ဆော့ကစားနေတဲ့သူမ.... ။ ရင်ဘတ်ပေါ်မှီတွယ်နေတဲ့သူမခန္ဓာကိုယ်လေးကို ပွေ့ကာ ကျွန်တော့်ခန္ဓာကိုယ်နဲ့ဖိထားရင်း နီးနီးကပ်ကပ်ရှိနေတဲ့မျက်နှာတို့ကဝင်သက်ထွက်သက်နွေးနွေးတို့နဲ့ရိုက်ခတ်နေပြီး တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်ကာ မည်သည့်စကားတစ်ခွန်းမျှမဆို...။ ထို့နောက် အင်ပါယာက သူမမျက်နှာပေါ် နှုတ်ခမ်းနွေးနွေးလေးနဲ့ထပ်ခါထပ်ခါနမ်းရင်း နှုတ်ခမ်းဆီသို့ရောက်ကာ အနမ်းတို့ဆက်ကာဆက်ကာဖြင့်...

အသက်ရှူရုံမျှခဏတာလေးသာလစ်လပ်သွားပြီး  နှုတ်ခမ်းသားတို့ထပ်တူကျစေပြန်သည်...။ ထို့နောက်နားရွက်ကနေ လည်ပင်း... လည်ပင်းကနေရင်ဘတ်... အင်္ကျီကြယ်သီးလေးတွေကိုဖြုတ်ရလောက်အောင်ပင်မစောင့်နိုင်ပဲ ဆွဲဖြဲပစ်လိုက်ရင်း ဝမ်းဗိုက်ပေါ်အမာရွတ်လေးပေါ်လက်လေးနဲ့ပွတ်သပ်ရင်း မျက်ရည်လည်မိပြန်သည်...။

ခဏမျှပုပ်ခတ်ထုတ်လိုက်ပြီး ထိုအမာရွတ်လေးကိုတမြတ်တနိုးနမ်းရင်း အထက်နှုတ်ခမ်းဆီသို့ဆန်တက်လာပြန်သည်...။

အနမ်းတွေကမြတ်နိုးခြင်းကနေ ရမက်ဘက်ပါကာ တိုးရင်းတိုးရင်းနမ်းက တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း ခန္ဓာကိုယ်တစ်ခုလုံးကို သိမ်းပိုက်ခြင်းဆီသို့....။

**************************************














အခ်ိန္အားျဖင့္တစ္ႏွစ္ေက်ာ္ၾကာလာခဲ့ေပၿပီ... ။
ဇိမ္းက ပန္းၿခံႀကီးစိုက္ပ်ိဳးထားကာ ပန္းအလွဆင္လုပ္ငန္းလုပ္သတဲ့...။ အစကေတာ့အေပ်ာ္သေဘာထင္ခဲ့ေပမယ့္... တစ္စတစ္စေအာင္ျမင္မႈကလဲမေသး...။

ခုခ်ိန္မွာဇိမ္းက မိဘဆီကလက္ျဖန့္ေတာင္းေနတဲ့ေကာင္ေလးမဟုတ္ေတာ့ပဲ လုပ္ငန္းရွင္သူေဌးေလးျဖစ္လို႔လာပါတယ္...။

အလုပ္ေတြမအားမလပ္ၾကားကပဲ သတိုးေနာက္လဲအလိုက္မျပတ္... ။ခုေတာ့ သူတို႔ေတြအေတာ္အသင့္ေတာ့အဆင္ေျပၿပီထင္ရတာပဲ...။ ဇိမ္းဆီလဲသိပ္မေရာက္ျဖစ္ေတာ့ ဘာမွေတာ့ေရေရရာရာရယ္မသိ...။

ကိုကို႔ကိုကုန္တိုက္လႊတ္လိုက္တာလဲ ခုထိျပန္မလာေသး...။ အိမ္ကထြက္သြားတာ သုံးနာရီနီးပါးပင္ရွိေပၿပီ... ။စိုးရိမ္စိတ္ေလးနဲ႕ ဖုန္းဆက္ျပန္ေတာ့လဲ မကိုင္... ။ ၾကာေတာ့စိတ္ပူသထက္ပူလာၿပီး ဟိုလူ႕ဖုန္းဆက္ေမး ဒီလူ႕ဖုန္းဆက္ေမး ဘယ္သူမွလဲ မသိျပန္ဘူးတဲ့...။ ဇိမ္းဆီဆက္ျပန္ေတာ့မကိုင္... ။ စိုးတထိတ္ထိတ္နဲ႕ရင္ေတြပူေနတုန္းရွိေသး အိမ္ေရွ႕ကားရပ္သံၾကားလို႔အေျပးထြက္ၾကည့္မွ စိတ္ေအးသြားကာ

"ကိုကို ဘယ္ေတြသြားေနတာလဲ ဖုန္းလဲမကိုင္ဘူး"

"....."

"ကူန္တိုက္သြားတာမဟုတ္ဘူးလား ဘာမွပါမလာဘူးေရာ..."

"...."

တစ္ဘက္ကဘာမွျပန္မေျဖပဲ မႈန္ကုပ္ၿပီး ဆိုဖာေပၚမွီထိုင္ခ်ကာ စိတ္ပင္ပန္းေနပုံ...။ ကိုကို႔ကိုဒီလိုပုံစံမ်ိဳးကို ႏွိုင္းတစ္ခါမွမျမင္ဖူးခဲ့.... ။

"ကိုကိုဘာျဖစ္ေနတာလဲဟင္"

အလိုက္သိစြာ ေဘးနားဝင္ထိုင္ၿပီး ေမးေတာ့ ရီေဝေဝမ်က္လုံးနဲ႕ၾကည့္လာၿပီး...

" ဇိမ္းကေတာ့မရဘူးေနာ္... ႏွိုင္း... ကို႔ညီကေတာ့အ့လိုျဖစ္လို႔မရဘူးေနာ္ ကိုကိုလက္မခံနိုင္ဘူး"

ရင္ထဲ ဒိန္းခနဲ... ။ဇိမ္းကဘာျဖစ္တာလဲ...။ ဘာလို႔ ကိုကို႔ပုံစံကဒီလိုျဖစ္ေနတာလဲ...။ ဇိမ္းမ်ားတစ္ခုခုျဖစ္လို႔လား...။

အံ့ၾသထိတ္လန့္ၿပီးျပဴးက်ယ္တဲ့မ်က္လုံးေတြနဲ႕ ေမးမိသည္။

"​ဟင္... ဇိမ္းကဘာျဖစ္တာလဲ ဇိမ္းကဘာျဖစ္လို႔လဲဟင္ ကိုကို"

တစ္ဖက္ကေစာင္းငဲ့ၾကည့္လာၿပီး

"​ကိုကို႔အမွားေၾကာင့္ပါ ကိုကိုမွားပါတယ္ တကယ္ဆိုကိုကိုအတၱမႀကီးသင့္ဘူး သူကိုကို႔ကိုအ႐ြဲ႕တိုက္ေနတာ တမင္အရွက္ကြဲေစခ်င္တာ ကိုကို႔အမွား"

ဘာလဲ...။ ဇိမ္းကဘာလုပ္လို႔ကိုကိုကဒီလိုခံစားေနရတာလဲ...။ ၿပီးေတာ့ကိုကိုကေကာဘာမွားတာလဲ...။ အတၱေတြဘာေတြကေကာ ဘာလဲ...။ ႏွိုင္းကဘာကိုမွနားမလည္နိုင္ေတာ့...။

"​ကိုကို ႏွိုင္းနားလည္ေအာင္ေျပာ ဇိမ္းနဲ႕ဘာျဖစ္လာတာလဲ"

႐ုပ္တည္ေလးနဲ႕ ခပ္ျပတ္ျပတ္ေမးေတာ့ မ်က္လုံးေလးတစ္ခ်က္သာေဝ့ၾကည့္ကာ

"ဘာမွမဟုတ္ပါဘူး စိတ္ထဲထားမေနနဲ ဒီတိုင္း"

ေျပာလုဆဲဆဲစကားလုံးေတြကို႐ုပ္သိမ္းလိုက္သည္။ ႏွိုင္းကို ဒီကိစၥထဲဆြဲမထည့္ခ်င္...။ သက္ျပင္းတစ္ခ်က္ႀကိတ္ခ်လိဳက္ရင္း...

" ကိုကိုခဏနားလိုက္ဦးမယ္" ဆိုၿပီး အခန္းထဲသာဝင္လာခဲ့ေတာ့သည္။

ကိုကိုကစကားစျဖတ္သြားေပမယ့္ ႏွိုင္းရဲ႕သိခ်င္စိတ္တို႔ကထိန္းမရ...။ ကိုကို႔ကိုထပ္ေမးေနရင္လဲ အပိုပဲျဖစ္ေနမွာ ဘာမွထပ္ေျပာလာမွာမဟုတ္...။  အဲ့ေတာ့ အဓိကတရားခံျဖစ္တဲ့ဇိမ္းကိုပဲ ဖုန္းဆက္ေမးဖို႔စိတ္ပိုင္းျဖတ္လိုက္သည္။

ဇိမ္းဆီဖုန္းဆက္ေတာ့ အေတာ္ႏွင့္ဖုန္းမကိုင္... အတန္ၾကာမွ

"ေအး... ေျပာ"

"ဟင္ နင့္အသံကဘာျဖစ္ေနတာလဲ"

ကြၽတ္ဆတ္ဆတ္နိုင္လြန္းတဲ့အသံကိုေလ်ာ့ခ်ကာ

"ဘာမွမျဖစ္ပါဘူးဟာ ဘာရားသားေကာ"

"ေမးခ်င္တာအဲ့တာ ဘာျဖစ္လာၾကတာလဲ နင္နဲ႕ဘယ္လိုေတြ႕လို႔ သူ႕ပုံစံကသရဲနဲ႕ေတြ႕ခဲ့သလို ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာလဲ"

"ဒီလိုပါပဲဟာ သတိုးနဲ႕ငါ့ကိုေတြ႕သြား႐ုံတင္ပါ"

"သာမန္အေျခေနေလာက္နဲ႕ေတာ့ ကိုကိုကဒီလိုေသြးပ်က္ေနမွာမဟုတ္ဘူးေနာ္"

"အင္း... ငါတို႔ပစၥည္းေ႐ြးရင္း ဖက္နမ္းလိုက္တာကိုျမင္သြားတယ္ထင္တယ္"

"​ဗုေဒၶါ... နင္ကိုကအေနမတတ္အထိုင္မတတ္ လူၾကားထဲနမ္းစရာလား စပ🙂"

"​ငါလဲမသိဘူးဟာ နင္ၾကည့္က်က္ေျဖရွင္းလိုက္ဦး"

"​လိ့... ငါကဘယ္လိုေျဖရွင္းရမွာလဲ နင့္အရႈပ္ထုပ္နင့္ဘာနင္လာရွင္း"

ဖုန္းေလးအျမန္ခ်ၿပီး အခန္းထဲေျပးဝင္ရသည္။ ကိုကိုကဒီလိုကိစၥမ်ိဳးကိုလုံးဝလက္မခံနိုင္တာႏွိုင္းသိပါသည္။ သို႔ေပမယ့္ ဒီလိုမ်ိဳးကျဖစ္လာၿပီပဲ တားဆီးလို႔မွမျဖစ္နိုင္တာ။ အဲ့လိုေတြးေပမယ့္လဲ ကိုကို႔စိတ္ကိုလဲအသိ...။ ဘူးဆို ဖ႐ုံမသီးတတ္တဲ့သူမ်ိဳး... ။ ႏွိုင္းထက္ေတာင္ေခါင္းမာေသးသည္...။ သူေခါင္းမာလို႔လဲ ႏွိုင္းနဲ႕ဒီလိုအေျခေနထိျဖစ္လာရတာ။

"ကိုကို"

နားထင္ေၾကာေတြကိုလက္နဲ႕ေထာက္ရင္း မ်က္လုံးေတြမွိတ္လ်က္ စိတ္ေျဖေနဟန္...။

"ကိုကိုလို႔"

အနည္းငယ္မွ်သာဖြင့္ၾကည့္လ်က္ မ်က္လုံးေတြျပန္မွိတ္လိုက္ၿပီး

"ဧကရာဇ္​အေၾကာင္းဆို ကိုကိုမၾကားခ်င္ဘူး"

"အာ... ကိုကိုကလဲ ဘာဇိမ္းအေၾကာင္းမွမဟုတ္ပါဘူး"

ထိုမွမ်က္လုံးတို႔ကိုဖြင့္ကာ စိုက္ၾကည့္လာသည္။

အရင္ဆုံး ကိုကို႔ရင္ခြင္က်ယ္ႀကီးထဲတိုးဝင္ကာဖက္ထားလိုက္ၿပီး

"​အား... ႏြေးေနတာပဲ"

"ေျပာေတာ့ ဧကရာဇ္​အေၾကာင္းေျပာမွာမဟုတ္ဘူးဆို"

"​အင္း... မဟုတ္ဘူးေလ"

မ်က္လုံးေလးဝိုင္းကာေမာ့ၾကည့္ၿပီး တန္းေျဖလိုက္ပုံက တကယ္အသည္းယားစရာေလး။

"ေျပာ... ဘာလိုခ်င္တာလဲ"

မ်က္ႏွာေလးျပန္ငုံ႕သြားကာ ရင္ဘတ္ေပၚလက္ညွိုးေလးနဲ႕တို႔ထိကစားေနရင္း

"ကိုႀကီးနဲ႕ ဦးဘုန္းကိုဘယ္လိုျမင္လဲဟင္"

ရင္ခြင္ထဲမွာေၾကာင္ေပါက္ေလးလိုေခါင္းတိုးဝင္ထားတဲ့ေကာင္မေလးကိုသိုင္းဖက္လိုက္ရင္း

"သဲက ဘာကိုဆိုလိုခ်င္တာလဲ"

"မာန္အဟုန္နဲ႕ဘုန္းသြန္းခတြဲေနတာကိုဘယ္လိုျမင္လဲလို႔"

စိတ္မရွည္တဲ့ေလသံနဲ႕ေအာ္ၿပီး ရင္ဘတ္ကိုလဲ 'ဘုန္း'​ခနဲျမည္ေအာင္ရိုက္ေသး...။ လူက'အင့္'​ခနဲပဲ။

"​ဪ... ခုထိေတာ့အဆင္ေျပတယ္ထင္တာပဲ"

လိုခ်င္တဲ့အေျဖရေတာ့မ်က္လုံးထဲလက္ခနဲပဲ...။ ပါးကိုပါထနမ္းလိုက္ေသး။

"အဲ့လိုပဲေလ ဇိမ္းလဲအဆင္ေျပမွာပါ"

"​မတူဘူးေလ ဧကရာဇ္​ကေတာ့မရဘူး က်န္တာအကုန္ခြင့္လႊတ္ေပးလို႔ရေပမယ့္ ဒီလိုကိစၥကေတာ့မရဘူးေလ ကိုကို႔ညီအေၾကာင္းကိုကိုအသိဆုံးပါ သဲကသာဝင္မပါပဲ ဒီတိုင္းပဲၾကည့္ေန"

"ဟင္... ဘာလို႔ဝင္မပါရမွာလဲ ဟိုမိုေတြအေပၚအျမင္ေစာင္းေနတဲ့ကိုကို႔စိတ္ကိုပဲျပင္"

"​သဲကကြာ ေျပာေနရင္းကို ေတာ္ၿပီ အိပ္ေတာ့မယ္ သဲလဲအိပ္ေတာ့ ဟုတ္ၿပီလား"

"​ကိုကိုကလဲ... "

ၫုတုတုအသံနဲ႕ဆိုေတာ့ ႏႈတ္ခမ္းကိုကုန္းနမ္းၿပီး

"​ဆက္ေျပာေနရင္ မေျပာနိုင္ေအာင္လုပ္လိုက္မွာေနာ္"

မ်က္လုံးေလးအဝိုင္းသားနဲ႕ ဘာမွဆက္မေျပာေတာ့ပဲ ႏႈတ္ခမ္းေလးကိုလက္ဖ်ားေလးနဲ႕အုပ္၍ သာေနလိုက္တယ္။

အင္ပါယာမ်က္လုံးထဲမွာေတာ့ ထိုအျပဳမူေလးေတြကပဲ ဆြဲေဆာင္ေနသေယာင္...။ ခ်စ္မဝ ျမတ္နိုးလို႔မဆုံးသူေလး...။

ဒီေကာင္မေလးကိုကြၽန္ေတာ္ဘယ္လိုနည္းနဲ႕မွအဆုံးရႈံးမခံနိုင္ပါ...။ ဒါ့ေၾကာင့္လဲ ဧကရာဇ္​သေဘာက်ေနမွန္းသိသိရက္နဲ႕တစ္ကိုယ္ေကာင္းဆန္စြာ ေရွ႕တိုးမိသည္အထိ.... လက္လႊတ္မခံနိုင္တဲ့ေကာင္မေလးျဖစ္ခဲ့ပါတယ္။ ႏွစ္ေတြၾကာလြန္သြားတာေတာင္ သူမကိုျမင္တိုင္းကြၽန္ေတာ့္ရင္ခုန္သံေတြကလတ္ဆတ္ေနဆဲ...။

အေတြးတို႔မဆုံးခင္ နား႐ြက္ဖ်ားေလးကႏြေးခနဲျဖစ္လာၿပီး ၾကက္သည္းမ်ားထကာရင္ထဲလွိုက္ခနဲ...။

ကြၽန္ေတာ့္နား႐ြက္ဖ်ားတို႔ကိုအေၾကာက္အလန့္မရွိလွ်ာဖ်ားေလးနဲ႕ေဆာ့ကစားေနတဲ့သူမ.... ။ ရင္ဘတ္ေပၚမွီတြယ္ေနတဲ့သူမခႏၶာကိုယ္ေလးကို ေပြ႕ကာ ကြၽန္ေတာ့္ခႏၶာကိုယ္နဲ႕ဖိထားရင္း နီးနီးကပ္ကပ္ရွိေနတဲ့မ်က္ႏွာတို႔ကဝင္သက္ထြက္သက္ႏြေးႏြေးတို႔နဲ႕ရိုက္ခတ္ေနၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္စိုက္ၾကည့္ကာ မည္သည့္စကားတစ္ခြန္းမွ်မဆို...။ ထို႔ေနာက္ အင္ပါယာက သူမမ်က္ႏွာေပၚ ႏႈတ္ခမ္းႏြေးႏြေးေလးနဲ႕ထပ္ခါထပ္ခါနမ္းရင္း ႏႈတ္ခမ္းဆီသို႔ေရာက္ကာ အနမ္းတို႔ဆက္ကာဆက္ကာျဖင့္...

အသက္ရႉ႐ုံမွ်ခဏတာေလးသာလစ္လပ္သြားၿပီး  ႏႈတ္ခမ္းသားတို႔ထပ္တူက်ေစျပန္သည္...။ ထို႔ေနာက္နား႐ြက္ကေန လည္ပင္း... လည္ပင္းကေနရင္ဘတ္... အကၤ်ီၾကယ္သီးေလးေတြကိုျဖဳတ္ရေလာက္ေအာင္ပင္မေစာင့္နိုင္ပဲ ဆြဲၿဖဲပစ္လိုက္ရင္း ဝမ္းဗိုက္ေပၚအမာ႐ြတ္ေလးေပၚလက္ေလးနဲ႕ပြတ္သပ္ရင္း မ်က္ရည္လည္မိျပန္သည္...။

ခဏမွ်ပုပ္ခတ္ထုတ္လိုက္ၿပီး ထိုအမာ႐ြတ္ေလးကိုတျမတ္တနိုးနမ္းရင္း အထက္ႏႈတ္ခမ္းဆီသို႔ဆန္တက္လာျပန္သည္...။

အနမ္းေတြကျမတ္နိုးျခင္းကေန ရမက္ဘက္ပါကာ တိုးရင္းတိုးရင္းနမ္းက တစ္ဆင့္ျခင္းတစ္ဆင့္ျခင္း ခႏၶာကိုယ္တစ္ခုလုံးကို သိမ္းပိုက္ျခင္းဆီသို႔....။

**************************************

Ep-31 end .
Ep-32 coming soon....

Continue Reading

You'll Also Like

1M 47.3K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
450K 26.7K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"
476K 26.4K 68
စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာဖြစ်သည်
502K 31.8K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...