Unicode
ဘာလိုလိုနဲ့ hyun ကျွန်တော့် အသဲကို ရက်ရက်စက်စက် ခွဲသွားတာ တစ်လရှိပြီ
ခင်ဗျား အသံလေးကြားချင်လွန်းလို့ မနေနိုင်မထိုင် ဖုန်းဆက်မိပါတယ် ပြန်ပြောတာက ဆက်သွယ်မှု ဧရိယာ ပြင်ပတဲ့ သိပ်ကို နေနိုင်တယ်
အပြင်မှာ မိုးခြိမ်းသံ ကြားတော့ ခင်ဗျားများ ကြောက်နေမလားလို့ တွေးပူမိတယ်
အော် ခင်ဗျားတစ်ခြားရင်မှာ ပျော်နေလောက်ပြီ တွေးမိတော့ အောင့်သက်သက်လေး ရယ်မိတယ်
ခင်ဗျားနိုင်ပါတယ် ခင်ဗျားနဲ့ ပတ်သတ်ရင်
ကျွန်တော်က အကြိမ်ကြိမ်အခါခါ ရှုံးတယ်
ကျွန်တော်လဲ ပြောင်းလဲလာပါပြီ
ဆေးလ်ိပ်တွေသောက်ရင်း အရက်တွေ သောက်ရင်းနဲ့ပေါ့
"ဟျောင့် နံဟောင်နေတာပဲကွာ မင်းအဲ့လိုပဲ နေတော့မှာလား ဟိုက ဖြင့်မင်းကို ထားသွားပြီး တစ်ခြားတစ်ယောက်နဲ့ ပျော်နေလောက်ပြီ"
"သိပါတယ် သိပါတယ် jm hyunရယ် သိတာမို့ ခဏ ခဏ သတိမပေးပါနဲ့"
"မင်းနဲ့တော့ ခက်ပါတယ်ကွာ"
-------
Flashback
Sj အလုပ်ခရီးက ပြန်မရောက်ခင် တစ်ရက်အလို
"အမလေး အရမ်းတွေ တတ်ကြွနေပါလား"
အဝတ်တွေသိမ်းရင်း ယွန်ဂီက ပြောသည်
"အေး ငါ့ရဲ့ ကူးလေး ကို လွမ်းနေပြီကွ "
"အမလေး အတွဲတွေ အတွဲတွေ သောက်ပို သိပ်လုပ်တာပဲ"
"ဟား ဟား မင်းမချစ်မိသေးလို့ပါ "
"တော်ပါကွာ အလုပ်တွေ ရှုပ်လို့
ဒါနဲ့ မနက်ထဲက မင်းမျက်နှာက ဖြူရော်နေတာ နေရော ကောင်းရဲ့ လား "
"အေးကွာ အလုပ်အရမ်းလုပ်မိလို့လားမသိဘူး မနက်ထဲက ခေါင်းကိုက်နေတာ"
"ဟလား ဆေးခန်းသွားပြကြည့်မလား "
"ရပါတယ် ငါ့ကူးလေးကို တွေ့လိုက်ရင် ကောင်းသွားမှာပါ"
"အမလေး မပြောတော့ဘူးဟေ့"
ဒုန်း ..
ဒုန်းဆိုတဲ့ အသံနဲ့အတူ လဲ ကျသွားသော ဆော့ဂျင်လဲ ကျသွားသည်။
"ဆော့ဂျင် ဆော့ဂျင် ဟျောင့် သတိထားအုံးလေ"
-------
ခေါင်းက နာကျင်မူနဲ့ အတူ ကျွန်တော် မျက်လုံးများပွင့်လာခဲ့သည်
ဘေးမှာ မျက်ရည်တွေနဲ့ ယွန်ဂီ
"ဟျောင့် ဘာဖြစ်နေတာလဲ ငါ ဘယ်ရောက်နေတာလဲ "
"မင်းဆေးရုံမှာလေ မင်းကို Dr စကားပြောချင်နေတယ်"
-------
ဒေါက် ဒေါက်..
"ဟုတ်ကဲ့ ဝင်လာခဲ့ပါ"
"ကင်ဆော့ဂျင် လား"
"ဟုတ်ကဲ့"
"ကျွန်တော် ခင်ဗျားကို အသိပေးရမယ် ထင်လို့ပါ"
"ဟုတ်ကဲ့ ဆရာ"
"ခင်ဗျား ခေါင်းကိုက်တာ ဘယ်လောက်ကြာပြီလဲ"
"ဗျာ ခေါင်းကလား အဲ့လိုပဲ ကိုက်လိုက် ပျောက်လိုက်နဲ့ ဖြစ်တာ နည်းနည်းတော့ ကြာပြီထင်တယ်"
"ဒီရက်ပိုင်းတွင်းရော အန်သေးလား"
"ဟုတ် အန်တယ်"
"အဲတာ ဘာကြောင့်လို့ ခင်ဗျားထင်လဲ"
"အစာ မကြေတာ မဟုတ်ဘူးလား ဆရာ"
"ကျွန်တော် ပြောမယ် ခင်ဗျားစိတ်ကို ခိုင်ခိုင်ထားပါ ခင်ဗျား ဦးနှောက်ထဲမှာ အကြိတ်တွေ တွေ့တယ် နောက်ပြီး တော်တော် လဲ ပျံ နေပြီ ခင်ဗျားဒီလောက်ထိ တောင့်ခံနေနိုင်တာကိုပဲ အံသြတယ်"
"ဗျာ ဆ.. ဆရာ ဆိုလိုတာက..'
"ခင်ဗျား Brain tumor ဖြစ်နေတယ် အဲတာကလဲ တော်တော် ဆိုးနေပြီ"
"ဆ....ဆရာ ပြောချင်တာက...."
"ခင်ဗျား ၆လ လောက်ပဲ နေနိုင်တော့မယ်"
-----------
အို ကူးငယ် ကိုယ်ဘယ်လို လုပ်ရမလဲ မင်းကိုဘယ်လို ထားခဲ့ ရမလဲ
ကိုယ်သေရမှာ မကြောက်ဘူးမင်းနဲ့ ဝေးရမှာတော့ ကြောက်တယ် ကိုယ်သိပ် ကြောက်နေတယ်
-----
ကူးငယ်က ကိုယ့်လက်ကိုဆွဲ ပြီး အရာအားလုံးကို ရင်ဆိုင်ရဲတယ်တဲ့ ကိုယ်သိပ်ကို ကြည်နူးရပါတယ် ကိုယ်လဲ သိပ်ကို ပြောလိုက်ချင်ပါတယ် ကိုယ်ဟာ ဂျောင်ကုကီ အပိုင်ပါလို့ ဒါပေမဲ့ ကိုယ်တကိုယ်ကောင်းဆန်လို့ မဖြစ်ဘူးလား
ကိုယ်တို့ လမ်းခွဲရအောင်လို့ ပြောတော့ ဖြစ်သွားတဲ့ မင်းမျက်နှာလေး မျက်လုံးထဲက မထွက်ဘူး မင်းသိပ်ကို ငိုနေမလား အရမ်းကြီး မငိုပါနဲ့ ကူးငယ် မင်းသန်မာရမယ်
ကိုယ်တို့ အတူရှိခဲ့တဲ့ ည သိပ်ကို ပျော်စရာကောင်းတယ် မင်းကို တခဏတာ ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတာနဲ့ တင် ကိုယ်ဘဝက နေပျော်သွားပါပြီ ကျေးဇူးပါ ကူးငယ်
ကိုယ်က လမင်းကြီးအဖြစ် ထွန်းလင်းနေ ပေးမှာမို့ ကူးငယ်က အတောက်ပဆုံး ရှင်သန်ပေးပါ
"ဟျောင့် ဘာတွေ အဲ့လောက် စဉ်းစားနေတာလဲကွ "
အသီးတွေ မုန့်တွေ အများကြီး ဝယ်လာပြန်တဲ့ ယွန်ဂီ
"ဟာ မင်းကလဲ ဝယ် လာပြန်ပြီ ကွာ ဒီမှာတောင် မကုန်သေးဘူး"
"စားပေါ့ကွာ မင်းကို စားစေချင်လို့ "
"အေးပါ ကျေးဇူးပါ ဒါနဲ့လေ ကူးရော ဘယ်လိုနေလဲ"
"မင်းဒီလောက်တောင် သတိရနေတာ သွားတွေ့ပါလား"
"တွေ့ချင်တာပေါ့ ဒါပေမဲ့ သူ့ကိုတွေ့ရင် ငါသူ့ကို ထပ်ထားခဲ့နိုင်မှာ မဟုတ်တော့ဘူး"
"သူ ဘယ်လို နေလဲလို့"
"ကောင်းပါတယ် "
"အင်း သူအဆင်ပြေေနရမယ် ငါကတော့ သူ့ဘဝထဲ ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာ"
ပြောရင်းနဲ့ အသံတွေ တိမ်ဝင်သွားသော ဆော့ဂျင်..
ဂျောင်ကုက မင်းထားခဲ့ ကတည်းက အရက်တွေပဲ သောက်နေတဲ့ အကြောင်း မင်းဆုံးဖြတ်တွေက သိပ်ကို မှားကြောင်းတော့ ယွန်ဂီ မပြောရက်တော့ပါ
"ဒီနေ့ ဘယ်လိုနေလဲ နေကောင်းလား"
"ကောင်းပါတယ် nj hyun တောင် ခုဏက လာကြည့်သွားသေးတယ်"
"မင်း jk ကို ဂရုစိုက်ပါနော်"
"မင်းဘာသာမင်း ဂရုစိုက်ပါလား"
ကျွန်တော်ရှေ့မှာ ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာမို့ ထင်ပါတယ် ယွန်ဂီ တံခါးကို စောင်ပိတ်ပြီး ထွက်သွားလေသည် သူတစ်နေရာမှာ ငိုနေဦးမယ် ထင်ပါတယ်
2.8.21
***************************
Thanks for your reading 💜
----
Zawgyi
ဆေးလိပ်တွေသောက်ရင်း အရက်တွေ သောက်ရင်းနဲ့ပေါ့
-------
Flashback
ဒုန်း ..
-------
-------
ဒေါက် ဒေါက်..
"ဟုတ်ကဲ့ ဝင်လာခဲ့ပါ"
"ကင်ဆော့ဂျင် လား"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ ဆရာ"
"ဟုတ် အန်တယ်"
"ဗျာ ဆ.. ဆရာ ဆိုလိုတာက..'
"ဆ....ဆရာ ပြောချင်တာက...."
-----------
-----
"သူ ဘယ်လို နေလဲလို့"
"ကောင်းပါတယ် "
"အင်း သူအဆင်ပြေနေရမယ် ငါကတော့ သူ့ဘဝထဲ ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာ"
2.8.21
***************************