Sweet December ❄️

By CaCa_1992

63K 2.2K 231

CaCa bl ပထမဆုံး ရေးဖူး တာ မို့လို့ ဖတ်လို့ မကောင်း ရင် သည်းခံ ကြနော် Epi 1ခု 1ခု တိုတာကိုလည်း သည်းခံ ကြနော် ... More

Epi 1 ❄️Uni+Zaw
Epi 2 ❄️Uni+Zaw
Epi 3 ❄️Uni+Zaw
Epi 4 ❄️Uni+Zaw
Epi 5❄️Uni+Zaw
Epi 6 ❄️ Uni+Zaw
Epi 7 ❄️ Uni + Zàw
Epi 8❄️Uni
Epi 9 ❄️Uni
Epi 11 ❄️ Uni
Epi 12 ❄️ Uni

Epi 10❄️Uni

3.6K 180 32
By CaCa_1992


ကျန်တဲ့ 50 လုပ်နေရင်း ပေါင်ကြောက အရမ်းတောင့်လာပြီး ကြွက်တက်လာပါရော

'အ အ ... ကိုကို မရတော့ဘူး ....
အောက်ပိုင်းသေတော့မယ် ထင်တယ် .... အား ... ကိုကို ကယ်ပါဦး ... အီး ဟီး ...

' ဟမ် ဟမ် ဘာဖြစ်တာလဲ
ဘယ်နားကလဲ ...'

' ဒီမှာ ဒီမှာ ဒီနားက ....
လက်ညှိုးထိုးပြနေတာက ပေါင်နှစ်ချောင်း

'ခြေထောက် ဆန့်ကြည့် ....
နေဦး ကိုကို ဆေးသွားယူ ဦးမယ်

ခုတော့လည်း ပျာယာခတ်ရတာက ကိုယ်
ဆေးပူတွေ လိမ်းချ လိုက်မှ သကောင့်သားက သက်သာတယ်

'သက်သာလား ထကြည့် .. လမ်းနည်းနည်းလျှောက်ကြည့်
ကိုကို့ ကို ကိုင်ထ..'

'ဟို ဟို ကိုကို boxer လေးပြန်ဝတ်မယ်နော် ...'

မျက်စောင်း တချက် ဒိုင်းခနဲ ရောက်လာ ပြီး

'ဘယ်နှစ်ခါ ကျန်သေးလဲ ... '

'.......'

'မေးနေတယ် လေ ဒီနားက ကန်းနေလားပြော...'

ပြောရင်း နားရွက်လေး ဆွဲလိုက်မှ

'အ အ .. နာတယ် ကိုကိုရဲ့ ...15ခါ ပါ
ကိုကိုကလည်း လျှော်ပေးလိုက်တော့လေ နော်
ညီက ဒီမှာ အောက်ပိုင်းတောင် သေတော့မလို ဖြစ်သွားတာကို '

'အမလေး အကဲက ပိုနေပြန်ပြီ
ဘာမှ အောက်ပိုင်းမသေဘူး ကြွက်တတ်တာ
'လာခဲ့ ဒီကို....

'ဟင် ကိုကို ဘာလုပ်မလို့လဲလို့ ညီ boxer ပြန်ဝတ်ဦးမယ် လို့ '

'မဝတ်နဲ့ လာဆို လာလိုက် '
'ပေါင်ပေါ် လာမှောက် ကျန်တဲ့ 15ခါ ကို 15ချက် ရိုက်မယ်
' မင်းအပြစ်တွေ မကြေသေးဘူး
'အသံ ထပ်မကြားချင်ဘူး
အခု မလာရင် ခြံထဲ ထွက်ရိုက်မှာနော် ....'

'အင့် ကိုကို ကလည်း အားသွင်းကြိုးက နာတယ်လို့
ခုနတုန်းက အရှိုးရာတွေဆို ရဲနေတာပဲ
ဟိုနေ့က အရှိူးရာတွေတောင် မပျောက်သေးဘူးလို့ '

'အေ့ နာအောင် ရိုက်မှာ
မင်းက နာတောင် မှတ်တာမဟုတ်ဘူး
မြန်မြန်လာနော် စိတ်တွေက သိပ်မရှည်ဘူး ရဲဆက်သွင် '

​နည်းနည်းသက်သာမလား အသနားခံလိုက်သော်ငြား ကိုကိုက လျှော့ပေးမှာ မဟုတ်မှန်း သေချာသွားတော့
ကိုကို့ရဲ့ ပေါင်ပေါ် မှောက်လိုက်ရင်း လူကလည်း ခုထိ အောက်ပိုင်း ဗလာကျင်း
ကိုကိုထိုင်နေတဲ့ ဆိုဖာပေါ် ကိုယ်တစ်ဝက် ကျန်တစ်ဝက်က
ပုံစံက အခုမှ ခြေချုပ်မိတာ အရင်က ကိုကိုရိုက်လို့ မခံနိုင်ဘူးဆို ဖင်ပွတ်ပြေးလို့ ရခဲ့ဖူးပေမဲ့ အခုတော့ အောက်ပိုင်း တစ်ဝက်ကို ကိုကို့ရဲ့ ခြေထောက် တဖက်က ချုပ်ထားလေရဲ့

'ရွှမ်း ...
ရွှမ်းရွှမ်း

'အ  အ ... ကိုကို

နှစ်ခေါက် ခေါက်ထားတဲ့ အားသွင်းကြိုးကို လက်မှာပတ်လိုက်ပြီး ဖင်ပေါ်ကို အားနဲ့ နီးနီးကပ်ရိုက်လိုက်တော့ အသိပေးချင်းမရှိတဲ့ နာကျင်မှုတွေ အလုအယက် ဝင်ရောက်လာပြီး လူလည်း ကိုကို့ ချုပ်ထားတဲ့ ကြားက ကို့ယို့ကားယားဖြစ်

'ရွှမ်း ရွှမ်း ရွှမ်း ...
..... ရွှမ်း ရွှမ်း

'အ အ အား ကိုကိုရေ ကြောက်ပါပြီ နောက်ကိ​ု မလုပ်တော့ပါဘူး ....တောင်းပန်ပါတယ်'

ယောင်ယမ်းပြီး လက်ကာမိတော့ ကိုကိုက ထိုလက်ကို လှမ်းချုပ်ရင်း ကြွတက်လာတဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ဖိချလိုက်တော့ ပြီးပါလေရော
အားကစား အမြဲလုပ်တဲ့ လူတစ်ယောက်ဆိုတော့ ရဲဆက်သွင်ကို ချုပ်ထားဖို့ရာ ကိုကို့အတွက်က အသာလေး
ကျန်တဲ့ 7ချက်ကို မလှုပ်နိုငိပဲ အော်ဟစ် ဆူပူရင်း နဲ့သာ ပြီးဆုံးသွားသည်
............
' ထ boxer ဝတ်
အခန်းထဲ သွားနှင့်
ကိုကိုလိုက်လာခဲ့မယ် ဆေးလိမ်းပေးမယ်'

ကျောလေးပုတ်ရင်း ဆွဲထူလိုက်တော့ boxer ပြန်ဝတ်ပြီး

' မလိမ်းဘူး မလိမ်းဘူး ကိုကိုက မတရား ရိုက်ပြီး ခုကျမှ ကြင်နာချင်ယောင်ဆောင်မနေနဲ့
မခေါ်ဘူး ကိုကို့ ကို ... ဟင့် '
ပြောဆိုကာ ဆောင့်ကြီး အောင့်ကြီးနဲ့ အခန်းတက်သွားလေရဲ့

ကဲ ဒီအဆိုးလေးကတော့ ထပ်လုပ်လည်း သေတော့မယ်
ဆိုဖာတခုလုံးလည်း သူ့မျက်ရည် နှပ်ရည်တွေနဲ့ ရွှဲ
ဒီခလေး ဘယ်တော့များမှ ရင့်ကျက်မှာတုန်း ....ဟူး
သူလည်း ပစ်ထားလိုက်သည်
သူ့အပစ်နဲ့သူ အရိုက်ခံရတာများ လူကို ကောက်လား ကက်လားနဲ့

မြသန်းတင့် ရဲ့ သုခမြို့တော် ဖတ်နေရင်း အချိန်တွေ ကုန်မှန်း သတိမထားမိလိုက်
နာရီကြည့်တော့ 7နာရီ ထိုးပြီ
ညနေကတည်းက တက်သွားတဲ့ ငဆိုးကောင်လေး အခန်းက ဘာသံမှ မကြားရ
တက်ကြည့်ဦးမှ ဘာဖြစ်နေပြီလဲ မသိ
တံခါးဖွင့်တော့ အထဲက ဂျက်ချထား

'ရဲဆက်သွင် ဖွင့် တံခါး
အိပ်နေတာလား မအိပ်နဲ့တော့နော် နေမကောင်းဖြစ်မယ်
'ဒုန်း ဒုန်း .... ညီ ညီ ကိုကို ပြောနေတာ ကြားလား'

အရင် အခုလောက် ပြောရင် တံခါးလာဖွင့်ပေးပြီ စိတ်ပူလာတာနဲ့ သော့ပို တစ်ချောင်းယူပြီး ဖွင့်တော့ ကုတင်ပေါ် မှောက်ခုံ ကားယား ကြီး အိပ်ပျော်နေသော
အကျီလည်း မပါ boxer တစ်ထည်ပဲ ပါသည်
တံခါးတွေကလည်း ဖွင့်ထားတော့ လေစိမ်းတွေကတိုက်
ဒီ ငပေလေးကတော့ ဖျားတော့မယ် ဒင်းဖျားရင် မနေရတာက ကိုယ်ပဲဖြစ်သည်
ဆေးသောက်ဖို့ အစားစားဖို့ ဂဂျီဂဂျောင် တအားကျသည်
သူဖျားလျှင် တော့ ညီ တောင် မသိလိုက် ဒင်းကတော့ weak လွန်းသည် အားမရ
အင်း သူ အားမှ check up လုပ်ပေးရဦးမည်

'ညီ ညီ ထ ထ မအိပ်နဲ့တော့

ဘယ်လောက် နိုးနိုး ပြောမရ မထ
ကိုယ်ပူလား စမ်းကြည့်တော့ နွေးနေပြီ
လက်လျှော့လိုက်ရင်း ညဝတ်အကျီ တစ်စုံ ကောက်ဝတ်ပေးလိုက်သည်
ညစာ စားဖို့ လုပ်ပြီး မှ ထပ်နိုးတော့မည်
ညီ့အတွက် ဆန်ပြုတ် လုပ်ရမည်
ညီက ရယ်ဒီမိတ် ခနောကို မကြိုက် ညီ့အကြိုက် သူကိုယ်တိုင် သေချာ ကြိုပေးထားသည့် ဆန်ပြုတ်မှ သောက်သည် ဒါတောင် ချော့တိုက်ရသည်
သူ့ဆန်ပြုတ်တွင် ပုဇွန်ထုပ်အသားတွေနုတ်နုတ်စင်းထည့်သည် ကြက်သားဖက်တွေကို အနေတော်တုံးပြီးထည့်သည် ဂုံး ဝယ်ထားတာ ရှိရင် ဂုံးပါ ထည့်သည် အရသာမှုန့်အနေတော် ထည့်ပြီး ကြက်သွန်မြိတ် ငရုတ်ကောင်း အနည်းငယ်ဖြူးလိုက်ရင် ရပြီ
သူ့ကတော့ ကြက်ဥကြော် နှင့် ပြီးသည်
ပြင်ဆင်ပြီးတော့ ကိုယ်တော်လေးကို ထပ်သွားနိုးရသည်

'ညီ ထ တော့ စားပြီး ဆေးသောက်ပြီးမှ ပြန်အိပ်'
.....
မထနိုင် လူက ဂျစ်ချင်သေးသည်
တကယ်တော့ ခုနကတည်းက နိုးသည် တမင် မထချင်လို့ကို မထ
သူဆိုတာ အ့လို ...ကိုကို့ရဲ့ စိတ်ရှည်တဲ့ limit ကို နည်းနည်းတော့ ကျော်လွန်လိုက်ရမှ
အတွေးမဆုံးလိုက်

'ဖြန်း '

'အား......'
ညနေက မညှာမတာ ရိုက်ခံထိထားတဲ့ မက်မွန်သီး 2လုံးကို လက်ဝါးကြမ်းကြီးနဲ့ ထဆော်တာလေ ကြည့်ပါလား သူ့ကို စိတ်မရှည်ပါဘူးဆို
ကိုယ်အပူရှိန်ကြောင့် မူးနောက်နောက် ဖြစ်နေတဲ့ ခေါင်းတောင် ပိုနောက်သွားသည်

'ထ နော် နိုးနေတာ ကိုကို သိတယ် ...'

'မထဘူး ကိုကိုက ညီ့ကိုဆို အမြဲပဲ စိတ်မရှည်ဘူး
ညီ အရမ်း ဝမ်းနည်းတယ် သိလား သိလား.....အီး ဟီး ...'

ပြောရင်းနဲ့ မထိန်းနိုင်တော့ ငိုချ

'ကဲ တချိန်လုံးငိုနေတာ မပင်ပမ်းဘူးလား
ခေါင်းတွေ ကိုက်တော့မယ် '

'ဘယ်သူလုပ်တာလည်း ငိုအောင် ကိုကိုပဲ လုပ်တာလေ
ဘယ်သူကတော့ အားအားယားယား ငိုချင်မလဲ'

'ဟိတ် ဟိတ် အပြစ်ရှိလို့ အပြစ်ပေးခံရတာနော်
ရောမချနဲ့ ...
ဖေဖေ ဘာပြောခဲ့လဲ အပြစ်လုပ်ထားရင် ပေးတဲ့ အပြစ်ကို ခံယူရမယ်လေ
ကိုကိုက အလကားနေရင်း အပြစ်ပေးနေလို့လား .'

'ဟုတ်ပါပြီ ဖေဖေ့ သားကြီးရယ် .... ကိုကို အပြစ်လုပ်မှ တွေ့မယ် ကြည့်နေ'

'ဟား ဟား ဟုတ်ပြီဗျာ ဟောဒီက လိမ္မာတဲ့ ကိုကို့ကို အပြစ်ပေးချင်တယ်ဆို
အရင်နေကောင်းအောင် လုပ်ရမယ် မလား ... ထတော့ စားပြီး ဆေးသောက်ရမယ်

ဆူဆူဆောင့်ဆောင့်နဲ့ပဲ ထထိုင်တော့ တင်ပါးက အရှိုးရာတွေက ဆန္ဒပြသည်

'အား ကိုကို နာတယ် ...

'ဖြေးဖြေး ထိုင် လေ ...ကဲ

ဆန်ပြုတ်နံ့လေးရတော့လည်း ဗိုက်ကဆာလာသည်
ကိုကို့လက်ရာတော့ သူ တကယ်ကြိုက်သည်
ညစာ စားခြင်း အမှု ပြီးသွားတော့ ဆေးသောက်ဖို့ အချိန်ရောက်ပြီ သူမုန်းတဲ့ဆေးလုံးတွေ
သောက်ရမှာလည်း 3လုံးတောင် ကိုယ်ပူကျဆေး , အကိုက်အခဲပျောက်ဆေး , တွဲသောက်ရတဲ့ အစာအိမ်ဆေး

'ကိုကို ... မသောက်ချင်ဘူးလို့ '

'ဇာတ်လမ်းက စ လာပြန်ပြီ ရဲဆက်သွင်
ဆေးထိုးမလားပြော ခုပဲ နောင်နောင့်ကို ခေါ်လိုက်မယ် '
နောင်နောင်ဆိုတာက ကိုကို့ သူငယ်ချင်း family doctor

'ဟင့် ... မထိုးချင်ဘူး လို့ '

'အ့ဒါဆို သောက် ... လိမ္မာပါတယ် ကွာ ....
ပြီးရင် ကိုကို ဆေးလိမ်းပေးမယ် နော်
မဆိုးနဲ့တော့ ကိုကိုလည်း ပင်ပမ်း နေပြီ
မသနားဘူးလား ကိုကို့ကို ...'

အမလေး ပြောတတ်တယ်

နှာခေါင်းရှုံ့သောက်ရင်း ခါးတဲ့ အရသာ ဝင်သွားတာ မျက်နှာရှုံ့လိုက်တော့ ကိုကိုက ချောကလက်သကြားလုံးက အဆင်သင့် အ့လိုလည်း ချစ်ဖို့ကောင်းသေး

ဆေးသောက် ဆေးလိမ်းခြင်း အမှု ပြီးတော့လည်း မပြီးနိုင်သေး နဖူးပေါ် ရေပတ်ဝတ်တင်ရင်း အလုပ်များရပြန်သည်
သူ နေမကောင်းတဲ့ ည တွေဆို သူနဲ့ပဲ လာအိပ်သည် တစ်ညလုံး နဖူးစမ်းလိုက် ရေပတ်ဝတ် တင်လိုက်နှင့် ကိုကို တစ်ယောက် ဗျာများရသည်

မနက် ဝေလီ ဝေလင်း နိုးလာတော့ သူ့ခေါင်းတခုလုံး အုံခဲနေရင်း မျက်စိပင် မနည်းဖွင့်ရသည်
အကိုနောင်နောင့်ကို ကိုကိုဖုန်းဆက်နေတာ ကြားရသည်
သူ အဖျားမကျလို့ ခေါ်လိုက်တာ ဖြစ်မည်
မနေ့က တော်တော်အအေးပက်သွားတာဖြစ်မည်
ကိုကိုပြောလည်း ပြောချင်စရာ သူက တော်တော် weak သည်
..........
တစ်ညလုံး ရေပက်ဝတ် တင်ပေးတာတောင် ညီက အဖျားမကျ
သူငယ်ချင်းကို အားနာလို့ မနက်ရောက်အောင် မနည်းစောင့်ရသည်
စိုးရိမ်စိတ်က မြင့်တက်လာသည် ခါတိုင်း ဆေးသောက် ရေပက်ဝတ် တင်ပေးရင် မနက်ဆို ကောင်းပြီ ခုက 103 ထိ တက်လာသည်
သူ့ကိုယ်သူလည်း ခွင့်မလွှတ် သူ့ကြောင့် ဖြစ်ရတာ ညီက ချူချာတာ သိရဲ့သားနဲ့ သူအပြစ်ပေးမိလို့ နောက်ကို တော့ သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းရမည်
​ဖုန်းဆက်ပြီး ခနကြာတော့ နောင်နောင် ရောက်လာသည်
သူ တံခါးပြေးဖွင့် ဆေးအိတ်ဆွဲသယ်တော့

' အော် ဘယ်လိုဖြစ် ... ဖြေးဖြေးလုပ်ပါ ဟ...

'မင်းကလည်း ညီညီက 103 တောင် ဖြစ်နေပြီ Blood pressure လည်း ကျနေတယ်
အားဆေး တစ်လုံးပါ ထိုးခဲ့ပေးနော် ...

' ငါ စမ်း ပါရစေဦး ကွာ.... မင်းကလည်း တရားလွန် '

'အေ့ အေးပါကွာ ... ငါလည်း လောသွားလို့ပါ '

အခန်းထဲ ရောက်တော့ ညီ နိုးနေပြီ

'ညီလေး ဘယ်လိုနေသေးလဲ '

'အစ်ကို ကျွန်တော် ဆေးမထိုးဘူးနော် '

' အော် ကဲ .. မင်းကရော ဘယ်လိုဖြစ်ပြန် မင်းတို့ ညီအစ်ကိ​ု နှစ်ယောက် လိုက်လည်း လိုက်တယ် '
' အကိုက မစမ်းသပ်ရတော့ဘူး လား '
'ပြန်ရ​တော့မလား '

'ညီညီ နောင်နောင် အရင် စမ်းသပ်ပြီး လိုအပ်တာ လုပ်ပေးလိမ့်မယ် မရှည်နဲ့တော့ '

ဟွန့် ဧည့်သည် ရှေ့မှာ နေမကောင်းတဲ့လူကို လာဟောက်နေသေး ...

အကိုနောင်နောင် စမ်းသပ်ပြီးတော့ ပြောလိုက်တဲ့ စကားက သူ့နားထဲ မိုးကြိုးအစင်းတရာ ပစ်လိုကိသလိုပဲ

'အားနည်းနေတာရော အဖျားမကျတာရော ဆေးထိုးဖို့လိုတယ် ညီညီ
အကို ဆေးထိုးပေးခဲ့မယ် '

'ဗျာ မထိုးဘူးနော် အကို
ကိုကို...ကိုကိုပဲ မနေ့က ဆေးသောက်ရင်မထိုးရဘူးဆို
ဆေးတွေလညိး အကုန် သောက်တာပဲ ....'

'လိုအပ်လို့ ထိုးရမှာလေ ညီ ရဲ့ အ့ဒါမှ မြန်မြန်နေကောင်းမှာပေါ့
ညီ ကလည်း မဆိုးနဲ့ကွာ...'

ငိုချင်ရဲ့လက်တို့ က မျက်ရည်တွေ ချက်ချင်း ဝိုင်းလာတာ

'ကဲ ခေါင်းကိုက်တော့မယ် ထပ်ငိုဖို့ မစဉ်းစားနဲ့
ကိုကို ကိုင်ထားပေးမယ် လာ ဒီဘက်လှည့်
ခနလေးပဲ ခါချဉ် ကိုက်သလောက်ပဲကို'

တကယ်တော့ သူ အခုလိုချော့နေရတာ သူ့ထက် 3လလောက်ပဲ ငယ်တဲ့ 26 နှစ်သားတဲ့လား
မတတ်နိုင် မြန်မြန်သက်သာဖို့ အရေးကြီးသည်
နောင်နောင် ဆေးထိုးအပ် ပြင်ဆင်ပြီးတော့ ညီ့ကို သူ့ဘက် စောင်းကာ လက်နှစ်ဖက်ကိုထိန်းကိုင်ထားပေးရသည်
​နောင် က ညီ့ ဘောင်းဘီ ကို အောက်နည်းနည်းဆွဲချရင်း အရှိုးရာတွေ မြင်တော့

'ဟ ငဖြိုး မင်းညီ က ဒီအရွယ် ရောက်နေပြီ မင်းက လက်ပါတုန်းလား
ပြီးတော့ တော်ရုံလည်း မဟုတ်ဘူး
င့ ဆေးတောင် မထိုးရက်တော့ဘူး'

တားချိန်မရလိုက်

'ရှည်လိုက်တာကွာ မင်းကလည်း အပြစ်ရှိလို့ အပြစ်ပေးထားတာကွာ
ဆေးထိုးစရာရှိတာ မြန်မြန် မထိုးဘူး '

ညီ့ကို ငုံ့ကြည့်လိုက်တော့လည်း သူ့ကို မျက်စောင်းတထိုးထိုး လက်က ရုန်းချင်သေးသည်

'တွေ့လား တွေ့လား ဘေးလူတွေကတောင် သနားတယ်
ကိုကိုပဲ ကိုကိုပဲ မသနားတာ ညီ့ကို '

ပွစိ ပွစိ ပြောဆိုနေရင်း နောင်နောင်လည်း ဆေးထိုးလိုက်ရော အနှီ လူသားက ကိုင်ထားတဲ့ လက်ခုံကို ကုန်းကိုက်လေရဲ့
.....
ရဲဆက်သွင်ပဲ ဘယ်သူမှတ်လို့ ကိုကို့ကို မကျေနပ်တာတွေရော ဖင်ဆေးထိုးခံရတာရော ပေါင်းပြီး သွား အစွမ်းပြလိုက်တယ်လေ

---------------------

ဒီတခါလည်း မှန်မှန်လေး တင်ပေးမယ်ဆိုပြီး အပ်ပုဒိတ် ကြာပြန်ပြီ
စောင့်ဖတ်ပေးကြနော် ဒါဒါလေးတို့
မမေ့သွားကြနဲ့ဦး 🥺

Continue Reading

You'll Also Like

61.9K 6.8K 75
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
16K 2K 51
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...
3M 263K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
66.6K 6.2K 99
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...