The Ultimate Business Lady [M...

By Sakura_K_Mochi

320K 6.5K 48

Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is... More

Description
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10

Chapter 1

8.7K 657 10
By Sakura_K_Mochi

Unicode

Ch-1 ယွင်မိသားစုကွပ်မျက်ခံရခြင်း

တုံ့ယန်ပြည်နယ်,နန်းမြို့တော်

အကျဥ်းသားဝတ်စုံဝတ်ဆင်ထားတဲ့ယွင်လင်းရွှမ်ဟာ သူ့အောက်ကရှုပ်ရှက်ခက်နေတဲ့ လူအုပ်ကြီးကို အေးစက်စွာကြည့်နေရင်း
လူအုပ်ထဲကရွှေရောင်ကွန့်မြူးနေတဲ့ဝတ်စုံတွေက်ိုဝတ်ဆင်ထားတဲ့ ယောကျ်ားတစ်ယောက်နှင့်မိန်းမတစ်​ယောက်
ကိုစိုက်ကြည့်နေသည်။ ထိုနှစ်ယောက်ရဲ့အကြည့်တွေက စိတ်သက်သာရာရနေတဲ့ပုံနဲ့စိတ်လှုပ်ရှားနေပြီး သူတို့ရှေ့ကလူချက်ချင်းသေသွားဖို့ကို မျှော်လင့်စောင့်စားနေသည့် စိတ်အားထက်သန်မှုတွေကို မျက်နှာပေါ်မှာအတိုင်းသာမြင်နေရသည်။

သူတို့သေသွားတာနဲ့ ယွင်မိသားစုကဟာတွေ
အားလုံးသူတို့ပိုင်ဆိုင်ရတော့မယ်။

" မမ... နင်အခုစိတ်ကျေနပ်သွားပြီလား ''
ကွပ်မျက်စင်ပေါ်ရောက်နေတာတောင်မှ လုံးဝခေါင်းမငုံ့ဘဲ ကျောကိုမတ်မတ်ဖြောင့်ထားသည့်သူ့အမဖြစ်သူကို ယွင်လင်ယန်
ကြည့်လိုက်တယ်။ သူ့ကိုမုန်းသင့်လား ဒါမှမဟုတ် အပြစ်တင်ရမလားဆိုတာ သူအရမ်းဝေခွဲရခက်နေတယ်။

'' ယန်အာ... တော်လောက်ပြီ။ ဒီအချိန်တောင်ရောက်မှတော့ အဲ့တာတွေဘာလို့ပြောနေဦးမှာလဲ။ အချိန်နှောင်းသွားပြီ! '' ယွင်လင်ယန်၏ဘေးမှာ အကျဥ်းသားဝတ်စုံဝတ်ဆင်ထားသည့် အသက်ကြီးကြီးအမျိုးသမီးကြီးက လင်းရွှမ်ကိုစိတ်ပျက်စွာကြည့်ရင်း ဖြေးညင်းစွာပြောလာတယ်။ '' အစတည်းက အဖွားပြောသားပဲ။ မင်းသားလေးက ရည်မှန်းချက်ကြီးပြီး ယွင်မိသားစုအပေါ်ကို မရိုးသားပါဘူးလို့။ အခုတော့..ယွင်မိသားစု
ဖျက်ဆီးခံလိုက်ရပြီ။ ယွင်မိသားစုရဲ့စည်းစိမ်တွေကလဲ သူတို့လက်ထဲပါကုန်တော့မယ်... ဒါကိုအော့နှလုံးအနာဆုံးပဲ! ''

ယွင်မိသားစုဖျက်ဆီးခံလိုက်ရတဲ့အပြင်
သူတို့ရဲ့ချွေးသွေးတွေနဲ့စုဆောင်းထားတဲ့
ငွေတွေက အဲ့လူနှစ်ယောက်ပိုင်တဲ့
မင်းဆက်အတွက်လဲအသုံးချခံရဦးမယ်။
ဒီအချက်ကိုသူမတကယ်မုန်းတီးမိတယ်။

ယွင်လင်းရွှမ် လူအုပ်ထဲက ဟိတ်ဟန်ကြီးပြီးသားနားတဲ့အသွင်အပြင်ရှိသည့်လူနှစ်ယောက်ကိုအေးစက်စွာလှမ်းကြည့်လိုက်
သည်။ ပြည်သူတွေကတော့သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ သူမကတော့အဲ့နှစ်ယောက်ပြာဖြစ်သွားရင်တောင်မှ မှတ်မိနိုင်သေးတယ်။

ယောကျ်ားကတော့ တုံ့ယန်နိုင်ငံရဲ့
လေးယောက်မြောက်မင်းသား,ဝမ်ချီလင်းရွှမ်
အခုတော့အသစ်တက်လာတဲ့မင်းကြီး။
သူ့ဘေးကမိန်းမက အခုတော့ရာထူးသေးငယ်တဲ့ကိုယ်လုပ်တော်ဆိုပေမဲ့ မကြာတော့တဲ့အချိန်မှာ တုံ့ယန်နိုင်ငံရဲ့ဧကရီအသစ်ဖြစ်လာပြီး သူမ့ရဲ့မိသားစုဖြစ်တဲ့ ရှန့်ကွမ်မိသားစုကို စည်းစိမ်ချမ်းသားတွေ
ခံစားစေပြီး တုံ့ယန်နိုင်ငံရဲ့အာဏာအကြီးမားဆုံးမျိုးနွယ်စုဖြစ်လာအောင် လုပ်ပေးလိမ့်မယ်လို့ ယုံကြည်တယ်။

ရှန့်ကွမ်မိသားစု,သူမရဲ့မွေးမိခင်ရဲ့မိဘအိမ်ဖြစ်တာကြောင့် ယွင်လင်းရွှင်အယုံကြည်ရဆုံးမိသားစုဖြစ်ခဲ့တယ်။ ဒီအချက်ကြောင့်လဲ သူမရဲ့မိဘတွေသေဆုံးပြီးနောက် သူမအဖွားနဲ့ သူ့အဖေတူအမေကွဲညီမဖြစ်သူကိုမယုံကြည်ခဲ့ဘူး။ သူမအမေဘက်က
ဦးလေးနဲ့အဒေါ်ကိုသာယုံကြည်ခဲ့တယ်။
သူ့ရဲ့ဝမ်းကွဲအမ,ရှန့်ကွမ်ယန်လန်ကိုလဲ ညီအမရင်းသဖွယ်ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့လဲ ယွင်မိသားစုတစ်ခုလုံးကိုကွပ်မျက်တဲ့အထိဖြစ်စေခဲ့တယ်။

မိုချီလင်းရွှမ်, ရှန့်ကွမ်ယန်လန်... နင်တို့က
ယွင်မိသားစုပိုင်ဆိုင်တဲ့အရာတွေကိုလိုချင်တယ်ပေါ့ အိပ်မက်မက်နေလိုက်!

ယွင်လင်းရွှမ်၏မျက်နှာပေါ်မှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာပြီး သူ့အဖွားကိုလှည့်ကြည့်လိုက်ရင်း ခပ်တိုးတိုးပြောလိုက်တယ်။
'' အဖွား... ဒီဘဝမှာတော့ ရွှမ်အာ ယွင်မိသားစုအပေါ်ကိုအပြစ်အရှိဆုံးပါ။ တကယ်လို့ နောက်ဘဝသာရှိခဲ့မယ်ဆိုရင်
သမီးအပြစ်တွေအတွက် ကျိန်းသေပေါက်ပေးဆပ်ပါ့မယ်။ ဒီဘဝမှာ အဖွားကိုတစ်ခါမှလက်ဆောင်ကောင်းကောင်းမပေးခဲ့ဖူးဘူး။
အခု ရွှမ်အာအဖွားကိုနောက်ဆုံးလက်ဆောင်
ပေးခဲ့မယ်! ''

ယွင်လင်းရွှမ်ရဲ့အဖွားဖြစ်သူ သခင်မကြီးယွင်ခဲအပါအဝင် ယွင်မိသားစုကလူတွေအကုန်လုံးသိချင်စိတ်ပြင်းပြသွားသည်။ ဒီလိုအချိန်ပဲရောက်နေပြီ... ဘာလက်ဆောင်ပေးဖို့လုပ်နေသေးတာလဲ။

သူတို့ခန္ဓာကိုယ်ပေါ်မှာအကျဥ်းသားဝတ်စုံကလွဲပြီး ကြေးပြားတစ်ပြားတောင်မရှိဘူး။

ယွင်မိသားစုရဲ့ကြွယ်ဝချမ်းသာမှုက
နိုင်ငံတစ်နိုင်ငံစာလောက်ရှိတယ်။ သူတို့ရဲ့စီးပွားရေးကနိုင်ငံလေးနိုင်ငံမှာ
ရောင်းဝယ်ဖောက်ကားနေပေမယ့် စိတ်မကောင်းစရာကဒီလိုအခြေအနေအထိ ရောက်သွားတာပင်။

သူတို့ရဲ့ထူးဆန်းတဲ့အကြည့်တွေကို လျစ်လျူရှုရင်း လူအုပ်ထဲကစက်ဆုပ်ဖွယ်ကောင်းတဲ့လူနှစ်ယောက်ကို မျက်နှာမူရင်း သူမအလှဆုံးအပြုံးကိုပြုံးလိုက်ပြီး သူမနှုတ်ခမ်းတွေကိုလှုပ်ရှားလိုက်သည်။ သူမဘာလုပ်ချင်လဲဆိုတာ ဘယ်သူမှ
မသိဘူး။ ထိုအချိန်၌ လူတိုင်းရဲ့နားမှာ စူးရှတဲ့လေချွန်သံတစ်ခု ကြားလိုက်ရချိန်မှာ​တော့ ရှန့်ကွမ်ယန်လန်ရဲ့မျက်နှာရုတ်​ခနဲပြောင်းလဲသွားပြီး အထိတ်တလန့်ဖြင့်ပြောသည်။
''​သူ့ခေါင်းကိုမြန်မြန်ဖြတ်
လိုက်! မြန်မြန်လေး! ...''

သူမစကားမဆုံးခင်မှာဘဲ '' ဖုန်း....ဖုန်း..'' မီးရှုးမီးပန်းအသံအချို့ သူမနားကို
ဖုံးလွှမ်းသွားပြီးနောက် သူမ့မျက်နှာပိုပြီး
ဖြူဖျော့သွား၏။

'' လန်အာ....ဘာဖြစ်တာလဲ '' ဘာဖြစ်သွားမှန်းဝမ်ချီလင်းရွှမ် မသိသေးဘူး။ သူ့ဘေးကလူရဲ့မျက်နှာဖြူဖျော့သွားတာကိုကြည့်ရင်း သူစိတ်ပူလာတယ်။

ရှန့်ကွမ်ယန်လန်ရဲ့တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယီနေ၏။ ဘာလို့လဲဆိုတော့ နန်းမြို့တော်ကယွင်မိသားစုရဲ့အရာအားလုံးမရှိတော့ဘူးမလို့ပဲ။

'' အဖွား... ကြည့် မီးရှုးမီးပန်းတွေက
မလှဘူးလား? '' လူတိုင်း ကောင်းကင်ထက်
ကိုခေါင်းမော့ကြည့်နေတာမြင်တော့ ယွင်လင်းရွှမ်စိတ်သက်သာရာရသွားတဲ့အပြုံးလေးနဲ့ ပြောလိုက်တယ် '' ယွင်မိသားစုက နောက်ဆို
နိုင်ငံကြီးလေးနိုင်ငံမှာပေါ်လာစရာအကြောင်း
မရှိတော့ဘူး ဘယ်လောက်တောင်
ကောင်းလိုက်လဲ! "

အဲ့စကားကိုကြားလိုက်ရတဲ့ ယွင်မိသားစုက
လူတွေအားလုံးမီးရှုးမီးပန်းတွေက ဘာအတွက်လဲဆိုတာ သဘောပေါက်သွားကြတယ်။ အကုန်လုံး စိတ်တွေတုန်လှုပ်နေပြီး သူတို့ရဲ့လက်တွေကပါ တုန်နေကြတယ်။
ယွင်မိသားစုမရှိတော့ရင် တုံ့ယန်နိုင်ငံက
န်ိုင်ငံကြီးလေးနိုင်ငံရဲ့ခေါင်းဆောင်အဖြစ်
ဆက်ပြီးသတ်မှတ်နိုင်ပါ့မလား??

'' သိပ်ကိုကောင်းတယ်! မင်းကယွင်မိသားစုရဲ့မျိုးဆက်ပဲ။ ယွင်မိသားစုတစ်ခုလုံး နောင်တမရှိဘဲသေလို့ရပြီ '' သခင်မကြီးယွင်ခဲ ကျယ်လောင်စွာရယ်မောလိုက်၏။ သူတို့ရဲ့ကြီးမားလှတဲ့အမုန်းအတွက် တစ်ယောက်ယောက်ကလက်စားဝင်ချေပေးမှာကို သိလိုက်ရတော့ သူမသေရင်တောင်စိတ်အေးနိုင်သွားပြီ။

'' အား..! ယွင်မိသားစုဆိုင်တွေ... ယွင်အိမ်တော်တွေအကုန်လုံး..မီးလောင်ကုန်ပြီ! '' အော်သံထွက်ပေါ်လာတာနဲ့အတူ လူတွေအားလုံးလည်း ကွပ်မျက်တဲ့ကိစ္စကိုမေ့သွားကြတယ်။

ဝမ်ချီလင်းရွှမ်နောက်ဆုံးတော့ ခုနတုန်းက
ယွင်လင်းရွှမ်ရဲ့အေးစက်စက်မဲ့ပြုံးက ဘာက်ိုဆိုလိုတာလဲဆိုတာနားလည်သွားပြီ။ ပြီးတော့ သူ့လက်ထဲက ရှန့်ကွမ်ယန်လန်ဘာလို့
တုန်လှုပ်နေလဲဆိုတာကောပဲ ဒါတွေအားလုံးက သူမစီစဥ်ထားတာပဲ။

ကွပ်မျက်စင်ပေါ်မှာ ကြိုးတုပ်ခံထားရတာ
တောင်မှ ဒီလိုလုပ်နိုင်သေးတယ်။
ယွင်လင်းရွှမ် ငါ(ကျန်း)မင်းကိုတကယ်
လျော့တွက်မိတာပဲ။

'' အချိန်စေ့ပြီ! ကွပ်မျက်စေ! ''

ရက်စက်တဲ့အမိန့်နဲ့အတူ ယွင်မိသားစုဝင်
နှစ်ရာ့ဆယ့်ငါးယောက်ဟာ တုံ့ယန်မြို့တော်၏မြို့တံခါးဝ၌ ကွပ်မျက်ခြင်းခံခဲ့ရပြီး စီးကျလာသည့်သွေးတွေက မြစ်အလားပေ..

______________________________________

Zawgyi

Ch-1 ယြင္မိသားစုကြပ္မ်က္ခံရျခင္း

တုံ႕ယန္ျပည္နယ္,နန္းၿမိဳ႕ေတာ္

အက်ဥ္းသားဝတ္စုံဝတ္ဆင္ထားတဲ့ယြင္လင္း႐ႊမ္ဟာ သူ႕ေအာက္ကရႈပ္ရွက္ခက္ေနတဲ့ လူအုပ္ႀကီးကို ေအးစက္စြာၾကည့္ေနရင္း
လူအုပ္ထဲကေ႐ႊေရာင္ကြန့္ျမဴးေနတဲ့ဝတ္စုံေတြက္ိုဝတ္ဆင္ထားတဲ့ ေယာက်္ားတစ္ေယာက္ႏွင့္မိန္းမတစ္​ေယာက္
ကိုစိုက္ၾကည့္ေနသည္။ ထိုႏွစ္ေယာက္ရဲ႕အၾကည့္ေတြက စိတ္သက္သာရာရေနတဲ့ပုံနဲ႕စိတ္လႈပ္ရွားေနၿပီး သူတို႔ေရွ႕ကလူခ်က္ခ်င္းေသသြားဖို႔ကို ေမွ်ာ္လင့္ေစာင့္စားေနသည့္ စိတ္အားထက္သန္မႈေတြကို မ်က္ႏွာေပၚမွာအတိုင္းသာျမင္ေနရသည္။

သူတို႔ေသသြားတာနဲ႕ ယြင္မိသားစုကဟာေတြ
အားလုံးသူတို႔ပိုင္ဆိုင္ရေတာ့မယ္။

" မမ... နင္အခုစိတ္ေက်နပ္သြားၿပီလား ''
ကြပ္မ်က္စင္ေပၚေရာက္ေနတာေတာင္မွ လုံးဝေခါင္းမငုံ႕ဘဲ ေက်ာကိုမတ္မတ္ေျဖာင့္ထားသည့္သူ႕အမျဖစ္သူကို ယြင္လင္ယန္
ၾကည့္လိုက္တယ္။ သူ႕ကိုမုန္းသင့္လား ဒါမွမဟုတ္ အျပစ္တင္ရမလားဆိုတာ သူအရမ္းေဝခြဲရခက္ေနတယ္။

'' ယန္အာ... ေတာ္ေလာက္ၿပီ။ ဒီအခ်ိန္ေတာင္ေရာက္မွေတာ့ အဲ့တာေတြဘာလို႔ေျပာေနဦးမွာလဲ။ အခ်ိန္ႏွောင္းသြားၿပီ! '' ယြင္လင္ယန္၏ေဘးမွာ အက်ဥ္းသားဝတ္စုံဝတ္ဆင္ထားသည့္ အသက္ႀကီးႀကီးအမ်ိဳးသမီးႀကီးက လင္း႐ႊမ္ကိုစိတ္ပ်က္စြာၾကည့္ရင္း ေျဖးညင္းစြာေျပာလာတယ္။ '' အစတည္းက အဖြားေျပာသားပဲ။ မင္းသားေလးက ရည္မွန္းခ်က္ႀကီးၿပီး ယြင္မိသားစုအေပၚကို မရိုးသားပါဘူးလို႔။ အခုေတာ့..ယြင္မိသားစု
ဖ်က္ဆီးခံလိုက္ရၿပီ။ ယြင္မိသားစုရဲ႕စည္းစိမ္ေတြကလဲ သူတို႔လက္ထဲပါကုန္ေတာ့မယ္... ဒါကိုေအာ့ႏွလုံးအနာဆုံးပဲ! ''

ယြင္မိသားစုဖ်က္ဆီးခံလိုက္ရတဲ့အျပင္
သူတို႔ရဲ႕ေခြၽးေသြးေတြနဲ႕စုေဆာင္းထားတဲ့
ေငြေတြက အဲ့လူႏွစ္ေယာက္ပိုင္တဲ့
မင္းဆက္အတြက္လဲအသုံးခ်ခံရဦးမယ္။
ဒီအခ်က္ကိုသူမတကယ္မုန္းတီးမိတယ္။

ယြင္လင္း႐ႊမ္ လူအုပ္ထဲက ဟိတ္ဟန္ႀကီးၿပီးသားနားတဲ့အသြင္အျပင္ရွိသည့္လူႏွစ္ေယာက္ကိုေအးစက္စြာလွမ္းၾကည့္လိုက္
သည္။ ျပည္သူေတြကေတာ့သိခ်င္မွသိလိမ့္မယ္။ ဒါေပမဲ့ သူမကေတာ့အဲ့ႏွစ္ေယာက္ျပာျဖစ္သြားရင္ေတာင္မွ မွတ္မိနိုင္ေသးတယ္။

ေယာက်္ားကေတာ့ တုံ႕ယန္နိုင္ငံရဲ႕
ေလးေယာက္ေျမာက္မင္းသား,ဝမ္ခ်ီလင္း႐ႊမ္
အခုေတာ့အသစ္တက္လာတဲ့မင္းႀကီး။
သူ႕ေဘးကမိန္းမက အခုေတာ့ရာထူးေသးငယ္တဲ့ကိုယ္လုပ္ေတာ္ဆိုေပမဲ့ မၾကာေတာ့တဲ့အခ်ိန္မွာ တုံ႕ယန္နိုင္ငံရဲ႕ဧကရီအသစ္ျဖစ္လာၿပီး သူမ့ရဲ႕မိသားစုျဖစ္တဲ့ ရွန့္ကြမ္မိသားစုကို စည္းစိမ္ခ်မ္းသားေတြ
ခံစားေစၿပီး တုံ႕ယန္နိုင္ငံရဲ႕အာဏာအႀကီးမားဆုံးမ်ိဳးႏြယ္စုျဖစ္လာေအာင္ လုပ္ေပးလိမ့္မယ္လို႔ ယုံၾကည္တယ္။

ရွန့္ကြမ္မိသားစု,သူမရဲ႕ေမြးမိခင္ရဲ႕မိဘအိမ္ျဖစ္တာေၾကာင့္ ယြင္လင္း႐ႊင္အယုံၾကည္ရဆုံးမိသားစုျဖစ္ခဲ့တယ္။ ဒီအခ်က္ေၾကာင့္လဲ သူမရဲ႕မိဘေတြေသဆုံးၿပီးေနာက္ သူမအဖြားနဲ႕ သူ႕အေဖတူအေမကြဲညီမျဖစ္သူကိုမယုံၾကည္ခဲ့ဘူး။ သူမအေမဘက္က
ဦးေလးနဲ႕အေဒၚကိုသာယုံၾကည္ခဲ့တယ္။
သူ႕ရဲ႕ဝမ္းကြဲအမ,ရွန့္ကြမ္ယန္လန္ကိုလဲ ညီအမရင္းသဖြယ္ဆက္ဆံခဲ့တယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့လဲ ယြင္မိသားစုတစ္ခုလုံးကိုကြပ္မ်က္တဲ့အထိျဖစ္ေစခဲ့တယ္။

မိုခ်ီလင္း႐ႊမ္, ရွန့္ကြမ္ယန္လန္... နင္တို႔က
ယြင္မိသားစုပိုင္ဆိုင္တဲ့အရာေတြကိုလိုခ်င္တယ္ေပါ့ အိပ္မက္မက္ေနလိုက္!

ယြင္လင္း႐ႊမ္၏မ်က္ႏွာေပၚမွာထူးဆန္းတဲ့အၿပဳံးတစ္ခုေပၚလာၿပီး သူ႕အဖြားကိုလွည့္ၾကည့္လိုက္ရင္း ခပ္တိုးတိုးေျပာလိုက္တယ္။
'' အဖြား... ဒီဘဝမွာေတာ့ ႐ႊမ္အာ ယြင္မိသားစုအေပၚကိုအျပစ္အရွိဆုံးပါ။ တကယ္လို႔ ေနာက္ဘဝသာရွိခဲ့မယ္ဆိုရင္
သမီးအျပစ္ေတြအတြက္ က်ိန္းေသေပါက္ေပးဆပ္ပါ့မယ္။ ဒီဘဝမွာ အဖြားကိုတစ္ခါမွလက္ေဆာင္ေကာင္းေကာင္းမေပးခဲ့ဖူးဘူး။
အခု ႐ႊမ္အာအဖြားကိုေနာက္ဆုံးလက္ေဆာင္
ေပးခဲ့မယ္! ''

ယြင္လင္း႐ႊမ္ရဲ႕အဖြားျဖစ္သူ သခင္မႀကီးယြင္ခဲအပါအဝင္ ယြင္မိသားစုကလူေတြအကုန္လုံးသိခ်င္စိတ္ျပင္းျပသြားသည္။ ဒီလိုအခ်ိန္ပဲေရာက္ေနၿပီ... ဘာလက္ေဆာင္ေပးဖို႔လုပ္ေနေသးတာလဲ။

သူတို႔ခႏၶာကိုယ္ေပၚမွာအက်ဥ္းသားဝတ္စုံကလြဲၿပီး ေၾကးျပားတစ္ျပားေတာင္မရွိဘူး။

ယြင္မိသားစုရဲ႕ႂကြယ္ဝခ်မ္းသာမႈက
နိုင္ငံတစ္နိုင္ငံစာေလာက္ရွိတယ္။ သူတို႔ရဲ႕စီးပြားေရးကနိုင္ငံေလးနိုင္ငံမွာ
ေရာင္းဝယ္ေဖာက္ကားေနေပမယ့္ စိတ္မေကာင္းစရာကဒီလိုအေျခအေနအထိ ေရာက္သြားတာပင္။

သူတို႔ရဲ႕ထူးဆန္းတဲ့အၾကည့္ေတြကို လ်စ္လ်ဴရႈရင္း လူအုပ္ထဲကစက္ဆုပ္ဖြယ္ေကာင္းတဲ့လူႏွစ္ေယာက္ကို မ်က္ႏွာမူရင္း သူမအလွဆုံးအၿပဳံးကိုၿပဳံးလိုက္ၿပီး သူမႏႈတ္ခမ္းေတြကိုလႈပ္ရွားလိုက္သည္။ သူမဘာလုပ္ခ်င္လဲဆိုတာ ဘယ္သူမွ
မသိဘူး။ ထိုအခ်ိန္၌ လူတိုင္းရဲ႕နားမွာ စူးရွတဲ့ေလခြၽန္သံတစ္ခု ၾကားလိုက္ရခ်ိန္မွာ​ေတာ့ ရွန့္ကြမ္ယန္လန္ရဲ႕မ်က္ႏွာ႐ုတ္​ခနဲေျပာင္းလဲသြားၿပီး အထိတ္တလန့္ျဖင့္ေျပာသည္။
''​သူ႕ေခါင္းကိုျမန္ျမန္ျဖတ္
လိုက္! ျမန္ျမန္ေလး! ...''

သူမစကားမဆုံးခင္မွာဘဲ '' ဖုန္း....ဖုန္း..'' မီးရႈးမီးပန္းအသံအခ်ိဳ႕ သူမနားကို
ဖုံးလႊမ္းသြားၿပီးေနာက္ သူမ့မ်က္ႏွာပိုၿပီး
ျဖဴေဖ်ာ့သြား၏။

'' လန္အာ....ဘာျဖစ္တာလဲ '' ဘာျဖစ္သြားမွန္းဝမ္ခ်ီလင္း႐ႊမ္ မသိေသးဘူး။ သူ႕ေဘးကလူရဲ႕မ်က္ႏွာျဖဴေဖ်ာ့သြားတာကိုၾကည့္ရင္း သူစိတ္ပူလာတယ္။

ရွန့္ကြမ္ယန္လန္ရဲ႕တစ္ကိုယ္လုံးတဆတ္ဆတ္တုန္ယီေန၏။ ဘာလို႔လဲဆိုေတာ့ နန္းၿမိဳ႕ေတာ္ကယြင္မိသားစုရဲ႕အရာအားလုံးမရွိေတာ့ဘူးမလို႔ပဲ။

'' အဖြား... ၾကည့္ မီးရႈးမီးပန္းေတြက
မလွဘူးလား? '' လူတိုင္း ေကာင္းကင္ထက္
ကိုေခါင္းေမာ့ၾကည့္ေနတာျမင္ေတာ့ ယြင္လင္း႐ႊမ္စိတ္သက္သာရာရသြားတဲ့အၿပဳံးေလးနဲ႕ ေျပာလိုက္တယ္ '' ယြင္မိသားစုက ေနာက္ဆို
နိုင္ငံႀကီးေလးနိုင္ငံမွာေပၚလာစရာအေၾကာင္း
မရွိေတာ့ဘူး ဘယ္ေလာက္ေတာင္
ေကာင္းလိုက္လဲ! "

အဲ့စကားကိုၾကားလိုက္ရတဲ့ ယြင္မိသားစုက
လူေတြအားလုံးမီးရႈးမီးပန္းေတြက ဘာအတြက္လဲဆိုတာ သေဘာေပါက္သြားၾကတယ္။ အကုန္လုံး စိတ္ေတြတုန္လႈပ္ေနၿပီး သူတို႔ရဲ႕လက္ေတြကပါ တုန္ေနၾကတယ္။
ယြင္မိသားစုမရွိေတာ့ရင္ တုံ႕ယန္နိုင္ငံက
န္ိုင္ငံႀကီးေလးနိုင္ငံရဲ႕ေခါင္းေဆာင္အျဖစ္
ဆက္ၿပီးသတ္မွတ္နိုင္ပါ့မလား??

'' သိပ္ကိုေကာင္းတယ္! မင္းကယြင္မိသားစုရဲ႕မ်ိဳးဆက္ပဲ။ ယြင္မိသားစုတစ္ခုလုံး ေနာင္တမရွိဘဲေသလို႔ရၿပီ '' သခင္မႀကီးယြင္ခဲ က်ယ္ေလာင္စြာရယ္ေမာလိုက္၏။ သူတို႔ရဲ႕ႀကီးမားလွတဲ့အမုန္းအတြက္ တစ္ေယာက္ေယာက္ကလက္စားဝင္ေခ်ေပးမွာကို သိလိုက္ရေတာ့ သူမေသရင္ေတာင္စိတ္ေအးနိုင္သြားၿပီ။

'' အား..! ယြင္မိသားစုဆိုင္ေတြ... ယြင္အိမ္ေတာ္ေတြအကုန္လုံး..မီးေလာင္ကုန္ၿပီ! '' ေအာ္သံထြက္ေပၚလာတာနဲ႕အတူ လူေတြအားလုံးလည္း ကြပ္မ်က္တဲ့ကိစၥကိုေမ့သြားၾကတယ္။

ဝမ္ခ်ီလင္း႐ႊမ္ေနာက္ဆုံးေတာ့ ခုနတုန္းက
ယြင္လင္း႐ႊမ္ရဲ႕ေအးစက္စက္မဲ့ၿပဳံးက ဘာက္ိုဆိုလိုတာလဲဆိုတာနားလည္သြားၿပီ။ ၿပီးေတာ့ သူ႕လက္ထဲက ရွန့္ကြမ္ယန္လန္ဘာလို႔
တုန္လႈပ္ေနလဲဆိုတာေကာပဲ ဒါေတြအားလုံးက သူမစီစဥ္ထားတာပဲ။

ကြပ္မ်က္စင္ေပၚမွာ ႀကိဳးတုပ္ခံထားရတာ
ေတာင္မွ ဒီလိုလုပ္နိုင္ေသးတယ္။
ယြင္လင္း႐ႊမ္ ငါ(က်န္း)မင္းကိုတကယ္
ေလ်ာ့တြက္မိတာပဲ။

'' အခ်ိန္ေစ့ၿပီ! ကြပ္မ်က္ေစ! ''

ရက္စက္တဲ့အမိန့္နဲ႕အတူ ယြင္မိသားစုဝင္
ႏွစ္ရာ့ဆယ့္ငါးေယာက္ဟာ တုံ႕ယန္ၿမိဳ႕ေတာ္၏ၿမိဳ႕တံခါးဝ၌ ကြပ္မ်က္ျခင္းခံခဲ့ရၿပီး စီးက်လာသည့္ေသြးေတြက ျမစ္အလားေပ..

24/8/21(Thu)

Continue Reading

You'll Also Like

831K 8.9K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
583K 57.5K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
602K 92.8K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
1.2M 41.6K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd