Unicode
"အညို.....ထယ်ယောင်း! !!. "
အညိုရောင်လို့ပဲဆက်ခေါ်လို့မဖြစ်။
"အာ...အကို အခန်းထဲမဝင်သေးဘူးလား"
"အင်း လူတစ်ယောက်ကိုစောင့်နေတာ"
"ဪ ခုထိမရောက်သေးဘူးလား"
"အင်း အခုလေးတင်ရောက်နေပြီ"
ဟိုဆော့ဟျောင်းသည် လိုက်မမှီသောစကားတွေအများကြီးကိုပြောသည်။ ထူးထူးဆန်းဆန်း အခေါ်အဝေါ်လေးနဲ့သူစသိရတာမို့ တစ်ခြားသူတွေထက်ထူးခြားစွာ အကိုဟိုဆော့အားခင်ချင်မိသည်။ ခုလည်းထူးထူးဆန်းဆန်းစကားတွေနဲ့
"ကျွန်တော်သွားလိုက်အုံးမယ် ဒီနေ့ကဆရာစောစောစာသင်မှာမို့လို့"
"အင်းအင်း "
အညိုရောင်ကောင်လေးကလေ မလည်မဝယ်ဖြစ်နေခဲ့တာလားမသိဘူး။ ကျွန်တော်ပြောတဲ့စကားတွေတိုင်းကိုနားမလည်သောပုံစံအမူအရာတွေနဲ့ပဲတုန့်ပြန်ပြီးဝေးဝေးကိုထွက်သွားတတ်တယ်။
🤎
"အဲ့တော့ဖွင့်ပြောလိုက်ပေါ့"
"ပြောချင်တာပေါ့ကွ ငါသဘောကျတာဖြင့်ဘယ်လောက်ကြာနေပြီလဲ သူနဲ့ငါကမနေ့ကမှစခင်တာလေ သူစိတ်ဆိုးသွားမှဖြင့်"
"အေး လုပ်ချင်ရာလုပ်ခဲ့တဲ့ကောင်က အခုမှ သူ့ဘက်ငါ့ဘက်ကြည့်နေလိုက် ဂျောင်ဟိုဆော့မပီသလိုက်တာကွာ"
လာပြန်ပြီနောက်တစ်ယောက် မနက်က နမ်ဂျွန်းကပြောတယ် အခုကျယွန်းဂီကပြောနေပြန်ပြီ
"နေစမ်းပါအုံး အမြဲတမ်းလိုလိုအိပ်ဖို့ပဲစဥ်းစားနေတဲ့သူကများ ခုမှာလာဝေဖန်နေတယ် သွားသွား ကင်နမ်ဂျွန်းနဲ့တူတူနေရမှာ မင်း! တကယ်ပဲပြောပုံဆိုပုံတွေကတစ်ပုံထဲ"
"သေလေ "
ပြောကာ စာအုပ်ပုံထဲခေါင်းထိုးအိပ်သွားပြန်ပြီ။ အနုပညာမေဂျာက လက်တွေ့ချိန်များပေမဲ့လည်း တစ်ခါတစ်လေကျ စာသင်ရတာလေးတွေလည်းရှိသေးသည်။ စာသင်ရတဲ့နေ့တိုင်းကလည်း မနက်ပိုင်းသာသင်ရပြီး နေ့လယ်ထမင်းစားချိန်ပြီးတာနဲ့အချိန်က လက်တွေ့လေ့ကျင့်ခန်းအချိန်သာ။ စာသင်တာကိုမသွားပဲ စာကြည့်တိုက်ထဲရောက်လာခဲ့ကြသည်။ ကိုယ်ကသာစာနည်းနည်းပါးပါးလုပ်သေးပေမဲ့ ဟိုမင်ယွန်းဂီကတော့ အားမနာလျှာမကျိုးအိပ်နေချေပြီ။ နမ်ဂျွန်းကတေ့စာလုပ်နေမှာပေါ့။ တွေ့ရင်တော့အကျိန်းခံရမှာ။ အတန်းမတက်လို့......
ကလင်......ကလင်.....
နေ့လယ်စာထမင်းစားချိန်မို့ တက္ကသိုလ်ဝန်းထဲ ကျွက်ကျွက်မြည်အောင် တစ်ဝန်းလုံးခေါင်းလောင်းသံကိုကြားရသည်။ စာကြည့်တိုက်အပါအဝင်
ဘေးက ယွန်းဂီကတော့ အင်းအဲနဲ့ ထလာပြီး သူကလည်းစာအုပ်တွေကိုသိမ်းရင်းပေါ့။
"ဟျောင့် သွားကြမယ်လေ"
"အေး ငါစာအုပ်လေးတွေထားလိုက်အုံးမယ်"
ယွန်းဂီအပြောကိုပြန်ဖြေရင်း သူစာအုပ်တွေပြန်ထားဖို့လုပ်တော့ ထယ်ယောင်းကစာကြည့်တိုက်ထဲဝင်လာတာကိုတွေ့လိုက်ရသည်။ စာကြည့်တိုက်မှူးဆီနာမည်ပေးနေတာတွေ့လိုက်ရတာကြောင့်
"ယွန်းဂီ မင်းအရင်သွားနှင့် ပြီးရင်ငါလိုက်လာခဲ့မယ်"
"အေးအေး"
ကျောပိုးအိတ်ကိုတစ်ဖက်ထဲလွယ်ကာယွန်းဂီကထွက်သွားသည်။ သူလည်း
"ထယ်ယောင်း"
"ဪ အကိုစာဖတ်နေတာလား ကျွန်တော်လည်းစာလာဖတ်တာ"
"ဟုတ်လား ကိုယ်လည်းခုလေးတင်စာအုပ်ရွေးနေတာ စာအတူတူလုပ်ကြမလား"
"ကျွန်တော်က စာလုပ်ဖို့မဟုတ်ဘူး စီးပွားရေးစာအုပ်တွေလမ်းညွှန်လိုက်လို့လာဖတ်ကြည့်တာ အာ...ဒီလိုလုပ်လေ အကိုဟိုဆော့ကစာလုပ် ကျွန်တော်ကစာဖတ်မယ် ရလား"
"အင်းအဆင်ပြေတယ်"
"ကျွန်တော်စာအုပ်ရွေးပြီးလိုက်လာမှာမို့ ဟိုထောင့်မှာစောင့်နေနော်"
"အင်း အင်း"
ဟိုဆော့ မလိမ်ချင်ပဲလိမ်တာမဟုတ်။ crush နဲ့နီးရမဲ့အခြေအနေလေးမို့ကို တမင်တကာလိမ်လိုက်တာ။ ယွန်းဂီစောင့်နေရလို့ဆဲမှာလည်းသိသည်။ ပေါ်မလာလို့တွေ့ရင်ကြိတ်တော့မှာလည်းသိသည်။ ဘယ်လိုလုပ်မလဲ crush လေးလောက်မှအရေးမကြီးတာကို....
စာကိုကျေကျေညတ်ညတ်လုပ်တာမဟုတ်ပေမဲ့ ဦးနှောက်ထဲစာရောက်တာနဲ့အကုန်မှတ်မိလောက်တဲ့ထိရတာမို့ ခုက ခရက်ရှ် လေးမျက်နှာတစ်ကမ္ဘာလုပ်၍ စာလုပ်ခြင်းလေးပေါ့။
ထယ်ယောင်း စာအုပ်လေးငါးအုပ်ယူကာသူ့ရှေ့မှာတင်လာဖတ်နေသည်။ သူသည်လည်း ကောင်လေးရှေ့မို့လူရှိန်အောင် စာပိုလုပ်ရသည်ပေါ့။ စာတွေကအရမ်းခက်တာမျိုးမဟုတ်တော့ မှတ်ရဖတ်ရလွယ်ပြီး စာလုပ်ရတာစိတ်ပါလာသည်။ ခရက်ရှ်လေးအားမငေးဖြစ်တော့ပါ။
ထယ်ယောင်းသည် စာဖတ်နေရင်း ဟိုဆော့ဟျောင်းကိုလှမ်းကြည့်လိုက်သောအခါ စာကိုစူးစိုက်စွာ နှုတ်ခမ်းတထော်ထော်ဖြင့်စာတွေမှတ်နေသည်။ဘာကြောင့်များ ယောကျာ်းလေးတစ်ယောက်အသွင်သဏ္ဍန်ကချစ်ဖို့ကောင်းတဲ့ပုံစံဖြစ်နေရတာလဲ? မဆီမဆိုင်ကင်မ်ထယ်ယောင်းရေ စာသာဖတ်ဟေ့
ကိုယ့်ကိုကိုသာအသိပေးရင်း ဖတ်လက်စ စီးပွားရေးစာအုပ်ကိုဆက်ဖတ်နေလိုက်သည်။ အေး အရေးကြီးတာ မင်းပညာရေးပဲ ကျန်တာမတွေးနဲ့ထယ်ယောင်းရေ။
အညိုရောင်လေးက စာအရမ်းကြိုးစားတာ သူ့ Goals တွေအတိုင်း သူကစီးပွားရေးသမားလုပ်မှာလေ။ အချစ်စိတ်မဝင်စားမှန်းမသိခဲ့ဘူး။ အဲ့အချိန်ကစပြီး ကျွန်တော်ကတော့ဘာမှမသိပဲ သူ့ကိုပိုပိုချစ်လာမိပြီးတွယ်ကပ်မိတာပဲ.....။
🤎
"ထယ်ယောင်း"
သူသည်လုပ်ပြီးသားစာတွေကိုလုပ်ရင်းထယ်ယောင်းကိုသတိရလာလို့ခေါ်လိုက်သည်။
"ဗျာ..."
စာကိုသာအာရုံစိုက်ရင်း သူ့အားဖြေလာပုံသည် အရမ်းအသည်းကိုလှုပ်ခတ်တာပဲ။ ဘယ်လိုလေးလဲကောင်လေးရာ......။
"ငါတို့ ပိတ်ရက်ကျရင် လျှောက်လည်ကြမလား?"
"ဖြစ်ပါ့မလား ကျွန်တော်အပြင်သိပ်မထွက်ဖူးဘူး အိမ်မှာပဲစာလုပ်ဖြစ်တာများတယ်"
ဟုတ်သည်လေ ဖေဖေရှိစဥ်ကလို ဖေဖေ့ခြေရာနင်းချင်ခဲ့သောသူသည် ပညာရေးနဲ့နောက်ဖြစ်လာမဲ့ဘဝတွေ goals တွေဖို့သာစိတ်ဝင်စားတာမို့ ပိတ်ရက်တွေလည်းစာတွေပဲလုပ်သည်။ သူငယ်ချင်းထားဖို့တောင်အချိန်မရခဲ့တဲ့အခါ သူငယ်ချင်းမရှိပဲလည်းနေတတ်လာသည်။ ဆိုတော့...ဟိုဆော့ဟျောင်းခင်လို့သာသူပြန်ခင်ခဲ့ပါသည်။ ဘာလို့ဆိုထူးထူးဆန်းဆန်းလေးမို့သာခင်ချင်ခဲ့ရုံပါ။ အပြင်ကသိပ်မထွက်တော့ သွားရမှာအဆင်ပြေမပြေသူမသိ။ သူသိတာ အိမ်နဲ့ကျောင်းလမ်း ပန်းခြံသွားတဲ့လမ်းဘက်လောက်ပဲသိတာကိုးးးးး
"သူငယ်ချင်းတွေနဲ့တောင်မသွားဖူးဘူးလား"
"သူငယ်ချင်း မရှိဘူး။"
တုံးတိစွာဖြေလာတာမို့ သူကောင်လေးကိုမော့ကြည့်လိုက်သည်။ ဟုတ်နေတာလား?
"ဟင်...."
"စာပဲစိတ်ဝင်စားခဲ့လို့ သူငယ်ချင်းမရှိဘူး အတန်းထဲကလူတွေလောက်နဲ့ပဲသိပြီးရင်းနှီးတာ"
"ဒါဆို မင်းကိုဝက်ဝံလေးလို့ခေါ်ကြတယ်ဆို မင်းခင်တဲ့သူတွေပေးတာမဟုတ်ဘူးလား?"
"သိတဲ့သူတွေပေးတာပါ.....ရင်းရင်းနှီးနှီးခင်ရတဲ့လူ သူငယ်ချင်းတွေမရှိဘူး"
"အာ...ဟုတ်ပြီ ဟုတ်ပြီ ထားလိုက်တော့ ငါနဲ့သွားရအောင်နော် ဖြစ်ပါတယ် ငါကမင်းနဲ့ခင်မင်မှုကိုပိုရင်းနှီးအောင်လို့ပါ"
"အင်းလေ ကောင်းပါပြီ"
ကိုယ်က နဂိုထဲက သူနဲ့လည်းခင်ချင်ခဲ့တာမလား ငြင်းလို့ဘယ်ကောင်းပါ့မလဲ။
ကလင်....ကလင်.....
ခေါင်းလောင်းလည်းပြန်ထိုးနေပြီမို့
"သွားခွင့်ပြုပါအုံးဗျ"
ကျောပိုးအိတ်ကိုလွယ်ကာ စာအုပ်တွေသယ်ကာ ထယ်ယောင်းသည်ပြန်ထွက်သွားခဲ့သည်။ ထယ်ယောင်းသည်အတူတူပြန်မယ်လို့နည်းနည်းလေးတောင်မပြောဘူး ထားပါတော့လေ သူသည် လာမည့်ပိတ်ရက်ကိုတွေးကာပျော်ရွှင်နေမိသည်။ ခုတင် ကြာသပတေးဖြစ်နေပြီကိုး စနေနေ့ဆိုအတူတူလည်ရတော့မှာပဲ အိုက်ဂူးးးး ခရက်ရှ်နဲ့အဆင်ပြေနေတဲ့ငါလေးက ကောင်းလိုက်တာ။
အဆင်မပြေမဲ့အတွေးတွေဖယ်ရင်း လာမဲ့စနေနေ့အကြောင်းတွေးနေလိုက်သည်။
အညိုရောင်ကောင်လေးက ကျွန်တော်တို့ထင်သလိုတကယ်အေးတိအေးစက်နိုင်ခဲ့ပါတယ်။
အချိန်တွေကြာလာတော့လည်းဒီအကြောင်းကိုကျွန်တော်ပိုသိလာရတယ်။ သူကလူတစ်ယောက်ကိုအေးစက်စွာဆက်ဆံနေတာမျိုးမဟုတ်ပဲ သူ့ပင်ကိုယ်စရိုက်ကိုကအေးချမ်းလွန်းနေတာ....
Brown_Tae
ခုက အရင်ကအကြောင်းကိုပြန်ပြောနေတာနဲ့မတူဘူးလား ခဲ့ပါတယ် လုပ်ခဲ့ပါတယ် သိခဲ့ပါတယ်ဆိုပြီးတော့ အဆုံးနားလေးတွေပြောပြောနေတာလေ။ အစထဲကရေးလက်စမို့အပ်ပုဒိတ်စောသွားတယ်ဝမ်းနည်းသွားလား?
Thanks for reading
Amethyst_Jei
Zawgyi
"အညို.....ထယ်ယောင်း! !!. "
"အင်းအင်း "
🤎
"သေလေ "
ကလင်......ကလင်.....
"ဟျောင့် သွားကြမယ်လေ"
"အေးအေး"
"ထယ်ယောင်း"
"အင်းအဆင်ပြေတယ်"
"အင်း အင်း"
🤎
"ထယ်ယောင်း"
"ဗျာ..."
"သူငယ်ချင်း မရှိဘူး။"
"ဟင်...."
"အင်းလေ ကောင်းပါပြီ"
ကလင်....ကလင်.....
Brown_Tae
Thanks for reading
Amethyst_Jei