Apologize , my baby's father...

By shwepin

164K 9.8K 152

ဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။ More

Reminder 💣
Part : 2 [ U & Z ]
Part : 3 [ U & Z ]
𝑯𝒂𝒑𝒑𝒚 24ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑾𝒂𝒏𝒈 𝒀𝒊𝒃𝒐 ...
Part : 4 [ U & Z ]
Part : 5 [ U & Z ]
Part : 6 [ U & Z ]
Part : 7 [ U & Z ]
Part : 8 [ U & Z ]
Part : 9 [ U & Z ]
Part : 10 [ U & Z ]
Part : 11 [ U & Z ]
Part : 12 [ U & Z ]
Part : 13 [ U & Z ]
Part : 14 [ U & Z ]
Part : 15 [ U & Z ]
Part : 16 [ U & Z ]
Part : 17 [ U & Z ]
Part : 18 [ U & Z ]
𝑯𝒂𝒑𝒑𝒚 30ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑿𝒊𝒂𝒐 𝒁𝒉𝒂𝒏 ...
Part : 19 [ U & Z ]
Part : 20 [ U & Z ]
Part : 21 [ U & Z ]
Part : 22 [ U & Z ]
Part : 23 [ U & Z ]
Part : 24[ U & Z ]
Final ;

Part : 1 [ U & Z ]

13.7K 628 6
By shwepin

Uni ❤️

ပေကျင်းကိုပြန်လာနေတဲ့ဟိုက်ဝေးလမ်းပေါ်ကကားတစ်စီးထဲမှာ ဝမ်ကျိုးချန်နဲ့ဝမ်ရိပေါ်ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့သည် ။ ကျိုးချန်နဲ့ရိပေါ်လေးကဆယ်နှစ်နှစ်နီးပါးကွာတဲ့ညီအစ်ကိုတွေပေါ့ ။ ဝမ်ပါးနဲ့ဝမ်မားကကျိုးချန်လေးကိုမွေးပြီး ကျိုးချန်လေးအဖော်ရအောင်နောက်က‌လေးယူဖို့ဆုံးဖြတ်လိုက်ကြတယ် ။

ကျိးချန်းလေးကညီလေးဖြစ်ဖြစ်ညီမလေးဖြစ်ဖြစ်လိုချင်နေတယ်လေ ဒါပေမဲ့ကလေးမရခဲ့ဘူး ။ မထင်မှတ်ထားဘဲကျိုးချန် 8 နှစ်ပြည့်ပြီး 9 နှစ်ထဲဝင်တဲ့အချိန်မှဝမ်မားကကိုယ်ဝန်ရှိသွားခဲ့တယ် ။ အဲ့ဒါကြောင့်ကျိုးချန်နဲ့ရိပေါ်လေးကဆယ်နှစ်နီးပါးကွာသွားတယ် ။ အခုတော့ရိပေါ်လေးက 12 နှစ်ပြည့်ပြီးပြီ ကျန်းချန်ကလဲ 22 ပြည့်ပြီးခဲ့ပြီ ။

သူတို့မိသားစုလေးကအရမ်းပျော်ဖို့ကောင်းခဲ့တယ် အချိန်အတိုင်းအတာတစ်ခုထိပေါ့ ။ အခုတော့သူတို့ညီအစ်ကိုနှစ်ယောက်ထဲအဖော်မဲ့နေလေပြီ ။ ဝမ်ပါးနဲ့ဝမ်မားကရိပေါ်လေး အသက် 10 နှစ် ကျန်းချန် အသက် 20 မှာဟိုက်ဝေးလမ်းမပေါ်တွင်ကားအက်စီးဒန့်ဖြစ်ကာဆုံးသွားကြသည် ။

အရှိန်မထိန်းနိုင်လို့မှောက်သွားတာပေါ့ ။ ထိုသီတင်းကြားကြားချင်း ညီအစ်ကိုနှစ်ယောက်လုံးဝမ်းနည်းပေခဲ့မဲ့ဘယ်သူမှမျက်ရည်မကျခဲ့ကြဘူး ။ အစ်ကိုဖြစ်သူကလဲသူ့ညီကိုသူပဲစောင့်ရှောက်ရမှာမို့ သူ့ညီရှေ့မှာကြံ့ခိုင်နေရမယ်ဆိုပြီး သူ့အခန်းထဲရောက်မှကျိတ်ငိုလေရဲ့ ။ ညီဖြစ်သူကတော့ သီတင်းကြားကြားချင်ကျောက်ရုပ်လိုမလှုပ်မရှပ်ရပ်နေပြီး မျက်ရည်လည်နေလေတယ် ။

သူ့အစ်ကိုကသူ့ရှေ့မှာမို့မငိုတာကိုသူလဲနားလည်တယ် ငိုချင်တာကိုထိန်းထားတဲ့အစ်ကိုရှေ့မှာသူမငိုပြချင်ဘူး ။ သူလဲသူ့အစ်ကို့လိုပဲကွယ်ရာရောက်မှအားရပရငိုချလိုက်တော့သည် ။ ရိပေါ်ကသူ့ခံစားချက်ကိုဖုံးကွယ်တတ်တဲ့သူမဟုတ်ဘူး ။ သူ့ဘဝမှာအဲ့နေ့ကပထမဆုံးသူ့ခံစားချက်ကိုမြိုသိပ်ခဲ့ဖူးတာ အစ်ကို့အတွက်တွေးပြီးတော့ပေါ့ ။ သူတို့ညီအစ်ကိုနှစ်ယောက်ကသိပ်ချစ်ကြတာ ။

" ကိုကို သားတို့ကဘယ်အချိန်အိမ်ပြန်ရောက်မှာလဲ "

" မလိုတော့ပါဘူးဝမ်လေးရဲ့ "

ဦးလေးဖြစ်သူဝမ်ဟိုက်ခွမ်းကမြို့ပြင်ကမြေကွက်ကိုဝယ်ဖို့လာကြည့်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ကလည်းကျောင်းပိတ်တာနဲ့ပျင်းလို့လိုက်လာခဲ့တာ ။ ပျင်းလို့လိုက်လာပါတယ်ဆိုပြီးအခုတော့သူကပဲထပ်ပျင်းနေပြန်တယ် ။ သူပျင်းတယ်ပြောလို့ပဲဦးလေးကဒရိုင်ဘာနဲ့ညီအစ်ကိုနှစ်ယောက်ကိုအိမ်အရင်ပြန်ခိုင်းလိုက်ခြင်းဖြစ်သည် ။

အိမ်ပြန်ရောက်တော့ဝမ်လေးကအပေါ်ထပ်ကိုတန်းတတ်သွားတော့သည် ။ ဝမ်လေးကအခုမှအလယ်တန်းတတ်တုန်းရှိသေးတယ် စာကတော့တော်တော်ကိုတော်တယ်ပြောရမှာပဲ ။ မူကြိုကတည်းကအခုထိသူဆုမရတဲ့နှစ်ဆိုတာမရှိဘူး ။ တစ်အိမ်လုံးကသူ့ရဲ့ဆုတွေ ဂုဏ်ပြုမှတ်တမ်းလွှာတွေချည်းပဲ ။

ကျွန်တော်ကတော့ဘွဲ့ရခါစပေါ့ ... အခုတော့ဦးလေးဖြစ်သူဝမ်ဟိုက်ခွမ်းနဲ့အတူတူလုပ်ငန်းတွေကိုလေ့လာနေတယ် ။ ဦးလေးကဂျပန်မှာအခြေချနေတာ အခုကသူတို့ညီအစ်ကိုပဲရှိပြီးငယ်သေးတော့ပါးတို့ကျန်ခဲ့တဲ့စီးပွားရေးတွေကိုမဥိီးစီးနိုင်သေးလို့သူကဒီမှာကြီးကြပ်ပေးနေတာ ။

ဂျပန်ကသူတို့ပိုင်တဲ့ Shopping Mall ကြီးကိုတော့လောလောဆယ်သူ့မိန်းမနဲ့သူ့သားကဦးစီးနေတာပေါ့ ။ ကျွန်တော်ကဒီမှာရှိတဲ့ပါးတို့ရဲ့အမွေဖြစ်တဲ့ Car Showroom အကြောင်းကိုလေ့လာနေရတာပေါ့ ။ နောက်ဆိုရင်ဦးလေးကလဲဂျပန်ပြန်တော့မှာလေ ။

" အားချန် "

" ဗျာ ကြီးကြီး "

" အောက်မှာဆရာပြန်ရောက်ပြီ အဲ့တာခေါ်ခိုင်းလိုက်လို့ "

" အော် ဟုတ်ကဲ့ လာခဲ့မယ် "

ဦးလေးတောင်ပြန်ရောက်ပြီတဲ့ .. အတွေးလွန်နေတာနဲ့ဘယ်လောက်ကြာသွားလဲတောင်မသိဘူး ။ ညတောင်ရောက်တော့မှာပဲ ..

" လာ ထိုင်ကြ "

ဦးလေးကထိုင်ခိုင်းတော့ ဝမ်လေးနဲ့ကျွန်တော်လည်းဦးလေးရဲ့ညာဘက်အခြမ်းကဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည် ။

" ဦးငယ်ပြောစရာရှိလို့ခေါ်လိုက်တာ "

" ဟုတ်ကဲ့ "

" ဒေါ်လှ ဟိုကလေးကိုခေါ်ခဲ့ပါ "

ဦးငယ်ကဘယ်ကလေးကိုခေါ်ခိုင်းတာလဲသိချင်လို့လှည့်ကြည့်လိုက်တော့ ကြီးကြီးခေါ်လာတဲ့ကလေးလေးကိုမြင်လိုက်ရသည် ။

အားပါးပါး .. ချစ်စရာကောင်းလိုက်တာ !

" ထိုင် သား "

" ဟုတ်ကဲ့ "

ကလေးလေးကထိုင်ခိုင်းလို့ထိုင်လိုက်ရပေမဲ့ ကြောက်လို့လားဘာလားမသိဘူးခေါင်းကြီးကငုံ့နေသည် ။

" သားလေး ဒါကမင်းအစ်ကိုနှစ်ယောက် "

" ဗျာ "

ဦးလေးအသံကြားတော့ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်လုံးတစ်ပြိုင်တည်း ဗျာမိကြသည် ။ ဝမ်လေးကတော့မလိုလားလို့လားမသိဘူး ဒီကလေးလေးကိုစိုက်ကြည့်နေတာကြာနေပြီ ။

" ဦးငယ်မိတ်ဆက်ပေးမယ် .. သူ့နာမည်က ရှောင်ရှောင်းကျန့်တဲ့ .. ဦးငယ်မိတ်ဆွေရဲ့သား "

" အော် "

ဒီတစ်ခါတော့ ဝမ်ရိပေါ်အသံထွက်မိသွားသည် ။

" အားကျန့် ဒီကိုကိုက ဝမ်ကျိုးချန်တဲ့ ဟိုကိုကိုကဝမ်ရိပေါ်တဲ့ မှတ်ထားနော် "

" ဟုတ်ကဲ့ ဦးငယ် ~ "

ပြန်ဖြေတဲ့အသံကခပ်တိုးတိုး ..

ဝမ်ရိပေါ်တို့ကအားမရပါဘူး အဲ့အသံမျိုး ..

ကိုကိုကဘာတွေများသဘောကျတယ်မသိ အဲ့အကောင်ပေါက်ကိုကြည့်နေတာများပြုံးလို့ ဝမ်ရိပေါ်နဲ့များကွာပါ့ ..

" အားချန်နဲ့အားဝမ် .. ဦးငယ်ပြောတာသေချာနားလည်အောင်နားထောင် .. အားကျန့်ကဒီအိမ်မှာကြီးတဲ့အထိနေမှာ "

" ဗျာ "

ဒီတစ်ခါလဲညီအစ်ကိုနှစ်ယောက်လုံး တပြိုင်တည်းဗျာမိကြပြန်သည်ပေါ့ ။

" အင်း .. သူ့မိဘတွေကဆုံးသွားကြပြီ သူပဲကျန်ခဲ့တာ .. နေစရာကလည်းပြင်ဆင်ဖို့အချိန်ယူရအုံးမှာ .. ပြင်ဆင်ဖို့ကလည်းငွေကလိုသေးတယ် ငွေရှိတော့လည်းသူ့အသက်အရွယ်နဲ့ကအဆင်မပြေဘူး "

" သူ့မိဘတွေကဘယ်လိုဖြစ်ကြလို့လဲ "

ရိပေါ်ကမေးလိုက်တော့ ...

" အင်း .. အားကျန့်မိဘတွေကမီးထဲပါသွားကြတာတဲ့ လျှပ်စစ်မီး shock ဖြစ်တာလို့သူငယ်ချင်းတစ်ယောက်ကပြောတယ် .. မီးလောင်တာကအားကျန့်ကျောင်းသွားတဲ့အချိန်ဆိုတော့အားကျန့်ကတော့လွတ်သွားတာပေါ့ .. အိမ်လည်းပြာကျသွားတယ် အိမ်ဆောက်ထားတဲ့ခြံပဲသူ့အတွက်အမွေကျန်ခဲ့တာ ပိုင်ဆိုင်မှုတွေကမီးထဲပါကုန်ပြီလေ .. "

" အို .. ကျွတ် ကျွတ် ကျွတ် "

ကျိုးချန်ကသနားပြီး တကျွတ်ကျွတ်နဲ့လုပ်နေပေမဲ့ရိပေါ်ကတော့ထိုအကောင်ပေါက်ကိုပဲကြည့်နေလေရဲ့ ..

" အဲ့တာကြောင့်ဒီကလေးကိုဦးငယ်ခေါ်လာတာ သူ့ကိုဒီမိသားစုမှာကြီးတဲ့အထိစောင့်ရှောက်ပေးထားမလို့ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်တဲ့တစ်နေ့ သူဒီအိမ်မှာမနေချင်တော့ဘူးဆိုရင်တော့သူ့သဘောပေါ့ အခုငယ်တုန်းဒီမှာနေဖို့ကိုသူကတော့လက်ခံတယ် မင်းတို့ကရောလက်ခံနိုင်လား .. ဦးငယ်မင်းတို့ဆန္ဒကိုမေးတယ်ဆိုတာက သူ့ကိုမင်းတို့ညီအဖြစ်ခနတာမွေးစားခိုင်းမလို့ပဲ "

" အော် .. ဦးငယ်ကောင်းသလိုစီစဉ်ပါ ကျွန်တော်နဲ့ဝမ်လေးကဦးငယ်ရဲ့စောင့်ရှောက်မှုအောက်မှာနေနေတာပါ ဦးငယ်လုပ်နေသမျှ‌အရာတွေကမကောင်းတာဘာမှမရှိပါဘူး ဟုတ်တယ်မလားဝမ်လေး "

" သူ့ကိုညီအဖြစ်မွေးစားရမှာလား "

" အားဝမ်ကလက်မခံချင်လို့လား ဦးငယ်ကိုပွင့်ပွင့်လင်းလင်းပြော "

" မဟုတ်ပါဘူး လက်ခံပါတယ် .. အိမ်မှာအငယ်ဆုံးဖြစ်နေတာဆိုတော့ အင်း .. အခုကိုယ့်ထက်ငယ်တဲ့သူရောက်လာတာဆိုတော့ကောင်းပါတယ် "

" ကျေးဇူးပါအားချန်နဲ့အားဝမ် "

" ဦးလေးကလည်းမဟုတ်တာ .. ဒါနဲ့ရှောင်းကျန့်လေးအသက်ကဘယ်လောက်လဲ "

" ဆယ်နှစ်ပါကိုကြီးဝမ်ကျိုးချန် "

အို .. ရုပ်လေးကတင်ချစ်ဖို့ကောင်းတာမဟုတ်ဘူး အသံလေးကပါ ...

အတွေးလွန်တာကအကျင့်ဖြစ်နေသည်မို့ကလေးကိုပြန်တောင်မဖြေလိုက်ရဘူး ။

" ကိုကိုအားချန်က 22 ရှိပြီ ကိုကိုအားဝမ်ကတော့ 12 ရှိပြီ အားကျန့်ထက် 2 နှစ်ကြီးတယ် "

" ဟုတ်ကဲ့ ဦးငယ် "

" ကဲ .. အားလုံးလည်းမိတ်ဆက်ပြီးပြီဆိုတော့ ဒေါ်လှကအားကျန့်နားဖို့ကိုပြင်ဆင်ပေးလိုက်ပါ "

" ဟုတ်ကဲ့ဆရာ .. လာအားကျန့်လေး "

ကြီးကြီးကဟိုအကောင်ပေါက်လေးကိုခေါ်သွားတော့ ရိပေါ်ကလည်းပြောစရာမရှိတော့တာနဲ့ကိုယ့်အခန်းကိုယ်သာပြန်လာခဲ့တော့သည် ။

ငယ်တုန်းရွယ်တုန်းတော့ကိုယ်ကအိမ်ပေါ်တင်ကျောင်းထားပေးကျွေးမွေးထားပြီး ကြီးလို့အားကိုးလို့ရတဲ့အရွယ်ကျသူ့ခြေထောက်ပေါ်သူရပ်တည်မယ်ပေါ့ .. အဟင်း ဦးငယ်ကတော့လုပ်ပြီ ကိုကိုကလည်းပြုံးဖြီးနေတာပဲ မပြောချင်တော့ဘူး လုပ်ချင်တာလုပ်ကြတော့ ။

#############

Zawgyi ❤️

ေပက်င္းကိုျပန္လာေနတဲ့ဟိုက္ေဝးလမ္းေပၚကကားတစ္စီးထဲမွာ ဝမ္က်ိဳးခ်န္နဲ႔ဝမ္ရိေပၚဆိုတဲ့ညီအစ္ကိုႏွစ္ေယာက္ပါလာခဲ့သည္ ။ က်ိဳးခ်န္နဲ႔ရိေပၚေလးကဆယ္ႏွစ္ႏွစ္နီးပါးကြာတဲ့ညီအစ္ကိုေတြေပါ့ ။ ဝမ္ပါးနဲ႔ဝမ္မားကက်ိဳးခ်န္ေလးကိုေမြးၿပီး က်ိဳးခ်န္ေလးအေဖာ္ရေအာင္ေနာက္က‌ေလးယူဖို႔ဆံုးျဖတ္လိုက္ၾကတယ္ ။

က်ိးခ်န္းေလးကညီေလးျဖစ္ျဖစ္ညီမေလးျဖစ္ျဖစ္လိုခ်င္ေနတယ္ေလ ဒါေပမဲ့ကေလးမရခဲ့ဘူး ။ မထင္မွတ္ထားဘဲက်ိဳးခ်န္ 8 ႏွစ္ျပၫ့္ၿပီး 9 ႏွစ္ထဲဝင္တဲ့အခ်ိန္မွဝမ္မားကကိုယ္ဝန္ရိွသြားခဲ့တယ္ ။ အဲ့ဒါေၾကာင့္က်ိဳးခ်န္နဲ႔ရိေပၚေလးကဆယ္ႏွစ္နီးပါးကြာသြားတယ္ ။ အခုေတာ့ရိေပၚေလးက 12 ႏွစ္ျပၫ့္ၿပီးၿပီ က်န္းခ်န္ကလဲ 22 ျပၫ့္ၿပီးခဲ့ၿပီ ။

သူတို႔မိသားစုေလးကအရမ္းေပ်ာ္ဖို႔ေကာင္းခဲ့တယ္ အခ်ိန္အတိုင္းအတာတစ္ခုထိေပါ့ ။ အခုေတာ့သူတို႔ညီအစ္ကိုႏွစ္ေယာက္ထဲအေဖာ္မဲ့ေနေလၿပီ ။ ဝမ္ပါးနဲ႔ဝမ္မားကရိေပၚေလး အသက္ 10 ႏွစ္ က်န္းခ်န္ အသက္ 20 မွာဟိုက္ေဝးလမ္းမေပၚတြင္ကားအက္စီးဒန႔္ျဖစ္ကာဆံုးသြားၾကသည္ ။

အရိွန္မထိန္းႏိုင္လို႔ေမွာက္သြားတာေပါ့ ။ ထိုသီတင္းၾကားၾကားခ်င္း ညီအစ္ကိုႏွစ္ေယာက္လံုးဝမ္းနည္းေပခဲ့မဲ့ဘယ္သူမွမ်က္ရည္မက်ခဲ့ၾကဘူး ။ အစ္ကိုျဖစ္သူကလဲသူ႔ညီကိုသူပဲေစာင့္ေရွာက္ရမွာမို႔ သူ႔ညီေရ႔ွမွာႀကံ့ခိုင္ေနရမယ္ဆိုၿပီး သူ႔အခန္းထဲေရာက္မွက်ိတ္ငိုေလရဲ့ ။ ညီျဖစ္သူကေတာ့ သီတင္းၾကားၾကားခ်င္ေက်ာက္ရုပ္လိုမလႈပ္မရွပ္ရပ္ေနၿပီး မ်က္ရည္လည္ေနေလတယ္ ။

သူ႔အစ္ကိုကသူ႔ေရ႔ွမွာမို႔မငိုတာကိုသူလဲနားလည္တယ္ ငိုခ်င္တာကိုထိန္းထားတဲ့အစ္ကိုေရ႔ွမွာသူမငိုျပခ်င္ဘူး ။ သူလဲသူ႔အစ္ကို႔လိုပဲကြယ္ရာေရာက္မွအားရပရငိုခ်လိုက္ေတာ့သည္ ။ ရိေပၚကသူ႔ခံစားခ်က္ကိုဖံုးကြယ္တတ္တဲ့သူမဟုတ္ဘူး ။ သူ႔ဘဝမွာအဲ့ေန့ကပထမဆံုးသူ႔ခံစားခ်က္ကိုၿမိဳသိပ္ခဲ့ဖူးတာ အစ္ကို႔အတြက္ေတြးၿပီးေတာ့ေပါ့ ။ သူတို႔ညီအစ္ကိုႏွစ္ေယာက္ကသိပ္ခ်စ္ၾကတာ ။

" ကိုကို သားတို႔ကဘယ္အခ်ိန္အိမ္ျပန္ေရာက္မွာလဲ "

" မလိုေတာ့ပါဘူးဝမ္ေလးရဲ့ "

ဦးေလးျဖစ္သူဝမ္ဟိုက္ခြမ္းကၿမိဳ႔ျပင္ကေျမကြက္ကိုဝယ္ဖို႔လာၾကၫ့္ရင္း သူတို႔ညီအစ္ကိုႏွစ္ေယာက္ကလည္းေက်ာင္းပိတ္တာနဲ႔ပ်င္းလို႔လိုက္လာခဲ့တာ ။ ပ်င္းလို႔လိုက္လာပါတယ္ဆိုၿပီးအခုေတာ့သူကပဲထပ္ပ်င္းေနျပန္တယ္ ။ သူပ်င္းတယ္ေျပာလို႔ပဲဦးေလးကဒရိုင္ဘာနဲ႔ညီအစ္ကိုႏွစ္ေယာက္ကိုအိမ္အရင္ျပန္ခိုင္းလိုက္ျခင္းျဖစ္သည္ ။

အိမ္ျပန္ေရာက္ေတာ့ဝမ္ေလးကအေပၚထပ္ကိုတန္းတတ္သြားေတာ့သည္ ။ ဝမ္ေလးကအခုမွအလယ္တန္းတတ္တုန္းရိွေသးတယ္ စာကေတာ့ေတာ္ေတာ္ကိုေတာ္တယ္ေျပာရမွာပဲ ။ မူႀကိဳကတည္းကအခုထိသူဆုမရတဲ့ႏွစ္ဆိုတာမရိွဘူး ။ တစ္အိမ္လံုးကသူ႔ရဲ့ဆုေတြ ဂုဏ္ျပဳမွတ္တမ္းလႊာေတြခ်ည္းပဲ ။

ကြၽန္ေတာ္ကေတာ့ဘြဲ႔ရခါစေပါ့ ... အခုေတာ့ဦးေလးျဖစ္သူဝမ္ဟိုက္ခြမ္းနဲ႔အတူတူလုပ္ငန္းေတြကိုေလ့လာေနတယ္ ။ ဦးေလးကဂ်ပန္မွာအေျခခ်ေနတာ အခုကသူတို႔ညီအစ္ကိုပဲရိွၿပီးငယ္ေသးေတာ့ပါးတို႔က်န္ခဲ့တဲ့စီးပြားေရးေတြကိုမဦးစီးႏိုင္ေသးလို႔သူကဒီမွာႀကီးၾကပ္ေပးေနတာ ။

ဂ်ပန္ကသူတို႔ပိုင္တဲ့ Shopping Mall ႀကီးကိုေတာ့ေလာေလာဆယ္သူ႔မိန္းမနဲ႔သူ႔သားကဦးစီးေနတာေပါ့ ။ ကြၽန္ေတာ္ကဒီမွာရိွတဲ့ပါးတို႔ရဲ့အေမျြဖစ္တဲ့ Car Showroom အေၾကာင္းကိုေလ့လာေနရတာေပါ့ ။ ေနာက္ဆိုရင္ဦးေလးကလဲဂ်ပန္ျပန္ေတာ့မွာေလ ။

" အားခ်န္ "

" ဗ်ာ ႀကီးႀကီး "

" ေအာက္မွာဆရာျပန္ေရာက္ၿပီ အဲ့တာေခၚခိုင္းလိုက္လို႔ "

" ေအာ္ ဟုတ္ကဲ့ လာခဲ့မယ္ "

ဦးေလးေတာင္ျပန္ေရာက္ၿပီတဲ့ .. အေတြးလြန္ေနတာနဲ႔ဘယ္ေလာက္ၾကာသြားလဲေတာင္မသိဘူး ။ ညေတာင္ေရာက္ေတာ့မွာပဲ ..

" လာ ထိုင္ၾက "

ဦးေလးကထိုင္ခိုင္းေတာ့ ဝမ္ေလးနဲ႔ကြၽန္ေတာ္လည္းဦးေလးရဲ့ညာဘက္အျခမ္းကဆိုဖာေပၚမွာဝင္ထိုင္လိုက္သည္ ။

" ဦးငယ္ေျပာစရာရိွလို႔ေခၚလိုက္တာ "

" ဟုတ္ကဲ့ "

" ေဒၚလွ ဟိုကေလးကိုေခၚခဲ့ပါ "

ဦးငယ္ကဘယ္ကေလးကိုေခၚခိုင္းတာလဲသိခ်င္လို႔လွည့္ၾကည့္လိုက္ေတာ့ ႀကီးႀကီးေခၚလာတဲ့ကေလးေလးကိုျမင္လိုက္ရသည္ ။

အားပါးပါး .. ခ်စ္စရာေကာင္းလိုက္တာ !

" ထိုင္ သား "

" ဟုတ္ကဲ့ "

ကေလးေလးကထိုင္ခိုင္းလို႔ထိုင္လိုက္ရေပမဲ့ ေၾကာက္လို႔လားဘာလားမသိဘူးေခါင္းႀကီးကငံု႔ေနသည္ ။

" သားေလး ဒါကမင္းအစ္ကိုႏွစ္ေယာက္ "

" ဗ်ာ "

ဦးေလးအသံၾကားေတာ့ကြၽန္ေတာ္တို႔ညီအစ္ကိုႏွစ္ေယာက္လံုးတစ္ၿပိဳင္တည္း ဗ်ာမိၾကသည္ ။ ဝမ္ေလးကေတာ့မလိုလားလို႔လားမသိဘူး ဒီကေလးေလးကိုစိုက္ၾကၫ့္ေနတာၾကာေနၿပီ ။

" ဦးငယ္မိတ္ဆက္ေပးမယ္ .. သူ႔နာမည္က ေရွာင္ေရွာင္းက်န႔္တဲ့ .. ဦးငယ္မိတ္ေဆြရဲ့သား "

" ေအာ္ "

ဒီတစ္ခါေတာ့ ဝမ္ရိေပၚအသံထြက္မိသြားသည္ ။

" အားက်န႔္ ဒီကိုကိုက ဝမ္က်ိဳးခ်န္တဲ့ ဟိုကိုကိုကဝမ္ရိေပၚတဲ့ မွတ္ထားေနာ္ "

" ဟုတ္ကဲ့ ဦးငယ္ ~ "

ျပန္ေျဖတဲ့အသံကခပ္တိုးတိုး ..

ဝမ္ရိေပၚတို႔ကအားမရပါဘူး အဲ့အသံမ်ိဳး ..

ကိုကိုကဘာေတြမ်ားသေဘာက်တယ္မသိ အဲ့အေကာင္ေပါက္ကိုၾကၫ့္ေနတာမ်ားၿပံဳးလို႔ ဝမ္ရိေပၚနဲ႔မ်ားကြာပါ့ ..

" အားခ်န္နဲ႔အားဝမ္ .. ဦးငယ္ေျပာတာေသခ်ာနားလည္ေအာင္နားေထာင္ .. အားက်န႔္ကဒီအိမ္မွာႀကီးတဲ့အထိေနမွာ "

" ဗ်ာ "

ဒီတစ္ခါလဲညီအစ္ကိုႏွစ္ေယာက္လံုး တၿပိဳင္တည္းဗ်ာမိၾကျပန္သည္ေပါ့ ။

" အင္း .. သူ႔မိဘေတြကဆံုးသြားၾကၿပီ သူပဲက်န္ခဲ့တာ .. ေနစရာကလည္းျပင္ဆင္ဖို႔အခ်ိန္ယူရအံုးမွာ .. ျပင္ဆင္ဖို႔ကလည္းေငြကလိုေသးတယ္ ေငြရိွေတာ့လည္းသူ႔အသက္အရြယ္နဲ႔ကအဆင္မေျပဘူး "

" သူ႔မိဘေတြကဘယ္လိုျဖစ္ၾကလို႔လဲ "

ရိေပၚကေမးလိုက္ေတာ့ ...

" အင္း .. အားက်န႔္မိဘေတြကမီးထဲပါသြားၾကတာတဲ့ လ်ွပ္စစ္မီး shock ျဖစ္တာလို႔သူငယ္ခ်င္းတစ္ေယာက္ကေျပာတယ္ .. မီးေလာင္တာကအားက်န႔္ေက်ာင္းသြားတဲ့အခ်ိန္ဆိုေတာ့အားက်န႔္ကေတာ့လြတ္သြားတာေပါ့ .. အိမ္လည္းျပာက်သြားတယ္ အိမ္ေဆာက္ထားတဲ့ၿခံပဲသူ႔အတြက္အေမြက်န္ခဲ့တာ ပိုင္ဆိုင္မႈေတြကမီးထဲပါကုန္ၿပီေလ .. "

" အို .. ကြၽတ္ ကြၽတ္ ကြၽတ္ "

က်ိဳးခ်န္ကသနားၿပီး တကြၽတ္ကြၽတ္နဲ႔လုပ္ေနေပမဲ့ရိေပၚကေတာ့ထိုအေကာင္ေပါက္ကိုပဲၾကၫ့္ေနေလရဲ့ ..

" အဲ့တာေၾကာင့္ဒီကေလးကိုဦးငယ္ေခၚလာတာ သူ႔ကိုဒီမိသားစုမွာႀကီးတဲ့အထိေစာင့္ေရွာက္ေပးထားမလို႔ သူ႔ေျခေထာက္ေပၚသူရပ္တည္ႏိုင္တဲ့တစ္ေန့ သူဒီအိမ္မွာမေနခ်င္ေတာ့ဘူးဆိုရင္ေတာ့သူ႔သေဘာေပါ့ အခုငယ္တုန္းဒီမွာေနဖို႔ကိုသူကေတာ့လက္ခံတယ္ မင္းတို႔ကေရာလက္ခံႏိုင္လား .. ဦးငယ္မင္းတို႔ဆႏၵကိုေမးတယ္ဆိုတာက သူ႔ကိုမင္းတို႔ညီအျဖစ္ခနတာေမြးစားခိုင္းမလို႔ပဲ "

" ေအာ္ .. ဦးငယ္ေကာင္းသလိုစီစဉ္ပါ ကြၽန္ေတာ္နဲ႔ဝမ္ေလးကဦးငယ္ရဲ့ေစာင့္ေရွာက္မႈေအာက္မွာေနေနတာပါ ဦးငယ္လုပ္ေနသမ်ွ‌အရာေတြကမေကာင္းတာဘာမွမရိွပါဘူး ဟုတ္တယ္မလားဝမ္ေလး "

" သူ႔ကိုညီအျဖစ္ေမြးစားရမွာလား "

" အားဝမ္ကလက္မခံခ်င္လို႔လား ဦးငယ္ကိုပြင့္ပြင့္လင္းလင္းေျပာ "

" မဟုတ္ပါဘူး လက္ခံပါတယ္ .. အိမ္မွာအငယ္ဆံုးျဖစ္ေနတာဆိုေတာ့ အင္း .. အခုကိုယ့္ထက္ငယ္တဲ့သူေရာက္လာတာဆိုေတာ့ေကာင္းပါတယ္ "

" ေက်းဇူးပါအားခ်န္နဲ႔အားဝမ္ "

" ဦးေလးကလည္းမဟုတ္တာ .. ဒါနဲ႔ေရွာင္းက်န႔္ေလးအသက္ကဘယ္ေလာက္လဲ "

" ဆယ္ႏွစ္ပါကိုႀကီးဝမ္က်ိဳးခ်န္ "

အို .. ရုပ္ေလးကတင္ခ်စ္ဖို႔ေကာင္းတာမဟုတ္ဘူး အသံေလးကပါ ...

အေတြးလြန္တာကအက်င့္ျဖစ္ေနသည္မို႔ကေလးကိုျပန္ေတာင္မေျဖလိုက္ရဘူး ။

" ကိုကိုအားခ်န္က 22 ရိွၿပီ ကိုကိုအားဝမ္ကေတာ့ 12 ရိွၿပီ အားက်န႔္ထက္ 2 ႏွစ္ႀကီးတယ္ "

" ဟုတ္ကဲ့ ဦးငယ္ "

" ကဲ .. အားလံုးလည္းမိတ္ဆက္ၿပီးၿပီဆိုေတာ့ ေဒၚလွကအားက်န႔္နားဖို႔ကိုျပင္ဆင္ေပးလိုက္ပါ "

" ဟုတ္ကဲ့ဆရာ .. လာအားက်န႔္ေလး "

ႀကီးႀကီးကဟိုအေကာင္ေပါက္ေလးကိုေခၚသြားေတာ့ ရိေပၚကလည္းေျပာစရာမရိွေတာ့တာနဲ႔ကိုယ့္အခန္းကိုယ္သာျပန္လာခဲ့ေတာ့သည္ ။

ငယ္တုန္းရြယ္တုန္းေတာ့ကိုယ္ကအိမ္ေပၚတင္ေက်ာင္းထားေပးေကြၽးေမြးထားၿပီး ႀကီးလို႔အားကိုးလို႔ရတဲ့အရြယ္က်သူ႔ေျခေထာက္ေပၚသူရပ္တည္မယ္ေပါ့ .. အဟင္း ဦးငယ္ကေတာ့လုပ္ၿပီ ကိုကိုကလည္းၿပံဳးၿဖီးေနတာပဲ မေျပာခ်င္ေတာ့ဘူး လုပ္ခ်င္တာလုပ္ၾကေတာ့ ။

#############

Continue Reading

You'll Also Like

19.2K 384 12
Qui troverete delle oneshot sugli Stray Kids! (BoyXBoy) If you don't like don't read : ) . Avviso: queste oneshot sono principalmente smut.
6M 204K 37
Fina is a Enforcers Daughter, she's been harshly trained by her father all her life. On the night of the change, to which you could find your soul ma...