Love Between Serpent Beastman...
By imyourhlaing12
178K 36.2K 973
Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More
🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားပြောသင်ပေးနေသည်🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐹ဆရာ Heat တကျနပွေီ🐹/🐹ဆရာ Heat တက်နေပြီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ်ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို့ကမ္ဘာ🌐
❄⛄တူတူအိပျကွမယျလေ⛄❄/❄⛄တူတူအိပ်ကြမယ်လေ⛄❄
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ရေချိုးပေးမလို့တဲ့💖🤣
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🍀🐍ငါနဲ့တိုကျခငျြသေးလား🐍🍀/🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ပြန်လည်ပေါင်းစည်ြး
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
2.9K 637 6
By imyourhlaing12
အဆင့်ကျသားရဲ အက်ဂါ-2
(unicode)
အချိန်အနည်းငယ်ကြာပြီး နောက်ဆုံးတော့ ရှုရှုမျက်လုံးအားဖွင့်ကြည့်လိုက်ပြီး မြွေကြီးမရှိတော့ကြောင်းသေချာအောင် စစ်ဆေးကြည့်လိုက်၏။ သူကချက်ချင်းပဲ ခုန်လိုက်ကာ အမြန်ဆုံးနှုန်းဖြင့် သူ၏ကျင်းလေးဆီပြေးတော့၏။
အက်ဂါက သိပ်မဝေးသည့်နေရာတွင်ပုန်းအောင်းနေပြီး ဖြစ်ပျက်သမျှကိုကြည့်နေ၏။ သူကထွက်သွားတော့မလိုလုပ်လိုက်ပြီးမှ တစ်ခုခုမှားယွင်းနေကြောင်းသိလိုက်ရ၏။
ထွက်ပြေးသွားသည့် သားရဲတစ်ပိုင်းလူသားလေးက တကယ့်ကိုတုံးလုံးလေးဟ။ ထိုအကောင်ငယ်လေးပြေးလိုက်တိုင်း ဖြူဖွေးလုံးဝန်းတဲ့အသားစိုင်လေးနှစ်ခုက တလှုပ်လှုပ်နဲ့....အိုက်ယားးးး ပြီးတော့အမြှီးတိုတိုလုံးလုံးလေး။
အက်ဂါမှာ သားရဲတစ်ပိုင်းလူသားလေး သူ၏မြင်ကွင်းထဲမှ ပျောက်သွားပြီဆိုပါမှ သတိပြန်ဝင်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပေါ်တစ်ခုခု ကပ်ညိနေကြောင်းသိလိုက်ရ၏။ သူ၏အရေခွံပေါ်တွင် ထိုအကောင်ငယ်လေး၏ မြက်စကပ်လေးညိကာကျန်နေခဲ့လေသည်။
သူနောက်ဆုံးတော့ အဝတ်မပါသည့် သားရဲတစ်ပိုင်းလူသားလေးကို မြင်ဖူးသွားပြီ။ ထို့အပြင် သူ့တစ်ကိုယ်လုံးအားလည်း ရစ်ပတ်လိုက်ရသလို ခေါင်းနှင့်လည်း အကြိမ်ကြိမ်ပွတ်သပ်လိုက်ရ၏။ ထိုအကောင်ငယ်လေးက သူကသားရဲလူသားဖြစ်ကြောင်း မသိလိုက်သည်က သူ့အတွက် ဝမ်းသာစရာပဲမဟုတ်ပါလား။
မဟုတ်သေးဘူး...သူကသားရဲလူသားမဟုတ်တော့ဘူးလေ။ သာမန်သားရဲတစ်ကောင်ထက် မပိုတော့ဘူး....
.....🐍🐹🐍🐹🐍🐹.......
ရှုရှုနေသည့် ဂူကျင်းလေးက တောင်နံရံတွင်နစ်မြှုပ်နေသည့်ကျောက်တုံးအကြီးကြီး၏ ဘယ်ဘက်နားလေးတွင်ဖြစ်သည်။ ကျောက်တုံးကြီးက သူ့ကျင်း၏ အပေါက်တစ်ဝက်ကိုပိတ်ဆို့ထားပြီး ကျန်အပေါက်တစ်ဝက်ကိုသာ သူက ပိတ်ဆို့ရန်လိုသည်။ ဘယ်နေရာမှကြည့်ကြည့် ဤနေရာတွင် ဂူကျင်းလေးတစ်ခုရှိကြောင်းမည်သူမျှ သတိထားမိမည်မဟုတ်ပေ။ ဤဂူကျင်းလေးအား ရှုရှုတစ်လလုံးအပင်ပန်းခံကာ တူးထားရခြင်းဖြစ်၏။ ရောက်ခါစကာလတွင် သူ၏အိမ်အဖြစ် သစ်ခေါင်းကြီးတစ်ခုထဲနေခဲ့ရ၏။
ဂူကျင်းလေးထဲပြန်ရောက်​တော့ အချိန်အတော်ကြာစုဆောင်းကာ ပြင်ဆင်ထားသည့်မြက်အိပ်ယာပေါ် လှဲချလိုက်၏။
ဂူကျင်းပေါက်ကိုလည်း ပိတ်ထားပြီဖြစ်၍ ဤနေရာတွင် သူတစ်ဦးတည်းရှိကြောင်း သေချာသွားလေသည်။ မြက်ပုံလေးပေါ် လူးကာလှိမ့်ကာဖြင့် အချိန်အတော်ကြာသွားမှာ သူ၏နှလုံးသားလေးမှာ တည်ငြိမ်သွားခဲ့ရ၏။
မြွေအကြီးကြီးတစ်ကောင်ဤနေရာတွင်ရှိလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။ ရှုရှု၏အမွှေးပွပွနားရွက်လေးမှာထောင်သွားသလို ခေါင်းလဲကျိန်းသွားရ၏။
နောက်ဆိုရင် အပြင်မှာမြွေအကြီးကြီးတစ်ကောင်နဲ့ ဘယ်လိုများနှစ်ပါးသွားရတော့မလဲ။ အစာဘယ်လိုသွားရှာရတော့မှာလဲ။ ရှုရှုက အစာထည့်ရန်တူးထားသည့်ကျင်းလေးထဲ ခေါင်းလေးဝင်ကာ ကြည့်လိုက်၏။ ထို့နောက် သူ၏လက်ကိုသုံးကာ ပါးဖောင်းဖောင်းလေးနှစ်ဖက်အားညှစ်လိုက်၏။ သူ၏ပါးစပ်ထဲမှ သစ်အယ်သီးစေ့များ တစ်လုံးပြီးတစ်လုံးကျလာလေသည်။
ယနေ့ သစ်အယ်သီးစေ့ရှာချိန်က တိုတိုလေးရယ်။ ဒါကြောင့် သစ်အယ်သီးစေ့ နည်းနည်းသာရခဲ့၏။ သူက အကုန်လုံးအားပုံလိုက်ပြီး သူစုဆောင်းထားသည့်အခြားအစာများကို စစ်ဆေးကြည့်လိုက်၏။
အစတုန်းက ယနေ့နေ့လည်ခင်းတွင် သူ၏အစာများကို အခြောက်လှန်းထားဖို့စီစဥ်ထား၏။ အခုတော့...အပြင်မှာ မြွေအကြီးကြီးရှိနေတယ်။ အားးးးးတကယ်ပါပဲ။
ထို့ကြောင့် အချိန်အတော်ကြာ အထားမခံသည့်အစာအချို့အားယူကာ တမြုံမြုံဝါးနေတော့၏။ ရှုရှုက ဝမ်းနည်းပူဆွေးစွာဖြင့် သူ၏ကျင်းလေးထဲလှည့်ပတ်နေလိုက်ပြီးနောက် သူ၏မြက်အိပ်ယာလေးပေါ်သို့သွားလှဲလိုက်ကာ နောက်ဆုံးတော့ အိပ်ပျော်သွားလေသည်။
ရှုရှုက နောက်ထပ်သုံးရက်ကြာအောင်အစာရှာ မထွက်ပေ။ ထို့ကြောင့်သူစုထားသည့်အစာများက တစ်စထက်တစ်စ နည်းပါးလာ၏။ သူကလည်း အစားကြီးသကိုးး။ သူကအသက်ပြင်းပြင်းရှုကာ အပြင်ထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။
သို့သော်လည်း ဂူကျင်းပေါက်အားဖွင့်လျှင်ဖွင့်ချင်း အေးစက်သည့်လေက သူ့ထံရိုက်ခတ်လာပြီး သူ့တစ်ကိုယ်လုံးတုန်ယင်သွားရ၏။ အပြင်မှာ မုန်တိုင်းတိုက်နေတာပဲ။
ရှုရှုက ကျင်းလေးထဲသာပြန်ဝင်လိုက်ပြီး အဝတ်မပါသည့်သူ၏ကိုယ်အား မျက်မှောင်ကျုတ်ကာ ကြည့်လိုက်၏။ သူ့ရဲ့စကပ်လေး ဘယ်မှာလဲ။
မြက်စကပ်က သူ့အားနွေးထွေးအောင်မလုပ်ပေးနိုင်သော်လည်း သူကအခြားဘာမျှ မလုပ်တတ်ပေ။ ဘယ်အချိန် ဘယ်အခါတုန်းကမှန်းမမှတ်မိသော်လည်း ငှက်များအသိုက်ဆောက်လုပ်သည့်နည်းကို ရှုရှုတစ်ခါလေ့လာဖူး၏။ ရှုရှုက မြက်ပုံလေးဆီပြန်သွားလိုက်ပြီး ငှက်အသိုက်ဆောက်သလို မြက်များကိုပူးကာလိမ်ကာဖြင့် စကပ်တစ်ထည်ရက်နေ၏။
.....🐍🐹🐍🐹🐍🐹.......
ဂူအပေါက်ဝရှိ အက်ဂါမှာ အရမ်းအေးလွန်း၍လား၊ အခြားကြောင့်လားမသိ တစ်ကိုယ်လုံးတောင့်တင်းနေ၏။
အဲ့အကောင်လေး....အခုကိုယ်လုံးတီးလေးနဲ့ ဂူပေါက်ကနေထွက်လာတယ်။ သူ့ကိုယ်ပေါ်မှာ ဘာအဝတ်မှရှိမနေဘူး။
အက်ဂါမှာ ပုံမှန်အတိုင်းပြန်ဖြစ်ရန် အချိန်အတော်ယူလိုက်ရ၏။ အဝတ်မပါသည့် သားရဲတစ်ပိုင်းလူသားလေးက အေးလွန်း၍ တုန်ယင်သွားကာ သူ၏ဂူကျင်းလေးထဲပြန်ဝင်သွားသည့် မြင်ကွင်းက အက်ဂါကို မသက်မသာခံစားရစေ၏။
သားရဲတစ်ပိုင်းလူသားလေးက တကယ်ဆို သားရဲလူသား၏ရင်ခွင်ထဲတွင် ဂရုခံရမည့်သူသာဖြစ်သင့်၏။ ကြယ်မြို့တော်မှာရှိတဲ့ တစ်ချို့သားရဲတစ်ပိုင်းလူသားတွေဆိုလျှင် တစ်နေ့တစ်မျိုးမရိုးရအောင် ဝတ်စားဆင်ယင်လေ့ရှိကြ၏။ သို့သော် အံ့အားသင့်ဖွယ် ထိုသားရဲတစ်ပိုင်းလူသားလေးမှာ အဝတ်အစားတစ်စုံပင်မရှိချေ။ အဝတ်အစားမဆိုနှင့် အတွင်းခံလေးပင်မရှိချေ။
မြွေကြီးမှာ လာရာလမ်းအတိုင်း တိတ်တဆိတ်ပြန်လှည့်သွားတော့၏။
.....🐍🐹🐍🐹🐍🐹.......
30.7.2021
အဆင့္က်သားရဲ အက္ဂါ-2
(unicode)
.....🐍🐹🐍🐹🐍🐹.......
.....🐍🐹🐍🐹🐍🐹.......
.....🐍🐹🐍🐹🐍🐹.......
30.7.2021
Continue Reading
You'll Also Like
886K 76.4K 200
ရှန်ယန်ရှောင်အဆက်
1.7M 161K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...
317K 31.4K 62
CHAPTERS 148 (completed) ကွကိုဖတ်ချင်လို့ ဘာသာပြန်တာပါ..ဘယ်သူ့ဆီမှ ခွင့်ပြုချက် မတောင်းထားပါဘူး..တခြားလူပြန်ထားတာတွေ့ရင် ပြောပါ..ချက်ချင်းပြန်ဖျက်ပေး...