ကိစၥေတြျဖစ္ပ်က္သြားတာက Yiboအတြက္ ေသာက္က်ိဳးနည္းဆန္စြာပါဘဲ။
Xiao Zhanက ေဆးရံုက ကုတင္ထက္မွာ လူနာဝတ္စံုအျပာႏုေရာင္ေလးနဲ႔။
အင္တာဗ်ဴးအၿပီး Yibo အိမ္ျပန္လာေတာ့ Xiao Zhan လက္ေကာက္ဝတ္ကေန စီးက်ေနတဲ့ ေသြးေတြ။
အၾကည့္ခ်င္းဆံုးေတာ့ ထိုလူသားက ၿပံဳးျပၿပီး လဲက်သြားတယ္။ ဒါက ဘာသေဘာကို ေဆာင္တာလဲ Xiao Zhan,
....
....
"အဟမ္း! "
သတိရလာတဲ့ Xiao Zhanက ေခ်ာင္းဟန္႔လို႔ သူ႔ကိုစိုက္ၾကည့္ေနတဲ့ Yiboကို အကဲခတ္တယ္။
"ေမာင္..."
"ခ်ီးကိုေမာင္ပါလား!! ကြၽန္ေတာ္ဘယ္ေလာက္စိတ္ပူသြားလဲ ခင္မ်ားမသိဘူးမလား, ရွင္းစမ္ပါအံုး! အေပ်ာ္ေဆာ့တယ္လို႔ေတာ့ လာမေျပာနဲ႔!! ဒါ ကိုယ့္ကိုကိုယ္ သတ္ေသမႈဗ်"
Yiboက ခါးေထာက္လို႔ Xiao Zhanကို ေအာ္ေျပာလာတယ္,မ်က္နွာက စိတ္တိုမႈေၾကာင့္ နီရဲလ်က္...,
ေဆးရံုက Vip အခန္းမို႔ ေတာ္ေတာ့တယ္။
Yibo ေအာ္သံေၾကာင့္ လွဲေနတဲ့ Xiao Zhan ခနၶာကိုယ္က ဆက္ခနဲ။ Xiao Zhanက ဒီလို လန္႔လြယ္တဲ့ ပံုစံမွ မဟုတ္တာ။ ဒါ Yibo ကို Xiao Zhanက တစ္ခုခု ဖံုးကြယ္ခ်င္ေနတာ။
"ေျပာ!!"
"ငါအိပ္ခ်င္တယ္"
ဒီလူ ဉာဏ္မ်ားေနတာ။
"ကြၽန္ေတာ့္ကို စိတ္မရွည္ေအာင္ မလုပ္စမ္းနဲ႔ Xiao Zhan!! ကြၽန္ေတာ္သာ အခ်ိန္သာမမွီခဲ့ရင္ ခင္မ်ားအခု က်စ္..."
"ငါ့ကိုယ္တိုင္လွီးလိုက္တာဆို ယံုမွာလား"
Yibo မ်က္ခံုးက စိတ္လႈပ္ရွားမႈေၾကာင့္ ႀကံဳ႕သည္ထက္ႀကံဳ႕လာတယ္။ ဒီလူ သူ႔ကို ဘာျဖစ္ေစခ်င္ေနတာလဲ။
"Fuck! အရမ္းေသခ်င္ေနတယ္ေပါ့ေလ, ကြၽန္ေတာ္ရူးသြားတာ ခင္မ်ားျမင္ခ်င္ေနတာလား!!"
ေဆးရံုနံရံကို လက္သီးနဲ႔ထိုးသံက အုန္းခနဲ! အမွန္တကယ္ ထိုးပစ္ခ်င္တာက အေရွ႕က ထိုလူကို!
"အဲ့လိုသေဘာမဟုတ္ပါဘူး, က်စ္...."
လွဲေနရာက အလ်င္အျမန္ထလာတဲ့ Xiao Zhan, လက္ေကာက္ဝတ္က ေဆးသြင္းရင္းတန္းလန္းဆိုေတာ့ ေဆးသြယ္ထားတဲ့ေနရာက စူးခနဲ! ေဘာျဖစ္လို႔ ေဆးပိုက္က အဲ့ေလာက္တိုေနရတာလား။
ငါ့ကေလးေလး လက္နာေနေရာ႕မယ္။
"ၿငိမ္ၿငိမ္လွဲေနစမ္းပါ! ကြၽန္ေတာ္ခင္မ်ားကို သတ္ပစ္ခ်င္ေနတာေနာ္!"
Xiao Zhan မ်က္နွာက ၾကက္ဥေလာက္ေလးရယ္။
"ကိုကိုက အခုမွ သတိရလာတာကို...."
"လာမခြၽဲနဲ႔"
အားေနတဲ့ Xiao Zhan လက္တစ္ဖက္က Yibo အင္က်ီစကို လွမ္းဆြဲတယ္။ မွီရာ မွီရာေပါ့,
"ေတာင္းပန္ပါတယ္"
Yibo က Xiao Zhan စကားကိုလ်စ္လ်ဴရႈတယ္။
.....
.....
.....
"ခင္မ်ားေစာေစာ အိပ္သင့္တယ္"
Yibo ဘာလုပ္လုပ္ ၾကက္ဥေလာက္မ်က္နွာနဲ႔ လိုက္ၾကည့္ေနတဲ့ ထိုလူ, Xiao Zhan။
"လာပါ တူတူအိပ္ရေအာင္"
Xiao Zhan မ်က္နွာခ်ိဳေသြးသည္။
"မလိုဘူး!"
အျငင္းစကားက ခပ္ျပတ္ျပတ္.....,
"ေမာင္ကလည္း ကိုကိုေတာင္းပန္ၿပီးၿပီကို"
Yibo က ကုတင္ထက္က ထိုလူကို ခပ္ေစာင္းေစာင္းၾကည့္မိတယ္။ ဆူေနတဲ့ နႈတ္ခမ္းကို တစ္ရက္က် ျပတ္သြားေအာင္ ကိုက္ပစ္အံုးမယ္,
"ကြၽန္ေတာ္လက္ခံလို႔လား"
Xiao Zhan မ်က္ခံုးပင့္တယ္,
"ရတယ္ေလ , ဒါဆိုငါဘဲ မင္းအိပ္တဲ့ဆိုဖာေပၚ လာအိပ္မယ္"
ဆိုဖာေပၚတေစာင္းလွဲေနတဲ့ Yiboက ထထိုင္လာၿပီး Xiao Zhanကို ဘယ္လိုအိပ္မွာလဲ ဆိုတဲ့ပံုစံနဲ႔ ၾကည့္လာတယ္။
တကယ္လည္း ဆိုဖာက တစ္ေယာက္အိပ္စာေလာက္ဘဲ ရွိတာ။
"ဒီလိုေလ ဟီးဟီး"
Xiao Zhanက ထိုင္ေနတဲ့ Yibo ကိုယ္ေပၚ တက္ခြပစ္တယ္။
"ကေလးလိုလို သရဲလိုလို လာရီျပမေနနဲ႔, ဖယ္"
ေျပာရင္း Yiboက Xiao Zhanကိုယ္ေလးကို ေပြ႕ၿပီး ေဘးကိုပို႔ပစ္တယ္။
"ကေလးကလည္းကြာ"
"ဒါဆို ကြၽန္ေတာ္အမွန္တိုင္းေျပာ, ကြၽန္ေတာ္မရွိခင္ ဘာေတြျဖစ္သြားတာလဲ"
"ငါမေျပာခ်င္ဘူး"
Xiao Zhanက အေနာက္ကေန Yibo ပုခံုးေပၚ ေခါင္းေလးတင္ထားတယ္ , ေဆးရွိန္ေၾကာင့္ သူအရမ္းအိပ္ခ်င္ေနၿပီ။
အေရွ႕က စိတ္ဆိုးေနတဲ့ သူ႔ေယာက်ာ္းက သက္ျပင္းခ်တယ္။
"ေနာက္ခါ ကိုယ့္ကိုကိုယ္ ထိခိုက္ေအာင္မလုပ္ေတာ့ဘူး, တစ္ခါဘဲ ခြင့္ျပဳေပး, ငါမေျပာနိုင္တဲ့အတြက္ ေတာင္းပန္တယ္, စိတ္မဆိုးပါနဲ႔...ေနာ္, ေနာ္"
Xiao Zhanက ဘယ္သူ႔ကိုမွ ေခ်ာ့ဖူးတာမဟုတ္ဘူး, သို႔ေပမဲ့ , Yiboကိုေတာ့ စိတ္ရွည္ရွည္ ေခ်ာ့တယ္။
"ခင္မ်ားအခန္းမွာ CCTV မတပ္ထားမိတာကို ေနာင္တရတယ္, အိမ္ေစေတြကို ျပန္လႊတ္ထားလို႔လည္း ေနာက္တရတယ္, ကြၽန္ေတာ္က ခင္မ်ားကိုမကာကြယ္နိုင္မွာ ဒီတစ္ခါေတာ့ စိုးရိမ္မိတယ္ Xiao Zhan"
ပုခံုးေပၚက ေခါင္းက ေအာက္ကို ေလ်ွာက်လာတယ္။
Xiao Zhan အိပ္ေပ်ာ္သြားၿပီ။
ခင္မ်ားမေျဖမွေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ စံုစမ္းေတာ့မယ္။ ဘယ္သူမို႔လို႔ ကာကြယ္ေပးခ်င္ေနရတာလဲ သိပ္သိခ်င္မိပါရဲ႕....,
Continue....
အေခ်ာေလးက တစ္ရက္တည္း 2ပိုင္းႀကီးေတာင္ တင္ေပးတာေနာ္ ။
Wall ထဲလာလည္ၾကပါအံုး....
FeiYunXi အသစ္တင္ထားတယ္, ဟာသဆန္တာမ်ိဳးေလး သေဘာက်လိမ့္မယ္လို႔ ေမ်ွာ္လင့္တယ္ 🧡
..................///
Unicode
ကိစ္စတွေဖြစ်ပျက်သွားတာက Yiboအတွက် သောက်ကျိုးနည်းဆန်စွာပါဘဲ။
Xiao Zhanက ဆေးရုံက ကုတင်ထက်မှာ လူနာဝတ်စုံအပြာနုရောင်လေးနဲ့။
အင်တာဗျူးအပြီး Yibo အိမ်ပြန်လာတော့ Xiao Zhan လက်ကောက်ဝတ်ကနေ စီးကျနေတဲ့ သွေးတွေ။
အကြည့်ချင်းဆုံးတော့ ထိုလူသားက ပြုံးပြပြီး လဲကျသွားတယ်။ ဒါက ဘာသဘောကို ဆောင်တာလဲ Xiao Zhan,
....
....
"အဟမ်း! "
သတိရလာတဲ့ Xiao Zhanက ချောင်းဟန့်လို့ သူ့ကိုစိုက်ကြည့်နေတဲ့ Yiboကို အကဲခတ်တယ်။
"မောင်..."
"ချီးကိုမောင်ပါလား!! ကျွန်တော်ဘယ်လောက်စိတ်ပူသွားလဲ ခင်များမသိဘူးမလား, ရှင်းစမ်ပါအုံး! အပျော်ဆော့တယ်လို့တော့ လာမပြောနဲ့!! ဒါ ကိုယ့်ကိုကိုယ် သတ်သေမှုဗျ"
Yiboက ခါးထောက်လို့ Xiao Zhanကို အော်ပြောလာတယ်,မျက်နှာက စိတ်တိုမှုကြောင့် နီရဲလျက်...,
ဆေးရုံက Vip အခန်းမို့ တော်တော့တယ်။
Yibo အော်သံကြောင့် လှဲနေတဲ့ Xiao Zhan ခန္ဓာကိုယ်က ဆက်ခနဲ။ Xiao Zhanက ဒီလို လန့်လွယ်တဲ့ ပုံစံမှ မဟုတ်တာ။ ဒါ Yibo ကို Xiao Zhanက တစ်ခုခု ဖုံးကွယ်ချင်နေတာ။
"ပြော!!"
"ငါအိပ်ချင်တယ်"
ဒီလူ ဉာဏ်များနေတာ။
"ကျွန်တော့်ကို စိတ်မရှည်အောင် မလုပ်စမ်းနဲ့ Xiao Zhan!! ကျွန်တော်သာ အချိန်သာမမှီခဲ့ရင် ခင်များအခု ကျစ်..."
"ငါ့ကိုယ်တိုင်လှီးလိုက်တာဆို ယုံမှာလား"
Yibo မျက်ခုံးက စိတ်လှုပ်ရှားမှုကြောင့် ကြုံ့သည်ထက်ကြုံ့လာတယ်။ ဒီလူ သူ့ကို ဘာဖြစ်စေချင်နေတာလဲ။
"Fuck! အရမ်းသေချင်နေတယ်ပေါ့လေ, ကျွန်တော်ရူးသွားတာ ခင်များမြင်ချင်နေတာလား!!"
ဆေးရုံနံရံကို လက်သီးနဲ့ထိုးသံက အုန်းခနဲ! အမှန်တကယ် ထိုးပစ်ချင်တာက အရှေ့က ထိုလူကို!
"အဲ့လိုသဘောမဟုတ်ပါဘူး, ကျစ်...."
လှဲနေရာက အလျင်အမြန်ထလာတဲ့ Xiao Zhan, လက်ကောက်ဝတ်က ဆေးသွင်းရင်းတန်းလန်းဆိုတော့ ဆေးသွယ်ထားတဲ့နေရာက စူးခနဲ! ဘောဖြစ်လို့ ဆေးပိုက်က အဲ့လောက်တိုနေရတာလား။
ငါ့ကလေးလေး လက်နာနေရော့မယ်။
"ငြိမ်ငြိမ်လှဲနေစမ်းပါ! ကျွန်တော်ခင်များကို သတ်ပစ်ချင်နေတာနော်!"
Xiao Zhan မျက်နှာက ကြက်ဥလောက်လေးရယ်။
"ကိုကိုက အခုမှ သတိရလာတာကို...."
"လာမချွဲနဲ့"
အားနေတဲ့ Xiao Zhan လက်တစ်ဖက်က Yibo အင်ကျီစကို လှမ်းဆွဲတယ်။ မှီရာ မှီရာပေါ့,
"တောင်းပန်ပါတယ်"
Yibo က Xiao Zhan စကားကိုလျစ်လျူရှုတယ်။
.....
.....
.....
"ခင်များစောစော အိပ်သင့်တယ်"
Yibo ဘာလုပ်လုပ် ကြက်ဥလောက်မျက်နှာနဲ့ လိုက်ကြည့်နေတဲ့ ထိုလူ, Xiao Zhan။
"လာပါ တူတူအိပ်ရအောင်"
Xiao Zhan မျက်နှာချိုသွေးသည်။
"မလိုဘူး!"
အငြင်းစကားက ခပ်ပြတ်ပြတ်.....,
"မောင်ကလည်း ကိုကိုတောင်းပန်ပြီးပြီကို"
Yibo က ကုတင်ထက်က ထိုလူကို ခပ်စောင်းစောင်းကြည့်မိတယ်။ ဆူနေတဲ့ နှုတ်ခမ်းကို တစ်ရက်ကျ ပြတ်သွားအောင် ကိုက်ပစ်အုံးမယ်,
"ကျွန်တော်လက်ခံလို့လား"
Xiao Zhan မျက်ခုံးပင့်တယ်,
"ရတယ်လေ , ဒါဆိုငါဘဲ မင်းအိပ်တဲ့ဆိုဖာပေါ် လာအိပ်မယ်"
ဆိုဖာပေါ်တစောင်းလှဲနေတဲ့ Yiboက ထထိုင်လာပြီး Xiao Zhanကို ဘယ်လိုအိပ်မှာလဲ ဆိုတဲ့ပုံစံနဲ့ ကြည့်လာတယ်။
တကယ်လည်း ဆိုဖာက တစ်ယောက်အိပ်စာလောက်ဘဲ ရှိတာ။
"ဒီလိုလေ ဟီးဟီး"
Xiao Zhanက ထိုင်နေတဲ့ Yibo ကိုယ်ပေါ် တက်ခွပစ်တယ်။
"ကလေးလိုလို သရဲလိုလို လာရီပြမနေနဲ့, ဖယ်"
ပြောရင်း Yiboက Xiao Zhanကိုယ်လေးကို ပွေ့ပြီး ဘေးကိုပို့ပစ်တယ်။
"ကလေးကလည်းကွာ"
"ဒါဆို ကျွန်တော်အမှန်တိုင်းပြော, ကျွန်တော်မရှိခင် ဘာတွေဖြစ်သွားတာလဲ"
"ငါမပြောချင်ဘူး"
Xiao Zhanက အနောက်ကနေ Yibo ပုခုံးပေါ် ခေါင်းလေးတင်ထားတယ် , ဆေးရှိန်ကြောင့် သူအရမ်းအိပ်ချင်နေပြီ။
အရှေ့က စိတ်ဆိုးနေတဲ့ သူ့ယောကျာ်းက သက်ပြင်းချတယ်။
"နောက်ခါ ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်တော့ဘူး, တစ်ခါဘဲ ခွင့်ပြုပေး, ငါမပြောနိုင်တဲ့အတွက် တောင်းပန်တယ်, စိတ်မဆိုးပါနဲ့...နော်, နော်"
Xiao Zhanက ဘယ်သူ့ကိုမှ ချော့ဖူးတာမဟုတ်ဘူး, သို့ပေမဲ့ , Yiboကိုတော့ စိတ်ရှည်ရှည် ချော့တယ်။
"ခင်များအခန်းမှာ CCTV မတပ်ထားမိတာကို နောင်တရတယ်, အိမ်စေတွေကို ပြန်လွှတ်ထားလို့လည်း နောက်တရတယ်, ကျွန်တော်က ခင်များကိုမကာကွယ်နိုင်မှာ ဒီတစ်ခါတော့ စိုးရိမ်မိတယ် Xiao Zhan"
ပုခုံးပေါ်က ခေါင်းက အောက်ကို လျှောကျလာတယ်။
Xiao Zhan အိပ်ပျော်သွားပြီ။
ခင်များမဖြေမှတော့ ကျွန်တော်ကိုယ်တိုင် စုံစမ်းတော့မယ်။ ဘယ်သူမို့လို့ ကာကွယ်ပေးချင်နေရတာလဲ သိပ်သိချင်မိပါရဲ့....,
Continue....
အချောလေးက တစ်ရက်တည်း 2ပိုင်းကြီးတောင် တင်ပေးတာနော် ။
Wall ထဲလာလည်ကြပါအုံး....
FeiYunXi အသစ်တင်ထားတယ်, ဟာသဆန်တာမျိုးလေး သဘောကျလိမ့်မယ်လို့ မျှော်လင့်တယ် 🧡
..................///