𝐓𝐎𝐆𝐄𝐓𝐇𝐄𝐑 𝐅𝐎𝐑𝐄𝐕𝐄...

By dear_zin

63.3K 8.1K 528

တစ်ချိန်ကဆရာဝန်ဖြစ်ခဲ့ဖူးတဲ့ သူကို သင်ကြားရေးဆရာအဖြစ် ပြန်တွေ့တယ်ဆိုရင် ဘယ်လိုနေမလဲ။ ၁၃နှစ်အရွယ်တုန်းက မင်း... More

0 // Prologue
1-1 // ငါတို့ဌာနရဲ့မိန်းမလှသေတဲ့အဆိပ်
1-2 // ငါတို့ဌာနရဲ့မိန်းမလှသေတဲ့အဆိပ်
1-3 // ငါတို့ဌာနရဲ့မိန်းမလှသေတဲ့အဆိပ်
2-1 // အဲ့ဒီဇာတ်လမ်းလေးတွေ
2-2 // အဲ့ဒီဇာတ်လမ်းလေးတွေ
2-3 // အဲ့ဒီဇာတ်လမ်းလေးတွေ
3-1 // တကယ်ကြီးလား
3-3 // တကယ်ကြီးလား
4-1 // အဲ့ဒီလှပတဲ့အရာလေးတွေ
4-2 // အဲ့ဒီလှပတဲ့အရာလေးတွေ
4-3 // အဲ့ဒီလှပတဲ့အရာလေးတွေ
5-1 // စစ်မှန်တဲ့ မင်းနဲ့ငါ
5-2 // စစ်မှန်တဲ့ မင်းနဲ့ငါ
5-3 // စစ်မှန်တဲ့ မင်းနဲ့ငါ
6-1 // တိတ်တဆိတ်တိုးတက်ခြင်းနှင့် ဆုတ်ခွါခြင်း
6-2 // တိတ်တဆိတ်တိုးတက်ခြင်းနှင့် ဆုတ်ခွါခြင်း
6-3 // တိတ်တဆိတ်တိုးတက်ခြင်းနှင့် ဆုတ်ခွါခြင်း
6-4 // တိတ်တဆိတ်တိုးတက်ခြင်းနှင့် ဆုတ်ခွါခြင်း
7-1 // ငါသဘောကျတဲ့သူ
7-2 // ငါသဘောကျတဲ့သူ
7-3 // ငါသဘောကျတဲ့သူ
8-1 // လက်ဆေးပြီး စွပ်ပြုတ်ပြုတ်ပေးမယ်
8-2 // လက်ဆေးပြီး စွပ်ပြုတ်ပြုတ်ပေးမယ်
8-3 // လက်ဆေးပြီး စွပ်ပြုတ်ပြုတ်ပေးမယ်
9-1 // ကြားနိုင်တယ်
9-2 // ကြားနိုင်တယ်
9-3 // ကြားနိုင်တယ်
10-1 // အတူရှိချင်ရုံ
10-2 // အတူရှိချင်ရုံ
10-3 // အတူရှိချင်ရုံ
11-1 // အတိတ်ဆိုတာမရှိတော့ဘူး
11-2 // အတိတ်ဆိုတာမရှိတော့ဘူး
11-3 // အတိတ်ဆိုတာမရှိတော့ဘူး
12-1 // နည်းနည်းလွမ်းတယ်
12-2 // နည်းနည်းလွမ်းတယ်
12-3 // နည်းနည်းလွမ်းတယ်
13-1 // သူ့ကိုစောင့်နေရင်း
13-2 // သူ့ကိုစောင့်နေရင်း
13-3 // သူ့ကိုစောင့်နေရင်း
14-1 // တစ်ချိန်ကချစ်ခြင်း
14-2 // တစ်ချိန်ကချစ်ခြင်း
14-3 // တစ်ချိန်ကချစ်ခြင်း
15-1 // နွေးထွေးမှု
15-2 // နွေးထွေးမှု
15-3 // နွေးထွေးမှု
16-1 // လူကြီးမင်းကု
16-2// လူကြီးမင်းကု
16-3 // လူကြီးမင်းကု
17-1 // ပြောတာနားထောင်
17-2 // ပြောတာနားထောင်
17-3 // ပြောတာနားထောင်
18-1 // ဘဝဆိုတာ
18-2 // ဘဝဆိုတာ
18-3 // ဘဝဆိုတာ
19-1 // ဒီအချိန်ကာလလေး
19-2 // ဒီအချိန်ကာလလေး
19-3 // ဒီအချိန်ကာလလေး
20-1 // ရိုးရှင်းတဲ့ပျော်ရွှင်မှု
20-2 // ရိုးရှင်းတဲ့ပျော်ရွှင်မှု
20-3 // ရိုးရှင်းတဲ့ပျော်ရွှင်မှု
21-1 // မစ္စကု
21-2 // မစ္စကု
21-3 // မစ္စကု
21-4 // မစ္စကု
21-5 // မစ္စကု (Final)

3-2 // တကယ်ကြီးလား

1K 161 9
By dear_zin



မြေပြန့်မှာတွေ့ရခဲတဲ့ မီးပြတိုက်ရှိနေပြီး နိုင်ငံခြားသားအုပ်စုတွေက ပိုစ့်မျိုးစုံနဲ့ ဟိုဟိုဒီဒီဓာတ်ပုံရိုက်နေကြတယ် ကုဖျင်းရှန်က ရေဘူးဖွင့်သောက်လိုက်ပြီး

"ဓာတ်ပုံရိုက်ပေးရမလား"

ပြောပြီးတာနဲ့ အကြွေးဝယ်ကဒ်လောက်ရှိတဲ့ ကင်မရာသေးသေးလေးကိုထုတ်လိုက်တယ်

မြန်မြန်လေး သူမ စာသုံးလုံးရိုက်ပြီး စာပြန်လိုက်တယ် ပြတ်သွားပြီ ပြီးတာနဲ့ သူမဖုန်းကိုပြန်သိမ်းလိုက်ပြီး လက်ကိုဆန့်ထုတ်လိုက်ရင်း ကင်မရာကိုယူမယ်လုပ်လိုက်တယ်

"ပထမဆုံးရောက်ဖူးတာမလား ရိုက်ပေးမယ်လေ"

သူတို့နှစ်ယောက်တစ်ယောက်က တစ်ယောက်ကိုဓာတ်ပုံရိုက်ပေးမယ်ဆိုတာ ယဥ်ယဥ်ကျေးကျေးငြင်းဆန်နေတုန်းမှာ လူလတ်ပိုင်း နိုင်ငံခြားသူက သူတို့နှစ်ယောက်ကိုအတူတူဓာတ်ပုံရိုက်ပေးမယ်လို့ အင်္ဂလိပ်လိုပြောလာတယ်

မတောင်းဆိုဘဲ တစ်ယောက်ယောက်ကဓာတ်ပုံရိုက်ပေးမယ်လို့ပြောတာကို ထုံရန်ပထမဆုံးကြုံဖူးတာပဲ သူမ ကုဖျင်းရှန်ကိုကြည့်လိုက်တော့ သူက အဲ့အမျိုးသမီးဆီ ကင်မရာပေးလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်တယ်

သူမကင်မရာပြန်ယူလိုက်ချိန်မှာ အဲ့ပုံကို
ဖျက်ချင်စိတ်တွေပေါက်လာတယ်

ရှန်းယောင် အနုပညာရှင်နောက်လိုက်တဲ့ပရိသတ်ဖြစ်ခဲ့တုန်းက သူမပြောဖူးတာ


ဘယ်တော့မှနာမည်ကြီးတစ်ယောက် ဘေးနားရပ်ပြီးဓာတ်ပုံအတူရိုက်ဖို့မလုပ်လိုက်နဲ့ ဘာလို့လဲဆို အဲ့တာကလက်တွေ့ဘဝရဲ့ အလှလေးနဲ့သားရဲကြီး ဖြစ်လာလိမ့်မယ်

အခု သူမနဲ့ကုဖျင်းရှန်ရဲ့ပုံကိုကြည့်လိုက်တော့ အဲ့ခံစားချက်ကိုရလိုက်တယ်

မိန်းမလှသေတဲ့အဆိပ်ဆိုတဲ့နာမည်ကအလကားရလာတာတော့မဟုတ်ဘူး

ကုဖျင်းရှန်က သူမလက်ထဲကကင်မရာကိုပြန်ယူလိုက်ပြီး နေရောင်ကိုကျောပေးရင်း ကျေကျေနပ်နပ်နဲ့သေချာကြည့်နေတယ်

"ရိုက်ထားတဲ့ပုံကြည့်ကောင်းတယ်"

ရှင်လေ ရှင်တစ်ယောက်တည်းကြည့်ကောင်းနေတာ

ညနေဖက် သူတို့ပြန်လာတဲ့အချိန် ကုဖျင်းရှန်က သူမ ကြိုက်တဲ့အစီအစဥ်ဖွင့်လို့ရတယ်ဆိုပြီး ရေဒီယိုဖွင့်ပေးလာတယ် အဲ့လိုနဲ့သူမနားထောင်ရင်း အိပ်ပျော်ခါနီးမှာပဲ ကုဖျင်းရှန်က သူမကို

"ထုံရန် စိတ်မရှိပါနဲ့ ဆရာဖုန်းကိုတစ်ချက်လောက်ကြည့်ပေးပြီးဘယ်သူလဲဆိုတာပြောပြပါလား ဆရာ့ညာဘက်အိတ်ထဲမှာရှိတယ်"

သူမ ညာဘက်အိတ်ကပ်ကိုစမ်းလိုက်ပြီး ဖုန်းကိုရှာလိုက်တယ်

မဖတ်ရသေးတဲ့စာတစ်စောင်

ထုံရန် တုံ့ဆိုင်းနေပြီးမှ စာအပြည့်အစုံတွေ့ရဖို့ ဖုန်းမျက်နှာပြင်ကိုလက်နဲ့ပင့်တင်လိုက်တယ်

TK ငါမှတ်မိတာမနက်ဖြန်က နင့်အမေရဲ့နှစ်ပတ်လည်မလား နင့်အတွက်မိသားစုတွေ့ဆုံပွဲတွေအကုန် ငါငြင်းလိုက်ပြီးပြီ ဘာမှစိတ်မပူဘဲကောင်းကောင်းအနားယူလိုက် ဖျန်းဖန်

သူ့အမေရဲ့နှစ်ပတ်လည်? ထုံရန်ပြောလို့မရနိုင်အောင်လန့်သွားရတယ် မနက်ဖြန်က သူမမွေးနေ့ပဲ

သေချာပေါက် ဆရာကုကတော့မသိဘူးပေါ့ သူမမှတ်ဉာဏ်သာမှန်တယ်ဆိုရင် အောက်တိုဘာ၃ရက်နေ့က ပီကင်းဆေးရုံမှာ သူတို့ပထမဆုံးတွေ့ခဲ့တဲ့နေ့ပဲ အဲ့တာဆို တကယ်ပဲသူ့အမေကအဲ့နေ့မှာကွယ်လွန်ခဲ့တာပေါ့

"ဘယ်သူလဲ"

သူ သူမကိုလှည့်ကြည့်လာတယ်

ထုံရန် သူ့မျက်စိရှေ့ဖုန်းကိုထောင်ပြလိုက်တယ်

"ကျေးဇူး"

ကြည့်ပြီးသွားတာနဲ့ ခေါင်းပြန်လှည့်သွားရင်း ဘာမှမဟုတ်တဲ့အတိုင်း ကားကိုဆက်မောင်းနေတယ် မျက်နှာအမူအရာကအစ သူ့အကြည့်တွေကအဆုံး သူရဲ့အရာအားလုံးကအမြဲလိုလို တည်ငြိမ်တယ် ကားပေါ်ကဆင်းတဲ့အချိန်မှာတောင် သူမကိုလှေကားပေါ်အထိလိုက်ပို့ပေးမယ်ဆိုပြီးတင်းခံနေသေးတယ်

တိုက်ခန်းရဲ့ကော်ရစ်တာတွေမှာက အသံကြားတာနဲ့လင်းတဲ့မီးကိုထည့်ထားပေမယ့် တတိယအထပ်နဲ့ စတုတ္ထအထပ်မှာတော့ မီးစနစ်ကပျက်နေတယ် သူတို့ဒုတိယအထပ်ကိုကျော်လာပြီးနောက်မှာတော့ ကုဖျင်းရှန်က

"မနက်ဖြန်နေ့လည်ကျ မီးလုံးနှစ်လုံးယူလာပေးပြီး ပျက်နေတဲ့နေရာတွေမှာအစားထိုးလိုက်မယ် မဟုတ်ရင်း မင်းရဲ့အဘွား ညဘက်လမ်းလျှောက်တဲ့အချိန်ချော်လဲနိုင်တယ်"

သူမ သူ့ကိုမလိုအပ်ပါဘူးလို့ပြောချင်ပေမယ့် မှောင်တဲ့နေရာရောက်နေတော့ ပြောလည်း သူမြင်မှာမဟုတ်ဘူး နှစ်ယောက်သား စတုတ္ထအထပ်ကကော်ရစ်တာနားရောက်လာတော့ ပဥ္စမထပ်ကမီးအလင်းရောင်ကြောင့် သူတို့တစ်ယောက်မျက်နှာတစ်ယောက်မြင်လာနိုင်တယ်

သူမ ခြေလှမ်းတွေကိုရပ်တန့်လိုက်ရင်း

"ဆရာကု ဒီနေရာဆိုရပါပြီ အရမ်းလည်းနောက်ကျနေပြီဆိုတော့ ပြန်နားတော့လေ"

ခုနတုန်းက မီးလုံးလဲပေးမယ်လို့ပြောလိုက်တာကိုလည်းသတိရပြီး

"သမီး မနက်ဖြန်မီးလုံးနှစ်ခုဝယ်လိုက်ပြီး အိမ်နီးချင်းကို အကူအညီတောင်းလိုက်ပါမယ် ဆရာဒီကိုထပ်လာပေးစရာမလိုတော့ပါဘူး"

ပဥ္စထပ်မြောက်က မီးက သူ့မျက်လုံးမှာထင်ဟပ်နေပြီး ပြုံးရင်းနဲ့သူပြောလာတယ်

"ဘာမှမဖြစ်ပါဘူး မနက်ဖြန်ဘယ်မှလည်း သွားစရာမရှိဘူးလေ"

ရုတ်တရက် အပေါ်ထပ်ကနေအသံတစ်ခုကြားလိုက်တော့ ထုံရန် ခေါင်းမော့ကြည့်လိုက်မိတယ် ကုဖျင်းရှန်လည်း သူမလှုပ်ရှားမှုနောက်လိုက်ရင်း ကြည့်လိုက်တော့

လူတစ်ယောက်ကနံရံကိုမှီနေပြီး သူတို့နှစ်ယောက်ကိုဘာမှမပြောဘဲကြည့်နေခဲ့တယ်

သူ့ရဲ့မျက်နှာကအရင်အတိုင်းပဲ စောင့်နေတဲ့နေရာကတောင် အရင်နေရာမှာပဲ အရင်တုန်းက သူအဲ့နေရာမှာ ရပ်စောင့်နေရင်း သူမကိုအံ့ဩသွားအောင်လုပ်လေ့ရှိတယ်

အဲ့အချိန်တုန်းက သူမတို့နှစ်ယောက်ကြားကအချစ်က အခက်အခဲတွေမရှိခဲ့ဘူး ဆရာ ဆရာမတွေရဲ့ သိမ်းငှက်လိုအကြည့်ကိုရှောင်ရတာကလွဲလို့အမှတ်တရအားလုံးက ချိုမြိန်ခဲ့တယ် အဲ့အချိန်တုန်းက ကျောင်းမှာလူပြောများကြတဲ့ အချစ်ဇာတ်လမ်းက သူမနဲ့သူ့အကြောင်းပဲ

တစ်ယောက်က အထက်တန်းကျောင်းရဲ့အလားအလာအရှိဆုံး ကျောင်းသူအဖြစ် ရွေးချယ်ခံထားရတဲ့သူဖြစ်ပြီး ပြိုင်ပွဲတွေမှာအနိုင်ရတဲ့သူဖြစ်တဲ့အချိန်မှာ တစ်ယောက်ကတော့ရန်ဖြစ်လို့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အမှတ်တရရှိမှုကိုခံရတဲ့သူ...အစတုန်းက ကျောင်းအပေါက်ဝနားမှာရပ်ရင်း သူ သူမကိုစောင့်နေခဲ့ပေမယ့် နောက်ကျ အထက်တန်းတက်ဖို့တောင်အရည်အချင်းမမှီတဲ့အတွက် နေ့တိုင်း အကွာအဝေးတစ်ခုကိုဖြတ်ပြီး စက်ဘီးနဲ့သူမကိုလာတွေ့လေ့ရှိတယ်

"ထုံထုံ"

နောက်ဆုံးတော့ သူ့နှုတ်ခမ်းကိုဖွင့်ဟပြီး သူမနာမည်ကိုခေါ်လာပြီ လူတိုင်းက သူမကို ရန်ရန်လို့ခေါ်ကြတယ် ဒါပေမယ့် သူက သူများတွေထက် ထူးခြားတဲ့သူ ဖြစ်ချင်တယ်လို့ပြောတယ်

အတွေးတွေထဲ မိန်းမောနေတဲ့ ထုံရန်က အသိစိတ်ပြန်ကပ်လာပြီး ကုဖျင်းရှန်ကိုကြည့်လိုက်ရင်း

"နှုတ်ဆက်ပါတယ် ဆရာကု"

ကုဖျင်းရှန်ကပြုံးရင်း

"မနက်ဖြန်မှတွေ့မယ်"

ပြောပြီးတာနဲ့ အောက်ထပ်ကိုဆင်းသွားတော့တယ်

‌ကြားနေရတဲ့ ခြေသံတိုးသွားပြီဆိုမှ ထုံရန်သတ္တိတွေစုစည်းလိုက်ပြီး လှေကားပေါ်ဆက်တက်သွားတော့တယ် တစ်ဖြည်းဖြည်းနီးကပ်လာတဲ့ သူကိုကြည့်ပြီး...သူမဘာပြောရမယ်မှန်းမသိဘူးဖြစ်နေပြီ အဲ့ဒီတိတ်ဆိတ်မှုက မလွယ်ကူတဲ့ခံစားချက်ကိုဖြစ်လာစေတယ် နောက်ဆုံးတော့ ဝတ်ကျေတန်းကျေနဲ့

"ဆောင်းတွင်းရောက်နေပြီ လက်တိုဝတ်နေတုန်းလား မအေးဘူးလား"

လုပိုင် ပြောစရာတွေရှိနေပေမယ့် သူမ သက်တောင့်သက်သာနဲ့နှုတ်ဆက်တာကိုကြားလိုက်တော့ သူ့မျက်ခုံးတွေက လျင်လျင်မြန်မြန်ဖြေလျော့သွားတယ်

"ဟင့်အင်း မအေးပါဘူး Happy birthday"

သူ ငွေရောင်လက်ဆောင်ဘူးလေးထုတ်ပေးလာတယ်

သူမ မယူဘဲ

"ပြန်ရောက်နေမှန်း ဘယ်လိုသိတာလဲ"

"ငါ့မိသားစုတွေနဲ့ အမျိုးတွေက ဒီအားလပ်ရက်မှာလက်ဆောင်တွေအများကြီးပေးလို့ အဘွားကိုပေးရအောင်လာလိုက်တာ"

သူစကားပြောနေတဲ့အချိန်မှာ သူ့လက်ကလက်ဆောင်ဘူးကိုကိုင်ထားတုန်းပဲ

"၂၁နှစ်ပြည့်မွေးနေ့မှာဘာလုပ်မယ်လို့တွေးထားလဲ"

အဆုံးသတ်မှာတော့ သူမ သူ့မေးခွန်းကိုမဖြေသေးခင်မှာ သူပြန်သွားလိုက်တယ် ပြီးတော့ သူမလက်မခံခဲ့တဲ့လက်ဆောင်ဘူးကိုပါယူသွားရင်းပေါ့ အိမ်ထဲဝင်လိုက်တာနဲ့ အဘွားကအိပ်နေပြီး သူမအတွက် ဧည့်ခန်းထဲကစားပွဲတင် မီးအိမ်ကိုထွန်းပေးထားတယ်

မကျယ်ဝန်းတဲ့ နေရာတစ်ခုမှာ လက်ဆောင်ဘူး ၇ဘူး၈ဘူးလောက်ရှိနေတယ် မီးအိမ်ကရတဲ့အလင်းနဲ့ သူမ တစ်ခုပြီးတစ်ခု လက်ဆောင်ဘူးတွေပေါ်က အမှတ်တံဆိပ်တွေသေချာကြည့်လိုက်တယ် အသီးတွေ သောက်စရာတွေပြီးတော့ ဟင်းသီးဟင်းရွက်တွေကော ဒီအဆောက်အဦးကဓာတ်လှေကားမရှိဘူး သေချာတာတော့ အားလုံးကိုသူ့ဘာသာသယ်ပြီးတက်လာတာနေမှာ ကတ်ကြေးတစ်လက်ကိုဆွဲယူလိုက်ရင်း အားလုံးကိုဖောက်ပြီးနေရာတစ်ကျထားလိုက်တယ်
သူမ မျက်ဝန်းထဲမှာ ပစ္စည်းတွေကို, မရင်း တစ်လှမ်းပြီးတစ်လှမ်းတက်လာတဲ့ သူ့ရဲ့ပုံရိပ်ကိုမြင်ယောင်လိုက်မိတယ်

အရင်က အရမ်းကိုပျင်းရိခဲ့တဲ့လူက အခုတော့အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဖြစ်လာပြီ

ခုနက သူပြုံးရယ်ရင်းနှုတ်ဆက်တဲ့စကားပြောသွားပေမယ့် သူ့အသံကအရင်အချိန်တုန်းကအတိုင်းပဲ သူ မထိန်းနိုင်အောင်ငိုခဲ့တဲ့ အချိန်တုန်းကအတိုင်း

သူမ အဲ့နေ့ညကိုမမေ့နိုင်ဘူး ကားလမ်းနံဘေးမှာထိုင်ရင်း အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ ကလေးတစ်ယောက်လို သူ ထပ်ခါထပ်ခါငိုနေရင်း

"ထုံထုံ ရှန်ဟိုင်းကိုမသွားပါနဲ့"

ကားမှတ်တိုင်နားမှာရှိတဲ့ အရွယ်ရောက်ပြီးသားလူတွေရော ကလေးတွေကပါ စိတ်ရှုပ်တဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ကြတာ သူမထင်တာတော့ ကောင်လေးငယ်ငယ်လေးတစ်ယောက်ငိုတာကို သူတို့မမြင်ဖူးလို့ထင်တယ်

ပြီးတော့ သူ့ရှေ့မှာထိုင်နေတဲ့ သူမက မျက်ရည်တစ်စက်တောင်မကျခဲ့ဘူး

အခုဧည့်ခန်းထဲမှာထိုင်နေရင်း ထုံရန် သူမရဲ့မျက်နှာစိုစွတ်လာတာကိုသတိထားလိုက်မိတယ် ဖုန်းကိုယူပြီး အချိန်ကိုကြည့်လိုက်တော့ ဘယ်အချိန်ကမှန်းမသိတဲ့စာတစ်စောင်ရောက်နေတာတွေ့လိုက်ရတာတယ်

ဆရာကုဆီကစာပဲ

မနက်ဖြန်နေ့လည် နှစ်ယောက်လုံးကိုနေ့လည်စာလိုက်ကျွေးလို့ရမလား TK

သူမ ငြင်းလိုက်ချင်ပေမယ့် မနက်ဖြန်ကသူ့အတွက်ဘယ်လိုနေ့လဲဆိုတာသတိရလိုက်တော့ ခဏလောက်တုန့်ဆိုင်းနေပြီးမှ စာပြန်လိုက်တယ်

ဟုတ်

နောက်တစ်နေ့ ကုဖျင်းရှန်ရောက်လာချိန်မှာတော့ အဘွားက တစ်အံ့တစ်ဩနဲ့ ထုံရန်မွေးနေ့ဆိုတာဘယ်လိုသိတာလဲလို့မေးလိုက်တယ် ကုဖျင်းရှန်လည်းအဲ့အချိန်မှလန့်သွားပြီး ထုံရန်ကိုကြည့်လာတော့

"ပုံမှန်ဆိုမွေးနေ့ပွဲကျင်းပလေ့မရှိဘူး"

ထုံရန် အဲ့လိုပဲရှင်းပြလိုက်နိုင်တယ်

ရလဒ်အနေနဲ့ အဲ့ည ညစာကရက်ရောလွန်းလှတယ် ပီကင်းဘဲကင်ကို ကုဖျင်းရှန်က လက်သေချာဆေးပြီး သူမအတွက်အသားတွေလွှာပေးရင်း

"ပျော်ရွှင်စရာမွေးနေ့လေးပါ မွေးနေ့ရှင်မလေး"

သူပေးတာကိုယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်တယ် ချိုမြိန်တဲ့ဆော့စ်နဲ့ ဘဲကင်နံ့မွှေးမွှေးလေးရောနေတာက လူတစ်ယောက်ရဲ့နှလုံးအိမ်ကိုနွေးထွေးစေတယ် သူနောက်ထပ်အသားကိုလွှာလိုက်ရင်း အဘွားကိုသေချာလေးမေးလာတယ် ကြက်သွန်နီကြိုက်လား ဒါမှမဟုတ်ကြက်သွန်မြိန်ဆိုရင်ကော ဒါမှမဟုတ် မုန့်လာဥစိတ်သေးသေးလေးတွေကောဆိုပြီး

သူ့မျက်လုံးထဲက အရိပ်အရောင်တွေနဲ့ သူ့အသံကဆရာဝန်တစ်ယောက်လိုပဲ...နွေးထွေးကြင်နာတတ်တဲ့ဆရာဝန်လိုပေါ့

"အရသာရှိလား"

သူက သူမကိုပြန်လှည့်ကြည့်ပြီးမေးလာတယ်

"ဖျင်းဖန်ကပြောတာ အဲ့ကပီကင်းဘဲကင်းက Quanjudeထက်ပိုကောင်းတယ်တဲ့ ဆရာလည်းအခုမှစားဖူးတာဆိုတော့"

"အရသာရှိပါတယ်"

သူမ မြန်မြန်လေး ဂျုံအလွှာကိုယူလိုက်ပြီး ဘဲသား ၄,၅ခုလောက်ထည့်ပေးပြီး လိမ့်ပြီးသွားတာနဲ့ သူ့ကိုပေးလိုက်တယ်

"ကျေးဇူးတင်ပါတယ် ဆရာကု"

အားလပ်ရက်ဆိုတော့ စားပွဲတိုင်းကမိသားစုတွေနဲ့ပြည့်နေပြီး စားသောက်ဆိုင်တစ်ခုလုံးက ပျော်ရွှင်နွေးထွေးတဲ့အငွေ့အသက်တွေနဲ့ပြည့်နေတယ်

ဒီလိုခံစားချက်မျိုး သူမ မခံစားရတာကြာပြီ ပြန်လာတိုင်း အဘွားကိုခေါ်ပြီး ညစာထွက်စားတတ်ပေမယ့် နှစ်ယောက်တည်းဆိုတဲ့အသိက မလုံလောက်သလိုခံစားမိစေတယ် ပြီးတော့ တိတ်ဆိတ်မှုကလည်းပိုပြီးကြီးစိုးလာလေ့ရှိတယ်

အပြန်ကျတော့ ဘဲသားအကျန်တွေကိုထုတ်သွားလို့ရနိုင်မလားဆိုပြီး သူစားပွဲထိုးလေးကိုမေးတယ် အဘွားကစွန့်ပစ်ခံထားရတဲ့ကြောင်တွေကိုအစားကျွေးတဲ့အကျင့်ရှိတယ်ဆိုတာ ကုဖျင်းရှန်ကသတိရပြီး စားပွဲထိုးလေးကို သေသေချာချာထုတ်ပေးဖို့ပြောလိုက်တယ် အဲ့တာမှ အမျိုးသမီးကြီးက ကြောင်တွေကိုကျွေးလို့ရမှာလေ

အဲ့ည သူတို့အိမ်ပြန်ရောက်တော့ အဘွားကသူ့ကို အိမ်ထဲဝင်ဖို့အားတက်သရောဖိတ်ခေါ်နေတယ်

"မနေ့က ရန်ရန်ရဲ့အတန်းဖော်က အသီးတွေလာပို့တယ် ဆေးပြီးယူလာပေးမယ်"

အသက်ကြီးတဲ့လူတွေက တက်ကြွတဲ့လေထုကိုသဘောကျကြတယ် အထူးသဖြစ် ကျောင်းဆရာ ဆရာမဖြစ်ခဲ့ဖူးတဲ့သူတွေပေါ့

အဘွားကမီးဖိုချောင်ထဲမှာ အသီးဆေးနေရင်း တစ်ချိန်တည်းမှာ စကားကိုမပြတ်ပြောနေတယ် အဓိကအကြောင်းအရင်းကတော့ ရန်ရန်ရဲ့အတန်းဖော်ကအရမ်းကောင်းပြီး အားလပ်ရက်တွေပဲဖြစ်ဖြစ် ပွဲတော်နေ့တွေပဲဖြစ်ဖြစ် သူမကိုအမျိုးမျိုးသောလက်ဆောင်တွေလာပေးလေ့ရှိတယ်လို့

"အစက အဲ့တာတွေလက်ခံရမှာမကောင်းသလိုဖြစ်သေးတယ် ဒါပေမယ့် အဲ့ကောင်လေးပြောတာလေ ရန်ရန်ကသူ့ကိုစာသင်ပြပေးပြီးအများကြီးကူညီခဲ့ဖူးတယ်လို့ ပြီးတော့လည်း ပြောသေးတာ သူ့မိသားစုကသူ့ကိုနှစ်တိုင်းလက်ဆောင်တွေအများကြီးပေးတော့ သူအကုန်လုံးကိုမစားနိုင်တော့ အလဟသဖြစ်သွားလိမ့်မယ်တဲ့..."

ကုဖျင်းရှန်က ရုတ်တရက်သူမကိုမေးလာတယ်

"မနေ့ကစောင့်နေတဲ့သူက အတန်းဖော်လား"

မီးဖိုချောင်ထဲကပုံရိပ်ကိုတစ်ချက်လောက်ကြည့်ပြီး ထုံရန်တိတ်ဆိတ်နေပြီးမှ တိုးတိုးပြောလာတယ်

"ရည်းစားဟောင်းပါ"

ပြောပြီးသွားတော့ သူမလေသံက စိတ်ဓာတ်ကျတဲ့ပုံပေါက်နေတာနဲ့ ချက်ချင်းပဲဟာသလုပ်လာတယ်

"ဆရာတွေကိုခေါင်းကိုက်အောင်လုပ်ခဲ့တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတာပေါ့ သမီးရဲ့ဇာတ်လမ်းကတစ်ကျောင်းလုံးလူသိများတယ်"

အတွေးတွေထဲနှစ်မြုပ်နေတဲ့ပုံစံနဲ့ သူ သူမကိုကြည့်လာတယ်

"တစ်ခုခုဖြစ်ခဲ့လို့လား"

တစ်ခုခုကို ဆုံးရှုံးသွားခဲ့ပြီဆိုတဲ့ ဝမ်းနည်းမှုကဖုံးကွယ်လို့မရဘူးပဲ

ထုံရန်က အပြုံးလေးနဲ့

"အင် ဆရာက သမီးရဲ့ဝမ်းနည်းစရာကောင်းတဲ့အမှတ်တရတွေကို ပြန်ဆွဲထုတ်လိုက်တာပဲ ဘယ်လိုလုပ်မလဲ"

သူမ စကားလမ်းကြောင်းပြောင်းချင်ဇောနဲ့ တွေ့ရာပြောလိုက်တယ် မထင်ထားတာက ကုဖျင်းရှန်ကရေသောက်ပြီးတာနဲ့ တောင်းပန်တဲ့လေသံနဲ့

"ပီယာနိုတီးပြမယ်လေ မွေးနေ့လက်ဆောင်လို့သဘောထားလိုက်"

သူ့အကြည့်တွေက ပြတင်းပေါက်နားမှာရှိနေတဲ့ ပီယာနိုပေါ်ရောက်နေတယ်

ထုံရန်ရဲ့အိမ်တစ်ခုလုံးမှာ အဲ့တာအကြီးဆုံးအရာပဲ အဘွားရဲ့ကျောင်းသားဟောင်းတစ်ယောက်က တရုတ်ကိုပြန်လာတော့ သူမကိုလက်ဆောင်အနေနဲ့ပို့ပေးခဲ့တာ တကယ်တော့အဘွားက မူလတန်းကျောင်းမှာ သင်ခဲ့ရတဲ့ဂီတဆရာမတစ်ယောက်အနေနဲ့ဆို Yellow River Cantataတို့The Internationaleတို့ အဲ့လိုပုံစံတူတွေပဲတီးတတ်တာ အဲ့တာတွေကိုတီးရခက်ခဲတယ်လို့သတ်မှတ်ထားကြပေမယ့် တီးတာများလာတော့အဲ့လောက်မခက်ခဲတော့ပါဘူး...

ရေခွက်ကိုချပြီးတာနဲ့ ပြတင်းပေါက်နားကပီယာနိုဆီ သူလျှောက်သွားပြီး ထိုင်ချလိုက်တဲ့အထိ ထုံရန် သူ့ကိုမယုံကြည်နိုင်သလို ကြည့်နေမိတယ်

ဒီလိုခေတ်အခါကြီးထဲ လူ၁၀ယောက်မှာ၈ယောက်လောက်က ပီယာနိုဘယ်လိုတီးရမလဲသိကြတယ် သူမအနားကလူတွေကိုပဲ အရင်ကြည့်လိုက်ရင် ရှန်းယောင်က ကျောင်းရဲ့သံစုံတီးဝိုင်းရဲ့ ပထမအဆင့် ပီယာနိုသမားအဖြစ်ရွေးချယ်ခံခဲ့ရကတည်းက ဒီတူရိယာကသူမကိုမအံ့ဩစေတော့ဘူး

ဒါပေမယ့် ကုဖျင်းရှန်က တီးခတ်လိုက်ချိန်မှာ မထင်မှတ်ဘဲ အံ့ဩမိသွားတယ် သူကမကြားနိုင်တာတောင် ကောင်းကောင်းကြီးတီးနိုင်တယ် သူမကတော့ ဘယ်လိုတီးရမယ်မှန်းတောင်မသိဘူး ဒါပေမယ့် သူပီယာနိုတီးနေတာကိုကြည့်ရင်း သူမမျက်ရည်တွေဝဲလာခဲ့တယ်

သူ့ရဲ့ကမ္ဘာကြီးကအရမ်းတိတ်ဆိတ်နေတာပဲ ဘယ်လောက်ဘဲ သူ့လက်ချောင်းတွေကနေလှပတဲ့သံစဥ်ထွက်လာပါစေ သူ့မှာ ကြားနိုင်စွမ်းမရှိလေဘူး

____________________________________


ေျမျပန႔္မွာေတြ႕ရခဲတဲ့ မီးျပတိုက္ရွိေနၿပီး နိုင္ငံျခားသားအုပ္စုေတြက ပိုစ့္မ်ိဳးစုံနဲ႔ ဟိုဟိုဒီဒီဓာတ္ပုံရိုက္ေနၾကတယ္ ကုဖ်င္းရွန္က ေရဘူးဖြင့္ေသာက္လိုက္ၿပီး

"ဓာတ္ပုံရိုက္ေပးရမလား"

ေျပာၿပီးတာနဲ႔ အေႂကြးဝယ္ကဒ္ေလာက္ရွိတဲ့ ကင္မရာေသးေသးေလးကိုထုတ္လိုက္တယ္

ျမန္ျမန္ေလး သူမ စာသုံးလုံးရိုက္ၿပီး စာျပန္လိုက္တယ္ ျပတ္သြားၿပီ ၿပီးတာနဲ႔ သူမဖုန္းကိုျပန္သိမ္းလိုက္ၿပီး လက္ကိုဆန႔္ထုတ္လိုက္ရင္း ကင္မရာကိုယူမယ္လုပ္လိုက္တယ္

"ပထမဆုံးေရာက္ဖူးတာမလား ရိုက္ေပးမယ္ေလ"

သူတို႔ႏွစ္ေယာက္တစ္ေယာက္က တစ္ေယာက္ကိုဓာတ္ပုံရိုက္ေပးမယ္ဆိုတာ ယဥ္ယဥ္ေက်းေက်းျငင္းဆန္ေနတုန္းမွာ လူလတ္ပိုင္း နိုင္ငံျခားသူက သူတို႔ႏွစ္ေယာက္ကိုအတူတူဓာတ္ပုံရိုက္ေပးမယ္လို႔ အဂၤလိပ္လိုေျပာလာတယ္

မေတာင္းဆိုဘဲ တစ္ေယာက္ေယာက္ကဓာတ္ပုံရိုက္ေပးမယ္လို႔ေျပာတာကို ထုံရန္ပထမဆုံးၾကဳံဖူးတာပဲ သူမ ကုဖ်င္းရွန္ကိုၾကည့္လိုက္ေတာ့ သူက အဲ့အမ်ိဳးသမီးဆီ ကင္မရာေပးလိုက္ၿပီး ေက်းဇူးတင္စကားေျပာလိုက္တယ္

သူမကင္မရာျပန္ယူလိုက္ခ်ိန္မွာ အဲ့ပုံကို
ဖ်က္ခ်င္စိတ္ေတြေပါက္လာတယ္

ရွန္းေယာင္ အႏုပညာရွင္ေနာက္လိုက္တဲ့ပရိသတ္ျဖစ္ခဲ့တုန္းက သူမေျပာဖူးတာ


ဘယ္ေတာ့မွနာမည္ႀကီးတစ္ေယာက္ ေဘးနားရပ္ၿပီးဓာတ္ပုံအတူရိုက္ဖို႔မလုပ္လိုက္နဲ႔ ဘာလို႔လဲဆို အဲ့တာကလက္ေတြ႕ဘဝရဲ့ အလွေလးနဲ႔သားရဲႀကီး ျဖစ္လာလိမ့္မယ္

အခု သူမနဲ႔ကုဖ်င္းရွန္ရဲ့ပုံကိုၾကည့္လိုက္ေတာ့ အဲ့ခံစားခ်က္ကိုရလိုက္တယ္

မိန္းမလွေသတဲ့အဆိပ္ဆိုတဲ့နာမည္ကအလကားရလာတာေတာ့မဟုတ္ဘူး

ကုဖ်င္းရွန္က သူမလက္ထဲကကင္မရာကိုျပန္ယူလိုက္ၿပီး ေနေရာင္ကိုေက်ာေပးရင္း ေက်ေက်နပ္နပ္နဲ႔ေသခ်ာၾကည့္ေနတယ္

"ရိုက္ထားတာပုံကေကာင္းတယ္"

ရွင္ေလ ရွင္တစ္ေယာက္တည္းၾကည့္ေကာင္းေနတာ

ညေနဖက္ သူတို႔ျပန္လာတဲ့အခ်ိန္ ကုဖ်င္းရွန္က သူမ ႀကိဳက္တဲ့အစီအစဥ္ဖြင့္လို႔ရတယ္ဆိုၿပီး ေရဒီယိုဖြင့္ေပးလာတယ္ အဲ့လိုနဲ႔သူမနားေထာင္ရင္း အိပ္ေပ်ာ္ခါနီးမွာပဲ ကုဖ်င္းရွန္က သူမကို

"ထုံရန္ စိတ္မရွိပါနဲ႔ ဆရာဖုန္းကိုတစ္ခ်က္ေလာက္ၾကည့္ေပးၿပီးဘယ္သူလဲဆိုတာေျပာျပပါလား ဆရာ့ညာဘက္အိတ္ထဲမွာရွိတယ္"

သူမ ညာဘက္အိတ္ကပ္ကိုစမ္းလိုက္ၿပီး ဖုန္းကိုရွာလိုက္တယ္

မဖတ္ရေသးတဲ့စာတစ္ေစာင္

ထုံရန္ တုံ႔ဆိုင္းေနၿပီးမွ စာအျပည့္အစုံေတြ႕ရဖို႔ ဖုန္းမ်က္ႏွာျပင္ကိုလက္နဲ႔ပင့္တင္လိုက္တယ္

TK ငါမွတ္မိတာမနက္ျဖန္က နင့္အေမရဲ့ႏွစ္ပတ္လည္မလား နင့္အတြက္မိသားစုေတြ႕ဆုံပြဲေတြအကုန္ ငါျငင္းလိုက္ၿပီးၿပီ ဘာမွစိတ္မပူဘဲေကာင္းေကာင္းအနားယူလိုက္ ဖ်န္းဖန္

သူ႔အေမရဲ့ႏွစ္ပတ္လည္? ထုံရန္ေျပာလို႔မရနိုင္ေအာင္လန႔္သြားရတယ္ မနက္ျဖန္က သူမေမြးေန႔ပဲ

ေသခ်ာေပါက္ ဆရာကုကေတာ့မသိဘူးေပါ့ သူမမွတ္ဉာဏ္သာမွန္တယ္ဆိုရင္ ေအာက္တိုဘာ၃ရက္ေန႔က ပီကင္းေဆး႐ုံမွာ သူတို႔ပထမဆုံးေတြ႕ခဲ့တဲ့ေန႔ပဲ အဲ့တာဆို တကယ္ပဲသူ႔အေမကအဲ့ေန႔မွာကြယ္လြန္ခဲ့တာေပါ့

"ဘယ္သူလဲ"

သူ သူမကိုလွည့္ၾကည့္လာတယ္

ထုံရန္ သူ႔မ်က္စိေရွ႕ဖုန္းကိုေထာင္ျပလိုက္တယ္

"ေက်းဇူး"

ၾကည့္ၿပီးသြားတာနဲ႔ ေခါင္းျပန္လွည့္သြားရင္း ဘာမွမဟုတ္တဲ့အတိုင္း ကားကိုဆက္ေမာင္းေနတယ္ မ်က္ႏွာအမူအရာကအစ သူ႔အၾကည့္ေတြကအဆုံး သူရဲ့အရာအားလုံးကအျမဲလိုလို တည္ၿငိမ္တယ္ ကားေပၚကဆင္းတဲ့အခ်ိန္မွာေတာင္ သူမကိုေလွကားေပၚအထိလိုက္ပို႔ေပးမယ္ဆိုၿပီးတင္းခံေနေသးတယ္

တိုက္ခန္းရဲ့ေကာ္ရစ္တာေတြမွာက အသံၾကားတာနဲ႔လင္းတဲ့မီးကိုထည့္ထားေပမယ့္ တတိယအထပ္နဲ႔ စတုတၳအထပ္မွာေတာ့ မီးစနစ္ကပ်က္ေနတယ္ သူတို႔ဒုတိယအထပ္ကိုေက်ာ္လာၿပီးေနာက္မွာေတာ့ ကုဖ်င္းရွန္က

"မနက္ျဖန္ေန႔လည္က် မီးလုံးႏွစ္လုံးယူလာေပးၿပီး ပ်က္ေနတဲ့ေနရာေတြမွာအစားထိုးလိုက္မယ္ မဟုတ္ရင္း မင္းရဲ့အဘြား ညဘက္လမ္းေလၽွာက္တဲ့အခ်ိန္ေခ်ာ္လဲနိုင္တယ္"

သူမ သူ႔ကိုမလိုအပ္ပါဘူးလို႔ေျပာခ်င္ေပမယ့္ ေမွာင္တဲ့ေနရာေရာက္ေနေတာ့ ေျပာလည္း သူျမင္မွာမဟုတ္ဘူး ႏွစ္ေယာက္သား စတုတၳအထပ္ကေကာ္ရစ္တာနားေရာက္လာေတာ့ ပဥၥမထပ္ကမီးအလင္းေရာင္ေၾကာင့္ သူတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျမင္လာနိုင္တယ္

သူမ ေျခလွမ္းေတြကိုရပ္တန႔္လိုက္ရင္း

"ဆရာကု ဒီေနရာဆိုရပါၿပီ အရမ္းလည္းေနာက္က်ေနၿပီဆိုေတာ့ ျပန္နားေတာ့ေလ"

ခုနတုန္းက မီးလုံးလဲေပးမယ္လို႔ေျပာလိုက္တာကိုလည္းသတိရၿပီး

"သမီး မနက္ျဖန္မီးလုံးႏွစ္ခုဝယ္လိုက္ၿပီး အိမ္နီးခ်င္းကို အကူအညီေတာင္းလိုက္ပါမယ္ ဆရာဒီကိုထပ္လာေပးစရာမလိုေတာ့ပါဘူး"

ပဥၥထပ္ေျမာက္က မီးက သူ႔မ်က္လုံးမွာထင္ဟပ္ေနၿပီး ျပဳံးရင္းနဲ႔သူေျပာလာတယ္

"ဘာမွမျဖစ္ပါဘူး မနက္ျဖန္ဘယ္မွလည္း သြားစရာမရွိဘူးေလ"

႐ုတ္တရက္ အေပၚထပ္ကေနအသံတစ္ခုၾကားလိုက္ေတာ့ ထုံရန္ ေခါင္းေမာ့ၾကည့္လိုက္မိတယ္ ကုဖ်င္းရွန္လည္း သူမလႈပ္ရွားမႈေနာက္လိုက္ရင္း ၾကည့္လိုက္ေတာ့

လူတစ္ေယာက္ကနံရံကိုမွီေနၿပီး သူတို႔ႏွစ္ေယာက္ကိုဘာမွမေျပာဘဲၾကည့္ေနခဲ့တယ္

သူ႔ရဲ့မ်က္ႏွာကအရင္အတိုင္းပဲ ေစာင့္ေနတဲ့ေနရာကေတာင္ အရင္ေနရာမွာပဲ အရင္တုန္းက သူအဲ့ေနရာမွာ ရပ္ေစာင့္ေနရင္း သူမကိုအံ့ဩသြားေအာင္လုပ္ေလ့ရွိတယ္

အဲ့အခ်ိန္တုန္းက သူမတို႔ႏွစ္ေယာက္ၾကားကအခ်စ္က အခက္အခဲေတြမရွိခဲ့ဘူး ဆရာ ဆရာမေတြရဲ့ သိမ္းငွက္လိုအၾကည့္ကိုေရွာင္ရတာကလြဲလို႔အမွတ္တရအားလုံးက ခ်ိဳၿမိန္ခဲ့တယ္ အဲ့အခ်ိန္တုန္းက ေက်ာင္းမွာလူေျပာမ်ားၾကတဲ့ အခ်စ္ဇာတ္လမ္းက သူမနဲ႔သူ႔အေၾကာင္းပဲ

တစ္ေယာက္က အထက္တန္းေက်ာင္းရဲ့အလားအလာအရွိဆုံး ေက်ာင္းသူအျဖစ္ ေရြးခ်ယ္ခံထားရတဲ့သူျဖစ္ၿပီး ၿပိဳင္ပြဲေတြမွာအနိုင္ရတဲ့သူျဖစ္တဲ့အခ်ိန္မွာ တစ္ေယာက္ကေတာ့ရန္ျဖစ္လို႔ ေက်ာင္းစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ရဲ့ အမွတ္တရရွိမႈကိုခံရတဲ့သူ...အစတုန္းက ေက်ာင္းအေပါက္ဝနားမွာရပ္ရင္း သူ သူမကိုေစာင့္ေနခဲ့ေပမယ့္ ေနာက္က် အထက္တန္းတက္ဖို႔ေတာင္အရည္အခ်င္းမမွီတဲ့အတြက္ ေန႔တိုင္း အကြာအေဝးတစ္ခုကိုျဖတ္ၿပီး စက္ဘီးနဲ႔သူမကိုလာေတြ႕ေလ့ရွိတယ္

"ထုံထုံ"

ေနာက္ဆုံးေတာ့ သူ႔ႏႈတ္ခမ္းကိုဖြင့္ဟၿပီး သူမနာမည္ကိုေခၚလာၿပီ လူတိုင္းက သူမကို ရန္ရန္လို႔ေခၚၾကတယ္ ဒါေပမယ့္ သူက သူမ်ားေတြထက္ ထူးျခားတဲ့သူ ျဖစ္ခ်င္တယ္လို႔ေျပာတယ္

အေတြးေတြထဲ မိန္းေမာေနတဲ့ ထုံရန္က အသိစိတ္ျပန္ကပ္လာၿပီး ကုဖ်င္းရွန္ကိုၾကည့္လိုက္ရင္း

"ႏႈတ္ဆက္ပါတယ္ ဆရာကု"

ကုဖ်င္းရွန္ကျပဳံးရင္း

"မနက္ျဖန္မွေတြ႕မယ္"

ေျပာၿပီးတာနဲ႔ ေအာက္ထပ္ကိုဆင္းသြားေတာ့တယ္

‌ၾကားေနရတဲ့ ေျခသံတိုးသြားၿပီဆိုမွ ထုံရန္သတၱိေတြစုစည္းလိုက္ၿပီး ေလွကားေပၚဆက္တက္သြားေတာ့တယ္ တစ္ျဖည္းျဖည္းနီးကပ္လာတဲ့ သူကိုၾကည့္ၿပီး...သူမဘာေျပာရမယ္မွန္းမသိဘူးျဖစ္ေနၿပီ အဲ့ဒီတိတ္ဆိတ္မႈက မလြယ္ကူတဲ့ခံစားခ်က္ကိုျဖစ္လာေစတယ္ ေနာက္ဆုံးေတာ့ ဝတ္ေက်တန္းေက်နဲ႔

"ေဆာင္းတြင္းေရာက္ေနၿပီ လက္တိုဝတ္ေနတုန္းလား မေအးဘူးလား"

လုပိုင္ ေျပာစရာေတြရွိေနေပမယ့္ သူမ သက္ေတာင့္သက္သာနဲ႔ႏႈတ္ဆက္တာကိုၾကားလိုက္ေတာ့ သူ႔မ်က္ခုံးေတြက လ်င္လ်င္ျမန္ျမန္ေျဖေလ်ာ့သြားတယ္

"ဟင့္အင္း မေအးပါဘူး Happy birthday"

သူ ေငြေရာင္လက္ေဆာင္ဘူးေလးထုတ္ေပးလာတယ္

သူမ မယူဘဲ

"ျပန္ေရာက္ေနမွန္း ဘယ္လိုသိတာလဲ"

"ငါ့မိသားစုေတြနဲ႔ အမ်ိဳးေတြက ဒီအားလပ္ရက္မွာလက္ေဆာင္ေတြအမ်ားႀကီးေပးလို႔ အဘြားကိုေပးရေအာင္လာလိုက္တာ"

သူစကားေျပာေနတဲ့အခ်ိန္မွာ သူ႔လက္ကလက္ေဆာင္ဘူးကိုကိုင္ထားတုန္းပဲ

"၂၁ႏွစ္ျပည့္ေမြးေန႔မွာဘာလုပ္မယ္လို႔ေတြးထားလဲ"

အဆုံးသတ္မွာေတာ့ သူမ သူ႔ေမးခြန္းကိုမေျဖေသးခင္မွာ သူျပန္သြားလိုက္တယ္ ၿပီးေတာ့ သူမလက္မခံခဲ့တဲ့လက္ေဆာင္ဘူးကိုပါယူသြားရင္းေပါ့ အိမ္ထဲဝင္လိုက္တာနဲ႔ အဘြားကအိပ္ေနၿပီး သူမအတြက္ ဧည့္ခန္းထဲကစားပြဲတင္ မီးအိမ္ကိုထြန္းေပးထားတယ္

မက်ယ္ဝန္းတဲ့ ေနရာတစ္ခုမွာ လက္ေဆာင္ဘူး ၇ဘူး၈ဘူးေလာက္ရွိေနတယ္ မီးအိမ္ကရတဲ့အလင္းနဲ႔ သူမ တစ္ခုၿပီးတစ္ခု လက္ေဆာင္ဘူးေတြေပၚက အမွတ္တံဆိပ္ေတြေသခ်ာၾကည့္လိုက္တယ္ အသီးေတြ ေသာက္စရာေတြၿပီးေတာ့ ဟင္းသီးဟင္းရြက္ေတြေကာ ဒီအေဆာက္အဦးကဓာတ္ေလွကားမရွိဘူး ေသခ်ာတာေတာ့ အားလုံးကိုသူ႔ဘာသာသယ္ၿပီးတက္လာတာေနမွာ ကတ္ေၾကးတစ္လက္ကိုဆြဲယူလိုက္ရင္း အားလုံးကိုေဖာက္ၿပီးေနရာတစ္က်ထားလိုက္တယ္
သူမ မ်က္ဝန္းထဲမွာ ပစၥည္းေတြကို, မရင္း တစ္လွမ္းၿပီးတစ္လွမ္းတက္လာတဲ့ သူ႔ရဲ့ပုံရိပ္ကိုျမင္ေယာင္လိုက္မိတယ္

အရင္က အရမ္းကိုပ်င္းရိခဲ့တဲ့လူက အခုေတာ့အလုပ္ႀကိဳးစားတဲ့လူတစ္ေယာက္ျဖစ္လာၿပီ

ခုနက သူျပဳံးရယ္ရင္းႏႈတ္ဆက္တဲ့စကားေျပာသြားေပမယ့္ သူ႔အသံကအရင္အခ်ိန္တုန္းကအတိုင္းပဲ သူ မထိန္းနိုင္ေအာင္ငိုခဲ့တဲ့ အခ်ိန္တုန္းကအတိုင္း

သူမ အဲ့ေန႔ညကိုမေမ့နိုင္ဘူး ကားလမ္းနံေဘးမွာထိုင္ရင္း အသက္ငယ္ငယ္ေလးပဲရွိေသးတဲ့ ကေလးတစ္ေယာက္လို သူ ထပ္ခါထပ္ခါငိုေနရင္း

"ထုံထုံ ရွန္ဟိုင္းကိုမသြားပါနဲ႔"

ကားမွတ္တိုင္နားမွာရွိတဲ့ အရြယ္ေရာက္ၿပီးသားလူေတြေရာ ကေလးေတြကပါ စိတ္ရႈပ္တဲ့အၾကည့္ေတြနဲ႔ၾကည့္ေနခဲ့ၾကတာ သူမထင္တာေတာ့ ေကာင္ေလးငယ္ငယ္ေလးတစ္ေယာက္ငိုတာကို သူတို႔မျမင္ဖူးလို႔ထင္တယ္

ၿပီးေတာ့ သူ႔ေရွ႕မွာထိုင္ေနတဲ့ သူမက မ်က္ရည္တစ္စက္ေတာင္မက်ခဲ့ဘူး

အခုဧည့္ခန္းထဲမွာထိုင္ေနရင္း ထုံရန္ သူမရဲ့မ်က္ႏွာစိုစြတ္လာတာကိုသတိထားလိုက္မိတယ္ ဖုန္းကိုယူၿပီး အခ်ိန္ကိုၾကည့္လိုက္ေတာ့ ဘယ္အခ်ိန္ကမွန္းမသိတဲ့စာတစ္ေစာင္ေရာက္ေနတာေတြ႕လိုက္ရတာတယ္

ဆရာကုဆီကစာပဲ

မနက္ျဖန္ေန႔လည္ ႏွစ္ေယာက္လုံးကိုေန႔လည္စာလိုက္ေကၽြးလို႔ရမလား TK

သူမ ျငင္းလိုက္ခ်င္ေပမယ့္ မနက္ျဖန္ကသူ႔အတြက္ဘယ္လိုေန႔လဲဆိုတာသတိရလိုက္ေတာ့ ခဏေလာက္တုန႔္ဆိုင္းေနၿပီးမွ စာျပန္လိုက္တယ္

ဟုတ္

ေနာက္တစ္ေန႔ ကုဖ်င္းရွန္ေရာက္လာခ်ိန္မွာေတာ့ အဘြားက တစ္အံ့တစ္ဩနဲ႔ ထုံရန္ေမြးေန႔ဆိုတာဘယ္လိုသိတာလဲလို႔ေမးလိုက္တယ္ ကုဖ်င္းရွန္လည္းအဲ့အခ်ိန္မွလန႔္သြားၿပီး ထုံရန္ကိုၾကည့္လာေတာ့

"ပုံမွန္ဆိုေမြးေန႔ပြဲက်င္းပေလ့မရွိဘူး"

ထုံရန္ အဲ့လိုပဲရွင္းျပလိုက္နိုင္တယ္

ရလဒ္အေနနဲ႔ အဲ့ည ညစာကရက္ေရာလြန္းလွတယ္ ပီကင္းဘဲကင္ကို ကုဖ်င္းရွန္က လက္ေသခ်ာေဆးၿပီး သူမအတြက္အသားေတြလႊာေပးရင္း

"ေပ်ာ္ရႊင္စရာေမြးေန႔ေလးပါ ေမြးေန႔ရွင္မေလး"

သူေပးတာကိုယူလိုက္ၿပီး တစ္ကိုက္ကိုက္လိုက္တယ္ ခ်ိဳၿမိန္တဲ့ေဆာ့စ္နဲ႔ ဘဲကင္နံ့ေမႊးေမႊးေလးေရာေနတာက လူတစ္ေယာက္ရဲ့ႏွလုံးအိမ္ကိုေႏြးေထြးေစတယ္ သူေနာက္ထပ္အသားကိုလႊာလိုက္ရင္း အဘြားကိုေသခ်ာေလးေမးလာတယ္ ၾကက္သြန္နီႀကိဳက္လား ဒါမွမဟုတ္ၾကက္သြန္ၿမိန္ဆိုရင္ေကာ ဒါမွမဟုတ္ မုန႔္လာဥစိတ္ေသးေသးေလးေတြေကာဆိုၿပီး

သူ႔မ်က္လုံးထဲက အရိပ္အေရာင္ေတြနဲ႔ သူ႔အသံကဆရာဝန္တစ္ေယာက္လိုပဲ...ေႏြးေထြးၾကင္နာတတ္တဲ့ဆရာဝန္လိုေပါ့

"အရသာရွိလား"

သူက သူမကိုျပန္လွည့္ၾကည့္ၿပီးေမးလာတယ္

"ဖ်င္းဖန္ကေျပာတာ အဲ့ကပီကင္းဘဲကင္းက Quanjudeထက္ပိုေကာင္းတယ္တဲ့ ဆရာလည္းအခုမွစားဖူးတာဆိုေတာ့"

"အရသာရွိပါတယ္"

သူမ ျမန္ျမန္ေလး ဂ်ဳံအလႊာကိုယူလိုက္ၿပီး ဘဲသား ၄,၅ခုေလာက္ထည့္ေပးၿပီး လိမ့္ၿပီးသြားတာနဲ႔ သူ႔ကိုေပးလိုက္တယ္

"ေက်းဇူးတင္ပါတယ္ ဆရာကု"

အားလပ္ရက္ဆိုေတာ့ စားပြဲတိုင္းကမိသားစုေတြနဲ႔ျပည့္ေနၿပီး စားေသာက္ဆိုင္တစ္ခုလုံးက ေပ်ာ္ရႊင္ေႏြးေထြးတဲ့အေငြ႕အသက္ေတြနဲ႔ျပည့္ေနတယ္

ဒီလိုခံစားခ်က္မ်ိဳး သူမ မခံစားရတာၾကာၿပီ ျပန္လာတိုင္း အဘြားကိုေခၚၿပီး ညစာထြက္စားတတ္ေပမယ့္ ႏွစ္ေယာက္တည္းဆိုတဲ့အသိက မလုံေလာက္သလိုခံစားမိေစတယ္ ၿပီးေတာ့ တိတ္ဆိတ္မႈကလည္းပိုၿပီးႀကီးစိုးလာေလ့ရွိတယ္

အျပန္က်ေတာ့ ဘဲသားအက်န္ေတြကိုထုတ္သြားလို႔ရနိုင္မလားဆိုၿပီး သူစားပြဲထိုးေလးကိုေမးတယ္ အဘြားကစြန႔္ပစ္ခံထားရတဲ့ေၾကာင္ေတြကိုအစားေကၽြးတဲ့အက်င့္ရွိတယ္ဆိုတာ ကုဖ်င္းရွန္ကသတိရၿပီး စားပြဲထိုးေလးကို ေသေသခ်ာခ်ာထုတ္ေပးဖို႔ေျပာလိုက္တယ္ အဲ့တာမွ အမ်ိဳးသမီးႀကီးက ေၾကာင္ေတြကိုေကၽြးလို႔ရမွာေလ

အဲ့ည သူတို႔အိမ္ျပန္ေရာက္ေတာ့ အဘြားကသူ႔ကို အိမ္ထဲဝင္ဖို႔အားတက္သေရာဖိတ္ေခၚေနတယ္

"မေန႔က ရန္ရန္ရဲ့အတန္းေဖာ္က အသီးေတြလာပို႔တယ္ ေဆးၿပီးယူလာေပးမယ္"

အသက္ႀကီးတဲ့လူေတြက တက္ႂကြတဲ့ေလထုကိုသေဘာက်ၾကတယ္ အထူးသျဖစ္ ေက်ာင္းဆရာ ဆရာမျဖစ္ခဲ့ဖူးတဲ့သူေတြေပါ့

အဘြားကမီးဖိုေခ်ာင္ထဲမွာ အသီးေဆးေနရင္း တစ္ခ်ိန္တည္းမွာ စကားကိုမျပတ္ေျပာေနတယ္ အဓိကအေၾကာင္းအရင္းကေတာ့ ရန္ရန္ရဲ့အတန္းေဖာ္ကအရမ္းေကာင္းၿပီး အားလပ္ရက္ေတြပဲျဖစ္ျဖစ္ ပြဲေတာ္ေန႔ေတြပဲျဖစ္ျဖစ္ သူမကိုအမ်ိဳးမ်ိဳးေသာလက္ေဆာင္ေတြလာေပးေလ့ရွိတယ္လို႔

"အစက အဲ့တာေတြလက္ခံရမွာမေကာင္းသလိုျဖစ္ေသးတယ္ ဒါေပမယ့္ အဲ့ေကာင္ေလးေျပာတာေလ ရန္ရန္ကသူ႔ကိုစာသင္ျပေပးၿပီးအမ်ားႀကီးကူညီခဲ့ဖူးတယ္လို႔ ၿပီးေတာ့လည္း ေျပာေသးတာ သူ႔မိသားစုကသူ႔ကိုႏွစ္တိုင္းလက္ေဆာင္ေတြအမ်ားႀကီးေပးေတာ့ သူအကုန္လုံးကိုမစားနိုင္ေတာ့ အလဟသျဖစ္သြားလိမ့္မယ္တဲ့..."

ကုဖ်င္းရွန္က ႐ုတ္တရက္သူမကိုေမးလာတယ္

"မေန႔ကေစာင့္ေနတဲ့သူက အတန္းေဖာ္လား"

မီးဖိုေခ်ာင္ထဲကပုံရိပ္ကိုတစ္ခ်က္ေလာက္ၾကည့္ၿပီး ထုံရန္တိတ္ဆိတ္ေနၿပီးမွ တိုးတိုးေျပာလာတယ္

"ရည္းစားေဟာင္းပါ"

ေျပာၿပီးသြားေတာ့ သူမေလသံက စိတ္ဓာတ္က်တဲ့ပုံေပါက္ေနတာနဲ႔ ခ်က္ခ်င္းပဲဟာသလုပ္လာတယ္

"ဆရာေတြကိုေခါင္းကိုက္ေအာင္လုပ္ခဲ့တဲ့ေက်ာင္းသားတစ္ေယာက္ျဖစ္ခဲ့ဖူးတာေပါ့ သမီးရဲ့ဇာတ္လမ္းကတစ္ေက်ာင္းလုံးလူသိမ်ားတယ္"

အေတြးေတြထဲႏွစ္ျမဳပ္ေနတဲ့ပုံစံနဲ႔ သူ သူမကိုၾကည့္လာတယ္

"တစ္ခုခုျဖစ္ခဲ့လို႔လား"

တစ္ခုခုကို ဆုံးရႈံးသြားခဲ့ၿပီဆိုတဲ့ ဝမ္းနည္းမႈကဖုံးကြယ္လို႔မရဘူးပဲ

ထုံရန္က အျပဳံးေလးနဲ႔

"အင္ ဆရာက သမီးရဲ့ဝမ္းနည္းစရာေကာင္းတဲ့အမွတ္တရေတြကို ျပန္ဆြဲထုတ္လိုက္တာပဲ ဘယ္လိုလုပ္မလဲ"

သူမ စကားလမ္းေၾကာင္းေျပာင္းခ်င္ေဇာနဲ႔ ေတြ႕ရာေျပာလိုက္တယ္ မထင္ထားတာက ကုဖ်င္းရွန္ကေရေသာက္ၿပီးတာနဲ႔ ေတာင္းပန္တဲ့ေလသံနဲ႔

"ပီယာနိုတီးျပမယ္ေလ ေမြးေန႔လက္ေဆာင္လို႔သေဘာထားလိုက္"

သူ႔အၾကည့္ေတြက ျပတင္းေပါက္နားမွာရွိေနတဲ့ ပီယာနိုေပၚေရာက္ေနတယ္

ထုံရန္ရဲ့အိမ္တစ္ခုလုံးမွာ အဲ့တာအႀကီးဆုံးအရာပဲ အဘြားရဲ့ေက်ာင္းသားေဟာင္းတစ္ေယာက္က တ႐ုတ္ကိုျပန္လာေတာ့ သူမကိုလက္ေဆာင္အေနနဲ႔ပို႔ေပးခဲ့တာ တကယ္ေတာ့အဘြားက မူလတန္းေက်ာင္းမွာ သင္ခဲ့ရတဲ့ဂီတဆရာမတစ္ေယာက္အေနနဲ႔ဆို Yellow River Cantataတို႔The Internationaleတို႔ အဲ့လိုပုံစံတူေတြပဲတီးတတ္တာ အဲ့တာေတြကိုတီးရခက္ခဲတယ္လို႔သတ္မွတ္ထားၾကေပမယ့္ တီးတာမ်ားလာေတာ့အဲ့ေလာက္မခက္ခဲေတာ့ပါဘူး...

ေရခြက္ကိုခ်ၿပီးတာနဲ႔ ျပတင္းေပါက္နားကပီယာနိုဆီ သူေလၽွာက္သြားၿပီး ထိုင္ခ်လိုက္တဲ့အထိ ထုံရန္ သူ႔ကိုမယုံၾကည္နိုင္သလို ၾကည့္ေနမိတယ္

ဒီလိုေခတ္အခါႀကီးထဲ လူ၁၀ေယာက္မွာ၈ေယာက္ေလာက္က ပီယာနိုဘယ္လိုတီးရမလဲသိၾကတယ္ သူမအနားကလူေတြကိုပဲ အရင္ၾကည့္လိုက္ရင္ ရွန္းေယာင္က ေက်ာင္းရဲ့သံစုံတီးဝိုင္းရဲ့ ပထမအဆင့္ ပီယာနိုသမားအျဖစ္ေရြးခ်ယ္ခံခဲ့ရကတည္းက ဒီတူရိယာကသူမကိုမအံ့ဩေစေတာ့ဘူး

ဒါေပမယ့္ ကုဖ်င္းရွန္က တီးခတ္လိုက္ခ်ိန္မွာ မထင္မွတ္ဘဲ အံ့ဩမိသြားတယ္ သူကမၾကားနိုင္တာေတာင္ ေကာင္းေကာင္းႀကီးတီးနိုင္တယ္ သူမကေတာ့ ဘယ္လိုတီးရမယ္မွန္းေတာင္မသိဘူး ဒါေပမယ့္ သူပီယာနိုတီးေနတာကိုၾကည့္ရင္း သူမမ်က္ရည္ေတြဝဲလာခဲ့တယ္

သူ႔ရဲ့ကမၻာႀကီးကအရမ္းတိတ္ဆိတ္ေနတာပဲ ဘယ္ေလာက္ဘဲ သူ႔လက္ေခ်ာင္းေတြကေနလွပတဲ့သံစဥ္ထြက္လာပါေစ သူ႔မွာ ၾကားနိုင္စြမ္းမရွိေလဘူး

Continue Reading

You'll Also Like

1.1M 58.4K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
298K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
35.6K 3.6K 53
႐ွင္းယြမ္တစ္ေယာက္ သူဖတ္ေနတဲ့ဝတၳဳထဲကိုမေတာ္တစ္ဆမူ႔တစ္ခုေၾကာင့္သူမနဲ႔နာမည္တူ အရန္ဗီလိန္ဇာတ္ေကာင္ေလးရဲ႕ကိုယ္ထဲေရာက္သြားေသာအခါ ႐ွင္းယြမ္ "fuck ဘယ္လိုဇာတ္...