အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၃၀}U/Z

77.3K 9K 1K
By HoarFROST_

Unicode

အဲ့သည့်နေ့ကဖြစ်မည်။
အဲ့သည့်နေ့ကပေါ့...
အဓိပတိလမ်းက ခမ်းခမ်းနားနား မားမားမတ်မတ်...မြရောင်ထနေတဲ့ သစ်ရွက်တွေကလှုပ်လီလှုပ်လဲ့...
ဆောင်းရာသီရဲ့ဒီဇင်ဘာမနက်ခင်းတစ်ခုမှာပေါ့။
ခပ်လှမ်းလှမ်းကနေမြင်ရသည့် ကြည်တောက်နေတဲ့ မျက်ဝန်းညိုတွေဆီမှာ သူကိုယ်တိုင် တမင်တကာ ခလုတ်ဝင်တိုက်ခဲ့သည်လေ။
ပထမဆုံးအကြိမ်ဟုထင်ခဲ့ပေမဲ့ ဒုတိယအကြိမ်ဖြစ်နေခဲ့သည်။ မောင် ဟူသောနာမည်အဖျားဆွတ်ကလေးက သိပ်ကိုကျွမ်းဝင်နေလောက်သည်အထိ သူတို့နှစ်ဦးသားပက်သတ်မှုက နှလုံးသားရဲ့အောက်ခြေမှာ အမြစ်တွယ်ခဲ့နေနှင့်ပြီးသား။
လက်လွှတ်ဖို့၊ဥပက္ခာပြုဖို့ အကြိမ်တစ်ရာမက ခေါင်းထဲ သံမှိုရိုက်သလို ရိုက်သွင်းခဲ့သည်။
သို့သော် ဦးနှောက်နှင့်နှလုံးသား ယှဉ်ပြိုင်မှုတွင် နှလုံးသားက ဦးဆောင်လွှမ်းမိုးခဲ့သည်။
ချစ်မှုရေးရာမှာ နွေဦးမောင်အတွက် ဒွိဟသံသယ ဖြစ်ဖူးတာမျိုးမရှိခဲ့ဖူးဘူး။
အမြဲ သိုသိပ်စွာနေခဲ့သည့်ငယ်ဘဝမှာ သူ့အနားရှိနေသည့်လူနှစ်ယောက်က သူ့အတွက် မောင်နှမရင်းချာပုံစံပဲ။ ဥဿဦးက ခင်လွှမ်းကိုသဘောကျနေမှန်းသူသိသလို၊ ခင်လွှမ်းက သူ့ကို အားကိုးတတ်မှန်းလည်း သူသိသည်။
မန္တလေးတက္ကသိုလ်မှာ မတက်ဘဲ ရန်ကုန်ကို ရွေးချယ်ရသည့်အကြောင်းအရင်းမှာ သူငယ်ချင်းနှစ်ယောက်၏အခြေအနေကြောင့်လည်းပါခဲ့သည်။ ညီမငယ်လို သဘောထားသည့်ခင်လွှမ်းကို ဥဿနှင့်ပိုပြီး အဆင်ပြေစေဖို့ရန် ရှောင်လွှဲလာခြင်းဟုလည်းဆိုရမည်။
သို့ပေမဲ့ သူထင်ထားသလိုဖြစ်မလာခဲ့ပေ။ဤသည်ကား သူ၏အကြီးမားဆုံးနောင်တများထဲကတစ်ခုပါပင်။

တက္ကသိုလ်က အပေါင်းအဖော်တွေကြားမှာ သူရယ်မောခဲ့သည်။ သစ်ရွက်လှုပ်ခတ်သလို အချစ်စမ်းကြသည်များကို ဘေးကနေ ခပ်ပြုံးပြုံးထိုင်ကြည်ဖူးသည်။ မတော်တဆဆုံခဲ့ဖူးသည့်အကြည့်တွေကို ဒုတိယံပိ မဆုံစေဖို့ဂရုစိုက်ခဲ့သည်။ ချစ်မှုရေးရာမှာ သူကျွမ်းဝင်ဖို့ စိတ်အခြေအနေမရှိခဲ့ပေ။
သူ့၏ စိတ်အကြည်ဓာတ်ကလေးကိုမတွေ့ခင်အထိပေါ့။

ချစ်မေတ္တာဘယ်ကစလို့မေးရင် မောင်က နရီ့မျက်ဝန်းတွေကို တိတ်တိတ်လေးငေးရင်းဖြေမှာ...မောင့်ရဲ့စိတ်အကြည်ဓာတ်ကလေးတွေကနေစတာပေါ့လို့...

ယောက်ျားတစ်ယောက်အပေါ် ပထမဆုံးတွေ့ဖူးချိန်မှာ ပထမဆုံးစွဲလမ်းမှုဟာ တရှိုက်မက်မက် တိုးဝင်ခဲ့သည်။ သတိပေးသံတွေကြားမှာ သတိချပ်ဖို့လည်းမမေ့ခဲ့ပါ။အထူးသဖြင့် အဲ့သည့်ယောက်ျားကလေးကို သတိရဖို့လည်းမမေ့ခဲ့ပါပေ။ကဗျာနဲ့စာနဲ့လုံးထွေးချိန်မှာတောင် ဖွဲ့မိတဲ့ကဗျာတွေက တစ်ဦးတစ်ယောက်ကိုရည်ညွှန်းသည့် ကဗျာ ဖြစ်ခဲ့သည်။ စုတ်တံကိုကိုင်ဖို့တွန်းအားပေးခဲ့သည်ကလည်း ဤချစ်ခြင်းတရားပါပဲ။ပန်းချီညံ့တယ်လို့ ပြောခံရဖူးတဲ့သူက ပန်းချီတစ်ချပ်ကို စိတ်ပါလက်ပါရေးခြယ်ခဲ့သည်။ဝါသနာအရမဟုတ်လျှင်တောင် အမှတ်တမဲ့တစ်ခုကို အမှတ်တရတစ်ခုအဖြစ်ပြောင်းလဲဖို့ စိတ်အားထက်သန်မှုက သူ့ရဲ့လက်ချောင်းလေးတွေကို ညင်သာလာစေခဲ့သည်။

နွေဦးမောင်ဆိုသည့်သူက အရာရာတတ်မြှောက်ကျွမ်းကျင်နေသော ပြည့်စုံသည့်လူတစ်ယောက်မဟုတ်။
သူ့မှာလည်း ညံ့ဖျင်းမှုတွေရှိသည်။သူ့မှာလည်း ကိန်းဝပ်နေသည့်အရာတွေသိပ်များသည်မလား။
နောင်တတရားတွေရှိသည်။ အဲ့သည့် နောင်တတရားတွေကိုလည်း သူကြောက်ပါ၏။
နောင်တရခြင်း အကြောင်းတရား နှစ်ချက်သာရှိသည်။ မပြုလုပ်လိုက်မိ၍နောင်တရခြင်းနှင့် ပြုလုပ်မိ၍နောင်တရခြင်း။

လူတွေရဲ့စံနှုန်းမှာ မရှိတဲ့ ချစ်ခြင်းတရားနဲ့ နဖူးတွေ့ဒူးတွေ့ကြုံလာသည့်အခါ သူတနုံ့နုံ့တွေးရသည်။ စာနာနားလည်လာရသည်။ ဖြစ်လာမည့်အရာတွေကိုကြိုတင်တွက်ဆခဲ့ရသည်။
နောက်ဆုံးမှာတော့ လူတွေသတ်မှတ်ထားတ​ဲ့ စံနှုန်းကို ဖယ်ကြဉ်ပြီး သူကိုယ်တိုင် သတ်မှတ်လိုက်သည့်စံနှုန်းတစ်ခုရှိလာသည်။
အဲ့သည့်စံနှုန်းတွင်ပါဝင်သည့်လူကား။နှစ်ယောက်သာလျှင်ရှိသည်။
မောင်နှင့်နရီ...
ဘယ်သူမှလက်မခံလျှင်တောင် ဤစံနှုန်းအား စောနရီဆိုသော ကောင်ငယ်လေး လက်ခံဖို့ သူသိပ်ကိုမျှော်လင့်ခဲ့ပါသည်။

°°°°°°

"မောင့်ကို နရီ့အပိုင်အဖြစ် သတ်မှတ်ချင်လား"

စောနရီ၏လက်ချောင်းများသည် မသိလိုက်မသိဘာသာ တင်းတင်းဆုပ်မိသွားသည်။
မိုးစက်ရဲ့ရိုက်ခတ်သံတွေက မြေကြီးပေါ်ကိုမှဟုတ်ရဲ့လား။ အဘယ်ကြောင့် သူ့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်သည့်နှယ် ခံစားနေရမှန်းသူမသိပါချေ။
မပြေးနေပါဘဲ သူမောပန်းနေသည်။ အရာအားလုံးကဝေဝါးနေသည်။

"မဟုတ်ဘူး..."

ထိုစကားကိုပြောဖို့ရာပင်သူအားယူလိုက်ရသည်။

"မဟုတ်သေးဘူးမောင်! မှားနေပြီ။ ကျွန်တော်တို့
မရဘူးလေ"

နွေဦးမောင်သည် စကားတစ်ခွန်းထပ်မဆိုပါဘဲ စောနရီ၏စကားသံများကိုသာ မိုးသံတွေနှင့်အပြိုင် နားထောင်နေသည်။ အကြိမ်ပေါင်းမနည်း ခတ်နေသည့်မျက်တောင်တွေကို နှစ်သိမ့်ဖို့ရာ စကားလုံးတွေကို စီနေမိသည်။
စောနရီက သူ့အားမော့ကြည့်လာကာ ခေါင်းကိုခါယမ်း၏။

"ကျွန်တော်တို့ ယောက်ျားလေးတွေ။ သေချာပေါက် ကျွန်တော်တို့နှစ်ယောက်လုံးက ယောက်ျားလေးတွေ"

"အင်း။ မောင်ပြောတဲ့စကားတွေရဲ့ ရည်ရွယ်ရာကလည်း ယောက်ျားလေးဖြစ်တဲ့နရီ့ဆီကိုပါပဲ"

စောနရီသည် ရယ်လိုက်မိသည်။ မရေမရာရယ်လိုက်သည့်ဟန်ပင်။
"မောင် စိတ်ထင်နေတာပါ။ စိတ်ကစားနေတာထင်တယ်။"

နွေဦးမောင်သည် နေရာမှာတင်အေးခဲသွားရ၏။
တွေးထားသည့် စကားလုံးများ၊ နှစ်သိမ့်ဖို့ရန် စီစဉ်ထားသည့် စကားများသည်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရ၏။

မိုးဟာ ဖြည်းဖြည်းချင်း နည်းလာသည်။ မိုးဖွဲဖွဲလေးသာ ကျန်တော့သည်။ နွေဦးမောင်၏မျက်နှာတွင်လည်း နာကျင်ရိပ်တွေထင်ဟပ်နေသည်။

"မောင့်အသက်အရွယ်၊ မောင့်စကားလုံးတွေမှာ စိတ်ကစားတယ်လို့ ထင်ရတဲ့ ပေါ့ပျက်ပျက်ဖြစ်စရာများပါသွားသလားဟင် နရီ"
သူ့အသံက ဤမျှအခြေအနေတွင်တောင် နူးညံ့နေဆဲပင်။ သေချာနားထောင်ကြည့်လျှင်တော့စိတ်ထိခိုက်မှုပါဝင်နေသည်ကိုတော့ ခန့်မှန်းမိနိုင်သည်။

ထိုအခါမှ စောနရီသည် သူပြောလိုက်သည့်စကား၏အတိမ်အနက်ကိုသဘောပေါက်သွားမိသည်။ မောင် သူ့အပေါ်ထားသည့်စိတ်ကို စော်ကားစေလိုတဲ့ဆန္ဒမျိုး သူ့မှာမရှိပါချေ။သို့ပေမဲ့လည်း လက်ခံနိုင်သည့်အခြေအနေလည်းမရှိပါ။ မောင့်လိုလူက သူလိုလူကို။

ဘဝမှာ မောင်နဲ့ပက်သတ်ပြီး သူဘာများမျှော်လင့်ခဲ့ဖူးပါသလဲ။ မမျှော်လင့်ရဲတာဆိုလျှင်ပိုမှန်ပါလိမ့်မည်။ တစ်သက်လုံး သူ့စိတ်တွေကို ကွယ်ဝှက်ထားဖို့သူတွေးထားခဲ့သည်။လက်ရှိအခြေအနေကို သူနားမလည်နိုင်လောက်အောင်ပင်။ အဘက်ဘက်က ပြည့်စုံသည့်မောင်က သူ့ကိုယ်သူ မိမိလို လူဆီအပ်နှင်းသည်တဲ့။ ကမ္ဘာကြီးက ရူးသွပ်နေတာလား။ မိမိကရူးနေတာလား။ ဒါမှမဟုတ် မောင်ကများလား။

"ကျွန်တော်တို့က ယောက်ျားတွေလေ။ မောင်ရူးများ သွားပြီလား။"

စောနရီသည် ထိုစကားအား အရာအားလုံးကိုလွှတ်ချ လိုက်သလို အော်ပြောလိုက်မိသည်။
သူမျက်ဝန်းတွေကအကာအရံတချို့ကြောင့်ဝေဝါးသွားသည်။ ထိုအရာသည် မျက်ရည်များသာ။

"မောင်တောင်းပန်ပါတယ်။ မောင် အားလုံး စဉ်းစားပြီးသားပါ။ မောင် နရီ့ကို ဖိအားပေးဖို့အစီအစဉ်လုံးဝမရှိပါဘူး။ဒါပေမဲ့ မောင့်ဆီကနေတော့ ထွက်မပြေးပါနဲ့နော်၊မောင်တောင်းပန်ပါတယ်။"

မောင်က သူ့ကိုအသနားခံနေပြန်သည်။
အဘက်ဘက်က ပြည့်စုံသည့်လူက ဘာမှမရှိသည့်သူ့ဆီမှာ အသနားခံနေသည်လား။

နွေဦးမောင်သည် ကျလုနီနီးမျက်ရည်များကို လက်မဖြင့် ဖိသုတ်ပေးလိုက်သည်။
တောင်းပန်စကားကိုလည်း တတွတ်တွတ်ဆိုနေပါသေးသည်။နွေဦးမောင်သိပ်ကြောက်သည်။သူ့ကိုတော့ မုန်းသွားမှာကိုကြောက်ခဲ့သည်။သို့ပေမဲ့
ဒီဇာတ်ကို သူအဆုံးထိ ကဖို့စိတ်ကူးရှိခဲ့သည်လေ။

°°°°°°

ဘားအံကနေပြန်လာပြီးနောက်တွင် နွေဦးမောင်ကပုံမှန်ထက်ပိုပြီးတိတ်ဆိတ်သွားသည်။ အမိုးကတောင် ရန်ဖြစ်ထားတာလားဟုမေးယူရသည်အထိပင်။ ခါးစူးကတော့ မုန့်နှင့်အရုပ်၊စာအုပ်များရပြီးသည်နှင့် သွက်လက်စွာအိမ်သို့ပြန်သွား၏။

ညဘက်တွင် အိပ်ရာခင်းကိုနွေဦးမောင်ကပင် သူ့အိမ်သူ့ရာ သဖွယ်ခင်းလိုက်၏။ အမြဲကပ်လျက်ခင်းနေကျ အိပ်ရာနှစ်ခု က သိသိသာသာပင် ဝေးကွာလို့နေသည်။

စောနရီသည် ပြောင်းလဲသွားသည့်အခြေအနေ၌ နေရခက်လှသည်။ ဘယ်စကားကို ဘယ်ပုံ ဆိုရမလဲသူမသိတော့ချေ။ မောင်ကလည်း သူ့ကိုစကားမပြောပါ။ နှစ်ယောက်ကြားတွင် လေးလံအေးစက်သည့်ရေခဲထုကြီးရှိနေသဖွယ်။

ညသန်းခေါင်လောက်တွင် စောနရီ တစ်ရေးနိုးလာသည်။မောင်ရှိရာဘက်ကို ကျောပေးအိပ်ခဲ့ပေမဲ့ နိုးလာတော့ သူမျက်နှာ မူရာက မောင့်ဘက်ခြမ်းဖြစ်နေခဲ့သည်။ သို့ပေမဲ့ ခြေရင်းတွင် ပုံထားသည့်စောင်က လှစ်လှပ်မှုကိုပြနေသည်။
သူ အသာထပြီး ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ ခြံဝတွင် မတ်တတ်ရပ်ကာ ဆေးလိပ်သောက်နေသည့် မောင့်ကိုတွေ့ရပြန်သည်။ သူပြတင်းပေါက်ကနေ တစ်ဆင့် မောင့်ကျောပြင်နှင့် ဆေးလိပ်ငွေ့တွေကိုသာ တွေတွေလေးကြည့်နေမိသည်။ ဒွိဟတွေက သူ့ရင်ထဲတွင်တစ်ဆင့်ပြီးတစ်ဆင့်တိုးလျက်ရှိပေသည်။
အနာဂတ်မှာ မောင်မရှိလည်းအဆင်ပြေတာပဲလို့တွေးထားမိပေမဲ့ ဤကဲ့သို့ ခဏတာ လှစ်လှပ်မှုနဲ့တင် သူယိုင်လဲတော့မယောင်။
မောင်ဟာသူ့ကို ဘယ်အထိများညှို့ငင်ဖို့စိတ်ကူးရှိနေလဲသူမသိတော့ပါ။သူကိုယ်တိုင်ကကော ဘယ်ထိ လိုက်ပါဖို့ စိတ်ကူးနေမိပြီလဲ။

မနက်နိုးလာတော့လည်း မောင်မရှိပါပေ။

"အမိုး သူဘယ်သွားလဲ"

မီးဖိုထဲတွင် တကုပ်ကုပ်အလုပ်ရှုပ်နေသော အမိုးကိုမေးမိသည်။

"ဖုန်းသွားဆက်တယ်။"

"နေရာသိလို့လား"

"ခါးစူးပါသွားတယ်လေ။ အစော ထတာကိုစောင့်ပါဦးဆိုတာကိုမစောင့်ဘဲ ခါးစူးကိုခေါ်သွားတာ။"

စောနရီ စိတ်ထဲတွင်ဘဝင်မကျဖြစ်သွားရသည်။ ခါးစူးထက် သူ့ကိုခေါ်သင့်သည်မဟုတ်လား။

"အမိုးဘာတွေချက်နေတာလဲ"

"သူမပြန်ခင် ရှမ်းဟင်းထုပ် လုပ်ကျွေးလိုက်မို့"

စောနရီသည်ကြောင်အသွားရကား
"ဘယ်သူပြန်မှာလဲ "

"မောင်နွေဦးလေ...သားကိုသူမပြောဘူးလား"

"အာ ပြောထားပါတယ် သားမေ့နေတာ။"

မောင်မပြောထားပါဘူး။ သူကိုယ်တိုင်ပဲ သည်အခြေအနေကို ဆွဲခေါ်ပြီး တိတ်တိတ်လေးထွက်ခွာဖို့ကြံနေသည်ထင်ရဲ့။
စောနရီသည် ဝမ်းနည်းလာသည့်အတွေးစများကို ဖြတ်ချလိုက်ကာ မောနေဟန်ရှိသည့် သူ့အမိုးဆီကနေ ပေါင်းရမည့်အိုးကိုယူလိုက်သည်။

"ဘုရားသွားရှိခိုးတော့ ။သား ပေါင်းလိုက်မယ်...ဆေးကောသောက်ပြီးပြီလား"

"ဖယ်ပါ။ အမိုးပေါင်းမယ်။ သွားသွား လမ်းမှာစားဖို့အသီးတွေ အိတ်ထဲထည့်ပေးလိုက်ဦး"

"ခဏနေထည့်လည်း မှီပါတယ်။ အမိုးအရင်မီးဖိုချောင်ထဲကထွက်တော့ သားလုပ်မယ်"

"တော်သေးတာပေါ့ သားသမီးအလိမ်မာလေးရထားလို့"
ဒေါ်ချောကြည်က ပြုံးစစပြောကာ မီးဖိုထဲကထွက်သွားသည်။စောနရီသည် ပေါင်းအိုးကြီးကို အကြာကြီး ကိုင်နေမိပြီးမှ သက်ပြင်းချလိုက်ကာ လုပ်စရာရှိတာကိုလုပ်တော့သည်။ မောင်ကသူ့ကိုစိတ်များဆိုးသွားသလား။ ဒါပေမဲ့ သူဘယ်လိုလုပ်ပြီး မောင့်ကို စကားစပြောရမလဲ။

အစောပိုင်းမှာပင် နွေဦးမောင်ပြန်လာသည်။ခါးစူးတော့ပြန်မပါလာချေ။ သည်အချိန်ဆိုလျှင်တော့ ခါးစူးက ရွာတစ်ပတ် ပတ်နေပေလိမ့်မည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တေ့တေ့ဆိုင်ဆိုင် မကြည့်ဖြစ်ကြပါ။ တစ်ယောက်ကတစ်နေရာမှာရှိနေလျှင် နောက်တစ်ယောက်ကမကမ်းမလှမ်းတွင် ရှိကာ ကြည့်နေတတ်သည်။

"မောင် ပြန်တော့မယ်နော်။ ဟိုရောက်ရင် စုံစမ်းထားတဲ့ကိစ္စ မောင်ဖုန်းပြန်ဆက်မယ်နော်။ အဲ့အခါကြမှ လိုက်ရင်လိုက်လာပေါ့။ကျောင်းဖွင့်မှသေချာစုံစမ်းလည်းနောက်မကျသေးပါဘူး။အမိုးကျန်းမာရေးကလည်း အရှင်းမပျောက်သေးဘူးမို့လေ"

နွေဦးမောင်က သူ့ကိုမကြည့်ပါပဲ သည်မှာနေရင်းရလိုက်သည့်အဝတ်နှစ်စုံကို အိတ်ထဲ ထည့်ရင်း ပြောလာသည်။ ထိုအခါမှ မောင်ပြန်ရမည့်အကြောင်းအရင်းသည် သူ့အပါးကိစ္စအတွက်ပါလားဟု သတိချပ်မိသွား၏။
တပြိုင်နက်တည်း အားနာစိတ်လည်းဝင်သွားရသည်။ မောင်ကသူ့အပေါ်အမြဲတွေးပေးသည်။
မဆိုင်သည့်ကိစ္စတွေတောင်ကူညီပေးသေးသည်မလား။

"မောင့်ကိုလိုက်မပို့နဲ့တော့နော်။ အမိုးနားပဲနေပေးလိုက်။သတိရရင် ..."

နွေဦးမောင်သည်ပြောနေရင်းတန့်သွားသလို အသံကလည်း တိမ်ဝင်သွားသည်။ သို့သော် ကျောပေးရပ်နေသည့် နရီကတော့ ကြားတန်ကောင်းရဲ့။

"မောင်ပဲဆက်ပါ့မယ်"

စောနရီသည် တစ်ခွန်းမှ ပြန်စကားမဆိုလာတာမို့ နွေဦးမောင်သည် ကျောပြင်အား စက္ကန့်ပိုင်းမျှကြည့်ပြီးနောက် အခန်းထဲကထွက်လာလိုက်သည်။
အမိုးကတော့ အစောလိုက်မပို့ဘူးလားဟု မေးသေးသည်။နွေဦးမောင်သည် ရယ်ရယ်မောမောဖြင့် အကျိုးအကြောင်း ပြန်ချေပလိုက်ပြီး အိမ်ကနေထွက်လာသည်။သို့ထိတိုင် နရီက သူ့အား ထွက်မကြည့်ပါချေ။
သူသိပ်လွန်သွားခဲ့သည်လား။

သို့ပေမဲ့ ခြံပြင်သို့ ခြေငါးလှမ်းမျှ ကျော်ရုံရှိသေး အနောက်ကနေ ခေါ်သံသဲ့သဲ့ကိုကြားရလေသည်။
"ကိုနွေဦးမောင်"

စိမ်းသက်သက်ခေါ်သံ။ အထဲမှာ အမိုးရှိနေတာမို့ အဲ့သည်လိုခေါ်မှန်း သဘောပေါက်ပေမဲ့ ဝမ်းနည်းစိတ်တော့ဖြစ်ရသည်။

ခြံပြင်ကိုထွက်လာသည့် နရီက ခြေဗလာနှင့် ဖြစ်သည်။

"ဘာလို့ဖိနပ်မစီးလာတာလဲ"

"ပိုက်ဆံချေးထားတာ ပြန်ပေးလိုက်ချင်လို့ပါ"

တစ်ထောင်တန်အရွက်ကြီးတွေအထပ်လိုက်ကိုမြင်တော့ နွေဦးမောင် မျက်နှာက ညိုးငယ်သွားရသည်။

"ယူထားလေနရီရဲ့။ မောင်တို့ကငွေရေးကြေးရေးပြောစရာလူလား။"

"ကျွန်တော့်ကိုစိတ်ဆိုးနေတဲ့လူရဲ့ပိုက်ဆံကို ယူထားရမှာလား"

နွေဦးမောင်က မျက်ခုံးကလေးပင့်တက်သွားသည်။
"ဘယ်သူကစိတ်ဆိုးတာလဲ!"

"အဲ့တာ..."

" မောင်လေ..."

စောနရီကခေါင်းကိုငုံ့ထားဆဲဖြစ်ပြီး မျက်လုံးတစ်ချက်လှန်ကြည့်ကာပြောသည်။သူမျက်နှာကတော့သုန်မှုန်နေသည်။
မဟုတ်ရိုးလား။ အိပ်ရာကိုအဝေးပြောင်းတာလဲ သူပဲ၊ ဖုန်းဆက်ဖို့တောင်သူ့ကို မခေါ်ဘူးလေ။ ပြန်ဖို့ကိစ္စကိုလည်း ကြိုတင်အသိမပေးဘဲနဲ့။

နွေဦးမောင်ကလှစ်ခနဲပြုံးလိုက်သည်။
တစ်ခုခုကိုပြောဖို့ကြံရွယ်စဉ်မှာ ခါးစူးက စာအိတ်တစ်ခုကိုကိုင်လျက် သူတို့နားလျှောက်လာလေသည်။

"ဘာလုပ်နေကြတာလဲ"

နွေဦးမောင်သည် ခါးစူးကို အိမ်ထဲဝင်နေစမ်းဟူသော ပုံစံဖြင့်မေးဆတ်ပြလိုက်တော့ ခါးစူးက မဲ့ရှုံ့ပြီး ခြံထဲသို့ပြေးဝင်သွားသည်။

"အဟမ်း... မောင်စိတ်ဆိုးတယ်လို့ ဘယ်သူပြောလဲ... မောင်ကစိတ်မဆိုးသလို၊ လက်လျော့ဖို့လည်း အစီစဉ်လုံးဝမရှိဘူးနော်။ မောင်ပြောဖူးသားပဲ။ မောင်က စောင့်ဆိုင်းရတဲ့နေရာမှာ သိပ်ကိုတော်တဲ့ လူပါလို့။ တစ်နေရာထဲမှာ ရပ်စောင့်မှာမဟုတ်ဘူး။ နရီရှိတဲ့နေရာတိုင်းကိုလိုက်ပြီးစောင့်မှာ။"

နရီက သူ့မျက်နှာကို ခပ်ကြောင်ကြောင်လေးမော့ကြည့်သည်။
"ဘာလို့ ကျွန်တော့်ကိုမှလဲ။ ကျွန်တော်က ထင်သလောက်မကောင်းပါဘူး။"

နွေဦးမောင်သည် နရီ့၏အိပ်ထောင်ထဲသို့ပိုက်ဆံကိုပြန်ထည့်ပေးလိုက်ကာ
"ဒါက မောင်စဉ်းစားရမဲ့အရာ။ နရီကလည်း မောင့်အကြောင်းပဲစဉ်းစား။ မောင်ကလည်း နရီ့အကြောင်းပဲစဉ်းစားမှာ။"

စောနရီ စကားပြန်ပြောဖို့ရန်ဟန်ပြင်စဉ်မှာပဲ အိမ်ထဲကနေဝုန်းခနဲပြိုလဲသံတစ်ခုကိုထင်ထင်ရှားရှားကြားလိုက်ရ၏။ နှစ်ယောက်သား မျက်လုံးချင်းဆုံမိပြီး ချက်ချင်းပင်အိမ်ထဲသို့ပြေးဝင်မိကြသည်။
ဘုရားစင်ရှေ့တွင် အမိုးက ပစ်လဲနေသလို ခါးစူးကလည်း အမိုးအား မတ်တတ်ရပ်ကာကြောင်ကြည့်နေသည်။

စောနရီသည် အမိုးကို ပြေးပွေ့လိုက်သည်။
"အမိုး.. ဘာဖြစ်တာလဲ"

နွေဦးမောင်သည် အမိုးကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ကုပ်ကပ်နေသည့်လက်နှင့်ခြေထောက်များကို ဖြည်ဖို့ရန်ကြိုးစားသည်။ အသက်ကို လုရှူနေရသည်ကိုကြည့်ပြီး
"ခါးစူး... ယပ်ခပ်ပေး"

"အမိုး..သတိထားလေ..နရီ...ဖယ်.."

နွေဦးမောင်ကပင် လေကိုတဝရှူသွင်းလိုက်ပြီး အမိုးပါးစပ်ကို တေ့ကာ လေပေးလိုက်သည်။
တုန်ယင်နေသည့်အမိုး ခန္ဓာကိုယ်ကို ကြည့်ရင်း စောနရီကိုယ်တိုင်လည်း တုန်ယင်နေ၏။

စက္ကန့်ပိုင်းမျှအကြာတွင် မျက်ဖြူလန်နေသည် အမိုး၏မျက်လုံးက ပြန်လည်လာ၏။သူ့မျက်စိရှေ့က စောနရီကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းပင်ငြိမ်ကျသွားတော့သည်။

"အမိုး... မောင်..လုပ်..လုပ်ပါဦး။ ခေါ်လို့မရတော့ဘူး။အမိုး...သတိထားလေ.."

နွေဦးမောင်သည်မတုံ့မဆိုင်းဘဲ အမိုး၏ကိုယ်ကို ကြမ်းပြင်ပေါ်သေချာချပြီး ခေါင်းကို ပြင်လိုက်သည်။ ပြီးနောက် CPR (အရေးပေါ်အသက်ကယ်ဆယ်ခြင်း) ကို စ လုပ်လေသည်။
ရင်ဘတ်ပေါ်ရှိသူ့လက်ဖဝါးများသည် ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားနေသည်။

စောနရီကလည်းနွေဦးမောင်လုပ်သမျှကို တုန်လှုပ်စွာကြည့်နေမိသည်။

နွေဦးမောင်ချွေးများပြန်လာသည်။ နဖူးပေါ်ကပင်ချွေးစက်များက ယိုကျနေ၏။
မိနစ်ပိုင်းမျှကြိုးစားပြီးနောက်ပိုင်းတွင် သူ စောနရီကို အက်ကွဲနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
ထို အကြည့်သည် ဘာကိုရည်ညွှန်းသလဲ စောနရီသိပေသည်။
"နရီ..."

ဟင့်အင်း...သူ့ကိုအဲ့လိုမခေါ်ပါနဲ့လား။

အမိုးဆုံးပြီ။
စောနရီ၏မျက်ရည်များသည် ဖြိုင်ဖြိုင်ကျလာတော့သည်။သူ့မှာ အမိုးပဲရှိတာ။သူ့မှာ ဒီတစ်ယောက်ပဲကျန်ခဲ့တာပါ။

ခါးစူးက၏ ပြူးကြောင်နေ​ေသာမျက်လုံးများတွင် မျက်ရည်တွေကလည်းတားမရစီးမရ။

နွေဦးမောင်က လှိုက်တက်လာသည့် ဝမ်းနည်းမှုများကို ချိုးနှိမ်ရင်း ခေါင်းကိုငုံ့ချလိုက်သည်။ထိုစဉ်မှာပဲ အမိုး၏လက်ထဲတွင်ဆုပ်ကိုင်ထားသော စာရွက်တစ်ရွက်ကို တွေ့လိုက်ရ၏။သူ ထိုစာရွက်ကိုအလျင်အမြန်ပင် ယူလိုက်ကာ စာပါအကြောင်းအရာများကို ရှုပ်ထွေးသောအမူအရာဖြင့်ဖတ်၏။ စာများကိုဖတ်နေရင်း သူ့မျက်နှာက ထိတ်လန့်အံ့ဩဟန်ကို တမဟုတ်ချင်း ပြောင်းသွားလေသည်။

သူစာရွက်ကို လုံးခြေပစ်ဖို့ကြံစဉ်မှာပဲ သူ့လက်ထဲကနေ နရီက ဖြတ်ခနဲယူသွားပြန်သည်။နွေဦးမောင်မတားလိုက်နိုင်။

ထိုစာကိုဖတ်ပြီးနောက်တွင် စောနရီသည်နေရာမှာတင် အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။

°°°°°°°
29.7.2021

(ဒီအပိုင်းကစ အကြောင်းအရာများကို Social media တွင် မတင်ဖို့ရန်မေတ္တာရပ်ခံပါတယ်။ spoil မဖြစ်စေဖို့ပါ)

°°°°°°°

-------

Zawgyi

အဲ့သၫ့္ေန့ကျဖစ္မည္။
အဲ့သၫ့္ေန့ကေပါ့...
အဓိပတိလမ္းက ခမ္းခမ္းနားနား မားမားမတ္မတ္...ျမေရာင္ထေနတဲ့ သစ္ရြက္ေတြကလႈပ္လီလႈပ္လဲ့...
ေဆာင္းရာသီရဲ့ဒီဇင္ဘာမနက္ခင္းတစ္ခုမွာေပါ့။
ခပ္လွမ္းလွမ္းကေနျမင္ရသၫ့္ ၾကည္ေတာက္ေနတဲ့ မ်က္ဝန္းညိုေတြဆီမွာ သူကိုယ္တိုင္ တမင္တကာ ခလုတ္ဝင္တိုက္ခဲ့သည္ေလ။
ပထမဆံုးအႀကိမ္ဟုထင္ခဲ့ေပမဲ့ ဒုတိယအႀကိမ္ျဖစ္ေနခဲ့သည္။ ေမာင္ ဟူေသာနာမည္အဖ်ားဆြတ္ကေလးက သိပ္ကိုကၽြမ္းဝင္ေနေလာက္သည္အထိ သူတို႔ႏွစ္ဦးသားပက္သတ္မႈက ႏွလံုးသားရဲ့ေအာက္ေျခမွာ အျမစ္တြယ္ခဲ့ေနႏွင့္ၿပီးသား။
လက္လႊတ္ဖို႔၊ဥပကၡာျပဳဖို႔ အႀကိမ္တစ္ရာမက ေခါင္းထဲ သံမိႈရိုက္သလို ရိုက္သြင္းခဲ့သည္။
သို႔ေသာ္ ဦးေနွာက္ႏွင့္ႏွလံုးသား ယွဉ္ၿပိဳင္မႈတြင္ ႏွလံုးသားက ဦးေဆာင္လႊမ္းမိုးခဲ့သည္။
ခ်စ္မႈေရးရာမွာ ေနြဦးေမာင္အတြက္ ဒြိဟသံသယ ျဖစ္ဖူးတာမ်ိဳးမရိွခဲ့ဖူးဘူး။
အၿမဲ သိုသိပ္စြာေနခဲ့သၫ့္ငယ္ဘဝမွာ သူ႔အနားရိွေနသၫ့္လူႏွစ္ေယာက္က သူ႔အတြက္ ေမာင္ႏွမရင္းခ်ာပံုစံပဲ။ ဥႆဦးက ခင္လႊမ္းကိုသေဘာက်ေနမွန္းသူသိသလို၊ ခင္လႊမ္းက သူ႔ကို အားကိုးတတ္မွန္းလည္း သူသိသည္။
မႏၲေလးတကၠသိုလ္မွာ မတက္ဘဲ ရန္ကုန္ကို ေရြးခ်ယ္ရသၫ့္အေၾကာင္းအရင္းမွာ သူငယ္ခ်င္းႏွစ္ေယာက္၏အေျခအေနေၾကာင့္လည္းပါခဲ့သည္။ ညီမငယ္လို သေဘာထားသၫ့္ခင္လႊမ္းကို ဥႆႏွင့္ပိုၿပီး အဆင္ေျပေစဖို႔ရန္ ေရွာင္လႊဲလာျခင္းဟုလည္းဆိုရမည္။
သို႔ေပမဲ့ သူထင္ထားသလိုျဖစ္မလာခဲ့ေပ။ဤသည္ကား သူ၏အႀကီးမားဆံုးေနာင္တမ်ားထဲကတစ္ခုပါပင္။

တကၠသိုလ္က အေပါင္းအေဖာ္ေတြၾကားမွာ သူရယ္ေမာခဲ့သည္။ သစ္ရြက္လႈပ္ခတ္သလို အခ်စ္စမ္းၾကသည္မ်ားကို ေဘးကေန ခပ္ႃပံုးႃပံုးထိုင္ၾကည္ဖူးသည္။ မေတာ္တဆဆံုခဲ့ဖူးသၫ့္အၾကၫ့္ေတြကို ဒုတိယံပိ မဆံုေစဖို႔ဂရုစိုက္ခဲ့သည္။ ခ်စ္မႈေရးရာမွာ သူကၽြမ္းဝင္ဖို႔ စိတ္အေျခအေနမရိွခဲ့ေပ။
သူ႔၏ စိတ္အၾကည္ဓာတ္ကေလးကိုမေတြ့ခင္အထိေပါ့။

ခ်စ္ေမတၲာဘယ္ကစလို႔ေမးရင္ ေမာင္က နရီ့မ်က္ဝန္းေတြကို တိတ္တိတ္ေလးေငးရင္းေျဖမွာ...ေမာင့္ရဲ့စိတ္အၾကည္ဓာတ္ကေလးေတြကေနစတာေပါ့လို႔...

ေယာက္်ားတစ္ေယာက္အေပၚ ပထမဆံုးေတြ့ဖူးခ်ိန္မွာ ပထမဆံုးစဲြလမ္းမႈဟာ တရိႈက္မက္မက္ တိုးဝင္ခဲ့သည္။ သတိေပးသံေတြၾကားမွာ သတိခ်ပ္ဖို႔လည္းမေမ့ခဲ့ပါ။အထူးသျဖင့္ အဲ့သၫ့္ေယာက္်ားကေလးကို သတိရဖို႔လည္းမေမ့ခဲ့ပါေပ။ကဗ်ာနဲ႔စာနဲ႔လံုးေထြးခ်ိန္မွာေတာင္ ဖဲြ႔မိတဲ့ကဗ်ာေတြက တစ္ဦးတစ္ေယာက္ကိုရည္ၫႊန္းသၫ့္ ကဗ်ာ ျဖစ္ခဲ့သည္။ စုတ္တံကိုကိုင္ဖို့ တြန္းအားေပးခဲ့သည္ကလည္း ဤခ်စ္ျခင္းတရားပါပဲ။ပန္းခ်ီညံ့တယ္လို႔ ေျပာခံရဖူးတဲ့သူက ပန္းခ်ီတစ္ခ်ပ္ကို စိတ္ပါလက္ပါေရးျခယ္ခဲ့သည္။ဝါသနာအရမဟုတ္လ်ွင္ေတာင္ အမွတ္တမဲ့တစ္ခုကို အမွတ္တရတစ္ခုအျဖစ္ေျပာင္းလဲဖို႔ စိတ္အားထက္သန္မႈက သူ႔ရဲ့လက္ေခ်ာင္းေလးေတြကို ညင္သာလာေစခဲ့သည္။

ေနြဦးေမာင္ဆိုသၫ့္သူက အရာရာတတ္ၿမွောက္ကၽြမ္းက်င္ေနေသာ ျပၫ့္စံုသၫ့္လူတစ္ေယာက္မဟုတ္။
သူ႔မွာလည္း ညံ့ဖ်င္းမႈေတြရိွသည္။သူ႔မွာလည္း ကိန္းဝပ္ေနသၫ့္အရာေတြသိပ္မ်ားသည္မလား။
ေနာင္တတရားေတြရိွသည္။ အဲ့သၫ့္ ေနာင္တတရားေတြကိုလည္း သူေၾကာက္ပါ၏။
ေနာင္တရျခင္း အေၾကာင္းတရား ႏွစ္ခ်က္သာရိွသည္။ မျပဳလုပ္လိုက္မိ၍ေနာင္တရျခင္းႏွင့္ ျပဳလုပ္မိ၍ေနာင္တရျခင္း။

လူေတြရဲ့စံႏႈန္းမွာ မရိွတဲ့ ခ်စ္ျခင္းတရားနဲ႔ နဖူးေတြ့ဒူးေတြ့ႄကံုလာသၫ့္အခါ သူတႏံု႔ႏံု့ေတြးရသည္။ စာနာနားလည္လာရသည္။ ျဖစ္လာမၫ့္အရာေတြကိုႀကိဳတင္တြက္ဆခဲ့ရသည္။
ေနာက္ဆံုးမွာေတာ့ လူေတြသတ္မွတ္ထားတ​ဲ့ စံႏႈန္းကို ဖယ္ၾကဉ္ၿပီး သူကိုယ္တိုင္ သတ္မွတ္လိုက္သၫ့္စံႏႈန္းတစ္ခုရိွလာသည္။
အဲ့သၫ့္စံႏႈန္းတြင္ပါဝင္သၫ့္လူကား။ႏွစ္ေယာက္သာလ်ွင္ရိွသည္။
ေမာင္ႏွင့္နရီ...
ဘယ္သူမွလက္မခံလ်ွင္ေတာင္ ဤစံႏႈန္းအား ေစာနရီဆိုေသာ ေကာင္ငယ္ေလး လက္ခံဖို႔ သူသိပ္ကိုေမ်ွာ္လင့္ခဲ့ပါသည္။

°°°°°°

"ေမာင့္ကို နရီ့အပိုင္အျဖစ္ သတ္မွတ္ခ်င္လား"

ေစာနရီ၏လက္ေခ်ာင္းမ်ားသည္ မသိလိုက္မသိဘာသာ တင္းတင္းဆုပ္မိသြားသည္။
မိုးစက္ရဲ့ရိုက္ခတ္သံေတြက ေျမၾကီးေပၚကိုမွဟုတ္ရဲ့လား။ အဘယ္ေၾကာင့္ သူ႔ေခါင္းကိုျပင္းျပင္းထန္ထန္ရိုက္သၫ့္ႏွယ္ ခံစားေနရမွန္းသူမသိပါေခ်။
မေျပးေနပါဘဲ သူေမာပန္းေနသည္။ အရာအားလံုးကေဝဝါးေနသည္။

"မဟုတ္ဘူး..."

ထိုစကားကိုေျပာဖို႔ရာပင္သူအားယူလိုက္ရသည္။

"မဟုတ္ေသးဘူးေမာင္! မွားေနၿပီ။ ကၽြန္ေတာ္တို႔
မရဘူးေလ"

ေနြဦးေမာင္သည္ စကားတစ္ခြန္းထပ္မဆိုပါဘဲ ေစာနရီ၏စကားသံမ်ားကိုသာ မိုးသံေတြႏွင့္အၿပိဳင္ နားေထာင္ေနသည္။ အႀကိမ္ေပါင္းမနည္း ခတ္ေနသၫ့္မ်က္ေတာင္ေတြကို ႏွစ္သိမ့္ဖို႔ရာ စကားလံုးေတြကို စီေနမိသည္။
ေစာနရီက သူ႔အားေမာ့ၾကၫ့္လာကာ ေခါင္းကိုခါယမ္း၏။

"ကၽြန္ေတာ္တို႔ ေယာက္်ားေလးေတြ။ ေသခ်ာေပါက္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုးက ေယာက္်ားေလးေတြ"

"အင္း။ ေမာင္ေျပာတဲ့စကားေတြရဲ့ ရည္ရြယ္ရာကလည္း ေယာက္်ားေလးျဖစ္တဲ့နရီ့ဆီကိုပါပဲ"

ေစာနရီသည္ ရယ္လိုက္မိသည္။ မေရမရာရယ္လိုက္သၫ့္ဟန္ပင္။
"ေမာင္ စိတ္ထင္ေနတာပါ။ စိတ္ကစားေနတာထင္တယ္။"

ေနြဦးေမာင္သည္ ေနရာမွာတင္ေအးခဲသြားရ၏။
ေတြးထားသၫ့္ စကားလံုးမ်ား၊ ႏွစ္သိမ့္ဖို႔ရန္ စီစဉ္ထားသၫ့္ စကားမ်ားသည္လည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားရ၏။

မိုးဟာ ျဖည္းျဖည္းခ်င္း နည္းလာသည္။ မိုးဖဲြဖဲြေလးသာ က်န္ေတာ့သည္။ ေနြဦးေမာင္၏မ်က္ႏွာတြင္လည္း နာက်င္ရိပ္ေတြထင္ဟပ္ေနသည္။

"ေမာင့္အသက္အရြယ္၊ ေမာင့္စကားလံုးေတြမွာ စိတ္ကစားတယ္လို႔ ထင္ရတဲ့ ေပါ့ပ်က္ပ်က္ျဖစ္စရာမ်ားပါသြားသလားဟင္ နရီ"
သူ႔အသံက ဤမ်ွအေျခအေနတြင္ေတာင္ ႏူးညံ့ေနဆဲပင္။ ေသခ်ာနားေထာင္ၾကၫ့္လ်ွင္ေတာ့စိတ္ထိခိုက္မႈပါဝင္ေနသည္ကိုေတာ့ ခန႔္မွန္းမိႏိုင္သည္။

ထိုအခါမွ ေစာနရီသည္ သူေျပာလိုက္သၫ့္စကား၏အတိမ္အနက္ကိုသေဘာေပါက္သြားမိသည္။ ေမာင္ သူ႔အေပၚထားသၫ့္စိတ္ကို ေစာ္ကားေစလိုတဲ့ဆႏၵမ်ိဳး သူ႔မွာမရိွပါေခ်။သို႔ေပမဲ့လည္း လက္ခံႏိုင္သၫ့္အေျခအေနလည္းမရိွပါ။ ေမာင့္လိုလူက သူလိုလူကို။

ဘဝမွာ ေမာင္နဲ႔ပက္သတ္ၿပီး သူဘာမ်ားေမ်ွာ္လင့္ခဲ့ဖူးပါသလဲ။ မေမ်ွာ္လင့္ရဲတာဆိုလ်ွင္ပိုမွန္ပါလိမ့္မည္။ တစ္သက္လံုး သူ႔စိတ္ေတြကို ကြယ္ဝွက္ထားဖို႔သူေတြးထားခဲ့သည္။လက္ရိွအေျခအေနကို သူနားမလည္ႏိုင္ေလာက္ေအာင္ပင္။ အဘက္ဘက္က ျပၫ့္စံုသၫ့္ေမာင္က သူ႔ကိုယ္သူ မိမိလို လူဆီအပ္ႏွင္းသည္တဲ့။ ကမ႓ာႀကီးက ရူးသြပ္ေနတာလား။ မိမိကရူးေနတာလား။ ဒါမွမဟုတ္ ေမာင္ကမ်ားလား။

"ကၽြန္ေတာ္တို႔က ေယာက္်ားေတြေလ။ ေမာင္ရူးမ်ား သြားၿပီလား။"

ေစာနရီသည္ ထိုစကားအား အရာအားလံုးကိုလႊတ္ခ် လိုက္သလို ေအာ္ေျပာလိုက္မိသည္။
သူမ်က္ဝန္းေတြကအကာအရံတခ်ိဳ႕ေၾကာင့္ေဝဝါးသြားသည္။ ထိုအရာသည္ မ်က္ရည္မ်ားသာ။

"ေမာင္ေတာင္းပန္ပါတယ္။ ေမာင္ အားလံုး စဉ္းစားၿပီးသားပါ။ ေမာင္ နရီ့ကို ဖိအားေပးဖို႔အစီအစဉ္လံုးဝမရိွပါဘူး။ဒါေပမဲ့ ေမာင့္ဆီကေနေတာ့ ထြက္မေျပးပါနဲ႔ေနာ္၊ေမာင္ေတာင္းပန္ပါတယ္။"

ေမာင္က သူ႔ကိုအသနားခံေနျပန္သည္။
အဘက္ဘက္က ျပၫ့္စံုသၫ့္လူက ဘာမွမရိွသၫ့္သူ႔ဆီမွာ အသနားခံေနသည္လား။

ေနြဦးေမာင္သည္ က်လုနီနီးမ်က္ရည္မ်ားကို လက္မျဖင့္ ဖိသုတ္ေပးလိုက္သည္။
ေတာင္းပန္စကားကိုလည္း တတြတ္တြတ္ဆိုေနပါေသးသည္။ေနြဦးေမာင္သိပ္ေၾကာက္သည္။သူ႔ကိုေတာ့ မုန္းသြားမွာကိုေၾကာက္ခဲ့သည္။သို႔ေပမဲ့
ဒီဇာတ္ကို သူအဆံုးထိ ကဖို႔စိတ္ကူးရိွခဲ့သည္ေလ။

°°°°°°
ဘားအံကေနျပန္လာၿပီးေနာက္တြင္ ေနြဦးေမာင္ကပံုမွန္ထက္ပိုၿပီးတိတ္ဆိတ္သြားသည္။ အမိုးကေတာင္ ရန္ျဖစ္ထားတာလားဟုေမးယူရသည္အထိပင္။ ခါးစူးကေတာ့ မုန႔္ႏွင့္အရုပ္၊စာအုပ္မ်ားရၿပီးသည္ႏွင့္ သြက္လက္စြာအိမ္သို႔ျပန္သြား၏။

ညဘက္တြင္ အိပ္ရာခင္းကိုေနြဦးေမာင္ကပင္ သူ႔အိမ္သူ႔ရာ သဖြယ္ခင္းလိုက္၏။ အၿမဲကပ္လ်က္ခင္းေနက် အိပ္ရာႏွစ္ခု က သိသိသာသာပင္ ေဝးကြာလို႔ေနသည္။

ေစာနရီသည္ ေျပာင္းလဲသြားသၫ့္အေျခအေန၌ ေနရခက္လွသည္။ ဘယ္စကားကို ဘယ္ပံု ဆိုရမလဲသူမသိေတာ့ေခ်။ ေမာင္ကလည္း သူ႔ကိုစကားမေျပာပါ။ ႏွစ္ေယာက္ၾကားတြင္ ေလးလံေအးစက္သၫ့္ေရခဲထုႀကီးရိွေနသဖြယ္။

ညသန္းေခါင္ေလာက္တြင္ ေစာနရီ တစ္ေရးႏိုးလာသည္။ေမာင္ရိွရာဘက္ကို ေက်ာေပးအိပ္ခဲ့ေပမဲ့ ႏိုးလာေတာ့ သူမ်က္ႏွာ မူရာက ေမာင့္ဘက္ျခမ္းျဖစ္ေနခဲ့သည္။ သို႔ေပမဲ့ ေျခရင္းတြင္ ပံုထားသၫ့္ေစာင္က လွစ္လွပ္မႈကိုျပေနသည္။
သူ အသာထၿပီး ျပတင္းေပါက္ကို ဖြင့္ၾကၫ့္လိုက္ေတာ့ ၿခံဝတြင္ မတ္တတ္ရပ္ကာ ေဆးလိပ္ေသာက္​ေနသၫ့္ ေမာင့္ကိုေတြ့ရျပန္သည္။ သူျပတင္းေပါက္ကေန တစ်ဆင့္ ေမာင့္ေက်ာျပင္ႏွင့္ ေဆးလိပ္ေငြ့ေတြကိုသာ ေတြေတြေလးၾကၫ့္ေနမိသည္။ ဒြိဟေတြက သူ႔ရင္ထဲတြင္တစ်ဆင့္ၿပီးတစ်ဆင့္တိုးလ်က္ရိွေပသည္။
အနာဂတ္မွာ ေမာင္မရိွလည္းအဆင္ေျပတာပဲလို႔ေတြးထားမိေပမဲ့ ဤကဲ့သို႔ ခဏတာ လွစ္လွပ္မႈနဲ႔တင္ သူယိုင္လဲေတာ့မေယာင္။
ေမာင္ဟာသူ႔ကို ဘယ္အထိမ်ားၫွို႔ငင္ဖို႔စိတ္ကူးရိွေနလဲသူမသိေတာ့ပါ။သူကိုယ္တိုင္ကေကာ ဘယ္ထိ လိုက္ပါဖို႔ စိတ္ကူးေနမိၿပီလဲ။

မနက္ႏိုးလာေတာ့လည္း ေမာင္မရိွပါေပ။

"အမိုး သူဘယ္သြားလဲ"

မီးဖိုထဲတြင္ တကုပ္ကုပ္အလုပ္ရႈပ္ေနေသာ အမိုးကိုေမးမိသည္။

"ဖုန္းသြားဆက္တယ္။"

"ေနရာသိလို႔လား"

"ခါးစူးပါသြားတယ္ေလ။ အေစာ ထတာကိုေစာင့္ပါဦးဆိုတာကိုမေစာင့္ဘဲ ခါးစူးကိုေခၚသြားတာ။"

ေစာနရီ စိတ္ထဲတြင္ဘဝင္မက်ျဖစ္သြားရသည္။ ခါးစူးထက္ သူ႔ကိုေခၚသင့္သည္မဟုတ္လား။

"အမိုးဘာေတြခ်က္ေနတာလဲ"

"သူမျပန္ခင္ ရွမ္းဟင္းထုပ္ လုပ္ကၽြေးလိုက္မို႔"

ေစာနရီသည္ေၾကာင္အသြားရကား
"ဘယ္သူျပန္မွာလဲ "

"ေမာင္ေနြဦးေလ...သားကိုသူမေျပာဘူးလား"

"အာ ေျပာထားပါတယ္ သားေမ့ေနတာ။"

ေမာင္မေျပာထားပါဘူး။ သူကိုယ္တိုင္ပဲ သည္အေျခအေနကို ဆဲြေခၚၿပီး တိတ္တိတ္ေလးထြက္ခြာဖို႔ႀကံေနသည္ထင္ရဲ့။
ေစာနရီသည္ ဝမ္းနည္းလာသၫ့္အေတြးစမ်ားကို ျဖတ္ခ်လိုက္ကာ ေမာေနဟန္ရိွသၫ့္ သူ႔အမိုးဆီကေန ေပါင္းရမၫ့္အိုးကိုယူလိုက္သည္။

"ဘုရားသြားရိွခိုးေတာ့ ။သား ေပါင္းလိုက္မယ္...ေဆးေကာေသာက္ၿပီးၿပီလား"

"ဖယ္ပါ။ အမိုးေပါင္းမယ္။ သြားသြား လမ္းမွာစားဖို႔အသီးေတြ အိတ္ထဲထၫ့္ေပးလိုက္ဦး"

"ခဏေနထၫ့္လည္း မွီပါတယ္။ အမိုးအရင္မီးဖိုေခ်ာင္ထဲကထြက္ေတာ့ သားလုပ္မယ္"

"ေတာ္ေသးတာေပါ့ သားသမီးအလိမ္မာေလးရထားလို႔"
ေဒၚေခ်ာၾကည္က ႃပံုးစစေျပာကာ မီးဖိုထဲကထြက္သြားသည္။ေစာနရီသည္ ေပါင္းအိုးႀကီးကို အၾကာႀကီး ကိုင္ေနမိၿပီးမွ သက္ျပင္းခ်လိုက္ကာ လုပ္စရာရိွတာကိုလုပ္ေတာ့သည္။ ေမာင္ကသူ႔ကိုစိတ္မ်ားဆိုးသြားသလား။ ဒါေပမဲ့ သူဘယ္လိုလုပ္ၿပီး ေမာင့္ကို စကားစေျပာရမလဲ။

အေစာပိုင္းမွာပင္ ေနြဦးေမာင္ျပန္လာသည္။ခါးစူးေတာ့ျပန္မပါလာေခ်။ သည္အခ်ိန္ဆိုလ်ွင္ေတာ့ ခါးစူးက ရြာတစ္ပတ္ ပတ္ေနေပလိမ့္မည္။
သူတို႔ႏွစ္ေယာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေတ့ေတ့ဆိုင္ဆိုင္ မၾကၫ့္ျဖစ္ၾကပါ။ တစ္ေယာက္ကတစ္ေနရာမွာရိွေနလ်ွင္ ေနာက္တစ္ေယာက္ကမကမ္းမလွမ္းတြင္ ရိွကာ ၾကၫ့္ေနတတ္သည္။

"ေမာင္ ျပန္ေတာ့မယ္ေနာ္။ ဟိုေရာက္ရင္ စံုစမ္းထားတဲ့ကိစၥ ေမာင္ဖုန္းျပန္ဆက္မယ္ေနာ္။ အဲ့အခါၾကမွ လိုက္ရင္လိုက္လာေပါ့။ေက်ာင္းဖြင့္မွေသခ်ာစံုစမ္းလည္းေနာက္မက်ေသးပါဘူး။အမိုးက်န္းမာေရးကလည္း အရွင္းမေပ်ာက္ေသးဘူးမို႔ေလ"

ေနြဦးေမာင္က သူ႔ကိုမၾကၫ့္ပါပဲ သည္မွာေနရင္းရလိုက္သၫ့္အဝတ္ႏွစ္စံုကို အိတ္ထဲ ထၫ့္ရင္း ေျပာလာသည္။ ထိုအခါမွ ေမာင္ျပန္ရမၫ့္အေၾကာင္းအရင္းသည္ သူ႔အပါးကိစၥအတြက္ပါလားဟု သတိခ်ပ္မိသြား၏။
တၿပိဳင္နက္တည္း အားနာစိတ္လည္းဝင္သြားရသည္။ ေမာင္ကသူ႔အေပၚအၿမဲေတြးေပးသည္။
မဆိုင္သၫ့္ကိစၥေတြေတာင္ကူညီေပးေသးသည္မလား။

"ေမာင့္ကိုလိုက္မပို႔နဲ႔ေတာ့ေနာ္။ အမိုးနားပဲေနေပးလိုက္။သတိရရင္ ..."

ေနြဦးေမာင္သည္ေျပာေနရင္းတန႔္သြားသလို အသံကလည္း တိမ္ဝင္သြားသည္။ သို႔ေသာ္ ေက်ာေပးရပ္ေနသၫ့္ နရီကေတာ့ ၾကားတန္ေကာင္းရဲ့။

"ေမာင္ပဲဆက္ပါ့မယ္"

ေစာနရီသည္ တစ္ခြန္းမွ ျပန္စကားမဆိုလာတာမို႔ ေနြဦးေမာင္သည္ ေက်ာျပင္အား စကၠန႔္ပိုင္းမ်ွၾကၫ့္ၿပီးေနာက္ အခန္းထဲကထြက္လာလိုက္သည္။
အမိုးကေတာ့ အေစာလိုက္မပို႔ဘူးလားဟု ေမးေသးသည္။ေနြဦးေမာင္သည္ ရယ္ရယ္ေမာေမာျဖင့္ အက်ိဳးအေၾကာင္း ျပန္ေခ်ပလိုက္ၿပီး အိမ္ကေနထြက္လာသည္။သို႔ထိတိုင္ နရီက သူ႔အား ထြက္မၾကၫ့္ပါေခ်။
သူသိပ္လြန္သြားခဲ့သည္လား။

သို႔ေပမဲ့ ၿခံျပင္သို႔ ေျခငါးလွမ္းမ်ွ ေက်ာ္ရံုရိွေသး အေနာက္ကေန ေခၚသံသဲ့သဲ့ကိုၾကားရေလသည္။
"ကိုေနြဦးေမာင္"

စိမ္းသက္သက္ေခၚသံ။ အထဲမွာ အမိုးရိွေနတာမို႔ အဲ့သည္လိုေခၚမွန္း သေဘာေပါက္ေပမဲ့ ဝမ္းနည္းစိတ္ေတာ့ျဖစ္ရသည္။

ၿခံျပင္ကိုထြက္လာသၫ့္ နရီက ေျခဗလာႏွင့္ ျဖစ္သည္။

"ဘာလို႔ဖိနပ္မစီးလာတာလဲ"

"ပိုက္ဆံေခ်းထားတာ ျပန္ေပးလိုက္ခ်င္လို႔ပါ"

တစ္ေထာင္တန္အရြက္ႀကီးေတြအထပ္လိုက္ကိုျမင္ေတာ့ ေနြဦးေမာင္ မ်က္ႏွာက ညိုးငယ္သြားရသည္။

"ယူထားေလနရီရဲ့။ ေမာင္တို႔ကေငြေရးေၾကးေရးေျပာစရာလူလား။"

"ကၽြန္ေတာ့္ကိုစိတ္ဆိုးေနတဲ့လူရဲ့ပိုက္ဆံကို ယူထားရမွာလား"

ေနြဦးေမာင္က မ်က္ခံုးကေလးပင့္တက္သြားသည္။
"ဘယ္သူကစိတ္ဆိုးတာလဲ!"

"အဲ့တာ..."

" ေမာင္ေလ..."

ေစာနရီကေခါင္းကိုငံု႔ထားဆဲျဖစ္ၿပီး မ်က္လံုးတစ္ခ်က္လွန္ၾကၫ့္ကာေျပာသည္။သူမ်က္ႏွာကေတာ့သုန္မႈန္ေနသည္။
မဟုတ္ရိုးလား။ အိပ္ရာကိုအေဝးေျပာင္းတာလဲ သူပဲ၊ ဖုန္းဆက္ဖို႔ေတာင္သူ႔ကို မေခၚဘူးေလ။ ျပန္ဖို႔ကိစၥကိုလည္း ႀကိဳတင္အသိမေပးဘဲနဲ႔။

ေနြဦးေမာင္ကလွစ္ခနဲႃပံုးလိုက္သည္။
တစ္ခုခုကိုေျပာဖို႔ႀကံရြယ္စဉ္မွာ ခါးစူးက စာအိတ္တစ္ခုကိုကိုင္လ်က္ သူတို႔နားေလ်ွာက္လာေလသည္။

"ဘာလုပ္ေနၾကတာလဲ"

ေနြဦးေမာင္သည္ ခါးစူးကို အိမ္ထဲဝင္ေနစမ္းဟူေသာ ပံုစံျဖင့္ေမးဆတ္ျပလိုက္ေတာ့ ခါးစူးက မဲ့ရႈံ႔ၿပီး ၿခံထဲသို႔ေျပးဝင္သြားသည္။

"အဟမ္း... ေမာင္စိတ္ဆိုးတယ္လို႔ ဘယ္သူေျပာလဲ... ေမာင္ကစိတ္မဆိုးသလို၊ လက္ေလ်ာ့ဖို႔လည္း အစီစဉ္လံုးဝမရိွဘူးေနာ္။ ေမာင္ေျပာဖူးသားပဲ။ ေမာင္က ေစာင့္ဆိုင္းရတဲ့ေနရာမွာ သိပ္ကိုေတာ္တဲ့ လူပါလို႔။ တစ္ေနရာထဲမွာ ရပ္ေစာင့္မွာမဟုတ္ဘူး။ နရီရိွတဲ့ေနရာတိုင္းကိုလိုက္ၿပီးေစာင့္မွာ။"

နရီက သူ႔မ်က္ႏွာကို ခပ္ေၾကာင္ေၾကာင္ေလးေမာ့ၾကၫ့္သည္။
"ဘာလို႔ ကၽြန္ေတာ့္ကိုမွလဲ။ ကၽြန္ေတာ္က ထင္သေလာက္မေကာင္းပါဘူး။"

ေနြဦးေမာင္သည္ နရီ့၏အိပ္ေထာင္ထဲသို႔ပိုက္ဆံကိုျပန္ထၫ့္ေပးလိုက္ကာ
"ဒါက ေမာင္စဉ္းစားရမဲ့အရာ။ နရီကလည္း ေမာင့္အေၾကာင္းပဲစဉ္းစား။ ေမာင္ကလည္း နရီ့အေၾကာင္းပဲစဉ္းစားမွာ။"

ေစာနရီ စကားျပန္ေျပာဖို႔ရန္ဟန္ျပင္စဉ္မွာပဲ အိမ္ထဲကေနဝုန္းခနဲၿပိဳလဲသံတစ္ခုကိုထင္ထင္ရွားရွားၾကားလိုက္ရ၏။ ႏွစ္ေယာက္သား မ်က္လံုးခ်င္းဆံုမိၿပီး ခ်က္ခ်င္းပင္အိမ္ထဲသို႔ေျပးဝင္မိၾကသည္။
ဘုရားစင္ေရ႔ွတြင္ အမိုးက ပစ္လဲ​ေနသလို ခါးစူးကလည္း အမိုးအား မတ္တတ္ရပ္ကာေၾကာင္ၾကၫ့္ေနသည္။

ေစာနရီသည္ အမိုးကို ေျပးေပြ့လိုက္သည္။
"အမိုး.. ဘာျဖစ္တာလဲ"

ေနြဦးေမာင္သည္ အမိုးကို ေျခဆံုးေခါင္းဆံုးၾကၫ့္ကာ ကုပ်ကပ်​ေနသၫ့္လက္ႏွင့္ေျခေထာက္မ်ားကို ျဖည္ဖို႔ရန္ႀကိဳးစားသည္။ အသက္ကို လုရႉေနရသည္ကိုၾကၫ့္ၿပီး
"ခါးစူး... ယပ္ခပ္ေပး"

"အမိုး..သတိထားေလ..နရီ...ဖယ္.."

ေနြဦးေမာင္ကပင္ ေလကိုတဝရႉသြင္းလိုက္ၿပီး အမိုးပါးစပ္ကို ေတ့ကာ ေလေပးလိုက္သည္။
တုန္ယင္ေနသၫ့္အမိုး ခႏၶာကိုယ္ကို ၾကၫ့္ရင္း ေစာနရီကိုယ္တိုင္လည္း တုန္ယင္ေန၏။

စကၠန႔္ပိုင္းမ်ွအၾကာတြင္ မ်က္ျဖဴလန္ေနသည္ အမိုး၏မ်က္လံုးက ျပန္လည္လာ၏။သူ႔မ်က္စိေရ႔ွက ေစာနရီကို တစ္ခ်က္ၾကၫ့္ၿပီးေနာက္ ခ်က္ခ်င္းပင္ၿငိမ္က်သြားေတာ့သည္။

"အမိုး... ေမာင္..လုပ္..လုပ္ပါဦး။ ေခၚလို႔မရေတာ့ဘူး။အမိုး...သတိထားေလ.."

ေနြဦးေမာင္သည္မတံု႔မဆိုင္းဘဲ အမိုး၏ကိုယ္ကို ၾကမ္းျပင္ေပၚေသခ်ာခ်ၿပီး ေခါင္းကို ျပင္လိုက္သည္။ ၿပီးေနာက္ CPR (အေရးေပၚအသက္ကယ္ဆယ္ျခင္း) ကို စ လုပ္ေလသည္။
ရင္ဘတ္ေပၚရိွသူ႔လက္ဖဝါးမ်ားသည္ ကၽြမ္းက်င္ပိုင္ႏိုင္စြာ လႈပ္ရွားေနသည္။

ေစာနရီကလည္းေနြဦးေမာင္လုပ္သမ်ွကို တုန္လႈပ္စြာၾကၫ့္ေနမိသည္။

ေနြဦးေမာင္ခၽြေးမ်ားျပန္လာသည္။ နဖူးေပၚကပင္ခၽြေးစက္မ်ားက ယိုက်ေန၏။
မိနစ္ပိုင္းမ်ွႀကိဳးစားၿပီးေနာက္ပိုင္းတြင္ သူ ေစာနရီကို အက္ကဲြေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကၫ့္လိုက္၏။
ထို အၾကၫ့္သည္ ဘာကိုရည္ၫႊန္းသလဲ ေစာနရီသိေပသည္။
"နရီ..."

ဟင့္အင္း...သူ႔ကိုအဲ့လိုမေခၚပါနဲ႔လား။

အမိုးဆံုးၿပီ။
ေစာနရီ၏မ်က္ရည္မ်ားသည္ ၿဖိဳင္ၿဖိဳင္က်လာေတာ့သည္။သူ႔မွာ အမိုးပဲရိွတာ။သူ့မွာ ဒီတစ္ေယာက္ပဲက်န္ခဲ့တာပါ။

ခါးစူးက၏ ျပဴးေၾကာင္ေန​ေသာမ်က္လံုးမ်ားတြင္ မ်က္ရည္ေတြကလည္းတားမရစီးမရ။

ေနြဦးေမာင္က လိႈက္တက္လာသၫ့္ ဝမ္းနည္းမႈမ်ားကို ခ်ိဳးႏိွမ္ရင္း ေခါင္းကိုငံု႔ခ်လိုက္သည္။ထိုစဉ္မွာပဲ အမိုး၏လက္ထဲတြင္ဆုပ္ကိုင္ထားေသာ စာရြက္တစ္ရြက္ကို ေတြ့လိုက္ရ၏။သူ ထိုစာရြက္ကိုအလ်င္အျမန္ပင္ ယူလိုက္ကာ စာပါအေၾကာင္းအရာမ်ားကို ရႈပ္ေထြးေသာအမူအရာျဖင့္ဖတ္၏။ စာမ်ားကိုဖတ္ေနရင္း သူ႔မ်က္ႏွာက ထိတ္လန႔္အံ့ဩဟန္ကို တမဟုတ္ခ်င္း ေျပာင္းသြားေလသည္။

သူစာရြက္ကို လံုးေျခပစ္ဖို႔ႀကံစဉ္မွာပဲ သူ႔လက္ထဲကေန နရီက ျဖတ္ခနဲယူသြားျပန္သည္။ေနြဦးေမာင္မတားလိုက္ႏိုင္။

ထိုစာကိုဖတ္ၿပီးေနာက္တြင္ ေစာနရီသည္ေနရာမွာတင္ အရုပ္ႀကိဳးျပတ္လဲက်သြားေတာ့သည္။

°°°°°°°

29.7.2021

(ဒီအပိုင္းကစ အေၾကာင္းအရာမ်ားကို Social media တြင္ မတင္ဖို႔ရန္ေမတၲာရပ္ခံပါတယ္။ spoil မျဖစ္ေစဖို႔ပါ)






























Continue Reading

You'll Also Like

6.6K 427 194
Ez egy random hülyesegem
4.5M 516K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
334K 26.6K 29
Mini Story Uni Life Style Sweet Romance
2.5M 247K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...