Uni
💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞
Ep 11
ခွဲစိတ်ခန်းရှေ့တွင်ရှိသော ခုံတန်းလေးပေါ်တွင်... ခေါင်းငိုက်စိုက်ကျကာ ဈာန်ဦးထိုက်ထိုင်နေမိသည်။
"သခင်လေး! ပိစိ.. ပိစိလေး ဘယ်လိုဖြစ်ရတာလဲ"
ဒေါ်နန်းသူဇာတယောက် ဆေးရုံဝန်းထဲသို့ပြေးဝင်လာပြီး မျက်ရည်လည်ရွှဲဖြင့် ဈာန်ဦးထိုက်ထံသို့... မေးခွန်းထုတ်သည်။ ဈာန်ဦးထိုက်လဲ ထိုင်နေရာမှ မတ်တက်ရပ်ကာ ခုံနေရာလွတ်တွင် ဒေါ်နန်းသူဇာကို ထိုင်ခိုင်းစေသည်... ။ဦးခန့်မာန်ကတော့ ဈာန်ဦးထိုက်၏ ပခုံးကိုဆုပ်ကိုင်ကာ နှစ်သိမ့်အားပေးဟန်ပြုသည်....။
"ကျွန်... ကျွန်တော့်ကြောင့်ပါ... ပိစိ ခုလိုဖြစ်ရတာ ကျွန်တော့်အပစ်ပါဗျာ ဟင့် ဟီး"
ယောက္ခမဖြစ်သူ၏ အရှေ့တွင် ဒူးထောက် ထိုင်ချကာ ငို၍ပြောသောသူ့ကို ဒေါ်နန်းသူဇာက မျက်ရည်သုတ်ပေးသည်..။
"အဲ့.. အဲ့လိုမပြောပါနဲ့ကွယ်... သခင်လေးရဲ့ အပြစ်မဟုတ်ပါဘူး... ကံစီမံရာပေါ့ အဟင့်""
ဒေါ်နန်းသူဇာဟာ မည်သူကိုမျှအပြစ်မဖွဲ့ပဲ သဘောထားပြည့်ဝစွာ သူ့ကို ခွင့်လွှတ်ပေးတာမို့... ဈာန်ဦးထိုက်လဲ ဒေါ်နန်းသူဇာကို ဖက်ကာ ပို၍ငိုမိသည်...။
"တောင်းပန်ပါတယ်.. ပိစိကို... ပိစိကို ကျွန်တော်မစောင့်ရှောက်နိုင်ခဲ့ဖူး"
"ဖြစ်ပြီးတာတွေမပြောပါနဲ့တော့ သခင်လေးဈာန်ဦးထိုက်ရယ် အခု သားရှိုင်းရဲ့ အခြေနေ ဘယ်လိုရှိလဲ"
ဦးခန့်မာန်က မေးတော့ ဈာန်ဦးထိုက်လဲ ဒူးထောက်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်...။
"ခွဲခန်းထဲရောက်နေတာ ကြာပြီ ခုထိပိစိရဲ့အခြေနေကို မသိရသေးဘူး.... ပိစိသာ တခုခုဖြစ်ရင် ကျွန်တော်ရင်ကဲွဲပြီးသေမှာ ဟင့် "
ဦးခန့်မာန်ဟာ သားမက်ဖြစ်သူ၏ ပူဆွေးသောကကိုမကြည့်ရက်စွာ သက်ပြင်းဖွဖွချမိပါသည်...။ သခင်လေးဈာန်ဦးထိုက်ဟာ သူတို့သားလေးကို ကြည်ပြာဆိုသည့်မိန်းကလေးနေရာတွင် အစားထိုးခဲ့တာမဟုတ်မှန်း... ရှိုင်းမာန်ခအပေါ်တွင် ဈာန်ဦးထိုက်၏ ဂရုစိုက်ပုံတွေကိုကြည့်ကာ...သူအကဲခတ်တတ်ပါသည်... ။ အခုချိန်မှာတော့ သူတို့ရဲ့သားလေး ဘာမှမဖြစ်စေရန်သာ ဆုတောင်းရုံပဲတတ်နိုင်သည်မဟုတ်ပါလား....။
"သား...သားကြီး သားငယ်လေး အခြေနေဘယ်လိုရှိလဲ"
ဆေးရုံထဲပြေးဝင်လာသော ထည်ဝါမိသားစုကြောင့် ဒေါ်နန်းသူဇာလဲထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။ ရှိုင်းမာန်ခကို ကားတိုက်ခံရသည်ကြားတော့ ဒေါ်ခင်နွယ်ဟာ သတိလစ်ကာလဲကျသွားသေးသည်... ။သားအရင်းဖြစ်သူဈာန်ဦးထိုက်ထက် သားမက်ဖြစ်သူရှိုင်းမာန်ခကိုသာ ထည်ဝါမိသားစုဟာ ပို၍ချစ်သည်... ။ထည်ဝါမိသားစုနဲ့အတူ ယမံုပါ လိုက်ပါလာသည်....။
"အကိုထိုက် ကျွန်မတောင်းပန်ပါတယ်"
လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းပွတ်ချေကာ ဈာန်ဦးထိုက်ကို သူမက တောင်းပန်စကားပြောလာသည်.... ။ဈာန်ဦးထိုက်လဲ သူမကို ဒေါသမျက်ဝန်းများဖြင့်စိုက်ကြည့်ကာ... သူမ၏လည်ပင်းသို့ လက်တဖက်ဖြင့်ညှစ်လိုက်ပြီး....
"ငါ့ရဲ့ယောက်ျား အခုလိုဖြစ်ရတာ မင်းကြောင့်! "
ဈာန်ဦးထိုက်ဟာ ယမုံဆိုသည့်မိန်းကလေး၏ လည်စိကိုလက်တဖက်ထဲဖြင့်ဆွဲညှစ်ကာ .. လက်ကိုအနည်းငယ်မြှောက်ရင်း ဒေါသကြီးစွာပြောတာမို့ ယမုံဟာ သူမ၏လည်ပင်းကိုညှစ်ထားသော ... ဈာန်ဦးထိုက်၏လက်ကို သူမ၏လက်တွေဖြင့်ထုရိုက်ရင်း လေပေါ်တွင်ခြေကားယားလက်ကားယားဖြစ်နေ၏။
"အစ်... အစ်!!"
"သား....လွှတ်ပေးလိုက်ပါ"
"သခင်လေး မလုပ်ပါနဲ့"
"ကိုကိုကြီး စိတ်လျော့ပါ အစ်မယမုံသေတော့မယ်"
ဈာန်ဦးထိုက်၏ လည်ပင်းညှစ်မှုကြောင့် မျက်လုံးပြူးကာ အသက်ရှူကြပ်နေ၍ ရုန်းကန်နေသော ယမုံကိုကြည့်ကာ.... အကုန်လုံးတားနေပါသော်လည်း... ဈာန်ဦးထိုက်ဟာ သူမအား လွှတ်ပေးခြင်းမရှိပေ။
"ငါ့ယောက်ျားကိုသာဆုံးရှုံးရရင် မင်းလဲအသက်ရှင်လျက်နေရမယ်မထင်နဲ့ယမုံ... မင်းမျက်နှာကိုငါမတွေ့ချင်ဘူး ခုချက်ချင်းငါ့ရှေ့ကထွက်သွား!!"
လည်ပင်းညှစ်ထားကို လွှတ်ချလိုက်တော့... ယမံုတယောက် ကြမ်းပြင်ပေါ်သို့ ထိုင်လျက်ပြုတ်ကျသွားပြီး... နာကျင်နေသော လည်ပင်းကိုပွတ်သပ်နေ၏....။
"အစ်မယမုံ ဒီလောက်နဲ့ပြန်ပါတော့.. ခုချိန်မှာ ကိုကိုကြီးရဲ့ စိတ်အခြေနေက ကောင်းတဲ့ဘက်မှာရှိမနေဘူး"
ဈာန်မေရှားက ပြောလိုက်တော့ ယမံုဟာ ခေါင်းငြိမ့်ပြကာ ဆေးရုံထဲမှပြန်ထွက်သွားသည်....။ ထိုစဥ်ခွဲခန်းထဲမှ ဆရာဝန်ထွက်လာသည် .....။
"ဒေါက်တာ... ကျွန်တော့်ယောက်ျားအခြေနေဘယ်လိုရှိလဲသိပါရစေ"
"ဝမ်းနည်းပါတယ်ဗျာ... ကျွန်တော်တို့အကောင်းဆုံးကြိုးစားပေမယ့် လူနာရဲ့အသက်ကို မကယ်တင်နိုင်ခဲ့ပါဘူး.. လူနာသေဆုံးချိန် မနက်8နာရီမိနစ်20ပါ"
ဒေါက်တာ၏စကားအဆုံး ဈာန်ဦးထိုက်တယောက် ဆေးရုံကြမ်းပြင်တွင်.... အရုပ်ကြိုးပျက်သလိုထိုင်ချမိသည် ...။ ရှိုင်းမာန်ခ၏မိခင်ဖြစ်သူ ဒေါ်နန်းသူဇာဟာ ငိုသံမထွက်အောင် လက်သီးဆုပ်ကို ကိုက်ထားပြီး ကြိတ်ငိုရှာသည် ... ။ဒေါ်ခင်နွယ်ကတော့ ရှိုက်ကြီးတငင်ငိုကြွေးနေပြီး ဈာန်မေရှားကတော့ ကတော့ သူမ၏မိခင်ဖြစ်သူ လဲကျသွားမည်စိုးကာ ပွေ့ဖက်ထားသည်... ။ဦးခန့်မာန်နဲ့ဦးဈာန်သစ်ကတော့ သက်ပြင်းကိုယ်စီချလျက်.... မိသားစုနှစ်စုလုံး အပူမီးဝိုင်းနေကြသည်။ ဆရာဝန်ထွက်သွားသည့်အခါ အဝတ်ဖြူဖြင့်အုပ်ထားသော ရှိုင်းမာန်ခ၏ ရုပ်လောင်းကို တွန်းလှဲပေါ်တင်ကာ ဆွဲထုတ်လာကြသည်... ။
"ပိစိ... ကလေးလေး... ကိုယ့်ကိုထားခဲ့ပြီလား.. ဟင့်. ဟီးး"
တွန်းလှည်းနောက်ပြေးလိုက်ကာ... အဝတ်ဖြူကိုဆွဲလှန်ပြီး ယောက်ျားပေါက်စ၏ ရင်ဘတ်လေးပေါ် မျက်နှာအပ်ကာ.. ဈာန်ဦးထိုက် ငိုေနမိသည်...။
ပိန်းပိတ်အောင်မှောက်မဲနေသော အမှောင်ထုကြီးထဲတွင်... ရှိုင်းမာန်ခ လမ်းပျောက်နေမိသည်....။
" ဒီမှာ ဘယ်သူရှိလဲခင်ဗျာ... တယောက်ယောက် များမရှိဘူးလားဗျာ"
သူ မည်မျှပင်ခေါ်နေပါစေ ထူးမယ့်သူမရှိ ...။ တဖြေးဖြေးကြောက်ရွံစိတ်တွေကြီးစိုးလာသည် .. ။ရှိုင်းမာန်ခလဲ ဒူးလေးပိုက်ကာ ထိုင်ချ၍ငိုမိသည်... ။
"ပိစိလေး........ ကလေးလေး"
အမှောင်ထုထဲမှာ ကြားလိုက်ရသော ယောက်ျားဖြစ်သူ၏ ခေါ်သံကြောင့် ရှိုင်းမာန်ခ အားတက်သွားသည်...။
"လူကြီး... လူကြီးလားဟင်... အင့်... လူကြီး ကျွန်တော့်ကိုကယ်ပါဦး... ဟင့် "
ရှိုင်းမာန်ခလဲ မျက်ရည်တွေကိုသုတ်ပြီး.. အသံကြားရာသို့ နားစွင့်ကာ လိုက်ရှာနေမိသည်....။
"ကလေး... ကလေးးး... ပိစိရေ..."
"ဟင့် လူကြီး... ဘယ်မှာလဲ... ကျွန်တော်ကြောက်တယ်"
ရှိုင်းမာန်ခတယောက် အသံကြားရာသို့ မှန်းဆလျှောက်ရင်း... အမှောင်ထုထဲတွင် တောက်ပစွာ ဖြာထွက်နေသော အလင်းတန်းကြီးတခုကိုတွေ့လိုက်ရသည် ....။ အလင်းရောင်၏ တောက်ပမှုဟာ မျက်စိကျိန်းလောက်တာမို့... ရှိုင်းမာန်ခလဲ သူ့ရဲ့လက်ဖဝါးနှစ်ဖက်ဖြင့် မျက်လုံးများကို ကာလိုက်မိသည်... ။ထို့နောက် အလင်းရောင်ထဲသို့ တဖြည်းဖြည်း တိုးဝင်လိုက်သည် ...။
ရုတ်တရက် မတ်ဖြစ်သူ၏လက်ချောင်းတွေလှုပ်လာသည်ကိုမြင်တော့ ဈာန်မေရှားမျက်ဝန်များဝိုင်းစက်ကာအံ့ဩသွားရသည်။
"ကိုကိုကြီး မတ်လေး လက်ချောင်းတွေလှုပ်လာတယ်"
ညီမဖြစ်သူ၏ စကားကြောင့် ဈာန်ဦးထိုက်လဲငိုနေရာမှခေါင်းထောင်ကြည့်လိုက်တော့ အမှန်တကယ်ပင်ဖြစ်သည် ...။
"ကျွန်မတို့ဆရာဝန်ကြီးကိုသွားခေါ်လိုက်ပါဦးမယ်... ခင်ခင် နင်က လူနာကို ရိုးရိုးလူနာဆောင်ကိုခေါ်သွားလိုက်ပါ"
နပ်စ်မ များကလဲ ပြာပြာသလဲဖြင့် ဆရာဝန်ကိုသွားခေါ်ကြပြီး.. ခင်ခင်ဆိုတဲ့နပ်္စ်နဲ့အတူ ဈာန်ဦးထိုက်တို့အားလုံး ရှိုင်းမညန်ခကို ခေါ်ဆောင်သွားရာ... ရိုးရိုးလူနာဆောင်သို့ လိုက်သွားကြသည်...။ မိနစ်အနည်းငယ်ကြာတော့ ဆရာဝန်ကြီးက အပြေးလာကာ ရှိုင်းမာန်ခအား စမ်းသပ်ကြည့်သည် ...။
"ဆန်းကြယ်တဲ့ဖြစ်ရပ်လို့်ပြောရမလား လူနာရဲ့ကံကောင်းမှုလို့်ပဲပြောရမလားမသိတော့ပါဘူး... ကျွန်တော်တို့ဆေးရုံမှာ ဒီလိုဖြစ်ရပ်တခါမှမကြုံဖူးဘူး. ဒါပထမဆုံးပဲဗျာ"
ဆရာဝန်ကြီးက ပြုံးရွှင်သောမျက်နှာထားဖြင့်ပြောတာမို့ ဈာန်ဦးထိုင်နှင့်အတူ အားလုံး၏ မျက်နှာထက်တွင်အပြုံးပန်းဝေဆာသွား၏။
"ဒါဆို သားငယ်အခြေနေက ဘယ်လိုရှိလဲဒေါက်တာ"
"စိတ်ချရပါပြီ... လူနာက ဆေးအရှိန်နဲ့ အခုအိပ်ပျော်နေတာပါ "
" ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်"
ဒေါက်တာထွက်သွားတော့မှ ဈာန်ဦးထိုက်လဲ ရှိုင်းမာန်ခ လဲလျောင်းနေရာ... လူနာကုတင်ဘေးတွင်ဝင်ထိုင်ကာ.. ကလေးငယ်၏ လက်လေးကိုဆုပ်ကိုင်ထားမိသည်..။
"မာမီတို့ဒယ်ဒီတို့အားလုံး အိမ်ပြန်နားလိုက်ပါလား.. ကလေးလဲ အဆင်ပြေနေပြီဆိုတော့ သားပဲစောင့်လိုက်ပါ့မယ်"
" ဒါဆို မာမီတို့သွားတော့မယ်နော်..သားလတ်ရဲ့ ဆေးရုံဂျူတီချိန်လဲရှိနေတော့နောက်ကျမှာစိုးလို့ပါ... ပြီးရင် သမီးငယ်ကို ထမင်းဟင်းချက်ပြီး လာပို့ခိုင်းလိုက်မယ် လိုအပ်တာတွေလဲထည့်ပေးလိုက်မယ်နော်"
ဒေါ်ခင်နွယ်ကပြောတော့ ဈာန်ဦးထိုက်လဲခေါင်းငြိမ့်ပြလိုက်ရင်း...
"ဟုတ်ကဲ့မာမီ ဂရုစိုက်ပြီးပြန်ကြပါ"
"အစ်မတို့်လင်မယားလဲ ကျွန်မတို့နဲ့အတူ လိုက်ပြန်ကြလေနော်"
ဒေါ်ခင်နွယ်က ဒေါ်နန်းသူဇာတို့ကိုပါ သူမတို့နှင့်အတူပြန်ရန်ပြောလာသည်မို့ ဒေါ်နန်းသူဇာတို့လင်မယားလဲ အတူပြန်ရန်လက်ခံလိုက်သည်။
"ကောင်းပြီ ညီမ ဒါဆို သွားကြရအောင်"
အားလုံးပြန်သွားတော့မှ ဈာန်ဦးထိုက်လဲ ပတ်တီးစီးထားတဲ့ ရှိုင်းမာန်ခ၏ နဖူးလေးကိုနမ်းရင်း...
" ကျေးဇူးတင်ပါတယ် ကလေးငယ်.... ကိုယ့်ကိုခွဲမသွားလို့ တကယ် ကျေးဇူးတင်ပါတယ်"
ဈာန်ဦးထိုက်လဲ ပင်ပန်းထားသည့်အရှိန်ကြောင့် ... ယောက်ျားပေါက်စရဲ့ လက်လေးကိုဆုပ်ကိုင်ရင်း ... ကုတင်ပေါ်တွင်ခေါင်းမှောက်ကာ အိပ်စက်လိုက်သည်...။
"သခင်လေးဈာန်ဦးထိုက် ထတော့ "
အိပ်စက်နေရင်းလှုပ်နှိုးခံရမှုကြောင့် ဈာန်ဦးထိုက် မျက်လုံးဖွင့်ကြည့်လိုက်တော့... နောက်တနေ့ကူးသွားပြီဖြစ်ပြီး သူ့ယောက္ခမဖြစ်သူနဲ့ သူ့ရဲ့မိခင်ရော ညီမဖြစ်သူပါ ဆေးရုံသို့ ရောက်နေခြင်းဖြစ်သည်... ။ ယောက်ျားပေါက်စကို ကြည့်လိုက်တော့ သူ့ကို မျက်ထောင့်နီကြီးဖြင့်စူပုပ်ကာ စိုက်ကြည့်နေသည်...။
"ပိစိလေး ဘယ်တုန်းက သတိရလာတာလဲ "
"ဟွန့်!!"
ဈာန်ဦးထိုက်ဝမ်းသာအားရမေးလိုက်တော့ မျက်နှာကိုတဖက်လွှဲသွားပါသော အသည်းအသက်လေးကြောင့် ဈာန်ဦးထိုက် စိတ်မကောင်းဖြစ်သွားသည်... ။ကလေးက သူ့ကိုတောင်မမြင်ချင်တော့ဘူးပေါ့......။
"ကိုယ် တောင်းပန်ပါတယ် "
"ထိနဲ့ လက်ကို လွှတ်ပေး "
မျက်နှာတဖက်လွှဲရင်း ဈာန်ဦးထိုက်ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ရုန်းကန်နေတာမို့ ဈာန်ဦးထိုက်လဲ မျက်ရည်ဝဲလျက် လွှတ်ပေးလိုက်သည် ....။
"ပိစိ ကိုယ့်ကို စိတ်နာနေတယ်ဆိုတာ နားလည်ပါတယ်... ဒါပေမယ့် ကိုယ်ရှင်းပြပါရစေ... ကိုယ်ပိစိကို ကြည်ပြာရဲ့ နေရာမှာအစားထိုးခဲ့တာမဟုတ်ပါဘူး... ပိစိ ကိုယ့်ကိုမမြင်ချင်တော့ဘူးဆိုရင် ကိုယ် ထွက်သွားပေးပါ့မယ် "
ပြောသင့်သလောက်ပြောပြီး ထွက်သွားဖို့ပြင်တော့...မျက်ရည်လေးတွေဝဲကာမျက်လုံးရွဲကြီးဖြင့် လှည့်ကြည့်ပါသော ကလေးငယ် ...။ ဒေါ်နန်းသူဇာရယ်ဒေါ်ခင်နွယ်နဲ့ဈာန်မေရှားကတော့ ဈာန်ဦးထိုက်ကိုကြည်ကာ ရယ်နေတာမို့ ဈာန်ဦူထိုက် နားမလည်နိုင်ဖြစ်သွားသည် ..... ။
"တကယ်တော့ သားငယ်ကို မာမီတို့်ရှင်းပြပြီးပါပြီ သားရယ်"
Pov........
ဒေါ်ခင်နွယ်တို့အားလုံး ဆေးရုံသို့နောက်တခါ ရောက်ရှိလာတော့ ရှိုင်းမာန်ခက သတိရနေပြီဖြစ်သည်...။
"ဟယ် သားငယ် သတိရနေပြီလား"
"ဟုတ်ကဲ့ မေမေ"
ဒေါ်နန်းသူဇာ၏အမေးကို ရှိုင်းမာန်ခလဲ ဖြူဖက်ဖြူရော်မျက်နှာလေးဖြင့် ခပ်နွမ်းနွမ်းပြုံးကာ ပြန်ဖြေလိုက်သည်...။
"သားကြီးက အိပ်ပျော်နေတာပဲ.. အင်းပေါ့လေ သူလဲ ပင်ပန်းနေရှာမှာပေါ့"
"ဟုတ်ပ့ါအစ်မကြီးရယ်... သခင်လေးဈာန်ဦးထိုက်က ပိစိကို ချစ်ရှာသားပဲ "
မိခင်ဖြစ်သူ၏ စကားကြောင့် ရှိုင်းမာန်ခ ဟက်ခနဲရယ်လိုက်မိသည်....။
"ဟက် သူလား သားကိုချစ်မှာ...သားက သူ့အတွက်အစားထိုးခံသက်သက်ပဲ"
ရှိုင်းမာန်ခ၏စကားကြောင့် ဒေါ်နန်းသူဇာရော ဒေါ်ခင်နွယ်ပါ သက်ပြင်းချမိသည် ...။
"မတ်လေး... ကိုကိုကြီးကို အထင်မလွဲပါနဲ့... ကိုကိုကြီးက မတ်လေးကို အစ်မကြည်ပြာရဲ့ နေရာမှာအစားထိုးခဲ့တာမဟုတ်ပါဘူး... အစ်မကြည်ပြာ အပေါ်မှာထားတဲ့ချစ်ခြင်းထက် ကိုကိုကြီးက မတ်လေးကို အစပေါင်းများစွာပိုချစ်တာပါ"
ဈာန်မေရှား၏ စကားကြောင့် ရှိုင်းမာန်ခရဲ့ မျက်ဝန်းလေးဝိုင်းစက်သွားသည်...။
"ဘာလို့ မမက အဲ့လိုပြောတာလဲ
"သခင်မလေးမေရှားပြောတာတွေဟာ အမှန်တွေပါပိစိရယ်... ဘာလို့လဲဆိုရင် သခင်လေးနဲ့ကြည်ပြာက ချစ်သူတွေဆိုပေမယ့်... ကြည်ပြာက သခင်လေးရဲ့ အပေါ် သစ္စာမရှိဘူး... သခင်လေး အလုပ်ကိစ္စနဲ့တနှစ်လောက်ခရီးထွက်ရပြီး ပြန်လာတဲ့အချိန်မှာ ကြည်ပြာဆိုတဲ့မိန်းကလေး တခြားယောက်ျားတယောက်နဲ့ ဖောက်ပြန်ခဲ့တယ်... သူမ ကိုယ်ဝန်ရပြီးတော့ သခင်လေးကို ဖခင်နာမည်ခံခိုင်းတယ်...
သခင်လေးက သူ့နဲ့ရတဲ့ကိုယ်ဝန်မဟုတ်ပေမယ့် ကြည်ပြာရဲ့ သိက္ခာမကျစေဖို့ သူ့ကိုယ်ဝန်ပါဆိုပြီး ခေါင်းခံခဲ့ရတာပါ... သူမ ဆုံးသွားတော့ သခင်လေး ခံစားခဲ့ရတယ်... သားကိုမြင်လိုက်တဲ့အချိန်မှာ သူ ပိုင်ဆိုင်ချင်ခဲ့တယ်..
သူ့နေရာမှာ မေကြီးဆိုလဲ ဒီလိုလုပ်မိမှာပဲ... ဒါပေမယ့် သူ သားကိုအစားထိုးတာမဟုတ်ဖူးဆိုတာကို မေကြီးတို့ကို ပြောခဲ့ပါတယ်ကွယ်.... တကယ်တော့ သခင်လေးဈာန်ဦးထိုက်က သနားစရာကောင်းပါတယ်"
ဒေါ်နန်းသူဇာ၏ ရှည်လျားစွာရှင်းပြမှု့အပြီးမှာ.. ရှိုင်းမာန်ခ၏ မျက်နှာလေး ပြုံးရိပ်သန်းလာသည် ....။
" ဒါပေမယ့် သူသားကိုပြောပြထားသင့်တယ်လေ... ဘာလို့ အစ်မကြည်ပြာရဲ့ဓာတ်ပုံကို ဖွက်ထားခဲ့တာလဲ"
"သားကြီးက ကြည်ပြာရဲ့ဓာတ်ပုံကိုမဖွက်ထားပါဘူး.. သားငယ်မြင်ရင် အခုလိုအထင်လွဲပြီး သူ့ကိုထားခဲ့မှာစိုးလို့ မေမေကို ပေးထားတာပါ... ပြီးတော့ ကြည်ပြာထက် သားငယ်ကို ပိုချစ်လို့် ပြတ်သားစွာနေတဲ့သဘောပါ "
ဒေါ်ခင်နွယ်ကပါထပ်ဆင့်ရှင်းပြတဲ့အခါ ရှိုင်းမာန်ခ ထိန်းထားလို့မရစွာ မျက်ရည်တွေစီးဆင်းလာ၏။
"ဒါ ဒါဆို သား..သားက လူကြီးကို အထင်လွဲခဲ့တာပေါ့နော် ဟင့်"
မိခင်ဖြစ်သူကို ဖက်ကာ ငိုကြွေးမိတော့ ဒေါ်နန်းသူဇာလဲ ရှိုင်းမာန်ခ၏ ကျောလေးပုတ်ကာနှစ်သိမ့်လေသည်...။
Pov end.....
"အဲ့တာဆို ပိစိလေးက ကိုယ့်ကို မမုန်းဘူးနော်"
ဈာန်ဦးထိုက် ဝမ်းသာအားရမေးတော့ ရှိုင်းမာန်ခက နှာခေါင်းလေးရှုံ့လိုက်ပြီး....
"မမုန်းဘူးဆိုတာ မှန်ပေမယ့် စိတ်ဆိုးနေသေးတာမို့်... ဆည်းဆာရိပ်မြုံ အိမ်တော်မှာပြန်နေမယ်... ခင်ဗျားနဲ့အတူမနေဘူး ဟွန့်"
ယောက်ျားပေါက်စ၏စကားကြောင့် ဈာန်ဦးထိုက် စိတ်ဓာတ်ကျသွားသည်။
"ဟာ... ကလေးကလဲကွာ"
ဈာန်ဦးထိုက်တယောက် ဒီ့ထက်ပိုပြီးလဲ အထွန့်တက်ပြီးမပြောရဲပေ....။ စိတ်ဆိုးတယ်ဆိုတော့လဲ ချော့ရုံပေါ့လေ ...။
{တော်သေးတာပေါ့ ကွာရှင်းမယ်မပြောလို့... ဒါပေမယ့် ညတိုင်းတော့ ညစာငတ်ပြီပေါ့ဗျာ }
ဈာန်ဦးထိုက်၏ မျက်နှာကြီးရှုံ့မဲ့နေမှုကို ယောက်ျားပေါက်စ ကြိတ်ရယ်သလို.... အမေနှစ်ယောက်နဲ့ ဈာန်မေရှားကတော့ ကောင်းလိုက်တာဟု တိုးတိုးပြောကာ ပြုံးစိစိဖြင့်လှောင်နေလေသည် ... ။ကံဆိုးသူ အမောင်ဈာန်ဦးထိုက်ပါလေ။
Ep 12ဆက်ရန် ..
နောက်အပိုင်းမှာ ပိစိရဲ့သဝန်တိုပြီးစွာတေးလန်မှု့ကိုဒါဒါတို့ခံစားကြရမှာပါ😇 ပိစိနဲ့ဦးဈာန်တို့အတွဲလေးကိုချစ်ပေးကြလို့ကျေးဇူးပါ😍Thank You For Reading. Please vote And Feedback.
🌊Hlaing Kyoe Myinn🌊
💗💗💗💗💗💗💗💗💗💗💗💗💗
Zgi
Ep 11
"ခွဲခန်းထဲရောက်နေတာ ကြာပြီ ခုထိပိစိရဲ့အခြေနေကို မသိရသေးဘူး.... ပိစိသာ တခုခုဖြစ်ရင် ကျွန်တော်ရင်ကွဲပြီးသေမှာ ဟင့် "
"အစ်... အစ်!!"
"သား....လွှတ်ပေးလိုက်ပါ"
"သခင်လေး မလုပ်ပါနဲ့"
လည်ပင်းညှစ်ထားကို လွှတ်ချလိုက်တော့... ယမုံတယောက် ကြမ်းပြင်ပေါ်သို့ ထိုင်လျက်ပြုတ်ကျသွားပြီး... နာကျင်နေသော လည်ပင်းကိုပွတ်သပ်နေ၏....။
တွန်းလှည်းနောက်ပြေးလိုက်ကာ... အဝတ်ဖြူကိုဆွဲလှန်ပြီး ယောက်ျားပေါက်စ၏ ရင်ဘတ်လေးပေါ် မျက်နှာအပ်ကာ.. ဈာန်ဦးထိုက် ငိုနေမိသည်...။
"ပိစိလေး........ ကလေးလေး"
"ကလေး... ကလေးးး... ပိစိရေ..."
"ဟွန့်!!"
"ကိုယ် တောင်းပန်ပါတယ် "
"ထိနဲ့ လက်ကို လွှတ်ပေး "
Pov........
"ဟုတ်ကဲ့ မေမေ"
Pov end.....
"ဟာ... ကလေးကလဲကွာ"
Ep 12ဆက်ရန် ..
🌊Hlaing Kyoe Myinn🌊