Rewriting the History📖 ( Bo...

By LilyoftheVally_ash

14K 1.6K 16

ငါ့ကိုဘယ္သူမွမခ်စ္ခဲ့ဘူးထင္တာ။တကယ္ေတာ့ငါက မျမင္ခဲ့တာပဲ။ ငါ့ကိုဘယ်သူမှမချစ်ခဲ့ဘူးထင်တာ။တကယ်တော့ငါက မမြင်ခဲ့တာပ... More

* 1 *
* 2 *
* 3 *
* 4 *
* 5 *
* 6 *
* 7 *
* 8 *
* 9 *
* 10 *
* 12 *
* 13 *
* 14 *
* 15 *
* 16 *
📖
* 17 *
* 18 *
* 19 *
* 20 *
* 21 *
* 22 *
* 23 *
* 24 *
* 25 *
* 26 *
* 27 *
Sorry 😢
* 28 *
* 29 *
* 30 *
* 31 *
* 32 *
* 33 *
* 34 *
* 35 *
* 36 *
* 37 *
* 38 *
* 39 *
* 40 *
* 41 *
* 42 *
Extra

* 11 *

303 43 0
By LilyoftheVally_ash

အသက္ေျခာက္နွစ္အ႐ြယ္သူက နတ္နန္းကမယ္မယ့္ရဲ႕ပံုတူပန္းခ်ီကုိစိုက္ၾကည့္ေနရင္း အနီးကိုတစ္လွမ္းျခင္းေလ်ွာက္ေနတယ္။

" ဟင့္အင္း . . . မသြားနဲ႔ "

ေနာက္ထပ္တစ္လွမ္း. . . . .

" မသြားနဲ႔ "

ေနာက္တစ္လွမ္း . . .

" မသြားနဲ႔ !!! "

ဖမ္းဆြဲဖို႔လုပ္လိုက္တဲ့လက္က အသက္ေျခာက္နွစ္အ႐ြယ္သူ႔ရဲ႕ကိုယ္ကိုေဖာက္ထြက္သြားတယ္။

ဟုတ္သားပဲ . . . . ဒါကအိမ္မက္ . . . အိမ္မက္. . .

" ဘယ္သူလဲ! "

အေနာက္ဘက္ကထြက္လာတဲ့အသံေၾကာင့္ ပံုတူဆီကိုလွမ္းေနတဲ့လက္က ေဘးကမီးတိုင္ေတြကိုတိုက္မိသြားတယ္။

သြားၿပီ. . . . . .

မီးတိုင္ကက်လာတဲ့ဆီေတြကေနတစ္ဆင့္အျခားေနရာေတြကိုမီးစဆြဲတဲ့အခ်ိန္မွာပဲ သူကအလန္႔တၾကားနဲ႔ မီးၿငိမ္းသက္ဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ ျပာယာခတ္ေနတဲ့သူက မီးကိုပိုျပန္႔ေအာင္လုပ္မိသလိုျဖစ္ၿပီး မီးကပိုႀကီးလာတယ္။သက္ရွိေတြလို ေနရာအနွံ႔အေျပးအလႊားကူးစက္ေနတဲ့မီးေတြေၾကာင့္ ထြက္ေပါက္ပိတ္သြားတယ္။

" မီးေလာင္ေနၿပီး လုပ္ၾကပါဦး။ "

" မိဖုရား. . . မိဖုရားက အထဲမွာ. . . "

ထြက္ေပါက္ကိုမွန္းၿပီးေျပးထြက္လာတဲ့သူ႔ရဲ႕အကၤ်ီလက္မွာမီးစဆြဲတယ္။

" အ . . အ . . အား. . မီး . . မီး. . . "

ၿပီးေတာ့မီးတိုင္ေတြကိုတိုက္မိတုန္းက ဆီအခ်ိဳ႕စင္ထားတဲ့ရင္ဘက္နဲ႔မ်က္နွာ. . .

" ပူတယ္ . ပူတယ္ . ကယ္ၾကပါဦး . . . ကယ္ၾကပါဦး။ "

အသားကိုမီးေလာင္ေနတဲ့အေညႇာ္နံ႔နဲ႔ အပူခ်ိန္. . . .

တတိယလူေနရာကေနျမင္ေနရေပမဲ့ သူ႔ကိုယ္ကိုမီးေလာင္ခံရတဲ့အခ်ိန္ကိုျပန္ေရာက္သြားသလိုပဲ။သူမွတ္မိေနေသးတယ္. . . သူခံစားလို႔ရတယ္။

ေသြးရူးကတန္းေျပးေနတဲ့ သူ႔ကိုယ္သူၾကည့္ရင္း ေမ်ွာ္လင့္ခ်က္မဲ့ၿပီး ကူရာမဲ့ေနခဲ့တဲ့ခံစားခ်က္ႀကီးကတိုးဝင္လာတယ္။သူ႔ကိုပါမီးေလာင္ရင္ဘယ္လိုလုပ္မလဲ. . . ။ဒါဟာအိမ္မက္ဆိုတာကိုသိေပမဲ့ သူ႔တစ္ကိုယ္လံုးသိသိသာသာတုန္ရင္လာၿပီး လက္တစ္ေလ်ွာက္နဲ႔မ်က္နွာေတြကိုစမ္းၾကည့္တယ္။

' မီးမေလာင္ေသးဘူး . . . သူ႔ကိုမီးမေလာင္ေသးဘူး. . . ။ '

ေၾကာက္႐ြံ႕မႈနဲ႔အတူ အသက္ေျခာက္နွစ္အ႐ြယ္သူ႔ရဲ႕အေတြးေတြပါ သူ႔ေခါင္းထဲတို႔ဝင္လာတာေၾကာင့္ ဆံပင္ေတြကိုဆုပ္ကိုင္ရင္းဒူးေထာက္က်သြားေတာ့သည္။

' သူေသရေတာ့မွာလား တစ္ေယာက္ေယာက္ . . . . တစ္ေယာက္ေယာက္ကယ္ေပးပါ. . . ကြၽန္ေတာ္ကိုကယ္ေပးပါ။ '

မီးေလာင္ခံရတဲ့နာက်င္မႈေၾကာင့္ေမ့လဲသြားတဲ့ကိုယ္ကိုၾကည့္ရင္း မ်က္ရည္စအခ်ိဳ႕ေႂကြလြင့္သြားသည္။သူကေတာ့မ်က္ေတာင္မခတ္ပဲ စိုက္ၾကည့္ရင္း . . . . . .

" အရွင့္သား ! "

ရုတ္တရက္မီးေတာက္ေတြၾကားကေန ေရစိုေနတဲ့အဝတ္ကိုၿခံထားတဲ့လူတစ္ေယာက္ ေျပးထြက္လာၿပီးအဝတ္ကိုသူ႔ကိုယ္ေပၚလႊမ္းၿခံဳကာမီးၿငိမ္းေစတယ္။ထို႔ေနာက္သူ႔ရဲ႕ကိုယ္ကိုေပြ႕ခ်ီၿပီး. . .

" အရွင့္သား ခဏေတာင့္ခံထားေနာ္။ကြၽန္ေတာ္တို႔မၾကာခင္အျပင္ေရာက္ေတာ့မွာပါ။ "

' မုရံုဟန္ယြင္ ? သူကဘယ္လိုလုပ္ၿပီး. . . . . ေနဦး. . ဒါဆိုငါ့ကိုကယ္ခဲ့တာသူလား . . ဒါေပမဲ့ . . '

" အင္း. . . "

သူ႔ရဲ႕အေတြးေတြကညီးသံတစ္ခုေၾကာင့္ပ်က္သြားတယ္။အသံလာရာကိုၾကည့္လိုက္ေတာ့. . ၿပိဳက်ေနတဲ့စင္တစ္ခုေအာက္မွာပိမိေနတဲ့မိဖုရားလီ. .

သူခ်က္ခ်င္းပဲ မုရံုဟန္ယြင္ဖက္ကိုလွည့္ၾကည့္မိတယ္။ မဟုတ္မွလြဲေရာ. . .

မုရံုဟန္ယြင္က မိဖုရားလီကိုတစ္ခ်က္ပဲငဲ့ၾကည့္ၿပီးထြက္သြားတယ္။

' ဒါဆိုသူက မိဖုရားလီထက္ သူ႔ကိုကယ္ဖို႔ေ႐ြးခဲ့တာလား. . မုရံုဟန္ယြင္ . . . သူ႔ရဲ႕ဧကရီကေလ. . . . '

သူ႔ပတ္ဝန္းက်င္တစ္ခုလံုးေႀကြလြင့္သြားၿပီး သူ႔ကိုစြန္႔ပယ္ေဆာင္ပို႔တဲ့အခ်ိန္ကိုေရာက္လာတယ္။ဒါေပမဲ့သူဒါေတြမျမင္ခ်င္ဘူး။သူျမင္ခ်င္တာ ဟင့္အင္း သူသိခ်င္တာရွိတယ္။သူသိ့ကိုသိရမယ္။

သူ႔ရဲ႕ဆႏၵျပင္းျပလို႔ထင္သည္ . အေရွ႕ကျမင္ကြင္းကအျခားတစ္ေနရာကိုေျပာင္းလဲသြားသည္။အခုသူေရာက္ေနတာက မုရံုအိမ္ေတာ္. . စစ္သူႀကီးေရွ႕မွာဒူးေထာက္ေနတဲ့သူရဲ႕ဧကရီ. . .

UNI

အသက်ခြောက်နှစ်အရွယ်သူက နတ်နန်းကမယ်မယ့်ရဲ့ပုံတူပန်းချီကိုစိုက်ကြည့်နေရင်း အနီးကိုတစ်လှမ်းခြင်းလျှောက်နေတယ်။

" ဟင့်အင်း . . . မသွားနဲ့ "

နောက်ထပ်တစ်လှမ်း. . . . .

" မသွားနဲ့ "

နောက်တစ်လှမ်း . . .

" မသွားနဲ့ !!! "

ဖမ်းဆွဲဖို့လုပ်လိုက်တဲ့လက်က အသက်ခြောက်နှစ်အရွယ်သူ့ရဲ့ကိုယ်ကိုဖောက်ထွက်သွားတယ်။

ဟုတ်သားပဲ . . . . ဒါကအိမ်မက် . . . အိမ်မက်. . .

" ဘယ်သူလဲ! "

အနောက်ဘက်ကထွက်လာတဲ့အသံကြောင့် ပုံတူဆီကိုလှမ်းနေတဲ့လက်က ဘေးကမီးတိုင်တွေကိုတိုက်မိသွားတယ်။

သွားပြီ. . . . . .

မီးတိုင်ကကျလာတဲ့ဆီတွေကနေတစ်ဆင့်အခြားနေရာတွေကိုမီးစဆွဲတဲ့အချိန်မှာပဲ သူကအလန့်တကြားနဲ့ မီးငြိမ်းသက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ပြာယာခတ်နေတဲ့သူက မီးကိုပိုပြန့်အောင်လုပ်မိသလိုဖြစ်ပြီး မီးကပိုကြီးလာတယ်။သက်ရှိတွေလို နေရာအနှံ့အပြေးအလွှားကူးစက်နေတဲ့မီးတွေကြောင့် ထွက်ပေါက်ပိတ်သွားတယ်။

" မီးလောင်နေပြီး လုပ်ကြပါဦး။ "

" မိဖုရား. . . မိဖုရားက အထဲမှာ. . . "

ထွက်ပေါက်ကိုမှန်းပြီးပြေးထွက်လာတဲ့သူ့ရဲ့အင်္ကျီလက်မှာမီးစဆွဲတယ်။

" အ . . အ . . အား. . မီး . . မီး. . . "

ပြီးတော့မီးတိုင်တွေကိုတိုက်မိတုန်းက ဆီအချို့စင်ထားတဲ့ရင်ဘက်နဲ့မျက်နှာ. . .

" ပူတယ် . ပူတယ် . ကယ်ကြပါဦး . . . ကယ်ကြပါဦး။ "

အသားကိုမီးလောင်နေတဲ့အညှော်နံ့နဲ့ အပူချိန်. . . .

တတိယလူနေရာကနေမြင်နေရပေမဲ့ သူ့ကိုယ်ကိုမီးလောင်ခံရတဲ့အချိန်ကိုပြန်ရောက်သွားသလိုပဲ။သူမှတ်မိနေသေးတယ်. . . သူခံစားလို့ရတယ်။

သွေးရူးကတန်းပြေးနေတဲ့ သူ့ကိုယ်သူကြည့်ရင်း မျှော်လင့်ချက်မဲ့ပြီး ကူရာမဲ့နေခဲ့တဲ့ခံစားချက်ကြီးကတိုးဝင်လာတယ်။သူ့ကိုပါမီးလောင်ရင်ဘယ်လိုလုပ်မလဲ. . . ။ဒါဟာအိမ်မက်ဆိုတာကိုသိပေမဲ့ သူ့တစ်ကိုယ်လုံးသိသိသာသာတုန်ရင်လာပြီး လက်တစ်လျှောက်နဲ့မျက်နှာတွေကိုစမ်းကြည့်တယ်။

' မီးမလောင်သေးဘူး . . . သူ့ကိုမီးမလောင်သေးဘူး. . . ။ '

ကြောက်ရွံ့မှုနဲ့အတူ အသက်ခြောက်နှစ်အရွယ်သူ့ရဲ့အတွေးတွေပါ သူ့ခေါင်းထဲတို့ဝင်လာတာကြောင့် ဆံပင်တွေကိုဆုပ်ကိုင်ရင်းဒူးထောက်ကျသွားတော့သည်။

' သူသေရတော့မှာလား တစ်ယောက်ယောက် . . . . တစ်ယောက်ယောက်ကယ်ပေးပါ. . . ကျွန်တော်ကိုကယ်ပေးပါ။ '

မီးလောင်ခံရတဲ့နာကျင်မှုကြောင့်မေ့လဲသွားတဲ့ကိုယ်ကိုကြည့်ရင်း မျက်ရည်စအချို့ကြွေလွင့်သွားသည်။သူကတော့မျက်တောင်မခတ်ပဲ စိုက်ကြည့်ရင်း . . . . . .

" အရှင့်သား ! "

ရုတ်တရက်မီးတောက်တွေကြားကနေ ရေစိုနေတဲ့အဝတ်ကိုခြံထားတဲ့လူတစ်ယောက် ပြေးထွက်လာပြီးအဝတ်ကိုသူ့ကိုယ်ပေါ်လွှမ်းခြုံကာမီးငြိမ်းစေတယ်။ထို့နောက်သူ့ရဲ့ကိုယ်ကိုပွေ့ချီပြီး. . .

" အရှင့်သား ခဏတောင့်ခံထားနော်။ကျွန်တော်တို့မကြာခင်အပြင်ရောက်တော့မှာပါ။ "

' မုရုံဟန်ယွင် ? သူကဘယ်လိုလုပ်ပြီး. . . . . နေဦး. . ဒါဆိုငါ့ကိုကယ်ခဲ့တာသူလား . . ဒါပေမဲ့ . . '

" အင်း. . . "

သူ့ရဲ့အတွေးတွေကညီးသံတစ်ခုကြောင့်ပျက်သွားတယ်။အသံလာရာကိုကြည့်လိုက်တော့. . ပြိုကျနေတဲ့စင်တစ်ခုအောက်မှာပိမိနေတဲ့မိဖုရားလီ. .

သူချက်ချင်းပဲ မုရုံဟန်ယွင်ဖက်ကိုလှည့်ကြည့်မိတယ်။ မဟုတ်မှလွဲရော. . .

မုရုံဟန်ယွင်က မိဖုရားလီကိုတစ်ချက်ပဲငဲ့ကြည့်ပြီးထွက်သွားတယ်။

' ဒါဆိုသူက မိဖုရားလီထက် သူ့ကိုကယ်ဖို့ရွေးခဲ့တာလား. . မုရုံဟန်ယွင် . . . သူ့ရဲ့ဧကရီကလေ. . . . '

သူ့ပတ်ဝန်းကျင်တစ်ခုလုံးကြွေလွင့်သွားပြီး သူ့ကိုစွန့်ပယ်ဆောင်ပို့တဲ့အချိန်ကိုရောက်လာတယ်။ဒါပေမဲ့သူဒါတွေမမြင်ချင်ဘူး။သူမြင်ချင်တာ ဟင့်အင်း သူသိချင်တာရှိတယ်။သူသိ့ကိုသိရမယ်။

သူ့ရဲ့ဆန္ဒပြင်းပြလို့ထင်သည် . အရှေ့ကမြင်ကွင်းကအခြားတစ်နေရာကိုပြောင်းလဲသွားသည်။အခုသူရောက်နေတာက မုရုံအိမ်တော်. . စစ်သူကြီးရှေ့မှာဒူးထောက်နေတဲ့သူရဲ့ဧကရီ. . .

Continue Reading

You'll Also Like

3.1K 385 7
အခ်င္းခ်င္းမတည့္ၾကသည့္ ထိပ္တန္းမင္းသားနွစ္လက္မွာ ကားၿပိဳင္ေနရင္း မေတာ္တဆ Accidentျဖစ္သြားေသာအခါ.... ထိုထဲမွ တစ္ေယာက္က တစ္ခါမွမၾကဳံဖူးတဲ့ က်င့္ႀကံေရးေ...
139K 16.3K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
153K 13.9K 25
Both Uni and Zawgyi အမွေကိုလောဘတက်တဲ့ဆွေမျိုးတွေရဲ့သွေးထိုးစကားကြောင့်ကျေးဇူးရှင်တွေကို ဒုက္ခ ရောက်စေမိတဲ့ပိုင်စိုးဆက်။အမှားတွေကိုပြင်ဖို့ဒုတိယအခွင့...
56K 6.6K 18
ေဆာရီးပါ အခ်စ္ရယ္ .. ကိုယ္မင္းကို တကယ္ ခ်စ္မိသြားခဲ့တယ္ .....