Love of an idoit အရူးတစ်ယောက...
By Bai_lianhua
636K 41.6K 3.5K
Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More
မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim
အပိုင်း၂၅
8.3K 592 86
By Bai_lianhua
Unicode
ရှန်ဟိုင်းမြို့အပြင်တစ်နေရာရှိ ဘန်ဂလို အဆောက်အဉီးသစ်တစ်ခု၏ အတွင်းပိုင်းတွင် လုရှောင်းယွီသည်ကား သူ၏ လူယုံများမှ ခေါ်လာခဲ့သည့် လူအား သေချာအကဲခတ်ကြည့်နေလေသည်။
ပြီးနောက်တွင် စုံစမ်းထားသည့် ထိုလူ၏သတင်းအချက်အလက် ဖိုင်တွဲ ကို တစ်ချက်ပြန်ကြည့်လိုက်ပြီးကျေနပ်စွာဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်လေသည်။
စစ်ဆေးကြည့်ရှု့ပြီးလို့ ခဏအကြာတွင် လုရှောင်းယွီသည် သူ၏ လူယုံများကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူဘက်ကိုမေးဆတ်ပြကာ ဆိုလိုက်ပြန်သည်။
"မင်းတို့ခေါ်လာခဲ့တဲ့ အဲ့ဒီ့ကောင်ကို ...လျှို့ဝှက်ဂိုဒေါင်ထဲမှာ ပြန်ချုပ်ထားလိုက် "
"ဟုတ်ကဲ့"
လုရှောင်းလည်း ခေါ်ယူလာခဲ့သည့်ကောင်က ကျိုးယွင်အလိုရှိတဲ့လူဆိုတာ သေချာသွားမှသာ ဖိုင်တွဲကို ပြန်သိမ်းထားလိုက်ပြီး ကျိုးယွင်အလာကိုသာ စောင့်နေလိုက်တော့သည်။
အချိန် သိပ်မကြာခင်မှာပဲ ဂန်ဂလို အရှေ့ဘက်တွင် ကားတစ်စီး မောင်းဝင်လာသည့် အသံကိုကြားလိုက်ရသည်။
လုရှောင်းယွီလည်း ကျိုးယွင် ရောက်လာပြီဖြစ်သည့်အတွက် စိတ်ဝင်စားစရာလေးများတွေ့ရတော့မည့်အဖြစ်ကို မစောင့်နိုင်တော့ဘဲ အပြင်ကို ထွက်လာခဲ့လိုက်သည်။
သူအပြင်ကို ထွက်လာတော့ ကားထဲမှ ဆင်းလာခဲ့သည့် ကျိုးယွင်ကိုတွေ့လိုက်ရသည်။
ကျိုးယွင် သည်ကား အလားလာကောင်းသည့် မျိူုးရိုးမြင့်အိမ်တော်ကြီးမှ မွေးဖွားလာသည့်မျိုးဆက်ဖြစ်သည့်အလျောက် ပုံစံသည်ကား ပြင်းပြသည့် အရှိန်အဝါများနဲ့ အေးစက်သည့် အခိုးအငွေ့များကိုပင် အတိုင်းသား ထုတ်လွင့်ထားလေသည်။
ကျိုယွင်၏ ယခုလက်ရှိ  မျက်နှာထားသည်ကား ရှောင်ဟန်သိမြင်ထားသည့် ပုံပန်းသွင်ပြင်နှင့် လုံးဝကို တူညီမနေခဲ့ပါချေ။ စူးရှပြီး နက်မှောင်နေသည့်မျက်ဝန်းများသည်ကား သတ်ဖြတ်ချင်စိတ်များ အပြည့်ဖုံးလွှမ်းနေပြီး ဆိုးသွမ်းခက်ထန်မှုများကိုလည်း
အတိုင်းသားမြင်တွေ့နေရသည်။
လုရှောင်း၏ လူယုံများသည်ပင် ကျိုးယွင်ကို တစ်ချက်သာကြည့်မိလိုက်ကြပြီး အလိုအလျောက် ခေါင်းငုံ့မိလိုက်ကြရသည်အထိပင်...
မျိုးရိုးမြင့် တစ်ခုမှ ကောင်းမွန်စွာ ကြီးပြင်းလာခဲ့၍လားမသိပါ... ကျိုးယွင်၏ပုံစံအလုံးစုံသည်ကား မာနကြီးသည့် သခင်လေးတစ်ယောက်၏ အရှိန်အဝါများနဲ့ ပြည့်နှက်နေပြီး ခပ်ဆိုးဆိုးလူငယ်တစ်ယောက်၏ အသွင်အပြင်အပြည့်ရှိအဝလွန်ကဲသည်။
ကျိုးယွင် ယခုလက်ရှိ အသွင်အပြင်သည် အသက်ပြည့်သည့်လူငယ်တစ်ယောက်ဟုထင်ရလောက်အောင်ပင်...တဖြည်းဖြည်း ရှည်လျားလာပြီဖြစ်သည့်အရပ်ကြောင့်လည်းဖြစ်ကောင်းဖြစ်နို​င်ပါသည်။
သူနဲ့ ကျိုးယွင်ရဲ့ အရပ်သည်ယခုဆို မသိမ်းမရိမ်းလောက်ပင်ဖြစ်လောက်သည်ဟု သူထင်မိသည်။
လုရှောင်းယွီက သူ့အရှေ့ကို ရောက်ပြီ ဖြစ်သည့် ကျိုးယွင်ကို မေးဆတ်ပြီး မေးလိုက်သည်။
"မင်း ဂိုဒေါင်ထဲ တန်းသွားမှာလား...ဒါမှမဟုတ် အရင်ခဏလောက် နားမလား..?."
"တော်ပြီ...မနားတော့ဘူး...ဂိုဒေါင်ဆီကိုပဲ တန်းသွားမယ်.."
ကျိုးယွင်ရဲ့ပုံစံက အတော်လေးလောနေတာကြောင့် လုရှောင်းလည်း ခေါင်သာ ဆတ်ပြလိုက်သည်။
"ကောင်းပြီလေ..မင်းသဘောပဲ...ဒါဆိုရင်လည်းအဲ့ကိုဘဲ သွားကြတာပေါ့..."
ကျိုးယွင်် ဂိုဒေါင် အတွင်းပိုင်းကို ရောက်တော့ ဆေးရှိန်ကြောင့် သတိမလည်သေးတဲ့ ကုန်းရိဆိုသည့်လူကို တွေ့လိုက်ရသည်။လုရှောင်းရဲ့လူတွေက ထိုလူ့ကို မေ့ဆေးအုပ်ပြီး ခေါ်လာခဲ့ဟန်ရှိသည်။ယခုအချိန်ထိ သတိလည်လာပုံမရသေး။
ကျိုးယွင်လည်း ထိုလူရဲ့အရှေ့တွင် ခုံဆွဲယူလိုက်ပြီး ထိုင်ကာ တစ်ချက်သေချာ အကဲခတ်ကြည့်နေလိုက်သည်။
လုရှောင်းသည် သူပြောခဲ့သည့် စကားများကိုတော့ အမှန်ပင် နားထောင်ပြီး ထိုလူ့ကို ဘာမှတော့ လုပ်မထားပေ။
လုရှောင်းက သူ့ဆီသို့  ဖိုင်တစ်ခုကိုပေးလာခဲ့သည်။
ကျိုးယွင်လည်းထိုဖိုင်ကို ယူကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။ဖိုင်ရဲ့ စာသုံးရွက်မြောက်မှာတော့ သူသည်မပြုံးနိုင်တော့ပေ။ကျိုးယွင်၏ မျက်လုံးများသည် ထိုရေးထားသည့် စာကြောင်းကိုသေချာစိုက်ကြည့်လိုက်ပြီး အတန်ကြာမှ
လုရှောင်းဘက်ကိုတစ်ဖန်လှည့်ကာ မေးလာသည်။
"ရေးထားတာတွေက သေချာလို့လား...လုရှောင်း..."
"သေချာတယ်...ငါလည်း အစကမထင်ထားဘူး...သေချာပြန်စစ်ပြီးပြီ...အဲ့ကောင်က two way ကြီး ပြီးတော့ အရင်နှစ်တွေထဲက playboyဆိုပြီး ခေတ်ထနေသေးတာ သူ မတွဲဖူးတဲ့ ကောင်ဆိုတာ ခပ်ရှားရှားပဲ...မိန်းကလေးတွေရောပဲ သူမတွဲဖူးတာမရှိလောက်ဘူး...ရုပ်နဲ့လုပ်စားနေတာလား...ဒါမှမဟုတ်ငွေလျှံနေတာကြောင့်ပဲလားတော့မသိဘူး...
မရှင်းမရှင်းဖြစ်နေတဲ့ သူနဲ့မကင်းတဲ့သူမှန်သမျှကို ငွေနဲ့ထိန်းထားပုံရတယ်...ဒါကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ရဲဇက်ရဲနိုင်နေတာ...ပြီးတော့ တော်ကီလည်း အရမ်းကောင်းတယ်ဆိုပဲ...အကုန်လုံးက သူ့အပြောမှာ မျှောပါသွားတတ်ကြတာတဲ့...စားဘဲ ပေါက်စဖြစ်ဖို့များတယ်...နောက်ဆိုရင် စားဘဲကြီး ဖြစ်လာလောက်တယ်...."
ကျိုးယွင်က ခနဲ့ကာပြောလာသည်။
"အဟက်!...အရင်ကတော့ ဖြစ်ချင် ဖြစ်မှာပေါ့...စိတ်မကောင်းစရာတစ်ခုက ငါနဲ့လာငြိသွားတာပဲ..."
ကျိုးယွင်က လက်ထဲကဖိုင်ကို လုရှောင်းကို ပြန်ပေးလိုက်ပြီး လုရှောင်းရဲ့လူယုံတွေဘက်ကို ကြည့်ပြီး ပြောလိုက်၏။
"သူ့ကို ရေအေးတစ်ဗုံး နဲ့ လောင်းချလိုက်..."
ကျိုးယွင်ပြောသည့် အတိုင်းပင် လူယုံတစ်ယောက်က ကုန်းရိကို ရေအေးဖြင့် လောင်းချလိုက်ပြီး မေ့ဆေးအမြန်ပယ်အောင် အမြန်လုပ်ပေးလေသည်။
သိပ်မကြာခင်မှာပဲ ကုန်းရိ၏ သတိပြန်လည်လာပြီး ချောင်းတစ်ဟွက်ဟွက်ဖြင့် ရေမွန်းသံက ထွက်ပေါ်လာသည်။
ကျိုးယွင်က ထိုသူရဲ့ရှေ့မှောက်ရှိ ထိုင်ခုံပေါ်မှာခြေချိတ် ထိုင်လိုက်သည်။
ကုန်းရိ အသိပြန်ဝင်လာပြီး သူ့ကို စကားပြောလာမည့် အချိန်ကို သဘောထားကြီးစွာဖြင့်ပင် စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးလိုက်သည်။
အတန်ကြာမှ ကုန်းရိသည် ဘေးပတ်ဝန်းကျင်နှင့် အနားရှိသည့်လူများကို သတိထားမိသွားပြီး လက်နောက်ပြန်ချည်ထားသည့်ကြိုးကို အတင်းရုန်းကန်လာခဲ့သည်။
ကုန်းရိသည် သူ့အရှေ့တွင် သူ့ကို သတ်ဖြတ်ချင်သည့် မျက်လုံးစူးကြီးဖြင့် ကြည့်နေသည့် ကျိုးယွင်ကို မြင်လိုက်ပြီး မသိစိတ်မှ တစ်ချက်တုန်လှုပ်သွားမိသည်။သူသည် ကျိုးယွင် သတိမထားမိအောင် ထိုကြောက်စိတ်ကို အမြန်ပယ်ဖျောက်လိုက်ပြီး သိချင်သည့်အကြောင်းအရာကို မေးလိုက်သည်။
"မင်း...ငါ့ကို ဘာကိစ္စကြောင့် ဖမ်းခေါ်ထားတာလဲ...မင်းနဲ့ငါ့အကြားမှာ ဘယ်လိုပြဿနာ ကြီးကြီးမားမားရှိလို့...ငါ့ကို ဒီကိုခေါ်လာရတာလဲ..."
ကျိုးယွင်သည် ကုန်းရိ၏အမေးစကားကို မကြားသယောင်ဖြင့်လုပ်ကာ လက်ထဲရှိဖုန်းကို ဖွင့်လိုက်ပြီး
ဖုန်းထဲမှ ရှောင်ဟန်၏ ပုံများကိုသာ စိတ်ဝင်တစား ကြည့်ရှုနေလေသည်။ တစ်ချို့ပုံများကိုမူ အားမရစွာဖြင့်ပင် မြင်ကွင်းကိုချဲ့ကြည့်နေပြီး တစ်ချို့ပုံများကို စူးစိုက်စွာ မျက်တောင်မခတ် စိတ်ဝင်တစား ကြည့်ရှု့နေလေသည်။ထိုပုံများသည်ကား ရှောင်ဟန် မသိအောင်  ခိုးရိုက်ထားသည့် ရှောင်ဟန်၏ ပုံရိပ်များသာဖြစ်သည်။
ကုန်းရိသည် သူပြောသည်ကို မကြားချင်ယောင်ဆောင်နေပြီး အဖက်မလုပ်စွာ ဖုန်းကိုသာ အာရုံစိုက်ပြီး ကြည့်နေသည့် ကျိုးယွင်အား စိတ်တိုလာပြီး ဒေါသထွက်နေသည့် လေသံဖြင့်ထပ်မံမေးမြန်းလာတော့သည်။
"ဘာလဲ...မင်းပိုက်ဆံလိုချင်လို့လား...ဒါမှမဟုတ် မနက်က ကိစ္စကြောင့်လား...အဲ့ကိစ္စကြောင့်ဆိုရင်တော့ မင်းငါ့ကို အပြစ်တင်နေတာမှားနေပြီ...ဒါက လူငယ်သဘာဝပဲလေ..."
"......."
"ပြီးတော့ မင်းနဲ့ဘာမှ မဆိုင်ဘူးဝင်မရှုပ်နဲ့...ဒါက..ဟန်ကောနဲ့ ငါ့ရဲ့ကြားက ကိစ္စ...မင်းငါ့ဆီ ပါသွားမှာကို ကြောက်ရင် သေချာထိန်းထားသင့်တယ်...ဒါပေမဲ့...ဟန်ကောက ငါတွေ့ဖူးတဲ့လူတွေနဲ့မတူတော့
ငါကသူ့ကို ကောင်းကောင်းဆက်ဆံပေးမှာပါ...မင်းသွေးပူနေစရာ မလိုဘူး...ပြီးတော့ ငါ့ရဲ့ အရည်အချင်းကို ငါယုံကြည်တယ်...ဟန်ကောက နောက်ဆို တမ်းတမ်းဆွဲတောင် ဖြစ်ချင်ဖြစ်လာမှာ...မနက်က မင်းရှိနေလို့...မူနေတာ...တကယ်တော့
သူလည်း လူတစ်ယောက်ပဲ...ငါ့လိုလူအောက်မှာ သာယာချင်ရှာမှာပေါ့..."
ထိုစကားအဆုံးတွင် မည်သည့်စကားမဆိုသေးသည့် ကျိုးယွင်၏ ကန်ချက်သည်ကား ကုန်းရိ မျက်နှာပေါ်သို့ အရှိန်ဖြင့်သက်ဆင်းလာ​ေတာ့သည်။
'ဖြောင်း!...'
"အ့..."
ကျိုးယွင်သည်ကား ကုန်းရိ၏ နောက်ဆုံးပြောလိုက်သည့်စကားကြောင့်ဒေါသစိတ်များက နဂိုထက်ပို၍ ဆိုးဝါးလာခဲ့ပြီး မျက်လုံးများကလည်း အရင်ကထက် အဆပေါင်းများစွာ ကြောက်စရာကောင်းလာပြီဖြစ်သည်။
ကျိုးယွင်က ကုန်းရိ၏ ဆံပင်များကို အရင်းကနေစောင့်ဆွဲလိုက်ပြီး မျက်နှာကို ဘေးနံရံဖြင့် ခပ်ပြင်းပြင်းစောင့်ရိုက်ချလိုက်သည်။ သို့သော် ဒေါသမပြေနိုင်စွာဖြင့်ပင် ရိုက်ချက်ကို မရပ်မနားဘဲ
တစ်ချက်ပြီးတစ်ချက်  နံရံဖြင့် စောင့်ချနေသည်ကား ကုန်းရိ၏ နှခေါင်းရိုးများ စုပ်ပြတ်မတတ်ဖြစ်ပြီး ကျိုးကြေမတတ်ပင်...
"ခွပ်!..."
"အ့..."
"ခွပ်!.."
"အ့..."
ကျိုးယွင်သည် နောက်ဆုံးအကြိမ်ဖြင့်အရှိန်ခပ်ပြင်းပြင်းဖြင့် ကုန်းရိခေါင်းကို နံရံဖြင့် စောင့်ချပစ်လိုက်လေတော့သည်။
"ခွပ်!!..."
ကုန်းရိ၏ စူးစူးဝါးဝါးအော်သံကြီးသည်လည်း ရှေ့ဆင့်နောက်ဆက် အတိုင်းသားပင် ထွက်ပေါ်လာသည်။
"အားးး.!..."
ကျိုးယွင်သည် ဒေါသတကြီး
အံကိုကျိတ်ထားပြီး ကုန်းရိကိုမေးလာသည်။
"မအေလိုးကောင် မင်းရဲ့ တန်းဖိုး မရှိတဲ့...စောက်အသက်ကို နှမြောတယ်ဆိုရင်...မင်းရဲ့ စောက်အပြောအဆိုကို ဆင်ခြင်သင့်တယ်...မင်းအခု ရောက်နေတာက မင်းပထွေးရဲ့ပိုင်နက်မဟုတ်ဘူး...မင်းနားလည်လား...နောက်ထပ်
စောက်သံ ထွက်မလာနဲ့... ငါပြောတာကိုပဲ...အာရုံစိုက်နေ..."
ကျိုးယွင်သည် ကုန်းရိကို သူ့အရှေ့ခုံမှာ ထိုင်ခိုင်းလိုက်ပြီး လုရှောင်းဘက်ကိုလှည့်ကာ ပြောလိုက်သည်။
"လုရှောင်း... ငါ လိုအပ်တဲ့ ပစ္စည်းတွေကိုမင်းလူတွေကိုယူလာခဲ့ခိုင်းပေး"
လုရှောင်းကလည်းကျိုးယွင်ကို တအံ့တသြပုံစံဖြင့်ကြည့်လာပြီး ပြောလာသည်။
"ဟေ့ကောင်...မင်းတကယ်ကြီး...ကိုယ်တိုင် ကိုင်တွယ်တော့မှာလား...မင်းပြောတော့ စိတ်မဝင်စားဘူးဆို..."
ကျိုးယွင်က အေးစက်သည့် အကြည့်ကြီးဖြင့်ကြည့်လာပြီး ကြောက်မက်ဖွယ်ရာ ​လေသံကြီးဖြင့်  ပြောလာသည်။
"မင်းတော်တော်လျှာရှည်တာပဲ...ငါအခုစိတ်တိုနေတာ...သူ့နေရာမှာ မင်းဖြစ်သွားချင်တာလား..."
လုရှောင်းသည် လက်တခါခါဖြင့်
"နိုး...မဖြစ်ချင်ပါဘူး...မင်းလုပ်စရာရှိတာဆက်လုပ် ငါက  ဘေးကပဲကြည့်နေမယ်...ဖီလင်တစ်မျိုးဖြစ်တာပေါ့...မဟုတ်ဘူးလား..."
လုရှောင်းသည် သူ့ကို ထိုသို့ပြောရင်း ဘေးတစ်နေရာတွင်သာ နရံကိုမှီပြီး စိတ်ဝင်စားသည့် မျက်ဝန်းများဖြင့် သူဘာဆက်လုပ်မည်ကိုသာ စောင့်ကြည့် အကဲခတ်လေ​ေတာ့သည်။
ကျိုးယွင်က သူ့ကို ယခုမှကြောက်နေသည့်ဟန်ဖြင့်မည်သည့်စကားမှမဆိုတော့သည့် ကုန်းရိကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ထိုလူနှင့် သင့်တော်သည့် ပစ္စည်းကို ကိရိယာမျိုးစုံပါသည့်လက်နက်ပုံးအား ဖွင့်လိုက်ပြီး တစ်ခုပြီးတစ်ခု အဆင်ပြေမပြေ ယူကြည့်နေမိသည်။
ကျိုးယွင်သည်အဆင်မပြေဖြစ်လောက်မည့် လက်နက်များကို ဘေးအနားရှိ စာပွဲတစ်ခုပေါ်ကို ပစ်တင်လိုက်ပြီး ထက်ရှကောင်းမွန်သည့် ခလုတ်နှိပ်ဓားပါးကလေးကိုမြင်မှ သဘောကျသွားသည့်ဟန်ဖြင့် ထိုဓားပါအား စူးစိုက်ကြည့်ကာ တစ်ချက်ပြုံးလာလေသည်။
သူသည် ဓားပါးကလေးကို လက်ချောင်းရှည်ရှည်များဖြင့် ပွတ်သတ်ပေးနေပြီး ကုန်းရိထံသို့ထပ်မံကြည့်ရှု့လေသည်။
ကျိုးယွင်၏မျက်လုံးများသည်က ရူးသွပ်နေဟန်ဖြင့်ကြည့်ရှု့လာပြီး နှုတ်ခမ်းပါးသည်ကလည်းကြောက်မက်ဖွယ်ရာ အပြုံးကြီးကို ချိတ်ဆွဲထားသေးသည်။
ကျိုးယွင်က ဓားပါးကို စိတ်ဝင်တစား လေ့လာကြည့်ရင်းဖြင့် ကုန်ရိကို စကားဆိုလိုက်သည်။
"စောစောက...မင်းပြောတယ်နော်...မင်းက ဘယ်လောက် အစွမ်းအစကြီးကြောင်း...အော်...မဟုတ်ဘူး...မဟုတ်ဘူး...
မင်းဆိုလိုချင်တာက မင်းရဲ့အစွမ်းအစရှိကြောင်းလို့မှ မဟုတ်ဘဲ...မင်းရဲ့ဟာကို ပြောတာဖြစ်လိမ့်မယ်...မင်းရဲ့ အဲ့ဟာက အဲ့လောက်တောင် အစွမ်းထက်နေတာလား...ကောင်းကောင်းဆက်ဆံပေးမယ်ဆိုတော့ ကိုယ့်ဟာအပေါ် သိပ်ကို ယုံကြည်မှု လွန်ကဲနေပုံရတယ်...ကျန်တဲ့လူအပေါ် ဆိုရင်တော့ ငါမပြောလိုပါဘူး...စိတ်မကောင်းစရာက မင်းပြောတဲ့လူက ငါ့ရဲ့လူ ဖြစ်နေတယ်...ငါတောင် မထိရက်သေးဘူး..."
"......"
"အဲ့တော့ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်...စိတ်ဝင်စားရင်ခေါင်းငြိမ့်လိုက် မင်းမရွေးရင်...ငါကိုယ်တိုင် တစ်ခုရွေးပေးမယ်...ဖြစ်နိုင်တာက ဘယ်ဟာကိုရွေးရွေး မင်းအတွက်ကောင်းလာမှာမဟုတ်ဘူးဆိုတာပဲ..."
ကျိုးယွင်က ထိုသို့ပြောလာတော့ ကုန်းရိသည်ကား မယုံကြည်နိုင်သည့် အကြည့်များဖြင့်ကြည့်လာလေသည်။
"ရွေးမှာလား...မြန်မြန်ပြော အချိန်မရှိဘူး...ဘာလည်း ငါရွေးတာကို စောင့်နေတာလား..."
ကုန်းရိသည် ကျိုးယွင်ကိုယ်တိုင်ရွေးချယ်လျှင် သူ့အတွက် ပိုဆိုးဝါးနိုင်သည့်အတွက်ကြောင့် မဖြစ်မနေ တစ်ခုရွေးချယ်ရန် အကြောင်းဖန်လာခဲ့သည့်အတွက် မလွဲသာသည့်နောက်ဆုံးတွင် မသက်မသာဖြင့်သာ ကြောက်လန့်တကြားခေါင်းကို စွက်ငြိမ့်ပေးလိုက်ရတော့သည်။
မရွေးချယ်လို့မှ မရတော့ဘဲ...မဟုတ်ရင်လည်း သူ့အရှေ့က ရူးနေပုံရသည့် ထိုလူက သူ့ကို သတ်ပစ်နိုင်သည်မဟုတ်လား...သူအသက်ရှင်ပါလျှင်...ပိုက်ဆံရှိပါက ဘယ်အရာကိုမဆို ပြန်စလို့ရသည်...သူ့မှာ သူ့ဘက်က အမြဲရပ်တည်​ပေးသည့် သူ့ကိုချစ်သည့်အမ တစ်ယောက်လည်းရှိသေးသည်။သူ့အမက ထိုလူ့ကို သူတစ်ခုခုဖြစ်ရင် ခွင့်လွတ်မှာ မဟုတ်ဘူး...
ကုန်းရိသည် မြန်မြန်ပင်ပြောလာသည်။
"ရွေးမယ်...တစ်ခု...ဘယ်ဟာကိုရွေးရမှာလည်း..."
"အဟက်! ...အခုကျတော့ လည်း အလျင်လိုလှချည်လား...မင်းက မခေဘူးပဲ...ဒါပေမဲ့ ငါပြောလိုက်တဲ့ ရွေးချယ်မှုကိုကြားလိုက်ရင် စောက်သွေးပျက်မသွားနဲ့အူး..."
"....."
ဂူဒေါင်းအတွင်ရှိ လူအားလုံးလိုလိုပင် ကျိုးယွင်၏ စကားကို စိတ်ဝင်တစား နားထောင်လာကြသည်။
လုရှောင်း၏ မျက်လုံးများသည်ကား အရောင်တလက်လက်...
"ငါရွေးချယ်ခိုင်းမယ့် အထဲက ပထမတစ်ခုက တစ်ခုလို့သာပြောတာ မင်းရရှိမယ့် ဝေဒနါက မင်းအတွက် မကောင်းမွန်ဘူး...ဒါပေမဲ့ မင်းရွေးချယ်မယ့် တစ်ခုဖြစ်ဖို့များတယ်..."
အားလုံး "......"
"အဲ့ဒါက မင်းရဲ့ မျက်နှာကို ဓားနဲ့ မွှန်းမှာရယ်...ကောကို ကိုင်လိုက်တဲ့ မင်းလက်ရဲ့ လက်သည်းခွံကိုခွာချင်တာလောက်ရယ်...ပြီးတော့ ဆေးစွဲသွားအောင် ဆေးအပြင်းစားတစ်ချက်ထိုးမှာရယ် ဒီလောက်ပါပဲ..."
"မင်း!.."
"နေဉီး ငါ့​စကားမဆုံးသေးဘူး...ဝင်မပြောနဲ့ ဆုံးအောင်အရင်နားထောင်အူး...ဖြတ်မပြောနဲ့ ငါမကြိုက်ဘူး...မင်းရဲ့မျက်နှာကို ဓားနဲ့ မွှန်းမယ်ဆိုတာက အကြောင်းပြချက်ရှိတယ်...မင်းကအဲ့မျက်နှာကိုသုံးပြီးနောက်ထပ်ဘယ်ပန်းကောင်းကို အညွန့် ချိုးမလည်းဆိုတာ မပြောနိုင်ဘူးလေ...ငါက အဲ့လိုလူမျိုးတွေဆိုရင် အရမ်းရွံတာ...လက်ကိုတော့ ဘာကြောင့်လည်းဆိုတာ မင်းနားလည်ပါတယ်...ဆေးထိုးတာကကြတော့ မင်းကို နောက်ထပ်သုံးစားမရအောင် လုပ်ချင်တာကြောင့်  စောစောက မင်းရဲ့ စောက်ပါးစပ်ကနေ ငါ့ကောအ​ပေါ်ကို ညစ်ညစ်ညမ်းညမ်းပြောခဲ့လို့လေ... "
"........"
"ဒုတိယတစ်ခုဆိုရင်တော့ သက်သာမယ်...ဒါပေမဲ့ မင်းမရွေးချယ်လောက်ဘူးလို့ ငါထင်တယ်...
အဲ့ဒါက မင်းရဲ့ ဟာကို မင်းကိုယ်တိုင် ဖြတ်ရမယ်..."
ကုန်းရိသည်ကား ထိုစကားကိုကြားလိုက်ရတော့ ကြောက်လန့်နေသည့်ကြားမှ ဒေါသစိတ်ကိုမထိန်းနိုင်တော့ဘဲ ထပ်မံအသံထွက်လာသည်။
"မင်း!...ဒါဘာစကားပြောတာလည်း... "
"စောက်ပါးစပ်ကို ပိတ်ထားစမ်း! မင်းကို ဝင်မပြောနဲ့လို့ ဘယ်နှခါပြောရမှာလည်း...ထပ်ပြောရင် မင်းပါးစပ်ကိုပါ ဓားနဲ့မွန်းပစ်မယ်..."
"......"
"စောစောကဖြတ်ရမယ်လို့သာပြောတာ... မင်းကို သက်ညှာသောအား ဖြင့် ထုံဆေး တစ်ယောက်လာထိုးပေးခိုင်းမယ်...မင်းဟာကိုတော့ မင်းကိုယ်တိုင်ဘဲဖြတ်ရမယ်...ဘာလို့ဆို ငါကရွံတတ်တယ်...ကျန်တဲ့လူတွေကလည်းဖြတ်ပေးချင်မှာမဟုတ်ဘူး...မင်းဟာက အစုံစားတဲ့ဟာကြီးဆိုတော့...သူတို့လည်းဖြတ်ချင်မှာမဟုတ်ဘူးလေ...ကဲ ဒီလောက်ပဲ...ရွေးလို့ရပြီ...အချိန်မဆွဲနဲ့ ၅မိနစ်အချိန်ပေးမယ်..."
ကျိုးယွင်က ထိုသို့ပြောပြီးနောက် သူ့ရဲ့ ဖုန်းကိုသာပြန်ဖွင့်လိုက်ပြီး ကြည့်လို့မပြီးပြတ်လိုက်သည့် ရှောင်ဟန်၏ ပုံများကို ထပ်မံ ကြည့်ရှုနေပြန်သည်။
ကုန်းရိသည်ကား သွေးရူး တန်းရူးဖြင့် ကြောက်ကြောက်လန့်လန့်ဖြစ်လာပြီး ခေါင်းတွေခါရမ်းလာသည့်ပုံစံက အရူးတစ်ယောက်လိုပင်။
အတန်ကြာမှတစ်ခုခုကို စဉ်းစားမိလိုက်သည့်ဟန်ဖြင့် ငြိမ်ကျသွားလေပြီး ဆုံးဖြတ်ချက်ချလိုက်ဟန်ပေါ်သည်။
ကုန်းရိလိုလူမျိုးသည်ကား မည်ကဲ့သို့ကြောင့် ဒုတိယနည်းလမ်းကို ရွေးချယ်လိမ့်မည်နည်း။ထိုနည်းလမ်းက သူ့ရဲ့ဘဝ ပျက်စီးသွားတာနှင့်အတူတူပင်... ကျန်သည့်အရာများသည််ကား...ပြန်လည်စတင်ရန်လွယ်ကူလှသည်။ ထိုအရာသည်ကား ပြန်လည်စတင်လျှင်လည်း အကောင်းတိုင်းပြန်မရနိုင်သည့် လူညွှန့်တုံးမှုမျိုးတစ်ခုပင်...
နာကျင်မှုသည်ကား အချိန်တန်လျှင်ပပျောက်နိုင်
လောက်သည်။
ခဏအကြာတွင် ထိုသူသည် ကျိုးယွင်ကို အငြိုးကြီးသည့် မျက်လုံးများဖြင့်ကြည့်ရှု့လာလေသည်။ ကျိုးယွင်ကပြန်ကြည့်လိုက်သည့်အခါတွင်တော့ အလန့်တကြားဖြင့်် အယောင်ယောင်အနနဖြင့်သာ ခေါင်းပြန်ငုံသွားပြီး
မျက်လွှာချကာ အသံခပ်တုန်တုန်ဖြင့် ပြောဆိုလာခဲ့သည်။သူ မပြောလျှင်လည်း ကျိုးယွင်က သူ့ကိုအလွတ်ပေးလိမ့်မယ်မဟုတ်ပေ...
ထိုအရာသည်ကားအမှန်တရားတစ်ခုပင် ဖြစ်လေသည်။
"မင်းပြောသလိုပဲ... ပ..ပ..ပထမဟာကို...ငါ...ငါ..ရွေးမယ်...ဒါ..ဒါပေမဲ့ မင်းဒီနေ့ကို...မှတ်ထား..."
ကျိုးယွင်သည် ကုန်းရိပြောလိုက်သည့် စကားကို ဂရုမစိုက်သလိုဖြင့်ကြည့်လာပြီး ခနဲ့ ကာပြောလာသည်။
"အဟက်!...ငါမင်းကို မှတ်မထားနိုင်ရင်တော့ စိတ်မကောင်းစရာပဲ...ဘာလို့ဆို... ငါ့ကို နောက်ဆိုရင်မင်းလိုပြောလာတဲ့ လူတွေက မမှတ်မိလောက်အောင် များလာတော့မှာလေ...အခု​တော့ လက်ရှိ မင်းရမဲ့ ဝေဒနါကို အပြည့်အဝခံစားပေးလိုက်ပါအုံး."
လုရှောင်းအပါအဝင် လူယုံတော်များအားလုံးကလည်း ကျိုးယွင်ကိုသာ ယခင်ကထက်ပို၍
စိတ်ဝင်တစားကြည့်ရှု့လာကြသည်။
လူယုံတော်များ အားလုံးက ကျိုးယွင်ကို ကြည့်ကာ
ပိုပိုပြီးပင် မဝင့်မရဲဖြစ်လာပြီး အသီးသီးခေါင်းငုံ့လျက်သာ မသိမသာတစ်ချက်တစ်ချက် ခိုးကြည့်ကြလေသည်။ လုရှောင်းက သတ္တိမရှိသည့် သူ့ရဲ့ လူယုံအချို့ကိုကြည့်ပြီး နောက်မှသာ ထိုလူများကို အလုပ်ထုတ်ပစ်ပြီး လူအသစ်လဲရန်သာ တေးထားလိုက်ရသည်။ သူ့နယ်မြေမှာ သတ္တိမရှိတဲ့ လက်အောက်ငယ်သားဆိုတာ မရှိစေရဘူး...
ကျိုးယွင်သည် ဓားပါးတစ်လက်ကို ကျွမ်းကျင်စွာ လှည့်ရင်း ကုန်းရိအနားကို လျှောက်လှမ်းသွားကာ ကြောက်စရာကောင်းသည့် အပြုံးကြီးတစ်ချက်ကိုပြုံးလိုက်ပြီး ရယ်မောကာ ပြောဆိုလာခဲ့သည်။
"ရွေးချယ်လိုက်တဲ့ လမ်းက ထင်တဲ့ အတိုင်းပဲ...အဟက်! ...လူညွှန့်သုံးပြီး နောက်ထပ်မလုပ်ရမှာကြောက်လို့...အနာခံမယ်ပေါ့လေ...နည်းတဲ့ဇမဟုတ်ဘူးပဲ...မင်းရဲ့ စောက်အဖိုးမတန်တဲ့ ဆန္ဒတရားကို လက်အပေခံပြီး ဖြည့်ဆည်းပေးရမှာပေါ့..."
ကျိုးယွင်က ထိုသို့ပြောလာပြီး ကုန်းရိ၏ ဆံပင်များကို အားကုန်စောင့်ဆွဲပစ်လိုက်ပြီး ကုန်းရိရဲ့ မျက်နှာကို မော့ထားစေလိုက်သည်။
ပြီးနောက်တွင်မူ သတ်ဖြတ်ချင်နေသည့် စိတ္တဇ ဆန်ဆန် အကြည့်ကြီးဖြင့် ကြည့်လာပြီး အေးစက်စက် ဓားပါးကို ကုန်းရိ၏ မျက်နှာပေါ်တွင် တင်လာလေသည်။
ကုန်းရိသည်လည်း ဓားသွားက မျက်နှာပေါ်ရောက်လာသည့် အေးစက်စက်အထိအတွေ့ကြီးကြောင့် ကြောက်လန့်တကြား အတင်းရုန်းကန်လာလေသည်။ကုန်းရိသည်ကားစောစောက မကြုံဘူးလို့
စကားကြီးစကားကျယ်များ ပြောလာခဲ့တာဖြစ်သည်။
ယခုတွင်တော့ ချက်ချင်းပင် သေချင်စိတ်များပေါက်ဖွားလာရသည်။ သို့သော်လည်း သူ၏ ပထမ ပြောထားသည့် စကားကို ပြန်ပြင်လိမ့်မည်မဟုတ်ပါ...ဒီရွေးချယ်မှုကသာ သူ့ရဲ့အမှန်ကန်ဆုံးရွေးချယ်မှုဆိုတာ သူယုံကြည်သည်။
ထိုအခိုက်မှာပဲ သူ့ရဲ့ မျက်နှာထက်သို့ စပ်ဖြင်းဖြင်း စူးရှရှ ခံစားချက်ကြီးကရောက်ရှိလာပြီး သွေးညှီနံသည်ကား နှာခေါင်းအတွင်းသို့ အလုံးအရင်းဝင်ရောက်လာသည်။ နာကျင်မှုသည်ကလည်း တစ်ပြိုင်နက်ထဲမှာပင် အရိုးခိုက်အောင် ဖြစ်တည်လာခဲ့သည်။ကုန်းရိသည် ထိန်းချုပ်မထားနိုင်တော့ဘဲ
အသံကုန် အော်ဟစ်နေမိတော့သည်။
"အား.....အားးးးး!...."
ကျိုးယွင်သည်ကား ကုန်းရိ၏ အော်သံစူးစူးဝါးဝါးကြောင့် မကြာသေးခင်က ထွက်ထားသည့် ဒေါသတရားများအတွက် အနည်းငယ် ကျေနပ်သွားဟန်ဖြင့် ဆိုးယုတ်လှသည့် နတ်ဆိုးတစ်ကောင်၏ အကြည့်များဖြင့် စူးစိုက်ကာထိုအော်သံကို အရသာခံစားပြီး နားထောင်နေလေသည်။ ထိုအော်သံများသည်ကား သူ၏ စိတ်အခြေအနေကို အနည်းငယ်မျှတော့ ကျေနပ်မှုကို ပေးစွမ်းလာစေသည်။
ကျိုးယွင်သည်ကား မျက်တောင်တစ်ချက်မှမခတ်ဘဲ
အတွေ့အကြုံ သစ်ကို အရသာ ရှိစွာ ခံစားရင်း သူ့ရဲ့လုပ်ဆောင်ချက်များကို မရပ်တန့်ဘဲ ဆက်လက်ဆောင်ရွက်လေသည်။
ကုန်းရိ၏မျက်နှာတစ်ခုလုံးသည် သိပ်မကြာခင်မှာပဲ
သွေးသံတရဲရဲဖြင့် ပြည့်နှက်လာတော့သည်။ချွဲ
ပျက်နေသည့် သွေးစက်များသည်ကား ကုန်းရိ၏လည်တိုင်များတစ်လျှောက်တွင် စီးကျလျက်ရှိပြီး အက်ျီများတွင်ပင် ပေကျံစွန်းထင်လျက်...
အလားတူစွာပင်...ကျိုးယွင်၏ လက်တစ်စုံလုံးသည်လည်း သွေးစသွေးနများဖြင့် မြင်လို့ပင်မကောင်းပါတော့ချေ။
မျှော်လင့်တကြီးဖြင့် စိတ်ဝင်တစား ကြည့်ရှု့နေသည့် လုရှောင်းမှ တစ်ပါး ကျန်သည့်် လူအချို့သည်ကား ရဲရဲပင်မကြည့်ရှုရဲကြတော့ဘဲ မျက်နှာပင်လွဲထားကြတော့သည်။ အချို့နှလုံးမကောင်းသည့် လူများဆိုလျှင်ပင် ခြေပင် သိပ်မခိုင်ချင်တော့ဘဲ အယောင်အနနဖြစ်ပြီး တစ်ဉီးကိုတစ်ဉီး အကူအညီပြုကာ တွဲထားရလျက်....
ကျိုးယွင်သည် လုံလောက်ပြီဟုထင်ရမှသာ ဓားပါးကို ဘေးက ရေပုံးတစ်ခုထဲကို ပစ်ထည့်လိုက်ပြီး
အညောင်းအညာဖြေရန်အတွက် ခဏထလိုက်ပြီး
လက်နက်ထည့်သည့် ပုံးဆီသို့ တစ်ဖန်ပြန်လျောက်သွားလေသည်။
ကုန်းရိသည်ကား နောက်ထပ်ပင် အော်သံကျယ်ကျယ်မထွက်နိုင်တော့ဘဲ အနာရှိန်ကြောင့် နာကျင်သည့်ဟန်ဖြင့် အသံတိတ်ငြီးညူနေရလေသည်။
ကျိုးယွင်သည် သူ၏ ဆောင်ရွက်ချက်များကိုကြည့်ကပြီး ကြောက်လန့်တကြားအသက်မရှိတော့သလိုဖြစ်နေသည့် လုရှောင်း၏ လူယုံများကိုကြည့်ပြီး လုရှောင်းအား အားမလိုအားမရစွာဖြင့်ပင်ပြောလိုက်၏။
"လုရှောင်း...မင်းရဲ့ကောင်တွေရဲ့ သတ္တိကလည်းသေးလိုက်တာ...မင်းလုပ်တာ မမြင်ဖူးဘူးလား...သူတို့က..."
လုရှောင်းက ထိုစကားကိုကြားတော့ သူ့လူတွေကို တစ်ချက်ကြည့်လိုက်ပြီး မှန်ကန်နေသည့်အတွက်ကြောင့် မတတ်နိုင်သည့်မျက်နှာဘေးဖြင့်ဆိုလာသည်။
"သူတို့မြင်တော့ မြင်ဖူးကြတယ်...ဒါပေမဲ့ မင်းရဲ့လုပ်ပုံကိုင်ပုံက ဆရာကျပြီး ဝါရင့်တစ်ယောက်လိုဖြစ်နေလို့လေ...ငါတောင်မင်းကိုကြည့်ပြီး မင်းဆီက မာန်အပြည့်ဖြစ်နေတဲ့ပုံစံကို အားကျနေတာ...ငါကလုပ်ချင်လို့သာလုပ်လိုက်ရတာ...မင်းကတော့တူမနေဘူးလေ...
မကျေနပ်ချက်တွေနဲ့ အားရပါးရ ကိုင်တွယ်နေတာကို...ငါလည်း မင်းလို ကိုယ်မကျေနပ်တဲ့လူတွေကို ရှာပြီး ကိုင်တွယ်ကြည့်ရမယ်ထင်တယ်...ငါလုပ်နေတဲ့ဟာတွေက မင်းလောက် ဖီးမလာသလို အခုခံစားနေရလို့..."
"အဟက်!...ငါက မင်းလိုလူမျိုးမဟုတ်ဘူး...ဆရာကျတယ်ဆိုတဲ့ မင်းရဲ့ ခွေးစကားကို ခေါက်ထားလိုက်...မင်းလိုဖြစ်လာမှာမဟုတ်ဘူး..."
"မင်းက အခုချိန်ထိ လက်မခံချင်သေးဘူးဘဲ..ကိစ္စမရှိပါဘူး...ခွေးသားလေး စိတ်ချမ်းသာရင် အဖေကြီး
ကျေနပ်ပါတယ်...ဟုတ်ပြီလား..."
ကျိုးယွင်က စကားကို ထပ်မဆိုတော့ဘဲ နောက်ထပ် ကိရိယာတစ်ခုကိုသာ ရွေးချယ်လိုက်တော့သည်။
သိပ်မကြာခင်မှာပဲ ဂိုဒေါင်အတွင်းပိုင်းမှ ကုန်းရိ၏ အော်သံကြီးသည်ကား စက္ကန့်အပိုင်းအခြားတစ်ခုတွင် တစ်ကြိမ်နှုန်းဖြင့် ဆူညံစွာထွက်ပေါ်လာတော့သည်။
နောက်ဆုံးတွင်မှု ကုန်းရိသည်ကား ထပ်မံ၍ အသံ တစ်စက်မှ ထွက်မလာတော့ဘဲ သတိလက်ကာ ငြိမ်ကျသွားပြီဖြစ်သည်။ ထိုသူ၏ လက်ချောင်းများသည်ကား သွေးသံတစ်ရဲရဲဖြင့် အကျဉ်းတန် လို့ပင်နေလေသည်။
ကျိုးယွင်သည်လည်း ကျေနပ်စွာဖြင့်ပင် ကုန်းရိကို မဲ့ပြုံးတစ်ချက်ပြုံးကာ ကြည့်လိုက်ပြီး လူယုံတွေရှိရာဘက်ကို လှည့်ကာ ပြောလိုက်သည်။
"ဒီခွေးကောင်ကို...မင်းတို့ကို ငါပြောထားတဲ့အတိုင်းအပြင်းစား ဆေးကိုထိုးပေးလိုက်...ပြီးရင်...သူ့အိမ်ရှေ့ ဒါမှမဟုတ် သူ့အဖေပိုင်တဲ့ Club အရှေ့မှာ သွားချပေးထားလိုက် မဟုတ်ရင် သူသေသွားလိမ့်မယ်...ငါက သူ့ကို သေတာထက်ဆိုးတဲ့ စိတ်ဒဏ်ရာ ကိုခံစားစေချင်တာ...နားလည်လား..."
"ဟုတ်..."
"ဟုတ်...ဟုတ်ကဲ့..."
"ဒါဆိုရင်...လုပ်စရာရှိတာဆက်လုပ်..."
ကျိုးယွင်သည် ထိုသို့ပြောပြီး ကျေနပ်စွာ တစ်ချက်ပြုံးလိုက်မိပြီး သွေးများကို ဆေးကြောရန် သန့်စင်ခန်းသို့ထွက်သွားလေသည်။
ကျန်နေခဲ့သည့်လုရှောင်းက သူရဲ့ လုပ်ရဲကိုင်ရဲရှိသည့် လူယုံတစ်ယောက်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။
"သူ့ကို အခုကိစ္စတွေပြန်မပြောနိုင်အောင် လုပ်နေကျအတိုင်း လျှာကြောကို ဖြတ်ပလိုက်...မဟုတ်ရင် ကိစ္စက ဒီလောက်နဲ့ပြီးသွားမှာ မဟုတ်ဘူး...ဒီကိစ္စကို ကျိုးယွင်ကို မသိစေနဲ့... သွားလုပ်စရာရှိတာ အမြန်သွားလုပ်..."
"ဟုတ်ကဲ့..."
ကိုယ်လက်သန့်စင်ပြီးသွားသည့် ကျိုးယွင်ထွက်လာမှသာ လုရှောင်းလည်း ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး
"သွားရအောင်...မင်း ဒီမှာနားသွားအူးမှာလား..ဒါမှမဟုတ်... ချက်ချင်းပြန်မှာလား..."
ကျိုးယွင်သည် ခေါင်းတစ်ချက်ခါလိုက်ပြီး
"မနားတော့ဘူး...နာရီကိုလည်းကြည့်အူး...၁၂ထိုးတော့မယ်...မဟုတ်ရင် အခြေအနေမဟန်ဘူး...
ကောကတော့ ကိစ္စမရှိလောက်ဘူး အိပ်နေလောက်ပြီ..."
ကျိုးယွင်၏ မျက်နှာသည်ကား စောစောကဖြစ်နေသည့်ပုံစံဖြင့်လုံးဝမသက်ဆိုင်ဘဲ ထိုစကား တစ်ဝက်၏ နောက်ဆုံးအကြောင်းအရာတွင် နု့ညံ့လာခဲ့သည်။
လုရှောင်းက ချက်ချင်းသတိထားမိလိုက်ပြီး ဘာမှပြန်မပြောတော့ဘဲ မျက်ခုံးတစ်ဖက်သာ ပင့်လိုက်ရတော့သည်။
ကျိုးယွင်သည်လည်း အိမ်ကိုသာ အမြန်ပြန်ရောက်ချင်သည့်ဇောကြောင့် လုရှောင်းနဲ့ ထပ်ပြီးစကားရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ကားပေါ်သို့သာ တက်လာခဲ့လိုက်သည်။
ကားပေါ်မှ သူ့ကို ထိုင်စောင့်နေသည့် ဒါရိုက်ဘာသည်ကား မနက်က တစ်ယောက်ဟုတ်မနေပါချေ။
ထိုလူသည်ကား အဖေထောက်ပံပေးထားသည့် အိမ်တစ်အိမ်မှ သားဖြစ်ပြီး သူတို့မိသားစုကို ကျေးဇူးရှင်ဟုအမြဲ သတ်မှတ်ထားသည့် သူသာဖြစ်သည်။ထိုသူသည်ကား ကျိုးယွင်၏ယုံကြည်ရသည့် လူယုံ စုန့်ကျီး သာဖြစ်သည်။
စုန့်ကျီးသည် သူလုပ်​ဆောင်သည့် မည်သည့်ကိစ္စရပ်များကိုမဆို ဝင်ရောက်စပ်စုခြင်းမရှိဘဲ သူခိုင်းခဲ့လျှင် ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ ဆောင်ရွက်ပေးတတ်သည့် သူတစ်ယောက်ဖြစ်သည်။ စုန့်ကျီးသည်က သူ့ရဲ့ လူသိမခံရမည့် ကိစ္စရပ်များကို ဆောင်ရွက်တိုင်း
အသွားအလာ အဆင်ပြေချောမွေ့ပြီး အဖေ့ရဲ့ ယုံကြည်ချက်ကိုရရှိရန် တစ်ဖက်တစ်လှမ်းကနေ ပါဝင်ပေးရသည့်သူတစ်ယောက်လည်းဖြစ်သည်။
စုန့်ကျီးလိုအေးစက်စက်နိုင်ပြီး စကားပြောနည်းသည့် သူတစ်ယောက်က သူနဲ့ မသက်ဆိုင်သည့် မည်သည့်ကိစ္စရပ်များကိုမဆို ဝင်မစွက်ဖက်ဘဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ လက်ခံမည့်လူစားမျိုးဖြစ်သည်။
ထိုကဲ့သို့လူတစ်ယောက်က သူ့ရဲ့ လုပ်ဆောင်ချက်များကို ဖခင်အား ပြန်ပြောမည်ကို စိတ်မပူရချေ...
ကျိုးယွင်သည် စုန့်ကျီး ကို ကားမောင်းလို့ရပြီဆိုသည့်ဟန်ဖြင့် ခေါင်းတချက်ငြိမ့်ပြလိုက်သည်။
ပြီးနောက်တွင် ကားနောက်ခုံတွင် ခေါင်းကိုမှီလိုက်ပြီး မျက်လုံးများကို ခဏတာအနားပေးရန်အတွက် မှေးစင်းလိုက်တော့သည်။
သူ့ရဲ့... မျက်လုံးများတွင်တော့...နွေးထွေးညင်သာသည့် အပြုံးကလေးဖြင့်ပြုံးရယ်ပြနေသည့် ရှောင်ဟန်၏ ပုံရိပ်များသာ...အပြည့် နေရာယူဝင်ရောက်လျက်...
သူ၏ အတွေးများတွင်တော့...
ရှောင်ဟန်ကော...ကောကြောင့်ပဲ
ကျွန်တော့်ရဲ့လက်ကို ပထမဉီးဆုံးအနေနဲ့  လိုလိုလားလားကို... သွေးစွန်းခံလိုက်မိပြန်ပြီ....
ကောကြောင့်ပါပဲ...အရာရာတိုင်းက ကောကြောင့်ပဲဖြစ်ဖြစ်လာတယ်...
ဒါပေမဲ့လေ.. ကျွန်တော် ပျော်တယ်...နောင်တမရမိဘူး...
-------------------------------
Zawgyi
"ဟုတ်ကဲ့"