မောင့်သည်းညှာရှင် (Completed)

Autorstwa MaHninNge

289K 23.1K 1K

တတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွ... Więcej

မောင့်သည်းညှာရှင် အပိုင်း ၁
မောင့်သည်းညှာရှင် အပိုင်း ၂
မောင့်သည်းညှာရှင် အပိုင်း ၃
မောင့်သည်းညှာရှင် အပိုင်း ၄
မောင့်သည်းညှာရှင် အပိုင်း ၅
မောင့်သည်းညှာရှင် အပိုင်း ၇
မောင့်သည်းညှာရှင် အပိုင်း ၈
မောင့်သည်းညှာရှင် အပိုင်း ၉
မောင့်သည်းညှာရှင် အပိုင်း ၁၀
မောင့်သည်းညှာရှင် အပိုင်း ၁၁
မောင့်သည်းညှာရှင် အပိုင်း ၁၂
မောင့်သည်းညှာရှင် အပိုင်း ၁၃
မောင့်သည်းညှာရှင် အပိုင်း ၁၄
မောင့်သည်းညှာရှင် အပိုင်း ၁၅
မောင့်သည်းညှာရှင် အပိုင်း ၁၆
မောင့်သည်းညှာရှင် အပိုင်း ၁၇
မောင့်သည်းညှာရှင် အပိုင်း ၁၈
မောင့်သည်းညှာရှင် အပိုင်း ၁၉
မောင့်သည်းညှာရှင် အပိုင်း ၂၀
မောင့်သည်းညှာရှင် အပိုင်း ၂၁
မောင့်သည်းညှာရှင် အပိုင်း ၂၂
မောင့်သည်းညှာရှင် အပိုင်း ၂၃
မောင့်သည်းညှာရှင် အပိုင်း ၂၄ 🚨🚨(Final)
မောင့်သည်းညှာရှင် Extra
မောင့်သည်းညှာရှင် Extra( Side Story)

မောင့်သည်းညှာရှင် အပိုင်း ၆

9.4K 924 33
Autorstwa MaHninNge

Uni

မောင့်သည်းညှာရှင် အပိုင်း ၆

အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားနေပေမယ့်..အချိန်အားဖြင့် ၂ လသာကြာသွားသည် သည်းညှာ မှတ်ဉာဏ်တွေက.....ဟိုတစ်ပြတ်ဒီတစ်ပြတ်သာ ဝိုးတစ်ဝါး မှတ်မိနေသည်..။Accident ဖြစ်တဲ့နေ့ကို ဘယ်လိုမှ ပြန်ရှာလို့မရ..။ထိုနေ့နဲ့ပတ်သက်၍ ခေါင်းထဲမှာ...အရာအားလုံးသည်ဗလာ..။အဲ့တော့...သူတစ်စုံတစ်ခုကို လုပ်ကြည့်ရမည်..။

မောင်သိလို့တော့မဖြစ်...။

တိုင်းက..outdoor photo အတွက်ပြင်ဦးလွင်ရောက်နေတာ ၁၅ရက်ကျော်သွားပြီ..။အနည်းဆုံး တစ်လခွဲကြာမည်လို့သိထားသည်..။ဒါကြောင့်အချိန်ရသည်..။

Ring!!

အတွေးတို့နဲ့အကြံထုတ်နေတာကြောင့် ဖုန်းလာတော့ လန့်တုန်သွားမိသည်..။

ရာဇဝင်ရိုင်းလိုက်တာ ...။မဟုတ်တာလုပ်ဖို့စဥ်းစားတွေးမိရုံရှိသေး မောင့်ဖုန်းလာသံကြားသည်နှင့် လန့်သွားရသလား...။ရင်နှစ်သည်းညှာ မင်း မပျော့ညံ့စမ်းနဲ့..။

''ဟလို...မောင်...''

''ကိုကို..ဘာလုပ်နေလဲ..''

''ထိုင်နေတာ....''

''မောင့်ကိုလွမ်းနေတာလို့ပြောရင် ထ ကမိမှာစိုးလို့လား....''

''အင်း...''

''အော်ဟော်...တကယ်မောင့်အကြောင်းတွေးနေတာပေါ့...''

''မင်းကဘယ်လိုသိလဲ...''

''ကိုကို့ပြောလိုက်တဲ့ အင်းဆိုတဲ့အသံအဆုံးမှာ ခပ်တိုးတိုးရယ်လိုက်တယ်လေ...''

သည်းညှာ ပြုံးလိုက်ပြီး မင်းအကြောင်းလို့လည်းအမည်တပ်လို့မရတဲ့ ငါတို့နှစ်ယောက်အကြောင်းတွေးနေမိတာရယ်...ငါအခုမကောင်းတာလုပ်ဖို့ကြံနေတာကိုတော့ မပြောတော့ဘူး...အဟင်း..။

''ကိုကို..ဘာလို့ငြိမ်သွားတာလဲ...V call ခေါ်မယ်..ကိုကို့မျက်နှာကြည့်မယ်....''

''အိပ်တော့.. စောစောစီးစီး...''

''မရဘူးဆို...ကိုကို v call ခေါ်...''

''ok...တိမ်မိုးမြင့်တိုင်း နှစ်ခုထဲက တစ်ခုရွေး....V callခေါ်ပြီး မျက်နှာကိုကြည့်မလား...မနက်ဖြန် လူကိုယ်တိုင် အပြင်မှာ မျက်နှာကြည့်ပြီး အာဘွားပေးမလား...ရွေး...''

''ဒုတိယ..ဒုတိယ ရွေးမယ်..ကိုကိုလာမှာသေချာတယ်နော်....''

ဒါမျိူးဆို တိမ်မိုးမြင့်တိုင်းတို့က နှစ်ခါပြန်မရွေးဘူး...။အလောတကြီးဖြေလိုက်ပုံက သည်းညှာမှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်...။မနက်ဖြန်ဖြောင့်ဖြောင့်တန်းတန်းတော့ရောက်ကောင်းပါရဲ့...။

''အင်း...လာမှာ..''

''ဟုတ်ပြီ..ဘယ်ချိန်လဲကိုကို...''

''ဖုန်းဆက်မယ်...လာချိန်ကျရင်...''

''ဆိုင်ကယ်ဖြေးဖြေးမောင်းခဲ့...''

''အင်း...ဒါပဲ...အိပ်တော့...''

''ဟုတ်...''

သည်းညှာ ဖုန်းချလိုက်ပြီး အတွင်းရေးမှူးဆီ ကားတစ်စီး ဝယ်ခိုင်းလိုက်သည်..။သူစွန့်စားကြည့်မယ်...။

မနက်ရောက်တော့...အိမ်ကို မန္တလေးသွားမည်ဟု အသိပေးခဲ့ကာ..ဆိုင်ကယ်နဲ့ထွက်လာခဲ့သည်။
Ent ရောက်တော့အတွင်းရေးမှူးက ကားသော့ကိုင်ကာ စောင့်နေသည်..။အတွင်းရေးမှူးဆိုတာက.သူ့ညီတစ်ဝမ်းကွဲ လေရာလွင့်..။

ဆိုင်ကယ်ပေါ်ကဆင်းပြီးဆိုင်ကယ်သော့ကိုလက်တစ်ဖက်ကကမ်းပေးရင်း နောက်လက်တစ်ဖက်နဲ့ ကားသော့ကိုလက်ဖြန့်တောင်းလိုက်သည်...။ဒါကို ညီဖြစ်သူကချက်ချင်းမပေးပဲ နောက်ဘက်ကိုကျော်ကြည့်ကာ....

''ကိုလေး...ဘယ်သူမောင်းပို့ပေးမှာလဲ...''

''မရှည်နဲ့ ငြိမ်ငြိမ်နေစမ်း...ငါဟာငါမောင်းသွားမှာ...''

လက်ထဲရောက်လုလုကားသော့က သည်းညှာအဖြေစကားကြောင့် ညီဖြစ်သူက သူ့ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး...

''အဲ...မဖြစ်ဘူးလေ..ကိုလေးမမောင်းတာကြာပြီကို ပြီးတော့...''

''လေရာလွင့်....''

''ဗျာ..ကိုလေး...''

ခပ်မာမာနဲ့နာမည်အပြည့်အစုံကိုအော်ခေါ်တော့ မျက်လုံးလေးပြူးကာ အလန့်တကြားထူးလာသည်...။ဟန်ကိုယ့်ဖို့ပဲ မတက်နိုင်ဘူး....ဒီကောင့်လက်ထဲက ကားသော့ရဖို့ ရှိသမျှအာဏာအကုန်ထုတ်သုံးရမည်...။

''မင်း..အလုပ်မင်းလုပ်စမ်းပါ...နောက်ပြီး မင်းအဒေါ် ငါ့အမေကိုသွားပြီးသတင်းမပို့နဲ့နော်...သွားတော့..ငါခိုင်းထားတဲ့စာရင်းတွေလုပ်ထား...''

''ဟုတ်ကဲ့...''

လေရာ ခေါင်းငြိမ့်လိုက်ကာ ငြိမ်လိုက်ရသည်....။အိတ်ကပ်ထဲကကားသော့ကိုဆွဲထုတ်ကာ လက်ညိုးလေးမှာချိတ်ပြီးတယမ်းယမ်းလုပ်နေသူက အနိုင်ပိုင်းရလို့ပျော်နေပုံရသည်...။

ခပ်တည်တည်နဲ့ လေရာကိုတစ်ချက်မှလှည့်မကြည့်ပဲ..ကားပေါ်တက်ထိုင်လိုက်သူကြောင့် သက်ပြင်းမောတစ်ချက်ချလိုက်သည်...။

ဒေါ်လေးကို သတင်းမပို့ဘူး..ပို့သင့်တဲ့သူပဲ ပို့မှာ..။ဒေါ်လေးလည်း သူ့သားကိုနိုင်တာကျလို့...ကိုလေးကိုနိုင်တာတစ်ယောက်ပဲရှိတာမို့ ထိုလူ့ဆီ ဖုန်းထုတ်ကာ..နံပါတ်တစ်ခုကိုနှိပ်ပြီးခေါ်လိုက်သည်..။တစ်ခါမကိုင်..နှစ်ခါမကိုင်....။မအားလို့ဖြစ်မည်..။ဒါကြောင့် ဖုန်းကိုင်ချိန်ချက်ချင်းသိစေဖို့စာတစ်စောင်ရိုက်ကာ ပို့ထားလိုက်သည်..။

သူ့တို့ဘဲဘဲချင်းဘယ်လိုရှင်းရှင်းပေါ့...။

သည်းညှာ ကားပေါ်ထိုင်ပြီး စက်မနိုးဘဲထိုင်နေမိတာ ၂နာရီလောက်ကြာသွားပြီ..။ဘယ်လိုမှစမောင်းလို့မရ...လက်တွေတုန်နေသည်..။ကိုယ်ကိုကိုယ်အားမရ..။စတီယာရင်ကိုကိုင်ထားသည့်လက်က အရက်သမားတုန်သလိုတုန်နေသည်..။

စိုးရိမ်စိတ်ကို လျော့ချလိုက်ကာ...စ စက်နိုးလိုက် ပြီး..ဘိီးလိမ့်ရုံသာခပ်ဖြည်းဖြည်း မောင်းထွက်လာလိုက်သည်..။ပုံမှန်ဆို ပြင်ဦးလွင်နဲ့ မန္တလေးဆိုတာ နာရီအများကြီး ကြာတာမဟုတ်...။ခုတော့ သူ့ကားမောင်းစကေးက လိပ်ကအဖေခေါ်ရလောက်အောင်နှေးလွန်းနေသည်...။

တစ်လိမ့်ချင်းမောင်းလာသည့်ကားက မန္တလေးအထွက်ရောက်တော့...သူချွေးစောပြန်နေပြီ...။စတီယာရင်ကိုတင်းတင်းကိုင်ပြီး ကိုယ့်ကိုယ်ကိုယ်အားပေးရင်း မာန်တင်းလိုက်သည်....။

ဟင့်အင်း..သည်းညှာ လွယ်လွယ်နဲ့လက်မလျော့နိုင်ဘူး..။

ရပ်လိုက်..စိတ်တင်းလိုက်..မောင်းလိုက်နဲ့...ပြင်ဦးလွင် ၂၁မိုင် view point ရောက်လာသည်..။မောင်းလာတာကြာလာသည်နှင့်အမျှ စိတ်ကရဲလာသည်..။လီဗာ နည်းနည်း တင်ကာ...အကွေ့တစ်ခု အတက်...မျက်နှာချင်းဆိုင်ကနေ လာနေတဲ့ကားတစ်စီးကိုမြင်လိုက်သည်နှင့် စတီယာရင် ကို ယောင်ပြီး လက်လွတ်မိလိုက်ကာ...လီဗာ ဖိနင်းမိသွားသည်..။

ကားခေါင်းက လမ်းဘေးမြေနံရံဆီဦးတည်သွားတာမို့ မျက်လုံးတွေကဝေဝါးသွားကာထိတ်လန့်သွားသည့်စိတ်ကြောင့်..မျက်စိစုံမှိတ်ပြီးဘရိတ်ကိုအားကုန်နင်းချလိုက်သည်...။

ကားက..တုံ့ကနဲ ရပ်သွားပြီး...တစ်ကွက်ချင်း ရုပ်ရှင်ပြသလို မှတ်မိလာတဲ့ မှတ်ဉာဏ်တွေ..။သူက ကားမောင်းနေပြီး ဘေးမှာ မောင်က သွေးတွေစီးကျနေသည်..။သည်းညှာပါးစပ်က တတွတ်တွတ်ရေရွတ်နေပြီး ဒေါသကြီးနေပုံပဲ..။

''အား......ကျွတ်..ကျွတ်....အား...''

ခေါင်းက တဆစ်ဆစ်ထိုးကိုက်လာတာမို့...ဖုန်းကိုထုတ်ကာ...မောင့်ဆီ... ဖုန်းခေါ်လိုက်သည်...။

''ဟလို...ဘယ်သူလဲဗျ...''

''တိုင်း ဘယ်သွားလဲ...ဖုန်းပေးလိုက်ပါ...''

''ရေချိူးနေတယ်ဗျ...ဘယ်သူလို့ပြောလိုက်ရမလဲ''

''ဖုန်းကိုနာမည်မှတ်ထားတာကြည့်လိုက်...ဘယ်လိုမှတ်ထားလဲ..''

''ချစ်...ချစ်ယောကျ်ားတဲ့...''

''အေး..သိရင်.အမြန်ပေးသင့်နေပြီမဟုတ်လား...''

ခဏနေတော့..ရေချိူးခန်းတံခါးထုသံတဲ့အတူ.မောင့်အသံချိူချိူ ကိုကြားလိုက်ရသည်..။

''ဟလို..ကိုကို...ဘာဖြစ်လို့...''

''ငါ့ကိုလာခေါ်...''

''ဟင်...ဘယ်ရောက်နေတာလဲ..ဘယ်ကိုလာခေါ်ရမလဲ....''

''ငါ..ငါ..ကားနဲ့ မင်းဆီထွက်လာ....''

''ဘာ...ကိုကိုရာ...အခုဘယ်မှာလဲပြော...ဖုန်းမချနဲ့...မောင် ဖုန်းပြောပေးနေမှာမို့...မောင်လာပြီနော်...''

''ငါ့ကို မအော်နဲ့...မဆူနဲ့...''

''ဟုတ်ပြီ..ဟုတ်ပြီ..မဆူဘူး..မောင်ထွက်လာပြီ...''

တိုင်းအခုမှဖုန်းဖွင့်ကြည့်မိသည်...။နေ့လည်ကတည်းက ကိုကို့အတွင်းရေးမှူးက စာပို့ထားသည်ပဲ..။တစ်နေကုန် ရိုက်ကွင်းတွေနဲ့မအားလို့ဖုန်းမကိုင်ဖြစ်..။

ကားကို လီဗာ မိုင်ကုန်တင်ပြီးမောင်းလာခဲ့သည်..။တောင်ဆင်းတောင်တက်မို့...ဂရုစိုက်လည်းမောင်းနေသည်မဟုတ်လား..။ကိုကို ခမျာကြောက်နေရှာမှာ..။

21မိုင် view point အကျော်မှာ ကားတစ်စီး လမ်းဘေးထိုးရပ်နေတာတွေ့သည်မို့..ဘေးကိုအမြန်ကားထိုးကာ ဆင်းလိုက်ပြီး..ကားတံခါးဆွဲလှပ်လိုက်သည်..။စတီယာရင်ပေါ်ကို ခေါင်းတင်ကာ တကိုယ်လုံးတုန်နေသူ..။တိုင်းကားပေါ် အမြန်တက်ထိုင်လိုက်တော့...မော့ကြည့်လာပြီး တိုင်းမှန်းသိတာနဲ့....ရင်ခွင်ထဲပစ်၀င်လာကာ...

''မောင်...မောင်...ငါ..ငါလေ...ငါကြောက်လိုက်တာမောင်ရယ်.....''

တိုင်း ကိုကို့ တကိုယ်လုံးခပ်တင်းတင်းမလွှတ်တမ်းသိမ်းဖက်လိုက်ပြီး...

''မောင်ရောက်ပြီ...မကြောက်နဲ့တော့...မောင်ရှိတယ်...''

''အင့်...အီး...အင့်....မောင်ရေ..ငါ ကြောက်လိုက်တာ...အီး...''

စိတ်ကိုလျော့ချကာ ငိုစေလိုက်သည်..။တအားလန့်သွားမှာ..။တိုင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ လန့်သွားရသည်..။ဘာလို့ ဒီနေရာမှလဲ...။တိုင်း မျက်စိမျက်နှာတွေပျက်ကာ ဆံနွယ်ခွေတွေကို တိုးနမ်းနေမိသည်..။

ခဏနေတော့...ခေါင်းမော့လာပြီး...

''မောင်...မောင်လေအရင်ကငါကြောင့် ခေါင်းကွဲသွားသေးတာလား...ဟင်...''

''ဟင်..ကိုကို..ပြန်မှတ်မိလာတာလား...''

''အကုန်တော့မဟုတ်ဘူး...နည်းနည်းပဲ..ငါ ဒေါသတွေတအားထွက်နေတာပဲ... မောင်က..မောင်က ငါ့ဘေးမှာ သွေးတွေနဲ့....မောင်..ငါ့ကို ပြောပြငါသိချင်နေပြီ....''

''အင်းပါ..အင်းပါ...အရင်ဆုံး Hotel ကိုသွားရအောင်နော်...ကိုကို့ကားကို အဖွဲ့ထဲက တစ်ယောက်လာယူလိမ့်မယ်...လာ..သွားရအောင်...''

မျှော်လင့်ချက်မျက်ဝန်းနဲ့ခပ်မဲ့မဲ့မော့ကြည့်လာသူရဲ့ နှူတ်ခမ်းပါးလေးကို တစ်ချက်နမ်းလိုက်ပြီး...

''မောင်က မထိန်မချန်တစ်ခုမကျန်အမှန်အတိုင်းပြောပြမှာမို့...သွားရအောင်နော်..ကိုကို...''

ကားပေါ်ပွေ့တင်ကာ ခါးပတ်သေချာပတ်ပေးလိုက်ပြီး မောင်းထွက်ခဲ့လိုက်သည်...။အိပ်ပျော်သွားတဲ့ ကိုကို့မျက်နှာလေးကို ကြည့်ရင်း တိုင်းစိတ်မကောင်း..။ဘယ်လောက်တောင်လန့်နေလိုက်မလဲ...။မောင်က အားလုံးပြောပြမှာမို့ နာကျင်အောင်ထပ်မလုပ်နဲ့တော့ကိုကို...။

.........

HTWO
Edit...16.1.2022

Zaw

Uni

ေမာင့္သည္းၫွာရွင္ အပိုင္း ၆

အတိတ္ကိုျပန္မွတ္မိဖို႔ႀကိဳးစားေနေပမယ့္..အခ်ိန္အားျဖင့္ ၂ လသာၾကာသြားသည္ သည္းၫွာ မွတ္ဉာဏ္ေတြက.....ဟိုတစ္ျပတ္ဒီတစ္ျပတ္သာ ဝိုးတစ္ဝါး မွတ္မိေနသည္..။Accident ျဖစ္တဲ့ေန့ကို ဘယ္လိုမွ ျပန္ရွာလို႔မရ..။ထိုေန့နဲ႔ပတ္သက္၍ ေခါင္းထဲမွာ...အရာအားလံုးသည္ဗလာ..။အဲ့ေတာ့...သူတစ္စံုတစ္ခုကို လုပ္ၾကည့္ရမည္..။

ေမာင္သိလို႔ေတာ့မျဖစ္...။

တိုင္းက..outdoor photo အတြက္ျပင္ၪီးလြင္ေရာက္ေနတာ ၁၅ရက္ေက်ာ္သြားၿပီ..။အနည္းဆံုး တစ္လခြဲၾကာမည္လို႔သိထားသည္..။ဒါေၾကာင့္အခ်ိန္ရသည္..။

Ring!!

အေတြးတို႔နဲ႔အႀကံထုတ္ေနတာေၾကာင့္ ဖုန္းလာေတာ့ လန္႔တုန္သြားမိသည္..။

ရာဇဝင္ရိုင္းလိုက္တာ ...။မဟုတ္တာလုပ္ဖို႔စဥ္းစားေတြးမိရံုရိွေသး ေမာင့္ဖုန္းလာသံၾကားသည္ႏွင့္ လန္႔သြားရသလား...။ရင္ႏွစ္သည္းၫွာ မင္း မေပ်ာ့ညံ့စမ္းနဲ႔..။

''ဟလို...ေမာင္...''

''ကိုကို..ဘာလုပ္ေနလဲ..''

''ထိုင္ေနတာ....''

''ေမာင့္ကိုလြမ္းေနတာလို႔ေျပာရင္ ထ ကမိမွာစိုးလို႔လား....''

''အင္း...''

''ေအာ္ေဟာ္...တကယ္ေမာင့္အေၾကာင္းေတြးေနတာေပါ့...''

''မင္းကဘယ္လိုသိလဲ...''

''ကိုကို႔ေျပာလိုက္တဲ့ အင္းဆိုတဲ့အသံအဆံုးမွာ ခပ္တိုးတိုးရယ္လိုက္တယ္ေလ...''

သည္းၫွာ ၿပံဳးလိုက္ၿပီး မင္းအေၾကာင္းလို႔လည္းအမည္တပ္လို႔မရတဲ့ ငါတို႔ႏွစ္ေယာက္အေၾကာင္းေတြးေနမိတာရယ္...ငါအခုမေကာင္းတာလုပ္ဖို႔ႀကံေနတာကိုေတာ့ မေျပာေတာ့ဘူး...အဟင္း..။

''ကိုကို..ဘာလို႔ၿငိမ္သြားတာလဲ...V call ေခၚမယ္..ကိုကို႔မ်က္ႏွာၾကည့္မယ္....''

''အိပ္ေတာ့.. ေစာေစာစီးစီး...''

''မရဘူးဆို...ကိုကို v call ေခၚ...''

''ok...တိမ္မိုးျမင့္တိုင္း ႏွစ္ခုထဲက တစ္ခုေရြး....V callေခၚၿပီး မ်က္ႏွာကိုၾကည့္မလား...မနက္ျဖန္ လူကိုယ္တိုင္ အျပင္မွာ မ်က္ႏွာၾကည့္ၿပီး အာဘြားေပးမလား...ေရြး...''

''ဒုတိယ..ဒုတိယ ေရြးမယ္..ကိုကိုလာမွာေသခ်ာတယ္ေနာ္....''

ဒါမ်ိူးဆို တိမ္မိုးျမင့္တိုင္းတို႔က ႏွစ္ခါျပန္မေရြးဘူး...။အေလာတႀကီးေျဖလိုက္ပံုက သည္းၫွာမွာရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္...။မနက္ျဖန္ေျဖာင့္ေျဖာင့္တန္းတန္းေတာ့ေရာက္ေကာင္းပါရဲ့...။

''အင္း...လာမွာ..''

''ဟုတ္ၿပီ..ဘယ္ခ်ိန္လဲကိုကို...''

''ဖုန္းဆက္မယ္...လာခ်ိန္က်ရင္...''

''ဆိုင္ကယ္ေျဖးေျဖးေမာင္းခဲ့...''

''အင္း...ဒါပဲ...အိပ္ေတာ့...''

''ဟုတ္...''

သည္းၫွာ ဖုန္းခ်လိုက္ၿပီး အတြင္းေရးမွဴးဆီ ကားတစ္စီး ဝယ္ခိုင္းလိုက္သည္..။သူစြန္႔စားၾကည့္မယ္...။

မနက္ေရာက္ေတာ့...အိမ္ကို မႏၲေလးသြားမည္ဟု အသိေပးခဲ့ကာ..ဆိုင္ကယ္နဲ႔ထြက္လာခဲ့သည္။
Ent ေရာက္ေတာ့အတြင္းေရးမွဴးက ကားေသာ့ကိုင္ကာ ေစာင့္ေနသည္..။အတြင္းေရးမွဴးဆိုတာက.သူ႔ညီတစ္ဝမ္းကြဲ ေလရာလြင့္..။

ဆိုင္ကယ္ေပၚကဆင္းၿပီးဆိုင္ကယ္ေသာ့ကိုလက္တစ္ဖက္ကကမ္းေပးရင္း ေနာက္လက္တစ္ဖက္နဲ႔ ကားေသာ့ကိုလက္ျဖန္႔ေတာင္းလိုက္သည္...။ဒါကို ညီျဖစ္သူကခ်က္ခ်င္းမေပးပဲ ေနာက္ဘက္ကိုေက်ာ္ၾကည့္ကာ....

''ကိုေလး...ဘယ္သူေမာင္းပို႔ေပးမွာလဲ...''

''မရွည္နဲ႔ ၿငိမ္ၿငိမ္ေနစမ္း...ငါဟာငါေမာင္းသြားမွာ...''

လက္ထဲေရာက္လုလုကားေသာ့က သည္းၫွာအေျဖစကားေၾကာင့္ ညီျဖစ္သူက သူ႔ေဘာင္းဘီအိတ္ကပ္ထဲထည့္လိုက္ၿပီး...

''အဲ...မျဖစ္ဘူးေလ..ကိုေလးမေမာင္းတာၾကာၿပီကို ၿပီးေတာ့...''

''ေလရာလြင့္....''

''ဗ်ာ..ကိုေလး...''

ခပ္မာမာနဲ႔နာမည္အျပည့္အစံုကိုေအာ္ေခၚေတာ့ မ်က္လံုးေလးျပဴးကာ အလန္႔တၾကားထူးလာသည္...။ဟန္ကိုယ့္ဖို႔ပဲ မတက္ႏိုင္ဘူး....ဒီေကာင့္လက္ထဲက ကားေသာ့ရဖို႔ ရိွသမ်ွအာဏာအကုန္ထုတ္သံုးရမည္...။

''မင္း..အလုပ္မင္းလုပ္စမ္းပါ...ေနာက္ၿပီး မင္းအေဒၚ ငါ့အေမကိုသြားၿပီးသတင္းမပို႔နဲ႔ေနာ္...သြားေတာ့..ငါခိုင္းထားတဲ့စာရင္းေတြလုပ္ထား...''

''ဟုတ္ကဲ့...''

ေလရာ ေခါင္းၿငိမ့္လိုက္ကာ ၿငိမ္လိုက္ရသည္....။အိတ္ကပ္ထဲကကားေသာ့ကိုဆြဲထုတ္ကာ လက္ညိုးေလးမွာခ်ိတ္ၿပီးတယမ္းယမ္းလုပ္ေနသူက အႏိုင္ပိုင္းရလို႔ေပ်ာ္ေနပံုရသည္...။

ခပ္တည္တည္နဲ႔ ေလရာကိုတစ္ခ်က္မွလွည့္မၾကည့္ပဲ..ကားေပၚတက္ထိုင္လိုက္သူေၾကာင့္ သက္ျပင္းေမာတစ္ခ်က္ခ်လိုက္သည္...။

ေဒၚေလးကို သတင္းမပို႔ဘူး..ပို႔သင့္တဲ့သူပဲ ပို႔မွာ..။ေဒၚေလးလည္း သူ႔သားကိုႏိုင္တာက်လို႔...ကိုေလးကိုႏိုင္တာတစ္ေယာက္ပဲရိွတာမို႔ ထိုလူ႔ဆီ ဖုန္းထုတ္ကာ..နံပါတ္တစ္ခုကိုႏိွပ္ၿပီးေခၚလိုက္သည္..။တစ္ခါမကိုင္..ႏွစ္ခါမကိုင္....။မအားလို႔ျဖစ္မည္..။ဒါေၾကာင့္ ဖုန္းကိုင္ခ်ိန္ခ်က္ခ်င္းသိေစဖို႔စာတစ္ေစာင္ရိုက္ကာ ပို႔ထားလိုက္သည္..။

သူ႔တို႔ဘဲဘဲခ်င္းဘယ္လိုရွင္းရွင္းေပါ့...။

သည္းၫွာ ကားေပၚထိုင္ၿပီး စက္မႏိုးဘဲထိုင္ေနမိတာ ၂နာရီေလာက္ၾကာသြားၿပီ..။ဘယ္လိုမွစေမာင္းလို႔မရ...လက္ေတြတုန္ေနသည္..။ကိုယ္ကိုကိုယ္အားမရ..။စတီယာရင္ကိုကိုင္ထားသည့္လက္က အရက္သမားတုန္သလိုတုန္ေနသည္..။

စိုးရိမ္စိတ္ကို ေလ်ာ့ခ်လိုက္ကာ...စ စက္ႏိုးလိုက္ ၿပီး..ဘီးလိမ့္ရံုသာခပ္ျဖည္းျဖည္း ေမာင္းထြက္လာလိုက္သည္..။ပံုမွန္ဆို ျပင္ၪီးလြင္နဲ႔ မႏၲေလးဆိုတာ နာရီအမ်ားႀကီး ၾကာတာမဟုတ္...။ခုေတာ့ သူ႔ကားေမာင္းစေကးက လိပ္ကအေဖေခၚရေလာက္ေအာင္ေနွးလြန္းေနသည္...။

တစ္လိမ့္ခ်င္းေမာင္းလာသည့္ကားက မႏၲေလးအထြက္ေရာက္ေတာ့...သူေခြၽးေစာျပန္ေနၿပီ...။စတီယာရင္ကိုတင္းတင္းကိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္အားေပးရင္း မာန္တင္းလိုက္သည္....။

ဟင့္အင္း..သည္းၫွာ လြယ္လြယ္နဲ႔လက္မေလ်ာ့ႏိုင္ဘူး..။

ရပ္လိုက္..စိတ္တင္းလိုက္..ေမာင္းလိုက္နဲ႔...ျပင္ၪီးလြင္ ၂၁မိုင္ view point ေရာက္လာသည္..။ေမာင္းလာတာၾကာလာသည္ႏွင့္အမ်ွ စိတ္ကရဲလာသည္..။လီဗာ နည္းနည္း တင္ကာ...အေကြ့တစ္ခု အတက္...မ်က္ႏွာခ်င္းဆိုင္ကေန လာေနတဲ့ကားတစ္စီးကိုျမင္လိုက္သည္ႏွင့္ စတီယာရင္ ကို ေယာင္ၿပီး လက္လြတ္မိလိုက္ကာ...လီဗာ ဖိနင္းမိသြားသည္..။

ကားေခါင္းက လမ္းေဘးေျမနံရံဆီၪီးတည္သြားတာမို႔ မ်က္လံုးေတြကေဝဝါးသြားကာထိတ္လန္႔သြားသည့္စိတ္ေၾကာင့္..မ်က္စိစံုမိွတ္ၿပီးဘရိတ္ကိုအားကုန္နင္းခ်လိုက္သည္...။

ကားက..တံု႔ကနဲ ရပ္သြားၿပီး...တစ္ကြက္ခ်င္း ရုပ္ရွင္ျပသလို မွတ္မိလာတဲ့ မွတ္ဉာဏ္ေတြ..။သူက ကားေမာင္းေနၿပီး ေဘးမွာ ေမာင္က ေသြးေတြစီးက်ေနသည္..။သည္းၫွာပါးစပ္က တတြတ္တြတ္ေရရြတ္ေနၿပီး ေဒါသႀကီးေနပံုပဲ..။

''အား......ကြၽတ္..ကြၽတ္....အား...''

ေခါင္းက တဆစ္ဆစ္ထိုးကိုက္လာတာမို႔...ဖုန္းကိုထုတ္ကာ...ေမာင့္ဆီ... ဖုန္းေခၚလိုက္သည္...။

''ဟလို...ဘယ္သူလဲဗ်...''

''တိုင္း ဘယ္သြားလဲ...ဖုန္းေပးလိုက္ပါ...''

''ေရခ်ိူးေနတယ္ဗ်...ဘယ္သူလို႔ေျပာလိုက္ရမလဲ''

''ဖုန္းကိုနာမည္မွတ္ထားတာၾကည့္လိုက္...ဘယ္လိုမွတ္ထားလဲ..''

''ခ်စ္...ခ်စ္ေယာက်္ားတဲ့...''

''ေအး..သိရင္.အျမန္ေပးသင့္ေနၿပီမဟုတ္လား...''

ခဏေနေတာ့..ေရခ်ိူးခန္းတံခါးထုသံတဲ့အတူ.ေမာင့္အသံခ်ိူခ်ိူ ကိုၾကားလိုက္ရသည္..။

''ဟလို..ကိုကို...ဘာျဖစ္လို႔...''

''ငါ့ကိုလာေခၚ...''

''ဟင္...ဘယ္ေရာက္ေနတာလဲ..ဘယ္ကိုလာေခၚရမလဲ....''

''ငါ..ငါ..ကားနဲ႔ မင္းဆီထြက္လာ....''

''ဘာ...ကိုကိုရာ...အခုဘယ္မွာလဲေျပာ...ဖုန္းမခ်နဲ႔...ေမာင္ ဖုန္းေျပာေပးေနမွာမို႔...ေမာင္လာၿပီေနာ္...''

''ငါ့ကို မေအာ္နဲ႔...မဆူနဲ႔...''

''ဟုတ္ၿပီ..ဟုတ္ၿပီ..မဆူဘူး..ေမာင္ထြက္လာၿပီ...''

တိုင္းအခုမွဖုန္းဖြင့္ၾကည့္မိသည္...။ေန့လည္ကတည္းက ကိုကို႔အတြင္းေရးမွဴးက စာပို႔ထားသည္ပဲ..။တစ္ေနကုန္ ရိုက္ကြင္းေတြနဲ႔မအားလို႔ဖုန္းမကိုင္ျဖစ္..။

ကားကို လီဗာ မိုင္ကုန္တင္ၿပီးေမာင္းလာခဲ့သည္..။ေတာင္ဆင္းေတာင္တက္မို႔...ဂရုစိုက္လည္းေမာင္းေနသည္မဟုတ္လား..။ကိုကို ခမ်ာေၾကာက္ေနရွာမွာ..။

21မိုင္ view point အေက်ာ္မွာ ကားတစ္စီး လမ္းေဘးထိုးရပ္ေနတာေတြ့သည္မို႔..ေဘးကိုအျမန္ကားထိုးကာ ဆင္းလိုက္ၿပီး..ကားတံခါးဆြဲလွပ္လိုက္သည္..။စတီယာရင္ေပၚကို ေခါင္းတင္ကာ တကိုယ္လံုးတုန္ေနသူ..။တိုင္းကားေပၚ အျမန္တက္ထိုင္လိုက္ေတာ့...ေမာ့ၾကည့္လာၿပီး တိုင္းမွန္းသိတာနဲ႔....ရင္ခြင္ထဲပစ္၀င္လာကာ...

''ေမာင္...ေမာင္...ငါ..ငါေလ...ငါေၾကာက္လိုက္တာေမာင္ရယ္.....''

တိုင္း ကိုကို႔ တကိုယ္လံုးခပ္တင္းတင္းမလႊတ္တမ္းသိမ္းဖက္လိုက္ၿပီး...

''ေမာင္ေရာက္ၿပီ...မေၾကာက္နဲ႔ေတာ့...ေမာင္ရိွတယ္...''

''အင့္...အီး...အင့္....ေမာင္ေရ..ငါ ေၾကာက္လိုက္တာ...အီး...''

စိတ္ကိုေလ်ာ့ခ်ကာ ငိုေစလိုက္သည္..။တအားလန္႔သြားမွာ..။တိုင္း ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ေတာ့ လန္႔သြားရသည္..။ဘာလို႔ ဒီေနရာမွလဲ...။တိုင္း မ်က္စိမ်က္ႏွာေတြပ်က္ကာ ဆံႏြယ္ေခြေတြကို တိုးနမ္းေနမိသည္..။

ခဏေနေတာ့...ေခါင္းေမာ့လာၿပီး...

''ေမာင္...ေမာင္ေလအရင္ကငါေၾကာင့္ ေခါင္းကြဲသြားေသးတာလား...ဟင္...''

''ဟင္..ကိုကို..ျပန္မွတ္မိလာတာလား...''

''အကုန္ေတာ့မဟုတ္ဘူး...နည္းနည္းပဲ..ငါ ေဒါသေတြတအားထြက္ေနတာပဲ... ေမာင္က..ေမာင္က ငါ့ေဘးမွာ ေသြးေတြနဲ႔....ေမာင္..ငါ့ကို ေျပာျပငါသိခ်င္ေနၿပီ....''

''အင္းပါ..အင္းပါ...အရင္ဆံုး Hotel ကိုသြားရေအာင္ေနာ္...ကိုကို႔ကားကို အဖြဲ႔ထဲက တစ္ေယာက္လာယူလိမ့္မယ္...လာ..သြားရေအာင္...''

ေမ်ွာ္လင့္ခ်က္မ်က္ဝန္းနဲ႔ခပ္မဲ့မဲ့ေမာ့ၾကည့္လာသူရဲ့ ႏႉတ္ခမ္းပါးေလးကို တစ္ခ်က္နမ္းလိုက္ၿပီး...

''ေမာင္က မထိန္မခ်န္တစ္ခုမက်န္အမွန္အတိုင္းေျပာျပမွာမို႔...သြားရေအာင္ေနာ္..ကိုကို...''

ကားေပၚေပြ့တင္ကာ ခါးပတ္ေသခ်ာပတ္ေပးလိုက္ၿပီး ေမာင္းထြက္ခဲ့လိုက္သည္...။အိပ္ေပ်ာ္သြားတဲ့ ကိုကို႔မ်က္ႏွာေလးကို ၾကည့္ရင္း တိုင္းစိတ္မေကာင္း..။ဘယ္ေလာက္ေတာင္လန္႔ေနလိုက္မလဲ...။ေမာင္က အားလံုးေျပာျပမွာမို႔ နာက်င္ေအာင္ထပ္မလုပ္နဲ႔ေတာ့ကိုကို...။

.........

HTWO
Edit...16.1.2022

Czytaj Dalej

To Też Polubisz

1.2M 81K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
90.3K 4K 40
ဟုတ်ကဲ့ဗျ။ seme(လွန်းမင်းအိမ်) ချွဲပိုကြီးပါနော်။uke (ခါးသွေးလင်္ကာ)နဲ့မတွေ့ခင်ထိလူရိုးအေးကြီးပါ။မြင်မြင်ခြင်းချစ်သွားတဲ့ ပုံစံလေးပါဗျ။ side couple အ...
327K 8.1K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
351K 27.5K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။