မောင့်သည်းညှာရှင် (Completed)
By MaHninNge
287K 23.1K 1K
တတိယ fic.. Cover song ဆိုရတာဝါသနာပါတဲ့Model လေးတစ်ယောက်နဲ့ Hotel ပိုင်ရှင် CEO လေးရဲ့ ချစ်ဇာတ်လမ်း... ဆံပင်ခွ... More
မောင့်သည်းညှာရှင် အပိုင်း ၁
မောင့်သည်းညှာရှင် အပိုင်း ၂
မောင့်သည်းညှာရှင် အပိုင်း ၃
မောင့်သည်းညှာရှင် အပိုင်း ၅
မောင့်သည်းညှာရှင် အပိုင်း ၆
မောင့်သည်းညှာရှင် အပိုင်း ၇
မောင့်သည်းညှာရှင် အပိုင်း ၈
မောင့်သည်းညှာရှင် အပိုင်း ၉
မောင့်သည်းညှာရှင် အပိုင်း ၁၀
မောင့်သည်းညှာရှင် အပိုင်း ၁၁
မောင့်သည်းညှာရှင် အပိုင်း ၁၂
မောင့်သည်းညှာရှင် အပိုင်း ၁၃
မောင့်သည်းညှာရှင် အပိုင်း ၁၄
မောင့်သည်းညှာရှင် အပိုင်း ၁၅
မောင့်သည်းညှာရှင် အပိုင်း ၁၆
မောင့်သည်းညှာရှင် အပိုင်း ၁၇
မောင့်သည်းညှာရှင် အပိုင်း ၁၈
မောင့်သည်းညှာရှင် အပိုင်း ၁၉
မောင့်သည်းညှာရှင် အပိုင်း ၂၀
မောင့်သည်းညှာရှင် အပိုင်း ၂၁
မောင့်သည်းညှာရှင် အပိုင်း ၂၂
မောင့်သည်းညှာရှင် အပိုင်း ၂၃
မောင့်သည်းညှာရှင် အပိုင်း ၂၄ 🚨🚨(Final)
မောင့်သည်းညှာရှင် Extra
မောင့်သည်းညှာရှင် Extra( Side Story)
မောင့်သည်းညှာရှင် အပိုင်း ၄
10.8K 1.1K 61
By MaHninNge
Uni
မောင့်သည်းညှာရှင် အပိုင်း ၄
တိုင်း နောက်ကနေအသာလိုက်သွားပြီး အိမ်ကိုဖြောင့်ဖြောင့်ရောက်သွားမှ Hotel ဘက်ပြန်လာခဲ့သည်..။ သူ Hotel ထဲ၀င်တော့ Reception မှာ အစောက အထိုးခံရလို့ စျေးညှိမယ့်လူနှစ်ယောက်အဆင်သင့်စောင့်လို့...။ထိုလူတွေနဲ့စကားနည်းနည်းထိုင်ပြောပြီး တောင်းသလောက်ငွေလွှဲပေးလိုက်သည်..။
သွားနှစ်ချောင်းကျိူးတယ်..လက်ဆစ်နှစ်ဖက်လုံး လွှဲတယ်....နှာနုရိုးကျိူးတယ်...ကျန်တာပေါက်တာပြဲတာတွေရှိတယ်..သိန်း ၇၀... တန်ပါတယ်..လူနှစ်ယောက်လုံးအထိအခိုက်များသည်မဟုတ်လား..။
ဖြုန်းစမ်း...ဆိုးစမ်းကိုကို..ဒီမောင်က ဖြစ်သမျှငွေထုပ်ပိုက်ပြီးရှင်းပေးမှာမို့...။
ညလေအေးအေးကိုခံယူရင်း မျက်နှာချင်းဆိုင်တိုက်ရဲ့ ညာဘက်အစွန်ဆုံးအခန်းလေးကို တိုင်း အခန်းရှေ့ဝရံတာမှာထိုင်ခုံချကာ ငေးကြည့်နေမိသည်..။
ကိုကိုရေ...အလွမ်းတွေကုန်ချင်ပြီလို့...။ရူးတော့မယ်..။စိတ်ကူးပေါက်ရာသံစဥ်တချို့ကိုတီးရင်း ဟိုတစ်စ ဒီတစ်စ ဟိုတစ်ပိုဒ် ဒီတစ်ပိုဒ် ရောနှောနေသောသီချင်းစာသားတို့ကို ခပ်တိုးတိုးဆိုညည်းနေလိုက်သည်...။
ဂစ်တာကြိုးကိုလည်းညှိနေရင်း တိုင်းအရင်ကကိုကို့ဆီ Cover Songs တွေဆိုပြီး ခဏခဏ ပို့ဖူးသည်မို့ ထိုအထဲက ကိုကို က မောင့်အသံနဲ့ အလိုက်ဆုံးလို့ပြောဖူးတဲ့သီချင်းတစ်ပုဒ်ကို စတီးခတ်လိုက်သည်..။
လေလှိုင်းကတဆင့်ပိုသမယ့် အချစ်တေးသွား ကိုကိုကြားပါစေလေ....။
🎶ကိုယ်မြင်ချင်တဲ့🎶🎶🎶.....လမင်းရယ်...🎶
🎶🎶ကိုယ်မက်ချင်တဲ့...အိမ်မက်ရယ်🎶🎶
🎶🎶ညဆို တစ်ည မှရောက်မလာဘူး...🎶🎶
🎶🎶ယောင်ယောင်ပြီး ကိုယ်...🎶🎶
🎶🎶ခေါ်နေမိတယ်..ဖြတ်သန်းလာတဲ့... အရိပ်လေးဟာ မင်းဆို...အားလုံးပြည့်စုံသွားမယ်....🎶🎶
🎶🎶ရင်မှာ ဟာတာတာ နဲ့တစ်ခုလိုအပ်နေလို့....မင်းကို ဝေးရင် စိတ်ဓာတ်ကျလာတယ်....🎶🎶
🎶🎶🎶တကယ်ကို အထီးကျန်တဲ့နေ့တွေ..ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ...ဒီလိုဆက်တိုက်ကြီးဆို ရူးတော့မှာပဲ....🎶
🎶🎶🎶မညာခဲ့ဘူး..ကိုယ်🎶
🎶🎶တသက်လုံးမှာ..ချစ်လာတာတစ်ယောက်တည်းပါ....မင်းကို...ခဏမှ မခွဲနိုင်ဘူး....🎶
🎶🎶🎶ပြင်ဆင်နေခဲ့တဲ့ အနာဂတ်အတွက် လက်တွဲဖော်အချစ်ဆုံးနဲ့..သွားမယ်...ဆုံးဖြတ်ထားသူပါ...🎶
🎶🎶ရင်မှာ ဟာတာတာ နဲ့တစ်ခုလိုအပ်နေလို့....မင်းကို ဝေးရင် စိတ်ဓာတ်ကျလာတယ်....🎶
🎶🎶🎶တကယ်ကို အထီးကျန်တဲ့နေ့တွေ..ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ...ဒီလိုဆက်တိုက်ကြီးဆို ရူးတော့မှာပဲ....🎶
🎶🎶🎶ကြေကွဲသွားတဲ့နေ့ည တွေ ...တစ်ယောက်တည်း မင်းထားခဲ့ချိန်တွေ..မခံစားရဲဘူး ရူးမယ်လေ...🎶
သည်းညှာ နေ့လည်ကအကြောင်းကိုတွေးစဥ်းစားရင်း အိပ်မရ..။အဲ့ခြောက်ပေကောင်က သူ့အကျင့်တွေကို အကုန်ဘာလို့သိနေရတာလဲ...။
ထိုစဥ် ဂစ်တာသံချိူချိူ က ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီမှ သဲ့သဲ့ကြားနေရသည်..။နားစိုက်ထောင်မိသည့်ခဏ သူရင်းနှီးနေသော အသံ...။သီချင်းရော အသံရော...အတော်ကြီးကို ရင်းနှီးနေတာ...။
သည်းညှာသည်လည်း ထိုသီချင်းထဲကအတိုင်းရင်မှာဟာတာတာ..ဘာလိုနေမှန်းမသိ...။
အိပ်ယာပေါ်မှဆင်းလိုက်ပြီး ပြတင်းပေါက်နားဆီတရွေ့ရွေ့ကပ်သွားလိုက်ကာ လိုက်ကာစကို ခပ်ဟဟလှပ်ကြည့်မိတော့ ဟိုခြောက်ပေကောင်ဆိုနေတာပင်...။Hotelဝရံတာ ပေါ်တက်ထိုင်ပြီး အခန်းနံရံကိုမှီကာ သည်းညှာ ရှိတဲ့ဘက်ကို မျက်နှာလှည့်ပြီး ဆိုနေတာများအပီအပြင်..။
သည်းညှာ မိမိဖုန်းကိုကောက်ကိုင်လိုက်ပြီး စိတ်ရဲ့စေစားရာအလိုကျ တစ်စုံတစ်ယောက်ဆီဖုန်းခေါ်လိုက်သည်..။လိုက်ကာစကိုလည်း ခပ်ကျယ်ကျယ်ဆွဲဖွင့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက်မြင်နေရပြီ...။ဒါတောင် သည်းညှာ တွေ့ချင်နေတုန်း..အသံကြားချင်တုန်း..။
''ဟလို..ကိုကို...အိပ်တော့လေ...''
တစ်ဖက်လူက ဖုန်းကိုင်ပြီးခပ်အက်အက်အသံနဲ့ဆူပူလာသည်...။သည်းညှာ ထိုလူသားရှိရာကိုအကြည့်မလွှဲတမ်း စိုက်ကြည့်နေလိုက်ပြီး....
''မောင်...ငါ့လက်တွေနာနေတယ်...''
''ဟင်...ဘာတဲ့ကိုကို..''
''လက်တွေနာနေတယ်လို့..ပြီးတော့...ငါ မောင့်ကို အခုအရမ်းတွေ့ချင်နေလို့...''
တိုင်း...ဟက်ကနဲရယ်ချလိုက်သည်။
''ဘာရယ်တာလဲ...ခြောက်ပေကောင်...ငါတကယ်နာနေတာ...မင်းဆေးလိမ်းပေးတာလိုချင်တယ်..လိမ်းပေး...''
''ဟုတ်ပါပြီ..ကိုကိုရဲ့...ကိုကို နာတယ်ပြောရင် အနာသက်သာအောင်လုပ်ပေးမယ်...ကိုကို လွမ်းတယ်ပြောရင် ဘယ်လောက်ဝေးနေနေအပြေးလာခဲ့မယ်...ဒါပေမယ့်..ကိုကို ချစ်တယ်မပြောရင်တောင် မောင်က ချစ်နေမှာမို့...ကိုကိုက ခံစားရတဲ့အတိုင်းသာ မောင့်ကိုအသိပေး...''
''အင်း...ငါက ဆိုးတယ်...''
''ချစ်တယ်..ကိုကို''
''ငါက ပြဿနာကောင်..''
''ချစ်နေတုန်းပဲ...ကိုကို...''
''ငါက ခဏခဏစိတ်တိုတက်တယ်....ဒေါသကလည်းကြီးသေးတယ်..''
''ပိုချစ်တယ်ကိုကို..''
''ငါက တဇွတ်ထိုးဆန်တယ်...သန်မာတယ်...ဒါပေမယ့် မောင့် ရှေ့မှာတော့ အပ်ထိုးရာ သေးသေးလေးကအစ နာတယ်လို့ ညည်းညူပြချင်တယ်...''
''အရမ်းချစ်တယ်ကိုကို....''
''ကိုကိုလည်း..မောင့်ကိုချစ်တယ်...''
''အင်း..ပိုချစ်...ဗျာ...ကိုကို..ဘာ..ဘာပြောလိုက်တယ်...အ့...''
သည်းညှာ လျှောကနဲပြုတ်ကျသွားသူကြောင့်လက်ထဲကဖုန်းကိုလွှတ်ချရင်း...ပြေးထွက်လာလိုက်မိသည်...။ဝရံတာပေါ်ထိုင်နေသူက ပြုတ်ကျပြီး လက်တစ်ဖက်တည်းနဲ့ ဝရံတာဘောင်ကို ဆွဲကိုင်ထားတာကြောင့် လေထဲမှာ တန်းလန်း...။
သည်းညှာ ဝရံတာအောက်ဆီ..အပြေးသွားလိုက်ပြီး အစောင့်ကိုအော်ခေါ်ကာ လှေကားယူခိုင်းလိုက်သည်..။
''မောင်...မြဲအောင်ကိုင်ထားနော်...တင်းထားအုံး..နော်...မောင်..ငါ့ကို အတိတ်ကို ပြန်မှတ်မိလာအောင် လုပ်ပေးရအုံးမယ်...မောင်ပြောတဲ့ အတိတ်ကိုပဲ သိချင်တာမို့ လုံးဝ လက်လွတ်မပစ်နဲ့...တခြားသူ ပြောရင်...မနက်ကလို ရန်ပွဲရှာပြီး မောင်ရှာထားတဲ့ ငွေ ငါအကုန်ဖြုန်းပစ်မှာမို့..တောင့်ခံထား...''
တိုင်း လက်တစ်ဖက်ကို အားထည့်ဆွဲထားပြီးအောက်နားဆီက အော်ဟစ်ကာ ခြိမ်းခြောက်နေသူကို ငုံ့ကြည့်ကာ ရယ်နေမိသည်...။ရန်ပွဲရှာပြီး ငွေဖြုန်းပစ်မယ်ဆိုတဲ့ စကားက တိုင်းလက်ကို တောင့်ခံဆွဲထားဖို့ လုံလောက်ပါသည်..။ငွေနှမျောလို့မဟုတ်ဘူး...ကိုကို့ လက်နာမှာစိုးရိမ်လို့...။
အောက်ဆင်းလို့ ရတော့...လွမ်းနေရသူထံပြေးသွားကာ...ပွေ့ဖက်ပစ်လိုက်သည်...။
သူလွမ်းနေရတာ..အချိန်တွေကြာခဲ့ပြီ....။
ဆံပင်အခွေကောက်လေးတွေကို ဆွဲဖွပြီး ကြွတ်မြီးအဖျားလေးကို နှာခေါင်းဆီကပ်ကာ မွေးကြူလိုက်သည်..။အရင်လို ခေါင်းလိမ်းဆီ ၂မျိူး သုံးနေတုန်းပဲ...။ခေါင်းတစ်လုံးထဲက ပေါက်တဲ့ဆံပင်ကို ခေါင်းလိမ်းဆီ ၂ မျိူးခွဲသုံးတဲ့ သူ့ကိုကိုပါ...။ကြွတ်မြှီးလေးကို အမြဲ သံလွင်ဆီပဲ လိမ်းတက်သူ...။
''ငါတို့..တူတူပြန်မှတ်မိဖို့ကြိုးစားရအောင်နော်...မောင်က ငါ့အနားမှာနေပြီးကူညီပေး...''
ရင်ခွင်ထဲပိုတိုး၀င်လာပြီး မော့ကြည့်မလာပဲခပ်တိုးတိုးစကားဆိုလာသူကို တိုင်း ခပ်တင်းတင်းပြန်လည်ပွေ့ဖက်ရင်း....
''အင်း...စိတ်ချ...မောင်က ကိုကို့အနားပဲနေတော့မှာမို့...ကိုကိုက ဇွတ်အတင်းမေ့ထားတဲ့မှတ်ဉာဏ်တွေကိုပြန်ဖော်ပြီး အမှန်တရားကို ရင်ဆိုင်ကြရအောင်...မောင် က ကိုကို့ သိထားတဲ့အကြောင်းက မှားတယ်ဆိုတာ သက်သေပြပေးမယ်...ဟုတ်ပြီလား...''
''အင်း...ပြောစရာရှိသေးတယ်...မနက်က ဘယ်လောက်လျော်လိုက်ရလဲ....ငါပြန်မပေးဘူးနော်..အဲ့ပိုက်ဆံ..မောင့်ကြောင့် ငါ ရန်ဖြစ်ရတာ...မင်း ကုန်သင့်တဲ့ငွေ...''
တိုင်း...ရင်ခွင်ထဲကနေ ခေါင်းမဖော်ပဲ...ရန်ထောင်နေတဲ့ ဒေါသအိုးလေးရဲ့ နဖူးလေးကို ဖွဖွနမ်းလိုက်ပြီး...
''နောက်ထပ် ရန်ပွဲတွေအတွက် မောင် ငွေစုထားပြီးသား...မောင့်ငွေက ကိုကို့ငွေတွေပဲ..''
''အာ့ဆို..ငါ့ကို..မောင့်ဆီရှိတဲ့ငွေအကုန်အပ်...ငါထုတ်ပေးသလောက်သုံး...ရလား...''
''ရပါ့ဗျာ...လာ မောင့်အခန်းသွားရအောင်..ငွေအပ်မယ်....''
ထိုနေ့ညက ဘဏ်ကဒ် ၄ ကဒ်လုံး အပ်လိုက်ရပြီး လက်ထဲမှာ တစ်သိန်းမပြည့်တပြည့်ငွေကိုပဲ ချန်ပေးသွားသည်..။ဒါတောင်..ငွေလျော့ရင်ဘာသုံးလဲ စစ်အုံးမှာဆိုပဲ...။
တိုင်း ကျေကျေနပ်နပ်ကြီး အပ်လိုက်ပါသည်....။ကိုကို သူ့ကို မြေတောင်မြှောက်မပေးခဲ့ရင်သူလို မိဘမဲ့ကောင်က ဒီလို Model လောက ကို ခြေချနိုင်ဖို့ အဝေးကြီး..။ကိုကိုက ဇွဲကောင်းပြီး နောက်ကွယ်က မသိမသာ ထောက်ပံ့ပေးခဲ့တာမို့ သူပိုင်သမျှအရာအားလုံးသည် ကိုကို့အပိုင်..။
တိမ်မိုးမြင့်တိုင်းသည်လည်း ကိုကို့အပိုင်..။
.........
HTWO
Edit....13.1.2022
comment & vote ရေးကြပါ..😘😍
Zaw
မောင့်သည်းညှာရှင် အပိုင်း ၎
သွားနှစ်ချောင်းကျိုးတယ်..လက်ဆစ်နှစ်ဖက်လုံး လွှဲတယ်....နှာနုရိုးကျိုးတယ်...ကျန်တာပေါက်တာပြဲတာတွေရှိတယ်..သိန်း ၇၀... တန်ပါတယ်..လူနှစ်ယောက်လုံးအထိအခိုက်များသည်မဟုတ်လား..။
ယောင်ယောင်ပြီး ကိုယ်...🎶🎶
မညာခဲ့ဘူး..ကိုယ်🎶
''ဟင်...ဘာတဲ့ကိုကို..''
''အင်း...ငါက ဆိုးတယ်...''
''ချစ်တယ်..ကိုကို''
''ငါက ပြဿနာကောင်..''
''ချစ်နေတုန်းပဲ...ကိုကို...''
''ပိုချစ်တယ်ကိုကို..''
''အရမ်းချစ်တယ်ကိုကို....''
.........
HTWO
Edit....13.1.2022
comment & vote ရေးကြပါ..😘😍
.........
HTWO
comment & vote ရေးကြပါ..😘😍
Continue Reading
You'll Also Like
581K 46.3K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...
33K 2.4K 30
ထက်ဦးသွင် ရှား လင်းမြတ်သူ
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
18.6K 820 32
သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသားကိုပဲဦးစားပေးရွေးချယ်ရဲပါ့မလားဆိုရင် ကျွန်တော် ကတော့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...