Unicode
စုန့်ရီသိုပြန်လည်လာလို့ ဖုန်းဆွဲယူပီးကြည့်လိုက်တဲ့အချိန်မှာတော့ ရှန်းလီက WeChat list ထဲမှာပျောက်သွားပီဖြစ်တယ် "မင်းဘာလုပ်တာလဲ?"
"သူမင်းကိုစာတွေပို့နေတာကိုမုန်းတယ်" ကုရှင်ချွမ်းကအပြစ်ရှိတယ်လို့လုံးဝမခံစားရဘူး။
စုန့်ရီကဖုန်းကိုရမ်းလိုက်ပီး ဒေါသတကြီးနဲ့သူ့ကိုစိုက်ကြဘ့်လိုက်တယ် "အဲ့ဒါနဲ့မင်းကသူ့ကိုဖျက်လိုက်တယ်ပေါ့"
ကုရှင်ချွမ်းကခေါင်းညိမ့်ပြပီး မရိုးမသားဖြေတယ် "ဆောရီး နောက်တစ်ခါကျမလုပ်တော့ဘူး"
စုန့်ရီမျက်မှန်ကိုပင့်လိုက်ပီး နောက်တစ်ခါရှန်းလီနဲ့ပဋိပက္ခတွေမဖြစ်အောင် ဒီကိစ္စကိုသေချာစိတ်ရှည်လက်ရှည်ဖြေရှင်းပေးဖို့ဆုံးဖြတ်လိုက်တယ် "ငါရှန်းလီကိုမကြိုက်တော့ပါဘူး ဒါပေမဲ့ငါကသူနဲ့နှစ်ပေါင်းများစွာသိကျွမ်းလာခဲ့တယ်လေ ငါသူ့ကိုသာမန်သူငယ်ချင်းတစ်ယောက်လိုပဲဆက်ဆံတာပါ"
ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး စုန့်ရီပါးကိုစိတ်ဆိုးမာန်ဆိုးနဲ့ဖျစ်လိုက်တယ် "မင်းသူ့ကိုစကားပြောတာကိုမကြိုက်ဘူး"
စုန့်ရီကသူ့ရဲ့လက်ဖမိုးကိုဖွဖွလေးပုတ်လိုက်တယ်။ ကုရှင်ချွမ်းကမလွှတ်ချင်လွှတ်ချင်နဲ့ပါးကိုလွှတ်ပေးလိုက်တယ်။ စုန့်ရီကတည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ရှန်းလီကအရင်ကငါ့ကိုကူညီပေးခဲ့ဖူးတယ် အထက်တန်းတုန်းကငါတို့မိသားစုအခြေအနေကိုမင်းလဲသိမှာပါ ငါအထက်တန်းပထမနှစ်တုန်းက ငါ့အဖေကအသည်းအသန်နေမကောင်းဖြစ်တယ် အဲ့ဒီအချိန်တုန်းက ရှန်းလီကငါ့တို့ကို ယွမ်ငါးသောင်းပေးပီး အရေးပေါ်လိုအပ်နေတာကိုဖြေရှင်းပေးခဲ့တယ် ငါကသူ့ရဲ့ကြင်နာမှုကိုအမြဲသတိရနေမှာ သူအကူအညီလိုရင်ငါကသေချာပေါက်ကူညီပေးမှာ"
ရှန်းလီကိုပညာသင်ခွင့်အစားပြန်ပေးခဲ့ရပေမဲ့ အဲ့တာကသိပ်ပီးတော့လဲအရေးမကြီးဘူး။ သူ့မိသားစုကအသုံးစရိတ်တွေမထောက်ပံ့နိုင်တာမို့ ရှန်းလီကိုပေးလိုက်လဲသူ့အတွက်အဆင်ပြေပါတယ်။
ကုရှင်ချွမ်းကစုန့်ရီကိုတစ်ချက်ကြည့်ပီး နှာမှုတ်ကာ မကျေမနပ်ဖြင့်မျက်နှာလွှဲသွားတယ် "သူကအတော်လေးအကွက်မြင်တာပဲ ယွမ်ငါးသောင်းနဲ့ မင်းကိုသူ့ဆီမှာနှစ်မြှုပ်ထားခိုင်းတာ"
စုန့်ရီခေါင်းငုံ့ပီး အကူအညီမဲ့စွာရယ်လိုက်တယ် "ဒါတွေကပြီးသွားပါပီ အခုကသူ့အပေါ်မှာ သူငယ်ချင်းဆက်ဆံရေးနဲ့ကျေးဇူးတရားပဲရှိတော့တယ် ဒါ့ကြောင့်မို့မင်းအရမ်းကြီးစန်းစန်းတင့်မနေနဲ့"
ကုရှင်ချွမ်းကသူ့ကိုလှည့်ကြည့်လာပီး မေးကိုအထက်စီးဆန်ဆန်မော်ထားတယ် "မင်းကသူ့ကိုလွှတ်ချလိုက်ပေမဲ့ သူကမင်းကိုလွှတ်မပေးချင်ဘူး သူမင်းကိုကြည့်တာတွေကမူမမှန်ဘူး"
စုန့်ရီရယ်ချင်သွားတယ်။ ရှန်းလီကသူ့ကိုဘယ်လိုမူမှန်တဲ့အကြည့်မျိုးနဲ့ကြည့်ကြည့် သူ့မှာကအခုစေ့စပ်ထားတဲ့သတို့သားလောင်းရှိနေပီဖြစ်တယ်။
အပြင်ဘက်မှာကောင်းကင်ကြီးကမှောင်လာပီး ကုရှင်ချွမ်းရဲ့မိဘတွေကလဲပြန်လာတယ်။
ကုရှင်ချွမ်းရဲ့အမေက စုန့်ရီရဲ့မှတ်ဉာဏ်ထဲလိုပဲ ပြောင်းလဲမှုမရှိ အရေပြားတွန့်တာတွေမရှိဘဲ သိမ်မွေ့လှပနေတုန်းဖြစ်တယ်။ သူကကြာရွက်စိမ်းရောင်ဂါဝန်လေးဝတ်ထားပီး အဖြူရောင်ပိုးသားလက်အိတ်တွေဝတ်ထားတယ်။သူက ရှန်ဟိုင်းထုတ် World Pictorial ထဲကကျက်သရေရှိတဲ့မိန်းမလှလေးတစ်ယောက်ပုံပေါက်တယ်။
ကုရှောက်ယွမ်ကသူမနောက်ကလိုက်လာပီး နှစ်ယောက်သားအတူတူရပ်နေတာက မျက်စိအမြင်မှာကြည်နူးစရာကောင်းလှတယ်။
ကုမိသားစုနဲ့အပြင်လူဖြစ်တဲ့စုန့်ရီဟာ အတူတူညစာထိုင်စားခဲ့တယ်။
ကုမားမားကစိတ်အခြေအနေကောင်းနေတယ်။ သူကစုန့်ရီကိုအပြုံးတစ်ခုနဲ့ကြည့်ပီး ပြောလာတယ် "တို့အိမ်ကကလေးလေးကအခုမှပဲ သူငယ်ချင်းတွေကိုဂရုစိုက်တော့တယ် သူကမနက်ကပြောတယ် သူ့သူငယ်ချင်းလေးကအစပ်မစားနိုင်တာမို့ ညစာကိုအစပ်လျှော့ပီးချက်ပါတဲ့လေ"
"အန့်တီကိုဒုက္ခပေးမိသွားပြီ" စုန့််ရီကအရမ်းတော့ရှက်မသွားပါဘူး။ သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ကုရှင်ချွမ်းကိုလှမ်းကြည့်လိုက်တယ်။ သူဖြည်းဖြည်းချင်းစီမျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။
"ဒုက္ခမဖြစ်ပါဘူးကွယ်" မားမားကုကကုရှင်ချွမ်းကိုတစ်ချက်ကြည့်ပီး အပြုံးလေးနဲ့ပြောတယ် "သူကလေသူ့ဘာသာသူပဲဂရုစိုက်တာ တခြားသူတွေကိုဆိုဂရုစိုက်တာမဟုတ်ဘူး"
ကုရှောက်ယွမ်ကချောင်းဟန့်လိုက်ပီး တူတွေကိုချကာ စုန့်ရီကိုမရှင်းလင်းတဲ့အဓိပ္ပါယ်တစ်ခုနဲ့ကြည့်လာတယ် "ရှင်ချွမ်းရဲ့သူငယ်ချင်းလဲဒီမှာရှိနေသေးတယ်လေ ညစာစားပွဲမှာသူ့ကိုအပြစ်မတင်ပါနဲ့တော့"
မားမားကုကသူ့မျက်လုံးထဲအကြည့်ရဲ့အဓိပ္ပါယ်ကိုမသိဘူး။ သူကလက်ဖက်ရည်မွှေးမွှေးလေးကိုငှဲ့ရင်းပြောတယ် "စုန့်ရီလေးလဲသူ့အကြောင်းသိမှာပေါ့ သူတို့ကနှစ်တွေအများကြီးတစ်ယောက်နဲ့တစ်ယောက်သိကျွမ်းခဲ့တာဆိုတော့"
ကုရှင်ချွမ်းမျက်နှာကပျက်သွားပီး ခေါင်းငုံ့ပီးပဲမျက်နှာတည်တည်နဲ့ဆက်စားနေတယ်။
စုန့်ရီခြောက်ကပ်ကပ်အပြုံးတစ်ခုပြုံးပြလိုက်ပီး ဘာမှမကြားလိုက်ရဟန်ဆောင်လိုက်တယ်။
ကုရှောက်ယွမ်ကမားမားကုကိုကြည့်လိုက်ပီး နွေးထွေးတဲ့အသံနဲ့ပြောလာတယ် "မင်းကလေးအကြောင်းကိုပြောလိုက်တာကိုလဲ ကြည့်ပါအုံး အနည်းဆုံးသူ့မှာ career တစ်ခုရှိတယ် လွန်ခဲ့တဲ့နှစ်တွေကတည်းက သူကိုယ်တို့ဆီကတစ်ပြားတစ်ချပ်မှာမတောင်းခဲ့ဘူး ကိုယ်တို့အသိုင်းအဝိုင်းထဲကကလေးတွေကိုကြည့်ပါအုံး သူတို့ဆိုမိဘတွေကိုမှီခိုရတယ်မဟုတ်လား ဒီတစ်ခုတည်းနဲ့တင်သူကတခြားသူတွေထက်ပိုသာနေပီ"
ကုမားမားကသူ့ကိုထူးဆန်းသလိုလှည့်ကြည့်လာတယ် "ရှင်ကသူသီချင်းဆိုတာကိုမကြိုက်ဘူးမလား?"
ကုရှောက်ယွမ်ရဲ့မျက်နှာအမူအရာကတည်ငြိမ်နေဆဲဖြစ်တယ် "ကိုယ်ကဒီတိုင်းမ support ရုံပါပဲ ဒါပေမဲ့သူ့အတွက်ကောင်းပါတယ် တကယ်တော့ ဒီအသိုင်းအဝိုင်းထဲက ဒုတိယမျိုးဆက်သခင်လေးတွေလိုသူကစိတ်အလိုလိုက်ပီး မကောင်းတာတွေမလုပ်တာကိုကိုယ်ကစိတ်ချမ်းသာနေတာ သူကအများပိုင်လမ်းတွေပေါ်မှာကားပြိုင်မောင်းတာမျိုးလဲမရှိဘူး ပီးတော့လိင်ကိစ္စအရှုပ်အရှင်းတွေလဲမရှိဘူး သူကနည်းနည်းစိတ်ဆတ်တယ်ဆိုပေမဲ့ ဘယ်သူနဲ့မှရန်ညိုးရန်စတွေဘာတွေမရှိဘူး မင်းလဲသိပါတယ်ကိုယ်ငယ်ငယ်လေးတုန်းကလဲသူ့လိုမျိုးပဲဆိုတာ"
(π:ပါးပါးကြီးကချွေးမလေးအထင်ကြီးအောင်ပြောပေးနေရတာ ဟဟ)
ကုရှင်ချွမ်းကထိတ်လန့်တကြားနဲ့ခေါင်းထောင်လာတယ်။ ကုရှောက်ယွမ်ကတစ်ခါမှသူ့ကိုမချီးကျူးဖူးဘူး။ ဒါပထမအဆုံးကြားနေရတာပဲ။
စုန့်ရီကလဲကုရှောက်ယွမ်နဲ့အတော်လေးသဘောထားကိုက်ညီတယ်။ ကုရှင်ချွမ်းမှာမကောင်းတဲ့အကျင့်လေးတွေရှိတယ်ဆိုပေမဲ့ ဒုတိယမျိုးဆက်သခင်လေးတွေလို ပြဿနာမရှာဘူး။ သူရဲ့ပင်ကိုစရိုက်ကအရမ်းပွင့်လင်းတယ်။ သူ့စိတ်ခံစားချက်အားလုံးကသူ့မျက်နှာပေါ်မှာပေါ်နေတယ်။ တစ်ယောက်နဲ့ရင်းရင်းနှီးနှီးပေါင်းသင်းနေထိုင်ဖို့လွယ်ကူတယ်။
"အမှန်ပဲ" မားမားကုကမျက်လုံးလေးတွေကွေးသွားတဲ့အထိပျော်ရွှင်စွာပြုံးနေတယ် "သူကသူ့ငယ်ချင်းတွေတရားမျှတမှုရအောင်အမြဲလုပ်ပေးတယ် တင်းအိမ်တော်ကသားအငယ်လေးအနိုင်ကျင့်ခံရတုန်းကလဲ သူကလက်စားပြန်ချေပေးတာ အဲ့ဒီလူကိုသွားရိုက်ပစ်တာ..."
"အာ..." ကုရှောက်ယွမ်ကသူ့နှာခေါင်းရိုးကိုလကန်နဲ့ဖျစ်ပီးတော့ စုန့်ရီကိုကြည့်ကာ အပြုံးတစ်ခုနဲ့ပြောတယ် "တင်းမိသာစုကကောင်လေးနဲ့ကဦးတို့နဲ့အိမ်နီးနားချင်းတွေဖြစ်ခဲ့တာလေ နောက်တော့ ရှင်ချွမ်းရဲ့သူငယ်ချင်းတစ်ယောက်ရဲ့ပိုက်ဆံအိတ်ကိုလဲ Seattle ကလူမည်းတစ်ယောက်ကလုသွားတာ အဲ့တာကိုဦးတို့ရဲ့ရှင်ချွမ်းကအဲ့ဒီပိုက်ဆံအိတ်ကိုပြန်သွားယူပေးခဲ့တာ ပီးတော့ အဲ့ဒီလုသွားတဲ့လူကိုလဲသူကသင်ခန်းစားပေးခဲ့သေးတယ်"
သူကအကူအညီအဲ့သလိုသက်ပြင်းချရင်း သူပြောတဲ့အသံထဲမှာဂုဏ်ယူမှုတွေလဲပါနေတယ် "ဒီကလေးလေးက ငယ်ငယ်လေးကတည်းကသူ့သူငယ်ချင်းတွေညီအစ်ကိုတွေအတွက်ဆို အမြဲသစ္စာရှိတယ် ကိုယ့်ကိုယ်ကိုတောင်မကြည့်ဘဲ ကူညီပေးတတ်တယ်"
ကုရှင်ချွမ်းကတစ်ခုခုကိုနားလည်သွားပီး ကုရှောက်ယွမ်ကိုတစ်ချက်ကြည့်ကာ ခေါင်းလေးငုံ့ရင်း ဖွဖွလေးပြုံးနေတယ်။
ကုရှောက်ယွမ်ကရုတ်တရပ်ကြီး ဘာလို့ဒါကိုဖော်ပြလဲဆိုတာ စုန့်ရီမသိပေမဲ့ သဘောတူတဲ့အနေနဲ့ခေါင်းညိမ့်ပြလိုက်တယ် "ဦးပြောသလိုပဲကုရှင်ချွမ်းကအရမ်းသစ္စာရှိတဲ့လူပါ"
ကုမားမားကလက်ဖက်ရည်လေးတစ်ငုံသောက်ပီး ဝင်ပြောလာတယ် "သူဒီလိုမျိုးကူညီတတ်လို့ပျော်ရွှင်ရတယ် ဒါပေမဲ့သူဆေးရုံတက်ရတာကိုလဲမေ့ထားလို့မရဘူး အဲ့တုန်းကသူကသူငယ်ချင်းတစ်ယောက်အတွက်နဲ့ဓားထိုးခံရပီး သွေးတွေအများကြီးထွက်တာ ကျွန်မဆိုသေအောင်ကြောက်သွားတာ"
သူမကရင်ဘတ်ကိုထိတ်လန့်တဲ့ပုံစံနဲ့ဖိလိုက်ပီး ကုရှင်ချွမ်းကိုအပြစ်တင်သလိုကြည့်လိုက်တယ် "ဒီကမားတို့ရဲ့ပြောစကားလေးတွေကိုလဲနားထောင်ပီး ကိုယ့်ဘာသာကိုယ်အတင်းကာရောမလုပ်ဖို့မျှော်လင့်မိတယ်"
ကုရှောက်ယွမ်ကပြုံးလိုက်တယ် "သူက alpha တစ်ယောက်ပဲ ဒါကဖြစ်သင့်တဲ့အရာတစ်ခုပဲ" သူကသူ့နောက်မှာရပ်နေတဲ့သက်လတ်ပိုင်းအရွယ်လူကြီးကိုတစ်ခုခုတီးတိုးပြောလိုက်တယ်။ ထိုလူကြီးကခေါင်းညိမ့်ပီး ထွက်သွားတယ်။
သိပ်မကြာခင်မှာပဲ ထိုလူကြီးကသစ်သားပြားလေးယူလာပီး စုန့်ရီရှေ့မှာချလိုက်တယ်။ အဲ့ဒီအပေါ်မှာတော့ ဖဲကြိုးအဖြူနဲ့ရစ်ပတ်ထားတဲ့ လှပခေတ်မီတဲ့လက်ဆောင်ဗူးလေးရရှိနေတယ်။
စုန့်ရီအံ့ဩသွားပီး ကုရှောက်ယွမ်ကသူ့ဖို့ဖွင့်ဖို့အမူပြတယ်။ စုန့်ရီဂရုတစိုက်နဲ့အဖုံးလေးကိုဖွင့်လိုက်တယ်။ အဲ့ဒီအထဲမှာတော့ သတ္တုနာရီလေးတစ်လုံးရှိနေတယ်။ ဒိုင်ခွက်ကရှုပ်ထွေးပီး နာရီပုံစံနဲ့အရွယ်အစားကအနုပညာဆန်တယ်။ တစ်ချက်ကြည့်ရုံနဲ့အရမ်းစျေးကြီးပီး လက်ရာကောင်းတစ်ခုဖြစ်မှန်းသိနိုင်တယ်။
ကုရှောက်ယွမ်ကပြုံးပီးပြောလာတယ် "သားတို့ဒီနေ့ရောက်မယ်လို့ရှင်ချွမ်းပြောတော့ လက်ဆောင်ပေးဖို့ကပြင်ဆင်ထားတာလဲမရှိဘူး ဒီနာရီလေးကိုကြိုက်မယ်လို့မျှော်လင့်မိတယ်"
"ဦးနဲ့ဒေါ်ဒေါ်ကိုကျေးဇူးတင်ပါတယ်" စုန့်ရီကဗူးလေးကိုပိတ်လိုက်ပီး ဒီနာရီကဘယ်လောက်လောက်ကုန်ကျလဲဆိုတာ စိတ်ထဲမှာတွက်ချက်ကြည့်လိုက်တယ်။ နောက်ကျရင် သူကုရှင်ချွမ်းကိုရှာပီးပိုက်ဆံတွေပြန်ပေးရမယ်။ အရမ်းကြီးစျေးမကြီးဖို့မျှော်လင့်ရတာပဲ။
ကုမားမားကပြုံးပြတယ် "သားကြိုက်ရင်ပြီးတာပါပဲ နောက်ပိုင်းကျလဲအိမ်ကိုအလည်လိုက်လာနော် ရှင်ချွမ်းကသူ့သူငယ်ချင်းတွေကိုအိမ်ကိုခေါ်လာတာရှားတယ်"
ကုရှောက်ယွမ်ကခေါင်းညိမ့်လိုက်ပီး ဘေးကကုရှင်ချွမ်းကိုကြည့်ပီး ဖွဖွလေးပြုံးလိုက်တယ် "ရှင်ချွမ်း သားအခုတလောပိုပီးတော်လာတယ် ကောင်းကောင်းကြိုးစားနော်"
ကုရှင်ချွမ်းကတူတွေကိုချလိုက်ပီး စုန့်ရီကိုတစ်ချက်ကြည့်ကာနက်ရှိုင်းတဲ့အဓိပ္ပါယ်တွေမပါတဲ့ 'အမ်း' တစ်ခုနဲ့ပြန်ဖြေလိုက်တယ်။
ညစာစားပီးသွားတော့ အဒေါ်တစ်ယောက်က စုန့်ရီကိုသန့်ရှင်းရေးလုပ်ထားတဲ့ ဧည့်သည်ခန်းတစ်ခုဆီလိုက်ပို့တယ်။ အဲ့ဒီအခန်းကကုရှင်ချွမ်းနဲ့နံရံတစ်ခုပဲခြားတယ်။ ဒီအခန်းမှာဝရန်တာလေးတစ်ခုရှိပီး ရေပြင်ပြာကျယ်ကျယ်ဆီကရေငွေ့တွေကြားထဲက Seattle ရဲ့အဆောက်အဦးမြင့်မြင့်တွေကိုလှမ်းမြင်နေရတယ်။
ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကကိုယ်နဲ့နိးနီးကပ်ကပ်ရှိနေသလိုဖြစ်နေပီး လေနုအေးလေးတွေကလဲတိုက်ခတ်နေတယ်။ ပတ်ဝန်းကျင်ကဆိတ်ငြိမ်ပီး အတော်လေးအေးချမ်းလှတယ်။
စုန့်ရီကအိပ်ယာပေါ်မှာဟိုလှည့်ဒီလှည့်နေပီး မျက်လုံးတွေကပွင့်နေကာ အိပ်မပျော်နိုင်ဖြစ်နေတယ်။
အလေ့အထဆိုတာတကယ်ကိုကြောက်စရာကောင်းတဲ့အရာဖြစ်တယ်။ ဒီအချိန်တွေအတောအတွင်းမှာ သူကကုရှင်ချွမ်းနဲ့နေ့တိုင်းအတူအိပ်ခဲ့ပေမဲ့ ရှက်တယ်လို့လုံးဝမခံစားရဘူး။ ကုရှင်ချွမ်းကသူ့ကိုနောက်ကနေဖက်ပီးအိပ်လေ့ရှိတယ်။ အခုကျတော့သူ့နောက်မှာဘာ်သူမှမရှိတော့ အိပ်မပျော်နိုင်ဖြစ်နေရတယ်။
စုန့်ရီစိတ်ငြိမ်ငြိမ်ထားပီး ဘုရားစာကိုတိတ်တိတ်လေးရွတ်နေလိုက်တယ်။ အိပ်ငိုက်မှုကတဖြည်းဖြည်းဝင်ရောက်ပီး အိပ်ပျော်ခါနီးအခြေအနေကိုရောက်သွားတယ်။
အဲ့ဒီအချိန်မှာ သူဝရန်တာဆီက ဘန်းခနဲအသံတစ်ခုကိုကြားလိုက်ရတယ်။ အနက်ရောင်ပုံရိပ်တစ်ခုကဝရန်တာလက်ရန်းပေါ်ကိုကျော်တာလားပီး ကြမ်းခင်းပေါ်ကိုတိတိကျကျခုန်ဆင်းလာတယ်။
သိပ်မကြာခင်မှာပဲ ထိုအတက်ရောင်ပုံရိပ်ဟာတစ်ကိုယ်လုံးခိုက်ခိုက်တုန်စွာနဲ့ အိပ်ယာဆီကိုအပြေးရောက်လာတယ်။ သူကစကားတစ်ခွန်းမှမပြောဘဲ အိပ်ယာပေါ်ကိုတက်လာပီး မျက်လုံးတွေကိုမှေးကျဥ်းကာ စုန့်ရီကိုငုံ့ကြည့်လိုက်တယ်။
စုန့်ရီကသမ်းဝေလိုက်ပီး အင်္ကျီလက်တိုလေးဝတ်ထားတဲ့ကုရှင်ချွမ်းကို လရောင်ကိုအားပြုပီးကြည့်လိုက်တယ်။ Seattle ကရာသီဥတုကညအချိန်မှာဆိုအတော်လေးနိမ့်တယ်။ သူ့ခန္တာကိုယ်ကတအားကောင်းမွန်လို့ အအေးဒဏ်ကိုတောင်မမှုတာလား။ "မင်းကိုယ့်အိမ်ကိုယ့်ယာပဲကို ဘာလို့ခိုးကြောင်ခိုးဝှက်ဝင်လာတာလဲ?"
ကုရှင်ချွမ်းကသူ့ဘေးမှာဝင်လှဲလိုက်ပီး သူ့ရဲ့လက်မောင်းအေးအေးတွေကစုန့်ရီခါးကိုသိမ်းကျုံးပီးဖက်ထားတယ်။ စုန့်ရီအေးခနဲဖြစ်သွားပီး ယောင်ယမ်းကာခန္တာကိုယ်ကိုယို့ပီးရှောင်မိတော့ သူ့ခါးကလက်မောင်းတွေကပိုပီးတင်းကျပ်သွားတယ်။ သူကစုန့်ရီနောက်ဘက်ကနေပိုပီးနီးနီးကပ်ကပ်တိုးကပ်လာပီး အသံတိုးတိုးနဲ့ပြောတယ် "မင်းကသူငယ်ချင်းလို့ဟန်ဆောင်ထားတာဆိုတော့ သေချာပေါက်ခိုးကြောင်ခိုးဝှက်ကိစ္စလေးတွေလုပ်ရင် အရှေ့တံခါးကနေဘယ်လိုလုပ်ဝင်လို့ရမှာလဲ"
စုန့်ရီရယ်လိုက်တယ်။ သူကတကယ်အမြင်ကျဥ်းတာပဲ။ သူတစ်ခါမှဒီလိုမျိုး ကမောက်ကအတွေတွေးတတ်တဲ့ alpha မျိုးမတွေ့ဖူးဘူး "မင်းဒီတိုင်းတက်လာတာ ပြုတ်ကျမှာမကြောက်ဘူးလား?"
ကုရှင်ချွမ်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေကသူ့ဆံပင်ထဲဝင်လာပီး လက်နဲ့ရစ်ပတ်ကစားရင်း သူ့ရဲ့စနောက်လိုတဲ့အသွတိုးတိုးကထွက်လာတယ် "စုန့်ရီ ငါအိပ်ယာထဲမဝင်ခင်ငါ့အခန်းထဲမှာတစ်ခုခုတွေ့ခဲ့တယ်"
"ဘာတွေ့တာလဲ?" စုန့်ရီသမ်းဝေလိုက်တယ်။
ကုရှင်ချွမ်းကအိပ်ယာဘေးကမီးအိမ်လေးကိုဖွင့်လိုက်တယ်။ စုန့်ရီစာရွက်ဖွင့်သံကိုကြားလိုက်ရပီး ကုရှင်ချွမ်းရဲ့အသံကမှောင်မိုက်နေတဲ့ညမှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ပြတ်ပြတ်သားသားထွက်ပေါ်လာတယ် "ရှန်းလီ နိဟောင် ဒီနေ့မင်း physical fitness test မှာ fail ဖြစ်သွားလို့ငိုနေတာတွေ့တယ် ငါလဲမင်းလိုပဲဝမ်းနည်းပါတယ် မင်းဒါကိုမယုံကြည်ကောင်းမယုံနိုင်ဖြစ်နိုင်တယ် မင်းရဲ့သလင်းလိုကြည်လင်တဲ့မျက်လုံးလေးတွေထဲကနေ မျက်ရည်လေးတွေကြွေလာတဲ့အခါတိုင်း မင်းရဲ့နာကျင်မှုတွေကိုငါအစားခံပေးချင်တယ်..."
"မဖတ်နဲ့" စုန့်ရီအဲ့ဒါကိုဆွဲပီး ဖျက်ဆီးပစ်ဖို့လက်ဆန့်ထုတ်လိုက်တယ်။ ဒါကအထက်အောင်မြင်ကြောင်းအခမ်းအနားအကြိုနေ့မှာ ရှန်းလီကိုပေးဖို့သူရေးထားတာဖြစ်တယ်။ ဒါပေမဲ့သူဒီစာကိုအဲ့ဒီနေ့သူ့ရဲ့ခုံစောင်းထဲမှာမတွေ့တော့ဘူး။ ကုရှင်ချွမ်းကဒါကိုယူသွားတာပေါ့။
သူဒါကိုရေးနေတုန်းကတကယ်ကိုဖွဲ့နွဲ့ပီးရေးထားတာဖြစ်တယ်။ အခုသူဒါကိုလုံးဝသည်းမခံနိုင်ဘူး။ သူအဲ့တုန်းကဘယ်လိုတောင်အီတောက်နေအောင်ရေးထားတာပါလိမ့်။
ကုရှင်ချွမ်းကသူ့လောက်ဝတ်ကိုဖျစ်ထားပီး တောင့်တောင့်ကြီးဆက်ဖတ်တယ် "ကမ္ဘာပေါ်မှာ အသေးဆုံးပင်လယ်က မာမရာပင်လယ်လို့ ပထဝီဆရာမကပြောတယ် ဒါပေမဲ့ငါကတော့မင်းရဲ့မျက်လုံးလေးတွေလို့ထင်တယ်..."
စုန့်ရီရှက်လို့မျက်နှာတွေရဲလာပီး သူ့ဘာသာသူမျက်နှာကိုအုပ်ထားရတယ် "မဖတ်နဲ့တော့လို့"
"ဟင့်အင်း" ကုရှင်ချွမ်းကအေးစက်စက်နဲ့ငြင်းဆန်ပီး လှောင်ရယ်သံပြုလာတယ် "မင်းကဒီတာလောက်ကဗျာဆန်ဆန်ရေးထား ငါကဖြည်းဖြည်းလေးဖတ်ရင်းအသိအမှတ်ပြုပေးရမှာပေါ့"
"ပီးတော့ ငါကပင်လယ်ထဲကရွက်လှေလေးဖြစ်ဖို့ဆန္ဒရှိတယ် အဖြူရောင်ရွက်လေးဖွင့်ပီး မင်းရဲ့မျက်လုံးလေးတွေထဲမှာရွက်လွှင့်ချင််တယ်..."
မျောက်ဘုရင်ကကျိန်စာရွတ်တာကိုနားမထောင်နိုင်သလို စုန့်ရီတကယ်ထပ်ပီးနားမထောင်နိုင်တော့ဘူး။ ကြားရတာရှက်စရာကောင်းလွန်းလှတယ်။ သူထထိုင်လိုက်ပီး ကုရှင်ချွမ်းရဲ့နှုတ်ခမ်းတွေကိုလက်နဲ့အုပ်လိုက်တယ်။ သူကကုရှင်ချွမ်းနဲ့မျက်လုံးချင်းဆုံလိုက်ပီး တိုးတိုးလေးပြောလိုက်တယ် "ဖတ်နေတာရပ်လိုက်တော့လို့"
ငှက်မွှေးလေးနဲ့ဖြတ်လှဲသွားတဲ့အလား နွေးနွေးစိုစိုလေးကို လက်ဖဝါးလေးကရှင်းရှင်းလင်းလင်းခံစားလိုက်ရတယ်။ ကုရှင်ချွမ်းရဲ့မျက်လုံးရှည်ရှည်လေးတွေကအနည်းငယ်မှေးကျဥ်းနေပီး မီးရောင်အောက်မှာသူ့ရဲ့မျက်တောင်လေးတွေကထူထူလေးဖြစ်နေတယ်။ စုန့်ရီသတိပြန်ဝင်လာပီး သူ့လက်ကိုရုတ်ကာအင်္ကျီနဲ့သုတ်ပစ်တယ်။
ကုရှင်ချွမ်းကသူ့နှုတ်ခမ်းတွေကိုစိတ်အားထက်သန်စွာလျက်လိုက်တယ်။ သူကရှေ့ကိုကိုင်းပီး စုန့်ရီရဲ့ခန္တာကိုယ်လေးကိုတရှုံ့အနံ့ခံပီး စုန့်ရီပါးနားကိုကပ်ကာမေးလိုက်တယ် "shower gel ချင်းအတူတူတောင် ဘာလို့မင်းကအရမ်းမွှေးနေရတာလဲ?"
စုန့်ရီတော့သူခန္တာကိုယ်ဆီကအနံ့မရသလို သူ့စကားတွေဆီကအန္တရာယ်အငွေ့အသက်ကိုလဲသတိမပြုမိဘူး "ရေချိုးတာပိုကြာလို့ဖြစ်နိုင်တယ်"
"တကယ်လား?" ကုရှင်ချွမ်းကသူ့ကိုခေါင်းလှည့်ကြည့်ပီး သူ့ကိုခုန်အုပ်ကာ ဟန့်တားထားတဲ့ကြယ်သီးတွေကိုဖြုတ်လိုက်တယ် "ငါမယုံဘူး မင်းဘာသုံးထားလဲဆိုတာငါ့ကိုစစ်ဆေးခွင့်ပြုရမယ်"
စုန့်ရီအံ့ဩထိတ်လန့်သွားပီး အသံတိုးတိုးနဲ့သတိပေးလိုက်တယ် "ဦးလေးနဲ့အန်တီဒီမှာရှိနေသေးတယ်လေ!"
ကုရှင်ချွမ်းကသူ့ရဲ့အောက်နှုတ်ခမ်းအိအိလေးကိုဆွဲစုပ်လိုက်ပီး သူ့လက်တွေကဗိုက်သားတွေကိုလောဘတကြီးပွတ်သပ်နေတယ် "အာ့ကြောင့်မို့သူတို့အိပ်နေတာကိုအနှောင့်အယှက်မဖြစ်စေချင်ရင် လိမ်လိမ်မာမာလေးနေ"
~~~~~~~~
ကုပါးပါး: ငါ့သားလေးကချွေးမကောင်းလေးရှာပေးလာတာပဲ ဆုချရမယ်။
After a few minutes,
ရှောင်ကု: "...." *လက်ဗလာ*
စုန့်ရီလေး: "ကျေးဇူးတင်ပါတယ် ရှူးရှူးနဲ့အားရီ" *လက်ဆောင်တစ်ပွေ့တစ်ပိုက်ဖြင့်*
Zawgyi
စုန္႔ရီသိုျပန္လည္လာလို႔ ဖုန္းဆြဲယူပီးၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ရွန္းလီက WeChat list ထဲမွာေပ်ာက္သြားပီျဖစ္တယ္ "မင္းဘာလုပ္တာလဲ?"
"သူမင္းကိုစာေတြပို႔ေနတာကိုမုန္းတယ္" ကုရွင္ခၽြမ္းကအျပစ္ရွိတယ္လို႔လုံးဝမခံစားရဘူး။
စုန္႔ရီကဖုန္းကိုရမ္းလိုက္ပီး ေဒါသတႀကီးနဲ႔သူ႔ကိုစိုက္ၾကဘ့္လိုက္တယ္ "အဲ့ဒါနဲ႔မင္းကသူ႔ကိုဖ်က္လိုက္တယ္ေပါ့"
ကုရွင္ခၽြမ္းကေခါင္းညိမ့္ျပပီး မရိုးမသားေျဖတယ္ "ေဆာရီး ေနာက္တစ္ခါက်မလုပ္ေတာ့ဘူး"
စုန္႔ရီမ်က္မွန္ကိုပင့္လိုက္ပီး ေနာက္တစ္ခါရွန္းလီနဲ႔ပဋိပကၡေတြမျဖစ္ေအာင္ ဒီကိစၥကိုေသခ်ာစိတ္ရွည္လက္ရွည္ေျဖရွင္းေပးဖို႔ဆုံးျဖတ္လိုက္တယ္ "ငါရွန္းလီကိုမႀကိဳက္ေတာ့ပါဘူး ဒါေပမဲ့ငါကသူနဲ႔ႏွစ္ေပါင္းမ်ားစြာသိကၽြမ္းလာခဲ့တယ္ေလ ငါသူ႔ကိုသာမန္သူငယ္ခ်င္းတစ္ေယာက္လိုပဲဆက္ဆံတာပါ"
ကုရွင္ခၽြမ္းကမ်က္လုံးေတြကိုေမွးက်ဥ္းလိုက္ပီး စုန္႔ရီပါးကိုစိတ္ဆိုးမာန္ဆိုးနဲ႔ဖ်စ္လိုက္တယ္ "မင္းသူ႔ကိုစကားေျပာတာကိုမႀကိဳက္ဘူး"
စုန္႔ရီကသူ႔ရဲ့လက္ဖမိုးကိုဖြဖြေလးပုတ္လိုက္တယ္။ ကုရွင္ခၽြမ္းကမလႊတ္ခ်င္လႊတ္ခ်င္နဲ႔ပါးကိုလႊတ္ေပးလိုက္တယ္။ စုန္႔ရီကတည္တည္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "ရွန္းလီကအရင္ကငါ့ကိုကူညီေပးခဲ့ဖူးတယ္ အထက္တန္းတုန္းကငါတို႔မိသားစုအေျခအေနကိုမင္းလဲသိမွာပါ ငါအထက္တန္းပထမႏွစ္တုန္းက ငါ့အေဖကအသည္းအသန္ေနမေကာင္းျဖစ္တယ္ အဲ့ဒီအခ်ိန္တုန္းက ရွန္းလီကငါ့တို႔ကို ယြမ္ငါးေသာင္းေပးပီး အေရးေပၚလိုအပ္ေနတာကိုေျဖရွင္းေပးခဲ့တယ္ ငါကသူ႔ရဲ့ၾကင္နာမွုကိုအျမဲသတိရေနမွာ သူအကူအညီလိုရင္ငါကေသခ်ာေပါက္ကူညီေပးမွာ"
ရွန္းလီကိုပညာသင္ခြင့္အစားျပန္ေပးခဲ့ရေပမဲ့ အဲ့တာကသိပ္ပီးေတာ့လဲအေရးမႀကီးဘူး။ သူ႔မိသားစုကအသုံးစရိတ္ေတြမေထာက္ပံ့နိုင္တာမို႔ ရွန္းလီကိုေပးလိုက္လဲသူ႔အတြက္အဆင္ေျပပါတယ္။
ကုရွင္ခၽြမ္းကစုန္႔ရီကိုတစ္ခ်က္ၾကည့္ပီး ႏွာမွုတ္ကာ မေက်မနပ္ျဖင့္မ်က္ႏွာလႊဲသြားတယ္ "သူကအေတာ္ေလးအကြက္ျမင္တာပဲ ယြမ္ငါးေသာင္းနဲ႔ မင္းကိုသူ႔ဆီမွာႏွစ္ျမႇုပ္ထားခိုင္းတာ"
စုန္႔ရီေခါင္းငုံ႔ပီး အကူအညီမဲ့စြာရယ္လိုက္တယ္ "ဒါေတြကၿပီးသြားပါပီ အခုကသူ႔အေပၚမွာ သူငယ္ခ်င္းဆက္ဆံေရးနဲ႔ေက်းဇူးတရားပဲရွိေတာ့တယ္ ဒါ့ေၾကာင့္မို႔မင္းအရမ္းႀကီးစန္းစန္းတင့္မေနနဲ႔"
ကုရွင္ခၽြမ္းကသူ႔ကိုလွည့္ၾကည့္လာပီး ေမးကိုအထက္စီးဆန္ဆန္ေမာ္ထားတယ္ "မင္းကသူ႔ကိုလႊတ္ခ်လိုက္ေပမဲ့ သူကမင္းကိုလႊတ္မေပးခ်င္ဘူး သူမင္းကိုၾကည့္တာေတြကမူမမွန္ဘူး"
စုန္႔ရီရယ္ခ်င္သြားတယ္။ ရွန္းလီကသူ႔ကိုဘယ္လိုမူမွန္တဲ့အၾကည့္မ်ိဳးနဲ႔ၾကည့္ၾကည့္ သူ႔မွာကအခုေစ့စပ္ထားတဲ့သတို႔သားေလာင္းရွိေနပီျဖစ္တယ္။
အျပင္ဘက္မွာေကာင္းကင္ႀကီးကေမွာင္လာပီး ကုရွင္ခၽြမ္းရဲ့မိဘေတြကလဲျပန္လာတယ္။
ကုရွင္ခၽြမ္းရဲ့အေမက စုန္႔ရီရဲ့မွတ္ဉာဏ္ထဲလိုပဲ ေျပာင္းလဲမွုမရွိ အေရျပားတြန္႔တာေတြမရွိဘဲ သိမ္ေမြ႕လွပေနတုန္းျဖစ္တယ္။ သူကၾကာရြက္စိမ္းေရာင္ဂါဝန္ေလးဝတ္ထားပီး အျဖဴေရာင္ပိုးသားလက္အိတ္ေတြဝတ္ထားတယ္။သူက ရွန္ဟိုင္းထုတ္ World Pictorial ထဲကက်က္သေရရွိတဲ့မိန္းမလွေလးတစ္ေယာက္ပုံေပါက္တယ္။
ကုေရွာက္ယြမ္ကသူမေနာက္ကလိုက္လာပီး ႏွစ္ေယာက္သားအတူတူရပ္ေနတာက မ်က္စိအျမင္မွာၾကည္ႏူးစရာေကာင္းလွတယ္။
ကုမိသားစုနဲ႔အျပင္လူျဖစ္တဲ့စုန္႔ရီဟာ အတူတူညစာထိုင္စားခဲ့တယ္။
ကုမားမားကစိတ္အေျခအေနေကာင္းေနတယ္။ သူကစုန္႔ရီကိုအျပဳံးတစ္ခုနဲ႔ၾကည့္ပီး ေျပာလာတယ္ "တို႔အိမ္ကကေလးေလးကအခုမွပဲ သူငယ္ခ်င္းေတြကိုဂ႐ုစိုက္ေတာ့တယ္ သူကမနက္ကေျပာတယ္ သူ႔သူငယ္ခ်င္းေလးကအစပ္မစားနိုင္တာမို႔ ညစာကိုအစပ္ေလၽွာ့ပီးခ်က္ပါတဲ့ေလ"
"အန္႔တီကိုဒုကၡေပးမိသြားၿပီ" စုန့္္ရီကအရမ္းေတာ့ရွက္မသြားပါဘူး။ သူနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနတဲ့ကုရွင္ခၽြမ္းကိုလွမ္းၾကည့္လိုက္တယ္။ သူျဖည္းျဖည္းခ်င္းစီမ်က္ေတာင္ေလးကိုပုတ္ခတ္ပုတ္ခတ္လုပ္ေနတယ္။
"ဒုကၡမျဖစ္ပါဘူးကြယ္" မားမားကုကကုရွင္ခၽြမ္းကိုတစ္ခ်က္ၾကည့္ပီး အျပဳံးေလးနဲ႔ေျပာတယ္ "သူကေလသူ႔ဘာသာသူပဲဂ႐ုစိုက္တာ တျခားသူေတြကိုဆိုဂ႐ုစိုက္တာမဟုတ္ဘူး"
ကုေရွာက္ယြမ္ကေခ်ာင္းဟန္႔လိုက္ပီး တူေတြကိုခ်ကာ စုန္႔ရီကိုမရွင္းလင္းတဲ့အဓိပၸါယ္တစ္ခုနဲ႔ၾကည့္လာတယ္ "ရွင္ခၽြမ္းရဲ့သူငယ္ခ်င္းလဲဒီမွာရွိေနေသးတယ္ေလ ညစာစားပြဲမွာသူ႔ကိုအျပစ္မတင္ပါနဲ႔ေတာ့"
မားမားကုကသူ႔မ်က္လုံးထဲအၾကည့္ရဲ့အဓိပၸါယ္ကိုမသိဘူး။ သူကလက္ဖက္ရည္ေမႊးေမႊးေလးကိုငွဲ႕ရင္းေျပာတယ္ "စုန္႔ရီေလးလဲသူ႔အေၾကာင္းသိမွာေပါ့ သူတို႔ကႏွစ္ေတြအမ်ားႀကီးတစ္ေယာက္နဲ႔တစ္ေယာက္သိကၽြမ္းခဲ့တာဆိုေတာ့"
ကုရွင္ခၽြမ္းမ်က္ႏွာကပ်က္သြားပီး ေခါင္းငုံ႔ပီးပဲမ်က္ႏွာတည္တည္နဲ႔ဆက္စားေနတယ္။
စုန္႔ရီေျခာက္ကပ္ကပ္အျပဳံးတစ္ခုျပဳံးျပလိုက္ပီး ဘာမွမၾကားလိုက္ရဟန္ေဆာင္လိုက္တယ္။
ကုေရွာက္ယြမ္ကမားမားကုကိုၾကည့္လိုက္ပီး ေႏြးေထြးတဲ့အသံနဲ႔ေျပာလာတယ္ "မင္းကေလးအေၾကာင္းကိုေျပာလိုက္တာကိုလဲ ၾကည့္ပါအုံး အနည္းဆုံးသူ႔မွာ career တစ္ခုရွိတယ္ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက သူကိုယ္တို႔ဆီကတစ္ျပားတစ္ခ်ပ္မွာမေတာင္းခဲ့ဘူး ကိုယ္တို႔အသိုင္းအဝိုင္းထဲကကေလးေတြကိုၾကည့္ပါအုံး သူတို႔ဆိုမိဘေတြကိုမွီခိုရတယ္မဟုတ္လား ဒီတစ္ခုတည္းနဲ႔တင္သူကတျခားသူေတြထက္ပိုသာေနပီ"
ကုမားမားကသူ႔ကိုထူးဆန္းသလိုလွည့္ၾကည့္လာတယ္ "ရွင္ကသူသီခ်င္းဆိုတာကိုမႀကိဳက္ဘူးမလား?"
ကုေရွာက္ယြမ္ရဲ့မ်က္ႏွာအမူအရာကတည္ၿငိမ္ေနဆဲျဖစ္တယ္ "ကိုယ္ကဒီတိုင္းမ support ႐ုံပါပဲ ဒါေပမဲ့သူ႔အတြက္ေကာင္းပါတယ္ တကယ္ေတာ့ ဒီအသိုင္းအဝိုင္းထဲက ဒုတိယမ်ိဳးဆက္သခင္ေလးေတြလိုသူကစိတ္အလိုလိုက္ပီး မေကာင္းတာေတြမလုပ္တာကိုကိုယ္ကစိတ္ခ်မ္းသာေနတာ သူကအမ်ားပိုင္လမ္းေတြေပၚမွာကားၿပိဳင္ေမာင္းတာမ်ိဳးလဲမရွိဘူး ပီးေတာ့လိင္ကိစၥအရွုပ္အရွင္းေတြလဲမရွိဘူး သူကနည္းနည္းစိတ္ဆတ္တယ္ဆိုေပမဲ့ ဘယ္သူနဲ႔မွရန္ညိဳးရန္စေတြဘာေတြမရွိဘူး မင္းလဲသိပါတယ္ကိုယ္ငယ္ငယ္ေလးတုန္းကလဲသူ႔လိုမ်ိဳးပဲဆိုတာ"
(π:ပါးပါးႀကီးကေခၽြးမေလးအထင္ႀကီးေအာင္ေျပာေပးေနရတာ ဟဟ)
ကုရွင္ခၽြမ္းကထိတ္လန္႔တၾကားနဲ႔ေခါင္းေထာင္လာတယ္။ ကုေရွာက္ယြမ္ကတစ္ခါမွသူ႔ကိုမခ်ီးက်ဴးဖူးဘူး။ ဒါပထမအဆုံးၾကားေနရတာပဲ။
စုန္႔ရီကလဲကုေရွာက္ယြမ္နဲ႔အေတာ္ေလးသေဘာထားကိုက္ညီတယ္။ ကုရွင္ခၽြမ္းမွာမေကာင္းတဲ့အက်င့္ေလးေတြရွိတယ္ဆိုေပမဲ့ ဒုတိယမ်ိဳးဆက္သခင္ေလးေတြလို ျပႆနာမရွာဘူး။ သူရဲ့ပင္ကိုစရိုက္ကအရမ္းပြင့္လင္းတယ္။ သူ႔စိတ္ခံစားခ်က္အားလုံးကသူ႔မ်က္ႏွာေပၚမွာေပၚေနတယ္။ တစ္ေယာက္နဲ႔ရင္းရင္းႏွီးႏွီးေပါင္းသင္းေနထိုင္ဖို႔လြယ္ကူတယ္။
"အမွန္ပဲ" မားမားကုကမ်က္လုံးေလးေတြေကြးသြားတဲ့အထိေပ်ာ္ရႊင္စြာျပဳံးေနတယ္ "သူကသူ႔ငယ္ခ်င္းေတြတရားမၽွတမွုရေအာင္အျမဲလုပ္ေပးတယ္ တင္းအိမ္ေတာ္ကသားအငယ္ေလးအနိုင္က်င့္ခံရတုန္းကလဲ သူကလက္စားျပန္ေခ်ေပးတာ အဲ့ဒီလူကိုသြားရိုက္ပစ္တာ..."
"အာ..." ကုေရွာက္ယြမ္ကသူ႔ႏွာေခါင္းရိုးကိုလကန္နဲ႔ဖ်စ္ပီးေတာ့ စုန္႔ရီကိုၾကည့္ကာ အျပဳံးတစ္ခုနဲ႔ေျပာတယ္ "တင္းမိသာစုကေကာင္ေလးနဲ႔ကဦးတို႔နဲ႔အိမ္နီးနားခ်င္းေတြျဖစ္ခဲ့တာေလ ေနာက္ေတာ့ ရွင္ခၽြမ္းရဲ့သူငယ္ခ်င္းတစ္ေယာက္ရဲ့ပိုက္ဆံအိတ္ကိုလဲ Seattle ကလူမည္းတစ္ေယာက္ကလုသြားတာ အဲ့တာကိုဦးတို႔ရဲ့ရွင္ခၽြမ္းကအဲ့ဒီပိုက္ဆံအိတ္ကိုျပန္သြားယူေပးခဲ့တာ ပီးေတာ့ အဲ့ဒီလုသြားတဲ့လူကိုလဲသူကသင္ခန္းစားေပးခဲ့ေသးတယ္"
သူကအကူအညီအဲ့သလိုသက္ျပင္းခ်ရင္း သူေျပာတဲ့အသံထဲမွာဂုဏ္ယူမွုေတြလဲပါေနတယ္ "ဒီကေလးေလးက ငယ္ငယ္ေလးကတည္းကသူ႔သူငယ္ခ်င္းေတြညီအစ္ကိုေတြအတြက္ဆို အျမဲသစၥာရွိတယ္ ကိုယ့္ကိုယ္ကိုေတာင္မၾကည့္ဘဲ ကူညီေပးတတ္တယ္"
ကုရွင္ခၽြမ္းကတစ္ခုခုကိုနားလည္သြားပီး ကုေရွာက္ယြမ္ကိုတစ္ခ်က္ၾကည့္ကာ ေခါင္းေလးငုံ႔ရင္း ဖြဖြေလးျပဳံးေနတယ္။
ကုေရွာက္ယြမ္က႐ုတ္တရပ္ႀကီး ဘာလို႔ဒါကိုေဖာ္ျပလဲဆိုတာ စုန္႔ရီမသိေပမဲ့ သေဘာတူတဲ့အေနနဲ႔ေခါင္းညိမ့္ျပလိုက္တယ္ "ဦးေျပာသလိုပဲကုရွင္ခၽြမ္းကအရမ္းသစၥာရွိတဲ့လူပါ"
ကုမားမားကလက္ဖက္ရည္ေလးတစ္ငုံေသာက္ပီး ဝင္ေျပာလာတယ္ "သူဒီလိုမ်ိဳးကူညီတတ္လို႔ေပ်ာ္ရႊင္ရတယ္ ဒါေပမဲ့သူေဆး႐ုံတက္ရတာကိုလဲေမ့ထားလို႔မရဘူး အဲ့တုန္းကသူကသူငယ္ခ်င္းတစ္ေယာက္အတြက္နဲ႔ဓားထိုးခံရပီး ေသြးေတြအမ်ားႀကီးထြက္တာ ကၽြန္မဆိုေသေအာင္ေၾကာက္သြားတာ"
သူမကရင္ဘတ္ကိုထိတ္လန္႔တဲ့ပုံစံနဲ႔ဖိလိုက္ပီး ကုရွင္ခၽြမ္းကိုအျပစ္တင္သလိုၾကည့္လိုက္တယ္ "ဒီကမားတို႔ရဲ့ေျပာစကားေလးေတြကိုလဲနားေထာင္ပီး ကိုယ့္ဘာသာကိုယ္အတင္းကာေရာမလုပ္ဖို႔ေမၽွာ္လင့္မိတယ္"
ကုေရွာက္ယြမ္ကျပဳံးလိုက္တယ္ "သူက alpha တစ္ေယာက္ပဲ ဒါကျဖစ္သင့္တဲ့အရာတစ္ခုပဲ" သူကသူ႔ေနာက္မွာရပ္ေနတဲ့သက္လတ္ပိုင္းအရြယ္လူႀကီးကိုတစ္ခုခုတီးတိုးေျပာလိုက္တယ္။ ထိုလူႀကီးကေခါင္းညိမ့္ပီး ထြက္သြားတယ္။
သိပ္မၾကာခင္မွာပဲ ထိုလူႀကီးကသစ္သားျပားေလးယူလာပီး စုန္႔ရီေရွ႕မွာခ်လိုက္တယ္။ အဲ့ဒီအေပၚမွာေတာ့ ဖဲႀကိဳးအျဖဴနဲ႔ရစ္ပတ္ထားတဲ့ လွပေခတ္မီတဲ့လက္ေဆာင္ဗူးေလးရရွိေနတယ္။
စုန္႔ရီအံ့ဩသြားပီး ကုေရွာက္ယြမ္ကသူ႔ဖို႔ဖြင့္ဖို႔အမူျပတယ္။ စုန္႔ရီဂ႐ုတစိုက္နဲ႔အဖုံးေလးကိုဖြင့္လိုက္တယ္။ အဲ့ဒီအထဲမွာေတာ့ သတၱဳနာရီေလးတစ္လုံးရွိေနတယ္။ ဒိုင္ခြက္ကရွုပ္ေထြးပီး နာရီပုံစံနဲ႔အရြယ္အစားကအႏုပညာဆန္တယ္။ တစ္ခ်က္ၾကည့္႐ုံနဲ႔အရမ္းေစ်းႀကီးပီး လက္ရာေကာင္းတစ္ခုျဖစ္မွန္းသိနိုင္တယ္။
ကုေရွာက္ယြမ္ကျပဳံးပီးေျပာလာတယ္ "သားတို႔ဒီေန႔ေရာက္မယ္လို႔ရွင္ခၽြမ္းေျပာေတာ့ လက္ေဆာင္ေပးဖို႔ကျပင္ဆင္ထားတာလဲမရွိဘူး ဒီနာရီေလးကိုႀကိဳက္မယ္လို႔ေမၽွာ္လင့္မိတယ္"
"ဦးနဲ႔ေဒၚေဒၚကိုေက်းဇူးတင္ပါတယ္" စုန္႔ရီကဗူးေလးကိုပိတ္လိုက္ပီး ဒီနာရီကဘယ္ေလာက္ေလာက္ကုန္က်လဲဆိုတာ စိတ္ထဲမွာတြက္ခ်က္ၾကည့္လိုက္တယ္။ ေနာက္က်ရင္ သူကုရွင္ခၽြမ္းကိုရွာပီးပိုက္ဆံေတြျပန္ေပးရမယ္။ အရမ္းႀကီးေစ်းမႀကီးဖို႔ေမၽွာ္လင့္ရတာပဲ။
ကုမားမားကျပဳံးျပတယ္ "သားႀကိဳက္ရင္ၿပီးတာပါပဲ ေနာက္ပိုင္းက်လဲအိမ္ကိုအလည္လိုက္လာေနာ္ ရွင္ခၽြမ္းကသူ႔သူငယ္ခ်င္းေတြကိုအိမ္ကိုေခၚလာတာရွားတယ္"
ကုေရွာက္ယြမ္ကေခါင္းညိမ့္လိုက္ပီး ေဘးကကုရွင္ခၽြမ္းကိုၾကည့္ပီး ဖြဖြေလးျပဳံးလိုက္တယ္ "ရွင္ခၽြမ္း သားအခုတေလာပိုပီးေတာ္လာတယ္ ေကာင္းေကာင္းႀကိဳးစားေနာ္"
ကုရွင္ခၽြမ္းကတူေတြကိုခ်လိုက္ပီး စုန္႔ရီကိုတစ္ခ်က္ၾကည့္ကာနက္ရွိုင္းတဲ့အဓိပၸါယ္ေတြမပါတဲ့ 'အမ္း' တစ္ခုနဲ႔ျပန္ေျဖလိုက္တယ္။
ညစာစားပီးသြားေတာ့ အေဒၚတစ္ေယာက္က စုန္႔ရီကိုသန္႔ရွင္းေရးလုပ္ထားတဲ့ ဧည့္သည္ခန္းတစ္ခုဆီလိုက္ပို႔တယ္။ အဲ့ဒီအခန္းကကုရွင္ခၽြမ္းနဲ႔နံရံတစ္ခုပဲျခားတယ္။ ဒီအခန္းမွာဝရန္တာေလးတစ္ခုရွိပီး ေရျပင္ျပာက်ယ္က်ယ္ဆီကေရေငြ႕ေတြၾကားထဲက Seattle ရဲ့အေဆာက္အဦးျမင့္ျမင့္ေတြကိုလွမ္းျမင္ေနရတယ္။
ၾကယ္ေတြစုံေနတဲ့ေကာင္းကင္ႀကီးကကိုယ္နဲ႔နိးနီးကပ္ကပ္ရွိေနသလိုျဖစ္ေနပီး ေလႏုေအးေလးေတြကလဲတိုက္ခတ္ေနတယ္။ ပတ္ဝန္းက်င္ကဆိတ္ၿငိမ္ပီး အေတာ္ေလးေအးခ်မ္းလွတယ္။
စုန္႔ရီကအိပ္ယာေပၚမွာဟိုလွည့္ဒီလွည့္ေနပီး မ်က္လုံးေတြကပြင့္ေနကာ အိပ္မေပ်ာ္နိုင္ျဖစ္ေနတယ္။
အေလ့အထဆိုတာတကယ္ကိုေၾကာက္စရာေကာင္းတဲ့အရာျဖစ္တယ္။ ဒီအခ်ိန္ေတြအေတာအတြင္းမွာ သူကကုရွင္ခၽြမ္းနဲ႔ေန႔တိုင္းအတူအိပ္ခဲ့ေပမဲ့ ရွက္တယ္လို႔လုံးဝမခံစားရဘူး။ ကုရွင္ခၽြမ္းကသူ႔ကိုေနာက္ကေနဖက္ပီးအိပ္ေလ့ရွိတယ္။ အခုက်ေတာ့သူ႔ေနာက္မွာဘာ္သူမွမရွိေတာ့ အိပ္မေပ်ာ္နိုင္ျဖစ္ေနရတယ္။
စုန္႔ရီစိတ္ၿငိမ္ၿငိမ္ထားပီး ဘုရားစာကိုတိတ္တိတ္ေလးရြတ္ေနလိုက္တယ္။ အိပ္ငိုက္မွုကတျဖည္းျဖည္းဝင္ေရာက္ပီး အိပ္ေပ်ာ္ခါနီးအေျခအေနကိုေရာက္သြားတယ္။
အဲ့ဒီအခ်ိန္မွာ သူဝရန္တာဆီက ဘန္းခနဲအသံတစ္ခုကိုၾကားလိုက္ရတယ္။ အနက္ေရာင္ပုံရိပ္တစ္ခုကဝရန္တာလက္ရန္းေပၚကိုေက်ာ္တာလားပီး ၾကမ္းခင္းေပၚကိုတိတိက်က်ခုန္ဆင္းလာတယ္။
သိပ္မၾကာခင္မွာပဲ ထိုအတက္ေရာင္ပုံရိပ္ဟာတစ္ကိုယ္လုံးခိုက္ခိုက္တုန္စြာနဲ႔ အိပ္ယာဆီကိုအေျပးေရာက္လာတယ္။ သူကစကားတစ္ခြန္းမွမေျပာဘဲ အိပ္ယာေပၚကိုတက္လာပီး မ်က္လုံးေတြကိုေမွးက်ဥ္းကာ စုန္႔ရီကိုငုံ႔ၾကည့္လိုက္တယ္။
စုန္႔ရီကသမ္းေဝလိုက္ပီး အကၤ်ီလက္တိုေလးဝတ္ထားတဲ့ကုရွင္ခၽြမ္းကို လေရာင္ကိုအားျပဳပီးၾကည့္လိုက္တယ္။ Seattle ကရာသီဥတုကညအခ်ိန္မွာဆိုအေတာ္ေလးနိမ့္တယ္။ သူ႔ခႏၲာကိုယ္ကတအားေကာင္းမြန္လို႔ အေအးဒဏ္ကိုေတာင္မမွုတာလား။ "မင္းကိုယ့္အိမ္ကိုယ့္ယာပဲကို ဘာလို႔ခိုးေၾကာင္ခိုးဝွက္ဝင္လာတာလဲ?"
ကုရွင္ခၽြမ္းကသူ႔ေဘးမွာဝင္လွဲလိုက္ပီး သူ႔ရဲ့လက္ေမာင္းေအးေအးေတြကစုန္႔ရီခါးကိုသိမ္းက်ဳံးပီးဖက္ထားတယ္။ စုန္႔ရီေအးခနဲျဖစ္သြားပီး ေယာင္ယမ္းကာခႏၲာကိုယ္ကိုယို႔ပီးေရွာင္မိေတာ့ သူ႔ခါးကလက္ေမာင္းေတြကပိုပီးတင္းက်ပ္သြားတယ္။ သူကစုန္႔ရီေနာက္ဘက္ကေနပိုပီးနီးနီးကပ္ကပ္တိုးကပ္လာပီး အသံတိုးတိုးနဲ႔ေျပာတယ္ "မင္းကသူငယ္ခ်င္းလို႔ဟန္ေဆာင္ထားတာဆိုေတာ့ ေသခ်ာေပါက္ခိုးေၾကာင္ခိုးဝွက္ကိစၥေလးေတြလုပ္ရင္ အေရွ႕တံခါးကေနဘယ္လိုလုပ္ဝင္လို႔ရမွာလဲ"
စုန္႔ရီရယ္လိုက္တယ္။ သူကတကယ္အျမင္က်ဥ္းတာပဲ။ သူတစ္ခါမွဒီလိုမ်ိဳး ကေမာက္ကအေတြေတြးတတ္တဲ့ alpha မ်ိဳးမေတြ႕ဖူးဘူး "မင္းဒီတိုင္းတက္လာတာ ျပဳတ္က်မွာမေၾကာက္ဘူးလား?"
ကုရွင္ခၽြမ္းရဲ့လက္ေခ်ာင္းသြယ္သြယ္ေလးေတြကသူ႔ဆံပင္ထဲဝင္လာပီး လက္နဲ႔ရစ္ပတ္ကစားရင္း သူ႔ရဲ့စေနာက္လိုတဲ့အသြတိုးတိုးကထြက္လာတယ္ "စုန္႔ရီ ငါအိပ္ယာထဲမဝင္ခင္ငါ့အခန္းထဲမွာတစ္ခုခုေတြ႕ခဲ့တယ္"
"ဘာေတြ႕တာလဲ?" စုန္႔ရီသမ္းေဝလိုက္တယ္။
ကုရွင္ခၽြမ္းကအိပ္ယာေဘးကမီးအိမ္ေလးကိုဖြင့္လိုက္တယ္။ စုန္႔ရီစာရြက္ဖြင့္သံကိုၾကားလိုက္ရပီး ကုရွင္ခၽြမ္းရဲ့အသံကေမွာင္မိုက္ေနတဲ့ညမွာ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ျပတ္ျပတ္သားသားထြက္ေပၚလာတယ္ "ရွန္းလီ နိေဟာင္ ဒီေန႔မင္း physical fitness test မွာ fail ျဖစ္သြားလို႔ငိုေနတာေတြ႕တယ္ ငါလဲမင္းလိုပဲဝမ္းနည္းပါတယ္ မင္းဒါကိုမယုံၾကည္ေကာင္းမယုံနိုင္ျဖစ္နိုင္တယ္ မင္းရဲ့သလင္းလိုၾကည္လင္တဲ့မ်က္လုံးေလးေတြထဲကေန မ်က္ရည္ေလးေတြေႂကြလာတဲ့အခါတိုင္း မင္းရဲ့နာက်င္မွုေတြကိုငါအစားခံေပးခ်င္တယ္..."
"မဖတ္နဲ႔" စုန္႔ရီအဲ့ဒါကိုဆြဲပီး ဖ်က္ဆီးပစ္ဖို႔လက္ဆန္႔ထုတ္လိုက္တယ္။ ဒါကအထက္ေအာင္ျမင္ေၾကာင္းအခမ္းအနားအႀကိဳေန႔မွာ ရွန္းလီကိုေပးဖို႔သူေရးထားတာျဖစ္တယ္။ ဒါေပမဲ့သူဒီစာကိုအဲ့ဒီေန႔သူ႔ရဲ့ခုံေစာင္းထဲမွာမေတြ႕ေတာ့ဘူး။ ကုရွင္ခၽြမ္းကဒါကိုယူသြားတာေပါ့။
သူဒါကိုေရးေနတုန္းကတကယ္ကိုဖြဲ႕ႏြဲ႕ပီးေရးထားတာျဖစ္တယ္။ အခုသူဒါကိုလုံးဝသည္းမခံနိုင္ဘူး။ သူအဲ့တုန္းကဘယ္လိုေတာင္အီေတာက္ေနေအာင္ေရးထားတာပါလိမ့္။
ကုရွင္ခၽြမ္းကသူ႔ေလာက္ဝတ္ကိုဖ်စ္ထားပီး ေတာင့္ေတာင့္ႀကီးဆက္ဖတ္တယ္ "ကမၻာေပၚမွာ အေသးဆုံးပင္လယ္က မာမရာပင္လယ္လို႔ ပထဝီဆရာမကေျပာတယ္ ဒါေပမဲ့ငါကေတာ့မင္းရဲ့မ်က္လုံးေလးေတြလို႔ထင္တယ္..."
စုန္႔ရီရွက္လို႔မ်က္ႏွာေတြရဲလာပီး သူ႔ဘာသာသူမ်က္ႏွာကိုအုပ္ထားရတယ္ "မဖတ္နဲ႔ေတာ့လို႔"
"ဟင့္အင္း" ကုရွင္ခၽြမ္းကေအးစက္စက္နဲ႔ျငင္းဆန္ပီး ေလွာင္ရယ္သံျပဳလာတယ္ "မင္းကဒီတာေလာက္ကဗ်ာဆန္ဆန္ေရးထား ငါကျဖည္းျဖည္းေလးဖတ္ရင္းအသိအမွတ္ျပဳေပးရမွာေပါ့"
"ပီးေတာ့ ငါကပင္လယ္ထဲကရြက္ေလွေလးျဖစ္ဖို႔ဆႏၵရွိတယ္ အျဖဴေရာင္ရြက္ေလးဖြင့္ပီး မင္းရဲ့မ်က္လုံးေလးေတြထဲမွာရြက္လႊင့္ခ်င္္တယ္..."
ေမ်ာက္ဘုရင္ကက်ိန္စာရြတ္တာကိုနားမေထာင္နိုင္သလို စုန္႔ရီတကယ္ထပ္ပီးနားမေထာင္နိုင္ေတာ့ဘူး။ ၾကားရတာရွက္စရာေကာင္းလြန္းလွတယ္။ သူထထိုင္လိုက္ပီး ကုရွင္ခၽြမ္းရဲ့ႏွုတ္ခမ္းေတြကိုလက္နဲ႔အုပ္လိုက္တယ္။ သူကကုရွင္ခၽြမ္းနဲ႔မ်က္လုံးခ်င္းဆုံလိုက္ပီး တိုးတိုးေလးေျပာလိုက္တယ္ "ဖတ္ေနတာရပ္လိုက္ေတာ့လို႔"
ငွက္ေမႊးေလးနဲ႔ျဖတ္လွဲသြားတဲ့အလား ေႏြးေႏြးစိုစိုေလးကို လက္ဖဝါးေလးကရွင္းရွင္းလင္းလင္းခံစားလိုက္ရတယ္။ ကုရွင္ခၽြမ္းရဲ့မ်က္လုံးရွည္ရွည္ေလးေတြကအနည္းငယ္ေမွးက်ဥ္းေနပီး မီးေရာင္ေအာက္မွာသူ႔ရဲ့မ်က္ေတာင္ေလးေတြကထူထူေလးျဖစ္ေနတယ္။ စုန္႔ရီသတိျပန္ဝင္လာပီး သူ႔လက္ကို႐ုတ္ကာအကၤ်ီနဲ႔သုတ္ပစ္တယ္။
ကုရွင္ခၽြမ္းကသူ႔ႏွုတ္ခမ္းေတြကိုစိတ္အားထက္သန္စြာလ်က္လိုက္တယ္။ သူကေရွ႕ကိုကိုင္းပီး စုန္႔ရီရဲ့ခႏၲာကိုယ္ေလးကိုတရွုံ႔အနံ့ခံပီး စုန္႔ရီပါးနားကိုကပ္ကာေမးလိုက္တယ္ "shower gel ခ်င္းအတူတူေတာင္ ဘာလို႔မင္းကအရမ္းေမႊးေနရတာလဲ?"
စုန္႔ရီေတာ့သူခႏၲာကိုယ္ဆီကအနံ့မရသလို သူ႔စကားေတြဆီကအႏၲရာယ္အေငြ႕အသက္ကိုလဲသတိမျပဳမိဘူး "ေရခ်ိဳးတာပိုၾကာလို႔ျဖစ္နိုင္တယ္"
"တကယ္လား?" ကုရွင္ခၽြမ္းကသူ႔ကိုေခါင္းလွည့္ၾကည့္ပီး သူ႔ကိုခုန္အုပ္ကာ ဟန္႔တားထားတဲ့ၾကယ္သီးေတြကိုျဖဳတ္လိုက္တယ္ "ငါမယုံဘူး မင္းဘာသုံးထားလဲဆိုတာငါ့ကိုစစ္ေဆးခြင့္ျပဳရမယ္"
စုန္႔ရီအံ့ဩထိတ္လန္႔သြားပီး အသံတိုးတိုးနဲ႔သတိေပးလိုက္တယ္ "ဦးေလးနဲ႔အန္တီဒီမွာရွိေနေသးတယ္ေလ!"
ကုရွင္ခၽြမ္းကသူ႔ရဲ့ေအာက္ႏွုတ္ခမ္းအိအိေလးကိုဆြဲစုပ္လိုက္ပီး သူ႔လက္ေတြကဗိုက္သားေတြကိုေလာဘတႀကီးပြတ္သပ္ေနတယ္ "အာ့ေၾကာင့္မို႔သူတို႔အိပ္ေနတာကိုအေႏွာင့္အယွက္မျဖစ္ေစခ်င္ရင္ လိမ္လိမ္မာမာေလးေန"
~~~~~~~~
ကုပါးပါး: ငါ့သားေလးကေခၽြးမေကာင္းေလးရွာေပးလာတာပဲ ဆုခ်ရမယ္။
After a few minutes,
ေရွာင္ကု: "...." *လက္ဗလာ*
စုန္႔ရီေလး: "ေက်းဇူးတင္ပါတယ္ ရွူးရွူးနဲ႔အားရီ" *လက္ေဆာင္တစ္ေပြ႕တစ္ပိုက္ျဖင့္*