Doctorแ€›แ€ฒแ€ทแ€€แ€ญแ€ฏแ€œแ€ฐแ€แ€ปแ€ฑแ€ฌแ€œแ€ฑแ€ธ (YiZhan...

By Canola-Wang

32K 1.3K 154

โฃ๏ธ๐Ÿ–คแ€กแ€แ€ปแ€…แ€บแ€™แ€พแ€ฌ แ€•แ€€แ€ฌแ€žแ€”แ€แ€ฝแ€ฑ แ€™แ€œแ€ญแ€ฏแ€˜แ€ฐแ€ธ แ€˜แ€šแ€บแ€กแ€›แ€ฌแ€™แ€พแ€™แ€แ€Šแ€บแ€™แ€ผแ€ฒแ€แ€ฒแ€ทแ€œแ€ฑแ€ฌแ€€แ€€แ€ผแ€ฎแ€ธแ€‘แ€ฒแ€™แ€พแ€ฌ แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€กแ€แ€ฐแ€›แ€พแ€ฑแ€ทแ€†แ€€แ€บแ€–แ€ญแ€ฏแ€ทแ€™แ€ผแ€ฒแ€แ€ปแ€„แ€บแ€แ€šแ€บ แ€œแ€ฐแ€แ€…แ€บแ€ฆแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ... More

Ep_1๐Ÿ“
Ep_2๐Ÿ“
Ep_3๐Ÿ“
Ep_4๐Ÿ“
Ep_5๐Ÿ“
Ep_6๐Ÿ“
Ep_7๐Ÿ“
Ep_8๐Ÿ“
Ep_9๐Ÿ“
Ep_10๐Ÿ“
Ep_11๐Ÿ“
Ep_12๐Ÿ“
Ep_14๐Ÿ“
Ep_15๐Ÿ“
Ep_16๐Ÿ“
Ep_17๐Ÿ“๐ŸŒš
Ep_18๐Ÿ“๐Ÿ”ž๐Ÿ”ž
Ep_19๐Ÿ“๐Ÿ”ž๐Ÿ”ž
Ep_20๐Ÿ“
Ep_21๐Ÿ“
Ep_22๐Ÿ“
Ep_23 Final๐Ÿ“

Ep_13๐Ÿ“

782 39 0
By Canola-Wang

Doctorရဲ့ကိုယ်လူချောလေး

Ep_13🍓

ဒေါက်!ဒေါက်!
ကျွန်တော်ဝင်လာလို့ရမလား

ဆေးရုံအုပ်__ဝင်ခဲ့‌ေလ အတော်ဘဲ မင်းကို ပီးရင်ခေါ်ခိုင်းတော့မလို့ဘဲ

XZ__ဟုကဲ့

ဆေးရုံအုပ်__မင်းကို ငါတို့ဆေးရုံရဲ့ ကယ်ဆယ်ရေး ဆေးအဖွဲ့နဲ့ ထည့်ပေးလိုက်ချင်လို့

XZ__ဟုကဲ့ ကျွန်တော် ကြားထားပါတယ် အဲ့‌အကြောင်း

ဆေးရုံအုပ်__အေး ကြားထားတယ်ဆိုတော့ကောင်းတာပေါ့ မင်းအဆင်သင့်ဖစ်အောင်လုပ်ထားပေါ့ကွာ

XZ__ဘယ်နေ့များကျွန်တော်သွားရမလဲ ခင်ဗျ

ဆေးရုံအုပ်__အခုက ကပ်ရောဂါ ဖစ်တဲ့နေရာက အခြေအနေဆိုးနေတာဆိုတော့ နောက်၂ရက်နေရင် သွားရမယ်

XZ__ဟုကဲ့ပါ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုန်း

ဆေးရုံအုပ်__အေးအေး

ရှောင်ကျန့်တစ်ယောက်ဆေးရုံအုပ်ရုံးခန်းမှမျက်နှာလေးမသာမယာ နဲ့ထွက်လာလေရဲ့

XZ__ငါ ဘာဖစ်နေတာလဲ အရင်တုန်းကလည်း နယ်ဘက်တွေ တာဝန်ပေးရင် သွားနေကြပါ အခုမှစိတ်ထဲ တမျိုးကြီး ဘာလို့ခံစားနေရတာပါလိမ့် ရိပေါ် လေးကြောင့်များလား ငါသူနဲ့မခွဲနိုင်လို့များလား အားးးးးးးးစိတ်တွေရှုပ်လာပီ

ရှောင်ကျန့်တစ်ယောက် တစ်ယောက်တည်းညည်းညူပီးလမ်းလျှောက်လာလေရဲ့

ဝမ်နင်__ရိပေါ် မင်း စားလတ်စ ထမင်း ကုန်အောင်စားလိုက်အုန်းလေ ဒေါက်တာပြန်လာလို့ မင်းစားထားတာမတွေ့ရင် ဆူနေအုန်းမယ်

WYB__ကျွန်တော်စားချင်စိတ်မရှိဘူးဗျာ
ဘာလို့လဲ ဘာလို့လဲ ကျွန်တော်တို့ကြမှ ဘာလို့ဒီလို‌တွေဖစ်‌‌ေနရတာလဲ အခုမှ ကျွန်တော်သတိရလာလို့ ကောနဲ့ပျော်အောင်အတူနေမယ်‌ေတွးထားတုန်းလေ အခုခွဲရအုန်းမယ်
ဘာလို့လဲ!!!!!!!!!!!!!!!!

ဝမ်နင်__စိတ်ကိုလျော့ပါကွာ မင်းတို့ခွဲရလည်း ခနပါဘဲ ဒေါက်တာက တာဝန်အရ ဆိုတော့ သွားပီး ကူညီပေးတာပါကွာ သူဘာမှလည်းမဖစ်လောက်ပါဘူး

WYB__ကံတရားက ကျွန်တော့်အပေါ်ရက်စက်တယ်ဗျာ😔

ထိုချိန်ရှောင်ကျန့်ရောက်လာပီး
XZ__ငါနောက်နှစ်ရက်နေရင်သွားရတော့မယ် မင်းကိုယ့်ကိုကိုယ် ဂရုစိုက် ငါမရှိတုန်း မဆင်မခြင်တွေ မလုပ်နဲ့

WYB__ကောက ကျွန်တော့်ကို ဒီလို တွေမှာပီး စိတ်ချလို့ သွားတာပေါ့ ဟုလား

XZ__ငါမင်းကိုပြောထားတယ်မဟုလား အခုက တာဝန် အရသွားပေးရမှာ

WYB__အဲ့တာဝန်ဆိုတာကြီးက ကျွန်တော်တို့ကို ခွဲ‌ေနတာ ကောသိရဲ့လား

XZ__ငါသိတယ် ဒါပေမဲ့ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်နဲ့ကို မရောလိုက်သင့်ဘူး ရိပေါ် ငါ တာဝန်မဲ့လိုက်ရင် ဆုံးရှုံးလိုက်ရမဲ့ လူ့အသက်တွေအများကြီး ဖစ်သွားလိမ့်မယ်

WYB__အဲ့တာတွေ ကျွန်တော်နားလည်ပါတယ် ဒါဆို ကျွန်တော် မတားတော့ပါဘူး ကော ကိုယ့်ကိုကိုယ်တော့ သေချာဂရုစိုက်ရမယ်နော် အဲ့တာလေးတော့‌ကျွန်တော်မှာချင်တယ်

XZ__အင်းပါ ငါ့ကောင်လေးက ငါ့ကိုနားလည်ပေးမယ်ဆိုတာ ငါအစောထဲကသိနေတယ်

WYB__ကျွန်တော်က သိပ်ပီးတော့ ခွင့်မပြုချင်ဘူး ဒါပေမဲ့ ကပ်ရောဂါဖစ်တဲ့သူတွေကို စာနာသနားလို့ ပီးတော့ ကျွန်တော်ချစ်ရတဲ့သူကလည်း တာဝန်သိ ဆရာဝန် ဖစ်နေတော့ ဘယ်တက်နိုင်မလဲ ခွင့်ပြုရတော့မှာပေါ့

ဝမ်နင်__ကဲ မင်းတို့နှစ်ယောက် အဆင်ပြေ ပြီမလား ငါသွားတော့မယ် ငါ့လည်းအားနာကြအုန်း မင်းတို့အလွမ်းသယ်တာ ငုတ်တုတ်ကြီးထိုင်ကြည့်နေရတာ😏

(အေးလေရှင်တို့ကလည်းဝမ်နင်သနားပါတယ်😆)

XZ__ဟုပါပီကွာ ငါတောင်းပန်ပါတယ် ကူညီလို့လည်းကျေးဇူးပါ ဒါနဲ့ငါသွားနေတဲ့အတောတွင်းလည်း ရိပေါ်ကို ကြည့်ထားပေးအုန်းကွာ
(ရိပေါ်ကိုကြည့်ထားခိုင်းရအောင်ကလေးလားတော့်လင်ကမပြောချင်ဘူး😏)

ဝမ်နင်__ဟုပါပီ ကြည့်ထားပေးပါ့မယ် အခုတော့သွားတော့မယ်

XZ__ဟုပါပီ

WYB__ကော ကျွန်တော် ဗိုက်ဆာတယ်

XZ__ဟင် မင်းထမင်း ကုန်အောင်မစားရသေးဘူးကို မင်းကတော့ အစာကိုပုံမှန် မစားဘူး အဲ့လိုလုပ်နေတော့ ငါမင်းကို ဘယ်လိုစိတ်ချရမလဲ ဟမ်

WYB__ဒေါက်တာဝမ်နင် ပြောတာမှန်လိုက်တာ ‌ကျွန်တော်ကုန်အောင်မစရသေးရင် ဒေါက်တာမင်းကို ဆူလိမ့်မယ်လို့ပြောတယ် မှန်လိုက်တာ အခု အဆူခံရပီ

XZ__ငါက မင်းကို ဆူနေတာ မဟုပါဘူး အစာကိုပုံမှန်စားစေချင်တာ ပြီးတော့ မငက နေကောင်းသေးတာမဟုဘူးလေ အဲ့တော့ငါက......

WYB__ဟုပါပီ ကျွန်တော် နားလဘ်ပါပီ ကျွန်တော်နောက်ဆို ပုံမှန်စား ပီး ဂရုစိုက်ပါ့မယ် ဟုပီလား

XZ__အင်း

WYB__အခုတော့ ကော ဆူ‌နေတာ ရပ်လိုက်ပါတော့နော် ကျွန်တော် ဗိုက်ဆာလို့ ထမင်းပြန်စားပါရစေ

XZ__အင်းပါ

WYB__အားး... ဗိုက်ကနာလိုက်တာ ဘာဖစ်တာပါလိမ့် ကုန်းတာ နာနေတယ်

XZ__ဟာ မင်းအဆင်ပြေရဲ့လား ငါကြည့်ပေးမယ် ခနနေအုန်း

ရှောင်ကျန့်တစ်ယောက်ရိပေါ်ကိုကြည့်ပေးဖို့ လက်ကလေး လှမ်းတုန်းမှာ

WYB__ကျွန်တော့် ဗိုက်က သက်သာနေပါပီ တမင်ကောကို နမ်းချင်လို့ အနားလာစေချင်လို့ ဂွင်ဆင်လိုက်တာ ဟဲဟဲ ဆိုပီး

ကောကို ဖက်ကာ နမ်းလိုက်လေရဲ့

XZ__မင်းကတော့
တော်တော့ ထမင်းစားတော့

WYB__အင်း

XZ__ငါမရှိတဲ့အချိန် မင်း အစ်ကို လာရင် ပြသနာမဖစ်အောင်နေအုန်း ငါလည်းရှိတာမဟုတော့ မင်းကိုယ့်ကိုကိုယ် ဆင်ခြင် ဟုပီလား

WYB__အင်း ကောက နောက်နှစ်ရက်နေရင် သွားရမှာ ဆိုတော့ ကျွန်တော့်ကို အဲ့အချိန်လေးတေ ပေးပါလား

XZ__ဟုပါပီ အခုလည်း ငါမင်းအတွက် အချိန်တွေပေးထားတာမဟုဘူးလား

WYB__အင်း အဲ့ဒါကြောင့် ကောကိုချစ်တာ

XZ__ဟုပါပီ ငါလည်း မင်းကို ချစ်ပါတယ် အခုတော့ အပြောလေးတေလျော့ပီး ထမင်းစားလိုက်တော့

WYB__အင်း

ခနကြာတော့

WYB__ကျွန်တော်စားလို့ ပီးပီ

XZ__အင်း ငါသိမ်းလိုက်အုန်းမယ် ခနစောင့်

WYB__ဟု

ဝမ်နင်__ရိပေါ်ရေ ဒေါက်တာရော

WYB__ဟိုမှာလေ မတွေ့ဘူးလား
(ဟယ်ရှင်ကလည်းမတွေ့လို့‌မေးမိတာကိုပြောချပလိုက်တာကလည်း😏)

ဝမ်နင်__ဒေါက်တာ ပြောစရာရှိလို့

XZ__အေး ပြောလေ ဘာဖစ်လို့လဲ

ဝမ်နင်__ဒီမှာပြောလို့ဖစ်ပါ့မလား

XZ__ဖစ်ပါတယ် ဘာလို့လဲ ပြောစရာရှိတာပြောစမ်းပါကွာ

ဝမ်နင်__ဟို ဟို

WYB__ပြောစရာရှိတာပြောကျွန်တော့်ကိုစိတ်ထဲမထားနဲ့

ဝမ်နင်__အဲ့တာဆိုလည်း ပြီးရော ပြောပီ ဆေးရုံအုပ်က ဟိုမှာအခြေအနေအတော်ဆိုးနေလို့ နောက်နှစ်ရက်မဟုဘဲ အခု ညတွင်းချင်း ဆေးအဖွဲ့ထဲ သွားရမယ်တဲ့ ပြောခိုင်းလိုက်လို့

WYB__ဘာ အခုည ဟုလားဒေါက်တာ

ဝမ်နင်__ဟုတယ်

ရှောင်ကျန့်တစ်ယောက်လုပ်နေရင်းတန်းလန်းအလုပ်တေကို မလုပ်ဘဲ ခနတာကပ်တန့်ကာ ရိပေါ်လေးဆ‌ီ ကြည့်လိုက်လေရဲ့

XZ__ဟူးးးးးးးး😔ဘယ်တက်နိုင်တော့မလဲ ဒီည ဆိုတော့လည်း ဒီညပေါ့ကွာ

WYB__တကယ်ရက်စက်တယ်ဗျာ ကျွန်တော် တို့ အခုခွဲရပီလား😔

XZ__အဲ့တာဆို ငါပြင်စရာရှိတာတွေ ပြင်ဖို့ အိမ်ခနပြန်အုန်းမယ် ဝမ်နင် မင်း ရိပေါ်နဲ့ ခနနေခဲ့

ဝမ်နင်__ဟုကဲ့

ရိပေါ်ကတော့ဘာမှမပြောနိုင်ရှာ ‌ကုတင်ပေါ်မှာ ခေါင်းလေးငုံ့ကာဖြေသိမ့်နေလေရဲ့

ရှောင်ကျန့်တစ်ယောက်အိမ်ကိုပြန်ကာ လိုအပ်တာတွေထည့်နေလေရဲ့

XZ__ရိပေါ် အဆင်ပြေပါ့မလား မသိဘူး ညတွင်းချင်း သွားရတော့မယ်ဆိုတော့ ဘယ်တက်နိုင်မလဲ တာဝန်ပေးတော့လည်း သွားရမှာပေါ့ သူ့ကိုဝမ်နင်စောင့်ရှောက်မှာပါလေ
ဆိုပီးတစ်ယောက်တည်းရေရွက်ကာပြောနေလေရဲ့

တစ်ဖက်ကဆေးရုံမှာတော့

ဆေးအဖွဲ့တွေစုပေးပါ ဆေးအဖွဲ့တွေ အရေးပေါ် အခြေအနေ ပါ လူစုပေးပါ

ဆေးရုံအုပ်__အခု ငါတို့တွေက ကပ်ရောဂါဖစ်နေတဲ့ဆီကိုသွားပီးကူညီရမှာ အဲ့တော့ အတက်နိုင်ဆုံး ကိုယ့်ကိုကိုယ် ရောဂါမကူးအောင် ဂရုစိုက်ပါ ပြီးတော့ ခနနေ သွားရတော့မှာ ဆိုတော့ ကိုယ်လုပ်စရာရှိတာ တွေ့စရာရှိတဲ့သူတွေနဲ့ အပြီးသတ် ပြောထားကြပါ ခနနေ လေယာဉ်ကွင်း ဆီသွားရမှာ

အဲ့လိုပြောတာ ကြားလိုက်တော့ ရှောင်ကျန့်တစ်ယောက် ရိပေါ်လေးဆီ သွားတွေ့လေရဲ့

အခန်းတံခါးဝရှေ့ကနေ မျက်နှာမကောင်းဘဲ ကုတင်ပေါ်မှာ ထိုင်နေတဲ့ရိပေါ်လေးကိုတွေ့တော့သူစိတ်မကောင်းဖစ်လေရဲ့

XZ__ရိပေါ် ငါသွားရတော့မယ် ကိုယ့်ကိုကိုယ် ဂရုစိုက်နော် အစားကိုပုံမှန်စား ဟုပီလား တခုခုဖစ်ရင် ငါ့ဆီဖုန်းဆက်

ရိပေါ်လေးတစ်ယောက်ထိုင်နေရင်းကောရဲ့ခါးကိုဖက်ကာ

WYB__ကောလည်းကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော် ဘာမှမဖစ်ဘဲ ကျွန်တော့်ဆီ အမြန် ပြန်လာပါမယ်လို့ ကတိပေးပါ

XZ__ဟုပါပီ ငါကတိပေးတယ် မင်းလည်းဂရုစိုက်ရမယ်နော် ဟုပီလား

နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်  မှာနေရင်း ပါးပြင်ပေါ်ကနေ စီးကျလာတဲ့မျက်ရည်စက်လေးက ရိပေါ် လက်ကလေးပေါ် ကျလာလေရဲ့

ရိပေါ်မော့ကြည့်လိုက်တော့ရှောင်ကျန့်တစ်ယောက်ဝမ်းနည်းလို့ကျတဲ့မျက်ရည်ဖစ်နေလေရဲ့

WYB__ကော မငိုပါနဲ့ ကောမျက်ရည်ကျတာ မကြည့်ရပ်ဘူး မငိုပါနဲ့ဆိုပီး ပြောကာ ကောရဲ့ ကျနေတဲ့မျက်ရည်လေး‌ကို လက်ကလေးနဲ့ ညှင်သာစွာသုပ်ပေးလေရဲ့

XZ__ငါတောင်းပန်ပါတယ်ရိပေါ် ငါမင်းအနမှာ အချိန်ပြည့်မရှိပေးနိုင်လို့ ငါ့ကိုခွင့်လွတ်ပါကွာ

WYB__ကျွန်တော်နားလည်တယ် ကော တာဝန်အရသွားရတာကျွန်တော်နားလည်တယ် ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ဟုပီလား ကိုယ့်ကိုကိုယ်သာ ဘာမှမဖစ်အောင်ဂရုစိုက်ပေးပါ ကျွန်တော်ဒီကနေစိတ်ပူနေတယ်ဆိုတာသာ သတိရပေး ဟုပီလား

XZ__အင်း

ထိုချိန်

အားလုံး လူပြန်စာပေးကြပါ ထွက်ဖို့အချိန်ကြပီ

XZ__ငါသွားရတော့မယ် မင်းကိုယ့်ကိုကိုယ်ဂရုစိုက် ရိပေါ် ကါသွားပီ ဆိုပီး

သူ့ခါးလေးကို ဖက်ထားတဲ့ ရိပေါ်လက်ကလေးကိုအသာလေးဖယ်ချလေရဲ့

ရိပေါ်ကတော့ မျက်နှာမကောင်းဘဲ မဖယ်ချင်ဖယ်ချင်နဲ့ လက်ကလေးကို ဖယ်လိုက်လေရဲ့

ဆေးရုံအုပ်

လူစုံပီမလားသွားကြစို့ ဆိုပီး ဆေးအဖွဲ့နဲ့အတူ အုပ်သုလိုက် ကားနဲ့လေယာဉ်ကွင်းဆီ ထွက်သွားလေရဲ့

ဒါတွေကိုဆေးရုံအခန်းအပေါ်ထပ်ကနေ ကြည့်နေတဲ့ ရိပေါ်ကတော့

WYB__ဘာမှမဖစ်ဘဲ အမြန်ဘေးကင်းကင်းပြန်လာခဲ့ပါကော ဆိုပီးတစ်ယောက်တည်း ကြည့်ကာပြောနေလေရဲ့

(ဟူးးဝမ်းနည်းလိုက်တာရေးနေရင်းရိပေါ်တို့ကိုသနားလာပီ😔😔)

Ep_14 coming soon 🔜
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်

Continue Reading

You'll Also Like

4K 81 61
This is the story of Flora and Ashton Winchester, Dean's twin kids. Flora being the oldest and the daughter of Dean acts like a softy until you mess...
250K 8.6K 40
Disclaimer: This is my Fanfiction. I am not JKR. I never will be. So i write things how I would want it. If that bothers anyone. Dont read this FF. T...
4.3M 272K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.8K 215 6
_แ€‰แ€ฎแ€ธแ€œแ€ฑแ€ธแ€€แ€ผแ€ฎแ€ธ แ€€แ€ปแ€แ€ฑแ€ฌแ€ทแ€€แ€ญแ€ฏ แ€•แ€ผแ€”แ€บแ€™แ€แ€ปแ€…แ€บแ€”แ€ญแ€ฏแ€„แ€บแ€˜แ€ฐแ€ธแ€œแ€ฌแ€ธแ€Ÿแ€„แ€บแ‹ _ Wangyibo _แ€„แ€ซแ€ทแ€€ แ€€แ€œแ€ฑแ€ธแ€™แ€แ€ปแ€…แ€บแ€แ€แ€บแ€•แ€ฑแ€™แ€ฒแ€ท แ€™แ€„แ€บแ€ธแ€€แ€แ€ฑแ€ฌแ€ท แ€แ€ปแ€ฝแ€„แ€บแ€ธแ€แ€ปแ€€แ€บแ€˜...