𝚄𝚗𝚒𝚌𝚘𝚍𝚎
လေပြည်လေညှင်းတွေမှာသာ အရောင်အဆင်းရှိရင် ကိုယ်ကအဲ့တုန်းကလေညှင်းလေးတွေကို ခရမ်းရောင်လို့သတ်မှတ်ချင်တယ်။ဆိုပါစို့...
ခရမ်းရောင်လေညှင်းတွေ ခပ်မြူးမြူးလေးတိုက်ခတ်နေပြီး မိုးသားတိမ်စိုင်တွေကင်းစင်နေတဲ့အပြာရောင်ကောင်းကင်ကြီးအောက်မှာ အဲဒီနေ့က အချစ်ကိုခမ်းခမ်းနားနားရှာဖွေတွေ့ရှိခဲ့တယ်ပေါ့
☁
"ကိုကို နင်လူလည်ကျတာ နင်ခိုးကြည့်လိုက်တယ်မလား.."
"သောက်ကောင်မလေး ဘယ်မှာခိုးကြည့်လို့လဲ...စွပ်စွပ်စွဲစွဲ"
"ခုနကလေ ကိုကိုနော်..တအားအကျင့်ပုပ်တာပဲ။တော်ပြီ ဆော့တော့ဘူး"
"မဆော့ နေပေါ့"
ညီမလုပ်သူက နူတ်ခမ်းကို တစ်တောင်လောက်ဆူထော်ပြီး လက်ထဲကဒိုမီနိုကတ်တွေကို ပစ်ချပြီး တဖက်လှည့်သွားတယ်။နေပါစေပေါ့...မဆော့ချင်ရင်။တစ်ခုခုဆို သင်းကိုခယနေရတာအလုပ်တစ်ခု။အသက်လေး ၄နှစ်လောက်ကွာတာကို ၁၀နှစ်အနှစ်၂၀ကွာသလိုကို ဆိုးနေကောက်နေတော့တာပဲ။လောကသတ်မှတ်ချက်ကြီးကိုက စောစောမွေးမိလို့ အသက်ကြီးနေတာနဲ့ပဲ အရာရာကိုသိနေ၊တတ်နေ၊နားလည်ခွင့်လွှတ်ပေးနေရတော့မလို ဒီဇိုင်းကြီး။မိုက်ကိုမမိုက်ဘူး။ကြာတော့ ချော့ချင်စိတ်ကို မရှိတော့ဘူး။အစကတည်းက ကိုယ်ကပဲချော့ခံချင်တာ...သူများကိုချော့ရတာတော့ နည်းနည်းမှဝါသနာပါတာမဟုတ်ဘူး။
ဆက်မဆော့တော့ဘူးဆိုတော့ ဖုန်းကြည့်မလို့ လက်လှမ်းလိုက်ပေမဲ့ ကျက်သတုံးpostတွေနဲ့တိုးမှာစိုးတာမို့ ဝရန်တာဘက်ထွက်လာပြီး ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေလိုက်တယ်။နေ့လယ်နေ့ခင်းမို့ လမ်းတလျှောက်ရှင်းလင်းနေပြီး အရင်ကတွေ့နေကြလမ်းဘေးခွေးတွေကိုတောင် မတွေ့ရဘူး။ဟိုရက်က တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာရန်ပုံငွေလာကောက်တာ ဒီခွေးတွေကိုခေါ်သွားဖို့အတွက်ပဲထင်တယ်။ကိုယ်ကခွေးကိုချစ်တတ်ပေမဲ့ ကြောက်စိတ်သတိကတော့ မပျက်ဘူး။ဘာလို့ဆို အရင်နှစ်ကဘေးလမ်းမှာနေတဲ့သူငယ်ချင်းဆီမှာ စာလုပ်ပြီးအပြန် ခွေးသုံးကောင်လိုက်ခံရဖူးလို့လေ။ကိုယ့်မှာကြောက်အားလန့်အားနဲ့ငယ်သံပါအောင် အော်ပြေးတာတောင် တစ်အိမ်မှထွက်ကြည့်ဖော်မရဘူး။နောက်ဆုံးလမ်းထဲဝင်လာတဲ့ကားတစ်စီးက ဟွန်းတီးလိုက်မှ နောက်ပြန်လှည့်သွားကြတာ။အဲ့တုန်းကတည်းက ခွေးတွေအုပ်စုလိုက်မြင်တာနဲ့ ကိုယ်ဝေးဝေးကရှောင်သွားတော့တာပဲ။
ကိုယ်တို့ရပ်ကွက်က ဆိတ်ငြိမ်ရပ်ကွက်ဆိုတော့ တစ်အိမ်နဲ့တစ်အိမ်ကူးလူးဆက်ဆံရေးသိပ်မရှိတတ်။လူမှုရေးကိစ္စတွေ၊ရပ်ကွက်နဲ့သက်ဆိုင်တဲ့ကိစ္စတွေရှိမှ အဆက်အဆံရှိကြတာမျိူး။ဒါပေမဲ့ ကိုယ်တို့လမ်းကတော့ တစ်ခြားလမ်းတွေနဲ့ မတူဘူး။တစ်အိမ်နဲ့တစ်အိမ် ရင်းနှီးမှုရှိကြတယ်။ဟိုးအရင်ကတည်းက နေခဲ့ကြတာဆိုတော့လေ။တစ်အိမ်နဲ့တစ်အိမ် အာလာပသလ္လာစကားစမြည်ပြောတာကစလို့ ဘယ်မြို့သွားလို့် အပြန်ဘာလက်ဆောင်ပါလာတာမို့လာပေးတာအဆုံး တကယ်ကိုအကျွမ်းတဝင်ရှိကြတာမျိူး။ကိုယ်တို့အိမ်ဆိုလည်း ကိုယ်မမွေးခင် မေမေနဲ့ဖေဖေအိမ်ထောင်ကျကတည်းနေလာတာ ကိုယ်အရွယ်ရောက်တဲ့အထိပဲ။ကိုယ်ငယ်ငယ်တုန်းကတော့ ဖေဖေကတာဝန်နဲ့အပြောင်းအရွေ့တွေရှိခဲ့တော့ အမြဲမနေနိူင်ခဲ့ဘူး။ခုတော့ဖေဖေလည်း ဒီမြို့မှာပဲ တာဝန်ကျနေတာမို့ မိသားစုကစည်းစည်းလုံးလုံးနေ,နေရတယ်ပေါ့။ပြီးတော့ဒီလမ်းမှာ နေတာမကြာသေးဘူးဆိုတဲ့အိမ်ကတောင် ဆယ်နှစ်လောက်အထိကြာနေပြီမို့ မရင်းနှီးဘဲနေရိုးလား။ဒီလမ်းထဲမှာ လူမနေတာဆိုလို့ ကိုယ်တို့မျက်စောင်းထိုး...ထိုး..
မြင်ကွင်းက မျက်စောင်းထိုးအိမ်မှာ အခြေတည်တယ်။အိမ်ပြောင်းအိမ်ရွေ့ကားအကြီးကြီးတစ်စီးရယ်၊မိသားစုစီး ကားအကြီးတစ်စီးရယ် ရှေ့ဆင့်နောက်ဆင့်ရပ်ထားပြီး ကားကြီးပေါ်ကအိမ်ထောင်ပရိဘောဂပစ္စည်းတွေကို ဆင်တူတီရှပ်တွေဝတ်ထားတဲ့ ဝန်ထမ်းတွေက အိမ်ထဲကိုသယ်နေကြတယ်။မျက်စောင်းထိုးအိမ်က လူမနေတာ ငါးနှစ်လောက်တောင်ရှိတော့မယ်။အရင်အိမ်ပိုင်ရှင်အန်တီကြီး နိူင်ငံခြားထွက်သွားကတည်းကပေါ့။
ဒါ့ထက်ကိုယ်ပြောချင်တာက အိမ်ပြောင်းအိမ်ရွေ့ကိစ္စကိုမဟုတ်ဘူး။အိမ်စီးကားပေါ်ကဆင်းလာတဲ့ကောင်လေးကိုပြောချင်တာ။ကျောပိုးအိတ်တစ်လုံးကို ပုခုံးတစ်ဖက်မှာ လွယ်တယ်ဆိုရုံလွယ်ထားပြီး ကတ်ထူပုံးအကြီးတစ်ခုကိုသယ်ပြီး အိမ်ထဲဝင်သွားတဲ့ကောင်လေး။
ကိုယ်ပြောမယ်သိလား...ကိုယ့်တစ်သက်တာမှာ ဒီလောက်ကြည့်ကောင်းတဲ့လူကို အပြင်မှာမတွေ့ဖူးဘူး။ကိုယ်ကကျားမ မရွေးချောရင်အကုန်ငမ်းတဲ့လူစားမျိူး။ဒါပေမဲ့ဒီကောင်လေးလို ဝင်းမွတ်ကြည်စင်နေတဲ့အလှလေးမျိူး အပြင်မှာကိုယ်တခါမှမမြင်ဖူးသေးဘူး။
ဟော...ပြန်ထွက်လာပြီ။
"အငယ်မ အငယ်မ ခဏလာဦး"
ဝရန်တာအကာကနေ ကိုယ်လုံးကိုတဝက်နှိမ့်ချရင်း လှမ်းခေါ်လိုက်တော့ ဘာလဲဆိုပြီး ဆူပုပ်ပုပ်ပြန်ထူးတယ်။နားရင်းအုပ်ပစ်လိုက်ချင်ပေမဲ့ အချိန်ကောင်းလေးမို့ လာစမ်းပါဆိုပြီးပဲ လက်ယက်ခေါ်လိုက်ရတယ်။
"ဟိုကိုကြည့် ဟိုကိုကြည့်.."
"ဘယ်ကိုလဲကိုကိုရဲ့"
ကျီးကန်းထောက်မှောက်အရပ်လေးမျက်နှာကူးကလန်ခတ်နေတဲ့ခေါင်းကို အရင်ငြိမ်အောင်လက်နဲ့ထိန်းလိုက်ရတယ်။တကယ်ပဲ အရေးအကြောင်းဆို သင်းမျက်လုံးတွေကကန်းနေပြီ။
"မျက်စောင်းထိုးအိမ်ကိုပြောတာဟေ့"
သွားကိုကြိတ်ပြီး လေသံတင်းတင်းနဲ့ပြောလိုက်မှ အကြည့်ကနေရာတကျရောက်တော့တယ်။
"အား ချောလိုက်တာ...ချောလိုက်တာ ဘယ်ကဘုံကြိုးပြတ်ကျလာပါလိမ့်"
ပြောလည်းပြော မျက်လုံးအပေါ်ကိုလက်နဲ့ကာပြီး ကောင်းကင်ပေါ် ဟိုကြည့်၊ဒီကြည့်နဲ့လုပ်တယ်။ဒါသူ ကြိုးပြတ်လာတဲ့ဘုံဗိမ္မာန်ကို ရှာနေတာပေါ့လေ။ပိုပိုကဲကဲမ...မျိူးရိုးကတော့ မတိမ်ကောရှာဘူး။
"အပိုတွေပြောမနေနဲ့...ပြရုံပြတာနော်..ငါဦးပြီးသား"
"ဟာ...သူလည်းခုမှမြင်ပြီးတော့"
အမ်မယ်...လူကိုမျက်စောင်းထိုးပြီး လာကြည့်နေသေးတာ။စားခွက်လုခံလိုက်ရတဲ့ ခွေးပေါက်အတိုင်းပဲ။
"နင့်အသက်နင်ပြန်သတိရစမ်း!!!လူကြည့်တော့၁၆နှစ် အန်တီနဲ့တိုင်လိုက်ရမလား.."
ပိတ်ဟောက်ပေးလိုက်တော့ မှုန်တေတေနဲ့နူတ်ခမ်းဆူပြီး ပြန်ကြည့်တယ်။နူတ်လန်တော့ မထိုးရဲရှာဘူး။ကိုယ်ပြောတာလည်း မှန်နေတာကိုး။ဟီးဟီး...တခါတလေ အသက်ကြီးတာကောင်းလိုက်တာ...ဟုတ်သော်ရှိမဟုတ်သော်ရှိ 'ငါလူကြီးလျှာမရှည်နဲ့'လို့ရတယ်။
"ပြီးတော့ လူကြားမကောင်းဘူး...အစ်ကို့ရည်းစားကို ညီမကလုတယ်ဆိုတာ.."
"အမ်မယ်...သူလည်းခုမှမြင်တာကို ပိုင်စိုးပိုင်နင်းနဲ့.."
"ဟဲ့ နင်မမြင်ဘူးလား..ဒီလောက်ချွတ်စွပ်တူနေတာကို.."
"ဖြစ်ပြန်ပြီ..ဘယ်သူနဲ့လဲ"
"နင့်အစ်ကိုရဲ့အနာဂတ်ရည်းစားလောင်းနဲ့လေ..ခိခိ"
☆
𝚃𝙱𝙲
5,𝙰𝚄𝙶,2021
𝚉𝚊𝚠𝚐𝚢𝚒
ေလျပည္ေလညွင္းေတြမွာသာ အေရာင္အဆင္းရွိရင္ ကိုယ္ကအဲ့တုန္းကေလညွင္းေလးေတြကို ခရမ္းေရာင္လို႔သတ္မွတ္ခ်င္တယ္။ဆိုပါစို႔...
ခရမ္းေရာင္ေလညွင္းေတြ ခပ္ျမဴးျမဴးေလးတိုက္ခတ္ေနၿပီး မိုးသားတိမ္စိုင္ေတြကင္းစင္ေနတဲ့အျပာေရာင္ေကာင္းကင္ႀကီးေအာက္မွာ အဲဒီေန႕က အခ်စ္ကိုခမ္းခမ္းနားနားရွာေဖြေတြ႕ရွိခဲ့တယ္ေပါ့
☁
"ကိုကို နင္လူလည္က်တာ နင္ခိုးၾကည့္လိုက္တယ္မလား.."
"ေသာက္ေကာင္မေလး ဘယ္မွာခိုးၾကည့္လို႔လဲ...စြပ္စြပ္စြဲစြဲ"
"ခုနကေလ ကိုကိုေနာ္..တအားအက်င့္ပုပ္တာပဲ။ေတာ္ၿပီ ေဆာ့ေတာ့ဘူး"
"မေဆာ့ ေနေပါ့"
ညီမလုပ္သူက ႏူတ္ခမ္းကို တစ္ေတာင္ေလာက္ဆူေထာ္ၿပီး လက္ထဲကဒိုမီနိုကတ္ေတြကို ပစ္ခ်ၿပီး တဖက္လွည့္သြားတယ္။ေနပါေစေပါ့...မေဆာ့ခ်င္ရင္။တစ္ခုခုဆို သင္းကိုခယေနရတာအလုပ္တစ္ခု။အသက္ေလး ၄ႏွစ္ေလာက္ကြာတာကို ၁၀ႏွစ္အႏွစ္၂၀ကြာသလိုကို ဆိုးေနေကာက္ေနေတာ့တာပဲ။ေလာကသတ္မွတ္ခ်က္ႀကီးကိုက ေစာေစာေမြးမိလို႔ အသက္ႀကီးေနတာနဲ႕ပဲ အရာရာကိုသိေန၊တတ္ေန၊နားလည္ခြင့္လႊတ္ေပးေနရေတာ့မလို ဒီဇိုင္းႀကီး။မိုက္ကိုမမိုက္ဘူး။ၾကာေတာ့ ေခ်ာ့ခ်င္စိတ္ကို မရွိေတာ့ဘူး။အစကတည္းက ကိုယ္ကပဲေခ်ာ့ခံခ်င္တာ...သူမ်ားကိုေခ်ာ့ရတာေတာ့ နည္းနည္းမွဝါသနာပါတာမဟုတ္ဘူး။
ဆက္မေဆာ့ေတာ့ဘူးဆိုေတာ့ ဖုန္းၾကည့္မလို႔ လက္လွမ္းလိုက္ေပမဲ့ က်က္သတုံးpostေတြနဲ႕တိုးမွာစိုးတာမို႔ ဝရန္တာဘက္ထြက္လာၿပီး ဟိုၾကည့္ဒီၾကည့္ ေလွ်ာက္ၾကည့္ေနလိုက္တယ္။ေန႕လယ္ေန႕ခင္းမို႔ လမ္းတေလွ်ာက္ရွင္းလင္းေနၿပီး အရင္ကေတြ႕ေနၾကလမ္းေဘးေခြးေတြကိုေတာင္ မေတြ႕ရဘူး။ဟိုရက္က တိရိစာၦန္ေစာင့္ေရွာက္ေရးေဂဟာရန္ပုံေငြလာေကာက္တာ ဒီေခြးေတြကိုေခၚသြားဖို႔အတြက္ပဲထင္တယ္။ကိုယ္ကေခြးကိုခ်စ္တတ္ေပမဲ့ ေၾကာက္စိတ္သတိကေတာ့ မပ်က္ဘူး။ဘာလို႔ဆို အရင္ႏွစ္ကေဘးလမ္းမွာေနတဲ့သူငယ္ခ်င္းဆီမွာ စာလုပ္ၿပီးအျပန္ ေခြးသုံးေကာင္လိုက္ခံရဖူးလို႔ေလ။ကိုယ့္မွာေၾကာက္အားလန့္အားနဲ႕ငယ္သံပါေအာင္ ေအာ္ေျပးတာေတာင္ တစ္အိမ္မွထြက္ၾကည့္ေဖာ္မရဘူး။ေနာက္ဆုံးလမ္းထဲဝင္လာတဲ့ကားတစ္စီးက ဟြန္းတီးလိုက္မွ ေနာက္ျပန္လွည့္သြားၾကတာ။အဲ့တုန္းကတည္းက ေခြးေတြအုပ္စုလိုက္ျမင္တာနဲ႕ ကိုယ္ေဝးေဝးကေရွာင္သြားေတာ့တာပဲ။
ကိုယ္တို႔ရပ္ကြက္က ဆိတ္ၿငိမ္ရပ္ကြက္ဆိုေတာ့ တစ္အိမ္နဲ႕တစ္အိမ္ကူးလူးဆက္ဆံေရးသိပ္မရွိတတ္။လူမႈေရးကိစၥေတြ၊ရပ္ကြက္နဲ႕သက္ဆိုင္တဲ့ကိစၥေတြရွိမွ အဆက္အဆံရွိၾကတာမ်ိဴး။ဒါေပမဲ့ ကိုယ္တို႔လမ္းကေတာ့ တစ္ျခားလမ္းေတြနဲ႕ မတူဘူး။တစ္အိမ္နဲ႕တစ္အိမ္ ရင္းႏွီးမႈရွိၾကတယ္။ဟိုးအရင္ကတည္းက ေနခဲ့ၾကတာဆိုေတာ့ေလ။တစ္အိမ္နဲ႕တစ္အိမ္ အာလာပသလ္လာပစကားစျမည္ေျပာတာကစလို႔ ဘယ္ၿမိဳ႕သြားလို့္ အျပန္ဘာလက္ေဆာင္ပါလာတာမို႔လာေပးတာအဆုံး တကယ္ကိုအကြၽမ္းတဝင္ရွိၾကတာမ်ိဴး။ကိုယ္တို႔အိမ္ဆိုလည္း ကိုယ္မေမြးခင္ ေမေမနဲ႕ေဖေဖအိမ္ေထာင္က်ကတည္းေနလာတာ ကိုယ္အ႐ြယ္ေရာက္တဲ့အထိပဲ။ကိုယ္ငယ္ငယ္တုန္းကေတာ့ ေဖေဖကတာဝန္နဲ႕အေျပာင္းအေ႐ြ႕ေတြရွိခဲ့ေတာ့ အၿမဲမေနနိူင္ခဲ့ဘူး။ခုေတာ့ေဖေဖလည္း ဒီၿမိဳ႕မွာပဲ တာဝန္က်ေနတာမို႔ မိသားစုကစည္းစည္းလုံးလုံးေန,ေနရတယ္ေပါ့။ၿပီးေတာ့ဒီလမ္းမွာ ေနတာမၾကာေသးဘူးဆိုတဲ့အိမ္ကေတာင္ ဆယ္ႏွစ္ေလာက္အထိၾကာေနၿပီမို႔ မရင္းႏွီးဘဲေနရိုးလား။ဒီလမ္းထဲမွာ လူမေနတာဆိုလို႔ ကိုယ္တို႔မ်က္ေစာင္းထိုး...ထိုး..
ျမင္ကြင္းက မ်က္ေစာင္းထိုးအိမ္မွာ အေျခတည္တယ္။အိမ္ေျပာင္းအိမ္ေ႐ြ႕ကားအႀကီးႀကီးတစ္စီးရယ္၊မိသားစုစီး ကားအႀကီးတစ္စီးရယ္ ေရွ႕ဆင့္ေနာက္ဆင့္ရပ္ထားၿပီး ကားႀကီးေပၚကအိမ္ေထာင္ပရိေဘာဂပစၥည္းေတြကို ဆင္တူတီရွပ္ေတြဝတ္ထားတဲ့ ဝန္ထမ္းေတြက အိမ္ထဲကိုသယ္ေနၾကတယ္။မ်က္ေစာင္းထိုးအိမ္က လူမေနတာ ငါးႏွစ္ေလာက္ေတာင္ရွိေတာ့မယ္။အရင္အိမ္ပိုင္ရွင္အန္တီႀကီး နိူင္ငံျခားထြက္သြားကတည္းကေပါ့။
ဒါ့ထက္ကိုယ္ေျပာခ်င္တာက အိမ္ေျပာင္းအိမ္ေ႐ြ႕ကိစၥကိုမဟုတ္ဘူး။အိမ္စီးကားေပၚကဆင္းလာတဲ့ေကာင္ေလးကိုေျပာခ်င္တာ။ေက်ာပိုးအိတ္တစ္လုံးကို ပုခုံးတစ္ဖက္မွာ လြယ္တယ္ဆို႐ုံလြယ္ထားၿပီး ကတ္ထူပုံးအႀကီးတစ္ခုကိုသယ္ၿပီး အိမ္ထဲဝင္သြားတဲ့ေကာင္ေလး။
ကိုယ္ေျပာမယ္သိလား...ကိုယ့္တစ္သက္တာမွာ ဒီေလာက္ၾကည့္ေကာင္းတဲ့လူကို အျပင္မွာမေတြ႕ဖူးဘူး။ကိုယ္ကက်ားမ မေ႐ြးေခ်ာရင္အကုန္ငမ္းတဲ့လူစားမ်ိဴး။ဒါေပမဲ့ဒီေကာင္ေလးလို ဝင္းမြတ္ၾကည္စင္ေနတဲ့အလွေလးမ်ိဴး အျပင္မွာကိုယ္တခါမွမျမင္ဖူးေသးဘူး။
ေဟာ...ျပန္ထြက္လာၿပီ။
"အငယ္မ အငယ္မ ခဏလာဦး"
ဝရန္တာအကာကေန ကိုယ္လုံးကိုတဝက္ႏွိမ့္ခ်ရင္း လွမ္းေခၚလိုက္ေတာ့ ဘာလဲဆိုၿပီး ဆူပုပ္ပုပ္ျပန္ထူးတယ္။နားရင္းအုပ္ပစ္လိုက္ခ်င္ေပမဲ့ အခ်ိန္ေကာင္းေလးမို႔ လာစမ္းပါဆိုၿပီးပဲ လက္ယက္ေခၚလိုက္ရတယ္။
"ဟိုကိုၾကည့္ ဟိုကိုၾကည့္.."
"ဘယ္ကိုလဲကိုကိုရဲ႕"
က်ီးကန္းေထာက္ေမွာက္အရပ္ေလးမ်က္ႏွာကူးကလန္ခတ္ေနတဲ့ေခါင္းကို အရင္ၿငိမ္ေအာင္လက္နဲ႕ထိန္းလိုက္ရတယ္။တကယ္ပဲ အေရးအေၾကာင္းဆို သင္းမ်က္လုံးေတြကကန္းေနၿပီ။
"မ်က္ေစာင္းထိုးအိမ္ကိုေျပာတာေဟ့"
သြားကိုႀကိတ္ၿပီး ေလသံတင္းတင္းနဲ႕ေျပာလိုက္မွ အၾကည့္ကေနရာတက်ေရာက္ေတာ့တယ္။
"အား ေခ်ာလိုက္တာ...ေခ်ာလိုက္တာ ဘယ္ကဘုံႀကိဳးျပတ္က်လာပါလိမ့္"
ေျပာလည္းေျပာ မ်က္လုံးအေပၚကိုလက္နဲ႕ကာၿပီး ေကာင္းကင္ေပၚ ဟိုၾကည့္၊ဒီၾကည့္နဲ႕လုပ္တယ္။ဒါသူ ႀကိဳးျပတ္လာတဲ့ဘုံဗိမၼာန္ကို ရွာေနတာေပါ့ေလ။ပိုပိုကဲကဲမ...မ်ိဴးရိုးကေတာ့ မတိမ္ေကာရွာဘူး။
"အပိုေတြေျပာမေနနဲ႕...ျပ႐ုံျပတာေနာ္..ငါဦးၿပီးသား"
"ဟာ...သူလည္းခုမွျမင္ၿပီးေတာ့"
အမ္မယ္...လူကိုမ်က္ေစာင္းထိုးၿပီး လာၾကည့္ေနေသးတာ။စားခြက္လုခံလိုက္ရတဲ့ ေခြးေပါက္အတိုင္းပဲ။
"နင့္အသက္နင္ျပန္သတိရစမ္း!!!လူၾကည့္ေတာ့၁၆ႏွစ္ အန္တီနဲ႕တိုင္လိုက္ရမလား.."
ပိတ္ေဟာက္ေပးလိုက္ေတာ့ မႈန္ေတေတနဲ႕ႏူတ္ခမ္းဆူၿပီး ျပန္ၾကည့္တယ္။ႏူတ္လန္ေတာ့ မထိုးရဲရွာဘူး။ကိုယ္ေျပာတာလည္း မွန္ေနတာကိုး။ဟီးဟီး...တခါတေလ အသက္ႀကီးတာေကာင္းလိုက္တာ...ဟုတ္ေသာ္ရွိမဟုတ္ေသာ္ရွိ 'ငါလူႀကီးလွ်ာမရွည္နဲ႕'လို႔ရတယ္။
"ၿပီးေတာ့ လူၾကားမေကာင္းဘူး...အစ္ကို႔ရည္းစားကို ညီမကလုတယ္ဆိုတာ.."
"အမ္မယ္...သူလည္းခုမွျမင္တာကို ပိုင္စိုးပိုင္နင္းနဲ႕.."
"ဟဲ့ နင္မျမင္ဘူးလား..ဒီေလာက္ခြၽတ္စြပ္တူေနတာကို.."
"ျဖစ္ျပန္ၿပီ..ဘယ္သူနဲ႕လဲ"
"နင့္အစ္ကိုရဲ႕အနာဂတ္ရည္းစားေလာင္းနဲ႕ေလ..ခိခိ"
☆
𝚃𝙱𝙲
5,𝙰𝚄𝙶,2021