Love is Blind ( Completed )

ุจูˆุงุณุทุฉ November_venus

207K 20.3K 573

Pity is akin to love ๐Ÿ’œ ุงู„ู…ุฒูŠุฏ

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 35

3.2K 174 9
ุจูˆุงุณุทุฉ November_venus

Zawgyi

" သားရှောင်း "

" ဗျာ ပါပါး "

" သားနဲ့ ဝမ်ချင်း ဘယ်တော့လောက် လက်ထပ်ကြမလဲဟင် "

ရှောင်းပါပါးစကားကြောင့် ရှောင်းကျန့် စားလက်စ ထမင်းလုပ်ကို ရပ်တန့်လိုက်မိသလို ဝမ်ရိပေါ်လည်း ခေါင်းလေးထောင်ပြီး နားစွန့်လာခဲ့သည်။ ပါပါးရှောင်းကတော့ ရှောင်းကျန့်မျက်နှာလေးကို စူးစူးစိုက်စိုက်ကြည့်နေသလို လီလီကလည်း ရှောင်းကျန့်အဖြေကို စောင့်မျှောနေလျှက်... ။

" ပါပါး ကျွန်တော်က..."

ရှောင်းကျန့်ဟာ သူချစ်သူဟာ ဝမ်ချင်းမဟုတ်ပဲ ဝမ်ရိပေါ်ဆိုတာ ပြောပြဖို့ပြင်လိုက်သည်ကို ဝမ်ရိပေါ်က သိနားလည်တယ်ထင်တယ်။ ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်ကို ဝမ်ရိပေါ်က ချက်ချင်းလာပြီးဖိကိုင်လိုက်တယ်။ ရှောင်းကျန့် အဖြေရှာတဲ့ မျက်ဝန်းတွေနဲ့ကြည့်လိုက်မိတော့ အသာခေါင်းခါပြတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းအသာချပြီး ငြိမ်နေလိုက်တယ်။

" သားရှောင်း အချိန်တွေအရမ်းဆွဲနေတာမကောင်းဘူးလေ။ တစ်ဖက်မိန်းကလေးဘက်လည်း ထည့်တွေးပေးရမှာပေါ့။ သားတို့က တစ်ဖြေးဖြေးငယ်သွားတာမဟုတ်ဘူး အသက်တွေက တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာခဲ့တာ ။ ဒါကြောင့် သားအိမ်ထောင်ပြုလို့ သား ၊ သမီးထွန်းကားတဲ့အချိန်မှာ သားတို့ အိုမင်းမစွမ်းဖြစ်သွားချိန်ရောက်တဲ့အချိန်အထိ ကလေးငယ်ငယ်နဲ့ ဒုက္ခများနေတာ ပါပါးတို့မမြင်နိုင်ဘူး။ ဒါကြောင့် သားတို့ ကျန်းမာသန်စွမ်းတုန်းအချိန်မှာ အမြန်လက်ထပ်ပြီး သားသမီးရတနာလေ အမြန်ယူသင့်တယ် "

ရှောင်းပါပါးရဲ့ စကားကို လီလီက ခေါင်းလေးငြိမ့်ပြတယ်။ ဝမ်ရိပေါ်ကတော့ ဒီအတိုင်းလေး ထိုင်ပြီး ငေးနေရင်ပေါ့။ ရှောင်းကျန့်ကတော့ ထမင်းဝိုင်းမှာထိုင်နေတဲ့ ရှောင်းပါး၊ လီလီနဲ့ ဝမ်ရိပေါ်တို့ရဲ့ မျက်နှာတွေကို တစ်ယောက်ချင်းနား စိတ်ဝင်စားစွာလိုက်လို့ကြည့်တယ်။

ရှောင်းပါပါးပြောတာ မမှားပါ။ ဒါပေမယ့် သူချစ်တာက ကောင်လေးငယ်ငယ်ဖြစ်နေတဲ့အခါ ရှောင်းကျန့်ဟာ သူ့ဘဝမှာ ကလေးရယူဖို့ အစီအစဉ်ကို ပယ်ဖျက်ထားလိုက်တယ်လေ။ သူရယ် ငယ်ရယ် ထာဝရ သက်ဆုံးတိုင် အတူနေသွားကြမယ်ပေါ့။ အခုတော့ ရှောင်းပါပါးက ကလေးယူဖို့ပြောလာတော့လည်း ရှောင်းကျန့်တစ်မျိုး စဉ်းစားရတယ်။ သားသမီးရတနာဆိုတာ ရှိသင့်ပါတယ်လေ။ ရှောင်းကျန့် ခုံအောက်ကနေ သူ့လက်ကို ဖိကိုင်ထားတဲ့ ဝမ်ရိပေါ်လက်ကို အပေါ်ကနေ အသာပြန်ဖိကိုင်ထားလိုက်သည်။

" ကျွန်တော် အမြန်ဆုံးလက်ထပ်နိုင်အောင် ကြိုးစားပါ့မယ်ပါပါး "

..............

ရှောင်းကျန့်ကုတငိပေါ်မှာ ငြိမ်ပြီးထိုင်နေတဲ့ဝမ်ရိပေါ်။ရှောင်းကျန့်ကတော့ အလုပ်လုပ်ရင်း ကုတင်ဘေးကခုံလေးမှာ ဝီးချဲလေးနဲ့ရှိနေခဲ့သည်။

ရှောင်းကျန့်ဟာ မနက်ဖန် meeting အတွက် အလုပ်လုပ်နေရင်း ဝမ်ရိပေါ်ကို တစ်ချက် တစ်ချက်လှမ်းငေးကြည့်တော့ တစ်စုံတစ်ခုကို သေချာတွေးနေပုံပေါက်တဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သဘောကျစွာရယ်လိုက်သည်။

တစ်ကယ်ပဲ ကောင်လေးငယ်ငယ်ဟာ သိပ်ကိုချစ်ဖို့ကောင်းလွန်းတယ်။ ရှောင်းကျန့် ကောင်လေးငယ်ငယ်ကို ချစ်လို့သာ ချစ်နေရတာ ကောင်လေးငယ်ငယ်ဟာ ဘယ်နေရာမှ မိန်းမဆန်တဲ့ နူးညံ့မှုမျိုးမရှိ။ သူ့အတွက်ဆိုပြီး သီးသန့် လိမ္မာပေးတာ တစ်ခုပဲရှိတယ်။ ကောင်လေးငယ်ငယ်က သန်မာတယ်။ ယောကျာ်းဆန်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိတယ်။ နေ့တိုင်း သူ့ခန္ဓာကိုယ်ကြီးကို ချီမနေရတာကြောင့် ယခုနောက်ပိုင်းဆို ကောင်လေးငယ်ငယ်ရဲ့ ခန္ဓာကိုယ်က ယခင်ကထက်တောင်ပိုပြီး တောင့်တင်းလာသေးတယ်လေ ။ အခုလည်း ရှောင်းကျန့်ကုတင်ပေါ်မှာ ကုတင်နောက်မှီကိုထိုင်ပြီး ငြိမ်နေတဲ့ ကောင်လေးငယ်ငယ်ကို ကြည့်ရတာ နူးညံ့မှုရှိမနေခဲ့ပေ။ ကျားကျားယားယားကြီးနဲ့ ထိုင်နေလိုက်တာ ကာယားကြီး။ ဒါကို ဘာကြောင့် ရှောင်းကျန့် တစ်ကယ်ကြီး နူးညံ့စွာ ချစ်မိသွားလဲမသိပါ။ ဒါပေမယ့် ကောင်လေးငယ်ငယ်သည် သူ့အောက်မှာရှိနေချိန်တိုင်း သူ့အတွက် သီးသန့်နူးညံ့မှုလည်း ပေးတက်သေးသည်။

" ငယ် "

" ဗျာ ကိုကို "

ရှောင်းကျန့်ခေါ်လိုက်သံကိုကြားတဲ့ ကောင်လေးငယ်ငယ်ဟာ ချက်ချင်းထူးပြီး ရှောင်းကျန့်ဘက်လှည့်ကြည့်လာခဲ့သည်။ ရှောင်းကျန့်သည် သူ့ကိုလှည့်ကြည့်လာတဲ့ ကောင်လေးငယ်ငယ်ဘက်ကို လက်လေးနှစ်ဖက်ဆန့်တန်းပြလိုက်သည်။ သူ့ကို ခေါ်ပါဆိုတဲ့ ပုံစံလေးပေါ့ ။

" ကိုကို အလုပ်ပြီးသွားတာလား "

" အင်း ဟုတ်တယ်ငယ် "

ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ် ကုတင်ပေါ်ကဆင်းပြီး ဝီးချဲပေါ်မှာထိုင်နေတဲ့ ရှောင်းကျန့် ခန္ဓာကိုယ်လေးကို သွားပြီးမချီလိုက်သည်။

" ကိုကို ရေချိုးခန်းဝင်ဦးမလား..."

" ဟင့်အင့် မဝင်တော့ဘူးငယ် "

" အဲ့ဒါဆို အိပ်တော့မှာလား "

" ဟင့်အင့် ငယ်နဲ့စကားပြောဦးမှာ "

ရှောင်းကျန့်စကားကြောင့်ဝမ်ရိပေါ် ခေါင်းကိုအသာငြိမ့်ပြီး ရှောင်းကျန့်ကို ကုတင်ပေါ်တင်ပေးလိုက်သည်။ ထိုင်လျှက်သားလေး ချပေးတာကြောင့် ကုတင်ဘောင်လေးနဲ့ ရှောင်းကျန့်နောက်ကျောလေးဟာ ထိုင်လျှက် တစ်သားတည်း။ ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို နေသားတစ်ကျပြုပြင်ပေးပြီး ထိုင်လျှက်ရှိနေတဲ့ ရှောင်းကျန့်ပေါင်ပေါ် စောင်ပါးလေးတစ်ထည် လွမ်းခြုံပေးသည်။ ထို့နောက် ကုတင်ပေါ်တက်ပြီး ရှောင်းကျန့်ရင်ခွင်ထဲ ကလေးငယ်ငယ်လေးလို တိုးခွေ့ဝင်ရောက်လာတဲ့ ကောင်ငယ်လေးဟာ ရှောင်းကျန့်ရင်ဘက်ကို ဖွဖွလေး ခိုးနမ်းတက်ပါသေးသည်။

ရင်ခွင်ထဲကို အသားကျစွာ ဝင်ရောက်လာတဲ့ ကောင်လေးငယ်ငယ်ရဲ့ ခန္ဓာကိုယ်လေးကို ရှောင်းကျန့် အသာအယာထွေးဖက်လိုက်ပြီး သူ့ရင်ခွင်ထဲ မရမက ခေါင်းတိုးဝင်ထားတဲ့ ကောင်လေးငယ်ငယ်ရဲ့ ခေါင်းလုံးလုံးလေးကို ဖိနမ်းလိုက်သည်။

ဝမ်ရိပေါ်သည် သူ့ဟာသူ တစ်ယောက်တည်းရှိနေရင် ဧကရာဇ်မင်းတစ်ပါး ။ ရှောင်းကျန့်နားရောက်လာချိန်ဆို ရှောင်းကျန့်ကို ဧကရာဇ်မင်းနေရာထားလို့ သူ့ကိုယ်သူ ဖိဖုရားနေရာ ဆက်ခံသူတစ်ယောက်ပါ။ အခုလည်း ရွယ်တူလောက်နီးပါးရှိနေတဲ့ သူ့ခန္ဓာကိုယ်ကြီးမှအားမနာ ရှောင်းကျန့်ရင်ခွင်ထဲ မရမကတိုးဝင်နေပုံများ သူတစ်ဘဝလုံးကို ရှောင်းကျန့်အား အပိုင်စား ပေးသနားထားသလို....။

" ငယ် "

" ဗျာ ကိုကို "

ရှောင်းကျန့်ခေါ်သံကို ခေါင်းလေးမော့ထူးလာတဲ့ ကောင်လေးငယ်ငယ်ကြောင့် ရှောင်းကျန့်မှာ အချစ်ပိုရပြန်တယ်။ ဒါကြောင့် ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းလုံးလုံးလေးကို မြတ်နိုးစွား နမ်းယူမိလိုက်တယ်။ အတန်ကြာ အနမ်းတွေကြား နှစ်ဝင်နေပြီးမှ ပြောစရာစကားက ရှိနေသေးတာကြောင့် အနမ်းတွေကို မရပ်ချင် ရပ်ချင်နဲ့ ရပ်လိုက်ရတယ်။

" ကိုကိုတို့ ကလေးမွေးစားရအောင်လေ "

ရှောင်းကျန့်စကားကြောင့် ရှောင်းကျန့်မျက်နှာကို စူးစမ်းကြည့်လာတဲ့ ကောင်လေးငယ်ငယ်ရဲ့ မျက်ဝန်းလေးတွေဟာ သိပ်ကိုဖြူစင်နေခဲ့တယ်။

" ကိုကို "

" ဟင် ငယ် "

" ကျွန်တော့တို့ တစ်ကယ်လက်ထပ်ကြမှာလား "

" အင်း လက်ထပ်မှာပေါ့ ဘာလို့လည်းငယ် "

" ကျွန်တော်တို့နှစ်ယောက်လုံးက ယောကျာ်းလေးတွေလေ "

" အဲ့ဒါ ဘာဖြစ်လည်းငယ်ရယ် ယောကျာ်းချင် လက်ထပ်လို့မရဘူးလို့ ဘယ်ဥပဒေက ပြဋ္ဌာန်းထားလို့လည်း "

" ဒါပေမယ့် ကိုကို "

" တော်ပြီငယ် ကိုကိုပြောတာပဲ ငယ် နာထောင်တော့ "

" ဟုတ်ကဲ့ ကိုကို "

" ကိုကိုက ငယ့်ကို စချစ်ပြီဆိုကတည်းက တစ်ဘဝလုံးစာ ရည်ရွယ်ထားတာပါ။ ဒါကြောင့် ငယ်နားက ချစ်တယ်လို့ အဖြေရရခြင်းတောင် ချက်ချင်း ပါပါးတို့ကိုဖွင့်ပြောပြီး လက်ထပ်ချင်ခဲ့တာ။ ဒါပေမယ့် ငယ်က ခဏစောင့်ကြည့်ပါဦးဆိုလို့ ကိုကိုငြိမ်နေခဲ့တာ။ ဒါပေမယ့် အခု ပါပါးတို့က ပူစာလာပြီ ကိုကို့ကို လက်ထပ်ပြီး ကလေးယူဖို့ ။ ဒါပေမယ့် ကိုကိုချစ်တဲ့ ငယ်က ကိုကိုတို့ လက်ထပ်ပြီးရင်တောင် ကလေးယူလိုမရတဲ့ အမျိုးသားတစ်ယောက်လေ ။ ဒါကြောင့် ကိုကိုလည်း ကိုကိုချစ်တဲ့ ငယ်နဲ့ မခွဲရသလို ငယ်စောင့်ခိုင်းထားတဲ့ အချိန်အထိစောင့်နေပြီး ပါပါးတို့ကိုလည်း ပါပါးတို့လိုချင်တဲ့ ကလေးကို ငယ်နဲ့အတူ မိဘမဲ့ဂေဟာကနေ သွားခေါ်ပြီး မွေးစားကြရအောင်လို့....."

ရှောင်းကျန့်စကားအဆုံး ငြိမ်ပြီး စဉ်းစားခန်းဝင်နေတဲ့ ဝမ်ရိပေါ်။ ရှောင်းကျန့်ကတော့ သူ့ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ကောင်လေးငယ်ငယ်ရဲ့ နဖူးကိုနမ်းလိုက် ပါးလေးကိုကိုက်လိုက် ၊ လည်ဂုတ်လေးကို ဖွဖွနမ်းရှိုက်ကာ လည်ပင်းသားလေးတွေလည်း ဖွဖွလေး စုတ်ယူနမ်းရှိုက်နေခဲ့သေးသည်။

တစ်ကယ်ပဲ ရှောင်းကျန့်က အခွင့်ရေးသမားကြီး...။

ဝမ်ရိပေါ် ကိုကိုပြောပြတာတွေ သေချာတွေးကြည့်တော့လည်း မှန်ကန်နေတာကြောင့် ခေါင်းလေးငြိမ့်ရသည်။

ပြီးမှ ရှောင်းပါပါးနဲ့ မာမားလီလီကို ဖွင့်ပြောပြီး မီးစင်ကြည့်ကရတာပေါ့..... ။

ဝမ်ရိပေါ်ခေါင်းလေးငြိမ့်ပြမယ်ဆိုတာ ကြိုသိထားတဲ့ ရှောင်းကျန့်သည် ဝမ်ရိပေါ်ခေါင်းလေးငြိမ့်ပြသည်နှင့် တစ်ပြိုင်တည်း ဝမ်ရိပေါ်ရဲ့ ခန္ဓာကိုယ်လေးကို အူယားစွာ ဖိညစ်ပြစ်လိုက်သည်။ 

ကောင်လေးငယ်ငယ်သည် သူ့စကားများဆို နှစ်ခါမငြင်းနိုင်ပဲ ခေါင်းငြိမ့်လက်ခံတက်သည်လေ။ အခုလည်း သူ့စကားကို မငြင်းတက်တဲ့ ကောင်လေးငယ်ငယ်က ခေါင်းလေးငြိမ့်လက်ခံလာတော့ ရှောင်းကျန့်မှာ အချစ်ပိုရသည်လေ။

ကိုကိုချစ်လိုက်တာ ကောင်လေးငယ်ငယ်ရယ်။

ဝမ်ရိပေါ်သည် သူ့ကို ဖိညစ်ရင်း တစ်ဖွဖွနမ်းနေသည့် ကိုကိုကြောင့် နှုတ်ခေါင်းလေး ရှုံ့သည်။ ကိုကိုသည် ဘယ်ကို ခရီးဆက်နေလဲဆိုတာ ဝမ်ရိပေါ်သိနေသည်လေ။ ခဏအကြာ ထင်သည့်အတိုင်း သူ့အိကျီအောက်ရောက်လာတဲ့ ကိုကို့လက်တွေက သူ့ဗိုက်သားပြင်တွေကို ပွတ်သပ်လာခဲ့သည်။ ထို့နောက် တစ်ဆင့်တက်ကာ ရင်ဘက်နေရာထိ ဖိပြီးခြေလာတဲ့ ကိုကို့လက်တွေ။ ကိုကိုသည် ထိုနေရာကို တော်တော်ကြိုက်သည်ထင်တယ်။ ဘာမှမရှိတဲ့ ပြားကပ်ကပ်နေရာက အဖုသေးသေးလေးနေရာကို အကွင်းလိုက်လေးသွေးစို့နေအောင်အထိ ဖိခြေတက်သည်။ ခဏအကြာ ဖိခြေရင်း အားပါလာတဲ့ ကိုကို့လက်တွေကြောင့် ဝမ်ရိပေါ်နာလာကာ တိုးတိုးလေး ငြီးလိုက်မိသည်။

" အ့ ကိုကို "

ယောကျာ်းတစ်ယောက်၏ တိုးဖွဖွငြီးသံလေးက ရှောင်းကျန့်ရင်ကို ဝုန်းကနဲဖြစ်အောင် လှုပ်ခက်စေသည်။ ဘာမှမရှိတဲ့ ဒီကောင်လေး ခန္ဓာကိုယ်ကို ထိတွေကိုင်တွယ်နေရတာ သူနှစ်သက်သည် ။ သဘောကျသည်။ ပြီးတော့ ဒီကောင်လေး နှုတ်ဖျားက အသံအောအောလေးနဲ့ တိုးဖွဖွငြီးသံလေးကို ရှောင်းကျန့်မြတ်နိုးရသည်။ အထိအတွေ့ကနေ သာယာပြီးချစ်လာတယ်ဆိုပေမယ့် အခုချိန်မှာ သူသည် ဒီကောင်လေးငယ်ငယ်ကို ဘယ်သူရဲ့ ချစ်ချင်းနဲ့မှမတူအောင် နှစ်သက်မြတ်နိုးရပါသည်။

ခဏအကြာ နှစ်ဦးစလုံးမှာ ဖယ်ခွာလာတဲ့ အဝတ်တွေအစား အခန်းထဲမှာ တိုးငြင်းစွာ ဝင်ရောက်လာတဲ့ လေသံတိုးတိုးလေးတွေ။

" အင်းးး... ငယ်ရယ် ငယ်ကိုလေ ကိုကိုချစ်လိုက်တာ "

" အ...ဟာ့ ကိုကိုရယ် တူတူပါပဲ "

.........

#Novembervenus

ငဗစ်ကို အံတု၍ fic ထိုင်ရေးခဲ့သည်....။💜

25.July. 2021

Unicode

ูˆุงุตู„ ุงู„ู‚ุฑุงุกุฉ

ุณุชุนุฌุจูƒ ุฃูŠุถุงู‹

Like You [ Completed ] ุจูˆุงุณุทุฉ -

ู‚ุตุต ุงู„ู‡ูˆุงุฉ

516K 45.9K 27
***Zawgyi and Unicode*** (Zawgyi) แ€šแ€ฏแ€”แ€นแ€ฑแ€œแ€ธแ€แ€…แ€นแ€ฑแ€€แ€ฌแ€„แ€นแ€€ แ€žแ€„แ€นแ€ทแ€˜แ€แ€‘แ€ฒ แ€แ€„แ€นแ€œแ€ฌ แ€กแ€แ€บแ€…แ€นแ€ฑแ€แ€ผ แ€žแ€ญแ€™แ€นแ€ธแ€•แ€ญแ€ฏแ€€แ€นแฟแ€•แ€ฎแ€ธ แ€ฑแ€€แ€ฌแ€ทแ€ฑแ€แ€ฌแ€ทแ€ฑแ€€แ€ฌแ€ทแ€ฑแ€แ€ฌแ€ทแ€”แ€ฒแ‚” แ€žแ€ฐ แ€˜แ€ฌแ€™แ€ฝ แ€™แ€œแ€ฏแ€•แ€นแ€แ€ฒแ€ทแ€žแ€œแ€ญแ€ฏ แ€ปแ€•แ€”แ€นแ€‘แ€ผแ€€แ€นแ€žแ€ผแ€ฌแ€ธแ€™แ€šแ€นแ€†...
364K 33.5K 26
แ€กแ€แ€บแ€ญแ€”แ€นแ€ฑแ€แ€ผแ€žแ€ฌ แ€ฑแ€€แ€บแ€ฌแ€นแฟแ€•แ€ฎแ€ธ แ€™แ€„แ€นแ€ธแ€†แ€ฎแ€ฑแ€›แ€ฌแ€€แ€นแ€œแ€ฌแ€ฑแ€•แ€™แ€ทแ€ฒ แ€„แ€ซแ€ทแ€กแ€แ€บแ€…แ€นแ€ฑแ€แ€ผแ€€แ€ฑแ€แ€ฌแ€ท แ€™แ€ฑแ€€แ€บแ€ฌแ€นแ€œแ€ผแ€”แ€นแ€˜แ€ฒ แ€™แ€„แ€นแ€ธแ€€แ€ญแ€ฏแ€œแ€ผแ€™แ€นแ€ธแ€ฑแ€”แ€แ€ฏแ€”แ€นแ€ธ แ€กแ€แ€ปแ€ญแ€”แ€บแ€แ€ฝแ€ฑแ€žแ€ฌ แ€€แ€ปแ€ฑแ€ฌแ€บแ€•แ€ผแ€ฎแ€ธ แ€™แ€„แ€บแ€ธแ€†แ€ฎแ€›แ€ฑแ€ฌแ€€แ€บแ€œแ€ฌแ€•แ€ฑแ€™แ€ฒแ€ท แ€„แ€ซแ€ทแ€กแ€แ€ปแ€…แ€บแ€แ€ฝแ€ฑแ€€แ€แ€ฑแ€ฌแ€ท ...
60.4K 4.6K 62
แž•แŸ‚แž“แžŠแžธแž€แŸ’แžšแžกแžถแž”แŸ‹แž…แžถแž€แŸ‹ แž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แžขแžธแžแžถแŸ†แž„แž–แžธแž€แŸ†แž›แŸ„แŸ‡แž˜แž€แžŠแž›แŸ‹แž–แŸ„แŸ‡แž˜แŸ‰แžถแž™แž€แžผแž“แž”แŸ’แžšแžถแŸ†แž แžพแž™ แžšแž€แž”แŸ’แžšแž–แž“แŸ’แž’แž‡แžถแž”แŸ‹แž›แžถแž”แŸ‹แž“แžทแž„แž‚แŸแŸกแž€แŸแž‚แŸ’แž˜แžถแž“ แž˜แžทแž“แž˜แŸ‚แž“แž›แŸ‚แž„แž›แŸ‡แž‘แŸ…แžฏแžŽแžถแž‘แŸ แž‚แžบแž–แžฝแž€แž‚แŸแž“แžทแž„แžŸแŸ’แž›แžถแž”แŸ‹แžŠแŸ„แž™แž‚แŸ’แž˜แžถแž“แž˜แžผแž›แž แŸแžแžปแž“แŸ…แžŠแŸ‚แž›...
295K 25.6K 27
[Unicode] 21แ€›แ€ฌแ€…แ€ฏแ€€แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บ แ€กแ€›แ€„แ€บแ€แ€ฑแ€แ€บแ€€แ€ญแ€ฏแ€•แ€ผแ€”แ€บแ€›แ€ฑแ€ฌแ€€แ€บแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€กแ€แ€ปแ€…แ€บแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€กแ€›แ€ฌแ€€แ€ญแ€ฏแ€›แ€พแ€ฌแ€แ€ฝแ€ฑแ€ทแ€•แ€ฎแ€ธแ€”แ€ฑแ€ฌแ€€แ€บ XiaoZhan-แ€„แ€ซแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€™แ€ญแ€”แ€ฑแ€•แ€ฎ Yibo-แ€„แ€ซแ€€แ€แ€ฑแ€ฌแ€ทแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ...