ဒီနေ့ တနင်္ဂနွေနေ့။ မနက် (၉)နာရီ။ ရန်ကုန်လေဆိပ်။ ဒီနေ့က ယမင်းသော်တစ်ယောက် ရန်ကုန်ကို ပြောင်းရမဲ့နေ့လေးဖြစ်သည်။
လွန်ခဲ့တဲ့(7)နှစ်, ဒီလိုအချိန်, နှင်းသဇင်မင်း နဲ့ လမ်းခွဲပြီး တစ်လလောက်အကြာမှာ ယမင်းသော်ရဲ့အဖေဖြစ်သူ ကားမတော်တဆဖြစ်ခဲ့သည်။ အဲ့တာကြောင့် ယမင်းသော်တို့ အမျိုးတွေရှိတဲ့ ဘန်ကောက်ကိုသွားပြီး ဆေးကုဖို့အတွက်သွားဖို့ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းကိုလည်း ဘန်ကောက်မှာဘဲတက်ပြီး ဒီကိုမပြန်ဘဲနေမယ်လို့စဥ်းစားခဲ့ပေမဲ့ ကိုယ့်ရဲ့မွေးရပ်မြေကိုလွမ်းတဲ့စိတ်ရယ်၊ ကိုယ့်ရဲ့ချစ်ရသူကိုလွမ်းတဲ့စိတ်တွေကြောင့် အလုပ်တွေကိုတော့ရန်ကုန်မှာဘဲ လုပ်ရန်ဆုံးဖြတ်လိုက်သည်။
နှင်းစီမှာ သူ(မ)ဟာ သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့အသိဟာ ဒီနေ့၊ ဒီအချိန်ထိရှိနေသေးပေမဲ့ လွမ်းတဲ့စိတ်ကိုတော့ ယမင်းသော်မတွန်းလှန်နိုင်ခဲ့ဘူး။
...
လေဆိပ်ကထွက်တာနဲ့ အိမ်ကိုအမြန်ရောက်ရန်သာ စိတဲထဲစွဲနေသည်။ ထွက်ထွက်ချင်းမှာဘဲ တက္ကစီသာခပ်မြန်မြန်ငှားလိုက်ပြီး အိမ်လိပ်စာပြောလိုက်သည်။ အိမ်ကိုရောက်ပြီး ယမင်းသော် နားချင်ပြီ။
ပြန်လာမယ်ဆိုတာကို ရန်ကုန်မှာရှိတဲ့ဘယ်သူ့ကိုမှမပြောထားတဲ့အတွက်ကြောင့် သူ(မ)ကိုလာကြိုမဲ့သူတော့မရှိ။
ဘာဘဲဖြစ်ဖြစ် ဒီလိုလာကြိုတဲ့လူမရှိတာဟာ ယမင်းသော်အတွက် ကောင်းမွန်လှသည်။ ငယ်စဥ်ကတည်းက အဆင်မပြေကြတဲ့လူတွေနဲ့အတူ ပြန်မလာချင်ဘူး။
လေယာဥ်စီးလာတာကြောင့် မူးနေတဲ့ခေါင်းကိုလက်တစ်ဖက်ဖြင့် ငြင်သာစွာနှိပ်နယ်လိုက်သည်။
ပြီးတော့ ဘေးပတ်ဝန်းကျင်ကိုလျစ်လျှူရှုရင်း အိမ်အပြန်ရောက်ရန်သာခေါင်းထဲရှိသည်။
ကားမောင်းချိန်(၁)နာရီအကြာလောက်မှာတော့ သူ(မ)အရောက်ချင်ဆုံးနေရာလေးစီသို့ ဆိုက်ရောက်လာခဲ့ပြီ။ တက္ကစီဆရာအား ကျသင့်ငွေရှင်းလိုက်ပြီး အိမ်ရှေ့ခြံတံခါးရှေ့ရပ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာဘဲ လွန်ခဲ့သော (၇)နှစ်တာကာလမှပုံရိပ်များဟာ တွေးတောချင်စရာမလိုအောင်ကို ခေါင်းထဲစီစီရီရီပင်ရောက်လာတော့သည်။
နှင်းသဇင်မင်း။ ဒီတစ်သက်တာမှာ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်တဲ့ နာမည်လေးတစ်ခု။
အတိတ်တွေက သိပ်ကိုပျော်စရာကောင်းတယ်။ နင်ရှိခဲ့လို့။ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတိတ်တွေကြားမှာ ငါ နင့်ကိုဘယ်လိုလိုက်ရှာရမလဲ။ လမ်းပြလှည့်ပါအုံး ချစ်သောရေ။
ဘန်ကောက်မှာနေစဥ်က ချစ်ရတဲ့နှင်းသဇင်မင်းကို မေ့လို့မေ့ငှားစဥ်းစားပြီး ရည်းစားတွေထားခဲ့ပေမဲ့ အရေအတွက်သာများလာခဲ့သည်။ တစ်ခါမှမေ့မရခဲ့။ မေ့မရတာထပ်ကိုကျော်လွန်ကာ ပိုတောင်လွမ်းမိနေသည်။
အခုလည်း စဥ်းစားမိသောအတွေးတွေကြောင့်
ခေါင်းလေးကိုခါလိုက်ရင်း သတိရစိတ်ကိုလျစ်လျှူရှုကာ ခြံတံခါးကို တွန်းဖွင့်ကာ အိမ်ထဲသာဝင်လာသည်။
အခုတော့ ဒီအိမ်မှာတစ်ယောက်ထဲနေရမှာပေါ့။ အဆင်ပြေမှာပါ ယမင်းသော်။
နှစ်ထပ်တိုက်အိမ်လေးဟာ သာမန်လူတစ်ယောက်အတွက် သိပ်ကြီးမားတဲ့အရွယ်အစားတော့မဟုတ်ပေမဲ့ မိသားစုနဲ့သာနေသားတကျနေလာရသူအတွက်တော့ ကြီးမားသယောင်ထင်မိသည်။
သော့ပေါင်းများစွာထဲက အိမ်တံခါးမကြီးရဲ့သော့ကို လက်ထဲမှာတင်ရှာယူလိုက်သည်။ အိမ်တံခါးသော့ဖွင့်ရင်းဝင်လိုက်သည်နှင့် (၇)နှစ်တာ လူမနေခဲ့တဲ့အိမ်လေးရဲ့ အမူအကျင့်တွေဟာ ပေါ်လာခဲ့သည်။
"အဟွတ် အဟွတ်"
အမေ့။ ဖုန်တွေမှများလိုက်တာ။
မူးနေတဲ့ခေါင်းဟာပိုမူးသွားသယောင်။ ပစ်လဲချင်သွားသည်။ တံခါးကိုပိတ်။ ဘေးလွယ်အိတ်လေးထဲမှ ရှူဆေးဘူးထုတ်ရှုရင်း အိမ်အပေါ်ထပ်သာတက်လာသည်။ အိပ်ခန်းတံခါးကိုဖွင့်လိုက်ကာ ချက်ချင်းပင် ကုတင်ပေါ် လှဲချလိုက်တော့သည်။
ဖုန်တွေနဲ့ဆိုပေမဲ့မတတ်နိုင်။ ပင်ပန်းနေပြီ။
...
အအိပ်ဆက်လွန်းသောယမင်းသော်ဟာ ခြေသံကြားသည်နှင့်နိုးလာခဲ့ရသည်။ အောက်ထပ်မှခြေသံများကြားနေရတော့အိပ်လျက်အနေအထားဖြင့်သာ ခေါင်းထောင်ကာစဥ်းစားလိုက်သည်။
ဘယ်သူလဲဟ။ ခြေသံတွေ။
ရောက်ရောက်ချင်း အိပ်ပျော်သွားတာကြောင့် စိုးရိမ်မိသွားသည်။ သူခိုးတွေများဝင်တာလား။ တံခါးလည်းမပိတ်ခဲ့မိဘူး။.ခိုးစရာဆိုလို့ဗီဒိုတွေနဲ့ခုံတွေဘဲရှိတာပါ။
မဟုတ်လောက်ပါဘူးနော်။
စိုးရိမ်စိတ်ကြောင့်ခေါင်းကိုအလုပ်ပေးနေတုန်း
တံခါးခေါက်သံနဲ့အတူ ပွင့်ဟလာသောတံခါးအကြား ခေါင်းတစ်လုံးကိုမြင်လိုက်သည်။
"ယမင်းသော် သမီး ရောက်နေကြာပြီလား။"
ရင်းနှီးနေသောမျက်နှာကြောင့် သက်ပြင်းညင်းညင်းလေးချလိုက်မိသည်။ အမေ့ရဲ့ညီမဖြစ်သူအား တံခါးနောက်တွင်တွေ့လိုက်ရသည်။
"အော် ဒေါ်လေးဘဲ။ အင်း ရောက်နေတာ မနက်ကတည်းကဘဲ ဒေါ်လေး။"
"မနက်ကတည်းကရောက်တာကို ဘာမှမလုပ်ရသေးပါလား သမီးရယ်။"
ရယ်လျက်ပြောလာသောစကားလုံးများကြောင့် ယမင်းသော်ပါလိုက်ရယ်မိသည်။ တကယ်ကို ဘာမှမလုပ်ရသေးပါလား။
မေမေ့ညီမဖြစ်တဲ့ဒေါ်လေးက ယမင်းသော်စကားအပြောဆုံးအမျိုးတွေထဲကတစ်ယောက်ဆိုလဲမမှားပေ။ တစ်ယောက်တည်းသမားဖြစ်တဲ့ဒေါ်လေးနဲ့ စကားသိပ်မပြောတဲ့ယမင်းသော်နဲ့က နည်းနည်းတော့အံကိုက်ဖြစ်လို့နေမည်။ အရင်ကဆို စကားမပြောလို့.အနေပြီဆိုတဲ့အမျိုးတွေရဲ့စသယောင်စကားတွေကို.ဒေါ်လေးရဲ့စကားတွေနဲ့ ပြန်လည်ချေမှုန်းခဲ့တာကိုတောင်သတိရမိသည်။
ကျန်သူများမှာ သူ(မ)နှင့် အသားမကျ။ အခုချိန်ထိပေါ့။
"ဟုတ်တယ် ဒေါ်လေးရယ်။ ရောက်ရောက်ချင်း ကားမူးပြီးတော့အိပ်ချင်နေတာနဲ့အိပ်လိုက်တာ။ ဘယ်လောက်ကြာသွားမှန်းတောင်မသိဘူး။.ဒါနဲ့ ဒေါ်လေးကဘယ်လိုရောက်လာတာလဲ။ သမီးပြန်လာတာ ဒီကဘယ်သူမှမသိဘူးထင်တာဘဲ။"
ပြန်လာတာကိုသာသိရင် စပ်စုချင်စိတ်တွေနဲ့ ဟိုမေးဒီမေးလုပ်နေတာကို ယမင်းသော်မကြိုက်ပေ။ ပြန်ဖြေရမည်ကိုလည်းမကြိုက်။ အထူးသဖြင့် ထိုလူတွေကိုပေါ့။
"အင်း ဒေါ်လေးတောင်မနက်ကမှ သမီးအမေဖုန်းဆက်ပြောလို့သိတာ။"
"အာ ဟုတ်လား"
အမေကဘာလို့ဖုန်းဆက်တာလဲ။ အခုတော့ အားနာရပြီ။
"အင်း သမီးရဲ့။ သမီးအမေမှာမနက် (၈)နာရီလောက်ဖုန်းဆက်တော့ဘာကိစ္စများလဲလို့။ သမီးရန်ကုန်ပြန်လာပြီတဲ့။ ပြီးတော့ တစ်ယောက်ထဲ
ဆိုတော့စိတ်ပူလို့ဒေါ်လေးကိုလှမ်းပြောတာ။"
"အာ မေမေကတော့လုပ်ပြန်ပြီ။ တစ်ယောက်တည်းလည်းရပါတယ်ဆို။.ဒေါ်လေးအလုပ်ရှုပ်ကုန်ပြီ။"
အားနာနေသောတူမဖြစ်သူကြောင့် အလိုက်အလျောက်လေးပြန်လည်ပြောဆိုလိုက်မိသည်။
"ရတယ် ရတယ်။ အလုပ်မရှုပ်ပါဘူး။ အိမ်မှာလည်းဒေါ်လေးတစ်ယောက်ထဲရှိတာ။ ဟုတ်ပြီလား အားမနာနဲ့။ ဒေါ်လေးအောက်ထပ်မှာရှင်းပြီးသွားပြီ။ အပေါ်ထပ်ဘဲကျန်တော့တယ်။ ဗိုက်ဆာရင်အောက်မှာမုန့်တွေပါတယ်။ သွားစားလေ။"
"ဟုတ် ဒေါ်လေး။ အပေါ်ထပ်ကို သမီးဘဲလုပ်လိုက်တော့မယ်လေ။ ဒေါ်လေးလဲပင်ပန်းနေပြီပေါ့။ ပြီးတော့သမီးလည်းလုပ်စရာမှမရှိတော့တာ။"
"ဟုတ်ပါပြီ။.နောက်နေ့ ဒေါ်လေး မီးဖိုချောင်အတွက်လူတစ်ယောက် နှစ်ယောက်လောက်
ရှာပေးထားမယ်လေ။"
အခုချိန်ထိ မီးဖိုချောင်ဝင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ သူ(မ)ကိုယ်သူ(မ)တွေးမိတာကြောင့် အမေဖြစ်သူအား လူရှာပေးရန်ပြောထားသည်ကို ဒေါ်လေးစီတစ်ဆင့် ပြောလိုက်ပြန်ပြီထင်ပါတယ်။
"အာ ဟုတ် ဒေါ်လေး။ ရှာရင်လေ စနေနဲ့ တနင်္ဂနွေ လုပ်စရာမလိုဘူးဆိုတာထည့်ပြောလိုက်နော်။ သူတို့အတွက်လည်း နားရက်လိုတာပေါ့။ သမီးကလည်းပိတ်ရက်ဆိုအပြင်သွားနေကြဆိုတော့လေ။"
"ဟုတ်ပါပြီ။ ဒါဆိုဒေါ်လေးသွားတော့မယ်နော်။
အိမ်မှာလည်းဂရုစိုက်နေ။.တံခါးတွေပိတ်ပြီးမှအိပ်နော်။ တစ်ယောက်တည်းဖြစ်နေတာ။.တစ်ခုခုလိုရင်ဒေါ်လေးစီလာခဲ့။ ဒေါ်လေးအိမ်က ဟိုဘက်လမ်းမှာ။ သိတယ်မလား။"
"ဟုတ် သိတယ် ဒေါ်လေး။ ဒါဆိုဂရုစိုက်ပြန်ပါ။"
ဒေါ်လေးပြန်သွားသည်နှင့် ခဏလောက်ထိုင်နေကာနေလိုက်သည်။ နိုးနိုးချင်းဆို ခေါင်းမူး
တတ်သည့်အကျင့်ကြောင့်ပင်။ ပြီးမှအောက်ထပ်ကိုဆင်းလာလိုက်သည်။ စားပွဲပေါ်မှာရှိတဲ့မုန့်တစ်ခုကိုဖောက်စားလိုက်ရင်း ဘာအရင်စလုပ်ရမလဲဆိုတာကို တွေးနေမိသည်။ ပြီးတာနဲ့ ကျောလယ်လောက်ထိရှည်လျားလှတဲ့ဆံပင်တွေကို အိတ်ကပ်ထဲမှခေါင်းစီးကြိုးဖြင့် ကပိုကရိုစုစည်းလိုက်ကာ အိမ်ရှင်းခြင်းလုပ်ငန်းစတင်လိုက်တော့သည်။
တစ်နာရီလောက်အကြာမှာတော့ အိမ်ရှင်းခြင်းအလုပ်ပြီးသွားခဲ့ပြီ။ ယမင်းသော်လည်းရေချိုး, ခေါင်းလျှော်လိုက်ပြီး အိမ်အပြင်ဘက်လမ်းလျှောက်ရန်ထွက်လာခဲ့သည်။
အိမ်ပတ်ဝန်းကျင်ဟာ အရင်အတိုင်းပါဘဲ။ ကလေးတွေရဲ့ ဆော့ကစားသံတွေကို အဝေးကနေတောင် ကြားနေရသည်။ ခြံဝန်းလေးထဲမှာစုရင်း စကားပြောနေကြတဲ့လူကြီးတွေလည်းရှိသည်။ တစ်ယောက်တည်း ထိုင်ခုံလေးမှာထိုင်ရင်း စာဖတ်နေတဲ့လူတွေလည်းရှိသလို ယမင်းသော်လို ညနေခင်းလမ်းလျှောက်ထွက်တဲ့သူတွေလည်းရှိသည်။
အတွေးထဲမှာတော့ ဒီလမ်းလေးမှာ စကားတွေပြောရင်း လမ်းလျှောက်ပြန်ခဲ့တဲ့ အချိန်လေးစီကို ရောက်သွားမိသည်။
တကယ်လို့များ ပြန်လည်ဆုံတွေ့ကြရင် ငါတို့နှစ်ယောက် အရင်လိုပြန်ဖြစ်နိုင်အုံးမလား..။
တွေးလိုက်မိသောအတွေးကြောင့် ခေါင်းကိုဘယ်ပြန်ညာပြန် တောက်လျှောက်ခါလိုက်မိသည်။ ဘာလို့တွေးနေတာတုန်း ယမင်းသော်။
ပြန်ကာ လက်ရှိအချိန်ကိုသာတွေးရန်ဆုံးဖြတ်လိုက်သည်။ စိတ်ထဲတွင်တော့ ခွေးလေးတစ်ကောင်မွေးရန်စိတ်ကူးလိုက်သည်။ ငယ်ငယ်ကမွေးခဲ့တဲ့ခွေးလေးကို အိမ်ပြောင်းချိန်မှာ မယူခိုင်းခဲ့တာကြောင့် သူများပေးခဲ့ရတော့ အခုအသစ်တစ်ကောင်ဘဲမွေးရမှာပေါ့။
အတွေးလေးနဲ့လမ်းလျှောက်လာရင်းဘယ်ဘက်လှည့်ကြည့်မိတော့ကစားကွင်းလေး။ တစ်ချိန်ကခွဲခွာခဲ့သူကိုသတိတရဖြစ်မိလေရဲ့။ ဘယ်နေရာကိုကြည့်မိကြည့်မိ သူ(မ)ဟာအတွေးထဲကိုဝင်ရောက်လာတော့တာဘဲ။ အတွေးတွေကိုဖျောက်ရင်း သွားလိုသောခရီးကိုသာစိတ်ထားကာ။
(၁၅)မိနစ်လောက်ကြာတော့ မိမိသွားလိုသောနေရာကိုရောက်လေရဲ့။ အိမ်မွေးတိရစ္ဆာန်ဆိုင်လေးတစ်ဆိုင်ပေါ့။ ဆိုင်ထဲကိုဝင်လိုက်သည်နှင့် ချစ်စရာကောင်းသော တိရစ္ဆာန်လေးများဟာ မျက်စိရှေ့တည့်တည့်ရောက်လာခဲ့သည်။ မိမိရဲ့ငယ်ငယ်ကခွေးလေးကဲ့သို့ ပုံစံတူလေးကို ရွေးယူလိုက်သည်။ ထိုခွေးလေးအတွက် အစားအစာများပါဝယ်ယူလိုက်ပြီး အိမ်သို့သာ ပြန်လာလိုက်သည်။ မနက်ဖြန်ကြမှ ဟင်းသီးဟင်းရွက်တွေဝယ်ရမယ်။
အိမ်ရောက်ရောင်ချင်း ထိုအကောင်လေးကို
ဘေးချ။ မိမိလည်းဝတ်ထားသောအနွေးထည်ကိုချွတ်ကာချိတ်တစ်ခုတွင်ချိတ်လိုက်သည်။ အိမ်ရှေ့တံခါးတွေအားလုံးကို ပိတ်ပြီးကြောင်းသေချာအောင် လိုက်စစ်လိုက်သည်။
"အခုကစပြီး မင်းနာမည်ကို အင်း... နစ်ကီ။ နစ်ကီ လို့ခေါ်မယ်။ ဘယ်လိုလဲ ကြိုက်ရဲ့လား။"
ခွေးလေးအားစကားပြောနေရင်း မေမေ့စီဖုန်းဆက်ရန်ကို ရုတ်တရတ်သတိရလိုက်သည်။ ခေါ်လိုက်၍မကြာ ဟိုဘက်ကကိုင်လိုက်သည်။
"ဟဲဲလို မေမေလား"
"ဟုတ်တယ် သမီး။ အဆင်ပြေပြေရောက်ရဲ့လားကွယ်။ ဖုန်းမဆက်လို့စိတ်ပူနေတာ။"
"အဆင်ပြေပါတယ်။ ဆက်ဖို့မေ့သွားတာပါ။ နောက်ဆို သမီးမဆက်ရင် အမေဆက်လိုက်လို့ရတာဘဲကို။ စိတ်ပူနေတာမကောင်းပါဘူး။"
"ငါ့သမီးအလုပ်ရှုပ်နေမှာစိုးလို့ မဆက်တာပါကွယ်။ ဒါနဲ့ နင့်အဒေါ်လာရဲ့လား။"
"အာ ဟုတ်သား။ ဒေါ်လေးလာပါတယ်။ ဒါနဲ့မေမေကဘာလို့ ဒေါ်လေးကိုသွားပြောတာတုန်း။ ဟိုမှာ လာပြီးအကုန်လုပ်သွားတယ်။"
"အော် သမီးတစ်ယောက်တည်းဆိုတော့ပင်ပန်းနေမှာစိုးလို့ နင့်အဒေါ်ကိုပြောလိုက်တာပါ။ သူလည်းသိပါတယ်။"
"ဟုတ်ကဲ့ပါ။ ဖုန်းဆက်ပေးတဲ့အတွက်ကျေးဇူးပါ။ ဒါနဲ့ဖေဖေကော သက်သာလား။"
"သက်သာတယ် သမီး။ ဒီနေ့သမီးအဖေလမ်းပိုလျှောက်နိုင်လာတယ် သိလား။"
"ဟုတ်လား ကောင်းတာပေါ့။ နောက်မှဖေဖေလမ်းလျှောက်တာကြည့်ရမယ်။"
"ကဲ အခုကော ဘာလုပ်နေတာတုန်း"
"အင်း လမ်းထိပ်ကအိမ်မွေးတိရစ္ဆာန်ဆိုင်လေးမှာ ခွေးလေးသွားဝယ်ပြီးပြန်လာတာပါ။ အရင်ကသမီးခွေးလေးက မေမေ သူများပေးလိုက်ရတော့ အဖော်မရှိတော့ဘူးလေ။ အဲ့တာကြောင့်"
"ဟုတ်ပါပြီ။ ကဲ နားတော့ နားတော့။ အဆင်ပြေတယ်ဆိုရင်ရပြီ။"
"ဟုတ် မေမေ။ ဂရုစိုက်အုံး။ ဒါဘဲနော်။"
ဖုန်းချချပြီးချင်း ခဏလောက်ထိုင်ကာစဥ်းစားလိုက်သည်။ ဘာလုပ်စရာရှိလဲဆိုတာပေါ့။ အမြဲတမ်းတစ်ယောက်တည်းနေတာကြိုက်တယ်ဆိုပေမဲ့ မမနဲ့စကားပြောနေကြ။ မဟုတ်ရင်လည်း ကိုယ့်စာကိုယ်လုပ်နေကြ။ အခုတကယ်တမ်း တစ်ယောက်တည်းဖြစ်သွားတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။
ထိုင်နေရာမှထကာ ကော်ဖီတစ်ခွက်ဖော်လိုက်သည်။ ဘေးနားက နစ်ကီ လေးကိုခေါ်ကာ လေသာဆောင်လေးစီထွက်လာခဲ့သည်။ ဝရန်တာလေးဘေးမှာခုံတစ်လုံးချကာထိုင်လိုက်ရင်း ထွေရာလေးပါးစဥ်းစားနေလိုက်သည်။ ပြီးတော့စာဖတ်တယ်။ ညလောက်ကြတော့ ခေါက်ဆွဲပြုတ်စားလိုက်ရင်း (၉)နာရီလောက်မှာအိပ်ရာဝင်လိုက်တယ်။ စောလွန်းပေမဲ့ ဒီနေ့ပင်ပန်းလွန်းတယ်။ ဒီလောက်ဘဲပေါ့။ ကျွန်မရဲ့တစ်နေ့တာလေးက..
...
16.10.2021
daisy_hnin
ဖတ်ပြီးဝေဖန်ပေးပါအုံးနော်..