ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

488K 53.6K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၄၁)

3.4K 368 2
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၄၁)

TRANSLATOR - SHARR

--------------------

နန်းတော်ထဲရှိ မှိုင်းညို့နေသောရာသီဥတုကို ဆောင်းဦးရာသီကရောက်ရှိလာပြီး ထပ်မံအားဖြည့်ပေးလိုက်သည်။

လေထန်သောမနက်ခင်းတစ်ခုတွင် ဖေ့လန်သည် အဝတ်ဖြူပါးပါးလေးနှင့် သူ့အခန်းအပြင်ဘက်တွင် မတ်တတ်ရပ်နေသည်။

ဖေ့လန်အခန်း၏ အပြင်ဘက်ရှိ နံရံပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးစွန်းရာကြီးက ရှိနေသည်။ သတ္တမမင်းသား၏ သူလျှိုလည်းဖြစ် လျှို့ဝှက်ချစ်သူလည်းဖြစ်သော ဖေ့လန်၏ နန်းတွင်းသူအစေခံတစ်ယောက်အား သတ်ရန် မိဖုရားခေါင်ကြီးမှ လူလွှတ်လိုက်သည်။

ဖေ့လန် နန်းတွင်းသူအစေခံအလောင်းကိုသာ ကယ်နိုင်ခဲ့သည်။ သတ္တမမင်းသားကို သတင်းပို့နေတုန်း သူမကို သူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ သူ့နန်းဆောင်သို့ ဆွဲခေါ်ခံရစဥ် သူမအသက်ကို ချမ်းသာပေးဖို့ သူမ တောင်းပန်ခဲ့သည်။ သူမကို ဘာကြောင့် ကယ်ရမှာလဲ။ သူမက နန်းတော်ပြင်ပရှိ မိသားစုဝင်များနှင့် သူငယ်ချင်းများကို တွေ့ခွင့်မရသော လှောင်အိမ်ထ ဲတွင် ပိတ်မိနေသော ပုရွက်ဆိတ်သာသာပင်။ လေက အေးနေသော သူ့ခန္ဓာကိုယ်ကို တိုက်ခတ်သွားပြီးနောက် သူ ပြုံးလိုက်၏။ သေခြင်းတရားက သူမအတွက် လွတ်မြောက်ရာလမ်းပင်ဖြစ်သည်။

"ရှောင်လန် ဘာလို့ ဒီမှာ ရပ်နေတာလဲ" မိဖုရားခေါင်ကြီး မေးလိုက်၏။ "လေတွေ အရမ်းတိုက်နေတာ၊ နေမကောင်းဖြစ်လိမ့်မယ်"

ဖေ့လန် လှည့်မလာဘဲ နံရံပေါ်က သွေးစွန်းကွက်ကြီးကိုသာ ဆက်ကြည့်နေသည်။

"မင်းခမည်းတော်
သတိရလာပြီလို့ မယ်တော် သတင်းရတယ်" မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ "သွားကြည့်ကြည့်ချေ၊ ဒီရက်ပိုင်း မင်းသား(၇)က သူ့အိပ်ရာဘေးမှာ သားသမီးဝတ်ကျေပွန်တဲ့ သားလိမ္မာလေးလို သရုပ်ဆောင်နေတယ်"

"အဲ့ဒီကိုသွားလို့ ဘာမှကောင်းတာမရှိဘူး" ဖေ့လန် ပြောလိုက်၏။

"ဒီကလေးကတော့လေ" မိဖုရားခေါင်ကြီးက ပြော၏။

"မယ်တော် မပင်ပန်းဘူးလား" ဖေ့လန်က မေးသည်။

"သူက မင်းခမည်းတော်လေ" မိဖုရားခေါင်ကြီးက ပြောလိုက်သည်။

ဖေ့လန် ကိုယ်ကို လှည့်ကာ သူ့မယ်တော်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ "မယ်တော် လက်ကို နှလုံးသားပေါ်တင်ပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ ခမည်းတော်ကို ချစ်ရဲ့လားဆိုတာ"

"ဘာအဓိပ္ပာယ်လဲ" မိဖုရားခေါင်ကြီးက မေးလိုက်သည်။

"မယ်တော် ခမည်းတော်ကို ချစ်သလောက် သားတော်လည်း သူ့ကို ချစ်တယ်" ဖေ့လန်
ပြောလိုက်၏။ "ဒါကြောင့် သူ သတိရလား သွားကြည့်စရာမလိုဘူး"

မိဖုရားခေါင်ကြီး သူ့သားတော်၏ စကားများအား မငြင်းဆန်နိုင်။ သူမနှင့် ဘုရင်မင်းမြတ်တို့ လက်ထပ်ထားသည်မှာ နှစ်၂၀ကျော်နေပြီဖြစ်သော်လည်း သူတို့ကြားတွင် ချစ်ခြင်းမေတ္တာဆိုတာမျိုး မရှိကြချေ။

"မယ်တော် ထပ်ပြီးအားကုန်မခံပါနဲ့တော့" ဖေ့လန် ပြောလိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ" မိဖုရားခေါင်ကြီးက မေးလိုက်၏။

"မယ်တော် သားတော် ပင်ပန်းနေပြီ" ဖေ့လန် ပြောလိုက်သည်။ "သားတော် ဒိထက်ပိုပြီး မတိုက်ခိုက်ချင်တော့ဘူး"

"မင်း ရူးသွားပြီပဲ" မိဖုရားခေါင်ကြီးက ပြောသည်။

လေပြည်က ဖေ့လန်၏ ပင်ပန်းနွမ်းနယ်နေသော နှလုံးသားကို ဖြတ်ကာ တိုက်ခတ်လာသည်။

"အဲ့ဒီနေ့က အိမ်ရှေ့စံရာထူးကို ရုတ်သိမ်းပေးဖို့ မင်းခမည်းတော်ကို တကယ်ပဲ တောင်းဆိုခဲ့တာပေါ့" မိဖုရားခေါင်ကြီးက မေးလိုက်၏။

ဖေ့လန် ခေါင်းညိတ်လိုက်သည်။

"ငါ ဒါမျိုး အဖြစ်ခံမှာ မဟုတ်ဘူး" မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ "ငါ အနာဂတ်အတွက် ဒီလောက်နှစ်တွေ အများကြီး စီစဥ်ထားတာ၊ မင်းက ထပ်မတိုက်ခိုက်တော့ဘူးတဲ့လား၊ မင်း မလိုချင်တော့ရင်တောင် ဆက်တိုက်ခိုက်နေရဦးမှာပဲ"

ဖေ့လန် အေးစက်စက် ရယ်မောလိုက်သည်။

"မယ်တော် သားတော်ကို တွန်းအားမပေးပါနဲ့"

မိဖုရားခေါင်ကြီး အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူမရှေ့မှာ မတ်တတ်ရပ်နေတာ သူမသားမှ ဟုတ်ရဲ့လား။ သူက ​ဘာကြောင့် သူစိမ်းတစ်ယောက်လို ဖြစ်လာတာလဲ။

"မယ်တော် လေထန်နေတယ်" ဖေ့လန် ပြောလိုက်၏။ "မယ်တော့်အဆောင်တော်ကို ပြန်ပါတော့"

ဖေ့လန် နံရံပေါ်က သွေးစွန်း
ရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ခြံဝင်းထဲမှ ထွက်လာခဲ့တော့သည်။

နောက်တစ်နေ့တွင် ဘုရင်မင်းမြတ် သတိပြန်ရလာသည့်သတင်းက နန်းတော်ပြင်ပသို့ ပျံ့နှံ့သွားသည်။ ဘုရင်မင်းမြတ် နာမကျန်းဖြစ်နေစဥ် ဘုရင်မင်းမြတ်၏ သလွန်တော်ဘေးမှ မခွာသော သားသမီးဝတ္တရားကျေပွန်သည့် သတ္တမမင်းသားကြောင့် ဘုရင်မင်းမြတ် လွန်စွာအားရတော်မူသည်ဟူသော ကောလာဟလများလည်း ထွက်နေလေသည်။

ဖေ့ကျင်း၏အိမ်တော်တွင် ရန်ရှီးနဥ်ကား အိပ်ရာပေါ် တစ်မှေးအိပ်လိုက်၍ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသည်။

ဘုရင်မင်းမြတ် နာမကျန်းဖြစ်နေစဥ်အတောအတွင်း ဖေ့ကျင်းကတော့ အားလပ်နေသည်။ အားလပ်နေသောဒီညပိုင်းတွေမှာ သူ ရန်ရှီးနဥ်နှင့် ရေအတူချိုး၊ အိပ်ရာပေါ် အတူလူးလှိမ့်၊ သူမကို တစ်မှေးအိပ်စေပြီးမှ အာရုဏ်မတက်ခင်အထိ ထပ်ပြီး အိပ်ရာပေါ်မှာ လူးလှိမ့်ပြန်သည်။

ဖေ့ကျင်း၏ သက်တော်စောင့်တစ်ယောက်က တံခါးခေါက်လာသည်။ ဖေ့ကျင်း တံခါးကို ဖွင့်လိုက်တော့ ဘုရင်မင်းမြတ် သတိပြန်ရလာသည့်အကြောင်းကို လျှောက်တင်လေသည်။

သက်တော်စောင့် ထွက်သွားပြီးနောက် ဖေ့ကျင်း တံခါးကိုပိတ်ကာ အိပ်ရာပေါ်သို့ ပြန်လာခဲ့သည်။

ရန်ရှီးနဥ် မျက်လုံးများဖွင့်လိုက်ပြီး ဖေ့ကျင်းကို ကြည့်လိုက်သည်။

"အရှင်မင်းကြီး သတိရလာပြီလား"

ဖေ့ကျင်း ခေါင်းညိတ်လိုက်၏။ "သုံးရက်တောင် ရှိနေပြီလေ၊ ခမည်းတော် ပြန်သတိရလာချိန်တန်ပြီပေါ့"

"ဘုရင့်အမိန့်တော်ကို ကျွန်မ စောင့်နေတာ" ရန်ရှီးနဥ် ပြောလိုက်၏။

ရန်ရှီးနဥ် လေးကန်ထိုင်းမှိုင်းနေသလို ခံစားနေရပြီး သူမတစ်ကိုယ်လုံး မလှုပ်ချင်သော်လည်း မင်းသမီးခန်းဟွာ တစ်ရက်လောက်ထပ်ပြီး အေးအေးချမ်းချမ်းနေရတာမျိုး မဖြစ်စေချင်။

ဖေ့ကျင်း ရန်ရှီးနဥ်လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ "ရှီးနဥ် မင်းအဖေနဲ့ ပတ်သတ်ပြီး ဘယ်လိုခံစားနေရလဲ ကိုယ်ကြားချင်တယ်"

ရန်ရှီးနဥ် မျက်မှောင်ကြုတ်လိုက်သည်။ ဘုရင့်အမိန့်တော်မလာခင် သူမအဖေ၏ အသက်ကို ချမ်းသာပေးဖို့ ဘုရင်မင်းမြတ်ကို တောင်းဆိုပေးစေချင်သလားဟု ဖေ့ကျင်းက မေးနေသည်ကို သူမ သိသည်။

"သူက ကျွန်မအဖေဆိုပေမယ့်" ရန်ရှီးနဥ်က ပြောလိုက်သည်။ "ကျွန်မတို့ ၂နှစ်လောက် အတူနေလာတာတောင် နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာမရှိကြဘူး၊ အမတ်ချုပ်ကြီးရာထူးကို ဆုံးရှုံးရတာက သူ့အတွက် သက်ညှာလွန်းနေတယ်လို့ ကျွန်မထင်တယ်၊ ကျွန်မအမေအသတ်ခံရတဲ့ အကြောင်းရင်းက သူပဲ၊ ဒါပေမယ့် သူက ကျွန်မအဖေဖြစ်နေတုန်းပဲ၊ သူ့အသက်ကိုတော့ မဆုံးရှုံးစေချင်ဘူး"

"ကိုယ် နားလည်ပြီ" ဖေ့ကျင်း ပြော၏။ သူ ရန်ရှီးနဥ်ကို ဖက်လိုက်သည်။ "ရှီးနဥ်
မစိုးရိမ်နဲ့၊ သူ့ကို အသက်ချမ်းသာပေးဖို့ ခမည်းတော်ဆီ
ကိုယ်တောင်းဆိုကြည့်မယ်၊ ရန်ကျင်းကလည်း သူသေမှာကို ထိုင်စောင့်နေမယ့်သူမျိုး မဟုတ်ဘူး၊ ရန်ကျင်းက အားနည်းတဲ့ပုံပေါ်ပေမယ့် သူသာ လုပ်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ဆိုရင် ဒီနှစ်တွေမှာ အမတ်ချုပ်ကြီးရာထူးကို ဆက်ထိန်းထားနိုင်ခဲ့မှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် သူ့အသက်ကို ကယ်ဖို့ သူ အစွမ်းကုန်ကြိုးစားလိမ့်မယ်လို့ ကိုယ်ထင်တယ်"

"သူ ဘာလုပ်လိမ့်မလဲ" ရန်ရှီးနဥ် မေးလိုက်သည်။

ဖေ့ကျင်း ရန်ရှီးနဥ်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။

ဖေ့ကျင်းထင်ထားသလိုပင်၊
ဘုရင်မင်းမြတ် သတိရလာတဲ့အကြောင်းလည်း ကြားရော အဝတ်အစားလဲကာ ဘုရင်မင်းမြတ်ကို တွေ့ရန် နန်းတော်သို့ အပြေးသွားတော့သည်။

ဝမ်ဖုမူက ဘုရင့်အဆောင်တော်ထဲ ဝင်သွားသောအခါ ဘုရင်မင်းမြတ်က လျှောက်တင်စာလွှာများကို ဖတ်ရှုတော်မူနေသည်။

"အရှင်မင်းကြီး အမတ်ချုပ်ကြီးရန်က အရှင်မင်းကြီးကို တွေ့ခွင့်တောင်းနေပါတယ်" ဝမ်ဖုမူက ပြောလိုက်သည်။

"ကိုယ်တော် သူ့ကို မတွေ့ချင်ဘူး" ဘုရင်မင်းမြတ်က မိန့်လိုက်သည်။

ဝမ်ဖုမူ ဘုရင်မင်းမြတ်၏ အဆောင်တော်အပြင်ဘက်သို့ လျှောက်သည်။ ရန်ကျင်းက ဘုရင်မင်းမြတ် သူ့ကို တွေ့ရန် ဖျောင်းဖျပေးဖို့ ဝမ်ဖုမူကို တောင်းပန်လေသည်။

ဝမ်ဖုမူ သက်ပြင်းချလိုက်ပြီး ဘုရင်မင်းမြတ်၏ အဆောင်တော်သို့ ပြန်လာခဲ့သည်။ "အရှင်မင်းကြီး ရန်ကျင်း အရှင်မင်းကြီးနဲ့ အရေးတကြီး လျှောက်တင်စရာရှိတယ်လို့ ပြောပါတယ်"

ဘုရင်မင်းမြတ်က အေးစက်စွာ ရယ်မောလိုက်သည်။"သူ့မှာ အရေးတကြီးလျှောက်တင်စရာ ရှိတယ်တဲ့လား၊ သူ့ကို ခေါ်လာခဲ့"

ရန်ကျင်း သူ့ကို တွေ့ရဲသောကြောင့် ဘုရင်မင်းမြတ် ရယ်ချင်သွားသည်။

ရန်ကျင်းက သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဘုရင်မင်းမြတ်ရှေ့ ဒူးထောက်ကာ ခေါက်ထားသောအမတ်ချုပ်ဝတ်ရုံကို ကိုင်ရင်း ငိုကြွေးတော့သည်။

"ဒီအရပ်သားက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" ရန်ကျင်းပြောလိုက်၏။

"အရပ်သား?" ဘုရင်မင်းမြတ်က မေးလိုက်၏။

"မှန်လှပါ အရှင်မင်းကြီး" ဖေ့ကျင်း ပြောလိုက်၏။ "ဒီအရပ်သားက အမတ်ချုပ်ရာထူးနဲ့ မသင်လျော်တော့ပါဘူး၊ ဇနီးနဲ့ သမီးအငယ်ဆုံးက အရှင်မင်းကြီးကို ဆန့်ကျင်ပြီး သေစေလောက်တဲ့ ပြစ်မှုကျူးလွန်ထားသေးတယ်၊ ဒါ့ကြောင့် အရှင်မင်းကြီးကို တွေ့ဖို့ လာခဲ့တာပါ၊ ဒီအရပ်သား အမတ်ချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်"

"မောင်မင်းက ရယ်စရာတွေပြောနေတာပဲ" ဘုရင်မင်းမြတ်က ပြောလိုက်သည်။ "ရှင်ဘုရငါ လှည့်ဖြားရင် ဘာပြစ်ဒဏ်လဲ မောင်မင်း မသိဘူးလား၊ အားလုံး သေဒဏ်ပဲ"

"အရှင်မင်းကြီး ဒီအရပ်သားလည်း လိမ်ညာခံရတာပါ" ရန်ကျင်းက ပြောလိုက်၏။ "ဒီအရပ်သား ဘာမှမသိခဲ့ရပါဘူး"

ဘုရင်မင်းမြတ် အေးစက်စွာ ရယ်မောလိုက်၏။ နန်းတွင်းသက်တော်စောင့်တွေက လှည့်ဖြားတဲ့အထဲ ရန်ကျင်းမပါဝင်ဟု လျှောက်တင်လျှင်တောင် သူ့အရှေ့တွင် ငိုယိုတောင်းပန်နေသော ရန်ကျင်းကို မြင်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်လှသည်။

"ဒီအရပ်သား အရှင်မင်းကြီးကို တောင်းဆိုချင်တာ တစ်ခုရှိပါတယ်" ရန်ကျင်းက ပြောလိုက်သည်။

ရန်ကျင်းက စည်းတွေ ဘောင်တွေကို နားမလည်ဟု ဘုရင်မင်းမြတ် တွေးမိသွားသည်။

"အရှင်မင်းကြီး ဒီအရပ်သား
ခန်းဟွာကို ကွာရှင်းလိုပါတယ်" ရန်ကျင်း ပြောလိုက်၏။

"သူ့ကို ကွာရှင်းလိုက်ရင် မောင်းမင်းအသက်ကို ကိုယ်တော်က အသက်ချမ်းသာပေးလိမ့်မယ်လို​ြ ထင်နေတာလား"ဘုရင်မင်းမြတ်က မေးလိုက်၏။

"အရှင်မင်းကြီး မသိသေးတာ ရှိပါတယ်" ရန်ကျင်းက ပြော၏။ "ဒီအရပ်သား ခန်းဟွာကို ကွာရှင်းချင်တဲ့အကြောင်းရင်းက သူလုပ်ထားတဲ့အပြစ်နဲ့ မဆိုင်ပါဘူး၊ သူ တစ်ခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ဒီအရပ်သားကို နှစ်ပေါင်းများစွာ လိမ်ခဲ့တာပါ"

ဘုရင်မင်းမြတ်သည် ရန်ကျင်းကို အထင်သေးသလို ကြည့်လိုက်၏။

"အရှင်မင်းကြီး အမှန်တော့ ရန်ရှီးထင်က ဒီအရပ်သားရဲ့ သမီးမဟုတ်ပါဘူး" ရန်ကျင်းက ပြောလိုက်သည်။ "ရန်ရှီးထင်က ခန်းဟွာနဲ့ သူ့ဝမ်းကွဲအစ်ကို
ရဲ့ သမီးပါ၊ ခန်းဟွာက ဒီအရပ်သားကို ဆယ့်ခြောက်နှစ်ကျော်လောက် လိမ်ခဲ့တာ၊ အမှန်တရားကို မကြာသေးခင်ကဲ ရှာတွေ့ခဲ့တယ်၊ ခန်းဟွာက ဒီလောက်ထိ စက်ဆုပ်ဖို့ကောင်းလိမ့်မယ်လို့ ဒီအရပ်သား မထင်ခဲ့ဘူး၊ အဲ့ဒါကြောင့်ပဲ သူ့ကို ကွာရှင်းချင်တာပါ၊ အရှင်မင်းကြီး ဒီအရပ်သားဆန္ဒကို ဖြည့်ဆည်းပေးတော်မူပါ၊ အရှင်မင်းကြီး ဒီအရပ်သားကို မယုံကြည်ရင် စုံစမ်းဖို့ လူလွှတ်နိုင်ပါတယ်၊ ဒီအရပ်သား အရှင်မင်းကြီးကို လိမ်ခဲ့ရင် သေဖို့ဆန္ဒရှိပါတယ်"

ရန်ကျင်း၏ ​ဖြောင့်မတ်ကာ သူတော်ကောင်းယောင်ဆောင်နေသောပုံစံကို ဘုရင်မင်းမြတ်က ရယ်မောလိုက်သည်။ ရန်ကျင်းသည် ဂုဏ်သိက္ခာနှင့် ရာထူးကိုသာ တန်ဖိုးထားသည်ကို သူသိသည်။ ရန်ကျင်းက ငိုကာ တောင်းပန်ရမည့်တစ်နေ့ ရှိလာလိမ့်မည်ဟု သူ ထင်မထားခဲ့။ ခန်းဟွာက တစ်ခြားယောက်နှင့် ဖောက်ပြန်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားသလို ရန်ရှီးနဥ်သည် ရန်ကျင်း၏သမီး မဟုတ်တာကိုလည်း သူ မမျှော်လင့်ထားခဲ့။

"အရှင်မင်းကြီး ဒီရက်တွေမှာ ဒီအရပ်သား ဝဋ်လည်တာလို့ တွေးနေမိတယ်" ရန်ကျင်းက ပြောလိုက်၏။ "အဲ့ဒီနှစ်တုန်းက ပထမဇနီးနှင့် သမီးကို ဒုက္ခခံစားရအောင် စွန့်ပစ်ခဲ့မိတယ်၊ အတိတ်ကို ရင်ဆိုင်ဖို့ ဒီအရပ်သားမှာ ယုံကြည်ချက်မရှိတော့ဘူး၊ ခန်းဟွာက ကျိုးကြောင်းမဆီလျော်တဲ့ မိန်းမပဲ၊ သူ့ထိန်းချုပ်မှုအောက်မှာ ဒီအရပ်သား နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတာ၊ ဒါပေမယ့်
သူ့ရဲ့ဖောက်ပြန်မှုနဲ့ လိမ်ညာလှည့်ဖြားမှုတွေကို ဒီအရပ်သား
မျိုသိပ်မထားနိုင်တော့ဘူး၊ အရှင်မင်းကြီး သူ့ကို ကွာရှင်းခွင့်ပေးဖို့ တောင်းပန်ပါတယ်၊ ကွာရှင်းပြီးရင် ဒီအရပ်သား ရွှမ်ချင်းကိုပြန်ပြီး ပထမဇနီးဘေးမှာပဲ ခေါင်းချတော့မယ်"

ရန်ကျင်းသည် ဘုရင်မင်းမြတ်ရှေ့တွင် သနားစရာကောင်းချင်
ယောင်ဆောင်နေလေသည်။ ဘုရင်မင်းမြတ်က သူ့အသက်ကို ချမ်းသာပေးလိမ့်မလား သူလည်း မသေချာ။ ဘုရင်မင်းမြတ်၏ တိတ်ဆိတ်နေမှုက သူ့ကို ပိုပြီးစိုးရိမ်လာစေသည်။

"ရန်ကျင်း မောင်မင်းကို ငါကိုယ်တော် လျှော့တွက်မိ
လိုက်တာပ​ဲ" ဘုရင်မင်းမြတ် ပြောလိုက်၏။ "မောင်မင်းပြောတာ အမှန်ဆိုရင် ငါကိုယ်တော်ဆီက ဒါကို ယူပြီး အိမ်ပြန်လိုက်တော့၊ ခန်းဟွာက မောင်မင်းကို ဒီလိုဆက်ဆံမှတော့ သူ အသက်ဆက်ရှင်နေဖို့ မလိုတော့ဘူး၊ ဒါပေမယ့် သူက မိဖုရားခေါင်ကြီး၏ ညီမတော်ဖြစ်နေတော့ အပြင်ဘက်ကို ဒီသတင်းပျံ့သွားလို့ မကောင်းဘူး၊ ဒီကိစ္စကို သိုသိုသိပ်သိပ်ပဲ ကိုင်တွယ်လိုက်"

ဘုရင်မင်းမြတ်၏ သုံးပေရှည်သော ပိတ်စဖြူကို မြင်လိုက်ရတော့ ရန်ကျင်း၏ကိုယ်မှာ တုန်လှုပ်သွားရသည်။ ဘုရင်မင်းမြတ်က ခန်းဟွာကို သေစေချင်ပြီး ခန်းဟွာအိမ်ထောင်ရေးဖောက်ပြန်တာကို လျှို့ဝှက်ချက်အဖြစ် ထားချင်နေမှန်း သူ သဘောပေါက်သွားတော့သည်။ ခန်းဟွာ၏ အိမ်ထောင်ရေးဖောက်ပြန်မှုကို သူ မဖော်ထုတ်နိုင်လျှင် ခန်းဟွာကို သတ်တာက သူ့ဆုံးဖြတ်ချက်လို့ တစ်ခြားသူများက ထင်ကြလိမ့်မည်။ ဘုရင်မင်းမြတ်ကတော့ အပြစ်ကင်းပေလိမ့်မည်။

"တစ်ခြား​လျှောက်တင်စရာရှိသေးလား" ဘုရင်မင်းမြတ်က မေးလိုက်၏။

"အရှင်မင်းကြီးရဲ့ အကြံဉာဏ်ကို ဒီအရပ်သား နားထောင်ပါ့မယ်" ရန်ကျင်း ပြောလိုက်၏။

ဘုရင်မင်းမြတ် ရယ်မောလိုက်သည်။ "မောင်မင်းက လူတော်တစ်ယောက်ပဲ၊ ဒီအခြေအနေကို ဖြေရှင်းပြီးတဲ့အခါ မင်းရဲ့ပထမဇနီးရှိတဲ့ ရွှမ်ချင်းကို ပြန်ခွင့်ပြုမယ်"

ရန်ကျင်းကတော့ ဘုရင်မင်းမြတ်လို လွတ်လွတ်လပ်လပ် မရယ်နိုင်ခဲ့ချေ။ ရွှမ်ချင်းကို မရောက်ခင်မှာပဲ သူသေနိုင်သည်ကို သူသိသည်။

ရန်ကျင်း အကူအညီမဲ့စွာ ထွက်ခွာသွားသည်ကို ဘုရင်မင်းမြတ် ကြည့်နေရင်း ကြင်နာခြင်းကင်းသော သူ့နှလုံးသားထဲမှ ကျိန်ဆဲလိုက်တော့သည်။

"ရန်ကျင်း ငါကိုယ်တော် မင်းကို အသက်ချမ်းသာပေးဦးမလို့ပဲ၊ ဒါပေမယ့် မင်းရဲ့ဉာဏ်ရည်ကို လျှော့တွက်မိသွားတယ်၊ ငါကိုယ်တော်ရဲ့အမိန့်တော်ကို မောင်မင်း ဆန့်ကျင်ရဲသလား"

_

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၄၁)

TRANSLATOR - SHARR

--------------------

နန္းေတာ္ထဲရွိ မႈိင္းညိဳ႕ေနေသာရာသီဥတုကို ေဆာင္းဦးရာသီကေရာက္ရွိလာၿပီး ထပ္မံအားျဖည့္ေပးလိုက္သည္။

ေလထန္ေသာမနက္ခင္းတစ္ခုတြင္ ေဖ့လန္သည္ အဝတ္ျဖဴပါးပါးေလးႏွင့္ သူ႔အခန္းအျပင္ဘက္တြင္ မတ္တတ္ရပ္ေနသည္။

ေဖ့လန္အခန္း၏ အျပင္ဘက္ရွိ နံရံေပၚတြင္ လတ္လတ္ဆတ္ဆတ္ ေသြးစြန္းရာႀကီးက ရွိေနသည္။ သတၱမမင္းသား၏ သူလွ်ိဳလည္းျဖစ္ လွ်ိဳ႕ဝွက္ခ်စ္သူလည္းျဖစ္ေသာ ေဖ့လန္၏ နန္းတြင္းသူအေစခံတစ္ေယာက္အား သတ္ရန္ မိဖုရားေခါင္ႀကီးမွ လူလႊတ္လိုက္သည္။

ေဖ့လန္ နန္းတြင္းသူအေစခံအေလာင္းကိုသာ ကယ္ႏိုင္ခဲ့သည္။ သတၱမမင္းသားကို သတင္းပို႔ေနတုန္း သူမကို သူ ဖမ္းမိခဲ့ျခင္းျဖစ္သည္။ သူ႔နန္းေဆာင္သို႔ ဆြဲေခၚခံရစဥ္ သူမအသက္ကို ခ်မ္းသာေပးဖို႔ သူမ ေတာင္းပန္ခဲ့သည္။ သူမကို ဘာေၾကာင့္ ကယ္ရမွာလဲ။ သူမက နန္းေတာ္ျပင္ပရွိ မိသားစုဝင္မ်ားႏွင့္ သူငယ္ခ်င္းမ်ားကို ေတြ႕ခြင့္မရေသာ ေလွာင္အိမ္ထ ဲတြင္ ပိတ္မိေနေသာ ပု႐ြက္ဆိတ္သာသာပင္။ ေလက ေအးေနေသာ သူ႔ခႏၶာကိုယ္ကို တိုက္ခတ္သြားၿပီးေနာက္ သူ ၿပဳံးလိုက္၏။ ေသျခင္းတရားက သူမအတြက္ လြတ္ေျမာက္ရာလမ္းပင္ျဖစ္သည္။

"ေရွာင္လန္ ဘာလို႔ ဒီမွာ ရပ္ေနတာလဲ" မိဖုရားေခါင္ႀကီး ေမးလိုက္၏။ "ေလေတြ အရမ္းတိုက္ေနတာ၊ ေနမေကာင္းျဖစ္လိမ့္မယ္"

ေဖ့လန္ လွည့္မလာဘဲ နံရံေပၚက ေသြးစြန္းကြက္ႀကီးကိုသာ ဆက္ၾကည့္ေနသည္။

"မင္းခမည္းေတာ္
သတိရလာၿပီလို႔ မယ္ေတာ္ သတင္းရတယ္" မိဖုရားေခါင္ႀကီးက ေျပာလိုက္သည္။ "သြားၾကည့္ၾကည့္ေခ်၊ ဒီရက္ပိုင္း မင္းသား(၇)က သူ႔အိပ္ရာေဘးမွာ သားသမီးဝတ္ေက်ပြန္တဲ့ သားလိမၼာေလးလို သ႐ုပ္ေဆာင္ေနတယ္"

"အဲ့ဒီကိုသြားလို႔ ဘာမွေကာင္းတာမရွိဘူး" ေဖ့လန္ ေျပာလိုက္၏။

"ဒီကေလးကေတာ့ေလ" မိဖုရားေခါင္ႀကီးက ေျပာ၏။

"မယ္ေတာ္ မပင္ပန္းဘူးလား" ေဖ့လန္က ေမးသည္။

"သူက မင္းခမည္းေတာ္ေလ" မိဖုရားေခါင္ႀကီးက ေျပာလိုက္သည္။

ေဖ့လန္ ကိုယ္ကို လွည့္ကာ သူ႔မယ္ေတာ္ကို ဝမ္းနည္းစြာ ၾကည့္လိုက္သည္။ "မယ္ေတာ္ လက္ကို ႏွလုံးသားေပၚတင္ၿပီး ကိုယ့္ကိုယ္ကို ေမးၾကည့္ပါ၊ ခမည္းေတာ္ကို ခ်စ္ရဲ႕လားဆိုတာ"

"ဘာအဓိပၸာယ္လဲ" မိဖုရားေခါင္ႀကီးက ေမးလိုက္သည္။

"မယ္ေတာ္ ခမည္းေတာ္ကို ခ်စ္သေလာက္ သားေတာ္လည္း သူ႔ကို ခ်စ္တယ္" ေဖ့လန္
ေျပာလိုက္၏။ "ဒါေၾကာင့္ သူ သတိရလား သြားၾကည့္စရာမလိုဘူး"

မိဖုရားေခါင္ႀကီး သူ႔သားေတာ္၏ စကားမ်ားအား မျငင္းဆန္ႏိုင္။ သူမႏွင့္ ဘုရင္မင္းျမတ္တို႔ လက္ထပ္ထားသည္မွာ ႏွစ္၂၀ေက်ာ္ေနၿပီျဖစ္ေသာ္လည္း သူတို႔ၾကားတြင္ ခ်စ္ျခင္းေမတၱာဆိုတာမ်ိဳး မရွိၾကေခ်။

"မယ္ေတာ္ ထပ္ၿပီးအားကုန္မခံပါနဲ႔ေတာ့" ေဖ့လန္ ေျပာလိုက္သည္။

"မင္း ဘာေတြေျပာေနတာလဲ" မိဖုရားေခါင္ႀကီးက ေမးလိုက္၏။

"မယ္ေတာ္ သားေတာ္ ပင္ပန္းေနၿပီ" ေဖ့လန္ ေျပာလိုက္သည္။ "သားေတာ္ ဒိထက္ပိုၿပီး မတိုက္ခိုက္ခ်င္ေတာ့ဘူး"

"မင္း ႐ူးသြားၿပီပဲ" မိဖုရားေခါင္ႀကီးက ေျပာသည္။

ေလျပည္က ေဖ့လန္၏ ပင္ပန္းႏြမ္းနယ္ေနေသာ ႏွလုံးသားကို ျဖတ္ကာ တိုက္ခတ္လာသည္။

"အဲ့ဒီေန႔က အိမ္ေရွ႕စံရာထူးကို ႐ုတ္သိမ္းေပးဖို႔ မင္းခမည္းေတာ္ကို တကယ္ပဲ ေတာင္းဆိုခဲ့တာေပါ့" မိဖုရားေခါင္ႀကီးက ေမးလိုက္၏။

ေဖ့လန္ ေခါင္းညိတ္လိုက္သည္။

"ငါ ဒါမ်ိဳး အျဖစ္ခံမွာ မဟုတ္ဘူး" မိဖုရားေခါင္ႀကီးက ေျပာလိုက္သည္။ "ငါ အနာဂတ္အတြက္ ဒီေလာက္ႏွစ္ေတြ အမ်ားႀကီး စီစဥ္ထားတာ၊ မင္းက ထပ္မတိုက္ခိုက္ေတာ့ဘူးတဲ့လား၊ မင္း မလိုခ်င္ေတာ့ရင္ေတာင္ ဆက္တိုက္ခိုက္ေနရဦးမွာပဲ"

ေဖ့လန္ ေအးစက္စက္ ရယ္ေမာလိုက္သည္။

"မယ္ေတာ္ သားေတာ္ကို တြန္းအားမေပးပါနဲ႔"

မိဖုရားေခါင္ႀကီး အကူအညီမဲ့သလို ခံစားလိုက္ရသည္။ သူမေရွ႕မွာ မတ္တတ္ရပ္ေနတာ သူမသားမွ ဟုတ္ရဲ႕လား။ သူက ​ဘာေၾကာင့္ သူစိမ္းတစ္ေယာက္လို ျဖစ္လာတာလဲ။

"မယ္ေတာ္ ေလထန္ေနတယ္" ေဖ့လန္ ေျပာလိုက္၏။ "မယ္ေတာ့္အေဆာင္ေတာ္ကို ျပန္ပါေတာ့"

ေဖ့လန္ နံရံေပၚက ေသြးစြန္း
ရာကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႔ၿခံဝင္းထဲမွ ထြက္လာခဲ့ေတာ့သည္။

ေနာက္တစ္ေန႔တြင္ ဘုရင္မင္းျမတ္ သတိျပန္ရလာသည့္သတင္းက နန္းေတာ္ျပင္ပသို႔ ပ်ံ႕ႏွံ႔သြားသည္။ ဘုရင္မင္းျမတ္ နာမက်န္းျဖစ္ေနစဥ္ ဘုရင္မင္းျမတ္၏ သလြန္ေတာ္ေဘးမွ မခြာေသာ သားသမီးဝတၱရားေက်ပြန္သည့္ သတၱမမင္းသားေၾကာင့္ ဘုရင္မင္းျမတ္ လြန္စြာအားရေတာ္မူသည္ဟူေသာ ေကာလာဟလမ်ားလည္း ထြက္ေနေလသည္။

ေဖ့က်င္း၏အိမ္ေတာ္တြင္ ရန္ရွီးနဥ္ကား အိပ္ရာေပၚ တစ္ေမွးအိပ္လိုက္၍ တစ္ကိုယ္လုံး ေညာင္းညာကိုက္ခဲေနသည္။

ဘုရင္မင္းျမတ္ နာမက်န္းျဖစ္ေနစဥ္အေတာအတြင္း ေဖ့က်င္းကေတာ့ အားလပ္ေနသည္။ အားလပ္ေနေသာဒီညပိုင္းေတြမွာ သူ ရန္ရွီးနဥ္ႏွင့္ ေရအတူခ်ိဳး၊ အိပ္ရာေပၚ အတူလူးလွိမ့္၊ သူမကို တစ္ေမွးအိပ္ေစၿပီးမွ အာ႐ုဏ္မတက္ခင္အထိ ထပ္ၿပီး အိပ္ရာေပၚမွာ လူးလွိမ့္ျပန္သည္။

ေဖ့က်င္း၏ သက္ေတာ္ေစာင့္တစ္ေယာက္က တံခါးေခါက္လာသည္။ ေဖ့က်င္း တံခါးကို ဖြင့္လိုက္ေတာ့ ဘုရင္မင္းျမတ္ သတိျပန္ရလာသည့္အေၾကာင္းကို ေလွ်ာက္တင္ေလသည္။

သက္ေတာ္ေစာင့္ ထြက္သြားၿပီးေနာက္ ေဖ့က်င္း တံခါးကိုပိတ္ကာ အိပ္ရာေပၚသို႔ ျပန္လာခဲ့သည္။

ရန္ရွီးနဥ္ မ်က္လုံးမ်ားဖြင့္လိုက္ၿပီး ေဖ့က်င္းကို ၾကည့္လိုက္သည္။

"အရွင္မင္းႀကီး သတိရလာၿပီလား"

ေဖ့က်င္း ေခါင္းညိတ္လိုက္၏။ "သုံးရက္ေတာင္ ရွိေနၿပီေလ၊ ခမည္းေတာ္ ျပန္သတိရလာခ်ိန္တန္ၿပီေပါ့"

"ဘုရင့္အမိန္႔ေတာ္ကို ကြၽန္မ ေစာင့္ေနတာ" ရန္ရွီးနဥ္ ေျပာလိုက္၏။

ရန္ရွီးနဥ္ ေလးကန္ထိုင္းမႈိင္းေနသလို ခံစားေနရၿပီး သူမတစ္ကိုယ္လုံး မလႈပ္ခ်င္ေသာ္လည္း မင္းသမီးခန္းဟြာ တစ္ရက္ေလာက္ထပ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရတာမ်ိဳး မျဖစ္ေစခ်င္။

ေဖ့က်င္း ရန္ရွီးနဥ္လက္ကေလးကို ဆုပ္ကိုင္လိုက္သည္။ "ရွီးနဥ္ မင္းအေဖနဲ႔ ပတ္သတ္ၿပီး ဘယ္လိုခံစားေနရလဲ ကိုယ္ၾကားခ်င္တယ္"

ရန္ရွီးနဥ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ဘုရင့္အမိန္႔ေတာ္မလာခင္ သူမအေဖ၏ အသက္ကို ခ်မ္းသာေပးဖို႔ ဘုရင္မင္းျမတ္ကို ေတာင္းဆိုေပးေစခ်င္သလားဟု ေဖ့က်င္းက ေမးေနသည္ကို သူမ သိသည္။

"သူက ကြၽန္မအေဖဆိုေပမယ့္" ရန္ရွီးနဥ္က ေျပာလိုက္သည္။ "ကြၽန္မတို႔ ၂ႏွစ္ေလာက္ အတူေနလာတာေတာင္ ႏွစ္ေယာက္ၾကား ခ်စ္ျခင္းေမတၱာမရွိၾကဘူး၊ အမတ္ခ်ဳပ္ႀကီးရာထူးကို ဆုံးရႈံးရတာက သူ႔အတြက္ သက္ညႇာလြန္းေနတယ္လို႔ ကြၽန္မထင္တယ္၊ ကြၽန္မအေမအသတ္ခံရတဲ့ အေၾကာင္းရင္းက သူပဲ၊ ဒါေပမယ့္ သူက ကြၽန္မအေဖျဖစ္ေနတုန္းပဲ၊ သူ႔အသက္ကိုေတာ့ မဆုံးရႈံးေစခ်င္ဘူး"

"ကိုယ္ နားလည္ၿပီ" ေဖ့က်င္း ေျပာ၏။ သူ ရန္ရွီးနဥ္ကို ဖက္လိုက္သည္။ "ရွီးနဥ္
မစိုးရိမ္နဲ႔၊ သူ႔ကို အသက္ခ်မ္းသာေပးဖို႔ ခမည္းေတာ္ဆီ
ကိုယ္ေတာင္းဆိုၾကည့္မယ္၊ ရန္က်င္းကလည္း သူေသမွာကို ထိုင္ေစာင့္ေနမယ့္သူမ်ိဳး မဟုတ္ဘူး၊ ရန္က်င္းက အားနည္းတဲ့ပုံေပၚေပမယ့္ သူသာ လုပ္ႏိုင္စြမ္းမရွိတဲ့လူတစ္ေယာက္ဆိုရင္ ဒီႏွစ္ေတြမွာ အမတ္ခ်ဳပ္ႀကီးရာထူးကို ဆက္ထိန္းထားႏိုင္ခဲ့မွာ မဟုတ္ဘူး၊ အဲ့ဒါေၾကာင့္ သူ႔အသက္ကို ကယ္ဖို႔ သူ အစြမ္းကုန္ႀကိဳးစားလိမ့္မယ္လို႔ ကိုယ္ထင္တယ္"

"သူ ဘာလုပ္လိမ့္မလဲ" ရန္ရွီးနဥ္ ေမးလိုက္သည္။

ေဖ့က်င္း ရန္ရွီးနဥ္ကို တင္းတင္းက်ပ္က်ပ္ ဖက္လိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္သို႔ ၾကည့္လိုက္သည္။

ေဖ့က်င္းထင္ထားသလိုပင္၊
ဘုရင္မင္းျမတ္ သတိရလာတဲ့အေၾကာင္းလည္း ၾကားေရာ အဝတ္အစားလဲကာ ဘုရင္မင္းျမတ္ကို ေတြ႕ရန္ နန္းေတာ္သို႔ အေျပးသြားေတာ့သည္။

ဝမ္ဖုမူက ဘုရင့္အေဆာင္ေတာ္ထဲ ဝင္သြားေသာအခါ ဘုရင္မင္းျမတ္က ေလွ်ာက္တင္စာလႊာမ်ားကို ဖတ္ရႈေတာ္မူေနသည္။

"အရွင္မင္းႀကီး အမတ္ခ်ဳပ္ႀကီးရန္က အရွင္မင္းႀကီးကို ေတြ႕ခြင့္ေတာင္းေနပါတယ္" ဝမ္ဖုမူက ေျပာလိုက္သည္။

"ကိုယ္ေတာ္ သူ႔ကို မေတြ႕ခ်င္ဘူး" ဘုရင္မင္းျမတ္က မိန္႔လိုက္သည္။

ဝမ္ဖုမူ ဘုရင္မင္းျမတ္၏ အေဆာင္ေတာ္အျပင္ဘက္သို႔ ေလွ်ာက္သည္။ ရန္က်င္းက ဘုရင္မင္းျမတ္ သူ႔ကို ေတြ႕ရန္ ေဖ်ာင္းဖ်ေပးဖို႔ ဝမ္ဖုမူကို ေတာင္းပန္ေလသည္။

ဝမ္ဖုမူ သက္ျပင္းခ်လိုက္ၿပီး ဘုရင္မင္းျမတ္၏ အေဆာင္ေတာ္သို႔ ျပန္လာခဲ့သည္။ "အရွင္မင္းႀကီး ရန္က်င္း အရွင္မင္းႀကီးနဲ႔ အေရးတႀကီး ေလွ်ာက္တင္စရာရွိတယ္လို႔ ေျပာပါတယ္"

ဘုရင္မင္းျမတ္က ေအးစက္စြာ ရယ္ေမာလိုက္သည္။"သူ႔မွာ အေရးတႀကီးေလွ်ာက္တင္စရာ ရွိတယ္တဲ့လား၊ သူ႔ကို ေခၚလာခဲ့"

ရန္က်င္း သူ႔ကို ေတြ႕ရဲေသာေၾကာင့္ ဘုရင္မင္းျမတ္ ရယ္ခ်င္သြားသည္။

ရန္က်င္းက သာမန္အဝတ္အစားကို ဝတ္ဆင္ထားၿပီး ဘုရင္မင္းျမတ္ေရွ႕ ဒူးေထာက္ကာ ေခါက္ထားေသာအမတ္ခ်ဳပ္ဝတ္႐ုံကို ကိုင္ရင္း ငိုေႂကြးေတာ့သည္။

"ဒီအရပ္သားက အရွင္မင္းႀကီးကို ဂါရဝျပဳပါတယ္" ရန္က်င္းေျပာလိုက္၏။

"အရပ္သား?" ဘုရင္မင္းျမတ္က ေမးလိုက္၏။

"မွန္လွပါ အရွင္မင္းႀကီး" ေဖ့က်င္း ေျပာလိုက္၏။ "ဒီအရပ္သားက အမတ္ခ်ဳပ္ရာထူးနဲ႔ မသင္ေလ်ာ္ေတာ့ပါဘူး၊ ဇနီးနဲ႔ သမီးအငယ္ဆုံးက အရွင္မင္းႀကီးကို ဆန္႔က်င္ၿပီး ေသေစေလာက္တဲ့ ျပစ္မႈက်ဴးလြန္ထားေသးတယ္၊ ဒါ့ေၾကာင့္ အရွင္မင္းႀကီးကို ေတြ႕ဖို႔ လာခဲ့တာပါ၊ ဒီအရပ္သား အမတ္ခ်ဳပ္ရာထူးကေန ႏႈတ္ထြက္ဖို႔ ဆႏၵရွိပါတယ္"

"ေမာင္မင္းက ရယ္စရာေတြေျပာေနတာပဲ" ဘုရင္မင္းျမတ္က ေျပာလိုက္သည္။ "ရွင္ဘုရငါ လွည့္ျဖားရင္ ဘာျပစ္ဒဏ္လဲ ေမာင္မင္း မသိဘူးလား၊ အားလုံး ေသဒဏ္ပဲ"

"အရွင္မင္းႀကီး ဒီအရပ္သားလည္း လိမ္ညာခံရတာပါ" ရန္က်င္းက ေျပာလိုက္၏။ "ဒီအရပ္သား ဘာမွမသိခဲ့ရပါဘူး"

ဘုရင္မင္းျမတ္ ေအးစက္စြာ ရယ္ေမာလိုက္၏။ နန္းတြင္းသက္ေတာ္ေစာင့္ေတြက လွည့္ျဖားတဲ့အထဲ ရန္က်င္းမပါဝင္ဟု ေလွ်ာက္တင္လွ်င္ေတာင္ သူ႔အေရွ႕တြင္ ငိုယိုေတာင္းပန္ေနေသာ ရန္က်င္းကို ျမင္ရသည္မွာ စိတ္အေႏွာင့္အယွက္ျဖစ္လွသည္။

"ဒီအရပ္သား အရွင္မင္းႀကီးကို ေတာင္းဆိုခ်င္တာ တစ္ခုရွိပါတယ္" ရန္က်င္းက ေျပာလိုက္သည္။

ရန္က်င္းက စည္းေတြ ေဘာင္ေတြကို နားမလည္ဟု ဘုရင္မင္းျမတ္ ေတြးမိသြားသည္။

"အရွင္မင္းႀကီး ဒီအရပ္သား
ခန္းဟြာကို ကြာရွင္းလိုပါတယ္" ရန္က်င္း ေျပာလိုက္၏။

"သူ႔ကို ကြာရွင္းလိုက္ရင္ ေမာင္းမင္းအသက္ကို ကိုယ္ေတာ္က အသက္ခ်မ္းသာေပးလိမ့္မယ္လို​ျ ထင္ေနတာလား"ဘုရင္မင္းျမတ္က ေမးလိုက္၏။

"အရွင္မင္းႀကီး မသိေသးတာ ရွိပါတယ္" ရန္က်င္းက ေျပာ၏။ "ဒီအရပ္သား ခန္းဟြာကို ကြာရွင္းခ်င္တဲ့အေၾကာင္းရင္းက သူလုပ္ထားတဲ့အျပစ္နဲ႔ မဆိုင္ပါဘူး၊ သူ တစ္ျခားေယာက္်ားတစ္ေယာက္နဲ႔ ေဖာက္ျပန္ၿပီး ဒီအရပ္သားကို ႏွစ္ေပါင္းမ်ားစြာ လိမ္ခဲ့တာပါ"

ဘုရင္မင္းျမတ္သည္ ရန္က်င္းကို အထင္ေသးသလို ၾကည့္လိုက္၏။

"အရွင္မင္းႀကီး အမွန္ေတာ့ ရန္ရွီးထင္က ဒီအရပ္သားရဲ႕ သမီးမဟုတ္ပါဘူး" ရန္က်င္းက ေျပာလိုက္သည္။ "ရန္ရွီးထင္က ခန္းဟြာနဲ႔ သူ႔ဝမ္းကြဲအစ္ကို
ရဲ႕ သမီးပါ၊ ခန္းဟြာက ဒီအရပ္သားကို ဆယ့္ေျခာက္ႏွစ္ေက်ာ္ေလာက္ လိမ္ခဲ့တာ၊ အမွန္တရားကို မၾကာေသးခင္ကဲ ရွာေတြ႕ခဲ့တယ္၊ ခန္းဟြာက ဒီေလာက္ထိ စက္ဆုပ္ဖို႔ေကာင္းလိမ့္မယ္လို႔ ဒီအရပ္သား မထင္ခဲ့ဘူး၊ အဲ့ဒါေၾကာင့္ပဲ သူ႔ကို ကြာရွင္းခ်င္တာပါ၊ အရွင္မင္းႀကီး ဒီအရပ္သားဆႏၵကို ျဖည့္ဆည္းေပးေတာ္မူပါ၊ အရွင္မင္းႀကီး ဒီအရပ္သားကို မယုံၾကည္ရင္ စုံစမ္းဖို႔ လူလႊတ္ႏိုင္ပါတယ္၊ ဒီအရပ္သား အရွင္မင္းႀကီးကို လိမ္ခဲ့ရင္ ေသဖို႔ဆႏၵရွိပါတယ္"

ရန္က်င္း၏ ​ေျဖာင့္မတ္ကာ သူေတာ္ေကာင္းေယာင္ေဆာင္ေနေသာပုံစံကို ဘုရင္မင္းျမတ္က ရယ္ေမာလိုက္သည္။ ရန္က်င္းသည္ ဂုဏ္သိကၡာႏွင့္ ရာထူးကိုသာ တန္ဖိုးထားသည္ကို သူသိသည္။ ရန္က်င္းက ငိုကာ ေတာင္းပန္ရမည့္တစ္ေန႔ ရွိလာလိမ့္မည္ဟု သူ ထင္မထားခဲ့။ ခန္းဟြာက တစ္ျခားေယာက္ႏွင့္ ေဖာက္ျပန္ရဲလိမ့္မည္ဟု သူ မေမွ်ာ္လင့္ထားသလို ရန္ရွီးနဥ္သည္ ရန္က်င္း၏သမီး မဟုတ္တာကိုလည္း သူ မေမွ်ာ္လင့္ထားခဲ့။

"အရွင္မင္းႀကီး ဒီရက္ေတြမွာ ဒီအရပ္သား ဝဋ္လည္တာလို႔ ေတြးေနမိတယ္" ရန္က်င္းက ေျပာလိုက္၏။ "အဲ့ဒီႏွစ္တုန္းက ပထမဇနီးႏွင့္ သမီးကို ဒုကၡခံစားရေအာင္ စြန္႔ပစ္ခဲ့မိတယ္၊ အတိတ္ကို ရင္ဆိုင္ဖို႔ ဒီအရပ္သားမွာ ယုံၾကည္ခ်က္မရွိေတာ့ဘူး၊ ခန္းဟြာက က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ မိန္းမပဲ၊ သူ႔ထိန္းခ်ဳပ္မႈေအာက္မွာ ဒီအရပ္သား ႏွစ္ေပါင္းမ်ားစြာ ခံစားလာခဲ့ရတာ၊ ဒါေပမယ့္
သူ႔ရဲ႕ေဖာက္ျပန္မႈနဲ႔ လိမ္ညာလွည့္ျဖားမႈေတြကို ဒီအရပ္သား
မ်ိဳသိပ္မထားႏိုင္ေတာ့ဘူး၊ အရွင္မင္းႀကီး သူ႔ကို ကြာရွင္းခြင့္ေပးဖို႔ ေတာင္းပန္ပါတယ္၊ ကြာရွင္းၿပီးရင္ ဒီအရပ္သား ႐ႊမ္ခ်င္းကိုျပန္ၿပီး ပထမဇနီးေဘးမွာပဲ ေခါင္းခ်ေတာ့မယ္"

ရန္က်င္းသည္ ဘုရင္မင္းျမတ္ေရွ႕တြင္ သနားစရာေကာင္းခ်င္
ေယာင္ေဆာင္ေနေလသည္။ ဘုရင္မင္းျမတ္က သူ႔အသက္ကို ခ်မ္းသာေပးလိမ့္မလား သူလည္း မေသခ်ာ။ ဘုရင္မင္းျမတ္၏ တိတ္ဆိတ္ေနမႈက သူ႔ကို ပိုၿပီးစိုးရိမ္လာေစသည္။

"ရန္က်င္း ေမာင္မင္းကို ငါကိုယ္ေတာ္ ေလွ်ာ့တြက္မိ
လိုက္တာပ​ဲ" ဘုရင္မင္းျမတ္ ေျပာလိုက္၏။ "ေမာင္မင္းေျပာတာ အမွန္ဆိုရင္ ငါကိုယ္ေတာ္ဆီက ဒါကို ယူၿပီး အိမ္ျပန္လိုက္ေတာ့၊ ခန္းဟြာက ေမာင္မင္းကို ဒီလိုဆက္ဆံမွေတာ့ သူ အသက္ဆက္ရွင္ေနဖို႔ မလိုေတာ့ဘူး၊ ဒါေပမယ့္ သူက မိဖုရားေခါင္ႀကီး၏ ညီမေတာ္ျဖစ္ေနေတာ့ အျပင္ဘက္ကို ဒီသတင္းပ်ံ႕သြားလို႔ မေကာင္းဘူး၊ ဒီကိစၥကို သိုသိုသိပ္သိပ္ပဲ ကိုင္တြယ္လိုက္"

ဘုရင္မင္းျမတ္၏ သုံးေပရွည္ေသာ ပိတ္စျဖဴကို ျမင္လိုက္ရေတာ့ ရန္က်င္း၏ကိုယ္မွာ တုန္လႈပ္သြားရသည္။ ဘုရင္မင္းျမတ္က ခန္းဟြာကို ေသေစခ်င္ၿပီး ခန္းဟြာအိမ္ေထာင္ေရးေဖာက္ျပန္တာကို လွ်ိဳ႕ဝွက္ခ်က္အျဖစ္ ထားခ်င္ေနမွန္း သူ သေဘာေပါက္သြားေတာ့သည္။ ခန္းဟြာ၏ အိမ္ေထာင္ေရးေဖာက္ျပန္မႈကို သူ မေဖာ္ထုတ္ႏိုင္လွ်င္ ခန္းဟြာကို သတ္တာက သူ႔ဆုံးျဖတ္ခ်က္လို႔ တစ္ျခားသူမ်ားက ထင္ၾကလိမ့္မည္။ ဘုရင္မင္းျမတ္ကေတာ့ အျပစ္ကင္းေပလိမ့္မည္။

"တစ္ျခား​ေလွ်ာက္တင္စရာရွိေသးလား" ဘုရင္မင္းျမတ္က ေမးလိုက္၏။

"အရွင္မင္းႀကီးရဲ႕ အႀကံဉာဏ္ကို ဒီအရပ္သား နားေထာင္ပါ့မယ္" ရန္က်င္း ေျပာလိုက္၏။

ဘုရင္မင္းျမတ္ ရယ္ေမာလိုက္သည္။ "ေမာင္မင္းက လူေတာ္တစ္ေယာက္ပဲ၊ ဒီအေျခအေနကို ေျဖရွင္းၿပီးတဲ့အခါ မင္းရဲ႕ပထမဇနီးရွိတဲ့ ႐ႊမ္ခ်င္းကို ျပန္ခြင့္ျပဳမယ္"

ရန္က်င္းကေတာ့ ဘုရင္မင္းျမတ္လို လြတ္လြတ္လပ္လပ္ မရယ္ႏိုင္ခဲ့ေခ်။ ႐ႊမ္ခ်င္းကို မေရာက္ခင္မွာပဲ သူေသႏိုင္သည္ကို သူသိသည္။

ရန္က်င္း အကူအညီမဲ့စြာ ထြက္ခြာသြားသည္ကို ဘုရင္မင္းျမတ္ ၾကည့္ေနရင္း ၾကင္နာျခင္းကင္းေသာ သူ႔ႏွလုံးသားထဲမွ က်ိန္ဆဲလိုက္ေတာ့သည္။

"ရန္က်င္း ငါကိုယ္ေတာ္ မင္းကို အသက္ခ်မ္းသာေပးဦးမလို႔ပဲ၊ ဒါေပမယ့္ မင္းရဲ႕ဉာဏ္ရည္ကို ေလွ်ာ့တြက္မိသြားတယ္၊ ငါကိုယ္ေတာ္ရဲ႕အမိန္႔ေတာ္ကို ေမာင္မင္း ဆန္႔က်င္ရဲသလား"

Continue Reading

You'll Also Like

257K 32.3K 46
ႏွစ္​​ေပါင္​းမ်ားစြာ ၾကာၿပီး​ေနာက္​ အား​ေက်ာ​င္​းတစ္​​ေယာက္​ သူမ၏သားစဥ္​​ေျမးဆက္​တို႔ကို သူမဘဝအ​ေၾကာင္​းအား​ေျပာျပ​ေန​ေလသည္​။ "အစက​ေတာ့ ငါက အဲ့ဒီလူရဲ...
93K 10.1K 120
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
182K 20K 99
ဘာသာပြန်သူ - စွဲညို့အသင်း
391K 49.3K 36
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...