Love of an idoit အရူးတစ်ယောက...

By Bai_lianhua

636K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း၂၄

7.2K 576 61
By Bai_lianhua

Unicode

    ရှောင်ဟန်သည် အပြင်မှ ပြန်ရောက်လာကတည်း
က ဘာမှ မဖြစ်ခဲ့သည့် ဟန်ပန်မျိုးဖြင့်သာ ကျိုးယွင် မရိပ်မိစေရန် တစ်ချိန်လုံး ဟန်ဆောင်ကာနေနေရတာဖြစ်သည်။
မဟုတ်ပါလျှင် ကျိုးယွင်က မနက်တုန်းကကောင်လေး၏ ပြောစကားများကို စိတ်ထဲထားပြီး မဟုတ်တာတွေကိုဘဲ တွေးတောနေမိပြီး လမ်းမှားရောက်သွားမည်ဆိုးသည့်အတွက်ကြောင့်သာ...။ဒါမျိုးကိုတော့ သူအဖြစ်မခံနိုင်ပါ။သူက အားယွင်လေးကို ပုံမှန် အတွေးနဲ့ သာမာန်ကလေးတစ်ယောက်သာ ဖြစ်စေချင်သည်။

ထို ကုန်းရိဆိုသည့် လက်ရဲဇွက်ရဲနိုင်လှသည့် မသိတာဘာမှမရှိသည့် ခေတ်လူငယ်ကောင်းလေး တစ်ယောက်လိုမျိုး မဖြစ်စေချင်ပါ။ထိုကောင်လေးကဲ့သို့ လမ်းအမှားကို မရွေးချယ်မိစေချင်ပေ...။ထို့အတွက်ကြောင့် မနက်တုန်းက ကိစ္စရပ်ကို ဘာမှမဖြစ်သလိုသာ ဟန်ဆောင်ကာနေ နေရခြင်း ဖြစ်သည်။သူ၏စိတ်ထဲ၌တွင်မူ ကျိုးယွင်၏ အလစ်ကို စောင့်ဆိုင်းနေရခြင်းသာ ဖြစ်၏။

ဒီကလေးကလည်း ပြန်ရောက်ကတည်းက သူ့အနားတွင်ကပ်နေသည်က တောက်တဲ့လေး တစ်ကောင်ကဲ့သို့ပင်...။မိုးချိန်းမှသာ ခွာမည့်ဟန်ရှိသည်။သို့သော် ရာသီဉတုသည်လည်း ရှောင်ဟန် ဘက်တွင်ရှိမနေပါချေ။ အေးစက်ပြီးနှင်းကျနေသည့် ရာသီဉတုက သူ့ကို သွားဖြဲပြချင်သည့် ပုံစံရှိသည်။

ရှောင်ဟန်သည် ကျိုးယွင်က သူ၏အနားမှရုတ်တရက် ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါတွင် သူ၏ နှလုံးခုန်သံများသည်ကား ချက်ချင်း ပင် ဗြောင်းဆန်လို့သွားရသည်။သို့သော်လည်း မည်သည့်အချိန်တွင် အနားသို့  ပြန်ရောက်လာမည်ကို မသိရသည့်အတွက်ကြောင့် လော့မင်ဆီသို့  စာပို့ရမည်ကို အခက်တွေ့နေရလေသည်။ သူ၏ လက်ထဲမှ ဖုန်းသည်ကား ဖွင့်လိုက် ပိတ်လိုက်ဖြင့်သာ ဒစ်လည်နေလေသည်။

မဟုတ်တာကို လုပ်မည့်အတွက်ကြောင့်လားတော့ မသိပါ။စိတ်မလုံ၍ သူ့မျက်လုံးများကလည်း အခန်း ပေါက်ဝသို့ သံယောဇဉ် မပြတ်နိုင်ဘဲ တဝဲလည်လည်...
ဒီလိုနှင့်ပင် အချိန်သည်ကား သူ့ဘက်တွင်ရှိမနေချင်တော့သည့်ဟန်... ကျိုးယွင်သည်လည်း  အခန်းထဲသို့ပင် ပြန်ဝင်လာပြီဖြစ်သည်။

ရှောင်ဟန်လည်း ဖွင့်ရန်ပြင်နေသည့် ဖုန်းကို ဆက်မဖွင့်တော့ဘဲအသိမသာဖြင့်ပင် ဘေးအနားရှိ စားပွဲ အပေါ် သို့သာ လှမ်းတင် လိုက်ရတော့သည်။

သူသည် အနားသို့ ရောက်ရှိလာသည့် ကျိုးယွင်ကို နွေးထွေးစွာ ပြုံးပြလိုက်ပြီးမနေနိုင်စွာဖြင့် မေးလိုက်မိသည်။

"အောက်ထပ်ကို ဆင်းသွားပြီး ဘာသွားလုပ်တာလဲ...
အားယွင်က..."

ကျိုးယွင်သည် ရှောင်ဟန်၏ဘေး နေရာအလွတ်တွင် ဝင်ထိုင်လာပြီး ချွဲချင်သည့်လေသံကလေးဖြင့်တုန့်ပြန်လာ၏။

"အောက်ထပ်ကို သွားတာ မဟုတ်ပါဘူး...ကောကလည်း...ကျွန်တော်က အဖေ့ဆီကို ခဏ ခွင့်သွားတောင်းတာပါ..."

"ခွင့်သွားတောင်းတယ်...ဘာအတွက်လည်း..."

"ဟို...နေ့လယ် ပြန်အရောက်တုန်းက လုရှောင်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်လေ...ဒီညသူ့အိမ်မှာ ညပါတီရှိတယ်တဲ့ သူ့ညီရဲ့ မွေးနေ့လို့တော့ပြောတာပဲ...အစက ကျွန်တော်က ကောနဲ့ အတူသွားရအောင်လို့ပဲ...ဒါပေမဲ့ ပွဲက လုရှောင်းရဲ့ ပွဲမဟုတ်ဘူးလေ...
သူ့ညီရဲ့ပွဲ...အဲ့ဒါကြောင့်ကောကို မခေါ်တော့တာ..
ကျွန်တော်ကကျတော့ မသွားလို့မဖြစ်ဘူး...သူငယ်ချင်းအရင်းကြီးလည်းဖြစ်ပြီး သူ့မိဘတွေနဲ့ကလည်း သိနေတော့..."

"......."

"အဲ့တာ အဖေ့ကို ခွင့်သွားတောင်းတာ...အဖေကတော့ ခွင့်ပြုတယ်တဲ့...ကောကိုလည်းအသိပေးချင်လို့...ကောရော...ဒီကိစ္စကို ဘယ်လို သဘောရလည်း..."

ရှောင်ဟန်သည် သူ့ရဲ့ ဝမ်းသာသွားသည့် သူ၏ မျက်နှာထားကို မဖော်ပြဘဲ သဘောထားကြီးတဲ့ အစ်ကိုကြီးဟန်ပန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ လုပ်ပြလိုက်ပြီး

"အင်...ကောကတော့...အားယွင်လေး သဘောပါပဲ...စောစောတော့ ပြန်လာမယ်မို့လား...."

ကျိုးယွင်က သေချာစဉ်းစားလိုက်ပြီးနောက် ခေါင်းလေးခါကာ ချစ်စဖွယ် အမူအရာလေးဖြင့် ဆိုလာသည်။

"အဲ့တာတော့ ကျွန်တော်လည်း မသိရသေးဘူး...တစ်ခါမှလည်း...ဒီလိုမျိုးမသွားဖူးဘူးတော့ ပွဲပြီးတာနဲ့ တန်းပြီးပြန်လာမှာပါ...ဟီး...အပြန်တော့ နည်းနည်းနောက်ကျလောက်မယ်...ဘာလဲ...ကောက ကျွန်တော် နောက်ကျရင်...တစ်ယောက်တည်းနေရမှာ ကြောက်လို့လား...အခုအရွယ်ကြီးအထိ သရဲ ကြောက်တယ်လို့တော့ လာမပြောနဲ့ နော်..."

ရှောင်ဟန်သည် ထိုသရဲကြောက်လို့လား ဟုဆိုသည့် အပြောစကားကြောင့် ဂုဏ်သိက္ခာကို အပါမခံသည့် လူတစ်ယောက်ကဲ့သို့ပင် ခေါင်းတခါခါဖြင့် လုပ်ပြမိလိုက်ပြီး အတင်းငြင်းဆန်မိတော့သည်။

"ဘယ်ကသာ...သရဲကြောက်ရမှာလည်း...မကြောက်ပါဘူး...ကြောက်မယ့်ကြောက်...သူတို့ကတောင်ကောကိုပြန်ကြောက်ရအူးမယ်..."

"ကော...မကြောက်ဘူး ဆိုရင်လည်း ပြီးတာပါပဲ... ကြောက်ရင် မီးအလင်းထွန်းထားလိုက်လေ..."

ရှောင်ဟန်က ကျိုးယွင်၏ ပုခုံးလေးကို တစ်ချက်ပုတ်ပေးလိုက်ပြီး ထပ်မံ၍ ဆိုလိုက်သည်။

"..ဟုတ်ပါပြီ...အဲ့လိုပဲကောလုပ်လိုက်ပါ့မယ်...ကဲ...ရှောင်းယွီက အားယွင်ကို ဘယ်နှစ်နာရီ လာရမယ်လို့ ပြောထားတာလဲ...ဘာမှ မပြင်ဆင်ရသေးဘူးမို့လား...သွားလုပ်တော့လေ...နောက်ကျရင် မကောင်းဘူး...အားနာစရာကြီး... ကောလည်း ခဏနားလိုက်အူးမယ်..."

"ဟုတ်...ကော...ဒါဆိုရင် ကော အနားယူလိုက်ပါအူး...ကျွန်တော် မနှောက်ယှက်တော့ပါဘူး..."

"အင်..."

ရှောင်ဟန်လည်း ကျိုးယွင်က ပါတီသွားမည်ဟုဆိုသည့် အတွက်ကြောင့် သူ့မှာ တစ်ညလုံး အချိန်ရှိသေးသည်ဟုတေးထားလိုက်ပြီး ပျော်ပျော်ကြီးဖြင့်သာ မျက်စိမှိတ်ပြီး အနားယူလိုက်တော့သည်။
မိနစ်ပိုင်း၌ပင် ရှောင်ဟန်သည်ကား  နှစ်နှစ်ချိုက်ချိုက်ပင် အိပ်ပျော်သွားတော့သည်။

ကျိုးယွင်သည် အိပ်ပျော်သွားပြီ ဖြစ်သည့် ရှောင်ဟန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်ကာ အလိမ်ညာအပြင်အဆင်မျိုးကိုပင် မပြုလုပ်တော့ဘဲ ဂျင်းအက်ျီ လက်ရှည်အနက်တစ်ထည်ကိုသာ ဝတ်ဆင်ပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

-------------------------

ကျိုးယွင် ထွက်သွားပြီး တစ်နာရီခွဲလောက်အကြာမှာမှသာ ရှောင်ဟန်သည် အိပ်မှုံဆုပ်ဖွားဖြင့်နှိုးလာရတော့သည်။
သူနိုးပြီးပြီးချင်း နာရီကိုကြည့်လိုက်သည့်အခါတွင် အချိန်သည်ကား ၈နာရီပင် ခွဲချေတော့မည်။ သူ မအိပ်ရသေးသည့် အချိန်တုန်းကပင် နာရီက ၇နာရီသာ ရှိသေးသည်။
အားယွင်ထွက်သွားသည့်အချိန်သည် ခန့်မှန်းခြေအားဖြင့် တစ်နာရီလောက် ဖြစ်ဖို့များသည်။မည်သည်ကြောင့်ဟုဆိုရလျှင် ပြင်ဆင်ချိန်က နာရီဝက်လောက် ဖြစ်နိုင်သည့်အတွက်ကြောင့်...

အားယွင်က ညပြန်အလာ နောက်ကျမည်ဟုပြောထားသည့်အတွက် သူလည်း ဇိမ်ပြေနပြေဖြင့် ရေ အရင် ချိုးရန်ဆုံးဖြတ်လိုက်သည်။

ရှောင်ဟန်သည် ရေချိုးပြီးသည်နှင့်  အဝတ်အစားကို မကြာသေးခင်ကမှ ဝယ်ထားသည့် ညအိပ်ဝတ်စုံ အသစ် ကိုထုတ်ဝတ်လိုက်သည်။
ထိုဝတ်စုံသည်ကား ချည်သားအကောင်းစားများကို အသုံးပြုထားသည့်အတွက်ကြောင့်ရယ်လားမသိ...
နေရထိုင်ရသည်ကား ပေါ့ပါးကာ ခန္ဓာကိုယ်တွင် သူ့နေရာနဲ့ သူ ပုံပန်းတကျ ဖြစ်နေလေသည်။
ရှောင်ဟန်လည်း မိမိကိုယ်ကိုယ်ကို တစ်ချက်ကြည့်လိုက်ပြီး သိပ်အမြင်မသင့်ဘူးဟု မခံစားမိသည့် အတွက်ကြောင့် ပြန်မလဲဖြစ်တော့ဘဲ ဒီအတိုင်းသာ ဝတ်ဆင်ထားလိုက်တော့သည်။

အားလုံးပြီးစီးသွားသည်နှင့် ကုတင် ပေါ်၌ အကျအနနေရာယူလိုက်ပြီး လော့မင်ဆီသို့ စာပို့ရန် ပြင်လိုက်၏။
အချိန်ကိုက်ပင် လော့မင်သည်လည်း လိုင်းပေါ်တွင်ရှိနေလေသည်။

ရှောင်ဟန်လည်း သိချင်ဇောဖြင့် အချိန်မဆွဲတော့ဘဲ စပြီး စာပို့လိုက်တော့သည်။

[ရှောင်ဟန်; ဟိုင်း...
လော့မင်...
မင်းရဲ့ အချစ်ဆုံးကြီး မင်းကို အရေးကြီးကိစ္စမေးဖို့ရှိတယ်...မင်းရဲ့ ကျန်တာတွေကို ခဏလေး ရပ်ထားလိုက်ပြီး ငါ့ကို အဖက်လုပ်ပေးအူး...ဟုတ်ပြီလား...]

စက္ကန့် ပိုင်းလောက်အကြာတွင် လော့မင်ဘက်မှလည်း သူ့ဆီသို့ စာပြန်လာလေသည်။

[လော့မင်; ပေါ်လာသေးတယ်နော်...ငါကမင်းကို...သေသွားပြီထင်နေတာ...]

[ရှောင်ဟန်; သေခိုင်းစေချင်ရင်လည်း နောက်မှဘဲ သေခိုင်း...အခုတော့ မသေခိုင်းနဲ့အူး...ငါမင်းကို သိချင်တာလေးတွေနည်းနည်းမေးချင်လို့...သိမသိ မင်းအပေါ် ပဲ မူတည်တယ်...ဘယ်လိုလည်း ဖြေပေးမယ်မို့လား...]

[လော့မင်; လှည့်ပတ်မနေနဲ့...မေးစရာရှိသာတာမေး...အကုန်မေးလို့ရတယ်...လောကမှာ လော့မင် မသိတာ ဘာမှမရှိဘူး...]

လေကြီးလေကျယ်ဖြင့်ရေးလာသည့် လော့မင်၏ စာကြောင့် ရှောင်ဟန်သည် မျက်နှာကို တစ်ချက်ရှုံ့ပစ်လိုက်ပြီး နှုတ်ခမ်းပင်ထော်လာမိတော့သည်။
ရှောင်ဟန်လည်း လော့မင်ကို မခံချင်အောင် ပြန်ရေးပို့လိုက်သည်။

[ရှောင်ဟန်; သေချာလို့လား...မင်းဟာကြီးက...အပြောကြီးတဲ့သူတွေရဲ့ လက်ရှိအသိက ပြားစေ့ဉီးနှောက်သာသာလောက်ပဲလို့ကြားဖူးတယ်...တကယ်အကုန်သိတာ သေချာလား...]

[လော့မင်; ရှောင်ဟန်...ငါ့ကိုမင်းလို မအူမလည်များထင်နေတာလား...နယ်တစ်ကာလှည့်ပြီး စကား​ပေါလာတဲ့ကောင်ပါကွာ...မသိတာ မရှိဘူးယုံလိုက် အရာရာတိုင်းကို မင်းထက်နိုက်နိုက်ချွက်ချွက်ပိုသိတယ်...လူကိုဘာများမှတ်နေလည်း...မေးစရာ ရှိသာမေး...ဒါနဲ့ လိုရင်းကို မရောက်တော့ဘူး...]

ရှောင်ဟန်လည်း လော့မင်က ထိုကဲ့သို့ရေးလာသည့်အတွက်ကြောင့် မျက်နှာပူပူနှင့်ပင် စာရိုက်လိုက်ရတော့သည်။ ဘာလိုပဲ ဖြစ်ဖြစ် သူ့မျက်နှာကို လော့မင်မြင်နေရတာမှ မဟုတ်ဘဲ...။သူရှက်နေလည်း လော့မင် မြင်မှာမဟုတ်တော့ ကိစ္စမရှိပေ။

[ရှောင်ဟန်;ဒီနေ့ ငါ့ကို လူကြားထဲမှာ ကောင်လေးတစ်ယောက်က ရည်းစားစကားလာပြောတယ်...ပြီးတော့ ပြောနေတဲ့အချိန်မှာလည်း ဘေးမှာ...အားယွင်လေးရောရှိတယ်...အဲ့တာက အခု သိပ်ပြီး ပြဿနာမဟုတ်ပေမဲ့... နောက်ဆို ဒီလိုမျိုးတွေ နောက်ထပ်ဘယ်သူတွေက ထပ်ပြီးဒါမျိုးပြောလာမလဲဆိုတာက မသေချာဘူး... သူတို့တွေရဲ့ သုံးနှုန်းတဲ့ စကားလုံးတွေကိုလည်း သိပ်ပြီး မလည်ဝယ်တော့ ဆိုးဆိုးဝါးဝါးတွေ ပြောလာရင်ရှောင်နိုင်​ေအာင်လို့...အဲ့တာ အဲ့ဘက်အပိုင်းကို မင်းရော နားလည်လား...]

[လော့မင်;ဘာများလည်းလို့...ထင်တဲ့အတိုင်းပဲ...တစ်ချိန်ကျရင်မင်းမေးလာမယ်ဆိုတာ...ငါကြိုသိနေတယ်...အဲ့ဒါကြောင့်မို့မင်းမေးလာမဲ့ အချိန်ကိုစောင့်နေခဲ့တာ...ငါပြောသားပဲ...မင်းက တစ်ခါတစ်လေကျရင် သဘောကောင်းတဲ့ အစ်ကိုတစ်​ယောက်ပုံစံပေါက်နေပေမဲ့...အမှန်တကယ်တော့ အလှလေးတစ်ယောက်လိုပဲ...နုရွပြီးနွဲ့မနေတာပဲရှိတာ... အဲ့လောကမှာ တော်တော်လေး အကြိုက်တွေ့ရမဲ့ သိမ်မွေ့​ပြီးတန်ဖိုးရှိတဲ့ Uke တစ်ယောက်  လိုပဲ...မင်းရဲ့typeက...]

[ရှောင်ဟန်; ဘာကြီးလဲမင်းပြောတဲ့ဟာကြီးက...Ukeဆိုတာကြီးလဲ ငါနားမလည်ဘူး...]

[လော့မင်; ငါရှင်းပြပါ့မယ်...မင်းဘက်ကငြိမ်ငြိမ်လေးနေပြီးစောင့်ဖတ်နေ စာလာမပို့နဲ့မျက်စိရှုပ်တယ်...ငါဆုံးအောင်အထိ ရှင်းပြသွားမှာမို့...
ဖြစ်နိုင်ခြေအများစုက မင်းကို အဲ့လို စကားတွေ လာပြောကြမယ့်လူတွေထဲမှာ အများစုက Semeတွေပဲ...Seme ဆိုတာကတစ်နည်းအားဖြင့် top ကိုပြောတာ အပေါ်ကလူ...စောစော Uke ဆိုတာက...bottom ကိုပြောတာ အောက်ကလူ...]

ဒီလိုကြီးရေးလာလေတော့ ရှောင်ဟန်သည် မနေနိုင်မထိုင််ဘဲ ပြန်ရေးရပြန်သည်။

[ရှောင်ဟန်;ဒါဆိုရင်... ငါ့ရုပ်က အောက်ကရုပ် ပေါက်နေလို့လား...]

[လော့မင်; လျှာရှည်လိုက်တာ လိုရင်းကို မရောက်တော့ဘူး...ထပ်သိချင်သေးတယ်ဆိုရင် စကားထပ်ဟမလာနဲ့....]

ရှောင်ဟန် လည်း နောက်မှ မကျေနပ်ချက်ကို ရေးမည်ဟုသာ တေးထားလိုက်ရသည်။

[လော့မင်; မင်းပြောတဲ့အဲ့ကောင်လေး မင်းကို ပြောလာတဲ့ စကား ဆန်းတွေကဘာတွေမိုလို့လဲ...]

[ရှောင်ဟန်; ဟို ပါတနာဆိုလား...ပြီးတော့ ကောင်းကောင်းအဖော်ပြုပေးမယ်တဲ့...အရည်အချင်းကိုကြည့်ပြီးမှ သူ့ကိုလက်ခံတဲ့...
ဟို ပါတနာဆိုတာ ငါသိတဲ့ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းသုံးစကားမို့လား...]

[လော့မင်; မင်းသိတဲ့ လုပ်ဖော်ကိုင်ဖက်တော့မဟုတ်ဘူး...ဟိုကိစ္စရဲ့ လုပ်ဖော်ကိုင်ဖက်...နားလည်ရဲ့လား...အဓိပ္ပါယ် ကအဲ့မှာ ပါနေပြီးသားကို... မင်းအဲ့လောက်တော့ ရှင်းပြီမလား အဲ့ဒီ ပါတနာကို နားလည်ရင် စောစောက သူပြောလိုက်တဲ့ စကားတွေအားလုံးရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ မင်းနားလည်လောက်မှာပါ...ကျန်တာဘာမေးချင်သေးလည်း...]

[ရှောင်ဟန်; ထပ်မေးချင်တာက မင်းက ဘာလို့ အဲ့တာတွေကို သိနေရတာလည်း...မင်းကရော...ဘာလဲ...ပြီးတော့ အဲ့လို အချင်းချင်းကြီး  ဘယ်လိုပြောရမလည်း..ငါ မရေးရဲဘူး...မင်းဘဲ အကုန်ပြောပြ... ငါရှောင်လို့ရအောင်...ငါက ယောကျာ်း လေးတွေကို စိတ်ဝင်စားတာတော့ မဟုတ်ပေမဲ့... ငါလည်း သိထားသင့်တယ်လို့ထင်တယ်...မင်းသိတဲ့ အတိုင်းပဲ...ငါ့ accမှာ အဲ့လိုလာပြောတဲ့သူတွေက နည်းတာမှ မဟုတ်ဘဲ...ရှောင်လို့ရအောင်...]

[လော့မင်; မင်းရဲ့ အချစ်ဆုံးကြီးက အဲ့ လောက သားတော့ မဟုတ်ဘူး...ဘာလို့သိနေတာလည်းဆိုတာကလည်း...ငါ့ရဲ့ ဝမ်းကွဲ ညီက အဲ့လောကထဲကပဲ သူက ကောင်လေးတစ်ယောက်နဲ့ တွဲနေတာဆိုတော့ ငါ့ကို အကုန်ရင်ဖွင့်ပြတယ်...မင်းသိတဲ့အတိုင်းပဲ ငါကလည်း...အကုန်သိချင်ဆိုတော့ လေ့လာဖြစ်သွားတယ်...
မင်းသိချင်တဲ့ အချင်းချင်းဆိုတာ နေလို့ရမရကိုမေးတာမဟုတ်လား...ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုရော...

မင်း သိချင်ရင်လည်း ရှင်းပြရတော့ မှာပေါ့ ငါလည်း တစ်ယောက်ထဲ သိထားရတော့ မျှဝေချင်နေတာနဲ့ အတော်ပဲ...အရင်က မင်းက ဘာမှမသိဘာမှမတတ်ဆိုတော့ ပြောရမှာ အားနာလို့...ဟီး...သိသွားတော့လည်း...မင်းအတွက်လည်းကောင်းတာပေါ့...]

ရှောင်ဟန်သည် ပြောစရာရှိသည်ကို မြန်မြန်မပြောဘဲ လေ ကြောရှည်နေသည့် လော့မင်ကို စိတ်မရှည်တော့ဘဲ စာပြန်ပို့လိုက်တော့သည်။

[ရှောင်ဟန်; အခုလေကြောရှည်နေတာ... မင်းလို့တော့ ငါထင်တာပဲ...]

[လော့မင်; ပြောပါ့မယ်...အလှလေးရယ်...သိချင်လိုက်တာလည်း အရမ်းပဲ...မနေနိုင်မထိုင်နိုင်ဖြစ်မနေနဲ့...ငါက စာပို့ပြီးပြောရတာ အားမရလို့...နောက်နေ့မှ မျက်နှာချင်းဆိုင် တွေ့ပြီး ပြောရင်ကောင်းမလားလို့စဉ်းစားနေတာ...ဘယ်လိုလဲ...မနက်ဖြန် မင်းဆီကိုလာခဲ့ရမလား...]

[ရှောင်ဟန်; မင်းငါ့ကို တစ်ခါတည်း သေသွားစေချင်လို့လား...အခုတောင်...ငါ့မျက်နှာက ခရမ်းချဉ်သီး ဖြစ်နေပြီ...စာပို့ပြီးပဲပြော...ဒာဲ့ဒါကမှ နားရှက်ရတာ သက်သာအူးမယ်...]

[လော့မင်;စာပို့တော့ ရော မျက်လုံးမရှက်ရလို့လား... မင်းဟာက...]

[ရှောင်ဟန်; မျက်လုံးကမှ နည်းနည်းခံသာနေသေးတယ်...မဟုတ်ရင် မင်းမျက်နှာကြီးကိုရော မင်းအသံကြီးကိုပါဆိုတော့ ဝေဒနါ နှစ်ဆ တိုးသွားမှာ ဆိုးလို့...စာပဲပို့..စျေးလာမဆက်နဲ့...ဟုတ်ပြီလား...]

This sentence should not be viewed by anyone under the age of 18 🔞 👇
(ဒီလောက သမားတွေ သိထားသင့်တဲ့ အတွက် သိထားရသလောက် တဆင့်ပြန်ရှင်းပြချင်လို့ သေသေချာချာလေးရေးပေးထားပါတယ်)

[လော့မင်; ဒါဆိုလည်းပြီးရော...အခုပဲ...ပြောပြလိုက်မယ်...
ယောက်ျားလေး အချင်းချင်း ကြိုက်လို့ရလားဆိုတော့...ကြိုက်လို့ရတယ်...အချင်းချင်းကြီး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ မေးလာမယ်ဆိုရင်လည်း...အဖြေက ရှိနေရှိနေပြီးသား...
ဖြစ်နိုင်တယ်...ဘာလို့လည်း ဆိုတော့...သူတို့လိင်တူတွေလည်း သာမာန် အတွဲတွေလိုပဲ...ဆက်ဆံလို့ရတယ်...အဲ့လိုရလို့လည်း လိင်တူကြိုက်တူတွေ ရှိလာတာပေါ့...
ဘယ်ကနေ ဆက်ဆံတာလည်းဆိုတော့ အနောက်ပေါက်ကနေဘဲ...အဲ့လောကမှာတော့ ခရေပွင့်လို့ ပြောကြတယ် စကားအလှသုံးပြီးတော့...
ပြီးတော့ လိင်တူ ဆက်ဆံကြတဲ့ အခါ နှစ်ယောက်လုံးက feel လို့ရတယ်
အပေါ်ကလူက ပုံမှန် ဆက်ဆံသူတွေလိုပဲ feelကိုရရှိမယ်
ဆက်ဆံတဲ့အခါ တင်းကြပ်လာတိုင်း feel ရလိမ့်မယ်

အောက်ကလူကလည်း သူ့ နည်းသူ့ဟန်နဲ့ ရှိပြီးသား
အောက်ကလူက ဘယ်လို feelလည်းဆိုတော့...
ပြောရရင် ...ဉပမာ
သူတို့ရဲ့ အနောက်ဘက် ထဲကို လက်နဲ့ ထိုးကြည့်လိုက်လို့ရှိရင် ကာပယ်အိတ်ရှိတဲ့ အရှေ့ဘက်နားလောက်မှာ မပျော့မမာ ဖြစ်နေတဲ့ နေရာတစ်ခုရှိတယ်...အဲ့နေရာကို ဆီးကျိတ် လို့ခေါ်တယ်...
ဆီးကျိတ်ကို G spot လို့လည်းခေါ်သေးတယ်...
ဆက်ဆံတဲ့အခါမှာ G spot ကို ထိခတ်လိုက်တိုင်းထိတွေ့လိုက်တိုင်း feel ရလာမှာဖြစ်ပြီး အဲ့နေရာက အဲ့ဒီလောကသမားတွေပြောနေကြတဲ့ အထိ မခံတဲ့ နေရာဆိုလည်းဟုတ်တယ်...G spot ကသုတ်ရည် ထွက်တဲ့ နေရာဆိုလည်းမမှားဘူး...အဲ့တော့ သူတို့တွေလည်း
ပုံမှန်အတွဲတွေလိုပဲ...ဆက်ဆံလို့ရတယ်
ဒါပေမဲ့ မလုပ်ခင်မှာလည်း သေချာသန့်ရှင်းဖို့လိုပြီးဖြစ်ပြီးသွားရင်လည်းသေချာ ပြန်သန့်ရှင်းပေးဖို့လိုတယ်...မဟုတ်ရင် ကျန်းမာရေးအတွက်မကောင်းဘူး... ပြီးတော့ ထုံးစမ်အတိုင်း နာကျင်တာတွေကတော့ ရလဒ်အနေနဲ့ ခံစားရမှာပေါ့...
ငါပြောတာ နားလည်သွားပြီလား...]

(👩 ကိုယ်ပြောချင်တာကတော့...
ယောကျာ်း လေးတွေမှာ G spot ကအနောက်ပေါက် မှာ ရှိပြီးတော့ မိန်းကလေးမှာဆိုရင် G spotက
အရှေ့မှာပဲရှိပါတယ်...
မိန်းကလေးတွေရဲ့ အနောက်မှာတော့ G spotမရှိပါဘူး
အဲ့ဒီအတွက် မိန်းကလေးတွေကို အနောက်မှ ဆက်ဆံလျှင် သူတို့က feelတတ်မှာမဟုတ်ပါဘူး...သူတို့ရဲ့ အနောက်မှာ G spotမရှိတဲ့ အတွက်ကြောင့်ပါ...)

Sentence the end 🔞

ရှောင်ဟန်လည်း လော့မင် ရေးသမျှကို မျက်နှာပူပူနဲ့ ဖတ်လို့ပြီးသွားခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ အကုန်လုံးကို ပြောင်ပြောင်တင်းတင်း ရှင်းပြသွားသည့် အကောင်းစားသူငယ်ချင်းကြီးကို ဘာပြောရမည်လည်းတောင် စဉ်းစား၍ မရပါတော့ချေ။
လော့မင်ကလည်း လော့မင်ပဲဖြစ်သည်။
သူပြောသည့် သူ့ရဲ့ ဂုဏ်အဂ်ါရပ်များနှင့်တော့ တစ်သားတည်းပင်...။

ရှောင်ဟန်လည်း နီရဲနေသည့်မျက်နှာဘေးဖြင့်သာ စာပြန်ရိုက်လိုက်ရသည်။

[ရှောင်ဟန်;မင်းရှင်းပြသွားတာကလည်း...မသိရင် ငါကပဲ လက်တွေ့လုပ်​တော့မှာကြောင့်မို့ မင်းဆီက လာသင်နေသလိုဖြစ်နေပြီ...နိုက်နိုက်ချွက်ချွက်ကြီး...
ဒါပေမဲ့...ပြောပြတဲ့ အတွက်တော့ ကျေးဇူးပါ အချစ်ဆုံးကြီးရယ်...အခုတော့ သိချင်တာထက် ပိုသိလိုက်ရလို့...ပိုပြီးတောင်စိတ်ရှုပ်ထွေးတင်းကြပ်လာသလိုပဲ...ငါကတော့ နောက်ဘယ်တော့မှ ပို့စ် မတင်တော့ဘူးလို့တွေးထားလိုက်ပြီ...အဲ့ရန်ကနေဝေးအောင်လို့...ပြီးတော့ Gym ကစားဖို့လည်းဆုံးဖြတ်ထားတယ်...လာမဲ့ဘေး ဝေးဝေးရှောင်ဖို့ ...မင်းအသိပေးလိုက်တဲ့ ဟာတွေမှန်မျှက ငါတွေးတောင်မတွေးဘူးတဲ့ဟာတွေကြီးပဲလို့ဆိုရင်...မင်းယုံမလားတောင်မသိဘူး...]

[လော့မင်; ယုံပါတယ်ကွာ...ငါပေါင်းတဲ့ သူငယ်ချင်းကြီးက ဘာလဲဆိုတာ ငါသိပါတယ်...ငါ့လိုပဲ...အခုချိန်ထိ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးဆိုလည်း...ငါသိပြီးသား...ငါလည်း သိသာ သိထားတာ အားကျဖို့နေနေသာသာ တွေးတောင် မတွေးရဲဘူး...အတူတူဘဲ...]

[ရှောင်ဟန်; ဒါဆိုရင်လည်း ဒါပဲလေ... နောက်မှ ပြောကြရအောင်...ငါတို့စကားပြောနေတာ...၉နာရီကတည်းက...အခုဆို ၁၀ နာရီ ခွဲတော့မယ်...ငါလည်း အိပ်ထားတာ အိပ်ရေးမဝသေးဘူး...အိပ်တော့ မယ်...ဘိုင် ဘိုင်...အချစ်ဆုံးကြီး]

[လော့မင်;အေ...ဘိုင် ဘိုင် အလှလေး good night...မွ...]

[ရှောင်ဟန်; အင်... မင်းကိုလည်း good night
အာဘွားတော့ မပေးတော့ဘူး နှမြောတယ်...ဘိုင် ဘိုင်...]

[လော့မင်;ရတယ်လေ...ကိစ္စမရှိဘူး...  ငါလည်း စောစောကပေးလိုက်မိတဲ့ ငါ့အာဘွားကို ပြန်ရုပ်သိမ်းတယ်...ဒါပဲ...]

ရှောင်ဟန်လည်း လော့မင်ရေးလိုက်သည့် ပြန်ရုပ်သိမ်းတယ် ဆိုသည့်စာကြောင့် သဘောကျ၍ အူလိုက်သည်းလိုက် ရယ်မောလိုက်မိတော့သည်။သူ
ထင်ထားသည့်အတိုင်းပင် သူ့ရဲ့ အကောင်းစား သူငယ်ချင်းကြီးက သူကြင်မှကိုယ်ကြင်မယ် ဆိုသည့် အကြောင်းကို သူ့ကို သိစေချင်၍ လုပ်သွားခြင်းသာ...။
သို့ပေမဲ့ ဤကဲ့သို့ ပြန်ခံပက်ခြင်းက အရမ်းကြီး ကလေးမဆန်လွန်းပေဘူးလား...။

ရှောင်ဟန်ဆိုသည့် သူကတော့ ကလေးတစ်ယောက်နှင့် ဖက်ပြီး ရန်ဖြစ်တတ်သည့် သူတစ်ယောက် မဟုတ်သည့်အတွက်ကြောင့် လူကြီးဆန်ဆန် ရယ်သာ ရယ်နေလိုက်တော့သည်။

ရှောင်ဟန် သည် ရယ်လို့ဝသွားမှသာ ဖုန်းကိုပြန်ကြည့်လိုက်တော့ လော့မင်က သူ့ကို စိတ်ဆိုးသည့် စတေကာကြီးပို့ပြီး လိုင်းဆင်းသွားပြီဖြစ်သည်။
ပြောချင်သည့်အရာသည်ကား သူစိတ်ဆိုးသွားပြီ ဟုဆိုချင်သည့်အတိုင်းပင်...

ကိစ္စမရှိပါပေ...ထိုအကောင်းစားသူငယ်ချက်းကြီးက ရက်မကူးခင် သူ့ဆီ စာပို့လျှင်ပို့ မပို့ပါက ဖုန်းဆက်ပြီး လွမ်းနေကြောင်း ပြောလာပါလိမ့်မည်။

ရှောင်ဟန်သည် ကျိုးယွင်က ပြန်မလာသေးသော်လည်း အိပ်ချင်နေပြီ ဖြစ်သည့်အတွက်ကြောင့် စောစောအိပ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

----------------------

ကျိုးယွင်လေးရဲ့ အပိုင်းကို နောက်အပိုင်းမှပဲ ရေးပေးပါတော့မယ်...စာတိုသွားရင် ခွင့်လွတ်ပါ...
Psycho သမားလေး လာမဲ့အပိုင်းမှာ ကြမ်းမှာကို စောင့်ပေးကြပါအူး...😘😘😘

-----------------------

Zawgyi

  ေရွာင္ဟန္သည္ အျပင္မွ ျပန္ေရာက္လာကတည္း
က ဘာမွ မျဖစ္ခဲ့သည့္ ဟန္ပန္မ်ိဳးျဖင့္သာ က်ိဳးယြင္ မရိပ္မိေစရန္ တစ္ခ်ိန္လုံး ဟန္ေဆာင္ကာေနေနရတာျဖစ္သည္။
မဟုတ္ပါလွ်င္ က်ိဳးယြင္က မနက္တုန္းကေကာင္ေလး၏ ေျပာစကားမ်ားကို စိတ္ထဲထားၿပီး မဟုတ္တာေတြကိုဘဲ ေတြးေတာေနမိၿပီး လမ္းမွားေရာက္သြားမည္ဆိုးသည့္အတြက္ေၾကာင့္သာ...။ဒါမ်ိဳးကိုေတာ့ သူအျဖစ္မခံနိုင္ပါ။သူက အားယြင္ေလးကို ပုံမွန္ အေတြးနဲ႕ သာမာန္ကေလးတစ္ေယာက္သာ ျဖစ္ေစခ်င္သည္။

ထို ကုန္းရိဆိုသည့္ လက္ရဲဇြက္ရဲနိုင္လွသည့္ မသိတာဘာမွမရွိသည့္ ေခတ္လူငယ္ေကာင္းေလး တစ္ေယာက္လိုမ်ိဳး မျဖစ္ေစခ်င္ပါ။ထိုေကာင္ေလးကဲ့သို႔ လမ္းအမွားကို မေ႐ြးခ်ယ္မိေစခ်င္ေပ...။ထို႔အတြက္ေၾကာင့္ မနက္တုန္းက ကိစၥရပ္ကို ဘာမွမျဖစ္သလိုသာ ဟန္ေဆာင္ကာေန ေနရျခင္း ျဖစ္သည္။သူ၏စိတ္ထဲ၌တြင္မူ က်ိဳးယြင္၏ အလစ္ကို ေစာင့္ဆိုင္းေနရျခင္းသာ ျဖစ္၏။

ဒီကေလးကလည္း ျပန္ေရာက္ကတည္းက သူ႕အနားတြင္ကပ္ေနသည္က ေတာက္တဲ့ေလး တစ္ေကာင္ကဲ့သို႔ပင္...။မိုးခ်ိန္းမွသာ ခြာမည့္ဟန္ရွိသည္။သို႔ေသာ္ ရာသီဉတုသည္လည္း ေရွာင္ဟန္ ဘက္တြင္ရွိမေနပါေခ်။ ေအးစက္ၿပီးႏွင္းက်ေနသည့္ ရာသီဉတုက သူ႕ကို သြားၿဖဲျပခ်င္သည့္ ပုံစံရွိသည္။

ေရွာင္ဟန္သည္ က်ိဳးယြင္က သူ၏အနားမွ႐ုတ္တရက္ ထြက္သြားသည္ကို ျမင္လိုက္ရသည့္အခါတြင္ သူ၏ ႏွလုံးခုန္သံမ်ားသည္ကား ခ်က္ခ်င္း ပင္ ေျဗာင္းဆန္လို႔သြားရသည္။သို႔ေသာ္လည္း မည္သည့္အခ်ိန္တြင္ အနားသို႔ ျပန္ေရာက္လာမည္ကို မသိရသည့္အတြက္ေၾကာင့္ ေလာ့မင္ဆီသို႔ စာပို႔ရမည္ကို အခက္ေတြ႕ေနရေလသည္။ သူ၏ လက္ထဲမွ ဖုန္းသည္ကား ဖြင့္လိုက္ ပိတ္လိုက္ျဖင့္သာ ဒစ္လည္ေနေလသည္။

မဟုတ္တာကို လုပ္မည့္အတြက္ေၾကာင့္လားေတာ့ မသိပါ။စိတ္မလုံ၍ သူ႕မ်က္လုံးမ်ားကလည္း အခန္း ေပါက္ဝသို႔ သံေယာဇဥ္ မျပတ္နိုင္ဘဲ တဝဲလည္လည္...
ဒီလိုႏွင့္ပင္ အခ်ိန္သည္ကား သူ႕ဘက္တြင္ရွိမေနခ်င္ေတာ့သည့္ဟန္... က်ိဳးယြင္သည္လည္း အခန္းထဲသို႔ပင္ ျပန္ဝင္လာၿပီျဖစ္သည္။

ေရွာင္ဟန္လည္း ဖြင့္ရန္ျပင္ေနသည့္ ဖုန္းကို ဆက္မဖြင့္ေတာ့ဘဲအသိမသာျဖင့္ပင္ ေဘးအနားရွိ စားပြဲ အေပၚ သို႔သာ လွမ္းတင္ လိုက္ရေတာ့သည္။

သူသည္ အနားသို႔ ေရာက္ရွိလာသည့္ က်ိဳးယြင္ကို ႏြေးေထြးစြာ ၿပဳံးျပလိုက္ၿပီးမေနနိုင္စြာျဖင့္ ေမးလိုက္မိသည္။

"ေအာက္ထပ္ကို ဆင္းသြားၿပီး ဘာသြားလုပ္တာလဲ...
အားယြင္က..."

က်ိဳးယြင္သည္ ေရွာင္ဟန္၏ေဘး ေနရာအလြတ္တြင္ ဝင္ထိုင္လာၿပီး ခြၽဲခ်င္သည့္ေလသံကေလးျဖင့္တုန့္ျပန္လာ၏။

"ေအာက္ထပ္ကို သြားတာ မဟုတ္ပါဘူး...ေကာကလည္း...ကြၽန္ေတာ္က အေဖ့ဆီကို ခဏ ခြင့္သြားေတာင္းတာပါ..."

"ခြင့္သြားေတာင္းတယ္...ဘာအတြက္လည္း..."

"ဟို...ေန႕လယ္ ျပန္အေရာက္တုန္းက လုေရွာင္းက ကြၽန္ေတာ့္ကို ဖုန္းဆက္လာတယ္ေလ...ဒီညသူ႕အိမ္မွာ ညပါတီရွိတယ္တဲ့ သူ႕ညီရဲ႕ ေမြးေန႕လို႔ေတာ့ေျပာတာပဲ...အစက ကြၽန္ေတာ္က ေကာနဲ႕ အတူသြားရေအာင္လို႔ပဲ...ဒါေပမဲ့ ပြဲက လုေရွာင္းရဲ႕ ပြဲမဟုတ္ဘူးေလ...
သူ႕ညီရဲ႕ပြဲ...အဲ့ဒါေၾကာင့္ေကာကို မေခၚေတာ့တာ..
ကြၽန္ေတာ္ကက်ေတာ့ မသြားလို႔မျဖစ္ဘူး...သူငယ္ခ်င္းအရင္းႀကီးလည္းျဖစ္ၿပီး သူ႕မိဘေတြနဲ႕ကလည္း သိေနေတာ့..."

"......."

"အဲ့တာ အေဖ့ကို ခြင့္သြားေတာင္းတာ...အေဖကေတာ့ ခြင့္ျပဳတယ္တဲ့...ေကာကိုလည္းအသိေပးခ်င္လို႔...ေကာေရာ...ဒီကိစၥကို ဘယ္လို သေဘာရလည္း..."

ေရွာင္ဟန္သည္ သူ႕ရဲ႕ ဝမ္းသာသြားသည့္ သူ၏ မ်က္ႏွာထားကို မေဖာ္ျပဘဲ သေဘာထားႀကီးတဲ့ အစ္ကိုႀကီးဟန္ပန္ျဖင့္ ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္သာ လုပ္ျပလိုက္ၿပီး

"အင္...ေကာကေတာ့...အားယြင္ေလး သေဘာပါပဲ...ေစာေစာေတာ့ ျပန္လာမယ္မို႔လား...."

က်ိဳးယြင္က ေသခ်ာစဥ္းစားလိုက္ၿပီးေနာက္ ေခါင္းေလးခါကာ ခ်စ္စဖြယ္ အမူအရာေလးျဖင့္ ဆိုလာသည္။

"အဲ့တာေတာ့ ကြၽန္ေတာ္လည္း မသိရေသးဘူး...တစ္ခါမွလည္း...ဒီလိုမ်ိဳးမသြားဖူးဘူးေတာ့ ပြဲၿပီးတာနဲ႕ တန္းၿပီးျပန္လာမွာပါ...ဟီး...အျပန္ေတာ့ နည္းနည္းေနာက္က်ေလာက္မယ္...ဘာလဲ...ေကာက ကြၽန္ေတာ္ ေနာက္က်ရင္...တစ္ေယာက္တည္းေနရမွာ ေၾကာက္လို႔လား...အခုအ႐ြယ္ႀကီးအထိ သရဲ ေၾကာက္တယ္လို႔ေတာ့ လာမေျပာနဲ႕ ေနာ္..."

ေရွာင္ဟန္သည္ ထိုသရဲေၾကာက္လို႔လား ဟုဆိုသည့္ အေျပာစကားေၾကာင့္ ဂုဏ္သိကၡာကို အပါမခံသည့္ လူတစ္ေယာက္ကဲ့သို႔ပင္ ေခါင္းတခါခါျဖင့္ လုပ္ျပမိလိုက္ၿပီး အတင္းျငင္းဆန္မိေတာ့သည္။

"ဘယ္ကသာ...သရဲေၾကာက္ရမွာလည္း...မေၾကာက္ပါဘူး...ေၾကာက္မယ့္ေၾကာက္...သူတို႔ကေတာင္ေကာကိုျပန္ေၾကာက္ရအူးမယ္..."

"ေကာ...မေၾကာက္ဘူး ဆိုရင္လည္း ၿပီးတာပါပဲ... ေၾကာက္ရင္ မီးအလင္းထြန္းထားလိုက် ​ေလ..."

ေရွာင္ဟန္က က်ိဳးယြင္၏ ပုခုံးေလးကို တစ္ခ်က္ပုတ္ေပးလိုက္ၿပီး ထပ္မံ၍ ဆိုလိုက္သည္။

"..ဟုတ္ပါၿပီ...အဲ့လိုပဲေကာလုပ္လိုက္ပါ့မယ္...ကဲ...ေရွာင္းယြီက အားယြင္ကို ဘယ္ႏွစ္နာရီ လာရမယ္လို႔ ေျပာထားတာလဲ...ဘာမွ မျပင္ဆင္ရေသးဘူးမို႔လား...သြားလုပ္ေတာ့ေလ...ေနာက္က်ရင္ မေကာင္းဘူး...အားနာစရာႀကီး... ေကာလည္း ခဏနားလိုက္အူးမယ္..."

"ဟုတ္...ေကာ...ဒါဆိုရင္ ေကာ အနားယူလိုက္ပါအူး...ကြၽန္ေတာ္ မႏွောက္ယွက္ေတာ့ပါဘူး..."

"အင္..."

ေရွာင္ဟန္လည္း က်ိဳးယြင္က ပါတီသြားမည္ဟုဆိုသည့္ အတြက္ေၾကာင့္ သူ႕မွာ တစ္ညလုံး အခ်ိန္ရွိေသးသည္ဟုေတးထားလိုက္ၿပီး ေပ်ာ္ေပ်ာ္ႀကီးျဖင့္သာ မ်က္စိမွိတ္ၿပီး အနားယူလိုက္ေတာ့သည္။
မိနစ္ပိုင္း၌ပင္ ေရွာင္ဟန္သည္ကား ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ပင္ အိပ္ေပ်ာ္သြားေတာ့သည္။

က်ိဳးယြင္သည္ အိပ္ေပ်ာ္သြားၿပီ ျဖစ္သည့္ ေရွာင္ဟန္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေက်နပ္စြာ ၿပဳံးလိုက္ကာ အလိမ္ညာအျပင္အဆင္မ်ိဳးကိုပင္ မျပဳလုပ္ေတာ့ဘဲ ဂ်င္းအက္်ီ လက္ရွည္အနက္တစ္ထည္ကိုသာ ဝတ္ဆင္ၿပီး ေအာက္ထပ္ကို ဆင္းလာခဲ့လိုက္သည္။

-------------------------

က်ိဳးယြင္ ထြက္သြားၿပီး တစ္နာရီခြဲေလာက္အၾကာမွာမွသာ ေရွာင္ဟန္သည္ အိပ္မႈံဆုပ္ဖြားျဖင့္ႏွိုးလာရေတာ့သည္။
သူနိုးၿပီးၿပီးခ်င္း နာရီကိုၾကည့္လိုက္သည့္အခါတြင္ အခ်ိန္သည္ကား ၈နာရီပင္ ခြဲေခ်ေတာ့မည္။ သူ မအိပ္ရေသးသည့္ အခ်ိန္တုန္းကပင္ နာရီက ၇နာရီသာ ရွိေသးသည္။
အားယြင္ထြက္သြားသည့္အခ်ိန္သည္ ခန့္မွန္းေျခအားျဖင့္ တစ္နာရီေလာက္ ျဖစ္ဖို႔မ်ားသည္။မည္သည္ေၾကာင့္ဟုဆိုရလွ်င္ ျပင္ဆင္ခ်ိန္က နာရီဝက္ေလာက္ ျဖစ္နိုင္သည့္အတြက္ေၾကာင့္...

အားယြင္က ညျပန္အလာ ေနာက္က်မည္ဟုေျပာထားသည့္အတြက္ သူလည္း ဇိမ္ေျပနေျပျဖင့္ ေရ အရင္ ခ်ိဳးရန္ဆုံးျဖတ္လိုက္သည္။

ေရွာင္ဟန္သည္ ေရခ်ိဳးၿပီးသည္ႏွင့္ အဝတ္အစားကို မၾကာေသးခင္ကမွ ဝယ္ထားသည့္ ညအိပ္ဝတ္စုံ အသစ္ ကိုထုတ္ဝတ္လိုက္သည္။
ထိုဝတ္စုံသည္ကား ခ်ည္သားအေကာင္းစားမ်ားကို အသုံးျပဳထားသည့္အတြက္ေၾကာင့္ရယ္လားမသိ...
ေနရထိုင္ရသည္ကား ေပါ့ပါးကာ ခႏၶာကိုယ္တြင္ သူ႕ေနရာနဲ႕ သူ ပုံပန္းတက် ျဖစ္ေနေလသည္။
ေရွာင္ဟန္လည္း မိမိကိုယ္ကိုယ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သိပ္အျမင္မသင့္ဘူးဟု မခံစားမိသည့္ အတြက္ေၾကာင့္ ျပန္မလဲျဖစ္ေတာ့ဘဲ ဒီအတိုင္းသာ ဝတ္ဆင္ထားလိုက္ေတာ့သည္။

အားလုံးၿပီးစီးသြားသည္ႏွင့္ ကုတင္ ေပၚ၌ အက်အနေနရာယူလိုက္ၿပီး ေလာ့မင္ဆီသို႔ စာပို႔ရန္ ျပင္လိုက္၏။
အခ်ိန္ကိုက္ပင္ ေလာ့မင္သည္လည္း လိုင္းေပၚတြင္ရွိေနေလသည္။

ေရွာင္ဟန္လည္း သိခ်င္ေဇာျဖင့္ အခ်ိန္မဆြဲေတာ့ဘဲ စၿပီး စာပို႔လိုက္ေတာ့သည္။

[ေရွာင္ဟန္; ဟိုင္း...
ေလာ့မင္...
မင္းရဲ႕ အခ်စ္ဆုံးႀကီး မင္းကို အေရးႀကီးကိစၥေမးဖို႔ရွိတယ္...မင္းရဲ႕ က်န္တာေတြကို ခဏေလး ရပ္ထားလိုက္ၿပီး ငါ့ကို အဖက္လုပ္ေပးအူး...ဟုတ္ၿပီလား...]

စကၠန႔္ ပိုင္းေလာက္အၾကာတြင္ ေလာ့မင္ဘက္မွလည္း သူ႕ဆီသို႔ စာျပန္လာေလသည္။

[ေလာ့မင္; ေပၚလာေသးတယ္ေနာ္...ငါကမင္းကို...ေသသြားၿပီထင္ေနတာ...]

[ေရွာင္ဟန္; ေသခိုင္းေစခ်င္ရင္လည္း ေနာက္မွဘဲ ေသခိုင္း...အခုေတာ့ မေသခိုင္းနဲ႕အူး...ငါမင္းကို သိခ်င္တာေလးေတြနည္းနည္းေမးခ်င္လို႔...သိမသိ မင္းအေပၚ ပဲ မူတည္တယ္...ဘယ္လိုလည္း ေျဖေပးမယ္မို႔လား...]

[ေလာ့မင္; လွည့္ပတ္မေနနဲ႕...ေမးစရာရွိသာတာေမး...အကုန္ေမးလို႔ရတယ္...ေလာကမွာ ေလာ့မင္ မသိတာ ဘာမွမရွိဘူး...]

ေလႀကီးေလက်ယ္ျဖင့္ေရးလာသည့္ ေလာ့မင္၏ စာေၾကာင့္ ေရွာင္ဟန္သည္ မ်က္ႏွာကို တစ္ခ်က္ရႈံ႕ပစ္လိုက္ၿပီး ႏႈတ္ခမ္းပင္ေထာ္လာမိေတာ့သည္။
ေရွာင္ဟန္လည္း ေလာ့မင္ကို မခံခ်င္ေအာင္ ျပန္ေရးပို႔လိုက္သည္။

[ေရွာင္ဟန္; ေသခ်ာလို႔လား...မင္းဟာႀကီးက...အေျပာႀကီးတဲ့သူေတြရဲ႕ လက္ရွိအသိက ျပားေစ့ဉီးႏွောက္သာသာေလာက္ပဲလို႔ၾကားဖူးတယ္...တကယ္အကုန္သိတာ ေသခ်ာလား...]

[ေလာ့မင္; ေရွာင္ဟန္...ငါ့ကိုမင္းလို မအူမလည္မ်ားထင္ေနတာလား...နယ္တစ္ကာလွည့္ၿပီး စကားေပါလာတဲ့ေကာင္ပါကြာ...မသိတာ မရွိဘူးယုံလိုက္ အရာရာတိုင္းကို မင္းထက္နိုက္နိုက္ခြၽက္ခြၽက္ပိုသိတယ္...လူကိုဘာမ်ားမွတ္ေနလည္း...ေမးစရာ ရွိသာေမး...ဒါနဲ႕ လိုရင္းကို မေရာက္ေတာ့ဘူး...]

ေရွာင္ဟန္လည္း ေလာ့မင္က ထိုကဲ့သို႔ေရးလာသည့္အတြက္ေၾကာင့္ မ်က္ႏွာပူပူႏွင့္ပင္ စာရိုက္လိုက္ရေတာ့သည္။ ဘာလိုပဲ ျဖစ္ျဖစ္ သူ႕မ်က္ႏွာကို ေလာ့မင္ျမင္ေနရတာမွ မဟုတ္ဘဲ...။သူရွက္ေနလည္း ေလာ့မင္ ျမင္မွာမဟုတ္ေတာ့ ကိစၥမရွိေပ။

[ေရွာင္ဟန္;ဒီေန႕ ငါ့ကို လူၾကားထဲမွာ ေကာင္ေလးတစ္ေယာက္က ရည္းစားစကားလာေျပာတယ္...ၿပီးေတာ့ ေျပာေနတဲ့အခ်ိန္မွာလည္း ေဘးမွာ...အားယြင္ေလးေရာရွိတယ္...အဲ့တာက အခု သိပ္ၿပီး ျပႆနာမဟုတ္ေပမဲ့... ေနာက္ဆို ဒီလိုမ်ိဳးေတြ ေနာက္ထပ္ဘယ္သူေတြက ထပ္ၿပီးဒါမ်ိဳးေျပာလာမလဲဆိုတာက မေသခ်ာဘူး... သူတို႔ေတြရဲ႕ သုံးႏႈန္းတဲ့ စကားလုံးေတြကိုလည္း သိပ္ၿပီး မလည္ဝယ္ေတာ့ ဆိုးဆိုးဝါးဝါးေတြ ေျပာလာရင္ေရွာင္နိုင္အာင္လို႔...အဲ့တာ အဲ့ဘက္အပိုင္းကို မင္းေရာ နားလည္လား...]

[ေလာ့မင္;ဘာမ်ားလည္းလို႔...ထင္တဲ့အတိုင္းပဲ...တစ္ခ်ိန္က်ရင္မင္းေမးလာမယ္ဆိုတာ...ငါႀကိဳသိေနတယ္...အဲ့ဒါေၾကာင့္မို႔မင္းေမးလာမဲ့ အခ်ိန္ကိုေစာင့္ေနခဲ့တာ...ငါေျပာသားပဲ...မင္းက တစ္ခါတစ္ေလက်ရင္ သေဘာေကာင္းတဲ့ အစ္ကိုတစ္ေယာက္ပုံစံေပါက္ေနေပမဲ့...အမွန္တကယ္ေတာ့ အလွေလးတစ္ေယာက္လိုပဲ...ႏု႐ြၿပီးႏြဲ႕မေနတာပဲရွိတာ... အဲ့ေလာကမွာ ေတာ္ေတာ္ေလး အႀကိဳက္ေတြ႕ရမဲ့ သိမ္ေမြ႕ၿပီးတန္ဖိုးရွိတဲ့ Uke တစ္ေယာက္ လိုပဲ...မင္းရဲ႕typeက...]

[ေရွာင္ဟန္; ဘာႀကီးလဲမင္းေျပာတဲ့ဟာႀကီးက...Ukeဆိုတာႀကီးလဲ ငါနားမလည္ဘူး...]

[ေလာ့မင္; ငါရွင္းျပပါ့မယ္...မင္းဘက္ကၿငိမ္ၿငိမ္ေလးေနၿပီးေစာင့္ဖတ္ေန စာလာမပို႔နဲ႕မ်က္စ္ရႈပ္တယ္...ငါဆုံးေအာင္အထိ ရွင္းျပသြားမွာမို႔...
ျဖစ္နိုင္ေျခအမ်ားစုက မင္းကို အဲ့လို စကားေတြ လာေျပာၾကမယ့္လူေတြထဲမွာ အမ်ားစုက Semeေတြပဲ...Seme ဆိုတာကတစ္နည္းအားျဖင့္ top ကိုေျပာတာ အေပၚကလူ...ေစာေစာ Uke ဆိုတာက...bottom ကိုေျပာတာ ေအာက္ကလူ...]

ဒီလိုႀကီးေရးလာေလေတာ့ ေရွာင္ဟန္သည္ မေနနိုင္မထိုင္္ဘဲ ျပန္ေရးရျပန္သည္။

[ေရွာင္ဟန္;ဒါဆိုရင္... ငါ့႐ုပ္က ေအာက္က႐ုပ္ ေပါက္ေနလို႔လား...]

[ေလာ့မင္; လွ်ာရွည္လိုက္တာ လိုရင္းကို မေရာက္ေတာ့ဘူး...ထပ္သိခ်င္ေသးတယ္ဆိုရင္ စကားထပ္ဟမလာနဲ႕....]

ေရွာင္ဟန္ လည္း ေနာက္မွ မေက်နပ္ခ်က္ကို ေရးမည္ဟုသာ ေတးထားလိုက္ရသည္။

[ေလာ့မင္; မင္းေျပာတဲ့အဲ့ေကာင္ေလး မင္းကို ေျပာလာတဲ့ စကား ဆန္းေတြကဘာေတြမိုလို႔လဲ...]

[ေရွာင္ဟန္; ဟို ပါတနာဆိုလား...ၿပီးေတာ့ ေကာင္းေကာင္းအေဖာ္ျပဳေပးမယ္တဲ့...အရည္အခ်င္းကိုၾကည့္ၿပီးမွ သူ႕ကိုလက္ခံတဲ့...
ဟို ပါတနာဆိုတာ ငါသိတဲ့ လုပ္ေဖာ္ကိုင္ဖက္ လုပ္ငန္းသုံးစကားမို႔လား...]

[ေလာ့မင္; မင္းသိတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတာ့မဟုတ္ဘူး...ဟိုကိစၥရဲ႕ လုပ္ေဖာ္ကိုင္ဖက္...နားလည္ရဲ႕လား...အဓိပ္ပါယ် ကအဲ့မွာ ပါေနၿပီးသားကို... မင္းအဲ့ေလာက္ေတာ့ ရွင္းၿပီမလား အဲ့ဒီ ပါတနာကို နားလည္ရင္ ေစာေစာက သူေျပာလိုက္တဲ့ စကားေတြအားလုံးရဲ႕ အဓိပ္ပါယ်က ဘာလဲဆိုတာ မင္းနားလည္ေလာက္မွာပါ...က်န္တာဘာေမးခ်င္ေသးလည္း...]

[ေရွာင္ဟန္; ထပ္ေမးခ်င္တာက မင္းက ဘာလို႔ အဲ့တာေတြကို သိေနရတာလည္း...မင္းကေရာ...ဘာလဲ...ၿပီးေတာ့ အဲ့လို အခ်င္းခ်င္းႀကီး ဘယ္လိုေျပာရမလည္း..ငါ မေရးရဲဘူး...မင္းဘဲ အကုန္ေျပာျပ... ငါေရွာင္လို႔ရေအာင္...ငါက ေယာက်ာ္း ေလးေတြကို စိတ္ဝင္စားတာေတာ့ မဟုတ္ေပမဲ့... ငါလည္း သိထားသင့္တယ္လို႔ထင္တယ္...မင္းသိတဲ့ အတိုင္းပဲ...ငါ့ accမွာ အဲ့လိုလာေျပာတဲ့သူေတြက နည္းတာမွ မဟုတ္ဘဲ...ေရွာင္လို႔ရေအာင္...]

[ေလာ့မင္; မင္းရဲ႕ အခ်စ္ဆုံးႀကီးက အဲ့ ေလာက သားေတာ့ မဟုတ္ဘူး...ဘာလို႔သိေနတာလည္းဆိုတာကလည္း...ငါ့ရဲ႕ ဝမ္းကြဲ ညီက အဲ့ေလာကထဲကပဲ သူက ေကာင္ေလးတစ္ေယာက္နဲ႕ တြဲေနတာဆိုေတာ့ ငါ့ကို အကုန္ရင္ဖြင့္ျပတယ္...မင္းသိတဲ့အတိုင္းပဲ ငါကလည္း...အကုန္သိခ်င္ဆိုေတာ့ ေလ့လာျဖစ္သြားတယ္...
မင္းသိခ်င္တဲ့ အခ်င္းခ်င္းဆိုတာ ေနလို႔ရမရကိုေမးတာမဟုတ္လား...ျဖစ္နိုင္မျဖစ္နိုင္ဆိုတာကိုေရာ...

မင္း သိခ်င္ရင္လည္း ရွင္းျပရေတာ့ မွာေပါ့ ငါလည္း တစ္ေယာက္ထဲ သိထားရေတာ့ မွ်ေဝခ်င္ေနတာနဲ႕ အေတာ္ပဲ...အရင္က မင္းက ဘာမွမသိဘာမွမတတ္ဆိုေတာ့ ေျပာရမွာ အားနာလို႔...ဟီး...သိသြားေတာ့လည္း...မင္းအတြက္လည္းေကာင္းတာေပါ့...]

ေရွာင္ဟန္သည္ ေျပာစရာရွိသည္ကို ျမန္ျမန္မေျပာဘဲ ေလ ေၾကာရွည္ေနသည့္ ေလာ့မင္ကို စိတ္မရွည္ေတာ့ဘဲ စာျပန္ပို႔လိုက္ေတာ့သည္။

[ေရွာင္ဟန္; အခုေလေၾကာရွည္ေနတာ... မင္းလို႔ေတာ့ ငါထင္တာပဲ...]

[ေလာ့မင္; ေျပာပါ့မယ္...အလွေလးရယ္...သိခ်င္လိုက္တာလည္း အရမ္းပဲ...မေနနိုင္မထိုင္နိုင္ျဖစ္မေနနဲ႕...ငါက စာပို႔ၿပီးေျပာရတာ အားမရလို႔...ေနာက္ေန႕မွ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ၿပီး ေျပာရင္ေကာင္းမလားလို႔စဥ္းစားေနတာ...ဘယ္လိုလဲ...မနက္ျဖန္ မင္းဆီကိုလာခဲ့ရမလား...]

[ေရွာင္ဟန္; မင္းငါ့ကို တစ္ခါတည္း ေသသြားေစခ်င္လို႔လား...အခုေတာင္...ငါ့မ်က္ႏွာက ခရမ္းခ်ဥ္သီး ျဖစ္ေနၿပီ...စာပို႔ၿပီးပဲေျပာ...ဒာဲ့ဒါကမွ နားရွက္ရတာ သက္သာအူးမယ္...]

[ေလာ့မင္;စာပို႔ေတာ့ ေရာ မ်က္လုံးမရွက္ရလို႔လား... မင္းဟာက...]

[ေရွာင္ဟန္; မ်က္လုံးကမွ နည္းနည္းခံသာေနေသးတယ္...မဟုတ္ရင္ မင္းမ်က္ႏွာႀကီးကိုေရာ မင္းအသံႀကီးကိုပါဆိုေတာ့ ေဝဒနါ ႏွစ္ဆ တိုးသြားမွာ ဆိုးလို႔...စာပဲပို႔..ေစ်းလာမဆက္နဲ႕...ဟုတ္ၿပီလား...]

This sentence should not be viewed by anyone under the age of 18 🔞
(ဒီေလာက သမားေတြ သိထားသင့္တဲ့ အတြက္ သိထားရသေလာက္ တဆင့္ျပန္ရွင္းျပခ်င္လို႔ ေသေသခ်ာခ်ာေလးေရးေပးထားပါတယ္)

[ေလာ့မင္; ဒါဆိုလည္းၿပီးေရာ...အခုပဲ...ေျပာျပလိုက္မယ္...
ေယာက္်ားေလး အခ်င္းခ်င္း ႀကိဳက္လို႔ရလားဆိုေတာ့...ႀကိဳက္လို႔ရတယ္...အခ်င္းခ်င္းႀကီး ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲလို႔ ေမးလာမယ္ဆိုရင္လည္း...အေျဖက ရွိေနရွိေနၿပီးသား...
ျဖစ္နိုင္တယ္...ဘာလို႔လည္း ဆိုေတာ့...သူတို႔လိင္တူေတြလည္း သာမာန္ အတြဲေတြလိုပဲ...ဆက္ဆံလို႔ရတယ္...အဲ့လိုရလို႔လည္း လိင္တူႀကိဳက္တူေတြ ရွိလာတာေပါ့...
ဘယ္ကေန ဆက္ဆံတာလည္းဆိုေတာ့ အေနာက္ေပါက္ကေနဘဲ...အဲ့ေလာကမွာေတာ့ ခေရပြင့္လို႔ ေျပာၾကတယ္ စကားအလွသုံးၿပီးေတာ့...
ၿပီးေတာ့ လိင္တူ ဆက္ဆံၾကတဲ့ အခါ ႏွစ္ေယာက္လုံးက feel လို႔ရတယ္
အေပၚကလူက ပုံမွန္ ဆက္ဆံသူေတြလိုပဲ feelကိုရရွိမယ္
ဆက္ဆံတဲ့အခါ တင္းၾကပ္လာတိုင္း feel ရလိမ့္မယ္

ေအာက္ကလူကလည္း သူ႕ နည္းသူ႕ဟန္နဲ႕ ရွိၿပီးသား
ေအာက္ကလူက ဘယ္လို feelလည္းဆိုေတာ့...
ေျပာရရင္ ...ဉပမာ
သူတို႔ရဲ႕ အေနာက္ဘက္ ထဲကို လက္နဲ႕ ထိုးၾကည့္လိုက္လို႔ရွိရင္ ကာပယ္အိတ္ရွိတဲ့ အေရွ႕ဘက္နားေလာက္မွာ မေပ်ာ့မမာ ျဖစ္ေနတဲ့ ေနရာတစ္ခုရွိတယ္...အဲ့ေနရာကို ဆီးက်ိတ္ လို႔ေခၚတယ္...
ဆီးက်ိတ္ကို G spot လို႔လည္းေခၚေသးတယ္...
ဆက္ဆံတဲ့အခါမွာ G spot ကို ထိခတ္လိုက္တိုင္းထိေတြ႕လိုက္တိုင္း feel ရလာမွာျဖစ္ၿပီး အဲ့ေနရာက အဲ့ဒီေလာကသမားေတြေျပာေနၾကတဲ့ အထိ မခံတဲ့ ေနရာဆိုလည္းဟုတ္တယ္...G spot ကသုတ္ရည္ ထြက္တဲ့ ေနရာဆိုလည္းမမွားဘူး...အဲ့ေတာ့ သူတို႔ေတြလည္း
ပုံမွန္အတြဲေတြလိုပဲ...ဆက္ဆံလို႔ရတယ္
ဒါေပမဲ့ မလုပ္ခင္မွာလည္း ေသခ်ာသန့္ရွင္းဖို႔လိုၿပီးျဖစ္ၿပီးသြားရင္လည္းေသခ်ာ ျပန္သန့္ရွင္းေပးဖို႔လိုတယ္...မဟုတ္ရင္ က်န္းမာေရးအတြက္မေကာင္းဘူး... ၿပီးေတာ့ ထုံးစမ္အတိုင္း နာက်င္တာေတြကေတာ့ ရလဒ္အေနနဲ႕ ခံစားရမွာေပါ့...
ငါေျပာတာ နားလည္သြားၿပီလား...]

(👩 ကိုယ္ေျပာခ်င္တာကေတာ့...
ေယာက်ာ္း ေလးေတြမွာ G spot ကအေနာက္ေပါက္ မွာ ရွိၿပီးေတာ့ မိန္းကေလးမွာဆိုရင္ G spotက
အေရွ႕မွာပဲရွိပါတယ္...
မိန္းကေလးေတြရဲ႕ အေနာက္မွာေတာ့ G spotမရွိပါဘူး
အဲ့ဒီအတြက္ မိန္းကေလးေတြကို အေနာက္မွ ဆက္ဆံလွ်င္ သူတို႔က feelတတ္မွာမဟုတ္ပါဘူး...သူတို႔ရဲ႕ အေနာက္မွာ G spotမရွိတဲ့ အတြက္ေၾကာင့္ပါ...)

Sentence the end 🔞

ေရွာင္ဟန္လည္း ေလာ့မင္ ေရးသမွ်ကို မ်က္ႏွာပူပူနဲ႕ ဖတ္လို႔ၿပီးသြားခဲ့ၿပီျဖစ္သည္။ ယခုကဲ့သို႔ အကုန္လုံးကို ေျပာင္ေျပာင္တင္းတင္း ရွင္းျပသြားသည့္ အေကာင္းစားသူငယ္ခ်င္းႀကီးကို ဘာေျပာရမည္လည္းေတာင္ စဥ္းစား၍ မရပါေတာ့ေခ်။
ေလာ့မင္ကလည္း ေလာ့မင္ပဲျဖစ္သည္။
သူေျပာသည့္ သူ႕ရဲ႕ ဂုဏ္အဂ္ါရပ္မ်ားႏွင့္ေတာ့ တစ္သားတည္းပင္...။

ေရွာင္ဟန္လည္း နီရဲေနသည့္မ်က္ႏွာေဘးျဖင့္သာ စာျပန္ရိုက္လိုက္ရသည္။

[ေရွာင္ဟန္;မင္းရွင္းျပသြားတာကလည္း...မသိရင္ ငါကပဲ လက္ေတြ႕လုပ္ေတာ့မွာေၾကာင့္မို႔ မင္းဆီက လာသင္ေနသလိုျဖစ္ေနၿပီ...နိုက္နိုက္ခြၽက္ခြၽက္ႀကီး...
ဒါေပမဲ့...ေျပာျပတဲ့ အတြက္ေတာ့ ေက်းဇူးပါ အခ်စ္ဆုံးႀကီးရယ္...အခုေတာ့ သိခ်င္တာထက္ ပိုသိလိုက္ရလို႔...ပိုၿပီးေတာင္စိတ္ရႈပ္ေထြးတင္းၾကပ္လာသလိုပဲ...ငါကေတာ့ ေနာက္ဘယ္ေတာ့မွ ပို႔စ္ မတင္ေတာ့ဘူးလို႔ေတြးထားလိုက္ၿပီ...အဲ့ရန္ကေနေဝးေအာင္လို႔...ၿပီးေတာ့ Gym ကစားဖို႔လည္းဆုံးျဖတ္ထားတယ္...လာမဲ့ေဘး ေဝးေဝးေရွာင္ဖို႔ ...မင္းအသိေပးလိုက္တဲ့ ဟာေတြမွန္မွ်က ငါေတြးေတာင္မေတြးဘူးတဲ့ဟာေတြႀကီးပဲလို႔ဆိုရင္...မင္းယုံမလားေတာင္မသိဘူး...]

[ေလာ့မင္; ယုံပါတယ္ကြာ...ငါေပါင္းတဲ့ သူငယ္ခ်င္းႀကီးက ဘာလဲဆိုတာ ငါသိပါတယ္...ငါ့လိုပဲ...အခုခ်ိန္ထိ ဘယ္သူ႕ကိုမွ စိတ္မဝင္စားဘူးဆိုလည္း...ငါသိၿပီးသား...ငါလည္း သိသာ သိထားတာ အားက်ဖိဳ႕ေနေနသာသာ ေတြးေတာင္ မေတြးရဲဘူး...အတူတူဘဲ...]

[ေရွာင္ဟန္; ဒါဆိုရင္လည္း ဒါပဲေလ... ေနာက္မွ ေျပာၾကရေအာင္...ငါတို႔စကားေျပာေနတာ...၉နာရီကတည္းက...အခုဆို ၁၀ နာရီ ခြဲေတာ့မယ္...ငါလည္း အိပ္ထားတာ အိပ္ေရးမဝေသးဘူး...အိပ္ေတာ့ မယ္...ဘိုင္ ဘိုင္...အခ်စ္ဆုံးႀကီး]

[ေလာ့မင္;ေအ...ဘိုင္ ဘိုင္ အလွေလး good night...မြ...]

[ေရွာင္ဟန္; အင္... မင္းကိုလည္း good night
အာဘြားေတာ့ မေပးေတာ့ဘူး ႏွေျမာတယ္...ဘိုင္ ဘိုင္...]

[ေလာ့မင္;ရတယ္ေလ...ကိစၥမရွိဘူး... ငါလည္း ေစာေစာကေပးလိုက္မိတဲ့ ငါ့အာဘြားကို ျပန္႐ုပ္သိမ္းတယ္...ဒါပဲ...]

ေရွာင္ဟန္လည္း ေလာ့မင္ေရးလိုက္သည့္ ျပန္႐ုပ္သိမ္းတယ္ ဆိုသည့္စာေၾကာင့္ သေဘာက်၍ အူလိုက္သည္းလိုက္ ရယ္ေမာလိုက္မိေတာ့သည္။သူ
ထင္ထားသည့္အတိုင္းပင္ သူ႕ရဲ႕ အေကာင္းစား သူငယ္ခ်င္းႀကီးက သူၾကင္မွကိုယ္ၾကင္မယ္ ဆိုသည့္ အေၾကာင္းကို သူ႕ကို သိေစခ်င္၍ လုပ္သြားျခင္းသာ...။
သို႔ေပမဲ့ ဤကဲ့သို႔ ျပန္ခံပက္ျခင္းက အရမ္းႀကီး ကေလးမဆန္လြန္းေပဘူးလား...။

ေရွာင္ဟန္ဆိုသည့္ သူကေတာ့ ကေလးတစ္ေယာက္ႏွင့္ ဖက္ၿပီး ရန္ျဖစ္တတ္သည့္ သူတစ္ေယာက္ မဟုတ္သည့္အတြက္ေၾကာင့္ လူႀကီးဆန္ဆန္ ရယ္သာ ရယ္ေနလိုက္ေတာ့သည္။

ေရွာင္ဟန္ သည္ ရယ္လို႔ဝသြားမွသာ ဖုန္းကိုျပန္ၾကည့္လိုက္ေတာ့ ေလာ့မင္က သူ႕ကို စိတ္ဆိုးသည့္ စေတကာႀကီးပို႔ၿပီး လိုင္းဆင္းသြားၿပီျဖစ္သည္။
ေျပာခ်င္သည့္အရာသည္ကား သူစိတ္ဆိုးသြားၿပီ ဟုဆိုခ်င္သည့္အတိုင္းပင္...

ကိစၥမရွိပါေပ...ထိုအေကာင္းစားသူငယ္ခ်က္းႀကီးက ရက္မကူးခင္ သူ႕ဆီ စာပို႔လွ်င္ပို႔ မပို႔ပါက ဖုန္းဆက္ၿပီး လြမ္းေနေၾကာင္း ေျပာလာပါလိမ့္မည္။

ေရွာင္ဟန္သည္ က်ိဳးယြင္က ျပန္မလာေသးေသာ္လည္း အိပ္ခ်င္ေနၿပီ ျဖစ္သည့္အတြက္ေၾကာင့္ ေစာေစာအိပ္ရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္။

----------------------

က်ိဳးယြင္ေလးရဲ႕ အပိုင္းကို ေနာက္အပိုင္းမွပဲ ေရးေပးပါေတာ့မယ္...စာတိုသြားရင္ ခြင့္လြတ္ပါ...
Psycho သမားေလး လာမဲ့အပိုင္းမွာ ၾကမ္းမွာကို ေစာင့္ေပးၾကပါအူး...😘😘😘

Continue Reading

You'll Also Like

3.3M 210K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
220K 15.4K 72
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
172K 4.3K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
619K 6.2K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...