Unicode
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
အိပ်ယာကတစ်ခုတည်းသာရှိသည်။သဘာဝကျကျပင်ရန်ကျင်းကလည်းလုမယူပဲရှန်ကျစ်ရှန်းအတွက်ချန်ပေးထား၏။သူ့ရင်ထဲမှာတော့ရှန်ကျစ်ရှန်းကဘာလို့ရုတ်တရက်ကြီးမပျော်မရွှင်ဖြစ်သွားလဲဆိုတာကိုသိချင်နေပေမယ့်လည်းမမေးလေဘူး။
သူကရှန်ကျစ်ရှန်းအတွက်တိတ်တဆိတ်ပဲဖယောင်းတိုင်မီးမှုတ်ပေးလိုက်ပြီးနူးညံ့တဲအခင်းတစ်ခုပေါ်ကိုရှောင်းချောင်ယနဲ့အတူသွား၍တရားထိုင်နေလိုက်သည်။
လရောင်ကတစ်ဝက်ပွင့်နေတဲ့ပြတင်းပေါက်ကတစ်ဆင့်တိုးဝင်လာပြီးအနည်းငယ်အေးမြတဲ့လေပြေကိုပါသယ်ဆောင်လာသည်။
အခုကအတော်လေးညနက်နေလေပြီ။ရှောင်းချောင်ယကပြတင်းပေါက်ဘောင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးလရောင်ခံနေသည်။ရှန်ကျစ်ရှန်းကအိပ်ယာပေါ်မှာဖြစ်ပြီးသူ့အသက်ရှုနှုန်းများကတည်ငြိမ်နေတာကြောင့်သူလည်းအိပ်ပျော်နေပြီဆိုတာရှင်းနေသည်။
ရန်ကျင်းရဲ့မျက်လုံးများကပွင့်လာပြီးအထဲမှကြည်လင်ရှင်းလင်းမှုကိုပြသနေသည်။သူကအိပ်ယာရှိရာဘက်သို့ခေါင်းစောင်းကြည့်လိုက်၍ထိုနေရာသို့တိတ်တဆိတ်လျှောက်သွားလိုက်၏။
ရှန်ကျစ်ရှန်းကသူ့ကို 'လူစိမ်း' တစ်ယောက်အဖြစ်သာဆက်ပြီးဟန်ဆောင်နေတာဖြစ်နိုင်သည်။ထို့ကြောင့်ဒီနေ့ည,သူအိပ်တဲ့အနေအထားပုံစံကအရမ်းကိုသင့်တင့်လျှောက်ပတ်နေသည်။သူ့အဝတ်အစားများရဲ့လိုင်းများကသပ်ရပ်ပြီးစေ့စပ်သည်။
သူကနူးညံ့တဲ့ဘရိုကိတ်အိပ်ယာခင်းပေါ်မှာလှဲနေပြီးဝမ်းဗိုက်အောက်ပိုင်းနားလောက်မှာစောင်ချုံထားကာသူ့လက်နှစ်ဖက်ကိုတော့အပေါ်မှာတင်ထားသည်။အနေအထားကအလွန်လေးနက်သည့်အသွင်အပြင်ကိုပေးစွမ်းနေ၏။
ရန်ကျင်းကသူ့ကိုအချိန်အတော်ကြာသည်အထိစိုက်ကြည့်နေသည်။
အဲ့ဒီနှစ်တွေတုန်းကသူချွင်းယွင်ဂိုဏ်းမှာရှန်ကျစ်ရှန်းရဲ့ဘေးမှာနေရတဲ့အချိန်,ကံကောင်းစွာနဲ့ရှန်ကျစ်ရှန်းရဲ့အိပ်ပျော်နေတဲ့အနေအထားကိုအကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ရသည်လေ။အဲ့ဒါကသူ့ဓားကွက်ပုံစံလိုပဲအထိန်းအချုပ်မရှိဘူးအကန့်အသတ်မရှိဘူး
အဲ့ဒီအချိန်မှာပဲစောင်ကမြေပေါ်ကိုပြုတ်ကျခါနီးဖြစ်သွားပြီးခေါင်းအုံးကလည်းကောက်ကွေးတဲ့အနေအထားအဖြစ်ပြောင်းလဲလာသည်။ရှန်ကျစ်ရှန်းကဘေးကိုသက်တောင့်သက်သာဖြင့်စောင်းလိုက်ပြီးသူ့ရဲ့ရှည်လျားတဲ့အနက်ရောင်ဆံနွယ်များကတော့သူ့နောက်မှာမှင်ကဲ့သို့ကျဲပျံ့နေ၏။
ရှန်ကျစ်ရှန်းသည်ရှောင်းချောင်ယကသူ့ကိုနှောင့်ယှက်နေတယ်လို့အိမ်မက်မက်နေတာကြောင့်စောင်အောက်ကိုဒေါသတကြီးလှိမ့်ဝင်လိုက်ပြီးတစ်ဖက်သို့ပြန်လှည့်ပြန်သည်။ပြီးနောက်ပင်ပန်းနွမ်းနယ်စွာနဲ့နူးညံ့စွာရေရွတ်နေသည်။
"မဆူစမ်းနဲ့ကွာ"
ရန်ကျင်းကတော့ရှန်ကျစ်ရှန်းဘာတွေတွေးနေမှန်းမသိပဲဒီအတိုင်းလေးသာငုံ့ကြည့်နေသည်။
လေကသွဲ့သွဲ့လေးတိုက်နေတာကြောင့်ရှန်ကျစ်ရှန်းရဲ့ဆံနွယ်လေးများကသူ့မျက်နှာပေါ်ကိုဝဲကျနေပြီးရှန်ကျစ်ရှန်းအားအတော်ကိုမသက်မသာဖြစ်စေသည်။အိပ်ပျော်နေဆဲဖြင့်ပင်သူ့လက်ကိုမြှောက်ပြီးအကြိမ်အနည်းငယ်လောက်နောက်ကိုပြန်သပ်တင်နေ၏။
ဒါပေမဲ့ဆံပင်တွေကအတော်ကိုခေါင်းမာလွန်းတယ်
ရှန်ကျစ်ရှန်းကလက်ပြန်ချလိုက်တာနဲ့သူတို့ကလေပြေရဲ့သွေးထိုးလှုံ့ဆော်မှုအောက်မှာထပ်ပြီးပြဿနာရှာကြပြန်ရော
ရှန်ကျစ်ရှန်းကနားမလည်နိုင်စရာကောင်းတဲ့တစ်စုံတစ်ရာကိုရေရွတ်နေပြန်သည်။
ရန်ကျင်းရဲ့မျက်လုံးများကသတိလက်လွတ်ဖြင့်နူးညံ့သွားပြီးသူ့နှုတ်ခမ်းပေါ်မှာအပြုံးသေးသေးလေးပေါ်လာတာကိုသူကိုယ်တိုင်တောင်မသိလိုက်ပေ။
သူကရှန်ကျစ်ရှန်းရဲ့ဆံပင်များကိုညင်သာစွာပြုပြင်ပေးလိုက်ပြီးနောက်,သူ့မျက်လုံးကရှန်ကျစ်ရှန်းရဲ့လက်ကောက်ဝတ်ဆီရောက်သွားသည်။
ရှန်ကျစ်ရှန်းကအခုလေးတင်သူ့ဆံပင်များကိုသပ်တင်လိုက်တာဖြစ်သောကြောင့်သူ့လက်ကအိပ်ယာပေါ်မှာသက်တောင့်သက်သာကျနေပြီးလက်ချောင်းလေးများကအနည်းငယ်ကွေးနေသည်။
ရန်ကျင်းကခါးကိုင်းလိုက်ပြီးရှန်ကျစ်ရှန်းရဲ့လက်ကိုတိတ်တဆိတ်ယူလိုက်သည်။
သူ့လက်တွေကအချိန်တိုင်းအေးစက်နေသည်မှာဘယ်တုန်းကမှမနွေးထွေးခဲ့ဘူးသလိုပင်။ရန်ကျင်းကညင်သာစွာလှည့်လိုက်ပြီးသွေးကြောစမ်းကြည့်လိုက်သည်။
ရန်ကျင်းထွက်လာတဲ့အချိန်တုန်းကရှန်ကျစ်ရှန်းရဲ့ခန္တာကိုယ်ဟာအလွန်အားနည်းနေသေးသည်လေ။သူကအခုချိန်မှာအဆင်ပြေနေပုံပေါက်ပေမယ့်ရန်ကျင်းကတော့ခပ်ပေါ့ပေါ့မတွေးရဲဘူး။
ကံကောင်းစွာနဲ့ပဲသူ့သွေးခုန်နှုန်းကချောမွေ့ပြီးအားကောင်းနေသည်။
ရန်ကျင်းကအနည်းငယ်စိတ်သက်သာရာရသွားကာမနေနိုင်စွာနဲ့ထပ်တွေးမိပြန်သည်။
အစောတုန်းကသူ့ကိုတွေ့တဲ့အချိန်မှာဆရာ့ပုံစံကသိပ်ပြီးဒေါသမထွက်တော့သလိုပဲ
သူကငါ့ကို.....ခွင့်လွှတ်လိုက်ပြီများလား?ဘာလို့ဆရာကသူ့အကြောင်းကိုရုတ်တရက်ကြီးပြောင်းလဲလိုက်ရတာလဲ?ပြီးတော့ဒီနာမည်ကိုလည်းသုံးနေတုန်းပဲလား?
သူကများပြားကျယ်ပြန့်စွာတွေးနေမိရင်းသူ့အကြည့်ကိုအောက်လျောချလိုက်သည်။ရှန်ကျစ်ရှန်းရဲ့လက်ကောက်ဝတ်ပေါ်မှာသူဝတ်နေကြကျောက်စိမ်းလက်ကောက်ကြိုးလေးကိုမတွေ့တော့ဘူးဆိုတာကိုမြင်လိုက်ရ၏။
ရှန်ကျစ်ရှန်းကသူ့အကြောင်းသူဖုန်းကွယ်ထားတာမို့လို့အဲ့ဒါကိုချွတ်ခဲ့တာပဲဖြစ်လိမ့်မယ်လို့ယူဆလို့ရသည်။
အဖြူရောင်လက်ကောက်ဝတ်လေးပေါ်မှာအရောင်တော်တော်မတူတဲ့အမှတ်တစ်ခုရှိနေသည်။ကျောက်စိမ်းပုတီးရဲ့ကာဆီးထားမှုမရှိတော့တာကြောင့်ရှန်ကျစ်ရှန်းရဲ့လက်ကောက်ဝတ်ကအမာရွတ်ကရန်ကျင်းရဲ့မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းမြင်နေရသည်။
ရန်ကျင်းသည်ထိုအမာရွတ်အားမတိုင်ခင်တုန်းကခဏတဖြုတ်မြင်ခဲ့ဘူးသည်။ဒါပေမဲ့ဒီတစ်ခေါက်ကတော့သူအပြည့်အဝမြင်ရတာပထမဆုံးအကြိမ်ပဲ..
အဲ့ဒါကပုံမှန်မဟုတ်တဲ့ဒဏ်ရာတစ်ခုဖြစ်ပြီးဓားတိုကြောင့်ဖြစ်တာမဟုတ်သလိုဓားရှည်ကြောင့်ဖြစ်တာလည်းမဟုတ်ဘူးဆိုတာညွှန်ပြနေသည်လေ။အဲ့ဒါကနှင်းဖြူရောင်လက်ကောက်ဝတ်ပေါ်မှာကန့်လန့်ဖြတ်ဖြစ်ပြီးထိကြည့်လိုက်တာနဲ့အနည်းငယ်ကြွတက်နေသလိုခံစားရသည်။
ရန်ကျင်းကဒဏ်ရာကိုဂရုတစိုက်စစ်ဆေးနေရင်းနားလည်လိုက်သည်။
ကြည့်ရတာဒါက.....ဆက်တိုက်ကိုက်ထားတာကြောင့်ဖြစ်တဲ့ပုံပဲ
ဆရာ့လိုလူတစ်ယောက်ကဘယ်လိုလုပ်ဒီလိုဒဏ်ရာမျိုးရလာတာလဲ?
ရန်ကျင်းရဲ့နှလုံးသားကတစ်ဖြေးဖြေးနဲ့စတင်သံသယဝင်လာသည်။တစ်နည်းနည်းနဲ့,သူ့ပင်ကိုယ်သိစိတ်ကနေပြောနေတာကဒီအမာရွတ်ဟာရှန်ကျစ်ရှန်းနဲ့သိပ်မသက်ဆိုင်ပဲပိုသက်ဆိုင်မယ့်သူက....
ဆွေ့ရှန်း
ဆွေ့ရှန်းပဲ...
သူ့နှလုံးသားထဲမှာထိုနာမည်အားထပ်တလဲလဲရေရွတ်နေမိသည်။အဆုံးမှာတော့ထိုနာမည်ရဲ့အရသာကအနည်းငယ်ချို၊အနည်ငယ်ချဉ်ပြီးအနည်းငယ်ပျော်ရွှင်ဖို့ကောင်းသလိုဝမ်းနည်းဖို့လည်းကောင်းသည်။
ခံစားချက်ပေါင်းစည်းမှုများကအလွန်ကိုရှုပ်ထွေးလှတာကြောင့်ကိုင်တွယ်ဖို့ခက်ခဲလှသည်။
တကယ်တော့သူ့မှတ်ဉာဏ်အများစုကဖရိုဖရဲဖြစ်နေတာဖြစ်သည်။သူ့ရဲ့ထိုအတိတ်များကကြေမွပြိုကွဲနေပြီးသူ့ဘဝရဲ့အချိန်ဇယားမှာယှက်နွယ်နေသလိုမျိုးသူ့စိတ်ထဲမှာအမှုန်အမွှားသေးသေးလေးများသာကျန်ရစ်ခဲ့သည်။
ဘာလို့သူဒီလူကိုရှာရမှာလဲဆိုတာကိုသူမမှတ်မိတော့ဘူး...တစ်ခုတည်းသောသူသိတဲ့အရာကသူ့စိတ်ထဲမှာထပ်တလဲလဲဖြစ်ပေါ်နေတဲ့မပြည့်ဝသောစွဲလမ်းမှုများသာ...
သူ့ဘဝကမပြည့်စုံသလိုမျိုးဖြစ်နေတာကြောင့်သူဆွေ့ရှန်းကိုရှာတွေ့ပြီးထိုလူကိုသူ့အစာအိမ်ထဲမျိုချလို့သူ့အသားတွေအသွေးတွေကိုသောက်သုံးပြီးမှပြီးပြည့်စုံတယ်လို့မှတ်ယူနိုင်လိမ့်မည်။
မှတ်ဉာဏ်များကိုအတင်းအကြပ်ရှာဖွေခြင်းကသူ့ခေါင်းကိုစတင်နာကျင်လာစေသည်။ရန်ကျင်းရဲ့ဆုပ်ကိုင်မှုကလည်းအမှတ်မထင်တင်းကြပ်သွားသည်။ရှန်ကျစ်ရှန်းကမသက်မသာဖြစ်မှုကိုသတိပြုမိ၏။အိပ်နေဆဲဖြင့်ပင်သူကမျက်မှောင်ကျုံ့ပြီးစိတ်မသက်မသာစွာနေရာရွှေ့နေသည်။
ရှန်ကျစ်ရှန်းရဲ့လက်ကောက်ဝတ်ကိုကိုင်ထားတဲ့ရန်ကျင်းရဲ့လက်ကမီးစတစ်ခုနဲ့ထိုးလိုက်သလိုမျိုးခံစားလိုက်ရပြီးသူ့ဝိညာဉ်ပင်လယ်ထဲမှာချည်နှောင်ထားတဲ့စာချုပ်ကသတိပေးမှုတစ်ခုထုတ်ဖော်လာကာဒီလူကိုထိခိုက်အောင်မလုပ်ဖို့သူ့ကိုသတိပေးနေသည်။
ရန်ကျင်းကရုတ်တရက်အာရုံပြန်ရသွားကာသူ့စိတ်ထဲကိုဝင်လာတဲ့ကြောက်မက်ဖွယ်အတွေးများကိုချက်ချင်းပင်သဘောပေါက်သွားသည်။သူ့နှုတ်ခမ်းများကတင်းကြပ်သွားပြီးမျက်လုံးများကရှင်းလင်းစွာပင်တုန်ယင်လာ၍သူ့မျက်လုံးရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့အနီရောင်အရိပ်အယောင်တစ်ခုကတိတ်ဆိတ်စွာပင်အသက်ဝင်လာသည်။
ဘိုးဘေးဝန်းရဲ့အသံကပြောခဲ့တယ်
ငါ့တပည့်ဆွေ့ရှန်း
ဆရာကအဲ့ဒီစကားအတိုင်းလိုက်ပြောခဲ့ပြီးတစ်ယောက်နဲ့တစ်ယောက်တစ်နှစ်ပြီးတစ်နှစ်အမြဲတမ်းတွေ့ကြမယ်လို့ရေရွတ်ခဲ့တယ်...
တကယ်တော့ဒီထက်ပိုတဲ့သက်သေပြချက်တွေမလိုအပ်တော့ဘူး....သူ့နှလုံးသားထဲကအလိုအလျောက်သိစိတ်နဲ့တိုက်ရိုက်တုန့်ပြန်မှုကသူ့ကိုအမှန်တရားပြောပြီးသား
ဒါပေမဲ့,မနေနိုင်စွာပဲကြောက်ရွံ့တုန်လှုပ်နေမိတယ်...သူ့ရှေ့ကအရာအားလုံးကဒီအတိုင်းပုံရိပ်ယောင်တွေဖြစ်နေရင်....သူ့အဲ့ဒါကိုထိတွေ့ဖို့သေလောက်အောင်ကြောက်ရွံ့မိတယ်...
ခေါင်းကိုက်မှုကသူ့ခေါင်းထဲကိုထိုးဖောက်ပြီးဝင်သွားသလိုမျိုးနာကျင်မှုကသူ့ကိုနှစ်ပိုင်းဖြတ်တောက်ပစ်နိုင်သည်အထိပြင်းထန်သည်။ရန်ကျင်းကနာကျင်မှုကိုသည်းခံရင်းရှန်ကျစ်ရှန်းရဲ့လက်အားညင်သာစွာပြန်ချလိုက်ကာမတ်တပ်ရပ်၍နောက်ကိုခြေနှစ်လှမ်းမျှဆုတ်လိုက်၏။
ဆရာ
ဆွေ့ရှန်း
သူအဝေးကိုလှည့်ထွက်လိုက်သော်လည်းရန်ကျင်းသည်မနေနိုင်စွာနဲ့နောက်တစ်ဖန်ပြန်လှည့်ကြည့်မိပြန်၏။အိပ်ယာပေါ်မှသန့်ရှင်းပြိးချောမောခန့်ညားလှတဲ့အမျိုးသားလေးကနှစ်နှစ်ခြိုက်အိပ်ပျော်နေသည်။သူနိုးလာရင်တော့သူကပျင်းရိမှုတွေအကန့်အသတ်မရှိမှုတွေပြန်ပေါ်လာလိမ့်မည်။
ဒါပေမဲ့သူအိပ်ပျော်နေတဲ့အချိန်မှာတော့သူ့မျက်ခုံးနှစ်ခုကြားမှာညင်သာသိမ်မွေ့မှုလေးရှိနေသည်လေ။
နက်မှောင်နေတဲ့ညရဲ့လပြည့်ညလိုမျိုးအတောက်ပဆုံးနဲ့အလှပဆုံးလရောင်ကိုထွန်းလင်းပေးနေသည်။
.......................
ရှန်ကျစ်ရှန်းကသာမာန်လူတစ်ယောက်လိုဖြစ်နေပြီဖြစ်သည်။ဒီရက်အနည်းငယ်မှာလမ်းပေါ်ပဲပြေးလွှားနေခဲ့ရတာကြောင့်သူတကယ့်ကိုပင်ပန်းနေတာပင်။သူ့မှာရန်ကျင်းကိုစောင့်ကြပ်နေချင်ပေမယ့်လည်းညမှာထိန်းချုပ်မရနိုင်အောင်ဝမ်းနည်းကြေကွဲစွာနဲ့အိပ်ပျော်သွားရသည်လေ။ညလယ်လောက်ကြီးဘာတွေဖြစ်ခဲ့လဲဆိုတာသူလုံးဝမသိဘူး
သူ့လက်ကောက်ဝတ်ကနည်းနည်းလေးထုံနေတယ်လို့သာခံစားနေရသည်။ဒါပေမဲ့လည်းအဲ့ဒါကခဏတာအဆင်မပြေဖြစ်မှုလေးသာ
သူကစိတ်ရှုပ်ထွေးစွာဖြင့်သူ့လက်ကိုလှည့်လိုက်သည်။လက်ကိုကြည့်လိုက်တဲ့အချိန်မှာအဲ့ဒါကနည်းနည်းနီနေပေမယ့်လည်းဘာမှတော့မှားယွင်းနေပုံမပေါ်ဘူး။
သူလက်ပေါ်ဖိပြီးအိပ်မိသွားတာကြောင့်သာဖြစ်လိမ့်မယ်လို့ကောက်ချက်ချလိုက်သည်။ဒါကပထမဆုံးမှမဟုတ်တော့တာပဲ
ရလဒ်ကတော့သူကစိတ်ရှုပ်ထွေးမှုများကိုအဝေးသို့တွန်းထုတ်လိုက်ပြီးထပ်စဉ်းစားမနေတော့ပေ။
ရန်ကျင်းကသူနဲ့ခရီးအတူတူသွားချင်တယ်ဆိုမှတော့ရှန်ကျစ်ရှန်းကလည်းငြင်းဆန်မနေတော့ပဲတည်ငြိမ်စွာသာမေးလိုက်သည်။
"ဘယ်သွားမှာလဲ?"
သူကသူ့ဘာသာသူဦးတည်ရာမရှိဘူးလေ...တကယ်တော့သူကနတ်ဆိုးငါးရဲ့အမျက်ကြေးခွံရှိနေတဲ့ထူးခြားဆန်းကြယ်လျို့ဝှက်နယ်မြေရဲ့တည်နေရာကိုသိဖို့,ရန်ကျင်းနောက်ကနေတိတ်တိတ်လေးခိုးလိုက်ဖို့ရည်ရွယ်ထားတာ
သူတို့ကအခုအတူတူခရီးသွားမယ်ဆိုမှတော့သူသာသူ့အကြောင်းကိုမဖော်ထုတ်မိဖို့ဂရုစိုက်နေသ၍.....အဲ့ဒါကပြဿနာကြီးမဟုတ်လောက်ဘူး
သူရန်ကျင်းနဲ့တောင် 'ညီအစ်ကိုကောင်း' တွေဖြစ်သွားနိုင်တယ်...ဖြစ်နိုင်တာ,ရန်ကျင်းကအဲ့ဒီအကြေးခွံကိုရှာတွေ့ပြီးသွားရင်သူတို့ရဲ့ညီအစ်ကိုသံယောဇဉ်လေးကိုစဉ်းစားပြီးသူ့ကိုအကြေးခွံရဲ့အပိုင်းလေးတစ်ခုလောက်တော့ပေးကောင်းပါရဲ့
ဖုံးကွယ်ထားတဲ့သူ့အကြောင်းကလုံးဝပေါ်သွားပြီဆိုတာကိုမသိတဲ့ရှန်ကျစ်ရှန်းကတော့အနာဂတ်အရေးမျှော်တွေးနေသည်။
တကယ်တော့ရန်ကျင်းကလည်းတိကျတဲ့ဦးတည်ချက်ကိုသတ်မှတ်ထားတာမရှိဘူး..
ဒါပေမဲ့သူ့ကိုရှန်ကျစ်ရှန်းကအချိန်အကြာကြီးစိုက်ကြည့်နေတာကိုတောင့်မခံနိုင်တော့တာကြောင့်ချီတုံချတုံနဲ့ပဲဦးတည်ရာကိုပြောလိုက်ရတော့သည်။
"အဲ့ဒါက...တောင်ဘက်သွားမယ်"
ရှန်ကျစ်ရှန်းကလက်ခံသဘောတူဟန်ခေါင်းညိတ်သည်။
ရှန်ကျစ်ရှန်းကလွန်ခဲ့တဲ့နှစ်ရက်လုံး,လုံလောက်အောင်ပင်ပင်ပန်းပန်းခရီးနှင်ပြီးသွားပြီဖြစ်တာကြောင့်သက်တောင့်သက်သာနဲ့စီးနင်းနိုင်မယ့်အကောင်တစ်ကောင်လောက်ဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ဒီမြို့နဲ့သိပ်မဝေးတဲ့နေရာမှာစီးနင်းစရာအမျိုးမျိုးကိုအထူးတလှယ်ခင်းကျင်းထားတဲ့နေရာတစ်ခုရှိတာကြောင့်အဲ့ဒီမှာခတ္တရပ်နားပြီးတစ်ချက်လောက်ကြည့်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
ရန်ကျင်းလား...သေချာပေါက်ကန့်ကွက်မှုမရှိဘူးလေ..ရှောင်းချောင်ယနဲ့အတူသူ့နောက်ကတိတ်တဆိတ်သာလိုက်ပါသွားသည်။
ကုန်စည်တွေဝယ်ဖို့မြို့တော်ကမထွက်ခင်ရှန်ကျစ်ရှန်းကရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိသွားသည်။သူကစာအုပ်ဆိုင်တစ်ဆိုင်ကိုသွားလိုက်ပြီးရန်ကျင်းအားအပြင်မှာစောင့်ခိုင်းကာသူဝယ်ချင်တာတစ်ခုခုရှိလို့ဆိုပြီးအကြောင်းပြခဲ့သည်။
ရန်ကျင်းမှာတော့အစကနောက်ကနေလိုက်သွားချင်ပေမယ့်လည်းရှန်ကျစ်ရှန်းကသူ့ကိုတစ်ချက်ကြည့်လိုက်တာနဲ့တင်ရပ်သွားရသည်လေ။
ကံကောင်းစွာနဲ့ရှန်ကျစ်ရှန်းကအချိန်ခဏလေးသာသွားပြီးမကြာခင်ပြန်ထွက်လာသည်။သူထွက်လာတဲ့အချိန်မှာတော့သူ့လက်တွေကဗလာဖြစ်နေပြီးသူ့အမူအယာကသူ့ကိုယ်သူအနည်းငယ်ကျေနပ်နေပုံပင်။
ရန်ကျင်းကသူ့အမူအယာကိုမြင်သောအခါအလျင်အမြန်မေးသည်။
"တစ်ခုခုဝယ်ခဲ့တာလား?"
သူ့မေးခွန်းကိုကြားသောအခါရှန်ကျစ်ရှန်းရဲ့အမူအယာကအနည်းငယ်ထူးဆန်းသွားသည်။သူကခဏလောက်ကြာမှခေါင်းခါပြပြီးပြောလာ၏။
"သူဌေးကရိုင်းစိုင်းပြီးအသိတရားလုံးဝမရှိဘူးအဲ့ဒါကြောင့်ငါဘာမှမဝယ်ခဲ့ဘူး..သွားကြတာပေါ့"
ရှန်ကျစ်ရှန်းကရှေ့ကနေခေါင်းဆောင်ပြီးလျှောက်ထွက်သွားတော့သည်။ရန်ကျင်းကစာအုပ်ဆိုင်အားပြန်လှည့်ကြည့်မိသည်။သူ့မှာနားကောင်းကောင်းရှိတော့စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ရေရွတ်သံကိုကြားလိုက်ရသည်လေ။
"အားယား,အဲ့ဒီစာအုပ်အစုံလိုက်ကရောင်းနေရတာပဲငါ့ကိုပိုက်ဆံတွေအများကြီးရစေတယ်....ဒါပေမဲ့,ငါကတော့ဆိုးဝါးတယ်လို့မခံစားရပါဘူး...ဇာတ်လမ်းပြောတဲ့သူဆီပြန်သွားပြီးဇာတ်လမ်းကိုအကြိမ်ရေများများလောက်ထပ်နားထောင်ဦးမှပါ"
ရန်ကျင်းကမျက်လွှာချလိုက်ပြီးရှေ့သို့လိုက်ပါသွားလိုက်တော့သည်။
===================
Translator's Note
ရှန်ကျစ်ရှန်းဘာစာအုပ်တွေဝယ်သွားလဲသိကြလားဗျို့
Question and Answer
ရှေ့အပိုင်းတွေမှာဒါဒါလေးတို့နားမလည်တာလေးတွေများနေတာတွေ့ပါတယ်။အဲ့ဒါကစာရေးသူကမြှုပ်ကွက်တွေအများကြီးထည့်ထားတဲ့အပြင်ဘာသာပြန်တဲ့ညီမကရှင်းအောင်မပြန်မိတာလည်းပါမှာပေါ့နော်။အမေးများတဲ့မေးခွန်းလေးတွေတစ်ချို့ကိုဖြေပေးပါ့မယ်နော်။
🔒ရန်ကျင်းကရှန်ကျစ်ရှန်းနဲ့ဆွေ့ရှန်းကိုတစ်ယောက်တည်းမှန်းသိနေလား?
🔑ဟုတ်ကဲ့သိနေပါတယ်။အရင်တစ်ခေါက်တောင်ပေါ်မှာရှန်ကျစ်ရှန်းရဲ့ဆရာနဲ့တွေ့ကတည်းကသူကြားခဲ့တာကြောင့်သိပါတယ်။
🔒ရန်ကျင်းနဲ့ဆွေ့ရှန်းကအရင်ကတည်းကသိကြလား?
🔑သိကြပါတယ်။အဲ့ဒါကမြှုပ်ကွက် အကြီးကြီးမို့လို့ spoiler ဖြစ်မှာစိုးလို့ရှင်းပြပေးလို့ မရပါဘူး။
🔒ရန်ကျင်းကသူ့ဆရာကိုရုပ်ပြောင်းထားရဲ့သားနဲ့ဘယ်လိုသိသွားတာလဲ?
🔑သူတို့ချုပ်ထားတဲ့စာချုပ်ကနှစ်ယောက်တွေ့တဲ့အချိန်မှာအသက်ဝင်ပါတယ်။ရန်ကျင်းကသတိထားလိုက်မိတဲ့အတွက်ချက်ချင်းသိလိုက်တာပါ။ရှန်ကျစ်ရှန်းကတော့နဂိုကတည်းကသိပ်ပြီးဂရုမစိုက်တဲ့သူဆိုတော့မသိပါဘူး။
တစ်ခြားနားမလည်တာလေးတွေရှိရင်မေးပေးပါ။ညီမဖြေပေးလို့ရတာလေးတွေဖြေပေးပါ့မယ်။ပြောထားသလိုပဲဒါကမြှုပ်ကွက်လေးတွေအရမ်းများပါတယ်။ထင်ထားတဲ့အရာတွေကမဟုတ်တာလည်းဖြစ်နိုင်သလိုမတွေးထားတာလေးတွေလည်းဖြစ်နိုင်ပါတယ်။
ဥပမာ-ရှန်ကျစ်ရှန်းကရှန်ကျစ်ရှန်းမဟုတ်သလို ရှန်ကျစ်ရှန်းကတကယ်တော့ ရှန်ကျစ်ရှန်းပါပဲ။😁
ရှင်းသွားပြီဟုတ်😜
===================
Zawgyi
Chapter(27 - 3) - အတူတကြခရီးသြားျခင္း
အိပ္ယာကတစ္ခုတည္းသာရွိသည္။သဘာဝက်က်ပင္ရန္က်င္းကလည္းလုမယူပဲရွန္က်စ္ရွန္းအတြက္ခ်န္ေပးထား၏။သူ႔ရင္ထဲမွာေတာ့ရွန္က်စ္ရွန္းကဘာလို႔႐ုတ္တရက္ႀကီးမေပ်ာ္မရႊင္ျဖစ္သြားလဲဆိုတာကိုသိခ်င္ေနေပမယ့္လည္းမေမးေလဘူး။
သူကရွန္က်စ္ရွန္းအတြက္တိတ္တဆိတ္ပဲဖေယာင္းတိုင္မီးမႈတ္ေပးလိုက္ၿပီးႏူးညံ့တဲအခင္းတစ္ခုေပၚကိုေရွာင္းေခ်ာင္ယနဲ႔အတူသြား၍တရားထိုင္ေနလိုက္သည္။
လေရာင္ကတစ္ဝက္ပြင့္ေနတဲ့ျပတင္းေပါက္ကတစ္ဆင့္တိုးဝင္လာၿပီးအနည္းငယ္ေအးျမတဲ့ေလေျပကိုပါသယ္ေဆာင္လာသည္။
အခုကအေတာ္ေလးညနက္ေနေလၿပီ။ေရွာင္းေခ်ာင္ယကျပတင္းေပါက္ေဘာင္ေပၚမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနၿပီးလေရာင္ခံေနသည္။ရွန္က်စ္ရွန္းကအိပ္ယာေပၚမွာျဖစ္ၿပီးသူ႔အသက္ရွဳႏႈန္းမ်ားကတည္ၿငိမ္ေနတာေၾကာင့္သူလည္းအိပ္ေပ်ာ္ေနၿပီဆိုတာရွင္းေနသည္။
ရန္က်င္းရဲ႔မ်က္လံုးမ်ားကပြင့္လာၿပီးအထဲမွၾကည္လင္ရွင္းလင္းမႈကိုျပသေနသည္။သူကအိပ္ယာရွိရာဘက္သို႔ေခါင္းေစာင္းၾကည့္လိုက္၍ထိုေနရာသို႔တိတ္တဆိတ္ေလွ်ာက္သြားလိုက္၏။
ရွန္က်စ္ရွန္းကသူ႔ကို 'လူစိမ္း' တစ္ေယာက္အျဖစ္သာဆက္ၿပီးဟန္ေဆာင္ေနတာျဖစ္ႏိုင္သည္။ထို႔ေၾကာင့္ဒီေန႔ည,သူအိပ္တဲ့အေနအထားပံုစံကအရမ္းကိုသင့္တင့္ေလွ်ာက္ပတ္ေနသည္။သူ႔အဝတ္အစားမ်ားရဲ႔လိုင္းမ်ားကသပ္ရပ္ၿပီးေစ့စပ္သည္။
သူကႏူးညံ့တဲ့ဘရိုကိတ္အိပ္ယာခင္းေပၚမွာလွဲေနၿပီးဝမ္းဗိုက္ေအာက္ပိုင္းနားေလာက္မွာေစာင္ခ်ံဳထားကာသူ႔လက္ႏွစ္ဖက္ကိုေတာ့အေပၚမွာတင္ထားသည္။အေနအထားကအလြန္ေလးနက္သည့္အသြင္အျပင္ကိုေပးစြမ္းေန၏။
ရန္က်င္းကသူ႔ကိုအခ်ိန္အေတာ္ၾကာသည္အထိစိုက္ၾကည့္ေနသည္။
အဲ့ဒီႏွစ္ေတြတုန္းကသူခၽြင္းယြင္ဂိုဏ္းမွာရွန္က်စ္ရွန္းရဲ႔ေဘးမွာေနရတဲ့အခ်ိန္,ကံေကာင္းစြာနဲ႔ရွန္က်စ္ရွန္းရဲ႔အိပ္ေပ်ာ္ေနတဲ့အေနအထားကိုအႀကိမ္ေပါင္းမ်ားစြာျမင္ေတြ႕ခဲ့ရသည္ေလ။အဲ့ဒါကသူ႔ဓားကြက္ပံုစံလိုပဲအထိန္းအခ်ဳပ္မရွိဘူးအကန္႔အသတ္မရွိဘူး
အဲ့ဒီအခ်ိန္မွာပဲေစာင္ကေျမေပၚကိုျပဳတ္က်ခါနီးျဖစ္သြားၿပီးေခါင္းအံုးကလည္းေကာက္ေကြးတဲ့အေနအထားအျဖစ္ေျပာင္းလဲလာသည္။ရွန္က်စ္ရွန္းကေဘးကိုသက္ေတာင့္သက္သာျဖင့္ေစာင္းလိုက္ၿပီးသူ႔ရဲ႔ရွည္လ်ားတဲ့အနက္ေရာင္ဆံႏြယ္မ်ားကေတာ့သူ႔ေနာက္မွာမွင္ကဲ့သို႔က်ဲပ်ံ႔ေန၏။
ရွန္က်စ္ရွန္းသည္ေရွာင္းေခ်ာင္ယကသူ႔ကိုေႏွာင့္ယွက္ေနတယ္လို႔အိမ္မက္မက္ေနတာေၾကာင့္ေစာင္ေအာက္ကိုေဒါသတႀကီးလွိမ့္ဝင္လိုက္ၿပီးတစ္ဖက္သို႔ျပန္လွည့္ျပန္သည္။ၿပီးေနာက္ပင္ပန္းႏြမ္းနယ္စြာနဲ႔ႏူးညံ့စြာေရရြတ္ေနသည္။
"မဆူစမ္းနဲ႔ကြာ"
ရန္က်င္းကေတာ့ရွန္က်စ္ရွန္းဘာေတြေတြးေနမွန္းမသိပဲဒီအတိုင္းေလးသာငံု႔ၾကည့္ေနသည္။
ေလကသြဲ႔သြဲ႔ေလးတိုက္ေနတာေၾကာင့္ရွန္က်စ္ရွန္းရဲ႔ဆံႏြယ္ေလးမ်ားကသူ႔မ်က္ႏွာေပၚကိုဝဲက်ေနၿပီးရွန္က်စ္ရွန္းအားအေတာ္ကိုမသက္မသာျဖစ္ေစသည္။အိပ္ေပ်ာ္ေနဆဲျဖင့္ပင္သူ႔လက္ကိုေႁမွာက္ၿပီးအႀကိမ္အနည္းငယ္ေလာက္ေနာက္ကိုျပန္သပ္တင္ေန၏။
ဒါေပမဲ့ဆံပင္ေတြကအေတာ္ကိုေခါင္းမာလြန္းတယ္
ရွန္က်စ္ရွန္းကလက္ျပန္ခ်လိုက္တာနဲ႔သူတို႔ကေလေျပရဲ႔ေသြးထိုးလွဳံ႔ေဆာ္မႈေအာက္မွာထပ္ၿပီးျပႆနာရွာၾကျပန္ေရာ
ရွန္က်စ္ရွန္းကနားမလည္ႏိုင္စရာေကာင္းတဲ့တစ္စံုတစ္ရာကိုေရရြတ္ေနျပန္သည္။
ရန္က်င္းရဲ႔မ်က္လံုးမ်ားကသတိလက္လြတ္ျဖင့္ႏူးညံ့သြားၿပီးသူ႔ႏႈတ္ခမ္းေပၚမွာအျပံဳးေသးေသးေလးေပၚလာတာကိုသူကိုယ္တိုင္ေတာင္မသိလိုက္ေပ။
သူကရွန္က်စ္ရွန္းရဲ႔ဆံပင္မ်ားကိုညင္သာစြာျပဳျပင္ေပးလိုက္ၿပီးေနာက္,သူ႔မ်က္လံုးကရွန္က်စ္ရွန္းရဲ႔လက္ေကာက္ဝတ္ဆီေရာက္သြားသည္။
ရွန္က်စ္ရွန္းကအခုေလးတင္သူ႔ဆံပင္မ်ားကိုသပ္တင္လိုက္တာျဖစ္ေသာေၾကာင့္သူ႔လက္ကအိပ္ယာေပၚမွာသက္ေတာင့္သက္သာက်ေနၿပီးလက္ေခ်ာင္းေလးမ်ားကအနည္းငယ္ေကြးေနသည္။
ရန္က်င္းကခါးကိုင္းလိုက္ၿပီးရွန္က်စ္ရွန္းရဲ႔လက္ကိုတိတ္တဆိတ္ယူလိုက္သည္။
သူ႔လက္ေတြကအခ်ိန္တိုင္းေအးစက္ေနသည္မွာဘယ္တုန္းကမွမေႏြးေထြးခဲ့ဘူးသလိုပင္။ရန္က်င္းကညင္သာစြာလွည့္လိုက္ၿပီးေသြးေၾကာစမ္းၾကည့္လိုက္သည္။
ရန္က်င္းထြက္လာတဲ့အခ်ိန္တုန္းကရွန္က်စ္ရွန္းရဲ႔ခႏာၱကိုယ္ဟာအလြန္အားနည္းေနေသးသည္ေလ။သူကအခုခ်ိန္မွာအဆင္ေျပေနပံုေပါက္ေပမယ့္ရန္က်င္းကေတာ့ခပ္ေပါ့ေပါ့မေတြးရဲဘူး။
ကံေကာင္းစြာနဲ႔ပဲသူ႔ေသြးခုန္ႏႈန္းကေခ်ာေမြ႕ၿပီးအားေကာင္းေနသည္။
ရန္က်င္းကအနည္းငယ္စိတ္သက္သာရာရသြားကာမေနႏိုင္စြာနဲ႔ထပ္ေတြးမိျပန္သည္။
အေစာတုန္းကသူ႔ကိုေတြ႔တဲ့အခ်ိန္မွာဆရာ႔ပံုစံကသိပ္ၿပီးေဒါသမထြက္ေတာ့သလိုပဲ
သူကငါ့ကို.....ခြင့္လႊတ္လိုက္ၿပီမ်ားလား?ဘာလို႔ဆရာကသူ႔အေၾကာင္းကို႐ုတ္တရက္ႀကီးေျပာင္းလဲလိုက္ရတာလဲ?ၿပီးေတာ့ဒီနာမည္ကိုလည္းသံုးေနတုန္းပဲလား?
သူကမ်ားျပားက်ယ္ျပန္႔စြာေတြးေနမိရင္းသူ႔အၾကည့္ကိုေအာက္ေလ်ာခ်လိုက္သည္။ရွန္က်စ္ရွန္းရဲ႔လက္ေကာက္ဝတ္ေပၚမွာသူဝတ္ေနၾကေက်ာက္စိမ္းလက္ေကာက္ႀကိဳးေလးကိုမေတြ႕ေတာ့ဘူးဆိုတာကိုျမင္လိုက္ရ၏။
ရွန္က်စ္ရွန္းကသူ႔အေၾကာင္းသူဖုန္းကြယ္ထားတာမို႔လို႔အဲ့ဒါကိုခၽြတ္ခဲ့တာပဲျဖစ္လိမ့္မယ္လို႔ယူဆလို႔ရသည္။
အျဖဴေရာင္လက္ေကာက္ဝတ္ေလးေပၚမွာအေရာင္ေတာ္ေတာ္မတူတဲ့အမွတ္တစ္ခုရွိေနသည္။ေက်ာက္စိမ္းပုတီးရဲ႔ကာဆီးထားမႈမရွိေတာ့တာေၾကာင့္ရွန္က်စ္ရွန္းရဲ႔လက္ေကာက္ဝတ္ကအမာရြတ္ကရန္က်င္းရဲ႔မ်က္လံုးထဲမွာရွင္းရွင္းလင္းလင္းျမင္ေနရသည္။
ရန္က်င္းသည္ထိုအမာရြတ္အားမတိုင္ခင္တုန္းကခဏတျဖဳတ္ျမင္ခဲ့ဘူးသည္။ဒါေပမဲ့ဒီတစ္ေခါက္ကေတာ့သူအျပည့္အဝျမင္ရတာပထမဆံုးအႀကိမ္ပဲ..
အဲ့ဒါကပံုမွန္မဟုတ္တဲ့ဒဏ္ရာတစ္ခုျဖစ္ၿပီးဓားတိုေၾကာင့္ျဖစ္တာမဟုတ္သလိုဓားရွည္ေၾကာင့္ျဖစ္တာလည္းမဟုတ္ဘူးဆိုတာၫႊန္ျပေနသည္ေလ။အဲ့ဒါကႏွင္းျဖဴေရာင္လက္ေကာက္ဝတ္ေပၚမွာကန္႔လန္႔ျဖတ္ျဖစ္ၿပီးထိၾကည့္လိုက္တာနဲ႔အနည္းငယ္ႂကြတက္ေနသလိုခံစားရသည္။
ရန္က်င္းကဒဏ္ရာကိုဂ႐ုတစိုက္စစ္ေဆးေနရင္းနားလည္လိုက္သည္။
ၾကည့္ရတာဒါက.....ဆက္တိုက္ကိုက္ထားတာေၾကာင့္ျဖစ္တဲ့ပံုပဲ
ဆရာ႔လိုလူတစ္ေယာက္ကဘယ္လိုလုပ္ဒီလိုဒဏ္ရာမ်ိဳးရလာတာလဲ?
ရန္က်င္းရဲ႔ႏွလံုးသားကတစ္ေျဖးေျဖးနဲ႔စတင္သံသယဝင္လာသည္။တစ္နည္းနည္းနဲ႔,သူ႔ပင္ကိုယ္သိစိတ္ကေနေျပာေနတာကဒီအမာရြတ္ဟာရွန္က်စ္ရွန္းနဲ႔သိပ္မသက္ဆိုင္ပဲပိုသက္ဆိုင္မယ့္သူက....
ေဆြ႕ရွန္း
ေဆြ႕ရွန္းပဲ...
သူ႔ႏွလံုးသားထဲမွာထိုနာမည္အားထပ္တလဲလဲေရရြတ္ေနမိသည္။အဆံုးမွာေတာ့ထိုနာမည္ရဲ႔အရသာကအနည္းငယ္ခ်ိဳ၊အနည္ငယ္ခ်ဥ္ၿပီးအနည္းငယ္ေပ်ာ္ရႊင္ဖို႔ေကာင္းသလိုဝမ္းနည္းဖို႔လည္းေကာင္းသည္။
ခံစားခ်က္ေပါင္းစည္းမႈမ်ားကအလြန္ကိုရႈပ္ေထြးလွတာေၾကာင့္ကိုင္တြယ္ဖို႔ခက္ခဲလွသည္။
တကယ္ေတာ့သူ႔မွတ္ဉာဏ္အမ်ားစုကဖ႐ိုဖရဲျဖစ္ေနတာျဖစ္သည္။သူ႔ရဲ႔ထိုအတိတ္မ်ားကေၾကမြၿပိဳကြဲေနၿပီးသူ႔ဘဝရဲ႔အခ်ိန္ဇယားမွာယွက္ႏြယ္ေနသလိုမ်ိဳးသူ႔စိတ္ထဲမွာအမႈန္အမႊားေသးေသးေလးမ်ားသာက်န္ရစ္ခဲ့သည္။
ဘာလို႔သူဒီလူကိုရွာရမွာလဲဆိုတာကိုသူမမွတ္မိေတာ့ဘူး...တစ္ခုတည္းေသာသူသိတဲ့အရာကသူ႔စိတ္ထဲမွာထပ္တလဲလဲျဖစ္ေပၚေနတဲ့မျပည့္ဝေသာစြဲလမ္းမႈမ်ားသာ...
သူ႔ဘဝကမျပည့္စံုသလိုမ်ိဳးျဖစ္ေနတာေၾကာင့္သူေဆြ႕ရွန္းကိုရွာေတြ႕ၿပီးထိုလူကိုသူ႔အစာအိမ္ထဲမ်ိဳခ်လို႔သူ႔အသားေတြအေသြးေတြကိုေသာက္သံုးၿပီးမွၿပီးျပည့္စံုတယ္လို႔မွတ္ယူႏိုင္လိမ့္မည္။
မွတ္ဉာဏ္မ်ားကိုအတင္းအၾကပ္ရွာေဖြျခင္းကသူ႔ေခါင္းကိုစတင္နာက်င္လာေစသည္။ရန္က်င္းရဲ႔ဆုပ္ကိုင္မႈကလည္းအမွတ္မထင္တင္းၾကပ္သြားသည္။ရွန္က်စ္ရွန္းကမသက္မသာျဖစ္မႈကိုသတိျပဳမိ၏။အိပ္ေနဆဲျဖင့္ပင္သူကမ်က္ေမွာင္က်ံဳ႔ၿပီးစိတ္မသက္မသာစြာေနရာေရႊ႕ေနသည္။
ရွန္က်စ္ရွန္းရဲ႔လက္ေကာက္ဝတ္ကိုကိုင္ထားတဲ့ရန္က်င္းရဲ႔လက္ကမီးစတစ္ခုနဲ႕ထိုးလိုက္သလိုမ်ိဳးခံစားလိုက္ရၿပီးသူ႔ဝိညာဥ္ပင္လယ္ထဲမွာခ်ည္ေႏွာင္ထားတဲ့စာခ်ဳပ္ကသတိေပးမႈတစ္ခုထုတ္ေဖာ္လာကာဒီလူကိုထိခိုက္ေအာင္မလုပ္ဖို႔သူ႔ကိုသတိေပးေနသည္။
ရန္က်င္းက႐ုတ္တရက္အာရံုျပန္ရသြားကာသူ႔စိတ္ထဲကိုဝင္လာတဲ့ေၾကာက္မက္ဖြယ္အေတြးမ်ားကိုခ်က္ခ်င္းပင္သေဘာေပါက္သြားသည္။သူ႔ႏႈတ္ခမ္းမ်ားကတင္းၾကပ္သြားၿပီးမ်က္လံုးမ်ားကရွင္းလင္းစြာပင္တုန္ယင္လာ၍သူ႔မ်က္လံုးရဲ႔အနက္႐ွိဳင္းဆံုးေနရာမွာေတာ့အနီေရာင္အရိပ္အေယာင္တစ္ခုကတိတ္ဆိတ္စြာပင္အသက္ဝင္လာသည္။
ဘိုးေဘးဝန္းရဲ႔အသံကေျပာခဲ့တယ္
ငါ့တပည့္ေဆြ႔ရွန္း
ဆရာကအဲ့ဒီစကားအတိုင္းလိုက္ေျပာခဲ့ၿပီးတစ္ေယာက္နဲ႔တစ္ေယာက္တစ္ႏွစ္ၿပီးတစ္ႏွစ္အၿမဲတမ္းေတြ႕ၾကမယ္လို႔ေရရြတ္ခဲ့တယ္...
တကယ္ေတာ့ဒီထက္ပိုတဲ့သက္ေသျပခ်က္ေတြမလိုအပ္ေတာ့ဘူး....သူ႔ႏွလံုးသားထဲကအလိုအေလ်ာက္သိစိတ္နဲ႔တိုက္႐ိုက္တုန္႔ျပန္မႈကသူ႔ကိုအမွန္တရားေျပာၿပီးသား
ဒါေပမဲ့,မေနႏိုင္စြာပဲေၾကာက္ရြံ႔တုန္လွဳပ္ေနမိတယ္...သူ႔ေရွ႕ကအရာအားလံုးကဒီအတိုင္းပံုရိပ္ေယာင္ေတြျဖစ္ေနရင္....သူ႔အဲ့ဒါကိုထိေတြ႕ဖို႔ေသေလာက္ေအာင္ေၾကာက္ရြံ႔မိတယ္...
ေခါင္းကိုက္မႈကသူ႔ေခါင္းထဲကိုထိုးေဖာက္ၿပီးဝင္သြားသလိုမ်ိဳးနာက်င္မႈကသူ႔ကိုႏွစ္ပိုင္းျဖတ္ေတာက္ပစ္ႏိုင္သည္အထိျပင္းထန္သည္။ရန္က်င္းကနာက်င္မႈကိုသည္းခံရင္းရွန္က်စ္ရွန္းရဲ႔လက္အားညင္သာစြာျပန္ခ်လိုက္ကာမတ္တပ္ရပ္၍ေနာက္ကိုေျခႏွစ္လွမ္းမွ်ဆုတ္လိုက္၏။
ဆရာ
ေဆြ႕ရွန္း
သူအေဝးကိုလွည့္ထြက္လိုက္ေသာ္လည္းရန္က်င္းသည္မေနႏိုင္စြာနဲ႔ေနာက္တစ္ဖန္ျပန္လွည့္ၾကည့္မိျပန္၏။အိပ္ယာေပၚမွသန္႔ရွင္းၿပိးေခ်ာေမာခန္႔ညားလွတဲ့အမ်ိဳးသားေလးကႏွစ္ႏွစ္ၿခိဳက္အိပ္ေပ်ာ္ေနသည္။သူႏိုးလာရင္ေတာ့သူကပ်င္းရိမႈေတြအကန္႔အသတ္မရွိမႈေတြျပန္ေပၚလာလိမ့္မည္။
ဒါေပမဲ့သူအိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာေတာ့သူ႔မ်က္ခံုးႏွစ္ခုၾကားမွာညင္သာသိမ္ေမြ႕မႈေလးရွိေနသည္ေလ။
နက္ေမွာင္ေနတဲ့ညရဲ႔လျပည့္ညလိုမ်ိဳးအေတာက္ပဆံုးနဲ႔အလွပဆံုးလေရာင္ကိုထြန္းလင္းေပးေနသည္။
.......................
ရွန္က်စ္ရွန္းကသာမာန္လူတစ္ေယာက္လိုျဖစ္ေနၿပီျဖစ္သည္။ဒီရက္အနည္းငယ္မွာလမ္းေပၚပဲေျပးလႊားေနခဲ့ရတာေၾကာင့္သူတကယ့္ကိုပင္ပန္းေနတာပင္။သူ႔မွာရန္က်င္းကိုေစာင့္ၾကပ္ေနခ်င္ေပမယ့္လည္းညမွာထိန္းခ်ဳပ္မရႏိုုင္ေအာင္ဝမ္းနည္းေၾကကြဲစြာနဲ႔အိပ္ေပ်ာ္သြားရသည္ေလ။ညလယ္ေလာက္ႀကီးဘာေတြျဖစ္ခဲ့လဲဆိုတာသူလံုးဝမသိဘူး
သူ႔လက္ေကာက္ဝတ္ကနည္းနည္းေလးထံုေနတယ္လို႔သာခံစားေနရသည္။ဒါေပမဲ့လည္းအဲ့ဒါကခဏတာအဆင္မေျပျဖစ္မႈေလးသာ
သူကစိတ္ရႈပ္ေထြးစြာျဖင့္သူ႔လက္ကိုလွည့္လိုက္သည္။လက္ကိုၾကည့္လိုက္တဲ့အခ်ိန္မွာအဲ့ဒါကနည္းနည္းနီေနေပမယ့္လည္းဘာမွေတာ့မွားယြင္းေနပံုမေပၚဘူး။
သူလက္ေပၚဖိၿပီးအိပ္မိသြားတာေၾကာင့္သာျဖစ္လိမ့္မယ္လို႔ေကာက္ခ်က္ခ်လိုက္သည္။ဒါကပထမဆံုးမွမဟုတ္ေတာ့တာပဲ
ရလဒ္ကေတာ့သူကစိတ္ရႈပ္ေထြးမႈမ်ားကိုအေဝးသို႔တြန္းထုတ္လိုက္ၿပီးထပ္စဥ္းစားမေနေတာ့ေပ။
ရန္က်င္းကသူနဲ႔ခရီးအတူတူသြားခ်င္တယ္ဆိုမွေတာ့ရွန္က်စ္ရွန္းကလည္းျငင္းဆန္မေနေတာ့ပဲတည္ၿငိမ္စြာသာေမးလိုက္သည္။
"ဘယ္သြားမွာလဲ?"
သူကသူ႔ဘာသာသူဦးတည္ရာမရွိဘူးေလ...တကယ္ေတာ့သူကနတ္ဆိုးငါးရဲ႔အမ်က္ေၾကးခြံရွိေနတဲ့ထူးျခားဆန္းၾကယ္လ်ိဳ႔ဝွက္နယ္ေျမရဲ႔တည္ေနရာကိုသိဖို႔,ရန္က်င္းေနာက္ကေနတိတ္တိတ္ေလးခိုးလိုက္ဖို႔ရည္ရြယ္ထားတာ
သူတို႔ကအခုအတူတူခရီးသြားမယ္ဆိုမွေတာ့သူသာသူ႔အေၾကာင္းကိုမေဖာ္ထုတ္မိဖို႔ဂ႐ုစိုက္ေနသ၍.....အဲ့ဒါကျပႆနာႀကီးမဟုတ္ေလာက္ဘူး
သူရန္က်င္းနဲ႔ေတာင္ 'ညီအစ္ကိုေကာင္း' ေတြျဖစ္သြားႏိုင္တယ္...ျဖစ္ႏိုင္တာ,ရန္က်င္းကအဲ့ဒီအေၾကးခြံကိုရွာေတြ႕ၿပီးသြားရင္သူတို႔ရဲ႔ညီအစ္ကိုသံေယာဇဥ္ေလးကိုစဥ္းစားၿပီးသူ႔ကိုအေၾကးခြံရဲ႔အပိုင္းေလးတစ္ခုေလာက္ေတာ့ေပးေကာင္းပါရဲ႔
ဖံုးကြယ္ထားတဲ့သူ႔အေၾကာင္းကလံုးဝေပၚသြားၿပီဆိုတာကိုမသိတဲ့ရွန္က်စ္ရွန္းကေတာ့အနာဂတ္အေရးေမွ်ာ္ေတြးေနသည္။
တကယ္ေတာ့ရန္က်င္းကလည္းတိက်တဲ့ဦးတည္ခ်က္ကိုသတ္မွတ္ထားတာမရွိဘူး..
ဒါေပမဲ့သူ႔ကိုရွန္က်စ္ရွန္းကအခ်ိန္အၾကာႀကီးစိုက္ၾကည့္ေနတာကိုေတာင့္မခံႏိုင္ေတာ့တာေၾကာင့္ခ်ီတံုခ်တံုနဲ႔ပဲဦးတည္ရာကိုေျပာလိုက္ရေတာ့သည္။
"အဲ့ဒါက...ေတာင္ဘက္သြားမယ္"
ရွန္က်စ္ရွန္းကလက္ခံသေဘာတူဟန္ေခါင္းညိတ္သည္။
ရွန္က်စ္ရွန္းကလြန္ခဲ့တဲ့ႏွစ္ရက္လံုး,လံုေလာက္ေအာင္ပင္ပင္ပန္းပန္းခရီးႏွင္ၿပီးသြားၿပီျဖစ္တာေၾကာင့္သက္ေတာင့္သက္သာနဲ႔စီးနင္းႏိုင္မယ့္အေကာင္တစ္ေကာင္ေလာက္ဝယ္ဖို႔ဆံုးျဖတ္လိုက္သည္။ဒီၿမိဳ႔နဲ႔သိပ္မေဝးတဲ့ေနရာမွာစီးနင္းစရာအမ်ိဳးမ်ိဳးကိုအထူးတလွယ္ခင္းက်င္းထားတဲ့ေနရာတစ္ခုရွိတာေၾကာင့္အဲ့ဒီမွာခတၱရပ္နားၿပီးတစ္ခ်က္ေလာက္ၾကည့္ဖို႔ဆံုးျဖတ္ခ်က္ခ်လိုက္သည္။
ရန္က်င္းလား...ေသခ်ာေပါက္ကန္႔ကြက္မႈမရွိဘူးေလ..ေရွာင္းေခ်ာင္ယနဲ႔အတူသူ႔ေနာက္ကတိတ္တဆိတ္သာလိုက္ပါသြားသည္။
ကုန္စည္ေတြဝယ္ဖို႔ၿမိဳ႔ေတာ္ကမထြက္ခင္ရွန္က်စ္ရွန္းက႐ုတ္တရက္တစ္စံုတစ္ခုကိုေတြးမိသြားသည္။သူကစာအုပ္ဆိုင္တစ္ဆိုင္ကိုသြားလိုက္ၿပီးရန္က်င္းအားအျပင္မွာေစာင့္ခိုင္းကာသူဝယ္ခ်င္တာတစ္ခုခုရွိလို႔ဆိုၿပီးအေၾကာင္းျပခဲ့သည္။
ရန္က်င္းမွာေတာ့အစကေနာက္ကေနလိုက္သြားခ်င္ေပမယ့္လည္းရွန္က်စ္ရွန္းကသူ႔ကိုတစ္ခ်က္ၾကည့္လိုက္တာနဲ႔တင္ရပ္သြားရသည္ေလ။
ကံေကာင္းစြာနဲ႔ရွန္က်စ္ရွန္းကအခ်ိန္ခဏေလးသာသြြားၿပီးမၾကာခင္ျပန္ထြက္လာသည္။သူထြက္လာတဲ့အခ်ိန္မွာေတာ့သူ႔လက္ေတြကဗလာျဖစ္ေနၿပီးသူ႔အမူအယာကသူ႔ကိုယ္သူအနည္းငယ္ေက်နပ္ေနပံုပင္။
ရန္က်င္းကသူ႔အမူအယာကိုျမင္ေသာအခါအလ်င္အျမန္ေမးသည္။
"တစ္ခုခုဝယ္ခဲ့တာလား?"
သူ႔ေမးခြန္းကိုၾကားေသာအခါရွန္က်စ္ရွန္းရဲ႔အမူအယာကအနည္းငယ္ထူးဆန္းသြားသည္။သူကခဏေလာက္ၾကာမွေခါင္းခါျပၿပီးေျပာလာ၏။
"သူေဌးက႐ိုင္းစိုင္းၿပီးအသိတရားလံုးဝမရွိဘူးအဲ့ဒါေၾကာင့္ငါဘာမွမဝယ္ခဲ့ဘူး..သြားၾကတာေပါ့"
ရွန္က်စ္ရွန္းကေရွ႕ကေနေခါင္းေဆာင္ၿပီးေလွ်ာက္ထြက္သြားေတာ့သည္။ရန္က်င္းကစာအုပ္ဆိုင္အားျပန္လွည့္ၾကည့္မိသည္။သူ႔မွာနားေကာင္းေကာင္းရွိေတာ့စာအုပ္ဆိုင္ပိုင္ရွင္ရဲ႔ေရရြတ္သံကိုၾကားလိုက္ရသည္ေလ။
"အားယား,အဲ့ဒီစာအုပ္အစံုလိုက္ကေရာင္းေနရတာပဲငါ့ကိုပိုက္ဆံေတြအမ်ားႀကီးရေစတယ္....ဒါေပမဲ့,ငါကေတာ့ဆိုးဝါးတယ္လို႔မခံစားရပါဘူး...ဇာတ္လမ္းေျပာတဲ့သူဆီျပန္သြားၿပီးဇာတ္လမ္းကိုအႀကိမ္ေရမ်ားမ်ားေလာက္ထပ္နားေထာင္ဦးမွပါ"
ရန္က်င္းကမ်က္လႊာခ်လိုက္ၿပီးေရွ႕သို႔လိုက္ပါသြားလိုက္ေတာ့သည္။
===================
Translator's Note
ရွန္က်စ္ရွန္းဘာစာအုပ္ေတြဝယ္သြားလဲသိၾကလားဗ်ိဳ႔
Question and Answer
ေရွ႕အပိုင္းေတြမွာဒါဒါေလးတို႔နားမလည္တာေလးေတြမ်ားေနတာေတြ႕ပါတယ္။အဲ့ဒါကစာေရးသူကႁမွဳပ္ကြက္ေတြအမ်ားႀကီးထည့္ထားတဲ့အျပင္ဘာသာျပန္တဲ့ညီမကရွင္းေအာင္မျပန္မိတာလည္းပါမွာေပါ့ေနာ္။အေမးမ်ားတဲ့ေမးခြန္းေလးေတြတစ္ခ်ိဳ႔ကိုေျဖေပးပါ့မယ္ေနာ္။
🔒ရန္က်င္းကရွန္က်စ္ရွန္းနဲ႔ေဆြ႕ရွန္းကိုတစ္ေယာက္တည္းမွန္းသိေနလား?
🔑ဟုတ္ကဲ့သိေနပါတယ္။အရင္တစ္ေခါက္ေတာင္ေပၚမွာရွန္က်စ္ရွန္းရဲ႔ဆရာနဲ႔ေတြ႕ကတည္းကသူၾကားခဲ့တာေၾကာင့္သိပါတယ္။
🔒ရန္က်င္းနဲ႔ေဆြ႕ရွန္းကအရင္ကတည္းကသိၾကလား?
🔑သိၾကပါတယ္။အဲ့ဒါကႁမွဳပ္ကြက္ အႀကီးႀကီးမို႔လို႔ spoiler ျဖစ္မွာစိုးလို႔ရွင္းျပေပးလို႔ မရပါဘူး။
🔒ရန္က်င္းကသူ႔ဆရာကို႐ုပ္ေျပာင္းထားရဲ႔သားနဲ႔ဘယ္လိုသိသြားတာလဲ?
🔑သူတို႔ခ်ဳပ္ထားတဲ့စာခ်ဳပ္ကႏွစ္ေယာက္ေတြ႕တဲ့အခ်ိန္မွာအသက္ဝင္ပါတယ္။ရန္က်င္းကသတိထားလိုက္မိတဲ့အတြက္ခ်က္ခ်င္းသိလိုက္တာပါ။ရွန္က်စ္ရွန္းကေတာ့နဂိုကတည္းကသိပ္ၿပီးဂ႐ုမစိုက္တဲ့သူဆိုေတာ့မသိပါဘူး။
တစ္ျခားနားမလည္တာေလးေတြရွိရင္ေမးေပးပါ။ညီမေျဖေပးလို႔ရတာေလးေတြေျဖေပးပါ့မယ္။ေျပာထားသလိုပဲဒါကႁမွဳပ္ကြက္ေလးေတြအရမ္းမ်ားပါတယ္။ထင္ထားတဲ့အရာေတြကမဟုတ္တာလည္းျဖစ္ႏိုင္သလိုမေတြးထားတာေလးေတြလည္းျဖစ္ႏိုင္ပါတယ္။
ဥပမာ-ရွန္က်စ္ရွန္းကရွန္က်စ္ရွန္းမဟုတ္သလို ရွန္က်စ္ရွန္းကတကယ္ေတာ့ ရွန္က်စ္ရွန္းပါပဲ။😁
ရွင္းသြားၿပီဟုတ္😜
===================