Unicode
အခန်း(၂၇ - ၁) - အတူတကွခရီးသွားခြင်း
တိတ်ဆိတ်လှတဲ့အခန်းထဲမှာ,လူနှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်အလွန်နီးကပ်စွာဖြင့်ရပ်နေကြသည်။
ရှန်ကျစ်ရှန်းကတော့လုံးဝဖိနှိပ်ချုပ်ချယ်ခံထားရတဲ့အနေအထားမှာရှိနေပြီးလွတ်မြောက်ဖို့နေရာမရှိတဲ့ထောင့်တစ်နေရာကိုအတင်းအဓမ္မဖိအားပေးပြီးတွန်းပို့ခံလိုက်ရတဲ့ကြောင်ကလေးတစ်ကောင်လိုပင်။
ပြီးရင်တော့အနိုင်ကျင့်တာသာခံရလိမ့်မည်။
ရှန်ကျစ်ရှန်းကသူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုစဉ်းစားလိုက်ပြီးနောက်ရန်ကျင်းရဲ့စွမ်းရည်ကိုပါအကဲဖြတ်လိုက်သည်။
နိဂုံးချုပ်ကကြောက်စရာကြီး
ထို့ကြောင့်သူ့မှာခွန်အားကိုအောင်နိုင်ဖို့နူးညံ့မှုကိုသာသုံးနိုင်တော့သည်။သူမထွက်လာခင်တုန်းကစတုတ္ထအကြီးအကဲအားသူ့ဝိညာဉ်စွမ်းအားများကိုတံဆိပ်ခတ်ခိုင်းခဲ့သည်။အဲ့ဒါကသူ့နှလုံးရောဂါရုတ်တရက်ထမဖောက်စေဖို့သေချာစေလိမ့်မည်လေ။
ဒီအချိန်မှာတော့သူကအလှပန်းအိုးတစ်ခုကလွဲရင်ဘာမှကိုမဟုတ်ပေ။သူ့ဓားနဲ့သူ့ဦးနှောက်ကလွဲရင်သူ့ကိုယ်ထဲမှာဝိညာဉ်စွမ်းအင်ကစိုးစိမျှမရှိဘူး။
ရန်ကျင်းကသူ့ကိုစေ့စေ့စပ်စပ်ကြည့်ရှုနေပြီးသူ့မျက်နှာအားပူလောင်လှတဲ့မျက်လုံးများနဲ့ဂရုတစိုက်စီစစ်နေသည်။
ရန်ကျင်းသူ့ကိုသိသွားမှာကိုရှန်ကျစ်ရှန်းမကြောက်ဘူး။သူကရန်ကျင်းထက်အဆင့်မြင့်မားတဲ့သူတွေတောင်သူ့ကိုမသိတာသေချာစေဖို့နည်းလမ်းအမျိုးမျိုးကိုတမင်တကာအသုံးပြုခဲ့တာဖြစ်သည်။ထို့ကြောင့်ရန်ကျင်းကသူ့ကိုသိသွားလိမ့်မယ်ဆိုတဲ့ဖြစ်နိုင်ခြေအားခဏလောက်တော့မယုံကြည်ခဲ့ပေ။
ဒါဆိုဘာဖြစ်လို့,ဘယ်ကိစ္စနဲ့ပတ်သတ်ပြီးရန်ကျင်းကဒီလောက်စေ့စေ့စပ်စပ်ဖြစ်နေတာလဲ?
မရေရာတဲ့အတွေးများကသူ့စိတ်ထဲမှာခဏလောက်ဖြတ်သန်းသွားပြီးသူ့အာရုံအားနောက်တစ်ကြိမ်ဒီထူးဆန်းတဲ့အနေအထားပေါ်ကိုပြန်ရွှေ့လိုက်သည်။
သူကကောင်းမွန်ပြီးငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်မဟုတ်သလိုရန်ကျင်းကလည်းမာနထောင်လွှားပြီးအနိုင်ကျင့်တတ်တဲ့သူမျိုးမဟုတ်ဘူး,အဲ့ဒါဆိုဘာဖြစ်လို့သူတို့ခန္တာကိုယ်တွေကဒီလိုအနေအထားနဲ့ရှိနေရတာလဲ?!
သူကသူ့လက်ကောက်ဝတ်ကိုလှည့်ရင်းသူ့ကိုယ်သူလွတ်မြောက်ဖို့ကြိုးစားလေသည်။ဒီတစ်ခေါက်မှာတော့ရန်ကျင်းကသူ့ဆုပ်ကိုင်မှုကိုအနည်းငယ်ဖြေလျော့ပေးလိုက်ပေမယ့်လွတ်တော့မလွှတ်ပေးသေးပေ။ဒါပေမဲ့အနည်းဆုံးတော့သူ့တို့လက်ကိုအောက်ချလိုက်တာကြောင့်ရှန်ကျစ်ရှန်းရဲ့လက်ကတံခါးနဲ့ဖိကပ်မနေတော့ဘူး
ရှန်ကျစ်ရှန်းကလည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက်ရှန်ကျစ်ရှန်းကသူ့ရဲ့ကြည်လင်ပြတ်သားပြီးအေးမြတဲ့အသံအားလတ်ဆတ်ပြီးရှင်းလင်းတဲ့အသံအဖြစ်တောင်ပြောင်းလဲထားတာဖြစ်သည်။
"မင်း..."
"ခင်ဗျား ..."
နှစ်ဖက်လုံးကတစ်ချိန်တည်းမှာစကားပြောလာသည်။ရှန်ကျစ်ရှန်းကရပ်တန့်သွားပြီးသူ့မေးကိုအနည်းငယ်ပင့်မြှောက်ကာတစ်ဖက်လူကိုအရင်ဆုံးစကားပြောဖို့ညွှန်ပြလိုက်သည်။
ရန်ကျင်းကလည်းမငြင်းဆန်ပေ။သူစကားပြောတဲ့အချိန်မှာတော့သူ့အသံကသုံးရက်လောက်ရေမသောက်ထားရသလိုမျိုးတင်းကြပ်ပြီးကြမ်းတမ်းနေသည်။နည်းနည်းချင်းဆီ,သူ့စကားလုံးတွေကအလွန်ရှင်းလင်းလာသည်။
"ခင်ဗျား....အဆုံးသတ်ကြတော့,ခင်ဗျားကဘယ်သူလဲ?"
"ဟန်?"
ရှန်ကျစ်ရှန်းကဗလာဖြစ်စွာကြည့်မိသွားပြီးနားမလည်နိုင်ဖြစ်သွားရသည်။
ရန်ကျင်းကသူ့ကိုမသိဘူးဆိုတာသူအာမခံရဲသွားလေပြီ။တကယ်တော့လည်းသူ့ပုံပန်းသွင်ပြင်၊နာမည်နဲ့အသံတွေအားလုံးကအရမ်းပြောင်းလဲသွားတာလေ..
အဲ့ဒါအပြင်,အကယ်၍ရန်ကျင်းကသူ့ကိုဆရာအဖြစ်သိနေတယ်ဆိုရင်သူသေချာပေါက်ဒီလိုပုံစံမျိုးနဲ့တုန့်ပြန်မှာမဟုတ်ဘူး
တုန့်ပြန်မှုကိုမကြားရသောအခါရန်ကျင်းကအနားကိုတိုးကပ်လာတာကြောင့်သူ့ရဲ့ပူပြင်းလှတဲ့ရင်အုပ်ကရှန်ကျစ်ရှန်းအားဖိကပ်လုနီးပါးပင်။သူ့အသက်ရှုရာမှထွက်လာတဲ့အပူကလည်းစကားပြောလိုက်တာနဲ့ရှန်ကျစ်ရှန်းရဲ့ပါးပြင်ကိုဖြတ်သန်းနေသည်။
"---ဆွေ့ရှန်း?"
"အိ!"
ရှန်ကျစ်ရှန်းကမသိစိတ်မှတုန့်ပြန်မိသည်။ပြီးနောက်မှာတော့သူ့လက်ကောက်ဝတ်မှအင်အားကြီးမားသည့်ဆုပ်ကိုင်မှုကပိုတင်းကြပ်လာသည်။သူကသူ့အာရုံကိုပြန်ရသွားပြီးသံသယသဲလွန်စတစ်ခုကသူ့နှလုံးသားအတွင်းကနေထွက်လာတော့လေ၏။
ရန်ကျင်း....ကသူ့နာမည်ကိုတုန့်ပြန်တာလား?
ရန်ကျင်းကဒီနာမည်ကိုသိနေတာလား?
အဲ့ဒါမဖြစ်နိုင်ဘူးလေ...ဒီနာမည်က မူလရှန်ကျစ်ရှန်း,ဆယ်ကျော်သက် အရွယ်,အပြင်မှာလေ့ကျင့်ဖို့ ခရီးထွက်တုန်းကတစ်ခါပဲသုံးဘူးတာ ...အဲ့ဒီအချိန်တုန်းကရန်ကျင်းက သေးသေးလေးပဲရှိသေးတာပြီးတော့ ဂိုဏ်းကိုလည်းမဝင်ရသေးဘူး
ရှန်ကျစ်ရှန်းကမူလကိုယ်ရဲ့မှတ်ဉာဏ်များအားတူးဆွနေသော်လည်းရှန်ကျစ်ရှန်းနဲ့ရန်ကျင်းအသေးလေးကြားထဲကကြိုတင်တွေ့ဆုံခဲ့မှုနဲ့ပတ်သတ်ပြီးမည်သည့်မှတ်ဉာဏ်မှရှိမနေပေ။
ချင်းယွင်ဂိုဏ်းမှာဆိုရင်သူ့ဆရာကလွဲရင်ဆွေ့ရှန်းဆိုတဲ့နာမည်ကိုဘယ်သူမှမသိဘူး။စုန့်မင်းတောင်မှမသိဘူး...အဲ့ဒါကြောင့်ရန်ကျင်းကဒီနာမည်ကိုသိနေစရာအကြောင်းကိုမရှိဘူး
ရှန်ကျစ်ရှန်းရဲ့အတွေးတွေကအနည်းငယ်လှည့်ပတ်သွားသော်လည်း,နောက်ဆုံးမှာတော့ရန်ကျင်းကအတိတ်တုန်းကနာမည်တူတစ်ယောက်ယောက်ကိုတွေ့ဘူးတာပဲဖြစ်လိမ့်မယ်လို့ဆုံးဖြတ်ချက်ချလိုက်သည်။ထို့ကြောင့်ထိုကိစ္စအားသူ့နှလုံးသားထဲကနေလွတ်ချလိုက်ပြီးပြုံးကာပြောလိုက်၏။
"ငါဆိုးသွမ်းတာဘာမှမလုပ်ထားဘူးလေ,ဘာလို့ငါတို့ထိုင်ပြီးစကားမပြောကြတာလဲ?"
ရန်ကျင်းကသူ့စကားတွေကိုမကြားချင်ယောင်ဆောင်နေသည်။သူကသူ့မူလမေးခွန်းကိုသာမပြတ်တမ်းထပ်ခါတလဲလဲမေးသည်။
"ခင်ဗျားကဘယ်သူလဲလို့ဆိုနေ?"
ဒီဒေါသကြီးတဲ့လူကတော့
ရန်ကျင်းကရှန်ကျစ်ရှန်းရဲ့လက်တစ်ဖက်ထဲကိုသာဆုပ်ကိုင်ထားတာဖြစ်သည်။သူကသူ့တစ်ခြားလက်တစ်ဖက်ကိုတည်ငြိမ်စွာလှုပ်လိုက်သောကြောင့်သူ့အင်္ကျီလက်စအားအောက်ကိုလျောကျသွားစေသည်။ထို့နောက်အသက်ကိုရှုလိုက်ပြီးတိတ်ဆိတ်စွာဖြေလိုက်သည်။
"ငါ့နာမည်ကဆွေ့ရှန်း,ငါကကျီရွမ်းတောင်ခြေကနာမည်မရှိတဲ့မြို့လေးကနေလာတာ...ငါကဘာမှမလုပ်တတ်တဲ့သာမာန်လူပျင်းတစ်ယောက်ပါ,အဲ့ဒါကြောင့်ကမ္ဘာကြီးကိုကြည့်ရအောင်လှည်ပတ်လျှောက်သွားဖို့ဆုံးဖြတ်လိုက်တာ....အတွေ့အကြုံလိုချင်နေတဲ့သူတစ်ယောက်လို့သတ်မှတ်လို့ရတယ်"
သူကအလွန်ကိုစိတ်အားထက်သန်စွာပြောနေသော်လည်းရန်ကျင်းကသူ့စကားတွေကိုစိတ်ဝင်စားမှုပျောက်ဆုံးသွားပြီဖြစ်သည်။သူကရှန်ကျစ်ရှန်းရဲ့ကိုယ်ထဲကိုဝိညာဉ်စွမ်းအားတစ်ချို့ထည့်လိုက်ပြီးညင်သာစွာဖြင့်တိတ်တဆိတ်ရှာဖွေနေသည်။
အကယ်၍သူကသာမာန်လူတစ်ယောက်ဆိုရင်ရှန်ကျစ်ရှန်းအနေနဲ့ဒီလိုသေးငယ်တဲ့ဝိညာဉ်စွမ်းအင်နည်းနည်းလောက်ကိုသတိမပြုမိနိုင်လောက်ဘူးဆိုပေမယ့်သူကသာမာန်လူတစ်ယောက်မဟုတ်ဘူးလေ;သူကဝိညာဉ်စွမ်းအင်နဲ့ပတ်သတ်ပြီးအလွန်ကိုရင်းနှီးကျွမ်းဝင်မှုရှိသည်။သူ့ဝိညာဉ်ကြောတွေအားလုံးပိတ်ဆို့ထားတယ်ဆိုရင်တောင်သူ့ခန္တာကိုယ်ကတော့အသိအမှတ်ပြုနိုင်တယ်။ထို့ကြောင့်လည်းရန်ကျင်းရဲ့ဝိညာဉ်စွမ်းအားတွေသူ့ကိုယ်ထဲဝင်လာသည်နှင့်တစ်ပြိုင်နက်သူချက်ချင်းခံစားလို့ရလိုက်သည်။
ဒါပေမဲ့လည်းသူကခုခံတွန်းလှန်မှုမလုပ်သလိုတုန့်ပြန်မှုလည်းမရှိပေ။
ရှန်ကျစ်ရှန်းကသတိမပြုမိသည့်ပုံစံမျိုးရိုးရှင်းစွာသာဟန်ဆောင်လိုက်သည်။သူကရိုးသားဖြောင့်မတ်စွာဖြင့်မတ်တပ်ရပ်နေပြီးရန်ကျင်းဘာကိုမှမရှာတွေ့နိုင်ဘူးဆိုတာသေချာနေတာကြောင့်သူ့စိတ်နှလုံးကိုသဘောကျစစ်ဆေးခွင့်ပြုထားလိုက်သည်။
ရန်ကျင်းကအလွန်အကျူးမသွားပဲထိုသူရဲ့ခန္တာကိုယ်ထဲမှာသူ့ဝိညာဉ်စွမ်းအားမျှင်နဲ့အနည်းငယ်ရှာဖွေလိုက်ပြီးနောက်မှာပြန်ရုတ်သိမ်းလိုက်သည်။ဒီဆွေ့ရှန်းလို့ခေါ်တဲ့အဖြူဝတ်ထားတဲ့သူမှာဝိညာဉ်ချီလုံးဝမရှိတာကြောင့်ကြည့်ရတာဒီအတိုင်းသာမာန်လူတစ်ယောက်ပဲဆိုတာသူအသိအမှတ်ပြုနိုင်သွားသည်။
လုံးဝကိုမရှိတာ
ဒါပေမဲ့......
သူ့လက်နဲ့တစ်ဖက်လူရဲ့လက်ကောက်ဝတ်ထိစပ်ထားတဲ့နေရာတစ်ဝိုက်ကစတင်ပူတက်လာသည်။
၎င်းသည်လက်ဖဝါးကိုတစ်ဖြည်းဖြည်းနဲ့မီးမြိုက်နေသလိုမျိုးပင်။သူ့ဝိညာဉ်ပင်လယ်ရဲ့အနက်ရှိုင်းဆုံးမှာချုပ်နှောင်ထားတဲ့စည်းတံဆိပ်စာချုပ်ကလဝက်ကျော်လောက်တိတ်ဆိတ်နေရာမှနောက်ဆုံးမှာနိုးထလာသည်။
၎င်းသည်သွေ့ခြောက်ကွဲအက်နေသည့်မြေပြင်ကနောက်ဆုံးမှာမိုးသည်းထန်စွာရွာသွန်းပြီးစိုစွတ်သွားသလိုမျိုးဒါမှမဟုတ်ဆာလောင်နေတဲ့ဖြူကောင်လေးတစ်ကောင်ကနောက်ဆုံးမှာသစ်သီးတောအုပ်ကြီးကိုရှာတွေ့သွားသလိုမျိုး....
ရန်ကျင်းရဲ့နှလုံးသားကအခြေကျသွားပြီးနူးညံ့စွာအသက်ရှုထုတ်လိုက်သည်။ယခင်ဖိနှိပ်ချုပ်ချယ်မှုများကလည်းနောက်ဆုံးမှာပြေလျော့သွားပြီးသူ့မူလတည်ငြိမ်အေးဆေးသည့်ပုံစံကိုပြန်ရောက်သွားသော်လည်းသူ့အသံကတော့ထက်ရှနေဆဲပင်
"ခင်ဗျားမှာဝိညာဉ်စွမ်းအားလည်းမရှိပဲနဲ့ဘာဖြစ်လို့အမတကျင့်ကြံသူတွေရဲ့နယ်နိမိတ်ထဲကိုရောက်လာရတာလဲ?"
သာမာန်လူတွေအတွက်ကတော့,မရေမတွက်နိုင်အောင်ကောင်းမွန်လှတဲ့မြစ်များတောင်တန်းများပြည့်နှက်နေတဲ့သာမာန်သေမျိုးကမ္ဘာကိုလှည့်ပတ်ခရီးသွားလာရင်တောင်လုံလောက်နေပြီဖြစ်သည်။အဲ့ဒါကိုဘာဖြစ်လို့အမတကျင့်ကြံသူတွေရဲ့နယ်မြေထဲလာရတာလဲ?
အကယ်၍သာအမတကျင့်ကြံသူတွေကြားထဲကတိုက်ပွဲတစ်ခုခုထဲသာရောက်သွားရင်မလွှဲမရှောင်သာအောင်ပင်သေးငယ်တဲ့ငါးလေးတစ်ကောင်လိုမျိုးဖြစ်သွားမှာဖြစ်ပြီးဘေးအန္တာရယ်သာကြုံတွေ့လိမ့်မည်။ဒီကိုလာဖို့အတွက်ဆင်ခြင်တုံတရားတွေအကြောင်းပြချက်တွေမရှိဘူး
ရှန်'သာမာန်လူ'ကျစ်ရှန်းကရိုးသားစွာသာပြန်ဖြေသည်။
"ဘဝဆိုတာဆယ်စုနှစ်စာလောက်ပဲရှိတော့တိုတောင်းတယ်လေ,...ကြောက်လန့်မှုတစ်ခုတည်းအတွက်နဲ့ငါဘယ်လိုများရပ်တန့်နိုင်မှာလဲပြီးတော့ငါ့ကိုရပ်တန့်စေနိုင်မှာလဲ?ငါကအသိဉာဏ်ကင်းမဲ့မှုကြောင့်ကျင့်ကြံခြင်းမလုပ်နိုင်ပေမယ့်လည်းဟိုးတုန်းကတည်းကတောင့်တလာခဲ့ရတာ..အခုတော့ငါ့မှာအခွင့်အရေးရပြီဆိုတော့သေချာပေါက်လာပြီးကြည့်ရမှာပေါ့"
ရန်ကျင်းကမှတ်ချက်ပြန်ပေးဖို့ငြင်းဆန်ပြီးသူ့ကိုတစ်ချက်သာကြည့်သည်။ထို့နောက်ထပ်မေး၏။
"အခုဏက,အောက်ထပ်မှာ,ကျွန်တော်သေချာနားမထောင်လိုက်ရဘူး...အဲ့ဒီစာအုပ်ထဲကတပည့်ကဘယ်သူလဲ?"
ရှန်ကျစ်ရှန်း: "..."
အကယ်၍သာအဲ့ဒီမှာရန်ကျင်းပါရှိနေတယ်ဆိုတာကိုသူသိခဲ့ရင်သူကရန်ကျင်းရဲ့ဝေးကွာတဲ့ဝမ်းကွဲဆိုတဲ့စကားကိုပြောလိုက်မှာမဟုတ်ဘူး!အဲ့ဒါကရိုက်ကွင်းထဲမှာအပိုင်းတစ်နေရာလောက်ပါပါရစေလို့တောင်းဆိုလိုက်တာနဲ့မတူဘူးလား!
ပြီးတော့လည်းရန်ကျင်းထွက်သွားတာဘယ်လောက်တောင်ကြာနေပြီလဲ?သူကဖြူကောင်ဘဝကနေခရုဘဝရောက်သွားတာလား?ဘာလို့ဒီနားမှာပဲလှည့်ပတ်နေရသေးတာလဲ?!
ရှန်ကျစ်ရှန်းမရေမရာနဲ့ပဲပေါက်ကရတွေလျှောက်ပြောသည်။
"အဲ့ဒါကဒီအတိုင်း...ငါကအဲ့ဒီဆရာရဲ့တပည့်ရဲ့...အမ်းးး,သူ့ရဲ့ဝေးကွာတဲ့ဝမ်းကွဲ,အရမ်း အရမ်းကိုဝေးတာ..ဟိုးမိုင်တစ်သန်းလောက်ထိဝေးတဲ့ဝေးကွာမှုမျိုး"
သူ့ကိုကြည့်ပါဦး,ဘယ်လောက်တောင်ဉာဏ်ကောင်းလိုက်လဲ
သူကရန်ကျင်းနာမည်ကိုတစ်ခါတောင်ထုတ်မပြောလိုက်ဘူးအဲ့ဒီတော့အကယ်၍ရန်ကျင်းကဒီကိစ္စကိုဆက်ရှာဖွေမယ်ဆိုရင်တောင်သူ့အပြောအဆိုတွေကိုအတင်းအကြပ်တရားမျှတစွာစီစဉ်နိုင်လိမ့်မယ်
ဘယ်လိုပဲဖြစ်ဖြစ်ရန်ကျင်းကအဲ့ဒီ 'ဆရာ' ရဲ့လက်အောက်ကတစ်ယောက်တည်းသောတပည့်မှမဟုတ်တာ....တစ်ခြားသာမာန်တပည့်လေးတွေကလည်းထည့်စဉ်းစားလို့ရသေးတာပဲဟာ
ရှန်ကျစ်ရှန်းကသူ့ရဲ့စိတ်မသက်မသာဖြစ်မှုကိုတားဆီးလိုက်ပြီးစဉ်းစားမိသည်။
ဒါတွေအားလုံးပြီးသွားရင်တော့သူချက်ချင်းထွက်သွားပြီးရန်ကျင်းကသူ့အမှားအယွင်းရဲ့သက်သေလေးတစ်ခုတောင်ရှာမတွေ့အောင်လို့သူ့ဆံပင်လေးတစ်ပင်တောင်ဆွဲခွင့်မပြုဘူး
သူဒီတစ်ခေါက်ရန်ကျင်းကိုအပြင်ထွက်ပြီးလေ့ကျင့်ခွင့်ပြုလိုက်တယ်ဆိုတာကမကြာခင်ရန်ကျင်းကနတ်ဆိုးငါးအကြေးခွံအနားကနေဖြတ်သန်းသွားလာခါနီးကိုရောက်တော့မှာမို့လို့...အဲ့ဒါကြောင့်သူကိုယ်တိုင်ကရောအကြေးခွံပုန်းကွယ်နေတဲ့အဲ့ဒီလျို့ဝှက်နေရာထဲကိုချိုးဖြတ်ဝင်နိုင်မလားဆိုတာကြည့်ချင်မိတယ်
သူ့အကြောင်းကိုဘာကြောင့်မထုတ်ဖော်တာလဲ၊ဘာကြောင့်သူ့မျက်နှာတွေနာမည်တွေကိုပြောင်းလဲလိုက်ရတာလဲဆိုတဲ့အကြောင်းပြချက်ကတကယ်တော့,တစ်ဖက်မှာသူကတစ်နေရာတည်းမှာပဲအချိန်အကြာကြီးနေခဲ့ရတော့ကျန်းဟူတစ်လျှောက်ကိုလှည်ပတ်သွားလာစူးစမ်းချင်တယ်....တစ်ခြားတစ်ဖက်ကတော့ဒီလူဆိုးကြီးရန်ကျင်းကတစ်နေ့မှာသူ့စိတ်ကိုရုတ်တရက်ကြီးပြောင်းလဲပြီးအရင်လိုလက်စားချေချင်စိတ်ပြန်ဖြစ်လာမှာကိုကြောက်မိလို့
သူတို့နှစ်ယောက်ကစာချုပ်ချုပ်ပြီးပြီဆိုတော့ကြောက်စရာမရှိတော့ဘူးလို့ပြောနိုင်ပေမယ့်လည်းအဲ့ဒါကစာချုပ်အပိုင်းအစလေးတစ်ခုပေါ်မှာပဲခြေခံထားတာလေ...ရိုးရိုးသားသားပြောရရင်,ရှန်ကျစ်ရှန်းသိပ်ပြီးယုံကြည်စိတ်ချမှုမရှိဘူး
အဲ့ဒါကစာချုပ်အမှားကြီးဖြစ်နေမှာကိုသူကြောက်မိတယ်...အကယ်၍ရန်ကျင်းကရုတ်တရက်အမှောင်ဘက်ရောက်သွားရင်အဲ့ဒီစာချုပ်အပိုင်းလေးကသူ့ကိုရပ်တန့်နိုင်ပါ့မလားဆိုတာဘယ်သူသိမှာလဲ...ရန်ကျင်းကဇာတ်လိုက်ဖြစ်နေတုန်းပဲဆိုတာမေ့လို့မဖြစ်ဘူး!
အဲ့ဒီဇာတ်လိုက်ရောင်ဝါ,ဘယ်သူကများဆန့်ကျင်နိုင်မှာလဲ?!
ရှန်ကျစ်ရှန်းကရန်ကျင်းရဲ့အမူအယာကိုကြည့်ရန်မျက်လုံးများအားမော့လိုက်သည်။ရှန်ကျစ်ရှန်းရဲ့အဓိပါယ်မရှိပေါက်ကရစကားတွေကိုယုံကြည်နေသလိုမျိုးသူ့အမူအယာကတော့ပုံမှန်ပင်။ထိုပုံစံကိုကြည့်ပြီးရှန်ကျစ်ရှန်းကမြန်မြန်လေးထွက်သွားဖို့ဆုံးဖြတ်လိုက်တော့သည်။သူကလက်ကိုလှုပ်ခါချင်ယောင်ဆောင်လိုက်ပြီးပေါ့ပေါ့ပါးပါးပြောလေ၏။
"ထားလိုက်တော့,မင်းအခုငါ့လက်ကိုလွှတ်လို့ရပြီ"
ရန်ကျင်းကသူ့စကားကိုကြားတာနဲ့လွှတ်ပေးလိုက်သည်။
ရှန်ကျစ်ရှန်းကစိတ်သက်သာရာရသွားပြီးဝံပုလွေပါးစပ်ပေါက်ကနေလွတ်မြောက်ချင်မိသည်။ပျော်ရွှင်နေတဲ့ခံစားချက်ဖြင့်ပင်သူကကန့်သတ်မှုမရှိစွာပင်လက်နှစ်ဖက်ကိုအလေးပြုတဲ့ပုံစံမျိုးဆုပ်လိုက်ပြီးနှုတ်ဆက်စကားပြောကာတံခါးလှည့်ဖွင့်တော့သည်။
ဒါပေမဲ့ဘယ်သူကသိမှာလဲ,သူကတံခါးကိုဟဖွင့်ဖို့လုပ်တုန်းရှိသေးတယ်လက်တစ်ဖက်ကတံခါးကိုတွန်းပြီးပြန်ပိတ်လိမ့်မယ်လို့
ရန်ကျင်းရဲ့တည်ငြိမ်ပြီးအလျင်မလိုတဲ့အသံကသူ့နောက်ကနေထွက်ပေါ်လာသည်။
"ခဏ"
ရှန်ကျစ်ရှန်းရဲ့နှလုံးကဆတ်ခနဲဖြစ်သွား၏။
တည်ငြိမ်ပြီးအေးဆေးလှတဲ့အသံကဆက်ပြောသည်။
"ကျွန်တော်တို့ကမြင်မြင်ချင်းပဲရင်းနှီးနေသလိုခံစားနေရတော့အတူတူနေတာပိုကောင်းမယ်ထင်တယ်...အဲ့ဒါကကျွန်တော်တို့အချင်းချင်းအပြန်အလှန်ဂရုစိုက်စောင့်ရှောက်တယ်လို့သတ်မှတ်လို့ရတာပေါ့" သူကရပ်တန့်လိုက်ပြီးအဓိပ္ပါယ်ပြည့်ဝတဲ့အသံနဲ့စကားဆက်သည်။"ဘယ်လိုထင်လဲ?"
ဘာ?
လုံးဝပဲ!
အဲ့ဒါကမေးခွန်းနဲ့တူပေမယ့်လည်းတကယ်တော့အဲ့ဒီစကားကအစောတုန်းကရန်ကျင်းဆုပ်ကိုင်ထားခဲ့တဲ့အင်အားနဲ့တူညီတဲ့ကြေညာချက်ကြီး!
ရန်ကျင်းဘာစဉ်းစားနေလဲဆိုတာရှန်ကျစ်ရှန်းမသိပေ။အခုချိန်မှာသူသိတာကသူဝံပုလွေရဲ့တွင်းထဲမှာပိတ်မိနေပြီးမလွတ်မြောက်နိုင်တော့ဘူးဆိုတာကိုပဲ
သူရှောင်ထွက်ချင်ပေမယ့်လည်းနေရာမှာတင်အဲ့ဒီအမြီးကြီးကြီးဝံပုလွေရဲ့လက်နဲ့ဖမ်းချုပ်ခံထားရတယ်...တကယ်တော့ပြဿနာကဖြေရှင်းဖို့မခက်ခဲပါဘူး...သူ့အကြောင်းကိုသာဖော်ထုတ်လိုက်မယ်ဆိုရင်ပေါ့
မေ့လိုက်တော့
ရှန်ကျစ်ရှန်းတွေးလိုက်သည်။
သူဆက်ပြီးပဲဟန်ဆောင်နေတော့မယ်။
သူကတော့သူ့အကြောင်းကိုဖော်ထုတ်ဖို့ငြင်းဆိုတယ်....ပြိးတော့လည်းသူကအခုချိန်မှာတံခါးနဲ့ပြင်းပြင်းထန်ထန်ဖိကပ်ထားခံရတယ်ဆိုပေမယ့်လည်းသူရန်ကျင်းကိုကြောက်စရာဘာမှမရှိဘူး.....
==============
Translator's Note
ဒီအပိုင်းတွေကအလွန့်အလွန်ရှည်ပြီး လေးပိုင်းစာဖြစ်နေတာမို့လို့ E tran ခွဲထားတဲ့အတိုင်းပဲခွဲပြန်ပါ့မယ်နော်
==============
Zawgyi
အခန္း(၂၇ - ၁) - အတူတကြခရီးသြားျခင္း
တိတ္ဆိတ္လွတဲ့အခန္းထဲမွာ,လူႏွစ္ေယာက္ကတစ္ေယာက္နဲ႔တစ္ေယာက္အလြန္နီးကပ္စြာျဖင့္၇ပ္ေနၾကသည္။
ရွန္က်စ္ရွန္းကေတာ့လံုးဝဖိႏွိပ္ခ်ဳပ္ခ်ယ္ခံထားရတဲ့အေနအထားမွာရွိေနၿပီးလြတ္ေျမာက္ဖို႔ေနရာမရွိတဲ့ေထာင့္တစ္ေနရာကိုအတင္းအဓမၼဖိအားေပးၿပီးတြန္းပို႔ခံလိုက္ရတဲ့ေၾကာင္ကေလးတစ္ေကာင္လိုပင္။
ၿပီးရင္ေတာ့အႏိုင္က်င့္တာသာခံရလိမ့္မည္။
ရွန္က်စ္ရွန္းကသူ႔ရဲ႔တိုက္ခိုက္မႈစြမ္းရည္ကိုစဥ္းစားလိုက္ၿပီးေနာက္ရန္က်င္းရဲ႔စြမ္းရည္ကိုပါအကဲျဖတ္လိုက္သည္။
နိဂံုးခ်ဳပ္ကေၾကာက္စရာႀကီး
ထို႔ေၾကာင့္သူ႔မွာခြန္အားကိုေအာင္ႏိုင္ဖို႔ႏူးညံ့မႈကိုသာသုံးႏိုင္ေတာ့သည္။သူမထြက္လာခင္တုန္းကစတုတၳအႀကီးအကဲအားသူ႔ဝိညာဥ္စြမ္းအားမ်ားကိုတံဆိပ္ခတ္ခိုင္းခဲ့သည္။အဲ့ဒါကသူ႔ႏွလံုးေရာဂါ႐ုတ္တရက္ထမေဖာက္ေစဖို႔ေသခ်ာေစလိမ့္မည္ေလ။
ဒီအခ်ိန္မွာေတာ့သူကအလွပန္းအိုးတစ္ခုကလြဲရင္ဘာမွကိုမဟုတ္ေပ။သူ႔ဓားနဲ႔သူ႔ဦးေႏွာက္ကလြဲရင္သူ႔ကိုယ္ထဲမွာဝိညာဥ္စြမ္းအင္ကစိုးစိမွ်မရွိဘူး။
ရန္က်င္းကသူ႔ကိုေစ့ေစ့စပ္စပ္ၾကည့္ရႈေနၿပီးသူ႔မ်က္ႏွာအားပူေလာင္လွတဲ့မ်က္လံုးမ်ားနဲ႔ဂ႐ုတစိုက္စီစစ္ေနသည္။
ရန္က်င္းသူ႔ကိုသိသြားမွာကိုရွန္က်စ္ရွန္းမေၾကာက္ဘူး။သူကရန္က်င္းထက္အဆင့္ျမင့္မားတဲ့သူေတြေတာင္သူ႔ကိုမသိတာေသခ်ာေစဖို႔နည္းလမ္းအမ်ိဳးမ်ိဳးကိုတမင္တကာအသံုးျပဳခဲ့တာျဖစ္သည္။ထို႔ေၾကာင့္ရန္က်င္းကသူ႔ကိုသိသြားလိမ့္မယ္ဆိုတဲ့ျဖစ္ႏိုင္ေျခအားခဏေလာက္ေတာ့မယံုၾကည္ခဲ့ေပ။
ဒါဆိုဘာျဖစ္လို႔,ဘယ္ကိစၥနဲ႔ပတ္သတ္ၿပီးရန္က်င္းကဒီေလာက္ေစ့ေစ့စပ္စပ္ျဖစ္ေနတာလဲ?
မေရရာတဲ့အေတြးမ်ားကသူ႔စိတ္ထဲမွာခဏေလာက္ျဖတ္သန္းသြားၿပီးသူ႔အာရံုအားေနာက္တစ္ႀကိမ္ဒီထူးဆန္းတဲ့အေနအထားေပၚကိုျပန္ေရႊ႕လိုက္သည္။
သူကေကာင္းမြန္ၿပီးငယ္ရြယ္တဲ့အမ်ိဳးသမီးတစ္ေယာက္မဟုတ္သလိုရန္က်င္းကလည္းမာနေထာင္လႊားၿပီးအႏိုင္က်င့္တတ္တဲ့သူမ်ိဳးမဟုတ္ဘူး,အဲ့ဒါဆိုဘာျဖစ္လို႔သူတို႔ခႏာၱကိုယ္ေတြကဒီလိုအေနအထားနဲ႔ရွိေနရတာလဲ?!
သူကသူ႔လက္ေကာက္ဝတ္ကိုလွည့္ရင္းသူ႔ကိုယ္သူလြတ္ေျမာက္ဖို႔ႀကိဳးစားေလသည္။ဒီတစ္ေခါက္မွာေတာ့ရန္က်င္းကသူ႔ဆုပ္ကိုင္မႈကိုအနည္းငယ္ေျဖေလ်ာ့ေပးလိုက္ေပမယ့္လြတ္ေတာ့မလႊတ္ေပးေသးေပ။ဒါေပမဲ့အနည္းဆံုးေတာ့သူ႔တို႔လက္ကိုေအာက္ခ်လိုက္တာေၾကာင့္ရွန္က်စ္ရွန္းရဲ႔လက္ကတံခါးနဲ႔ဖိကပ္မေနေတာ့ဘူး
ရွန္က်စ္ရွန္းကလည္ေခ်ာင္းတစ္ခ်က္ရွင္းလိုက္သည္။ေဘးကင္းလံုျခံဳမႈရွိေစဖို႔အတြက္ရွန္က်စ္ရွန္းကသူ႔ရဲ႔ၾကည္လင္ျပတ္သားၿပီးေအးျမတဲ့အသံအားလတ္ဆတ္ၿပီးရွင္းလင္းတဲ့အသံအျဖစ္ေတာင္ေျပာင္းလဲထားတာျဖစ္သည္။
"မင္း..."
"ခင္ဗ်ား ..."
ႏွစ္ဖက္လံုးကတစ္ခ်ိန္တည္းမွာစကားေျပာလာသည္။ရွန္က်စ္ရွန္းကရပ္တန္႔သြားၿပီးသူ႔ေမးကိုအနည္းငယ္ပင့္ေႁမွာက္ကာတစ္ဖက္လူကိုအရင္ဆံုးစကားေျပာဖို႔ၫႊန္ျပလိုက္သည္။
ရန္က်င္းကလည္းမျငင္းဆန္ေပ။သူစကားေျပာတဲ့အခ်ိန္မွာေတာ့သူ႔အသံကသံုးရက္ေလာက္ေရမေသာက္ထားရသလိုမ်ိဳးတင္းၾကပ္ၿပီးၾကမ္းတမ္းေနသည္။နည္းနည္းခ်င္းဆီ,သူ႔စကားလံုးေတြကအလြန္ရွင္းလင္းလာသည္။
"ခင္ဗ်ား....အဆံုးသတ္ၾကေတာ့,ခင္ဗ်ားကဘယ္သူလဲ?"
"ဟန္?"
ရွန္က်စ္ရွန္းကဗလာျဖစ္စြာၾကည့္မိသြားၿပီးနားမလည္ႏိုင္ျဖစ္သြားရသည္။
ရန္က်င္းကသူ႔ကိုမသိဘူးဆိုတာသူအာမခံရဲသြားေလၿပီ။တကယ္ေတာ့လည္းသူ႔ပံုပန္းသြင္ျပင္၊နာမည္နဲ႔အသံေတြအားလံုးကအရမ္းေျပာင္းလဲသြားတာေလ..
အဲ့ဒါအျပင္,အကယ္၍ရန္က်င္းကသူ႔ကိုဆရာအျဖစ္သိေနတယ္ဆိုရင္သူေသခ်ာေပါက္ဒီလိုပံုစံမ်ိဳးနဲ႔တုန္႔ျပန္မွာမဟုတ္ဘူး
တုန္႔ျပန္မႈကိုမၾကားရေသာအခါရန္က်င္းကအနားကိုတိုးကပ္လာတာေၾကာင့္သူ႔ရဲ႔ပူျပင္းလွတဲ့ရင္အုပ္ကရွန္က်စ္ရွန္းအားဖိကပ္လုနီးပါးပင္။သူ႔အသက္ရွဳရာမွထြက္လာတဲ့အပူကလည္းစကားေျပာလိုက္တာနဲ႔ရွန္က်စ္ရွန္းရဲ႔ပါးျပင္ကိုျဖတ္သန္းေနသည္။
"---ေဆြ႕ရွန္း?"
"အိ!"
ရွန္က်စ္ရွန္းကမသိစိတ္မွတုန္႔ျပန္မိသည္။ၿပီးေနာက္မွာေတာ့သူ႔လက္ေကာက္ဝတ္မွအင္အားႀကီးမားသည့္ဆုပ္ကိုင္မႈကပိုတင္းၾကပ္လာသည္။သူကသူ႔အာရံုကိုျပန္ရသြားၿပီးသံသယသဲလြန္စတစ္ခုကသူ႔ႏွလံုးသားအတြင္းကေနထြက္လာေတာ့ေလ၏။
ရန္က်င္း....ကသူ႔နာမည္ကိုတုန္႔ျပန္တာလား?
ရန္က်င္းကဒီနာမည္ကိုသိေနတာလား?
အဲ့ဒါမျဖစ္ႏိုင္ဘူးေလ...ဒီနာမည္က မူလရွန္က်စ္ရွန္း,ဆယ္ေက်ာ္သက္ အရြယ္,အျပင္မွာေလ့က်င့္ဖို႔ ခရီးထြက္တုန္းကတစ္ခါပဲသံုးဘူးတာ ...အဲ့ဒီအခ်ိန္တုန္းကရန္က်င္းက ေသးေသးေလးပဲရွိေသးတာၿပီးေတာ့ ဂိုဏ္းကိုလည္းမဝင္ရေသးဘူး
ရွန္က်စ္ရွန္းကမူလကိုယ္ရဲ႔မွတ္ဉာဏ္မ်ားအားတူးဆြေနေသာ္လည္းရွန္က်စ္ရွန္းနဲ႔ရန္က်င္းအေသးေလးၾကားထဲကႀကိဳတင္ေတြ႕ဆံုခဲ့မႈနဲ႔ပတ္သတ္ၿပီးမည္သည့္မွတ္ဉာဏ္မွရွိမေနေပ။
ခ်င္းယြင္ဂိုဏ္းမွာဆိုရင္သူ႔ဆရာကလြဲရင္ေဆြ႕ရွန္းဆိုတဲ့နာမည္ကိုဘယ္သူမွမသိဘူး။စုန္႔မင္းေတာင္မွမသိဘူး...အဲ့ဒါေၾကာင့္ရန္က်င္းကဒီနာမည္ကိုသိေနစရာအေၾကာင္းကိုမရွိဘူး
ရွန္က်စ္ရွန္းရဲ႔အေတြးေတြကအနည္းငယ္လွည့္ပတ္သြားေသာ္လည္း,ေနာက္ဆံုးမွာေတာ့ရန္က်င္းကအတိတ္တုန္းကနာမည္တူတစ္ေယာက္ေယာက္ကိုေတြ႕ဘူးတာပဲျဖစ္လိမ့္မယ္လို႔ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ထို႔ေၾကာင့္ထိုကိစၥအားသူ႔ႏွလံုးသားထဲကေနလြတ္ခ်လိုက္ၿပီးျပံဳးကာေျပာလိုက္၏။
"ငါဆိုးသြမ္းတာဘာမွမလုပ္ထားဘူးေလ,ဘာလို႔ငါတို႔ထိုင္ၿပီးစကားမေျပာၾကတာလဲ?"
ရန္က်င္းကသူ႔စကားေတြကိုမၾကားခ်င္ေယာင္ေဆာင္ေနသည္။သူကသူ႔မူလေမးခြန္းကိုသာမျပတ္တမ္းထပ္ခါတလဲလဲေမးသည္။
"ခင္ဗ်ားကဘယ္သူလဲလို႔ဆိုေန?"
ဒီေဒါသႀကီးတဲ့လူကေတာ့
ရန္က်င္းကရွန္က်စ္ရွန္းရဲ႔လက္တစ္ဖက္ထဲကိုသာဆုပ္ကိုင္ထားတာျဖစ္သည္။သူကသူ႔တစ္ျခားလက္တစ္ဖက္ကိုတည္ၿငိမ္စြာလႈပ္လိုက္ေသာေၾကာင့္သူ႔အက်ႌလက္စအားေအာက္ကိုေလ်ာက်သြားေစသည္။ထို႔ေနာက္အသက္ကိုရႈလိုက္ၿပီးတိတ္ဆိတ္စြာေျဖလိုက္သည္။
"ငါ့နာမည္ကေဆြ႕ရွန္း,ငါကက်ီရြမ္းေတာင္ေျခကနာမည္မရွိတဲ့ၿမိဳ႔ေလးကေနလာတာ...ငါကဘာမွမလုပ္တတ္တဲ့သာမာန္လူပ်င္းတစ္ေယာက္ပါ,အဲ့ဒါေၾကာင့္ကမာၻႀကီးကိုၾကည့္ရေအာင္လွည္ပတ္ေလွ်ာက္သြားဖို႔ဆံုးျဖတ္လိုက္တာ....အေတြ႕အၾကံဳလိုခ်င္ေနတဲ့သူတစ္ေယာက္လို႔သတ္မွတ္လို႔ရတယ္"
သူကအလြန္ကိုစိတ္အားထက္သန္စြာေျပာေနေသာ္လည္းရန္က်င္းကသူ႔စကားေတြကိုစိတ္ဝင္စားမႈေပ်ာက္ဆံုးသြားၿပီျဖစ္သည္။သူကရွန္က်စ္ရွန္းရဲ႔ကိုယ္ထဲကိုဝိညာဥ္စြမ္းအားတစ္ခ်ိဳ႔ထည့္လိုက္ၿပီးညင္သာစြာျဖင့္တိတ္တဆိတ္ရွာေဖြေနသည္။
အကယ္၍သူကသာမာန္လူတစ္ေယာက္ဆိုရင္ရွန္က်စ္ရွန္းအေနနဲ႔ဒီလိုေသးငယ္တဲ့ဝိညာဥ္စြမ္းအင္နည္းနည္းေလာက္ကိုသတိမျပဳမိႏိုင္ေလာက္ဘူးဆိုေပမယ့္သူကသာမာန္လူတစ္ေယာက္မဟုတ္ဘူးေလ;သူကဝိညာဥ္စြမ္းအင္နဲ႔ပတ္သတ္ၿပီးအလြန္ကိုရင္းႏွီးကၽြမ္းဝင္မႈရွိသည္။သူ႔ဝိညာဥ္ေၾကာေတြအားလံုးပိတ္ဆို႔ထားတယ္ဆိုရင္ေတာင္သူ႔ခႏာၱကိုယ္ကေတာ့အသိအမွတ္ျပဳႏိုင္တယ္။ထို႔ေၾကာင့္လည္းရန္က်င္းရဲ႔ဝိညာဥ္စြမ္းအားေတြသူ႔ကိုယ္ထဲဝင္လာသည္ႏွင့္တစ္ၿပိဳင္နက္သူခ်က္ခ်င္းခံစားလို႔ရလိုက္သည္။
ဒါေပမဲ့လည္းသူကခုခံတြန္းလွန္မႈမလုပ္သလိုတုန္႔ျပန္မႈလည္းမရွိေပ။
ရွန္က်စ္ရွန္းကသတိမျပဳမိသည့္ပံုစံမ်ိဳး႐ိုးရွင္းစြာသာဟန္ေဆာင္လိုက္သည္။သူက႐ိုးသားေျဖာင့္မတ္စြာျဖင့္မတ္တပ္ရပ္ေနၿပီးရန္က်င္းဘာကိုမွမရွာေတြ႕ႏိုင္ဘူးဆိုတာေသခ်ာေနတာေၾကာင့္သူ႔စိတ္ႏွလံုးကိုသေဘာက်စစ္ေဆးခြင့္ျပဳထားလိုက္သည္။
ရန္က်င္းကအလြန္အက်ဴးမသြားပဲထိုသူရဲ႔ခႏာၱကိုယ္ထဲမွာသူ႔ဝိညာဥ္စြမ္းအားမွ်င္နဲ႔အနည္းငယ္ရွာေဖြလိုက္ၿပီးေနာက္မွာျပန္႐ုတ္သိမ္းလိုက္သည္။ဒီေဆြ႕ရွန္းလို႔ေခၚတဲ့အျဖဴဝတ္ထားတဲ့သူမွာဝိညာဥ္ခ်ီလံုးဝမရွိတာေၾကာင့္ၾကည့္ရတာဒီအတိုင္းသာမာန္လူတစ္ေယာက္ပဲဆိုတာသူအသိအမွတ္ျပဳႏိုင္သြားသည္။
လံုးဝကိုမရွိတာ
ဒါေပမဲ့......
သူ႔လက္နဲ႔တစ္ဖက္လူရဲ႔လက္ေကာက္ဝတ္ထိစပ္ထားတဲ့ေနရာတစ္ဝိုက္ကစတင္ပူတက္လာသည္။
၎သည္လက္ဖဝါးကိုတစ္ျဖည္းျဖည္းနဲ႔မီးၿမိဳက္ေနသလိုမ်ိဳးပင္။သူ႔ဝိညာဥ္ပင္လယ္ရဲ႔အနက္႐ွိဳင္းဆံုးမွာခ်ဳပ္ေႏွာင္ထားတဲ့စည္းတံဆိပ္စာခ်ဳပ္ကလဝက္ေက်ာ္ေလာက္တိတ္ဆိတ္ေနရာမွေနာက္ဆံုးမွာႏိုးထလာသည္။
၎သည္ေသြ႕ေျခာက္ကြဲအက္ေနသည့္ေျမျပင္ကေနာက္ဆံုးမွာမိုးသည္းထန္စြာရြာသြန္းၿပီးစိုစြတ္သြားသလိုမ်ိဳးဒါမွမဟုတ္ဆာေလာင္ေနတဲ့ျဖဴေကာင္ေလးတစ္ေကာင္ကေနာက္ဆံုးမွာသစ္သီးေတာအုပ္ႀကီးကိုရွာေတြ႕သြားသလိုမ်ိဳး....
ရန္က်င္းရဲ႔ႏွလံုးသားကအေျခက်သြားၿပီးႏူးညံ့စြာအသက္ရႈထုတ္လိုက္သည္။ယခင္ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားကလည္းေနာက္ဆံုးမွာေျပေလ်ာ့သြားၿပီးသူ႔မူလတည္ၿငိမ္ေအးေဆးသည့္ပံုစံကိုျပန္ေရာက္သြားေသာ္လည္းသူ႔အသံကေတာ့ထက္ရွေနဆဲပင္
"ခင္ဗ်ားမွာဝိညာဥ္စြမ္းအားလည္းမရွိပဲနဲ႔ဘာျဖစ္လို႔အမတက်င့္ၾကံသူေတြရဲ႔နယ္နိမိတ္ထဲကိုေရာက္လာရတာလဲ?"
သာမာန္လူေတြအတြက္ကေတာ့,မေရမတြက္ႏိုင္ေအာင္ေကာင္းမြန္လွတဲ့ျမစ္မ်ားေတာင္တန္းမ်ားျပည့္ႏွက္ေနတဲ့သာမာန္ေသမ်ိဳးကမာၻကိုလွည့္ပတ္ခရီးသြားလာရင္ေတာင္လံုေလာက္ေနၿပီျဖစ္သည္။အဲ့ဒါကိုဘာျဖစ္လို႔အမတက်င့္ၾကံသူေတြရဲ႔နယ္ေျမထဲလာရတာလဲ?
အကယ္၍သာအမတက်င့္ၾကံသူေတြၾကားထဲကတိုက္ပြဲတစ္ခုခုထဲသာေရာက္သြားရင္မလႊဲမေရွာင္သာေအာင္ပင္ေသးငယ္တဲ့ငါးေလးတစ္ေကာင္လိုမ်ိဳးျဖစ္သြားမွာျဖစ္ၿပီးေဘးအႏာၱရယ္သာၾကံဳေတြ႕လိမ့္မည္။ဒီကိုလာဖို႔အတြက္ဆင္ျခင္တံုတရားေတြအေၾကာင္းျပခ်က္ေတြမရွိဘူး
ရွန္'သာမာန္လူ'က်စ္ရွန္းက႐ိုးသားစြာသာျပန္ေျဖသည္။
"ဘဝဆိုတာဆယ္စုႏွစ္စာေလာက္ပဲရွိေတာ့တိုေတာင္းတယ္ေလ,...ေၾကာက္လန္႔မႈတစ္ခုတည္းအတြက္နဲ႔ငါဘယ္လိုမ်ားရပ္တန္႔ႏိုင္မွာလဲၿပီးေတာ့ငါ့ကိုရပ္တန္႔ေစႏိုင္မွာလဲ?ငါကအသိဉာဏ္ကင္းမဲ့မႈေၾကာင့္က်င့္ၾကံျခင္းမလုပ္ႏိုင္ေပမယ့္လည္းဟိုးတုန္းကတည္းကေတာင့္တလာခဲ့ရတာ..အခုေတာ့ငါ့မွာအခြင့္အေရးရၿပီဆိုေတာ့ေသခ်ာေပါက္လာၿပီးၾကည့္ရမွာေပါ့"
ရန္က်င္းကမွတ္ခ်က္ျပန္ေပးဖို႔ျငင္းဆန္ၿပီးသူ႔ကိုတစ္ခ်က္သာၾကည့္သည္။ထို႔ေနာက္ထပ္ေမး၏။
"အခုဏက,ေအာက္ထပ္မွာ,ကၽြန္ေတာ္ေသခ်ာနားမေထာင္လိုက္ရဘူး...အဲ့ဒီစာအုပ္ထဲကတပည့္ကဘယ္သူလဲ?"
ရွန္က်စ္ရွန္း: "..."
အကယ္၍သာအဲ့ဒီမွာရန္က်င္းပါရွိေနတယ္ဆိုတာကိုသူသိခဲ့ရင္သူကရန္က်င္းရဲ႔ေဝးကြာတဲ့ဝမ္းကြဲဆိုတဲ့စကားကိုေျပာလိုက္မွာမဟုတ္ဘူး!အဲ့ဒါက႐ိုက္ကြင္းထဲမွာအပိုင္းတစ္ေနရာေလာက္ပါပါရေစလို႔ေတာင္းဆိုလိုက္တာနဲ႔မတူဘူးလား!
ၿပီးေတာ့လည္းရန္က်င္းထြက္သြားတာဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ?သူကျဖဴေကာင္ဘဝကေနခ႐ုဘဝေရာက္သြားတာလား?ဘာလို႔ဒီနားမွာပဲလွည့္ပတ္ေနရေသးတာလဲ?!
ရွန္က်စ္ရွန္းမေရမရာနဲ႔ပဲေပါက္ကရေတြေလွ်ာက္ေျပာသည္။
"အဲ့ဒါကဒီအတိုင္း...ငါကအဲ့ဒီဆရာရဲ႔တပည့္ရဲ႔...အမ္းးး,သူ႔ရဲ႔ေဝးကြာတဲ့ဝမ္းကြဲ,အရမ္း အရမ္းကိုေဝးတာ..ဟိုးမိုင္တစ္သန္းေလာက္ထိေဝးတဲ့ေဝးကြာမႈမ်ိဳး"
သူ႔ကိုၾကည့္ပါဦး,ဘယ္ေလာက္ေတာင္ဉာဏ္ေကာင္းလိုက္လဲ
သူကရန္က်င္းနာမည္ကိုတစ္ခါေတာင္ထုတ္မေျပာလိုက္ဘူးအဲ့ဒီေတာ့အကယ္၍ရန္က်င္းကဒီကိစၥကိုဆက္ရွာေဖြမယ္ဆိုရင္ေတာင္သူ႔အေျပာအဆိုေတြကိုအတင္းအၾကပ္တရားမွ်တစြာစီစဥ္ႏိုင္လိမ့္မယ္
ဘယ္လိုပဲျဖစ္ျဖစ္ရန္က်င္းကအဲ့ဒီ 'ဆရာ' ရဲ႔လက္ေအာက္ကတစ္ေယာက္တည္းေသာတပည့္မွမဟုတ္တာ....တစ္ျခားသာမာန္တပည့္ေလးေတြကလည္းထည့္စဥ္းစားလို႔ရေသးတာပဲဟာ
ရွန္က်စ္ရွန္းကသူ႔ရဲ႔စိတ္မသက္မသာျဖစ္မႈကိုတားဆီးလိုက္ၿပီးစဥ္းစားမိသည္။
ဒါေတြအားလံုးၿပီးသြားရင္ေတာ့သူခ်က္ခ်င္းထြက္သြားၿပီးရန္က်င္းကသူ႔အမွားအယြင္းရဲ႔သက္ေသေလးတစ္ခုေတာင္ရွာမေတြ႕ေအာင္လို႔သူ႔ဆံပင္ေလးတစ္ပင္ေတာင္ဆြဲခြင့္မျပဳဘူး
သူဒီတစ္ေခါက္ရန္က်င္းကိုအျပင္ထြက္ၿပီးေလ့က်င့္ခြင့္ျပုလိုက္တယ္ဆိုတာကမၾကာခင္ရန္က်င္းကနတ္ဆိုးငါးအေၾကးခြံအနားကေနျဖတ္သန္းသြားလာခါနီးကိုေရာက္ေတာ့မွာမို႔လို႔...အဲ့ဒါေၾကာင့္သူကိုယ္တိုင္ကေရာအေၾကးခြံပုန္းကြယ္ေနတဲ့အဲ့ဒီလ်ိဳ႔ဝွက္ေနရာထဲကိုခ်ိဳးျဖတ္ဝင္ႏိုင္မလားဆိုတာၾကည့္ခ်င္မိတယ္
သူ႔အေၾကာင္းကိုဘာေၾကာင့္မထုတ္ေဖာ္တာလဲ၊ဘာေၾကာင့္သူ႔မ်က္ႏွာေတြနာမည္ေတြကိုေျပာင္းလဲလိုက္ရတာလဲဆိုတဲ့အေၾကာင္းျပခ်က္ကတကယ္ေတာ့,တစ္ဖက္မွာသူကတစ္ေနရာတည္းမွာပဲအခ်ိန္အၾကာႀကီးေနခဲ့ရေတာ့က်န္းဟူတစ္ေလွ်ာက္ကိုလွည္ပတ္သြားလာစူးစမ္းခ်င္တယ္....တစ္ျခားတစ္ဖက္ကေတာ့ဒီလူဆိုးႀကီးရန္က်င္းကတစ္ေန႔မွာသူ႔စိတ္ကို႐ုတ္တရက္ႀကီးေျပာင္းလဲၿပီးအရင္လိုလက္စားေခ်ခ်င္စိတ္ျပန္ျဖစ္လာမွာကိုေၾကာက္မိလို႔
သူတို႔ႏွစ္ေယာက္ကစာခ်ဳပ္ခ်ဳပ္ၿပီးၿပီဆိုေတာ့ေၾကာက္စရာမရွိေတာ့ဘူးလို႔ေျပာႏိုင္ေပမယ့္လည္းအဲ့ဒါကစာခ်ဳပ္အပိုင္းအစေလးတစ္ခုေပၚမွာပဲေျခခံထားတာေလ...႐ိုး႐ိုးသားသားေျပာရရင္,ရွန္က်စ္ရွန္းသိပ္ၿပီးယံုၾကည္စိတ္ခ်မႈမရွိဘူး
အဲ့ဒါကစာခ်ဳပ္အမွားႀကီးျဖစ္ေနမွာကိုသူေၾကာက္မိတယ္...အကယ္၍ရန္က်င္းက႐ုတ္တရက္အေမွာင္ဘက္ေရာက္သြားရင္အဲ့ဒီစာခ်ဳပ္အပိုင္းေလးကသူ႔ကိုရပ္တန္႔ႏိုင္ပါ့မလားဆိုတာဘယ္သူသိမွာလဲ...ရန္က်င္းကဇာတ္လိုက္ျဖစ္ေနတုန္းပဲဆိုတာေမ့လို႔မျဖစ္ဘူး!
အဲ့ဒီဇာတ္လိုက္ေရာင္ဝါ,ဘယ္သူကမ်ားဆန္႔က်င္ႏိုင္မွာလဲ?!
ရွန္က်စ္ရွန္းကရန္က်င္းရဲ႔အမူအယာကိုၾကည့္ရန္မ်က္လံုးမ်ားအားေမာ့လိုက္သည္။ရွန္က်စ္ရွန္းရဲ႔အဓိပါယ္မရွိေပါက္ကရစကားေတြကိုယံုၾကည္ေနသလိုမ်ိဳးသူ႔အမူအယာကေတာ့ပံုမွန္ပင္။ထိုပံုစံကိုၾကည့္ၿပီးရွန္က်စ္ရွန္းကျမန္ျမန္ေလးထြက္သြားဖို႔ဆံုးျဖတ္လိုက္ေတာ့သည္။သူကလက္ကိုလႈပ္ခါခ်င္ေယာင္ေဆာင္လိုက္ၿပီးေပါ့ေပါ့ပါးပါးေျပာေလ၏။
"ထားလိုက္ေတာ့,မင္းအခုငါ့လက္ကိုလႊတ္လို႔ရၿပီ"
ရန္က်င္းကသူ႔စကားကိုၾကားတာနဲ႔လႊတ္ေပးလိုက္သည္။
ရွန္က်စ္ရွန္းကစိတ္သက္သာရာရသြားၿပီးဝံပုေလြပါးစပ္ေပါက္ကေနလြတ္ေျမာက္ခ်င္မိသည္။ေပ်ာ္ရႊင္ေနတဲ့ခံစားခ်က္ျဖင့္ပင္သူကကန္႔သတ္မႈမရွိစြာပင္လက္ႏွစ္ဖက္ကိုအေလးျပဳတဲ့ပံုစံမ်ိဳးဆုပ္လိုက္ၿပီးႏႈတ္ဆက္စကားေျပာကာတံခါးလွည့္ဖြင့္ေတာ့သည္။
ဒါေပမဲ့ဘယ္သူကသိမွာလဲ,သူကတံခါးကိုဟဖြင့္ဖို႔လုပ္တုန္းရွိေသးတယ္လက္တစ္ဖက္ကတံခါးကိုတြန္းၿပီးျပန္ပိတ္လိမ့္မယ္လို႔
ရန္က်င္းရဲ႔တည္ၿငိမ္ၿပီးအလ်င္မလိုတဲ့အသံကသူ႔ေနာက္ကေနထြက္ေပၚလာသည္။
"ခဏ"
ရွန္က်စ္ရွန္းရဲ႔ႏွလံုးကဆတ္ခနဲျဖစ္သြား၏။
တည္ၿငိမ္ၿပီးေအးေဆးလွတဲ့အသံကဆက္ေျပာသည္။
"ကၽြန္ေတာ္တို႔ကျမင္ျမင္ခ်င္းပဲရင္းႏွီးေနသလိုခံစားေနရေတာ့အတူတူေနတာပိုေကာင္းမယ္ထင္တယ္...အဲ့ဒါကကၽြန္ေတာ္တို႔အခ်င္းခ်င္းအျပန္အလွန္ဂ႐ုစိုက္ေစာင့္ေရွာက္တယ္လို႔သတ္မွတ္လို႔ရတာေပါ့" သူကရပ္တန္႔လိုက္ၿပီးအဓိပၸါယ္ျပည့္ဝတဲ့အသံနဲ႔စကားဆက္သည္။"ဘယ္လိုထင္လဲ?"
ဘာ?
လံုးဝပဲ!
အဲ့ဒါကေမးခြန္းနဲ႔တူေပမယ့္လည္းတကယ္ေတာ့အဲ့ဒီစကားကအေစာတုန္းကရန္က်င္းဆုပ္ကိုင္ထားခဲ့တဲ့အင္အားနဲ႔တူညီတဲ့ေၾကညာခ်က္ႀကီး!
ရန္က်င္းဘာစဥ္းစားေနလဲဆိုတာရွန္က်စ္ရွန္းမသိေပ။အခုခ်ိန္မွာသူသိတာကသူဝံပုေလြရဲ႔တြင္းထဲမွာပိတ္မိေနၿပီးမလြတ္ေျမာက္ႏိုင္ေတာ့ဘူးဆိုတာကိုပဲ
သူေရွာင္ထြက္ခ်င္ေပမယ့္လည္းေနရာမွာတင္အဲ့ဒီအၿမီးႀကီးႀကီးဝံပုေလြရဲ႔လက္နဲ႔ဖမ္းခ်ဳပ္ခံထားရတယ္...တကယ္ေတာ့ျပႆနာကေျဖရွင္းဖို႔မခက္ခဲပါဘူး...သူ႔အေၾကာင္းကိုသာေဖာ္ထုတ္လိုက္မယ္ဆိုရင္ေပါ့
ေမ့လိုက္ေတာ့
ရွန္က်စ္ရွန္းေတြးလိုက္သည္။
သူဆက္ၿပီးပဲဟန္ေဆာင္ေနေတာ့မယ္။
သူကေတာ့သူ႔အေၾကာင္းကိုေဖာ္ထုတ္ဖို႔ျငင္းဆိုတယ္....ၿပိးေတာ့လည္းသူကအခုခ်ိန္မွာတံခါးနဲ႔ျပင္းျပင္းထန္ထန္ဖိကပ္ထားခံရတယ္ဆိုေပမယ့္လည္းသူရန္က်င္းကိုေၾကာက္စရာဘာမွမရွိဘူး.....
==============
Translator's Note
ဒီအပိုင္းေတြကအလြန္႔အလြန္ရွည္ၿပီး ေလးပိုင္းစာျဖစ္ေနတာမို႔လို႔ E tran ခြဲထားတဲ့အတိုင္းပဲခြဲျပန္ပါ့မယ္ေနာ္
==============