ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း (Z...

By Pyonge5462311

242K 13K 274

ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသစ်တင်မှာပါနော်🤗 Start date-July 16.2021 End date-August 10.2021 ရိ... More

Ep 1🍑
Ep 2🍑
Ep 3🍑
Ep 4🍑
Ep 5🍑
Ep 6🍑
Ep 7🍑
Ep 9🍑
Ep 10🍑
Ep 11🍑
Ep 12🍑
Ep 13🍑
Ep 14🍑
Ep 15🍑
Ep 16🍑
Ep 17🍑
Ep 18🍑
Ep 19🍑
final🍑

Ep 8🍑

10.4K 657 22
By Pyonge5462311

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 8

ရှိုင်းမာန်ခတယောက် အဖျားရှိန်ဖြင့်အိပ်ပျော်နေရာမှ နိုးလာခဲ့သည်... ။ခန္ဓာကိုယ်လှုပ်မရဖြစ်နေသည်မို့ မျက်ဝန်းလေးအသာဖွင့်ကြည့်တော့...  လူကြီး၏တင်းကြပ်စွာပွေ့ဖက်ထားခြင်းခံရမှန်းသိလိုက်ရသည်....။ ရှိုင်းမာန်ခလဲနိုးနေသည်ကိုမထသေးပဲ အနီးကပ်မြင်ရသော ခင်ပွန်းဖြစ်သူ၏ မျက်နှာအစိတ်ပိုင်းတခုစီကို လက်ညိုးလေးဖြင့်ထိကြည့်နေမိသည်...။

" သေချာကြည့်တော့မှ ငါ့ယောက်ျားက တော်တော်ချောတာပဲ"

ယောက်ျားဖြစ်သူ၏မျက်နှာကိုကြည့်ကာ ချီးမွမ်းခန်းဖွင့်နေတဲ့ရှိုင်းမာန်ခဟာ....  ရုတ်တရက်  ဈာန်ဦးထိုက်၏ခန္ဓာကိုယ်အနည်းငယ်လှုပ်လာသည်မို့....  အမြန်ပင်အိပ်ချင်ယောင်ဆောင်လိုက်သတဲ့....။

"အိပ်ပုပ်လေး ခုထိမနိုးသေးဘူးပဲ... မှန်းစမ်း! ကိုယ်ပူတော့ကျသွားပြီပဲ"

ဈာန်ဦးထိုက်တယောက် ယောက်ျားပေါက်စ မနိုးသေးဘူးအထင်နှင့် ကလေးငယ်၏ နဖူးလေးကို ကိုယ်ပူစမ်းလိုက်သည်... ။ကိုယ်ပူကျသွားသည်ဆိုတော့မှ ဈာန်ဦးထိုက် စိတ်​အေးရသည်...။

"အိပ်နေတဲ့ပုံလေးက အသည်းယားဖို့ကောင်းလိုက်တာကွာ"

အိပ်နေတဲ့ယောက်ျားပေါက်စ၏ နုတ်ခမ်းလေးကိုအနမ်းခြွေရန်... ကလေးငယ်ရဲ့ မျက်နှာအနားသို့ သူ၏မျက်နှာတိုးကပ်သွားလေသည်....။ နီးကပ်လာသောလေငွေ့နွေးနွေးကြောင့် ရှိုင်းမာန်ခ မျက်လုံးလေးဖွင့်ကြည့်လိုက်သည်...။

*ဘုန်းးး အ့"

ဈာန်ဦးထိုက်တယောက် ယောက်ျားပေါက်စ၏ နုတ်ခမ်းကိုနမ်းရန်ပြင်လိုက်စဥ်...  ရှိုင်းမာန်ခကမျက်လုံးဖွင့်လိုက်တာမို့... လန့်သွားကာ ကုတင်ပေါ်မှပြုတ်ကျသွားသည်....။

"ဟယ် လူကြီး! အဲ့အောက်မှာဘာဆင်းလုပ်နေတာလဲ"

ရှိုင်းမာန်ခတယောက် ကုတင်ပေါ်မှပြုတ်ကျသွားသောယောက်ျားဖြစ်သူကို... မျက်လုံးအဝိုင်းသားလေးဖြင့် အံ့ဩသလိုကြည့်ရင်းမေးလိုက်သည်။

"ပျင်းလို့ အောက်ဆင်းပြီးဆော့နေတာလေ!"

"လူကြီးကတော့ရွဲ့နေပြန်ပါပြီ ဟားဟားဟား"

မျက်နှာကြီးရှုံ့မဲ့ကာမရွဲ့တိုက်၍ပြန်ဖြေသော  ဈာန်ဦးထိုက်ကြောင့် ရှိုင်းမာန်ခလဲ သဘောကျစွာ ဗိုက်ကလေးနှိပ်လို့ ဟားတိုက်ကာရယ်လိုက်သည်... ။ ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စ ရယ်နေတဲ့ပုံလေးကြောင့် ပြန်လည်ပြုံးပြလိုက်သည် ။ သူအပြစ်နဲ့သူမို့ နာကျင်သွားတဲ့တင်ပါးကို ဥပေက္ခာပြုလျက်...။

ရှိုင်းမာန်ခ နေပြန်ကောင်းသွားတာမို့ ကျောင်းပြန်တက်သည်... ။ ဈာန်ဦးထိုက်ကတာ့ယောက်ျားပေါက်စကို အမြဲအပို့ကြိုလုပ်ပေးသည်...။

"ကားကိုဂရုစိုက်မောင်းနော် လူကြီး"

ကားပေါ်ကဆင်းရန်ပြင်နေသော ယောက်ျားပေါက်စ၏ လက်လေးတဖက်ကို ဈာန်ဦးထိုက်လဲ သူ့ရဲ့လက်တဖက်ဖြင့် အမြန်လှမ်းဆွဲလိုက်သည်....။

"နေပါဦး ပိစိရယ်... တနေ့တာလုံးအားအင်ဖြစ်စေဖို့ အားဆေးလေးပေးပါဦးကွာ"

"လူကြီး.. အွန့် "

ရှိုင်းမာန်ခ ငြင်းရန်ပြင်လိုက်စဥ်မှာပဲ ဈာန်ဦးထိုက်ရဲ့ သန်မာသောလက်များ၏ ဆွဲခေါ်မှုကြောင့်.... ရှိုင်းမာန်ခ၏ ခန္ဓာကိုယ်လေးဟာ လူကြီး၏ ပေါင်ပေါ်သို့ရောက်သွားသည်... ။ ထို့နောက်မှာတော့ ရှိုင်းမာန်ခ၏ ခါးသွယ်သွယ်ထက် ဈာန်ဦးထိုက်ရဲ့ လက်တွေရစ်သိုင်းလို့.. နုတ်ခမ်းလေးကို အနမ်းဓားပြတိုက်ခြင်းခံလိုက်ရသည်...။

"အွန်းးး ဟင့်"

အတင်းကြပ်နမ်းရှိုက်မှု့ကြောင့် ရှိုင်းမာန်ခ အသက်ရှူတွေကြပ်လာသည်.... ။ ဈာန်ဦးထိုက်လဲ သူစိတ်ကျေနပ်သည်အထိ ယောက်ျားပေါက်စ၏နုတ်ခမ်းလေးကို နမ်းပြီးမှလွှတ်ပေးသည်....။

"တော်တော်နှာဗူးကျတဲ့လူကြီး ကဲဟာ"

*အားးး!!! ပိစိ... နာတယ် လွှတ်ပေးဗျ"

အနမ်းဓားပြတိုက်ခြင်း၏အကျိုးဆက်အနေဖြင့်.... ထည်ဝါလုပ်ငန်းစုရဲ့သူဌေးဖြစ်သူဈာန်ဦးထိုက်ဟာ သူ့ရဲ့ ယောက်ျားဖြစ်သူ၏ ဗိုက်ခေါက်လိမ်ဆွဲခြင်းခံရသဖြင့်... နာကျင်သွားစွာ အော်မိသည်...။

"မှတ်ထား နောက်ကိုအတင်းကြပ်လုပ်ချင်ဦး... ဟွန့်... ဖယ်တော့ အတန်းသွားတက်တော့မယ်"

ဈာန်ဦးထိုက်၏ဗိုက်ခေါက်ကို အားရအောင်လိမ်ဆွဲလိုက်ရသဖြင့်... ရှိုင်းမာန်ခတယောက် အောင်နိုင်သူလိုအပြုံးမျိုး နုတ်ခမ်းတွင်ချိတ်ဆွဲလျှက် ကားပေါ်ကဆင်းပြေးသွားသည်.... ။ဈာန်ဦးထိုက်မှာတော့ နာကျင်သွားတဲ့ဗိုက်ကိုပွတ်ရင်း ထွက်ပြေးသွားသည့် ကျောပြင်လေးကိုကြည့်ကာ ခေါင်းသာခါရမ်းမိလေသည်...။

"တော်တော်လက်သံပြောင်တဲ့ အကောင်ပေါက်ပဲ"

သူ့ယောက်ျား၏လက်ဆလက်နကို ဈာန်ဦးထိုက် အမှန်ပင် အီစလန်ဝေသွားသည်... ။ထို့နောက် ကားလေးမောင်းကာ ကုမ္ပဏီသို့ထွက်လာခဲ့သည်....။ ကုမ္ပဏီထဲသို့ရောက်သည်နှင့် ကုမ္ပဏီ၏ဥက္ကဌဖြစ်သူ သူ့ရဲ့ဖခင်ဦးဈာန်သစ်က ခေါ်သည်ဟုဆိုသောကြောင့် ဦးဈာန်သစ်၏ရုံးခန်းသို့ ဈာန်ဦးထိုက်ထွက်လာခဲ့သည်။ ရုံးခန်းထဲရောက်တော့ ဖခင်နှင့်အတူရဲအရာရှိတယောက်ပါရှိနေ၏။

"ဒယ်ဒီ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"

"ထိုင်ပါဦး သား"

ဈာန်ဦးထိုက်လဲ ဖခင်ဖြစ်သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်...။

"သား နှစ်နဲ့ချီပြီးစုံစမ်းနေတဲ့ သားတို့ကိုလုပ်ကြံပြီး ကြည်ပြာသေဆုံးခဲ့ရတဲ့ တရားခံကို အရာရှိက စုံစမ်းလို့ရပြီပြောတယ်"

ဖခင်ဖြစ်သူ၏ စကားကြောင်​့ ဈာန်ဦးထိုက်အံ့ဩသွားရသည်... ။ တရားခံကအလွန်ပင်အပုန်းကောင်းလွန်းခဲ့သည်မဟုတ်လား။

"ဘယ်သူလဲ အရာရှိ!"

ဈာန်ဦးထိုက်လဲ ရဲအရာရှိကို မေးရင်းဖြင့် ဒေါသအရှိန်ကြောင့် လက်သီးကျစ်ကျစ်ဆုပ်ကာ မေးကြောများထောင်လာသည်... ။ကြည်ပြာ့အတွက် သူလက်စားပြန်ချေရမည်။

"ကျုပ်စုံစမ်းရသလောက်တော့ အဓိကအချက်အခြာကတော့ လိပ်ပြာနက်ကုမ္ပဏီကပဲ ကိုဈာန်ဦးထိုက်.. အဲ့ကုမ္ပဏီက အရမ်းလျင်မြန်ပြီး လျှို့ဝှက်သိုသိပ်လွန်းတယ် ဒါ့ကြောင့်တရားခံကိုစုံစမ်းဖို့ ခက်နေခဲ့တာပေါ့""

"ဘယ်လိုပဲဖြစ်နေပါစေ  ကျွန်တော် အဲ့တရားခံကို ရအောင်ဖမ်းပြီး ကြည်ပြာအတွက်ထိုက်တန်တဲ့လက်တုန့်ပြန်မှုတော့ ပေးဆပ်ခိုင်းရမှာပဲ "

ဈာန်ဦးထိုက်နှင့်ရဲအရာရှိ အပြန်အလှန်စကားပြောနေစဥ် ဦးဈာန်သစ်ကပါ ကြားဖြတ်ဝင်ပြော၏။

"ထင်သလောက်မလွယ်ဘူး သား... တခုတော့ရှိတယ် သားတို့ကိုလုပ်ကြံတာက အဲ့ကုမ္ပဏီကCEOကိုယ်တိုင်ပဲ..ပြီးတော့ သူက Gayတယောက်ဖြစ်တယ်လို့လဲ သတင်းရထားတယ်... ဒါ့ကြောင့် သားကိုဒီကရဲအရာရှိက အကူညီတခုတောင်းချင်​ေနတယ်"

"ကြည်ပြာ အတွက်ဆို ကျွန်တော်ဘာမဆိုလုပ်ပေးပါ့မယ် ဒယ်ဒီ"

ဈာန်ဦးထိုက်၏စကားကြောင့် ဦးဈာန်သစ်ရော ရဲအရာရှိပါခေါင်းတဆတ်ဆတ်ငြိမ့်ကြသည်။

"တရားခံက The Moon gay barမှာ ညတိုင်းရှိတယ်... ငါးကိုလိုချင်ရင် ငါးစာအရင်ချရတယ်ဆိုတဲ့စကားလဲရှိတယ်မဟုတ်လား.. ဒီကိစ္စက ကိုဈာန်ဦးထိုက်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ မသက်ဆိုင်ပေမယ့် ကျုပ်တောင်းဆိုချင်တာက ကိုဈာန်ဦးထိုက်ရဲ့ခင်ပွန်းဖြစ်သူ ရှိုင်းမာန်ခက ပုရိသတော်တော်များများကို ဆွဲဆောင်နိုင်တဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာမို့... တရားခံကိုဖမ်းဖို့အတွက် ရှိုင်းမာန်ခနဲ့ မျှားခေါ်ချင်တာပါ"

ရဲအရာရှိ၏ စကားထဲတွင် ရှိုင်းမာန်ခ၏ နာမည်ပါလာတာမို့ ဈာန်ဦးထိုက် ဘာဆက်လုပ်ရမည်မသိ စဥ်းစားရခက်နေသည်....။

"ဒါတော့ငြင်းပါရစေ အရာရှိ... ကျွန်တော်ယောက်ျားကို အန္တရာယ်တွင်းထဲမပို့ချင်ဘူး"

"ကိုဈာန်ဦးထိုက်ရဲ့ယောက်ျားကို မှဲ့တပေါက်မစွန်းစေရဘူးလို့ ကျုပ်ကတိပေးပါတယ်... ပြီးတော့ တရားခံကို ကျုပ်ရယ် ခင်ဗျားရယ်အတူစောင့်ပြီး ဖမ်းရမှာမို့လို့ ခုလိုအကူညီတောင်းရတာပါ"

ရဲအရာရှိကိုလဲ သူ အားနာမိသလို... ရည်းစားဟောင်းအတွက်လက်စားချေချင်တာနဲ့.... သူ့ရဲ့ ယောက်ျားဖြစ်သူကိုလဲ အစားထိုးပြီးကျားလက်ထဲထည့်သလိုဖြစ်နေမှာလဲစိတ်ပူတယ်...။

"ဒယ်ဒီကတော့ သားဆန္ဒအတိုင်းပဲလက်ခံမှာပါ သားဆုံးဖြတ်ပါ"

ဖခင်ဖြစ်သူကပါ ပြောနေတာမို့ ဈာန်ဦးထိုက်အလွန်ပင်စဥ်းစားရကြပ်နေသည်။

"ကျွန်တော် ပိစိနဲ့ပြန်တိုင်ပင်ကြည့်ပါဦးမယ် အရာရှိ"

"ကောင်းပါပြီ ကိုဈာန်ဦးထိုက်"

"ဒါဆို ကျွန်တော်ကိုသွားခွင့်ပြုပါဦး ဒယ်ဒီနဲ့အရာရှိ"

ဈာန်ဦးထိုက်လဲ ဖခင်ဖြစ်သူနှင့်အရာရှိကို နုတ်ဆက်ကာ ကုမ္ပဏီမှာဆက်မနေချင်တော့တာမို့ ... ရှိုင်းမာန်ခ၏ ကျောင်းသို့သွားကာ ကျောင်းရှေ့တွင်ကားရပ်လိုက်ပြီး ယောက်ျားပေါက်စ ကျောင်းလွှတ်မယ့်အချိန်ထိစောင့်နေလိုက်သည်....။

"အိုမို... လူကြီး ဘယ်ချိန်ထဲကရောက်နေတာလဲ"

နေ့တဝက်ကျိုးလို့ကျောင်းဆင်းချိန်ရောက်သည်အထိ ဈာန်ဦးထိုက်လဲ ကားပေါ်မှာအိပ်ကာစောင့်နေသည်....ယ ကျောင်းဆင်းတော့ ရှိုင်းမာန်ခက ကားပေါ်တက်လာကာ ဈာန်ဦးထိုက်အား အံ့ဩနေသလိုလေးမေးသည်.....။

"ကိုယ် ပိစိနဲ့တိုင်ပင်စရာရှိလို့ ကြိုစောင့်နေတာ... တခုခုစားရင်းပြောကြတာပေါ့ကွာ နော်"

"လူကြီးရဲ့သဘောပါဗျ"

ဒီလိုနဲ့ ဈာန်ဦးထိုက်ရဲ့ကားလေးလည်း... ကျောင်းမှထွက်ခွာလာကာ ဆိုင်လေးတဆိုင်ရှေ့တွင် ရပ်လိုက်ပြီး ... ယောက်ျားပေါက်စ၏ လက်လေးဆွဲကာ ကျောပိုးအိတ်လေးကို ကူသယ်ပေးရင်းဆိုင်ထဲဝင်ခဲ့သည်....။

"ပိစိ ဘာစားချင်လဲ"

"ဗိုက်သိပ်မဆာဘူး... တော့ပိုကီပဲမှာပေးပါနော်"

"Okဗျာ"

ဈာန်ဦးထိုက်လဲ စားစရာတွေမှာလိုက်သည်...။ ထို့နောက် စားပွဲထိုးကောင်လေးက စားစရာတွေလာချ​ပေးတာမို့ ... ယောက်ျားပေါက်စကို တယုတယ ခွံကျွေးရင်း သူပါစားလေသည်...။

"လူကြီး ကျွန်တော့်ကို တိုင်ပင်စရာရှိလို့ဆို"

ရှိုင်းမာန်ခကမေးတော့ ဈာန်ဦးထိုက်လဲ သက်ပြင်းဖွဖွချရင်း....

"ဟူးး... ကိုယ်တို့ရဲ့ ကုမ္ပဏီကိုပြိုင်ဘက်ကုမ္ပဏီကမကောင်းကြံတဲ့အတွက် အဲ့တရားခံကို ရဲအရာရှိတယောက်နဲ့ပူးပေါင်းပြီးဖမ်းပေးဖို့အကြောင်းရှိလာတယ်.. တရားခံကလည်း အဲ့ကုမ္ပဏီရဲ့CEOကိုယ်တိုင်ဖြစ်နေလို့ ဖမ်းဖို့ခက်ခဲ​နေတယ်... ပြီးတော့ အဲ့CEOက Gayတယောက်တဲ့.. အဲ့တာ ရဲအရာရှိက ပိစိကိုပါ လက်တွဲကူညီစေချင်တယ်.... ဒီတခါလေးပဲ ကိုယ့်ကိုကူညီပေးနိုင်မလားဟင်"

ဈာန်ဦးထိုက်၏စကားကို ရှိုင်းမာန်ခ သေချာအာရုံစူးစိုက်နားထောင်ပါသည်... ။မျက်နှာမကောင်းတဲ့ယောက်ျားဖြစ်သူကြောင့် ရှိုင်းမာန်ခလဲ စိတ်မချမ်းသာပေ.... ။လူကြီး၏ ပုံစံကိုကြည့်ရတာလဲ သူ့ကို အားနာနေသလိုပင်... ။အိမ်ထောင်တခုမှာ ဘာအခက်ခဲပဲရှိနေပါစေ အေးအတူပူအမျှ ခံစားပေးရမှာပဲ..။ ပါရမီဖြည့်ပေးရမှာပဲမဟုတ်လား။ ထို့နောက် ရှိုင်းမာန်ခလဲ လှပစွာပြုံးရင်း...

"ဘာများလဲလို့ လူကြီးရယ်... ကျွန်တော်ကူညီပါ့မယ်ဗျ"

ယောက်ျားပေါက်စ၏ အဖြေကြောင့် ဈာန်ဦးထိုက် အံ့ဩမိသည်...။ ကလေးငယ် ငြင်းလိမ့်မည်ဟုထင်ထားသော်လည်း ကလေးငယ်က သဘောထားပြည့်ဝစွာလက်ခံပါသည်...။ အင်း.. ကြည်ပြာ အတွက်လက်စားချေချင်လို့ အသုံးချသည်ဆိုတာကိုတော့ သူထုတ်မပြောမိပေ....။ ဈာန်ဦးထိုက်၏ စိတ်ထဲတွင် ကလေးငယ်၏ အပေါ် မတရားသလိုဖြစ်နေတာမို့ သူစိတ်မလုံဖြစ်နေလေသည်....။

"ပိစိ ငြင်းချင်ငြင်းလို့ရတယ်နော်...အဲ့တာက အန္တရာယ်များတယ်"

"ကျွန်တော်မကြောက်ပါဘူး... လူကြီးရှိနေတာပဲလေ"

သွားတန်းဖြူလေးတွေပေါ်သည်အထိရယ်ပြနေသော ယောက်ျားပေါက်စ၏ ပုံစံလေးဟာ...အလွန်ပင်အပြစ်ကင်းစင်လှသည်....။ ဈာန်ဦးထိုက်တယောက် ကလေးငယ်ရဲ့လက်ဖဝါးနုနုကိုဆုပ်ကိုင်ပြီး ကြည်လင်ရှင်းသန့်သောယောက်ျားပေါက်စ၏ မျက်နှာလေးကိုငေးကြည်​့နေမိသည်...။

{ကလေးရယ် မင်းအပေါ် ကိုယ်မတရားသလိုဖြစ်နေပြီကွယ်}

ဈာန်ဦးထိုက်လဲ ရှိုင်းမာန်ခမသိအောင်သက်ပြင်းလေးရှိုက်မိပါသည်....။

ရောင်စုံမီးရောင်တွေအောက်... လူပေါင်းများစွာ Djသံနှင့် စီးမျော၍ကခုန်နေကြသည်...။ ရဲအရာရှိနဲ့ဈာန်ဦးထိုက်ကတော့ Bar၏တနေရာတွင်ထိုင်နေကာ အခြေနေကိုစောင့်ကြည့်နေသည်...။

"ကိုဈာန်ဦးထိုက်... သားကောင်တော့ရောက်​နေပြီ ခင်ဗျားရဲ့ယောက်ျားကမလာသေးဘူးလား"

"မလောပါနဲ့အရာရှိရယ်... ပိစိက လာမယ်လို့သေချာပြောထားတယ်"

ရဲအရာရှိနဲ့ဈာန်ဦးထိုက်တို့နှစ်ယောက်သား တီးတိုးစကားပြောနေတုန်း... Barထဲဝင်လာသည့် ရှိုင်းမာန်ခကြောင့်... ကနေတဲ့လူတွေအကုန်လုံး၏ အာရုံသည် ရှိုင်းမာန်ခ ဆီသို့ရောက်ကုန်သည်...။ ရှိုင်းမာန်ခကတော့ ဘာမှဂရုမစိုက်သလို လိပ်ပြာနက်ကုမ္ပဏီ၏CEOထိုင်နေသော.... အရက်barအနားသို့ ခပ်တည်တည်လျှောက်သွားလိုက်သည်.... ။

စွပ်ကျယ်အင်္ကျီအမဲလေးကို အတွင်းထဲကခံဝတ်ကာ... အပေါ်ထပ်အင်္ကျီလက်ရှည်အနီရောင်လေးကို တမင်ပုခုံးပေါ်အောင် ဖော်ကာဝတ်ထားပြီး...ဂျင်းပြာဒူးပြဲဘောင်းဘီလေးကို စမတ်ကျစွာဝတ်ဆင်ရင်း.. ဦးထုတ်အမဲလေးကို နောက်ပြန်စောင်းထားသော ရှိုင်းမာန်ခ၏ရဲ့ပုံစံဟာ... ပုရိသတွေအတွက် ဆွဲဆောင်မှုရှိလှသည်...။ ထို့အတူ မျက်ဝန်းနက်နက်တွင်လဲ အိုင်းလိုင်နာခပ်ရေးရေးလေးဆွဲထားပြီး နုတ်ခမ်းနီအနီရောင်လေးကို မသိမသာစိုးထားတာကြောင့် မိုးပေါ်ကနတ်သက်ကြွေကျသည်ဟုပင် အထင်မှားစေမည်။

"ဝါးးး ကိုဈာန်ဦးထိုက်ရဲ့... ယောက်ျားက အရမ်းလှတာပဲဗျာ"

ရဲအရာရှိက​ပြောတော့ ဈာန်ဦးထိုက်လဲမျက်မှောင်ကြုတ်ကာ.... ယောက်ျားပေါက်စကို လှမ်းကြည့်​နေမိသည်...။

"Hey baby ဒီညအတွက် ကိုယ့်ရဲ့ပါတနာဖြစ်​ပေးနိုင်မလား"

လက်ချောင်းသွယ်သွယ်တွေဖြင့် ဝိုင်ခွက်ကို စမတ်ကျစွာကိုင်ရင်း Sexyကျစွာမော့သောက်နေသော ရှိုင်းမာန်ခကို လိပ်ပြာနက်ကုမ္ပဏီ၏ CEOဟာ မျက်စိကျသွားသည်ထင်၏။ သူ့ရဲ့ပါတနာဖြစ်ပေးရန်ကမ်းလှမ်းလေသည်။

"အိုးး အဆင်ပြေတာပေါ့"

လိပ်ပြာနက်ကုမ္ပဏီ၏ CEOဟာ ရှိုင်းမာန်ခ၏ ကျော့ကွင်းထဲ မိသွားတဲ့ ယုန်သူငယ်တကောင်လိုပင်... ။ ရှိုင်းမာန်ခလဲ ထိုလူ၏ အလိုဆန္ဒအတိုင်း တွဲကလေသည်... ။

"Baby မင်းက သိပ်လှတယ်"

ထိုလူက ရှိုင်းမာန်ခ၏ခါးကိုဖက်ကာ Djသံစဥ်နှင့်အညီ ခန္ဓာကိုယ်လှုပ်ယမ်းကနေသည့်ကြားမှ...  ရှိုင်းမာန်ခကို ရီဝေစွာစိုက်ကြည့်ရင်းပြောလေသည်။

"အဟက်! ချီးကျူးမှု့အတွက် ဒီကလူကြီးမင်းကိုကျေးဇူးတင်ပါတယ်"

ရှိုင်းမာန်ခက သူ၏လက်နှစ်ဖက်ကို ထိုလူ၏လည်တိုင်တွင်ချိတ်တွယ်ရင်း ခပ်ညုညုလေးပြန်ပြောတော့ ထိုလူက သဘောကျစွာပြုံးလေသည်။ အခြေနေအားလုံးကို စောင့်ကြည့်နေသော ဈာန်ဦးထိုက်ကတော့ မေးကြောများထောင်ကာ အံတင်းတင်းကြိတ်နေမိသည်...။

{တောက်!!! ဒင်းကများ ရာရာစစ ငါ့ယောက်ျားကိုထိရဲသေးတယ်}

တာဝန်အရမို့သည်းခံနေရသော်လည်း မျက်စိရှေ့က​မြင်ကွင်းဟာ...ဈာန်ဦးထိုက်ကိုဒေါသဖြစ်စေသည်....။

"စိတ်လျော့ထားကိုဈာန်ဦးထိုက်... ကျုပ်တို့ရဲ့အစီစဥ်ပျက်လို့မဖြစ်ဘူး"

ပုံစံပျက်နေတဲ့ ဈာန်ဦးထိုက်ကိုကြည့်ကာ ရဲအရာရှိကတားလိုက်သည်။ ကနေရင်း လိပ်ပြာနက်ကုမ္ပဏီ၏CEOက ရှိုင်းမာန်ခ၏ လည်တိုင်တွင် Markingရာတွေပေးနေတာမို့... ဈာန်ဦးထိုက်လဲ ထိုအနားသို့ထသွားရန် ပြင်လိုက်တော့ အရာရှိဆိုသူက အမြန်တားလိုက်ရသည်....။

ထို့နောက် ရဲအရာရှိက ရှိုင်းမာန်ခတို့ကနေသည့် အနားသို့ မသိမသာသွားလိုက်ပြီး... လိပ်ပြာနက်ကုမ္ပဏီ၏ CEOဖြစ်သူရဲ့ ဂုတ်ပိုးသို့... လျှင်မြန်စွာပင် မေ့ဆေးအပ်စိုက်လိုက်သည်... ။လိပ်ပြာနက်ကုမ္ပဏီရဲ့CEOလဲ ရှိုင်းမာန်ခ၏ မာယာပိုက်ကွန်ထဲမိနေတာမို့ ထိုကဲ့သို့ ဖမ်းရလွယ်ကူသွားသည်....။

"ဟိုမှာခင်ဗျားရဲ့ယောက်ျားစောင့်နေတယ် သွားလိုက်နော်... ကျုပ်ကိုကူညီပေးလို့ကျေးဇူးပါ ညီလေး"

"ဟုတ်ကဲ့ ရပါတယ်ဗျ... ဒါဆို သွားခွင့်ပြုပါဦး"

ရှိုင်းမာန်ခလဲ ရဲအရာရှိကိုနုတ်ဆက်ကာ သူ၏ခင်ပွန်းဖြစ်သူ ဈာန်ဦးထိုက် ထံသို့ သွားလိုက်သည်...။ ရဲအရာရှိကတော့ သတိမေ့နေတဲ့ လိပ်ပြာနက်ကုမ္ပဏီ၏CEOကို လက်ထိပ်ခတ်ကာ ပုခုံးပေါ်ထမ်းခေါ်သွားလေသည်...။ barထဲတွင် ကနေသူတွေကတော့ ဘာတွေဖြစ်သွားဆိုတာတောင်မသိလိုက်ပါ....။

"လူကြီး...အင့်"

ရှိုင်းမာန်ခတယောက် ဈာန်ဦးထိုက်ဆီသို့ရောက်သည်နှင့် သန်မာသောလက်များဖြင့် ပွေ့ဖက်ခြင်းခံလိုက်ရပြီး... သူ့ရဲ့ အပေါ်အင်္ကျီကို ဆွဲချွတ်ခံလိုက်ရသည်... ။ထို့နောက် လိပ်ပြာနက်ကုမ္ပဏီ၏CEOဆိုသူကိုက်ခဲ့သော သူ၏ လည်တိုင်တွင်ထင်ကျန်ခဲ့သည့် Markingရာတွေပေါ်သို့ သွေးထွက်သည်အထိဖိကိုက်ခြင်းခံရ​ြပန်သည်။

"ဟိုအကောင်လုပ်ခဲ့တဲ့ဟာတွေကို ဖျက်ရမယ်!"

"အ့... လူကြီး ဖြေးဖြေး ဟင့်"

ရှိုင်းမာန်ခတယောက် ဈာန်ဦးထိုက်ရဲ့ ခေါင်းမှဆံပင်တွေကို လက်ချောင်းသွယ်သွယ်လေးတွေဖြင့်...ခပ်ဖွဖွဆုပ်ကိုင်ရင်း.. ခေါင်းလေးမော့ကာ ဈာန်ဦးထိုက် ပြုလုပ်သမျှကို ငြိမ်ခံနေရှာသည်...။

ဈာန်ဦးထိုက်၏ ယခုစိတ်အခြေနေဟာ ရှိုင်းမာန်ခကို သဝန်တိုနေခြင်းဖြစ်သည်... ။ အရင်ကမသိခဲ့ပေမယ့် ထိုကလေးကို တခြားတယောက်နှင့်တွဲမြင်လိုက်ချိန်မှာတော့... သူ့ရင်ထဲတွင် နာကျင်ရသည်...။

"ကိုယ်တို့ ဒီည အိမ်မပြန်ပဲ ဟော်တယ်မှာပဲ အိပ်ကြရအောင် ပိစိ"

"အွန်းးး လူကြီးသဘော"

ဈာန်ဦးထိုက်ဟာ ယောက်ျားပေါက်စ၏ ခန္ဓာကိုယ်လေးကို သူနှင့်မျက်နှာချင်းဆိုင်ပုံစံ ပွေ့ချီကာ...Club၏ ကောင်တာတွင်အခန်းသော့ယူလျှက် အခန်းထဲရောက်သောအခါ ကလေးငယ်ရဲ့ခန္ဓာကိုယ်လေးကို အိပ်ယာပေါ်အသာယာချပေးလေသည်... ။ထို့နောက် ပက်လက်အနေထားဖြစ်နေတဲ့ ယောက်ျားပေါက်စ၏ခန္ဓာကိုယ်ပေါ်သို့ သူ့ရဲ့ခန္ဓာကိုယ်အုပ်မိုးရင်း ယောက်ျားပေါက်စ၏ နုတ်ခမ်းဖူးလေးမှ အနမ်းချိုချိုကို သူ့နုတ်ခမ်းနှင့် စုပ်ယူသောက်သုံးလေသည်... ။

"ကိုယ် မီးကုန်ယမ်းကုန် ကြမ်းချင်တယ်ကွာ"

သူ၏မျက်နှာဘေးတွင် အိပ်ယာပေါ်သို့လက်နှစ်ဖက်ကိုထောက်ကာ အပေါ်စီးမှသူ့ရဲ့ မျက်နှာလေးကို ရီဝေဝေးစိုက်ကြည့်ရင်း​​ခွင့်တောင်းတဲ့လူကြီးကြောင့် ရှိုင်းမာန်ခလဲ ဈာန်ဦးထိုက်ရဲ့ လည်တိုင်ကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်ကာ သူ့မျက်နှာနှင့် ဈာန်ဦးထိုက်မျက်နှာကို ထိကပ်စေရင်း....ဈာန်ဦးထိုက်ရဲ့ နုတ်ခမ်းလေးကိုနမ်းလိုက်ပြီး...

"ကျွန်တော်က လူကြီးရဲ့အပိုင်ပါ "

ရပြီလေ..။ ဒီစကားတခွန်းနဲ့တင် ဈာန်ဦးထိုက်ရဲ့ဘဝဟာ အရာရာပြည့်စုံလေပြီ... ။အချစ်ဝဲဂယက်ထဲ လက်ပြစ်ကူးရင်း.... လူကြီး၏ ခေါ်ဆောင်ရာ အချစ်ကမ္ဘာဆီသို့ ရှိုင်းမာန်ခလိုက်ပါစီးမျောလိုက်ပါမိသည်.....။

Ep 9ဆက်ရန်...

ဒီficလေးကိုကြိုက်နှစ်ရင်ရဗျူးလေးတွေရေးပြီး တခြားဒါဒါတွေကိုလဲ ဆက်ဆင့်ကမ်းပေးပါနော်။ ဒါဒါလေးတွေနည်းနေလို့ပါ🤧 ဦးဈာန်နဲ့ပိစိတို့အတွဲလေးကိုချစ်ပေးကြပါ။Thank You For Reading. Please vote And Feedback.

         🌊Hlaing Kyoe Myinn🌊

💗💗💗💗💗💗💗💗💗💗💗💗

Zgi

💞ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း💞

Ep 8

ရွိုင္းမာန္ခတေယာက္ အဖ်ားရွိန္ျဖင့္အိပ္ေပ်ာ္ေနရာမွ နိုးလာခဲ့သည္... ။ခႏၶာကိုယ္လႈပ္မရျဖစ္ေနသည္မို႔ မ်က္ဝန္းေလးအသာဖြင့္ၾကည့္ေတာ့...  လူႀကီး၏တင္းၾကပ္စြာေပြ႕ဖက္ထားျခင္းခံရမွန္းသိလိုက္ရသည္....။ ရွိုင္းမာန္ခလဲနိုးေနသည္ကိုမထေသးပဲ အနီးကပ္ျမင္ရေသာ ခင္ပြန္းျဖစ္သူ၏ မ်က္ႏွာအစိတ္ပိုင္းတခုစီကို လက္ညိုးေလးျဖင့္ထိၾကည့္ေနမိသည္...။

" ေသခ်ာၾကည့္ေတာ့မွ ငါ့ေယာက္်ားက ေတာ္ေတာ္ေခ်ာတာပဲ"

ေယာက္်ားျဖစ္သူ၏မ်က္ႏွာကိုၾကည့္ကာ ခ်ီးမြမ္းခန္းဖြင့္ေနတဲ့ရွိုင္းမာန္ခဟာ....  ႐ုတ္တရက္  ဈာန္ဦးထိုက္၏ခႏၶာကိုယ္အနည္းငယ္လႈပ္လာသည္မို႔....  အျမန္ပင္အိပ္ခ်င္ေယာင္ေဆာင္လိုက္သတဲ့....။

"အိပ္ပုပ္ေလး ခုထိမနိုးေသးဘူးပဲ... မွန္းစမ္း! ကိုယ္ပူေတာ့က်သြားၿပီပဲ"

ဈာန္ဦးထိုက္တေယာက္ ေယာက္်ားေပါက္စ မနိုးေသးဘူးအထင္ႏွင့္ ကေလးငယ္၏ နဖူးေလးကို ကိုယ္ပူစမ္းလိုက္သည္... ။ကိုယ္ပူက်သြားသည္ဆိုေတာ့မွ ဈာန္ဦးထိုက္ စိတ္​ေအးရသည္...။

"အိပ္ေနတဲ့ပုံေလးက အသည္းယားဖို႔ေကာင္းလိုက္တာကြာ"

အိပ္ေနတဲ့ေယာက္်ားေပါက္စ၏ ႏုတ္ခမ္းေလးကိုအနမ္းေႁခြရန္... ကေလးငယ္ရဲ႕ မ်က္ႏွာအနားသို႔ သူ၏မ်က္ႏွာတိုးကပ္သြားေလသည္....။ နီးကပ္လာေသာေလေငြ႕ႏြေးႏြေးေၾကာင့္ ရွိုင္းမာန္ခ မ်က္လုံးေလးဖြင့္ၾကည့္လိုက္သည္...။

*ဘုန္းးး အ့"

ဈာန္ဦးထိုက္တေယာက္ ေယာက္်ားေပါက္စ၏ ႏုတ္ခမ္းကိုနမ္းရန္ျပင္လိုက္စဥ္...  ရွိုင္းမာန္ခကမ်က္လုံးဖြင့္လိုက္တာမို႔... လန့္သြားကာ ကုတင္ေပၚမွျပဳတ္က်သြားသည္....။

"ဟယ္ လူႀကီး! အဲ့ေအာက္မွာဘာဆင္းလုပ္ေနတာလဲ"

ရွိုင္းမာန္ခတေယာက္ ကုတင္ေပၚမွျပဳတ္က်သြားေသာေယာက္်ားျဖစ္သူကို... မ်က္လုံးအဝိုင္းသားေလးျဖင့္ အံ့ဩသလိုၾကည့္ရင္းေမးလိုက္သည္။

"ပ်င္းလို႔ ေအာက္ဆင္းၿပီးေဆာ့ေနတာေလ!"

"လူႀကီးကေတာ့႐ြဲ႕ေနျပန္ပါၿပီ ဟားဟားဟား"

မ်က္ႏွာႀကီးရႈံ႕မဲ့ကာမ႐ြဲ႕တိုက္၍ျပန္ေျဖေသာ  ဈာန္ဦးထိုက္ေၾကာင့္ ရွိုင္းမာန္ခလဲ သေဘာက်စြာ ဗိုက္ကေလးႏွိပ္လို႔ ဟားတိုက္ကာရယ္လိုက္သည္... ။ ဈာန္ဦးထိုက္လဲ ေယာက္်ားေပါက္စ ရယ္ေနတဲ့ပုံေလးေၾကာင့္ ျပန္လည္ၿပဳံးျပလိုက္သည္ ။ သူအျပစ္နဲ႕သူမို႔ နာက်င္သြားတဲ့တင္ပါးကို ဥေပကၡာျပဳလ်က္...။

ရွိုင္းမာန္ခ ေနျပန္ေကာင္းသြားတာမို႔ ေက်ာင္းျပန္တက္သည္... ။ ဈာန္ဦးထိုက္ကတာ့ေယာက္်ားေပါက္စကို အၿမဲအပို႔ႀကိဳလုပ္ေပးသည္...။

"ကားကိုဂ႐ုစိုက္ေမာင္းေနာ္ လူႀကီး"

ကားေပၚကဆင္းရန္ျပင္ေနေသာ ေယာက္်ားေပါက္စ၏ လက္ေလးတဖက္ကို ဈာန္ဦးထိုက္လဲ သူ႕ရဲ႕လက္တဖက္ျဖင့္ အျမန္လွမ္းဆြဲလိုက္သည္....။

"ေနပါဦး ပိစိရယ္... တေန႕တာလုံးအားအင္ျဖစ္ေစဖို႔ အားေဆးေလးေပးပါဦးကြာ"

"လူႀကီး.. အြန့္ "

ရွိုင္းမာန္ခ ျငင္းရန္ျပင္လိုက္စဥ္မွာပဲ ဈာန္ဦးထိုက္ရဲ႕ သန္မာေသာလက္မ်ား၏ ဆြဲေခၚမႈေၾကာင့္.... ရွိုင္းမာန္ခ၏ ခႏၶာကိုယ္ေလးဟာ လူႀကီး၏ ေပါင္ေပၚသို႔ေရာက္သြားသည္... ။ ထို႔ေနာက္မွာေတာ့ ရွိုင္းမာန္ခ၏ ခါးသြယ္သြယ္ထက္ ဈာန္ဦးထိုက္ရဲ႕ လက္ေတြရစ္သိုင္းလို႔.. ႏုတ္ခမ္းေလးကို အနမ္းဓားျပတိုက္ျခင္းခံလိုက္ရသည္...။

"အြန္းးး ဟင့္"

အတင္းၾကပ္နမ္းရွိုက္မႈ႕ေၾကာင့္ ရွိုင္းမာန္ခ အသက္ရႉေတြၾကပ္လာသည္.... ။ ဈာန္ဦးထိုက္လဲ သူစိတ္ေက်နပ္သည္အထိ ေယာက္်ားေပါက္စ၏ႏုတ္ခမ္းေလးကို နမ္းၿပီးမွလႊတ္ေပးသည္....။

"ေတာ္ေတာ္ႏွာဗူးက်တဲ့လူႀကီး ကဲဟာ"

*အားးး!!! ပိစိ... နာတယ္ လႊတ္ေပးဗ်"

အနမ္းဓားျပတိုက္ျခင္း၏အက်ိဳးဆက္အေနျဖင့္.... ထည္ဝါလုပ္ငန္းစုရဲ႕သူေဌးျဖစ္သူဈာန္ဦးထိုက္ဟာ သူ႕ရဲ႕ ေယာက္်ားျဖစ္သူ၏ ဗိုက္ေခါက္လိမ္ဆြဲျခင္းခံရသျဖင့္... နာက်င္သြားစြာ ေအာ္မိသည္...။

"မွတ္ထား ေနာက္ကိုအတင္းၾကပ္လုပ္ခ်င္ဦး... ဟြန့္... ဖယ္ေတာ့ အတန္းသြားတက္ေတာ့မယ္"

ဈာန္ဦးထိုက္၏ဗိုက္ေခါက္ကို အားရေအာင္လိမ္ဆြဲလိုက္ရသျဖင့္... ရွိုင္းမာန္ခတေယာက္ ေအာင္နိုင္သူလိုအၿပဳံးမ်ိဳး ႏုတ္ခမ္းတြင္ခ်ိတ္ဆြဲလွ်က္ ကားေပၚကဆင္းေျပးသြားသည္.... ။ဈာန္ဦးထိုက္မွာေတာ့ နာက်င္သြားတဲ့ဗိုက္ကိုပြတ္ရင္း ထြက္ေျပးသြားသည့္ ေက်ာျပင္ေလးကိုၾကည့္ကာ ေခါင္းသာခါရမ္းမိေလသည္...။

"ေတာ္ေတာ္လက္သံေျပာင္တဲ့ အေကာင္ေပါက္ပဲ"

သူ႕ေယာက္်ား၏လက္ဆလက္နကို ဈာန္ဦးထိုက္ အမွန္ပင္ အီစလန္ေဝသြားသည္... ။ထို႔ေနာက္ ကားေလးေမာင္းကာ ကုမၸဏီသို႔ထြက္လာခဲ့သည္....။ ကုမၸဏီထဲသို႔ေရာက္သည္ႏွင့္ ကုမၸဏီ၏ဥကၠဌျဖစ္သူ သူ႕ရဲ႕ဖခင္ဦးဈာန္သစ္က ေခၚသည္ဟုဆိုေသာေၾကာင့္ ဦးဈာန္သစ္၏႐ုံးခန္းသို႔ ဈာန္ဦးထိုက္ထြက္လာခဲ့သည္။ ႐ုံးခန္းထဲေရာက္ေတာ့ ဖခင္ႏွင့္အတူရဲအရာရွိတေယာက္ပါရွိေန၏။

"ဒယ္ဒီ ကြၽန္ေတာ့္ကိုေခၚတယ္ဆိုလို႔"

"ထိုင္ပါဦး သား"

ဈာန္ဦးထိုက္လဲ ဖခင္ျဖစ္သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္သည္...။

"သား ႏွစ္နဲ႕ခ်ီၿပီးစုံစမ္းေနတဲ့ သားတို႔ကိုလုပ္ႀကံၿပီး ၾကည္ျပာေသဆုံးခဲ့ရတဲ့ တရားခံကို အရာရွိက စုံစမ္းလို႔ရၿပီေျပာတယ္"

ဖခင္ျဖစ္သူ၏ စကားေၾကာင္​့ ဈာန္ဦးထိုက္အံ့ဩသြားရသည္... ။ တရားခံကအလြန္ပင္အပုန္းေကာင္းလြန္းခဲ့သည္မဟုတ္လား။

"ဘယ္သူလဲ အရာရွိ!"

ဈာန္ဦးထိုက္လဲ ရဲအရာရွိကို ေမးရင္းျဖင့္ ေဒါသအရွိန္ေၾကာင့္ လက္သီးက်စ္က်စ္ဆုပ္ကာ ေမးေၾကာမ်ားေထာင္လာသည္... ။ၾကည္ျပာ့အတြက္ သူလက္စားျပန္ေခ်ရမည္။

"က်ဳပ္စုံစမ္းရသေလာက္ေတာ့ အဓိကအခ်က္အျခာကေတာ့ လိပ္ျပာနက္ကုမၸဏီကပဲ ကိုဈာန္ဦးထိုက္.. အဲ့ကုမၸဏီက အရမ္းလ်င္ျမန္ၿပီး လွ်ို႔ဝွက္သိုသိပ္လြန္းတယ္ ဒါ့ေၾကာင့္တရားခံကိုစုံစမ္းဖို႔ ခက္ေနခဲ့တာေပါ့""

"ဘယ္လိုပဲျဖစ္ေနပါေစ  ကြၽန္ေတာ္ အဲ့တရားခံကို ရေအာင္ဖမ္းၿပီး ၾကည္ျပာအတြက္ထိုက္တန္တဲ့လက္တုန့္ျပန္မႈေတာ့ ေပးဆပ္ခိုင္းရမွာပဲ "

ဈာန္ဦးထိုက္ႏွင့္ရဲအရာရွိ အျပန္အလွန္စကားေျပာေနစဥ္ ဦးဈာန္သစ္ကပါ ၾကားျဖတ္ဝင္ေျပာ၏။

"ထင္သေလာက္မလြယ္ဘူး သား... တခုေတာ့ရွိတယ္ သားတို႔ကိုလုပ္ႀကံတာက အဲ့ကုမၸဏီကCEOကိုယ္တိုင္ပဲ..ၿပီးေတာ့ သူက Gayတေယာက္ျဖစ္တယ္လို႔လဲ သတင္းရထားတယ္... ဒါ့ေၾကာင့္ သားကိုဒီကရဲအရာရွိက အကူညီတခုေတာင္းခ်င္​ေနတယ္"

"ၾကည္ျပာ အတြက္ဆို ကြၽန္ေတာ္ဘာမဆိုလုပ္ေပးပါ့မယ္ ဒယ္ဒီ"

ဈာန္ဦးထိုက္၏စကားေၾကာင့္ ဦးဈာန္သစ္ေရာ ရဲအရာရွိပါေခါင္းတဆတ္ဆတ္ၿငိမ့္ၾကသည္။

"တရားခံက The Moon gay barမွာ ညတိုင္းရွိတယ္... ငါးကိုလိုခ်င္ရင္ ငါးစာအရင္ခ်ရတယ္ဆိုတဲ့စကားလဲရွိတယ္မဟုတ္လား.. ဒီကိစၥက ကိုဈာန္ဦးထိုက္ရဲ႕ ခင္ပြန္းျဖစ္သူနဲ႕ မသက္ဆိုင္ေပမယ့္ က်ဳပ္ေတာင္းဆိုခ်င္တာက ကိုဈာန္ဦးထိုက္ရဲ႕ခင္ပြန္းျဖစ္သူ ရွိုင္းမာန္ခက ပုရိသေတာ္ေတာ္မ်ားမ်ားကို ဆြဲေဆာင္နိုင္တဲ့႐ုပ္ရည္ကိုပိုင္ဆိုင္ထားတာမို႔... တရားခံကိုဖမ္းဖို႔အတြက္ ရွိုင္းမာန္ခနဲ႕ မွ်ားေခၚခ်င္တာပါ"

ရဲအရာရွိ၏ စကားထဲတြင္ ရွိုင္းမာန္ခ၏ နာမည္ပါလာတာမို႔ ဈာန္ဦးထိုက္ ဘာဆက္လုပ္ရမည္မသိ စဥ္းစားရခက္ေနသည္....။

"ဒါေတာ့ျငင္းပါရေစ အရာရွိ... ကြၽန္ေတာ္ေယာက္်ားကို အႏၱရာယ္တြင္းထဲမပို႔ခ်င္ဘူး"

"ကိုဈာန္ဦးထိုက္ရဲ႕ေယာက္်ားကို မွဲ႕တေပါက္မစြန္းေစရဘူးလို႔ က်ဳပ္ကတိေပးပါတယ္... ၿပီးေတာ့ တရားခံကို က်ဳပ္ရယ္ ခင္ဗ်ားရယ္အတူေစာင့္ၿပီး ဖမ္းရမွာမို႔လို႔ ခုလိုအကူညီေတာင္းရတာပါ"

ရဲအရာရွိကိုလဲ သူ အားနာမိသလို... ရည္းစားေဟာင္းအတြက္လက္စားေခ်ခ်င္တာနဲ႕.... သူ႕ရဲ႕ ေယာက္်ားျဖစ္သူကိုလဲ အစားထိုးၿပီးက်ားလက္ထဲထည့္သလိုျဖစ္ေနမွာလဲစိတ္ပူတယ္...။

"ဒယ္ဒီကေတာ့ သားဆႏၵအတိုင္းပဲလက္ခံမွာပါ သားဆုံးျဖတ္ပါ"

ဖခင္ျဖစ္သူကပါ ေျပာေနတာမို႔ ဈာန္ဦးထိုက္အလြန္ပင္စဥ္းစားရၾကပ္ေနသည္။

"ကြၽန္ေတာ္ ပိစိနဲ႕ျပန္တိုင္ပင္ၾကည့္ပါဦးမယ္ အရာရွိ"

"ေကာင္းပါၿပီ ကိုဈာန္ဦးထိုက္"

"ဒါဆို ကြၽန္ေတာ္ကိုသြားခြင့္ျပဳပါဦး ဒယ္ဒီနဲ႕အရာရွိ"

ဈာန္ဦးထိုက္လဲ ဖခင္ျဖစ္သူႏွင့္အရာရွိကို ႏုတ္ဆက္ကာ ကုမၸဏီမွာဆက္မေနခ်င္ေတာ့တာမို႔ ... ရွိုင္းမာန္ခ၏ ေက်ာင္းသို႔သြားကာ ေက်ာင္းေရွ႕တြင္ကားရပ္လိုက္ၿပီး ေယာက္်ားေပါက္စ ေက်ာင္းလႊတ္မယ့္အခ်ိန္ထိေစာင့္ေနလိုက္သည္....။

"အိုမို... လူႀကီး ဘယ္ခ်ိန္ထဲကေရာက္ေနတာလဲ"

ေန႕တဝက္က်ိဳးလို႔ေက်ာင္းဆင္းခ်ိန္ေရာက္သည္အထိ ဈာန္ဦးထိုက္လဲ ကားေပၚမွာအိပ္ကာေစာင့္ေနသည္....ယ ေက်ာင္းဆင္းေတာ့ ရွိုင္းမာန္ခက ကားေပၚတက္လာကာ ဈာန္ဦးထိုက္အား အံ့ဩေနသလိုေလးေမးသည္.....။

"ကိုယ္ ပိစိနဲ႕တိုင္ပင္စရာရွိလို႔ ႀကိဳေစာင့္ေနတာ... တခုခုစားရင္းေျပာၾကတာေပါ့ကြာ ေနာ္"

"လူႀကီးရဲ႕သေဘာပါဗ်"

ဒီလိုနဲ႕ ဈာန္ဦးထိုက္ရဲ႕ကားေလးလည္း... ေက်ာင္းမွထြက္ခြာလာကာ ဆိုင္ေလးတဆိုင္ေရွ႕တြင္ ရပ္လိုက္ၿပီး ... ေယာက္်ားေပါက္စ၏ လက္ေလးဆြဲကာ ေက်ာပိုးအိတ္ေလးကို ကူသယ္ေပးရင္းဆိုင္ထဲဝင္ခဲ့သည္....။

"ပိစိ ဘာစားခ်င္လဲ"

"ဗိုက္သိပ္မဆာဘူး... ေတာ့ပိုကီပဲမွာေပးပါေနာ္"

"Okဗ်ာ"

ဈာန္ဦးထိုက္လဲ စားစရာေတြမွာလိုက္သည္...။ ထို႔ေနာက္ စားပြဲထိုးေကာင္ေလးက စားစရာေတြလာခ်​ေပးတာမို႔ ... ေယာက္်ားေပါက္စကို တယုတယ ခြံေကြၽးရင္း သူပါစားေလသည္...။

"လူႀကီး ကြၽန္ေတာ့္ကို တိုင္ပင္စရာရွိလို႔ဆို"

ရွိုင္းမာန္ခကေမးေတာ့ ဈာန္ဦးထိုက္လဲ သက္ျပင္းဖြဖြခ်ရင္း....

"ဟူးး... ကိုယ္တို႔ရဲ႕ ကုမၸဏီကိုၿပိဳင္ဘက္ကုမၸဏီကမေကာင္းႀကံတဲ့အတြက္ အဲ့တရားခံကို ရဲအရာရွိတေယာက္နဲ႕ပူးေပါင္းၿပီးဖမ္းေပးဖို႔အေၾကာင္းရွိလာတယ္.. တရားခံကလည္း အဲ့ကုမၸဏီရဲ႕CEOကိုယ္တိုင္ျဖစ္ေနလို႔ ဖမ္းဖို႔ခက္ခဲ​ေနတယ္... ၿပီးေတာ့ အဲ့CEOက Gayတေယာက္တဲ့.. အဲ့တာ ရဲအရာရွိက ပိစိကိုပါ လက္တြဲကူညီေစခ်င္တယ္.... ဒီတခါေလးပဲ ကိုယ့္ကိုကူညီေပးနိုင္မလားဟင္"

ဈာန္ဦးထိုက္၏စကားကို ရွိုင္းမာန္ခ ေသခ်ာအာ႐ုံစူးစိုက္နားေထာင္ပါသည္... ။မ်က္ႏွာမေကာင္းတဲ့ေယာက္်ားျဖစ္သူေၾကာင့္ ရွိုင္းမာန္ခလဲ စိတ္မခ်မ္းသာေပ.... ။လူႀကီး၏ ပုံစံကိုၾကည့္ရတာလဲ သူ႕ကို အားနာေနသလိုပင္... ။အိမ္ေထာင္တခုမွာ ဘာအခက္ခဲပဲရွိေနပါေစ ေအးအတူပူအမွ် ခံစားေပးရမွာပဲ..။ ပါရမီျဖည့္ေပးရမွာပဲမဟုတ္လား။ ထို႔ေနာက္ ရွိုင္းမာန္ခလဲ လွပစြာၿပဳံးရင္း...

"ဘာမ်ားလဲလို႔ လူႀကီးရယ္... ကြၽန္ေတာ္ကူညီပါ့မယ္ဗ်"

ေယာက္်ားေပါက္စ၏ အေျဖေၾကာင့္ ဈာန္ဦးထိုက္ အံ့ဩမိသည္...။ ကေလးငယ္ ျငင္းလိမ့္မည္ဟုထင္ထားေသာ္လည္း ကေလးငယ္က သေဘာထားျပည့္ဝစြာလက္ခံပါသည္...။ အင္း.. ၾကည္ျပာ အတြက္လက္စားေခ်ခ်င္လို႔ အသုံးခ်သည္ဆိုတာကိုေတာ့ သူထုတ္မေျပာမိေပ....။ ဈာန္ဦးထိုက္၏ စိတ္ထဲတြင္ ကေလးငယ္၏ အေပၚ မတရားသလိုျဖစ္ေနတာမို႔ သူစိတ္မလုံျဖစ္ေနေလသည္....။

"ပိစိ ျငင္းခ်င္ျငင္းလို႔ရတယ္ေနာ္...အဲ့တာက အႏၱရာယ္မ်ားတယ္"

"ကြၽန္ေတာ္မေၾကာက္ပါဘူး... လူႀကီးရွိေနတာပဲေလ"

သြားတန္းျဖဴေလးေတြေပၚသည္အထိရယ္ျပေနေသာ ေယာက္်ားေပါက္စ၏ ပုံစံေလးဟာ...အလြန္ပင္အျပစ္ကင္းစင္လွသည္....။ ဈာန္ဦးထိုက္တေယာက္ ကေလးငယ္ရဲ႕လက္ဖဝါးႏုႏုကိုဆုပ္ကိုင္ၿပီး ၾကည္လင္ရွင္းသန့္ေသာေယာက္်ားေပါက္စ၏ မ်က္ႏွာေလးကိုေငးၾကည္​့ေနမိသည္...။

{ကေလးရယ္ မင္းအေပၚ ကိုယ္မတရားသလိုျဖစ္ေနၿပီကြယ္}

ဈာန္ဦးထိုက္လဲ ရွိုင္းမာန္ခမသိေအာင္သက္ျပင္းေလးရွိုက္မိပါသည္....။

ေရာင္စုံမီးေရာင္ေတြေအာက္... လူေပါင္းမ်ားစြာ Djသံႏွင့္ စီးေမ်ာ၍ကခုန္ေနၾကသည္...။ ရဲအရာရွိနဲ႕ဈာန္ဦးထိုက္ကေတာ့ Bar၏တေနရာတြင္ထိုင္ေနကာ အေျခေနကိုေစာင့္ၾကည့္ေနသည္...။

"ကိုဈာန္ဦးထိုက္... သားေကာင္ေတာ့ေရာက္​ေနၿပီ ခင္ဗ်ားရဲ႕ေယာက္်ားကမလာေသးဘူးလား"

"မေလာပါနဲ႕အရာရွိရယ္... ပိစိက လာမယ္လို႔ေသခ်ာေျပာထားတယ္"

ရဲအရာရွိနဲ႕ဈာန္ဦးထိုက္တို႔ႏွစ္ေယာက္သား တီးတိုးစကားေျပာေနတုန္း... Barထဲဝင္လာသည့္ ရွိုင္းမာန္ခေၾကာင့္... ကေနတဲ့လူေတြအကုန္လုံး၏ အာ႐ုံသည္ ရွိုင္းမာန္ခ ဆီသို႔ေရာက္ကုန္သည္...။ ရွိုင္းမာန္ခကေတာ့ ဘာမွဂ႐ုမစိုက္သလို လိပ္ျပာနက္ကုမၸဏီ၏CEOထိုင္ေနေသာ.... အရက္barအနားသို႔ ခပ္တည္တည္ေလွ်ာက္သြားလိုက္သည္.... ။

စြပ္က်ယ္အကၤ်ီအမဲေလးကို အတြင္းထဲကခံဝတ္ကာ... အေပၚထပ္အကၤ်ီလက္ရွည္အနီေရာင္ေလးကို တမင္ပုခုံးေပၚေအာင္ ေဖာ္ကာဝတ္ထားၿပီး...ဂ်င္းျပာဒူးၿပဲေဘာင္းဘီေလးကို စမတ္က်စြာဝတ္ဆင္ရင္း.. ဦးထုတ္အမဲေလးကို ေနာက္ျပန္ေစာင္းထားေသာ ရွိုင္းမာန္ခ၏ရဲ႕ပုံစံဟာ... ပုရိသေတြအတြက္ ဆြဲေဆာင္မႈရွိလွသည္...။ ထို႔အတူ မ်က္ဝန္းနက္နက္တြင္လဲ အိုင္းလိုင္နာခပ္ေရးေရးေလးဆြဲထားၿပီး ႏုတ္ခမ္းနီအနီေရာင္ေလးကို မသိမသာစိုးထားတာေၾကာင့္ မိုးေပၚကနတ္သက္ေႂကြက်သည္ဟုပင္ အထင္မွားေစမည္။

"ဝါးးး ကိုဈာန္ဦးထိုက္ရဲ႕... ေယာက္်ားက အရမ္းလွတာပဲဗ်ာ"

ရဲအရာရွိက​ေျပာေတာ့ ဈာန္ဦးထိုက္လဲမ်က္ေမွာင္ၾကဳတ္ကာ.... ေယာက္်ားေပါက္စကို လွမ္းၾကည့္​ေနမိသည္...။

"Hey baby ဒီညအတြက္ ကိုယ့္ရဲ႕ပါတနာျဖစ္​ေပးနိုင္မလား"

လက္ေခ်ာင္းသြယ္သြယ္ေတြျဖင့္ ဝိုင္ခြက္ကို စမတ္က်စြာကိုင္ရင္း Sexyက်စြာေမာ့ေသာက္ေနေသာ ရွိုင္းမာန္ခကို လိပ္ျပာနက္ကုမၸဏီ၏ CEOဟာ မ်က္စိက်သြားသည္ထင္၏။ သူ႕ရဲ႕ပါတနာျဖစ္ေပးရန္ကမ္းလွမ္းေလသည္။

"အိုးး အဆင္ေျပတာေပါ့"

လိပ္ျပာနက္ကုမၸဏီ၏ CEOဟာ ရွိုင္းမာန္ခ၏ ေက်ာ့ကြင္းထဲ မိသြားတဲ့ ယုန္သူငယ္တေကာင္လိုပင္... ။ ရွိုင္းမာန္ခလဲ ထိုလူ၏ အလိုဆႏၵအတိုင္း တြဲကေလသည္... ။

"Baby မင္းက သိပ္လွတယ္"

ထိုလူက ရွိုင္းမာန္ခ၏ခါးကိုဖက္ကာ Djသံစဥ္ႏွင့္အညီ ခႏၶာကိုယ္လႈပ္ယမ္းကေနသည့္ၾကားမွ...  ရွိုင္းမာန္ခကို ရီေဝစြာစိုက္ၾကည့္ရင္းေျပာေလသည္။

"အဟက္! ခ်ီးက်ဴးမႈ႕အတြက္ ဒီကလူႀကီးမင္းကိုေက်းဇူးတင္ပါတယ္"

ရွိုင္းမာန္ခက သူ၏လက္ႏွစ္ဖက္ကို ထိုလူ၏လည္တိုင္တြင္ခ်ိတ္တြယ္ရင္း ခပ္ၫုၫုေလးျပန္ေျပာေတာ့ ထိုလူက သေဘာက်စြာၿပဳံးေလသည္။ အေျခေနအားလုံးကို ေစာင့္ၾကည့္ေနေသာ ဈာန္ဦးထိုက္ကေတာ့ ေမးေၾကာမ်ားေထာင္ကာ အံတင္းတင္းႀကိတ္ေနမိသည္...။

{ေတာက္!!! ဒင္းကမ်ား ရာရာစစ ငါ့ေယာက္်ားကိုထိရဲေသးတယ္}

တာဝန္အရမို႔သည္းခံေနရေသာ္လည္း မ်က္စိေရွ႕က​ျမင္ကြင္းဟာ...ဈာန္ဦးထိုက္ကိုေဒါသျဖစ္ေစသည္....။

"စိတ္ေလ်ာ့ထားကိုဈာန္ဦးထိုက္... က်ဳပ္တို႔ရဲ႕အစီစဥ္ပ်က္လို႔မျဖစ္ဘူး"

ပုံစံပ်က္ေနတဲ့ ဈာန္ဦးထိုက္ကိုၾကည့္ကာ ရဲအရာရွိကတားလိုက္သည္။ ကေနရင္း လိပ္ျပာနက္ကုမၸဏီ၏CEOက ရွိုင္းမာန္ခ၏ လည္တိုင္တြင္ Markingရာေတြေပးေနတာမို႔... ဈာန္ဦးထိုက္လဲ ထိုအနားသို႔ထသြားရန္ ျပင္လိုက္ေတာ့ အရာရွိဆိုသူက အျမန္တားလိုက္ရသည္....။

ထို႔ေနာက္ ရဲအရာရွိက ရွိုင္းမာန္ခတို႔ကေနသည့္ အနားသို႔ မသိမသာသြားလိုက္ၿပီး... လိပ္ျပာနက္ကုမၸဏီ၏ CEOျဖစ္သူရဲ႕ ဂုတ္ပိုးသို႔... လွ်င္ျမန္စြာပင္ ေမ့ေဆးအပ္စိုက္လိုက္သည္... ။လိပ္ျပာနက္ကုမၸဏီရဲ႕CEOလဲ ရွိုင္းမာန္ခ၏ မာယာပိုက္ကြန္ထဲမိေနတာမို႔ ထိုကဲ့သို႔ ဖမ္းရလြယ္ကူသြားသည္....။

"ဟိုမွာခင္ဗ်ားရဲ႕ေယာက္်ားေစာင့္ေနတယ္ သြားလိုက္ေနာ္... က်ဳပ္ကိုကူညီေပးလို႔ေက်းဇူးပါ ညီေလး"

"ဟုတ္ကဲ့ ရပါတယ္ဗ်... ဒါဆို သြားခြင့္ျပဳပါဦး"

ရွိုင္းမာန္ခလဲ ရဲအရာရွိကိုႏုတ္ဆက္ကာ သူ၏ခင္ပြန္းျဖစ္သူ ဈာန္ဦးထိုက္ ထံသို႔ သြားလိုက္သည္...။ ရဲအရာရွိကေတာ့ သတိေမ့ေနတဲ့ လိပ္ျပာနက္ကုမၸဏီ၏CEOကို လက္ထိပ္ခတ္ကာ ပုခုံးေပၚထမ္းေခၚသြားေလသည္...။ barထဲတြင္ ကေနသူေတြကေတာ့ ဘာေတြျဖစ္သြားဆိုတာေတာင္မသိလိုက္ပါ....။

"လူႀကီး...အင့္"

ရွိုင္းမာန္ခတေယာက္ ဈာန္ဦးထိုက္ဆီသို႔ေရာက္သည္ႏွင့္ သန္မာေသာလက္မ်ားျဖင့္ ေပြ႕ဖက္ျခင္းခံလိုက္ရၿပီး... သူ႕ရဲ႕ အေပၚအကၤ်ီကို ဆြဲခြၽတ္ခံလိုက္ရသည္... ။ထို႔ေနာက္ လိပ္ျပာနက္ကုမၸဏီ၏CEOဆိုသူကိုက္ခဲ့ေသာ သူ၏ လည္တိုင္တြင္ထင္က်န္ခဲ့သည့္ Markingရာေတြေပၚသို႔ ေသြးထြက္သည္အထိဖိကိုက္ျခင္းခံရ​ျပန္သည္။

"ဟိုအေကာင္လုပ္ခဲ့တဲ့ဟာေတြကို ဖ်က္ရမယ္!"

"အ့... လူႀကီး ေျဖးေျဖး ဟင့္"

ရွိုင္းမာန္ခတေယာက္ ဈာန္ဦးထိုက္ရဲ႕ ေခါင္းမွဆံပင္ေတြကို လက္ေခ်ာင္းသြယ္သြယ္ေလးေတြျဖင့္...ခပ္ဖြဖြဆုပ္ကိုင္ရင္း.. ေခါင္းေလးေမာ့ကာ ဈာန္ဦးထိုက္ ျပဳလုပ္သမွ်ကို ၿငိမ္ခံေနရွာသည္...။

ဈာန္ဦးထိုက္၏ ယခုစိတ္အေျခေနဟာ ရွိုင္းမာန္ခကို သဝန္တိုေနျခင္းျဖစ္သည္... ။ အရင္ကမသိခဲ့ေပမယ့္ ထိုကေလးကို တျခားတေယာက္ႏွင့္တြဲျမင္လိုက္ခ်ိန္မွာေတာ့... သူ႕ရင္ထဲတြင္ နာက်င္ရသည္...။

"ကိုယ္တို႔ ဒီည အိမ္မျပန္ပဲ ေဟာ္တယ္မွာပဲ အိပ္ၾကရေအာင္ ပိစိ"

"အြန္းးး လူႀကီးသေဘာ"

ဈာန္ဦးထိုက္ဟာ ေယာက္်ားေပါက္စ၏ ခႏၶာကိုယ္ေလးကို သူႏွင့္မ်က္ႏွာခ်င္းဆိုင္ပုံစံ ေပြ႕ခ်ီကာ...Club၏ ေကာင္တာတြင္အခန္းေသာ့ယူလွ်က္ အခန္းထဲေရာက္ေသာအခါ ကေလးငယ္ရဲ႕ခႏၶာကိုယ္ေလးကို အိပ္ယာေပၚအသာယာခ်ေပးေလသည္... ။ထို႔ေနာက္ ပက္လက္အေနထားျဖစ္ေနတဲ့ ေယာက္်ားေပါက္စ၏ခႏၶာကိုယ္ေပၚသို႔ သူ႕ရဲ႕ခႏၶာကိုယ္အုပ္မိုးရင္း ေယာက္်ားေပါက္စ၏ ႏုတ္ခမ္းဖူးေလးမွ အနမ္းခ်ိဳခ်ိဳကို သူ႕ႏုတ္ခမ္းႏွင့္ စုပ္ယူေသာက္သုံးေလသည္... ။

"ကိုယ္ မီးကုန္ယမ္းကုန္ ၾကမ္းခ်င္တယ္ကြာ"

သူ၏မ်က္ႏွာေဘးတြင္ အိပ္ယာေပၚသို႔လက္ႏွစ္ဖက္ကိုေထာက္ကာ အေပၚစီးမွသူ႕ရဲ႕ မ်က္ႏွာေလးကို ရီေဝေဝးစိုက္ၾကည့္ရင္း​​ခြင့္ေတာင္းတဲ့လူႀကီးေၾကာင့္ ရွိုင္းမာန္ခလဲ ဈာန္ဦးထိုက္ရဲ႕ လည္တိုင္ကို လက္ႏွစ္ဖက္ျဖင့္သိုင္းဖက္ကာ သူ႕မ်က္ႏွာႏွင့္ ဈာန္ဦးထိုက္မ်က္ႏွာကို ထိကပ္ေစရင္း....ဈာန္ဦးထိုက္ရဲ႕ ႏုတ္ခမ္းေလးကိုနမ္းလိုက္ၿပီး...

"ကြၽန္ေတာ္က လူႀကီးရဲ႕အပိုင္ပါ "

ရၿပီေလ..။ ဒီစကားတခြန္းနဲ႕တင္ ဈာန္ဦးထိုက္ရဲ႕ဘဝဟာ အရာရာျပည့္စုံေလၿပီ... ။အခ်စ္ဝဲဂယက္ထဲ လက္ျပစ္ကူးရင္း.... လူႀကီး၏ ေခၚေဆာင္ရာ အခ်စ္ကမၻာဆီသို႔ ရွိုင္းမာန္ခလိုက္ပါစီးေမ်ာလိုက္ပါမိသည္.....။

Ep 9ဆက္ရန္...

ဒီficေလးကိုႀကိဳက္ႏွစ္ရင္ရဗ်ဴးေလးေတြေရးၿပီး တျခားဒါဒါေတြကိုလဲ ဆက္ဆင့္ကမ္းေပးပါေနာ္။ ဒါဒါေလးေတြနည္းေနလို႔ပါ🤧 ဦးဈာန္နဲ႕ပိစိတို႔အတြဲေလးကိုခ်စ္ေပးၾကပါ။Thank You For Reading. Please vote And Feedback.

         🌊Hlaing Kyoe Myinn🌊

Continue Reading

You'll Also Like

1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd