Unicode
စုန့်ရီခန္တာကိုယ်ကတောင့်တင်းသွားပီး အနောက်ကိုတစ်လက်မလောက်ယို့ပီး နှစ်ယောက်ကြားကအကွာအဝေးကိုအနည်းငယ်ခြားလိုက်တယ် "ဒါကအရမ်းမြန်လွန်းတယ်"
လက်ထပ်ဖို့ရည်ရွယ်မှုမရှိတဲ့ချစ်ခြင်းတရားဟာတေလေဂျပိုးဆန်တဲ့ဆိုပီး ရှေးလူကြီးတစ်ဦးကပြောဖူးပေမဲ့ တလေဂျပိုးဖြစ်တာကလဲကောင်းပါတယ်လို့စုန့်ရီယုံကြည့်တယ်။
သူကကုရှင်ချွမ်းနဲ့အရမ်းသဘောထားကွဲလွဲတယ်လို့စုန့်ရီခံစားရတယ်။ တစ်ဖက်မှာလဲ ကုရှင်ချွမ်းနဲ့အတူရှိနေရတဲ့ သစ်လွင်လန်းဆန်းမှုကိုသူသဘောကျတယ်။ နောက်တစ်ဖက်မှာလဲ သူတို့ရဲ့ဆက်ဆံရေးတဖြည်းဖြည်းတိုးတက်လာမှာကို မသိစိတ်တစ်ပိုင်းတစ်စကခုခံချင်နေတယ်။
"မြန်တာ?" ကုရှင်ချွမ်းကမျက်တောင်လေးခတ်ပီး သူ့ခါးကအသားအိအိလေးကိုဖျစ်လိုက်တယ် "မင်းကိုအိမ်ကိုခေါ်သွားတာကမိဘတွေနဲ့တွေ့ပေးမလို့လေ လက်ထပ်ဖို့ငါ့ဘက်ကမင်းကိုတွန်းအားမပေးချင်ဘူး"
စုန့်ရီသူ့ရဲ့အသက်ရှူနှုန်းတွေကိုထိန်းညှိလိုက်တယ်။ ရေချိုခန်းထဲကလေထုကပူလောင်ပြင်းပြနေပီး ကုရှင်ချွမ်းကနောက်တစ်ခါသူ့နားထပ်ကပ်လာပြန်တယ်။ သူနှာဝမှာ ကုရှင်ချွမ်းရဲ့အနည်းငန်ငံမြမြရှိတဲ့ချွေးနံ့နဲ့ပြည့်နေတယ်။ အနည်းငယ်လှုပ်ခါနေတဲ့လိုအင်ဆန္ဒတွေ မျှော်လင့်မှုတွေက သူ့ကိုအရမ်းမသက်မသာဖြစ်စေတယ်။ သူ့မျက်လုံးထဲကအလင်းရောင်ကမှေးမှိန်သွားပီး ညင်ညင်သာသာပြောလိုက်တယ် "ငါတို့ရဲ့ဒီအခြေအနေကသိပ်မသင့်တော်ဘူးလို့ငါထင်တယ် တကယ်လို့ငါတို့ကတစ်လအတွင်းမှာပြတ်သွားခဲ့ရင် မင်းမိဘတွေကိုဘယ်လိုရှင်းပြပါ့မလဲ?"
ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး မပျော်မရွှင်မေးလိုက်တယ် "မင်းကငါနဲ့ပြတ်ဖို့စောင့်နေတာလား?"
"မဟုတ်ပါဘူး ငါတို့ရဲ့အခုအခြေအနေကသိပ်ပီးမတည်ငြိမ်သေးလို့ အာ့ကြောင့်မို့...."
စုန့်ရီတစ်ဝက်တစ်ပြက်ပဲပြောရသေးတယ်။ ကုရှင်ချွမ်းကစုန့်ရီကိုလက်တစ်ဖက်နဲ့တွန်းထားပီး နောက်လက်တစ်ဖက်နဲ့သူ့အဝတ်အစားတွေကိုကြမ်းကြမ်းတမ်းတမ်းဆွဲနေတယ်။ သူကအံကြိတ်ပီးပြောလိုက်တယ် "မပြောနဲ့တော့ ငါ့ဘက်ကသတ်မှတ်ချက်နံပါတ်သုံးအရ မင်းအရမ်းအတွေးမလွန်ရဘူး"
စုန့်ရီအဝတ်ပြဲသွားသံကိုဝေဝေဝါးဝါးကြားလိုက်ရသလိုပဲ။ စက္ကန့်အနည်းငယ်အတွင်းမှာ ကြယ်သီးတွေအားလုံးကပွင့်ထွက်သွားပီး အပေါ်ပိုင်းခန္တာကိုယ်ကအေးခနဲဖြစ်သွားတယ်။ သူကမှိုင်တွေနေတုန်းပဲ "မင်းဘာတွေလုပ်နေတာလဲ?"
ကုရှင်ချွမ်းသူ့ကိုစိုက်ကြည့်ပီး အရှေ့ကိုကိုင်းကျလာပီး နားရွက်ဖြူဖြူလေးကိုလက်နဲ့ကိုင်ပီး ပြင်းပြင်းပြပြစုပ်ယူလိုက်တယ် "မင်းငါ့စကားကိုနားထောင်ရမယ်လို့ပြောပီးသွားတာတောင် မင်းကထင်မြင်ချက်တွေအများကြီးပေးနေသေးတယ် ဒါကငါ့ကိုဒေါသထွက်စေတယ်"
"ငါ့မသွားဘူးလို့မပြောမိပါဘူး" စုန့်ရီကလည်ပင်းကိုကြုံလိုက်ပီး သူ့ခေါင်းကိုညင်ညင်သာသာတွန်းလိုက်တယ် ခပ်ဖွဖွပြောလိုက်တယ် "အန်ကယ်လ်နဲ့အန်တီတို့ကို ငါတို့ရဲ့ဆက်ဆံရေးအကြောင်းကို နောက်ပိုင်းဆက်ဆံရေးကတည်မြဲသွားတဲ့အထိ မပြောပဲနေကြတာပေါ့"
"ငါ့အဖေလိုလူမျိုးကငါမပြောပြရုံနဲ့မခန့်မှန်းတတ်တော့ဘူးလို့မင်းထင်နေတာလား?" ကုရှင်ချွမ်းလက်တွေကတော့မရိုးဖြောင့်စွာနဲ့စုန့်ရီကိုယ်ပေါ်မှာ tango ကနေတဲ့အလားလျှောက်သွားနေတယ်။
သူ့ရီနားရွက်တွေကပူလောင်လာပီး 'အမ်း' ဆိုပီးဖွဖွလေးပြောကာ စကားပြောတဲ့အပေါ်မှာမနည်းအာရုံစိုက်ထားရတယ် "လျှောက်မလုပ်နဲ့ အန်ကန်လ်ကအဲ့ဒီကိစ္စပြောလာရင် မင်းဘက်ကတခြားတစ်ခုကိုပြောင်းပီးပြော ငါတို့ရဲ့ဆက်ဆံရေးကငါတို့ဘက်ကမသေချာသေးခင်ထိဘယ်သူ့ကိုမှမပြောနဲ့အုံး"
ကုရှင်ချွမ်းကသူ့ရဲ့ပါးကိုခါးသက်သက်ကိုက်လိုက်ပီး လည်ချောင်းသံနဲ့ပြောလာတယ် "ငါမင်းကိုဘာလောက်တွေများစိုရိမ်အောင်လုပ်ထားမိလို့လား တကယ်လို့ငါတခြားသူတွေနဲချစ်ကြိုက်သွားတယ်ဆိုရင် သူတို့ကကမ္ဘာကြီးကိုချပြဖို့မစောင့်နိုင်ဖြစ်နေကြလိမ့်မယ် ဘာလို့မင်းကဖုံးကွယ်ထားချင်တာလဲ?"
"မင်းစိတ်ငြိမ်ငြိမ်ထားစမ်းပါ" စုန့်ရီက bathattub မှာရှိတဲ့ရေဘုံပိုက်ခေါင်းကိုဖွင့်လိုက်ပီး လက်တစ်ဖက်နဲ့ရေခံကာနားရွက်ကိုဆေးကြောလိုက်တယ်။ ပီးတော့တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "ငါတို့ကစမ်းသပ်ချက်တစ်ခုလိုမျိုး အံဝင်ကျအောင်ကြိုးစားနေတာ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်ထပ်ခါထပ်ခါလုပ်နေရတဲ့ဖြစ်စဥ်တစ်ခု ရလဒ်တွေကိုအခုထိမသိသေးတော့ တခြားသူတွေကိုပြောပြဖို့မလိုအပ်ဘူး စမ်းသပ်ချက်ရလဒ်တွေအတည်ပြုတဲ့အထိစောင့်ဆိုင်းရလို့ဘာမှထိခိုက်နစ်နာတာမျိုးမရှိပါဘူး"
ကုရှင်ချွမ်းကစုန့်ရီကိုစိုက်ကြည့်ရင်း နောက်ဆုံးစကားလုံးပြောပီးတဲ့အထိစောင့်နေလိုက်တယ်။ သူကသူမကျေနပ်ကြောင်းပြတဲ့အနေနဲ့ 'ဟွန့်' ခနဲနှုမှုတ်ပြတယ် "မင်းဘာကိုအာရုံစိုက်နေတယ်ဆိုတာငါမသိဘူးမထင်နဲ့ မင်းကငါ့ကိုတစ်လအတွင်းဖြတ်ပစ်ချင်နေတာ"
သူကခနရပ်လိုက်ပီး စုန့်ရီနှာခေါင်းကိုဖျစ်ကာ ယုတ္တိမရှိစွာသတိပေးလိုက်တယ် "စုန့်ရီ ငါမင်းကိုအခုကတည်းကရှင်းရှင်းလင်းလင်းသိအောင်ပြောထားမယ် ဖြတ်မဲ့အကြောင်းကိုလုံးဝမတွေးနဲ့ ပြတ်မဲ့လမ်းမရှိဘူး ငါမင်းနဲ့ဘယ်တော့မှမပြတ်ဘူး မင်းကငါနဲ့ပြတ်ရဲတယ်ဆိုရင် ငါကweibo မှာမင်းကိုချစ်တဲ့အကြောင်းတွေကို live လွှင့်ပီးဝန်ခံပစ်မှာ ပီးရင် မင်းကငါ့အပိုင်လူပါဆိုပီးလူတိုင်းကိုပြောပစ်မယ်"
စုန့်ရီကအကျိုးသင့်အကြောင့်သင့်တွေးတတ်တဲ့လူဖြစ်တယ်။ ဒီအကျိုးအကြောင့်အသင့်တဲ့အပိုင်းနဲ့ပတ်သတ်ပီးပူညံပူညံလုပ်နေတာမခံနိုင်ဘူး။ သူကကုရှင်ချွမ်းပခုံးကိုခပ်တင်းတင်းတွန်းလိုက်တယ် "မင်းနိုင်ပါတယ် ထတော့ ငါခနလောက်အိပ်ချင်သေးတယ်"
"ဘယ်လိုလုပ်မင်းကိုအိပ်ခိုင်းရမှာလဲ?" ကုရှင်ချွမ်းကစုန့်ရီရဲ့လက်ကောက်ဝတ်ကိုဆွဲလိုက်တယ်။ သူနားရွက်ဖြူဖြူလေးရဲ့အောက် နောက်နားကျကျလေးကိုကြည့်ပီး သတိလက်လွတ်နှုတ်ခမ်းသပ်လိုက်တယ် "မင်းမအိပ်နဲ့ ငါ့ကိုလျော်ကြေးပေးရမယ်"
သူဘာကိုဆိုလိုမှန်းစုန့်ရီနားမလည်ဘူး။ သူခနလောက်စကားမဟတတ်ဖြစ်သွားတယ်။ သူဒီလောက်ပြင်းပြင်းထန်ထန်အားကစားလုပ်ပီးတာတောင် ဒီလိုအရာမျိုးတွေးနိုင်သေးတယ်။ သူ့ရဲ့ထွန်အားကတော်တော်လေးသန်မာတာပဲ။
သူကမျက်လုံးတွေကိုမှေးကျဥ်းလိုက်ပီး စိတ်ပျက်ဟန်ဆောင်လိုက်တယ် "ဝေးဝေးကိုသွားစမ်းပါ မင်းချွေးနံ့ကအရမ်းနံတယ်"
ကုရှင်ချွမ်းကလက်ပင့်ပီးသူ့ဘာသာသူအနံ့ခံကြည့်တယ်။ သူကbathtub ဘေးနားမှာရှိနေတဲ့စင်ပေါ်ကနေ ခေါင်းလျှော်ရည်ယူလိုက်ပီး စုန့်ရီကိုပေးလိုက်တယ် "တကယ်လို့မင်းကငါညစ်ပစ်တတ်ထင်ရင်လျှော်ပေးလေ မင်းဆံပင်ကိုဘယ်လိုလျှော်ရမလဲသိပါတယ် ဟုတ်တယ်မလား?"
"ခွေးတွေကိုရေချိုးပေးဖူးပေမဲ့ သူတို့ကထွက်ပြေးကုန်တယ်"
"မင်းကြိုက်သလိုလုပ်ပေးလို့ရတယ်" ကုရှင်ချွမ်းခေါင်းငုံ့ပီး သူခေါင်းကိုစုန့်ရီဘက်ထိုးပေးလိုက်တယ်။
(π: စုန့်ရီကိုbathtub ထဲပစ်ချတာအဆုံးသတ်ကျတော့ခေါင်းလျှော်ဖို့တဲ့လား ရှောင်ကုရ)
စုန့်ရီကသူ့ရှေ့ကကုရှင်ချွမ်းရဲ့ရှုပ်ပွနေတဲ့ခေါင်းကိုကြည့်လိုက်တယ်။ သူကရေပန်းကိုအရှိန်အမြင့်ဆုံးထားလိုက်ပီး ကုရှင်ချွမ်းရဲ့ဆံပင်တိုတိုတွေကိုဖြန်းလိုက်တယ်။ ရေစက်အေးအေးတွေကရုတ်ချည်းဆိုသလို စုန့်ရီရဲ့ဗလာကျင်းနေတဲ့အရေပြားပေါ်ကိုလာထိတယ်။
အနည်ငယ်အေးစက်မှုကစုန့်ရီကိုသတိပြန်ကပ်စေတယ်။ ဒီအချိန်မှာ သူ့အင်္ကျီတွေကလုံးဝအကျယ်ကြီးပွင့်နေပီဖြစ်တယ်။ သူကပွင့်နေတဲ့အင်္ကျီကိုဆွဲစိဖို့လက်ဆန့်ထုတ်လိုက်တယ်။ ကုရှင်ချွမ်းကသူ့လက်ကောက်ဝတ်ကိုဖွဖွလေးလာဆွဲပီး တိုးတိုးလေးရေရွတ်တယ် "မလုပ်နဲ့ ငါကြည့်ချင်တယ်"
"ဘာကြည့်နေတာမို့လဲ?" သူတို့နှစ်ယောက်လုံးကယောက်ျားလေးတွေကို သူကဘာကိုထူးပီးကြည့်ကောင်းနေလဲဆိုပီး စုန့်ရီတွေးမိတယ်။
ကုရှင်ချွမ်းကခေါင်းမော့မလာဘူး။ သူ့ရဲ့အသံအက်ရှရှကတော့အတော်လေးပြတ်သားတယ် "အဖွား"
စုန့်ရီက 'oh' ဆိုပီးအသံရှည်ဆွဲလိုက်ပီး တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "မင်းအဖွားကဒီမှာမရှိဘူး သူ့ကိုလွမ်းတယ်ဆိုရင်လဲဖုန်းလှမ်းခေါ်လေ"
စုန့်ရီကစကားပြောရင်း လုံးဝမလောက်ငှတဲ့အလား လက်ဖဝါးထဲကိုခေါင်းလျှော်ရည်တွေ လက်ထဲပြည့်သွားတဲ့အထိ အများကြီးညှစ်ချပစ်တယ်။ ပီးတော့အလေအလွင့်မရှိအောင် ကုရှင်ချွမ်းရဲ့ခေါင်းပေါ်မှာအားလုံးသုတ်လိုက်ပီး ရေလေးနည်းနည်းဖြန်းကာပွတ်လိုက်တော့ အမြှုပ်တွေအများကြီးထွက်လာတယ်။
ကုရှင်ချွမ်းကမျက်လုံးတွေကိုလက်မောင်းနဲ့ဖိသုတ်လိုက်ပီး မကျေမနပ်ပြောလာတယ် "မျက်လုံးထဲကိုအမြှုပ်တွေဝင်ကုန်ပီ"
စုန့်ရီကဘာခံစားချက်မှမပါဘဲ 'တောင်းပန်ပါတယ်' လို့ပြောလိုက်တယ်။ သူကအဲ့ဒီအခွင့်အရေးကိုယူပီး bathtub ထဲကနေထွက်လိုက်တယ်။ သူကကပ်စီးစီးဖြစ်နေတဲ့လက်တွေကိုဆေးကြောလိုက်ပီး ရေချိုးခန်းထဲကနေထွက်ရင်းပြောလိုက်တယ် "တောင်းပန်ပါတယ် ငါရှန်ပူတွေအများကြီးလောင်းချမိသွားလို့ ရှန်ပူတွေပြောင်အောင်ဆိုအနည်းဆုံးနာရီဝက်လောက်ဆေးချရမယ်ထင်တယ်"
သူတံခါးကိုပိတ်လိုက်တဲ့အချိန်မှာ ကုရှင်ချွမ်းရဲ့ဒေါသတကြီးအော်သံကြီးကိုကြားလိုက်ရတယ် "မင်းသေချင်နေတာပဲ" စုန့်ရီကတော့ သူ့နဲ့မတူပျော်ရွှင်လန်းဆန်းလို့နေတယ်။
ဟမ့် မင်းမျက်လုံးတွေကတကယ်ဆိုနေရာတိုင်းကိုသတိထားကြည့်သင့်တာ။
ကုရှင်ချွမ်းရေချိုးခန်းထဲကနေခေါင်းသုတ်ရင်းထွက်လာတယ်။ သူဘယ်လောက်ဆေးဆေး သုတ်သုတ် ရှန်ပူအနံကြီးကအရမ်းပြင်းပြင်းကြီးထွက်နေတုန်းပဲ။
စုန့်ရီကတော့အိပ်ယာပေါ်မှာ ညင်ညင်သာသာအိပ်ပျော်နေပီဖြစ်တယ်။
နေ့လည်ပိုင်းနေကအပြင်ဘက်ကတောက်ပစွာလင်းထိန်နေတယ်။ သူကမွေ့ရာအစွန်းမှာဒူးထောက်ထိုင်လိုက်တယ်။ သူကစုန့်ရီခေါင်းနောက်ကဆံပင်တွေကိုလက်နဲ့ထိုးဖွလိုက်ပီး ဖွဖွလေးဆွဲလိုက်တယ် "တကယ်ကြီးအိပ်ပျော်သွားတာလား?"
အခုမှနေ့လည်ပိုင်းဆယ့်နှစ်နာရီပဲရှိသေးတာ။ ခနလောက်မှန်းအိပ်သင့်တဲ့အချိန်မဟုတ်ဘူး။
စုန့်ရီဘက်ကမတုံ့ပြန်တော့ ကုရှင်ချွမ်းကခါးကိုင်းကြည့်တော့လဲ အိပ်ချင်ယောင်ဆောင်နေတာမျိုးမတွေ့ရဘူး။ မင်းသားတစ်လက်အနေနဲ့ စုန့်ရီရဲ့သရုပ်ဆောင်စွမ်းရည်ကအရမ်းကောင်းတယ်။ သူကနှုမ်ခမ်းတွေကိုတွန်းကွေးလိုက်ပီး အိပ်တာကိုဖျက်လိုဖျက်ဆီးလုပ်နေတယ် "ကြည့်ပါအုံး မင်းကတော်တော်အိုနေပီပဲ ကျောင်းတုန်းကလိုကြည့်မကောင်းတော့ဘူး"
စုန့်ရီကလုံးဝမတုံ့ပြန်ဘူး။ သူတကယ်ကြီးအိပ်ပျော်သွားတာထင်တယ်။
ကုရှင်ချွမ်းစိတ်ကောက်ရုံပံတတ်နိုင်တော့တယ်။ သူကအိပ်ယာပေါ်ကိုတက်လိုက်ပီး စုန့်ရီဘေးမှာထိုင်လိုက်တယ်။ သူကစုန့်ရီဆီကစောင်အပါးလေးကိုဆွဲယူပစ်လိုက်တယ်။ စက္ကန့်အနည်းငယ်ကြာတော့ သူကစုန့်ရီရဲ့ပခုံးလေးတွေကိုကြည့်ရင်း အအေးပတ်သွားရင်ဆိုပီးစိတ်ပူတာနဲ့ပဲ စောင်ပြန်ခြုံပေးလိုက်တယ်။
သူကစုန့်ရီမျက်နှာကိုကြည့်ပီး စိတ်ဆိုးမာန်ဆိုးနဲ့ 'ဟွန့်' ခနဲလုပ်တယ်။ နောက်တော့စိတ်သက်သာရာရသလိုသက်ပြင်းထပ်ချတယ်။
စုန့်ရီမျက်လုံးလေးဖွဖွလေးဖွင့်ပီး သူ့ပခုံးအောက်နားမှာရှိနေတဲ့စောင်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ ရီကလဲရီချင် စိတ်ဆိုးတာကလဲမပြေသေးဖြစ်နေတယ်။
နောက်တစ်နေ့မှာတော့ ကုရှင်ချွမ်းနဲ့စုန့်ရီဟာ လေယာဥ်ပျံကြီးစီးလို့ Seattle ကိုထွက်ခွာလာခဲ့ကြပါတော့တယ်။ စုန့်ရီကိုယ်တိုင်လဲဒီမှာထပ်မနေချက်တော့လို့ဖြစ်တယ်။ ကုရှင်ချွမ်းကိုကတိပေးထားတာအပြင် ပိုပီးအရေးကြီးတာက ရှန်းလီ ကျိုးမော့ချွင်တို့နဲ့မျက်နှာချင်းကိုမဆိုင်ချင်တော့လို့။ သူပျော်ရွှင်နေဖို့ဆို သူ့အတွက်စိတ်မပျော်ရွှင်ဖြစ်စေမဲ့အရာတွေကိုရှောင်ရှားရမယ်။
Seattle ရဲ့အပူချိန်က LA ထက်ပိုန်မ့်တယ်။ ကွာခြားချက်ကနွေရာသီနဲ့ဆောင်းဦးရာသီလိုပဲ။ စုန့်ရီလေယာဥ်ပေါ်ကဆင်းတာနဲ့ ရှပ်အင်္ကျီအပေါ်ကနေ သိမ်မွေ့တင့်တယ်ပုံပေါက်တဲ့ပြာလွင့်လွင့်ဆွယ်တာလေးထပ်ဝတ်လိုက်တယ်။
ကုရှင်ချွမ်းကတော့ အနက်ရောင်ဆွယ်တာအနက်ရောင်ဂျင်းဘောင်းဘီနဲ့ အရင်ကလိုအေးအေးသာသာရှိတဲ့ပုံစံအတိုင်းပဲ။ သူကနေရောင်အောက်မှာလမ်းလျှောက်နေတယ်။ ပထမတစ်ယောက်ကျတက္ကသိုလ်ကဗဟုသုတပြည့်ဝတဲ့ပညာသင်ဆုရကျောင်းသားလေးနဲ့တူတယ်။ နောက်တစ်ယောကကျဥရောပလမ်းတွေမှာဓာတ်ပုံရိုက်တဲ့မော်ဒယ်လ်တစ်ယောက်နဲ့တူနေတယ်။ သူတို့နှစ်ယောက်ဟာပုံစံချင်းကွာပြားပေမဲ့ ရှင်းမပြတတ်အောင်သဟဇာတဖြစ်လွန်းပီး တစ်ယောက်နဲ့တစ်ယောက်ထောက်ပံ့ဖြည့်စွက်ပေးနေတဲ့အတိုင်းပဲ။
Seattle မှာချမ်းသာကြွယ်ဝတဲ့လူအားလုံးဟာ Mercer Island မှာနေကြတယ်လို့စုန့်ရီကြားဖူးတယ်။.ဒါပေမဲ့အဲ့ဒီကျွန်းကိုတော့ စုန့်ရီပထမဆုံးမြင်ဖူးခြင်းဖြစ်တယ်။ ကျွန်းပေါ်မှာလွှမ်းမိုးမှုရှိတဲ့အဆောက်အဦးတွေကို သင်္ဘောပေါ်မှာစုန့်ရီထိုင်ရင်း လှမ်းမြင်နေရတယ်။ အဖြူရောင်အတွန့်အတက်တွေနဲ့ ရွှေရောင်လိပ်ခုံးပုံအမိုးရှိတဲ့အိမ်တွေကပြန့်ကျဲနေပီး မျက်စိပဒါသရှိလှတယ်။
စုန့်ရီရုတ်တရပ်ဖိအားအနည်းငယ်ကိုခံစားလိုက်ရတယ်။
ကုရှင်ချွမ်းကသင်္ဘောလက်ရမ်းပေါ်မှာလက်မောင်းတင်ပီး စုန့်ရီရဲ့အမူအရာကိုကြည့်ကာ စိတ်သက်သာရာရအောင်ပြောတယ် "ငါတို့မိသားစုဒီမှာနေတာက ငါ့အဖေကငါးမျှားရတာသဘောကျလို့ တကယ်တော့ငါတို့မှာပိုက်ဆံအများကြီးမရှိပါဘူး"
စုန့်ရီပြုံးပီးသူ့ကိုတစ်ချက်ကြည့်လိုက်တယ် "အင်းပါ ဟုတ်ပါပြီ ငါမကြောက်ပါဘူး"
စုန့်ရီမှာဖိအားတချို့ရှိတယ်ဆိုပေမဲ့ သူကကမ္ဘာကြီးအကြောင်းသိနာလည်သူတစ်ဦးဖြစ်တာမို့ သူ့ရဲ့ပုံမှန်တည်ငြိမ်တဲ့မျပ်နှာအမူအရာကိုထိန်းသိမ်းနိုင်တယ်။
သင်္ဘောပေါ်ကဆင်းလာပီးတော့ စုန့်ရီတို့ကားထဲကိုနောက်တစ်ခါဝင်ရပြန်တယ်။ ကားမောင်းတဲ့သူကဟိုတစ်ခါ LA တုန်းကလာကြိုတဲ့သူပဲဖြစ်တယ်။ သူကသူတို့ကိုမြင်တော့ ဖွဖွလေးပြုံးပြပီး ကြွယ်ဝချမ်းသာမှန်းသိသာစေတဲ့အိမ်တွေရှိတဲ့နေရာကိုတည့်တည့်သွားတယ်။
လမ်းတစ်ဖက်တစ်ချက်မှာ London plane ပင်တွေရှိနေပီး အဝင်ဝအေးအေးသာသာရေကူးနေတဲ့အဖြူရောင်ငန်းတစ်ချို့နဲ့လူလုပ်ကန်ငယ်လေးတစ်ခုရှိတယ်။ ကုရှင်ချွမ်းအိမ်က စုန့်ရီထင်ထားတဲ့ကြီးမားတဲ့စံအိမ်တွေနဲ့နည်းနည်းတော့ခြားနားတယ်။ အပြင်ပိုင်းအပြင်အဆင်မှာကအဖြူရောင်နဲ့အညိုရောင်ကိုအသားပေးထားတယ်။ အဲ့တာကအရမ်းချမ်းမြေ့ဖွယ်ကောင်းကာပေါ့ပေါ့ပါးပါးရှိလှပီး ပိုင်ရှင်ရဲ့အငွေ့အသက်ကိုခံစားလို့ရတယ်။
တံခါးတွေကိုဖြတ်ပီး ဧည့်ခန်းထဲရောက်တဲ့အထိ စုန့်ရီကကုရှင်ချွမ်းနောက်ကနေလိုက်လာတယ်။ ရွှေရောင်တောက်နေတဲ့ကျွန်းသားပရိဘောဂတွေက ကြီးမားတဲ့မီးအိမ်ကြည်ကြည်အောက်မှာ တောက်ပနေတယ်။
ထသွားထလာအဝတ်အစားဝတ်ထားတဲ့သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးကအပြုံးတစ်ခုနဲ့နှုတ်ဆက်တယ် "သခင်လေးကလမ်းမှာခရီးပန်းခဲ့မှာပဲ ထိုင်ပီးအနားယူလိုက်ပါအုံး သခင်ကြီးကသခင်မကြီးကိုခေါ်ပီး မြို့ထဲကိုသွားပါတယ် ညပိုင်းလောက်မှပြန်လာတတ်ပါတယ်"
"ကောင်းပါပြီ" ကုရှင်ချွမ်းကစုန့်ရီပခုံးကိုပုတ်လိုက်ပီးနှစ်ယောက်သားဟာဧည့်ခန်းထဲကဆိုဖာအကြီးကြီးပေါ်မှာအတူတူထိုင်လိုက်တယ်။
စုန့်ရီခေါင်းမော့ပိးလျှောက်ကြည့်လိုက်တယ်။ ရွှေရောင်အမိုးခုံးကအရမ်းလှပတယ်။ စုန့်ရီစတစ်ဝက်နောက်တစ်ဝက်ပြောလိုက်တယ် "မင်းမှာ uniform တွေနဲ့အိမ်အကူတွေအုပ်စုလိုက်နဲ့ ဗြိတိန်လူမျိုးအိမ်တော်ထိန်းတစ်ယောက်ရှိသင့်တာ ပီးတော့မင်းကလဲ London accent နဲ့ပြောရမှာ"
ကုရှင်ချွမ်းကသူ့ပါးကိုတယုတယဖျစ်လိုက်ပီး ခပ်ဖွဖွပြုံးတယ် "ငါတို့ရဲ့ ဒါရိုက်ဘာနဲ့ဒီဒေါ်ဒေါ်နဲ့ကာငါ့အဖေနဲ့တရုတ်ကနေအတူပါလာတာ နှစ်နှယ်ဆယ်ကျော်ကျော်လောက်ကြာပီဆိုတော့ အမျိုးတွေလိုဖြစ်နေပီ သူတို့ဒီအသိုင်းအဝိုင်းထဲကနေထွက်မသွားကြတော့ဘူး"
ကုရှောက်ယွမ်ကတကယ်တော်တဲ့လူတစ်ယောက်လို့တွေးရင်း စုန့်ရီစိတ်ထဲကနေသက်ပြင်းချလိုက်တယ်။ တချို့လူတွေကသူ့နောက်ကိုနှစ်ပိုင်းနှစ်ဆယ်ကျော်အောင်တောင်နောက်ကလိုက်ချင်ကြတယ်။ ဒီလိုကြီးမားတဲ့စီးပွားရေးလုပ်ငန်းဦးစီးနိုင်တာထူးခြားတဲ့ကိစ္စတော့မဟုတ်ဘူး။
သူ့အတိကပ်ထဲကဖုန်းက 'ဒင်' ခနမြည်လာတယ်။ စုန့်ရီထုတ်ပီးတစ်ချက်ကြည့်လိုက်တယ်။ သူတို့ကဟိုတယ်အခန်းပြန်အပ်သွားပီလားဆိုပီး ရှန်းလီက We Chat ကနေလှမ်းမေးထားတာဖြစ်တယ်။
ကုရှင်ချွမ်းကသူ့ဘက်ကိုခေါင်းလှုည့်လာပီး တစ်ချက်လှမ်းကြည့်တယ်။ သူကမျက်မှောင်ကြုံ့လိုက်ပီး နှုတ်ခမ်းတွေကတွန့်ချိုးသွားတယ် "မင်းသူ့ကိုစာပြန်ပို့မလို့လား?"
စုန့်ရီကရှန်းလီကိုအကျဥ်းချုပ်ပီးယောင်ယောင်ဝါးဝါးပဲပန်ဖြေလိုက်တယ်။ သူဖုန်းပိတ်တော့မလို့လုပ်တဲ့အချိန်မှာ ကုရှင်ချွမ်းရဲ့ WeChat ID ကိုမြင်လိုက်တယ်။ သူကဘယ်တုန်းက 'ပိုင်/ဘိုင်' ဆိုပီးပြောင်းထားလဲမသိဘူး။
"သခင်လေးကုစာပေလမ်းကြောင်းဘက်ပြောင်းသွားတာလား?" စုန့်ရီကရယ်ပီးစနောက်လိုက်တယ်။
ကုရှင်ချွမ်းကသူ့လက်မောင်းတွေကိုသူ့ခါးမှာရစ်ပတ်လိုက်ပီးတိုးတိုးလေးပြောတယ် "မင်းရဲ့ ID က 'မုန့်' မလား?"
သူစကာပြောနေတုန်းမှာ စုန့်ရီကသတိလက်လွတ်ဖြစ်နေတယ်။ သူကစုန့်ရီဖုန်းလေးကို ရှန်းလီရဲ့ WeChat ကိုသေသဥပ်သပ်ဖျက်ပစ်လိုက်တယ်။
The author has something to say: ပျော်ရွှင်မှုဆိုတာအချိုတွေပေးပီး ခွေးစာကျွေးရတာပဲ။
Translator Paing: ဒီအပိုင်းဘာသာပြန်ပီးအတွေးနှစ်ခုပဲရှိတယ်။
*in bathroom, တခြား novel မှားမှ alpha တွေလာပီးတုံးလွန်းလှတဲ့ရှောင်ကုကိုခေါင်းလာခေါက်ပေးကြပါ။
*On cruise ship, ရှောင်ကုတို့ကပိုက်ဆံအများကြီးမရှိဘူးဆိုတော့ private jet ကြီးတွေ ကိုယ်ပိုင်ကျွန်းတွေ နဲ့ UES က mansion ကြီးကဘွားခနဲအလိုလိုပေါ်လာပီးကုမိသားစုအပိုင်ဆိုပီးစာတန်းကြီးထိုးထားတာလား။
(ရှောင်စုန့်ကိုစိတ်သက်သာရအောင်ပြောမှန်းသိပေမဲ့စချင်လာလို့)
~~~~~~~~~
Zawgyi
~~~~~~~~~