๐Ÿ’ž Eternal Love ๐Ÿ’ž { Complete...
By Aster_Brown
1.8M 120K 6K
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ]... More
Description
Main Character
Main Character
Chapter _ 1
Chapter _ 2
Chapter _ 3
Chapter _ 4
Chapter _ 5
Chapter _ 6
Chapter _ 7
Chapter _ 8
Chapter _ 9
Chapter _ 10
Chapter _ 11
Chapter _ 12
Chapter _ 13
Chapter _ 14
Chapter _ 15
Chapter _ 16
Chapter _ 17
Chapter _ 18
Chapter _ 19
Chapter _ 20
Chapter _ 21
Chapter _ 22
Chapter _ 23
Chapter _ 24
Chapter _ 25
Chapter _ 26
Chapter _ 27
Chapter _ 28
Chapter _ 29
Chapter _ 30
๐ŸŒŒ Sweet Home ๐ŸŒŒ
Chapter _ 31
Chapter _ 32
Chapter _ 33
Chapter _ 34
Chapter _ 35
Chapter _ 36
Chapter _ 37
Chapter _ 38
Chapter _ 39
Chapter _ 40
Chapter _ 41
Chapter _ 42
Chapter _ 43
Chapter _ 44
Chapter _ 45
Chapter _ 46
Chapter _ 47
Chapter _ 48
Chapter _ 49
Chapter _ 50
Chapter _ 51
Chapter _ 52 [ Final ]
EXTRA _ 1
EXTRA _ 2
EXTRA _ 3
EXTRA _ 4
EXTRA _ 5
EXTRA _ 6
EXTRA _ 7
EXTRA _ 8
EXTRA _ 9
EXTRA _ 10
EXTRA _ 11
EXTRA _ 12
EXTRA _ 13
EXTRA _ 14
แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€แ€„แ€บแ€œแ€ฝแ€พแ€ฌโคโค
Daddy?????
EXTRA _ 15 { End }
19.5K 1.1K 51
By Aster_Brown
Unicode
********
" ပ့ပ့ ဝါဝါယေးနော်... "
ရေချိုးပြီးခါစမို့ ချစ်မွှေးရဲ့ကိုယ်လုံးလေးက
ကိုက်စားချင်စရာနို့ခဲတုံးလေးလို နူးအိနေ၏ ။
ရေချိုးပြီးအဝတ်စားလဲဖို့အရေး သူ့ပါပါးကို
ဆရာလုပ်ကာ ဟိုအင်္ကျီဆိုမဝတ်ချင်ဘူး ။ ဒီ
အင်္ကျီဆိုမလှဘူးနဲ့ အနိုင်ကျင့်နေသည် ။
နောက်ဆုံး ချစ်မွှေးကိုယ်တိုင်ရွေးထားတဲ့အဝါ
ရောင် T_Shirt အင်္ကျီလေးနဲ့ ကြိုးသိုင်း
ဘောင်းဘီအပြာလေးကိုဝတ်ပေးလိုက်တော့မှ
ဆရာသမားလေးက စိတ်တိုင်းကျတော့သည် ။
အင်္ကျီအဝတ်အစားဝတ်ပြီးတာနဲ့ အပြင်ပြေး
ထွက်ဖို့ပြင်နေတဲ့ ချစ်မွှေးကို သူ့ပါပါးကအမိ
အရလှမ်းဆွဲကာ ဘွတ်ဖိနပ်အဖြူလေးစီးပေး
လိုက်ပြီးမှလွတ်ပေးလိုက်တော့၏ ။
" ပေပေ့ တား ကိုကြည့်ပါအူး...."
ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကို သူ့လက်သေး
သေးလေးနှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းလေးစောင်း
ကာမေးလာတဲ့ ချစ်မွှေး ကြောင့် မာန် အိပ်ရာ
ပေါ်ကထလာလိုက်သည် ။
" ဖေဖေ့ သားကဘယ်သူနဲ့တူလို့ ဒီလောက်
ချောနေရတာလဲကွာ....လာပါဦး ဖေဖေ ကနမ်း
ချင်လို့..."
ဝက်ပုတ်ကလေးကို ပွေ့ချီလိုက်တော့ သွား
သေးသေးလေးတွေပေါ်အောင် ရယ်ပြီး မာန့်
လည်တိုင်ကိုဖက်တွယ်လာသည် ။
" ပ့ပ့ တူရို့ချောရာ...ခစ် ခစ် .. ဦးဦး ဆီတွား
မယ်..."
စျာန်ဟိဏ်း က ပါပါး ချစ်လေး... ဘယ်အချိန်
ထမေးမေး သူ့ပါပါး ကိုသာအချစ်ဆုံး လို့ဖြေ
တယ်...အခုလဲသူက ပါပါး တူလို့ချောတာပါ
တဲ့လေ ။ ပြီးတာနဲ့ လက်ဖောင်းဖောင်းလေးရဲ့
လက်ညိုးလေးက တံခါးပေါက်ဆီကို ထိုးပြနေ
တာကြောင့် သားလေးရဲ့ပါးအိအိကြီးတွေကို
ဖိနမ်းပစ်လိုက်ပြီးမှ အောက်ချပေးလိုက်သည် ။
လှုပ်တုပ် လှုပ်တုပ် နဲ့တံခါးနားသွားနေတဲ့ သား
လေးကိုတံခါးဖွင့်ပေးလိုက်တော့ သူ့ဦးဦး အိပ်
တဲ့အခန်းဆီကို ဖင်လေးပစ်ပြီးသွားခဲ့သည်။
" ဦးဦး ယေ......"
** ဒုန်း ဒုန်း **
အခန်းတံခါးကို လက်ပိစိလေးနဲ့ထုနေတဲ့အသံ
ကြောင့် ပိုးလေး ရေချိုးခန်းထဲကအမြန်ပြေး
ထွက်ခဲ့လိုက်သည် ။ ချစ်မွှေး လေးလက်နာ
သွားရင် ဒီဦးဦး ရင်နာရချည်ရဲ့...။
" ချစ်မွှေး က ဦးဦး ကိုလာနှိုးတာလား..."
" ဟုတ်ရယ်.... မျန်မျန်ယုတ်ရေ.... ပေါ်ရီးချီးဖို့
နောက်ကျရော့မယ်...."
လက်ညိုးလေးထောင်ပြီးပြောနေပုံက ပိုးလေး
ကို ဆုံးမနေတယ်ဆိုတဲ့သဘော...။ ပိုးလေး
အခန်းထဲကိုဖင်လေး လှုပ်ပြီးဝင်လာတဲ့ ချစ်
မွှေး ကကုတင်ပေါ်ကိုကုပ်ကပ်တတ်ကာ ခြေ
ထောက်လေးလှုပ်ရင်း ပိုးလေး ကိုထိုင်စောင့်
ပေးသည် ။
" ဦးဦး သားလေးကချစ်ဖို့ကောင်းလိုက်တာ ဦး
ဦး အဝတ်လဲပြီးတာနဲ့ သွားကြမယ်နော် "
ချစ်မွှေး ဆီကပြန်ဖြေသံမကြားရတော့တာက
မွေ့ယာပေါ်က ပိုးလေး ရဲ့ဖုန်းကိုယူ ကလိနေ
လို့ပင် ။ ဒီအရွယ်လေးနဲ့ဖုန်းဆော့တတ်နေပြီ
လားလို့မမေးနဲ့ ချစ်မွှေး ကအကုန်သိတယ် ။
ပိုးလေး က အဝတ်အိတ်ထဲက အဝတ်စား
တစ်စုံဆွဲထုတ်လိုက်ပြီး ရေချိုးခန်းထဲဝင်ကာ
အဝတ်စားလဲလိုက်သည် ။ အပြင်က စကား
ပြောသံပိစိလေးက ချစ်မွှေးဆီကများလား....။
" ချစ်မွှေးလေးရေ ဦးဦး တို့သွားကြမယ်...
ဖေဖေတို့ပြီးပြီလား သွားကြည့်ရအောင် "
ကုတင်ပေါ်မှာပြုံးစိစိလုပ်နေတဲ့ ချစ်မွှေး ကို
ပွေ့ချီလိုက်ကာ အခန်းပြင်ထွက်လာတော့
ရှိုင်းပေါက် တို့တောင်အကုန်အဆင်သင့်ဖြစ်နေ
ပြီ ။ ဒီနေ့က အကိုမာန် နဲ့ ရှိုင်းပေါက် ရဲ့မင်္ဂလာ
နှစ်ပတ်လည်နေ့ဖြစ်တာမို့ အကိုမာန် ရဲ့ကိုယ်
ပိုင်ကျွန်းလေးဆီကိုအပျော်ခရီးထွက်ဖို့ စီစဥ်
ထားကြသည်..။
" ပိုးလေး သွားကြမယ်... ချစ်မွှေး ပါပါးဆီ
လာ.."
ပိုးလေး လက်ပေါ်က ချစ်မွှေး ကိုပွေ့ချီဖို့လုပ်
တော့ ဦးဦးရဲ့အသည်းညှာလေးက သူ့ဦးဦး ရဲ့
လည်ပင်းကိုအတင်းဖက်ထားသည် ။
" ဦးဦး နဲ့နေမှာပါချို......"
" နေပါစေ ငါဘဲချီခဲ့လိုက်ပါ့မယ်.... "
ချစ်မွှေး ကိုပွေ့ကာကားပေါ်တက်သွားတဲ့ ပိုး
လေး ကိုကြည့်ပြီး ရှိုင်းစေ ပြုံးလိုက်မိသည် ။
ပိုးလေးက ရှိုင်းစေ အတွက်ဒုတိယမိသားစု
လေး....။ ရှိုင်းစေ ကစပြီး ချစ်မွှေး အထိကို ပိုး
လေး ရဲ့ဂရုစိုက်မှုတွေကလျော့မသွားဘူး ။ သူ့
မိသားစုလိုဘဲ ရှိုင်းစေ တို့သားအဖကို ဂရုစိုက်
မှုတွေအပြည့်ပေးတယ် ။
.......................................
" ဝေးးးးး ကောင်ကောင်ယေ..... ဟေ့......."
အပျော်စီးဇိမ်ခံ သင်္ဘောပေါ်မှာ ခုန်ပေါက်ပြီး
အော်ဟစ်နေသည့် ချစ်မွှေးလေးရဲ့အသံက
ပင်လယ်ပြင်တစ်ခုလုံးကိုပင် လွှမ်းသွားတော့
မတတ်...။ ပင်လယ်မျက်နှာပြင်ပေါ် တက်
လာတဲ့လင်းပိုင် ကလေးတွေကိုမြင်တိုင်း
အသံစူးစူးလေးနဲ့အော်ခေါ်နေသည့် ချစ်မွှေး
က လှုပ်စိ လှုပ်စိဖြင့်....။
" ဦးဦး ယေ..... ကောင်ကောင် ထော်ပေးအူး
ယေ..."
လင်းပိုင်လေးတွေကိုတစ်လှည့် ပိုးလေး ကို
တစ်လှည့် မျက်လုံးဝိုင်းကြီးတွေဖြင့်ကြည့်
နေသည့် ချစ်မွှေးကိုဆွေ့ခနဲပွေ့ချီပစ်လိုက်
ကာ အသည်းယားစရာပါးဖောင်းဖောင်းကြီး
တွေကို ခပ်ဖွဖွကိုက်ပစ်လိုက်သည် ။ ပိုးလေး
စိတ်တိုင်းကျလုပ်ခွင့်ပေးထားသည့် ချစ်မွှေး
ကဒီနေ့အတော်ကိုစိတ်ကောင်းဝင်နေလို့ဖြစ်
ရမည် ။
မဟုတ်ရင် သူ့အသံပြဲပြဲနဲ့ကောင်းကင်တစ်ခု
လုံးပွင့်ထွက်မတတ် အော်ပါလိမ့်မယ် ။
" သူတို့ကခေါ်လို့မရဘူး ချစ်မွှေး ရဲ့ ခဏနေ
ကျွန်းပေါ်ရောက်မှ ဦးဦး နဲ့အကောင်လိုက်ဖမ်း
ကြမယ်နော်..."
" ဟုတ်!!! "
အပြင်ထွက်လည်ရတာအရမ်းကြိုက်တဲ့ ချစ်
မွှေးအတွက် ဒီခရီးကကမ္ဘာ့အပျော်ဆုံးနေ့
ဖြစ်နေဟန်တူသည် ။ သင်္ဘောတစ်စီးလုံးသူ့
အသံလေးကြောင့် ဆူလို့ညံလို့....။
ပိုးလေး လက်ထဲမှာလှုပ်စိ လှုပ်စိ လုပ်နေတဲ့
ချစ်မွှေးကို Dream Bed ပေါ်ပက်လပ်လေး
တင်လိုက်ကာ နေကာမျက်မှန်ဝိုင်းဝိုင်းလေး
ကိုတပ်ထားပေးလိုက်သည် ။
" ကျွန်းပေါ်ရောက်ရင် မဆော့နိုင်ဘဲနေလိမ့်
မယ် အခုငြိမ်ငြိမ်လေးနေတော့..."
" ပ့ပ့ ရော....ပပ့ နားတွားမယ်ယေ..."
အခုမှ သူ့ပါပါး ကိုသတိရတယ် ။ သူ့ဖေဖေနှစ်
ယောက်ကဖြင့် အခုချိန်လောက်ဆို အခြေနေ
ကောင်းနေလောက်ပြီ..။
" ပေပေ!!.... ပ့ပ့ ပါဖစ်တာယဲ.."
ချစ်မွှေးအတွက် စောင်ပါးလေးယူပေးနေစဥ်
အနောက်ကထွက်လာတဲ့ ချစ်မွှေး ရဲ့အသံစူး
စူးကြောင့် ပိုးလေး လှည့်ကြည့်လိုက်သည် ။
သင်္ဘောအခန်းထဲက ထွက်လာတဲ့ အကိုမာန်
က ရှိုင်းပေါက် ကိုယုယု ယယလေးပွေ့ချီလာ
တဲ့အပြင် အကိုမာန် ရင်ခွင်ထဲက ရှိုင်းပေါက်
ကလဲနွမ်းလျလျလေး...။
ဒီလင်လင်တွေကတော့လေ ကိုယ်ပိုင်သင်္ဘော
ဆိုပြီး သောင်းကြမ်းချင်တိုင်းသောင်းကြမ်းနေ
တော့တာဘဲ...။
" ပါပါး ပင်ပန်းနေတယ် သားက ငြိမ်ငြိမ်လေး
နေနော် "
ချစ်မွှေး ကသူအိပ်နေတဲ့ဘေးကခုံမှာ ဝင်ထိုင်
လိုက်သည့် သူ့ဖေဖေနှစ်ယောက်ကို နေကာ
မျက်မှန်ဝိုင်းလေးအောက်ကနေ စူးစူးစိုက်
စိုက်လိုက်ကြည့်သည် ။
" ပ့ပ့ နေအကောင်းဝူးရာ.... "
Dream Bed ပေါ်လေးဘက်လေးထောက်ပြီး
သူ့ပါပါး ကိုသေချာကြည့်နေတဲ့ ချစ်မွှေး က
ဝက်ပေါက်ကလေးလို...။
" ပါပါး အိပ်ချင်နေလို့.... ချစ်မွှေး က ဦးဦး နဲ့
ခဏနေဦးနော် "
မာန့် ရင်ခွင်ထဲကခပ်တိုးတိုးလေးပြောလာတဲ့
သူ့ပါပါးရဲ့စကားကိုကြားတော့ စျာန်ဟိဏ်း
လေးက ခေါင်းလေးဆက်ခနဲငြိမ့်ပြကာ
Dream Bed ပေါ်လှဲချပစ်လိုက်သည် ။ သူလဲ
အနားယူတော့မယ်ဆိုတဲ့သဘော...။ လူကြီး
လေးကျလို့......။
နာရီပိုင်းလောက်အချိန်ဖြုန်းပြီးနောက်မှာတော့
အကိုမာန် ရဲ့ကိုယ်ပိုင်ကျွန်းကိုရောက်လာချေ
ပြီ ။ ချစ်မွှေး ကနှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်
နေတာမို့ အကိုမာန် ကပွေ့ချီထားရသည် ။
အကိုမာန့် လက်တစ်ဖက်က ရှိုင်းပေါက် ရဲ့ခါး
လေးကိုဖက်ထားပြီး နောက်တစ်ဖက်က ချစ်
မွှေး ကိုပွေ့ချီထားသည့် အကိုမာန် တို့မိသားစု
ပုံရိပ်လေးက အားကျဖွယ်ရာ....။
အကိုမာန် တို့ကအိပ်ပျော်နေတဲ့ ချစ်မွှေးလေး
နိုးသွားမှာစိုးတာကြောင့် ကျွန်းပေါ်မှာ မှန်တွေနဲ့
ဆောက်ထားသည့်အိမ်ကြီးဆီကိုခပ်သွက်
သွက်လေးထွက်သွားခဲ့သည် ။ တစ်နေ့ တစ်နေ့
မရိုးရအောင်အပန်းပြေစေသည့် ချစ်မွှေးလေး
ကိုလှမ်းကြည့်ရင်း ပိုးလေး သဲသောင်ပြင်ပေါ်
လျှောက်သွားနေမိသည် ။
ပြာလဲ့လဲ့ ကောင်းကင်ကြီးက သာယာလှလွန်း
ပေမယ့် ဦး မရှိလို့မပြည့်စုံဘူး ။ ကောင်းကင်
ကိုမော့ကြည့်နေစဥ်ရုတ်တရက် ပိုးလေး ရဲ့
အမြင်အာရုံကိုတစ်စုံတစ်ရာက ဖုံးကွယ်ပစ်
လိုက်သည် ။
" ဘယ်သူလဲ မှန်းကြည့်...."
ဟား..ဟား....... ကြည်လင်ပြီး ခပ်အေးအေး
အသံလေးကိုပိုင်ဆိုင်ထားတဲ့သူဆိုလို့ ကမ္ဘာ
ပေါ်မှာကျွန်တော်အချစ်ဆုံးလူသားလေး ဦး
ဂုဏ်ရှိန်သွေး ဘဲရှိတယ်....။ ပြီးတော့ ပင်လယ်
ပြင်ကတိုက်ခတ်လာတဲ့လေညင်းထက် ပိုပြီး
ဆွဲဆောင်မှုရှိလွန်းတဲ့ ကိုယ်သင်းရနံ့.....။
" ဦး!! "
မျက်လုံးပေါ်ဖုံးအုပ်ထားတဲ့ လက်ကိုတောင်မ
ဖယ်ရှားနိုင်ဘဲ အနောင်မှာရပ်နေတဲ့ထိုလူသား
လေးရဲ့ရင်ခွင်ထဲပစ်ဝင်ကာ ဖက်တွယ်ပစ်
လိုက်တော့သည် ။
" ငယ် ကဘယ်အချိန်ရောက်ရောက် ကိုယ့်ကို
မှတ်မိနေတာဘဲ..."
ဦး ရဲ့ရင်ခွင်ထဲအားရအောင် တိုးဝေ့ပွတ်သပ်
လိုက်ပြီးမှ မျက်လုံးလေးပင့်ပြီးမော့ကြည့်
လိုက်စဥ် သူ့ကိုပြုံးပြီးကြည့်နေတဲ့ ဦး ရဲ့မျက်
ဝန်းတွေနဲ့ဆုံတယ်...။
" ဦး ဘဲအရေးကြီးတဲ့လူတွေနဲ့တွေ့စရာရှိလို့
မလိုက်နိုင်ဘူးဆို...."
" ဟုတ်တယ်.. ကိုယ်အစည်းဝေးခန်းထဲရောက်
နေတုန်း ချစ်မွှေး ကဖုန်းဆက်လာတယ်လေ
သူ့ဦးဦးကို အထီးကျန်အောင်လုပ်မလို့ တစ်
ယောက်တည်းလွတ်လိုက်တာလားတဲ့... သူ့ဦး
ဦး ကိုစိတ်ညစ်အောင်မလုပ်ဘဲ ဒီကိုလိုက်လာ
ပါတဲ့လေ..."
ဦး ဆီကထိုစကားကိုကြားတော့ မနက်က ဖုန်း
ကိုင်ပြီး ပြုံးစိစိလုပ်နေတဲ့ ချစ်မွှေးလေးကို
သတိရသွားသည် ။ ဟက်.... ချစ်မွှေးလောက်
လည်တာ ချစ်မွှေးဘဲရှိတယ်....။
" ဒါဆို ဦး အလုပ်တွေပစ်ခဲ့ရတာလား... အခု
ရောဘာနဲ့ရောက်လာတာလဲ..."
" အဲ့လိုတော့ မဟုတ်ပါဘူး ကိုယ်အစည်းဝေး
ပြီးတာနဲ့ချက်ချင်းထွက်လာတာ.... ဘာနဲ့လာ
လဲဆိုတော့ ဟိုမှာလေ....."
ပိုးလေး တို့နဲ့ခပ်ဝေးဝေးမှာစက်ရပ်ထားသည့်
ဂျက်လေယာဥ်တစ်စီးနဲ့အတူ pilot တစ်
ယောက်လဲရှိနေသည် ။ ဦး ကအခုလို သူ့ကို
အလေးနက်ထားတယ်ဆိုတာသိရတော့ ရူး
မတတ်ပျော်ရွှင်မိသည် ။ သူလူရွေးမမှားခဲ့
ဘူး.....။
" ဦးဂုဏ် ရောက်လာပြီလား..."
အတက်အကျမရှိတည်ငြိမ်နေတဲ့ အကိုမာန် ရဲ့
စကားကအရင်ကလိုအေးစက်မနေတော့...။ ဦး
နဲ့ အကိုမာန် ကစီးပွားရေးပါတနာတွေအဖြစ်
လက်တွဲလာတာ ၃နှစ်ရှိသွားပြီဆိုတော့ နှစ်ဦး
နှစ်ဖက်ကြားကအဖုအထစ်လေးတွေလဲ
ပျောက်ကွယ်သွားချေပြီ ။
" Mr. Xiao ..... အနှောက်ယှက်ပေးမိပါပြီ "
မာန့် ကိုလေးစားစွာနှုတ်ဆက်လာတဲ့ ဂုဏ်ရှိန်
သွေး ကို မာန် ကပြုံးပြရင်းခေါင်းရမ်းကာငြင်း
ဆိုလိုက်သည် ။
" မဟုတ်တာဘဲ... အေးအေးဆေးဆေးအနား
ယူပါ... "
" အကိုမာန်.... ကျွန်တော် ကြိုက်တဲ့အိမ်မှာနေ
လို့ရလား..."
ဦးဂုဏ် ဘေးကနေဝမ်းသာအားရမေးလာတဲ့
ပိုးပြည့်စုံ ကိုခေါင်းငြိမ့်ပြလိုက်သည်နှင့် သူ့
လင်လက်ကိုဆွဲကာ သစ်လုံးအိမ်တွေဘက်ကို
ပြေးထွက်သွားတော့သည် ။ သောင်ပြင်ပေါ်မှာ
ကျန်ခဲ့တဲ့ မာန် ကညဘက်အစီစဥ်တွေအတွက်
ကျွန်းပေါ်ကအလုပ်လုပ်သူတွေကို လိုအပ်တာ
တွေညွှန်ကြားရင်းကျန်နေခဲ့တော့သည် ။
..................................
" ဦးဦး ရေ...... အာ..."
ဦးဂုဏ် နဲ့ ပိုးလေး ကြားမှာထိုင်နေတဲ့ ချစ်မွှေး
လေးက သူ့ဦးဦး နှစ်ယောက်ကိုခိုင်းစားလို့
နေသည် ။ လုံးဝန်းတဲ့လမင်းကြီးအောက်မှာ
စီစဥ်ထားသည့်မိသားစုမီးပုံပွဲလေး....။ ချစ်
မွှေးအကြိုက်အသားကင်တွေပါတော့ သူ့ဦးဦး
ကိုခိုင်းစားလို့ပိုကောင်းနေတော့တယ် ။
" ဖြည်းဖြည်းစား... သေချာဝါးပြီးမှမျိုချရ
မယ်နော်..."
" ဝုတ်ယဲ့..."
ဦးဦးဂုဏ် ခွန့်ပေးနေတဲ့အသားကင်ကို မရမက
ပါးစပ်ထဲသွပ်ထည့်ထားတာကြောင့် ပြန်ဖြေ
လိုက်တဲ့စကားကမပီမသဖြစ်နေတဲ့ ဝက်ပုတ်
ကလေး...။ ကိုကို ခွံ့ကျွေးတဲ့အသားကင်လေး
တွေစားရင်း ရှိုင်းစေ ရှေ့မှာမိသားစုလေးလို
ဖြစ်နေတဲ့ ပိုးလေးတို့ ၃ ယောက်ကိုကြည့်ကာ
ပြုံးလိုက်မိသည် ။
" ပိုးလေး... ချစ်မွှေး ကိုအရမ်းအလိုမလိုက်နဲ့
ဟိုက မင်းကိုရောင်းစားသွားလိမ့်မယ် "
ချစ်မွှေး ပါးစပ်ကဆီတွေကို တစ်ရှူးလေးနဲ့
သုတ်ပေးနေတဲ့ ပိုးလေး ကခပ်ပြုံးပြုံးဖြင့်
ရှိုင်းစေ ကိုလှည့်ကြည့်လာသည်။
" ချစ်မွှေး သာလိုချင်ရင် ငါ့ကိုရောင်းစရာ
တောင်မလိုဘူး ငါ့အမွေတွေအကုန်လုံး ချစ်
မွှေး ကိုပေးလိုက်မှာ..ချစ်မွှေး ဆီက ဦးဦးရေ
သားပိုက်ဆံလိုနေတယ်လို့တစ်ခွန်းတည်းပြော
လိုက် "
အစားမက်နေတဲ့ ချစ်မွှေး ရဲ့ ပါးဖောင်းဖောင်း
ကြီးကို ဖွဖွဆွဲလိုက်တော့ ပိုးလေး ကိုမော့
ကြည့်ကာ ဟီးခနဲရယ်ပြသည် ။ ဒီဝက်ပုတ်
ကလေးက အစားရှိနေရင် ဘယ်သူဘာပြော
ပြောမသိတော့ဘူး..။
" စျာန်ဟိဏ်း ကအသုံးဖြုန်းကြီးပုံနဲ့ မင်းတို့
အလိုလိုက်နေတာနဲ့တော့ အင်း....."
မာန် ကခပ်စစရယ်ရင်းပြောလိုက်တော့ ပိုး
လေး က ဘေးမှာထိုင်နေတဲ့ ချစ်မွှေးကို သူ့
ပေါင်ကိုဆွဲတင်လိုက်သည်။
" အသုံးကြီးလဲဘာဖြစ်လဲ... စီးပွားရေးဘုရင်
ကြီး ဖေဖေမာန် နဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်း
ရှင် ဦးဦးဂုဏ် ကဘာလုပ်ဖို့ထားတာလဲ... ချစ်
မွှေး က ဟိုး..ကောင်းကင်က ဓူဝံကြယ်လို
အလင်းလတ်ဆုံးဖြစ်နေရမှာ....နော် "
" ဖောင်း...ဖောင်း ရုတ်မယ်...."
ကြယ်တွေအကြောင်းပြောတော့ ချစ်မွှေး က
မီးရှူးမီးပန်းဖောက်ဖို့ သတိရသွားချေပြီ။
" ဟုတ်ပြီဗျာ... မီးရှူးပန်းသွားဖောက်ကြမယ်..
ဦးရေ...သွားကြမယ် "
ချစ်မွှေး ကိုပွေ့ကာထပြေးသွားတဲ့ ပိုးလေး
ကြောင့် ဂုဏ် လဲအမြန်ထကာ မီးရှူးပန်းတွေ
ထည့်ထားတဲ့ဗူးကိုယူပြီး ကလေးနှစ်ယောက်
နောက်လိုက်ရတော့သည်။ ဒီကလေးနှစ်
ယောက်က ထိန်းမရသိမ်းမရလေးတွေကြောင့်
မလို့ အမြဲမျက်စိအောက်ကအပျောက်ခံလို့မ
ဖြစ်ပေ...။
ချစ်မွှေး တို့ကခပ်လှမ်းလှမ်းမှာ မီးပန်းဖောက်
နေကြပြီဆိုတော့ ရှိုင်းစေ မီးပုံဘေးကနေထ
ကာ ချစ်မွှေး တို့နားသွားဖို့လုပ်လိုက်သည် ။
သို့သော် ဆက်ခနဲပွေ့ချီလိုက်တဲ့တစ်စုံတစ်
ယောက်ကြောင့် ထိုလူရဲ့နွေးထွေးတဲ့ရင်ခွင်ထဲ
ဆင်းသက်သွားရသည်။
" ကိုကို!!...."
" ကိုယ့် နားနေပါဦး..baby ရယ်..."
ကျွန်းပေါ်မှာတပ်ဆင်ထားသည့် အဝါရောင်
မီးမှိန်မှိန်လေးတွေကြောင့် ကမ်းစပ်တစ်
လျှောက်လုံး နွေးထွေးသာယာသည့်ခံစား
ချက်ကိုခံစားရစေသည် ။ လှိုင်းပုတ်သံတွေ
နှင့် လေနုအေးအေးကြောင့် မာန် ရင်ခွင်ထဲ
ပွေ့ချီထားတဲ့ Baby ကိုကမ်းစပ်အနီးမှာချ
ပေးလိုက်သည် ။
" ချစ်စရာကောင်းတဲ့ သားလေးနဲ့အတူ ကိုယ့်
ဘဝကြီးကိုပြီးပြည့်စုံစေတဲ့အတွက် ကျေးဇူး
တင်ပါတယ်......Baby "
တင်းကြပ်စွာဆုပ်ကိုင်မိထားတဲ့ လက်ဖမိုး
အိအိကလေးကိုဆွဲယူနမ်းရှိုက်တော့ မာန်
သိပ်သဘောကျရတဲ့ ကျောက်စိမ်းရောင်
မျက်လုံးလေးတွေဖြင့်မော့ကြည့်လာသည် ။
" ဟင့်အင်း.... Baby ကကျေးဇူးတင်ပါတယ်
မှောင်မိုက်နေတဲ့ Baby ဘဝကိုအလင်းရောင်
တွေနဲ့တောက်ပစေတဲ့အတွက်...။ Baby ဘဝ
ကိုကယ်တင်ပေးခဲ့တဲ့အတွက် ။ Baby ကို
သာယာအေးချမ်းတဲ့မိသားစုဘဝလေး ဖန်တီး
ပေးခဲ့တဲ့အတွက်... ။ ကိုကို Baby လေ ကိုကို
ထင်ထားတာထက်ပိုပြီး ကိုကို့ ကိုချစ်တယ် "
လင်းလတ်တောက်ပနေတဲ့ Baby မျက်လုံး
လေးတွေက Baby နှလုံးသားထဲကစကား
တွေကို မာန့် ဆီတစ်ဆင့်သယ်ဆောင်လာပေး
သလိုမျိုးစူးရှနေ၏ ။ မာန့် ကိုအဆုံးမရှိချစ်
ပေးမယ့် မာန့် လူသားလေး...။ Baby ရဲ့အချစ်
ကအဆုံးမရှိသလို မာန့် အချစ်ကလဲ ဘယ်
တော့မှသေဆုံးမသွားဘူး...။
Baby နဲ့သာစတင်ခဲ့တဲ့ချစ်ခြင်းက Baby တစ်
ယောက်တည်းအတွက်သာ ရှင်သန်တယ်...။
" မြတ်နိုးတယ်....Baby "
" Baby ကိုနမ်းပါဦး......"
ထပ်တူကျသွားတဲ့နှုတ်ခမ်းတစ်စုံရဲ့နောက်မှာ
စကားလုံးပေါင်းများစွာရှိတယ်... ဒါပေမယ့် မ
လိုအပ်တော့ဘူး...။ စကားတစ်ခွန်းလေး
တောင်မလိုအပ်တော့တဲ့ထိ နီးစပ်နေကြပြီ
မို့.....။
ကောင်းကင်ယံမှာ တစ်ဖွားဖွားလင်းလတ်နေ
တဲ့မီးပန်းတွေအောက်မှာ အလှပဆုံးအနမ်း
တွေနဲ့ ချစ်ခြင်းတွေဖော်ကြူးနေကြတဲ့ လူနှစ်
ယောက်...။
ဦးဦးဂုဏ် ရဲ့ဂုတ်ကိုစီးကာပျော်ရွှင်နေတဲ့ ချစ်မွှေးလေးနဲ့ မီးရှူးပန်းတွေဖောက်လိုက် ချစ်
မွှေး ကိုမော့နမ်းလိုက်လုပ်နေတဲ့ ပိုးပြည့်စုံ....။
သိပ်ကိုလှတဲ့ ပန်းချီကားလေးက ဒီကမ်းစပ်
လေးက အစချီလို့ သံသရာတစ်လျှောက်လုံး
လှပနေတော့မှာသေချာသည်။
____________________END____________________________________________________
Eternal Love လေးက တကယ်အဆုံးသတ်သွားပါပြီ ။ ပြီးတော့ EL ရဲ့ S2 ကမရေးဖြစ်တာသေချာသွားပါပြီနော် ။
မြတ်နိုးခြင်းများစွာဖြင့်....Aster
#23.7.2021
Zawgyi
********
" ပ့ပ့ ဝါဝါယေးနော်... "
ပေါ်ကထလာလိုက်သည် ။
ချင်လို့..."
မယ်..."
ဈာန်ဟိဏ်း က ပါပါး ချစ်လေး... ဘယ်အချိန်
" ဦးဦး ယေ......"
** ဒုန်း ဒုန်း **
ထွက်ခဲ့လိုက်သည် ။ ချစ်မွှေး လေးလက်နာ
နောက်ကျရော့မယ်...."
ပေးသည် ။
အဝတ်စားလဲလိုက်သည် ။ အပြင်က စကား
ထားကြသည်..။
လာ.."
" ဦးဦး နဲ့နေမှာပါချို......"
မှုတွေအပြည့်ပေးတယ် ။
.......................................
ယေ..."
ရမည် ။
ကြမယ်နော်..."
" ဟုတ်!!! "
ကောင်းနေလောက်ပြီ..။
" ပေပေ!!.... ပ့ပ့ ပါဖစ်တာယဲ.."
ကလဲနွမ်းလျလျလေး...။
တော့တာဘဲ...။
နေနော် "
စိုက်လိုက်ကြည့်သည် ။
" ပ့ပ့ နေအကောင်းဝူးရာ.... "
ဝက်ပေါက်ကလေးလို...။
ခဏနေဦးနော် "
သူ့ပါပါးရဲ့စကားကိုကြားတော့ ဈာန်ဟိဏ်း
လေးကျလို့......။
လျှောက်သွားနေမိသည် ။
လိုက်သည် ။
" ဘယ်သူလဲ မှန်းကြည့်...."
" ဦး!! "
လိုက်တော့သည် ။
မှတ်မိနေတာဘဲ..."
ဝန်းတွေနဲ့ဆုံတယ်...။
မလိုက်နိုင်ဘူးဆို...."
ပါတဲ့လေ..."
သတိရသွားသည် ။ ဟက်.... ချစ်မွှေးလောက်
ရောဘာနဲ့ရောက်လာတာလဲ..."
လဲဆိုတော့ ဟိုမှာလေ....."
ယောက်လဲရှိနေသည် ။ ဦး ကအခုလို သူ့ကို
မတတ်ပျော်ရွှင်မိသည် ။ သူလူရွေးမမှားခဲ့
ဘူး.....။
" ဦးဂုဏ် ရောက်လာပြီလား..."
ဆိုလိုက်သည် ။
ယူပါ... "
လို့ရလား..."
ပြေးထွက်သွားတော့သည် ။ သောင်ပြင်ပေါ်မှာ
..................................
" ဦးဦး ရေ...... အာ..."
မယ်နော်..."
" ဝုတ်ယဲ့..."
ပြုံးလိုက်မိသည် ။
လိုက် "
ပြောမသိတော့ဘူး..။
" ဈာန်ဟိဏ်း ကအသုံးဖြုန်းကြီးပုံနဲ့ မင်းတို့
" ဖောင်း...ဖောင်း ရုတ်မယ်...."
ဦးရေ...သွားကြမယ် "
နောက်လိုက်ရတော့သည်။ ဒီကလေးနှစ်
ဖြစ်ပေ...။
ဆင်းသက်သွားရသည်။
" ကိုကို!!...."
ချက်ကိုခံစားရစေသည် ။ လှိုင်းပုတ်သံတွေ
ပေးလိုက်သည် ။
တင်ပါတယ်......Baby "
ပေးခဲ့တဲ့အတွက်... ။ ကိုကို Baby လေ ကိုကို
" မြတ်နိုးတယ်....Baby "
" Baby ကိုနမ်းပါဦး......"
လိုအပ်တော့ဘူး...။ စကားတစ်ခွန်းလေး
မို့.....။
ယောက်...။
____________________END____________________________________________________
#23.7.2021
Continue Reading
You'll Also Like
254K 16.2K 37
แ€„แ€ซแ€ทแ€˜แ€แ€™แ€ฝแ€ฌโ€‹ โ€‹แ€ฑแ€œแ€ฌแ€˜แ€แ€€แ€นโ€‹แฟแ€•แ€ฎแ€ธ แ€•แ€ญแ€ฏแ€„แ€นโ€‹แ€†แ€ญแ€ฏแ€„แ€นโ€‹แ€แ€บแ€„แ€นโ€‹แ€แ€ฒแ€ทแ€แ€ฌแ€™แ€บแ€ญแ€ณแ€ธแ€†แ€ญแ€ฏแ€แ€ฌ แ€™แ€„แ€นโ€‹แ€ธแ€”แ€ฒแ‚”แ€™แ€ฝ แ€ปแ€–แ€…แ€นโ€‹โ€‹แ€ฑแ€•แšแ€œแ€ฌแ€แ€ฌแ€•แ€ซ แ€ฑแ€’แ€ซแ€žโ€‹แ€ฑแ€แ€ผแŠแ€™แ€ฌแ€”แ€นโ€‹แ€™แ€ฌแ€”โ€‹แ€ฑแ€แ€ผแ€”แ€ฒแ‚”โ€‹แ€ฑแ€™แ€บแ€ฝแ€ฌแ€นโ€‹แ€œแ€„แ€นโ€‹แ€ทแ€แ€บแ€€แ€นโ€‹แ€€แ€„แ€นโ€‹แ€ธแ€™แ€ฒแ€ทโ€‹แ€ฑแ€”แ€แ€บแ€ญแ€”แ€นโ€‹ แ€•แ€‘แ€™แ€†แ€ถ...
797K 59.7K 52
แ€™แ€„แ€บแ€ธแ€”แ€ฒแ€ทแ€†แ€ญแ€ฏแ€›แ€„แ€บ แ€žแ€ฑแ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€„แ€บ แ€”แ€ฌแ€ธแ€›แ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€›แ€ฒแ€แ€šแ€บแ‹ แ€™แ€„แ€นแ€ธแ€”แ€ฒแ‚”แ€†แ€ญแ€ฏแ€›แ€„แ€น แ€ฑแ€žแ€™แ€„แ€นแ€ธแ€€แ€ญแ€ฏแ€ฑแ€แ€ฌแ€„แ€น แ€”แ€ฌแ€ธแ€›แ€„แ€นแ€ธแ€กแ€ฏแ€•แ€นแ€›แ€ฒแ€แ€šแ€นแ‹ Book Cover by Lucy Xellies
965K 50.3K 44
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...