ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

487K 53.5K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၂၆)

4.3K 507 13
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၂၆)

TRANSLATOR - SS

--------------------

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ ဖူချင်း၏ မုခ်သုံးဝရှေ့၌ ရပ်နေကြသည်။

ဖူချင်းမှာ ပြဿဒ် သုံးဆောင်ရှိပြီး တစ်ဆောင်ဆီ၌ ဘုံသုံးဆင့် သုံးလွှာရှိလေသည်။

"ဖူချင်းမှာ ဘာလို့ ဝင်ပေါက် သုံးပေါက်တောင် ခွဲထားတာလဲ" ရန်ရှီးနဉ် မေးလိုက်သည်။ "ကျွန်မတို့ ဘယ်အပေါက်ဝက ဝင်ရမှာလဲ"

"ရှင်မက ဘယ်အပေါက်က ဝင်ချင်သလဲ" ဖေ့ကျင်းက ပြန်မေး၏။

လက်ဝဲဘက် မုခ်ဝဆီမှ တူရိယာ တေးသံစုံ ပြန့်လွင့်လာသည်ကို ရန်ရှီးနဉ် ကြားလိုက်ရသည်။ "လက်ဝဲဘက်ကို ဝင်ချင်တယ်"

"ရှင်မ၊ လက်ဝဲဘက်ကို ဝင်လို့ မသင့်လျော်ဘူးနော်" ဖေ့ကျင်းက ဆိုသည်။

"ဘာဖြစ်လို့လဲ" ရန်ရှီးနဉ် ပြန်မေးလေသည်။

ဖေ့ကျင်းက ရန်ရှီးနဉ်၏ နားအနား ကပ်တိုးပြန်ရှင်းပြလိုက်ရာ သူမ မျက်နှာ နီသွေးလာတော့လေ၏။ "အဲ့သလို နေရာမျိုး ရှိတယ်လား"

ဖေ့ကျင်းကလည်း ထိုနေရာမျိုးကို ကြားရုံသာ ကြားဖူး၍ အထဲမဝင်ဖူးသည့်အလား ရိုးသားဖြူစင်ဟန်ကလေးနှင့် ခေါင်းညိတ်ပြလေသည်။

"အလယ်ပေါက်ကရော" ရန်ရှီးနဉ် မေးလိုက်သည်။

"အဲ့နေရာကမှ တကယ့် အစားအသောက်တွေ တည်ခင်းရောင်းတာ" ဖေ့ကျင်းက ဆိုသည်။

ထိုအခါ ရန်ရှီးနဉ်သည် လက်ယာဘက် မုခ်တံခါးကို လှမ်းကြည့်လိုက်ကာ ပြုံး၍ ရွှတ်နောက်နောက်ဆိုတော့သည်။ "ဒါဆို အဲ့ဒီဘက် လက်ယာဆောင်မှာတော့ လုလင်အချောလေးတွေ တည်ခင်း ရောင်းချမှာပေါ့နော်"

ဖေ့ကျင်း စိတ်ထဲ နိိမိတ်မကောင်းတော့သလို၊  ထူးဆန်းလာမိတော့၏။ 

အမှန်တကယ်ပင် ဖေ့ကျင်းတစ်ယောက် ရန်ရှီးနဉ်နောက်မှနေ၍ လက်ယာဘက်အဆောင်ထဲ ဝင်လိုက်ခဲ့ရလေသည်။ သူနှင့် သိသော မည်သူ့ကိုမှ ထိုနေရာတွင် မဆုံမိစေရန် မိုးနတ်မင်းဆီသာ ဆုတောင်းနေရတော့၏။ ကြင်နာတတ်သော နဝမမင်းသားက ထိုသို့သော နေရာမျိုးကို လည်ပတ်သွားလာတတ်သည်ဟု အများသိသွားကြလျှင် ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြရမည် မလွဲ။

"ကျုပ်က အချောလေးတွေနဲ့ ကစားမလို့" ဟု ရန်ရှီးနဉ် စကား စလိုက်လေ၏။

ရရန်ရှီးနဉ်နှင့် ဖေ့ကျင်းကို အနက်ရောင် ပန်းထိုးဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က လာနှုတ်ဆက်ပြီး အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်သွားလေသည်။

ရန်ရှီးနဉ်ကတော့ အလှလေးများကို မြင်ရ၍ အင်မတန် သဘောကျနေ၏။ အချောအလှလေးများအားလုံးမှာ နှုတ်ခမ်းရောင် နီစွေးစွေး၊ သွားတန်း ဖြူဖြူလေးနှင့် ဖော်ရွှေပျူငှာကြသော လုလင်ပျိုလေးများချည်းဖြစ်လေသည်။

ဖေ့ကျင်း ရန်ရှီးနဉ် ခါးကို လိန်ဆွဲလိုက်တော့သည်။ "ပျော်လို့ မဝသေးဘူးလား"

ရန်ရှီးနဉ်သည် ဖေ့ကျင်းကို မျက်စောင်းထိုးလိုက်ရင်း ယပ်တောင်ကို ထုတ်ကာ မိမိမျက်နှာရှေ့ အသာခတ်ရင်း ဆိုလိုက်လေသည်။ "ဒါပေါ့၊ ကြည့်မဝသေးဘူး" 

ရန်ရှီးနဉ် သူမ၏ ဝန်းကျင်ကို ကြည့်လိုက်တော့ ဧည့်သည်အများစု ဒုတိယထပ်သို့ တက်သွားသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမလည်း ဒုတိယထပ်ကို တက်လိုက်သွားတော့၏။

ဒုတိယထပ်မှာ ဧည့်သည်များကို ဧည့်ခံ မေးမြန်း အခစားပေးနေသော ယောက်ျားပျိုတစ်ယောက်ရှိသည်။ ထိုသူက ရန်ရှီးနဉ် ယုံကြည်ချက်အပြည့်ဖြင့် ဝင်လာသည်ကို တွေ့သောအခါ လာနေကျ ဖောက်သည်ဟု ထင်သွားခဲ့လေသည်။

"သခင်၊ ပုံမှန် လူကိုပဲ တွေ့မှာလား" ထိုသူက မေးလေသည်။

ထိူသူမှာ အသက် ၃၀ ခန့်အရွယ်ရှိပြီး ချောမောခံ့ညားသူဖြစ်သည်။ အသံကလည်း ချိုသာ ငြိမ့်ညောင်းသော အသံမျိုးဖြစ်၏။

"ပုံမှန် လူကို တွေ့ရမှာလား" ရန်ရှီးနဉ် ပြန်မေးတော့လေသည်။

ရန်ရှီးနဉ် အူကြောင်ကြောင်နှင့် ဖေ့ကျင်းအား ပြန်လှည့်ကြည့်လိုက်သည်ကို တွေ့တော့ ဧည့်သည် အသစ်များဖြစ်ကြောင်း သူ သဘောပေါက်သွားတော့သည်။ ဖေ့ကျင်းသာလျှင် ကုန်ကျစရိတ်စိုက်ထုတ်မည့် ငွေရှင်ဖြစ်ကြောင်းလည်း ရိပ်မိသွားလေသည်။

ဖေ့ကျင်း ရန်ရှီးနဉ် ပခုံးပေါ် လက်တစ်ဖက်တင်ထားလိုက်သည်။

"မလိုတော့ဘူး၊ ကျုပ်တို့ကို အခန်းလွတ်တစ်ခန်းပဲ ပြင်ပေးပါ" ဟု ဖေ့ကျင်း ပြောလိုက်သည်။

ထိုစဉ် ဧည့်သည်တစ်ဦး ကြားဖြတ်ဝင်လာကာ ဧည့်ကြိုအမျိုးသားကို ငွေလှေတုံး ၅၀ တန်ဖိုးနှင့် ညီသည့် ငွေစက္ကူတစ်ချပ်ပေးလိုက်လေသည်။ "ချန်အမျိုးကောင်းသား ဒီည ကျုပ်ကို ယွဲ့ဖုန်း ပြုစုပေးတာပဲ လိုချင်တယ်"

ချန်အမျိုးကောင်းသားလည်း ငွေစက္ကူကို ယူလိုက်ပြီး ဧည့်သည်အား ယွဲ့ဖုန်း၏ နာမည်ပြားပေးလိုက်တော့သည်။

ရန်ရှီးနဉ်သည် ဧည့်သည်နှင့် ချန်အမျိုးကောင်းသားတို့၏ စကားဖလှယ်ခြင်းကို တွေ့ကာမှ ပုံမှန် လူနှင့် တွေ့သည်ဟူသော စကားကို နားလည်သဘောပေါက်သွားတော့လေ၏။

ရန်ရှီးနဉ် အစောပိုင်းက အပေါင်ဆိုင်မှာ လဲလာသော ငွေလှေတစ်ရာတန် စက္ကူ ဆယ်ရွက်မှ တစ်ရွက်ကို ထုတ်ကာ ချန်အမျိုးကောင်းသားအား ပေးလိုက်လေသည်။ "ကျုပ်... ကျုပ်တို့အတွက် ချန်အမျိုးကောင်းသားပဲ သင့်သလို စီမံပေးလိုက်ပါ"

ရန်ရှီးနဉ်သည် အတုမြင် အတတ်သင်မြန်လှချည်လားဟုသာ ဖေ့ကျင်းတစ်ယောက် တွေးနေမိတော့၏။

ချန်အမျိုးကောင်းသားလည်း ရန်ရှီးနဉ်၏ ငွေကို လက်ခံယူလိုက်ပြီး ဖုန်းစူးနှင့် ယွိလွီတို့၏ နာမည်ကတ်ပြားကို သူမအား ပြန်ပေးလိုက်သည်။ နောက်တော့ ရန်ရှီးနဉ်နှင့် ဖေ့ကျင်းတို့ကို အခန်းလွတ်တစ်ခုဆီ ခေါ်သွားခဲ့လေသည်။

အခန်းထဲမှာတော့ ကုတင်နှစ်လုံး ရှိနေသည်။ ချောမော ခံ့ညားသော ယောက်ျားပျိုတို့၏ ပုံတူပန်းချီကားများနှင့် ကျောက်ဖြူသား စားပွဲတစ်လုံးလည်း ရှိ၏။ စားပွဲပေါ်မှာကား ပန်းအိုးတစ်လုံး။ အမွှေးနံ့သာအိတ်တစ်လုံးနှင့် လက်ဖက်ရည် ကရား ခွက် တစ်စုံ။

ရန်ရှီးနဉ် လုလင်ပျို ပန်းချီကားကို အချိန်အကြာကြီး ကြည့်မိသွားသောအခါ ဖေ့ကျင်းက ပန်းချီကားကို နံရံပေါ်မှ ဆွဲဖြုတ်ချကာ ကြမ်းပြင်ပေါ် ပစ်ချလိုက်လေသည်။

"အစ်ကိုကြီး ဘာလုပ်တာလဲ" ရန်ရှီးနဉ် မေးလေ၏။

"ရှင်မ၊ မင်းခင်ပွန်းက ပိုချောတာကို မတွေ့ဘူးလား"

ရန်ရှီးနဉ်လည်း ဖေ့ကျင်းအား ခေါင်းအစခြေအဆုံးကြည့်လိုက်ကာ "မတွေ့ပါဘူး" ဟု ပြန်ဖြေလေသည်။

ဖေ့ကျင်းတစ်ယောက် ရန်ရှီးနဉ်ကို အိမ်တော်အပြင်ခေါ်လာမိသည်ကို နောင်တ စရတော့၏။

ရန်ရှီးနဉ်ကတော့ ဖေ့ကျင်း စိတ်မကြည်မသာ ဖြစ်သွားရသည်ကိုကြည့်ရင်း ရွှင်မြူးနေတော့လေသည်။

ဖုန်းစူးနှင့် ယွိလွီတို့ ဝင်လာတော့ ရန်ရှီးနဉ်နှင့် ဖေ့ကျင်း အိပ်ရာပေါ်၌ လက်ဖက်ရည်ကြမ်း သောက်နေကြချိန်ဖြစ်၏။

ရန်ရှီးနဉ်သည် သူမလက်ထဲမှ ရေနွေးခွက်ကို အနီးရှိ ကျောက်ဖြူသား စားပွဲပေါ် ချထားလိုက်သည်။ လုလင်ပျိုနှစ်ယောက်မှာ ၁၆ နှစ်ခန့်သာ ရှိဦးမည်။ သူတို့၏ ဆံနွယ်ရှည်များက ပိုးသားပိတ်လွှာပါးပမာ ပျော့အိ နူးညံ့နေသည်။ နဖူးပြင်အလယ်၌ အနီရောင် ပန်းပွင့်တစ်ပွင့်စီ ရေးခြယ် အလှဆင်ထား၏။ သူတို့၏ ခြေလှမ်းများကတော့ သိမ်မွေ့ညင်သာကြလေသည်။

ရန်ရှီးနဉ် မျက်လုံးကလေးများ ပြူးကျယ်သွားရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်ကို ဖေ့ကျင်းတွေ့သည်။ အရင်တုန်းက သူမ အဆင်ငမ်းတတ်သည်ကို သူ မသိခဲ့။ သို့ဆိုလျှင် သူ့ကိုရော သူမ ယခင်က ငေးမောကြည့်နေခဲ့ဖူး၏လား သူ သိချင်မိလာသည်။ သူ ထိုလူငယ်နှစ်ယောက်အား မိမိကိုယ်တိုင်နှင့် နှိုင်းယှဉ်ကြည့်မိတော့ ရန်ရှီးနဉ်သည် အားနွဲ့ဟန်မူပိုသော လုလင်ငယ်ကလေးများကို နှစ်သက်ခြင်းဖြစ်ရမည်ဟု တွေးထင်မိတော့၏။

ဖုန်းစူးက ရန်ရှီးနဉ် ရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ "သခင်၊ ဖုန်းစူးက သခင့်ကို အလုပ်အကျွေး ပြုစုပါမယ်" ဟု ဆိုသည်။

ယွိလွီကလည်း ဖေ့ကျင်း ရှေ့ဒူးထောက်ချကာ ဆို၏။ "သခင်၊ ယွိလွီက သခင့်ကို ပြုစုပေးပါမယ်"

ဤသို့သော အမှုများ၌ ရန်ရှီးနဉ်မှာ အတွေ့အကြုံမရှိရကား နေမထိထိုင်မတတ် ဖြစ်နေရလေသည်။ သူမ ဖေ့ကျင်းကို လှမ်းကြည့်လိုက်တော့လည်း ဖေ့ကျင်းက 'ဒီနေရာက မင်းနဲ့ မသင့်တော်' ဟူသော အကြည့်များ ပြန်ပေးနေသည်ကို တွေ့တော့ သူမ ကျောကို ပြန်မတ်လိုက်လေ၏။

ရန်ရှီးနဉ် ယပ်တောင်ဖြင့် ဖုန်းစူး၏ မေးကို ထောက်ကာ ဆွဲမော့လိုက်လေသည်။ "မင်းက ကျုပ်ကို ဘယ်လို ပြုစုခစားချင်တာလဲ"

ဖေ့ကျင်း အခါးရည် နင်ရချေပြီ။

ယွိလွီလည်း လက်ကိုင်ပဝါ တစ်ထည်အမြန်ထုတ်ကာ ဖေ့ကျင်း မျက်နှာ စင်သွားသော အခါးရည်များကို သုတ်ပေးရန် ပြုသည်။ သို့သော် ယွိလွီ ခန္ဓာကိုယ်က ဖေ့ကျင်းနှင့် နီးကပ်လွန်းလာသောကြောင့် ဖေ့ကျင်းအလိုအလျောက် နောက်ဆုတ်သွားမိလေသည်။

"ကျုပ်ဖာသာ သုတ်လိုက်မယ်"

ဖေ့ကျင်း ဖုန်းစူးကိုသာ မျက်စောင်းလှမ်းခဲနေလိုက်သည်။ ဖုန်းစူးသာ ရန်ရှီးနဉ်ကိုယ်ကို ထိရဲပါက သူ ဖုန်းစူးကို ကုတ်မှဆွဲ၍ ပြတင်းပေါက်အပြင်သို့ ပစ်ချလိုက်တော့မည်။

ကံကောင်းချင်တော့ ဖုန်းစူးသည် ရန်ရှီးနဉ်၏ ကိုယ်ကို မထိ။ "သခင်က ခစားစေချင်တဲ့ အတိုင်း ခစားပေးမှာပါ"

ရန်ရှီးနဉ် ကြက်သီးများပါ ထမိသွားရသည်။ "ပြီးတာပဲ"

ထိုစဉ် အခိုက်အတန့်၌ စားပွဲထိုးတစ်ယောက် စားသောက်ဖွယ်ရာများနှင့် ယမကာဖျော်ရည်ကရားတို့ကို အခန်းထဲ လာပို့ပေးလေသည်။

စားစရာနှင့် သောက်စရာတွေ့လိုက်သည်နှင့် ရန်ရှီးနဉ်သည် အချောအလှလေးများကို လျစ်လျူရှုမိလိုက်တော့သည်။ သူမ တူတစ်စုံကို ကောက်ယူတော့မည့်စဲစဲ၊ ဖုန်းစူးက ပိုလက်သွက်သွားလေသည်။

ဖုန်းစူးက တူဖြင့် ပုစွန်တစ်ကောင်ကို ညှပ်ယူပြီး ရန်ရှီးနဉ် နှုတ်ခမ်းဝသို့ တေ့ပေးသည်။ "သခင် ကျွန်တော်က ပြုစုပါမယ်"

ရန်ရှီးနဉ် ဖေ့ကျင်းကိူ လှမ်းကြည့်လိုက်တော့သည်။ သူ သူမကို ပြုံးပြနေသေးသော်လည်း သူ့အပြုံးက 'ရှင်မ၊ သူ ခွံ့တာ စားရဲ စားကြည့်' ဟု ခြိမ်းခြောက်မှုတစ်ရပ်မြည်သည်မှန်း သူမ သိသည်။

ရန်ရှီးနဉ်လည်း ဖေ့ကျင်းအား ပြန်ပြုံးပြလိုက်ကာ ပါးစပ်ဟပေးလိုက်သည်။

ဖေ့ကျင်းသည်လည်း ယွိလွီ ငှဲ့ပေးသော ဝိုင်ခွက်ကို ဒေါသတကြီးယူ၍ တစ်ကြိုက်တည်း မော့တော့လေသည်။

ရန်ရှီးနဉ်ကတော့ ဝိုင်ရနံ့ကို အနံ့ခံကြည့်ရင်း သစ်သီးများထက်ပင် မွှေးကြိုင်သည်ဟု ခံစားမိနေတော့သည်။

"အလှလေး၊ မင်း သခင်အတွက် ဝိုင်ငှဲ့ပေးပါဦး" ရန်ရှီးနဉ်က ဖုန်းစူး၏ နူးညံ့အိစက်နေသော လက်ကို ထိတို့ရင်း ဆိုသည်။

ဖေ့ကျင်းမှာတော့ အိမ်တော်ပြန်ရောက်သည်နှင့် ရန်ရှီးနဉ်၏ လက်ကို ခုတ်ဖြတ်လိုက်ရကောင်းမလားဟု တွေးနေမိတော့သည်။ သူ ဘာမှ မပြောဘဲ သေရည် နောက်တစ်ခွက်သာ မော့လိုက်လေသည်။

ယွိလွီသည် ဖေ့ကျင်း၏ ကိုယ်မှ လျှံထွက်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက် အေးစက်မှုများကို ခံစားမိသဖြင့် ဖေ့ကျင်းခွက်ထဲသို့ သေရည် ထပ်၍ ငှဲ့ပေးလိုက်တော့သည်။

တစ်ဘက်မှာတော့ ဖုန်းစူးသည် ရန်ရှီးနဉ် နှုတ်ခမ်းဝအထိ ဝိုင်ခွက်ကို တေ့ပေးနေသည်။ "သခင်၊ ဒါက ထန်ဟွထူပါ... ဖူချင်းရဲ့ အကောင်းဆုံး ယမကာပေါ့"

"သခင်၊ ဖြည်းဖြည်း သောက်ပါ"

ဖုန်းစူး၏ ရင်ဘတ်က ရန်ရှီးနဉ်ရင်နှင့် အပ်မိလုနီးနီးဖြစ်သည်ကိုတွေ့တော့ ဖေ့ကျင်း အံတွေ ကြိတ်မိတော့သည်။

ဖုန်းစူးကတော့ လက်ကိုင်ပဝါကို ထုတ်လို့ ရန်ရှီးနဉ် နှုတ်ခမ်းစွန်းမှ သေရည်စများကို သုတ်ပေးတော့မည့်အချိန်မှာတော့ ဖေ့ကျင်း မတ်တတ်ထရပ်လိုက်ကာ ဖုန်းစူးကို ရန်ရှီးနဉ်နှင့် ဝေးအောင် တွန်းထုတ်မိတော့၏။

ဖေ့ကျင်း ရန်ရှီးနဉ်ကို ပွေ့ဖက်ချုပ်ထားလိုက်ကာ အံ့အားသင့်မင်သက်နေကြသော ဖုန်းစူးနှင့် ယွိလွီတို့နှစ်ယောက်ကို ပြုံးပြလိုက်လေသည်။

"မင်းတို့ နှစ်ယောက်လုံးကို ဒီမှာ မလိုတော့ဘူး" ဖေ့ကျင်းက ဆိုသည်။ "ပြန်အထွက်မှာ တံခါးလေး စေ့ပေးသွား၊ ကျေးဇူး"

ဖုန်းစူးနှင့် ယွိလွီတို့ အခန်းတွင်းမှ ချက်ချင်း ထွက်သွားကြတော့သည်။

အခန်းပြင်ဘက်မှာတော့ ယွိလွီက ဖုန်းစူးအား တီးတိုးပြော၏။ "ဆိုတော့ကာ ငါတို့ ဘာအမှားလုပ်မိလိုက်လို့မှာလဲ"

"ဘာမှ မလုပ်မိဘူးလေ၊ ငါတို့ ကောင်းကောင်းပြုစုပေးတာပဲကို" ဖုန်းစူးက ပြန်ပြောသည်။ "ငါ ခစားပေးတဲ့ သခင်က ငါ့ကို သဘောကျတာပဲ"

"ဒါပေမဲ့ ငါ ခစားရတဲ့ သခင်ကတော့ ငါ့ကို မနှစ်မြို့ဘူး" ယွိလွီက ဆိုသည်။ "သူ ငါ့ကို တစ်ချက်လေးတောင် ပြန်မကြည့်ဘူး၊ သူက မင်း ခစားနေတဲ့ သခင်လေးကိုပဲ ကြည့်နေတာ"

"ဧကန္တ... သူတို့က ချစ်သူစုံတွဲတွေမို့လား" ဖုန်းစူးက ပြောသည်။ "ဒါမှမဟုတ်၊ မင်း ခစားတဲ့ သခင်က ငါ ခစားရတဲ့ သခင်ကို တစ်ဖက်သက် နှစ်သက်နေတာ ဖြစ်မယ်"

"အဲ့ဒါလဲ ဖြစ်နိုင်သားပဲ"

"ငါ ခစားနေတဲ့ သခင်ကရော သူ့ကို ပြန်ချစ်တယ်လို့ မင်း ထင်လား" ဖုန်းစူးက ယွိလွီကို မေးလိုက်လေ၏။

"မသေချာဘူး" ယွိလွီက ပြန်ဖြေသည်။ "အချစ်က အခုမရှိသေးဘူးဆိုရင်တောင် နောက်ပိုင်းမှာ မေတ္တာဆိုတာ ရောင်ပြန်ဟပ်နိုင်တာပဲ၊ ငါ ခစားပေးခဲ့တဲ့ သခင်လေးက တံခါးကို ပြန်ပိတ်ပေးခိုင်းခဲ့တာဆိုတော့... သူ မထိန်းချုပ်နိုင်တော့လို့ ဖြစ်ရမယ်"

ဖုန်းစူးလည်း ခေါင်းညိတ်လိုက်တော့သည်။ "ထန်ဟွထူ မွေးရနံ့က စိတ်ကို ကြွစေတဲ့ သတ္တိရှိတယ်၊ ဒါပေမဲ့ အရမ်းကြီးများသွားရင်တော့ အန္တရာယ်ဖြစ်နိုင်တယ်"

"ဒါ ငါတို့နဲ့ မဆိုင်ပါဘူးလေ" ယွိလွီ ပြောလိုက်သည်။ "အဲ့ဒါ ဧည့်သည်တွေကြားက ကိစ္စပဲ၊ ငါတို့က ချန်အမျိုးကောင်းသားကို တစ်ချက် သတင်းပို့ရင် ရပြီ၊ ငါ ခစားပြုစုပေးရတဲ့ ဧည့်သည်တွေမှ မနည်းဘူး၊ အခုမှ နှင်ထုတ်ခံဖူးတာ"

_

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၂၆)

TRANSLATOR - SS

--------------------

ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ ဖူခ်င္း၏ မုခ္သုံးဝေရွ႕၌ ရပ္ေနၾကသည္။

ဖူခ်င္းမွာ ျပႆဒ္ သုံးေဆာင္ရွိၿပီး တစ္ေဆာင္ဆီ၌ ဘုံသုံးဆင့္ သုံးလႊာရွိေလသည္။

"ဖူခ်င္းမွာ ဘာလို႔ ဝင္ေပါက္ သုံးေပါက္ေတာင္ ခြဲထားတာလဲ" ရန္ရွီးနဥ္ ေမးလိုက္သည္။ "ကြၽန္မတို႔ ဘယ္အေပါက္ဝက ဝင္ရမွာလဲ"

"ရွင္မက ဘယ္အေပါက္က ဝင္ခ်င္သလဲ" ေဖ့က်င္းက ျပန္ေမး၏။

လက္ဝဲဘက္ မုခ္ဝဆီမွ တူရိယာ ေတးသံစုံ ျပန္႔လြင့္လာသည္ကို ရန္ရွီးနဥ္ ၾကားလိုက္ရသည္။ "လက္ဝဲဘက္ကို ဝင္ခ်င္တယ္"

"ရွင္မ၊ လက္ဝဲဘက္ကို ဝင္လို႔ မသင့္ေလ်ာ္ဘူးေနာ္" ေဖ့က်င္းက ဆိုသည္။

"ဘာျဖစ္လို႔လဲ" ရန္ရွီးနဥ္ ျပန္ေမးေလသည္။

ေဖ့က်င္းက ရန္ရွီးနဥ္၏ နားအနား ကပ္တိုးျပန္ရွင္းျပလိုက္ရာ သူမ မ်က္ႏွာ နီေသြးလာေတာ့ေလ၏။ "အဲ့သလို ေနရာမ်ိဳး ရွိတယ္လား"

ေဖ့က်င္းကလည္း ထိုေနရာမ်ိဳးကို ၾကား႐ုံသာ ၾကားဖူး၍ အထဲမဝင္ဖူးသည့္အလား ႐ိုးသားျဖဴစင္ဟန္ကေလးႏွင့္ ေခါင္းညိတ္ျပေလသည္။

"အလယ္ေပါက္ကေရာ" ရန္ရွီးနဥ္ ေမးလိုက္သည္။

"အဲ့ေနရာကမွ တကယ့္ အစားအေသာက္ေတြ တည္ခင္းေရာင္းတာ" ေဖ့က်င္းက ဆိုသည္။

ထိုအခါ ရန္ရွီးနဥ္သည္ လက္ယာဘက္ မုခ္တံခါးကို လွမ္းၾကည့္လိုက္ကာ ၿပဳံး၍ ႐ႊတ္ေနာက္ေနာက္ဆိုေတာ့သည္။ "ဒါဆို အဲ့ဒီဘက္ လက္ယာေဆာင္မွာေတာ့ လုလင္အေခ်ာေလးေတြ တည္ခင္း ေရာင္းခ်မွာေပါ့ေနာ္"

ေဖ့က်င္း စိတ္ထဲ နိိမိတ္မေကာင္းေတာ့သလို၊  ထူးဆန္းလာမိေတာ့၏။ 

အမွန္တကယ္ပင္ ေဖ့က်င္းတစ္ေယာက္ ရန္ရွီးနဥ္ေနာက္မွေန၍ လက္ယာဘက္အေဆာင္ထဲ ဝင္လိုက္ခဲ့ရေလသည္။ သူႏွင့္ သိေသာ မည္သူ႔ကိုမွ ထိုေနရာတြင္ မဆုံမိေစရန္ မိုးနတ္မင္းဆီသာ ဆုေတာင္းေနရေတာ့၏။ ၾကင္နာတတ္ေသာ နဝမမင္းသားက ထိုသို႔ေသာ ေနရာမ်ိဳးကို လည္ပတ္သြားလာတတ္သည္ဟု အမ်ားသိသြားၾကလွ်င္ ပါးစပ္အေဟာင္းသားျဖင့္ အံ့ၾသေနၾကရမည္ မလြဲ။

"က်ဳပ္က အေခ်ာေလးေတြနဲ႔ ကစားမလို႔" ဟု ရန္ရွီးနဥ္ စကား စလိုက္ေလ၏။

ရရန္ရွီးနဥ္ႏွင့္ ေဖ့က်င္းကို အနက္ေရာင္ ပန္းထိုးဝတ္႐ုံဝတ္ဆင္ထားေသာ အမ်ိဳးသားတစ္ေယာက္က လာႏႈတ္ဆက္ၿပီး အေပၚထပ္သို႔ လမ္းျပေခၚေဆာင္သြားေလသည္။

ရန္ရွီးနဥ္ကေတာ့ အလွေလးမ်ားကို ျမင္ရ၍ အင္မတန္ သေဘာက်ေန၏။ အေခ်ာအလွေလးမ်ားအားလုံးမွာ ႏႈတ္ခမ္းေရာင္ နီေစြးေစြး၊ သြားတန္း ျဖဴျဖဴေလးႏွင့္ ေဖာ္ေ႐ႊပ်ဴငွာၾကေသာ လုလင္ပ်ိဳေလးမ်ားခ်ည္းျဖစ္ေလသည္။

ေဖ့က်င္း ရန္ရွီးနဥ္ ခါးကို လိန္ဆြဲလိုက္ေတာ့သည္။ "ေပ်ာ္လို႔ မဝေသးဘူးလား"

ရန္ရွီးနဥ္သည္ ေဖ့က်င္းကို မ်က္ေစာင္းထိုးလိုက္ရင္း ယပ္ေတာင္ကို ထုတ္ကာ မိမိမ်က္ႏွာေရွ႕ အသာခတ္ရင္း ဆိုလိုက္ေလသည္။ "ဒါေပါ့၊ ၾကည့္မဝေသးဘူး" 

ရန္ရွီးနဥ္ သူမ၏ ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ ဧည့္သည္အမ်ားစု ဒုတိယထပ္သို႔ တက္သြားသည္ကို ေတြ႕လိုက္ရေလသည္။ ထို႔ေၾကာင့္ သူမလည္း ဒုတိယထပ္ကို တက္လိုက္သြားေတာ့၏။

ဒုတိယထပ္မွာ ဧည့္သည္မ်ားကို ဧည့္ခံ ေမးျမန္း အခစားေပးေနေသာ ေယာက္်ားပ်ိဳတစ္ေယာက္ရွိသည္။ ထိုသူက ရန္ရွီးနဥ္ ယုံၾကည္ခ်က္အျပည့္ျဖင့္ ဝင္လာသည္ကို ေတြ႕ေသာအခါ လာေနက် ေဖာက္သည္ဟု ထင္သြားခဲ့ေလသည္။

"သခင္၊ ပုံမွန္ လူကိုပဲ ေတြ႕မွာလား" ထိုသူက ေမးေလသည္။

ထိူသူမွာ အသက္ ၃၀ ခန္႔အ႐ြယ္ရွိၿပီး ေခ်ာေမာခံ့ညားသူျဖစ္သည္။ အသံကလည္း ခ်ိဳသာ ၿငိမ့္ေညာင္းေသာ အသံမ်ိဳးျဖစ္၏။

"ပုံမွန္ လူကို ေတြ႕ရမွာလား" ရန္ရွီးနဥ္ ျပန္ေမးေတာ့ေလသည္။

ရန္ရွီးနဥ္ အူေၾကာင္ေၾကာင္ႏွင့္ ေဖ့က်င္းအား ျပန္လွည့္ၾကည့္လိုက္သည္ကို ေတြ႕ေတာ့ ဧည့္သည္ အသစ္မ်ားျဖစ္ေၾကာင္း သူ သေဘာေပါက္သြားေတာ့သည္။ ေဖ့က်င္းသာလွ်င္ ကုန္က်စရိတ္စိုက္ထုတ္မည့္ ေငြရွင္ျဖစ္ေၾကာင္းလည္း ရိပ္မိသြားေလသည္။

ေဖ့က်င္း ရန္ရွီးနဥ္ ပခုံးေပၚ လက္တစ္ဖက္တင္ထားလိုက္သည္။

"မလိုေတာ့ဘူး၊ က်ဳပ္တို႔ကို အခန္းလြတ္တစ္ခန္းပဲ ျပင္ေပးပါ" ဟု ေဖ့က်င္း ေျပာလိုက္သည္။

ထိုစဥ္ ဧည့္သည္တစ္ဦး ၾကားျဖတ္ဝင္လာကာ ဧည့္ႀကိဳအမ်ိဳးသားကို ေငြေလွတုံး ၅၀ တန္ဖိုးႏွင့္ ညီသည့္ ေငြစကၠဴတစ္ခ်ပ္ေပးလိုက္ေလသည္။ "ခ်န္အမ်ိဳးေကာင္းသား ဒီည က်ဳပ္ကို ယြဲ႕ဖုန္း ျပဳစုေပးတာပဲ လိုခ်င္တယ္"

ခ်န္အမ်ိဳးေကာင္းသားလည္း ေငြစကၠဴကို ယူလိုက္ၿပီး ဧည့္သည္အား ယြဲ႕ဖုန္း၏ နာမည္ျပားေပးလိုက္ေတာ့သည္။

ရန္ရွီးနဥ္သည္ ဧည့္သည္ႏွင့္ ခ်န္အမ်ိဳးေကာင္းသားတို႔၏ စကားဖလွယ္ျခင္းကို ေတြ႕ကာမွ ပုံမွန္ လူႏွင့္ ေတြ႕သည္ဟူေသာ စကားကို နားလည္သေဘာေပါက္သြားေတာ့ေလ၏။

ရန္ရွီးနဥ္ အေစာပိုင္းက အေပါင္ဆိုင္မွာ လဲလာေသာ ေငြေလွတစ္ရာတန္ စကၠဴ ဆယ္႐ြက္မွ တစ္႐ြက္ကို ထုတ္ကာ ခ်န္အမ်ိဳးေကာင္းသားအား ေပးလိုက္ေလသည္။ "က်ဳပ္... က်ဳပ္တို႔အတြက္ ခ်န္အမ်ိဳးေကာင္းသားပဲ သင့္သလို စီမံေပးလိုက္ပါ"

ရန္ရွီးနဥ္သည္ အတုျမင္ အတတ္သင္ျမန္လွခ်ည္လားဟုသာ ေဖ့က်င္းတစ္ေယာက္ ေတြးေနမိေတာ့၏။

ခ်န္အမ်ိဳးေကာင္းသားလည္း ရန္ရွီးနဥ္၏ ေငြကို လက္ခံယူလိုက္ၿပီး ဖုန္းစူးႏွင့္ ယြိလြီတို႔၏ နာမည္ကတ္ျပားကို သူမအား ျပန္ေပးလိုက္သည္။ ေနာက္ေတာ့ ရန္ရွီးနဥ္ႏွင့္ ေဖ့က်င္းတို႔ကို အခန္းလြတ္တစ္ခုဆီ ေခၚသြားခဲ့ေလသည္။

အခန္းထဲမွာေတာ့ ကုတင္ႏွစ္လုံး ရွိေနသည္။ ေခ်ာေမာ ခံ့ညားေသာ ေယာက္်ားပ်ိဳတို႔၏ ပုံတူပန္းခ်ီကားမ်ားႏွင့္ ေက်ာက္ျဖဴသား စားပြဲတစ္လုံးလည္း ရွိ၏။ စားပြဲေပၚမွာကား ပန္းအိုးတစ္လုံး။ အေမႊးနံ႔သာအိတ္တစ္လုံးႏွင့္ လက္ဖက္ရည္ ကရား ခြက္ တစ္စုံ။

ရန္ရွီးနဥ္ လုလင္ပ်ိဳ ပန္းခ်ီကားကို အခ်ိန္အၾကာႀကီး ၾကည့္မိသြားေသာအခါ ေဖ့က်င္းက ပန္းခ်ီကားကို နံရံေပၚမွ ဆြဲျဖဳတ္ခ်ကာ ၾကမ္းျပင္ေပၚ ပစ္ခ်လိုက္ေလသည္။

"အစ္ကိုႀကီး ဘာလုပ္တာလဲ" ရန္ရွီးနဥ္ ေမးေလ၏။

"ရွင္မ၊ မင္းခင္ပြန္းက ပိုေခ်ာတာကို မေတြ႕ဘူးလား"

ရန္ရွီးနဥ္လည္း ေဖ့က်င္းအား ေခါင္းအစေျခအဆုံးၾကည့္လိုက္ကာ "မေတြ႕ပါဘူး" ဟု ျပန္ေျဖေလသည္။

ေဖ့က်င္းတစ္ေယာက္ ရန္ရွီးနဥ္ကို အိမ္ေတာ္အျပင္ေခၚလာမိသည္ကို ေနာင္တ စရေတာ့၏။

ရန္ရွီးနဥ္ကေတာ့ ေဖ့က်င္း စိတ္မၾကည္မသာ ျဖစ္သြားရသည္ကိုၾကည့္ရင္း ႐ႊင္ျမဴးေနေတာ့ေလသည္။

ဖုန္းစူးႏွင့္ ယြိလြီတို႔ ဝင္လာေတာ့ ရန္ရွီးနဥ္ႏွင့္ ေဖ့က်င္း အိပ္ရာေပၚ၌ လက္ဖက္ရည္ၾကမ္း ေသာက္ေနၾကခ်ိန္ျဖစ္၏။

ရန္ရွီးနဥ္သည္ သူမလက္ထဲမွ ေရေႏြးခြက္ကို အနီးရွိ ေက်ာက္ျဖဴသား စားပြဲေပၚ ခ်ထားလိုက္သည္။ လုလင္ပ်ိဳႏွစ္ေယာက္မွာ ၁၆ ႏွစ္ခန္႔သာ ရွိဦးမည္။ သူတို႔၏ ဆံႏြယ္ရွည္မ်ားက ပိုးသားပိတ္လႊာပါးပမာ ေပ်ာ့အိ ႏူးညံ့ေနသည္။ နဖူးျပင္အလယ္၌ အနီေရာင္ ပန္းပြင့္တစ္ပြင့္စီ ေရးျခယ္ အလွဆင္ထား၏။ သူတို႔၏ ေျခလွမ္းမ်ားကေတာ့ သိမ္ေမြ႕ညင္သာၾကေလသည္။

ရန္ရွီးနဥ္ မ်က္လုံးကေလးမ်ား ျပဴးက်ယ္သြားရၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားသည္ကို ေဖ့က်င္းေတြ႕သည္။ အရင္တုန္းက သူမ အဆင္ငမ္းတတ္သည္ကို သူ မသိခဲ့။ သို႔ဆိုလွ်င္ သူ႔ကိုေရာ သူမ ယခင္က ေငးေမာၾကည့္ေနခဲ့ဖူး၏လား သူ သိခ်င္မိလာသည္။ သူ ထိုလူငယ္ႏွစ္ေယာက္အား မိမိကိုယ္တိုင္ႏွင့္ ႏႈိင္းယွဥ္ၾကည့္မိေတာ့ ရန္ရွီးနဥ္သည္ အားႏြဲ႕ဟန္မူပိုေသာ လုလင္ငယ္ကေလးမ်ားကို ႏွစ္သက္ျခင္းျဖစ္ရမည္ဟု ေတြးထင္မိေတာ့၏။

ဖုန္းစူးက ရန္ရွီးနဥ္ ေရွ႕ ဒူးေထာက္ထိုင္ခ်လိုက္ကာ "သခင္၊ ဖုန္းစူးက သခင့္ကို အလုပ္အေကြၽး ျပဳစုပါမယ္" ဟု ဆိုသည္။

ယြိလြီကလည္း ေဖ့က်င္း ေရွ႕ဒူးေထာက္ခ်ကာ ဆို၏။ "သခင္၊ ယြိလြီက သခင့္ကို ျပဳစုေပးပါမယ္"

ဤသို႔ေသာ အမႈမ်ား၌ ရန္ရွီးနဥ္မွာ အေတြ႕အႀကဳံမရွိရကား ေနမထိထိုင္မတတ္ ျဖစ္ေနရေလသည္။ သူမ ေဖ့က်င္းကို လွမ္းၾကည့္လိုက္ေတာ့လည္း ေဖ့က်င္းက 'ဒီေနရာက မင္းနဲ႔ မသင့္ေတာ္' ဟူေသာ အၾကည့္မ်ား ျပန္ေပးေနသည္ကို ေတြ႕ေတာ့ သူမ ေက်ာကို ျပန္မတ္လိုက္ေလ၏။

ရန္ရွီးနဥ္ ယပ္ေတာင္ျဖင့္ ဖုန္းစူး၏ ေမးကို ေထာက္ကာ ဆြဲေမာ့လိုက္ေလသည္။ "မင္းက က်ဳပ္ကို ဘယ္လို ျပဳစုခစားခ်င္တာလဲ"

ေဖ့က်င္း အခါးရည္ နင္ရေခ်ၿပီ။

ယြိလြီလည္း လက္ကိုင္ပဝါ တစ္ထည္အျမန္ထုတ္ကာ ေဖ့က်င္း မ်က္ႏွာ စင္သြားေသာ အခါးရည္မ်ားကို သုတ္ေပးရန္ ျပဳသည္။ သို႔ေသာ္ ယြိလြီ ခႏၶာကိုယ္က ေဖ့က်င္းႏွင့္ နီးကပ္လြန္းလာေသာေၾကာင့္ ေဖ့က်င္းအလိုအေလ်ာက္ ေနာက္ဆုတ္သြားမိေလသည္။

"က်ဳပ္ဖာသာ သုတ္လိုက္မယ္"

ေဖ့က်င္း ဖုန္းစူးကိုသာ မ်က္ေစာင္းလွမ္းခဲေနလိုက္သည္။ ဖုန္းစူးသာ ရန္ရွီးနဥ္ကိုယ္ကို ထိရဲပါက သူ ဖုန္းစူးကို ကုတ္မွဆြဲ၍ ျပတင္းေပါက္အျပင္သို႔ ပစ္ခ်လိုက္ေတာ့မည္။

ကံေကာင္းခ်င္ေတာ့ ဖုန္းစူးသည္ ရန္ရွီးနဥ္၏ ကိုယ္ကို မထိ။ "သခင္က ခစားေစခ်င္တဲ့ အတိုင္း ခစားေပးမွာပါ"

ရန္ရွီးနဥ္ ၾကက္သီးမ်ားပါ ထမိသြားရသည္။ "ၿပီးတာပဲ"

ထိုစဥ္ အခိုက္အတန္႔၌ စားပြဲထိုးတစ္ေယာက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ ယမကာေဖ်ာ္ရည္ကရားတို႔ကို အခန္းထဲ လာပို႔ေပးေလသည္။

စားစရာႏွင့္ ေသာက္စရာေတြ႕လိုက္သည္ႏွင့္ ရန္ရွီးနဥ္သည္ အေခ်ာအလွေလးမ်ားကို လ်စ္လ်ဴရႈမိလိုက္ေတာ့သည္။ သူမ တူတစ္စုံကို ေကာက္ယူေတာ့မည့္စဲစဲ၊ ဖုန္းစူးက ပိုလက္သြက္သြားေလသည္။

ဖုန္းစူးက တူျဖင့္ ပုစြန္တစ္ေကာင္ကို ညႇပ္ယူၿပီး ရန္ရွီးနဥ္ ႏႈတ္ခမ္းဝသို႔ ေတ့ေပးသည္။ "သခင္ ကြၽန္ေတာ္က ျပဳစုပါမယ္"

ရန္ရွီးနဥ္ ေဖ့က်င္းကိူ လွမ္းၾကည့္လိုက္ေတာ့သည္။ သူ သူမကို ၿပဳံးျပေနေသးေသာ္လည္း သူ႔အၿပဳံးက 'ရွင္မ၊ သူ ခြံ႕တာ စားရဲ စားၾကည့္' ဟု ၿခိမ္းေျခာက္မႈတစ္ရပ္ျမည္သည္မွန္း သူမ သိသည္။

ရန္ရွီးနဥ္လည္း ေဖ့က်င္းအား ျပန္ၿပဳံးျပလိုက္ကာ ပါးစပ္ဟေပးလိုက္သည္။

ေဖ့က်င္းသည္လည္း ယြိလြီ ငွဲ႔ေပးေသာ ဝိုင္ခြက္ကို ေဒါသတႀကီးယူ၍ တစ္ႀကိဳက္တည္း ေမာ့ေတာ့ေလသည္။

ရန္ရွီးနဥ္ကေတာ့ ဝိုင္ရနံ႔ကို အနံ႔ခံၾကည့္ရင္း သစ္သီးမ်ားထက္ပင္ ေမႊးႀကိဳင္သည္ဟု ခံစားမိေနေတာ့သည္။

"အလွေလး၊ မင္း သခင္အတြက္ ဝိုင္ငွဲ႔ေပးပါဦး" ရန္ရွီးနဥ္က ဖုန္းစူး၏ ႏူးညံ့အိစက္ေနေသာ လက္ကို ထိတို႔ရင္း ဆိုသည္။

ေဖ့က်င္းမွာေတာ့ အိမ္ေတာ္ျပန္ေရာက္သည္ႏွင့္ ရန္ရွီးနဥ္၏ လက္ကို ခုတ္ျဖတ္လိုက္ရေကာင္းမလားဟု ေတြးေနမိေတာ့သည္။ သူ ဘာမွ မေျပာဘဲ ေသရည္ ေနာက္တစ္ခြက္သာ ေမာ့လိုက္ေလသည္။

ယြိလြီသည္ ေဖ့က်င္း၏ ကိုယ္မွ လွ်ံထြက္လာေသာ သတ္ျဖတ္လိုသည့္ အေငြ႕အသက္ ေအးစက္မႈမ်ားကို ခံစားမိသျဖင့္ ေဖ့က်င္းခြက္ထဲသို႔ ေသရည္ ထပ္၍ ငွဲ႔ေပးလိုက္ေတာ့သည္။

တစ္ဘက္မွာေတာ့ ဖုန္းစူးသည္ ရန္ရွီးနဥ္ ႏႈတ္ခမ္းဝအထိ ဝိုင္ခြက္ကို ေတ့ေပးေနသည္။ "သခင္၊ ဒါက ထန္ဟြထူပါ... ဖူခ်င္းရဲ႕ အေကာင္းဆုံး ယမကာေပါ့"

"သခင္၊ ျဖည္းျဖည္း ေသာက္ပါ"

ဖုန္းစူး၏ ရင္ဘတ္က ရန္ရွီးနဥ္ရင္ႏွင့္ အပ္မိလုနီးနီးျဖစ္သည္ကိုေတြ႕ေတာ့ ေဖ့က်င္း အံေတြ ႀကိတ္မိေတာ့သည္။

ဖုန္းစူးကေတာ့ လက္ကိုင္ပဝါကို ထုတ္လို႔ ရန္ရွီးနဥ္ ႏႈတ္ခမ္းစြန္းမွ ေသရည္စမ်ားကို သုတ္ေပးေတာ့မည့္အခ်ိန္မွာေတာ့ ေဖ့က်င္း မတ္တတ္ထရပ္လိုက္ကာ ဖုန္းစူးကို ရန္ရွီးနဥ္ႏွင့္ ေဝးေအာင္ တြန္းထုတ္မိေတာ့၏။

ေဖ့က်င္း ရန္ရွီးနဥ္ကို ေပြ႕ဖက္ခ်ဳပ္ထားလိုက္ကာ အံ့အားသင့္မင္သက္ေနၾကေသာ ဖုန္းစူးႏွင့္ ယြိလြီတို႔ႏွစ္ေယာက္ကို ၿပဳံးျပလိုက္ေလသည္။

"မင္းတို႔ ႏွစ္ေယာက္လုံးကို ဒီမွာ မလိုေတာ့ဘူး" ေဖ့က်င္းက ဆိုသည္။ "ျပန္အထြက္မွာ တံခါးေလး ေစ့ေပးသြား၊ ေက်းဇူး"

ဖုန္းစူးႏွင့္ ယြိလြီတို႔ အခန္းတြင္းမွ ခ်က္ခ်င္း ထြက္သြားၾကေတာ့သည္။

အခန္းျပင္ဘက္မွာေတာ့ ယြိလြီက ဖုန္းစူးအား တီးတိုးေျပာ၏။ "ဆိုေတာ့ကာ ငါတို႔ ဘာအမွားလုပ္မိလိုက္လို႔မွာလဲ"

"ဘာမွ မလုပ္မိဘူးေလ၊ ငါတို႔ ေကာင္းေကာင္းျပဳစုေပးတာပဲကို" ဖုန္းစူးက ျပန္ေျပာသည္။ "ငါ ခစားေပးတဲ့ သခင္က ငါ့ကို သေဘာက်တာပဲ"

"ဒါေပမဲ့ ငါ ခစားရတဲ့ သခင္ကေတာ့ ငါ့ကို မႏွစ္ၿမိဳ႕ဘူး" ယြိလြီက ဆိုသည္။ "သူ ငါ့ကို တစ္ခ်က္ေလးေတာင္ ျပန္မၾကည့္ဘူး၊ သူက မင္း ခစားေနတဲ့ သခင္ေလးကိုပဲ ၾကည့္ေနတာ"

"ဧကႏၲ... သူတို႔က ခ်စ္သူစုံတြဲေတြမို႔လား" ဖုန္းစူးက ေျပာသည္။ "ဒါမွမဟုတ္၊ မင္း ခစားတဲ့ သခင္က ငါ ခစားရတဲ့ သခင္ကို တစ္ဖက္သက္ ႏွစ္သက္ေနတာ ျဖစ္မယ္"

"အဲ့ဒါလဲ ျဖစ္ႏိုင္သားပဲ"

"ငါ ခစားေနတဲ့ သခင္ကေရာ သူ႔ကို ျပန္ခ်စ္တယ္လို႔ မင္း ထင္လား" ဖုန္းစူးက ယြိလြီကို ေမးလိုက္ေလ၏။

"မေသခ်ာဘူး" ယြိလြီက ျပန္ေျဖသည္။ "အခ်စ္က အခုမရွိေသးဘူးဆိုရင္ေတာင္ ေနာက္ပိုင္းမွာ ေမတၱာဆိုတာ ေရာင္ျပန္ဟပ္ႏိုင္တာပဲ၊ ငါ ခစားေပးခဲ့တဲ့ သခင္ေလးက တံခါးကို ျပန္ပိတ္ေပးခိုင္းခဲ့တာဆိုေတာ့... သူ မထိန္းခ်ဳပ္ႏိုင္ေတာ့လို႔ ျဖစ္ရမယ္"

ဖုန္းစူးလည္း ေခါင္းညိတ္လိုက္ေတာ့သည္။ "ထန္ဟြထူ ေမြးရနံ႔က စိတ္ကို ႂကြေစတဲ့ သတၱိရွိတယ္၊ ဒါေပမဲ့ အရမ္းႀကီးမ်ားသြားရင္ေတာ့ အႏၲရာယ္ျဖစ္ႏိုင္တယ္"

"ဒါ ငါတို႔နဲ႔ မဆိုင္ပါဘူးေလ" ယြိလြီ ေျပာလိုက္သည္။ "အဲ့ဒါ ဧည့္သည္ေတြၾကားက ကိစၥပဲ၊ ငါတို႔က ခ်န္အမ်ိဳးေကာင္းသားကို တစ္ခ်က္ သတင္းပို႔ရင္ ရၿပီ၊ ငါ ခစားျပဳစုေပးရတဲ့ ဧည့္သည္ေတြမွ မနည္းဘူး၊ အခုမွ ႏွင္ထုတ္ခံဖူးတာ"

Continue Reading

You'll Also Like

256K 32.3K 46
ႏွစ္​​ေပါင္​းမ်ားစြာ ၾကာၿပီး​ေနာက္​ အား​ေက်ာ​င္​းတစ္​​ေယာက္​ သူမ၏သားစဥ္​​ေျမးဆက္​တို႔ကို သူမဘဝအ​ေၾကာင္​းအား​ေျပာျပ​ေန​ေလသည္​။ "အစက​ေတာ့ ငါက အဲ့ဒီလူရဲ...
494K 62.2K 86
I like this fic so much. So I wanna save in my treasure. This is only purpose for offline reading. If you like slow romance, school life and transmig...
389K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
48.4K 5.4K 84
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...