I.
ကော်ဖီဆိုင်တခုအတွင်း၌ နေ့လည်စာ စားနေကြသော ရုံးဝန်ထမ်းများအတွက် ဒီနေ့ နေ့လည် နေ ဟာ အရမ်းကို ပူပြင်းလွန်းလှသည်။ဒါပေမဲ့လည်း ဆိုင်အတွင်းမှာ တပ်ဆင်ပေးထားတဲ့ Air-conditioner ကနေ ပျံလွင့်လာတဲ့ လေအေးအေးလေးတွေကြောင့် စားသုံးသူတချို့နှင့် ရုံးဝန်ထမ်းလေးတွေမှာ ခံစားနေရတဲ့ အပူဒဏ်တွေ အတော်လေးလျော့ပါးသွားရသည်။ဒါကြောင့်မို့ ကော်ဖီ ဆိုင်ထဲမှာ ရှိတဲ့ လူတိုင်းက ဖွင့်ပေးထားတဲ့ လေအေးပေးစက်ကိုတောင် ကြံဖန်ပြီးကျေးဇူးတင်နေကြသည်။
"တော်သေးတာပေါ့ ဆိုင်ထဲမှာ air-conditioner လေး ရှိလို့။နို့မို့ဆို ပူလွန်းလို့ သေရချည့်ရဲ့ "
ရုံးဝန်ထမ်းလေးတွေလို့ထင်ရတဲ့ လူငယ်အုပ်စု လေး တခုဟာ ဆိုင်အတွင်းကို ညည်းတွားရင်း ဝင်လာကြသည်။
ဆိုင်အတွင်း စားပွဲတစ်ခုချင်းစီမှာတော့ သူ့အုပ်စုနဲ့သူ ကိုယ့်အုပ်စုနဲ့ကိုယ် ဝိုင်းထိုင်နေကြတဲ့ အုပ်စုဖွဲ့လေးတွေကို တွေ့နိုင်သည်။တချို့မှာ မိသားစု နေ့လည်စာဝိုင်းလေးဖြစ်သည်။ တချို့မှာတော့ သူငယ်ချင်း အုပ်စု စကားဝိုင်းလေး။တချို့များကြတော့လည်း ချစ်သူ ရည်းစားအချင်းချင်း ပျော်စရာအချိန်လေးတွေ ဖန်တီးတဲ့ ကြည်နူးစရာ romance coffee dateလေး။
"ငါတို့ကြတော့ Lunch break ပေါ့ ဟွန့် "
ခုန ဝင်လာတဲ့ ရုံးဝန်းထမ်း အဖွဲ့ထဲက ကောင်လေးတစ်ယောက်က နှာမှုတ်ရင်း ပြောပြောဆိုဆို စားပွဲလွတ်တခုမှာ ဝင်ထိုင်လိုက်သည်။ကျန်တဲ့သူတွေကတော့ သူ့အကြောင်း သိတဲ့အလားခေါင်းတခါခါနဲ့။ ဘာမှမပြောပဲ သူတို့လဲ ဝင်ထိုင်လိုက်ကြသည်။
တစ်နာရီနဲ့ မိနစ်သုံးဆယ်ကြာပြီးတဲ့နောက်မှာ တော့ သူတို့ နေ့လည်စာစားပြီးသွားကြပြီ။စားနေတုန်းတော့ လူငယ်သဘာဝ သူတို့တွေ ဟိုအကြောင်း ပြော ဒီအကြောင်း ပြောနဲ့ စကြနောက်ကြသည်။
စားလို့ ပြီးသွားတဲ့အခါ တခြား စားပွဲဝိုင်းတွေကို မျက်လုံးဝေ့ကြည့်လိုက်ကြတယ်။ အဲ့ အခါမှာသူတို့လိုပဲ စားသောက်ပြီးစီးသွားကြတဲ့ အဖွဲ့တွေနဲ့ လူတချို့ကိုတွေ့ရတယ်။
တချို့လူတွေကတော့ စားရင်းနဲ့တစုံတခုကိုဆွေးနွေးလို့ ကောင်းနေတုန်းပဲ။
သူတို့ အားလုံး စားသောက်ပြီးစီးသွားပေမဲ့လည်းကော်ဖီဆိုင်ကနေ ခုထိ ပြန်ဖို့အာရုံမရှိကြသေးဘူး။ Air-conditioner ဖွင့်ပေးထားတဲ့ ဒီဆိုင်ထဲမှာတောင် အနည်းငယ် ပူအိုက်အိုက်ဖြစ်နေသေးတာ။ဆိုင် အပြင်ဆို ငရဲ ရောက်နေသလို တောင် ဖြစ်သွား ဦးမယ် ။သူတို့တတွေ မပြန် ချင်သေးဘူး။ အပြင်လဲ ထပ်မထွက်ချင်ဘူး။သူတို့ အားလုံး စားပွဲဝိုင်းမှာတင် ပျင်းရိစွာထိုင်ပြီး အဆီရစ် နေကြသည်။စားပြီးသောက်ပြီး ရင် အိပ်ချင်စိတ်လေးကလဲ ထိန်းမရ သိမ်းမရ။
"ဝှား...ကိုယ့်လူတို့ ဘယ်အချိန်ရှိနေပြီလဲ "
သူတို့ထဲက သူငယ်ချင်းတယောက်က ဟားသန်း ရင်း မေးလိုက်တယ်။
"ငါတို့မှာ ၄၅မိနစ် ကျန်သေးတယ်"
ကျန်တဲ့သူ အကုန်လုံးက သက်ပြင်းမော ချပြပြီး ပြန်ဖြေလိုက်ကြတယ်။
သူတို့ရဲ့ သက်ဆိုင်ရာ ဋ္ဌာန အသီးသီးကို ပြန်ဖို့အတွက် အချိန်ဟာ စောလွန်းနေသေးတယ်။သူတို့ မပြန်ချင်သေးဘူး။
"Let's play Truth or Dare"
ရှောင်းကျန့်က ရုတ်တရက် ထပြောလိုက်တယ်။အဲ့အခါမှာတော့ သူ့သူငယ်ချင်းတွေက " Fuck , ဘာလဲ ...ဒီအကောင်ကရော ဘာထဖြစ်တာလဲ " ဆိုတဲ့ မျက်နှာတွေ့နဲ့ ရှောင်းကျန်ကို ပြန်ကြည့်နေကြတယ်။
"ပူရအိုက်ရတဲ့ထဲကွာ မင်းကလည်း"
အကုန်လုံးကငြီးငြီးငြူငြူ ပြန်ဖြေကြပေမဲ့လည်း
"တကယ်လား!!!Truth or Dare ဆော့ကြမလား ၊ငါတို့နဲ့ဘယ်သူပါမလဲ?? မ ပြန် ချင်ကြသေးဘူးမလား။နင်တို့ကလည်း သူပြောတဲ့ဟာ ဆော့ကြရအောင်လေ နော် နော် "
မုန့်ဇီယီ က ကျန်တဲ့သူ အကုန်လုံးကို မျက်နှာချိုသွေးကာ ပြောနေသည်။ သူတို့အားလုံးက တကယ်လဲ မပြန်ချင်ကြသေးဘူးလေ။အရင်တခါကတောင် ဆော့သေးတာပဲ။ ဒီတခါလဲ ပျော်ဖို့ကောင်းမှာပါ။ဒီအခေါက်ကတော့ ပူပေမဲ့ပေါ့။ သူတို့အားလုံး အနည်းငယ်ပြန်စဥ်းစား ပြီးတဲ့နောက်မှာတော့ သူတို့အကုန်လုံး ပါဝင်ကစားဖို့ သဘောတူလိုက်ကြသည် ။
"အေးပါ အေးပါ ဆော့ကြတာပေါ့ ဟုတ်ပြီလား"
အဲ့ချိန်မှာ ဇီယီရဲ့ ပျော်လွန်းလို့ ပြုံးနေတဲ့မျက်နှာဟာ မဖုံးနိုင်မဖိနိုင်နဲ့ စိတ်ရှုပ်စရာကောင်းလှတယ်လို့ သူတို့အကုန်လုံးတွေးနေကြသည်။မိန်းကလေးဖြစ်ပြီး တည်တည်ငြိမ်ငြိမ်လေး နေမယ် မရှိဘူး အဲ့ဟာမလေးက။သူတို့ ဒီ ငြီးငွေ့စရာကောင်းတဲ့အချိန်ကြီးကို ဒီတိုင်းအချိန်ဖြုန်းနေရမဲ့အစား စိတ်ဝင်စားစရာကောင်းတဲ့ ကစားပွဲလေးတခု ဆော့လိုက်တော့ အပျင်းတောင်ပြေစေဦးမယ်မလား။ဒါကြောင့် အကုန်လုံးက ရှောင်းကျန့် အရင် စလိုက်တဲ့ Truth or Dare ကစားပွဲမှာ ကစားဖို့ သဘောတူလိုက်ကြသည်။
"ဟုတ်ပြီ ။ငါတို့အကုန်လုံး သဘောတူတယ်။ အာ့ဆို....ဘယ်သူကနေ အရင် စ ကြမလဲ? "
ဇီယီက အကုန်လုံးအစား ရှောင်းကျန့်ကို ပြန်ဖြေပေးလိုက်တယ်။အဲ့တော့မှ ရှောင်းကျန့်က
"ကောင်းပြီလေ..ဒါဆို ငါတို့ ကျိုးချန်ကနေ စရအောင် "
••••••••••••••••••••••••••••••••••••••••
ဝေဖန်ပေးကြပါဦး🥺
Pls Give write comment:(
[Zawgyi]
I.
ေကာ္ဖီဆိုင္တခုအတြင္း၌ ေန့လည္စာ စားေနၾကေသာ ရံုးဝန္ထမ္းမ်ားအတြက္ ဒီေန့ ေန့လည္ ေန ဟာ အရမ္းကို ပူျပင္းလြန္းလွသည္။ဒါေပမဲ့လည္း ဆိုင္အတြင္းမွာ တပ္ဆင္ေပးထားတဲ့ Air-conditioner ကေန ပ်ံလြင့္လာတဲ့ ေလေအးေအးေလးေတြေၾကာင့္ စားသံုးသူတခ်ိဳ႕ႏွင့္ ရံုးဝန္ထမ္းေလးေတြမွာ ခံစားေနရတဲ့ အပူဒဏ္ေတြ အေတာ္ေလးေလ်ာ့ပါးသြားရသည္။ဒါေၾကာင့္မို႔ ေကာ္ဖီ ဆိုင္ထဲမွာ ရိွတဲ့ လူတိုင္းက ဖြင့္ေပးထားတဲ့ ေလေအးေပးစက္ကိုေတာင္ ႀကံဖန္ၿပီးေက်းဇူးတင္ေနၾကသည္။
"ေတာ္ေသးတာေပါ့ ဆိုင္ထဲမွာ air-conditioner ေလး ရိွလို႔။ႏို႔မို႔ဆို ပူလြန္းလို႔ ေသရခ်ည့္ရဲ့ "
ရံုးဝန္ထမ္းေလးေတြလို႔ထင္ရတဲ့ လူငယ္အုပ္စု ေလး တခုဟာ ဆိုင္အတြင္းကို ညည္းတြားရင္း ဝင္လာၾကသည္။
ဆိုင္အတြင္း စားပြဲတစ္ခုခ်င္းစီမွာေတာ့ သူ႔အုပ္စုနဲ႔သူ ကိုယ့္အုပ္စုနဲ႔ကိုယ္ ဝိုင္းထိုင္ေနၾကတဲ့ အုပ္စုဖြဲ႔ေလးေတြကို ေတြ့ႏိုင္သည္။တခ်ိဳ႕မွာ မိသားစု ေန့လည္စာဝိုင္းေလးျဖစ္သည္။ တခ်ိဳ႕မွာေတာ့ သူငယ္ခ်င္း အုပ္စု စကားဝိုင္းေလး။တခ်ိဳ႕မ်ားၾကေတာ့လည္း ခ်စ္သူ ရည္းစားအခ်င္းခ်င္း ေပ်ာ္စရာအခ်ိန္ေလးေတြ ဖန္တီးတဲ့ ၾကည္ႏူးစရာ romance coffee dateေလး။
"ငါတို႔ၾကေတာ့ Lunch break ေပါ့ ဟြန္႔ "
ခုန ဝင္လာတဲ့ ရံုးဝန္းထမ္း အဖြဲ႔ထဲက ေကာင္ေလးတစ္ေယာက္က ႏွာမႈတ္ရင္း ေျပာေျပာဆိုဆို စားပြဲလြတ္တခုမွာ ဝင္ထိုင္လိုက္သည္။က်န္တဲ့သူေတြကေတာ့ သူ႔အေၾကာင္း သိတဲ့အလားေခါင္းတခါခါနဲ႔။ ဘာမွမေျပာပဲ သူတို႔လဲ ဝင္ထိုင္လိုက္ၾကသည္။
တစ္နာရီနဲ႔ မိနစ္သံုးဆယ္ၾကာၿပီးတဲ့ေနာက္မွာ ေတာ့ သူတို႔ ေန့လည္စာစားၿပီးသြားၾကၿပီ။စားေနတုန္းေတာ့ လူငယ္သဘာဝ သူတို႔ေတြ ဟိုအေၾကာင္း ေျပာ ဒီအေၾကာင္း ေျပာနဲ႔ စၾကေနာက္ၾကသည္။
စားလို႔ ၿပီးသြားတဲ့အခါ တျခား စားပြဲဝိုင္းေတြကို မ်က္လံုးေဝ့ၾကည့္လိုက္ၾကတယ္။ အဲ့ အခါမွာသူတို႔လိုပဲ စားေသာက္ၿပီးစီးသြားၾကတဲ့ အဖြဲ႔ေတြနဲ႔ လူတခ်ိဳ႕ကိုေတြ့ရတယ္။
တခ်ိဳ႕လူေတြကေတာ့ စားရင္းနဲ႔တစံုတခုကိုေဆြးေနြးလို႔ ေကာင္းေနတုန္းပဲ။
သူတို႔ အားလံုး စားေသာက္ၿပီးစီးသြားေပမဲ့လည္းေကာ္ဖီဆိုင္ကေန ခုထိ ျပန္ဖို႔အာရံုမရိွၾကေသးဘူး။ Air-conditioner ဖြင့္ေပးထားတဲ့ ဒီဆိုင္ထဲမွာေတာင္ အနည္းငယ္ ပူအိုက္အိုက္ျဖစ္ေနေသးတာ။ဆိုင္ အျပင္ဆို ငရဲ ေရာက္ေနသလို ေတာင္ ျဖစ္သြား ၪီးမယ္ ။သူတို႔တေတြ မျပန္ ခ်င္ေသးဘူး။ အျပင္လဲ ထပ္မထြက္ခ်င္ဘူး။သူတို႔ အားလံုး စားပြဲဝိုင္းမွာတင္ ပ်င္းရိစြာထိုင္ၿပီး အဆီရစ္ ေနၾကသည္။စားၿပီးေသာက္ၿပီး ရင္ အိပ္ခ်င္စိတ္ေလးကလဲ ထိန္းမရ သိမ္းမရ။
"ဝွား...ကိုယ့္လူတို႔ ဘယ္အခ်ိန္ရိွေနၿပီလဲ "
သူတို႔ထဲက သူငယ္ခ်င္းတေယာက္က ဟားသန္း ရင္း ေမးလိုက္တယ္။
"ငါတို႔မွာ ၄၅မိနစ္ က်န္ေသးတယ္"
က်န္တဲ့သူ အကုန္လံုးက သက္ျပင္းေမာ ခ်ျပၿပီး ျပန္ေျဖလိုက္ၾကတယ္။
သူတို႔ရဲ့ သက္ဆိုင္ရာ ႒ာန အသီးသီးကို ျပန္ဖို႔အတြက္ အခ်ိန္ဟာ ေစာလြန္းေနေသးတယ္။သူတို႔ မျပန္ခ်င္ေသးဘူး။
"Let's play Truth or Dare"
ေရွာင္းက်န္႔က ရုတ္တရက္ ထေျပာလိုက္တယ္။အဲ့အခါမွာေတာ့ သူ႔သူငယ္ခ်င္းေတြက " Fuck , ဘာလဲ ...ဒီအေကာင္ကေရာ ဘာထျဖစ္တာလဲ " ဆိုတဲ့ မ်က္ႏွာေတြ့နဲ႔ ေရွာင္းက်န္ကို ျပန္ၾကည့္ေနၾကတယ္။
"ပူရအိုက္ရတဲ့ထဲကြာ မင္းကလည္း"
အကုန္လံုးကၿငီးၿငီးျငဴျငဴ ျပန္ေျဖၾကေပမဲ့လည္း
"တကယ္လား!!!Truth or Dare ေဆာ့ၾကမလား ၊ငါတို႔နဲ႔ဘယ္သူပါမလဲ?? မ ျပန္ ခ်င္ၾကေသးဘူးမလား။နင္တို႔ကလည္း သူေျပာတဲ့ဟာ ေဆာ့ၾကရေအာင္ေလ ေနာ္ ေနာ္ "
မုန္႔ဇီယီ က က်န္တဲ့သူ အကုန္လံုးကို မ်က္ႏွာခ်ိဳေသြးကာ ေျပာေနသည္။ သူတို႔အားလံုးက တကယ္လဲ မျပန္ခ်င္ၾကေသးဘူးေလ။အရင္တခါကေတာင္ ေဆာ့ေသးတာပဲ။ ဒီတခါလဲ ေပ်ာ္ဖို႔ေကာင္းမွာပါ။ဒီအေခါက္ကေတာ့ ပူေပမဲ့ေပါ့။ သူတို႔အားလံုး အနည္းငယ္ျပန္စဥ္းစား ၿပီးတဲ့ေနာက္မွာေတာ့ သူတို႔အကုန္လံုး ပါဝင္ကစားဖို႔ သေဘာတူလိုက္ၾကသည္ ။
"ေအးပါ ေအးပါ ေဆာ့ၾကတာေပါ့ ဟုတ္ၿပီလား"
အဲ့ခ်ိန္မွာ ဇီယီရဲ့ ေပ်ာ္လြန္းလို႔ ၿပံဳးေနတဲ့မ်က္ႏွာဟာ မဖံုးႏိုင္မဖိႏိုင္နဲ႔ စိတ္ရႈပ္စရာေကာင္းလွတယ္လို႔ သူတို႔အကုန္လံုးေတြးေနၾကသည္။မိန္းကေလးျဖစ္ၿပီး တည္တည္ၿငိမ္ၿငိမ္ေလး ေနမယ္ မရိွဘူး အဲ့ဟာမေလးက။သူတို႔ ဒီ ၿငီးေငြ့စရာေကာင္းတဲ့အခ်ိန္ႀကီးကို ဒီတိုင္းအခ်ိန္ျဖဳန္းေနရမဲ့အစား စိတ္ဝင္စားစရာေကာင္းတဲ့ ကစားပြဲေလးတခု ေဆာ့လိုက္ေတာ့ အပ်င္းေတာင္ေျပေစၪီးမယ္မလား။ဒါေၾကာင့္ အကုန္လံုးက ေရွာင္းက်န္႔ အရင္ စလိုက္တဲ့ Truth or Dare ကစားပြဲမွာ ကစားဖို႔ သေဘာတူလိုက္ၾကသည္။
"ဟုတ္ၿပီ ။ငါတို႔အကုန္လံုး သေဘာတူတယ္။ အာ့ဆို....ဘယ္သူကေန အရင္ စ ၾကမလဲ? "
ဇီယီက အကုန္လံုးအစား ေရွာင္းက်န္႔ကို ျပန္ေျဖေပးလိုက္တယ္။အဲ့ေတာ့မွ ေရွာင္းက်န္႔က
"ေကာင္းၿပီေလ..ဒါဆို ငါတို႔ က်ိဳးခ်န္ကေန စရေအာင္ ! "
•••••••••••••••••••••••••••••••••••••••••••
ေဝဖန္ေပးၾကပါၪီး🥺
Pls Give write comment:(