Love of an idoit အရူးတစ်ယောက...

By Bai_lianhua

637K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း ၂၃

8.2K 569 65
By Bai_lianhua

Unicode

  ရှောင်ဟန်တို့နှစ်ယောက်သည်် ရှန်ဟိုင်းမြို့တွင်ရှိသည့် အစည်ကားဆုံး စျေးဝယ်စင်တာကြီးများထဲမှ အကောင်းဆုံးတစ်ခုကို ရွေးချယ်လိုက်ကြပြီး ထို စင်တာတွင်သာ လိုအပ်သည့် အရာများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။စျေးဝယ်စင်တာ အတွင်းကို ရောက်ရှိပြီဆိုသည်နှင့် ရှောင်ဟန်သည် အရင်ဉီးဆုံး တိရိစ္ဆာန် အစာ ရောင်းသည့် ဆ်ိုင်များဘက်သို့ ခပ်သွပ်သွပ် လျှောက်လှမ်းလေတော့သည်။ ကျိုးယွင်ကလည်း ရှောင်ဟန်၏ မိမိကိုယ်ကိုယ်တောင် မည်သည့် ဟန်ပန်ပြုမှုနေမှန်းမရိပ်မိဘဲတက်ကြွနေတဲ့ ဆယ်နှစ်သား ကလေးကဲ့သို့ ဖြစ်နေသည့် ရှောင်ဟန်ရဲ့ ကျောပြင်လေးကို ကြည့်ပြီး သတိမထားမိလိုက်ဘဲ စစ်မှန်တဲ့ အပြုံးလေးတစ်ချက်ကိုပြုံးလိုက်မိသည်။

ကြောင်စာ ဝယ်နေသည့် အချိန်များတွင်လည်း ကျိုးယွင်သည်ကား ရှောင်ဟန်၏ ပြုမူလုပ်ဆောင်ချက်များကို အသေးစိတ်လိုက်လံ ကြည့်ရှု့နေမိသည်။

ကျိုးယွင်၏ အကြည့်များသည် အမြတ်တနိုးသိမ်းဆည်းထားချင်သည့် သက်ရှိအရုပ်ကလေးကို ကြည့်ရှု့နေခြင်းထက် များစွာသာလွန်ကာ  မျက်ဝန်းများက အသက်ဝင်စူးရှနေလေသည်။ယခုဖြစ်နေသည့် သူ၏ ပုံစံသည်ကား သူ မပိုင်ဆိုင်သေးသည့် အရာကို ရယူလို​သောဟန်ဖြင့် ကြည့်ရှု့နေသည့် ပုံစံမျိုးမဟုတ်ဘဲ သူတစ်ယောက်တည်းကသာ ပိုင်ဆိုင်ခွင့်ရထားသည့် သူပိုင်ဆိုင််သည့်အရာ ကိုအမြတ်တနိုးကြည့်ရှု့နေသည့် အမူအရာ ဟန်ပန်မျိုးဖြစ်သည်။ ထိုအချင်းအရာကို ကြောင်စာ ဝယ်ရန်အတွက်သာ စိတ်ရောက်နေသည့် ရှောင်ဟန်က အဘယ်သို့ကြောင့် သိလိမ့်မည်အံ့နည်း ။ ရှောင်ဟန်သည်ကား ကျိုးယွင်က သူ့ကို ကြည့်နေသည့် ထိုမရိုးသားသည့် မသင့်လျှော်မအပ်ဆပ်သည့် အကြည့်များကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။

ရှောင်ဟန်သည် snowလေးအတွက် လိုအပ်သည့် ကြောင်စာကို အလုံအလောက်ဝယ်ယူလိုက်ပြီး စိတ်ကျေနပ်သည့် အမူအရာဖြင့် ကျိုးယွင်အား ပြုံးပြလိုက်သည်။
ကျသင့်ငွေရှင်းရန်အတွက် ကောင်တာသို့သွားရန်
ဝယ်ယူထားသည့် အရာများကိုမနိုင်မနင်းမကာ ကျိုးယွင်ကို မစောင့်တော့ဘဲ အမြန်ထွက်လာခဲ့လိုက်သည်။ ကျိုးယွင်သည် ရှောင်ဟန်၏ ထိုတက်ကြွပျော်ရွှင်နေသည့်အမူအရာများကိုကြည့်ကာ မလွယ်ပါလား ဆိုသည့် ပုံစံဖြင့်သာ  ခေါင်းတစ်ချက်ခါလိုက်ပြီး အပြုံးလေးဖြင့် ရှောင်ဟန်ကော သွားရာ နောက်သာ ထပ်မံလိုက်ရပြန်သည်။

ရှောင်ဟန် သည် မိမိစိတ်ကြိုက် အလိုဆန္ဒများကို ဖြည့်ဆည်းပြီးသွားမှသာ ကျေနပ်သည့် အပြုံးတစ်ပွင့်ဖြင့်  ဝယ်ယူခဲ့သည့် လက်ဆွဲအိပ်ကြီးကိုတစ်ချက်ကြည့် လိုက်သည်။ပြီးနောက် ကျိုးယွင်ကို တစ်ချက်ကြည့်လိုက်မိသည်။တိုက်ဆိုက်စွာဖြင့်ပင် ထိုကလေးကလည်း သူ့ကိုကြည့်နေလေသည်။ သူကလည်း အားနေသည့် လက်တစ်ဖက်ဖြင့် ကျိုးယွင်၏ ခေါင်းကလေးကို ပွတ်ပေးလိုက်ပြီး ဆံပင်ကလေးများကို မနေနိုင်တော့ဘဲ အသည်းယားစွာ ဖွလိုက်မိသည်။

ကျိုးယွင်သည် ရှောင်ဟန် လုပ်ပေးသမျှကို ကျေကျေနပ်နပ်ဖြင့် မျက်လုံးလေးမှိတ်ကာ ခံယူနေလေသည်။သူ့ပုံစံက ချစ်စရာ ကောင်းသည့် ကြောင်ပေါက်ကလေး တစ်ကောင်လိုပင် ။ တစ်ခဏကြာမှ ကျိုးယွင်၏ မျက်ဝန်းများက ပွင့်ဟလာပြီး ရှောင်ဟန်ကို နားလည်ရခက်စွာ ပြုံးပြလာခဲ့သည်။

ပြီးနောက်တွင် ကျိုးယွင်က ရှောင်ဟန်ကို စကားဆိုလာသည်။

"ရှောင်ဟန်ကော...ဒီ အထုပ်တွေကို ကျွန်တော့်ကို ပေးထားလိုက်...ခဏနေရင် ကားဒါရိုက်ဘာကို ဖုန်းဆက်ခေါ်ပြီး လာယူခိုင်းလိုက်မယ်... နေ့လယ်လည်း ရောက်နေပြီဆိုတော့ ဆိုင်တစ်ဆိုင်ရွေးလိုက်ပြီး နေ့လယ်စာ စားလိုက်ကြရအောင်...ကောဗိုက်ဆာနေလောက်ပြီ...ဟုတ်တယ်မို့လား... "

ကျိုးယွင်သည် စကားအဆုံးတွင် ရှောင်ဟန် လက်ထဲမှ ဝယ်လာခဲ့သည့် အထုတ်များကို လက်လွဲယူလိုက်သည်။

ရှောင်ဟန်လည်း ကျိုးယွင်ပြောလိုက်မှ သူဗိုက်ဆာနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူတောင် သတိမထားမိဘဲ ...အားယွင်လေးက ဘာလို့သတိထားမိနေရတာလဲ။ ဒီကလေးလေးက သူ့ရဲ့ အရိပ်အခြေကို သူ့ထက်တောင် နားလည်တဲ့ ပုံပေါ်နေတယ်။ ဟုတ်မှာပေါ့ ... သူနဲ့ အားယွင်လေးတို့ အတူနေလာခဲ့တဲ့ နှစ်တွေက နည်းမှ မနည်းတော့ဘဲ...
အားယွင်လေး သူ့ရဲ့ အမူအကျင့်တွေအားလုံးကို ခန့်မှန်းတတ်နေရင်တောင်မှ မထူးဆန်းသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်လိမ့်မည်။

ရှောင်ဟန်သည် ကျိုးယွင်ရဲ့ အမေးကို မဖြေတော့ဘဲ ခေါင်းတစ်ချက်သာ  ညိမ့်ပြလိုက်သည်။

ကျိုးယွင်သည် ရှောင်ဟန်က လက်ခံလိုက်ပြီ ဆိုသည်နှင့် အကောင်းဆုံးနဲ့လူအရှင်းဆုံး ဆိတ်ငြိမ်ကောင်းမွန်သည့် စားသောက်ဆိုင် တစ်ဆိုင်ကို အမြန်ဆုံးရွေးချယ်လိုက်တော့သည်။

ကျိုးယွင်သည် ရှောင်ဟန်ကို မီနူး စာအုပ်ပေး
ထားလိုက်ပြီး အရင်ရွေးထားရန်ပြောလိုက်ပြီး ဆိုင်အပြင်သို့ ထွက်လာခဲ့လိုက်၏။

ဝယ်ယူထားသည့်အထုတ်များကို တစ်ခါတည်းအပါယူခဲ့လိုက်ပြီး ထိုအထုတ်များကို ကားဒါရိုက်ဘာအား လာယူရန်အတွက် ဖုန်းဆက်ရန် ထွက်လာခဲ့လိုက်တာဖြစ်သည်။သို့မှသာ ရှောင်ဟန်ကောလည်း ကြိုက်သည့် အစားအသောက်များကို စိတ်ကြိုက်ရွေးချယ်နိုင်ပေလိမ့်မည်။ရှောင်ဟန်ကောသည် တစ်ခါတစ်ရံ အစားအသောက်များမှာယူသည့် အချိန်များတွင်
သူရှိနေပါက သူ့ရဲ့အကြိုက်များကိုသာ ဉီးစားပေးမှာယူတတ်ပြီး ထိုသူကိုယ်၌အတွက်တော့ မေ့လျော့နေတတ်သည့် အတွက်ကြောင့်ဖြစ်သည်။

ကျိုးယွင်သည် ရှောင်ဟန်ထိုင်နေသည့် စာပွဲဝိုင်းကို စိတ်မချစွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်ချရသည့် အနေအထားကို မြင်လိုက်ရမှ စိတ်အေးသွားပြီး  တစ်ဖက်လှည့်ကျောခိုင်းလိုက်ကာ ဖုန်းဆက်ရန် ပြင်လိုက်သည်။

ရှောင်ဟန်သည်လည်း ကျိုးယွင်အလာကို စောင့်နေရင်း မီနူးစာအုပ်ထဲမှ စားချင်သည့် အစားအသောက်များကို ရွေးချယ်နေမိသည်။စာပွဲထိုးကလည်း စိတ်ရှည်စွာဖြင့် ရှောင်ဟန် ပြောမည့် အချိန်ကို ဘေးအနားတွင်သာ ရပ်စောင့်နေလေသည်။

ရှောင်ဟန်သည်လည်း ဟော့ပေါ့ အစပ်တစ်ပွဲ ၊ဖက်ထုပ်တစ်ပွဲ ၊ပင်လယ်ကျောက် ပုဇွန်အစပ်ချက် နဲ့ ကျိုးယွင်ကြိုက်သည့် ငါးသံပုရာပေါင်း ပွဲကြီးတစ်ပွဲ ၊အသားနှပ်  ချိုချဉ်တစ်ပွဲ ၊ ဆူရှီတစ်ပွဲ တို့ကို မှာယူလိုက်သည်။

စားပွဲထိုးထွက်သွားမှသာ ရှောင်ဟန်သည် ကျိုးယွင်ကို စောင့်ရင်း ဖုန်းထိုင်ပွတ်နေမိသည်။ ထိုအခိုက်တွင်  သူထိုင်နေသည့် စားပွဲဝိုင်းဘေးအနားသို့ လူတစ်ယောက်လာရပ်သည့် ခြေသံကိုကြားလိုက်ရသည်။
ရှောင်ဟန်လည်း ကျိုးယွင် ပြန်ရောက်လာသည့်အချိန်ကမြန်ဆန်လှသည့် အတွက်ကြောင့် အံသြသွားကာ စကားပြောရန် ခေါင်းကို မော့ကြည့်လိုက်၏။
သို့ပေမဲ့ ကျိုးယွင်ရဲ့ ချောမောဖြူစင်လှသည့် ကလေးဆန်ဆန်  မျက်နှာမျိုးမဟုတ်ဘဲ သူ့(ရှောင်ဟန်) ထက်တစ်နှစ်​လောက်သာ ငယ်ပုံရသည့် ကောင်လေးတစ်ယောက်ဖြစ်နေလေသည်။

ရှောင်ဟန်က ထိုကောင်လေးကိုကြည့်ကာ နေရခက်စွာ တစ်ချက်ပြုံးပြလိုက်သည်။
ထိုကောင်လေးက သူ့ကို ရင်းနှီးဖော်ရွေသည့် အမူအရာဖြင့် ပြုံးပြလာပြီး စကားဆိုလေသည်။

" ဒီကအစ်ကို... အစ်ကိုက ရှောင်ဟန် မဟုတ်လား...ကျွန်တော် ဒီမှာ ထိုင်လို့ရပါတယ်နော်...ခွင့်ပြုတယ် မဟုတ်လား..."

ရှောင်ဟန်လည်း ထိုကောင်လေးက သူ့ကို သိနေလေပြီး မငြင်းကောင်းသည့် အတွက်ကြောင့် ဖော်ရွှေစွာဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်ရသည်။ ဒီလောက်လေးက သူ့အတွက်ဘာမှကိစ္စမရှိပေ။ ဒီကောင်လေးရဲ့ အမူအရာကလည်း သူ့ကို ရင်းနှီးနေချင်ပုံရသည်။ သူလည်း အသိမိတ်ဆွေများများစားစားရှိမနေသည့် အတွက်ကြောင့် တစ်ယောက်တိုးလာလျှင်လည်း အမြတ်ဟုသာ တွေးယူလိုက်ပြီး ထိုင်ခိုင်းလိုက်တာဖြစ်သည်။

ရှောင်ဟန်က ဝင်ထိုင်ခိုင်းလိုက်သည်နှင့် ထိုကောင်လေးက ချက်ချင်းပင် သွက်လက်စွာ ခုံဆွဲယူပြီး ထိုင်​ေလတော့သည်။

ရှောင်ဟန်လည်း ထိုကောင်လေးကို အသေးစိတ် အကဲခတ်လိုက်ပြီး မေးလိုက်မိသည်။

"ဟိုလေ...ဘယ်သူလည်းမသိဘူး...အဲ့လိုမေးတဲ့အတွက် စိတ်မရှိပါနဲ့ အစ်ကိုက မင်းကို သိပ်မမှတ်မိလို့ပါ..."

ထိုလူငယ်က လက်တစ်ခါခါဖြင့် ဆိုလေသည်။

"ကိစ္စမရှိပါဘူး...ကျွန်တော် နားလည်ပါတယ်..ဒါမျိုးက ဖြစ်တတ်ပါတယ်...တကယ်လို့ အစ်ကို့အတွက်ပြဿနာ မရှိဘူးဆိုရင် ကျွန်တော် အစ်ကို့ကို ဟန်ကော လို့ ခေါ်လို့ရတယ်မဟုတ်လား...ပိုရင်းနှီးသွားအောင်လို့ပါ...ကျွန်တော့် နာမည်က ကုန်းရိ ပါ.."

ရှောင်ဟန်လည်းခွင့်ပြုသည့် ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ရပြန်သည်။ သူသည် မနေနိုင်စွာနှင့်ဘဲ သူ့အရှေ့မှ ထိုလူငယ်အား ပြန်မေးလိုက်မိသည်။

" ကုန်းရိက အစ်ကို့ကို ဘယ်လို သိနေတာလဲ...အစ်ကိုနဲ့ အ​ပြင်မှာ တွေ့ဖူးလို့လား..."

ထိုအခါမှ ထိုလူငယ်၏ မျက်နှာသည်ကား  တစ်ချက်ရဲလာပြီး ရှောင်ဟန်၏ အမေးကို ပြန်ဖြေရန်ပြင်လေသည်။

ထိုအချိန်မှာပဲ စားသောက်ဆိုင်တွင် လေအေးတစ်ချက်က ဖြတ်သန်းသွားသည့်ဟန်ဖြင့် အေးစက်လာပြီး တိုက်ဆိုင်စွာဖြင့်ပင် ကျိုးယွင်လည်း အနားသို့ရောက်ရှိလာပြီ ဖြစ်၏။
ကျိုးယွင်သည် သူတို့စားပွဲဝိုင်းတွင်ချက်ချင်းဝင်မထိုင်ဘဲ ရှောင်ဟန်ကိုသာ စူးစိုက်စွာစိုက်ကြည့်နေလေသည်။

ကျိုးယွင်၏ မျက်ဝန်းများသည်ကား အေးစက်နေသည့် အရောင်အဝါများကို ထုတ်လွင့်နေလေသည်။ ကျိုးယွင်၏ ပုံစံသည်ကား သူ့အစာ အခြားသူ ဉီးမှာကို ကြောက်သည့်ဟန်မပေါ်ဘဲ ထိုအစာကို အခြားသူတွေရဲ့ မျက်လုံးဖြင့်ပင် ကြည့်နေသည်ကို မကြိုက်သည့် ကျားတစ်ကောင်၏အမူအရာမျိုးပင်
ဖြစ်နေသည်။သူ့အပိုင်ကို အခြားသူများက မျက်လုံးဖြင့်် အရသာခံပြီး ကြည့်နေသည်ကို လက်သင့်မခံချင်သည့် ရန်လိုပြီး... သွေးဆာနေပုံရသည့် ကျားရိုင်းတစ်ကောင် ကဲ့သို့ပင်။ ထိုအချင်းအရာ ရှောင်ဟန်က မရိပ်မိသော်လည်း ကုန်းရိသည်ကား အနည်းအကျဉ်းတော့ ရိပ်မိလိုက်ပုံရသည်။

သို့သော် ကုန်းရိသည် ဂရုမစိုက်သည့်ဟန်ဖြင့် ပုခုံးတစ်ချက်တွန့်လိုက်ပြီး ရှောင်ဟန်ရဲ့ အမေးစကားကို ကျိုးယွင်အား မျက်နှာပြောင်တိုက်ကာ ပြန်ဖြေရန်ပြင်လေသည်။

ရှောင်ဟန်သည် ကုန်းရိရဲ့ အပြောကို အရင်နားမထောင်ဘဲ သူ့ကိုသာ ရပ်ကြည့်နေသည့် ကျိုးယွင်၏ လက်ကို ဆွဲကိုင်လိုက်ပြီး ထိုင်ရန် သတိပေးလိုက်ရသည်။
ထိုအခါမှ ကျိုးယွင်သည် သူ့ရဲ့မကျေနပ်ချက်အား ရှောင်ဟန် မသိအောင် ဖုံးကွယ်ထားလိုက်ပြီး ချစ်စရာ အပြုအမူလေးဖြင့် ရှောင်ဟန်ကောကို မေးလိုက်သည်။

"ကော...ကောရဲ့ အသိမိတ်ဆွေတွေထဲမှာ ဒီတစ်ယောက်ကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး...ကောပြောတော့ အကုန်လုံးကျွန်တော်ကို မိတ်ဆက်ပေးမယ်ဆို..."

ရှောင်ဟန်က ကျိုးယွင် စိတ်မကောင်းဖြစ်မှာ ဆိုး၍ အမြန်ပင် ငြင်းဆန်လိုက်မိသည်။

"မဟုတ်တာ...ကောက ဘာလို့ အားယွင်ကို လိမ်ရမှာလည်း...ကုန်းရိက အခုမှ သိတဲ့ သူတစ်ယောက်ပါ...
အခုအားယွင်လေးလည်း ရှိနေပြီဆိုတော့ ကော ပြန်ပြောပြစရာမလိုတော့ဘူးပေါ့..."

ကုန်းရိသည် ယခုမှ ရောက်လာသည့် လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်စွာ တစ်ချက်ပြုံးမိလိုက်သည်။ ကျားနှစ်ကောင် ဂူတစ်ဂူထဲ အတူ
မအောင်းကြသည့်အတွက် သူသည်လည်း ရောက်လာသည့်ကျားကို ကျားနာ တစ်ကောင်ဖြစ်ရန်အတွက် လုပ်ယူရန်ဆုံးဖြတ်လိုက်သည်။ ထိုကောင်လေးက သူမှန်းတာမမှားဘူးဆိုရင် ဟန်ကောကို ယခုချိန်အထိ မရိုးမသားစိတ်ကို ဖွင့်ချပြလို့မရသေးသည့် အဟန့်အတားအလွှာပါး​လေးတစ်ခုရှိလောက်သည်။ ကုန်းရိဆိုသည့် သူကတော့ တူမနေဘူးလေ...သူနဲ့ ဟန်ကောရဲ့ကြားမှာ ထိုကဲ့သို့ အလွှာပါးတစ်ခု ရှိမနေသည့်အတွက်ကြောင့် အမြန် လက်ဉီးမှု ယူရန်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ကုန်းရိသည် မျက်နှာပူသည့် အမူအရာကိုတစ်ချက်လုပ်ယူလိုက်ပြီး မပြောလိုက်ရသည့် စကားကို ထပ်မံ ဆက်ပြောလိုက်တော့သည်။

"ဟန်ကော...ကောက ဘယ်မှတ်မိပါ့မလည်း...ကောကို ကျွန်တော် သိနေတာဖြင့်ကြာလှပြီ...အရင်တစ်ခေါက်က ကောကို စာပို့တဲ့ ရိကောင်လေး ဆိုတဲ့ အကောင့်ကို မှတ်မိသေးလား... ကျွန်တော်ကောကို စာပို့ဖူးတယ်လေ.cover.. photo မှာanime ပုံလေးနဲ့လေ..မှတ်မိလား..."

ရှောင်ဟန်သည် တစ်ချက်စဉ်းစားလိုက်ကြည့်သော်လည်း သူ့ရဲ့အကောင်းစားဉီးနှောက်က အလုပ်လုပ်ပေးပုံမပေါ်ပေ...လုံးဝကို မှတ်မိမနေပါချေ။
သူ့ကို စာပို့နေတဲ့ လူတွေဆိုတာက တစ်ဉီးတစ်ယောက်တည်းမှ ဟုတ်မနေဘဲ...မှတ်မိနေလျှင်
ရှောင်ဟန် သူ့၏ ဉီးနှောက်ကို ရွှေဆိုင်သို့ အပြေးသွားပြီး ရွှေချထားလိုက်မည် ဖြစ်သည်။
ရှောင်ဟန်သည် မမှတ်မိပေမဲ့ အားနာပါးနာနဲ့ မှတ်မိသည့်ဟန်ပန်ပြလိုက်ရပြီး မျက်လုံးကလေးများကို သိရှိသွားသည့် အမူအရာကလေးတစ်ချက်ဖြင့်ပြူးကျယ်ပြလိုက်သည်။

ရှောင်ဟန်က အံ့သြသည့်အမူအရာလေးများဖြင့် ကုန်းရိကို ပြန်ပြောလိုက်ရသည်။

"သြော် မှတ်မိပြီ...နည်းနည်းကြာသွားလို့မမှတ်မိဘူးဖြစ်သွားတယ်...အဲ့ဒီတော့ကောကပဲ မင်းကို တောင်းပန်ပါတယ်..."

ကုန်းရိက ဆိုပြန်သည်။

"ရပါတယ်...ဟန်ကောကို ကျွန်တော် အပြစ်မမြင်မိပါဘူး...ဘာလို့ဆို...ကောရဲ့ အဲ့အမူအရာလေးတွေကပဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့တာလေ..."

"......"

"......"

ထိုစကားကိုကြားလိုက်တော့ ရှောင်ဟန်က ထိုစကားရဲ့လိုရင်းကို မရေမရာဖြစ်ပြီး သိပ်နားမလည်ပေမဲ့
ကျိုးယွင်ကတော့ ထို အတင့်ရဲသည့် ပြောစကားကြောင့် လက်သီးကို ခပ်နာနာ ဆုပ်ထားမိသည်။
ထိုလူကို သူကမကျေနပ်ဟန် မပြသဘဲ နောက်ထပ်ဘယ်လိုစကားတွေထွက်လာမလဲဆိုတာကို စိတ်ရှည်စွာစောင့်ဆိုင်းနေလိုက်သည်။ သို့မှသာ ထိုလူ၏ ဆိုလိုရင်းကို သူက နားလည်လာပြီး လုပ်သင့်လုပ်ထိုက်သည်ကို ဆုံးဖြတ်ရန်အတွက်​ကြောင့်သာ...။

ကုန်းရိသည် ရှောင်ဟန်က နားမလည်နိုင်သေးသည့် အတွက် မည်သည့်စကားမှမပြောမိ​သေးသည်ကို  လက်ခံသည်ဟု မှတ်ယူလိုက်ကာ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် ကြံရွယ်လိုက်ပြီး တစ်ဆင့် တက်ရန် ပြင်ဆင် လိုက်သည်။

"ဟန်ကော...ကျွန်တော် ခန့်မှန်းကြည့်ရသလောက်တော့... ဟန်ကောလည်း...ကျွန်တော့ရဲ့ ဆိုလိုရင်းကို နားလည်လောက်မှာပါ...အခုခေတ်က အရာရာကို နားလည် လက်ခံပေးနေကြပြီပဲ...တစ်ခါလောက် ကျွန်တော့်ကို ပါတနာ အဖြစ်လက်ခံကြည့်ပါလား...ကျွန်တော် ကောင်းကောင်း အဖော်ပြုပေးပါ့မယ်...ကျွန်တော့ရဲ့ ​အရည်အချင်းကို ကြည့်ပြီးမှ ကျန်တာကို ဟန်ကောဆုံးဖြတ်ပေါ့...အတည်တွဲလည်း ရတယ်...ဘယ်လိုလဲ..."

ကုန်းရိက ပြောပြောဆိုဆိုဖြင့် ရှောင်ဟန်၏ လက်ကို ဆွဲကိုင်လေတော့သည်။

ထိုအဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။သို့သော် ရှောင်ဟန်သည် အသိအမြန်ပင်ဝင်လာပြီး အတည်တွဲလည်းရတယ် ဟုဆိုလာသည့် လိုရင်း ကို ရေးတေးတေးမျှ နားလည်လာရသည်။ မယုံနိုင်သည့် မျက်နှာထားဖြင့် လက်ကို အမြန် ရုန်းကန်လိုက်ရသည်။

ရှောင်ဟန်၏ မျက်နှာသည်ကား အရင်အခါများနှင့်မတူဘဲ ချက်ချင်းပင် နီရဲလာရသည်။အခုလိုစကားက သူ့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် မထူးမခြားနားပေ။ လူကြားထဲတွင် သူ့ရဲ့ လက်ကို ကိုင်လာပြီး သူ့ကို ယခုလိုမျိုးပြောလာခဲ့သည်ကို သူအဘယ်ကြောင့် မရှက်ဘဲနေလိမ့်မည်နည်း။ ပြီးတော့ သူက ယောကျားလေး တစ်ယောက်လေ...။ ထိုကုန်းရိဆိုသည့် သူကလည်း ယောကျာ်း လေးတစ်ယောက်ပင်။
ယောကျာ်းလေးတစ်ယောက်ကို မျိုးတူ ယောကျားလေးတစ်ယောက်က လူကြားထဲတွင် ယခုလိုကြီးပြောတော့ သူကမည်သည့်အတွက်ကြောင့် မရှက်ဘဲနေမည်နည်း။ဤစားသောက်ဆိုင်သည်ကား လူရှင်းသော်လည်း အနည်းအကျဉ်းမျှတော့ ရှိသေးသည်။
ထိုလူများ၏အကြည့်များကလည်း သူ့တို့ထိုင်သည့် စားပွဲဝိုင်းဆီသို့...

နောက်ပြီး ဤကဲ့သို့အပြောခံရသည်ကလည်း ကျိုးယွင်ရဲ့ အရှေ့၌တွင် ဖြစ်နေသည်။ သူ့ကို အမြဲ လေးစားရန်လိုအပ်သည့် ကလေးတစ်ယောက်၏ ရှေ့တွင် ရုတ်တရက်ကြီး မထော်မနန်း မသင့်လျှော်သည့် စကားများကို ပြောခံလိုက်ရသည် မဟုတ်လား ။သူ့ရဲ့ အစပျိုးရန် အလုံအလောက်မရှိသေးသည့် သိက္ခာတရားသည်ကား ကလေးတစ်ယောက်၏ အရှေ့တွင် ခွေးစားခံလိုက်ရသည့် အဖြစ်မျိုးပင်...။

ရှောင်ဟန်သည်ကား သူနားလည်လိုက်သည့် ထို အတည်တွဲမည် ဆိုသည့် စကားအတွက်ကြောင့်သာ ဤမျှလောက် ခံရခက် အရှက်ရနေလေသည်။ သူနားမလည်လိုက်သည့် "ပါတနာ"ဆိုသည့်အကြောင်းအရာနှင့် "ကောင်းကောင်းအဖော်ပြုပေးမယ် အရည်အချင်းကိုကြည့်ပြီးမှဆုံးဖြတ်"ဆိုသည့် အောက်လုံးဆန်ဆန် နားလည်ရခက်သည့်စကားများ၏ဆိုလိုရင်းကိုသာ သိရှိလိုက်ရပါက ထိုနေရာ၌ပင် ချက်ချင်း သွေးအန်ချင်စိတ်ပေါက်သွားလောက်ပေသည်။

ထိုစကားအဓိပ္ပါယ်များ၏ တစ်ဖက်တွင် နက်နဲပြီး လက်မခံနိုင်လောက်သည့် အပြုသဘောဆောင်လေသော ခပ်ရိုင်းရိုင်း အဓိပ္ပါယ်များကို ကျိုးယွင်သည်ကား သိရှိပြီးထားသားပင်။ ထိုအတွက်ကြောင့် သူက ထိုကုန်းရိဆိုသည့် လူကို သတ်ဖြတ်ချင်သည့် စိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရှောင်ဟန်ကောရဲ့ အပြောကို စိတ်ဝင်စားစွာ စောင့်ဆိုင်းနေမိသည်။

ရှောင်ဟန်သည် ထိုင်နေရာမှ မထမိစေရန် စိတ်ကို အတင်းထိန်းလိုက်ရပြီး မျက်နှာကို အောင့်သက်သက် အပြုံးတစ်ပွင့်ဖြင့် ဆင်မြန်းလိုက်ပြီးမှသာ တစ်ဖက်လူကို နားလည်အောင် ပြန်ပြောလိုက်ရသည်။

"ဆောရီး... ကုန်းရိ ...အစ်ကိုက ယောက်ျားလေးတစ်ယောက်ပါ... ယောက်ျားလေးတွေကို စိတ်မဝင်စားပါဘူး...ပြီးတော့...အဲ့ဘက်အပိုင်းတွေကိုလည်းသိပ်ပြီးမလည်ဝယ်ဘူး...လက်မခံနိုင်တဲ့အတွက် ခွင့်လွတ်ပါ..."

"......"

"......"

ရှောင်ဟန်က တစ်ဖက်လူလည်း အနေရမခက်အောင် ငြင်းဆန်လိုက်ပြီး ကျိုးယွင်ကို မဝင့်မရဲတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"အားယွင်...မှာထားတာတွေကို...ပါဆည်ပဲ လုပ်ခိုင်းလိုက်မယ်လေ...ကော...ဗိုက်မဆာတော့လို့... အားယွင် အတွက် အဆင်ပြေရဲ့လား..."

ကျိုးယွင်လည်း ရှောင်ဟန်ကို အလိုက်သင့် ခေါင်းညိမ့်ပြလိုက်ပြီး ရှောင်ဟန်ကော ပြောသည့် အတိုင်းသာ ရောက်မလာသေးသည့် ဝိတ်တာကို တစ်ချက်ခေါ်လိုက်ပြီး ပါဆယ်ပြင်ရန်ပြောလိုက်ရသည်။

ကုန်းရိသည်လည်း ပြဿနာ မရှိသည့်အမူအရာဖြင့်သာ သူတို့ရဲ့ လုပ်ဆောင်မှုများကိုအကဲခတ်နေလေသည်။

အကုန်ပြင်ဆင်ပြီးသွားမှသာ ရှောင်ဟန်သည် ကုန်းရိကို အားနာနာဖြင့်အတတ်နိုင်ဆုံး တစ်ချက်ပြုံးပြလိုက်ကာ ဆိုလိုက်၏။

"ဟို...သွားလိုက်ပါဉီးမယ်...ခွင့်ပြုပါဉီး... "

ရှောင်ဟန်တို့ ထွက်သွားရန်အတွက် အနောက်ကိုလှည့်လိုက်ပြီး ခြေလှမ်း ၅လှမ်းလောက် လှမ်းပြီးသည့် အချိန်တွင် ကုန်းရိ၏ ဇွဲမလျော့သေးသည့် အသံသည်ကား ထပ်မံထွက်ပေါ်လာပြန်သည်။

"ဟန်ကော... သေချာ စဉ်းစားပေးပါအူး...ကျွန်တော်ပြန်ဆက်သွယ်လိုက်မယ်..."

ထိုသို့ပြောဆိုကာ ကုန်းရိသည် အရှက်မရှိသည့်မျက်နှာပိုးဖြင့် အစောပိုင်းလောက်ကတည်းက
မှာယူထားသည့် အေးစက်နေသည့်ကော်ဖီခါးတစ်ခွက်ကို အရသာရှိစွာ ဇိမ်ခံသောက်နေလေတော့သည်။

ရှောင်ဟန်လည်း နောက်ထပ်မည်သည့်စကားကိုမှ ပြန်မဆိုတော့ဘဲ ပါဆယ်ထုပ်ယူနေသည့်
ကျိုးယွင်ကို အနောက်မှာ ချန်ထားလိုက်ပြီး ကားပါကင်ဆီသို့သာ ခပ်မြန်မြန်လျှောက်လှမ်းနေမိသည်။
ကျိုးယွင်လည်း အမြန်ပင်ထွက်သွားသည့် ရှောင်ဟန်ကောကိုတစ်ချက်ကြည့်လိုက်ပြီးဆက်လိုက်မသွားသေးဘဲ ဆိုင်အပြင်တစ်နေရာတွင် ခဏရပ်လိုက်သည်။
ရှောင်ဟန်ကော မရှိတော့သည့်အတွက်ကြောင့် ကျိုးယွင်သည် ဆိုင်ထဲတွင်ကော်ဖီထိုင်သောက်နေသေးသည့် ထိုလူအား တစ်ချက်ကြည့်လိုက်ပြီး ကြောက်မက်ဖွယ်ရာနတ်ဆိုးဆန်ဆန် အပြုံးကြီးဖြင့် ပြုံးလိုက်ပြီး
လုရှောင်းဆီကိုသာ ဖုန်းဆကရန်ပြင်လိုက်သည်။
လုရှောင်းကို ပြောစရာရှိသည့်စကားများကို လိုရင်းပဲ အမြန်ပြောပြလိုက်ပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် မျက်လုံးများကို စူးနက်ကာ ဆိုင်ထဲတစ်ချက်ပြန်ကြည့်လိုက်မိသည်။
ဖုန်းမချခင် အဓိကလိုရင်းစကားအနေဖြင့်

"အေ...အခုငါပြောတဲ့...ကောင်ကို...မင်းရဲ့ လျှို့ဝှက် ဂိုဒေါင်မှာ ချုပ်ထားပေး....မင်းဘာမှ မလုပ်လိုက််နဲ့... ငါ့ကိုစောင့်နေ ငါကိုယ်တိုင် ကိုင်တွယ်ကြည့်ချင်လို့..."

ကျိုးယွင်၏ ထိုအပြောစကားကြောင့် ဖုန်းအသံတစ်ဖက်မှ လုရှောင်းရဲ့ အရင်ကထက်မတူတမူထူးခြားနေသည့် ကျေနပ်စရာ ရယ်သံကြီးဖြင့် တုန့်ပြန်သံသည်ကား သူ၏ နားအတွင်းသို့ ဝင်ရောက်လာသည်။

"အိုကေ...ဘယ်လိုကိစ္စကြီးမို့လို့... မင်းဒီလိုဖြစ်နေမှန်းငါမသိပေမဲ့...မင်းပြောသလို အဲ့အကောင်ကို ခေါ်ထားပြီးကောင်းကောင်းစောင့်ကြည့်ထားလိုက်မယ်...စိတ်မပူနဲ့...အေးဆေးပေါ့... မင်းရဲ့ ကောသာမရိပ်မိစေနဲ့...ဘာလို့လဲဆိုတော့ အခု မင်းရဲ့ အသံကိုကြားနေရတာနဲ့တင် မင်းအခြေအနေမူမမှန်မှန်းငါသိတယ်  မင်းအခု အရမ်းကို စိတ်တွေလွတ်နေတယ်...မင်းရဲ့စိတ်ကို ထိန်းချုပ်ထားသင့်တယ်..
အားလုံးပြီးစီးသွားမှ ဒီကိုလာခဲ့..."

"အေ...ဒါဆိုရင်လည်း ပြီးတာပဲ..."

ကျိုးယွင်သည် ဖုန်းကိုချလိုက်ပြီး ဆိုးယုတ်သည့်ကြောက်စရာ အပြုံးကြီးကို ထပ်မံပြုံးလိုက်မိပြန်သည်။

အချိန်ခဏကြာမှသာ ကျိုးယွင်က သူ့ရဲ့ ကြောက်စရာကောင်းပြီး ရူးသွပ်ဟန်ပေါ်နေသည့် မျက်နှာအမူအရာကို တစ်ချက်ပြင်လိုက်ပြီး ရပ်ထားသည့် ကားဆီသို့ လျှောက်လှမ်းလာလိုက်သည်။

ကားအထဲတွင် ရှောင်ဟန်သည်ကား ကုန်းရိပြောလိုက်သည့် စကားများကြောင့် ယခုအချိန်ထိ နေရခက်စွာဖြင့် စဉ်းစားရကြပ်နေလေသည်။
သူ့ကို ယခုလိုကြီး ယောကျာ်းလေးတစ်ယောက်က လူတွေရဲ့ အရှေ့တွင် ပြီးတော့ ကျိုးယွင်၏ ရှေ့မှောက်တွင် ပြောလာလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။
မိန်းကလေးတစ်ယောက်ကသာ လာပြောလျှင်တောင်မှ မျက်နှာပူရမည့် ကိစ္စတစ်ခုကို အခုတော့
ယောကျာ်းလေးတစ်ယောက်ဖြစ်နေလေသည်။

သူ့မှာ ထိုစကားများကြောင့် ယခုထိ စိတ်မလုံမလဲစွာဖြင့် မိမိကိုယ်ကိုယ်ကိုပင် သေချာအကဲခတ်နေမိတော့သည်။ သူက တစ်ကယ်ကြီးကို မိန်းမတစ်ယောက်နှင့်တူမနေပါချေ။ တထစ်ချပြောနိုင်သည့်အမှန်တရားတစ်ခုသည်ကား သူသည် သဘောကောင်းသည့် အစ်ကိုတစ်ယောက်၏ ဟန်ပန်မျိုးပင်... ။သူ့ရဲ့ မျက်နှာသည်လည်း လော့မင်လောက်ပင် အလှလေး ဆန်မနေခဲ့ပါချေ။ ပြီးတော့ သူကိုယ်တိုင်သာ သူသိသည်...သူက ယောကျားလေးချင်း စိတ်မဝင်စားမှန်း...

ယောကျာ်းလေးတစ်ယောက်ကို စိတ်ဝင်စားဖို့နေနေသာသာ မိန်းကလေးများနှင့်ပင် တစ်ခါမှ စိတ်ကူးယဉ်ဖူးသည့်သူမဟုတ်ရပါချေ။
မိန်းကလေးများကိုယခုထိ စိတ်မဝင်စားသေးသည် အချက်က မိန်းကလေး မကြိုက်၍မဟုတ်။ ရှောင်ဟန်သည် သူ့ရဲ့ ဘဝလက်တွဲဖော်ကို တစ်သက်တွင် တစ်ယောက်သာ ဖြစ်ရမည်ဟု ရည်ရွယ်ထားသည့်အတွက်ကြောင့်သာ ဖြစ်သည်။သူ သဘောကျသည့် မိန်းကလေးမျိုးကို မတွေ့ရှိသေးသည့် အတွက်ကြောင့်ဟုသာ ခံယူထားသည်။

ပြီးတော့ ရှောင်ဟန်သည် ယခုအချိန်အထိ တဏှာရာဂနဲ့ ပတ်သတ်သည့် မည်သည့်အကြောင်းအရာကိုမှ စိတ်ကူးယဉ်ဖူးသည့်သူတစ်ယောက်မဟုတ်ပေ။သူ့မှာ လော့မင်ပြောပြဖူးသည့် ဆယ်ကျော်သက်တစ်ယောက်၏ နွေးဉီးအိမ်မက်ကိုပင် မည်ကဲ့သို့အရာမှန်းပင် မသိရှိရသေး...။ ထိုအတွက်တော့ ရှောင်ဟန်သည် ထူးကဲပြီး စိုးရိမ်မနေပါချေ။ အချိန်မတန်သေးသည့် အတွက်ကြောင့်ဟုသာ လက်ခံထားသည်။ယခုတွင်တော့ မတူညီပါချေ...။ သူ့အတွက် စဉ်းစားစရာများတိုးပွားလာပြီဖြစ်သည်။

သူ ယခုအကြောင်းတွေကို လော့မင်နဲ့ တိုင်ပင်ကြည့်ရမလားဟု စဉ်းစား နေမိသည်။လော့မင်ဆိုရင် သူ့ကို ကူညီနိုင်လောက်သည်။ အပြင်တွင် လူချင်းတွေ့ပြီး မေးရမည်ကား မျက်နှာပူစရာ ဖြစ်သော်လည်း ဖုန်းနဲ့ စာပို့ပြီး မေးမြန်းပါက ထင်သလောက်တော့ ရှက်စရာ မကောင်းလောက်ဘူး ဟုတွေးမိသည့်အတွက်ကြောင့် ညရောက်မှသာ စာပို့ပြီး မေးရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ဟန်သည်က  ကျိုးယွင်လည်း ရောက်ရှိလာသည့် အတွက်ကြောင့် နေရခက်ပြီး စိတ်တင်းကြပ်သည့် မျက်နှာထားကိုပြင်လိုက်ကာ အပြုံးလေးတစ်ပွင့်ဖြင့် ပြုံးပြလိုက်ရသည်။

ရှောင်ဟန်က ခက်ခက်ခဲခဲ ချောင်းတစ်ချက် ဟန့်လိုက်ကာ တိတ်ဆိတ်နေပြီးအေးစက်နေသည့် ကားအတွင်းထဲရှိလေထုကို စကားပြောဆိုပြီး ဖြိုခွင်းရန် ဆုံးဖြတ်လိုက်သည်။

"အဟမ့်...အားယွင်လေး...ပြန်ရောက်တာလာကြာတယ်နော်...ကိစ္စရှိလို့လား...စောစောက ကိစ္စက
ဘယ်လိုပြောရမလည်း မသိပေမဲ့...အဲ့ကောင်လေးက
မရည်ရွယ်ပဲ ပြောလိုက်မိတာနေမယ်...လူမှားသွားတာလည်းဖြစ်ကောင်း ဖြစ်နိုင်တယ် စိတ်ထဲမထားနဲ့...ကြားလား..."

ကျိုးယွင်က ရှောင်ဟန်ကို ခေါင်းအသာ ငြိမ့်ပြလိုက်သည်။ ထို့နောက် မည့်သည့်အရာကိုမှမသိရှိသေးသည့် အမူအရာကို​ပြသလိုက်ပြီး​ အမေးစကားဖြင့်သာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကော...တွဲတယ်ဆိုတာက ချစ်သူရည်စားကို ပြောတာမဟုတ်လား...သူက ကောကို အချင်းချင်းလေ...ပြီးတော့ ကောရော ဘယ်လို သဘောရလည်း...သူပြောတာကို..."

ရှောင်ဟန်သည် စူးစမ်းသိချင်နေသည့် ကျိုးယွင်ကို တစ်ချက်ကြည့်ပြီး သူနားလည်သလောက်ရှင်းပြလိုက်ရမလားဟုတွေးယူလိုက်မိသည်။သို့သော်လည်း ဘာမှမသိရှိိသေးသည့် အရွယ်ဖြစ်နေသည့် အတွက်ကြောင့် လိမ်လည်ရန်သာ ဆုံးဖြတ်လိုက်သည်။

ရှောင်ဟန်က ကျိုးယွင်ရဲ့ ခေါင်းလေး ကို အကျင့်အတိုင်း သေချာပွတ်သပ်ပေးလိုက်ပြီး

"အားယွင် ပြောတာ မှန်တယ်...သူပြောလိုက်တာက အဲ့ဒီသဘောပဲ...ဒါပေမဲ့ အဲ့ဒီကုန်းရိဆိုတဲ့ ကောင်လေးက သူပြောတဲ့ စကားအဓိပ္ပါယ်ကို အားယွင်လေးလို နားမလည်လို့ ကောကို ပြောလာတာ ဖြစ်မယ်...သူ့ရဲ့ပုံစံကိုကြည့်ပါလား အားယွင်လိုမဟုတ်ဘူး...သူ့စိတ်မှာ ပြဿနာရှိနေတဲ့ပုံပေါ်နေတယ်...ကြည့်တာနဲ့ သိသာတယ်...ပြီးတော့ သူပြောနေတဲ့ စကားတော်တော်များများကို ကောလည်း တကယ်ကြီးနားမလည်ဘူး...ကဲ...ကောပြောတာကိုပဲယုံ...မဟုတ်တာတွေလျောက်မတွေးနဲ့တော့..."

ကျိုးယွင်လည်း သူ့ကို မသိစေချင်သည့် ရှောင်ဟန်ကော၏ လိမ်လည်မှု အပေါ်ကို အပြစ်မတင်တော့ဘဲ
နောက်ထပ် ထပ်မေးချင်သည့် "ယောကျာ်းလေးချင်းစိတ်ဝင်စားတာကို ကောဘယ်လို သဘောရလဲ...လက်သင့်ခံလား..."ဟူသည့် အမေးစကား ကို မမေးတော့ဘဲ ခေါင်းညိမ့်ပြလိုက်ရသည်။

"ဟုတ်ကော...ကျွန်တော် နားလည်ပါပြီ..."

ရှောင်ဟန်သည် ကျိုးယွင်က သူ့စကားကို အဟုတ်မှတ်သွားမှသာ စိတ်အေးနိုင်တော့သည်။

ကျိုးယွင်သည်သူမေးချင်သည့် ထိုမေးခွန်းကို ယခုအချိန်မှာသာ မေးကြည့်လိုက်ပါက ရှောင်ဟန်ကော၏ စိတ်ထဲတွင် သူ့ကို ဖြူစင်တဲ့ ကလေးတစ်ယောက်လို မမြင်တော့ဘဲ သူ့ကို သတိထားပြီး နေလာလိမ့်မည် ဆိုသည်ကို သိရှိထားပြီးသားပင်..။ထိုအဖြစ်မျိုးကို သူအဖြစ်မခံနိုင်ပေ...။

မေးခွန်းလေးတစ်ခုကြောင့်ဘဲ...ကောက သူဖုံးကွယ်ထားသည့် အမှန်တရားများကို သိမြင်သွားလောက်သည်မဟုတ်လား...။

ကောရဲ့ စိတ်ထဲတွင်သိထားသည့် အမှန်တရားသည်ကား ကျိုးယွင်ဆိုသည့်သူက ဘာမှ မသိ ဘာမှ မတတ်သေးသည့် ဆယ်ကျော်သက်လေးသာသာ သာဖြစ်သည်။
သူ့မေးခွန်းအပေါ်မှာ ကောက မည့်သို့ဖြေလာမည်ကိုသူသိချင်သေးသော်လည်း... ထိုအရာက နောက်ဖြစ်လာမည့် သူ့လုပ်ရပ်များအတွက် အကျုံးဝင်လိမ့်မည် မဟုတ်ပါချေ...။

ကောက ထိုအချင်းအရာကိုလက်ခံခဲ့လျှင်တောင်မှ ညီတစ်ယောက်လို သတ်မှတ်ထားသည့် သူ့အတွက်တော့ မဟုတ်လောက်ပေ။
ကောရဲ့ လက်ခံမှုကလည်း သူနဲ့ လုံးဝသက်ဆိုင်လိမ့်မည်မဟုတ်​ချေ...။အခြားသူအတွက်ဆိုရင်သာ လက်သင့်ခံလောက်သော်လည်း...သူ့ကိုတော့ ထည့်တွက်ပြီး စဉ်းစားလောက်မည်မဟုတ်ရပါချေ။

သို့သော်...ထိုအကြောင်းအရာအတွက် သူကလည်းစိတ်မဝင်စားပါ ...

မည်သည့်အတွက်ကြောင့်ဆိုရလျှင်
ရှောင်ဟန်ကော ရဲ့ ထိုအဖြေစကားက သူ့အတွက် လုံးဝ အသုံးမဝင်ပါချေ။ဘာလို့ဆို...ကောက လက်မခံရင်လည်း ကိစ္စမရှိဘူးဟု ခံယူထားသည့် အတွက်ကြောင့်...

ကောက မည်ကဲ့သို့ပင် ဖြေဆိုလာခဲ့ပါစေ...
အချိန်တန်လျှင််...ကော သူ့ကိုလက်မခံချင်ရင်လည်း လက်ခံလာအောင် လုပ်ယူမှာဖြစ်ပြီး...

ကောက ယောကျာ်းလေးချင်းကြိုက်တာကို လက်ခံရင်လည်း သူ့အတွက် ကိစ္စ အထူးအထွေမရှိသလို...

လက်မခံရင်လည်း သူ့လုပ်ဆောင်ချက်အပေါ် သက်ရောက််မှုမရှိပေ...

သေချာသည့် အမှန်တရားသည်ကား တစ်နေ့ကျရင်  ကောက သူ့အတွက် သူ့အပိုင်... ဖြစ်လာရမည် ဟူ၍သာ...

---------------------

Zawgyi

ေရွာင္ဟန္တို႔ႏွစ္ေယာက္သည္္ ရွန္ဟိုင္းၿမိဳ႕တြင္ရွိသည့္ အစည္ကားဆုံး ေစ်းဝယ္စင္တာႀကီးမ်ားထဲမွ အေကာင္းဆုံးတစ္ခုကို ေ႐ြးခ်ယ္လိုက္ၾကၿပီး ထို စင္တာတြင္သာ လိုအပ္သည့္ အရာမ်ားကို ဝယ္ယူရန္ ဆုံးျဖတ္လိုက္ၾကသည္။ေစ်းဝယ္စင္တာ အတြင္းကို ေရာက္ရွိၿပီဆိုသည္ႏွင့္ ေရွာင္ဟန္သည္ အရင္ဉီးဆုံး တိရိစ္ဆာန္ အစာ ေရာင္းသည့္ ဆ်ိဳင်ျမားဘက်သိဳ႕ ခပ္သြပ္သြပ္ ေလွ်ာက္လွမ္းေလေတာ့သည္။ က်ိဳးယြင္ကလည္း ေရွာင္ဟန္၏ မိမိကိုယ္ကိုယ္ေတာင္ မည္သည့္ ဟန္ပန္ျပဳမႈေနမွန္းမရိပ္မိဘဲတက္ႂကြေနတဲ့ ဆယ္ႏွစ္သား ကေလးကဲ့သို႔ ျဖစ္ေနသည့္ ေရွာင္ဟန္ရဲ႕ ေက်ာျပင္ေလးကို ၾကည့္ၿပီး သတိမထားမိလိုက္ဘဲ စစ္မွန္တဲ့ အၿပဳံးေလးတစ္ခ်က္ကိုၿပဳံးလိုက္မိသည္။

ေၾကာင္စာ ဝယ္ေနသည့္ အခ်ိန္မ်ားတြင္လည္း က်ိဳးယြင္သည္ကား ေရွာင္ဟန္၏ ျပဳမူလုပ္ေဆာင္ခ်က္မ်ားကို အေသးစိတ္လိုက္လံ ၾကည့္ရႈ႕ေနမိသည္။

က်ိဳးယြင္၏ အၾကည့္မ်ားသည္ အျမတ္တနိုးသိမ္းဆည္းထားခ်င္သည့္ သက္ရွိအ႐ုပ္ကေလးကို ၾကည့္ရႈ႕ေနျခင္းထက္ မ်ားစြာသာလြန္ကာ မ်က္ဝန္းမ်ားက အသက္ဝင္စူးရွေနေလသည္။ယခုျဖစ္ေနသည့္ သူ၏ ပုံစံသည္ကား သူ မပိုင္ဆိုင္ေသးသည့္ အရာကို ရယူလိုေသာဟန္ျဖင့္ ၾကည့္ရႈ႕ေနသည့္ ပုံစံမ်ိဳးမဟုတ္ဘဲ သူတစ္ေယာက္တည္းကသာ ပိုင္ဆိုင္ခြင့္ရထားသည့္ သူပိုင္ဆိုင္္သည့္အရာ ကိုအျမတ္တနိုးၾကည့္ရႈ႕ေနသည့္ အမူအရာ ဟန္ပန္မ်ိဳးျဖစ္သည္။ ထိုအခ်င္းအရာကို ေၾကာင္စာ ဝယ္ရန္အတြက္သာ စိတ္ေရာက္ေနသည့္ ေရွာင္ဟန္က အဘယ္သို႔ေၾကာင့္ သိလိမ့္မည္အံ့နည္း ။ ေရွာင္ဟန္သည္ကား က်ိဳးယြင္က သူ႕ကို ၾကည့္ေနသည့္ ထိုမရိုးသားသည့္ မသင့္ေလွ်ာ္မအပ္ဆပ္သည့္ အၾကည့္မ်ားကို သတိထားမိလိမ့္မည္ မဟုတ္ပါေခ်။

ေရွာင္ဟန္သည္ snowေလးအတြက္ လိုအပ္သည့္ ေၾကာင္စာကို အလုံအေလာက္ဝယ္ယူလိုက္ၿပီး စိတ္ေက်နပ္သည့္ အမူအရာျဖင့္ က်ိဳးယြင္အား ၿပဳံးျပလိုက္သည္။
က်သင့္ေငြရွင္းရန္အတြက္ ေကာင္တာသို႔သြားရန္
ဝယ္ယူထားသည့္ အရာမ်ားကိုမနိုင္မနင္းမကာ က်ိဳးယြင္ကို မေစာင့္ေတာ့ဘဲ အျမန္ထြက္လာခဲ့လိုက္သည္။ က်ိဳးယြင္သည္ ေရွာင္ဟန္၏ ထိုတက္ႂကြေပ်ာ္႐ႊင္ေနသည့္အမူအရာမ်ားကိုၾကည့္ကာ မလြယ္ပါလား ဆိုသည့္ ပုံစံျဖင့္သာ ေခါင္းတစ္ခ်က္ခါလိုက္ၿပီး အၿပဳံးေလးျဖင့္ ေရွာင္ဟန္ေကာ သြားရာ ေနာက္သာ ထပ္မံလိုက္ရျပန္သည္။

ေရွာင္ဟန္ သည္ မိမိစိတ္ႀကိဳက္ အလိုဆႏၵမ်ားကို ျဖည့္ဆည္းၿပီးသြားမွသာ ေက်နပ္သည့္ အၿပဳံးတစ္ပြင့္ျဖင့္ ဝယ္ယူခဲ့သည့္ လက္ဆြဲအိပ္ႀကီးကိုတစ္ခ်က္ၾကည့္ လိုက္သည္။ၿပီးေနာက္ က်ိဳးယြင္ကို တစ္ခ်က္ၾကည့္လိုက္မိသည္။တိုက္ဆိုက္စြာျဖင့္ပင္ ထိုကေလးကလည္း သူ႕ကိုၾကည့္ေနေလသည္။ သူကလည္း အားေနသည့္ လက္တစ္ဖက္ျဖင့္ က်ိဳးယြင္၏ ေခါင္းကေလးကို ပြတ္ေပးလိုက္ၿပီး ဆံပင္ကေလးမ်ားကို မေနနိုင္ေတာ့ဘဲ အသည္းယားစြာ ဖြလိုက္မိသည္။

က်ိဳးယြင္သည္ ေရွာင္ဟန္ လုပ္ေပးသမွ်ကို ေက်ေက်နပ္နပ္ျဖင့္ မ်က္လုံးေလးမွိတ္ကာ ခံယူေနေလသည္။သူ႕ပုံစံက ခ်စ္စရာ ေကာင္းသည့္ ေၾကာင္ေပါက္ကေလး တစ္ေကာင္လိုပင္ ။ တစ္ခဏၾကာမွ က်ိဳးယြင္၏ မ်က္ဝန္းမ်ားက ပြင့္ဟလာၿပီး ေရွာင္ဟန္ကို နားလည္ရခက္စြာ ၿပဳံးျပလာခဲ့သည္။

ၿပီးေနာက္တြင္ က်ိဳးယြင္က ေရွာင္ဟန္ကို စကားဆိုလာသည္။

"ေရွာင္ဟန္ေကာ...ဒီ အထုပ္ေတြကို ကြၽန္ေတာ့္ကို ေပးထားလိုက္...ခဏေနရင္ ကားဒါရိုက္ဘာကို ဖုန္းဆက္ေခၚၿပီး လာယူခိုင္းလိုက္မယ္... ေန႕လယ္လည္း ေရာက္ေနၿပီဆိုေတာ့ ဆိုင္တစ္ဆိုင္ေ႐ြးလိုက္ၿပီး ေန႕လယ္စာ စားလိုက္ၾကရေအာင္...ေကာဗိုက္ဆာေနေလာက္ၿပီ...ဟုတ္တယ္မို႔လား... "

က်ိဳးယြင္သည္ စကားအဆုံးတြင္ ေရွာင္ဟန္ လက္ထဲမွ ဝယ္လာခဲ့သည့္ အထုတ္မ်ားကို လက္လြဲယူလိုက္သည္။

ေရွာင္ဟန္လည္း က်ိဳးယြင္ေျပာလိုက္မွ သူဗိုက္ဆာေနၿပီ ျဖစ္ေၾကာင္း သတိထားမိလိုက္သည္။ သူေတာင္ သတိမထားမိဘဲ ...အားယြင္ေလးက ဘာလို႔သတိထားမိေနရတာလဲ။ ဒီကေလးေလးက သူ႕ရဲ႕ အရိပ္အေျခကို သူ႕ထက္ေတာင္ နားလည္တဲ့ ပုံေပၚေနတယ္။ ဟုတ္မွာေပါ့ ... သူနဲ႕ အားယြင္ေလးတို႔ အတူေနလာခဲ့တဲ့ ႏွစ္ေတြက နည္းမွ မနည္းေတာ့ဘဲ...
အားယြင္ေလး သူ႕ရဲ႕ အမူအက်င့္ေတြအားလုံးကို ခန့္မွန္းတတ္ေနရင္ေတာင္မွ မထူးဆန္းသည့္ ကိစၥရပ္တစ္ခုပင္ျဖစ္လိမ့္မည္။

ေရွာင္ဟန္သည္ က်ိဳးယြင္ရဲ႕ အေမးကို မေျဖေတာ့ဘဲ ေခါင္းတစ္ခ်က္သာ ညိမ့္ျပလိုက္သည္။

က်ိဳးယြင္သည္ ေရွာင္ဟန္က လက္ခံလိုက္ၿပီ ဆိုသည္ႏွင့္ အေကာင္းဆုံးနဲ႕လူအရွင္းဆုံး ဆိတ္ၿငိမ္ေကာင္းမြန္သည့္ စားေသာက္ဆိုင္ တစ္ဆိုင္ကို အျမန္ဆုံးေ႐ြးခ်ယ္လိုက္ေတာ့သည္။

က်ိဳးယြင္သည္ ေရွာင္ဟန္ကို မီႏူး စာအုပ္ေပး
ထားလိုက္ၿပီး အရင္ေ႐ြးထားရန္ေျပာလိုက္ၿပီး ဆိုင္အျပင္သို႔ ထြက္လာခဲ့လိုက္၏။

ဝယ္ယူထားသည့္အထုတ္မ်ားကို တစ္ခါတည္းအပါယူခဲ့လိုက္ၿပီး ထိုအထုတ္မ်ားကို ကားဒါရိုက္ဘာအား လာယူရန္အတြက္ ဖုန္းဆက္ရန္ ထြက္လာခဲ့လိုက္တာျဖစ္သည္။သို႔မွသာ ေရွာင္ဟန္ေကာလည္း ႀကိဳက္သည့္ အစားအေသာက္မ်ားကို စိတ္ႀကိဳက္ေ႐ြးခ်ယ္နိုင္ေပလိမ့္မည္။ေရွာင္ဟန္ေကာသည္ တစ္ခါတစ္ရံ အစားအေသာက္မ်ားမွာယူသည့္ အခ်ိန္မ်ားတြင္
သူရွိေနပါက သူ႕ရဲ႕အႀကိဳက္မ်ားကိုသာ ဉီးစားေပးမွာယူတတ္ၿပီး ထိုသူကိုယ္၌အတြက္ေတာ့ ေမ့ေလ်ာ့ေနတတ္သည့္ အတြက္ေၾကာင့္ျဖစ္သည္။

က်ိဳးယြင္သည္ ေရွာင္ဟန္ထိုင္ေနသည့္ စာပြဲဝိုင္းကို စိတ္မခ်စြာ တစ္ခ်က္ၾကည့္လိုက္ၿပီး စိတ္ခ်ရသည့္ အေနအထားကို ျမင္လိုက္ရမွ စိတ္ေအးသြားၿပီး တစ္ဖက္လွည့္ေက်ာခိုင္းလိုက္ကာ ဖုန္းဆက္ရန္ ျပင္လိုက္သည္။

ေရွာင္ဟန္သည္လည္း က်ိဳးယြင္အလာကို ေစာင့္ေနရင္း မီႏူးစာအုပ္ထဲမွ စားခ်င္သည့္ အစားအေသာက္မ်ားကို ေ႐ြးခ်ယ္ေနမိသည္။စာပြဲထိုးကလည္း စိတ္ရွည္စြာျဖင့္ ေရွာင္ဟန္ ေျပာမည့္ အခ်ိန္ကို ေဘးအနားတြင္သာ ရပ္ေစာင့္ေနေလသည္။

ေရွာင္ဟန္သည္လည္း ေဟာ့ေပါ့ အစပ္တစ္ပြဲ ၊ဖက္ထုပ္တစ္ပြဲ ၊ပင္လယ္ေက်ာက္ ပုဇြန္အစပ္ခ်က္ နဲ႕ က်ိဳးယြင္ႀကိဳက္သည့္ ငါးသံပုရာေပါင္း ပြဲႀကီးတစ္ပြဲ ၊အသားႏွပ္ ခ်ိဳခ်ဥ္တစ္ပြဲ ၊ ဆူရွီတစ္ပြဲ တို႔ကို မွာယူလိုက္သည္။

စားပြဲထိုးထြက္သြားမွသာ ေရွာင္ဟန္သည္ က်ိဳးယြင္ကို ေစာင့္ရင္း ဖုန္းထိုင္ပြတ္ေနမိသည္။ ထိုအခိုက္တြင္  သူထိုင္ေနသည့္ စားပြဲဝိုင္းေဘးအနားသို႔ လူတစ္ေယာက္လာရပ္သည့္ ေျခသံကိုၾကားလိုက္ရသည္။
ေရွာင္ဟန္လည္း က်ိဳးယြင္ ျပန္ေရာက္လာသည့္အခ်ိန္ကျမန္ဆန္လွသည့္ အတြက္ေၾကာင့္ အံၾသသြားကာ စကားေျပာရန္ ေခါင္းကို ေမာ့ၾကည့္လိုက္၏။
သို႔ေပမဲ့ က်ိဳးယြင္ရဲ႕ ေခ်ာေမာျဖဴစင္လွသည့္ ကေလးဆန္ဆန္ မ်က္ႏွာမ်ိဳးမဟုတ္ဘဲ သူ႕(ေရွာင္ဟန္) ထက္တစ္ႏွစ္ေလာက္သာ ငယ္ပုံရသည့္ ေကာင္ေလးတစ္ေယာက္ျဖစ္ေနေလသည္။

ေရွာင္ဟန္က ထိုေကာင္ေလးကိုၾကည့္ကာ ေနရခက္စြာ တစ္ခ်က္ၿပဳံးျပလိုက္သည္။
ထိုေကာင္ေလးက သူ႕ကို ရင္းႏွီးေဖာ္ေ႐ြသည့္ အမူအရာျဖင့္ ၿပဳံးျပလာၿပီး စကားဆိုေလသည္။

" ဒီကအစ္ကို... အစ္ကိုက ေရွာင္ဟန္ မဟုတ္လား...ကြၽန္ေတာ္ ဒီမွာ ထိုင္လို႔ရပါတယ္ေနာ္...ခြင့္ျပဳတယ္ မဟုတ္လား..."

ေရွာင္ဟန္လည္း ထိုေကာင္ေလးက သူ႕ကို သိေနေလၿပီး မျငင္းေကာင္းသည့္ အတြက္ေၾကာင့္ ေဖာ္ေ႐ႊစြာျဖင့္ပင္ ေခါင္းၿငိမ့္ျပလိုက္ရသည္။ ဒီေလာက္ေလးက သူ႕အတြက္ဘာမွကိစၥမရွိေပ။ ဒီေကာင္ေလးရဲ႕ အမူအရာကလည္း သူ႕ကို ရင္းႏွီးေနခ်င္ပုံရသည္။ သူလည္း အသိမိတ္ေဆြမ်ားမ်ားစားစားရွိမေနသည့္ အတြက္ေၾကာင့္ တစ္ေယာက္တိုးလာလွ်င္လည္း အျမတ္ဟုသာ ေတြးယူလိုက္ၿပီး ထိုင္ခိုင္းလိုက္တာျဖစ္သည္။

ေရွာင္ဟန္က ဝင္ထိုင္ခိုင္းလိုက္သည္ႏွင့္ ထိုေကာင္ေလးက ခ်က္ခ်င္းပင္ သြက္လက္စြာ ခုံဆြဲယူၿပီး ထိုင္ေလေတာ့သည်။

ေရွာင္ဟန္လည္း ထိုေကာင္ေလးကို အေသးစိတ္ အကဲခတ္လိုက္ၿပီး ေမးလိုက္မိသည္။

"ဟိုေလ...ဘယ္သူလည္းမသိဘူး...အဲ့လိုေမးတဲ့အတြက္ စိတ္မရွိပါနဲ႕ အစ္ကိုက မင္းကို သိပ္မမွတ္မိလို႔ပါ..."

ထိုလူငယ္က လက္တစ္ခါခါျဖင့္ ဆိုေလသည္။

"ကိစၥမရွိပါဘူး...ကြၽန္ေတာ္ နားလည္ပါတယ္..ဒါမ်ိဳးက ျဖစ္တတ္ပါတယ္...တကယ္လို႔ အစ္ကို႔အတြက္ျပႆနာ မရွိဘူးဆိုရင္ ကြၽန္ေတာ္ အစ္ကို႔ကို ဟန္ေကာ လို႔ ေခၚလို႔ရတယ္မဟုတ္လား...ပိုရင္းႏွီးသြားေအာင္လို႔ပါ...ကြၽန္ေတာ့္ နာမည္က ကုန္းရိ ပါ.."

ေရွာင္ဟန္လည္းခြင့္ျပဳသည့္ ဟန္ျဖင့္ ေခါင္းၿငိမ့္ျပလိုက္ရျပန္သည္။ သူသည္ မေနနိုင္စြာႏွင့္ဘဲ သူ႕အေရွ႕မွ ထိုလူငယ္အား ျပန္ေမးလိုက္မိသည္။

" ကုန္းရိက အစ္ကို႔ကို ဘယ္လို သိေနတာလဲ...အစ္ကိုနဲ႕ အျပင္မွာ ေတြ႕ဖူးလို႔လား..."

ထိုအခါမွ ထိုလူငယ္၏ မ်က္ႏွာသည္ကား တစ္ခ်က္ရဲလာၿပီး ေရွာင္ဟန္၏ အေမးကို ျပန္ေျဖရန္ျပင္ေလသည္။

ထိုအခ်ိန္မွာပဲ စားေသာက္ဆိုင္တြင္ ေလေအးတစ္ခ်က္က ျဖတ္သန္းသြားသည့္ဟန္ျဖင့္ ေအးစက္လာၿပီး တိုက္ဆိုင္စြာျဖင့္ပင္ က်ိဳးယြင္လည္း အနားသို႔ေရာက္ရွိလာၿပီ ျဖစ္၏။
က်ိဳးယြင္သည္ သူတို႔စားပြဲဝိုင္းတြင္ခ်က္ခ်င္းဝင္မထိုင္ဘဲ ေရွာင္ဟန္ကိုသာ စူးစိုက္စြာစိုက္ၾကည့္ေနေလသည္။

က်ိဳးယြင္၏ မ်က္ဝန္းမ်ားသည္ကား ေအးစက္ေနသည့္ အေရာင္အဝါမ်ားကို ထုတ္လြင့္ေနေလသည္။ က်ိဳးယြင္၏ ပုံစံသည္ကား သူ႕အစာ အျခားသူ ဉီးမွာကို ေၾကာက္သည့္ဟန္မေပၚဘဲ ထိုအစာကို အျခားသူေတြရဲ႕ မ်က္လုံးျဖင့္ပင္ ၾကည့္ေနသည္ကို မႀကိဳက္သည့္ က်ားတစ္ေကာင္၏အမူအရာမ်ိဳးပင္
ျဖစ္ေနသည္။သူ႕အပိုင္ကို အျခားသူမ်ားက မ်က္လုံးျဖင့္္ အရသာခံၿပီး ၾကည့္ေနသည္ကို လက္သင့္မခံခ်င္သည့္ ရန္လိုၿပီး... ေသြးဆာေနပုံရသည့္ က်ားရိုင္းတစ္ေကာင္ ကဲ့သို႔ပင္။ ထိုအခ်င္းအရာ ေရွာင္ဟန္က မရိပ္မိေသာ္လည္း ကုန္းရိသည္ကား အနည္းအက်ဥ္းေတာ့ ရိပ္မိလိုက္ပုံရသည္။

သို႔ေသာ္ ကုန္းရိသည္ ဂ႐ုမစိုက္သည့္ဟန္ျဖင့္ ပုခုံးတစ္ခ်က္တြန့္လိုက္ၿပီး ေရွာင္ဟန္ရဲ႕ အေမးစကားကို က်ိဳးယြင္အား မ်က္ႏွာေျပာင္တိုက္ကာ ျပန္ေျဖရန္ျပင္ေလသည္။

ေရွာင္ဟန္သည္ ကုန္းရိရဲ႕ အေျပာကို အရင္နားမေထာင္ဘဲ သူ႕ကိုသာ ရပ္ၾကည့္ေနသည့္ က်ိဳးယြင္၏ လက္ကို ဆြဲကိုင္လိုက္ၿပီး ထိုင္ရန္ သတိေပးလိုက္ရသည္။
ထိုအခါမွ က်ိဳးယြင္သည္ သူ႕ရဲ႕မေက်နပ္ခ်က္အား ေရွာင္ဟန္ မသိေအာင္ ဖုံးကြယ္ထားလိုက္ၿပီး ခ်စ္စရာ အျပဳအမူေလးျဖင့္ ေရွာင္ဟန္ေကာကို ေမးလိုက္သည္။

"ေကာ...ေကာရဲ႕ အသိမိတ္ေဆြေတြထဲမွာ ဒီတစ္ေယာက္ကို ကြၽန္ေတာ္တစ္ခါမွမျမင္ဖူးဘူး...ေကာေျပာေတာ့ အကုန္လုံးကြၽန္ေတာ္ကို မိတ္ဆက္ေပးမယ္ဆို..."

ေရွာင္ဟန္က က်ိဳးယြင္ စိတ္မေကာင္းျဖစ္မွာ ဆိုး၍ အျမန္ပင္ ျငင္းဆန္လိုက္မိသည္။

"မဟုတ္တာ...ေကာက ဘာလို႔ အားယြင္ကို လိမ္ရမွာလည္း...ကုန္းရိက အခုမွ သိတဲ့ သူတစ္ေယာက္ပါ...
အခုအားယြင္ေလးလည္း ရွိေနၿပီဆိုေတာ့ ေကာ ျပန္ေျပာျပစရာမလိုေတာ့ဘူးေပါ့..."

ကုန္းရိသည္ ယခုမွ ေရာက္လာသည့္ လူငယ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဂ႐ုမစိုက္စြာ တစ္ခ်က္ၿပဳံးမိလိုက္သည္။ က်ားႏွစ္ေကာင္ ဂူတစ္ဂူထဲ အတူ
မေအာင္းၾကသည့္အတြက္ သူသည္လည္း ေရာက္လာသည့္က်ားကို က်ားနာ တစ္ေကာင္ျဖစ္ရန္အတြက္ လုပ္ယူရန္ဆုံးျဖတ္လိုက္သည္။ ထိုေကာင္ေလးက သူမွန္းတာမမွားဘူးဆိုရင္ ဟန္ေကာကို ယခုခ်ိန္အထိ မရိုးမသားစိတ္ကို ဖြင့္ခ်ျပလို႔မရေသးသည့္ အဟန့္အတားအလႊာပါးေလးတစ္ခုရွိေလာက္သည္။ ကုန္းရိဆိုသည့္ သူကေတာ့ တူမေနဘူးေလ...သူနဲ႕ ဟန္ေကာရဲ႕ၾကားမွာ ထိုကဲ့သို႔ အလႊာပါးတစ္ခု ရွိမေနသည့္အတြက္ေၾကာင့္ အျမန္ လက္ဉီးမႈ ယူရန္ဆုံးျဖတ္ခ်က္ခ်လိဳက္ေတာ့သည္။

ကုန္းရိသည္ မ်က္ႏွာပူသည့္ အမူအရာကိုတစ္ခ်က္လုပ္ယူလိုက္ၿပီး မေျပာလိုက္ရသည့္ စကားကို ထပ္မံ ဆက္ေျပာလိုက္ေတာ့သည္။

"ဟန္ေကာ...ေကာက ဘယ္မွတ္မိပါ့မလည္း...ေကာကို ကြၽန္ေတာ္ သိေနတာျဖင့္ၾကာလွၿပီ...အရင္တစ္ေခါက္က ေကာကို စာပို႔တဲ့ ရိေကာင္ေလး ဆိုတဲ့ အေကာင့္ကို မွတ္မိေသးလား... ကြၽန္ေတာ္ေကာကို စာပို႔ဖူးတယ္ေလ.cover.. photo မွာanime ပုံေလးနဲ႕ေလ..မွတ္မိလား..."

ေရွာင္ဟန္သည္ တစ္ခ်က္စဥ္းစားလိုက္ၾကည့္ေသာ္လည္း သူ႕ရဲ႕အေကာင္းစားဉီးႏွောက္က အလုပ္လုပ္ေပးပုံမေပၚေပ...လုံးဝကို မွတ္မိမေနပါေခ်။
သူ႕ကို စာပို႔ေနတဲ့ လူေတြဆိုတာက တစ္ဉီးတစ္ေယာက္တည္းမွ ဟုတ္မေနဘဲ...မွတ္မိေနလွ်င္
ေရွာင္ဟန္ သူ႕၏ ဉီးႏွောက္ကို ေ႐ႊဆိုင္အေျပးသြားၿပီး ေ႐ႊခ်ထားလိုက္မည္ ျဖစ္သည္။
ေရွာင္ဟန္သည္ မမွတ္မိေပမဲ့ အားနာပါးနာနဲ႕ မွတ္မိသည့္ဟန္ပန္ျပလိုက္ရၿပီး မ်က္လုံးကေလးမ်ားကို သိရွိသြားသည့္ အမူအရာကေလးတစ္ခ်က္ျဖင့္ျပဴးက်ယ္ျပလိုက္သည္။

ေရွာင္ဟန္က အံ့ၾသသည့္အမူအရာေလးမ်ားျဖင့္ ကုန္းရိကို ျပန္ေျပာလိုက္ရသည္။

"ေၾသာ္ မွတ္မိၿပီ...နည္းနည္းၾကာသြားလို႔မမွတ္မိဘူးျဖစ္သြားတယ္...အဲ့ဒီေတာ့ေကာကပဲ မင္းကို ေတာင္းပန္ပါတယ္..."

ကုန္းရိက ဆိုျပန္သည္။

"ရပါတယ္...ဟန္ေကာကို ကြၽန္ေတာ္ အျပစ္မျမင္မိပါဘူး...ဘာလို႔ဆို...ေကာရဲ႕ အဲ့အမူအရာေလးေတြကပဲ ကြၽန္ေတာ့္ကို ဆြဲေဆာင္နိုင္ခဲ့တာေလ..."

"......"

"......"

ထိုစကားကိုၾကားလိုက္ေတာ့ ေရွာင္ဟန္က ထိုစကားရဲ႕လိုရင္းကို မေရမရာျဖစ္ၿပီး သိပ္နားမလည္ေပမဲ့
က်ိဳးယြင္ကေတာ့ ထို အတင့္ရဲသည့္ ေျပာစကားေၾကာင့္ လက္သီးကို ခပ္နာနာ ဆုပ္ထားမိသည္။
ထိုလူကို သူကမေက်နပ္ဟန္ မျပသဘဲ ေနာက္ထပ္ဘယ္လိုစကားေတြထြက္လာမလဲဆိုတာကို စိတ္ရွည္စြာေစာင့္ဆိုင္းေနလိုက္သည္။ သို႔မွသာ ထိုလူ၏ ဆိုလိုရင္းကို သူက နားလည္လာၿပီး လုပ္သင့္လုပ္ထိုက္သည္ကို ဆုံးျဖတ္ရန္အတြက္ေၾကာင့္သာ...။

ကုန္းရိသည္ ေရွာင္ဟန္က နားမလည္နိုင္ေသးသည့္ အတြက္ ငမည္သည့္စကားမွမေျပာမိေသးသည္ကို  လက္ခံသည္ဟု မွတ္ယူလိုက္ကာ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္ရန္ ႀကံ႐ြယ္လိုက္ၿပီး တစ္ဆင့္ တက္ရန္ ျပင္ဆင္ လိုက္သည္။

"ဟန္ေကာ...ကြၽန္ေတာ္ ခန့္မွန္းၾကည့္ရသေလာက္ေတာ့... ဟန္ေကာလည္း...ကြၽန္ေတာ့ရဲ႕ ဆိုလိုရင္းကို နားလည္ေလာက္မွာပါ...အခုေခတ္က အရာရာကို နားလည္ လက္ခံေပးေနၾကၿပီပဲ...တစ္ခါေလာက္ ကြၽန္ေတာ့္ကို ပါတနာ အျဖစ္လက္ခံၾကည့္ပါလား...ကြၽန္ေတာ္ ေကာင္းေကာင္း အေဖာ္ျပဳေပးပါ့မယ္...ကြၽန္ေတာ့ရဲ႕ အရည္အခ်င္းကို ၾကည့္ၿပီးမွ က်န္တာကို ဟန္ေကာဆုံးျဖတ္ေပါ့...အတည္တြဲလည္း ရတယ္...ဘယ္လိုလဲ..."

ကုန္းရိက ေျပာေျပာဆိုဆိုျဖင့္ ေရွာင္ဟန္၏ လက္ကို ဆြဲကိုင္ေလေတာ့သည္။

ထိုအျဖစ္အပ်က္က ျမန္ဆန္လြန္းလှသည္။သို႔ေသာ္ ေရွာင္ဟန္သည္ အသိအျမန္ပင္ဝင္လာၿပီး အတည္တြဲလည္းရတယ္ ဟုဆိုလာသည့္ လိုရင္း ကို ေရးေတးေတးမွ် နားလည္လာရသည္။ မယုံနိုင္သည့္ မ်က္ႏွာထားျဖင့္ လက္ကို အျမန္ ႐ုန္းကန္လိုက္ရသည္။

ေရွာင္ဟန္၏ မ်က္ႏွာသည္ကား အရင္အခါမ်ားႏွင့္မတူဘဲ ခ်က္ခ်င္းပင္ နီရဲလာရသည္။အခုလိုစကားက သူ႕ရဲ႕ မ်က္ႏွာကို ျဖတ္ရိုက္လိုက္သည္ႏွင့္ မထူးမျခားနားေပ။ လူၾကားထဲတြင္ သူ႕ရဲ႕ လက္ကို ကိုင္လာၿပီး သူ႕ကို ယခုလိုမ်ိဳးေျပာလာခဲ့သည္ကို သူအဘယ္ေၾကာင့္ မရွက္ဘဲေနလိမ့္မည္နည္း။ ၿပီးေတာ့ သူက ေယာက်ားေလး တစ္ေယာက္ေလ...။ ထိုကုန္းရိဆိုသည့္ သူကလည္း ေယာက်ာ္း ေလးတစ္ေယာက္ပင္။
ေယာက်ာ္းေလးတစ္ေယာက္ကို မ်ိဳးတူ ေယာက်ားေလးတစ္ေယာက္က လူၾကားထဲတြင္ ယခုလိုႀကီးေျပာေတာ့ သူကမည္သည့္အတြက္ေၾကာင့္ မရွက္ဘဲေနမည္နည္း။ဤစားေသာက္ဆိုင္သည္ကား လူရွင္းေသာ္လည္း အနည္းအက်ဥ္းမွ်ေတာ့ ရွိေသးသည္။
ထိုလူမ်ား၏အၾကည့္မ်ားကလည္း သူ႕တို႔ထိုင္သည့္ စားပြဲဝိုင္းဆီသို႔...

ေနာက္ၿပီး ဤကဲ့သို႔အေျပာခံရသည္ကလည္း က်ိဳးယြင္ရဲ႕ အေရွ႕၌တြင္ ျဖစ္ေနသည္။ သူ႕ကို အၿမဲ ေလးစားရန္လိုအပ္သည့္ ကေလးတစ္ေယာက္၏ ေရွ႕တြင္ ႐ုတ္တရက္ႀကီး မေထာ္မနန္း မသင့္ေလွ်ာ္သည့္ စကားမ်ားကို ေျပာခံလိုက္ရသည္ မဟုတ္လား ။သူ႕ရဲ႕ အစပ်ိဳးရန္ အလုံအေလာက္မရွိေသးသည့္ သိကၡာတရားသည္ကား ကေလးတစ္ေယာက္၏ အေရွ႕တြင္ ေခြးစားခံလိုက္ရသည့္ အျဖစ္မ်ိဳးပင္...။

ေရွာင္ဟန္သည္ကား သူနားလည္လိုက္သည့္ ထို အတည္တြဲမည္ ဆိုသည့္ စကားအတြက္ေၾကာင့္သာ ဤမွ်ေလာက္ ခံရခက္ အရွက္ရေနေလသည္။ သူနားမလည္လိုက္သည့္ "ပါတနာ"ဆိုသည့္အေၾကာင္းအရာႏွင့္ "ေကာင္းေကာင္းအေဖာ္ျပဳေပးမယ္ အရည္အခ်င္းကိုၾကည့္ၿပီးမွဆုံးျဖတ္"ဆိုသည့္ ေအာက္လုံးဆန္ဆန္ နားလည္ရခက္သည့္စကားမ်ား၏ဆိုလိုရင္းကိုသာ သိရွိလိုက္ရပါက ထိုေနရာ၌ပင္ ခ်က္ခ်င္း ေသြးအန္ခ်င္စိတ္ေပါက္သြားေလာက္ေပသည္။

ထိုစကားအဓိပ္ပါယ်ျမား၏ တစ္ဖက္တြင္ နက္နဲၿပီး လက္မခံနိုင္ေလာက္သည့္ အျပဳသေဘာေဆာင္ေလေသာ ခပ္ရိုင္းရိုင္း အဓိပ္ပါယ်ျမားကို က်ိဳးယြင္သည္ကား သိရွိၿပီးထားသားပင္။ ထိုအတြက္ေၾကာင့္ သူက ထိုကုန္းရိဆိုသည့္ လူကို သတ္ျဖတ္ခ်င္သည့္ စိတ္ျဖင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ေရွာင္ဟန္ေကာရဲ႕ အေျပာကို စိတ္ဝင္စားစြာ ေစာင့္ဆိုင္းေနမိသည္။

ေရွာင္ဟန္သည္ ထိုင္ေနရာမွ မထမိေစရန္ စိတ္ကို အတင္းထိန္းလိုက္ရၿပီး မ်က္ႏွာကို ေအာင့္သက္သက္ အၿပဳံးတစ္ပြင့္ျဖင့္ ဆင္ျမန္းလိုက္ၿပီးမွသာ တစ္ဖက္လူကို နားလည္ေအာင္ ျပန္ေျပာလိုက္ရသည္။

"ေဆာရီး... ကုန္းရိ ...အစ္ကိုက ေယာက္်ားေလးတစ္ေယာက္ပါ... ေယာက္်ားေလးေတြကို စိတ္မဝင္စားပါဘူး...ၿပီးေတာ့...အဲ့ဘက္အပိုင္းေတြကိုလည္းသိပ္ၿပီးမလည္ဝယ္ဘူး...လက္မခံနိုင္တဲ့အတြက္ ခြင့္လြတ္ပါ..."

"......"

"......"

ေရွာင္ဟန္က တစ္ဖက္လူလည္း အေနရမခက္ေအာင္ ျငင္းဆန္လိုက္ၿပီး က်ိဳးယြင္ကို မဝင့္မရဲတစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္၏။

"အားယြင္...မွာထားတာေတြကို...ပါဆည္ပဲ လုပ္ခိုင္းလိုက္မယ္ေလ...ေကာ...ဗိုက္မဆာေတာ့လို႔... အားယြင္ အတြက္ အဆင္ေျပရဲ႕လား..."

က်ိဳးယြင္လည္း ေရွာင္ဟန္ကို အလိုက္သင့္ ေခါင္းညိမ့္ျပလိုက္ၿပီး ေရွာင္ဟန္ေကာ ေျပာသည့္ အတိုင္းသာ ေရာက္မလာေသးသည့္ ဝိတ္တာကို တစ္ခ်က္ေခၚလိုက္ၿပီး ပါဆယ္ျပင္ရန္ေျပာလိုက္ရသည္။

ကုန္းရိသည္လည္း ျပႆနာ မရွိသည့္အမူအရာျဖင့္သာ သူတို႔ရဲ႕ လုပ္ေဆာင္မႈမ်ားကိုအကဲခတ္ေနေလသည္။

အကုန္ျပင္ဆင္ၿပီးသြားမွသာ ေရွာင္ဟန္သည္ ကုန္းရိကို အားနာနာျဖင့္အတတ္နိုင္ဆုံး တစ္ခ်က္ၿပဳံးျပလိုက္ကာ ဆိုလိုက္၏။

"ဟို...သြားလိုက္ပါဉီးမယ္...ခြင့္ျပဳပါဉီး... "

ေရွာင္ဟန္တို႔ ထြက္သြားရန္အတြက္ အေနာက္ကိုလွည့္လိုက္ၿပီး ေျခလွမ္း ၅လွမ္းေလာက္ လွမ္းၿပီးသည့္ အခ်ိန္တြင္ ကုန္းရိ၏ ဇြဲမေလ်ာ့ေသးသည့္ အသံသည္ကား ထပ္မံထြက္ေပၚလာျပန္သည္။

"ဟန္ေကာ... ေသခ်ာ စဥ္းစားေပးပါအူး...ကြၽန္ေတာ္ျပန္ဆက္သြယ္လိုက္မယ္..."

ထိုသို႔ေျပာဆိုကာ ကုန္းရိသည္ အရွက္မရွိသည့္မ်က္ႏွာပိုးျဖင့္ အေစာပိုင္းေလာက္ကတည္းက
မွာယူထားသည့္ ေအးစက္ေနသည့္ေကာ္ဖီခါးတစ္ခြက္ကို အရသာရွိစြာ ဇိမ္ခံေသာက္ေနေလေတာ့သည္။

ေရွာင္ဟန္လည္း ေနာက္ထပ္မည္သည့္စကားကိုမွ ျပန္မဆိုေတာ့ဘဲ ပါဆယ္ထုပ္ယူေနသည့္
က်ိဳးယြင္ကို အေနာက္မွာ ခ်န္ထားလိုက္ၿပီး ကားပါကင္ဆီသို႔သာ ခပ္ျမန္ျမန္ေလွ်ာက္လွမ္းေနမိသည္။
က်ိဳးယြင္လည္း အျမန္ပင္ထြက္သြားသည့္ ေရွာင္ဟန္ေကာကိုတစ္ခ်က္ၾကည့္လိုက္ၿပီးဆက္လိုက္မသြားေသးဘဲ ဆိုင္အျပင္တစ္ေနရာတြင္ ခဏရပ္လိုက္သည္။
ေရွာင္ဟန္ေကာ မရွိေတာ့သည့္အတြက္ေၾကာင့္ က်ိဳးယြင္သည္ ဆိုင္ထဲတြင္ေကာ္ဖီထိုင္ေသာက္ေနေသးသည့္ ထိုလူအား တစ္ခ်က္ၾကည့္လိုက္ၿပီး ေၾကာက္မက္ဖြယ္ရာနတ္ဆိုးဆန္ဆန္ အၿပဳံးႀကီးျဖင့္ ၿပဳံးလိုက္ၿပီး
လုေရွာင္းဆီကိုသာ ဖုန္းဆကရန္ျပင္လိုက္သည္။
လုေရွာင္းကို ေျပာစရာရွိသည့္စကားမ်ားကို လိုရင္းပဲ အျမန္ေျပာျပလိုက္ၿပီး သတ္ျဖတ္ခ်င္စိတ္အျပည့္ျဖင့္ မ်က္လုံးမ်ားကို စူးနက္ကာ ဆိုင္ထဲတစ္ခ်က္ျပန္ၾကည့္လိုက္မိသည္။
ဖုန္းမခ်ခင္ အဓိကလိုရင္းစကားအေနျဖင့္

"ေအ...အခုငါေျပာတဲ့...ေကာင္ကို...မင္းရဲ႕ လွ်ို႔ဝွက္ ဂိုေဒါင္မွာ ခ်ဳပ္ထားေပး....မင္းဘာမွ မလုပ္လိုက္္နဲ႕... ငါ့ကိုေစာင့္ေန ငါကိုယ္တိုင္ ကိုင္တြယ္ၾကည့္ခ်င္လို႔..."

က်ိဳးယြင္၏ ထိုအေျပာစကားေၾကာင့္ ဖုန္းအသံတစ္ဖက္မွ လုေရွာင္းရဲ႕ အရင္ကထက္မတူတမူထူးျခားေနသည့္ ေက်နပ္စရာ ရယ္သံႀကီးျဖင့္ တုန့္ျပန္သံသည္ကား သူ၏ နားအတြင္းသို႔ ဝင္ေရာက္လာသည္။

"အိုေက...ဘယ္လိုကိစၥႀကီးမို႔လို႔... မင္းဒီလိုျဖစ္ေနမွန္းငါမသိေပမဲ့...မင္းေျပာသလို အဲ့အေကာင္ကို ေခၚထားၿပီးေကာင္းေကာင္းေစာင့္ၾကည့္ထားလိုက္မယ္...စိတ္မပူနဲ႕...ေအးေဆးေပါ့... မင္းရဲ႕ ေကာသာမရိပ္မိေစနဲ႕...ဘာလို႔လဲဆိုေတာ့ အခု မင္းရဲ႕ အသံကိုၾကားေနရတာနဲ႕တင္ မင္းအေျခအေနမူမမွန္မွန္းငါသိတယ္  မင္းအခု အရမ္းကို စိတ္ေတြလြတ္ေနတယ္...မင္းရဲ႕စိတ္ကို ထိန္းခ်ဳပ္ထားသင့္တယ္..
အားလုံးၿပီးစီးသြားမွ ဒီကိုလာခဲ့..."

"ေအ...ဒါဆိုရင္လည္း ၿပီးတာပဲ..."

က်ိဳးယြင္သည္ ဖုန္းကိုခ်လိဳက္ၿပီး ဆိုးယုတ္သည့္ေၾကာက္စရာ အၿပဳံးႀကီးကို ထပ္မံၿပဳံးလိုက္မိျပန္သည္။

အခ်ိန္ခဏၾကာမွသာ က်ိဳးယြင္က သူ႕ရဲ႕ ေၾကာက္စရာေကာင္းၿပီး ႐ူးသြပ္ဟန္ေပၚေနသည့္ မ်က္ႏွာအမူအရာကို တစ္ခ်က္ျပင္လိုက္ၿပီး ရပ္ထားသည့္ ကားဆီသို႔ ေလွ်ာက္လွမ္းလာလိုက္သည္။

ကားအထဲတြင္ ေရွာင္ဟန္သည္ကား ကုန္းရိေျပာလိုက္သည့္ စကားမ်ားေၾကာင့္ ယခုအခ်ိန္ထိ ေနရခက္စြာျဖင့္ စဥ္းစားရၾကပ္ေနေလသည္။
သူ႕ကို ယခုလိုႀကီး ေယာက်ာ္းေလးတစ္ေယာက္က လူေတြရဲ႕ အေရွ႕တြင္ ၿပီးေတာ့ က်ိဳးယြင္၏ ေရွ႕ေမွာက္တြင္ ေျပာလာလိမ့္မည္ဟု အိမ္မက္ပင္ မမက္ဖူးေခ်။
မိန္းကေလးတစ္ေယာက္ကသာ လာေျပာလွ်င္ေတာင္မွ မ်က္ႏွာပူရမည့္ ကိစၥတစ္ခုကို အခုေတာ့
ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနေလသည္။

သူ႕မွာ ထိုစကားမ်ားေၾကာင့္ ယခုထိ စိတ္မလုံမလဲစြာျဖင့္ မိမိကိုယ္ကိုယ္ကိုပင္ ေသခ်ာအကဲခတ္ေနမိေတာ့သည္။ သူက တစ္ကယ္ႀကီးကို မိန္းမတစ္ေယာက္ႏွင့္တူမေနပါေခ်။ တထစ္ခ်ေျပာနိုင္သည့္အမွန္တရားတစ္ခုသည္ကား သူသည္ သေဘာေကာင္းသည့္ အစ္ကိုတစ္ေယာက္၏ ဟန္ပန္မ်ိဳးပင္... ။သူ႕ရဲ႕ မ်က္ႏွာသည္လည္း ေလာ့မင္ေလာက္ပင္ အလွေလး ဆန္မေနခဲ့ပါေခ်။ ၿပီးေတာ့ သူကိုယ္တိုင္သာ သူသိသည္...သူက ေယာက်ားေလးခ်င္း စိတ္မဝင္စားမွန္း...

ေယာက်ာ္းေလးတစ္ေယာက္ကို စိတ္ဝင္စားဖို႔ေနေနသာသာ မိန္းကေလးမ်ားႏွင့္ပင္ တစ္ခါမွ စိတ္ကူးယဥ္ဖူးသည့္သူမဟုတ္ရပါေခ်။
မိန္းကေလးမ်ားကိုယခုထိ စိတ္မဝင္စားေသးသည္ အခ်က္က မိန္းကေလး မႀကိဳက္၍မဟုတ္။ ေရွာင္ဟန္သည္ သူ႕ရဲ႕ ဘဝလက္တြဲေဖာ္ကို တစ္သက္တြင္ တစ္ေယာက္သာ ျဖစ္ရမည္ဟု ရည္႐ြယ္ထားသည့္အတြက္ေၾကာင့္သာ ျဖစ္သည္။သူ သေဘာက်သည့္ မိန္းကေလးမ်ိဳးကို မေတြ႕ရွိေသးသည့္ အတြက္ေၾကာင့္ဟုသာ ခံယူထားသည္။

ၿပီးေတာ့ ေရွာင္ဟန္သည္ ယခုအခ်ိန္အထိ တဏွာရာဂနဲ႕ ပတ္သတ္သည့္ မည္သည့္အေၾကာင္းအရာကိုမွ စိတ္ကူးယဥ္ဖူးသည့္သူတစ္ေယာက္မဟုတ္ေပ။သူ႕မွာ ေလာ့မင္ေျပာျပဖူးသည့္ ဆယ္ေက်ာ္သက္တစ္ေယာက္၏ ႏြေးဉီးအိမ္မက္ကိုပင္ မည္ကဲ့သို႔အရာမွန္းပင္ မသိရွိရေသး...။ ထိုအတြက္ေတာ့ ေရွာင္ဟန္သည္ ထူးကဲၿပီး စိုးရိမ္မေနပါေခ်။ အခ်ိန္မတန္ေသးသည့္ အတြက္ေၾကာင့္ဟုသာ လက္ခံထားသည္။ယခုတြင္ေတာ့ မတူညီပါေခ်...။ သူ႕အတြက္ စဥ္းစားစရာမ်ားတိုးပြားလာၿပီျဖစ္သည္။

သူ ယခုအေၾကာင္းေတြကို ေလာ့မင္နဲ႕ တိုင္ပင္ၾကည့္ရမလားဟု စဥ္းစား ေနမိသည္။ေလာ့မင္ဆိုရင္ သူ႕ကို ကူညီနိုင္ေလာက္သည္။ အျပင္တြင္ လူခ်င္းေတြ႕ၿပီး ေမးရမည္ကား မ်က္ႏွာပူစရာ ျဖစ္ေသာ္လည္း ဖုန္းနဲ႕ စာပို႔ၿပီး ေမးျမန္းပါက ထင္သေလာက္ေတာ့ ရွက္စရာ မေကာင္းေလာက္ဘူး ဟုေတြးမိသည့္အတြက္ေၾကာင့္ ညေရာက္မွသာ စာပို႔ၿပီး ေမးရန္ ဆုံးျဖတ္လိုက္သည္။

ေရွာင္ဟန္သည္က  က်ိဳးယြင္လည္း ေရာက္ရွိလာသည့္ အတြက္ေၾကာင့္ ေနရခက္ၿပီး စိတ္တင္းၾကပ္သည့္ မ်က္ႏွာထားကိုျပင္လိုက္ကာ အၿပဳံးေလးတစ္ပြင့္ျဖင့္ ၿပဳံးျပလိုက္ရသည္။

ေရွာင္ဟန္က ခက္ခက္ခဲခဲ ေခ်ာင္းတစ္ခ်က္ ဟန့္လိုက္ကာ တိတ္ဆိတ္ေနၿပီးေအးစက္ေနသည့္ ကားအတြင္းထဲရွိေလထုကို စကားေျပာဆိုၿပီး ၿဖိဳခြင္းရန္ ဆုံးျဖတ္လိုက္သည္။

"အဟမ့္...အားယြင္ေလး...ျပန္ေရာက္တာလာၾကာတယ္ေနာ္...ကိစၥရွိလို႔လား...ေစာေစာက ကိစၥက
ဘယ္လိုေျပာရမလည္း မသိေပမဲ့...အဲ့ေကာင္ေလးက
မရည္႐ြယ္ပဲ ေျပာလိုက္မိတာေနမယ္...လူမွားသြားတာလည္းျဖစ္ေကာင္း ျဖစ္နိုင္တယ္ စိတ္ထဲမထားနဲ႕...ၾကားလား..."

က်ိဳးယြင္က ေရွာင္ဟန္ကို ေခါင္းအသာ ၿငိမ့္ျပလိုက္သည္။ ထို႔ေနာက္ မည့္သည့္အရာကိုမွမသိရွိေသးသည့္ အမူအရာကိုျပသလိုက္ၿပီး အေမးစကားျဖင့္သာ သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။

"ေကာ...တြဲတယ္ဆိုတာက ခ်စ္သူရည္စားကို ေျပာတာမဟုတ္လား...သူက ေကာကို အခ်င္းခ်င္းေလ...ၿပီးေတာ့ ေကာေရာ ဘယ္လို သေဘာရလည္း...သူေျပာတာကို..."

ေရွာင္ဟန္သည္ စူးစမ္းသိခ်င္ေနသည့္ က်ိဳးယြင္ကို တစ္ခ်က္ၾကည့္ၿပီး သူနားလည္သေလာက္ရွင္းျပလိုက္ရမလားဟုေတြးယူလိုက္မိသည္။သို႔ေသာ္လည္း ဘာမွမသိရွိိေသးသည့္ အ႐ြယ္ျဖစ္ေနသည့္ အတြက္ေၾကာင့္ လိမ္လည္ရန္သာ ဆုံးျဖတ္လိုက္သည္။

ေရွာင္ဟန္က က်ိဳးယြင္ရဲ႕ ေခါင္းေလး ကို အက်င့္အတိုင္း ေသခ်ာပြတ္သပ္ေပးလိုက္ၿပီး

"အားယြင္ ေျပာတာ မွန္တယ္...သူေျပာလိုက္တာက အဲ့ဒီသေဘာပဲ...ဒါေပမဲ့ အဲ့ဒီကုန္းရိဆိုတဲ့ ေကာင္ေလးက သူေျပာတဲ့ စကားအဓိပ္ပါယ်ကိဳ အားယြင္ေလးလို နားမလည္လို႔ ေကာကို ေျပာလာတာ ျဖစ္မယ္...သူ႕ရဲ႕ပုံစံကိုၾကည့္ပါလား အားယြင္လိုမဟုတ္ဘူး...သူ႕စိတ္မွာ ျပႆနာရွိေနတဲ့ပုံေပၚေနတယ္...ၾကည့္တာနဲ႕ သိသာတယ္...ၿပီးေတာ့ သူေျပာေနတဲ့ စကားေတာ္ေတာ္မ်ားမ်ားကို ေကာလည္း တကယ္ႀကီးနားမလည္ဘူး...ကဲ...ေကာေျပာတာကိုပဲယုံ...မဟုတ္တာေတြေလ်ာက္မေတြးနဲ႕ေတာ့..."

က်ိဳးယြင္လည္း သူ႕ကို မသိေစခ်င္သည့္ ေရွာင္ဟန္ေကာ၏ လိမ္လည္မႈ အေပၚကို အျပစ္မတင္ေတာ့ဘဲ
ေနာက္ထပ္ ထပ္ေမးခ်င္သည့္ "ေယာက်ာ္းေလးခ်င္းစိတ္ဝင္စားတာကို ေကာဘယ္လို သေဘာရလဲ...လက္သင့္ခံလား..."ဟူသည့္ အေမးစကား ကို မေမးေတာ့ဘဲ ေခါင္းညိမ့္ျပလိုက္ရသည္။

"ဟုတ္ေကာ...ကြၽန္ေတာ္ နားလည္ပါၿပီ..."

ေရွာင္ဟန္သည္ က်ိဳးယြင္က သူ႕စကားကို အဟုတ္မွတ္သြားမွသာ စိတ္ေအးနိုင္ေတာ့သည္။

က်ိဳးယြင္သည္သူေမးခ်င္သည့္ ထိုေမးခြန္းကို ယခုအခ်ိန္မွာသာ ေမးၾကည့္လိုက္ပါက ေရွာင္ဟန္ေကာ၏ စိတ္ထဲတြင္ သူ႕ကို ျဖဴစင္တဲ့ ကေလးတစ္ေယာက္လို မျမင္ေတာ့ဘဲ သူ႕ကို သတိထားၿပီး ေနလာလိမ့္မည္ ဆိုသည္ကို သိရွိထားၿပီးသားပင္..။ထိုအျဖစ္မ်ိဳးကို သူအျဖစ္မခံနိုင္ေပ...။

ေမးခြန္းေလးတစ္ခုေၾကာင့္ဘဲ...ေကာက သူဖုံးကြယ္ထားသည့္ အမွန္တရားမ်ားကို သိျမင္သြားေလာက္သည္မဟုတ္လား...။

ေကာရဲ႕ စိတ္ထဲတြင္သိထားသည့္ အမွန္တရားသည္ကား က်ိဳးယြင္ဆိုသည့္သူက ဘာမွ မသိ ဘာမွ မတတ္ေသးသည့္ ဆယ္ေက်ာ္သက္ေလးသာသာ သာျဖစ္သည္။
သူ႕ေမးခြန္းအေပၚမွာ ေကာက မည့္သို႔ေျဖလာမည္ကိုသူသိခ်င္ေသးေသာ္လည္း... ထိုအရာက ေနာက္ျဖစ္လာမည့္ သူ႕လုပ္ရပ္မ်ားအတြက္ အက်ဳံးဝင္လိမ့္မည္ မဟုတ္ပါေခ်...။

ေကာက ထိုအခ်င္းအရာကိုလက္ခံခဲ့လွ်င္ေတာင္မွ ညီတစ္ေယာက္လို သတ္မွတ္ထားသည့္ သူ႕အတြက္ေတာ့ မဟုတ္ေလာက္ေပ။
ေကာရဲ႕ လက္ခံမႈကလည္း သူနဲ႕ လုံးဝသက္ဆိုင္လိမ့္မည္မဟုတ္ေခ်...။အျခားသူအတြက္ဆိုရင္သာ လက္သင့္ခံေလာက္ေသာ္လည္း...သူ႕ကိုေတာ့ ထည့္တြက္ၿပီး စဥ္းစားေလာက္မည္မဟုတ္ရပါေခ်။

သို႔ေသာ္...ထိုအေၾကာင္းအရာအတြက္ သူကလည္းစိတ္မဝင္စားပါ ...

မည္သည့္အတြက္ေၾကာင့္ဆိုရလွ်င္
ေရွာင္ဟန္ေကာ ရဲ႕ ထိုအေျဖစကားက သူ႕အတြက္ လုံးဝ အသုံးမဝင္ပါေခ်။ဘာလို႔ဆို...ေကာက လက္မခံရင္လည္း ကိစၥမရွိဘူးဟု ခံယူထားသည့္ အတြက္ေၾကာင့္...

ေကာက မည္ကဲ့သို႔ပင္ ေျဖဆိုလာခဲ့ပါေစ...
အခ်ိန္တန္လွ်င္္...ေကာ သူ႕ကိုလက္မခံခ်င္ရင္လည္း လက္ခံလာေအာင္ လုပ္ယူမွာျဖစ္ၿပီး...

ေကာက ေယာက်ာ္းေလးခ်င္းႀကိဳက္တာကို လက္ခံရင္လည္း သူ႕အတြက္ ကိစၥ အထူးအေထြမရွိသလို...

လက္မခံရင္လည္း သူ႕လုပ္ေဆာင္ခ်က္အေပၚ သက္ေရာက္္မႈမရွိေပ...

ေသခ်ာသည့္ အမွန္တရားသည္ကား တစ္ေန႕က်ရင္ ေကာက သူ႕အတြက္ သူ႕အပိုင္... ျဖစ္လာရမည္ ဟူ၍သာ...

---------------------

Continue Reading

You'll Also Like

78K 14.2K 28
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.1M 20.1K 33
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
777K 78.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
245K 16.3K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...