Unicode
ရှန်းလီခေါင်းညိမ့်ပြလိုက်ပီး ကုရှင်ချွမ်းကိုလှည့်ကြည့်လိုက်တယ်။ ကုရှင်ချွမ်းကသူ့ကိုလှောင်တော့မှာများလားလို့တွေးမိပီး သူရှက်ရွံ့စွာပြောလိုက်တယ် "ငါငယ်ငယ်လေးကတည်းကအမြဲတမ်းစက်ဘီးစီးတတ်ချင်တာ ဒါပေမဲ့အကြိမ်အနည်းငယ်လောက်သင်ခဲ့ပေမဲ့မတတ်ဘူး..."
ကုရှင်ချွမ်းကသူ့ရဲ့ခေါင်းကိုတစ်ခုခုနဲ့ထုရိုက်ခံရသလိုခံစားလိုက်ရပီး ရှန်းလီကိုမြဲမြဲမြံမြံကြည့်ရင်း ခနလောက်စကားမပြောနိုင်ဖြစ်နေတယ်။
သူ့ရဲ့စိတ်တွေကို ပထမဆုံးအကြိမ် 'ရှန်းလီ' ဆိုတာကိုမြင်ခဲ့တဲ့အချိန်ဆီကိုရောက်သွားတယ်။
အဲ့ဒီအချိန်တုန်းကသူကဆယ့်ငါးနှစ်ပြည့်ပီးရုံပဲရှိသေးတယ်။ ကုရှောက်ယွမ်ကသူ့ကို Manhattan UES မှာရှိနေတဲ့စံအိမ်ကြီးကနေ Imperial Capital ကဝင်းခြံလေးဆီကိုပစ်ထုတ်လိုက်တယ်။ သူက သားသမီးတို့ရဲ့တာဝန်ကျေပွန်မှုကိုအကြောင်းပြလို့ အလုပ်များတဲ့ကုရှောက်ယွမ်နေရာမှာအစားဝင်ပီး သူ့ရဲ့ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတဲ့အဖိုးကိုကျန်ရှိနေတဲ့ဘဝလေးအတွက် အဖော်ပြုပေးခဲ့ရတယ်။
ကုရှင်ချွမ်းမွေးလာတဲ့အချိန်ကစလို့ သူကသူ့အဖိုးကိုတစ်နှစ်လုံးမှာ တရုတ်နှစ်သစ်ကူးရက်မှာပဲ တွေ့ဖူးတယ်။ သူကသာမန်အချိန်တွေမှာ စကားအများကြီးမပြောနိုင်တော့ သူဘယ်လိုခံစားရလဲဆိုတာသူတစ်ယောက်ပဲသိတယ်။ သူ့အဖိုးအိမ်ကနေသူထွက်လာပီး ကားနောက်ထိုင်ခုံမှာ နုံးချိစွာမှီနေလိုက်တယ်။ ပီးတော့သူကကားပြတင်းကနေတဆင့် Imperial Capital ရဲ့ရှုပ်ထွေးတဲ့လမ်းတွေကိုကြည့်နေခဲ့တယ်။
ကွန်ပျူတာမရှိ ဂိမ်းစက်မရှိ အတူတူကစားဖို့အဖော်မရှိတဲ့ဘဝက ဆယ့်ငါးနှစ်အရွယ်ကုရှင်ချွမ်းအတွက်တော့ ငရဲအတိုင်းပဲ။ အဲ့ဒီအချိန်တွေကသူ့ဘဝမှာအဆိုးဆုံးအချိန်တွေဖြစ်တယ်။
သူ့ရဲ့စိတ်အခြေအနေကမည်းမှောင်နေပီး အရမ်းအရမ်းကိုစိတ်ဓာတ်ကျနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးမှာနေရောင်ခြည်ဆိုတာတောင်မရှိတော့ဘူးလို့ သူခံစားနေရတယ်။ အဲ့ဒီအချိန်မှာ အလင်းရောင်ကိုအငှားသယ်ဆောင်လာပေးတဲ့ စက်ဘီးလေးတစ်စီးက သူ့မျက်လုံးရှေ့ရောက်လာတယ်။ လေတွေကကောင်လေးရဲ့အဖြူရောင်ရှပ်အင်္ကျီလေးကိုဖြတ်တိုက်ပီး အင်္ကျီအောက်နားစလေးကပင့်တက်သွားကာ ခါးသွယ်သွယ်လေးကတစ်ဝက်တစ်ပျက်ပေါ်လာတယ်။ ပေါ်လာတဲ့ခါးလေးက နေရောင်အောက်မှာရွှေရောင်အလွှာလေးတစ်ခုဖုံးလွှမ်းထားပီး တလက်လက်တောက်ပနေသလိုဖြစ်နေတယ်။ သူဖြတ်သွားတဲ့အချိန်မှာ ဆယ်ကျော်သက်အရွယ်ကောင်လေးရဲ့အရိပ်လေးကကားမှန်ပေါ်မှာ လှုပ်ယမ်းသွားပီး ရိပ်ခနဲလွင့်မျောသွားတဲ့ လှပတဲ့အလင်းတန်းလေးလိုပဲ။
ကုရှင်ချွမ်းရဲ့မျက်လုံးတွေက ကောင်ငယ်လေးရဲ့ပုံရိပ်ဆီက သွေဖွယ်သွားခြင်းမရှိဘဲ ရှပ်အင်္ကျီပေါ်က 'ရှန်းလီ' ဆိုတဲ့နာမည်ကဒ်ပြားလေးကို ဝေဝေဝါးဝါးမြင်လိုက်ရတယ်။
ရင်ဖိုလှိုက်မောရပါတယ်။
သူ့ရဲ့နှလုံးသားဟာနွေးထွေးသွားပီး စိမ်းသက်တဲ့ပတ်ဝန်းကျင်ကယူဆောင်လာတဲ့ စိတ်ပျက်အားလျော့မှုတွေကလဲ ပျောက်ကွယ်သွားတယ်။ သူ့ရဲ့စိတ်အခြေအနေကသူ့ခေါင်းထက်ကနေမင်းကြီးလိုပဲတောက်ပနေပီး နောက်ထပ်ကြုံတွေ့ရမဲ့အရာတွေကိုအရမ်းကြီးမျှော်လင့်နေမိပီဖြစ်တယ်။
နောက်ပိုင်းမှာတော့ ကျောင်းမှာရှန်းလီနဲ့ကုရှင်ချွမ်းဆုံခဲ့တယ်။ omega တစ်ယောက်အနေနဲ့ ရှန်းလီကသူ့ကြိုက်နှစ်သက်တဲ့ပုံစံမျိုးနဲ့ကိုက်ညီမှုရှိတယ်။ ပီးတော့ ရှန်းလီကိုပိုးပန်းသူတွေကလဲအများကြီးဖြစ်ပီး ရှန်းလီကိုသူ့ရဲ့အချစ်ဦးဖြစ်တယ်ဆိုပီး ဆုံးဖြတ်လိုက်တယ်။
သူကအဲ့ဒီအချိန်တုန်းကလူတစ်ယောက်ကိုကြိုက်နှစ်သက်တယ်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ ဒါပေမဲ့အဲတာတွေကအရေးမကြီးပါဘူး။ သူကငယ်ငယ်လေးကတည်းအကောင်းဆုံးသောအရာတွေနဲ့ပဲကျွမ်းဝင်ခဲ့တယ်။ သူကအကောင်းဆုံးကျောင်းကိုသွားပီး အကောင်းဆုံးကားကိုစီးတယ်။ အကြီးဆုံးအိမ်တော်မှာနေတယ်။ သူနဲ့ချစ်ကြိုက်မဲ့ သူ့ရဲ့ပထမဆုံးအချစ်ကလဲ အလှပဆုံး omega ပဲဖြစ်သင့်တယ်။
ဒီလိုနဲ့ပဲသူကရှန်းလီကိုလိုက်ဖြစ်သွားပီး ရှန်းလီကလဲသူ့ကိုပြန်ကြိုက်မယ်လို့ပဲယုတ္တိတန်တန်တွေးထားတယ်။ ဒါပေမဲ့လမ်းတစ်ဝက်မှာ သူ့ရဲ့အစီအစဥ်တွေကိုကဖျက်ကယက်လုပ်မဲ့သူတစ်ယောက်ကမမျှော်လင့်ဘဲပေါ်ထွက်လာလိမ့်မယ်လို့ သူတွေးမထားခဲ့ဘူး။ သူတို့နဲ့အတန်းတူစာဂျပိုးကလဲ ရှန်းလီကိုလိုက်နေတာတဲ့။
ကုရှင်ချွမ်းကမျက်စိစပါးမွှေးစူးစရာ စုန့်ရီကိုကြည့်လိုက်တယ်။ ဒီကောင်ကငါ့ရဲ့အချစ်ပြိုင်ဘက်ဖြစ်ဖို့ထိုက်တန်ရဲ့လား ဆိုတဲ့အကြည့်တွေနဲ့ပေါ့။
ဒီလိုနဲ့ပဲ စုန့်ရီကိုအပြစ်တွေရှာပေမဲ့ အပြစ်ကမတွေ့ဘူး။ ကာယချိန်မှာ သူကတမင်သက်သက် ဘောလုံးကိုရှောင်ပီး စုန့်ရီကိုဆိုးဆိုးရွားရွားထိမှန်စေတယ်။ ပီးတော့စုန့်ရီကိုဘောလုံးပြန်ကောက်ခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူထင်မှာလဲ နောက်တစ်ချိန်မှာသင်ရမဲ့ သူ့စာအုပ်ကြီးမှာ 502 ကော်တွေကပ်ထားမယ်လို့။
သူကနှစ်ပေါင်းမြောက်များစွာ ဝင့်ဝင့်ဝါဝါမောက်မောက်မာမာနေထိုင်ခဲ့တယ်။ ပထမဆုံးအကြိမ်အနေနဲ့ သူ့ကိုပြန်ပီးတိုက်ခိုက်ရဲတဲ့သူကိုတွေ့ဖူးတာဖြစ်ပီး ထိုသူကလဲသူ့ရဲ့ပြိုင်ဘက်ကြီးဖြစ်နေတယ်။ သူကစုန့်ရီကိုအနိုင်ယူလိုက်နိုင်ရင် စုန့်ရီကသူ့ဆီကအလိုလိုခစားလာမယ်လို့ထင်တယ်။ သူကစုန့်ရီကိုဟာသလုပ်ဖို့နည်းလမ်းပေါင်းများစွာအသုံးပြုတယ်။ စုန့်ရီဒေါသထွက်နေတာကိုမြင်ရင် သူပျော်ရွှင်ရတယ်။
ဒါပေမဲ့အခုတော့ သူကြိုပ်တဲ့လူကရှန်းလီမဟုတ်ဘူးတဲ့။ သူကဟိုးအစကနေကိုမှားယွင်းခဲ့တာပဲ။ ဒါဆိုသူကြိုက်တာဘယ်သူလဲ?
ရှန်းလီကတစ်ခုခုတော့မှားနေပီဖြစ်ကြောင်း ခံစားမိပုံပေါ်ပီး နည်းနည်းကြောက်ရွံ့လာတယ်။ ကုရှင်ချွမ်းရဲ့မျက်လုံးထဲကဒီလိုအကြည့်တွေကို သူတစ်ခါမှာမမြင်ဖူးဘူး။ မိုးတွေလေတွေတိုက်ပီးမှောင်မိုက်နေသလိုမျိုးနဲ့တူနေတယ်။
ကျယ်လောင်တဲ့ 'bang' ခနဲအသံကထွက်ပေါ်လာတယ်။
ကုရှင်ချွမ်းကသူ့လက်ထဲကစက်ဘီကိုပစ်ချလိုက်ပီး ရှန်းလီကိုစိုက်ကြည့်လိုက်တယ် "မင်းငါနဲ့လိုက်ခဲ့စမ်း"
ရှန်းလီကခနလောက်တွေဝေသွားပေမဲ့ သူ့နောက်ကနေခြေလှမ်းသေးသေးလေးတွေနဲ့လိုက်သွားလိုက်တယ်။
စုန့်ရီမျက်လုံးတွေကိုမှေးကျဥ်းလိုက်တယ်။ ဒီသခင်လေးရဲ့စိတ်အခြေအနေကိုသူသိချင်ပေမဲ့ ဘယ်လိုဖြစ်နေလဲဆိုတာ သူမခန့်မှန်းတတ်ဘူး။
ကုရှင်ချွမ်းကကားတစ်စီးနောက်ကွယ် ရှန်းလီနဲ့အတူရပ်လိုက်ပီး လူတွေရဲ့အမြင်ကနေစည်းခြားလိုက်တယ်။
ရှန်းလီကစိုးရိမ်ကြောက်လန့်စွာနဲ့ နဖူးထက်ကချွေးစတွေကိုသုတ်လိုက်ပီး မေးလိုက်တယ် "ရှင်ချွမ်း မင်းအဆင်ပြေရဲ့လား?"
ကုရှင်ချွမ်းကအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပီး စိတ်တွေကိုအတည်ငြိမ်ဆုံးထားကာ ကှန်းလီဆီမှာပဲအာရုံစိုက်လိုက်တယ် "201x အောက်တိုဘာငါးရက် မင်းရဲ့နာမည်ကဒ်ပြားကိုဘယ်သူဝတ်ထားတာလဲ?"
ရှန်းလီခနလောက်အံ့ဩသွားပီး သူဘာလို့မေးတာလဲဆိုတာကိုမသိတာကြောင့် ခေါင်းလှည့်ပီးစဥ်းစားကြည့်တယ် "အဲ့တာကအရမ်းကြာပီဆိုတော့ သိပ်မမှတ်မိဘူး"
နောက်တစ်စက္ကန့်အတွင်းမှာသူ့ရဲ့လည်ပင်းကသံညှပ်နဲ့ညှပ်ခံထားရသလို တင်းတင်းအဖျစ်ခံလိုက်ရပီး ကားတံခါးပေါ်မှာဖိထားတယ်။ ရှန်းလီနာကျင်မှုကိုလျစ်လျူရှုပီး အမောတကောနဲ့ သူ့ကိုအဝေးကိုတွန်းထုတ်ဖို့ ကြိုးစားပေမဲ့ ကုရှင်ချွမ်းရဲ့အားကိုကျော်လွှားလို့မရဘူ။
"သေသေချာချာတွေးစမ်း မမှတ်မိဘူးလို့မပြောနဲ့" ကုရှင်ချွမ်းကသူ့ကိုအသံတိုးတိုးနဲ့သတိပေးတယ်။
ရှန်းလီနှုတ်ခမ်းတွေကတုန်ယင်နေပီး ခက်ခက်ခဲခဲဲတွေးတောကြည့်တယ်။ ခနအကြာမှာသူအကြိမ်အနည်းငယ်လောက်ချောင်းဆိုးပီး မေးလိုက်တယ် "201x အောက်တိုဘာငါးရက်လား?"
"အေး"
ရှန်းလီရဲ့မျက်လုံးတွေကထူးဆန်သွားတယ်။ သံသယဖြစ်တာဒါမှမဟုတ်ကြောက်ရွံတာနဲ့တူနေတယ် "ငါအဲ့ဒီနေ့ကိုမှတ်မိပီ အဲ့ဒီနေ့တုန်းကကျောင်းမှာပွဲတစ်ခုရှိလို့ ထိပ်တန်းတက္ကသိုလ်ကိုရောက်သွားကျတဲ့စီနီယာတွေကကျောင်းကိုပြန်လာပီး မိန့်ခွန်းပြောကြမှာ ဆရာမကအဲ့ဒီပွဲမှာငါ့ကို volunteer လုပ်ဖို့ရွေးချယ်ခဲ့တာ ဒါပေမဲ့အဲ့ဒီနေ့မှာငါနေလို့သိပ်မကောင်းတာနဲ့ပဲ ငါ့အစားလူတစ်ယောက်ကို volunteer လုပ်ပေးဖို့တောင်းဆိုခဲ့တာ"
သူအဲ့တာပြောပီးတဲ့အချိန်မှာ ကုရှင်ချွမ်းဆီကပြောင်းလဲမှတွေကိုသူခံစားနေရတယ်။ သူ့လည်ပင်းကိုညှစ်ထားတဲ့လက်တွေကပိုတင်းကျပ်သွားပီး သွေးလွှတ်ကြောပေါ်မှာရှိနေတဲ့လက်ချောင်းတွေက အနည်းငယ်တုန်လာတယ်။
ရှန်းလီကိုလိုက်ပိုးပန်းနေတဲ့သူတွေထဲမှာ တစ်ယောက်သောသူကပဲ volunteer အဖြစ်အစားထိုးဝင်လုပ်ပေးမယ်ဆိုတာ သူတို့နှစ်ယောက်လုံးသိကြတယ်။
ကုရှင်ချွမ်းအသံကတုန်ခါနေတယ် "အဲ့တာစုန့်ရီလား?"
ရှန်းလီကစစ်ဆေးမေးမြန်းနေတဲ့အကြည့်အောက်မှာ ခေါင်းကိုခက်ခက်ခဲခဲညိမ့်လိုက်တယ် "အဲ့တာသူပဲ"
ကုရှင်ချွမ်းကလက်ပြန်ရုတ်သွားပီး သူ့ခန္တာကိုယ်တစ်ဖက်တစ်ချက်မှာ လက်သီးတင်းတင်းဆုပ်ထားတယ်။ အရမ်းတင်းလွန်းလို့ သွေးကြောတွေကပြင်းပြင်းထန်ထန်ခုန်နေတယ်။ သူ့ပုံစံကအရမ်းအကျည်းတန်လှပီး ခနနေမှလက်တွေကိုဖြေလျော့လိုက်တယ်။ သူကအလင်းကိုကြောက်ရွံ့တဲ့အလားသူ့လက်တွေနဲ့မျက်နှာကိုအုပ်ထားတယ်။ အချိန်တွေကြာသွားတဲ့အထိသူပြန်ပီးမတည်ငြိမ်နိုင်ခဲ့ဘူး။
ဒါဆိုသူကစုန့်ရီကိုကိုးနှစ်အကြာထဲကသဘောကျခဲ့တာပေါ့။
ကြည့်ရတာသူအစကတည်းကမှားယွင်းခဲ့တာပဲ။ သူနားမလည်ခဲ့တဲ့တချို့သောအရာတွေက မိုးမှောင်ထဲမှာလျှပ်စီးတစ်ချက်လက်လိုက်သလို သူ့နှလုံးသားထဲမှာ အရာအားလုံးကပုံပေါ်လာခဲ့တယ်။
သူ့ဘာသာသူနှစ်ချက်လောက်ပါးချပစ်ချင်လာတယ်။ စုန့်ရီရဲ့ငယ်ရွယ်တဲ့မျက်နှာလေးကသူ့ရဲ့နှလုံးသားထဲမှာရှိတယ်။ သူ့ကိုမထီသလိုကြည့်တာလေးတွေ ဒေါသထွက်စွာကြည့်တာလေးတွေ မျက်လုံးလေးမှေးကြည့်တာတွေ အေးစက်စက်ကြည့်တာတွေ အားလုံးဟာတစ်ခုချင်းစီသူ့နှလုံးသားထဲမှာနက်နက်နဲနဲစွဲထင်နေတယ်။ သူ့ကိုယ်သူအရမ်းစိတ်ပျက်မိတယ်။ သူဘာလို့စောစောကတည်းကမသိခဲ့တာလဲ။ ကိုယ့်ဘာသာဘယ်သူ့ကြိုက်လို့ကြိုက်မှန်းမသိဖြစ်တာကို ဒေါသထွက်မိတယ်။ ကိုးနှစ်တာဟာအချည်းနှီးဖြစ်ခဲ့တယ်။
အလှပဆုံးသောလူငယ်ဘဝဟာသူ့အတွက်တော့အရက်စက်ဆုံးသောအရာနဲ့ထပ်တူထပ်မျှဖြစ်သွားခဲ့ပြီ။ အဲ့ဒီအချိန်တွေကိုသူပြန်မသွားနိုင်တော့ဘူး။
ရှန်းလီအခုမှပဲလေကိုဝဝရှူရတော့တယ်။.သူကခေါင်းမော့လိုက်တော့ ကုရှင်ချွမ်းသူ့ကိုကြည့်တဲ့အကြည့်တွေကသူစိမ်းတစ်ယောက်ကိုကြည့်နေသလိုမျိုး ပြောင်းလဲသွားတာကိုခံစားလိုက်ရတယ်။ လျစ်လျူရှုပီး စိတ်ပျက်နေတဲ့အကြည့်မျိုး သူတစ်ခုခုမှားပြောမိလို့လားလို့ စဥ်းစားကြည့်ပေမဲ့ ဘယ်နားမှားသွားမှန်းသူလဲမသိဘူး။
စူးရှရှဝိစီအသံကထွက်ပေါ်လာပီး စက်ဘီးစီးပြိုင်မဲ့သူတွေက တန်းစီရပ်နေကြတယ်။ နေကပူနေပီး လမ်းဘေးမှာလဲဖြတ်သွားဖြတ်လာတွေရောကပါဝိုင်းကြည့်နေကြတယ်။
ကုရှင်ချွမ်းကရှန်လီကိုနောက်တစ်ခါထပ်မကြည့်တော့ဘူး။ သူကနောက်ကိုတစ်ချက်မှပြန်မလှည့်ကြည့်ဘဲထွက်လာခဲ့လိုက်ပီး မြေပြင်ပေါ်မှာလဲနေတဲ့စက်ဘီးလေးကိုထူလိုက်တယ်။
စုန့်ရီသူ့ကိုသေချာကြည့်လိုက်တယ်။ သူဒီလိုအခြေအနေနဲ့စက်ဘီးစီးနိုင်ပါ့မလား နည်းနည်းစိုးရိမ်နေတယ် "အဆင်မပြေရင် ငါတို့ပြန်ကြမလား?"
ကုရှင်ချွမ်းကသူ့ရဲ့ရှည်လျားတဲ့ခြေထောက်တစ်ဖက်ကိုမြှောက်လိုက်ပီး စက်ဘီးပေါ်မှာကျကျနနနေရာယူလိုက်တယ်။ သူကပြောချင်နေတဲ့စကားတွေကိုထိန်းထားလိုက်ပီး 'ရပါတယ်' ပြောရင်း တိုးတိုးလေးပြောလိုက်တယ် "မင်းငါ့ကိုစောင့်နေနော်"
သူကပြောပီးသွာတော့ စက်ဘီးခြေနင်းကိုစနင်းလိုက်တယ်။ သူကခန္တာကိုယ်ကိုအရှေ့ကိုကိုင်းပီး ပူပြင်းတောက်လောင်နေတဲ့နေရောင်အောက်မှာ အရှေ့ကိုအလောတကြီးမောင်းနှင်လိုက်တယ်။
သူ့ဘဝမှာတစ်ခါမှဒီလောက်မြန်မြန်စက်ဘီးမစီးဖူးဘူး။ သူကကုန်ဆုံးသွားသောအချိန်တွေကို ဖမ်းဆုပ်ဖို့ကြိုးစားနေတဲ့အလား စိတ်အားထက်သန်မှုအပြည့်နဲ့မြန်မြန်စီးနင်းနေတယ်။
ကုရှင်ချွမ်းကနောက်ဆုံးမျဥ်းကိုပထမဆုံးဖြတ်သွားတဲ့သူဖြစ်တယ်။ သူ့ခြေသလုံးကတောင့်တင်းတဲ့ကြွက်သားတွေကတုန်ခါနေတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းကြောင့်သူ့နားတွေအူနေတယ်။ သူ့ရဲ့ဆံပင်တွေကလဲချွေးစိုပီး ရှုပ်ပွနေတယ်။ သူခေါင်းကိုခါရမ်းလိုက်ပီး ဆံပင်တွေကိုနဖူးပေါ်ကိုသပ်တင်ကာ ချွေးသုတ်လိုက်တယ်။
ပြိုင်ပွဲရဲ့ဘေးနားမှာရှိနေတဲ့လူတွေကmicrophone တွေကင်မရာတွေကိုင်ပီး ဒီရေလိုပဲသူ့ဆီကိုပြေးလွှားလာကြတယ်။ လူတွေရဲ့အသံတွေကဆူညံလှပီး အားပေးသံတွေကလဲတစ်သံနဲ့တစ်သံဆက်နေကြတယ်။
စုန့်ရီသူ့ရှိရာဘက်ကိုလက်ဝှေ့ရမ်းပြပီး လက်ထဲကရေဗူးကိုလှုပ်ပြလိုက်တယ်။ ကုရှင်ချွမ်းကသူ့နောက်မှာရှိနေတဲ့ အားလုံးသောအရာတွေကိုလျစ်လျူရှုပီး သူ့ဆီကိုခန့်ညားတဲ့အရှိန်အဟုန်နဲ့အတူပြေားလာတယ်။ ချွန်မြလှတဲ့ဆာမူရိုင်းဓားတစ်လက်လို လူအုပ်ကြားထဲကနေခွဲထွက်လာတယ်။
စုန့်ရီသူ့ခန္တာကိုယ်ဆီကချွေးနံ့ရနေတယ်။ သူကဖွဖွလေးပြောလိုက်တယ် "ပထမဆုယူပီး ရေသွားချိုးလိုက်"
ကုရှင်ချွမ်းကသူ့ကိုရုတ်တရပ်ပွေ့ဖက်လိုက်တယ်။ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပီး ပြင်းပြင်းထန်ထန်အသက်ရှူနေတယ်။
စုန့်ရီသူ့ရဲ့ပြင်းထန်တဲ့နှလုံးခုန်သံတွေကို နားဘေးနားမှာခုန်နေတဲ့အလား ကြားနေရတယ်။ သူထိတ်လန့်သွားပီး စိုးရိမ်ပူပန်စွာမေးလိုက်တယ် "အဆင်ရောပြေရဲ့လား?"
ကုရှင်ချွမ်းကအသံတိုးတိုးနဲ့တစ်ခုခုကိုကျိန်ဆဲလိုက်ပီး သူ့လက်မောင်းတွေကိုလည်ပင်းမှာချိတ်တွယ်လိုက်တယ်။ သူကလုံးဝဖုံးဖိထားလို့မရတော့တဲ့ခံစားချက်တွေနဲ့အတူ စုန့်ရီရဲ့နှုတ်ခမ်းကိုရုတ်တရပ်ငုံ့နမ်းလိုက်တယ်။
စုန့်ရီအသက်ရှူသံတွေတန့်သွားပီး မျက်လုံးလေးတွေကဝိုင်းသွားတယ်။ ရှက်ရွံ့ပီးဒေါသလဲထွက်နေရတယ်။ သူတို့တွေကပုံမှန်နမ်းနေကြဆိုပေမဲ့ ပထမဆုံးအနေနဲ့ ရှန်းလီနဲ့ကျိုးမော့ချွင့်ရဲ့ရှေ့ လူအားလုံးရဲ့မျက်လုံးရှေ့မှာနမ်းနေခဲ့တယ်။
သူ့ရဲ့ခေါင်းထဲမှာတဝီဝီအသံတွေမြည်နေပီး ကုရှင်ချွမ်းကိုအရူးလို့ စိတ်ထဲကကျိန်ဆဲလိုက်တယ်။ သူကအရမ်းရဲတင်းလွန်းတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာပိုပီးတွေးမိနေတဲ့အရာရှိတယ်။ ပူပြင်းသော နူးညံ့သော ထိန်းချုပ်၍မရနိုင်သော ကျူးကျော်လိုသော ညင်သာသော ထိုအမျိုးမျိုးသောအရာတွေက သူ့တို့နှုတ်ခမ်းတွေကြားမှာဖြစ်တည်နေပီး တမ်းတမ်းတတနဲ့နမ်းရှိုက်နေတယ်လို့ သူပိုပီးခံစားနေရတယ်။
သူတို့လူချင်းခွာလိုက်တဲ့အချိန်မှာ စုန့်ရီမျက်လုံးတွေမှိတ်ထားတယ်။ ကုရှင်ချွမ်းရဲ့အလောတကြီးဖြစ်နေတဲ့ အသက်ရှူသံတွေက သူ့ပါးပေါ်ကိုထပ်ခါထပ်ခါကျရောက်နေပီး သူ့ရဲ့မျက်နှာကပူလောင်လာရတယ်။
စုန့်ရီသူ့နှုတ်ခမ်းတွေကိုဖွဖွလေးသုတ်လိုက်ပီး မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူ့ဘေးပတ်ပတ်လည်မှုရှိနေတဲ့ လူတွေရဲ့မီးတောက်လောင်နေတဲ့အကြည့်တွေကိုသူပြန်မကြည့်ရဲဘူး။ ကုရှင်ချွမ်းကသူ့ကိုတည့်တည့်စိုက်ကြည့်နေပီး သူ့ရဲ့မျက်လုံးနက်နက်လေးတွေက နွေရာသီညရဲ့ကြယ်လေးတွေလိုတောက်ပလင်းလက်နေတယ်။
စုန့်ရီသူ့ကိုပြန်ကြည့်ရင်း အသံတိုးတိုးနဲ့ပြောလိုက်တယ် "မင်းရူးနေလား?"
ကုရှင်ချွမ်းကမလှုပ်မရှားတဲ့သူ့ကိုခနလောက်ငေးကြည့်နေပီး ခံစားချက်တွေကလှိုင်းတံပိုးတွေတလိမ့်လိမ့်လှိမ့်တက်လာတယ်။
စက္ကန့်အနည်းငယ်ကြာတော့ သူကလှည့်ပင်းကိုလှည့်ပီး ခေါင်းကချွေးတွေကိုဖြစ်သလိုခါထုတ်လိုက်တယ် "ပူတယ် ရေပြန်ချိုးရအောင်"
စုန့်ရီသူ့ကိုစိုက်ပဲကြည့်နေလိုက်တယ်။ ကံကောင်းစွာနဲ့ပဲနိုင်ငံခြားမှာတရုတ်လူမျိုးအနည်းငယ်ပဲရှိပီး သူတို့ကိုသိတဲ့လူကလက်တစ်ဆုပ်သာပဲရှိလို့။ အဲ့လိုမှမဟုတ်ရင် သူ့မှာနေရာစရာမရှိဖြစ်ပီး ကုရှင်ချွမ်းရဲ့ wife fan တွေရဲ့အပြစ်တင်ပြောဆိုမှုတွေခံနေရလိမ့်မယ်။
သူတို့ဓာတ်လှေကားထဲဝင်လိုက်တာနဲ့ ကုရှင်ချွမ်းကသူတို့နေတဲ့အထပ်ကိုနှိပ်လိုက်တယ်။ နောက်တော့ စုန့်ရီရဲ့ခါးကိုသူ့လက်မောင်းတွေနဲ့ ပွေ့ဖက်ပီး ဓာတ်လှေကားကနေ အခန်းထဲရောက်တဲ့အထိတစ်လမ်းလုံး ပူးကပ်သွယ်ယှက်နေတယ်။ စုန့်ရီခြေထောက်နဲ့ကြမ်းပြင်ထိလားမထိလားမသိလိုက်ရဘဲ bathtub ထဲအထည့်ခံလိုက်ရတယ်။
အဖြူရောင် bathtub ထဲမှာ မနက်ကရေချိုးတုန်းကရေတွေကမသွေ့သေးတာမို့ သူ့အောက်မှာရှိနေတဲ့ရေကချော်နေတယ်။ စုန့်ရီထိတ်လန့်သွားပီး လက်ကိုအနောက်ကိုထောက်ပီး မတ်မတ်ထိုင်ချင်ပေမဲ့လဲ အရမ်းချော်နေတဲ့အတွက် ပက်လက်ပဲလဲသွားတယ်။
စကားတစ်ခွန်းမှမပြောဘဲ ကုရှင်ချွမ်းကသူ့အင်္ကျီကိုအောက်အနားကိုလက်နှစ်ဖက်နဲ့ကိုင်ပီးဆွဲချွတ်လိုက်တယ်။ နောက်တော့အင်္ကျီကိုဖြစ်သလိုပစ်ချလိုက်ပီး bathtub ထဲဝင်လာတယ်။ သူကစုန့်ရီအနားကိုကပ်ကပ်လာပီး နှစ်ယောက်ကြားကအကွာအဝေးကအရမ်းနီးကပ်လွန်းနေပီဖြစ်တယ်။
စုန့်ရီမျက်နှာကအရမ်းကြည့်ကောင်းမနေတော့ဘူး။ နောက်ဆုံးတစ်ခေါက်က bathtub ထဲမှာဖြစ်ခဲ့တာကိုသူအခုထိမှတ်မိနေသေးတယ်။ "မင်းတတိယသတ်မှတ်ချက်ကိုမေ့သွားပီလား?"
ကုရှင်ချွမ်းကသူ့ကိုအထက်အောက်ကြည့်ပီးလက်ဆန့်ထုတ်ကာ စုန့်ရီရဲ့နားဖျားလေးကိုဖျစ်လိုက်တယ်။ အဲ့ဒီနောက်မှာသူကနားလေးကိုနမ်းပီး နားထဲကိုလေမှုတ်လိုက်တယ် "ငါတတိယအချက်တွေဘာတွေမသိဘူး မင်းကိုအများကြီးကြိုက်တယ်ဆိုတာပဲသိတယ်"
စုန့်ရီအံ့အားသင့်သွားပီး သူ့နှုတ်ခမ်းတွေကပွင့်အာလာတယ်။ နည်းနည်းပြုံးရယ်ချင်သွားပီး နှလုံးသားကလဲအနည်းငယ်လှုပ်ရှားသွားတယ်။
ကုရှင်ချွမ်းကတကယ်ကြီးသူ့ကိုကြိုက်တာလား။
မနေ့တုန်းက သူ့ရဲ့ကောင်လေးဖြစ်ချင်တယ်လို့ကုရှင်ချွမ်းပြောခဲ့တယ်။ သူကဒါကိုဖြစ်နိုင်ချေရှိလားဆိုတာပဲတွေးတောနေပီး သူ့ကိုအများကြီးကြိုက်နေတယ်လို့ထင်မထားဘူး။ သူကအဲ့တာတွေစဥ်းစားပီး စိတ်ရှုပ်ခံမနေဘူး။ သူကသူ့ရဲ့လက်ရှိအခြေအနေကိုအရမ်းကျေနပ်တယ်။ သူ့မှာရှိသင့်တဲ့အရာအားလုံးရှိနေတယ်။
ဒါပေမဲ့တစ်လှမ်းဆက်တိုးပီး တစ်ဖက်လူကိုသူ့ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဆိုရင် စိတ်ထဲမှာမတင်မကျဖြစ်နေတဲ့အခြေအနေတစ်ခုရှိနေတယ်။ ကုရှင်ချွမ်းက ကလေးတွေကိုသဘောကျတဲ့လူမျိုးနဲ့မတူဘူး။ သူကိုယ်တိုင်ကကလေးလေးလိုဖြစ်နေတော့ သူမွေးပေးမဲ့ကလေးလေးကိုပြုစုပေးနိုင်မှာလား။
ဒီအချက်ကိုသေသေချာချာပြောရမယ်ဆိုရင် စုန့်ရီကိုယ်တိုင်လဲကလေးကိုတစ်ယောက်ထဲမပြုစုချင်ဘူး။
ကလေးကိုတစ်ယောက်ထဲပျိုးထောင်ပေးရတယ်ဆိုတာအရမ်းပင်းပန်တယ်။
ကုရှင်ချွမ်းကသူ့ကိုကြည့်နေပီး သူ့မျက်လုံးတွေကစိတ်ရင်းအမှန်ကိုဖော်ပြနေတယ်။ သူ့အသံကအနည်းငယ်ဖိနှိပ်ထားရပီး အက်ကွဲနေတယ် "ငါမင်းကို Seattle ကိုခေါ်သွားချင်တယ် ငါ့မိဘတွေနဲ့မင်းကိုပေးတွေ့မယ် ဒီတစ်ခုကိုတော့ဆွေးနွေးညှိနှိုင်းလို့မရဘူး"
~~~~~~~~
Zawgyi
ရွန္းလီေခါင္းညိမ့္ျပလိုက္ပီး ကုရွင္ခၽြမ္းကိုလွည့္ၾကည့္လိုက္တယ္။ ကုရွင္ခၽြမ္းကသူ႔ကိုေလွာင္ေတာ့မွာမ်ားလားလို႔ေတြးမိပီး သူရွက္ရြံ့စြာေျပာလိုက္တယ္ "ငါငယ္ငယ္ေလးကတည္းကအျမဲတမ္းစက္ဘီးစီးတတ္ခ်င္တာ ဒါေပမဲ့အႀကိမ္အနည္းငယ္ေလာက္သင္ခဲ့ေပမဲ့မတတ္ဘူး..."
ကုရွင္ခၽြမ္းကသူ႔ရဲ့ေခါင္းကိုတစ္ခုခုနဲ႔ထုရိုက္ခံရသလိုခံစားလိုက္ရပီး ရွန္းလီကိုျမဲျမဲၿမံၿမံၾကည့္ရင္း ခနေလာက္စကားမေျပာနိုင္ျဖစ္ေနတယ္။
သူ႔ရဲ့စိတ္ေတြကို ပထမဆုံးအႀကိမ္ 'ရွန္းလီ' ဆိုတာကိုျမင္ခဲ့တဲ့အခ်ိန္ဆီကိုေရာက္သြားတယ္။
အဲ့ဒီအခ်ိန္တုန္းကသူကဆယ့္ငါးႏွစ္ျပည့္ပီး႐ုံပဲရွိေသးတယ္။ ကုေရွာက္ယြမ္ကသူ႔ကို Manhattan UES မွာရွိေနတဲ့စံအိမ္ႀကီးကေန Imperial Capital ကဝင္းၿခံေလးဆီကိုပစ္ထုတ္လိုက္တယ္။ သူက သားသမီးတို႔ရဲ့တာဝန္ေက်ပြန္မွုကိုအေၾကာင္းျပလို႔ အလုပ္မ်ားတဲ့ကုေရွာက္ယြမ္ေနရာမွာအစားဝင္ပီး သူ႔ရဲ့ျပင္းျပင္းထန္ထန္ နာမက်န္းျဖစ္ေနတဲ့အဖိုးကိုက်န္ရွိေနတဲ့ဘဝေလးအတြက္ အေဖာ္ျပဳေပးခဲ့ရတယ္။
ကုရွင္ခၽြမ္းေမြးလာတဲ့အခ်ိန္ကစလို႔ သူကသူ႔အဖိုးကိုတစ္ႏွစ္လုံးမွာ တ႐ုတ္ႏွစ္သစ္ကူးရက္မွာပဲ ေတြ႕ဖူးတယ္။ သူကသာမန္အခ်ိန္ေတြမွာ စကားအမ်ားႀကီးမေျပာနိုင္ေတာ့ သူဘယ္လိုခံစားရလဲဆိုတာသူတစ္ေယာက္ပဲသိတယ္။ သူ႔အဖိုးအိမ္ကေနသူထြက္လာပီး ကားေနာက္ထိုင္ခုံမွာ ႏုံးခ်ိစြာမွီေနလိုက္တယ္။ ပီးေတာ့သူကကားျပတင္းကေနတဆင့္ Imperial Capital ရဲ့ရွုပ္ေထြးတဲ့လမ္းေတြကိုၾကည့္ေနခဲ့တယ္။
ကြန္ပ်ဴတာမရွိ ဂိမ္းစက္မရွိ အတူတူကစားဖို႔အေဖာ္မရွိတဲ့ဘဝက ဆယ့္ငါးႏွစ္အရြယ္ကုရွင္ခၽြမ္းအတြက္ေတာ့ ငရဲအတိုင္းပဲ။ အဲ့ဒီအခ်ိန္ေတြကသူ႔ဘဝမွာအဆိုးဆုံးအခ်ိန္ေတြျဖစ္တယ္။
သူ႔ရဲ့စိတ္အေျခအေနကမည္းေမွာင္ေနပီး အရမ္းအရမ္းကိုစိတ္ဓာတ္က်ေနတယ္။ ကမၻာႀကီးတစ္ခုလုံးမွာေနေရာင္ျခည္ဆိုတာေတာင္မရွိေတာ့ဘူးလို႔ သူခံစားေနရတယ္။ အဲ့ဒီအခ်ိန္မွာ အလင္းေရာင္ကိုအငွားသယ္ေဆာင္လာေပးတဲ့ စက္ဘီးေလးတစ္စီးက သူ႔မ်က္လုံးေရွ႕ေရာက္လာတယ္။ ေလေတြကေကာင္ေလးရဲ့အျဖဴေရာင္ရွပ္အကၤ်ီေလးကိုျဖတ္တိုက္ပီး အကၤ်ီေအာက္နားစေလးကပင့္တက္သြားကာ ခါးသြယ္သြယ္ေလးကတစ္ဝက္တစ္ပ်က္ေပၚလာတယ္။ ေပၚလာတဲ့ခါးေလးက ေနေရာင္ေအာက္မွာေရႊေရာင္အလႊာေလးတစ္ခုဖုံးလႊမ္းထားပီး တလက္လက္ေတာက္ပေနသလိုျဖစ္ေနတယ္။ သူျဖတ္သြားတဲ့အခ်ိန္မွာ ဆယ္ေက်ာ္သက္အရြယ္ေကာင္ေလးရဲ့အရိပ္ေလးကကားမွန္ေပၚမွာ လွုပ္ယမ္းသြားပီး ရိပ္ခနဲလြင့္ေမ်ာသြားတဲ့ လွပတဲ့အလင္းတန္းေလးလိုပဲ။
ကုရွင္ခၽြမ္းရဲ့မ်က္လုံးေတြက ေကာင္ငယ္ေလးရဲ့ပုံရိပ္ဆီက ေသြဖြယ္သြားျခင္းမရွိဘဲ ရွပ္အကၤ်ီေပၚက 'ရွန္းလီ' ဆိုတဲ့နာမည္ကဒ္ျပားေလးကို ေဝေဝဝါးဝါးျမင္လိုက္ရတယ္။
ရင္ဖိုလွိုက္ေမာရပါတယ္။
သူ႔ရဲ့ႏွလုံးသားဟာေႏြးေထြးသြားပီး စိမ္းသက္တဲ့ပတ္ဝန္းက်င္ကယူေဆာင္လာတဲ့ စိတ္ပ်က္အားေလ်ာ့မွုေတြကလဲ ေပ်ာက္ကြယ္သြားတယ္။ သူ႔ရဲ့စိတ္အေျခအေနကသူ႔ေခါင္းထက္ကေနမင္းႀကီးလိုပဲေတာက္ပေနပီး ေနာက္ထပ္ၾကဳံေတြ႕ရမဲ့အရာေတြကိုအရမ္းႀကီးေမၽွာ္လင့္ေနမိပီျဖစ္တယ္။
ေနာက္ပိုင္းမွာေတာ့ ေက်ာင္းမွာရွန္းလီနဲ႔ကုရွင္ခၽြမ္းဆုံခဲ့တယ္။ omega တစ္ေယာက္အေနနဲ႔ ရွန္းလီကသူ႔ႀကိဳက္ႏွစ္သက္တဲ့ပုံစံမ်ိဳးနဲ႔ကိုက္ညီမွုရွိတယ္။ ပီးေတာ့ ရွန္းလီကိုပိုးပန္းသူေတြကလဲအမ်ားႀကီးျဖစ္ပီး ရွန္းလီကိုသူ႔ရဲ့အခ်စ္ဦးျဖစ္တယ္ဆိုပီး ဆုံးျဖတ္လိုက္တယ္။
သူကအဲ့ဒီအခ်ိန္တုန္းကလူတစ္ေယာက္ကိုႀကိဳက္ႏွစ္သက္တယ္ဆိုတာ ဘာမွန္းမသိခဲ့ဘူး။ ဒါေပမဲ့အဲတာေတြကအေရးမႀကီးပါဘူး။ သူကငယ္ငယ္ေလးကတည္းအေကာင္းဆုံးေသာအရာေတြနဲ႔ပဲကၽြမ္းဝင္ခဲ့တယ္။ သူကအေကာင္းဆုံးေက်ာင္းကိုသြားပီး အေကာင္းဆုံးကားကိုစီးတယ္။ အႀကီးဆုံးအိမ္ေတာ္မွာေနတယ္။ သူနဲ႔ခ်စ္ႀကိဳက္မဲ့ သူ႔ရဲ့ပထမဆုံးအခ်စ္ကလဲ အလွပဆုံး omega ပဲျဖစ္သင့္တယ္။
ဒီလိုနဲ႔ပဲသူကရွန္းလီကိုလိုက္ျဖစ္သြားပီး ရွန္းလီကလဲသူ႔ကိုျပန္ႀကိဳက္မယ္လို႔ပဲယုတၱိတန္တန္ေတြးထားတယ္။ ဒါေပမဲ့လမ္းတစ္ဝက္မွာ သူ႔ရဲ့အစီအစဥ္ေတြကိုကဖ်က္ကယက္လုပ္မဲ့သူတစ္ေယာက္ကမေမၽွာ္လင့္ဘဲေပၚထြက္လာလိမ့္မယ္လို႔ သူေတြးမထားခဲ့ဘူး။ သူတို႔နဲ႔အတန္းတူစာဂ်ပိုးကလဲ ရွန္းလီကိုလိုက္ေနတာတဲ့။
ကုရွင္ခၽြမ္းကမ်က္စိစပါးေမႊးစူးစရာ စုန္႔ရီကိုၾကည့္လိုက္တယ္။ ဒီေကာင္ကငါ့ရဲ့အခ်စ္ၿပိဳင္ဘက္ျဖစ္ဖို႔ထိုက္တန္ရဲ့လား ဆိုတဲ့အၾကည့္ေတြနဲ႔ေပါ့။
ဒီလိုနဲ႔ပဲ စုန္႔ရီကိုအျပစ္ေတြရွာေပမဲ့ အျပစ္ကမေတြ႕ဘူး။ ကာယခ်ိန္မွာ သူကတမင္သက္သက္ ေဘာလုံးကိုေရွာင္ပီး စုန္႔ရီကိုဆိုးဆိုးရြားရြားထိမွန္ေစတယ္။ ပီးေတာ့စုန္႔ရီကိုေဘာလုံးျပန္ေကာက္ခိုင္းတယ္။ ဒါေပမဲ့ ဘယ္သူထင္မွာလဲ ေနာက္တစ္ခ်ိန္မွာသင္ရမဲ့ သူ႔စာအုပ္ႀကီးမွာ 502 ေကာ္ေတြကပ္ထားမယ္လို႔။
သူကႏွစ္ေပါင္းေျမာက္မ်ားစြာ ဝင့္ဝင့္ဝါဝါေမာက္ေမာက္မာမာေနထိုင္ခဲ့တယ္။ ပထမဆုံးအႀကိမ္အေနနဲ႔ သူ႔ကိုျပန္ပီးတိုက္ခိုက္ရဲတဲ့သူကိုေတြ႕ဖူးတာျဖစ္ပီး ထိုသူကလဲသူ႔ရဲ့ၿပိဳင္ဘက္ႀကီးျဖစ္ေနတယ္။ သူကစုန္႔ရီကိုအနိုင္ယူလိုက္နိုင္ရင္ စုန္႔ရီကသူ႔ဆီကအလိုလိုခစားလာမယ္လို႔ထင္တယ္။ သူကစုန္႔ရီကိုဟာသလုပ္ဖို႔နည္းလမ္းေပါင္းမ်ားစြာအသုံးျပဳတယ္။ စုန္႔ရီေဒါသထြက္ေနတာကိုျမင္ရင္ သူေပ်ာ္ရႊင္ရတယ္။
ဒါေပမဲ့အခုေတာ့ သူႀကိဳပ္တဲ့လူကရွန္းလီမဟုတ္ဘူးတဲ့။ သူကဟိုးအစကေနကိုမွားယြင္းခဲ့တာပဲ။ ဒါဆိုသူႀကိဳက္တာဘယ္သူလဲ?
ရွန္းလီကတစ္ခုခုေတာ့မွားေနပီျဖစ္ေၾကာင္း ခံစားမိပုံေပၚပီး နည္းနည္းေၾကာက္ရြံ့လာတယ္။ ကုရွင္ခၽြမ္းရဲ့မ်က္လုံးထဲကဒီလိုအၾကည့္ေတြကို သူတစ္ခါမွာမျမင္ဖူးဘူး။ မိုးေတြေလေတြတိုက္ပီးေမွာင္မိုက္ေနသလိုမ်ိဳးနဲ႔တူေနတယ္။
က်ယ္ေလာင္တဲ့ 'bang' ခနဲအသံကထြက္ေပၚလာတယ္။
ကုရွင္ခၽြမ္းကသူ႔လက္ထဲကစက္ဘီကိုပစ္ခ်လိုက္ပီး ရွန္းလီကိုစိုက္ၾကည့္လိုက္တယ္ "မင္းငါနဲ႔လိုက္ခဲ့စမ္း"
ရွန္းလီကခနေလာက္ေတြေဝသြားေပမဲ့ သူ႔ေနာက္ကေနေျခလွမ္းေသးေသးေလးေတြနဲ႔လိုက္သြားလိုက္တယ္။
စုန္႔ရီမ်က္လုံးေတြကိုေမွးက်ဥ္းလိုက္တယ္။ ဒီသခင္ေလးရဲ့စိတ္အေျခအေနကိုသူသိခ်င္ေပမဲ့ ဘယ္လိုျဖစ္ေနလဲဆိုတာ သူမခန္႔မွန္းတတ္ဘူး။
ကုရွင္ခၽြမ္းကကားတစ္စီးေနာက္ကြယ္ ရွန္းလီနဲ႔အတူရပ္လိုက္ပီး လူေတြရဲ့အျမင္ကေနစည္းျခားလိုက္တယ္။
ရွန္းလီကစိုးရိမ္ေၾကာက္လန္႔စြာနဲ႔ နဖူးထက္ကေခၽြးစေတြကိုသုတ္လိုက္ပီး ေမးလိုက္တယ္ "ရွင္ခၽြမ္း မင္းအဆင္ေျပရဲ့လား?"
ကုရွင္ခၽြမ္းကအသက္ျပင္းျပင္းတစ္ခ်က္ရွူလိုက္ပီး စိတ္ေတြကိုအတည္ၿငိမ္ဆုံးထားကာ ကွန္းလီဆီမွာပဲအာ႐ုံစိုက္လိုက္တယ္ "201x ေအာက္တိုဘာငါးရက္ မင္းရဲ့နာမည္ကဒ္ျပားကိုဘယ္သူဝတ္ထားတာလဲ?"
ရွန္းလီခနေလာက္အံ့ဩသြားပီး သူဘာလို႔ေမးတာလဲဆိုတာကိုမသိတာေၾကာင့္ ေခါင္းလွည့္ပီးစဥ္းစားၾကည့္တယ္ "အဲ့တာကအရမ္းၾကာပီဆိုေတာ့ သိပ္မမွတ္မိဘူး"
ေနာက္တစ္စကၠန္႔အတြင္းမွာသူ႔ရဲ့လည္ပင္းကသံညႇပ္နဲ႔ညႇပ္ခံထားရသလို တင္းတင္းအဖ်စ္ခံလိုက္ရပီး ကားတံခါးေပၚမွာဖိထားတယ္။ ရွန္းလီနာက်င္မွုကိုလ်စ္လ်ဴရွုပီး အေမာတေကာနဲ႔ သူ႔ကိုအေဝးကိုတြန္းထုတ္ဖို႔ ႀကိဳးစားေပမဲ့ ကုရွင္ခၽြမ္းရဲ့အားကိုေက်ာ္လႊားလို႔မရဘူ။
"ေသေသခ်ာခ်ာေတြးစမ္း မမွတ္မိဘူးလို႔မေျပာနဲ႔" ကုရွင္ခၽြမ္းကသူ႔ကိုအသံတိုးတိုးနဲ႔သတိေပးတယ္။
ရွန္းလီႏွုတ္ခမ္းေတြကတုန္ယင္ေနပီး ခက္ခက္ခဲခဲဲေတြးေတာၾကည့္တယ္။ ခနအၾကာမွာသူအႀကိမ္အနည္းငယ္ေလာက္ေခ်ာင္းဆိုးပီး ေမးလိုက္တယ္ "201x ေအာက္တိုဘာငါးရက္လား?"
"ေအး"
ရွန္းလီရဲ့မ်က္လုံးေတြကထူးဆန္သြားတယ္။ သံသယျဖစ္တာဒါမွမဟုတ္ေၾကာက္ရြံတာနဲ႔တူေနတယ္ "ငါအဲ့ဒီေန႔ကိုမွတ္မိပီ အဲ့ဒီေန႔တုန္းကေက်ာင္းမွာပြဲတစ္ခုရွိလို႔ ထိပ္တန္းတကၠသိုလ္ကိုေရာက္သြားက်တဲ့စီနီယာေတြကေက်ာင္းကိုျပန္လာပီး မိန္႔ခြန္းေျပာၾကမွာ ဆရာမကအဲ့ဒီပြဲမွာငါ့ကို volunteer လုပ္ဖို႔ေရြးခ်ယ္ခဲ့တာ ဒါေပမဲ့အဲ့ဒီေန႔မွာငါေနလို႔သိပ္မေကာင္းတာနဲ႔ပဲ ငါ့အစားလူတစ္ေယာက္ကို volunteer လုပ္ေပးဖို႔ေတာင္းဆိုခဲ့တာ"
သူအဲ့တာေျပာပီးတဲ့အခ်ိန္မွာ ကုရွင္ခၽြမ္းဆီကေျပာင္းလဲမွေတြကိုသူခံစားေနရတယ္။ သူ႔လည္ပင္းကိုညႇစ္ထားတဲ့လက္ေတြကပိုတင္းက်ပ္သြားပီး ေသြးလႊတ္ေၾကာေပၚမွာရွိေနတဲ့လက္ေခ်ာင္းေတြက အနည္းငယ္တုန္လာတယ္။
ရွန္းလီကိုလိုက္ပိုးပန္းေနတဲ့သူေတြထဲမွာ တစ္ေယာက္ေသာသူကပဲ volunteer အျဖစ္အစားထိုးဝင္လုပ္ေပးမယ္ဆိုတာ သူတို႔ႏွစ္ေယာက္လုံးသိၾကတယ္။
ကုရွင္ခၽြမ္းအသံကတုန္ခါေနတယ္ "အဲ့တာစုန္႔ရီလား?"
ရွန္းလီကစစ္ေဆးေမးျမန္းေနတဲ့အၾကည့္ေအာက္မွာ ေခါင္းကိုခက္ခက္ခဲခဲညိမ့္လိုက္တယ္ "အဲ့တာသူပဲ"
ကုရွင္ခၽြမ္းကလက္ျပန္႐ုတ္သြားပီး သူ႔ခႏၲာကိုယ္တစ္ဖက္တစ္ခ်က္မွာ လက္သီးတင္းတင္းဆုပ္ထားတယ္။ အရမ္းတင္းလြန္းလို႔ ေသြးေၾကာေတြကျပင္းျပင္းထန္ထန္ခုန္ေနတယ္။ သူ႔ပုံစံကအရမ္းအက်ည္းတန္လွပီး ခနေနမွလက္ေတြကိုေျဖေလ်ာ့လိုက္တယ္။ သူကအလင္းကိုေၾကာက္ရြံ့တဲ့အလားသူ႔လက္ေတြနဲ႔မ်က္ႏွာကိုအုပ္ထားတယ္။ အခ်ိန္ေတြၾကာသြားတဲ့အထိသူျပန္ပီးမတည္ၿငိမ္နိုင္ခဲ့ဘူး။
ဒါဆိုသူကစုန္႔ရီကိုကိုးႏွစ္အၾကာထဲကသေဘာက်ခဲ့တာေပါ့။
ၾကည့္ရတာသူအစကတည္းကမွားယြင္းခဲ့တာပဲ။ သူနားမလည္ခဲ့တဲ့တခ်ိဳ႕ေသာအရာေတြက မိုးေမွာင္ထဲမွာလၽွပ္စီးတစ္ခ်က္လက္လိုက္သလို သူ႔ႏွလုံးသားထဲမွာ အရာအားလုံးကပုံေပၚလာခဲ့တယ္။
သူ႔ဘာသာသူႏွစ္ခ်က္ေလာက္ပါးခ်ပစ္ခ်င္လာတယ္။ စုန္႔ရီရဲ့ငယ္ရြယ္တဲ့မ်က္ႏွာေလးကသူ႔ရဲ့ႏွလုံးသားထဲမွာရွိတယ္။ သူ႔ကိုမထီသလိုၾကည့္တာေလးေတြ ေဒါသထြက္စြာၾကည့္တာေလးေတြ မ်က္လုံးေလးေမွးၾကည့္တာေတြ ေအးစက္စက္ၾကည့္တာေတြ အားလုံးဟာတစ္ခုခ်င္းစီသူ႔ႏွလုံးသားထဲမွာနက္နက္နဲနဲစြဲထင္ေနတယ္။ သူ႔ကိုယ္သူအရမ္းစိတ္ပ်က္မိတယ္။ သူဘာလို႔ေစာေစာကတည္းကမသိခဲ့တာလဲ။ ကိုယ့္ဘာသာဘယ္သူ႔ႀကိဳက္လို႔ႀကိဳက္မွန္းမသိျဖစ္တာကို ေဒါသထြက္မိတယ္။ ကိုးႏွစ္တာဟာအခ်ည္းႏွီးျဖစ္ခဲ့တယ္။
အလွပဆုံးေသာလူငယ္ဘဝဟာသူ႔အတြက္ေတာ့အရက္စက္ဆုံးေသာအရာနဲ႔ထပ္တူထပ္မၽွျဖစ္သြားခဲ့ၿပီ။ အဲ့ဒီအခ်ိန္ေတြကိုသူျပန္မသြားနိုင္ေတာ့ဘူး။
ရွန္းလီအခုမွပဲေလကိုဝဝရွူရေတာ့တယ္။.သူကေခါင္းေမာ့လိုက္ေတာ့ ကုရွင္ခၽြမ္းသူ႔ကိုၾကည့္တဲ့အၾကည့္ေတြကသူစိမ္းတစ္ေယာက္ကိုၾကည့္ေနသလိုမ်ိဳး ေျပာင္းလဲသြားတာကိုခံစားလိုက္ရတယ္။ လ်စ္လ်ဴရွုပီး စိတ္ပ်က္ေနတဲ့အၾကည့္မ်ိဳး သူတစ္ခုခုမွားေျပာမိလို႔လားလို႔ စဥ္းစားၾကည့္ေပမဲ့ ဘယ္နားမွားသြားမွန္းသူလဲမသိဘူး။
စူးရွရွဝိစီအသံကထြက္ေပၚလာပီး စက္ဘီးစီးၿပိဳင္မဲ့သူေတြက တန္းစီရပ္ေနၾကတယ္။ ေနကပူေနပီး လမ္းေဘးမွာလဲျဖတ္သြားျဖတ္လာေတြေရာကပါဝိုင္းၾကည့္ေနၾကတယ္။
ကုရွင္ခၽြမ္းကရွန္လီကိုေနာက္တစ္ခါထပ္မၾကည့္ေတာ့ဘူး။ သူကေနာက္ကိုတစ္ခ်က္မွျပန္မလွည့္ၾကည့္ဘဲထြက္လာခဲ့လိုက္ပီး ေျမျပင္ေပၚမွာလဲေနတဲ့စက္ဘီးေလးကိုထူလိုက္တယ္။
စုန္႔ရီသူ႔ကိုေသခ်ာၾကည့္လိုက္တယ္။ သူဒီလိုအေျခအေနနဲ႔စက္ဘီးစီးနိုင္ပါ့မလား နည္းနည္းစိုးရိမ္ေနတယ္ "အဆင္မေျပရင္ ငါတို႔ျပန္ၾကမလား?"
ကုရွင္ခၽြမ္းကသူ႔ရဲ့ရွည္လ်ားတဲ့ေျခေထာက္တစ္ဖက္ကိုေျမႇာက္လိုက္ပီး စက္ဘီးေပၚမွာက်က်နနေနရာယူလိုက္တယ္။ သူကေျပာခ်င္ေနတဲ့စကားေတြကိုထိန္းထားလိုက္ပီး 'ရပါတယ္' ေျပာရင္း တိုးတိုးေလးေျပာလိုက္တယ္ "မင္းငါ့ကိုေစာင့္ေနေနာ္"
သူကေျပာပီးသြာေတာ့ စက္ဘီးေျခနင္းကိုစနင္းလိုက္တယ္။ သူကခႏၲာကိုယ္ကိုအေရွ႕ကိုကိုင္းပီး ပူျပင္းေတာက္ေလာင္ေနတဲ့ေနေရာင္ေအာက္မွာ အေရွ႕ကိုအေလာတႀကီးေမာင္းႏွင္လိုက္တယ္။
သူ႔ဘဝမွာတစ္ခါမွဒီေလာက္ျမန္ျမန္စက္ဘီးမစီးဖူးဘူး။ သူကကုန္ဆုံးသြားေသာအခ်ိန္ေတြကို ဖမ္းဆုပ္ဖို႔ႀကိဳးစားေနတဲ့အလား စိတ္အားထက္သန္မွုအျပည့္နဲ႔ျမန္ျမန္စီးနင္းေနတယ္။
ကုရွင္ခၽြမ္းကေနာက္ဆုံးမ်ဥ္းကိုပထမဆုံးျဖတ္သြားတဲ့သူျဖစ္တယ္။ သူ႔ေျခသလုံးကေတာင့္တင္းတဲ့ႂကြက္သားေတြကတုန္ခါေနတယ္။ ျပင္းထန္တဲ့ေလ့က်င့္ခန္းေၾကာင့္သူ႔နားေတြအူေနတယ္။ သူ႔ရဲ့ဆံပင္ေတြကလဲေခၽြးစိုပီး ရွုပ္ပြေနတယ္။ သူေခါင္းကိုခါရမ္းလိုက္ပီး ဆံပင္ေတြကိုနဖူးေပၚကိုသပ္တင္ကာ ေခၽြးသုတ္လိုက္တယ္။
ၿပိဳင္ပြဲရဲ့ေဘးနားမွာရွိေနတဲ့လူေတြကmicrophone ေတြကင္မရာေတြကိုင္ပီး ဒီေရလိုပဲသူ႔ဆီကိုေျပးလႊားလာၾကတယ္။ လူေတြရဲ့အသံေတြကဆူညံလွပီး အားေပးသံေတြကလဲတစ္သံနဲ႔တစ္သံဆက္ေနၾကတယ္။
စုန္႔ရီသူ႔ရွိရာဘက္ကိုလက္ေဝွ႕ရမ္းျပပီး လက္ထဲကေရဗူးကိုလွုပ္ျပလိုက္တယ္။ ကုရွင္ခၽြမ္းကသူ႔ေနာက္မွာရွိေနတဲ့ အားလုံးေသာအရာေတြကိုလ်စ္လ်ဴရွုပီး သူ႔ဆီကိုခန္႔ညားတဲ့အရွိန္အဟုန္နဲ႔အတူေျပားလာတယ္။ ခၽြန္ျမလွတဲ့ဆာမူရိုင္းဓားတစ္လက္လို လူအုပ္ၾကားထဲကေနခြဲထြက္လာတယ္။
စုန္႔ရီသူ႔ခႏၲာကိုယ္ဆီကေခၽြးနံ့ရေနတယ္။ သူကဖြဖြေလးေျပာလိုက္တယ္ "ပထမဆုယူပီး ေရသြားခ်ိဳးလိုက္"
ကုရွင္ခၽြမ္းကသူ႔ကို႐ုတ္တရပ္ေပြ႕ဖက္လိုက္တယ္။ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားပီး ျပင္းျပင္းထန္ထန္အသက္ရွူေနတယ္။
စုန္႔ရီသူ႔ရဲ့ျပင္းထန္တဲ့ႏွလုံးခုန္သံေတြကို နားေဘးနားမွာခုန္ေနတဲ့အလား ၾကားေနရတယ္။ သူထိတ္လန္႔သြားပီး စိုးရိမ္ပူပန္စြာေမးလိုက္တယ္ "အဆင္ေရာေျပရဲ့လား?"
ကုရွင္ခၽြမ္းကအသံတိုးတိုးနဲ႔တစ္ခုခုကိုက်ိန္ဆဲလိုက္ပီး သူ႔လက္ေမာင္းေတြကိုလည္ပင္းမွာခ်ိတ္တြယ္လိုက္တယ္။ သူကလုံးဝဖုံးဖိထားလို႔မရေတာ့တဲ့ခံစားခ်က္ေတြနဲ႔အတူ စုန္႔ရီရဲ့ႏွုတ္ခမ္းကို႐ုတ္တရပ္ငုံ႔နမ္းလိုက္တယ္။
စုန္႔ရီအသက္ရွူသံေတြတန္႔သြားပီး မ်က္လုံးေလးေတြကဝိုင္းသြားတယ္။ ရွက္ရြံ့ပီးေဒါသလဲထြက္ေနရတယ္။ သူတို႔ေတြကပုံမွန္နမ္းေနၾကဆိုေပမဲ့ ပထမဆုံးအေနနဲ႔ ရွန္းလီနဲ႔က်ိဳးေမာ့ခၽြင့္ရဲ့ေရွ႕ လူအားလုံးရဲ့မ်က္လုံးေရွ႕မွာနမ္းေနခဲ့တယ္။
သူ႔ရဲ့ေခါင္းထဲမွာတဝီဝီအသံေတြျမည္ေနပီး ကုရွင္ခၽြမ္းကိုအ႐ူးလို႔ စိတ္ထဲကက်ိန္ဆဲလိုက္တယ္။ သူကအရမ္းရဲတင္းလြန္းတယ္။ ဒါေပမဲ့ သူ႔စိတ္ထဲမွာပိုပီးေတြးမိေနတဲ့အရာရွိတယ္။ ပူျပင္းေသာ ႏူးညံ့ေသာ ထိန္းခ်ဳပ္၍မရနိုင္ေသာ က်ဴးေက်ာ္လိုေသာ ညင္သာေသာ ထိုအမ်ိဳးမ်ိဳးေသာအရာေတြက သူ႔တို႔ႏွုတ္ခမ္းေတြၾကားမွာျဖစ္တည္ေနပီး တမ္းတမ္းတတနဲ႔နမ္းရွိုက္ေနတယ္လို႔ သူပိုပီးခံစားေနရတယ္။
သူတို႔လူခ်င္းခြာလိုက္တဲ့အခ်ိန္မွာ စုန္႔ရီမ်က္လုံးေတြမွိတ္ထားတယ္။ ကုရွင္ခၽြမ္းရဲ့အေလာတႀကီးျဖစ္ေနတဲ့ အသက္ရွူသံေတြက သူ႔ပါးေပၚကိုထပ္ခါထပ္ခါက်ေရာက္ေနပီး သူ႔ရဲ့မ်က္ႏွာကပူေလာင္လာရတယ္။
စုန္႔ရီသူ႔ႏွုတ္ခမ္းေတြကိုဖြဖြေလးသုတ္လိုက္ပီး မ်က္လုံးေတြကိုဖြင့္လိုက္တယ္။ သူ႔ေဘးပတ္ပတ္လည္မွုရွိေနတဲ့ လူေတြရဲ့မီးေတာက္ေလာင္ေနတဲ့အၾကည့္ေတြကိုသူျပန္မၾကည့္ရဲဘူး။ ကုရွင္ခၽြမ္းကသူ႔ကိုတည့္တည့္စိုက္ၾကည့္ေနပီး သူ႔ရဲ့မ်က္လုံးနက္နက္ေလးေတြက ေႏြရာသီညရဲ့ၾကယ္ေလးေတြလိုေတာက္ပလင္းလက္ေနတယ္။
စုန္႔ရီသူ႔ကိုျပန္ၾကည့္ရင္း အသံတိုးတိုးနဲ႔ေျပာလိုက္တယ္ "မင္း႐ူးေနလား?"
ကုရွင္ခၽြမ္းကမလွုပ္မရွားတဲ့သူ႔ကိုခနေလာက္ေငးၾကည့္ေနပီး ခံစားခ်က္ေတြကလွိုင္းတံပိုးေတြတလိမ့္လိမ့္လွိမ့္တက္လာတယ္။
စကၠန္႔အနည္းငယ္ၾကာေတာ့ သူကလွည့္ပင္းကိုလွည့္ပီး ေခါင္းကေခၽြးေတြကိုျဖစ္သလိုခါထုတ္လိုက္တယ္ "ပူတယ္ ေရျပန္ခ်ိဳးရေအာင္"
စုန္႔ရီသူ႔ကိုစိုက္ပဲၾကည့္ေနလိုက္တယ္။ ကံေကာင္းစြာနဲ႔ပဲနိုင္ငံျခားမွာတ႐ုတ္လူမ်ိဳးအနည္းငယ္ပဲရွိပီး သူတို႔ကိုသိတဲ့လူကလက္တစ္ဆုပ္သာပဲရွိလို႔။ အဲ့လိုမွမဟုတ္ရင္ သူ႔မွာေနရာစရာမရွိျဖစ္ပီး ကုရွင္ခၽြမ္းရဲ့ wife fan ေတြရဲ့အျပစ္တင္ေျပာဆိုမွုေတြခံေနရလိမ့္မယ္။
သူတို႔ဓာတ္ေလွကားထဲဝင္လိုက္တာနဲ႔ ကုရွင္ခၽြမ္းကသူတို႔ေနတဲ့အထပ္ကိုႏွိပ္လိုက္တယ္။ ေနာက္ေတာ့ စုန္႔ရီရဲ့ခါးကိုသူ႔လက္ေမာင္းေတြနဲ႔ ေပြ႕ဖက္ပီး ဓာတ္ေလွကားကေန အခန္းထဲေရာက္တဲ့အထိတစ္လမ္းလုံး ပူးကပ္သြယ္ယွက္ေနတယ္။ စုန္႔ရီေျခေထာက္နဲ႔ၾကမ္းျပင္ထိလားမထိလားမသိလိုက္ရဘဲ bathtub ထဲအထည့္ခံလိုက္ရတယ္။
အျဖဴေရာင္ bathtub ထဲမွာ မနက္ကေရခ်ိဳးတုန္းကေရေတြကမေသြ႕ေသးတာမို႔ သူ႔ေအာက္မွာရွိေနတဲ့ေရကေခ်ာ္ေနတယ္။ စုန္႔ရီထိတ္လန္႔သြားပီး လက္ကိုအေနာက္ကိုေထာက္ပီး မတ္မတ္ထိုင္ခ်င္ေပမဲ့လဲ အရမ္းေခ်ာ္ေနတဲ့အတြက္ ပက္လက္ပဲလဲသြားတယ္။
စကားတစ္ခြန္းမွမေျပာဘဲ ကုရွင္ခၽြမ္းကသူ႔အကၤ်ီကိုေအာက္အနားကိုလက္ႏွစ္ဖက္နဲ႔ကိုင္ပီးဆြဲခၽြတ္လိုက္တယ္။ ေနာက္ေတာ့အကၤ်ီကိုျဖစ္သလိုပစ္ခ်လိုက္ပီး bathtub ထဲဝင္လာတယ္။ သူကစုန္႔ရီအနားကိုကပ္ကပ္လာပီး ႏွစ္ေယာက္ၾကားကအကြာအေဝးကအရမ္းနီးကပ္လြန္းေနပီျဖစ္တယ္။
စုန္႔ရီမ်က္ႏွာကအရမ္းၾကည့္ေကာင္းမေနေတာ့ဘူး။ ေနာက္ဆုံးတစ္ေခါက္က bathtub ထဲမွာျဖစ္ခဲ့တာကိုသူအခုထိမွတ္မိေနေသးတယ္။ "မင္းတတိယသတ္မွတ္ခ်က္ကိုေမ့သြားပီလား?"
ကုရွင္ခၽြမ္းကသူ႔ကိုအထက္ေအာက္ၾကည့္ပီးလက္ဆန္႔ထုတ္ကာ စုန္႔ရီရဲ့နားဖ်ားေလးကိုဖ်စ္လိုက္တယ္။ အဲ့ဒီေနာက္မွာသူကနားေလးကိုနမ္းပီး နားထဲကိုေလမွုတ္လိုက္တယ္ "ငါတတိယအခ်က္ေတြဘာေတြမသိဘူး မင္းကိုအမ်ားႀကီးႀကိဳက္တယ္ဆိုတာပဲသိတယ္"
စုန္႔ရီအံ့အားသင့္သြားပီး သူ႔ႏွုတ္ခမ္းေတြကပြင့္အာလာတယ္။ နည္းနည္းျပဳံးရယ္ခ်င္သြားပီး ႏွလုံးသားကလဲအနည္းငယ္လွုပ္ရွားသြားတယ္။
ကုရွင္ခၽြမ္းကတကယ္ႀကီးသူ႔ကိုႀကိဳက္တာလား။
မေန႔တုန္းက သူ႔ရဲ့ေကာင္ေလးျဖစ္ခ်င္တယ္လို႔ကုရွင္ခၽြမ္းေျပာခဲ့တယ္။ သူကဒါကိုျဖစ္နိုင္ေခ်ရွိလားဆိုတာပဲေတြးေတာေနပီး သူ႔ကိုအမ်ားႀကီးႀကိဳက္ေနတယ္လို႔ထင္မထားဘူး။ သူကအဲ့တာေတြစဥ္းစားပီး စိတ္ရွုပ္ခံမေနဘူး။ သူကသူ႔ရဲ့လက္ရွိအေျခအေနကိုအရမ္းေက်နပ္တယ္။ သူ႔မွာရွိသင့္တဲ့အရာအားလုံးရွိေနတယ္။
ဒါေပမဲ့တစ္လွမ္းဆက္တိုးပီး တစ္ဖက္လူကိုသူ႔ဘဝလက္တြဲေဖာ္အျဖစ္ေရြးခ်ယ္ဆိုရင္ စိတ္ထဲမွာမတင္မက်ျဖစ္ေနတဲ့အေျခအေနတစ္ခုရွိေနတယ္။ ကုရွင္ခၽြမ္းက ကေလးေတြကိုသေဘာက်တဲ့လူမ်ိဳးနဲ႔မတူဘူး။ သူကိုယ္တိုင္ကကေလးေလးလိုျဖစ္ေနေတာ့ သူေမြးေပးမဲ့ကေလးေလးကိုျပဳစုေပးနိုင္မွာလား။
ဒီအခ်က္ကိုေသေသခ်ာခ်ာေျပာရမယ္ဆိုရင္ စုန္႔ရီကိုယ္တိုင္လဲကေလးကိုတစ္ေယာက္ထဲမျပဳစုခ်င္ဘူး။
ကေလးကိုတစ္ေယာက္ထဲပ်ိဳးေထာင္ေပးရတယ္ဆိုတာအရမ္းပင္းပန္တယ္။
ကုရွင္ခၽြမ္းကသူ႔ကိုၾကည့္ေနပီး သူ႔မ်က္လုံးေတြကစိတ္ရင္းအမွန္ကိုေဖာ္ျပေနတယ္။ သူ႔အသံကအနည္းငယ္ဖိႏွိပ္ထားရပီး အက္ကြဲေနတယ္ "ငါမင္းကို Seattle ကိုေခၚသြားခ်င္တယ္ ငါ့မိဘေတြနဲ႔မင္းကိုေပးေတြ႕မယ္ ဒီတစ္ခုကိုေတာ့ေဆြးေႏြးညႇိႏွိုင္းလို႔မရဘူး"
~~~~~~~~