Love is like the breeze. [One...

By Gem-Citrine

28.2K 2.6K 1K

အချစ်ဟာ လေပြည်လေညင်းလေးလိုပဲ၊ ဘယ်တော့မှမမြင်နိုင်ပေမဲ့ ခံစားလို့တော့ရနိုင်တဲ့အရာတစ်ခုပေါ့...။ အခ်စ္ဟာ ေလျပည္ေ... More

Love is like the wind

28.2K 2.6K 1K
By Gem-Citrine

"မိုင်း မင်းဟာက မြန်လှချည်လား၊ မင်းသူ့ကိုတွေ့တာဖြင့် ဘယ်နှစ်ရက်ရှိသေးလို့လဲ"

"ငါ့သိသလောက်တော့ တစ်ပတ်ပဲရှိသေးတယ်၊ သူသွားစကားပြောတာက တစ်နေ့ကမှ"

"တစ်နေ့ကသွားစကားပြောပြီး တစ်ခါတည်းတွဲမလားမေးခဲ့တာလား"

"အေး"

"အဲ့ဒါကို သူက မနေ့ကအဖြေပေးလိုက်တယ်ပေါ့၊ တစ်ရက်ကြီးများတောင် အချိန်ယူစဉ်းစားလိုက်တာပဲ"

"အဟွန်း တကယ်‌တော့ အဲဒီနေ့ညနေကတည်းကပေးလိုက်တာ ၊ တစ်ရက်တောင်မကြာဘူး"

"Wow!!! သားကြီး လေးစားတယ်ကွာ"

"ဆရာသခင်ကို ဒီတပည့်ဆည်းကပ်ပါတယ် ၊ ပညာလေးတွေမျှပါဦး"

"ဒါပေါ့ ဒါပေါ့ သေချာပေါက် မျှဝေပေးရမှာပေါ့ကွာ၊ ဟားဟား"

နောက်တန်းမှစကားသံတို့နှင့် ရယ်သံများကြောင့် သူဘယ်လိုမှစာကိုအာရုံစိုက်မရတော့။ အမြဲတစေတည်ကြည်နေသောမျက်နှာထက် စိတ်အလိုမကျမှုအရိပ်အယောင်များ ခဏတာဖြတ်သန်းသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ Airpodsကိုထုတ်ကာတပ်လိုက်ပြီးနောက် သီချင်းဖွင့်ကာနားထောင်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ကိုငေးမောကြည့်နေမိ၏။

သူ့၌ ဘာအတွေး၊ ဘာခံစားချက်တို့မှရေရေရာရာမရှိပါ။ သီချင်းတို့နားထောင်ရင်း ခေါင်းထဲပေါ်လာသည်က မနေ့ကအိပ်ခါနီးတွင်ကြည့်မိခဲ့သည့် ဗီဒီယိုတစ်ခုအကြောင်း။

"မင်းချစ်တဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားရတဲ့အချိန်မှာ နေပူတဲ့အချိန်တွေမှာ တိမ်တိုက်တွေကို တွေ့နေရသလိုမျိုး၊ လမ်းတွေတိုင်းက မီးနီတွေကိုတွေ့ရတာ စိတ်တိုနေရသလိုမျိုး၊ ပြီးတော့ ဘယ်လိုကြည့်မှန်မျိုးကမှ မင်းကို စိတ်ကျေနပ်မှုမပေးနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးသွားရတာဟာ သေခြင်းတရားမဟုတ်ပါဘူး၊ သူတို့မပါဘဲ ဒီကမ္ဘာပေါ်မှာ ဆက်ပြီးရှင်သန်နေရတာကို ဆိုလိုတာပါ၊ အဲ့ဒါဟာ အခက်ခဲဆုံးပါပဲ" တဲ့။

ဗီဒီယိုထဲတွင်ပြောနေသည့်လူ၏မျက်နှာက အမှန်တကယ်ကိုပင် ဆက်လက်ရှင်သန်နေရခြင်းက သူ့အတွက်ခက်ခဲနေသည့်အလား။ သူ၏နီရဲနေသောမျက်လုံးထဲမှ အရိပ်အယောင်များက မျှော်လင့်ချက်တို့ ကင်းမဲ့နေသူတစ်ယောက်လိုပင်။

သူ၎င်းအား ဘယ်လိုမှနားမလည်နိုင်ပါ။

ချစ်ခြင်းတရားလား? အဲ့ဒါက ဘယ်လိုမျိုးလဲ?

သူသည် လက်ရှိ၌ YUFL English Majorတွင် ဒုတိယနှစ်တက်ရောက်နေသောကျောင်းသားတစ်ဦးဖြစ်၏။ သူမွေးလာစဉ်မှစ၍ ယခုအချိန်ထိ အချစ်ဟူသောအရာကိုလုံးဝမမြည်းစမ်းကြည့်ခဲ့။ လူတစ်ယောက်ကိုအာရုံစိုက်ဖို့ စိတ်လည်းမပါသလို အချိန်လည်းမရှိသလိုခံစားရသည်။

သူ့မိဘများကတော့ပြောကြသည်။ အထူးသဖြင့် သူ့အဖေဖြစ်သူကပင်။

"မင်းက ငါတို့လင်မယားရဲ့သားအရင်းမဖြစ်နိုင်ဘူး၊ ဆေးရုံမှာ ကလေးမှားလာတာနေမယ်" တဲ့။

ပြောလည်းပြောချင်စရာပင်။ သူ့အဖေနှင့်အမေက ယခုအချိန်ထိ နွေးထွေးကြင်နာသောဆက်ဆံရေးကို ထိန်းသိမ်းထားဆဲဖြစ်ကာ တစ်ခါတလေ သည်းသည်းလှုပ်လွန်း၍ သူကပင် မျက်စိနောက်ပြီး ထထွက်သွားရသည်အထိ။

ထိုအချိန်ဆို သူ့အဖေက သူ့အားလှမ်းအော်ကာစတတ်၏။

"ပေါ်တင်ကြီးမနာလိုမဖြစ်စမ်းနဲ့ကွာ၊ ငါ့သားအတွက် ငှက်ပျောခြံတစ်ခြံဝယ်ပေးထားမယ်" တဲ့။

သူလည်း တစ်ခါတလေ တွေးမိပါသည်။ သူ့အဖေလိုလူထံမှ သူ့လို တည်တည်ကြည်ကြည်သားမျိုး ထွက်လာဖို့ဆိုတာ ဆယ်ယောက်မှာတစ်ယောက်တောင် ဖြစ်နိုင်ဖွယ်မရှိဟုထင်မိသည်။ တစ်ခါတရံဆိုလျှင် သားအဖနှစ်ယောက်သားဆွေးနွေးလွန်ပြီး DNAပါသွားစစ်မည်ဆိုသည်အထိ ဖြစ်ဖူးသေး၏။

အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ၊ သူတကယ်မသိပါ။ ဆောင်းပါးတော်တော်များများအရ ချစ်ရသူကိုတွေ့လျှင် ရင်ခုန်တတ်ကြသည်တဲ့။ သူ့ဘဝတွင် ထိုကဲ့သို့ တစ်ခါမှမခံစားခဲ့ဖူး။ အချို့သူများက ရွှတ်နောက်နောက် ဆိုတတ်ကြ၏။ စာမေးခံရလျှင်လည်း ရင်ခုန်ရသည်တဲ့။ ဤသည်ကိုလည်း သူမခံစားဖူးပါချေ။ အကြောင်းမှာ သူက အတန်းတိုင်း၌ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

"ဟာ ဟေ့ကောင် မတွန်းနဲ့ ဟာ!"

"ဟာ မိုင်း!!!"

Airpodsတပ်ထားသော်ငြား အသံကျယ်ကျယ်ဖွင့်မထားခြင်းမို့ ပုံမှန်ထက်ကျယ်သောပြင်ပသံများကို ကြားရသည်သာ။ သူလှည့်ကြည့်ဖို့စိတ်မဝင်စားသော်ငြား အသံအဆုံး ထိုင်နေသောသူ့ထက် ယိုင်ကျလာသည့် ခန္ဓာကိုယ်တစ်ခု။ ညာဘက်ခြမ်းမှ Airpodက ပြုတ်ထွက်ကာ အောက်ကျသွားပြီး သူလည်းယိုင်ကျသွားသည်မို့ လက်တို့ဖြင့်ထိန်းလိုက်တော့ သူ့ပေါင်ထက်ထိုင်လျက်သားဖြစ်သွားသူ။

စိမ်းရင့်မိုင်း...။

သူသည် တစ်ခန်းလုံးမှ အခြားကျောင်းသားများ၏ နာမည်နှင့်ရုပ်များကို သိပ်မကျက်မိသော်လည်း သည်တစ်ယောက်ကိုတော့ မမြင်ချင်မှအဆုံး မကြားချင်မှအဆုံးမို့ မသိချင်လည်းသိရ၏။ ကျောင်းဝင်းထဲ၌ မတော်တဆဆုံမိလျှင်လည်း တစ်ခါတွေ့တိုင်း ဘေးမှတစ်ယောက်က ပြောင်းနေတတ်သည်။ တစ်နေ့တည်း နှစ်ကြိမ်ဆုံမိလျှင်တောင် ဘေးတွင်ပါလာသူက ပထမအကြိမ်နှင့်မတူတတ်။

"အာ ဆောရီး Roll one"

"....."

စိတ်အနှောင့်အယှက်ဖြစ်သွားသည်မို့ ပြန်မဖြေမိ။ အောက်ကျသွားသည့် Airpodတစ်ဖက်ကိုသာ ရှာလိုက်မိတော့...

"ဒါရှာနေတာထင်တယ်၊ ဆောရီးကွာ ငါ့သူငယ်ချင်းတွေနဲ့ကစားရင်း အရှိန်လွန်သွားတာ"

ပြုတ်ကျသွားသည့် Airpodအဖြူလေးအားကောက်ကာ ကမ်းပေးရင်းပြောလာသည်မို့ လှမ်းယူလိုက်မိရင်း...

"အင်း"

ထိုသို့သာတုံ့ပြန်လိုက်ပြီးနောက် Airpodလေးအား တစ်သျှူးတစ်ခုဖြင့် သေချာသုတ်လိုက်ပြီး နားတွင်ပြန်တပ်ကာ ပြတင်းအပြင်ဘက်သို့သာဆက်လက်ငေးနေလိုက်မိသည်။ စိမ်းရင့်မိုင်း ချက်ချင်းထွက်မသွားသေးတာ သိသော်လည်း အဖတ်မလုပ်မိ။ အကျင့်စရိုက်ချင်းမတူမှတော့ စကားရှည်ရှည်ဝေးဝေးလည်းပြောစရာမလို။ သူလုံးဝလှည့်မကြည့်တော့မှ ခဏအကြာတွင် လှည့်ထွက်သွားသည့်အရိပ်အား သတိထားလိုက်မိ၏။

သူ့တွင်က သူငယ်ချင်းဟူ၍ ထွေထွေထူးထူးမရှိပါ။ အကြောင်းရှိလျှင် စကားပြောပြီး အကူအညီအပြန်အလှန်ပေးရုံဆက်ဆံရေးများသာ ရှိ၏။ ထိုထက်လည်းပိုစရာမလိုဟုထင်သည်မို့ မည်သူကလိုသည်ထက်ပိုချင်သည်ဖြစ်စေ၊ သူကပြတ်သားခဲ့သည်သာ။

သူ့အရပ်က ၁၈၉စင်တီမီတာရှိပြီး ခန္ဓာကိုယ်က ကျန်းမာရေးလိုက်စားသူတစ်ယောက်၏ ခန္ဓာကိုယ်မျိုးဖြစ်ကာ အဆီအပိုမရှိပေ။ သူဟာ သူ့ကိုယ်သူ စနစ်တကျပျိုးထောင်ထားခြင်းဖြစ်သည်မို့ အမြဲတမ်းခါးကိုမတ်မတ်ထိုင်တတ်ပြီး စားသောက်ချိန်၊ အားကစားလုပ်ချိန်၊ စာလေ့လာချိန်၊ အိပ်ချိန်စသည်ဖြင့် အချိန်မှန်အောင်လေ့ကျင့်ထားသူဖြစ်ရာ သူ၏တစ်နေ့တာ၌ အခြားသူတစ်ယောက်အတွက် အချိန်ရှိမနေပါချေ။

ဒါကို သူက အချစ်ကို ဘာလုပ်ဖို့ရှာရမှာလဲ?

သူ့အမေကိုကြည့်ရုံနှင့်ပင် သူ့၌ မိန်းမတစ်ယောက်ကိုစိတ်ကျေနပ်သည်အထိ အချိန်မပေးနိုင်မှန်း သိခဲ့ပြီးသားပင်။ အပြင်တစ်ခါထွက်ဖို့အရေး ရေချိုးချိန်နာရီဝက်၊ အလှပြင်ချိန်တစ်နာရီ၊ အဝတ်အစားရွေးချိန်နာရီဝက်၊ ဆံပင်ပြင်ချိန်နာရီဝက်က အနည်းဆုံးကြာချိန်ဖြစ်၏။ သူ့အဖေတော့ဘယ်လိုသည်းခံနိုင်သည်မသိသော်လည်း သူကတော့ ထိုနေ့မျိုးဆိုလျှင် သူ့အမေရှေ့မရောက်အောင် ရှောင်နေမိသည်သာ။ ရောက်သွားပြီဆိုလျှင်တော့ သူမ၏ အဝတ်အစားပေါင်း၊ လက်ကိုင်အိတ်ပေါင်း၊ ဖိနပ်ပေါင်းများစွာထဲမှ တစ်ခုပြီးတစ်ခုကိုကြည့်ကာ ရွေးပေးရတတ်၏။

တကယ်ရွေးပေးတော့လည်းမဟုတ်။ နောက်မှ ဖေဖေ့ဆီကသိခဲ့ရသည်မှာ သူမက သူကြိုက်တာကိုရွေးခိုင်းခြင်းမျိုးမဟုတ်ဘဲ သူမကြိုက်သည့်အရာကို ထပ်ရွေးမည့်သူတစ်ယောက် ပေါ်လာစေချင်ခြင်းပင်။ သူကထိုကဲ့သို့ရွေးပေးသည့်အခါ သူမက ဆိုပါလိမ့်မည်။

"ဟုတ်တယ်နော် မေမေလည်းဒါလေးကိုအရမ်းကြိုက်နေတာ၊ သားလည်းသဘောကျတယ်ဆိုမှတော့ ဒါလေးပဲဝတ်လိုက်ပါတော့မယ်"

မိန်းမများက တော်တော်လေးကိုရှုပ်ထွေးလွန်းလှ၏။ သူဘယ်လိုမှနားမလည်နိုင်ပါ။ မိန်းမများကို နားလည်ဖို့ကြိုးစားရမည့်အစား ကမ္ဘာ့အခက်ဆုံးပုစ္ဆာများကိုသာ သွားရှင်းချင်ပါသည်။

သူက တစ်ဦးတည်းသောသားဖြစ်ပြီး သူ့မိဘများကလည်း စီးပွားရေး၌ကောင်းမွန်သည့်အထဲပါသည်မို့ သူ့အတွက် ငွေရေးကြေးရေးက စိတ်ပူစရာမဟုတ်ပါ ။ သို့တိုင် သူက သူတတ်သောပညာနှင့် ဝင်ငွေရှာရခြင်းအားကြိုက်သည်မို့ ဘာသာပြန်အလုပ်များအား သူ့အချိန်နှင့်သူ နှစ်စမှစတင်၍ လက်ခံဖြစ်ခဲ့သည်။ လေ့လာမှုအားကြီးသူပီပီ အလုပ်တွေနှင့်ပတ်သက်၍ တစ်ခုပြီးတစ်ခုဆက်တိုက်လေ့လာခဲ့သည်မို့ ကျောင်းသင်ခန်းစာများ၌လည်း သိသိသာသာ အကျိုးဖြစ်ထွန်းပါ၏။

ထို့ကြောင့် သူ့၌ အားလပ်ချိန်ဟူ၍ တစ်ရက်လုံးအပြည့်မရှိပါ။ သူက နားချိန်တန်နားတတ်သူမို့ တကူးတကအနားယူရန်လည်း မလိုအပ်ဟုထင်ပါသည်။

ထိုနေ့ညတွင်တော့ သူစာလုပ်နေရင်း ခေါင်းထဲရုတ်တရက်ပေါ်လာသည်က နေ့ခင်းကအဖြစ်အပျက်။ ထိုအချိန်က သတိထားမိသည်မှာ စိမ်းရင့်မိုင်း၏ ကိုယ်သင်းနံ့ကိုပင်။ သင်းပျံ့ပျံ့လေးဖြစ်ပြီး စိတ်ကိုကြည်လင်စေသော ရနံ့မျိုးဖြစ်၏။ စဉ်းစားမိသည်မှာလည်းထွေထွေထူးထူးမဟုတ်။ ညနေပြန်ရောက်၍ ရေချိုးခါနီး အင်္ကျီချွတ်ချိန်ထိ ထိုအနံ့သင်းသင်းလေးက စွဲပါနေသောကြောင့်ပင်။

ရုတ်တရက် Msgဝင်လာ၍ ဖုန်းစခရင်ပွင့်သွားသည်မို့ အတွေးတို့ကပြတ်သွားရသည်။ ဖွင့်ကြည့်လိုက်တော့ Dagon Universityတွင်ကျောင်းတက်နေသော သူနှင့်ငယ်ငယ်ကကျောင်းနေဘက်ဟုဆိုလို့ရသည့် နွေမိုးနှောင်း။ နေတာကလည်း သူတို့ခြံဘေးကပ်လျက်တွင်ဖြစ်၏။

[ ကောင်းသွင် တစ်ချက်လိုင်းပေါ်တက်ကြည့်ဦး]

သူမထံမှ ထိုသို့ပြောသည်အား တစ်ခါမှမကြားဖူး၍တက်ကြည့်လိုက်တော့ Messengerမှ လင့်ခ်တစ်ခုဝင်လာသည်။ သူဝင်ကြည့်လိုက်တော့ ပေ့ချ်တစ်ခုမှ ဓာတ်ပုံတစ်ပုံတင်ထားခြင်း ။ ပုံမှာ နေ့လယ်က စိမ်းရင့်မိုင်းတစ်ယောက် သူ့ပေါ်သို့ပြုတ်ကျလာသဖြင့် သူဖမ်းကာထိန်းပေးထားသောပုံပင်။ အနေအထားကတော့ စိမ်းရင့်မိုင်းက သူ့ပေါင်ပေါ်တွင်ရောက်နေပြီး သူကလည်းလက်နှင့်ထိန်းထားသည်မို့ ဖက်ပေးထားသည့်နှယ်။

Captionက 'ဒီပုံကိုကြည့်ပြီး ငါ့ရဲ့ရွက်လွှင့်ချင်စိတ်တွေက ဟိုးမြောက်ဝင်ရိုးစွန်းထိရောက်သွားပြီ၊ စံပြကျောင်းသားကြီးနဲ့ Play boy The Whole Kingကြီးက ငါ့မျက်လုံးထဲမှာတော့ အရမ်းတွေလိုက်ဖက်တာပဲ'တဲ့။

သူ - "???"

မိန်းကလေးများအား သူနားမလည်နိုင်သည့်အချက်ထပ်ဖြည့်လိုက်ရသည်။ သည်နောက်ပိုင်းမိန်းကလေးတွေက သိပ်ကိုရှုပ်ထွေးလွန်းပါသည်။

ဒါက မတော်တဆဖြစ်တာဆိုတာ သူကလိုက်ရှင်းပြဖို့လိုသေးတာလား။

မိန်းကလေးတွေ၏ဘန်းစကားများကို သူသိပ်နားမလည်သော်ငြား လုံးဝမသိတာတော့မဟုတ်ပါ။ သည်ခေတ်မိန်းကလေးတွေက ကြောက်ဖို့ကောင်းလွန်းသည်ဆိုသည်မှာ အမှန်ပင်။ ယောက်ျားလေးနှစ်ယောက် နီးနီးကပ်ကပ်နေလိုက်သည်နှင့် သူတို့၏အကြည့်များက ပုံမှန်မဟုတ်တော့။ သူတို့ကျ အချင်းချင်း နေချင်သလိုနေကြသော်ငြား ယောက်ျားလေးများနေလိုက်လျှင်တော့ သူတို့၏ပုံစံက 'ငါအနံ့တစ်ခုရနေတယ်'ဆိုသည့်ဟန်မျိုး ဖြစ်သွားတတ်ကြ၏။

သူစိတ်ရှုပ်စွာဖြင့် Cmtတွေထဲဝင်ကြည့်လိုက်တော့ စိမ်းရင့်မိုင်းက သူ့ထက်ပင်ဦးနေပြီး Cmtပင် မန့်ထားသေးသည်။

- အားနာပါတယ်၊ ကိုယ်က ထာဝရအဖြောင့်ပါ

ထိုCmtလေးသည် reactပေါင်းထောင်ချီတက်သွားပြီး ပြန်စာများကလည်းတစ်ခုပြီးတစ်ခု။

- ထာဝရအဖြောင့်ပါ၊ မင်းနဲ့မတွေ့ခင်အချိန်ထိဆိုတာမျိုးလား ဟီးဟီးဟီး

- ယုံတယ် ယုံတယ်၊ ဒါလင့်ကို ဘေဘီအယုံဆုံး

- ဇာတ်ကားတွေထဲမှာတော့ ဒီလိုပဲပြောပြောပြီးကွေးသွားကြတာပဲ ဟားဟားဟား

- မိန်းမတွေက ငါတို့နားမလည်နိုင်တဲ့လယ်ဗယ်တစ်ခုကိုရောက်နေပြီ ဘဒိုတို့၊ နောက်ဆို သတိကြီးကြီးထားကြကွာ

Replyတွေက မနားတမ်းတက်လာ၍ သူလည်းမကြည့်နိုင်တော့။ Back ပြန်ဆုတ်လိုက်ပြီး အခြားCmtများကို ဖတ်ကြည့်လိုက်၏။ Shareတာတွေများလာ၍ အခြားကျောင်းမှလူများပင်ရောက်နေသည်ကိုတွေ့လိုက်ရသည်။

- အိုမို အိုမို လိုက်လိုက်တာ၊ နေပါဦး ပေါင်ပေါ်ကတစ်ယောက်က စိမ်းရင့်မိုင်းမလား၊ ပလေးဘွိုင်းကြီးက အောက်ထပ်ရောက်သွားတာလား အား သေပါပြီ

- အခြားသူတွေဆိုရင် ချက်ချင်းရွက်လွှင့်မိလောက်ပေမဲ့ ကောင်းသွင်ကြည်ဖြူနဲ့ စိမ်းရင့်မိုင်းကတော့ မလွှင့်ခင်ကတည်းက မှောက်မဲ့အနေအထားမှာရှိသလားလို့ :3

ထိုCmtများအောက်တွင်တော့ ပြန်ထားသည့်စာများရှိသည်။

- ကောင်းသွင်ကြည်ဖြူလား??? ဝိုး တူပါတယ်ဆိုပြီးကြည့်နေတာ၊ သူမှန်းကိုယ့်ဘာသာမထင်ရဲလို့ သူငယ်ချင်းတွေနဲ့ အတည်ပြုနေရတာ၊ သူက အထက်တန်းတုန်းကလည်း ထိပ်တန်းကျောင်းသားတစ်ယောက်နော်၊ ကြိုက်တဲ့မိန်းကလေးတွေတန်းစီနေတာတောင် တစ်ချက်လှည့်ကြည့်ဖူးတာ မဟုတ်ဘူး၊ ဪ အကြောင်းပြချက်က ဒီလိုလား၊ တန်းစီဖူးတဲ့သူတစ်ယောက်အနေနဲ့ ရင်တွေဘာတွေနာတယ် အူးဟူး

- ၁၀၀ရာခိုင်နှုန်းသေချာပါတယ်၊ ငါတို့ဒုတိယနှစ်ရဲ့ စံပြကျောင်းသားပါပဲ...

ပုံ ရင်ထုပြီးအတည်ပြုပေးလိုက်သော Roll oneကြီးအား နေ့တိုင်းငမ်းနေမိသူတစ်ဦး

- အဟေးအဟေး စံပြကျောင်းသားနဲ့ ပလေးဘွိုင်းတို့ရဲ့ ဇာတ်လမ်းလေး စပြီလား၊ စပြီလား

ထိုစဉ် တစ်ယောက်က စိမ်းရင့်မိုင်း၏ Relationship statusကို Screenshotရိုက်ကာ လာမန့်၏။

- ဇာတ်သိမ်းပါပြီ ညီအစ်မတို့၊ ဖျာလိပ်ပြီး ပြန်လို့ရပါပြီ

သူ ထိုပွထနေသည့်စာများအားကြည့်ပြီး ခေါင်းပင်ကိုက်လာသလိုခံစားလာရသည်။ ထိုပို့စ်အားဖျက်ဖို့သွားပြောချင်စိတ်လည်းမရှိ။ သူက စကားအပိုတွေပြောရတာမကြိုက်သူမို့ ဖြေရှင်းစရာမလိုဟုထင်လျှင် သူနှင့်တိုက်ရိုက်သက်ဆိုင်လျှင်တောင် ဘေးထွက်နေလေ့ရှိသူပင်။

သည်တစ်ကြိမ်လည်း အပြောခံနေရသည်က သူတစ်ယောက်တည်းမဟုတ်။ ဘယ်သူမှဘာမှသွားမပြောလျှင်တောင် နောက်ရက်များတွင် စိမ်းရင့်မိုင်း၏ တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲနေသည့်အကျင့်ကြောင့် အလိုလိုဖြေရှင်းပြီးသားဖြစ်မည်သာ။ ထိုသို့တွေးလိုက်ပြီး လိုင်းပိတ်ဖို့လုပ်လိုက်စဉ် Friend requestတစ်ခုရောက်လာ၍ ကြည့်လိုက်တော့ စိမ်းရင့်မိုင်း။

ရှုပ်ရှုပ်ယှက်ယှက်...။

ချက်ချင်းပင် Cancelလုပ်လိုက်ပြီးနောက် လိုင်းပိတ်ကာ စာလုပ်ဖို့ပြင်လိုက်သည်။ နေ့စဉ်လေ့လာမှုများပြီးနောက် အိပ်ခါနီးအကြောလျှော့သည့်လေ့ကျင့်ခန်းအချို့အားလုပ်လိုက်အပြီး ခဏတာအနားယူကာ ဘုရားရှိခိုး၊ တရားထိုင်ပြီး အိပ်ဖို့ပြင်လိုက်တော့၏။

နောက်တစ်နေ့ကျောင်းကိုရောက်တော့ သူ့အားကွက်ကြည့်ကွက်ကြည့်လုပ်နေကြသူများကို သတိထားမိသော်ငြား ဂရုမစိုက်မိ။ လူတွေ၏အာရုံစိုက်မှုကိုခံရသည်က သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပါ။ ထုံးစံလည်း အကြည့်ခံရသည်မို့ သည်နေ့မှ လူပိုများရုံဟုသာ သတ်မှတ်လိုက်တော့သည်။

"မိုင်းလည်း ခုဏကမှရောက်တာမလား၊ နှစ်ယောက်ကရှေ့ဆင့်နောက်ဆင့်နော်"

"ဟဲ့ သူတို့က တကယ်ရော ဟုတ်လို့လား၊ မိုင်းက Relationship statusတင်ထားတယ်မဟုတ်ဘူးလား"

"နင်ကလည်း သူက တစ်ပတ်တစ်ယောက်နှုန်းပြောင်းနေတာပဲဟာ၊ ဘာများထူးခြားနေလို့လဲ"

"ဟဲ့ ဟဲ့ RS status မရှိတော့ဘူးဟေ့၊ ဒါက ငါတို့သင်္ဘောကိုအတည်ပြုရတော့မဲ့သဘောလား"

ကျစ်! ဒီမိန်းကလေးတွေကတော့ ကာယကံရှင်ကိုရှေ့ထားပြီး...

သူခြေလှမ်းတို့ကိုပုံမှန်ထက်ကျဲလိုက်ပြီးနောက် မေဂျာဆောင်သို့ အမြန်ရောက်အောင်သွားလိုက်တော့သည်။ အတန်းထဲရောက်တော့လည်း သိပ်မထူးခြား။ ယောက်ျားလေးများကတော့ 'စာနာပါတယ်ကွာ'ဆိုသည့် အကြည့်များဖြင့် ကြည့်လာကြသည်။ အချို့ဆို စကားနှင့်ပါနှစ်သိမ့်လာကြ၏။

"သတင်းက ခဏနဲ့ပျောက်သွားမှာပါကွာ၊ မိန်းကလေးတွေက အဲ့လိုပဲ၊ ငါတို့ဆိုအမြဲဆင်ဆင်ခြင်ခြင်နေရတယ်"

"ဟုတ်တယ် သားကြီး၊ ငါနဲ့ငါ့သူငယ်ချင်းတစ်ယောက်ဆို မင်းတို့ထက်တောင်ဆိုးသေးတယ်၊ နောက်ဆုံး ငါတို့နှစ်ယောက်လုံး ရည်းစားထားပြပြီး သည်းသည်းလှုပ်ပြလိုက်တော့မှ ပြီးသွားတာ၊ မင်းလည်း သဘောကျတဲ့မိန်းကလေးရှိရင် ဖွင့်ပြောလိုက်၊ အဲ့ဒါ အကောင်းဆုံး ပြဿနာဖြေရှင်းနည်းပဲ"

"သဘောကျတဲ့သူမရှိဘူး"

သူ့တုံ့ပြန်ချက်အဆုံး အတန်းဖော်များက 'ငါတို့လည်းထင်ပါတယ်'ဆိုသည့်မျက်နှာပေးများနှင့် ခေါင်းညိတ်လာကြသည်။

"ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက စိမ်းရင့်မိုင်းဖြစ်နေတာတော့ ကံကောင်းပါတယ်၊ သူက ရည်းစားများတဲ့သူဆိုတော့ တစ်ပတ်လောက်အတွင်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ"

သူခေါင်းညိတ်ရုံသာပြန်တုံ့ပြန်လိုက်၏။ အတန်းချိန်စခါနီးပြီမို့ အတန်းဖော်များကလည်း သူ့နေရာသူပြန်သွားကြသည်။ အတန်းထဲသို့စဝင်လာစဉ်တုန်းက နောက်တန်းဘက်မှ စိမ်းရင့်မိုင်းတို့အဖွဲ့ သူ့ကိုလှမ်းကြည့်သည်အား သတိထားမိသော်လည်း သူပြန်မကြည့်ခဲ့မိပါ။

စာသင်ချိန်တစ်ခုနှင့်တစ်ခုကြား ဆယ်မိနစ်တာအတွင်းလှည့်ကြည့်လာသည့်မျက်လုံးများကိုလည်း မင်သေသေဖြင့် လှစ်လျူသာရှုလိုက်တော့သည်။

နေ့လယ်ခင်းထမင်းစားနားချိန်ကိုရောက်တော့ သူလည်း နေ့လယ်စာထွက်စားရန်ပြင်လိုက်၏။ အခြားသူများထွက်နေသည့်အချိန်မို့ လူရှင်းသည့်အချိန်ထိ စိတ်ရှည်ရှည်ဖြင့်စောင့်လိုက်ပြီးမှ ထရပ်ဖို့ပြင်လိုက်စဉ်...

"ကောင်းသွင်ကြည်ဖြူ မင်းနဲ့ငါ စကားပြောရအောင်"

နာမည်ကိုတိုက်ရိုက်ခေါ်ကာပြောလာသည်မို့လှည့်ကြည့်လိုက်မိသည်။ အတန်းထဲ၌ သူနှင့်စိမ်းရင့်မိုင်းတို့အဖွဲ့သာကျန်ခဲ့ခြင်းပင်။

သူနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ငါ သုံးမိနစ်အချိန်ရတယ် ပြော"

"မင်းဘာလို့ ငါ့Requestကို လက်မခံတာလဲ"

"လက်ခံစရာမလိုလို့"

သက်သက်လာရှုပ်နေသည်ဟူ၍ခံစားနေမိသည်မို့ သူလည်းအားနာမနေတော့။ ဘာလို့အရေးမပါတာတွေလာမေးနေတာလဲ။

သူနှင့်စိမ်းရင့်မိုင်းက အရပ်တော့သိပ်မကွာသော်လည်း သူ့အရပ်ကပိုရှည်သည်ဆိုတာကတော့သိသာပါသည်။ မေးအနည်းငယ်ပင့်ကာကြည့်နေသူ၏မျက်နှာက နာမည်နှင့်လိုက်ဖက်စွာပင် မေးဖျားနှင့်နှုတ်ခမ်းမွှေးပေါက်ရာနေရာတို့၌ အမွှေးအမျှင်တို့လုံးဝမရှိအောင်ရိပ်သင်ထားသည်မို့ စိမ်းမြမြဖြစ်နေ၏။ မျက်ဝန်းတို့ကမှုန်မှုန်မှိုင်းမှိုင်းနှင့် မျက်နှာအမူအရာက ခပ်ရင့်ရင့်။

"ငါက မင်းကိုတကယ်ကြိုက်လို့ လာAddတယ်များထင်နေလား"

"မနေ့ကတော့ မထင်ပေမဲ့ ခုတော့ ထင်ချင်လာပြီ၊ မင်းငါ့ကို ကြိုက်နေလို့လား"

ဆတ်ဆတ်ထိမခံသည့်မျက်နှာပေးနှင့်လာပြောနေသည်မို့ ရွဲ့မေးလိုက်မိတော့...

"ဘာ! ငါက မင်းကိုဘာလို့ကြိုက်ရမှာလဲ"

အသည်းအသန်အော်လာသည့်နှုတ်ခမ်းပါးတို့အား သူသတိမပြုဘဲမနေနိုင်သည်အထိ။ စတော်ဘယ်ရီရောင်လား၊ ချယ်ရီရောင်လားတော့ သူမခွဲတတ်သော်လည်း တော်တော်လေးတော့လှသည်။ သူကိုရန်တွေ့နေချိန်၌ ပိုသဘောကျစရာကောင်း၏။ နောက် အောက်နှုတ်ခမ်းညာဘက်ထောင့်စွန်းရှိ မှဲ့နက်သေးသေးလေး။

"မင်းမကြိုက်ဘူးဆိုရင်လည်း ခုလောက်ထိဒေါသထွက်နေစရာမလိုဘူးထင်တယ်၊ သုံးမိနစ်ပြည့်ပြီမလို့ ငါသွားပြီ"

ပြောပြီးနောက်လှည့်ထွက်ဖို့ပြင်လိုက်စဉ် သူ့လက်မောင်းအားဆွဲလာသည့်လက်တစ်ဖက်။

"မင်း ငါ့မိဘနဲ့စကားလိုက်ပြောပေး"

"....."

သူ အထူးအဆန်းစကားကြောင့်လှည့်ကြည့်လိုက်မိတော့ သူ့လက်မောင်းကိုဆွဲထားပြီး မျက်နှာက မကြည်မသာဖြစ်နေသူ။

"ငါ သူတို့ကိုရှင်းပြပေမဲ့ သူတို့ကမယုံဘူး"

"မင်းအဆူခံရလို့လား"

"မဆူပါဘူး၊ ငါ့ကို နားလည်သလိုတွေလာပြောတာ မခံစားနိုင်လို့၊ အဲ့ဒါနဲ့ ဒီနေ့မင်းကိုခေါ်လာခဲ့မယ်လို့ ပြောခဲ့လိုက်တာ၊ အဲ့ဒါကြောင့် လိုက်ပေးပါလား"

သူသက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ အလုပ်ပိုတွေ လုပ်ချင်စိတ်မရှိသော်လည်း ရှေ့မှမျက်နှာငယ်လေးက သူ့အားငြင်းဆန်ခွင့်မပြုသလို ခံစားလိုက်ရ၏။ သူ့လက်မောင်းအားဆုပ်ကိုင်ထားသည့်လက်အားလည်း ဖယ်မချနိုင်သလိုဖြစ်နေသည်။

"လုပ်ပါ Roll Oneရာ ၊ ဒီကောင်က တော်ရုံအကူအညီတောင်းတတ်တာမဟုတ်ဘူး၊ ဒီတစ်ကြိမ်ကျမှ ငါတို့လည်းသူ့ကိုမကူညီနိုင်ဖြစ်နေလို့ပါ"

"ဟုတ်တယ် ကူညီပေးနိုင်တာလည်း မင်းပဲရှိတာ၊ ဒီတစ်နေ့လုံး ဒီကောင်မင်းကိုပြောဖို့အရေး စိတ်ကိုပြင်ဆင်နေခဲ့တာကွ၊ အပန်းမကြီးရင် ကူညီပေးလိုက်ပါကွာ"

"ဟုတ်ပါတယ်ကွာ၊ ဒီတစ်ကြိမ်လေးပဲ ကူညီပေးလိုက်ပါ၊ ငါတို့တောင်းဆိုပါတယ်"

ဘေးမှ စိမ်းရင့်မိုင်း၏သူငယ်ချင်းကပါပြောပေးလာကြသည်မို့ သူတစ်ချက်စဉ်းစားလိုက်မိပြီးနောက်...

"ငါဖုန်းနဲ့ပဲပြောပေးလို့မရဘူးလား"

"ငါ့ကိုညာတယ်ထင်မှာပေါ့"

"Video callရော?"

"မရဘူး ငါက ခေါ်လာမယ်လို့ပြောခဲ့တာ၊ မင်းကို ငါ့သူငယ်ချင်းလို့ပါပြောခဲ့မိလို့ ငါတို့က သူငယ်ချင်းဆက်ဆံရေးပြပေးရဦးမှာကွာ"

"ငါတို့က သူငယ်ချင်းတွေမှမဟုတ်ဘဲ၊ အဆင်ပြေမယ်မထင်ဘူး"

"မင်းဟန်ဆောင်စရာမလိုပါဘူး၊ ပုံမှန်ပဲနေလို့ရတယ်၊ ငါဘက်ကစကားပြောရင်သာ အလိုက်သင့်ပြန်ပြောပေး"

သည်လိုနှင့်ပထမဆုံးအကြိမ် စိမ်းရင့်မိုင်း၏အိမ်သို့ရောက်ဖူးခဲ့ခြင်း။

"ငါ့ကို မိုင်းလို့ခေါ် ၊ ငါကမင်းကို ကောင်းသွင်လို့ခေါ်မယ်"

ဘေးနားကပ်ပြီး တိုးတိုးလာပြောသည်မို့...

"အင်း"

စိမ်းရင့်မိုင်းတို့အိမ်က သုံးထပ်တိုက်ဖြစ်ပြီး ခြံဝင်းကျယ်တစ်ခုအတွင်းဆောက်ထားခြင်းဖြစ်သည်။ ခြံထဲရှိမြေကွက်လပ်တို့၌လည်း အပင်တို့ကတော်တော်လေးစုံလင်လှ၏။ သစ်ခွမျိုးစုံရှိပြီး အပွင့်တို့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပင်။

"မေမေရေ ကိုကြီးကျောင်းကပြန်လာပြီ၊ ဧည့်သည်ကိုကြီးလည်းပါလာတယ်"

အိမ်ထဲဝင်လိုက်သည်နှင့် သူတို့ထက်အတော်လေးငယ်သော ကလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး ထိုကလေးကလည်း သူတို့ကိုမြင်သည်နှင့် ဝမ်းသာအားရဖြင့် မိခင်ဖြစ်သူအား အော်ခေါ်ရင်း နောက်သို့ဝင်သွားသည်။

"ငါ့ညီ သုခမိုင်း"

ဘေးမှအသိပေးသလိုပြောလာသည်မို့ 'အင်း'ဟုသာတုံ့ပြန်လိုက်၏။ မကြာခင် မိခင်ဖြစ်ဟန်ရသည့်အမျိုးသမီးက အပြုံးနှင့်အတူထွက်လာပြီး သူမနောက်၌လည်း ခုဏကကလေးကကပ်ပါလာသည်။

"သားကြီးက သူငယ်ချင်းကို တကယ်ခေါ်လာတာပဲ၊ မေမေတို့က သားကိုစလိုက်တာပါ"

"စတယ်ဆိုပေမဲ့ ကျွန်တော်မှမကြိုက်တာ၊ ဖေဖေရော အလုပ်က ပြန်မလာသေးဘူးလား"

"ခဏနေရင်ရောက်တော့မှာပါ၊ ကဲ သူငယ်ချင်းကို အပေါ်ထပ်ခေါ်သွားလိုက်ဦး၊ ထမင်းစားခါနီးမှ မေမေလာခေါ်မယ်၊ ရုပ်က ဆူပုပ်မနေနဲ့ ဖေဖေလာရင် အဆူခံရဦးမယ်"

"သူက ကျွန်တော့်ကိုအမြဲဆူနေကျပဲဟာ၊ လာ ကောင်းသွင် ငါတို့အပေါ်အရင်တက်မယ်"

အမေဖြစ်သူက အပြုံးမပျက်သော်လည်း စိမ်းရင့်မိုင်းနှင့် သူ့ဖခင်ဖြစ်သူက ဆက်ဆံရေးသိပ်မပြေလည်ပုံပင်။

"ဒါဆို ခွင့်ပြုပါဦး အန်တီ"

စိမ်းရင့်မိုင်း၏အမေက သူ့အားပြုံးရင်းဖြင့်ခေါင်းညိတ်ပြလာသည်။ သူတို့ လှေကားရင်းသို့ရောက်သွားပြီး အပေါ်ထပ်ကိုတက်ဖို့လုပ်လိုက်တော့ နောက်မှကလေးသံကထွက်လာ၏။

"ကိုကြီး သား ဒီလ အဆင့်နှစ်ရတယ်"

စိမ်းရင့်မိုင်း၏ခြေလှမ်းတို့ အနည်းငယ်တုံ့သွားသည်ကိုသတိပြုလိုက်မိသည်။ သို့သော် ဘာမှမတုံ့ပြန်ဘဲဆက်သွားဖို့ပြင်နေသည်မို့ လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်မိတော့ လှည့်ကြည့်လာ၏။

"ကလေးကို တစ်ခုခုပြန်ပြောလိုက်"

"မင်းနဲ့မဆိုင်ဘူး"

ခပ်ရင့်ရင့်ပြန်ပြောပြီး လက်ကိုပြန်ဆွဲယူနေသည်အား လွှတ်မပေးမိ။

"အခုလည်း ငါနဲ့မဆိုင်တဲ့ကိစ္စကို အချိန်ကုန်ခံကူညီနေရတာ၊ အဲ့ဒါကြောင့် ငါတောင်းဆိုတာ ပြန်လုပ်"

"မလုပ်ဘူး"

"စိမ်းရင့်မိုင်း"

သူအသံကိုဖိကာ ခပ်ကြိတ်ကြိတ်ခေါ်လိုက်တော့ ဒေါသမျက်ဝန်းတို့က စူးခနဲရောက်လာသည်။

"ဘာလဲ မင်းကရောသူ့ဘက်ကပဲလား၊ တစ်လောကလုံးသူ့ဘက်မှာရှိနေပြီကို ငါကပါချီးကျူးပေးဖို့လိုနေသေးတာလား"

ပြောရင်းနှင့်အသံတုန်သွားသည်ကိုသတိထားလိုက်မိသည်မို့ သူလက်ကိုပင်အားလျှော့ပေးလိုက်မိသည်အထိ။ စိမ်းရင့်မိုင်းက လက်ကိုရုန်းထွက်သွားပြီး သူ့ကိုစူးခနဲတစ်ချက်ကြည့်သည်။ ထို့နောက် သူ့နောက်သို့ကျော်ကြည့်လိုက်ပြီး...

"အေး တော်တယ်"

ညီဖြစ်သူအားလှမ်းပြောလိုက်အပြီး သူ့အား 'ရပြီလား'ဟူသည့်သဘောဖြင့် တစ်ချက်ကြည့်လာကာ အပေါ်ထပ်သို့တက်သွားတော့၏။ သူလည်း‌ နောက်သို့တစ်ချက်ကြည့်လိုက်တော့ သုခမိုင်းတစ်ယောက် သူ့အစ်ကိုဖြစ်သူ၏ကျောပြင်အားကြည့်ကာ အကျေနပ်ကြီးကျေနပ်နေသည့်အပြုံးဖြင့်ရှိနေသည်ကို တွေ့လိုက်ရသည်။

စိမ်းရင့်မိုင်း၏အခန်းက သူ့အမြင်တွင်တော့ တော်တော်လေးခပ်ရှုပ်ရှုပ်။ ပင်တိုင်ကိုယ်သင်းနံ့သင်းသင်းလေးကတော့ သဘောကျချင်စရာကောင်းသော်လည်း စားပွဲပေါ်၌ စာအုပ်တို့က ရှုပ်ပွနေပြီး အိပ်ရာလည်းသိမ်းမထားသည့်ပုံပင်။ အဝတ်တို့ကလည်း ဟိုတစ်နေရာ၊ သည်တစ်နေရာ။

"နည်းနည်းတော့ရှုပ်တယ်၊ ရှင်းတဲ့နေရာမှာသာဝင်ထိုင်လိုက်၊ ငါရေချိုးလိုက်ဦးမယ်"

'တော်တော်ရှုပ်တာပါ'ဆိုပြီး စိတ်ထဲကပြောလိုက်မိရင်း အခန်းပိုင်ရှင်ရေချိုးခန်းထဲဝင်သွားသည်အထိ သူ့မှာ မထိုင်ဖြစ်သေး။ ကျောပိုးအိတ်ကို တစ်ခုတည်းသောထိုင်စရာဟုသူမြင်သည့် ကုလားထိုင်လေးထက်တင်လိုက်ပြီးနောက် ပြန့်ကြဲနေသောအဝတ်တို့အား အမြင်မတော်စွာ လိုက်ကောက်ပြီး ခြင်းအလွတ်ထဲထည့်လိုက်မိသည်။ စိမ်းရင့်မိုင်းတစ်ယောက်က အဝတ်ခြင်းကိုရှိသည်ဟူ၍တောင် ထင်ပုံမပေါ်ပေ။

အဝတ်များရှင်းပြီးနောက် အိပ်ရာနားသို့ရောက်သွားသည်မို့ စောင်းရွဲ့နေသည့်ခေါင်းအုံးတို့အား သေချာပြန်တည့်ပေးလိုက်ပြီး စောင်အားခေါက်ကာ ခြေရင်း၌ သပ်သပ်ရပ်ရပ်တင်ပေးလိုက်သည်။ အိပ်ရာခင်းအား၏ ပြန့်ပြူးသွားအောင်ဆွဲဆန့်ပေးလိုက်ပြီးနောက် ထပ်ပြီးအမြင်မတော်သည်က စားပွဲပေါ်ရှိစာအုပ်များ။ ပီကေစားပြီး အခွံကိုလည်းပစ်မထားပေ။

သက်ပြင်းဖွဖွချရင်း စာအုပ်များကို ထုတ်ရလွယ်အောင် စနစ်တကျစီပေးလိုက်ပြီးနောက် ထွက်လာသည့်အမှိုက်များကို အခန်းထောင့်ရှိအမှိုက်ပုံးထဲသို့သွားထည့်လိုက်စဉ် စိမ်းရင့်မိုင်းက ရေချိုးခန်းထဲမှထွက်လာတော့၏။

အချိန်ခဏအတွင်းသပ်ရပ်သွားသည့် သူ့အခန်းအား အံ့ဩတကြီးကြည့်လိုက်ရင်း...

"ဝိုး မင်းရှင်းလိုက်တာလား"

"အင်း"

"ဟားဟား ကျေးဇူးပဲကွာ ငါလည်းရှင်းဖို့ပျင်းနေတာနဲ့ ဒီတိုင်းကြည့်နေမိခဲ့တာ"

ပါးစပ်ကပြောရင်း လက်ထဲမှတဘက်အစိုကို အိပ်ရာထက် ပစ်တင်ဖို့လုပ်နေသည်မို့...

"တဘက်ကို တန်းမှာတင်"

ပြောရင်းနှင့် ပစ်ချခါနီးအခြေအနေမှ တဘက်ကိုဆွဲယူလိုက်ပြီးနောက် ခပ်လှမ်းလှမ်းမှစင်ဆီသို့သွားကာ တန်းတစ်ခုထက်တင်လှမ်းလိုက်ရင်း...

"အိပ်ရာခင်းကိုရေစိုရင် နံသွားတတ်တယ်"

"ရပါတယ်ကွာ နံသွားလည်း လဲပေးဖို့ပြောလိုက်ရုံပဲ"

သူဘာမှမပြောဘဲသာနေလိုက်တော့သည်။ မျက်လုံးထဲ ဖြူဝင်းနေသည့် ရေစိုခန္ဓာကိုယ်၏ပုံရိပ်က စွဲမြဲစွာကပ်ပါလာသည်မို့ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကိုယူလိုက်ရင်း မျက်လွှာချကာ စာအုပ်ထဲစိတ်ကိုနှစ်ဖို့လုပ်လိုက်တော့၏။

"ကောင်းသွင်... ကောင်းသွင်"

"ဟင်... ဪ အင်း ငါစာအုပ်ထဲစိတ်ရောက်သွားလို့"

သူမော့ကြည့်လိုက်တော့ အဝါနုရောင်တီရှပ်ခပ်ပွပွနှင့် ချည်သားဘောင်းဘီရှည်အဖြူရောင်ကိုဝတ်ထားသူအား တွေ့လိုက်ရသည်။

"မင်းဘာဖတ်နေတာလဲ"

"ဦးနုရဲ့ မိတ္တဗလဋီကာ၊ မင်းစားပွဲပေါ်ကပဲလေ"

"ဟမ် ငါ့စားပွဲပေါ်ရှိတာလား"

စိမ်းရင့်မိုင်းအား သူပြောစရာစကားမရှိတော့။ သူနှုတ်ဆိတ်နေတော့ သူ့အားရယ်ပြလာသည်။ မသိရင် လှေကားမှာတုန်းက စိတ်ဆိုးသွားသူက သူမဟုတ်သလိုပင်။

"ငါ့အဖေလာထားပေးသွားတာနေမယ်၊ ငါက စာဖတ်ရတာမကြိုက်ဘူးလေ၊ အဲ့ဒါကြောင့်မသိတာ"

"ဪ"

"အင်း မင်းကလည်း စကားနည်းလိုက်တာ၊ ကျောင်းမှာ သူငယ်ချင်းမရှိတာ မပျင်းဘူးလား"

"ငါ့မှာ ပျင်းဖို့အချိန်မရှိဘူး"

"ငါတို့ သူငယ်ချင်းလုပ်ကြမလား၊ ကြည့်ရတာ ငါတို့ပေါင်းလို့ အဆင်ပြေတယ်ထင်တာပဲ"

"မလုပ်တာကောင်းမယ်၊ ဘာသတင်းမှထပ်မထွက်ချင်ရင်"

စိမ်းရင့်မိုင်းက စားပွဲဘေးရှိနံရံကိုကျောမှီရင်း ပျင်းရိပျင်းတွဲဖြင့်ရယ်လာသည်။ မျက်တောင်ရှည်တို့စင်းကျပြီး ရယ်နေပုံက တော်တော်ကြည့်လို့ကောင်းသည်ဟု မှတ်ချက်ပြုမိရင်း အကြည့်လွှဲကာ စာအုပ်ကိုပြန်ကြည့်ဖို့ပြင်လိုက်တော့...

"မင်းအခု မျက်နှာတွေရဲနေတယ် ကောင်းသွင်"

ပြောလာသည့်စကားကြောင့် သူအလိုမကျသလို ပြန်ကြည့်လိုက်တော့ ရယ်နေသည့်မျက်နှာက တည်ရှိနေဆဲ။

"မင်းသာ ငါ့ကိုသူငယ်ချင်းမတော်ရင် ငါ့ကိုကြိုက်နေတယ်လို့ အထင်မှားမိတော့မယ်"

ပြောရင်း ပြုံးစစနှင့်ကြည့်နေသူအား သူစိုက်ကြည့်နေမိသည်။ နဖူးပြင်ထက် ဆံပင်တိုတို့က ရေအနည်းငယ်စိုကာ ကျဆင်းနေပြီး မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကလည်း အပြစ်အနာအဆာမရှိချေ။ ခေါင်းအစခြေအဆုံး စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီးနောက်...

"ကောင်းပြီလေ"

ထိုနေ့ညနေက သူတို့ကအမှန်တကယ်သူငယ်ချင်းဖြစ်သွားသည်မို့ လူကြီးများကိုလိမ်စရာမလိုတော့။ သူအိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်း အိမ်ကိုအသိလှမ်းပေးသည့်အချိန်၌ မေမေက သူ့အား ဘယ်အချိန်ကတည်းက သူငယ်ချင်းရစေချင်နေသည်မသိ၊ တစ်ညလုံးပြန်မလာလျှင်တောင်ရသလိုမျိုး ခွင့်ပြုလာသေးသည်။ မိုင်း၏မိဘများနှင့်ထမင်းလက်ဆုံစားဖြစ်ကြတော့ သားအဖဆက်ဆံရေးကို သတိပြုမိခဲ့၏။

"မိုင်းရဲ့သူငယ်ချင်းတွေထဲမှာ သားကိုပဲစိတ်တိုင်းကျသေးတယ်၊ ဦးတို့သားကို ထိန်းပေးပါဦးကွာ"

"ကျွန်တော့်အခြားသူငယ်ချင်းတွေလည်း အရမ်းကောင်းတာမလို့ ဖေဖေယှဉ်မပြောတာကောင်းလိမ့်မယ်"

"မင်းရည်းစားတွေထည်လဲတွဲနေတာကို အားပေးအားမြှောက်လုပ်နေကြကတည်းက ငါကကြည့်မရတာ"

"သူတို့အားမပေးလည်း ကျွန်တော်က တွဲနေမှာပဲ၊ ပုံမှန်အတိုင်း ဖေဖေ့သားငယ်လေးကိုပဲ ဂရုစိုက်ပါဗျာ၊ ကျွန်တော့်ကို ဘာဖြစ်ဖြစ်လွှတ်ထားပေး"

"သားကြီး တော်တော့"

မိခင်ဖြစ်သူကဝင်တားမှ နှစ်ယောက်လုံးငြိမ်သွားကြသည်။ မိသားစုကိစ္စမို့ သူဝင်လည်းမပါမိသလို စိတ်အနှောင့်အယှက်လည်းမဖြစ်ပါ။ ပတ်ဝန်းကျင်ကြောင့် သူ၏လုပ်ဆောင်ချက်တွေအပေါ် အဟန့်အတားမျိုးမဖြစ်အောင် အမြဲလေ့ကျင့်ထားခဲ့သည်မို့ ညနေစာကိုပုံမှန်အတိုင်းစားနိုင်ခဲ့ပါ၏။

အပြန်၌ မိုင်းအဖေက သူ့ဒရိုင်ဘာဖြင့် သူ့အားပြန်ပို့စေသည်။ မိုင်းကလည်းလိုက်မည်ဟုဆို၍ အပြန်လမ်း၌ နှစ်ယောက်သားစကားပြောဖြစ်ကြသည်။ စကားပြောသည်ဆိုသည်ထက် မိုင်းပြောသည်ကို သူနားထောင်ပေးရသည်ကပိုများပါ၏။ သူမထင်ထားလောက်အောင်ကို မိုင်းကစကားများလွန်းသည်။ သို့တိုင် သူ့ကိုယ်သူလည်းပြန်အံ့ဩရစေသည်အထိ မိုင်းပြောသမျှကို စိတ်မပျက်စတမ်းနားထောင်နေမိရင်း တုံ့ပြန်စကားကို အကောင်းဆုံးရွေးချယ်ပြောမိနေခြင်းပင်။

"ငါက ငါ့ရဲ့နေမကောင်းတဲ့ညီလေးကို မနာလိုဖြစ်နေတဲ့အစ်ကိုတစ်ယောက်ဖြစ်နေပြီမလား"

မိုင်း၏အသံက သူ့ကိုယ်သူအလိုမကျသည့်အသံမျိုးပင်။ ပြင်ပ၌မိုးအုံ့နေသည်မို့ ပုံမှန်ထက်ပို၍မှောင်နေ၏။ နံဘေးမှသူအားလှည့်ကြည့်လိုက်တော့ မျက်လွှာချလျက် ထိုင်ခုံထက်ကျောမှီကာ ပျင်းရိပျင်းတွဲထိုင်နေသည်။ သူကတော့ခပ်မတ်မတ်ထိုင်နေခြင်းဖြစ်ပြီး ပုံစံနှစ်ခုမှာ လုံးဝကိုဆန့်ကျင်ဘက်ပါပေ။

"မင်းသူ့ကိုသဘောကျပါတယ်"

သူမိုင်းပုံစံအားကြည့်ပြီး ထိုသို့ပြန်ပြောလိုက်တော့ ရယ်သံတစ်ချက်ထွက်လာသည်။

"ဘာကိုကြည့်ပြီးပြောတာလဲ၊ ငါ့ဆွေမျိုးတွေကတောင် ငါ့ကို စိတ်ကောင်းမရှိတဲ့အစ်ကိုလို့ သတ်မှတ်ထားကြတာ"

"မင်းသာတကယ်အဲ့ဒီလိုဆို ခုလိုမေးခွန်းထွက်မလာဘူး"

နှစ်ယောက်သားမျက်လုံးချင်းဆုံသွားကြ၏။ သူကအရင်အကြည့်လွှဲလိုက်ပြီးနောက် ဘာစကားမှဆက်မပြောမိကြတော့။

အိမ်ကိုပြန်ရောက်တော့ မေမေက 'နောက်ဆိုသူငယ်ချင်းကိုအိမ်ထဲခေါ်လာခဲ့'ဟူ၍ ပြောလာသည်။ ထိုနေ့မှစ၍ မိုင်းနှင့်သူတို့ စတင်၍ရင်းနှီးခဲ့ကြပါ၏။

နောက်နေ့များတွင် မိုင်းက အားသည့်အချိန်တိုင်း သူ့ဆီသို့ရောက်လာတတ်သည်။ ကန်တင်းထိုင်ချိန်၌လည်း သူထိုင်ရာနောက်တွင်သာလိုက်ထိုင်သည်မို့ နှစ်ပတ်လောက်ကြာတော့ အကျင့်ပင်ဖြစ်သွား၏။ အခြား မိုင်း၏သူငယ်ချင်းများနှင့်တော့ မေးထူးခေါ်ပြောဆက်ဆံရေးသာရှိသော်ငြား အများအမြင်တွင်တော့ တစ်ဖွဲ့တည်းလိုဖြစ်နေကြသည်။

အွန်လိုင်းပေါ်မှကောလဟလများက ကြာလာတော့ အများစုအတွက်စိတ်ဝင်စားစရာမဟုတ်တော့သော်ငြား လုံးဝပျောက်သွားသည်တော့မဟုတ်ချေ။

မိုင်းက အစသန်သည်မှန်း ပေါင်းမိမှသိတော့သည်။ တစ်ခါတရံ လူအများကြား သူ့လက်မောင်းအားချိတ်လိုက်တတ်သည်။ တစ်ခါတလေဆိုလျှင် သူစားနေသည့်ပန်းကန်ထဲမှ စားချင်တာကိုယူစားသွားတတ်၏။ သူကဘာမှမပြောလေ ရောင့်တက်လာလေပင်။ နောက်ဆုံး သူ့Airpodsတစ်ဖက်ကတောင် မိုင်းအပိုင်လိုဖြစ်သွားတော့၏။ အွန်လိုင်းတွင် ဓာတ်ပုံများကတော့ တစ်ပတ်တစ်ကြိမ်လောက်တက်နေသည်သာ။

ပိုဆိုးသည်မှာ မိုင်းက ရည်းစားများထပ်မထားတော့ခြင်း။ ဒါကိုလည်း သူနှင့်သက်ဆိုင်သည်ဟုသာ ပြောနေကြသည်။ သူကလည်း ထိုအခြေအနေအားကျေနပ်မိသလိုလိုပင်။

"အဲ့သီချင်းကျော်လိုက်၊ နည်းနည်းပျင်းဖို့ကောင်းတယ်"

ယခင်ကဆို ကိုယ့်ဘာသာအေးဆေးသီချင်းနားထောင်လေ့ရှိရာမှ ယခုတွင်တော့ နားထောင်နေသည့်သီချင်းကို ပိုင်စိုးပိုင်နင်းကျော်ဖို့လုပ်နေသူရှိလာခဲ့သည်။

"ငါ့ကို စာရှင်းပြပါဦး၊ တီချယ်သင်နေတုန်း အိပ်ချင်စိတ်ကိုထိန်းထားရတာနဲ့ သိပ်နားမလည်လိုက်ဘူး"ဆိုပြီး စာအုပ်ကိုင်ကာလာရှင်းပြခိုင်းတတ်သည်။

အချိန်တို့ကြာလာသည်နှင့်အမျှ စိမ်းရင့်မိုင်းတို့က သူ့ဂုတ်ပေါ်တက်မစီးတာတောင် ကျေးဇူးတင်ရမလိုဖြစ်လာတော့၏။ တစ်လလောက်ကြာတော့ သူ့အိမ်သို့လိုက်လာသည်။ သူအမေကိုကပ်ချွဲလွန်းလို့ မေမေက သူ့ကိုပင်လှည့်မကြည့်တော့။ 'မိုင်းလေး'ဆိုပြီး ပါးစပ်ကမချ။ သူ့အဖေလိုအစသန်သူနှင့်လည်း စဖော်နောက်ဖက်များဖြစ်လာတော့သည်။

ဒါတင်မကသေး၊ သူ့အခန်းထဲသို့လာပြီး လုပ်ချင်တာလုပ်သည်။ ဖွချင်သလိုဖွသည်။ အစပိုင်းလိုက်ပြောဖြစ်သော်ငြား နောက်ပိုင်းတွင် သူလေကုန်ရုံသာအဖတ်တင်သည်မို့ ထိုအရှုပ်တော်ပုံလေးပြန်သွားသည်အထိစောင့်ပြီးမှ ရှင်းရတော့၏။

တဖြည်းဖြည်းနှင့် သူ့ရင်ခုန်သံကိုလည်း သတိထားမိလာသည်။ သေချာအောင်ဆန်းစစ်ပြီးနောက်တွင်တော့ သူဟာ သူနှင့်အကျင့်ဗီဇဆန့်ကျင်ဘက်ဖြစ်သော ထိုကောင်လေးအား သဘောကျနေမိပြီဆိုသည်အား သိရှိခဲ့ပါ၏။ သူ့လက်မောင်းအားလာချိတ်သည့်အချိန်တိုင်းဆွဲပွေ့ချင်သည့်စိတ်များ၊ သူ့ကိုစာလာမေးသည့်အချိန်တိုင်း မျက်လွှာချထားတတ်သည့်မျက်ဝန်းတို့အား ခပ်ဖွဖွနမ်းရှိုက်ချင်စိတ်များ၊ လည်တိုင်ဝင်းဝင်းကိုလှစ်ဟထားတိုင်း အမှတ်အသားတို့ပြုချင်စိတ်များ၊ ဖော့ဖယောင်းသဖွယ် လက်ချောင်းသွယ်တို့အား မလွှတ်တမ်းဆုပ်ကိုင်ထားချင်စိတ်များ... စသည်ဖြင့် အတွေးတို့က မရိုးသားနိုင်တော့။

နောက်ဆုံးတွင်တော့ အချစ်ဟူသည့်စကားလုံးသည် သူနှင့်သက်ဆိုင်လာခဲ့ပြီပင်။ အသန့်ကြိုက်သည့်သူက သူ့အခန်းကိုလာဖွတတ်သူအား ငြိုငြင်စိတ်မဖြစ်တော့။ ချစ်ဖို့ကောင်းသည်ဟုပင် မြင်လာမိသည်အထိပင်။

သဘာဝမှဆန့်ကျင်နေသည့်ချစ်ခြင်းတရားကို သူလက်ခံနိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်သေချာသည်အထိ စစ်ဆေးခဲ့မိသည်။ ဆန့်ကျင်ဘက်ဖြစ်နေသည့်အကျင့်များ၊ ထိုလူရှုပ်လေး၏ ရှုပ်ထွေးလွန်းသောအချစ်ရေးများနှင့် ပတ်ဝန်းကျင်...အရာအားလုံးကို သူလက်ခံနိုင်ပါ့မလားဆိုပြီး ဆန်းစစ်ပြီးသည့်နောက်တွင်တော့ မိုးတို့သည်းထန်စွာရွာသည့်တစ်ညနေ၌ ထီးအမြဲမေ့တတ်သူအား အခွင့်အရေးယူကာ ဖွင့်ပြောလိုက်တော့သည်။

ကားနားထိလိုက်ပို့မည်ဟူ၍ခေါ်လာခဲ့ပြီးနောက် လူရှင်းသည့်ဘက်ကိုဆွဲခေါ်လာမိတော့ ကြောင်တောင်တောင်နှင့်လိုက်လာသူ။ သူ့အားရေမစိုအောင်ဂရုစိုက်မိရင်း ကိုယ့်ကျောတစ်ပြင်လုံး ရေရွှဲရွှဲစိုနေသည်ကိုပင်ဂရုမစိုက်မိ။ ရင်တွင်းမှ ခုန်ပေါက်နေသည့်အကောင်ကြောင့် ကျောအေးသည်ကိုပင်သတိမထားနိုင်ခဲ့ပါ။

"ကောင်းသွင် မင်းဘယ်သွားဖို့လုပ်နေတာလဲ"

ချက်ချင်းပြန်မဖြေနိုင်ဘဲ အရိပ်ရသောအပင်ကြီးတစ်ပင်အောက်၌ ရပ်လိုက်မိသည်။ ထို့နောက် ဘာမှမပြောခင် သူ့အားမော့ကြည့်နေသည့်မျက်နှာလေးအား စူးစိုက်ကြည့်လိုက်မိအပြီး...

"မိုင်း သေချာနားထောင်နော်"

မိုးကပိုသည်းလာ၏။ မိုင်းက အခြေအနေကိုရိပ်မိသလိုဖြစ်နေသည်ဟု သူထင်နေမိသည်။ ပါးနှစ်ဖက်က သွေးရောင်လွှမ်းလာသည်ကို အနီးကပ်မို့ မြင်နေရ၏။

"ငါမင်းကိုချစ်တယ်၊ ငါတို့တွဲရအောင်လား"

မိုင်း၏မျက်တောင်ဖျားတို့က သိသိသာသာတုန်ယင်သွားပြီးနောက် မျက်နှာလွှဲဖို့လုပ်လိုက်သည်မို့ သူလက်မခံနိုင်စွာဖြင့် ပုခုံးအားဖက်ထားသည့်လက်ဖြင့် မျက်နှာလေးအား သူ့ဘက်ပြန်လှည့်စေမိသည်။

"မိုင်း ကိုယ်ပြောတာ လက်ခံနိုင်မလား"

"ဘာကို ကိုယ်လဲ ၊ မင်းနဲ့ငါက..."

နဖူးပြင်လေးအား ခပ်ဖွဖွနမ်းရှိုက်လိုက်မိတော့ ရန်တွေ့ဖို့လုပ်နေရာမှ အသံတိမ်ဝင်သွားပြီး ခပ်တောင့်တောင့်ဖြစ်သွားသည့် ခန္ဓာကိုယ်လေး။

"မိုင်း ကိုယ့်ကိုချစ်လား"

"မင်း တော်တော့"

မိုင်းက ထိုသို့ဆိုလာရုံသာမက တအားနီးကပ်နေသည့် သူ့ရင်ဘတ်ကိုပါတွန်းထုတ်လာသည်။ သူက ပို၍တင်းတင်းဖက်လိုက်မိတော့...

"ကျောင်းထဲမှာလေ အရူးကောင်ရဲ့၊ ငါ့ကို ကားဆီအရင်လိုက်ပို့ပေးဦး"

"မပို့ချင်ဘူး၊ မင်းက ငါ့ကိုရှောင်သွားရင်ဘယ်လိုလုပ်မလဲ"

သူ့စကားအဆုံး မိုင်းကရယ်လာသည်။

"ငတုံး ငါမင်းကိုရှောင်ချင်ရင် အစကတည်းက နီးအောင်မလာဘူး၊ ခုလိုက်ပို့တော့ ၊ မင်းကျောတစ်ပြင်လုံးရွှဲနေပြီ"

"ဘာမှမဖြစ်ပါဘူး၊ ကိုယ်အခု မင်းငြင်းမှာကြောက်နေတာ"

"မင်းအခုလိုက်မပို့ရင် ငါဒီတိုင်းအစိုခံသွားတော့မှာနော်၊ ဘယ်လိုလဲ"

"မင်းက ကိုယ့်ကိုအနိုင်ကျင့်တယ်"

စကားအဆုံးမေးဖျားထက် နွေးခနဲ။ သူအံ့ဩစွာဖြင့် ငေးခနဲဖြစ်သွားမိသည်။

"ကလေးလိုလုပ်မနေနဲ့တော့၊ သွားမယ်"

"အင်း"

အနမ်းတစ်ခုကြောင့် ရင်အခုန်လွန်ပြီး ကားပေါ်ရောက်တော့မှ ချစ်သည်ဟူ၍ပြန်မပြောသွားမှန်း သတိရမိ၏။ မေးဖျားထက်မှ အနမ်းငွေ့နွေးနွေးအား သူလတ်လတ်ဆတ်ဆတ်ခံစားနေရတုန်းပင်။ မေးဖျားအား ထိတို့နေမိရင်း အိမ်ပြန်သည့်လမ်းတစ်လျှောက်လုံး ပြုံးနေမိသည်မို့ ဒရိုင်ဘာဦးလေးကြီးပင် သူ့အားတကြည့်ကြည့်ဖြစ်လာတော့သည်။

နောက်ဆို မင်းကြောင့်နဲ့ မကြာခဏပြုံးနေမိတော့မှာပဲ ...။

အိမ်ပြန်ရောက်တော့လည်း ထမင်းစားနေရင်းတောင် ပြုံးနေမိသည်မို့ ...

"မိန်းမရေ ငါတို့သားကိုတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြရတော့မယ်ဟေ့"

ယခင်ကဆို ချက်ချင်းခွန်းတုံ့ပြန်မိမည်ဖြစ်သော်ငြား ယခုတွင်တော့ ပြုံးနေသည့်နှုတ်ခမ်းတို့ကိုပင် သေချာပြန်မတည်နိုင်။

"ဘာဖြစ်လာတာလဲ ကောင်းကောင်းရာ၊ ငါကြက်သီးတွေတောင်ထလာပြီ၊ မင်းပြုစားခံလာရတာလား"

"ဟုတ်တယ်"

သူအပြုံးမျက်ဝန်းတို့ဖြင့်ပင် ဖခင်ဖြစ်သူအားမော့ကြည့်လိုက်မိရင်း...

"ကျွန်တော်တို့ နောက်ဆိုရင် DNAစစ်စရာမလိုတော့ဘူး ၊ ကျွန်တော့်ကိုယ်ကျွန်တော် ဖေဖေ့သားအရင်းလို့ ခံယူလိုက်ပြီ"

"ငါထင်ပါတယ် မင်းချစ်သူရလာတာမလား၊ ဟုတ်တယ်မလား"

"ဟုတ်တယ် သူက ကျွန်တော့ မေးဖျားကို နမ်းသွားတယ်"

"ဘယ်သူလဲ မိုင်းလေးလား"

မေမေကပါ ပြုံးစိစိနှင့်ဝင်မေးလာသည်မို့ သူတောင်ပြုံးနေရာမှတန့်သွားရသည်။ သူ့ပုံစံအားကြည့်ပြီး လင်မယားနှစ်ယောက်သား ညီညွတ်စွာရယ်ကြတော့၏။

"ဘာလဲ မင်းက ငါတို့ကို မသိလောက်ဘူးလို့ထင်နေတာလား၊ ငါ့သားရာ ဒီအိမ်မှာ အဲ့အပိုင်းအတုံးဆုံးလူဆိုလို့ မင်းကလွဲ ဘယ်သူမှမရှိဘူး ဟားဟားဟား"

သူတစ်ခါတစ်လေကျတွေးမိသည်။ သူ့အဖေက သူ့မိန်းမကိုချစ်ရင်းပျင်းသည့်အချိန်များ၌ စစရာ၊နောက်စရာ၊ လှောင်စရာလေးရအောင်လို့ သူ့အားယူခဲ့သလားဆိုတာပင်။ ငယ်ငယ်ကဆိုအစခံရလွန်း၍ နှစ်ယောက်ရန်ဖြစ်သည့်အချိန်ကိုထိုင်စောင့်နေတတ်သည်။ သူတို့ကွဲသွားတာနှင့် မေမေ့နောက်လိုက်သွားမည်၊ သူ့အားစလွန်းသည့်အဖေ့ကိုလှည့်မကြည့်တော့ဘူးဟူ၍ အခွင့်အရေးကိုစောင့်နေဖူးသော်လည်း ရန်ဖြစ်သည့်အချိန်တိုင်း ဖေဖေက သူ့အားပုခုံးမှထမ်းလျက် သူ့အနားမှာပဲခေါ်ထားသည်မို့ အချိန်တန်တော့ မေမေ့ကို ပြန်ကပ်၍ရသွားသည်သာ။

အိပ်ချိန်ဆိုလျှင်လည်း သူထွက်သွားမည်စိုး၍ လက်၊လက်ချင်း၊ ခြေထောက်၊ ခြေထောက်ချင်း ကြိုးတုပ်ပြီးမှအိပ်သည်မို့ မေမေဆို စိတ်တိုနေလျှင်တောင် သူတို့သားအဖကိုကြည့်ပြီး အရယ်မရပ်တော့။

ဖေဖေသူ့ကိုပြောဖူးသည့်စကားလည်းရှိသေးသည်။

"ငါ့သား မင်းရဲ့ရေခဲရိုက်မျက်နှာကိုက ငါ့အတွက်တအားရယ်ရတာ"တဲ့။

မေမေလည်းပြောဖူးပါ၏။

"သားက ငယ်ငယ်ကတည်းက ငိုလည်းမငို၊ ရယ်တာလည်းရှားတယ်၊ သားအဖေကသာ သားကိုမြှူရင်း တစ်ယောက်တည်းအရယ်မရပ်ဖြစ်နေတာ" တဲ့။

ထမင်းစားပြီးနောက် မိုင်းကိုဖုန်းဆက်ကြည့်တော့မကိုင်။ နောက်ထပ်သုံးကြိမ်လောက်ထပ်ခေါ်သော်လည်း မကိုင်သည်မို့စိတ်ပူသွားရသည်။ သူသာအသက်ပြည့်လျှင် ချက်ချင်းကားမောင်းပြီး သွားကြည့်မိမည်ဖြစ်သော်လည်း ခုက လိုင်စင်တောင်မလုပ်ရသေးသည်မို့ သည်းခံလိုက်ရသည်။

မနက်ရောက်တော့ မိုင်းဆီကဖုန်းဝင်လာပြီး သူဖျားနေကြောင်း၊ ကျောင်းတက်ဖြစ်မည်မဟုတ်ကြောင်း ပြောလာ၏။ ထိုနေ့က သူ့လည်း ပထမဆုံးကျောင်းပျက်ဖူးတော့၏။

သူအိမ်ထိလိုက်သွားတော့ မိုင်းက မျက်လုံးအပြူးသားနှင့် အံ့အားတကြီး။

"မင်းဘယ်လိုဖြစ်ပြီး...ကျောင်းမတက်ဘူးလား"

"အင်း ဒီနေ့မတက်တော့ဘူး"

မိုင်းက အဖျားရှိန်ကြောင့် မျက်နှာကနီရဲနေသည်။ နဖူးကိုစမ်းကြည့်လိုက်တော့ တော်တော်ပူနေသည်မို့ အခန်းဝတွင်ရပ်နေရာမှ အထဲသို့ဆွဲသွင်းခဲ့လိုက်ပြီး အိပ်ရာထက်လှဲစေလိုက်သည်။

"တောင်းပန်ပါတယ်၊ ကိုယ့်ကြောင့်ဖြစ်သွားတာ"

ပါးလေးအား လက်ခုံဖြင့်ညင်သာစွာစမ်းရင်းဆိုလိုက်မိတော့ သူ့လက်ကောက်ဝတ်အားပြန်ဆုပ်ကိုင်လာပြီး ပြုံးပြလာ၏။

"မင်းကြောင့်မဟုတ်ပါဘူး၊ မင်းကြောင့်ဆိုရင်တောင် ငါလိုလားတယ်လေ"

မိုင်းက ဆေးသောက်ပြီးအိပ်ပျော်သွားသည်မို့ သူလည်း အခန်းထဲမှအချို့ပစ္စည်းများအား နေရာပြန်ချပေးလိုက်မိသည်။

ဒေါက်...ဒေါက်...

တံခါးသွားဖွင့်လိုက်တော့ မိုင်းအမေ။

"သူခုလေးပဲအိပ်သွားတာ အန်တီ"

"ဟုတ်လား သားက ဘာလုပ် အယ်... သူ့ပစ္စည်းတွေရှင်းပေးနေတာလား"

"ဟုတ်ကဲ့"

"မလုပ်နဲ့ သားရေ၊ သူက သူ့ပစ္စည်းတွေကို ရှင်းတာမကြိုက်ဘူး၊ ရှင်းလိုက်ရင် ပြန်ရှာရတာစိတ်တိုလို့တဲ့၊ သူ့ဘာသာပဲ တစ်ပတ်တစ်ခါရှင်းတယ်"

"ဪ ဟုတ်ကဲ့ အန်တီ"

"အေး သားရေ၊ အန်တီက သူ့ကိုချွေးထွက်ရင် အဝတ်လဲပေးဖို့လာကြည့်တာ"

ပြောရင်းဖြင့် သားဖြစ်သူအား ချွေးထွက်၊မထွက်စမ်းပြီးနောက်...

"ချွေးတော့မထွက်သေးဘူးပဲ၊ သား ဒီမှာပဲရှိဦးမှာမလား"

"ဟုတ်ကဲ့"

"ဒါဆိုရင် ချွေးထွက်တာကိုသတိထားပြီး သုတ်ပေးလို့ရမလား၊ အန်တီက အငယ်ကောင်လေးကို ကျောင်းသွားပို့ရမှာမလို့"

"ဟုတ် ရပါတယ် စိတ်ချပါ"

မိုင်းနှင့် သူ့ညီလေးက ၈နှစ်လောက်ကွာသည်။ ၈နှစ်တိုင် တစ်ဦးတည်းသောသား အလိုလိုက်ခံလေးဖြစ်ခဲ့ပြီးတော့မှ အငယ်လေးမွေးလာတော့ ကလေးက ကျန်းမာရေးလည်းချူချာသည်မို့ သားကြီးကို ဂရုမစိုက်ဖြစ်ကြတော့။ မိုင်း ဆယ်နှစ်အရွယ်၌ နေမကောင်းဖြစ်ဖူးသည်ဟုဆိုသည်။ သာမာန်အဖျားသာဖြစ်သည်မို့ လူကြီးများက သေချာဂရုမစိုက်နိုင်ခဲ့။ အငယ်ကောင်လေးက ဆေးရုံတက်နေချိန်နှင့်တိုးတော့ သူ့ဘေးတွင် မိဘနှစ်ပါးလုံးမရှိခဲ့။

ထိုအချိန်မှစ၍ မိုင်းက မိသားစုနှင့်လုံးဝစိမ်းသွားသည်ဟုဆိုသည်။ ၎င်းကို မိုင်းအမေက ပြောပြခြင်းမို့ သူသိခဲ့ရခြင်းသာ။

ကုတင်ထက် အိပ်‌နေသူ၏နံဘေးတွင် ညင်သာစွာဝင်ထိုင်လိုက်မိ၏။ အဖျားသွေးတို့ဖြင့် နီမြန်းမြန်းမျက်နှာလေးက ထုံးစံအတိုင်း ချောမောနေဆဲပါပင်။

ကိုယ့်ကောင်လေးက အခြေအနေတွေကြောင့် ဆိုးနေရတာပဲ...

ခါးကိုကိုင်းလျက် နဖူးပြင်လေးအား ခပ်ဖွဖွနမ်းလိုက်မိသည်။

"နေမကောင်းတဲ့လူကို အသားယူပြန်ပြီကွာ"

အသံတိုးဖွဖွနှင့်ပြောလာသူကြောင့် သူရယ်လိုက်မိသည်။

"အသားယူချင်လွန်းလို့ကို ကျောင်းပျက်ခံလာတာ၊ မင်းကြောင့် ကိုယ်အကျင့်ဆိုးတွေတက်လာပြီ၊ တာဝန်ယူသင့်တယ်လို့ မထင်ဘူးလား"

မျက်လုံးမှိတ်ထားသူက မျက်လုံးများဖွင့်လာတော့၏။

"ဒီလောက်လေးနဲ့တာဝန်ယူရမယ်ဆို နည်းသေးတာပေါ့ စံပြကျောင်းသားကြီးရဲ့၊ အကျင့်တွေအားလုံးကို ဖျက်ဆီးပစ်ပြီးမှပဲ တာဝန်ယူတော့မယ်လေ၊ ဖြစ်တယ်မလား"

နှစ်ယောက်သား အပြုံးကိုယ်စီနှင့် တစ်ယောက်ကိုယ်တစ်ယောက် စိုက်ကြည့်မိကြသည်။

ချွေးထွက်လာ၍ ချွေးသုတ်ပေးပြီး အင်္ကျီလဲပေးသည့်အချိန်၌လည်း လိမ်လိမ်မာမာနှင့်ငြိမ်နေပေးသည်မို့ အသည်းတယားယား။

"စံပြကျောင်းသားကြီးက ဘာဖြစ်လို့ နားရွက်တွေနီနေတာလဲနော်"

နေမကောင်းတာတောင် မျက်နှာပြောင်စပ်စပ်နှင့် လေပေါနေနိုင်သေးသူ၏နှာတံချွန်အား ခပ်ဖွဖွဆွဲညှစ်လိုက်မိတော့သည်။

"မင်း နေမကောင်းလို့ ညှာနေတယ်မှတ်"

တစ်နေကုန်အတူနေပေးပြီး ညနေပြန်ခါနီးတော့မှ ခပ်ဖွဖွဖက်ကာနှုတ်ဆက်ရင်း နားနားတိုးတိုးလေးကပ်ပြောမိသည်။

"မင်းခုထိ ကိုယ့်ကို ချစ်တယ်လို့ မပြောရသေးဘူး"

ထိုအခါ ရင်ခွင်ထဲမှသူကလည်း သူ့ပုခုံးထက်မေးတင်ရင်း တိုးတိုးလေးပြန်ပြောလာသည်။

"မေးဖို့သတိရသေးတယ်ပေါ့"

သူရယ်လိုက်မိရင်းခေါင်းစောင်းကာတိုက်လိုက်တော့ ကစားနည်းတစ်ခုကိုအစပြုပေးမိသလိုဖြစ်သွားပြီး သူ့ခေါင်းအား ပြန်တိုက်ကာ ရယ်နေတော့သည်။

"တော်တော့ ခေါင်းမူးလိမ့်မယ်၊ ကိုယ့်ကိုဖြေဦး"

"မင်းဘာသာတစ်နေကုန်မမေးဘဲနဲ့"

ဂျစ်တစ်တစ်ပြန်ဖြေလာသံလေးအား သဘောကျစွာဖြင့် ပွေ့ပိုက်ထားမိသည့်ခန္ဓာကိုယ်လေးအား အသာဖျစ်ညှစ်လိုက်မိသည်။

"အဲ့အဖြေကို အစောကြီးကြားရရင် ကိုယ်ဒီလောက်ထိစိတ်ထိန်းနိုင်မှာမဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်"

"ဪ အိုခေ ချစ်တယ် ပြန်လို့ရပြီ"

"ဟမ်??"

ရုတ်တရက်ကြီး စကားပြောရင်းထည့်ပြောသွားသည့်စကားလုံးလေးကြောင့် သူ့မှာ ကြားတောင်မကြားလိုက်ရသလိုပင်။ သူထပ်တောင်းဆိုတော့ မိုင်းက ရယ်ရင်း သူ့ကိုစနေတော့သည်။ နောက်ဆုံးမှသာ သေချာကြားရအောင်လို့ နားနားကပ်ပြီး ဖြည်းဖြည်းချင်းပြောလာ၏။ ပြောပြီးပြီးချင်းဖက်ထားရာမှ ခွာစေကာ...

"ပြန်တော့ မှောင်တော့မယ်"

"အင်း"

"ဘာလဲ အသံက၊ မပြန်ချင်တော့ဘူးလား၊ ဒီမှာအိပ်ချင်လည်းရတယ်နော် အဟွန်း"

"တော်တော့ ကိုယ့်ကိုမစနဲ့တော့၊ ကိုယ် အချိန်မတန်သေးခင်ထိ စိတ်ကိုထိန်းနိုင်အောင် ကြိုးစားမှာ"

"ဟုတ်ပါပြီ ဒါပေမဲ့ ငါစိတ်မထိန်းနိုင်ရင်တော့ မသိဘူးနော်၊ ခု ကောင်းသွင်ကြည်ဖြူလေးက တအားချစ်ဖို့ကောင်းလာတော့ အာမမခံနိုင်ဘူး၊ လာပါဦး စံပြကျောင်းသားလေးရဲ့ ကိုယ့်ကို ခဏဖက်ပါဦး"

နှစ်ယောက်သားစကားများသည်နှင့် နာရီဝက်လောက်ထပ်ကုန်သွားပြီမှ သူလည်းပြန်ဖြစ်တော့သည်။

သူလည်း မိုင်းနှင့်တွေ့ပြီးတော့မှ အချစ်၏အဓိပ္ပာယ်ကိုသဘောပေါက်နားလည်လာ၏။ သူ့အတွက်တော့ အချစ်ဆိုတာ နူးညံ့လွန်း၍ လေပြည်လေညင်းလေးပမာပင်။ သိသာထင်ရှားစွာဖြင့် သူ့ဆီသို့တိုးဝင်လာခြင်းမဟုတ်ဘဲ သူမသိလိုက်သည့်အချိန်မှာပင် သူ့နှလုံးအိမ်ထဲ၌ နေရာယူသွားခြင်း။

စိတ်ပူလောင်နေသည့်အချိန်၌တောင် ချစ်ရသူ၏မျက်နှာလေးကိုမြင်ယောင်လိုက်သည်နှင့် အပူများအားလုံးငြိမ်းသွားစေသည့်နှယ်။ မမြင်ရသည့်စိတ္တဇနာမ်တစ်ခုဖြစ်စေကာမူ ခံစားလို့ရစေနိုင်သည့် အရာတစ်ခုပါပင်။ သူ့အတွက်တော့ ချစ်ရသူဟာ သူ၏နှလုံးစိတ်ဝမ်းကို ငြိမ်းချမ်းစေပါသလို။

သူထိုခံစားချက်ကို အလွန်တန်ဖိုးထားရပါ၏။

တစ်လပြည့်မည့်နေ့မတိုင်ခင် နှစ်ပတ်အလိုကတည်းက လက်ဆောင်ကိုသေချာစဉ်းစားပြီး တကူးတက ပြင်ဆင်နေမိသည်။ မိုင်းတွင်က နားပေါက်တစ်ဖက်ရှိသည့်အပြင် ရွှေရော၊ ပလက်တီနမ်နှင့်ရောလိုက်သူဖြစ်သည်မို့ သူ့ဘာသာအလုပ်လုပ်ပြီးစုထားသည့်အထဲမှထုတ်ကာ နားကပ်ဒီဇိုင်းခုနစ်မျိုးကို ဒီဇိုင်းသမားနှင့်တိုင်ပင်ကာ ရိုးရိုးလေးနှင့်ဆန်းနေအောင် သွားအပ်ခဲ့၏။

မိုင်း၏ခန္ဓာကိုယ်၌ အမြဲတစေ သူနှင့်သက်ဆိုင်သည့်တစ်ခုခုရှိနေစေချင်သည်ဆိုလျှင် လောဘကြီးရာများ ရောက်မလားမသိ။ သို့ပေမဲ့ မချစ်ဖူးလို့ အချစ်ရူးနေပြီလို့ပဲပြောချင်ပြော၊ သူ့အနေနှင့် မိုင်းနှင့်ပတ်သက်လာလျှင် စိတ်လှုပ်ရှားရလွန်းလို့ တစ်ခါတလေ စိတ်တို့ပုံမှန်မဟုတ်တော့သည်အထိ ရူးသွပ်နေသူတစ်ယောက်လိုပါပင်။

ထိုနေ့တွင်တော့ သူကျောင်းသို့အစောဆုံးရောက်နေခဲ့ပြီး တစ်ယောက်တည်း စိတ်တို့မတည်မငြိမ်ဖြစ်လာသည်မို့ Toiletသို့သွားခဲ့သည်။ သူမရှိချိန် မိုင်းရောက်လာပါက အိတ်ကိုဖွပြီး လက်ဆောင်ကိုမြင်သွားလောက်သည်မို့ အိတ်ကိုပါယူသွားလိုက်မိ၏။ Toiletဝင်ပြီး ပြန်ထွက်ဖို့အပြင်တွင်တော့...

"မိုင်း မင်းဒီတိုင်းပဲဆက်သွားတော့မလို့လား၊ တကယ်ကြီးကွေးသွားတာလား ဟေ့ကောင်"

ရုတ်တရက်ကြားလိုက်ရသော ချစ်ရသူ၏နာမည်နှင့် စကားသံကြောင့် သူ့လက်တို့တုံ့သွားရသည်။

"အေးလေ လောင်းကစားမှာ မင်းနိုင်သွားပြီပဲ၊ မင်းစရိုက်အရဆိုရင် ပြတ်သင့်တာ ကြာပြီနော်၊ သားကြီး မင်းတကယ်ကွေးသွားပြီလို့တော့ မပြောနဲ့"

"မကွေးပါဘူးကွာ၊ ဒီတိုင်း သူက ပျော်ဖို့ကောင်းလို့ အဟွန်း"

ရင်းနှီးလွန်းသည့်အသံလေးက သူ၏နှလုံးအိမ်တစ်ခုလုံးအား ချေမွှလိုက်သည့်နှယ်။

လောင်းကစား? ပျော်ဖို့ကောင်းတယ်?

တံခါးလက်ကိုင်ကိုဆုပ်ကိုင်ထားမိသည့်လက်တို့က တဆတ်ဆတ်တုန်ယင်လာပြီး ရင်ဘတ်တစ်ခုလုံးပြည့်သိပ်လာသည့်ခံစားချက်က အသက်ရှူပင်ကြပ်လုမတတ်။

"ငါထင်သားပဲ ဒီကောင်၊ ကစားလို့ကောင်းလို့ ကစားနေတဲ့ကောင်"

"ဒါပေမဲ့ Roll oneကြီးကတော့ မင်းကိုအတည်ကြီးကြွေနေတာလားလို့၊ မင်းအားမနာဘူးလား"

"ဘယ်သူက သူ့ကိုအဲ့လောက်ချေခိုင်းခဲ့လို့လဲ၊ သူအစပိုင်း ငါ့ကိုဘယ်လောက်ချေချသလဲဆိုတာ မင်းတို့အသိပဲလေ"

"အဲ့ဒါနဲ့ မင်းတို့က လောင်းကစားလုပ်ပြီး ငါ့ကို ကစားခဲ့ကြတယ်ပေါ့"

သူအသံကိုတစ်ချက်မှမတုန်အောင်ထိန်းပြောလိုက်ရင်း မျက်နှာကိုခံစားချက်မဲ့သည့်ဟန်ပြောင်းလိုက်လျက် တံခါးဖွင့်ကာ အပြင်သို့ထွက်လိုက်သည်။ သူ့ခံစားချက်တို့အား အုပ်စုလိုက်ကစားခဲ့ပါသည်ဟူသည်အား လွယ်လွယ်ကူကူခွင့်လွှတ်လိုက်ရန် သူ့မာနကခွင့်မပြု။

အပြင်ကိုရောက်သွားတော့ အပြင်ရှိလေးယောက်က သူ့အား အံ့ဩစွာကြည့်နေကြသည်။ သူကတော့ တစ်ယောက်သောသူ၏မျက်နှာကိုသာ စိုက်ကြည့်လိုက်ပြီးနောက် လက်ကိုအေးဆေးစွာဆေးလိုက်၏။ ရင်တွင်းမှတင်းကြပ်မှုတို့အား ထုတ်မချမိအောင်ထိန်းချုပ်နေမိရင်း...

"ပျော်ဖို့တအားကောင်းခဲ့လား စိမ်းရင့်မိုင်း ဟင်?"

မျက်ဝန်းတို့ကိုအသက်မဲ့စွာဖြင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်တွင်တော့ မဲ့ပြုံးတစ်ခုကိုထင်ဟပ်စေလျက် မှန်မှတစ်ဆင့်လှမ်းကြည့်ကာ မေးလိုက်သည်။

"မင်းတို့ထွက်သွားကြ"

"မိုင်း"

"ထွက်သွားပါ ငါနဲ့သူနဲ့ပဲရှင်းရမဲ့ကိစ္စ"

သူ့အားချက်ချင်းမဖြေရှင်းသေးဘဲ သူငယ်ချင်းများကို အပြင်ထွက်ခိုင်းနေသူ။ သူလည်း လက်ကို သေချာသုတ်ရင်း လူရှင်းသည်အထိစောင့်လိုက်မိသည်။ မျက်ဝန်းနှစ်စုံပြန်ဆုံကြစဉ်၌ လွန်ခဲ့သည့်ရက်ကရှိခဲ့သည့် နွေးထွေးမှုတို့ တစ်စုံတရာမှ မရှိတော့။ နှလုံးသားအား လိမ်လည်လှည့်ဖျားကာ ယူသွားခဲ့သူအား စိတ်နာနေပါလျက်နှင့် နာကျင်မှုဒဏ်ကိုလည်း အဆပေါင်းများစွာခံနေရသည်။

ရင်ဘတ်ထဲမှအောင့်တက်လာလွန်း၍ ရင်ဘတ်ကိုဖိထားလိုက်ချင်သော်လည်း နည်းနည်းမှမလှုပ်မိ။

"မင်းငါ့ကို မကျေနပ်ရင် ထိုးလို့ရတယ်"

"ဟုတ်လား ကျေးဇူးပဲ"

ပြောပြီးပြီးချင်း မျက်နှာချင်းဆိုင်မှသူ၏ အင်္ကျီကော်လာအားဆောင့်ဆွဲကာ နံရံထက်ဆောင့်ကပ်လိုက်မိပြီး လက်သီးကိုရွယ်လိုက်မိသော်လည်း လက်သီးကိုဆုပ်ထားမိသည့်လက်ကပင် အကြောတွေထောင်ထလာပြီး ပေါက်ထွက်လုမတတ်ဖြစ်ကာတုန်ယင်လာသော်ငြား အနည်းငယ်မျှရှေ့မတိုးရက်နိုင်။ စိုက်ကြည့်နေမိရင်း မာနကပြိုကျလာသည်။ နှုတ်ခမ်းသားတို့က တဆတ်ဆတ်တုန်ယင်လာပြီး အမြင်တို့ပါဝေဝါးလာသလို။

"ငါမင်းအတွက်အရာအားလုံးဖြစ်ပေးနိုင်တဲ့အထိ ချစ်မိနေတာ... မင်းကတော့... မင်းကတော့ ကစားနေရုံသက်သက်ပဲတဲ့လား ဟက်၊ ငါမှားတာပါ၊ မင်းကိုစွဲလန်းမိတဲ့ ငါ့အမှားပါပဲ၊ ငါမှားတာ... ငါမှားသွားတာ..."

ပြောရင်းနှင့် မျက်ရည်စတို့ပြိုကျလာသူအား စိမ်းရင့်မိုင်း ကြောင်ငေးနေမိသည်။ ရင်တွင်းမှတင်းကြပ်လာသည့်ခံစားချက်တို့ကြောင့် ထိုမျက်ရည်တို့အား ဟန့်တားလိုက်ချင်သော်လည်း လက်သီးကိုတင်းတင်းဆုပ်ကာ တောင့်ခံထားမိသည်။

ကောင်းသွင်ကြည်ဖြူက သူထည်လဲတွဲခဲ့သော ရည်းစားတွေလိုပါပင်။ သူထိုကဲ့သို့ပဲသဘောထားပါသည်။ သူက ထိုကဲ့သို့သော သူပင်ဖြစ်၏။

သူမချစ်တတ်ပါ။ သူ့နှလုံးသားအား မည်သူ့ကိုမှပေးဖို့အစီအစဉ်မရှိ။ သူ့ဘဝတွင် ရည်းစားများကိုသာကြိုက်သလောက်ထားပြီး တွဲနေစဉ်ကာလ၌ ကောင်းပေးပြီး ပျော်ပျော်နေပါမည်။ အချိန်တစ်ခုအကြာတွင်ပြတ်ပြီးနောက် သူစိမ်းလိုပြန်နေလိုက်မည်။

ကောင်းသွင်ကြည်ဖြူကိုတော့ လောင်းကစားအတွက်ပဲ သဘောထားခဲ့သည်သာ။ ဒါကလည်း သူ့ကိုအကြောကြီးနှင့်ဆက်ဆံခဲ့တာကို သဘောမကျ၍ဖြစ်သည်။ သို့သော် သူ့ဘက်မှပါမလာလျှင်လည်း ရသည်ပဲ။ သူ့ကို ဘယ်သူက အတင်းချစ်ခိုင်းမိလို့လဲ။ သူ့အကြောင်းမသိတာလည်းမဟုတ်ဘဲ နှလုံးသားနှင့်ရင်းပြီးလာချစ်တာကတော့ သူ့ထိုက်နှင့်သူ့ကံပင်။

သူကတော့ နှလုံးသားတစ်ခုလုံးကို ပြန်မပေးနိုင်ပါ။ လောကထဲရှိလူများအားလုံးသည် နှလုံးသားတစ်ခုလုံးနှင့်ရင်းပြီး ချစ်ပေးဖို့ ထိုက်တန်သူဟူ၍မရှိပါချေ။ သူက ချစ်ပေးတော့လည်း သူ့ကိုဘယ်လောက်ကြာတဲ့အထိ အပြည့်အဝပြန်ချစ်ပေးနိုင်မှာမလို့လဲ။

အထူးသဖြင့် သူ့ကိုမွေးထားတဲ့ သူ့မိဘတွေတောင်မှလေ...။

အသစ်တွေ့ရင် အဟောင်းမေ့တဲ့လောကကြီးထဲ သူကသာ ဦးဆုံးစွန့်ခွာသူဖြစ်ရမည်။ သူ့ကိုလွမ်းနေဖို့လည်းမလိုသလို အကြာကြီးဆက်ချစ်နေဖို့လည်း မလိုအပ်ပါ။ သူလိုချင်သည်က အတူရှိတုန်းခဏ ပျော်ချင်ရုံလေးပင်။ ပြီးဆုံးသွားပြီဆိုလျှင်တော့ သူမည်သူ့ကိုမှလှည့်ကြည့်တော့မည်မဟုတ်ပါ။

သူက မချစ်တတ်၊ မစွဲလမ်းတတ်၊ မဖက်တွယ်တတ်သူပါပင်။

"မင်းငါ့ကိုမထိုးနိုင်ရင် ငါသွားတော့မယ်"

ရှေ့မှပိတ်ရပ်နေသူအား တွန်းထုတ်လိုက်မိသည်။ မျက်ရည်တွေလည်းမမြင်ချင်သလို ခံစားပြနေတာကိုလည်း မမြင်ချင်ပါ။ ကောင်းသွင်ကြည်ဖြူကို သူဒီလိုပုံစံနှင့်မြင်ရဖို့ တစ်ခါမှမမျှော်လင့်ခဲ့ဖူး။ ထို့ကြောင့် မြင်လည်းမမြင်ချင်။

သို့သော် ရှောင်ထွက်လို့မရအောင်လို့ ပုခုံးမှပြန်လည်ဖိချကာ ဆောင့်တွန်းလာသူကြောင့် နံရံနှင့်ပြန်ဆောင့်ကပ်သွားရသည်။ ကျောင်းတက်ချိန်နီးနေ၍ Toiletတွင် လူရှင်းနေ၍သာတော်တော့၏။

"ကောင်းသွင်ကြည်ဖြူ မင်းအတန်းမတက်တော့ဘူးလား"

"မင်းငြိမ်ငြိမ်နေလိုက်ရင် မြန်မြန်ပြီးသွားမှာပါ"

သူမျက်နှာကိုလွှဲလျက်ငြိမ်နေမိသည်။ ရင်ထဲမှထူးဆန်းလှသောခံစားချက်တို့အား အဖြေမထုတ်တတ်။ ထုတ်ဖို့လည်းစိတ်ကူးမရှိ။ အချိန်တန် အဆင်ပြေသွားလိမ့်မည်။

အတွေးတို့နှင့်ငြိမ်နေမိစဉ် နားရွက်ထက်ထိတွေ့လာသည့်အထိအတွေ့။

"မင်း ဘာ..."

"ငြိမ်ငြိမ်နေ"

သူ့နားရွက်ထက်မှနားကပ်တစ်ဖက်ကိုဖြုတ်လိုက်သည်အားခံစားလိုက်ရပြီးနောက် နားကပ်အသစ်တစ်ဖက်တပ်ပေးလာမှန်းသိလိုက်ရသည်။

"တစ်လပြည့်လက်ဆောင်အဖြစ်သတ်မှတ်ထားတာ၊ ခုတော့ နှုတ်ဆက်လက်ဆောင်ပေါ့"

လက်တို့က နားရွက်ဖျားထက်ညင်သာစွာကိုင်တွယ်နေပြီး အသံကလည်း နူးနူးညံ့ညံ့။

ထို့နောက် နဖူးပြင်ထက်၌ နွေးခနဲ။

"ပျော်ရွှင်ပါစေ ကိုယ့်ရဲ့မိုင်း၊ ခုဏက ဒေါသထွက်မိလို့တောင်းပန်ပါတယ်"

စကားအဆုံး လက်ဖဝါးထက်ထည့်ပေးလာသည့်ဘူးလေးတစ်ဘူး။

"မင်းအတွက်ရည်ရွယ်ထားတာမလို့ ဝတ်ချင်ဝတ်၊ ပစ်ချင်ပစ် မင်းသဘောပါပဲ၊ ကိုယ်သွားတော့မယ်၊ မင်းလည်းမြန်မြန်လိုက်ခဲ့၊ နောက်ကျရင် အဆူခံရလိမ့်မယ်၊ လိမ္မာတယ်နော်"

ပြောပြီးသည်နှင့် သက်ပြင်းဖွဖွတစ်ချက်ချကာ သူ့ခေါင်းအား ခပ်ဖွဖွပုတ်ပေးလာပြီးနောက် ရှေ့မှလှည့်ထွက်သွားကာ အပြင်ဘက်သို့ထွက်သွားတော့သည်။ နောက်မှမြင်နေရသော ကျောပြင်ကျယ်အား သူမကြည့်ချင်သော်လည်း မျက်စိတစ်ဆုံးလိုက်ငေးမိ၏။

လက်ထဲမှဘူးကိုဖွင့်ကာကြည့်လိုက်တော့ ဒီဇိုင်းမတူသည့် နားကပ်အသစ်ခြောက်ခုနှင့် သူ့နားမှချွတ်လိုက်သည့် နားကပ်လေး။ နှုတ်ခမ်းအားဖိကိုက်လိုက်မိပြီး ပြင်းထန်လာသည့်ခံစားချက်တို့အားထိန်းလိုက်မိသည်။

လမ်းခွဲပြီးနောက် ပထမဆုံးရက်...

သူပုံမှန်အတိုင်း ကောင်မလေးတစ်ယောက်နှင့် စကားပြောနေလိုက်သည်။ အေးအေးချမ်းချမ်းပင်။ ထုံးစံလို ကောင်မလေးအား တွဲဖို့မပြောမိရုံကလွဲ၊ စားချင်သောက်ချင်စိတ် မရှိသည်ကလွဲ အေးအေးချမ်းချမ်းပါပင်။ ကျောင်း၌ သူကလည်း ထိုလူအားမကြည့်သလို ထိုလူကလည်း အရင်လိုပြန်ဖြစ်သွား၏။

ပထမဆုံးတစ်ပတ်ပြည့်သည့်နေ့...

ခြံထဲမှ သစ်ခွပန်းတွေက ရှုပ်သည်ဟုခံစားလာရသည်။ အခန်းထဲပြန်ဝင်လာမိတော့ သူ့ဘာသူဖွထားသမျှက ပိုရှုပ်နေသည်။ ရှင်းပေးတတ်သည့်သူအားသတိမရပါ။ လုံးဝသတိမရပါ။ အဝတ်များကိုချွတ်ပြီးတိုင်း ခြင်းထဲထည့်တတ်လာပါသည်။ အမှိုက်ကိုလည်း အမှိုက်ပုံးထဲသို့ ပျင်းရိပျင်းတွဲ သွားပစ်မိသည်။ ရေစိုတဘက်ကိုလည်း တန်းပေါ်တွင်သာသေချာလှမ်းမိသည်။ စာအုပ်များကိုလည်း စီပေးသွားခဲ့သည့်အတိုင်း ပုံမပျက်ထားမိပါ၏။

ဆယ်ရက်ပြည့်သောနေ့...

ပေးတဲ့သူကပေးပြီးမှတော့ နားကပ်များအားလုံးက သူ့အပိုင်ပင်။ အပြင်ထွက်လျှင်တော့ ပုံမှန်ဝတ်နေကျကိုသာဝတ်တတ်ပြီး အိမ်ရောက်သည်နှင့် အသစ်ခုနစ်ခုထဲမှတစ်ခုကိုရွေးပန်မိသည်။ ပေးသည့်သူအားသတိမရပါ။ ပေးသည့်သူကလည်း သူ့အား တစ်ချက်တောင်လှည့်မကြည့်တော့။

နှစ်ပတ်ပြည့်သောနေ့...

စိတ်တိုလွယ်လာသည်။ စိတ်ထဲတွင်ဘာကိုမှအလိုမကျတော့။ မိုးတွင်းမို့မိုးရွာတာကအစ၊ တစ်ခါတရံနေထွက်လာသည့်အဆုံး ဒေါသထွက်စရာလိုပင်။ ခြံထဲမှ စံပယ်ပွင့်များကိုလည်းဒေါသထွက်သည်။ မိုးရွာလို့ရေစိုသွားသည့်ဖိနပ်ကိုလည်း ဒေါသထွက်သည်။ စာအုပ်များပိတ်နေလျှင်လည်းဒေါသထွက်ပြီး ပွင့်နေလျှင်လည်းစိတ်မကြည်ချင်။ မနက်ပိုင်းဆိုလည်း ငှက်တွေက ပိကျိပိကျိနှင့်။ တအားနားငြီးပါ၏။

ကျစ်! ကောင်းသွင်ကြည်ဖြူဆိုတဲ့ကောင်က ဘာလို့ငါ့ရှေ့လာထိုင်နေတာတုန်း...။

"မိုင်း မင်းပိန်လာသလိုပဲ"

ဘေးမှသူငယ်ချင်းကပြောလာသော်လည်း သူမသိချင်ယောင်ဆောင်ကာမှောက်အိပ်လိုက်မိသည်။ ညနေကျောင်းဆင်းတော့ နောက်ကျောအားမကြည့်နိုင်တော့၍ သူကအရင်ရှေ့မှထွက်ခဲ့လိုက်၏။

ကျောင်းရှေ့ကိုရောက်သည့်အချိန်၌...

"ဟာ မိုင်း၊ ဟိုမှာ DUက The Whole Queenမလား"

တစ်ယောက်ကပြောလာသည်မို့ သူလှမ်းကြည့်လိုက်မိသည်။ နာမည်မေ့နေသော်လည်း ရုပ်ကိုတော့သိသည်ပင်။ DU၌ အချောဆုံးထဲကတစ်ယောက်ဖြစ်သည့်အပြင် သူမ၌ ငယ်စဉ်ကတည်းကCrushခဲ့ရသူရှိသည်မို့ မည်သူမှလိုက်မရဟူ၍ ပြောကြ၏။

"သူက ငါတို့ကျောင်းကို ဘာလာလုပ်တာလဲ၊ သူ့Crushက ဒီကများလား"

သူကတော့ စိတ်မဝင်စားသည်မို့ အကြည့်ကိုလွှဲကာ သူ့ကားဆီသို့သာ သွားဖို့ပြင်လိုက်စဉ်...

"ဟာ သူက ကောင်းသွင်ကြည်ဖြူကိုလာစောင့်တာလား ၊ သောက်ကျိုးနည်း"

ကြားလိုက်ရသည့်နာမည်ကြောင့် သူပြန်လှည့်ကြည့်လိုက်မိသည်။ တစ်ယောက်သောသူက ထိုမိန်းကလေးဆီသို့တန်းတန်းမတ်မတ်လျှောက်သွားပြီး တစ်ဖက်မှလည်း လှပစွာပြုံးနေရင်းကြည့်နေပုံက တွဲခါစစုံတွဲတစ်တွဲလိုပင်။

သူ့အား မမြင်သည်မှာမဖြစ်နိုင်။ မကြည့်ချင်လို့ကို မကြည့်သွားခြင်းပါပင်။

"စောင့်ရတာ အရမ်းကြာသွားလား"

"နည်းနည်းပါ၊ မုန့်လိုက်ကျွေးလေ နော်"

"အင်း"

မေးလိုက်သံကလည်း အလိုလိုက်သံအပြည့်နှင့်ဖြစ်ပြီး ပြန်ဖြေသူကလည်း အလိုလိုက်ခံရခြင်းကို အသားကျသည့်နှယ်။ သူ့ရှေ့၌ပင် သူတွဲကိုင်ဖူးသည့်လက်မောင်းကို အခြားသူတစ်ယောက်က ချိတ်တွယ်သွားပြီး သူခံယူဖူးသည့် ဂရုစိုက်ခြင်းများကိုလည်း အလုံးစုံလုယူခံလိုက်ရပါသလို။

ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီး ခေါင်းကိုလက်နှင့်ကာပေးပုံက သူနှင့်တုန်းကကဲ့သို့ ဂရုတစိုက် အသေးစိတ်နိုင်လှစွာ။

"မိုင်း... မိုင်း မင်းဟာက ရုပ်ပေါက်နေပြီ၊ ဆက်မကြည့်နဲ့တော့"

"ကျစ်! မင်း ဘာဖြစ်နေပြန်တာလဲမိုင်းရာ၊ မင်းက မင်းမဟုတ်တော့သလိုပဲ"

"သူတို့ပြတ်ပြီးသွားကတည်းက ဒီကောင်ပုံမှန်မဟုတ်တော့ပါဘူးလို့ ငါပြောသားပဲ၊ မင်းတို့က သူ့ကိုစိတ်တအားတင်းခိုင်းမနေနဲ့၊ အစကတည်းက သူ့စိတ်သူတောင် ဘာမှန်းသိတာ မဟုတ်ရတဲ့ကြားထဲ၊ လာ သားကြီး... အကုန်မေ့ပစ်လိုက်၊ မမေ့နိုင်လည်း ငါ့ကိုထုတ်ပြောကွာ၊ ကြိတ်မှိတ်ခံမနေနဲ့"

"ရတယ် ငါဘာမှမဖြစ်ဘူး"

ထွက်သွားသည့်ကားအား မျက်စိတဆုံးလိုက်ကြည့်အပြီး သူလည်း ကားပေါ်သို့တက်လိုက်တော့သည်။

ကောင်းတာပေါ့၊ မင်းအဲ့လိုလုပ်လိုက်တော့ ပြတ်ပြတ်သားသားဖြစ်သွားတာပေါ့...။

နောက်တစ်နေ့၌ အားသည့်အချိန်တိုင်း ဖုန်းပြောရင်းပြုံးနေသူအား မမြင်ချင်လည်းမြင်နေရသည်မို့ မျက်နှာ လွှဲထားမိ၏။

စိတ်ပြေလက်ပျောက် Toiletသွားရန်အဖြတ်...

"ဟုတ်ပါပြီ ကိုယ်ဒီနေ့ မြန်မြန်လျှောက်လာပါ့မယ်"

နူးညံ့ချိုအီနေသည့်အသံအားမြင်ပြင်းကပ်လာ၍ စားပွဲအား တမင်ကိုဝင်တိုက်ခဲ့လိုက်သည်။ Toiletထဲရောက်တော့လည်း စိတ်ကမကြည်။ အထဲလည်းမဝင်ဖြစ်ဘဲ လက်ကိုသာဆေးနေမိ၏။

မင်းကတစ်ယောက်ဆို ငါကဆယ်ယောက်ပြန်ထားပြမယ်... မကောင်းတဲ့ကောင် ငါတောင်တစ်ယောက်မှထပ်မထားရသေးတာကို...။

လက်ကိုထပ်တလဲလဲပွတ်ကာဆေးနေမိရင်း နှာစေးသလိုခံစားလာရသည်မိုနှာရှုံ့လိုက်မိသည်။ မျက်လုံးတို့လည်းပူလာသည်။ အမြင်တွေလဲဝါးလာ၏။ နှာခေါင်းထဲမှလည်း နှာရည်ယိုချင်လာသလိုပင်။

"ချီးပဲကွာ နေမကောင်းကလာဖြစ်ချင်နေသေးတာလား၊ ဖြစ်ချင်လည်းဖြစ်လိုက် ဂရုမစိုက်ဘူး"

မျက်တောင်တို့ကိုပုတ်ခတ်နေမိရင်း အဖြစ်မှန်မှရှောင်ဖယ်နေမိသည်။ သို့တိုင် နှာသီးဖျားတစ်ခုလုံး နီရဲတက်လာသလို နှုတ်ခမ်းထောင့်စွန်းတို့သည်လည်း ထိန်းချုပ်မရတော့သည့်အလား မဲ့ကျသွားတော့၏။ သူခေါင်းကိုငုံ့ချလိုက်မိရင်း ရေစိုလက်ဖြင့် မျက်လုံးတို့အား အုပ်ထားလိုက်မိသည်။ လက်ဖဝါးအစွန်းကို နယ်နမိတ်ကျော်လွန်၍ ဖြတ်သန်းလာသောမျက်ရည်တို့အား သူလည်းမတတ်နိုင်တော့စွာဖြင့် မတားဆီးမိတော့။

"မင်းလည်းငါ့ကိုမချစ်ဘူး၊ ငါလည်းမင်းကိုမချစ်ဘူး၊ ငါ ကောင်းသွင်ကြည်ဖြူကို လုံးဝမချစ်ပါဘူးဆို ဘာလို့ ဒီလောက်ဝမ်းနည်းနေရတာလဲ"

နှုတ်မှတတွတ်တွတ်နှင့် တိုးဖွဖွရေရွတ်နေမိရင်း မျက်ရည်တို့က ပိုပိုပြီးကျလာသည်။ သူ့ကိုယ်သူစိတ်ပျက်စွာဖြင့် မျက်လုံးကိုအုပ်လျက်သားနှင့်ပင် ငုတ်တုပ်ထိုင်ချလိုက်မိတော့သည်။

"ငါကအတ္တဒီလောက်ကြီးတာ ဘယ်သူကမှငါ့ကိုအကြာကြီးမချစ်နိုင်ဘူး၊ ငါတစ်ယောက်တည်းကိုလည်း မချစ်နိုင်လောက်ဘူး၊ ပြီးရင် သူတို့က အသစ်တွေထပ်ရသွားမှာ၊ ကောင်းသွင်ကြည်ဖြူလည်းအဲ့လိုပဲ၊ ခုတောင် သူအသစ်ရသွားပြီပဲဟာ၊ အဲ့ဒါကြောင့် သူက ငါလိုချင်တဲ့သူမျိုးမဟုတ်ဘူး၊ သူ့ကိုချစ်စရာမလိုဘူး"

မျက်ရည်တို့တသွင်သွင်ကျနေရင်း နှုတ်မှလည်းရွတ်ချင်ရာရွတ်နေသည့်ဟန်က စိတ်လွတ်နေသူတစ်ယောက်လိုပင်။

စိတ်ကိုပြန်ထိန်းနိုင်သည့်အချိန်တွင်တော့ မျက်ဝန်းတို့ကိုအုပ်ထားသည့်လက်တို့အား ဖယ်လိုက်မိပြီး ထရပ်လိုက်မိသည်။ ထိုအခါ မှန်မှတဆင့်မြင်လိုက်ရသည်က နံရံကိုမှီကာလက်ပိုက်ထားရင်း သူ့အားစိုက်ကြည့်နေသူ။ သူ ပုခုံးတို့တုန်ယင်သွားသည်အထိလန့်သွားရပြီး ထအော်လိုက်မိသည်အထိ။

"မင်းမေ... ချီးမလို့ အသံမပေးတာလားကွ!!!"

"....."

တစ်ဖက်မှလည်း ရုတ်တရက်အအော်ခံလိုက်ရ၍ လန့်သွားပုံပင်။ သူလည်း အော်ပြီးတော့မှ ငိုနေမိသည်အား ပြန်သတိရမိပြီး နားရွက်နှစ်ဖက်လုံးပူတက်လာကာ ချက်ချင်းထွက်သွားဖို့ပြင်လိုက်ချိန် ခါးမှသိမ်းကာ နောက်ကျောမှသိုင်းဖက်ခံလိုက်ရသည့် အခိုက်အတန့်။

"မင်း!! ဖယ် မင်းကောင်မလေးကိုပဲ သွားဖက်ပါလား!!! ဟေ့ကောင် လွှတ်စမ်း"

ရုန်းနေရင်းတောင်မှ ဂုတ်ပိုးထက်နွေးခနဲဖြစ်သွားသည်မို့ ဆဲဖို့ပြင်လိုက်စဉ် အပြင်မှအသံများကိုကြားလိုက်ရ၍ လန့်သွားရ၏။ ရုတ်တရက်ဆိုသလိုပင် နောက်မှလူက အခန်းတစ်ခုထဲဆွဲသွင်းသွားသည်မို့ သူအသက်ပင်ရဲရဲမရှူရဲသည်အထိ ဖြစ်သွားတော့၏။ နံရံထက်ကျောမှီထားရင်း ရှေ့တွင်လည်းရင်ခွင်နှင့်အပိတ်ခံထားရကာ သူ့အားအုပ်မိုးကြည့်နေသည့်မျက်နှာ။

"မင်း..."

လေသံနှင့်ပြောသည့်စကားကိုပင်အပြောမခံဘဲ နှုတ်ဖျားထက်ဖိကပ်လာသည့်ခံစားချက်။

French kiss????

သူမျက်လုံးပင်ပြူးသွားရပြီး ရုန်းလိုက်မိသော်လည်း လက်အစုံကိုချုပ်ကိုင်ခံလိုက်ရပါသလို နှုတ်ခမ်းအထိအတွေ့၊လှုပ်ရှားမှုတို့ကလည်း ကျွမ်းကျင်စွာ။

ငါတောင် တစ်ခါမှမနမ်းဖူးတာကို ဒီကောင်ကဘာလို့ တအားကျွမ်းနေတာလဲ????

ခုမှရည်းစားလေးတစ်ယောက်ထားဖူးပြီး ငါ့ကိုကျော်တက်သွားတယ်ပေါ့၊ ဒီမကောင်းတဲ့ကောင်...။

စိတ်တိုသွားပြီး နှုတ်ခမ်းကိုကိုက်ချလိုက်မိတော့လည်းရပ်တန့်မသွားဘဲ ပိုဆိုးလာသည်မို့ နောက်ပိုင်း သူပင်ခြေထောက်မခိုင်ချင်တော့။

အနမ်းများအဆုံးတွင်တော့ အသက်ရှူသံတို့ကိုသတိထားရင်း တစ်ဦးကိုယ်တစ်ဦး ပွေ့ဖက်ထားမိကြသည်။ အချိန်မရွေးပျောက်ကွယ်သွားနိုင်သည့် ဖြစ်တည်မှုလေးအား လက်မလွှတ်နိုင်ဖြစ်နေသကဲ့သို့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိကြရင်း တစ်ဦး၏မျက်ရည်စတို့သည် တစ်ဦး၏ ပုခုံးထက်သို့။

" မကောင်းတဲ့ကောင် မင်းငါ့ကို အကုန်ရှင်းပြရမယ်၊ မင်းငါ့ကို တစ်ခုမကျန်ရှင်းပြမှ ငါကျေနပ်မှာ၊ မင်းကိုယ်တိုင်ငါ့ဆီလာမှတော့ မင်းဘာသာခြံခုန်လာတာပဲ၊ ငါ့မှာ ဘာအပြစ်မှမရှိဘူး၊ မင်းဇယားအသစ်ကို ငါ့ဆီလာမနွယ်စေနဲ့"

"ဘာတွေလျှောက်ပြောနေတာလဲကွာ"

"ဘာကိုလျှောက်ပြောရမှာလဲ၊ မင်းရဲ့ DU Queenကြီးက ဒီညနေလည်း လာဦးမှာမဟုတ်လား၊ ချီးပဲ ဖယ်လိုက်တော့၊ မင်းဇယားမပြတ်မချင်းပြန်မလာနဲ့"

ဖက်ထားသူအားဆောင့်တွန်းလိုက်ပြီးနောက် အပြင်တွင်မည်သူမှမရှိတာသေချာသည်မို့ မြန်မြန်ထွက်လိုက်တော့သည်။ အတန်းထဲပြန်ရောက်တော့ အတန်းဝင်နေသည့်ဆရာမကမေးလာသည့်အခါ စံပြကျောင်းသား၏ မင်သေသေဖြင့်မုသာဝါဒကျူးလွန်မှုကြောင့် သူ့မှာ အစာမကြေဖြစ်နေသည့် နေမကောင်းသည့်ကျောင်းသား ချက်ချင်းဖြစ်သွားတော့၏။

ညနေရောက်တော့ သူအမြန်ဆုံးပြန်ရန် ပြင်လိုက်သော်ငြား လက်အားဆွဲကာ ရှေ့မှဦးဆောင်၍ခေါ်သွားသူ။

"ကောင်းသွင်ကြည်ဖြူ မင်း ဘာလုပ်မလို့လဲ"

"မိတ်ဆက်ပေးမလို့"

"ဘာ! မလိုက်ဘူး ခွေးကောင်"

သို့တိုင် လုံးဝရုပ်ပျက်အောင် ရုန်းမရသည့်အဆုံး ထို The Whole Queenနှင့် မျက်နှာချင်းဆိုင်လိုက်ရသည်သာ။ သူတို့အား တွေ့တွေ့ချင်းမေးလာသည်မှာတော့...

"ဪ ဪ နောက်ဆုံးတော့ အချစ်ငှက်ကလေးတွေအဆင်ပြေသွားကြပြီးကိုး"တဲ့။

ထို့နောက်တွင်တော့ ကောင်းသွင်ကြည်ဖြူ၏ လုပ်ဇာတ်များကို တဝကြီးနားထောင်လိုက်ရပြီးနောက် ထိုကောင်မလေးသည် ကောင်းသွင်နှင့်ခြံချင်းကပ်လျက်နေသူဖြစ်ပြီး ငယ်စဉ်က ကျောင်းနေဖက်လည်းဖြစ်ဖူးကြောင်း၊ သူမ၏ Crush မှာ ကောင်းသွင်၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး နှစ်ဦးမှာလည်း စေ့စပ်ထားပြီးဖြစ်ကြောင်း၊ လက်ရှိကိစ္စ၌ ကောင်းသွင်က အကူအညီတောင်းလာ၍ ကူညီပေးခြင်းဖြစ်ကြောင်း ရှင်းပြသွားသည်။

ထိုမျှမကသေး ကောင်းသွင်၏ကောင်းကွက်များကို ပြောပြသွားရုံသာမက သူ့ကိုဘယ်လောက်ချစ်ကြောင်း၊ အရင်က ဒီကောင်က စက်ရုပ်လိုနေတဲ့သူဖြစ်ပြီး သူနှင့်တွေ့မှ ခံစားချက်တွေပေါ်လာခြင်းဖြစ်ကြောင်း၊ တွဲလျှင် နောင်တရစရာမရှိကြောင်း အာမပင်ခံပေးသွားသေး၏။ ဘေးမှဇာတ်ညွှန်းရေးဆရာကြီးကတော့ သူတို့ပြောသမျှကိုထိုင်နားထောင်နေရင်း ကျေနပ်နေသည့်မျက်နှာပေးဖြင့် သူ့အားတောက်လျှောက်ကြည့်နေသည်မို့ မနေတတ်အောင် ဖြစ်ရသည်အထိပင်။

ရှစ်နှစ်ကြာပြီးနောက်...

"ကောင်း ငါပိတ်ရက်ကျ ဝက်မိုးခိုသားစားချင်တယ်"

"အင်း လုပ်ကျွေးမယ်"

"ငါတို့ သောက်လည်းသောက်မယ်နော်"

"အများကြီးတော့မရဘူး၊ လိမ္မာတယ်"

"အင်း ဝိုင်နီလေးသောက်မယ်နော်"

"ဟုတ်ပါပြီဗျာ အဖေနဲ့အမေကိုလည်း ကိုယ့်ဆီလာအိပ်မဲ့အကြောင်း ကြိုပြောဦး၊ လာမဲ့ညမှ ပြောဖို့မလုပ်နဲ့နော်"

"အင်းပါ"

သူအလုပ်လုပ်နေသည်အား နောက်မှသိုင်းဖက်ကာ စားချင်တာကိုပူဆာပြီး ကျေနပ်နေသူကြောင့် ကောင်းသွင်ကြည်ဖြူ ပြုံးလိုက်မိသည်။ ယခုက သူ့အိပ်ခန်းထဲ၌ ရှိနေကြခြင်းပင်။ MBAထိတက်ပြီးနောက် ဘာသာပြန်ရာတွင်စိတ်ဝင်စားသူများစုစည်း၍ ဘာသာပြန်အေဂျင်စီတစ်ခုထောင်ဖြစ်ကြသည်မို့ မိုင်းလည်း သူနှင့်အတူပူးပေါင်းလာခဲ့၏။ အရင်ကစာဖတ်ဝါသနာမပါသူက အလုပ်လုပ်ရသည့်အခါတွင်တော့ သူ့ကိုယ်သူပြုပြင်ပြီး ကြိုးစားလာသလို စာဖတ်ပျင်းသည့်အခါ၌လည်း သူကနံဘေးမှနေ၍ ဖတ်ပြပေးရသည်။

လူငယ်များဖြင့်တည်ထောင်ခဲ့သည့်အေဂျင်စီတစ်ခုဖြစ်သော်လည်း အားလုံးက စဉ်ဆက်မပြတ်လေ့လာကြိုးစားပြီး အမှားကိုသင်ယူကာပြင်ဆင်နိုင်ကြသူများမို့ အချိန်တစ်ခုအတွင်း ကောင်းကောင်းလည်ပတ်နိုင်လာခဲ့၏။

မိဘများကလည်း သူတို့ကြားဆက်ဆံရေးကိုသိကြပြီးဖြစ်ရာ ဝင်ရောက်စွက်ဖက်ခြင်းမပြုကြသည်မို့ ကြားထဲပြေပြေလည်လည်ပင်။ နှစ်ယောက်သားအတူနေဖို့ကတော့ အချိန်မတန်သေးဟုယူဆသည်မို့ အတူမနေဖြစ်ကြသေး။ သို့တိုင် တစ်ယောက်အိမ်တော့၊ တစ်ယောက်သွားအိပ်တတ်သည်သာ။

သည်နှစ်ကုန်ရင်တော့ အတူနေဖို့ရန်ဝယ်ထားသည့်ခြံလေးထဲ၌ စတင်၍အိမ်ဆောက်တော့မည်ဖြစ်သည်။ အမေနှစ်ယောက်က ကြုံတိုင်းသွားပြီး ပန်းမျိုးစေ့များသွားကြဲတတ်ကာ အပင်များစိုက်လာတတ်သည်မို့ သူတို့နေမည့်အချိန်တွင်တော့ တော်တော်လေး အဆင်သင့်ဖြစ်လောက်ပြီပင်။

"မိုင်း အငယ်လေးအတွက် မေမေလုပ်ပေးထားတဲ့မုန့်တွေယူသွားဦး"

"အေးပါ မင်းသူ့ကို တအားဂရုစိုက်နော်"

"လုပ်ပြီ ကိုယ်က မင်းကိုအရမ်းချစ်ပေးတဲ့သူမလို့ ဂရုစိုက်ပေးတာပါကွာ"

"သိသားပဲ ကြားချင်လို့ပြောတာ"

သူအလုပ်ကိုအဆုံးသတ်လိုက်ပြီးနောက်လှည့်ကြည့်လိုက်တော့ မိုင်းက သူ့အိပ်ရာထက် ကန့်လန့်ဖြတ်လှဲနေကာ ခြေထောက်ကိုလည်း တင်ပုလ္လင်ခွေထိုင်သလိုမျိုးခွေထား၏။

တကယ် ဘာလေးမှန်းမသိဘူး...။

သူကုတင်နားလျှောက်သွားတော့ မျက်လုံးလှန်ကြည့်လာပြီး...

"ပြီးသွားပြီလား မြန်လိုက်တာ"

"အင်း ကိုယ့်ကိုဆုချပါဦး"

ပြောရင်းနှင့် ခါးကိုင်းကာဖက်လိုက်ရင်း နဖူးလေးအားဖျတ်ခနဲမွှေးလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် ချိုင်းအောက်မှဆွဲမကာ မျက်နှာချင်းဆိုင်ပွေ့ချီလိုက်တော့ ခါးကိုအလိုက်သင့်ခွလာသည့် ခြေတံရှည်နှစ်ဖက်။ လက်အစုံကလည်း လည်တိုင်အားဖက်တွယ်လာသည်။ သူထိုပုံစံအတိုင်း ကုတင်ထက်ထိုင်လိုက်တော့ နှစ်ယောက်သား အနီးကပ်ဆုံးဖက်တွယ်ထားကြသလိုပင် ။ ကြာလေသွေးဖို့တောင် နေရာလပ်မရှိသည်မို့ သည်ပုံစံအား သူတို့နှစ်ယောက်လုံး အကြိုက်ဆုံးပါပေ။

မိုင်းက သူ့လည်တိုင်အား နှာတံချွန်လေးနှင့်ပွတ်သပ်ကာလိုက်စနေ၏။

"အငယ်လေးကို သဘောမကျဖြစ်နေတုန်းပဲလား"

"အဲ့လောက်တော့မဟုတ်ပါဘူး"

"အင်း ဒီတစ်ခါ အမျိုးတွေနဲ့တွေ့လာလို့လား၊ ဘာတွေပြောလို့လဲ"

မေးလိုက်တော့ သူ့အားခေါင်းထောင်လျက် အံ့ဩသလိုကြည့်လာသည်မို့...

"အမေ့ကိုလှမ်းမေးထားတာ၊ ခင်ဗျားလေးက မနက်ကတည်းက မျက်နှာမလန်းလို့လေ"

စကားအဆုံး သူပုခုံးထက်ခေါင်းကိုမှောက်ချလာ၏။

"သူတို့က ငါငယ်ငယ်ကဆိုးကြောင်းတွေပဲ ပြန်ပြန်ပြောကြတာ၊ အငယ်လေးက ခုဆိုအရွယ်ရောက်နေတော့ သူ့ရှေ့မှာ အဲဒါတွေအပြောခံရတာ မကြိုက်ဘူး"

"အင်း ဟုတ်တာပေါ့ ကိုယ်နားလည်ပါတယ်"

ပြောရင်းနှင့် ကျောပြင်လေးအား ဖွဖွလေးပွတ်သပ်ပေးမိသည်။

"ကိုယ်တို့တရားဝင်သက်ဆိုင်သွားရင် မင်းအစား ကိုယ်ကသူတို့နဲ့ရင်ဆိုင်ပေးမယ် နော် ကလေးလေး"

"အင်း ကောင်း ငါတအားကလေးဆန်နေပြီမလား"

"မဆန်ပါဘူး ကိုယ်ကတော့ ကလေးလေးလိုတောင်ဖြစ်စေချင်သေးတာ၊ မင်းဘယ်လိုဖြစ်ဖြစ်ကိုယ်က အမြဲချစ်နေမှာလေ၊ အဲ့ဒါကြောင့် မင်းကအမြဲမှတ်ထားရမယ်၊ ဒီလောကမှာ မင်းကိုအပြည့်အဝချစ်ပေးဖို့ တာဝန်အပြည့်ရှိတဲ့သူက အခြားဘယ်သူမှမရှိဘူး၊ ကိုယ်တစ်ယောက်တည်းပဲရှိတယ်၊ မင်းမိဘတွေရော ၊ ဆွေမျိုးတွေရောမှာ တာဝန်မရှိဘူး၊ ကိုယ်ကသာ မင်းတစ်ယောက်တည်းကိုချစ်ဖို့မွေးဖွားလာတာပါ၊ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဘယ်လိုလူလဲဆိုတာ မင်းလည်းသိပါတယ်၊ အဲ့ဒါကြောင့် မင်းကလည်း ကိုယ်တစ်ယောက်တည်းဆီကပဲ အပြည့်အဝချစ်တာကို လက်ခံပေးလေနော်"

ပြောအပြီး လည်တိုင်လေးအားနမ်းရှိုက်လိုက်ပြီးနောက် ဆက်လက်၍ပျံ့နှံ့သွားသော နွေးထွေးမှုလေးများ။

"ကောင်း ငါတို့အမြန်ဆုံးအတူနေရအောင်"

"အင်း ကိုယ်လည်းထပ်မစောင့်ချင်တော့ဘူး"

အခန်းတွင်း၌ ရယ်သံများဖြင့် ပျံ့လွင့်သွား၏။

ထို့နောက် ချစ်ခြင်းတရား၏ တေးသီကျူးသံများ...။

*****

အချစ်ဆိုတာ ဘာလဲ...

လေပြည်လေညင်းလေးတွေလိုမျိုး မင်းအနားမှာအမြဲရစ်ဝဲနေမဲ့အရာတစ်ခုပေါ့...

မင်းသတိထားမိတဲ့အချိန်ကျရင်တော့သေချာပြီ...

အဲ့ဒါ အချစ်ပဲ...။

The End.

[Zawgyi]

"မိုင္း မင္းဟာက ျမန္လွခ်ည္လား၊ မင္းသူ႕ကိုေတြ႕တာျဖင့္ ဘယ္ႏွစ္ရက္ရွိေသးလို႔လဲ"

"ငါ့သိသေလာက္ေတာ့ တစ္ပတ္ပဲရွိေသးတယ္၊ သူသြားစကားေျပာတာက တစ္ေန႕ကမွ"

"တစ္ေန႕ကသြားစကားေျပာၿပီး တစ္ခါတည္းတြဲမလားေမးခဲ့တာလား"

"ေအး"

"အဲ့ဒါကို သူက မေန႕ကအေျဖေပးလိုက္တယ္ေပါ့၊ တစ္ရက္ႀကီးမ်ားေတာင္ အခ်ိန္ယူစဥ္းစားလိုက္တာပဲ"

"အဟြန္း တကယ္‌ေတာ့ အဲဒီေန႕ညေနကတည္းကေပးလိုက္တာ ၊ တစ္ရက္ေတာင္မၾကာဘူး"

"Wow!!! သားႀကီး ေလးစားတယ္ကြာ"

"ဆရာသခင္ကို ဒီတပည့္ဆည္းကပ္ပါတယ္ ၊ ပညာေလးေတြမွ်ပါဦး"

"ဒါေပါ့ ဒါေပါ့ ေသခ်ာေပါက္ မွ်ေဝေပးရမွာေပါ့ကြာ၊ ဟားဟား"

ေနာက္တန္းမွစကားသံတို႔ႏွင့္ ရယ္သံမ်ားေၾကာင့္ သူဘယ္လိုမွစာကိုအာ႐ုံစိုက္မရေတာ့။ အၿမဲတေစတည္ၾကည္ေနေသာမ်က္ႏွာထက္ စိတ္အလိုမက်မႈအရိပ္အေယာင္မ်ား ခဏတာျဖတ္သန္းသြားၿပီးေနာက္ စကၠန႔္ပိုင္းအတြင္းပုံမွန္အတိုင္းျပန္ျဖစ္သြားသည္။ Airpodsကိုထုတ္ကာတပ္လိုက္ၿပီးေနာက္ သီခ်င္းဖြင့္ကာနားေထာင္လိုက္ရင္း ျပတင္းေပါက္အျပင္ဘက္ကိုေငးေမာၾကည့္ေနမိ၏။

သူ႕၌ ဘာအေတြး၊ ဘာခံစားခ်က္တို႔မွေရေရရာရာမရွိပါ။ သီခ်င္းတို႔နားေထာင္ရင္း ေခါင္းထဲေပၚလာသည္က မေန႕ကအိပ္ခါနီးတြင္ၾကည့္မိခဲ့သည့္ ဗီဒီယိုတစ္ခုအေၾကာင္း။

"မင္းခ်စ္တဲ့သူတစ္ေယာက္ကို ဆုံးရႈံးသြားရတဲ့အခ်ိန္မွာ ေနပူတဲ့အခ်ိန္ေတြမွာ တိမ္တိုက္ေတြကို ေတြ႕ေနရသလိုမ်ိဳး၊ လမ္းေတြတိုင္းက မီးနီေတြကိုေတြ႕ရတာ စိတ္တိုေနရသလိုမ်ိဳး၊ ၿပီးေတာ့ ဘယ္လိုၾကည့္မွန္မ်ိဳးကမွ မင္းကို စိတ္ေက်နပ္မႈမေပးနိုင္ေတာ့ဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ခ်စ္ရတဲ့သူတစ္ေယာက္ကို ဆုံးရႈံးသြားရတာဟာ ေသျခင္းတရားမဟုတ္ပါဘူး၊ သူတို႔မပါဘဲ ဒီကမၻာေပၚမွာ ဆက္ၿပီးရွင္သန္ေနရတာကို ဆိုလိုတာပါ၊ အဲ့ဒါဟာ အခက္ခဲဆုံးပါပဲ" တဲ့။

ဗီဒီယိုထဲတြင္ေျပာေနသည့္လူ၏မ်က္ႏွာက အမွန္တကယ္ကိုပင္ ဆက္လက္ရွင္သန္ေနရျခင္းက သူ႕အတြက္ခက္ခဲေနသည့္အလား။ သူ၏နီရဲေနေသာမ်က္လုံးထဲမွ အရိပ္အေယာင္မ်ားက ေမွ်ာ္လင့္ခ်က္တို႔ ကင္းမဲ့ေနသူတစ္ေယာက္လိုပင္။

သူ၎အား ဘယ္လိုမွနားမလည္နိုင္ပါ။

ခ်စ္ျခင္းတရားလား? အဲ့ဒါက ဘယ္လိုမ်ိဳးလဲ?

သူသည္ လက္ရွိ၌ YUFL English Majorတြင္ ဒုတိယႏွစ္တက္ေရာက္ေနေသာေက်ာင္းသားတစ္ဦးျဖစ္၏။ သူေမြးလာစဥ္မွစ၍ ယခုအခ်ိန္ထိ အခ်စ္ဟူေသာအရာကိုလုံးဝမျမည္းစမ္းၾကည့္ခဲ့။ လူတစ္ေယာက္ကိုအာ႐ုံစိုက္ဖို႔ စိတ္လည္းမပါသလို အခ်ိန္လည္းမရွိသလိုခံစားရသည္။

သူ႕မိဘမ်ားကေတာ့ေျပာၾကသည္။ အထူးသျဖင့္ သူ႕အေဖျဖစ္သူကပင္။

"မင္းက ငါတို႔လင္မယားရဲ႕သားအရင္းမျဖစ္နိုင္ဘူး၊ ေဆး႐ုံမွာ ကေလးမွားလာတာေနမယ္" တဲ့။

ေျပာလည္းေျပာခ်င္စရာပင္။ သူ႕အေဖႏွင့္အေမက ယခုအခ်ိန္ထိ ႏြေးေထြးၾကင္နာေသာဆက္ဆံေရးကို ထိန္းသိမ္းထားဆဲျဖစ္ကာ တစ္ခါတေလ သည္းသည္းလႈပ္လြန္း၍ သူကပင္ မ်က္စိေနာက္ၿပီး ထထြက္သြားရသည္အထိ။

ထိုအခ်ိန္ဆို သူ႕အေဖက သူ႕အားလွမ္းေအာ္ကာစတတ္၏။

"ေပၚတင္ႀကီးမနာလိုမျဖစ္စမ္းနဲ႕ကြာ၊ ငါ့သားအတြက္ ငွက္ေပ်ာၿခံတစ္ၿခံဝယ္ေပးထားမယ္" တဲ့။

သူလည္း တစ္ခါတေလ ေတြးမိပါသည္။ သူ႕အေဖလိုလူထံမွ သူ႕လို တည္တည္ၾကည္ၾကည္သားမ်ိဳး ထြက္လာဖို႔ဆိုတာ ဆယ္ေယာက္မွာတစ္ေယာက္ေတာင္ ျဖစ္နိုင္ဖြယ္မရွိဟုထင္မိသည္။ တစ္ခါတရံဆိုလွ်င္ သားအဖႏွစ္ေယာက္သားေဆြးႏြေးလြန္ၿပီး DNAပါသြားစစ္မည္ဆိုသည္အထိ ျဖစ္ဖူးေသး၏။

အခ်စ္ဆိုတာ ဘယ္လိုပုံစံမ်ိဳးလဲ၊ သူတကယ္မသိပါ။ ေဆာင္းပါးေတာ္ေတာ္မ်ားမ်ားအရ ခ်စ္ရသူကိုေတြ႕လွ်င္ ရင္ခုန္တတ္ၾကသည္တဲ့။ သူ႕ဘဝတြင္ ထိုကဲ့သို႔ တစ္ခါမွမခံစားခဲ့ဖူး။ အခ်ိဳ႕သူမ်ားက ႐ႊတ္ေနာက္ေနာက္ ဆိုတတ္ၾက၏။ စာေမးခံရလွ်င္လည္း ရင္ခုန္ရသည္တဲ့။ ဤသည္ကိုလည္း သူမခံစားဖူးပါေခ်။ အေၾကာင္းမွာ သူက အတန္းတိုင္း၌ ထိပ္တန္းေက်ာင္းသားတစ္ေယာက္ ျဖစ္ေနေသာေၾကာင့္ပင္။

"ဟာ ေဟ့ေကာင္ မတြန္းနဲ႕ ဟာ!"

"ဟာ မိုင္း!!!"

Airpodsတပ္ထားေသာ္ျငား အသံက်ယ္က်ယ္ဖြင့္မထားျခင္းမို႔ ပုံမွန္ထက္က်ယ္ေသာျပင္ပသံမ်ားကို ၾကားရသည္သာ။ သူလွည့္ၾကည့္ဖို႔စိတ္မဝင္စားေသာ္ျငား အသံအဆုံး ထိုင္ေနေသာသူ႕ထက္ ယိုင္က်လာသည့္ ခႏၶာကိုယ္တစ္ခု။ ညာဘက္ျခမ္းမွ Airpodက ျပဳတ္ထြက္ကာ ေအာက္က်သြားၿပီး သူလည္းယိုင္က်သြားသည္မို႔ လက္တို႔ျဖင့္ထိန္းလိုက္ေတာ့ သူ႕ေပါင္ထက္ထိုင္လ်က္သားျဖစ္သြားသူ။

စိမ္းရင့္မိုင္း...။

သူသည္ တစ္ခန္းလုံးမွ အျခားေက်ာင္းသားမ်ား၏ နာမည္ႏွင့္႐ုပ္မ်ားကို သိပ္မက်က္မိေသာ္လည္း သည္တစ္ေယာက္ကိုေတာ့ မျမင္ခ်င္မွအဆုံး မၾကားခ်င္မွအဆုံးမို႔ မသိခ်င္လည္းသိရ၏။ ေက်ာင္းဝင္းထဲ၌ မေတာ္တဆဆုံမိလွ်င္လည္း တစ္ခါေတြ႕တိုင္း ေဘးမွတစ္ေယာက္က ေျပာင္းေနတတ္သည္။ တစ္ေန႕တည္း ႏွစ္ႀကိမ္ဆုံမိလွ်င္ေတာင္ ေဘးတြင္ပါလာသူက ပထမအႀကိမ္ႏွင့္မတူတတ္။

"အာ ေဆာရီး Roll one"

"....."

စိတ္အႏွောင့္အယွက္ျဖစ္သြားသည္မို႔ ျပန္မေျဖမိ။ ေအာက္က်သြားသည့္ Airpodတစ္ဖက္ကိုသာ ရွာလိုက္မိေတာ့...

"ဒါရွာေနတာထင္တယ္၊ ေဆာရီးကြာ ငါ့သူငယ္ခ်င္းေတြနဲ႕ကစားရင္း အရွိန္လြန္သြားတာ"

ျပဳတ္က်သြားသည့္ Airpodအျဖဴေလးအားေကာက္ကာ ကမ္းေပးရင္းေျပာလာသည္မို႔ လွမ္းယူလိုက္မိရင္း...

"အင္း"

ထိုသို႔သာတုံ႕ျပန္လိုက္ၿပီးေနာက္ Airpodေလးအား တစ္သ်ႉးတစ္ခုျဖင့္ ေသခ်ာသုတ္လိုက္ၿပီး နားတြင္ျပန္တပ္ကာ ျပတင္းအျပင္ဘက္သို႔သာဆက္လက္ေငးေနလိုက္မိသည္။ စိမ္းရင့္မိုင္း ခ်က္ခ်င္းထြက္မသြားေသးတာ သိေသာ္လည္း အဖတ္မလုပ္မိ။ အက်င့္စရိုက္ခ်င္းမတူမွေတာ့ စကားရွည္ရွည္ေဝးေဝးလည္းေျပာစရာမလို။ သူလုံးဝလွည့္မၾကည့္ေတာ့မွ ခဏအၾကာတြင္ လွည့္ထြက္သြားသည့္အရိပ္အား သတိထားလိုက္မိ၏။

သူ႕တြင္က သူငယ္ခ်င္းဟူ၍ ေထြေထြထူးထူးမရွိပါ။ အေၾကာင္းရွိလွ်င္ စကားေျပာၿပီး အကူအညီအျပန္အလွန္ေပး႐ုံဆက္ဆံေရးမ်ားသာ ရွိ၏။ ထိုထက္လည္းပိုစရာမလိုဟုထင္သည္မို႔ မည္သူကလိုသည္ထက္ပိုခ်င္သည္ျဖစ္ေစ၊ သူကျပတ္သားခဲ့သည္သာ။

သူ႕အရပ္က ၁၈၉စင္တီမီတာရွိၿပီး ခႏၶာကိုယ္က က်န္းမာေရးလိုက္စားသူတစ္ေယာက္၏ ခႏၶာကိုယ္မ်ိဳးျဖစ္ကာ အဆီအပိုမရွိေပ။ သူဟာ သူ႕ကိုယ္သူ စနစ္တက်ပ်ိဳးေထာင္ထားျခင္းျဖစ္သည္မို႔ အၿမဲတမ္းခါးကိုမတ္မတ္ထိုင္တတ္ၿပီး စားေသာက္ခ်ိန္၊ အားကစားလုပ္ခ်ိန္၊ စာေလ့လာခ်ိန္၊ အိပ္ခ်ိန္စသည္ျဖင့္ အခ်ိန္မွန္ေအာင္ေလ့က်င့္ထားသူျဖစ္ရာ သူ၏တစ္ေန႕တာ၌ အျခားသူတစ္ေယာက္အတြက္ အခ်ိန္ရွိမေနပါေခ်။

ဒါကို သူက အခ်စ္ကို ဘာလုပ္ဖို႔ရွာရမွာလဲ?

သူ႕အေမကိုၾကည့္႐ုံႏွင့္ပင္ သူ႕၌ မိန္းမတစ္ေယာက္ကိုစိတ္ေက်နပ္သည္အထိ အခ်ိန္မေပးနိုင္မွန္း သိခဲ့ၿပီးသားပင္။ အျပင္တစ္ခါထြက္ဖို႔အေရး ေရခ်ိဳးခ်ိန္နာရီဝက္၊ အလွျပင္ခ်ိန္တစ္နာရီ၊ အဝတ္အစားေ႐ြးခ်ိန္နာရီဝက္၊ ဆံပင္ျပင္ခ်ိန္နာရီဝက္က အနည္းဆုံးၾကာခ်ိန္ျဖစ္၏။ သူ႕အေဖေတာ့ဘယ္လိုသည္းခံနိုင္သည္မသိေသာ္လည္း သူကေတာ့ ထိုေန႕မ်ိဳးဆိုလွ်င္ သူ႕အေမေရွ႕မေရာက္ေအာင္ ေရွာင္ေနမိသည္သာ။ ေရာက္သြားၿပီဆိုလွ်င္ေတာ့ သူမ၏ အဝတ္အစားေပါင္း၊ လက္ကိုင္အိတ္ေပါင္း၊ ဖိနပ္ေပါင္းမ်ားစြာထဲမွ တစ္ခုၿပီးတစ္ခုကိုၾကည့္ကာ ေ႐ြးေပးရတတ္၏။

တကယ္ေ႐ြးေပးေတာ့လည္းမဟုတ္။ ေနာက္မွ ေဖေဖ့ဆီကသိခဲ့ရသည္မွာ သူမက သူႀကိဳက္တာကိုေ႐ြးခိုင္းျခင္းမ်ိဳးမဟုတ္ဘဲ သူမႀကိဳက္သည့္အရာကို ထပ္ေ႐ြးမည့္သူတစ္ေယာက္ ေပၚလာေစခ်င္ျခင္းပင္။ သူကထိုကဲ့သို႔ေ႐ြးေပးသည့္အခါ သူမက ဆိုပါလိမ့္မည္။

"ဟုတ္တယ္ေနာ္ ေမေမလည္းဒါေလးကိုအရမ္းႀကိဳက္ေနတာ၊ သားလည္းသေဘာက်တယ္ဆိုမွေတာ့ ဒါေလးပဲဝတ္လိုက္ပါေတာ့မယ္"

မိန္းမမ်ားက ေတာ္ေတာ္ေလးကိုရႈပ္ေထြးလြန္းလွ၏။ သူဘယ္လိုမွနားမလည္နိုင္ပါ။ မိန္းမမ်ားကို နားလည္ဖို႔ႀကိဳးစားရမည့္အစား ကမၻာ့အခက္ဆုံးပုစ္ဆာမ်ားကိုသာ သြားရွင္းခ်င္ပါသည္။

သူက တစ္ဦးတည္းေသာသားျဖစ္ၿပီး သူ႕မိဘမ်ားကလည္း စီးပြားေရး၌ေကာင္းမြန္သည့္အထဲပါသည္မို႔ သူ႕အတြက္ ေငြေရးေၾကးေရးက စိတ္ပူစရာမဟုတ္ပါ ။ သို႔တိုင္ သူက သူတတ္ေသာပညာႏွင့္ ဝင္ေငြရွာရျခင္းအားႀကိဳက္သည္မို႔ ဘာသာျပန္အလုပ္မ်ားအား သူ႕အခ်ိန္ႏွင့္သူ ႏွစ္စမွစတင္၍ လက္ခံျဖစ္ခဲ့သည္။ ေလ့လာမႈအားႀကီးသူပီပီ အလုပ္ေတြႏွင့္ပတ္သက္၍ တစ္ခုၿပီးတစ္ခုဆက္တိုက္ေလ့လာခဲ့သည္မို႔ ေက်ာင္းသင္ခန္းစာမ်ား၌လည္း သိသိသာသာ အက်ိဳးျဖစ္ထြန္းပါ၏။

ထို႔ေၾကာင့္ သူ႕၌ အားလပ္ခ်ိန္ဟူ၍ တစ္ရက္လုံးအျပည့္မရွိပါ။ သူက နားခ်ိန္တန္နားတတ္သူမို႔ တကူးတကအနားယူရန္လည္း မလိုအပ္ဟုထင္ပါသည္။

ထိုေန႕ညတြင္ေတာ့ သူစာလုပ္ေနရင္း ေခါင္းထဲ႐ုတ္တရက္ေပၚလာသည္က ေန႕ခင္းကအျဖစ္အပ်က္။ ထိုအခ်ိန္က သတိထားမိသည္မွာ စိမ္းရင့္မိုင္း၏ ကိုယ္သင္းနံ႕ကိုပင္။ သင္းပ်ံ့ပ်ံ့ေလးျဖစ္ၿပီး စိတ္ကိုၾကည္လင္ေစေသာ ရနံ႕မ်ိဳးျဖစ္၏။ စဥ္းစားမိသည္မွာလည္းေထြေထြထူးထူးမဟုတ္။ ညေနျပန္ေရာက္၍ ေရခ်ိဳးခါနီး အကၤ်ီခြၽတ္ခ်ိန္ထိ ထိုအနံ႕သင္းသင္းေလးက စြဲပါေနေသာေၾကာင့္ပင္။

႐ုတ္တရက္ Msgဝင္လာ၍ ဖုန္းစခရင္ပြင့္သြားသည္မို႔ အေတြးတို႔ကျပတ္သြားရသည္။ ဖြင့္ၾကည့္လိုက္ေတာ့ Dagon Universityတြင္ေက်ာင္းတက္ေနေသာ သူႏွင့္ငယ္ငယ္ကေက်ာင္းေနဘက္ဟုဆိုလို႔ရသည့္ ႏြေမိုးႏွောင္း။ ေနတာကလည္း သူတို႔ၿခံေဘးကပ္လ်က္တြင္ျဖစ္၏။

[ ေကာင္းသြင္ တစ္ခ်က္လိုင္းေပၚတက္ၾကည့္ဦး]

သူမထံမွ ထိုသို႔ေျပာသည္အား တစ္ခါမွမၾကားဖူး၍တက္ၾကည့္လိုက္ေတာ့ Messengerမွ လင့္ခ္တစ္ခုဝင္လာသည္။ သူဝင္ၾကည့္လိုက္ေတာ့ ေပ့ခ်္တစ္ခုမွ ဓာတ္ပုံတစ္ပုံတင္ထားျခင္း ။ ပုံမွာ ေန႕လယ္က စိမ္းရင့္မိုင္းတစ္ေယာက္ သူ႕ေပၚသို႔ျပဳတ္က်လာသျဖင့္ သူဖမ္းကာထိန္းေပးထားေသာပုံပင္။ အေနအထားကေတာ့ စိမ္းရင့္မိုင္းက သူ႕ေပါင္ေပၚတြင္ေရာက္ေနၿပီး သူကလည္းလက္ႏွင့္ထိန္းထားသည္မို႔ ဖက္ေပးထားသည့္ႏွယ္။

Captionက 'ဒီပုံကိုၾကည့္ၿပီး ငါ့ရဲ႕႐ြက္လႊင့္ခ်င္စိတ္ေတြက ဟိုးေျမာက္ဝင္ရိုးစြန္းထိေရာက္သြားၿပီ၊ စံျပေက်ာင္းသားႀကီးနဲ႕ Play boy The Whole Kingႀကီးက ငါ့မ်က္လုံးထဲမွာေတာ့ အရမ္းေတြလိုက္ဖက္တာပဲ'တဲ့။

သူ - "???"

မိန္းကေလးမ်ားအား သူနားမလည္နိုင္သည့္အခ်က္ထပ္ျဖည့္လိုက္ရသည္။ သည္ေနာက္ပိုင္းမိန္းကေလးေတြက သိပ္ကိုရႈပ္ေထြးလြန္းပါသည္။

ဒါက မေတာ္တဆျဖစ္တာဆိုတာ သူကလိုက္ရွင္းျပဖို႔လိုေသးတာလား။

မိန္းကေလးေတြ၏ဘန္းစကားမ်ားကို သူသိပ္နားမလည္ေသာ္ျငား လုံးဝမသိတာေတာ့မဟုတ္ပါ။ သည္ေခတ္မိန္းကေလးေတြက ေၾကာက္ဖို႔ေကာင္းလြန္းသည္ဆိုသည္မွာ အမွန္ပင္။ ေယာက္်ားေလးႏွစ္ေယာက္ နီးနီးကပ္ကပ္ေနလိုက္သည္ႏွင့္ သူတို႔၏အၾကည့္မ်ားက ပုံမွန္မဟုတ္ေတာ့။ သူတို႔က် အခ်င္းခ်င္း ေနခ်င္သလိုေနၾကေသာ္ျငား ေယာက္်ားေလးမ်ားေနလိုက္လွ်င္ေတာ့ သူတို႔၏ပုံစံက 'ငါအနံ႕တစ္ခုရေနတယ္'ဆိုသည့္ဟန္မ်ိဳး ျဖစ္သြားတတ္ၾက၏။

သူစိတ္ရႈပ္စြာျဖင့္ Cmtေတြထဲဝင္ၾကည့္လိုက္ေတာ့ စိမ္းရင့္မိုင္းက သူ႕ထက္ပင္ဦးေနၿပီး Cmtပင္ မန႔္ထားေသးသည္။

- အားနာပါတယ္၊ ကိုယ္က ထာဝရအေျဖာင့္ပါ

ထိုCmtေလးသည္ reactေပါင္းေထာင္ခ်ီတက္သြားၿပီး ျပန္စာမ်ားကလည္းတစ္ခုၿပီးတစ္ခု။

- ထာဝရအေျဖာင့္ပါ၊ မင္းနဲ႕မေတြ႕ခင္အခ်ိန္ထိဆိုတာမ်ိဳးလား ဟီးဟီးဟီး

- ယုံတယ္ ယုံတယ္၊ ဒါလင့္ကို ေဘဘီအယုံဆုံး

- ဇာတ္ကားေတြထဲမွာေတာ့ ဒီလိုပဲေျပာေျပာၿပီးေကြးသြားၾကတာပဲ ဟားဟားဟား

- မိန္းမေတြက ငါတို႔နားမလည္နိုင္တဲ့လယ္ဗယ္တစ္ခုကိုေရာက္ေနၿပီ ဘဒိုတို႔၊ ေနာက္ဆို သတိႀကီးႀကီးထားၾကကြာ

Replyေတြက မနားတမ္းတက္လာ၍ သူလည္းမၾကည့္နိုင္ေတာ့။ Back ျပန္ဆုတ္လိုက္ၿပီး အျခားCmtမ်ားကို ဖတ္ၾကည့္လိုက္၏။ Shareတာေတြမ်ားလာ၍ အျခားေက်ာင္းမွလူမ်ားပင္ေရာက္ေနသည္ကိုေတြ႕လိုက္ရသည္။

- အိုမို အိုမို လိုက္လိုက္တာ၊ ေနပါဦး ေပါင္ေပၚကတစ္ေယာက္က စိမ္းရင့္မိုင္းမလား၊ ပေလးဘြိုင္းႀကီးက ေအာက္ထပ္ေရာက္သြားတာလား အား ေသပါၿပီ

- အျခားသူေတြဆိုရင္ ခ်က္ခ်င္း႐ြက္လႊင့္မိေလာက္ေပမဲ့ ေကာင္းသြင္ၾကည္ျဖဴနဲ႕ စိမ္းရင့္မိုင္းကေတာ့ မလႊင့္ခင္ကတည္းက ေမွာက္မဲ့အေနအထားမွာရွိသလားလို႔ :3

ထိုCmtမ်ားေအာက္တြင္ေတာ့ ျပန္ထားသည့္စာမ်ားရွိသည္။

- ေကာင္းသြင္ၾကည္ျဖဴလား??? ဝိုး တူပါတယ္ဆိုၿပီးၾကည့္ေနတာ၊ သူမွန္းကိုယ့္ဘာသာမထင္ရဲလို႔ သူငယ္ခ်င္းေတြနဲ႕ အတည္ျပဳေနရတာ၊ သူက အထက္တန္းတုန္းကလည္း ထိပ္တန္းေက်ာင္းသားတစ္ေယာက္ေနာ္၊ ႀကိဳက္တဲ့မိန္းကေလးေတြတန္းစီေနတာေတာင္ တစ္ခ်က္လွည့္ၾကည့္ဖူးတာ မဟုတ္ဘူး၊ ဪ အေၾကာင္းျပခ်က္က ဒီလိုလား၊ တန္းစီဖူးတဲ့သူတစ္ေယာက္အေနနဲ႕ ရင္ေတြဘာေတြနာတယ္ အူးဟူး

- ၁၀၀ရာခိုင္ႏႈန္းေသခ်ာပါတယ္၊ ငါတို႔ဒုတိယႏွစ္ရဲ႕ စံျပေက်ာင္းသားပါပဲ...

ပုံ ရင္ထုၿပီးအတည္ျပဳေပးလိုက္ေသာ Roll oneႀကီးအား ေန႕တိုင္းငမ္းေနမိသူတစ္ဦး

- အေဟးအေဟး စံျပေက်ာင္းသားနဲ႕ ပေလးဘြိုင္းတို႔ရဲ႕ ဇာတ္လမ္းေလး စၿပီလား၊ စၿပီလား

ထိုစဥ္ တစ္ေယာက္က စိမ္းရင့္မိုင္း၏ Relationship statusကို Screenshotရိုက္ကာ လာမန႔္၏။

- ဇာတ္သိမ္းပါၿပီ ညီအစ္မတို႔၊ ဖ်ာလိပ္ၿပီး ျပန္လို႔ရပါၿပီ

သူ ထိုပြထေနသည့္စာမ်ားအားၾကည့္ၿပီး ေခါင္းပင္ကိုက္လာသလိုခံစားလာရသည္။ ထိုပို႔စ္အားဖ်က္ဖို႔သြားေျပာခ်င္စိတ္လည္းမရွိ။ သူက စကားအပိုေတြေျပာရတာမႀကိဳက္သူမို႔ ေျဖရွင္းစရာမလိုဟုထင္လွ်င္ သူႏွင့္တိုက္ရိုက္သက္ဆိုင္လွ်င္ေတာင္ ေဘးထြက္ေနေလ့ရွိသူပင္။

သည္တစ္ႀကိမ္လည္း အေျပာခံေနရသည္က သူတစ္ေယာက္တည္းမဟုတ္။ ဘယ္သူမွဘာမွသြားမေျပာလွ်င္ေတာင္ ေနာက္ရက္မ်ားတြင္ စိမ္းရင့္မိုင္း၏ တစ္ေယာက္ၿပီးတစ္ေယာက္ ထည္လဲတြဲေနသည့္အက်င့္ေၾကာင့္ အလိုလိုေျဖရွင္းၿပီးသားျဖစ္မည္သာ။ ထိုသို႔ေတြးလိုက္ၿပီး လိုင္းပိတ္ဖို႔လုပ္လိုက္စဥ္ Friend requestတစ္ခုေရာက္လာ၍ ၾကည့္လိုက္ေတာ့ စိမ္းရင့္မိုင္း။

ရႈပ္ရႈပ္ယွက္ယွက္...။

ခ်က္ခ်င္းပင္ Cancelလုပ္လိုက္ၿပီးေနာက္ လိုင္းပိတ္ကာ စာလုပ္ဖို႔ျပင္လိုက္သည္။ ေန႕စဥ္ေလ့လာမႈမ်ားၿပီးေနာက္ အိပ္ခါနီးအေၾကာေလွ်ာ့သည့္ေလ့က်င့္ခန္းအခ်ိဳ႕အားလုပ္လိုက္အၿပီး ခဏတာအနားယူကာ ဘုရားရွိခိုး၊ တရားထိုင္ၿပီး အိပ္ဖို႔ျပင္လိုက္ေတာ့၏။

ေနာက္တစ္ေန႕ေက်ာင္းကိုေရာက္ေတာ့ သူ႕အားကြက္ၾကည့္ကြက္ၾကည့္လုပ္ေနၾကသူမ်ားကို သတိထားမိေသာ္ျငား ဂ႐ုမစိုက္မိ။ လူေတြ၏အာ႐ုံစိုက္မႈကိုခံရသည္က သူ႕အတြက္ ပထမဆုံးအႀကိမ္မဟုတ္ပါ။ ထုံးစံလည္း အၾကည့္ခံရသည္မို႔ သည္ေန႕မွ လူပိုမ်ား႐ုံဟုသာ သတ္မွတ္လိုက္ေတာ့သည္။

"မိုင္းလည္း ခုဏကမွေရာက္တာမလား၊ ႏွစ္ေယာက္ကေရွ႕ဆင့္ေနာက္ဆင့္ေနာ္"

"ဟဲ့ သူတို႔က တကယ္ေရာ ဟုတ္လို႔လား၊ မိုင္းက Relationship statusတင္ထားတယ္မဟုတ္ဘူးလား"

"နင္ကလည္း သူက တစ္ပတ္တစ္ေယာက္ႏႈန္းေျပာင္းေနတာပဲဟာ၊ ဘာမ်ားထူးျခားေနလို႔လဲ"

"ဟဲ့ ဟဲ့ RS status မရွိေတာ့ဘူးေဟ့၊ ဒါက ငါတို႔သေဘၤာကိုအတည္ျပဳရေတာ့မဲ့သေဘာလား"

က်စ္! ဒီမိန္းကေလးေတြကေတာ့ ကာယကံရွင္ကိုေရွ႕ထားၿပီး...

သူေျခလွမ္းတို႔ကိုပုံမွန္ထက္က်ဲလိုက္ၿပီးေနာက္ ေမဂ်ာေဆာင္သို႔ အျမန္ေရာက္ေအာင္သြားလိုက္ေတာ့သည္။ အတန္းထဲေရာက္ေတာ့လည္း သိပ္မထူးျခား။ ေယာက္်ားေလးမ်ားကေတာ့ 'စာနာပါတယ္ကြာ'ဆိုသည့္ အၾကည့္မ်ားျဖင့္ ၾကည့္လာၾကသည္။ အခ်ိဳ႕ဆို စကားႏွင့္ပါႏွစ္သိမ့္လာၾက၏။

"သတင္းက ခဏနဲ႕ေပ်ာက္သြားမွာပါကြာ၊ မိန္းကေလးေတြက အဲ့လိုပဲ၊ ငါတို႔ဆိုအၿမဲဆင္ဆင္ျခင္ျခင္ေနရတယ္"

"ဟုတ္တယ္ သားႀကီး၊ ငါနဲ႕ငါ့သူငယ္ခ်င္းတစ္ေယာက္ဆို မင္းတို႔ထက္ေတာင္ဆိုးေသးတယ္၊ ေနာက္ဆုံး ငါတို႔ႏွစ္ေယာက္လုံး ရည္းစားထားျပၿပီး သည္းသည္းလႈပ္ျပလိုက္ေတာ့မွ ၿပီးသြားတာ၊ မင္းလည္း သေဘာက်တဲ့မိန္းကေလးရွိရင္ ဖြင့္ေျပာလိုက္၊ အဲ့ဒါ အေကာင္းဆုံး ျပႆနာေျဖရွင္းနည္းပဲ"

"သေဘာက်တဲ့သူမရွိဘူး"

သူ႕တုံ႕ျပန္ခ်က္အဆုံး အတန္းေဖာ္မ်ားက 'ငါတို႔လည္းထင္ပါတယ္'ဆိုသည့္မ်က္ႏွာေပးမ်ားႏွင့္ ေခါင္းညိတ္လာၾကသည္။

"ဘာပဲျဖစ္ျဖစ္ တစ္ဖက္လူက စိမ္းရင့္မိုင္းျဖစ္ေနတာေတာ့ ကံေကာင္းပါတယ္၊ သူက ရည္းစားမ်ားတဲ့သူဆိုေတာ့ တစ္ပတ္ေလာက္အတြင္း ေျဖရွင္းၿပီးသားျဖစ္သြားမွာပါ"

သူေခါင္းညိတ္႐ုံသာျပန္တုံ႕ျပန္လိုက္၏။ အတန္းခ်ိန္စခါနီးၿပီမို႔ အတန္းေဖာ္မ်ားကလည္း သူ႕ေနရာသူျပန္သြားၾကသည္။ အတန္းထဲသို႔စဝင္လာစဥ္တုန္းက ေနာက္တန္းဘက္မွ စိမ္းရင့္မိုင္းတို႔အဖြဲ႕ သူ႕ကိုလွမ္းၾကည့္သည္အား သတိထားမိေသာ္လည္း သူျပန္မၾကည့္ခဲ့မိပါ။

စာသင္ခ်ိန္တစ္ခုႏွင့္တစ္ခုၾကား ဆယ္မိနစ္တာအတြင္းလွည့္ၾကည့္လာသည့္မ်က္လုံးမ်ားကိုလည္း မင္ေသေသျဖင့္ လွစ္လ်ဴသာရႈလိုက္ေတာ့သည္။

ေန႕လယ္ခင္းထမင္းစားနားခ်ိန္ကိုေရာက္ေတာ့ သူလည္း ေန႕လယ္စာထြက္စားရန္ျပင္လိုက္၏။ အျခားသူမ်ားထြက္ေနသည့္အခ်ိန္မို႔ လူရွင္းသည့္အခ်ိန္ထိ စိတ္ရွည္ရွည္ျဖင့္ေစာင့္လိုက္ၿပီးမွ ထရပ္ဖို႔ျပင္လိုက္စဥ္...

"ေကာင္းသြင္ၾကည္ျဖဴ မင္းနဲ႕ငါ စကားေျပာရေအာင္"

နာမည္ကိုတိုက္ရိုက္ေခၚကာေျပာလာသည္မို႔လွည့္ၾကည့္လိုက္မိသည္။ အတန္းထဲ၌ သူႏွင့္စိမ္းရင့္မိုင္းတို႔အဖြဲ႕သာက်န္ခဲ့ျခင္းပင္။

သူနာရီကိုတစ္ခ်က္ငုံ႕ၾကည့္လိုက္ရင္း ျပန္ေျပာလိုက္သည္။

"ငါ သုံးမိနစ္အခ်ိန္ရတယ္ ေျပာ"

"မင္းဘာလို႔ ငါ့Requestကို လက္မခံတာလဲ"

"လက္ခံစရာမလိုလို႔"

သက္သက္လာရႈပ္ေနသည္ဟူ၍ခံစားေနမိသည္မို႔ သူလည္းအားနာမေနေတာ့။ ဘာလို႔အေရးမပါတာေတြလာေမးေနတာလဲ။

သူႏွင့္စိမ္းရင့္မိုင္းက အရပ္ေတာ့သိပ္မကြာေသာ္လည္း သူ႕အရပ္ကပိုရွည္သည္ဆိုတာကေတာ့သိသာပါသည္။ ေမးအနည္းငယ္ပင့္ကာၾကည့္ေနသူ၏မ်က္ႏွာက နာမည္ႏွင့္လိုက္ဖက္စြာပင္ ေမးဖ်ားႏွင့္ႏႈတ္ခမ္းေမႊးေပါက္ရာေနရာတို႔၌ အေမႊးအမွ်င္တို႔လုံးဝမရွိေအာင္ရိပ္သင္ထားသည္မို႔ စိမ္းျမျမျဖစ္ေန၏။ မ်က္ဝန္းတို႔ကမႈန္မႈန္မွိုင္းမွိုင္းႏွင့္ မ်က္ႏွာအမူအရာက ခပ္ရင့္ရင့္။

"ငါက မင္းကိုတကယ္ႀကိဳက္လို႔ လာAddတယ္မ်ားထင္ေနလား"

"မေန႕ကေတာ့ မထင္ေပမဲ့ ခုေတာ့ ထင္ခ်င္လာၿပီ၊ မင္းငါ့ကို ႀကိဳက္ေနလို႔လား"

ဆတ္ဆတ္ထိမခံသည့္မ်က္ႏွာေပးႏွင့္လာေျပာေနသည္မို႔ ႐ြဲ႕ေမးလိုက္မိေတာ့...

"ဘာ! ငါက မင္းကိုဘာလို႔ႀကိဳက္ရမွာလဲ"

အသည္းအသန္ေအာ္လာသည့္ႏႈတ္ခမ္းပါးတို႔အား သူသတိမျပဳဘဲမေနနိုင္သည္အထိ။ စေတာ္ဘယ္ရီေရာင္လား၊ ခ်ယ္ရီေရာင္လားေတာ့ သူမခြဲတတ္ေသာ္လည္း ေတာ္ေတာ္ေလးေတာ့လွသည္။ သူကိုရန္ေတြ႕ေနခ်ိန္၌ ပိုသေဘာက်စရာေကာင္း၏။ ေနာက္ ေအာက္ႏႈတ္ခမ္းညာဘက္ေထာင့္စြန္းရွိ မွဲ႕နက္ေသးေသးေလး။

"မင္းမႀကိဳက္ဘူးဆိုရင္လည္း ခုေလာက္ထိေဒါသထြက္ေနစရာမလိုဘူးထင္တယ္၊ သုံးမိနစ္ျပည့္ၿပီမလို႔ ငါသြားၿပီ"

ေျပာၿပီးေနာက္လွည့္ထြက္ဖို႔ျပင္လိုက္စဥ္ သူ႕လက္ေမာင္းအားဆြဲလာသည့္လက္တစ္ဖက္။

"မင္း ငါ့မိဘနဲ႕စကားလိုက္ေျပာေပး"

"....."

သူ အထူးအဆန္းစကားေၾကာင့္လွည့္ၾကည့္လိုက္မိေတာ့ သူ႕လက္ေမာင္းကိုဆြဲထားၿပီး မ်က္ႏွာက မၾကည္မသာျဖစ္ေနသူ။

"ငါ သူတို႔ကိုရွင္းျပေပမဲ့ သူတို႔ကမယုံဘူး"

"မင္းအဆူခံရလို႔လား"

"မဆူပါဘူး၊ ငါ့ကို နားလည္သလိုေတြလာေျပာတာ မခံစားနိုင္လို႔၊ အဲ့ဒါနဲ႕ ဒီေန႕မင္းကိုေခၚလာခဲ့မယ္လို႔ ေျပာခဲ့လိုက္တာ၊ အဲ့ဒါေၾကာင့္ လိုက္ေပးပါလား"

သူသက္ျပင္းတစ္ခ်က္ရွိုက္လိုက္မိသည္။ အလုပ္ပိုေတြ လုပ္ခ်င္စိတ္မရွိေသာ္လည္း ေရွ႕မွမ်က္ႏွာငယ္ေလးက သူ႕အားျငင္းဆန္ခြင့္မျပဳသလို ခံစားလိုက္ရ၏။ သူ႕လက္ေမာင္းအားဆုပ္ကိုင္ထားသည့္လက္အားလည္း ဖယ္မခ်နိဳင္သလိုျဖစ္ေနသည္။

"လုပ္ပါ Roll Oneရာ ၊ ဒီေကာင္က ေတာ္႐ုံအကူအညီေတာင္းတတ္တာမဟုတ္ဘူး၊ ဒီတစ္ႀကိမ္က်မွ ငါတို႔လည္းသူ႕ကိုမကူညီနိုင္ျဖစ္ေနလို႔ပါ"

"ဟုတ္တယ္ ကူညီေပးနိုင္တာလည္း မင္းပဲရွိတာ၊ ဒီတစ္ေန႕လုံး ဒီေကာင္မင္းကိုေျပာဖို႔အေရး စိတ္ကိုျပင္ဆင္ေနခဲ့တာကြ၊ အပန္းမႀကီးရင္ ကူညီေပးလိုက္ပါကြာ"

"ဟုတ္ပါတယ္ကြာ၊ ဒီတစ္ႀကိမ္ေလးပဲ ကူညီေပးလိုက္ပါ၊ ငါတို႔ေတာင္းဆိုပါတယ္"

ေဘးမွ စိမ္းရင့္မိုင္း၏သူငယ္ခ်င္းကပါေျပာေပးလာၾကသည္မို႔ သူတစ္ခ်က္စဥ္းစားလိုက္မိၿပီးေနာက္...

"ငါဖုန္းနဲ႕ပဲေျပာေပးလို႔မရဘူးလား"

"ငါ့ကိုညာတယ္ထင္မွာေပါ့"

"Video callေရာ?"

"မရဘူး ငါက ေခၚလာမယ္လို႔ေျပာခဲ့တာ၊ မင္းကို ငါ့သူငယ္ခ်င္းလို႔ပါေျပာခဲ့မိလို႔ ငါတို႔က သူငယ္ခ်င္းဆက္ဆံေရးျပေပးရဦးမွာကြာ"

"ငါတို႔က သူငယ္ခ်င္းေတြမွမဟုတ္ဘဲ၊ အဆင္ေျပမယ္မထင္ဘူး"

"မင္းဟန္ေဆာင္စရာမလိုပါဘူး၊ ပုံမွန္ပဲေနလို႔ရတယ္၊ ငါဘက္ကစကားေျပာရင္သာ အလိုက္သင့္ျပန္ေျပာေပး"

သည္လိုႏွင့္ပထမဆုံးအႀကိမ္ စိမ္းရင့္မိုင္း၏အိမ္သို႔ေရာက္ဖူးခဲ့ျခင္း။

"ငါ့ကို မိုင္းလို႔ေခၚ ၊ ငါကမင္းကို ေကာင္းသြင္လို႔ေခၚမယ္"

ေဘးနားကပ္ၿပီး တိုးတိုးလာေျပာသည္မို႔...

"အင္း"

စိမ္းရင့္မိုင္းတို႔အိမ္က သုံးထပ္တိုက္ျဖစ္ၿပီး ၿခံဝင္းက်ယ္တစ္ခုအတြင္းေဆာက္ထားျခင္းျဖစ္သည္။ ၿခံထဲရွိေျမကြက္လပ္တို႔၌လည္း အပင္တို႔ကေတာ္ေတာ္ေလးစုံလင္လွ၏။ သစ္ခြမ်ိဳးစုံရွိၿပီး အပြင့္တို႔ကလည္း ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ပင္။

"ေမေမေရ ကိုႀကီးေက်ာင္းကျပန္လာၿပီ၊ ဧည့္သည္ကိုႀကီးလည္းပါလာတယ္"

အိမ္ထဲဝင္လိုက္သည္ႏွင့္ သူတို႔ထက္အေတာ္ေလးငယ္ေသာ ကေလးတစ္ေယာက္ကိုေတြ႕လိုက္ရၿပီး ထိုကေလးကလည္း သူတို႔ကိုျမင္သည္ႏွင့္ ဝမ္းသာအားရျဖင့္ မိခင္ျဖစ္သူအား ေအာ္ေခၚရင္း ေနာက္သို႔ဝင္သြားသည္။

"ငါ့ညီ သုခမိုင္း"

ေဘးမွအသိေပးသလိုေျပာလာသည္မို႔ 'အင္း'ဟုသာတုံ႕ျပန္လိုက္၏။ မၾကာခင္ မိခင္ျဖစ္ဟန္ရသည့္အမ်ိဳးသမီးက အၿပဳံးႏွင့္အတူထြက္လာၿပီး သူမေနာက္၌လည္း ခုဏကကေလးကကပ္ပါလာသည္။

"သားႀကီးက သူငယ္ခ်င္းကို တကယ္ေခၚလာတာပဲ၊ ေမေမတို႔က သားကိုစလိုက္တာပါ"

"စတယ္ဆိုေပမဲ့ ကြၽန္ေတာ္မွမႀကိဳက္တာ၊ ေဖေဖေရာ အလုပ္က ျပန္မလာေသးဘူးလား"

"ခဏေနရင္ေရာက္ေတာ့မွာပါ၊ ကဲ သူငယ္ခ်င္းကို အေပၚထပ္ေခၚသြားလိုက္ဦး၊ ထမင္းစားခါနီးမွ ေမေမလာေခၚမယ္၊ ႐ုပ္က ဆူပုပ္မေနနဲ႕ ေဖေဖလာရင္ အဆူခံရဦးမယ္"

"သူက ကြၽန္ေတာ့္ကိုအၿမဲဆူေနက်ပဲဟာ၊ လာ ေကာင္းသြင္ ငါတို႔အေပၚအရင္တက္မယ္"

အေမျဖစ္သူက အၿပဳံးမပ်က္ေသာ္လည္း စိမ္းရင့္မိုင္းႏွင့္ သူ႕ဖခင္ျဖစ္သူက ဆက္ဆံေရးသိပ္မေျပလည္ပုံပင္။

"ဒါဆို ခြင့္ျပဳပါဦး အန္တီ"

စိမ္းရင့္မိုင္း၏အေမက သူ႕အားၿပဳံးရင္းျဖင့္ေခါင္းညိတ္ျပလာသည္။ သူတို႔ ေလွကားရင္းသို႔ေရာက္သြားၿပီး အေပၚထပ္ကိုတက္ဖို႔လုပ္လိုက္ေတာ့ ေနာက္မွကေလးသံကထြက္လာ၏။

"ကိုႀကီး သား ဒီလ အဆင့္ႏွစ္ရတယ္"

စိမ္းရင့္မိုင္း၏ေျခလွမ္းတို႔ အနည္းငယ္တုံ႕သြားသည္ကိုသတိျပဳလိုက္မိသည္။ သို႔ေသာ္ ဘာမွမတုံ႕ျပန္ဘဲဆက္သြားဖို႔ျပင္ေနသည္မို႔ လက္ေကာက္ဝတ္ကိုဖမ္းဆြဲလိုက္မိေတာ့ လွည့္ၾကည့္လာ၏။

"ကေလးကို တစ္ခုခုျပန္ေျပာလိုက္"

"မင္းနဲ႕မဆိုင္ဘူး"

ခပ္ရင့္ရင့္ျပန္ေျပာၿပီး လက္ကိုျပန္ဆြဲယူေနသည္အား လႊတ္မေပးမိ။

"အခုလည္း ငါနဲ႕မဆိုင္တဲ့ကိစၥကို အခ်ိန္ကုန္ခံကူညီေနရတာ၊ အဲ့ဒါေၾကာင့္ ငါေတာင္းဆိုတာ ျပန္လုပ္"

"မလုပ္ဘူး"

"စိမ္းရင့္မိုင္း"

သူအသံကိုဖိကာ ခပ္ႀကိတ္ႀကိတ္ေခၚလိုက္ေတာ့ ေဒါသမ်က္ဝန္းတို႔က စူးခနဲေရာက္လာသည္။

"ဘာလဲ မင္းကေရာသူ႕ဘက္ကပဲလား၊ တစ္ေလာကလုံးသူ႕ဘက္မွာရွိေနၿပီကို ငါကပါခ်ီးက်ဴးေပးဖို႔လိုေနေသးတာလား"

ေျပာရင္းႏွင့္အသံတုန္သြားသည္ကိုသတိထားလိုက္မိသည္မို႔ သူလက္ကိုပင္အားေလွ်ာ့ေပးလိုက္မိသည္အထိ။ စိမ္းရင့္မိုင္းက လက္ကို႐ုန္းထြက္သြားၿပီး သူ႕ကိုစူးခနဲတစ္ခ်က္ၾကည့္သည္။ ထို႔ေနာက္ သူ႕ေနာက္သို႔ေက်ာ္ၾကည့္လိုက္ၿပီး...

"ေအး ေတာ္တယ္"

ညီျဖစ္သူအားလွမ္းေျပာလိုက္အၿပီး သူ႕အား 'ရၿပီလား'ဟူသည့္သေဘာျဖင့္ တစ္ခ်က္ၾကည့္လာကာ အေပၚထပ္သို႔တက္သြားေတာ့၏။ သူလည္း‌ ေနာက္သို႔တစ္ခ်က္ၾကည့္လိုက္ေတာ့ သုခမိုင္းတစ္ေယာက္ သူ႕အစ္ကိုျဖစ္သူ၏ေက်ာျပင္အားၾကည့္ကာ အေက်နပ္ႀကီးေက်နပ္ေနသည့္အၿပဳံးျဖင့္ရွိေနသည္ကို ေတြ႕လိုက္ရသည္။

စိမ္းရင့္မိုင္း၏အခန္းက သူ႕အျမင္တြင္ေတာ့ ေတာ္ေတာ္ေလးခပ္ရႈပ္ရႈပ္။ ပင္တိုင္ကိုယ္သင္းနံ႕သင္းသင္းေလးကေတာ့ သေဘာက်ခ်င္စရာေကာင္းေသာ္လည္း စားပြဲေပၚ၌ စာအုပ္တို႔က ရႈပ္ပြေနၿပီး အိပ္ရာလည္းသိမ္းမထားသည့္ပုံပင္။ အဝတ္တို႔ကလည္း ဟိုတစ္ေနရာ၊ သည္တစ္ေနရာ။

"နည္းနည္းေတာ့ရႈပ္တယ္၊ ရွင္းတဲ့ေနရာမွာသာဝင္ထိုင္လိုက္၊ ငါေရခ်ိဳးလိုက္ဦးမယ္"

'ေတာ္ေတာ္ရႈပ္တာပါ'ဆိုၿပီး စိတ္ထဲကေျပာလိုက္မိရင္း အခန္းပိုင္ရွင္ေရခ်ိဳးခန္းထဲဝင္သြားသည္အထိ သူ႕မွာ မထိုင္ျဖစ္ေသး။ ေက်ာပိုးအိတ္ကို တစ္ခုတည္းေသာထိုင္စရာဟုသူျမင္သည့္ ကုလားထိုင္ေလးထက္တင္လိုက္ၿပီးေနာက္ ျပန႔္ႀကဲေနေသာအဝတ္တို႔အား အျမင္မေတာ္စြာ လိုက္ေကာက္ၿပီး ျခင္းအလြတ္ထဲထည့္လိုက္မိသည္။ စိမ္းရင့္မိုင္းတစ္ေယာက္က အဝတ္ျခင္းကိုရွိသည္ဟူ၍ေတာင္ ထင္ပုံမေပၚေပ။

အဝတ္မ်ားရွင္းၿပီးေနာက္ အိပ္ရာနားသို႔ေရာက္သြားသည္မို႔ ေစာင္း႐ြဲ႕ေနသည့္ေခါင္းအုံးတို႔အား ေသခ်ာျပန္တည့္ေပးလိုက္ၿပီး ေစာင္အားေခါက္ကာ ေျခရင္း၌ သပ္သပ္ရပ္ရပ္တင္ေပးလိုက္သည္။ အိပ္ရာခင္းအား၏ ျပန႔္ျပဴးသြားေအာင္ဆြဲဆန႔္ေပးလိုက္ၿပီးေနာက္ ထပ္ၿပီးအျမင္မေတာ္သည္က စားပြဲေပၚရွိစာအုပ္မ်ား။ ပီေကစားၿပီး အခြံကိုလည္းပစ္မထားေပ။

သက္ျပင္းဖြဖြခ်ရင္း စာအုပ္မ်ားကို ထုတ္ရလြယ္ေအာင္ စနစ္တက်စီေပးလိုက္ၿပီးေနာက္ ထြက္လာသည့္အမွိုက္မ်ားကို အခန္းေထာင့္ရွိအမွိုက္ပုံးထဲသို႔သြားထည့္လိုက္စဥ္ စိမ္းရင့္မိုင္းက ေရခ်ိဳးခန္းထဲမွထြက္လာေတာ့၏။

အခ်ိန္ခဏအတြင္းသပ္ရပ္သြားသည့္ သူ႕အခန္းအား အံ့ဩတႀကီးၾကည့္လိုက္ရင္း...

"ဝိုး မင္းရွင္းလိုက္တာလား"

"အင္း"

"ဟားဟား ေက်းဇူးပဲကြာ ငါလည္းရွင္းဖို႔ပ်င္းေနတာနဲ႕ ဒီတိုင္းၾကည့္ေနမိခဲ့တာ"

ပါးစပ္ကေျပာရင္း လက္ထဲမွတဘက္အစိုကို အိပ္ရာထက္ ပစ္တင္ဖို႔လုပ္ေနသည္မို႔...

"တဘက္ကို တန္းမွာတင္"

ေျပာရင္းႏွင့္ ပစ္ခ်ခါနီးအေျခအေနမွ တဘက္ကိုဆြဲယူလိုက္ၿပီးေနာက္ ခပ္လွမ္းလွမ္းမွစင္ဆီသို႔သြားကာ တန္းတစ္ခုထက္တင္လွမ္းလိုက္ရင္း...

"အိပ္ရာခင္းကိုေရစိုရင္ နံသြားတတ္တယ္"

"ရပါတယ္ကြာ နံသြားလည္း လဲေပးဖို႔ေျပာလိုက္႐ုံပဲ"

သူဘာမွမေျပာဘဲသာေနလိုက္ေတာ့သည္။ မ်က္လုံးထဲ ျဖဴဝင္းေနသည့္ ေရစိုခႏၶာကိုယ္၏ပုံရိပ္က စြဲၿမဲစြာကပ္ပါလာသည္မို႔ စားပြဲေပၚမွ စာအုပ္တစ္အုပ္ကိုယူလိုက္ရင္း မ်က္လႊာခ်ကာ စာအုပ္ထဲစိတ္ကိုႏွစ္ဖို႔လုပ္လိုက္ေတာ့၏။

"ေကာင္းသြင္... ေကာင္းသြင္"

"ဟင္... ဪ အင္း ငါစာအုပ္ထဲစိတ္ေရာက္သြားလို႔"

သူေမာ့ၾကည့္လိုက္ေတာ့ အဝါႏုေရာင္တီရွပ္ခပ္ပြပြႏွင့္ ခ်ည္သားေဘာင္းဘီရွည္အျဖဴေရာင္ကိုဝတ္ထားသူအား ေတြ႕လိုက္ရသည္။

"မင္းဘာဖတ္ေနတာလဲ"

"ဦးႏုရဲ႕ မိတၱဗလဋီကာ၊ မင္းစားပြဲေပၚကပဲေလ"

"ဟမ္ ငါ့စားပြဲေပၚရွိတာလား"

စိမ္းရင့္မိုင္းအား သူေျပာစရာစကားမရွိေတာ့။ သူႏႈတ္ဆိတ္ေနေတာ့ သူ႕အားရယ္ျပလာသည္။ မသိရင္ ေလွကားမွာတုန္းက စိတ္ဆိုးသြားသူက သူမဟုတ္သလိုပင္။

"ငါ့အေဖလာထားေပးသြားတာေနမယ္၊ ငါက စာဖတ္ရတာမႀကိဳက္ဘူးေလ၊ အဲ့ဒါေၾကာင့္မသိတာ"

"ဪ"

"အင္း မင္းကလည္း စကားနည္းလိုက္တာ၊ ေက်ာင္းမွာ သူငယ္ခ်င္းမရွိတာ မပ်င္းဘူးလား"

"ငါ့မွာ ပ်င္းဖို႔အခ်ိန္မရွိဘူး"

"ငါတို႔ သူငယ္ခ်င္းလုပ္ၾကမလား၊ ၾကည့္ရတာ ငါတို႔ေပါင္းလို႔ အဆင္ေျပတယ္ထင္တာပဲ"

"မလုပ္တာေကာင္းမယ္၊ ဘာသတင္းမွထပ္မထြက္ခ်င္ရင္"

စိမ္းရင့္မိုင္းက စားပြဲေဘးရွိနံရံကိုေက်ာမွီရင္း ပ်င္းရိပ်င္းတြဲျဖင့္ရယ္လာသည္။ မ်က္ေတာင္ရွည္တို႔စင္းက်ၿပီး ရယ္ေနပုံက ေတာ္ေတာ္ၾကည့္လို႔ေကာင္းသည္ဟု မွတ္ခ်က္ျပဳမိရင္း အၾကည့္လႊဲကာ စာအုပ္ကိုျပန္ၾကည့္ဖို႔ျပင္လိုက္ေတာ့...

"မင္းအခု မ်က္ႏွာေတြရဲေနတယ္ ေကာင္းသြင္"

ေျပာလာသည့္စကားေၾကာင့္ သူအလိုမက်သလို ျပန္ၾကည့္လိုက္ေတာ့ ရယ္ေနသည့္မ်က္ႏွာက တည္ရွိေနဆဲ။

"မင္းသာ ငါ့ကိုသူငယ္ခ်င္းမေတာ္ရင္ ငါ့ကိုႀကိဳက္ေနတယ္လို႔ အထင္မွားမိေတာ့မယ္"

ေျပာရင္း ၿပဳံးစစႏွင့္ၾကည့္ေနသူအား သူစိုက္ၾကည့္ေနမိသည္။ နဖူးျပင္ထက္ ဆံပင္တိုတို႔က ေရအနည္းငယ္စိုကာ က်ဆင္းေနၿပီး မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကလည္း အျပစ္အနာအဆာမရွိေခ်။ ေခါင္းအစေျခအဆုံး စုန္ခ်ည္ဆန္ခ်ည္ၾကည့္လိုက္ၿပီးေနာက္...

"ေကာင္းၿပီေလ"

ထိုေန႕ညေနက သူတို႔ကအမွန္တကယ္သူငယ္ခ်င္းျဖစ္သြားသည္မို႔ လူႀကီးမ်ားကိုလိမ္စရာမလိုေတာ့။ သူအိမ္ျပန္ေနာက္က်မည္ျဖစ္ေၾကာင္း အိမ္ကိုအသိလွမ္းေပးသည့္အခ်ိန္၌ ေမေမက သူ႕အား ဘယ္အခ်ိန္ကတည္းက သူငယ္ခ်င္းရေစခ်င္ေနသည္မသိ၊ တစ္ညလုံးျပန္မလာလွ်င္ေတာင္ရသလိုမ်ိဳး ခြင့္ျပဳလာေသးသည္။ မိုင္း၏မိဘမ်ားႏွင့္ထမင္းလက္ဆုံစားျဖစ္ၾကေတာ့ သားအဖဆက္ဆံေရးကို သတိျပဳမိခဲ့၏။

"မိုင္းရဲ႕သူငယ္ခ်င္းေတြထဲမွာ သားကိုပဲစိတ္တိုင္းက်ေသးတယ္၊ ဦးတို႔သားကို ထိန္းေပးပါဦးကြာ"

"ကြၽန္ေတာ့္အျခားသူငယ္ခ်င္းေတြလည္း အရမ္းေကာင္းတာမလို႔ ေဖေဖယွဥ္မေျပာတာေကာင္းလိမ့္မယ္"

"မင္းရည္းစားေတြထည္လဲတြဲေနတာကို အားေပးအားျမႇောက္လုပ္ေနၾကကတည္းက ငါကၾကည့္မရတာ"

"သူတို႔အားမေပးလည္း ကြၽန္ေတာ္က တြဲေနမွာပဲ၊ ပုံမွန္အတိုင္း ေဖေဖ့သားငယ္ေလးကိုပဲ ဂ႐ုစိုက္ပါဗ်ာ၊ ကြၽန္ေတာ့္ကို ဘာျဖစ္ျဖစ္လႊတ္ထားေပး"

"သားႀကီး ေတာ္ေတာ့"

မိခင္ျဖစ္သူကဝင္တားမွ ႏွစ္ေယာက္လုံးၿငိမ္သြားၾကသည္။ မိသားစုကိစၥမို႔ သူဝင္လည္းမပါမိသလို စိတ္အႏွောင့္အယွက္လည္းမျဖစ္ပါ။ ပတ္ဝန္းက်င္ေၾကာင့္ သူ၏လုပ္ေဆာင္ခ်က္ေတြအေပၚ အဟန႔္အတားမ်ိဳးမျဖစ္ေအာင္ အၿမဲေလ့က်င့္ထားခဲ့သည္မို႔ ညေနစာကိုပုံမွန္အတိုင္းစားနိုင္ခဲ့ပါ၏။

အျပန္၌ မိုင္းအေဖက သူ႕ဒရိုင္ဘာျဖင့္ သူ႕အားျပန္ပို႔ေစသည္။ မိုင္းကလည္းလိုက္မည္ဟုဆို၍ အျပန္လမ္း၌ ႏွစ္ေယာက္သားစကားေျပာျဖစ္ၾကသည္။ စကားေျပာသည္ဆိုသည္ထက္ မိုင္းေျပာသည္ကို သူနားေထာင္ေပးရသည္ကပိုမ်ားပါ၏။ သူမထင္ထားေလာက္ေအာင္ကို မိုင္းကစကားမ်ားလြန္းသည္။ သို႔တိုင္ သူ႕ကိုယ္သူလည္းျပန္အံ့ဩရေစသည္အထိ မိုင္းေျပာသမွ်ကို စိတ္မပ်က္စတမ္းနားေထာင္ေနမိရင္း တုံ႕ျပန္စကားကို အေကာင္းဆုံးေ႐ြးခ်ယ္ေျပာမိေနျခင္းပင္။

"ငါက ငါ့ရဲ႕ေနမေကာင္းတဲ့ညီေလးကို မနာလိုျဖစ္ေနတဲ့အစ္ကိုတစ္ေယာက္ျဖစ္ေနၿပီမလား"

မိုင္း၏အသံက သူ႕ကိုယ္သူအလိုမက်သည့္အသံမ်ိဳးပင္။ ျပင္ပ၌မိုးအုံ႕ေနသည္မို႔ ပုံမွန္ထက္ပို၍ေမွာင္ေန၏။ နံေဘးမွသူအားလွည့္ၾကည့္လိုက္ေတာ့ မ်က္လႊာခ်လ်က္ ထိုင္ခုံထက္ေက်ာမွီကာ ပ်င္းရိပ်င္းတြဲထိုင္ေနသည္။ သူကေတာ့ခပ္မတ္မတ္ထိုင္ေနျခင္းျဖစ္ၿပီး ပုံစံႏွစ္ခုမွာ လုံးဝကိုဆန႔္က်င္ဘက္ပါေပ။

"မင္းသူ႕ကိုသေဘာက်ပါတယ္"

သူမိုင္းပုံစံအားၾကည့္ၿပီး ထိုသို႔ျပန္ေျပာလိုက္ေတာ့ ရယ္သံတစ္ခ်က္ထြက္လာသည္။

"ဘာကိုၾကည့္ၿပီးေျပာတာလဲ၊ ငါ့ေဆြမ်ိဳးေတြကေတာင္ ငါ့ကို စိတ္ေကာင္းမရွိတဲ့အစ္ကိုလို႔ သတ္မွတ္ထားၾကတာ"

"မင္းသာတကယ္အဲ့ဒီလိုဆို ခုလိုေမးခြန္းထြက္မလာဘူး"

ႏွစ္ေယာက္သားမ်က္လုံးခ်င္းဆုံသြားၾက၏။ သူကအရင္အၾကည့္လႊဲလိုက္ၿပီးေနာက္ ဘာစကားမွဆက္မေျပာမိၾကေတာ့။

အိမ္ကိုျပန္ေရာက္ေတာ့ ေမေမက 'ေနာက္ဆိုသူငယ္ခ်င္းကိုအိမ္ထဲေခၚလာခဲ့'ဟူ၍ ေျပာလာသည္။ ထိုေန႕မွစ၍ မိုင္းႏွင့္သူတို႔ စတင္၍ရင္းႏွီးခဲ့ၾကပါ၏။

ေနာက္ေန႕မ်ားတြင္ မိုင္းက အားသည့္အခ်ိန္တိုင္း သူ႕ဆီသို႔ေရာက္လာတတ္သည္။ ကန္တင္းထိုင္ခ်ိန္၌လည္း သူထိုင္ရာေနာက္တြင္သာလိုက္ထိုင္သည္မို႔ ႏွစ္ပတ္ေလာက္ၾကာေတာ့ အက်င့္ပင္ျဖစ္သြား၏။ အျခား မိုင္း၏သူငယ္ခ်င္းမ်ားႏွင့္ေတာ့ ေမးထူးေခၚေျပာဆက္ဆံေရးသာရွိေသာ္ျငား အမ်ားအျမင္တြင္ေတာ့ တစ္ဖြဲ႕တည္းလိုျဖစ္ေနၾကသည္။

အြန္လိုင္းေပၚမွေကာလဟလမ်ားက ၾကာလာေတာ့ အမ်ားစုအတြက္စိတ္ဝင္စားစရာမဟုတ္ေတာ့ေသာ္ျငား လုံးဝေပ်ာက္သြားသည္ေတာ့မဟုတ္ေခ်။

မိုင္းက အစသန္သည္မွန္း ေပါင္းမိမွသိေတာ့သည္။ တစ္ခါတရံ လူအမ်ားၾကား သူ႕လက္ေမာင္းအားခ်ိတ္လိုက္တတ္သည္။ တစ္ခါတေလဆိုလွ်င္ သူစားေနသည့္ပန္းကန္ထဲမွ စားခ်င္တာကိုယူစားသြားတတ္၏။ သူကဘာမွမေျပာေလ ေရာင့္တက္လာေလပင္။ ေနာက္ဆုံး သူ႕Airpodsတစ္ဖက္ကေတာင္ မိုင္းအပိုင္လိုျဖစ္သြားေတာ့၏။ အြန္လိုင္းတြင္ ဓာတ္ပုံမ်ားကေတာ့ တစ္ပတ္တစ္ႀကိမ္ေလာက္တက္ေနသည္သာ။

ပိုဆိုးသည္မွာ မိုင္းက ရည္းစားမ်ားထပ္မထားေတာ့ျခင္း။ ဒါကိုလည္း သူႏွင့္သက္ဆိုင္သည္ဟုသာ ေျပာေနၾကသည္။ သူကလည္း ထိုအေျခအေနအားေက်နပ္မိသလိုလိုပင္။

"အဲ့သီခ်င္းေက်ာ္လိုက္၊ နည္းနည္းပ်င္းဖို႔ေကာင္းတယ္"

ယခင္ကဆို ကိုယ့္ဘာသာေအးေဆးသီခ်င္းနားေထာင္ေလ့ရွိရာမွ ယခုတြင္ေတာ့ နားေထာင္ေနသည့္သီခ်င္းကို ပိုင္စိုးပိုင္နင္းေက်ာ္ဖို႔လုပ္ေနသူရွိလာခဲ့သည္။

"ငါ့ကို စာရွင္းျပပါဦး၊ တီခ်ယ္သင္ေနတုန္း အိပ္ခ်င္စိတ္ကိုထိန္းထားရတာနဲ႕ သိပ္နားမလည္လိုက္ဘူး"ဆိုၿပီး စာအုပ္ကိုင္ကာလာရွင္းျပခိုင္းတတ္သည္။

အခ်ိန္တို႔ၾကာလာသည္ႏွင့္အမွ် စိမ္းရင့္မိုင္းတို႔က သူ႕ဂုတ္ေပၚတက္မစီးတာေတာင္ ေက်းဇူးတင္ရမလိုျဖစ္လာေတာ့၏။ တစ္လေလာက္ၾကာေတာ့ သူ႕အိမ္သို႔လိုက္လာသည္။ သူအေမကိုကပ္ခြၽဲလြန္းလို႔ ေမေမက သူ႕ကိုပင္လွည့္မၾကည့္ေတာ့။ 'မိုင္းေလး'ဆိုၿပီး ပါးစပ္ကမခ်။ သူ႕အေဖလိုအစသန္သူႏွင့္လည္း စေဖာ္ေနာက္ဖက္မ်ားျဖစ္လာေတာ့သည္။

ဒါတင္မကေသး၊ သူ႕အခန္းထဲသို႔လာၿပီး လုပ္ခ်င္တာလုပ္သည္။ ဖြခ်င္သလိုဖြသည္။ အစပိုင္းလိုက္ေျပာျဖစ္ေသာ္ျငား ေနာက္ပိုင္းတြင္ သူေလကုန္႐ုံသာအဖတ္တင္သည္မို႔ ထိုအရႈပ္ေတာ္ပုံေလးျပန္သြားသည္အထိေစာင့္ၿပီးမွ ရွင္းရေတာ့၏။

တျဖည္းျဖည္းႏွင့္ သူ႕ရင္ခုန္သံကိုလည္း သတိထားမိလာသည္။ ေသခ်ာေအာင္ဆန္းစစ္ၿပီးေနာက္တြင္ေတာ့ သူဟာ သူႏွင့္အက်င့္ဗီဇဆန႔္က်င္ဘက္ျဖစ္ေသာ ထိုေကာင္ေလးအား သေဘာက်ေနမိၿပီဆိုသည္အား သိရွိခဲ့ပါ၏။ သူ႕လက္ေမာင္းအားလာခ်ိတ္သည့္အခ်ိန္တိုင္းဆြဲေပြ႕ခ်င္သည့္စိတ္မ်ား၊ သူ႕ကိုစာလာေမးသည့္အခ်ိန္တိုင္း မ်က္လႊာခ်ထားတတ္သည့္မ်က္ဝန္းတို႔အား ခပ္ဖြဖြနမ္းရွိုက္ခ်င္စိတ္မ်ား၊ လည္တိုင္ဝင္းဝင္းကိုလွစ္ဟထားတိုင္း အမွတ္အသားတို႔ျပဳခ်င္စိတ္မ်ား၊ ေဖာ့ဖေယာင္းသဖြယ္ လက္ေခ်ာင္းသြယ္တို႔အား မလႊတ္တမ္းဆုပ္ကိုင္ထားခ်င္စိတ္မ်ား... စသည္ျဖင့္ အေတြးတို႔က မရိုးသားနိုင္ေတာ့။

ေနာက္ဆုံးတြင္ေတာ့ အခ်စ္ဟူသည့္စကားလုံးသည္ သူႏွင့္သက္ဆိုင္လာခဲ့ၿပီပင္။ အသန႔္ႀကိဳက္သည့္သူက သူ႕အခန္းကိုလာဖြတတ္သူအား ၿငိဳျငင္စိတ္မျဖစ္ေတာ့။ ခ်စ္ဖို႔ေကာင္းသည္ဟုပင္ ျမင္လာမိသည္အထိပင္။

သဘာဝမွဆန႔္က်င္ေနသည့္ခ်စ္ျခင္းတရားကို သူလက္ခံနိုင္ပါ့မလားဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ေသခ်ာသည္အထိ စစ္ေဆးခဲ့မိသည္။ ဆန႔္က်င္ဘက္ျဖစ္ေနသည့္အက်င့္မ်ား၊ ထိုလူရႈပ္ေလး၏ ရႈပ္ေထြးလြန္းေသာအခ်စ္ေရးမ်ားႏွင့္ ပတ္ဝန္းက်င္...အရာအားလုံးကို သူလက္ခံနိုင္ပါ့မလားဆိုၿပီး ဆန္းစစ္ၿပီးသည့္ေနာက္တြင္ေတာ့ မိုးတို႔သည္းထန္စြာ႐ြာသည့္တစ္ညေန၌ ထီးအၿမဲေမ့တတ္သူအား အခြင့္အေရးယူကာ ဖြင့္ေျပာလိုက္ေတာ့သည္။

ကားနားထိလိုက္ပို႔မည္ဟူ၍ေခၚလာခဲ့ၿပီးေနာက္ လူရွင္းသည့္ဘက္ကိုဆြဲေခၚလာမိေတာ့ ေၾကာင္ေတာင္ေတာင္ႏွင့္လိုက္လာသူ။ သူ႕အားေရမစိုေအာင္ဂ႐ုစိုက္မိရင္း ကိုယ့္ေက်ာတစ္ျပင္လုံး ေရ႐ႊဲ႐ႊဲစိုေနသည္ကိုပင္ဂ႐ုမစိုက္မိ။ ရင္တြင္းမွ ခုန္ေပါက္ေနသည့္အေကာင္ေၾကာင့္ ေက်ာေအးသည္ကိုပင္သတိမထားနိုင္ခဲ့ပါ။

"ေကာင္းသြင္ မင္းဘယ္သြားဖို႔လုပ္ေနတာလဲ"

ခ်က္ခ်င္းျပန္မေျဖနိုင္ဘဲ အရိပ္ရေသာအပင္ႀကီးတစ္ပင္ေအာက္၌ ရပ္လိုက္မိသည္။ ထို႔ေနာက္ ဘာမွမေျပာခင္ သူ႕အားေမာ့ၾကည့္ေနသည့္မ်က္ႏွာေလးအား စူးစိုက္ၾကည့္လိုက္မိအၿပီး...

"မိုင္း ေသခ်ာနားေထာင္ေနာ္"

မိုးကပိုသည္းလာ၏။ မိုင္းက အေျခအေနကိုရိပ္မိသလိုျဖစ္ေနသည္ဟု သူထင္ေနမိသည္။ ပါးႏွစ္ဖက္က ေသြးေရာင္လႊမ္းလာသည္ကို အနီးကပ္မို႔ ျမင္ေနရ၏။

"ငါမင္းကိုခ်စ္တယ္၊ ငါတို႔တြဲရေအာင္လား"

မိုင္း၏မ်က္ေတာင္ဖ်ားတို႔က သိသိသာသာတုန္ယင္သြားၿပီးေနာက္ မ်က္ႏွာလႊဲဖို႔လုပ္လိုက္သည္မို႔ သူလက္မခံနိုင္စြာျဖင့္ ပုခုံးအားဖက္ထားသည့္လက္ျဖင့္ မ်က္ႏွာေလးအား သူ႕ဘက္ျပန္လွည့္ေစမိသည္။

"မိုင္း ကိုယ္ေျပာတာ လက္ခံနိုင္မလား"

"ဘာကို ကိုယ္လဲ ၊ မင္းနဲ႕ငါက..."

နဖူးျပင္ေလးအား ခပ္ဖြဖြနမ္းရွိုက္လိုက္မိေတာ့ ရန္ေတြ႕ဖို႔လုပ္ေနရာမွ အသံတိမ္ဝင္သြားၿပီး ခပ္ေတာင့္ေတာင့္ျဖစ္သြားသည့္ ခႏၶာကိုယ္ေလး။

"မိုင္း ကိုယ့္ကိုခ်စ္လား"

"မင္း ေတာ္ေတာ့"

မိုင္းက ထိုသို႔ဆိုလာ႐ုံသာမက တအားနီးကပ္ေနသည့္ သူ႕ရင္ဘတ္ကိုပါတြန္းထုတ္လာသည္။ သူက ပို၍တင္းတင္းဖက္လိုက္မိေတာ့...

"ေက်ာင္းထဲမွာေလ အ႐ူးေကာင္ရဲ႕၊ ငါ့ကို ကားဆီအရင္လိုက္ပို႔ေပးဦး"

"မပို႔ခ်င္ဘူး၊ မင္းက ငါ့ကိုေရွာင္သြားရင္ဘယ္လိုလုပ္မလဲ"

သူ႕စကားအဆုံး မိုင္းကရယ္လာသည္။

"ငတုံး ငါမင္းကိုေရွာင္ခ်င္ရင္ အစကတည္းက နီးေအာင္မလာဘူး၊ ခုလိုက္ပို႔ေတာ့ ၊ မင္းေက်ာတစ္ျပင္လုံး႐ႊဲေနၿပီ"

"ဘာမွမျဖစ္ပါဘူး၊ ကိုယ္အခု မင္းျငင္းမွာေၾကာက္ေနတာ"

"မင္းအခုလိုက္မပို႔ရင္ ငါဒီတိုင္းအစိုခံသြားေတာ့မွာေနာ္၊ ဘယ္လိုလဲ"

"မင္းက ကိုယ့္ကိုအနိုင္က်င့္တယ္"

စကားအဆုံးေမးဖ်ားထက္ ႏြေးခနဲ။ သူအံ့ဩစြာျဖင့္ ေငးခနဲျဖစ္သြားမိသည္။

"ကေလးလိုလုပ္မေနနဲ႕ေတာ့၊ သြားမယ္"

"အင္း"

အနမ္းတစ္ခုေၾကာင့္ ရင္အခုန္လြန္ၿပီး ကားေပၚေရာက္ေတာ့မွ ခ်စ္သည္ဟူ၍ျပန္မေျပာသြားမွန္း သတိရမိ၏။ ေမးဖ်ားထက္မွ အနမ္းေငြ႕ႏြေးႏြေးအား သူလတ္လတ္ဆတ္ဆတ္ခံစားေနရတုန္းပင္။ ေမးဖ်ားအား ထိတို႔ေနမိရင္း အိမ္ျပန္သည့္လမ္းတစ္ေလွ်ာက္လုံး ၿပဳံးေနမိသည္မို႔ ဒရိုင္ဘာဦးေလးႀကီးပင္ သူ႕အားတၾကည့္ၾကည့္ျဖစ္လာေတာ့သည္။

ေနာက္ဆို မင္းေၾကာင့္နဲ႕ မၾကာခဏၿပဳံးေနမိေတာ့မွာပဲ ...။

အိမ္ျပန္ေရာက္ေတာ့လည္း ထမင္းစားေနရင္းေတာင္ ၿပဳံးေနမိသည္မို႔ ...

"မိန္းမေရ ငါတို႔သားကိုေတာ့ စိတ္က်န္းမာေရးဆရာဝန္နဲ႕ ျပရေတာ့မယ္ေဟ့"

ယခင္ကဆို ခ်က္ခ်င္းခြန္းတုံ႕ျပန္မိမည္ျဖစ္ေသာ္ျငား ယခုတြင္ေတာ့ ၿပဳံးေနသည့္ႏႈတ္ခမ္းတို႔ကိုပင္ ေသခ်ာျပန္မတည္နိုင္။

"ဘာျဖစ္လာတာလဲ ေကာင္းေကာင္းရာ၊ ငါၾကက္သီးေတြေတာင္ထလာၿပီ၊ မင္းျပဳစားခံလာရတာလား"

"ဟုတ္တယ္"

သူအၿပဳံးမ်က္ဝန္းတို႔ျဖင့္ပင္ ဖခင္ျဖစ္သူအားေမာ့ၾကည့္လိုက္မိရင္း...

"ကြၽန္ေတာ္တို႔ ေနာက္ဆိုရင္ DNAစစ္စရာမလိုေတာ့ဘူး ၊ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေဖေဖ့သားအရင္းလို႔ ခံယူလိုက္ၿပီ"

"ငါထင္ပါတယ္ မင္းခ်စ္သူရလာတာမလား၊ ဟုတ္တယ္မလား"

"ဟုတ္တယ္ သူက ကြၽန္ေတာ့ ေမးဖ်ားကို နမ္းသြားတယ္"

"ဘယ္သူလဲ မိုင္းေလးလား"

ေမေမကပါ ၿပဳံးစိစိႏွင့္ဝင္ေမးလာသည္မို႔ သူေတာင္ၿပဳံးေနရာမွတန႔္သြားရသည္။ သူ႕ပုံစံအားၾကည့္ၿပီး လင္မယားႏွစ္ေယာက္သား ညီၫြတ္စြာရယ္ၾကေတာ့၏။

"ဘာလဲ မင္းက ငါတို႔ကို မသိေလာက္ဘူးလို႔ထင္ေနတာလား၊ ငါ့သားရာ ဒီအိမ္မွာ အဲ့အပိုင္းအတုံးဆုံးလူဆိုလို႔ မင္းကလြဲ ဘယ္သူမွမရွိဘူး ဟားဟားဟား"

သူတစ္ခါတစ္ေလက်ေတြးမိသည္။ သူ႕အေဖက သူ႕မိန္းမကိုခ်စ္ရင္းပ်င္းသည့္အခ်ိန္မ်ား၌ စစရာ၊ေနာက္စရာ၊ ေလွာင္စရာေလးရေအာင္လို႔ သူ႕အားယူခဲ့သလားဆိုတာပင္။ ငယ္ငယ္ကဆိုအစခံရလြန္း၍ ႏွစ္ေယာက္ရန္ျဖစ္သည့္အခ်ိန္ကိုထိုင္ေစာင့္ေနတတ္သည္။ သူတို႔ကြဲသြားတာႏွင့္ ေမေမ့ေနာက္လိုက္သြားမည္၊ သူ႕အားစလြန္းသည့္အေဖ့ကိုလွည့္မၾကည့္ေတာ့ဘူးဟူ၍ အခြင့္အေရးကိုေစာင့္ေနဖူးေသာ္လည္း ရန္ျဖစ္သည့္အခ်ိန္တိုင္း ေဖေဖက သူ႕အားပုခုံးမွထမ္းလ်က္ သူ႕အနားမွာပဲေခၚထားသည္မို႔ အခ်ိန္တန္ေတာ့ ေမေမ့ကို ျပန္ကပ္၍ရသြားသည္သာ။

အိပ္ခ်ိန္ဆိုလွ်င္လည္း သူထြက္သြားမည္စိုး၍ လက္၊လက္ခ်င္း၊ ေျခေထာက္၊ ေျခေထာက္ခ်င္း ႀကိဳးတုပ္ၿပီးမွအိပ္သည္မို႔ ေမေမဆို စိတ္တိုေနလွ်င္ေတာင္ သူတို႔သားအဖကိုၾကည့္ၿပီး အရယ္မရပ္ေတာ့။

ေဖေဖသူ႕ကိုေျပာဖူးသည့္စကားလည္းရွိေသးသည္။

"ငါ့သား မင္းရဲ႕ေရခဲရိုက္မ်က္ႏွာကိုက ငါ့အတြက္တအားရယ္ရတာ"တဲ့။

ေမေမလည္းေျပာဖူးပါ၏။

"သားက ငယ္ငယ္ကတည္းက ငိုလည္းမငို၊ ရယ္တာလည္းရွားတယ္၊ သားအေဖကသာ သားကိုျမႇူရင္း တစ္ေယာက္တည္းအရယ္မရပ္ျဖစ္ေနတာ" တဲ့။

ထမင္းစားၿပီးေနာက္ မိုင္းကိုဖုန္းဆက္ၾကည့္ေတာ့မကိုင္။ ေနာက္ထပ္သုံးႀကိမ္ေလာက္ထပ္ေခၚေသာ္လည္း မကိုင္သည္မို႔စိတ္ပူသြားရသည္။ သူသာအသက္ျပည့္လွ်င္ ခ်က္ခ်င္းကားေမာင္းၿပီး သြားၾကည့္မိမည္ျဖစ္ေသာ္လည္း ခုက လိုင္စင္ေတာင္မလုပ္ရေသးသည္မို႔ သည္းခံလိုက္ရသည္။

မနက္ေရာက္ေတာ့ မိုင္းဆီကဖုန္းဝင္လာၿပီး သူဖ်ားေနေၾကာင္း၊ ေက်ာင္းတက္ျဖစ္မည္မဟုတ္ေၾကာင္း ေျပာလာ၏။ ထိုေန႕က သူ႕လည္း ပထမဆုံးေက်ာင္းပ်က္ဖူးေတာ့၏။

သူအိမ္ထိလိုက္သြားေတာ့ မိုင္းက မ်က္လုံးအျပဴးသားႏွင့္ အံ့အားတႀကီး။

"မင္းဘယ္လိုျဖစ္ၿပီး...ေက်ာင္းမတက္ဘူးလား"

"အင္း ဒီေန႕မတက္ေတာ့ဘူး"

မိုင္းက အဖ်ားရွိန္ေၾကာင့္ မ်က္ႏွာကနီရဲေနသည္။ နဖူးကိုစမ္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္ပူေနသည္မို႔ အခန္းဝတြင္ရပ္ေနရာမွ အထဲသို႔ဆြဲသြင္းခဲ့လိုက္ၿပီး အိပ္ရာထက္လွဲေစလိုက္သည္။

"ေတာင္းပန္ပါတယ္၊ ကိုယ့္ေၾကာင့္ျဖစ္သြားတာ"

ပါးေလးအား လက္ခုံျဖင့္ညင္သာစြာစမ္းရင္းဆိုလိုက္မိေတာ့ သူ႕လက္ေကာက္ဝတ္အားျပန္ဆုပ္ကိုင္လာၿပီး ၿပဳံးျပလာ၏။

"မင္းေၾကာင့္မဟုတ္ပါဘူး၊ မင္းေၾကာင့္ဆိုရင္ေတာင္ ငါလိုလားတယ္ေလ"

မိုင္းက ေဆးေသာက္ၿပီးအိပ္ေပ်ာ္သြားသည္မို႔ သူလည္း အခန္းထဲမွအခ်ိဳ႕ပစၥည္းမ်ားအား ေနရာျပန္ခ်ေပးလိုက္မိသည္။

ေဒါက္...ေဒါက္...

တံခါးသြားဖြင့္လိုက္ေတာ့ မိုင္းအေမ။

"သူခုေလးပဲအိပ္သြားတာ အန္တီ"

"ဟုတ္လား သားက ဘာလုပ္ အယ္... သူ႕ပစၥည္းေတြရွင္းေပးေနတာလား"

"ဟုတ္ကဲ့"

"မလုပ္နဲ႕ သားေရ၊ သူက သူ႕ပစၥည္းေတြကို ရွင္းတာမႀကိဳက္ဘူး၊ ရွင္းလိုက္ရင္ ျပန္ရွာရတာစိတ္တိုလို႔တဲ့၊ သူ႕ဘာသာပဲ တစ္ပတ္တစ္ခါရွင္းတယ္"

"ဪ ဟုတ္ကဲ့ အန္တီ"

"ေအး သားေရ၊ အန္တီက သူ႕ကိုေခြၽးထြက္ရင္ အဝတ္လဲေပးဖို႔လာၾကည့္တာ"

ေျပာရင္းျဖင့္ သားျဖစ္သူအား ေခြၽးထြက္၊မထြက္စမ္းၿပီးေနာက္...

"ေခြၽးေတာ့မထြက္ေသးဘူးပဲ၊ သား ဒီမွာပဲရွိဦးမွာမလား"

"ဟုတ္ကဲ့"

"ဒါဆိုရင္ ေခြၽးထြက္တာကိုသတိထားၿပီး သုတ္ေပးလို႔ရမလား၊ အန္တီက အငယ္ေကာင္ေလးကို ေက်ာင္းသြားပို႔ရမွာမလို႔"

"ဟုတ္ ရပါတယ္ စိတ္ခ်ပါ"

မိုင္းႏွင့္ သူ႕ညီေလးက ၈ႏွစ္ေလာက္ကြာသည္။ ၈ႏွစ္တိုင္ တစ္ဦးတည္းေသာသား အလိုလိုက္ခံေလးျဖစ္ခဲ့ၿပီးေတာ့မွ အငယ္ေလးေမြးလာေတာ့ ကေလးက က်န္းမာေရးလည္းခ်ဴခ်ာသည္မို႔ သားႀကီးကို ဂ႐ုမစိုက္ျဖစ္ၾကေတာ့။ မိုင္း ဆယ္ႏွစ္အ႐ြယ္၌ ေနမေကာင္းျဖစ္ဖူးသည္ဟုဆိုသည္။ သာမာန္အဖ်ားသာျဖစ္သည္မို႔ လူႀကီးမ်ားက ေသခ်ာဂ႐ုမစိုက္နိုင္ခဲ့။ အငယ္ေကာင္ေလးက ေဆး႐ုံတက္ေနခ်ိန္ႏွင့္တိုးေတာ့ သူ႕ေဘးတြင္ မိဘႏွစ္ပါးလုံးမရွိခဲ့။

ထိုအခ်ိန္မွစ၍ မိုင္းက မိသားစုႏွင့္လုံးဝစိမ္းသြားသည္ဟုဆိုသည္။ ၎ကို မိုင္းအေမက ေျပာျပျခင္းမို႔ သူသိခဲ့ရျခင္းသာ။

ကုတင္ထက္ အိပ္‌ေနသူ၏နံေဘးတြင္ ညင္သာစြာဝင္ထိုင္လိုက္မိ၏။ အဖ်ားေသြးတို႔ျဖင့္ နီျမန္းျမန္းမ်က္ႏွာေလးက ထုံးစံအတိုင္း ေခ်ာေမာေနဆဲပါပင္။

ကိုယ့္ေကာင္ေလးက အေျခအေနေတြေၾကာင့္ ဆိုးေနရတာပဲ...

ခါးကိုကိုင္းလ်က္ နဖူးျပင္ေလးအား ခပ္ဖြဖြနမ္းလိုက္မိသည္။

"ေနမေကာင္းတဲ့လူကို အသားယူျပန္ၿပီကြာ"

အသံတိုးဖြဖြႏွင့္ေျပာလာသူေၾကာင့္ သူရယ္လိုက္မိသည္။

"အသားယူခ်င္လြန္းလို႔ကို ေက်ာင္းပ်က္ခံလာတာ၊ မင္းေၾကာင့္ ကိုယ္အက်င့္ဆိုးေတြတက္လာၿပီ၊ တာဝန္ယူသင့္တယ္လို႔ မထင္ဘူးလား"

မ်က္လုံးမွိတ္ထားသူက မ်က္လုံးမ်ားဖြင့္လာေတာ့၏။

"ဒီေလာက္ေလးနဲ႕တာဝန္ယူရမယ္ဆို နည္းေသးတာေပါ့ စံျပေက်ာင္းသားႀကီးရဲ႕၊ အက်င့္ေတြအားလုံးကို ဖ်က္ဆီးပစ္ၿပီးမွပဲ တာဝန္ယူေတာ့မယ္ေလ၊ ျဖစ္တယ္မလား"

ႏွစ္ေယာက္သား အၿပဳံးကိုယ္စီႏွင့္ တစ္ေယာက္ကိုယ္တစ္ေယာက္ စိုက္ၾကည့္မိၾကသည္။

ေခြၽးထြက္လာ၍ ေခြၽးသုတ္ေပးၿပီး အကၤ်ီလဲေပးသည့္အခ်ိန္၌လည္း လိမ္လိမ္မာမာႏွင့္ၿငိမ္ေနေပးသည္မို႔ အသည္းတယားယား။

"စံျပေက်ာင္းသားႀကီးက ဘာျဖစ္လို႔ နား႐ြက္ေတြနီေနတာလဲေနာ္"

ေနမေကာင္းတာေတာင္ မ်က္ႏွာေျပာင္စပ္စပ္ႏွင့္ ေလေပါေနနိုင္ေသးသူ၏ႏွာတံခြၽန္အား ခပ္ဖြဖြဆြဲညွစ္လိုက္မိေတာ့သည္။

"မင္း ေနမေကာင္းလို႔ ညွာေနတယ္မွတ္"

တစ္ေနကုန္အတူေနေပးၿပီး ညေနျပန္ခါနီးေတာ့မွ ခပ္ဖြဖြဖက္ကာႏႈတ္ဆက္ရင္း နားနားတိုးတိုးေလးကပ္ေျပာမိသည္။

"မင္းခုထိ ကိုယ့္ကို ခ်စ္တယ္လို႔ မေျပာရေသးဘူး"

ထိုအခါ ရင္ခြင္ထဲမွသူကလည္း သူ႕ပုခုံးထက္ေမးတင္ရင္း တိုးတိုးေလးျပန္ေျပာလာသည္။

"ေမးဖို႔သတိရေသးတယ္ေပါ့"

သူရယ္လိုက္မိရင္းေခါင္းေစာင္းကာတိုက္လိုက္ေတာ့ ကစားနည္းတစ္ခုကိုအစျပဳေပးမိသလိုျဖစ္သြားၿပီး သူ႕ေခါင္းအား ျပန္တိုက္ကာ ရယ္ေနေတာ့သည္။

"ေတာ္ေတာ့ ေခါင္းမူးလိမ့္မယ္၊ ကိုယ့္ကိုေျဖဦး"

"မင္းဘာသာတစ္ေနကုန္မေမးဘဲနဲ႕"

ဂ်စ္တစ္တစ္ျပန္ေျဖလာသံေလးအား သေဘာက်စြာျဖင့္ ေပြ႕ပိုက္ထားမိသည့္ခႏၶာကိုယ္ေလးအား အသာဖ်စ္ညွစ္လိုက္မိသည္။

"အဲ့အေျဖကို အေစာႀကီးၾကားရရင္ ကိုယ္ဒီေလာက္ထိစိတ္ထိန္းနိုင္မွာမဟုတ္ဘူးဆိုတာ မင္းသိသင့္တယ္"

"ဪ အိုေခ ခ်စ္တယ္ ျပန္လို႔ရၿပီ"

"ဟမ္??"

႐ုတ္တရက္ႀကီး စကားေျပာရင္းထည့္ေျပာသြားသည့္စကားလုံးေလးေၾကာင့္ သူ႕မွာ ၾကားေတာင္မၾကားလိုက္ရသလိုပင္။ သူထပ္ေတာင္းဆိုေတာ့ မိုင္းက ရယ္ရင္း သူ႕ကိုစေနေတာ့သည္။ ေနာက္ဆုံးမွသာ ေသခ်ာၾကားရေအာင္လို႔ နားနားကပ္ၿပီး ျဖည္းျဖည္းခ်င္းေျပာလာ၏။ ေျပာၿပီးၿပီးခ်င္းဖက္ထားရာမွ ခြာေစကာ...

"ျပန္ေတာ့ ေမွာင္ေတာ့မယ္"

"အင္း"

"ဘာလဲ အသံက၊ မျပန္ခ်င္ေတာ့ဘူးလား၊ ဒီမွာအိပ္ခ်င္လည္းရတယ္ေနာ္ အဟြန္း"

"ေတာ္ေတာ့ ကိုယ့္ကိုမစနဲ႕ေတာ့၊ ကိုယ္ အခ်ိန္မတန္ေသးခင္ထိ စိတ္ကိုထိန္းနိုင္ေအာင္ ႀကိဳးစားမွာ"

"ဟုတ္ပါၿပီ ဒါေပမဲ့ ငါစိတ္မထိန္းနိုင္ရင္ေတာ့ မသိဘူးေနာ္၊ ခု ေကာင္းသြင္ၾကည္ျဖဴေလးက တအားခ်စ္ဖို႔ေကာင္းလာေတာ့ အာမမခံနိုင္ဘူး၊ လာပါဦး စံျပေက်ာင္းသားေလးရဲ႕ ကိုယ့္ကို ခဏဖက္ပါဦး"

ႏွစ္ေယာက္သားစကားမ်ားသည္ႏွင့္ နာရီဝက္ေလာက္ထပ္ကုန္သြားၿပီမွ သူလည္းျပန္ျဖစ္ေတာ့သည္။

သူလည္း မိုင္းႏွင့္ေတြ႕ၿပီးေတာ့မွ အခ်စ္၏အဓိပၸာယ္ကိုသေဘာေပါက္နားလည္လာ၏။ သူ႕အတြက္ေတာ့ အခ်စ္ဆိုတာ ႏူးညံ့လြန္း၍ ေလျပည္ေလညင္းေလးပမာပင္။ သိသာထင္ရွားစြာျဖင့္ သူ႕ဆီသို႔တိုးဝင္လာျခင္းမဟုတ္ဘဲ သူမသိလိုက္သည့္အခ်ိန္မွာပင္ သူ႕ႏွလုံးအိမ္ထဲ၌ ေနရာယူသြားျခင္း။

စိတ္ပူေလာင္ေနသည့္အခ်ိန္၌ေတာင္ ခ်စ္ရသူ၏မ်က္ႏွာေလးကိုျမင္ေယာင္လိုက္သည္ႏွင့္ အပူမ်ားအားလုံးၿငိမ္းသြားေစသည့္ႏွယ္။ မျမင္ရသည့္စိတၱဇနာမ္တစ္ခုျဖစ္ေစကာမူ ခံစားလို႔ရေစနိုင္သည့္ အရာတစ္ခုပါပင္။ သူ႕အတြက္ေတာ့ ခ်စ္ရသူဟာ သူ၏ႏွလုံးစိတ္ဝမ္းကို ၿငိမ္းခ်မ္းေစပါသလို။

သူထိုခံစားခ်က္ကို အလြန္တန္ဖိုးထားရပါ၏။

တစ္လျပည့္မည့္ေန႕မတိုင္ခင္ ႏွစ္ပတ္အလိုကတည္းက လက္ေဆာင္ကိုေသခ်ာစဥ္းစားၿပီး တကူးတက ျပင္ဆင္ေနမိသည္။ မိုင္းတြင္က နားေပါက္တစ္ဖက္ရွိသည့္အျပင္ ေ႐ႊေရာ၊ ပလက္တီနမ္ႏွင့္ေရာလိုက္သူျဖစ္သည္မို႔ သူ႕ဘာသာအလုပ္လုပ္ၿပီးစုထားသည့္အထဲမွထုတ္ကာ နားကပ္ဒီဇိုင္းခုနစ္မ်ိဳးကို ဒီဇိုင္းသမားႏွင့္တိုင္ပင္ကာ ရိုးရိုးေလးႏွင့္ဆန္းေနေအာင္ သြားအပ္ခဲ့၏။

မိုင္း၏ခႏၶာကိုယ္၌ အၿမဲတေစ သူႏွင့္သက္ဆိုင္သည့္တစ္ခုခုရွိေနေစခ်င္သည္ဆိုလွ်င္ ေလာဘႀကီးရာမ်ား ေရာက္မလားမသိ။ သို႔ေပမဲ့ မခ်စ္ဖူးလို႔ အခ်စ္႐ူးေနၿပီလို႔ပဲေျပာခ်င္ေျပာ၊ သူ႕အေနႏွင့္ မိုင္းႏွင့္ပတ္သက္လာလွ်င္ စိတ္လႈပ္ရွားရလြန္းလို႔ တစ္ခါတေလ စိတ္တို႔ပုံမွန္မဟုတ္ေတာ့သည္အထိ ႐ူးသြပ္ေနသူတစ္ေယာက္လိုပါပင္။

ထိုေန႕တြင္ေတာ့ သူေက်ာင္းသို႔အေစာဆုံးေရာက္ေနခဲ့ၿပီး တစ္ေယာက္တည္း စိတ္တို႔မတည္မၿငိမ္ျဖစ္လာသည္မို႔ Toiletသို႔သြားခဲ့သည္။ သူမရွိခ်ိန္ မိုင္းေရာက္လာပါက အိတ္ကိုဖြၿပီး လက္ေဆာင္ကိုျမင္သြားေလာက္သည္မို႔ အိတ္ကိုပါယူသြားလိုက္မိ၏။ Toiletဝင္ၿပီး ျပန္ထြက္ဖို႔အျပင္တြင္ေတာ့...

"မိုင္း မင္းဒီတိုင္းပဲဆက္သြားေတာ့မလို႔လား၊ တကယ္ႀကီးေကြးသြားတာလား ေဟ့ေကာင္"

႐ုတ္တရက္ၾကားလိုက္ရေသာ ခ်စ္ရသူ၏နာမည္ႏွင့္ စကားသံေၾကာင့္ သူ႕လက္တို႔တုံ႕သြားရသည္။

"ေအးေလ ေလာင္းကစားမွာ မင္းနိုင္သြားၿပီပဲ၊ မင္းစရိုက္အရဆိုရင္ ျပတ္သင့္တာ ၾကာၿပီေနာ္၊ သားႀကီး မင္းတကယ္ေကြးသြားၿပီလို႔ေတာ့ မေျပာနဲ႕"

"မေကြးပါဘူးကြာ၊ ဒီတိုင္း သူက ေပ်ာ္ဖို႔ေကာင္းလို႔ အဟြန္း"

ရင္းႏွီးလြန္းသည့္အသံေလးက သူ၏ႏွလုံးအိမ္တစ္ခုလုံးအား ေခ်မႊလိုက္သည့္ႏွယ္။

ေလာင္းကစား? ေပ်ာ္ဖို႔ေကာင္းတယ္?

တံခါးလက္ကိုင္ကိုဆုပ္ကိုင္ထားမိသည့္လက္တို႔က တဆတ္ဆတ္တုန္ယင္လာၿပီး ရင္ဘတ္တစ္ခုလုံးျပည့္သိပ္လာသည့္ခံစားခ်က္က အသက္ရႉပင္ၾကပ္လုမတတ္။

"ငါထင္သားပဲ ဒီေကာင္၊ ကစားလို႔ေကာင္းလို႔ ကစားေနတဲ့ေကာင္"

"ဒါေပမဲ့ Roll oneႀကီးကေတာ့ မင္းကိုအတည္ႀကီးေႂကြေနတာလားလို႔၊ မင္းအားမနာဘူးလား"

"ဘယ္သူက သူ႕ကိုအဲ့ေလာက္ေခ်ခိဳင္းခဲ့လို႔လဲ၊ သူအစပိုင္း ငါ့ကိုဘယ္ေလာက္ေခ်ခ်သလဲဆိုတာ မင္းတို႔အသိပဲေလ"

"အဲ့ဒါနဲ႕ မင္းတို႔က ေလာင္းကစားလုပ္ၿပီး ငါ့ကို ကစားခဲ့ၾကတယ္ေပါ့"

သူအသံကိုတစ္ခ်က္မွမတုန္ေအာင္ထိန္းေျပာလိုက္ရင္း မ်က္ႏွာကိုခံစားခ်က္မဲ့သည့္ဟန္ေျပာင္းလိုက္လ်က္ တံခါးဖြင့္ကာ အျပင္သို႔ထြက္လိုက္သည္။ သူ႕ခံစားခ်က္တို႔အား အုပ္စုလိုက္ကစားခဲ့ပါသည္ဟူသည္အား လြယ္လြယ္ကူကူခြင့္လႊတ္လိုက္ရန္ သူ႕မာနကခြင့္မျပဳ။

အျပင္ကိုေရာက္သြားေတာ့ အျပင္ရွိေလးေယာက္က သူ႕အား အံ့ဩစြာၾကည့္ေနၾကသည္။ သူကေတာ့ တစ္ေယာက္ေသာသူ၏မ်က္ႏွာကိုသာ စိုက္ၾကည့္လိုက္ၿပီးေနာက္ လက္ကိုေအးေဆးစြာေဆးလိုက္၏။ ရင္တြင္းမွတင္းၾကပ္မႈတို႔အား ထုတ္မခ်မိေအာင္ထိန္းခ်ဳပ္ေနမိရင္း...

"ေပ်ာ္ဖို႔တအားေကာင္းခဲ့လား စိမ္းရင့္မိုင္း ဟင္?"

မ်က္ဝန္းတို႔ကိုအသက္မဲ့စြာျဖင့္ ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္တြင္ေတာ့ မဲ့ၿပဳံးတစ္ခုကိုထင္ဟပ္ေစလ်က္ မွန္မွတစ္ဆင့္လွမ္းၾကည့္ကာ ေမးလိုက္သည္။

"မင္းတို႔ထြက္သြားၾက"

"မိုင္း"

"ထြက္သြားပါ ငါနဲ႕သူနဲ႕ပဲရွင္းရမဲ့ကိစၥ"

သူ႕အားခ်က္ခ်င္းမေျဖရွင္းေသးဘဲ သူငယ္ခ်င္းမ်ားကို အျပင္ထြက္ခိုင္းေနသူ။ သူလည္း လက္ကို ေသခ်ာသုတ္ရင္း လူရွင္းသည္အထိေစာင့္လိုက္မိသည္။ မ်က္ဝန္းႏွစ္စုံျပန္ဆုံၾကစဥ္၌ လြန္ခဲ့သည့္ရက္ကရွိခဲ့သည့္ ႏြေးေထြးမႈတို႔ တစ္စုံတရာမွ မရွိေတာ့။ ႏွလုံးသားအား လိမ္လည္လွည့္ဖ်ားကာ ယူသြားခဲ့သူအား စိတ္နာေနပါလ်က္ႏွင့္ နာက်င္မႈဒဏ္ကိုလည္း အဆေပါင္းမ်ားစြာခံေနရသည္။

ရင္ဘတ္ထဲမွေအာင့္တက္လာလြန္း၍ ရင္ဘတ္ကိုဖိထားလိုက္ခ်င္ေသာ္လည္း နည္းနည္းမွမလႈပ္မိ။

"မင္းငါ့ကို မေက်နပ္ရင္ ထိုးလို႔ရတယ္"

"ဟုတ္လား ေက်းဇူးပဲ"

ေျပာၿပီးၿပီးခ်င္း မ်က္ႏွာခ်င္းဆိုင္မွသူ၏ အကၤ်ီေကာ္လာအားေဆာင့္ဆြဲကာ နံရံထက္ေဆာင့္ကပ္လိုက္မိၿပီး လက္သီးကို႐ြယ္လိုက္မိေသာ္လည္း လက္သီးကိုဆုပ္ထားမိသည့္လက္ကပင္ အေၾကာေတြေထာင္ထလာၿပီး ေပါက္ထြက္လုမတတ္ျဖစ္ကာတုန္ယင္လာေသာ္ျငား အနည္းငယ္မွ်ေရွ႕မတိုးရက္နိုင္။ စိုက္ၾကည့္ေနမိရင္း မာနကၿပိဳက်လာသည္။ ႏႈတ္ခမ္းသားတို႔က တဆတ္ဆတ္တုန္ယင္လာၿပီး အျမင္တို႔ပါေဝဝါးလာသလို။

"ငါမင္းအတြက္အရာအားလုံးျဖစ္ေပးနိုင္တဲ့အထိ ခ်စ္မိေနတာ... မင္းကေတာ့... မင္းကေတာ့ ကစားေန႐ုံသက္သက္ပဲတဲ့လား ဟက္၊ ငါမွားတာပါ၊ မင္းကိုစြဲလန္းမိတဲ့ ငါ့အမွားပါပဲ၊ ငါမွားတာ... ငါမွားသြားတာ..."

ေျပာရင္းႏွင့္ မ်က္ရည္စတို႔ၿပိဳက်လာသူအား စိမ္းရင့္မိုင္း ေၾကာင္ေငးေနမိသည္။ ရင္တြင္းမွတင္းၾကပ္လာသည့္ခံစားခ်က္တို႔ေၾကာင့္ ထိုမ်က္ရည္တို႔အား ဟန႔္တားလိုက္ခ်င္ေသာ္လည္း လက္သီးကိုတင္းတင္းဆုပ္ကာ ေတာင့္ခံထားမိသည္။

ေကာင္းသြင္ၾကည္ျဖဴက သူထည္လဲတြဲခဲ့ေသာ ရည္းစားေတြလိုပါပင္။ သူထိုကဲ့သို႔ပဲသေဘာထားပါသည္။ သူက ထိုကဲ့သို႔ေသာ သူပင္ျဖစ္၏။

သူမခ်စ္တတ္ပါ။ သူ႕ႏွလုံးသားအား မည္သူ႕ကိုမွေပးဖို႔အစီအစဥ္မရွိ။ သူ႕ဘဝတြင္ ရည္းစားမ်ားကိုသာႀကိဳက္သေလာက္ထားၿပီး တြဲေနစဥ္ကာလ၌ ေကာင္းေပးၿပီး ေပ်ာ္ေပ်ာ္ေနပါမည္။ အခ်ိန္တစ္ခုအၾကာတြင္ျပတ္ၿပီးေနာက္ သူစိမ္းလိုျပန္ေနလိုက္မည္။

ေကာင္းသြင္ၾကည္ျဖဴကိုေတာ့ ေလာင္းကစားအတြက္ပဲ သေဘာထားခဲ့သည္သာ။ ဒါကလည္း သူ႕ကိုအေၾကာႀကီးႏွင့္ဆက္ဆံခဲ့တာကို သေဘာမက်၍ျဖစ္သည္။ သို႔ေသာ္ သူ႕ဘက္မွပါမလာလွ်င္လည္း ရသည္ပဲ။ သူ႕ကို ဘယ္သူက အတင္းခ်စ္ခိုင္းမိလို႔လဲ။ သူ႕အေၾကာင္းမသိတာလည္းမဟုတ္ဘဲ ႏွလုံးသားႏွင့္ရင္းၿပီးလာခ်စ္တာကေတာ့ သူ႕ထိုက္ႏွင့္သူ႕ကံပင္။

သူကေတာ့ ႏွလုံးသားတစ္ခုလုံးကို ျပန္မေပးနိုင္ပါ။ ေလာကထဲရွိလူမ်ားအားလုံးသည္ ႏွလုံးသားတစ္ခုလုံးႏွင့္ရင္းၿပီး ခ်စ္ေပးဖို႔ ထိုက္တန္သူဟူ၍မရွိပါေခ်။ သူက ခ်စ္ေပးေတာ့လည္း သူ႕ကိုဘယ္ေလာက္ၾကာတဲ့အထိ အျပည့္အဝျပန္ခ်စ္ေပးနိုင္မွာမလို႔လဲ။

အထူးသျဖင့္ သူ႕ကိုေမြးထားတဲ့ သူ႕မိဘေတြေတာင္မွေလ...။

အသစ္ေတြ႕ရင္ အေဟာင္းေမ့တဲ့ေလာကႀကီးထဲ သူကသာ ဦးဆုံးစြန႔္ခြာသူျဖစ္ရမည္။ သူ႕ကိုလြမ္းေနဖို႔လည္းမလိုသလို အၾကာႀကီးဆက္ခ်စ္ေနဖို႔လည္း မလိုအပ္ပါ။ သူလိုခ်င္သည္က အတူရွိတုန္းခဏ ေပ်ာ္ခ်င္႐ုံေလးပင္။ ၿပီးဆုံးသြားၿပီဆိုလွ်င္ေတာ့ သူမည္သူ႕ကိုမွလွည့္ၾကည့္ေတာ့မည္မဟုတ္ပါ။

သူက မခ်စ္တတ္၊ မစြဲလမ္းတတ္၊ မဖက္တြယ္တတ္သူပါပင္။

"မင္းငါ့ကိုမထိုးနိုင္ရင္ ငါသြားေတာ့မယ္"

ေရွ႕မွပိတ္ရပ္ေနသူအား တြန္းထုတ္လိုက္မိသည္။ မ်က္ရည္ေတြလည္းမျမင္ခ်င္သလို ခံစားျပေနတာကိုလည္း မျမင္ခ်င္ပါ။ ေကာင္းသြင္ၾကည္ျဖဴကို သူဒီလိုပုံစံႏွင့္ျမင္ရဖို႔ တစ္ခါမွမေမွ်ာ္လင့္ခဲ့ဖူး။ ထို႔ေၾကာင့္ ျမင္လည္းမျမင္ခ်င္။

သို႔ေသာ္ ေရွာင္ထြက္လို႔မရေအာင္လို႔ ပုခုံးမွျပန္လည္ဖိခ်ကာ ေဆာင့္တြန္းလာသူေၾကာင့္ နံရံႏွင့္ျပန္ေဆာင့္ကပ္သြားရသည္။ ေက်ာင္းတက္ခ်ိန္နီးေန၍ Toiletတြင္ လူရွင္းေန၍သာေတာ္ေတာ့၏။

"ေကာင္းသြင္ၾကည္ျဖဴ မင္းအတန္းမတက္ေတာ့ဘူးလား"

"မင္းၿငိမ္ၿငိမ္ေနလိုက္ရင္ ျမန္ျမန္ၿပီးသြားမွာပါ"

သူမ်က္ႏွာကိုလႊဲလ်က္ၿငိမ္ေနမိသည္။ ရင္ထဲမွထူးဆန္းလွေသာခံစားခ်က္တို႔အား အေျဖမထုတ္တတ္။ ထုတ္ဖို႔လည္းစိတ္ကူးမရွိ။ အခ်ိန္တန္ အဆင္ေျပသြားလိမ့္မည္။

အေတြးတို႔ႏွင့္ၿငိမ္ေနမိစဥ္ နား႐ြက္ထက္ထိေတြ႕လာသည့္အထိအေတြ႕။

"မင္း ဘာ..."

"ၿငိမ္ၿငိမ္ေန"

သူ႕နား႐ြက္ထက္မွနားကပ္တစ္ဖက္ကိုျဖဳတ္လိုက္သည္အားခံစားလိုက္ရၿပီးေနာက္ နားကပ္အသစ္တစ္ဖက္တပ္ေပးလာမွန္းသိလိုက္ရသည္။

"တစ္လျပည့္လက္ေဆာင္အျဖစ္သတ္မွတ္ထားတာ၊ ခုေတာ့ ႏႈတ္ဆက္လက္ေဆာင္ေပါ့"

လက္တို႔က နား႐ြက္ဖ်ားထက္ညင္သာစြာကိုင္တြယ္ေနၿပီး အသံကလည္း ႏူးႏူးညံ့ညံ့။

ထို႔ေနာက္ နဖူးျပင္ထက္၌ ႏြေးခနဲ။

"ေပ်ာ္႐ႊင္ပါေစ ကိုယ့္ရဲ႕မိုင္း၊ ခုဏက ေဒါသထြက္မိလို႔ေတာင္းပန္ပါတယ္"

စကားအဆုံး လက္ဖဝါးထက္ထည့္ေပးလာသည့္ဘူးေလးတစ္ဘူး။

"မင္းအတြက္ရည္႐ြယ္ထားတာမလို႔ ဝတ္ခ်င္ဝတ္၊ ပစ္ခ်င္ပစ္ မင္းသေဘာပါပဲ၊ ကိုယ္သြားေတာ့မယ္၊ မင္းလည္းျမန္ျမန္လိုက္ခဲ့၊ ေနာက္က်ရင္ အဆူခံရလိမ့္မယ္၊ လိမၼာတယ္ေနာ္"

ေျပာၿပီးသည္ႏွင့္ သက္ျပင္းဖြဖြတစ္ခ်က္ခ်ကာ သူ႕ေခါင္းအား ခပ္ဖြဖြပုတ္ေပးလာၿပီးေနာက္ ေရွ႕မွလွည့္ထြက္သြားကာ အျပင္ဘက္သို႔ထြက္သြားေတာ့သည္။ ေနာက္မွျမင္ေနရေသာ ေက်ာျပင္က်ယ္အား သူမၾကည့္ခ်င္ေသာ္လည္း မ်က္စိတစ္ဆုံးလိုက္ေငးမိ၏။

လက္ထဲမွဘူးကိုဖြင့္ကာၾကည့္လိုက္ေတာ့ ဒီဇိုင္းမတူသည့္ နားကပ္အသစ္ေျခာက္ခုႏွင့္ သူ႕နားမွခြၽတ္လိုက္သည့္ နားကပ္ေလး။ ႏႈတ္ခမ္းအားဖိကိုက္လိုက္မိၿပီး ျပင္းထန္လာသည့္ခံစားခ်က္တို႔အားထိန္းလိုက္မိသည္။

လမ္းခြဲၿပီးေနာက္ ပထမဆုံးရက္...

သူပုံမွန္အတိုင္း ေကာင္မေလးတစ္ေယာက္ႏွင့္ စကားေျပာေနလိုက္သည္။ ေအးေအးခ်မ္းခ်မ္းပင္။ ထုံးစံလို ေကာင္မေလးအား တြဲဖို႔မေျပာမိ႐ုံကလြဲ၊ စားခ်င္ေသာက္ခ်င္စိတ္ မရွိသည္ကလြဲ ေအးေအးခ်မ္းခ်မ္းပါပင္။ ေက်ာင္း၌ သူကလည္း ထိုလူအားမၾကည့္သလို ထိုလူကလည္း အရင္လိုျပန္ျဖစ္သြား၏။

ပထမဆုံးတစ္ပတ္ျပည့္သည့္ေန႕...

ၿခံထဲမွ သစ္ခြပန္းေတြက ရႈပ္သည္ဟုခံစားလာရသည္။ အခန္းထဲျပန္ဝင္လာမိေတာ့ သူ႕ဘာသူဖြထားသမွ်က ပိုရႈပ္ေနသည္။ ရွင္းေပးတတ္သည့္သူအားသတိမရပါ။ လုံးဝသတိမရပါ။ အဝတ္မ်ားကိုခြၽတ္ၿပီးတိုင္း ျခင္းထဲထည့္တတ္လာပါသည္။ အမွိုက္ကိုလည္း အမွိုက္ပုံးထဲသို႔ ပ်င္းရိပ်င္းတြဲ သြားပစ္မိသည္။ ေရစိုတဘက္ကိုလည္း တန္းေပၚတြင္သာေသခ်ာလွမ္းမိသည္။ စာအုပ္မ်ားကိုလည္း စီေပးသြားခဲ့သည့္အတိုင္း ပုံမပ်က္ထားမိပါ၏။

ဆယ္ရက္ျပည့္ေသာေန႕...

ေပးတဲ့သူကေပးၿပီးမွေတာ့ နားကပ္မ်ားအားလုံးက သူ႕အပိုင္ပင္။ အျပင္ထြက္လွ်င္ေတာ့ ပုံမွန္ဝတ္ေနက်ကိဳသာဝတ္တတ္ၿပီး အိမ္ေရာက္သည္ႏွင့္ အသစ္ခုနစ္ခုထဲမွတစ္ခုကိုေ႐ြးပန္မိသည္။ ေပးသည့္သူအားသတိမရပါ။ ေပးသည့္သူကလည္း သူ႕အား တစ္ခ်က္ေတာင္လွည့္မၾကည့္ေတာ့။

ႏွစ္ပတ္ျပည့္ေသာေန႕...

စိတ္တိုလြယ္လာသည္။ စိတ္ထဲတြင္ဘာကိုမွအလိုမက်ေတာ့။ မိုးတြင္းမို႔မိုး႐ြာတာကအစ၊ တစ္ခါတရံေနထြက္လာသည့္အဆုံး ေဒါသထြက္စရာလိုပင္။ ၿခံထဲမွ စံပယ္ပြင့္မ်ားကိုလည္းေဒါသထြက္သည္။ မိုး႐ြာလို႔ေရစိုသြားသည့္ဖိနပ္ကိုလည္း ေဒါသထြက္သည္။ စာအုပ္မ်ားပိတ္ေနလွ်င္လည္းေဒါသထြက္ၿပီး ပြင့္ေနလွ်င္လည္းစိတ္မၾကည္ခ်င္။ မနက္ပိုင္းဆိုလည္း ငွက္ေတြက ပိက်ိပိက်ိႏွင့္။ တအားနားၿငီးပါ၏။

က်စ္! ေကာင္းသြင္ၾကည္ျဖဴဆိုတဲ့ေကာင္က ဘာလို႔ငါ့ေရွ႕လာထိုင္ေနတာတုန္း...။

"မိုင္း မင္းပိန္လာသလိုပဲ"

ေဘးမွသူငယ္ခ်င္းကေျပာလာေသာ္လည္း သူမသိခ်င္ေယာင္ေဆာင္ကာေမွာက္အိပ္လိုက္မိသည္။ ညေနေက်ာင္းဆင္းေတာ့ ေနာက္ေက်ာအားမၾကည့္နိုင္ေတာ့၍ သူကအရင္ေရွ႕မွထြက္ခဲ့လိုက္၏။

ေက်ာင္းေရွ႕ကိုေရာက္သည့္အခ်ိန္၌...

"ဟာ မိုင္း၊ ဟိုမွာ DUက The Whole Queenမလား"

တစ္ေယာက္ကေျပာလာသည္မို႔ သူလွမ္းၾကည့္လိုက္မိသည္။ နာမည္ေမ့ေနေသာ္လည္း ႐ုပ္ကိုေတာ့သိသည္ပင္။ DU၌ အေခ်ာဆုံးထဲကတစ္ေယာက္ျဖစ္သည့္အျပင္ သူမ၌ ငယ္စဥ္ကတည္းကCrushခဲ့ရသူရွိသည္မို႔ မည္သူမွလိုက္မရဟူ၍ ေျပာၾက၏။

"သူက ငါတို႔ေက်ာင္းကို ဘာလာလုပ္တာလဲ၊ သူ႕Crushက ဒီကမ်ားလား"

သူကေတာ့ စိတ္မဝင္စားသည္မို႔ အၾကည့္ကိုလႊဲကာ သူ႕ကားဆီသို႔သာ သြားဖို႔ျပင္လိုက္စဥ္...

"ဟာ သူက ေကာင္းသြင္ၾကည္ျဖဴကိုလာေစာင့္တာလား ၊ ေသာက္က်ိဳးနည္း"

ၾကားလိုက္ရသည့္နာမည္ေၾကာင့္ သူျပန္လွည့္ၾကည့္လိုက္မိသည္။ တစ္ေယာက္ေသာသူက ထိုမိန္းကေလးဆီသို႔တန္းတန္းမတ္မတ္ေလွ်ာက္သြားၿပီး တစ္ဖက္မွလည္း လွပစြာၿပဳံးေနရင္းၾကည့္ေနပုံက တြဲခါစစုံတြဲတစ္တြဲလိုပင္။

သူ႕အား မျမင္သည္မွာမျဖစ္နိုင္။ မၾကည့္ခ်င္လို႔ကို မၾကည့္သြားျခင္းပါပင္။

"ေစာင့္ရတာ အရမ္းၾကာသြားလား"

"နည္းနည္းပါ၊ မုန႔္လိုက္ေကြၽးေလ ေနာ္"

"အင္း"

ေမးလိုက္သံကလည္း အလိုလိုက္သံအျပည့္ႏွင့္ျဖစ္ၿပီး ျပန္ေျဖသူကလည္း အလိုလိုက္ခံရျခင္းကို အသားက်သည့္ႏွယ္။ သူ႕ေရွ႕၌ပင္ သူတြဲကိုင္ဖူးသည့္လက္ေမာင္းကို အျခားသူတစ္ေယာက္က ခ်ိတ္တြယ္သြားၿပီး သူခံယူဖူးသည့္ ဂ႐ုစိုက္ျခင္းမ်ားကိုလည္း အလုံးစုံလုယူခံလိုက္ရပါသလို။

ကားတံခါးကို ကိုယ္တိုင္ဖြင့္ေပးၿပီး ေခါင္းကိုလက္ႏွင့္ကာေပးပုံက သူႏွင့္တုန္းကကဲ့သို႔ ဂ႐ုတစိုက္ အေသးစိတ္နိုင္လွစြာ။

"မိုင္း... မိုင္း မင္းဟာက ႐ုပ္ေပါက္ေနၿပီ၊ ဆက္မၾကည့္နဲ႕ေတာ့"

"က်စ္! မင္း ဘာျဖစ္ေနျပန္တာလဲမိုင္းရာ၊ မင္းက မင္းမဟုတ္ေတာ့သလိုပဲ"

"သူတို႔ျပတ္ၿပီးသြားကတည္းက ဒီေကာင္ပုံမွန္မဟုတ္ေတာ့ပါဘူးလို႔ ငါေျပာသားပဲ၊ မင္းတို႔က သူ႕ကိုစိတ္တအားတင္းခိုင္းမေနနဲ႕၊ အစကတည္းက သူ႕စိတ္သူေတာင္ ဘာမွန္းသိတာ မဟုတ္ရတဲ့ၾကားထဲ၊ လာ သားႀကီး... အကုန္ေမ့ပစ္လိုက္၊ မေမ့နိုင္လည္း ငါ့ကိုထုတ္ေျပာကြာ၊ ႀကိတ္မွိတ္ခံမေနနဲ႕"

"ရတယ္ ငါဘာမွမျဖစ္ဘူး"

ထြက္သြားသည့္ကားအား မ်က္စိတဆုံးလိုက္ၾကည့္အၿပီး သူလည္း ကားေပၚသို႔တက္လိုက္ေတာ့သည္။

ေကာင္းတာေပါ့၊ မင္းအဲ့လိုလုပ္လိုက္ေတာ့ ျပတ္ျပတ္သားသားျဖစ္သြားတာေပါ့...။

ေနာက္တစ္ေန႕၌ အားသည့္အခ်ိန္တိုင္း ဖုန္းေျပာရင္းၿပဳံးေနသူအား မျမင္ခ်င္လည္းျမင္ေနရသည္မို႔ မ်က္ႏွာ လႊဲထားမိ၏။

စိတ္ေျပလက္ေပ်ာက္ Toiletသြားရန္အျဖတ္...

"ဟုတ္ပါၿပီ ကိုယ္ဒီေန႕ ျမန္ျမန္ေလွ်ာက္လာပါ့မယ္"

ႏူးညံ့ခ်ိဳအီေနသည့္အသံအားျမင္ျပင္းကပ္လာ၍ စားပြဲအား တမင္ကိုဝင္တိုက္ခဲ့လိုက္သည္။ Toiletထဲေရာက္ေတာ့လည္း စိတ္ကမၾကည္။ အထဲလည္းမဝင္ျဖစ္ဘဲ လက္ကိုသာေဆးေနမိ၏။

မင္းကတစ္ေယာက္ဆို ငါကဆယ္ေယာက္ျပန္ထားျပမယ္... မေကာင္းတဲ့ေကာင္ ငါေတာင္တစ္ေယာက္မွထပ္မထားရေသးတာကို...။

လက္ကိုထပ္တလဲလဲပြတ္ကာေဆးေနမိရင္း ႏွာေစးသလိုခံစားလာရသည္မိုႏွာရႈံ႕လိုက္မိသည္။ မ်က္လုံးတို႔လည္းပူလာသည္။ အျမင္ေတြလဲဝါးလာ၏။ ႏွာေခါင္းထဲမွလည္း ႏွာရည္ယိုခ်င္လာသလိုပင္။

"ခ်ီးပဲကြာ ေနမေကာင္းကလာျဖစ္ခ်င္ေနေသးတာလား၊ ျဖစ္ခ်င္လည္းျဖစ္လိုက္ ဂ႐ုမစိုက္ဘူး"

မ်က္ေတာင္တို႔ကိုပုတ္ခတ္ေနမိရင္း အျဖစ္မွန္မွေရွာင္ဖယ္ေနမိသည္။ သို႔တိုင္ ႏွာသီးဖ်ားတစ္ခုလုံး နီရဲတက္လာသလို ႏႈတ္ခမ္းေထာင့္စြန္းတို႔သည္လည္း ထိန္းခ်ဳပ္မရေတာ့သည့္အလား မဲ့က်သြားေတာ့၏။ သူေခါင္းကိုငုံ႕ခ်လိဳက္မိရင္း ေရစိုလက္ျဖင့္ မ်က္လုံးတို႔အား အုပ္ထားလိုက္မိသည္။ လက္ဖဝါးအစြန္းကို နယ္နမိတ္ေက်ာ္လြန္၍ ျဖတ္သန္းလာေသာမ်က္ရည္တို႔အား သူလည္းမတတ္နိုင္ေတာ့စြာျဖင့္ မတားဆီးမိေတာ့။

"မင္းလည္းငါ့ကိုမခ်စ္ဘူး၊ ငါလည္းမင္းကိုမခ်စ္ဘူး၊ ငါ ေကာင္းသြင္ၾကည္ျဖဴကို လုံးဝမခ်စ္ပါဘူးဆို ဘာလို႔ ဒီေလာက္ဝမ္းနည္းေနရတာလဲ"

ႏႈတ္မွတတြတ္တြတ္ႏွင့္ တိုးဖြဖြေရ႐ြတ္ေနမိရင္း မ်က္ရည္တို႔က ပိုပိုၿပီးက်လာသည္။ သူ႕ကိုယ္သူစိတ္ပ်က္စြာျဖင့္ မ်က္လုံးကိုအုပ္လ်က္သားႏွင့္ပင္ ငုတ္တုပ္ထိုင္ခ်လိဳက္မိေတာ့သည္။

"ငါကအတၱဒီေလာက္ႀကီးတာ ဘယ္သူကမွငါ့ကိုအၾကာႀကီးမခ်စ္နိုင္ဘူး၊ ငါတစ္ေယာက္တည္းကိုလည္း မခ်စ္နိုင္ေလာက္ဘူး၊ ၿပီးရင္ သူတို႔က အသစ္ေတြထပ္ရသြားမွာ၊ ေကာင္းသြင္ၾကည္ျဖဴလည္းအဲ့လိုပဲ၊ ခုေတာင္ သူအသစ္ရသြားၿပီပဲဟာ၊ အဲ့ဒါေၾကာင့္ သူက ငါလိုခ်င္တဲ့သူမ်ိဳးမဟုတ္ဘူး၊ သူ႕ကိုခ်စ္စရာမလိုဘူး"

မ်က္ရည္တို႔တသြင္သြင္က်ေနရင္း ႏႈတ္မွလည္း႐ြတ္ခ်င္ရာ႐ြတ္ေနသည့္ဟန္က စိတ္လြတ္ေနသူတစ္ေယာက္လိုပင္။

စိတ္ကိုျပန္ထိန္းနိုင္သည့္အခ်ိန္တြင္ေတာ့ မ်က္ဝန္းတို႔ကိုအုပ္ထားသည့္လက္တို႔အား ဖယ္လိုက္မိၿပီး ထရပ္လိုက္မိသည္။ ထိုအခါ မွန္မွတဆင့္ျမင္လိုက္ရသည္က နံရံကိုမွီကာလက္ပိုက္ထားရင္း သူ႕အားစိုက္ၾကည့္ေနသူ။ သူ ပုခုံးတို႔တုန္ယင္သြားသည္အထိလန႔္သြားရၿပီး ထေအာ္လိုက္မိသည္အထိ။

"မင္းေမ... ခ်ီးမလို႔ အသံမေပးတာလားကြ!!!"

"....."

တစ္ဖက္မွလည္း ႐ုတ္တရက္အေအာ္ခံလိုက္ရ၍ လန႔္သြားပုံပင္။ သူလည္း ေအာ္ၿပီးေတာ့မွ ငိုေနမိသည္အား ျပန္သတိရမိၿပီး နား႐ြက္ႏွစ္ဖက္လုံးပူတက္လာကာ ခ်က္ခ်င္းထြက္သြားဖို႔ျပင္လိုက္ခ်ိန္ ခါးမွသိမ္းကာ ေနာက္ေက်ာမွသိုင္းဖက္ခံလိုက္ရသည့္ အခိုက္အတန႔္။

"မင္း!! ဖယ္ မင္းေကာင္မေလးကိုပဲ သြားဖက္ပါလား!!! ေဟ့ေကာင္ လႊတ္စမ္း"

႐ုန္းေနရင္းေတာင္မွ ဂုတ္ပိုးထက္ႏြေးခနဲျဖစ္သြားသည္မို႔ ဆဲဖို႔ျပင္လိုက္စဥ္ အျပင္မွအသံမ်ားကိုၾကားလိုက္ရ၍ လန႔္သြားရ၏။ ႐ုတ္တရက္ဆိုသလိုပင္ ေနာက္မွလူက အခန္းတစ္ခုထဲဆြဲသြင္းသြားသည္မို႔ သူအသက္ပင္ရဲရဲမရႉရဲသည္အထိ ျဖစ္သြားေတာ့၏။ နံရံထက္ေက်ာမွီထားရင္း ေရွ႕တြင္လည္းရင္ခြင္ႏွင့္အပိတ္ခံထားရကာ သူ႕အားအုပ္မိုးၾကည့္ေနသည့္မ်က္ႏွာ။

"မင္း..."

ေလသံႏွင့္ေျပာသည့္စကားကိုပင္အေျပာမခံဘဲ ႏႈတ္ဖ်ားထက္ဖိကပ္လာသည့္ခံစားခ်က္။

French kiss????

သူမ်က္လုံးပင္ျပဴးသြားရၿပီး ႐ုန္းလိုက္မိေသာ္လည္း လက္အစုံကိုခ်ဳပ္ကိုင္ခံလိုက္ရပါသလို ႏႈတ္ခမ္းအထိအေတြ႕၊လႈပ္ရွားမႈတို႔ကလည္း ကြၽမ္းက်င္စြာ။

ငါေတာင္ တစ္ခါမွမနမ္းဖူးတာကို ဒီေကာင္ကဘာလို႔ တအားကြၽမ္းေနတာလဲ????

ခုမွရည္းစားေလးတစ္ေယာက္ထားဖူးၿပီး ငါ့ကိုေက်ာ္တက္သြားတယ္ေပါ့၊ ဒီမေကာင္းတဲ့ေကာင္...။

စိတ္တိုသြားၿပီး ႏႈတ္ခမ္းကိုကိုက္ခ်လိဳက္မိေတာ့လည္းရပ္တန႔္မသြားဘဲ ပိုဆိုးလာသည္မို႔ ေနာက္ပိုင္း သူပင္ေျခေထာက္မခိုင္ခ်င္ေတာ့။

အနမ္းမ်ားအဆုံးတြင္ေတာ့ အသက္ရႉသံတို႔ကိုသတိထားရင္း တစ္ဦးကိုယ္တစ္ဦး ေပြ႕ဖက္ထားမိၾကသည္။ အခ်ိန္မေ႐ြးေပ်ာက္ကြယ္သြားနိုင္သည့္ ျဖစ္တည္မႈေလးအား လက္မလႊတ္နိုင္ျဖစ္ေနသကဲ့သို႔ တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားမိၾကရင္း တစ္ဦး၏မ်က္ရည္စတို႔သည္ တစ္ဦး၏ ပုခုံးထက္သို႔။

" မေကာင္းတဲ့ေကာင္ မင္းငါ့ကို အကုန္ရွင္းျပရမယ္၊ မင္းငါ့ကို တစ္ခုမက်န္ရွင္းျပမွ ငါေက်နပ္မွာ၊ မင္းကိုယ္တိုင္ငါ့ဆီလာမွေတာ့ မင္းဘာသာၿခံခုန္လာတာပဲ၊ ငါ့မွာ ဘာအျပစ္မွမရွိဘူး၊ မင္းဇယားအသစ္ကို ငါ့ဆီလာမႏြယ္ေစနဲ႕"

"ဘာေတြေလွ်ာက္ေျပာေနတာလဲကြာ"

"ဘာကိုေလွ်ာက္ေျပာရမွာလဲ၊ မင္းရဲ႕ DU Queenႀကီးက ဒီညေနလည္း လာဦးမွာမဟုတ္လား၊ ခ်ီးပဲ ဖယ္လိုက္ေတာ့၊ မင္းဇယားမျပတ္မခ်င္းျပန္မလာနဲ႕"

ဖက္ထားသူအားေဆာင့္တြန္းလိုက္ၿပီးေနာက္ အျပင္တြင္မည္သူမွမရွိတာေသခ်ာသည္မို႔ ျမန္ျမန္ထြက္လိုက္ေတာ့သည္။ အတန္းထဲျပန္ေရာက္ေတာ့ အတန္းဝင္ေနသည့္ဆရာမကေမးလာသည့္အခါ စံျပေက်ာင္းသား၏ မင္ေသေသျဖင့္မုသာဝါဒက်ဴးလြန္မႈေၾကာင့္ သူ႕မွာ အစာမေၾကျဖစ္ေနသည့္ ေနမေကာင္းသည့္ေက်ာင္းသား ခ်က္ခ်င္းျဖစ္သြားေတာ့၏။

ညေနေရာက္ေတာ့ သူအျမန္ဆုံးျပန္ရန္ ျပင္လိုက္ေသာ္ျငား လက္အားဆြဲကာ ေရွ႕မွဦးေဆာင္၍ေခၚသြားသူ။

"ေကာင္းသြင္ၾကည္ျဖဴ မင္း ဘာလုပ္မလို႔လဲ"

"မိတ္ဆက္ေပးမလို႔"

"ဘာ! မလိုက္ဘူး ေခြးေကာင္"

သို႔တိုင္ လုံးဝ႐ုပ္ပ်က္ေအာင္ ႐ုန္းမရသည့္အဆုံး ထို The Whole Queenႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္ရသည္သာ။ သူတို႔အား ေတြ႕ေတြ႕ခ်င္းေမးလာသည္မွာေတာ့...

"ဪ ဪ ေနာက္ဆုံးေတာ့ အခ်စ္ငွက္ကေလးေတြအဆင္ေျပသြားၾကၿပီးကိုး"တဲ့။

ထို႔ေနာက္တြင္ေတာ့ ေကာင္းသြင္ၾကည္ျဖဴ၏ လုပ္ဇာတ္မ်ားကို တဝႀကီးနားေထာင္လိုက္ရၿပီးေနာက္ ထိုေကာင္မေလးသည္ ေကာင္းသြင္ႏွင့္ၿခံခ်င္းကပ္လ်က္ေနသူျဖစ္ၿပီး ငယ္စဥ္က ေက်ာင္းေနဖက္လည္းျဖစ္ဖူးေၾကာင္း၊ သူမ၏ Crush မွာ ေကာင္းသြင္၏ ဝမ္းကြဲအစ္ကိုျဖစ္ၿပီး ႏွစ္ဦးမွာလည္း ေစ့စပ္ထားၿပီးျဖစ္ေၾကာင္း၊ လက္ရွိကိစၥ၌ ေကာင္းသြင္က အကူအညီေတာင္းလာ၍ ကူညီေပးျခင္းျဖစ္ေၾကာင္း ရွင္းျပသြားသည္။

ထိုမွ်မကေသး ေကာင္းသြင္၏ေကာင္းကြက္မ်ားကို ေျပာျပသြား႐ုံသာမက သူ႕ကိုဘယ္ေလာက္ခ်စ္ေၾကာင္း၊ အရင္က ဒီေကာင္က စက္႐ုပ္လိုေနတဲ့သူျဖစ္ၿပီး သူႏွင့္ေတြ႕မွ ခံစားခ်က္ေတြေပၚလာျခင္းျဖစ္ေၾကာင္း၊ တြဲလွ်င္ ေနာင္တရစရာမရွိေၾကာင္း အာမပင္ခံေပးသြားေသး၏။ ေဘးမွဇာတ္ၫႊန္းေရးဆရာႀကီးကေတာ့ သူတို႔ေျပာသမွ်ကိုထိုင္နားေထာင္ေနရင္း ေက်နပ္ေနသည့္မ်က္ႏွာေပးျဖင့္ သူ႕အားေတာက္ေလွ်ာက္ၾကည့္ေနသည္မို႔ မေနတတ္ေအာင္ ျဖစ္ရသည္အထိပင္။

ရွစ္ႏွစ္ၾကာၿပီးေနာက္...

"ေကာင္း ငါပိတ္ရက္က် ဝက္မိုးခိုသားစားခ်င္တယ္"

"အင္း လုပ္ေကြၽးမယ္"

"ငါတို႔ ေသာက္လည္းေသာက္မယ္ေနာ္"

"အမ်ားႀကီးေတာ့မရဘူး၊ လိမၼာတယ္"

"အင္း ဝိုင္နီေလးေသာက္မယ္ေနာ္"

"ဟုတ္ပါၿပီဗ်ာ အေဖနဲ႕အေမကိုလည္း ကိုယ့္ဆီလာအိပ္မဲ့အေၾကာင္း ႀကိဳေျပာဦး၊ လာမဲ့ညမွ ေျပာဖို႔မလုပ္နဲ႕ေနာ္"

"အင္းပါ"

သူအလုပ္လုပ္ေနသည္အား ေနာက္မွသိုင္းဖက္ကာ စားခ်င္တာကိုပူဆာၿပီး ေက်နပ္ေနသူေၾကာင့္ ေကာင္းသြင္ၾကည္ျဖဴ ၿပဳံးလိုက္မိသည္။ ယခုက သူ႕အိပ္ခန္းထဲ၌ ရွိေနၾကျခင္းပင္။ MBAထိတက္ၿပီးေနာက္ ဘာသာျပန္ရာတြင္စိတ္ဝင္စားသူမ်ားစုစည္း၍ ဘာသာျပန္ေအဂ်င္စီတစ္ခုေထာင္ျဖစ္ၾကသည္မို႔ မိုင္းလည္း သူႏွင့္အတူပူးေပါင္းလာခဲ့၏။ အရင္ကစာဖတ္ဝါသနာမပါသူက အလုပ္လုပ္ရသည့္အခါတြင္ေတာ့ သူ႕ကိုယ္သူျပဳျပင္ၿပီး ႀကိဳးစားလာသလို စာဖတ္ပ်င္းသည့္အခါ၌လည္း သူကနံေဘးမွေန၍ ဖတ္ျပေပးရသည္။

လူငယ္မ်ားျဖင့္တည္ေထာင္ခဲ့သည့္ေအဂ်င္စီတစ္ခုျဖစ္ေသာ္လည္း အားလုံးက စဥ္ဆက္မျပတ္ေလ့လာႀကိဳးစားၿပီး အမွားကိုသင္ယူကာျပင္ဆင္နိုင္ၾကသူမ်ားမို႔ အခ်ိန္တစ္ခုအတြင္း ေကာင္းေကာင္းလည္ပတ္နိုင္လာခဲ့၏။

မိဘမ်ားကလည္း သူတို႔ၾကားဆက္ဆံေရးကိုသိၾကၿပီးျဖစ္ရာ ဝင္ေရာက္စြက္ဖက္ျခင္းမျပဳၾကသည္မို႔ ၾကားထဲေျပေျပလည္လည္ပင္။ ႏွစ္ေယာက္သားအတူေနဖို႔ကေတာ့ အခ်ိန္မတန္ေသးဟုယူဆသည္မို႔ အတူမေနျဖစ္ၾကေသး။ သို႔တိုင္ တစ္ေယာက္အိမ္ေတာ့၊ တစ္ေယာက္သြားအိပ္တတ္သည္သာ။

သည္ႏွစ္ကုန္ရင္ေတာ့ အတူေနဖို႔ရန္ဝယ္ထားသည့္ၿခံေလးထဲ၌ စတင္၍အိမ္ေဆာက္ေတာ့မည္ျဖစ္သည္။ အေမႏွစ္ေယာက္က ႀကဳံတိုင္းသြားၿပီး ပန္းမ်ိဳးေစ့မ်ားသြားႀကဲတတ္ကာ အပင္မ်ားစိုက္လာတတ္သည္မို႔ သူတို႔ေနမည့္အခ်ိန္တြင္ေတာ့ ေတာ္ေတာ္ေလး အဆင္သင့္ျဖစ္ေလာက္ၿပီပင္။

"မိုင္း အငယ္ေလးအတြက္ ေမေမလုပ္ေပးထားတဲ့မုန႔္ေတြယူသြားဦး"

"ေအးပါ မင္းသူ႕ကို တအားဂ႐ုစိုက္ေနာ္"

"လုပ္ၿပီ ကိုယ္က မင္းကိုအရမ္းခ်စ္ေပးတဲ့သူမလို႔ ဂ႐ုစိုက္ေပးတာပါကြာ"

"သိသားပဲ ၾကားခ်င္လို႔ေျပာတာ"

သူအလုပ္ကိုအဆုံးသတ္လိုက္ၿပီးေနာက္လွည့္ၾကည့္လိုက္ေတာ့ မိုင္းက သူ႕အိပ္ရာထက္ ကန႔္လန႔္ျဖတ္လွဲေနကာ ေျခေထာက္ကိုလည္း တင္ပုလႅင္ေခြထိုင္သလိုမ်ိဳးေခြထား၏။

တကယ္ ဘာေလးမွန္းမသိဘူး...။

သူကုတင္နားေလွ်ာက္သြားေတာ့ မ်က္လုံးလွန္ၾကည့္လာၿပီး...

"ၿပီးသြားၿပီလား ျမန္လိုက္တာ"

"အင္း ကိုယ့္ကိုဆုခ်ပါဦး"

ေျပာရင္းႏွင့္ ခါးကိုင္းကာဖက္လိုက္ရင္း နဖူးေလးအားဖ်တ္ခနဲေမႊးလိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ျဖင့္ ခ်ိဳင္းေအာက္မွဆြဲမကာ မ်က္ႏွာခ်င္းဆိုင္ေပြ႕ခ်ီလိုက္ေတာ့ ခါးကိုအလိုက္သင့္ခြလာသည့္ ေျခတံရွည္ႏွစ္ဖက္။ လက္အစုံကလည္း လည္တိုင္အားဖက္တြယ္လာသည္။ သူထိုပုံစံအတိုင္း ကုတင္ထက္ထိုင္လိုက္ေတာ့ ႏွစ္ေယာက္သား အနီးကပ္ဆုံးဖက္တြယ္ထားၾကသလိုပင္ ။ ၾကာေလေသြးဖို႔ေတာင္ ေနရာလပ္မရွိသည္မို႔ သည္ပုံစံအား သူတို႔ႏွစ္ေယာက္လုံး အႀကိဳက္ဆုံးပါေပ။

မိုင္းက သူ႕လည္တိုင္အား ႏွာတံခြၽန္ေလးႏွင့္ပြတ္သပ္ကာလိုက္စေန၏။

"အငယ္ေလးကို သေဘာမက်ျဖစ္ေနတုန္းပဲလား"

"အဲ့ေလာက္ေတာ့မဟုတ္ပါဘူး"

"အင္း ဒီတစ္ခါ အမ်ိဳးေတြနဲ႕ေတြ႕လာလို႔လား၊ ဘာေတြေျပာလို႔လဲ"

ေမးလိုက္ေတာ့ သူ႕အားေခါင္းေထာင္လ်က္ အံ့ဩသလိုၾကည့္လာသည္မို႔...

"အေမ့ကိုလွမ္းေမးထားတာ၊ ခင္ဗ်ားေလးက မနက္ကတည္းက မ်က္ႏွာမလန္းလို႔ေလ"

စကားအဆုံး သူပုခုံးထက္ေခါင္းကိုေမွာက္ခ်လာ၏။

"သူတို႔က ငါငယ္ငယ္ကဆိုးေၾကာင္းေတြပဲ ျပန္ျပန္ေျပာၾကတာ၊ အငယ္ေလးက ခုဆိုအ႐ြယ္ေရာက္ေနေတာ့ သူ႕ေရွ႕မွာ အဲဒါေတြအေျပာခံရတာ မႀကိဳက္ဘူး"

"အင္း ဟုတ္တာေပါ့ ကိုယ္နားလည္ပါတယ္"

ေျပာရင္းႏွင့္ ေက်ာျပင္ေလးအား ဖြဖြေလးပြတ္သပ္ေပးမိသည္။

"ကိုယ္တို႔တရားဝင္သက္ဆိုင္သြားရင္ မင္းအစား ကိုယ္ကသူတို႔နဲ႕ရင္ဆိုင္ေပးမယ္ ေနာ္ ကေလးေလး"

"အင္း ေကာင္း ငါတအားကေလးဆန္ေနၿပီမလား"

"မဆန္ပါဘူး ကိုယ္ကေတာ့ ကေလးေလးလိုေတာင္ျဖစ္ေစခ်င္ေသးတာ၊ မင္းဘယ္လိုျဖစ္ျဖစ္ကိုယ္က အၿမဲခ်စ္ေနမွာေလ၊ အဲ့ဒါေၾကာင့္ မင္းကအၿမဲမွတ္ထားရမယ္၊ ဒီေလာကမွာ မင္းကိုအျပည့္အဝခ်စ္ေပးဖို႔ တာဝန္အျပည့္ရွိတဲ့သူက အျခားဘယ္သူမွမရွိဘူး၊ ကိုယ္တစ္ေယာက္တည္းပဲရွိတယ္၊ မင္းမိဘေတြေရာ ၊ ေဆြမ်ိဳးေတြေရာမွာ တာဝန္မရွိဘူး၊ ကိုယ္ကသာ မင္းတစ္ေယာက္တည္းကိုခ်စ္ဖို႔ေမြးဖြားလာတာပါ၊ မင္းနဲ႕မေတြ႕ခင္တုန္းက ကိုယ္ဘယ္လိုလူလဲဆိုတာ မင္းလည္းသိပါတယ္၊ အဲ့ဒါေၾကာင့္ မင္းကလည္း ကိုယ္တစ္ေယာက္တည္းဆီကပဲ အျပည့္အဝခ်စ္တာကို လက္ခံေပးေလေနာ္"

ေျပာအၿပီး လည္တိုင္ေလးအားနမ္းရွိုက္လိုက္ၿပီးေနာက္ ဆက္လက္၍ပ်ံ့ႏွံ႕သြားေသာ ႏြေးေထြးမႈေလးမ်ား။

"ေကာင္း ငါတို႔အျမန္ဆုံးအတူေနရေအာင္"

"အင္း ကိုယ္လည္းထပ္မေစာင့္ခ်င္ေတာ့ဘူး"

အခန္းတြင္း၌ ရယ္သံမ်ားျဖင့္ ပ်ံ့လြင့္သြား၏။

ထို႔ေနာက္ ခ်စ္ျခင္းတရား၏ ေတးသီက်ဴးသံမ်ား...။

*****

အခ်စ္ဆိုတာ ဘာလဲ...

ေလျပည္ေလညင္းေလးေတြလိုမ်ိဳး မင္းအနားမွာအၿမဲရစ္ဝဲေနမဲ့အရာတစ္ခုေပါ့...

မင္းသတိထားမိတဲ့အခ်ိန္က်ရင္ေတာ့ေသခ်ာၿပီ...

အဲ့ဒါ အခ်စ္ပဲ...။

The End.

Continue Reading

You'll Also Like

10.2M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
982K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
15.3M 467K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...