Zawgyi
ေလာ့႐ွန္ဟြာ ကားထဲတြင္ ၿငိမ္ၿငိမ္ေလးထိုင္ေနကာ ေအးစက္သည့္ေလထုၾကားထဲကေန မနည္းအသက္႐ွဴေနရသလိုပင္၊သူ႔ဒယ္ဒီ ဘာျဖစ္တာလဲ...မနက္တုန္းက အေကာင္းႀကီးပါ၊ငါလည္း ေက်ာင္းလည္းမေျပးသလို ေရခဲမုန္႔လည္း ခိုးမစားထားပါဘူး၊
ဒါေပမယ့္ သူ႔ဒယ္ဒီရဲ႕တင္းမာေနသည့္မ်က္ႏွာကို ၾကည့္ရင္း သူ႔မွာ တံေထြးမ်ိဳခ်တာေတာင္ အသံထြက္မည္စိုးတာေၾကာင့္ ျဖည္းျဖည္းေလးမ်ိဳခ်ရင္း ေဘးနားမွာ တင္းမာကာ ေၾကာက္စရာေကာင္းသည့္မ်က္ႏွာျဖင့္ ထိုင္ေနသည့္ ေလာ့က်န္းေပ့ကို တခ်က္ခိုးၾကည့္ကာ...သတၱိအကုန္စုလိုက္ၿပီး မရဲတရဲအသံေလးနဲ႔
"ဒယ္...ဒယ္ဒီ"
"ေျပာ"
ျပန္ထူးပံုေထာက္ရင္ သူဘက္က ႀကီးႀကီးမားမားကိစၥႀကီး မလုပ္ထားပံုရသည္၊ဒါေပမယ့္လည္း ျပန္ထူးပံုဟာ ေရခဲတံုးနဲ႔ ပစ္ေပါက္သလိုပဲ ေအးလည္းေအး နာလည္းနာက်င္ရျပန္သည္၊ဒါေၾကာင့္ ေလာ့႐ွန္ဟြာ ခ်က္ခ်င္းမ်က္ႏွာငယ္ေလးနဲ႔ ေလာ့က်န္းေပ့လက္ေမာင္းေပၚ ေခါင္းေလးမွီကာ
"႐ွန္ေလး တစ္ခုခုလုပ္ထားလို႔လားဟင္? ႐ွန္ေလး ဒီေန႔ စကားအျပည့္အဝနားေထာင္တယ္ေနာ္ နည္းနည္းေလးေတာင္ ေလ်ာ့ဘူး" လို႔ ေျပာလိုက္ေတာ့ သူဒယ္ဒီဟာ သူ႔ကို စိုက္ၾကည့္လာကာ
"ခုနက တစ္ေယာက္က မင္းသူငယ္ခ်င္းလား ႐ွန္ေလး" လို႔ ေမးလာေတာ့ ေလာ့႐ွန္ဟြာလည္း ေခါင္းညိတ္ကာ ကုဖုန္းေမာ့ဟာ သူ႔သူငယ္ခ်င္းျဖစ္ေၾကာင္းနဲ႔အျခားခင္ရသည့္ သူငယ္ခ်င္းႏွစ္ေယာက္လည္း႐ွိေၾကာင္း ေျပာလိုက္သည္၊လီမ်ိဳး႐ိုးနဲ႔ လီကုန္းေရႊကိုေတာ့ သူငယ္ခ်င္းအျဖစ္မသတ္မွတ္ထားေပ၊နည္းနည္း...20%သူငယ္ခ်င္းေပါ့၊
သူ႔ဒယ္ဒီဟာ ေခါင္းတစ္ခ်က္ညိတ္ကာ ဘာမွဆက္မေမးဘဲ ျပန္လည္တိတ္ဆိတ္သြားေတာ့သည္၊အိမ္ေတာ္ေရာက္တဲ့အထိ ဘာစကားမွ ဟမလာပဲ ကားေပၚကေနပင္ ဆင္းသြားတာေၾကာင့္ ေလာ့႐ွန္ဟြာမွာ ကားေပၚက အျမန္ဆင္းကာ သူ႔ဒယ္ဒီေနာက္ အေျပးေလးလိုက္ကာ...
"ဒယ္ဒီ!" လို႔ လွမ္းေခၚမွ ခုနကေျခလွမ္းက်ဲႀကီးမ်ားနဲ႔ အိမ္ေတာ္ကိုလွမ္းေနသည့္ေျခလွမ္းမ်ားဟာ စိပ္သြားကာ သူ႔ဘက္ကို လွည့္ၾကည့္လာေတာ့သည္၊ေလာ့႐ွန္ဟြာလည္း သူ႔ဒယ္ဒီနား အျမန္ေလ်ွာက္သြားကာ...အနည္းငယ္ေမာဟိုက္သြားသည့္အသံေလးျဖင့္
"ဒယ္ဒီ ...မနက္ျဖန္ေကာ့တင္းပါတီကို ႐ွန္ေလး လိုက္ခဲ့လို႔ရလား" လို႔ ေမးလိုက္ေတာ့ "မရဘူး"ဆုိသည့္ တံုးတိအေျဖသာ ျပန္ေပးခ်လိုက္ၿပီး သူ႔ကိုပင္ လွည့္မၾကည့္ပဲ အိမ္ေတာ္ထဲဝင္သြားေတာ့သည္၊ေလာ့႐ွန္ဟြာမွာေတာ့ စိတ္လည္းတိုသလို ၊ျမဴစြယ္ရခက္လြန္းသည့္ ေလာ့က်န္းေပ့ေၾကာင့္ မ်က္ရည္မ်ားပင္ က်ခ်င္သြားေတာ့သည္၊
'ဘာလို႔ ဇာတ္လိုက္က ႐ုတ္တရက္ႀကီး ငါ့အေပၚျပန္ေအးစက္သြားရတာလဲ' လို႔ Systemကို ေမးလိုက္ေတာ့ Systemဆီဟာ ဘာေျဖသံမွ ထြက္မလာတာေၾကာင့္ သူလည္းဆက္မေျပာေတာ့ပဲ၊သူအခန္းထဲကိုသာ တက္သြားေတာ့သည္၊ထိုေနာက္ စာၾကည့္စားပြဲမွာ ထိုင္လိုက္ၿပီး စားပြဲအံဆြဲကို ဖြင့္လိုက္ၿပီး ဒယ္ဒီကို ျမဴဆြယ္ရန္ planမ်ားဟု ေရးထားသည့္စာအုပ္ကို ယူကာ... ပထမဆံုးစာမ်က္ႏွာကို ဖြင့္လိုက္ၿပီး ေဘာပင္အနက္ေလးကို ေကာက္ကိုင္ကာ...
"ေကာ့ေတးပါတီက အရမ္းအေရးႀကီးတယ္..."
အဲ့ပါတီမွာ ဒယ္ဒီဟာ က်န္းယုေဝဆုိသည့္မိန္းမနဲ႔ တစ္ခန္းထဲ တူတူ႐ွိေနသည္ကို အကုန္လံုးဟာ ျမင္ေတြ႔သြားၿပီးေနာက္မွာ ထိုမိန္းမကို လက္ထပ္ရန္ အတင္းၾကပ္တိုက္တြန္းခံခဲ့ရသည္၊သံုးလအၾကာမွာလည္း ထိုအမ်ိဳးသမီးဟာ အျခားလူတစ္ေယာက္ရဲ႕ကိုယ္ဝန္ရ႐ွိခဲ့ေပမယ့္ သူ႔ဒယ္ဒီသာ ဂ်ိဳတက္ခံခဲ့ရသည္၊ထိုခ်ိန္မွာ ဗိုက္မထြက္ခင္အျမန္ဆံုး လက္ထပ္ပြဲကို စီစဥ္မည္ဟုေသာ အေၾကာင္းျပခ်က္ေၾကာင့္ ေလာ့က်န္းေပ့ကို တဖက္သတ္ခ်စ္ေနသည့္ အရင္ေလာ့႐ွန္ဟြာဟာ ထိုအမ်ိဳးသမီးဗိုက္ထဲ႐ွိ ကေလးကို ေလာ့က်န္းေပ့ကေလးဟု မယုံၾကည္တာေၾကာင့္ လိုက္လံစံုစမ္းခဲ့ေပမယ့္ တစ္စံုတစ္ေယာက္ဟာ အျမဲလိုက္လံပိတ္ပင္တားဆီးလာေတာ့သည္၊
ဒါေပမယ့္ မဂၤလာေဆာင္ခါနီး ရက္တပတ္အၾကာမွာ တကယ့္အေဖရင္းေပၚလာၿပီး ျဖစ္ေၾကာင္းအကုန္ေျပာျပကာ က်န္းယုေဝကိုလည္း မိႈခ်ိဳးမ်ွစ္ခ်ိဳးေျပာသြားေတာ့သည္၊ အရင္ေလာ့႐ွန္ဟြာရဲ႕မွတ္ဥာဏ္ထဲမွာ သူအေၾကာင္းနဲ႔ပတ္သတ္ၿပီး ေရေရရာရာမသိခဲ့ေပမယ့္ ဝင္ေရာက္ကူညီေျဖ႐ွင္းခဲ့သူဟာ က်န္းလင္း႐ွဟု သူစိတ္ထဲေပၚလာေတာ့သည္၊
က်န္းလင္း႐ွက ဘာလို႔ ႐ုတ္တရက္ေပၚလာၿပီး ကူညီရတာလဲ...၊ေလာ့႐ွန္ဟြာ စာအုပ္ထဲ နာမည္ေတြေရးခ်ရင္း စဥ္းစားလိုက္သည္၊ေနာက္ပိုင္းမွာ က်န္းအိမ္ေတာ္က ဂုဏ္သိကၡာက်ဆင္းကာ ၿမိဳ႕သြားခဲ့ရေပမယ့္ က်န္းလင္း႐ွနဲ႔ပတ္သတ္ၿပီး သတင္းဆိုးပင္ ထြက္မလာေပ၊သံုးႏွစ္ၾကာၿပီးေနာက္မွာသာ ေလာ့႐ွန္ဟြာကို အသံုးခ်ၿပီး ေလာ့က်န္းေပ့နား ခ်ဥ္းကပ္ခဲ့သည္မလား၊
မဟုတ္ေသးဘူး သူ႔မွတ္ဥာဏ္ထဲကအရဆုိရင္ အရင္ေလာ့႐ွန္ဟြာထင္ေနတာ အမွားပဲ၊ေလာ့က်န္းေပ့နဲ႔က်န္းလင္း႐ွ စေတြ႔သည့္ပံုစံဟာ မိတ္ေဆြအရင္းမ်ားအတိုင္းပင္၊ပိုဆုိးသည္ဟာ အရင္ေလာ့႐ွန္းဟြာလုပ္ရပ္တိုင္းကို က်န္းလင္း႐ွဟာ အမွားေထာက္ကာ အ႐ွက္ခြဲရံုသာမက ေလာ့က်န္းေပ့ရဲ႕စိတ္ဝင္စားမႈကို ရယူရန္ ေလာ့႐ွန္ဟြာကို ခဏခဏအသံုးခ်ေနေသးသည္၊
ေလာ့႐ွန္ဟြာရဲ႕ ျမျပာေရာင္မ်က္ဝန္းေလးဟာ အေရာင္တစ္ခ်က္လဲ့သြားၿပီး ေဘာပင္ဖင္ပိုင္းကို ႏူတ္ခမ္းဖူးေလးေပၚ ေတ့ကာ ႏူတ္ခမ္းစြန္းေလးဟာ ေကာ့ၫႊတ္သြားၿပီး...
'ငါထင္ထားသလိုပဲ...ေလာ့႐ွန္ဟြာရဲ႕ပထမဘဝမွာေကာ၊ဒုတိယဘဝ(ျပန္လည္ေမြးဖြားသည့္ဘဝ)မွာ အရမ္းယုတ္တိမ႐ွိပဲ ထူးဆန္းေနခဲ့တာ မဆန္းက်ယ္ေတာ့ဘူး...'
[Moon: side mission - က်န္းလင္း႐ွရဲ႕ဘဝမွန္ကို ႐ွာေဖြရန္ +200 ] လို႔ System ဆီက အသံၾကားေတာ့ သူ႔အေတြးမ်ားဟာ ပိုမိုေသခ်ာသြားသေယာင္ပင္၊
ထုိခ်ိန္မွာ အခန္းတံခါးဟာ ေဒါက္ ေဒါက္ ေဒါက္ သံုးခ်က္ျမည္လာၿပီး အသက္အိုႀကီးသည့္အထိန္းေတာ္ႀကီးရဲ႕အသံထြက္လာေတာ့သည္၊
"သခင္ေလး သခင္ႀကီးက ညစာစားခ်ိန္ေရာက္ၿပီလို႔ မွာလိုက္တယ္" လို႔ ေျပာလာေတာ့ ေလာ့႐ွန္ဟြာႏူတ္ခမ္းေလးဆူသြားကာ မေက်မနပ္ျဖစ္ေနသည့္အသံျဖင့္
"မစားဘူး!! ခုနက်ေတာ့ ပစ္ထားၿပီး အခုမွ လာဂ႐ုစိုက္ၾကေနတယ္! မစားႏိုင္ဘူး လို႔ ေျပာလိုက္" ေအာ္ေျပာလိုက္ေတာ့ အထိန္းေတာ္ႀကီးဆီက "ေကာင္းပါၿပီ" ဆုိသည့္ေျဖသံနဲ႔အတူ ျပန္သြားသည့္ေျခသံကို ၾကားလိုက္ရသည္၊ဒါေပမယ့္ သူရဲ႕ဗိုက္ေလးကေတာ့ တဂိြဂိြနဲ႔ျမည္ေနတာေၾကာင့္ သူ႔မွာ ေအာက္ႏူတ္ခမ္းေလး ကိုက္ကာ...
'အနာခံမွ အသာစံမွာ' လို႔ စိတ္ထဲေျပာရင္း plan အသစ္ျဖစ္သည့္ ထန္းေဟာ္႐ွသင္ေပးလိုက္သည့္အခ်က္ေတြထဲက 'မိဘမွ လိုခ်င္တာ မေပးသည့္အခါ အစာငတ္ခံကာ ဆႏၵျပပါ' ဆိုသည့္ အခ်က္ကို အမိအရအသံုးခ်လိုက္ေတာ့သည္၊
ဒါေပမယ့္ သူထင္ထားသလို ျဖစ္မလာေပ၊ညသန္းေခါင္ယံ တစ္နာရီထိုးတဲ့အခ်ိန္ထိ သူ႔ဒယ္ဒီဟာ အခန္းထဲကို ေရာက္မလာသလို၊သူ႔အခန္းေ႐ွ႕မွာ အေစခံမ်ားလမ္းေလ်ွာက္သံပင္ မၾကားရတာေၾကာင့္ အရမ္းလည္း ေဒါသထြက္သြားသလို၊အရမ္းလည္း ဝမ္းနည္းသြားေတာ့သည္၊ လြန္ခဲ့တဲ့ရက္ေတြက သည္းသည္းလႈပ္ေအာင္ ဂ႐ုစိုက္သည့္ သူ႔ဒယ္ဒီဟာ ေက်ာင္းဆင္းထဲက အခုခ်ိန္ထိ သူ႔ကို လံုးလံုးလ်ားလ်ားကို လစ္လ်ဴ႐ႈထားေနသည္၊
'တကယ္ မေကာင္းတဲ့လူႀကီး!' သူစိတ္ထဲမွာ မေက်မနပ္ေျပာလိုက္ရင္း ဗိုက္ေသေအာင္ ဆာေနတာေၾကာင့္ အခန္းထဲကေန ထြက္လာကာ မီးခိုေခ်ာင္ဘက္ထြက္လာေတာ့သည္၊ ကံေကာင္းသည္လို႔ ဆုိရမလား မီးခိုေခ်ာင္ စားပြဲခံုေပၚတြင္ အုပ္ေဆာင္းနဲ႔ေသခ်ာအုပ္ထားသည့္ အေစာေျပဖက္ထုပ္မ်ားနဲ႔ ဟင္းခါးရည္တစ္ခြက္ကို ေတြ႔လိုက္သည့္ခ်ိန္မွာ ပင္လယ္ထဲ လမ္းေပ်ာက္ေနသည့္သူဟာ ကြၽန္းတစ္ကြၽန္းကို ေတြ႔လိုက္ရသလို၊ စည္းစိမ္ကုန္ ထီးထိုးထားသည့္သူဟာ သန္းေပါင္းမ်ားစြာေသာ ထီဆုကိုေပါက္သလို ေပ်ာ္ရႊင္မူမ်ိဳး သူခံစားလိုက္ရေတာ့သည္၊
ေလာ့႐ွန္ဟြာ ေဘးနားမွာ အသင့္ခ်ထားသည့္ တူကိုေကာက္ယူကာ ဖက္ထုပ္ကို ပါးစပ္ထဲထည့္ကာ ဝါးလိုက္သည့္ခ်ိန္မွာ အရသာ႐ွိလြန္းလို႔ ကေတာင္ကပစ္လိုက္ခ်င္သည္၊ဗိုက္ဆာေနသည့္ခ်ိန္မွာ အစားအေသာက္အားလံုးဟာ အရင္ကထက္ ပိုမိုအရသာ႐ွိေအာင္ ဖန္တီးေပးႏိူင္သည္၊ ဖက္ထုပ္ရဲ႕အေပၚယံသားဟာ အိေနၿပီး အထဲ႐ွိ ဝက္သားကိုေထာင္းကာ ၾကက္သြန္ၿမိတ္ျဖင့္ ေရာနယ္ကာ အစာသြပ္ထားတာေၾကာင့္ သူစားလိုက္တိုင္း ဖက္ထုပ္ရဲ႕အေပၚယံမ်က္ႏွာျပင္အရသာ၊ဝက္သားအရသာငန္ျမျမေလးနဲ႔ ၾကက္သြန္ၿမိတ္အရသာဟာ လ်ွာေပၚစြဲေနသေယာင္ပင္၊
ေလာ့႐ွန္ဟြာ တစ္ခုၿပီးတစ္ခု ပလုပ္ပေလာင္းစားေသာက္ၿပိ္းေနာက္မွာ ေဘးနားခ်ထားသည့္ ဟင္းခါးရည္ကို တစ္ခါထဲ ေမာ့ေသာက္လိုက္ေတာ့သည္၊ထိုေနာက္ ျဖစ္ကလက္ဆန္း ညဝတ္အက်ႌလက္ဖ်ားနဲ႔ ပါးစပ္ကို ထုတ္လိုက္ၿပီး သူရဲ႕ဗိုက္မ်ားျပည့္သြားတာေၾကာင့္ စိတ္ၾကည္လာေတာ့သည္၊ဒါေပမယ့္ ...
"စားလို႔ ေကာင္းရဲ႕လား" ေယာက်ာ္းတစ္ေယာက္ရဲ႕ၾသ႐ွ႐ွအသံထြက္လာသည့္ေနာက္မွာေတာ့ ေလာ့႐ွန္ဟြာတကိုယ္လံုး ေခြၽးမ်ားစို႔သြားကာ ခုနက စားထားသည့္အစားအစာေတြပင္ ပါးစပ္ထဲက ျပန္ခုန္ေပါက္ခ်င္သည့္စိတ္မ်ား ျဖစ္သြားေတာ့သည္၊
ဒါေပမယ့္ ေလာ့႐ွန္ဟြာ သူ႔ဒယ္ဒီရဲ႕ေသေရး႐ွင္ေရးလို အေရးပါသည့္ ကိစၥေၾကာင့္ ေၾကာက္ေပမယ့္ မ်က္ႏွာတင္းတင္းျဖင့္သာ...
"အရမ္းကို ေကာင္းတယ္"လို႔ ရြဲ႔ေျဖသာ ထြက္သြားမည္အလုပ္ သူရဲ႕လက္ေကာက္ဝတ္ဟာ တင္းေနေအာင္အဆြဲ႔ခံရၿပီး ခါးကေန ခ်ီ 'မ' ခံရၿပီး မီးခိုေခ်ာင္စားပြဲေပၚ အတင္ခံလိုက္ရေတာ့သည္၊
"အဆိုးေလး... အခုေတာ့ အာခံရဲေနၿပီေပါ့" အရက္ျပင္းျပင္းတစ္ခြက္ကို ေသာက္လိုက္ရသလို နားထဲ ပူး႐ွိန္းၿပီး ေအးျမသြားေစႏိုင္သည့္ ၾသ႐ွ႐ွအသံစီးဝင္လာၿပီး ေကာ့ကာ ျပံဳးလာသည့္ ဒယ္ဒီရဲ႕ နီညိဳေရာင္ ႏူတ္ခမ္းပါးတစ္စံု၊ျပင္းျပေနသည့္ အလွေဂးတစ္ဦးဟာ သူရဲ႕ပရိတ္သတ္ကို ေပ်ာ္ဝင္ေအာင္ ျပဳစားေနသည့္ အၾကည့္မ်ားနဲ႔တူသည့္ ဒယ္ဒီရဲ႕ ညိဳ႕ယူဖမ္းစားေနသည့္မ်က္ဝန္းနက္မ်ား...၊သူခ်က္ခ်င္းအၾကည့္လြဲလိုက္သည့္ခ်ိန္မွာ အခုထိ ညဝတ္ ဝတ္စံုမလဲရေသးသည့္ ဒယ္ဒီဟာ ႐ွပ္အက်ႌလက္႐ွည္ကိုသာ လက္ေမာင္းထိေခါင္ကာ ဝတ္ဆင္ထားၿပီး နာမည္ေက်ာ္ တန္ေၾကးႀကီးသည့္ ေငြျဖဴေရာင္နာရီဟာ ဒယ္ဒီရဲ႕လက္မွာ ထင္းဟက္ေနၿပီး အစိမ္းေရာင္ေသြးေၾကာႀကီးမ်ား ေထာင္ထေနသည့္ လက္တစ္ဖက္ဟာလည္း... သူ႔ကို တံေထြးမ်ားၿမိဳခ်ေစႏိုင္တဲ့အထိ သေရက်ေစသည္၊ အေပၚၾကယ္သီး ႏွစ္လံုးေလာက္ျဖဳတ္ထားကာ နက္ကတိုင္ကို ျဖစ္ကဆန္းျဖည္ထားတာေၾကာင့္ ... တခ်က္တခ်က္ အထက္ေအာက္ ေရြ႔လ်ားသြားသည့္ လည္ဇလုပ္ေၾကာင့္...ေလာ့႐ွန္ဟြာတစ္ေယာက္ မူးေမ့လဲမတက္ေပ၊
'ငါ out ၿပီ...ငါ မခံစားႏိုင္ဘူး... ငါ ႏွာေခါင္းေသြးေတာင္ လ်ံွခ်င္လာသလိုပဲ' ဒယ္ဒီက အရမ္းကို ၿပီးျပည့္စံုတဲ့ေယာက်ာ္းပဲ၊ ငါ သူ႔ကို မျမဴဆြယ္ႏုိုင္ေတာ့ဘူး၊
[Moon: ေလာ့က်န္းေပ့အနာဂတ္ႀကီးကို ကယ္တင္မယ္ဆုိ...] Systemစကားေၾကာင့္ ေလာ့႐ွန္ဟြာ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး အၾကည့္ေတြကို ဒယ္ဒီရဲ႕ပခံုးထက္သာ ပို႔လိုက္ၿပီး ယုန္သူငယ္ေလးတစ္ေကာင္ရဲ႕ဝံပုေလြေပၚ ျပန္အာခံသည့္အသံေလးျဖင့္ ေျပာလိုက္ေတာ့သည္၊
"ဒယ္...ဒယ္ဒီ ႐ုပ္ရည္နဲ႕လာျမဴဆြယ္လည္း ႐ွန္ေလးက လံုးဝအေလ်ာ့မေပးႏိုင္ဘူးေနာ္"
"အိုး..." သူ႔ဒယ္ဒီရဲ႕ က်ီဆယ္ေနသလို လုပ္ယူလာသည့္ အာေမၮိတ္သံေၾကာင့္ ေလာ့႐ွန္ဟြာ သူရဲ႕ေအာက္ႏူတ္ခမ္းေလးကို ကိုက္ကာ...
"လီ...လီကုန္းေရႊက ေျပာတယ္... ဒယ္ဒီကုိ က်န္းအိမ္ေတာ္က ေဆးခတ္လုပ္ၾကံမဲ့အေၾကာင္းကို... ဒါ...ဒါေၾကာင့္ ႐ွန္ေလးက ဒယ္ဒီကို စိတ္ပူလို႔!ဒါေပမယ့္ ဒယ္ဒီကမေကာင္းဘူး! ႐ွန္ေလးကို ညစာလည္း လာမေကြၽးဘူး! အငတ္ထားထားတယ္! တေနကုန္လည္း ဂ႐ုမစိုက္ဘူး! ဖုန္းေမာ့တို႔ေတာင္ သူတို႔အိမ္က ေကာ့တင္းပါတီကို သြားဖို႔လႊတ္ေသးတယ္! ဒယ္ဒီက ႐ွန္ေလးကို ေခါင္းထဲ မထည့္တာ ႐ွန္ေလး သိၿပီ!" ေျပာရင္း ေအာ္ဟစ္ငိုလာသည့္ သူ႔ကေလးငယ္ေၾကာင့္ ေနာက္ဆံုး ေတာင့္တင္းထားသည့္ တံတိုင္းဟာ က်ိဳးေပါက္သြားေတာ့သည္၊
မ်က္ႏွာေလးေတြသာမက ေက်ာက္စိမ္းလို ဆင္းလံုးေခ်ာေနသည့္လည္တိုင္ေလးထိပင္ နီရဲေနေတာ့သည့္ ကေလးငယ္ေၾကာင့္ သူရင္ထဲ ႏွလံုးသားထဲကို တစ္စံုတစ္ဦးဟာ ငွက္ေမႊးနဲ႔က်ီဆယ္ေနသလို ခံစားေနရသည္၊ ေလာ့က်န္းေပ့ ကေလးငယ္ရဲ႕ကိုယ္ေလးကုိ ရင္ခြင္ထဲထည့္လိုက္ၿပီး လက္တဖက္နဲ႔ တင္လံုးေလးကေန ပင့္ခ်ီလိုက္ၿပီး က်န္လက္တစ္ဖက္ဟာ ကေလးငယ္ရဲ႕ဂုတ္ေလးကေနတဆင့္ ေခါင္းေလးပုတ္ေပးကာ
"ဟုတ္တယ္ ဒယ္ဒီ မေကာင္းဘူး...မငိုနဲ႔ေတာ့ေနာ္" လို္ ေခ်ာ့ေမာ့ေျပာဆိုလိုက္ေပမယ့္ ပိုမိုငိုယုိလာသည့္ကေလးငယ္ေၾကာင့္ ေလာ့က်န္းေပ့ ျဗာမ်ားရျပန္သည္၊သူဟာ ဒီအသက္အရြယ္ေရာက္တဲ့အထိ မေခ်ာ့ဖူးတာေၾကာင့္ တကယ္အခက္ေတြ႔ေနတာ အမွန္ေပ၊
"ဒယ္ဒီ... ႐ွန္ေလးကို တစ္ရက္ဂ႐ုမစိုက္ရင္ ႐ွန္ေလးရဲ႕ရင္ထဲက အပ္ေတြနဲ႔အစိုက္ခံရသလိုႀကီး ခံစားရတယ္... ၿပီးေတာ့ အသက္႐ွဴၾကပ္သလိုႀကီးနဲ႔ ေနရအရမ္းခက္တာပဲ...႐ွန္ေလး အဲ့ခံစားခ်က္ႀကိ္းကို ေၾကာက္တယ္...ဒယ္ဒီ ႐ွန္ေလးကို မပစ္သြားပါနဲ႔" လို႔ သူ႔လည္ပင္းကို တင္းၾကပ္စြာ ဖက္တြယ္လာသည့္ကေလးငယ္နဲ႔ကေလးငယ္ရဲ႕ထြက္ေပၚလာသည့္ ခံစားခ်က္ေၾကာင့္ သူရင္ထဲမွာလည္း အဆမတန္နာက်င္သလို ခံစားလိုက္ရသည္၊
"ဒယ္ဒီက ကေလးငယ္ကို ဘာေၾကာင့္ပစ္သြားရမွာလဲ... ကေလးငယ္သာ သူငယ္ခ်င္းအေပါင္းအသင္းေတြေပၚ ခင္တြယ္လာၿပီး ဒယ္ဒီကို ေမ့သြားမွာေလ" လို႔ ေျပာလိုက္ေတာ့ သူ႔ရင္ခြင္ထဲကေန ေခါင္းေလးခါလာကာ...
"႐ွန္ေလး ရင္ထဲမွာ ဒယ္ဒီက နံပါတ္တစ္ပဲ"
----------------------
စာေရးဆရာ ေျပာစရာ႐ွိသည္၊
စာေရးဆရာ : ႐ွာလကာရည္နံ႔ေထာင္းထေနတာပဲ
Chapter -30 ေမ်ွာ္
-------
Unicode
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Zawgyi
လော့ရှန်ဟွာ ကားထဲတွင် ငြိမ်ငြိမ်လေးထိုင်နေကာ အေးစက်သည့်လေထုကြားထဲကနေ မနည်းအသက်ရှူနေရသလိုပင်၊သူ့ဒယ်ဒီ ဘာဖြစ်တာလဲ...မနက်တုန်းက အကောင်းကြီးပါ၊ငါလည်း ကျောင်းလည်းမပြေးသလို ရေခဲမုန့်လည်း ခိုးမစားထားပါဘူး၊
ဒါပေမယ့် သူ့ဒယ်ဒီရဲ့တင်းမာနေသည့်မျက်နှာကို ကြည့်ရင်း သူ့မှာ တံထွေးမျိုချတာတောင် အသံထွက်မည်စိုးတာကြောင့် ဖြည်းဖြည်းလေးမျိုချရင်း ဘေးနားမှာ တင်းမာကာ ကြောက်စရာကောင်းသည့်မျက်နှာဖြင့် ထိုင်နေသည့် လော့ကျန်းပေ့ကို တချက်ခိုးကြည့်ကာ...သတ္တိအကုန်စုလိုက်ပြီး မရဲတရဲအသံလေးနဲ့
"ဒယ်...ဒယ်ဒီ"
"ပြော"
ပြန်ထူးပုံထောက်ရင် သူဘက်က ကြီးကြီးမားမားကိစ္စကြီး မလုပ်ထားပုံရသည်၊ဒါပေမယ့်လည်း ပြန်ထူးပုံဟာ ရေခဲတုံးနဲ့ ပစ်ပေါက်သလိုပဲ အေးလည်းအေး နာလည်းနာကျင်ရပြန်သည်၊ဒါကြောင့် လော့ရှန်ဟွာ ချက်ချင်းမျက်နှာငယ်လေးနဲ့ လော့ကျန်းပေ့လက်မောင်းပေါ် ခေါင်းလေးမှီကာ
"ရှန်လေး တစ်ခုခုလုပ်ထားလို့လားဟင်? ရှန်လေး ဒီနေ့ စကားအပြည့်အဝနားထောင်တယ်နော် နည်းနည်းလေးတောင် လျော့ဘူး" လို့ ပြောလိုက်တော့ သူဒယ်ဒီဟာ သူ့ကို စိုက်ကြည့်လာကာ
"ခုနက တစ်ယောက်က မင်းသူငယ်ချင်းလား ရှန်လေး" လို့ မေးလာတော့ လော့ရှန်ဟွာလည်း ခေါင်းညိတ်ကာ ကုဖုန်းမော့ဟာ သူ့သူငယ်ချင်းဖြစ်ကြောင်းနဲ့အခြားခင်ရသည့် သူငယ်ချင်းနှစ်ယောက်လည်းရှိကြောင်း ပြောလိုက်သည်၊လီမျိုးရိုးနဲ့ လီကုန်းရွှေကိုတော့ သူငယ်ချင်းအဖြစ်မသတ်မှတ်ထားပေ၊နည်းနည်း...20%သူငယ်ချင်းပေါ့၊
သူ့ဒယ်ဒီဟာ ခေါင်းတစ်ချက်ညိတ်ကာ ဘာမှဆက်မမေးဘဲ ပြန်လည်တိတ်ဆိတ်သွားတော့သည်၊အိမ်တော်ရောက်တဲ့အထိ ဘာစကားမှ ဟမလာပဲ ကားပေါ်ကနေပင် ဆင်းသွားတာကြောင့် လော့ရှန်ဟွာမှာ ကားပေါ်က အမြန်ဆင်းကာ သူ့ဒယ်ဒီနောက် အပြေးလေးလိုက်ကာ...
"ဒယ်ဒီ!" လို့ လှမ်းခေါ်မှ ခုနကခြေလှမ်းကျဲကြီးများနဲ့ အိမ်တော်ကိုလှမ်းနေသည့်ခြေလှမ်းများဟာ စိပ်သွားကာ သူ့ဘက်ကို လှည့်ကြည့်လာတော့သည်၊လော့ရှန်ဟွာလည်း သူ့ဒယ်ဒီနား အမြန်လျှောက်သွားကာ...အနည်းငယ်မောဟိုက်သွားသည့်အသံလေးဖြင့်
"ဒယ်ဒီ ...မနက်ဖြန်ကော့တင်းပါတီကို ရှန်လေး လိုက်ခဲ့လို့ရလား" လို့ မေးလိုက်တော့ "မရဘူး"ဆိုသည့် တုံးတိအဖြေသာ ပြန်ပေးချလိုက်ပြီး သူ့ကိုပင် လှည့်မကြည့်ပဲ အိမ်တော်ထဲဝင်သွားတော့သည်၊လော့ရှန်ဟွာမှာတော့ စိတ်လည်းတိုသလို ၊မြူစွယ်ရခက်လွန်းသည့် လော့ကျန်းပေ့ကြောင့် မျက်ရည်များပင် ကျချင်သွားတော့သည်၊
'ဘာလို့ ဇာတ်လိုက်က ရုတ်တရက်ကြီး ငါ့အပေါ်ပြန်အေးစက်သွားရတာလဲ' လို့ Systemကို မေးလိုက်တော့ Systemဆီဟာ ဘာဖြေသံမှ ထွက်မလာတာကြောင့် သူလည်းဆက်မပြောတော့ပဲ၊သူအခန်းထဲကိုသာ တက်သွားတော့သည်၊ထိုနောက် စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီး စားပွဲအံဆွဲကို ဖွင့်လိုက်ပြီး ဒယ်ဒီကို မြူဆွယ်ရန် planများဟု ရေးထားသည့်စာအုပ်ကို ယူကာ... ပထမဆုံးစာမျက်နှာကို ဖွင့်လိုက်ပြီး ဘောပင်အနက်လေးကို ကောက်ကိုင်ကာ...
"ကော့တေးပါတီက အရမ်းအရေးကြီးတယ်..."
အဲ့ပါတီမှာ ဒယ်ဒီဟာ ကျန်းယုဝေဆိုသည့်မိန်းမနဲ့ တစ်ခန်းထဲ တူတူရှိနေသည်ကို အကုန်လုံးဟာ မြင်တွေ့သွားပြီးနောက်မှာ ထိုမိန်းမကို လက်ထပ်ရန် အတင်းကြပ်တိုက်တွန်းခံခဲ့ရသည်၊သုံးလအကြာမှာလည်း ထိုအမျိုးသမီးဟာ အခြားလူတစ်ယောက်ရဲ့ကိုယ်ဝန်ရရှိခဲ့ပေမယ့် သူ့ဒယ်ဒီသာ ဂျိုတက်ခံခဲ့ရသည်၊ထိုချိန်မှာ ဗိုက်မထွက်ခင်အမြန်ဆုံး လက်ထပ်ပွဲကို စီစဉ်မည်ဟုသော အကြောင်းပြချက်ကြောင့် လော့ကျန်းပေ့ကို တဖက်သတ်ချစ်နေသည့် အရင်လော့ရှန်ဟွာဟာ ထိုအမျိုးသမီးဗိုက်ထဲရှိ ကလေးကို လော့ကျန်းပေ့ကလေးဟု မယုံကြည်တာကြောင့် လိုက်လံစုံစမ်းခဲ့ပေမယ့် တစ်စုံတစ်ယောက်ဟာ အမြဲလိုက်လံပိတ်ပင်တားဆီးလာတော့သည်၊
ဒါပေမယ့် မင်္ဂလာဆောင်ခါနီး ရက်တပတ်အကြာမှာ တကယ့်အဖေရင်းပေါ်လာပြီး ဖြစ်ကြောင်းအကုန်ပြောပြကာ ကျန်းယုဝေကိုလည်း မှိုချိုးမျှစ်ချိုးပြောသွားတော့သည်၊ အရင်လော့ရှန်ဟွာရဲ့မှတ်ဉာဏ်ထဲမှာ သူအကြောင်းနဲ့ပတ်သတ်ပြီး ရေရေရာရာမသိခဲ့ပေမယ့် ဝင်ရောက်ကူညီဖြေရှင်းခဲ့သူဟာ ကျန်းလင်းရှဟု သူစိတ်ထဲပေါ်လာတော့သည်၊
ကျန်းလင်းရှက ဘာလို့ ရုတ်တရက်ပေါ်လာပြီး ကူညီရတာလဲ...၊လော့ရှန်ဟွာ စာအုပ်ထဲ နာမည်တွေရေးချရင်း စဉ်းစားလိုက်သည်၊နောက်ပိုင်းမှာ ကျန်းအိမ်တော်က ဂုဏ်သိက္ခာကျဆင်းကာ မြို့သွားခဲ့ရပေမယ့် ကျန်းလင်းရှနဲ့ပတ်သတ်ပြီး သတင်းဆိုးပင် ထွက်မလာပေ၊သုံးနှစ်ကြာပြီးနောက်မှာသာ လော့ရှန်ဟွာကို အသုံးချပြီး လော့ကျန်းပေ့နား ချဉ်းကပ်ခဲ့သည်မလား၊
မဟုတ်သေးဘူး သူ့မှတ်ဉာဏ်ထဲကအရဆိုရင် အရင်လော့ရှန်ဟွာထင်နေတာ အမှားပဲ၊လော့ကျန်းပေ့နဲ့ကျန်းလင်းရှ စတွေ့သည့်ပုံစံဟာ မိတ်ဆွေအရင်းများအတိုင်းပင်၊ပိုဆိုးသည်ဟာ အရင်လော့ရှန်းဟွာလုပ်ရပ်တိုင်းကို ကျန်းလင်းရှဟာ အမှားထောက်ကာ အရှက်ခွဲရုံသာမက လော့ကျန်းပေ့ရဲ့စိတ်ဝင်စားမှုကို ရယူရန် လော့ရှန်ဟွာကို ခဏခဏအသုံးချနေသေးသည်၊
လော့ရှန်ဟွာရဲ့ မြပြာရောင်မျက်ဝန်းလေးဟာ အရောင်တစ်ချက်လဲ့သွားပြီး ဘောပင်ဖင်ပိုင်းကို နူတ်ခမ်းဖူးလေးပေါ် တေ့ကာ နူတ်ခမ်းစွန်းလေးဟာ ကော့ညွှတ်သွားပြီး...
'ငါထင်ထားသလိုပဲ...လော့ရှန်ဟွာရဲ့ပထမဘဝမှာကော၊ဒုတိယဘဝ(ပြန်လည်မွေးဖွားသည့်ဘဝ)မှာ အရမ်းယုတ်တိမရှိပဲ ထူးဆန်းနေခဲ့တာ မဆန်းကျယ်တော့ဘူး...'
[Moon: side mission - ကျန်းလင်းရှရဲ့ဘဝမှန်ကို ရှာဖွေရန် +200 ] လို့ System ဆီက အသံကြားတော့ သူ့အတွေးများဟာ ပိုမိုသေချာသွားသယောင်ပင်၊
ထိုချိန်မှာ အခန်းတံခါးဟာ ဒေါက် ဒေါက် ဒေါက် သုံးချက်မြည်လာပြီး အသက်အိုကြီးသည့်အထိန်းတော်ကြီးရဲ့အသံထွက်လာတော့သည်၊
"သခင်လေး သခင်ကြီးက ညစာစားချိန်ရောက်ပြီလို့ မှာလိုက်တယ်" လို့ ပြောလာတော့ လော့ရှန်ဟွာနူတ်ခမ်းလေးဆူသွားကာ မကျေမနပ်ဖြစ်နေသည့်အသံဖြင့်
"မစားဘူး!! ခုနကျတော့ ပစ်ထားပြီး အခုမှ လာဂရုစိုက်ကြနေတယ်! မစားနိုင်ဘူး လို့ ပြောလိုက်" အော်ပြောလိုက်တော့ အထိန်းတော်ကြီးဆီက "ကောင်းပါပြီ" ဆိုသည့်ဖြေသံနဲ့အတူ ပြန်သွားသည့်ခြေသံကို ကြားလိုက်ရသည်၊ဒါပေမယ့် သူရဲ့ဗိုက်လေးကတော့ တဂွိဂွိနဲ့မြည်နေတာကြောင့် သူ့မှာ အောက်နူတ်ခမ်းလေး ကိုက်ကာ...
'အနာခံမှ အသာစံမှာ' လို့ စိတ်ထဲပြောရင်း plan အသစ်ဖြစ်သည့် ထန်းဟော်ရှသင်ပေးလိုက်သည့်အချက်တွေထဲက 'မိဘမှ လိုချင်တာ မပေးသည့်အခါ အစာငတ်ခံကာ ဆန္ဒပြပါ' ဆိုသည့် အချက်ကို အမိအရအသုံးချလိုက်တော့သည်၊
ဒါပေမယ့် သူထင်ထားသလို ဖြစ်မလာပေ၊ညသန်းခေါင်ယံ တစ်နာရီထိုးတဲ့အချိန်ထိ သူ့ဒယ်ဒီဟာ အခန်းထဲကို ရောက်မလာသလို၊သူ့အခန်းရှေ့မှာ အစေခံများလမ်းလျှောက်သံပင် မကြားရတာကြောင့် အရမ်းလည်း ဒေါသထွက်သွားသလို၊အရမ်းလည်း ဝမ်းနည်းသွားတော့သည်၊ လွန်ခဲ့တဲ့ရက်တွေက သည်းသည်းလှုပ်အောင် ဂရုစိုက်သည့် သူ့ဒယ်ဒီဟာ ကျောင်းဆင်းထဲက အခုချိန်ထိ သူ့ကို လုံးလုံးလျားလျားကို လစ်လျူရှုထားနေသည်၊
'တကယ် မကောင်းတဲ့လူကြီး!' သူစိတ်ထဲမှာ မကျေမနပ်ပြောလိုက်ရင်း ဗိုက်သေအောင် ဆာနေတာကြောင့် အခန်းထဲကနေ ထွက်လာကာ မီးခိုချောင်ဘက်ထွက်လာတော့သည်၊ ကံကောင်းသည်လို့ ဆိုရမလား မီးခိုချောင် စားပွဲခုံပေါ်တွင် အုပ်ဆောင်းနဲ့သေချာအုပ်ထားသည့် အစောပြေဖက်ထုပ်များနဲ့ ဟင်းခါးရည်တစ်ခွက်ကို တွေ့လိုက်သည့်ချိန်မှာ ပင်လယ်ထဲ လမ်းပျောက်နေသည့်သူဟာ ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရသလို၊ စည်းစိမ်ကုန် ထီးထိုးထားသည့်သူဟာ သန်းပေါင်းများစွာသော ထီဆုကိုပေါက်သလို ပျော်ရွှင်မူမျိုး သူခံစားလိုက်ရတော့သည်၊
လော့ရှန်ဟွာ ဘေးနားမှာ အသင့်ချထားသည့် တူကိုကောက်ယူကာ ဖက်ထုပ်ကို ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည့်ချိန်မှာ အရသာရှိလွန်းလို့ ကတောင်ကပစ်လိုက်ချင်သည်၊ဗိုက်ဆာနေသည့်ချိန်မှာ အစားအသောက်အားလုံးဟာ အရင်ကထက် ပိုမိုအရသာရှိအောင် ဖန်တီးပေးနိူင်သည်၊ ဖက်ထုပ်ရဲ့အပေါ်ယံသားဟာ အိနေပြီး အထဲရှိ ဝက်သားကိုထောင်းကာ ကြက်သွန်မြိတ်ဖြင့် ရောနယ်ကာ အစာသွပ်ထားတာကြောင့် သူစားလိုက်တိုင်း ဖက်ထုပ်ရဲ့အပေါ်ယံမျက်နှာပြင်အရသာ၊ဝက်သားအရသာငန်မြမြလေးနဲ့ ကြက်သွန်မြိတ်အရသာဟာ လျှာပေါ်စွဲနေသယောင်ပင်၊
လော့ရှန်ဟွာ တစ်ခုပြီးတစ်ခု ပလုပ်ပလောင်းစားသောက်ပြိ်းနောက်မှာ ဘေးနားချထားသည့် ဟင်းခါးရည်ကို တစ်ခါထဲ မော့သောက်လိုက်တော့သည်၊ထိုနောက် ဖြစ်ကလက်ဆန်း ညဝတ်အကျႌလက်ဖျားနဲ့ ပါးစပ်ကို ထုတ်လိုက်ပြီး သူရဲ့ဗိုက်များပြည့်သွားတာကြောင့် စိတ်ကြည်လာတော့သည်၊ဒါပေမယ့် ...
"စားလို့ ကောင်းရဲ့လား" ယောကျာ်းတစ်ယောက်ရဲ့သြရှရှအသံထွက်လာသည့်နောက်မှာတော့ လော့ရှန်ဟွာတကိုယ်လုံး ချွေးများစို့သွားကာ ခုနက စားထားသည့်အစားအစာတွေပင် ပါးစပ်ထဲက ပြန်ခုန်ပေါက်ချင်သည့်စိတ်များ ဖြစ်သွားတော့သည်၊
ဒါပေမယ့် လော့ရှန်ဟွာ သူ့ဒယ်ဒီရဲ့သေရေးရှင်ရေးလို အရေးပါသည့် ကိစ္စကြောင့် ကြောက်ပေမယ့် မျက်နှာတင်းတင်းဖြင့်သာ...
"အရမ်းကို ကောင်းတယ်"လို့ ရွဲ့ဖြေသာ ထွက်သွားမည်အလုပ် သူရဲ့လက်ကောက်ဝတ်ဟာ တင်းနေအောင်အဆွဲ့ခံရပြီး ခါးကနေ ချီ 'မ' ခံရပြီး မီးခိုချောင်စားပွဲပေါ် အတင်ခံလိုက်ရတော့သည်၊
"အဆိုးလေး... အခုတော့ အာခံရဲနေပြီပေါ့" အရက်ပြင်းပြင်းတစ်ခွက်ကို သောက်လိုက်ရသလို နားထဲ ပူးရှိန်းပြီး အေးမြသွားစေနိုင်သည့် သြရှရှအသံစီးဝင်လာပြီး ကော့ကာ ပြုံးလာသည့် ဒယ်ဒီရဲ့ နီညိုရောင် နူတ်ခမ်းပါးတစ်စုံ၊ပြင်းပြနေသည့် အလှဂေးတစ်ဦးဟာ သူရဲ့ပရိတ်သတ်ကို ပျော်ဝင်အောင် ပြုစားနေသည့် အကြည့်များနဲ့တူသည့် ဒယ်ဒီရဲ့ ညို့ယူဖမ်းစားနေသည့်မျက်ဝန်းနက်များ...၊သူချက်ချင်းအကြည့်လွဲလိုက်သည့်ချိန်မှာ အခုထိ ညဝတ် ဝတ်စုံမလဲရသေးသည့် ဒယ်ဒီဟာ ရှပ်အကျႌလက်ရှည်ကိုသာ လက်မောင်းထိခေါင်ကာ ဝတ်ဆင်ထားပြီး နာမည်ကျော် တန်ကြေးကြီးသည့် ငွေဖြူရောင်နာရီဟာ ဒယ်ဒီရဲ့လက်မှာ ထင်းဟက်နေပြီး အစိမ်းရောင်သွေးကြောကြီးများ ထောင်ထနေသည့် လက်တစ်ဖက်ဟာလည်း... သူ့ကို တံထွေးများမြိုချစေနိုင်တဲ့အထိ သရေကျစေသည်၊ အပေါ်ကြယ်သီး နှစ်လုံးလောက်ဖြုတ်ထားကာ နက်ကတိုင်ကို ဖြစ်ကဆန်းဖြည်ထားတာကြောင့် ... တချက်တချက် အထက်အောက် ရွေ့လျားသွားသည့် လည်ဇလုပ်ကြောင့်...လော့ရှန်ဟွာတစ်ယောက် မူးမေ့လဲမတက်ပေ၊
'ငါ out ပြီ...ငါ မခံစားနိုင်ဘူး... ငါ နှာခေါင်းသွေးတောင် လျံှချင်လာသလိုပဲ' ဒယ်ဒီက အရမ်းကို ပြီးပြည့်စုံတဲ့ယောကျာ်းပဲ၊ ငါ သူ့ကို မမြူဆွယ်နိုင်တော့ဘူး၊
[Moon: လော့ကျန်းပေ့အနာဂတ်ကြီးကို ကယ်တင်မယ်ဆို...] Systemစကားကြောင့် လော့ရှန်ဟွာ အသက်ပြင်းပြင်းရှူလိုက်ပြီး အကြည့်တွေကို ဒယ်ဒီရဲ့ပခုံးထက်သာ ပို့လိုက်ပြီး ယုန်သူငယ်လေးတစ်ကောင်ရဲ့ဝံပုလွေပေါ် ပြန်အာခံသည့်အသံလေးဖြင့် ပြောလိုက်တော့သည်၊
"ဒယ်...ဒယ်ဒီ ရုပ်ရည်နဲ့လာမြူဆွယ်လည်း ရှန်လေးက လုံးဝအလျော့မပေးနိုင်ဘူးနော်"
"အိုး..." သူ့ဒယ်ဒီရဲ့ ကျီဆယ်နေသလို လုပ်ယူလာသည့် အာမေဍ္ဍိတ်သံကြောင့် လော့ရှန်ဟွာ သူရဲ့အောက်နူတ်ခမ်းလေးကို ကိုက်ကာ...
"လီ...လီကုန်းရွှေက ပြောတယ်... ဒယ်ဒီကို ကျန်းအိမ်တော်က ဆေးခတ်လုပ်ကြံမဲ့အကြောင်းကို... ဒါ...ဒါကြောင့် ရှန်လေးက ဒယ်ဒီကို စိတ်ပူလို့!ဒါပေမယ့် ဒယ်ဒီကမကောင်းဘူး! ရှန်လေးကို ညစာလည်း လာမကျွေးဘူး! အငတ်ထားထားတယ်! တနေကုန်လည်း ဂရုမစိုက်ဘူး! ဖုန်းမော့တို့တောင် သူတို့အိမ်က ကော့တင်းပါတီကို သွားဖို့လွှတ်သေးတယ်! ဒယ်ဒီက ရှန်လေးကို ခေါင်းထဲ မထည့်တာ ရှန်လေး သိပြီ!" ပြောရင်း အော်ဟစ်ငိုလာသည့် သူ့ကလေးငယ်ကြောင့် နောက်ဆုံး တောင့်တင်းထားသည့် တံတိုင်းဟာ ကျိုးပေါက်သွားတော့သည်၊
မျက်နှာလေးတွေသာမက ကျောက်စိမ်းလို ဆင်းလုံးချောနေသည့်လည်တိုင်လေးထိပင် နီရဲနေတော့သည့် ကလေးငယ်ကြောင့် သူရင်ထဲ နှလုံးသားထဲကို တစ်စုံတစ်ဦးဟာ ငှက်မွှေးနဲ့ကျီဆယ်နေသလို ခံစားနေရသည်၊ လော့ကျန်းပေ့ ကလေးငယ်ရဲ့ကိုယ်လေးကို ရင်ခွင်ထဲထည့်လိုက်ပြီး လက်တဖက်နဲ့ တင်လုံးလေးကနေ ပင့်ချီလိုက်ပြီး ကျန်လက်တစ်ဖက်ဟာ ကလေးငယ်ရဲ့ဂုတ်လေးကနေတဆင့် ခေါင်းလေးပုတ်ပေးကာ
"ဟုတ်တယ် ဒယ်ဒီ မကောင်းဘူး...မငိုနဲ့တော့နော်" လို် ချော့မော့ပြောဆိုလိုက်ပေမယ့် ပိုမိုငိုယိုလာသည့်ကလေးငယ်ကြောင့် လော့ကျန်းပေ့ ဗြာများရပြန်သည်၊သူဟာ ဒီအသက်အရွယ်ရောက်တဲ့အထိ မချော့ဖူးတာကြောင့် တကယ်အခက်တွေ့နေတာ အမှန်ပေ၊
"ဒယ်ဒီ... ရှန်လေးကို တစ်ရက်ဂရုမစိုက်ရင် ရှန်လေးရဲ့ရင်ထဲက အပ်တွေနဲ့အစိုက်ခံရသလိုကြီး ခံစားရတယ်... ပြီးတော့ အသက်ရှူကြပ်သလိုကြီးနဲ့ နေရအရမ်းခက်တာပဲ...ရှန်လေး အဲ့ခံစားချက်ကြိ်းကို ကြောက်တယ်...ဒယ်ဒီ ရှန်လေးကို မပစ်သွားပါနဲ့" လို့ သူ့လည်ပင်းကို တင်းကြပ်စွာ ဖက်တွယ်လာသည့်ကလေးငယ်နဲ့ကလေးငယ်ရဲ့ထွက်ပေါ်လာသည့် ခံစားချက်ကြောင့် သူရင်ထဲမှာလည်း အဆမတန်နာကျင်သလို ခံစားလိုက်ရသည်၊
"ဒယ်ဒီက ကလေးငယ်ကို ဘာကြောင့်ပစ်သွားရမှာလဲ... ကလေးငယ်သာ သူငယ်ချင်းအပေါင်းအသင်းတွေပေါ် ခင်တွယ်လာပြီး ဒယ်ဒီကို မေ့သွားမှာလေ" လို့ ပြောလိုက်တော့ သူ့ရင်ခွင်ထဲကနေ ခေါင်းလေးခါလာကာ...
"ရှန်လေး ရင်ထဲမှာ ဒယ်ဒီက နံပါတ်တစ်ပဲ"
----------------------
စာရေးဆရာ ပြောစရာရှိသည်၊
စာရေးဆရာ : ရှာလကာရည်နံ့ထောင်းထနေတာပဲ
Chapter -30 မျှော်
-------