ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း (Z...

By Pyonge5462311

242K 13K 274

ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသစ်တင်မှာပါနော်🤗 Start date-July 16.2021 End date-August 10.2021 ရိ... More

Ep 1🍑
Ep 2🍑
Ep 3🍑
Ep 4🍑
Ep 6🍑
Ep 7🍑
Ep 8🍑
Ep 9🍑
Ep 10🍑
Ep 11🍑
Ep 12🍑
Ep 13🍑
Ep 14🍑
Ep 15🍑
Ep 16🍑
Ep 17🍑
Ep 18🍑
Ep 19🍑
final🍑

Ep 5🍑

12.3K 746 11
By Pyonge5462311

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 5

ယနေ့ကျောင်းတွေပြန်ဖွင့်သည့်နေ့ဖြစ်သည်... ။သဲသဲလှုပ်ကာအကဲပိုလွန်းသော ဈာန်ဦးထိုက်ဟာ ... သူ၏ယောက်ျားပေါက်စလေးကို သူကိုယ်တိုင်အကြိုအပို့လုပ်ပေးမည်ဟုဆိုကာ.. ယခုလဲကျောင်းလိုက်ပို့ခြင်းဖြစ်သည် ....။

"ပိစိလေးရေ.. ကျောင်းမှာမတည့်တာတွေမစားရဘူးနော်"

ကားပေါ်ကပေးမဆင်းပဲမှာတမ်းချွေနေသော... ယောက်ျားဖြစ်သူကြောင့် ရှိုင်းမာန်ခ နုတ်ခမ်းလေးစူနေလေပြီ....။

"အင်းပါ.. အိမ်ကထွက်လာထဲက လူကြ​ီးမှာနေတာ... တခုမှမမေ့ပါဘူးဗျာ ဟုတ်ပြီလား"

ယောက်ျားပေါက်စရဲ့ ပုံစံလေးကြောင့် ဈာန်ဦးထိုက် ချစ်မဝစွာဖြင့်.. ကလေးငယ်၏ ခေါင်းလေးကို လက်ဖြင့်ပုတ်လိုက်ရင်း.....

"ကိုယ်က ပိစိကိုစိတ်မချလို့ပါဗျာ"

"လူကြီးကတော့ ပိုကိုပိုလွန်းပါတယ်... ကျွန်တော်ကျောင်းထဲဝင်တော့မယ်နော်"

"ဟုတ်ပါပြီဗျာ.. အပြန်ကျရင် ကိုယ်လာကြိုမယ်"

"ဟုတ်ကဲပါဗျ"

ရှိုင်းမာန်ခလဲ ဈာန်ဦးထိုက်ကို ပြောရင်း ကားပေါ်မှဆင်းလိုက်သည်... ။ကားပေါ်ကဆင်းလိုက်တယ်ဆိုရင်ပဲ ကျောင်းအပေါက်ဝတွင်... အပေါ်အောက်အနက်ရောင်ဝတ်စုံနှင့် မျက်မှန်အနက်ကိုတပ်ကာ ကျောင်းတံခါးဝတွင် ... ရုပ်တည်ကြီးတွေနှင့်မတ်တပ်ရပ်​သော ဗလတောင်တောင့်နဲ့လူကြီးနှစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် ရှိုင်းမာန်ခလဲ အံ့ဩသွားကာ... ကားပေါ်တွင်ထိုင်နေသော ယောက်ျားဖြစ်သူအား ကားမှန်အပေါက်မှခေါင်းတိုးဝင်ပြီးမေးလေသည်...။

"လူကြီး ... ဟိုလူနှစ်ယောက်က ကျောင်းရှေ့မှာဘာလုပ်​ေနတာလဲ"

ယောက်ျားပေါက်စ၏မေးခွန်းကြောင့် ဈာန်ဦးထိုက်လဲတချက်ပြုံးလိုက်ပြီး...

"​ပိစိ ကိုစိတ်မချလို့လေ... ပိစိကျောင်းတက်တဲ့အတောတွင်း.. ပိစိရဲ့လုံခြုံရေးအတွက် ကိုယ့်ရဲ့သက်တော်စောင့်တွေထဲက သက်တော်စောင့်အနည်းငယ်ကို တာဝန်ပေးထားတာပါ .... ပိစိကျောင်းထဲမှာစာသင်ချိန်လောက်ပဲ သူတို့ကိုစောင့်ကြည့်ခိုင်းတာပါ... ကျန်တဲ့အချိန်တော့ ကိုယ်က ပိစိရဲ့ဘေးမှာ နံရံတံတိုင်းကြီးတစ်ခုလိုကာကွယ်ပေးနိုင်တယ်လေ"

ဈာန်ဦးထိုက်၏ စကားကြောင့် ရှိုင်းမာန်ခတယောက် မျက်ဝန်းလေးတွေဝိုင်းစက်သွားသည်... ။

"ဟမ်!!!... လူကြီးအခုလိုလုပ်တာကို ကျောင်းအုပ်ကခွင့်ပြုတယ်လား"

"ဒီကျောင်းကကျောင်းအုပ်က အသက်60ဖြစ်လို့ ပင်စင်ယူရတယ်လေ... ကိုယ့်သူငယ်ချင်း မြတ်သူ ကျောင်းအုပ်နေရာမှာယာယီအစားဝင်ရမှာလေ ... ပြီးတော့ ပိစိတက်တဲ့ကျောင်းက ပုဂ္ဂလိကကျောင်းဆိုတော့.. ဒီကျောင်းမှာကိုယ်တို့ထည်ဝါလုပ်ငန်းစုက နှစ်စဥ်ထောက်ပံကြေးပေးနေတာဆိုတော့.. အရာအားလုံးက ကိုယ့်စိတ်ကြိုက်လုပ်လို့ရတယ်"

ရှိုင်းမာန်ခတယောက် သူ၏ယောက်ျားဖြစ်သူSugar daddyကြီးကြောင့် မျက်ဖြူပင်စိုက်ချင်သွား၏။ ဒီအကြောင်းပြချက်ကြောင့် လူကြီးက ကျွန်တော့်ကို သဝန်တို​ေနတယ်လို့ယူဆလို့ရမလား။

"ဒါဆို ဦး​လေး မြတ်သူက ကုမ္ပဏီကနုတ်ထွက်လိုက်တာလား"

"မထ​ွက်ဖူးလေ... ကိုယ်ပြောခဲ့တယ်မဟုတ်လား ကလေးကျောင်းတက်နေတဲ့အချိန်ပဲ သူလဲကျောင်းမှာရှိနေမှာလေ.. တခြားအချိန်တော့ ကုမ္ပဏီကိုပြန်လာမှာလေ"

"ဦးလေးမြတ်သူက အမြဲကျောင်းအုပ်လုပ်မှာလား"

"သူ့ကိုကျောင်းအုပ်ယာယီလုပ်ပေးဖို့ပဲကိုယ်တောင်းဆိုထားတာပါကွာ.. ပိစိကနောက်ဆုံးနှစ်တက်နေတာဆိုတော့ ပိစိရဲ့ စာမေးပွဲပြီးရင်တော့ ကျောင်းအုပ်အသစ်ထပ်ပြောင်းလာလိမ့်မယ်လေ"

သူဟာပြိုင်ဘက်တွေပေါများလွန်းသည့် လုပ်ငန်းရှင်တယောက်မို့ သူ့ကိုအန္တရာယ်ပြုချင်တဲ့လူတွေက .. သူ၏အားနည်းချက်ဖြစ်သော ဒီကလေးငယ်ကို ဓားစာခံလုပ်ကာအန္တာရယ်ပြုနိုင်သည်မို့ ဈာန်ဦးထိုက် ထိုကဲ့သို့စီစဥ်ရခြင်းဖြစ်သည်။

ယောက်ျားဖြစ်သူ၏ စကားကြောင့် ရှိုင်းမာန်ခ၏ မျက်နှာလေး ရှုံ့မဲ့သွားသည်... ။လျှပ်တပြတ်အတွင်း ပိရိအောင်စီစဥ်ထားသော ယောက်ျားဖြစ်သူကိုလဲ မချီးကျူးပဲမနေနိုင်ပေ....။ ဦးလေးမြတ်သူသာ ကျောင်းအုပ်လုပ်ရင် ကျွန်တော့်ရဲ့ယောက်ျားဆိုတဲ့လူကြီးက ဒီကျောင်းကိုချောင်းပေါက်မတက်လာလို့ရပြီမဟုတ်ပါလား...။

"တော်တော်အကြံကြီးတဲ့အဖိုးကြီးပဲ...ဟွန့်"

ရှိုင်းမာန်ခက မကျေနပ်သလိုလေးပြောကာ... ကျောင်းထဲသို့ခြေဆောင့်လျက်ဝင်သွား​ေလသည်... ။ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စ၏ ကျောပြင်လေးကို မြင်ကွင်းထဲမှကွယ်ပျောက်သွားသည်အထိ... လိုက်ကြည့်ရင်း ကားလေးကို ကုမ္ပဏီဆီသို့ဦးတည်ကာမောင်းနှင်သွားလေသည်....။

"ငထိုက်ရေ ဂျပန်ကကုမ္ပဏီခွဲအတွက် ငါတို့ဒီညလေယာဥ်နဲ့ ဂျပန်ကိုသွားရမယ်"

"ယောက်ျားယူထားတာဖြင့်ပူပူနွေးနွေးရှိသေးတယ် ဂျပန်ကိုသွားရမယ်တဲ့လား ငါ့ဖြစ်ကလဲကွာ ဟူးး"

မြတ်သူ၏ စကားကြောင်​့ ဈာန်ဦးထိုက် သက်ပြင်းချလိုက်မိသည်.... ။ခုမှယောက်ျားပေါက်စနဲ့ သူက လက်ထပ်ပြီးကာစ ကြင်စဦးတွေမို့လား... ။ဟန်းနီးမွန်းလေးတောင်မထွက်ရသေးခင် နိုင်ငံခြားကို ခရီးထွက်ရဦးမည်တဲ့...။ပိစိကလဲ ကျောင်းတက်တာသိပ်မကြာ​သေးတာမို့ ခေါ်သွားလို့လဲမဖြစ်။ ဘယ်တတ်နိုင်မလဲ ကံကြမ္မာပေါ့။

"ငထိုက်ရယ် မျက်နှာကြီးကလဲမှုန်ကုပ်နေတာပဲ...ဟ..ဟ"

မြတ်သူက ဈာန်ဦးထိုက်၏ မျက်နှာကိုကြည့်ရင်း ရယ်သွေးသွမ်းကာပြောလိုက်တော့... ရလာဒ်အနေနဲ့ မျက်ထောင့်နီဖြင့်စိုက်ကြည့်ခြင်းခံလိုက်ရသည်...။

"မင်းလိုဂေါ်မစွံကတော့ ငါ့ခံစားချက်ကို ဘယ်နားလည်မနိုင်မလဲကွာ"

"မင်းကတော့ဖဲ့ပြီ... ထားပါတော့ ဒါဆိုလဲ ဂျပန်ကိုသွားဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင် အိမ်ပြန်တော့လေ ငါလဲပြန်တော့မယ်"

"အေးပါကွာ... ကဲ ခတ္တာရေ နေ့တဝက်နဲ့အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်တော့.. ဒီည ကျွန်တော်တို့နဲ့အတူ ခတ္တာပါ ဂျပန်ကိုလိုက်ရမယ် "

"ဟုတ်ကဲ့ပါ CEO.. ဒါဆို ခတ္တာကို ခွင့်ပြုပါဦး"

ဒီလိုနဲ့ ဈာန်ဦးထိုက်နှင့်အတူ မြတ်သူရော ခတ္တာပါ ခရီးသွားရန်အတွက် အထုတ်အပိုးတွေပြင်ဆင်ရန် အိမ်သို့ပြန်ကြသည်.... ။ကျန်တဲ့ဝန်ထမ်းတွေကိုတော့ ဈာန်ဦးထိုက်၏အယုံကြည်ရဆုံး လူယုံတယောက်ထံ လက်လွှဲထားခဲ့ရသည်။

"ကိုကိုကြီး ဂျပန်ကိုသွားရမှာ ယောက်ဖလေးသိပြီးပြီလား.

ဈာန်ရှားက ဈာန်ဦးထိုက် ဂျပန်ကိုသွားရန်အတွက် လိုအပ်မယ့်ပစ္စည်းတွေနှင့် ဆေးဝါးအနည်းငယ်ထည့်ပေး၏။ ထို့အတူ ဈာန်ဦးထိုက်က အပြင်စာမစားတတ်တာမို့ ရက်အနည်းငယ်ခံသည့် စားသောက်ဖွယ်ရာများကို သေချာစီမံ၍ထည့်ပေးနေသည်။သူ့ရဲ့ ပစ္စည်းများကို ခရီးဆောင်အိတ်ထဲထည့်နေရင်း ညီဖြစ်သူက​မေးတာကြောင့် ဈာန်ဦးထိုက်လဲ သက်ပြင်းဖွဖွချမိသည်။

"ဟင်းးး ပိစိ မသိသေးဘူး ညီရယ်.. ကိုကိုကြီးတောင် ဒီနေ့ကုမ္ပဏီရောက်မှ မြတ်သူပြောလို့သိရတာ "

"မတ်လေးတော့ ငိုနေတော့မှာပဲ ... ညီမလေးတို့အတွက်က သိပ်မထူးဆန်းပေမယ့် သူ့အတွက်ကျတော့....ကိုကိုကြီးအခုလိုခရီးထွက်တာကို အခုမှပထမဦးဆုံးကြုံတွေ့ရမှာမို့လား"

"ဘယ်တတ်နိုင်မလဲ ည​ီမလေးရယ်.... အရေးတကြီးအလုပ်ကိစ္စဆိုတော့လဲ မသွားလို့မဖြစ်ပြန်ဘူး.. ကိုကိုကြီးဂျပန်ကိုသွားနေချိန် ပိစိကို... သေချာဂရုစိုက်ပေးကြပါကွာ... ပိစိကိုသာ ကြည်ပြာလို နောက်တကြိမ်ဆုံးရှုံးရမယ်ဆိုရင်... ကိုကိုကြီးရင်ကွဲပြီးသေလိ်မ့်မယ်"

"နိမိတ်မရှိတာတွေမပြောပါနဲ့... ယောက်ဖလေးကို ညီတို့သေချာဂရုစိုက်ပါ့မယ်"

"သားကြီး... သားမက်လေးကိုကျောင်းသွားကြိုဖို့အချိန်ရောက်ပြီ"

အခန်းတံခါးဝမှ ဖခင်ဖြစ်သူဦးဈာန်သစ်ကပြောတော့ ဈာန်ဦးထိုက်လဲ ​ယောက်ျားပေါက်စကို ကျောင်းကြိုရန်ပြင်ဆင်ရသည်။

"ဟုတ်ကဲ့ ဒယ်ဒီ"

"ကိုကိုကြီး မတ်လေးကိုသွားကြိုနှင့်လေ..ပစ္စည်းတွေကို ကိုလတ်နဲ့ညီမလေးထည့်ထားလိုက်မယ်"

" ကျေးဇူးပဲ မေရှား"

ထို့နောက်ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စကို ကြိုရန်အတွက် ကားသော့ဆွဲကာ..ယောက်ျားပေါက်စပညာသင်ကြားနေသော Sun ကိုယ်ပိုင်ကျောင်းသို့ ထွက်လာခဲ့သည်... ။ကျောင်းရှေ့ရောက်တော့ ကျောပိုးအိတ်လေးကို ကိုင်းကြိုးတဖက်ထဲထား၍လွယ်ရင်း... စမတ်ကျစွာရပ်စောင့်နေတဲ့ယောက်ျားပေါက်စလေးကိုတွေ့ရသည်။

ဈာန်ဦးထိုက်လဲ ကားထဲကထွက်ကာ.. ရှိုင်းမာန်ခ၏အနားသို့သွားရင်း ယောက်ျားပေါက်စ ထံမှကျောပိုးအိတ်လေးကို ပြောင်းလွှဲယူလိုက်သည်....။ ထို့နောက်ကလေးငယ်အား ကားတံခါးဖွင့်ပေးကာ ဝင်ထိုင်စေပြီး... သူလဲကားမောင်းသူနေရာတွင်ထိုင်ကာ ကားမောင်းလေသည်...။

"လူကြီး... မျက်နှာလဲမကောင်းပါလား... ​နေမကောင်းဘူးလားဟင် "

{မင်းနဲ့တစ်ရက်လေးတောင်မခွဲနိုင်လို့ ဒီလူဟာ အပူရုပ်ကိုဟန်လုပ်နေရတာပါ ကလေးငယ်ရေ}

ဈာန်ဦးထိုက်စိတ်ထဲကတွေးရင်း ဂျပန်ကိုသွားမယ့်အကြောင်း ခေါင်းထဲရောက်လာပြန်တော့ သူ့ရဲ့မျက်နှာဟာ အရင်ကထက် နှစ်ဆပို၍စူပုတ်နေ၏။ ရှိုင်းမာန်ခ ကမေးလဲမေးရင်း လက်ဖဝါးလေးတဖက်က ယောက်ျားဖြစ်သူ၏ နဖူးကိုလာစမ်းလေသည်...။ ဈာန်ဦးထိုက်လဲ သူ့နဖူးပေါ်ရောက်ရှိလာသော ယောက်ျားပေါက်စ၏ လက်ဖဝါးနုနုလေးကိုဆုပ်ကိုင်လိုက်ပြီး အနမ်းဖွဖွခြွေလိုက်သည်....။

"ကိုယ်နေကောင်းပါတယ် ပိစိရယ်... အိမ်ပြန်ရအောင်နော်"

ဈာန်ဦးထိုက်ကပြောတော့ ရှိုင်းမာန်ခလဲခေါင်းငြိမ့်ကာနာခံပါသည်... ။ သို့သော်လဲ တလမ်းလုံး ဈာန်ဦးထိုက်၏မျက်နှာကိုသာ စိုးရိမ်စွာစိုက်ကြည့်နေသည်... ။ဈာန်ဦးထိုက်၏ ရင်တွင်းခံစားချက်သည် ဖုံးဖိမရစွာမျက်နှာမှာထင်ပေါ်နေသည်...။ ကြည်ပြာနဲ့ ချစ်သူတွေဖြစ်စဥ်ကတောင် အလုပ်ကိစ္စဖြင့် မကြာခဏနိုင်ငံခြားကိုသွွားရသည်မှာ သူ့အတွက်မခက်ခဲသည်ဟုမထင်မိပေ..။

သို့သော် ကလေးငယ်ကို လက်ထပ်ပြီးချိန်မှာတော့ ထိုကလေးနဲ့တဖဝါးမှမခွဲနိုင်သလို ကလေးငယ်၏ခန္ဓာနှင့် သူ့ရဲ့ခန္ဓာကိုယ်ကို ကော်နှင့်ကပ်သလိုသာ ပူးကပ်နေချင်မိသည်။ ယခုဂျပန်ကိုခရီးသွားရမည်ကိုလဲ.. သူမသွားချင်​ဖြစ်နေ၏။ CEOတ​ေယာက်ဖြစ်ရတာလဲမလွယ်ပါလားနော်။ ဖြစ်နိုင်ရင် ကလေးငယ်ကို သူနှင့်အတူခေါ်သွားချင်ပါသော်လည်း ကလေးငယ်၏ကျောင်းကိစ္စကရှိနေသေးသည်မဟုတ်လား..။

"ဒါက ဘာတွေလဲ"

ထည်ဝါအိမ်တော်ကိုပြန်ရောက်သည်နှင့် ရှိုင်းမာန်ခလဲ ကျောပိုးအိတ်လေးကိုင်ကာ...ကားပေါ်မှဆင်းရင်း သူ့တို့အခန်းဆီဝင်လိုက်သည်နှင့်... ပြင်ဆင်ထားသောအထုတ်ပိုးတွေကြောင့် ဈာန်ဦးထိုက်ကို မေးလိုက်ခြင်းဖြစ်သည်.... ။ဈာန်ဦးထိုက်လဲ သက်ပြင်းရှည်တချက်ချလိုက်ရင်း....

"ညကျရင် ကိုယ်နဲ့အတူမြတ်သူရယ် ကိုယ့်အတွင်းရေးမှူးခတ္တာရယ် ဂျပန်မှာရှိတဲ့ကုမ္ပဏီခွဲတခုကိုအလုပ်ကိစ္စနဲ့သွားရမယ်"

ဈာန်ဦးထိုက်၏စကား​ကြောင့် ရှိုင်းမာန်ခရဲ့လက်ထဲမှာကိုင်ထားတဲ့ကျောပိုးအိတ်လေး... ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားပြီး မျက်ဝန်းကြည်ကြည်လေးမှ... မျက်ရည်များပြည့်လျှံလာကာ ပါးဖောင်းဖောင်းလေးပေါ်စီးဆင်းသွားပြီး... ကုတင်ဘေးတွင်မတ်တပ်ရပ်နေသော ယောက်ျားဖြစ်သူအား ပြေးဖက်လေသည်....။

"ဟင့်... ဂျပန်ကိုမသွားလို့မရဘူးလား.. လူကြီးနဲ့ခွဲပြီးမနေချင်ဘူး အင့်... မသွားပါနဲ့နော် ဟင့် အီးဟီး.. လူကြီးနဲ့မခွဲနိုင်ဘူးလို့ ဟင့်"

သူ့ကိုဖက်ကာငိုနေသော ယောက်ျားပေါက်စရဲ့ ခန္ဓာကိုယ်လေးကို ဈာန်ဦးထိုက်လဲ ပြန်လည်သိုင်းဖက်ရင်း... မျက်ရည်ဝဲမိသည် ။ သူငိုလျှင် ကလေးငယ် ပိုခံစားရမည်စိုးတာကြောင့် မျက်ရည်မကျအောင်ထိန်းနေမိသည်...။

{ကိုယ်လဲမသွားချင်ပါဘူး ကလေးရယ်... မင်းနဲ့တစ်စက္ကန့်လေးတောင် ကိုယ်မခွဲချင်ပါဘူးကွယ်}

ဈာန်ဦးထိုက်၏ စိတ်ထဲတွင်ထိုကဲ့သို့ပြောနေသော်လည်း.... လက်တွေ့တွင်တော့....

"အလုပ်ကိစ္စနဲ့မသွားလို့မဖြစ်လို့ပါ ပိစိရယ်... ကိုယ်ကလေ ပိစိကိုတောင်ကိုယ်နဲ့အတူခေါ်သွားချင်တာ... ဒါပေမယ့် ပိစိက ဒီနေ့မှကျောင်းစတက်ရတာဆိုတော့ ကျောင်းပျက်လို့အဆင်မပြေဘူးလေ.. ပိစိရဲ့ပညာရေးကို ကိုယ့်ကြောင့်မနှောင့်နှေးစေချင်ဘူး.. မင်းရဲ့ယောက်ျားက လုပ်ငန်းရှင်တယောက်မို့ မကြာခဏခရီးထွက်ရတယ်ပိစိရဲ့....

ကိုယ်ရှာသမျှက ဟောဒီ့ကကိုယ့်ရဲ့ယောက်ျားပေါက်စလေးအတွက်ပဲဆိုတာသိတယ်မဟုတ်လားဟင်.. ဂျပန်ကိုရောက်တာနဲ့ ကိုယ်အချိန်တိုင်းဆက်သွယ်မယ်နော် မငိုပါနဲ့ကွယ်.. ပိစိကငိုနေရင် ကိုယ်ဘယ်လိုလုပ်ပြီးခရီးသွားနိုင်မလဲ ကိုယ့်ရဲ့ယောက်ျားလေးက လိမ်မာပါတယ်ကွာ နော်"

ငိုချင်စိတ်ကိုထိန်းရင်း... စကားတလုံးနှင့်တလုံးထွက်ကျလာဖို့ အားယူကာပြောနေသော်လည်း...  ကလေးငယ်ကတော့ တသိမ့်သိမ့်ရှိုက်ကာငိုနေဆဲပင်...။ ရှည်လျားစွာချော့၍ပြောနေရသည်မို့ဈာန်ဦးထိုက်လဲ အလွန်ပင်မောနေလေပြီ။ သူ့ရဲ့ခါးကိုဖက်ကာ ရင်ခွင်ထဲခေါင်းတိုးဝင်လျက် အဆက်မပြတ်ငိုနေတဲ့ ယောက်ျားပေါက်စရဲ့ကျောပြင်လေးကို သူ့ရဲ့လကဖဝါးကျယ်ကြီးဖြင့်ပွတ်သပ်ကာ ချော့မြှူနေမိသည်။

"အန္တရာယ်ကင်းကင်းနဲ့ပြန်လာရမယ်နော်.. ဟင့်... လူကြီးသာတခုခုဖြစ်ရင် ကျွန်တော်ကိုယ့်ကိုကိုယ် သတ်သေပစ်မှာ အင့် ဟီး... ဟင့် "

ရှုိင်းမာန်ခ၏ စကားကြောင့် ဈာန်ဦးထိုက် လန့်သွားကာ.. ကလေးငယ်ကို ဖက်ထားရာမှခန္ဓာကိုယ်ချင်းခွာလိုက်ပြီး... ယောက်ျားပေါက်စရဲ့ မျက်နှာနုနုကို သူ့ရဲ့ကျယ်ပြန့်သောလက်ဖဝါးကြီးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ မော့ကြည့်စေသည်..။ ငိုထားသည့်အရှိန်ကြောင့် နှာခေါင်းထိပ်ဖျားလေးဟာ နီရဲနေ၏။ ချစ်ဖို့ကောင်းလိုက်တာကလေးရယ်။

"အဲ့ အဲ့လိုသေမယ်ဆိုတဲ့ စကားတွေမပြောပါနဲ့...​ပိစိရယ်... ကိုယ်လေ ပိစိဆီကိုအန္တရာယ်ကင်းကင်းနဲ့ပြန်လာပါ့မယ်... ပိစိကကျန်းမာနေမှဖြစ်မယ်နော် "

"ကျွန​်တော့်ဆီမကြာခဏဖုန်းဆက်ရမယ်နော် ဂျပန်ကမိန်းလေးတွေနဲ့လဲ နီးနီးကပ်ကပ်မနေရဘူးနော် အင့် ကတိပေး... ကျွန်တော့်ကိုကတိပေးလို့ အင့် ဟီး"

"ကတိပေးပါတယ် ပိစိရယ်... ကိုယ့်မှာ မင်းတယောက်ထဲရှိတာပါ.. မင်းရဲ့ရှေ့မှာရော မမြင်ကွယ်ရာမှာပါ ကိုယ်မင်းအပေါ်သစ္စာမဖောက်ပါဘူး ပိစိရယ်"

"အင့်..ဟင့်.. လူကြီး..ဟင့် "

အဆက်မပြတ်ငိုနေတဲ့ ယောက်ျားပေါက်စရဲ့ ကိုယ်လေးကိုပွေ့ချီကာ...ကုတင်ပေါ်သို့အသာယာချပေးရင်း... အပေါ်ကအုပ်မိုးလိုက်ပြီး ကလေးငယ်၏ မျက်ရည်တွေကို ဈာန်ဦးထိုက်လဲ အနမ်းနှင့်ဖယ်ရှားပေးမိသည်...။ ရက်ရှည်ခွဲခွာရတော့မည်မဟုတ်လား အနမ်းလေးတော့အားဆေးအဖြစ်ယူသွားပါရစေ...။

"အင့် လူကြီး....ဟင်း"

လည်တိုင်ကိုငုံခဲမိတော့ ရင်ခွင်ထဲက အကောင်ပေါက်လေးဆီမှ သာယာစွာညည်းသံချိုချိုထွက်ပေါ်လာသည်....။

"ကလေး.... ကိုယ့်ကို ခွင့်ပြုမလားဟင်"

ယောက်ျားပေါက်စရဲ့ နားအနားလေးသို့နုတ်ခမ်းလေးကပ်ရင်း.. ခပ်တိုးတိုးခွင့်တောင်းမိတော့ ကလေးငယ်ရဲ့ ပါးပြင်လေးနီရဲကာ ရှက်သွေးဖြာသွားလေသည်...။

"လူကြီး စိတ်ကျေနပ်တဲ့အထိ ကျွန်တော့်ကိုပိုင်ဆိုင်ခွင့်ရှိပါတယ်... ကျွန်တော်က လူကြီးအပိုင်ပါ"

ရှက်ရဲရဲလေးပြောရင်း လူကြီး၏ နုတ်ခမ်းကို ကျွန်တော်ဘက်မှ ဦးဆောင်၍နမ်းလိုက်သည်...။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှစ်ယောက်ရဲ့ အပြာရောင် ချစ်ခရီးလမ်းကို လှပစွာဖန်တီးမိသည်... ။အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားသည်နှင့် အချစ်တိုက်ပွဲဆင်နွှဲဲပြီးသည့်အခါ.. ရှိုင်းမာန်ခလဲ ပင်ပန်းကာ ဈာန်ဦးထိုက်၏ ရင်ခွင်ထဲတွင်အိပ်ပျော်သွားလေသည်...။

ငိုထားလို့နီရဲနေတဲ့ နှာခေါင်းလုံးလေးကို ဈာန်ဦးထိုက်အသည်းယားစွာ ခပ်ဖွဖွကိုက်ရင်း... ယောက်ျားပေါက်စရဲ့ ခန္ဓာကိုယ်လေးကို တင်းကြပ်စွာဖက်ထားလိုက်သည်... ။ထိုနေ့က ဈာန်ဦးထိုက်တယောက် ယောက်ျားပေါက်စ၏ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်...။

အလုပ်ကိစ္စကြောင့် ရက်အနည်းငယ်လေးခွဲခွာရမည်ကို နှစ်များစွာခွဲခွာရမည့်အလား အကဲပို​ေနမိသည့် မိမိတို့နှစ်ယောက်၏အဖြစ်ကိုပြန်တွေးရင်း ဈာန်ဦးထိုက် သဘောကျစွာပြုံးမိသည်။ သူလဲဒီယောက်ျားပေါက်စနှင့်တွေ့မှ ကလေးဆန်သည့်အကျင့်တွေဘယ်လိုတတ်လာသလဲမပြောတတ်။ ထို့နောက် အိပ်ပျော်နေသည့် ယောက်ျားပေါက်စ၏ ခန္ဓာကိုယ်သေးသေးလေးကို သူ့ရဲ့သန်မာသောလက်များဖြင့် တင်းကြပ်စွာဖက်ထားမိသည်။

{မင်းကကိုယ့်အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အရာရာပါပိစိရယ်.. မင်းနဲ့ခွဲရမှာတော့ ကိုယ်သေ​ေလာက်အောင်ကြောက်မိတယ်ကွယ်}

Ep 6ဆက်ရန်......

ဦးဈာန်နဲ့ပိစိတို့အတွဲလေးကိုချစ်ပေးကြပါ😍 ဦးဈာန်လိုသဲသဲလှုပ်ချစ်ပေးမယ့်ဘဲကြီးလိုချင်မိ။ ကိုယ်က ပိစိမဟုတ်သောအခါ🤧  Thank you for reading. Plese vote and feedback.

    🌊Hlaing Kyoe Myinn🌊

💗💗💗💗💗💗💗💗💗💗💗💗💗

Zgi

💞ဦးရဲ႕ခ်စ္လွစြာေသာခင္ပြန္း💞

Ep 5

ယေန႕ေက်ာင္းေတြျပန္ဖြင့္သည့္ေန႕ျဖစ္သည္... ။သဲသဲလႈပ္ကာအကဲပိုလြန္းေသာ ဈာန္ဦးထိုက္ဟာ ... သူ၏ေယာက္်ားေပါက္စေလးကို သူကိုယ္တိုင္အႀကိဳအပို႔လုပ္ေပးမည္ဟုဆိုကာ.. ယခုလဲေက်ာင္းလိုက္ပို႔ျခင္းျဖစ္သည္ ....။

"ပိစိေလးေရ.. ေက်ာင္းမွာမတည့္တာေတြမစားရဘူးေနာ္"

ကားေပၚကေပးမဆင္းပဲမွာတမ္းေခြၽေနေသာ... ေယာက္်ားျဖစ္သူေၾကာင့္ ရွိုင္းမာန္ခ ႏုတ္ခမ္းေလးစူေနေလၿပီ....။

"အင္းပါ.. အိမ္ကထြက္လာထဲက လူၾက​ီးမွာေနတာ... တခုမွမေမ့ပါဘူးဗ်ာ ဟုတ္ၿပီလား"

ေယာက္်ားေပါက္စရဲ႕ ပုံစံေလးေၾကာင့္ ဈာန္ဦးထိုက္ ခ်စ္မဝစြာျဖင့္.. ကေလးငယ္၏ ေခါင္းေလးကို လက္ျဖင့္ပုတ္လိုက္ရင္း.....

"ကိုယ္က ပိစိကိုစိတ္မခ်လိဳ႕ပါဗ်ာ"

"လူႀကီးကေတာ့ ပိုကိုပိုလြန္းပါတယ္... ကြၽန္ေတာ္ေက်ာင္းထဲဝင္ေတာ့မယ္ေနာ္"

"ဟုတ္ပါၿပီဗ်ာ.. အျပန္က်ရင္ ကိုယ္လာႀကိဳမယ္"

"ဟုတ္ကဲပါဗ်"

ရွိုင္းမာန္ခလဲ ဈာန္ဦးထိုက္ကို ေျပာရင္း ကားေပၚမွဆင္းလိုက္သည္... ။ကားေပၚကဆင္းလိုက္တယ္ဆိုရင္ပဲ ေက်ာင္းအေပါက္ဝတြင္... အေပၚေအာက္အနက္ေရာင္ဝတ္စုံႏွင့္ မ်က္မွန္အနက္ကိုတပ္ကာ ေက်ာင္းတံခါးဝတြင္ ... ႐ုပ္တည္ႀကီးေတြႏွင့္မတ္တပ္ရပ္​ေသာ ဗလေတာင္ေတာင့္နဲ႕လူႀကီးႏွစ္ေယာက္ကို ေတြ႕လိုက္ရသည့္အတြက္ ရွိုင္းမာန္ခလဲ အံ့ဩသြားကာ... ကားေပၚတြင္ထိုင္ေနေသာ ေယာက္်ားျဖစ္သူအား ကားမွန္အေပါက္မွေခါင္းတိုးဝင္ၿပီးေမးေလသည္...။

"လူႀကီး ... ဟိုလူႏွစ္ေယာက္က ေက်ာင္းေရွ႕မွာဘာလုပ္​ေနတာလဲ"

ေယာက္်ားေပါက္စ၏ေမးခြန္းေၾကာင့္ ဈာန္ဦးထိုက္လဲတခ်က္ၿပဳံးလိုက္ၿပီး...

"​ပိစိ ကိုစိတ္မခ်လိဳ႕ေလ... ပိစိေက်ာင္းတက္တဲ့အေတာတြင္း.. ပိစိရဲ႕လုံၿခဳံေရးအတြက္ ကိုယ့္ရဲ႕သက္ေတာ္ေစာင့္ေတြထဲက သက္ေတာ္ေစာင့္အနည္းငယ္ကို တာဝန္ေပးထားတာပါ .... ပိစိေက်ာင္းထဲမွာစာသင္ခ်ိန္ေလာက္ပဲ သူတို႔ကိုေစာင့္ၾကည့္ခိုင္းတာပါ... က်န္တဲ့အခ်ိန္ေတာ့ ကိုယ္က ပိစိရဲ႕ေဘးမွာ နံရံတံတိုင္းႀကီးတစ္ခုလိုကာကြယ္ေပးနိုင္တယ္ေလ"

ဈာန္ဦးထိုက္၏ စကားေၾကာင့္ ရွိုင္းမာန္ခတေယာက္ မ်က္ဝန္းေလးေတြဝိုင္းစက္သြားသည္... ။

"ဟမ္!!!... လူႀကီးအခုလိုလုပ္တာကို ေက်ာင္းအုပ္ကခြင့္ျပဳတယ္လား"

"ဒီေက်ာင္းကေက်ာင္းအုပ္က အသက္60ျဖစ္လို႔ ပင္စင္ယူရတယ္ေလ... ကိုယ့္သူငယ္ခ်င္း ျမတ္သူ ေက်ာင္းအုပ္ေနရာမွာယာယီအစားဝင္ရမွာေလ ... ၿပီးေတာ့ ပိစိတက္တဲ့ေက်ာင္းက ပုဂၢလိကေက်ာင္းဆိုေတာ့.. ဒီေက်ာင္းမွာကိုယ္တို႔ထည္ဝါလုပ္ငန္းစုက ႏွစ္စဥ္ေထာက္ပံေၾကးေပးေနတာဆိုေတာ့.. အရာအားလုံးက ကိုယ့္စိတ္ႀကိဳက္လုပ္လို႔ရတယ္"

ရွိုင္းမာန္ခတေယာက္ သူ၏ေယာက္်ားျဖစ္သူSugar daddyႀကီးေၾကာင့္ မ်က္ျဖဴပင္စိုက္ခ်င္သြား၏။ ဒီအေၾကာင္းျပခ်က္ေၾကာင့္ လူႀကီးက ကြၽန္ေတာ့္ကို သဝန္တို​ေနတယ္လို႔ယူဆလို႔ရမလား။

"ဒါဆို ဦး​ေလး ျမတ္သူက ကုမၸဏီကႏုတ္ထြက္လိုက္တာလား"

"မထ​ြက္ဖူးေလ... ကိုယ္ေျပာခဲ့တယ္မဟုတ္လား ကေလးေက်ာင္းတက္ေနတဲ့အခ်ိန္ပဲ သူလဲေက်ာင္းမွာရွိေနမွာေလ.. တျခားအခ်ိန္ေတာ့ ကုမၸဏီကိုျပန္လာမွာေလ"

"ဦးေလးျမတ္သူက အၿမဲေက်ာင္းအုပ္လုပ္မွာလား"

"သူ႕ကိုေက်ာင္းအုပ္ယာယီလုပ္ေပးဖို႔ပဲကိုယ္ေတာင္းဆိုထားတာပါကြာ.. ပိစိကေနာက္ဆုံးႏွစ္တက္ေနတာဆိုေတာ့ ပိစိရဲ႕ စာေမးပြဲၿပီးရင္ေတာ့ ေက်ာင္းအုပ္အသစ္ထပ္ေျပာင္းလာလိမ့္မယ္ေလ"

သူဟာၿပိဳင္ဘက္ေတြေပါမ်ားလြန္းသည့္ လုပ္ငန္းရွင္တေယာက္မို႔ သူ႕ကိုအႏၱရာယ္ျပဳခ်င္တဲ့လူေတြက .. သူ၏အားနည္းခ်က္ျဖစ္ေသာ ဒီကေလးငယ္ကို ဓားစာခံလုပ္ကာအႏၱာရယ္ျပဳနိုင္သည္မို႔ ဈာန္ဦးထိုက္ ထိုကဲ့သို႔စီစဥ္ရျခင္းျဖစ္သည္။

ေယာက္်ားျဖစ္သူ၏ စကားေၾကာင့္ ရွိုင္းမာန္ခ၏ မ်က္ႏွာေလး ရႈံ႕မဲ့သြားသည္... ။လွ်ပ္တျပတ္အတြင္း ပိရိေအာင္စီစဥ္ထားေသာ ေယာက္်ားျဖစ္သူကိုလဲ မခ်ီးက်ဴးပဲမေနနိုင္ေပ....။ ဦးေလးျမတ္သူသာ ေက်ာင္းအုပ္လုပ္ရင္ ကြၽန္ေတာ့္ရဲ႕ေယာက္်ားဆိုတဲ့လူႀကီးက ဒီေက်ာင္းကိုေခ်ာင္းေပါက္မတက္လာလို႔ရၿပီမဟုတ္ပါလား...။

"ေတာ္ေတာ္အႀကံႀကီးတဲ့အဖိုးႀကီးပဲ...ဟြန့္"

ရွိုင္းမာန္ခက မေက်နပ္သလိုေလးေျပာကာ... ေက်ာင္းထဲသို႔ေျခေဆာင့္လ်က္ဝင္သြား​ေလသည္... ။ဈာန္ဦးထိုက္လဲ ေယာက္်ားေပါက္စ၏ ေက်ာျပင္ေလးကို ျမင္ကြင္းထဲမွကြယ္ေပ်ာက္သြားသည္အထိ... လိုက္ၾကည့္ရင္း ကားေလးကို ကုမၸဏီဆီသို႔ဦးတည္ကာေမာင္းႏွင္သြားေလသည္....။

"ငထိုက္ေရ ဂ်ပန္ကကုမၸဏီခြဲအတြက္ ငါတို႔ဒီညေလယာဥ္နဲ႕ ဂ်ပန္ကိုသြားရမယ္"

"ေယာက္်ားယူထားတာျဖင့္ပူပူႏြေးႏြေးရွိေသးတယ္ ဂ်ပန္ကိုသြားရမယ္တဲ့လား ငါ့ျဖစ္ကလဲကြာ ဟူးး"

ျမတ္သူ၏ စကားေၾကာင္​့ ဈာန္ဦးထိုက္ သက္ျပင္းခ်လိဳက္မိသည္.... ။ခုမွေယာက္်ားေပါက္စနဲ႕ သူက လက္ထပ္ၿပီးကာစ ၾကင္စဦးေတြမို႔လား... ။ဟန္းနီးမြန္းေလးေတာင္မထြက္ရေသးခင္ နိုင္ငံျခားကို ခရီးထြက္ရဦးမည္တဲ့...။ပိစိကလဲ ေက်ာင္းတက္တာသိပ္မၾကာ​ေသးတာမို႔ ေခၚသြားလို႔လဲမျဖစ္။ ဘယ္တတ္နိုင္မလဲ ကံၾကမၼာေပါ့။

"ငထိုက္ရယ္ မ်က္ႏွာႀကီးကလဲမႈန္ကုပ္ေနတာပဲ...ဟ..ဟ"

ျမတ္သူက ဈာန္ဦးထိုက္၏ မ်က္ႏွာကိုၾကည့္ရင္း ရယ္ေသြးသြမ္းကာေျပာလိုက္ေတာ့... ရလာဒ္အေနနဲ႕ မ်က္ေထာင့္နီျဖင့္စိုက္ၾကည့္ျခင္းခံလိုက္ရသည္...။

"မင္းလိုေဂၚမစြံကေတာ့ ငါ့ခံစားခ်က္ကို ဘယ္နားလည္မနိုင္မလဲကြာ"

"မင္းကေတာ့ဖဲ့ၿပီ... ထားပါေတာ့ ဒါဆိုလဲ ဂ်ပန္ကိုသြားဖို႔အတြက္ ျပင္ဆင္စရာရွိတာျပင္ဆင္ရေအာင္ အိမ္ျပန္ေတာ့ေလ ငါလဲျပန္ေတာ့မယ္"

"ေအးပါကြာ... ကဲ ခတၱာေရ ေန႕တဝက္နဲ႕အိမ္ျပန္ၿပီး ျပင္ဆင္စရာရွိတာျပင္ဆင္ေတာ့.. ဒီည ကြၽန္ေတာ္တို႔နဲ႕အတူ ခတၱာပါ ဂ်ပန္ကိုလိုက္ရမယ္ "

"ဟုတ္ကဲ့ပါ CEO.. ဒါဆို ခတၱာကို ခြင့္ျပဳပါဦး"

ဒီလိုနဲ႕ ဈာန္ဦးထိုက္ႏွင့္အတူ ျမတ္သူေရာ ခတၱာပါ ခရီးသြားရန္အတြက္ အထုတ္အပိုးေတြျပင္ဆင္ရန္ အိမ္သို႔ျပန္ၾကသည္.... ။က်န္တဲ့ဝန္ထမ္းေတြကိုေတာ့ ဈာန္ဦးထိုက္၏အယုံၾကည္ရဆုံး လူယုံတေယာက္ထံ လက္လႊဲထားခဲ့ရသည္။

"ကိုကိုႀကီး ဂ်ပန္ကိုသြားရမွာ ေယာက္ဖေလးသိၿပီးၿပီလား.

ဈာန္ရွားက ဈာန္ဦးထိုက္ ဂ်ပန္ကိုသြားရန္အတြက္ လိုအပ္မယ့္ပစၥည္းေတြႏွင့္ ေဆးဝါးအနည္းငယ္ထည့္ေပး၏။ ထို႔အတူ ဈာန္ဦးထိုက္က အျပင္စာမစားတတ္တာမို႔ ရက္အနည္းငယ္ခံသည့္ စားေသာက္ဖြယ္ရာမ်ားကို ေသခ်ာစီမံ၍ထည့္ေပးေနသည္။သူ႕ရဲ႕ ပစၥည္းမ်ားကို ခရီးေဆာင္အိတ္ထဲထည့္ေနရင္း ညီျဖစ္သူက​ေမးတာေၾကာင့္ ဈာန္ဦးထိုက္လဲ သက္ျပင္းဖြဖြခ်မိသည္။

"ဟင္းးး ပိစိ မသိေသးဘူး ညီရယ္.. ကိုကိုႀကီးေတာင္ ဒီေန႕ကုမၸဏီေရာက္မွ ျမတ္သူေျပာလို႔သိရတာ "

"မတ္ေလးေတာ့ ငိုေနေတာ့မွာပဲ ... ညီမေလးတို႔အတြက္က သိပ္မထူးဆန္းေပမယ့္ သူ႕အတြက္က်ေတာ့....ကိုကိုႀကီးအခုလိုခရီးထြက္တာကို အခုမွပထမဦးဆုံးႀကဳံေတြ႕ရမွာမို႔လား"

"ဘယ္တတ္နိုင္မလဲ ည​ီမေလးရယ္.... အေရးတႀကီးအလုပ္ကိစၥဆိုေတာ့လဲ မသြားလို႔မျဖစ္ျပန္ဘူး.. ကိုကိုႀကီးဂ်ပန္ကိုသြားေနခ်ိန္ ပိစိကို... ေသခ်ာဂ႐ုစိုက္ေပးၾကပါကြာ... ပိစိကိုသာ ၾကည္ျပာလို ေနာက္တႀကိမ္ဆုံးရႈံးရမယ္ဆိုရင္... ကိုကိုႀကီးရင္ကြဲၿပီးေသလိ္မ့္မယ္"

"နိမိတ္မရွိတာေတြမေျပာပါနဲ႕... ေယာက္ဖေလးကို ညီတို႔ေသခ်ာဂ႐ုစိုက္ပါ့မယ္"

"သားႀကီး... သားမက္ေလးကိုေက်ာင္းသြားႀကိဳဖို႔အခ်ိန္ေရာက္ၿပီ"

အခန္းတံခါးဝမွ ဖခင္ျဖစ္သူဦးဈာန္သစ္ကေျပာေတာ့ ဈာန္ဦးထိုက္လဲ ​ေယာက္်ားေပါက္စကို ေက်ာင္းႀကိဳရန္ျပင္ဆင္ရသည္။

"ဟုတ္ကဲ့ ဒယ္ဒီ"

"ကိုကိုႀကီး မတ္ေလးကိုသြားႀကိဳႏွင့္ေလ..ပစၥည္းေတြကို ကိုလတ္နဲ႕ညီမေလးထည့္ထားလိုက္မယ္"

" ေက်းဇူးပဲ ေမရွား"

ထို႔ေနာက္ဈာန္ဦးထိုက္လဲ ေယာက္်ားေပါက္စကို ႀကိဳရန္အတြက္ ကားေသာ့ဆြဲကာ..ေယာက္်ားေပါက္စပညာသင္ၾကားေနေသာ Sun ကိုယ္ပိုင္ေက်ာင္းသို႔ ထြက္လာခဲ့သည္... ။ေက်ာင္းေရွ႕ေရာက္ေတာ့ ေက်ာပိုးအိတ္ေလးကို ကိုင္းႀကိဳးတဖက္ထဲထား၍လြယ္ရင္း... စမတ္က်စြာရပ္ေစာင့္ေနတဲ့ေယာက္်ားေပါက္စေလးကိုေတြ႕ရသည္။

ဈာန္ဦးထိုက္လဲ ကားထဲကထြက္ကာ.. ရွိုင္းမာန္ခ၏အနားသို႔သြားရင္း ေယာက္်ားေပါက္စ ထံမွေက်ာပိုးအိတ္ေလးကို ေျပာင္းလႊဲယူလိုက္သည္....။ ထို႔ေနာက္ကေလးငယ္အား ကားတံခါးဖြင့္ေပးကာ ဝင္ထိုင္ေစၿပီး... သူလဲကားေမာင္းသူေနရာတြင္ထိုင္ကာ ကားေမာင္းေလသည္...။

"လူႀကီး... မ်က္ႏွာလဲမေကာင္းပါလား... ​ေနမေကာင္းဘူးလားဟင္ "

{မင္းနဲ႕တစ္ရက္ေလးေတာင္မခြဲနိုင္လို႔ ဒီလူဟာ အပူ႐ုပ္ကိုဟန္လုပ္ေနရတာပါ ကေလးငယ္ေရ}

ဈာန္ဦးထိုက္စိတ္ထဲကေတြးရင္း ဂ်ပန္ကိုသြားမယ့္အေၾကာင္း ေခါင္းထဲေရာက္လာျပန္ေတာ့ သူ႕ရဲ႕မ်က္ႏွာဟာ အရင္ကထက္ ႏွစ္ဆပို၍စူပုတ္ေန၏။ ရွိုင္းမာန္ခ ကေမးလဲေမးရင္း လက္ဖဝါးေလးတဖက္က ေယာက္်ားျဖစ္သူ၏ နဖူးကိုလာစမ္းေလသည္...။ ဈာန္ဦးထိုက္လဲ သူ႕နဖူးေပၚေရာက္ရွိလာေသာ ေယာက္်ားေပါက္စ၏ လက္ဖဝါးႏုႏုေလးကိုဆုပ္ကိုင္လိုက္ၿပီး အနမ္းဖြဖြေႁခြလိုက္သည္....။

"ကိုယ္ေနေကာင္းပါတယ္ ပိစိရယ္... အိမ္ျပန္ရေအာင္ေနာ္"

ဈာန္ဦးထိုက္ကေျပာေတာ့ ရွိုင္းမာန္ခလဲေခါင္းၿငိမ့္ကာနာခံပါသည္... ။ သို႔ေသာ္လဲ တလမ္းလုံး ဈာန္ဦးထိုက္၏မ်က္ႏွာကိုသာ စိုးရိမ္စြာစိုက္ၾကည့္ေနသည္... ။ဈာန္ဦးထိုက္၏ ရင္တြင္းခံစားခ်က္သည္ ဖုံးဖိမရစြာမ်က္ႏွာမွာထင္ေပၚေနသည္...။ ၾကည္ျပာနဲ႕ ခ်စ္သူေတြျဖစ္စဥ္ကေတာင္ အလုပ္ကိစၥျဖင့္ မၾကာခဏနိုင္ငံျခားကိုသြြားရသည္မွာ သူ႕အတြက္မခက္ခဲသည္ဟုမထင္မိေပ..။

သို႔ေသာ္ ကေလးငယ္ကို လက္ထပ္ၿပီးခ်ိန္မွာေတာ့ ထိုကေလးနဲ႕တဖဝါးမွမခြဲနိုင္သလို ကေလးငယ္၏ခႏၶာႏွင့္ သူ႕ရဲ႕ခႏၶာကိုယ္ကို ေကာ္ႏွင့္ကပ္သလိုသာ ပူးကပ္ေနခ်င္မိသည္။ ယခုဂ်ပန္ကိုခရီးသြားရမည္ကိုလဲ.. သူမသြားခ်င္​ျဖစ္ေန၏။ CEOတ​ေယာက္ျဖစ္ရတာလဲမလြယ္ပါလားေနာ္။ ျဖစ္နိုင္ရင္ ကေလးငယ္ကို သူႏွင့္အတူေခၚသြားခ်င္ပါေသာ္လည္း ကေလးငယ္၏ေက်ာင္းကိစၥကရွိေနေသးသည္မဟုတ္လား..။

"ဒါက ဘာေတြလဲ"

ထည္ဝါအိမ္ေတာ္ကိုျပန္ေရာက္သည္ႏွင့္ ရွိုင္းမာန္ခလဲ ေက်ာပိုးအိတ္ေလးကိုင္ကာ...ကားေပၚမွဆင္းရင္း သူ႕တို႔အခန္းဆီဝင္လိုက္သည္ႏွင့္... ျပင္ဆင္ထားေသာအထုတ္ပိုးေတြေၾကာင့္ ဈာန္ဦးထိုက္ကို ေမးလိုက္ျခင္းျဖစ္သည္.... ။ဈာန္ဦးထိုက္လဲ သက္ျပင္းရွည္တခ်က္ခ်လိဳက္ရင္း....

"ညက်ရင္ ကိုယ္နဲ႕အတူျမတ္သူရယ္ ကိုယ့္အတြင္းေရးမႉးခတၱာရယ္ ဂ်ပန္မွာရွိတဲ့ကုမၸဏီခြဲတခုကိုအလုပ္ကိစၥနဲ႕သြားရမယ္"

ဈာန္ဦးထိုက္၏စကား​ေၾကာင့္ ရွိုင္းမာန္ခရဲ႕လက္ထဲမွာကိုင္ထားတဲ့ေက်ာပိုးအိတ္ေလး... ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားၿပီး မ်က္ဝန္းၾကည္ၾကည္ေလးမွ... မ်က္ရည္မ်ားျပည့္လွ်ံလာကာ ပါးေဖာင္းေဖာင္းေလးေပၚစီးဆင္းသြားၿပီး... ကုတင္ေဘးတြင္မတ္တပ္ရပ္ေနေသာ ေယာက္်ားျဖစ္သူအား ေျပးဖက္ေလသည္....။

"ဟင့္... ဂ်ပန္ကိုမသြားလို႔မရဘူးလား.. လူႀကီးနဲ႕ခြဲၿပီးမေနခ်င္ဘူး အင့္... မသြားပါနဲ႕ေနာ္ ဟင့္ အီးဟီး.. လူႀကီးနဲ႕မခြဲနိုင္ဘူးလို႔ ဟင့္"

သူ႕ကိုဖက္ကာငိုေနေသာ ေယာက္်ားေပါက္စရဲ႕ ခႏၶာကိုယ္ေလးကို ဈာန္ဦးထိုက္လဲ ျပန္လည္သိုင္းဖက္ရင္း... မ်က္ရည္ဝဲမိသည္ ။ သူငိုလွ်င္ ကေလးငယ္ ပိုခံစားရမည္စိုးတာေၾကာင့္ မ်က္ရည္မက်ေအာင္ထိန္းေနမိသည္...။

{ကိုယ္လဲမသြားခ်င္ပါဘူး ကေလးရယ္... မင္းနဲ႕တစ္စကၠန့္ေလးေတာင္ ကိုယ္မခြဲခ်င္ပါဘူးကြယ္}

ဈာန္ဦးထိုက္၏ စိတ္ထဲတြင္ထိုကဲ့သို႔ေျပာေနေသာ္လည္း.... လက္ေတြ႕တြင္ေတာ့....

"အလုပ္ကိစၥနဲ႕မသြားလို႔မျဖစ္လို႔ပါ ပိစိရယ္... ကိုယ္ကေလ ပိစိကိုေတာင္ကိုယ္နဲ႕အတူေခၚသြားခ်င္တာ... ဒါေပမယ့္ ပိစိက ဒီေန႕မွေက်ာင္းစတက္ရတာဆိုေတာ့ ေက်ာင္းပ်က္လို႔အဆင္မေျပဘူးေလ.. ပိစိရဲ႕ပညာေရးကို ကိုယ့္ေၾကာင့္မႏွောင့္ႏွေးေစခ်င္ဘူး.. မင္းရဲ႕ေယာက္်ားက လုပ္ငန္းရွင္တေယာက္မို႔ မၾကာခဏခရီးထြက္ရတယ္ပိစိရဲ႕....

ကိုယ္ရွာသမွ်က ေဟာဒီ့ကကိုယ့္ရဲ႕ေယာက္်ားေပါက္စေလးအတြက္ပဲဆိုတာသိတယ္မဟုတ္လားဟင္.. ဂ်ပန္ကိုေရာက္တာနဲ႕ ကိုယ္အခ်ိန္တိုင္းဆက္သြယ္မယ္ေနာ္ မငိုပါနဲ႕ကြယ္.. ပိစိကငိုေနရင္ ကိုယ္ဘယ္လိုလုပ္ၿပီးခရီးသြားနိုင္မလဲ ကိုယ့္ရဲ႕ေယာက္်ားေလးက လိမ္မာပါတယ္ကြာ ေနာ္"

ငိုခ်င္စိတ္ကိုထိန္းရင္း... စကားတလုံးႏွင့္တလုံးထြက္က်လာဖို႔ အားယူကာေျပာေနေသာ္လည္း...  ကေလးငယ္ကေတာ့ တသိမ့္သိမ့္ရွိုက္ကာငိုေနဆဲပင္...။ ရွည္လ်ားစြာေခ်ာ့၍ေျပာေနရသည္မို႔ဈာန္ဦးထိုက္လဲ အလြန္ပင္ေမာေနေလၿပီ။ သူ႕ရဲ႕ခါးကိုဖက္ကာ ရင္ခြင္ထဲေခါင္းတိုးဝင္လ်က္ အဆက္မျပတ္ငိုေနတဲ့ ေယာက္်ားေပါက္စရဲ႕ေက်ာျပင္ေလးကို သူ႕ရဲ႕လကဖဝါးက်ယ္ႀကီးျဖင့္ပြတ္သပ္ကာ ေခ်ာ့ျမႇူေနမိသည္။

"အႏၱရာယ္ကင္းကင္းနဲ႕ျပန္လာရမယ္ေနာ္.. ဟင့္... လူႀကီးသာတခုခုျဖစ္ရင္ ကြၽန္ေတာ္ကိုယ့္ကိုကိုယ္ သတ္ေသပစ္မွာ အင့္ ဟီး... ဟင့္ "

ရႈိင္းမာန္ခ၏ စကားေၾကာင့္ ဈာန္ဦးထိုက္ လန့္သြားကာ.. ကေလးငယ္ကို ဖက္ထားရာမွခႏၶာကိုယ္ခ်င္းခြာလိုက္ၿပီး... ေယာက္်ားေပါက္စရဲ႕ မ်က္ႏွာႏုႏုကို သူ႕ရဲ႕က်ယ္ျပန့္ေသာလက္ဖဝါးႀကီးႏွစ္ဖက္ျဖင့္အုပ္ကိုင္ကာ ေမာ့ၾကည့္ေစသည္..။ ငိုထားသည့္အရွိန္ေၾကာင့္ ႏွာေခါင္းထိပ္ဖ်ားေလးဟာ နီရဲေန၏။ ခ်စ္ဖို႔ေကာင္းလိုက္တာကေလးရယ္။

"အဲ့ အဲ့လိုေသမယ္ဆိုတဲ့ စကားေတြမေျပာပါနဲ႕...​ပိစိရယ္... ကိုယ္ေလ ပိစိဆီကိုအႏၱရာယ္ကင္းကင္းနဲ႕ျပန္လာပါ့မယ္... ပိစိကက်န္းမာေနမွျဖစ္မယ္ေနာ္ "

"ကြၽန​္ေတာ့္ဆီမၾကာခဏဖုန္းဆက္ရမယ္ေနာ္ ဂ်ပန္ကမိန္းေလးေတြနဲ႕လဲ နီးနီးကပ္ကပ္မေနရဘူးေနာ္ အင့္ ကတိေပး... ကြၽန္ေတာ့္ကိုကတိေပးလို႔ အင့္ ဟီး"

"ကတိေပးပါတယ္ ပိစိရယ္... ကိုယ့္မွာ မင္းတေယာက္ထဲရွိတာပါ.. မင္းရဲ႕ေရွ႕မွာေရာ မျမင္ကြယ္ရာမွာပါ ကိုယ္မင္းအေပၚသစၥာမေဖာက္ပါဘူး ပိစိရယ္"

"အင့္..ဟင့္.. လူႀကီး..ဟင့္ "

အဆက္မျပတ္ငိုေနတဲ့ ေယာက္်ားေပါက္စရဲ႕ ကိုယ္ေလးကိုေပြ႕ခ်ီကာ...ကုတင္ေပၚသို႔အသာယာခ်ေပးရင္း... အေပၚကအုပ္မိုးလိုက္ၿပီး ကေလးငယ္၏ မ်က္ရည္ေတြကို ဈာန္ဦးထိုက္လဲ အနမ္းႏွင့္ဖယ္ရွားေပးမိသည္...။ ရက္ရွည္ခြဲခြာရေတာ့မည္မဟုတ္လား အနမ္းေလးေတာ့အားေဆးအျဖစ္ယူသြားပါရေစ...။

"အင့္ လူႀကီး....ဟင္း"

လည္တိုင္ကိုငုံခဲမိေတာ့ ရင္ခြင္ထဲက အေကာင္ေပါက္ေလးဆီမွ သာယာစြာညည္းသံခ်ိဳခ်ိဳထြက္ေပၚလာသည္....။

"ကေလး.... ကိုယ့္ကို ခြင့္ျပဳမလားဟင္"

ေယာက္်ားေပါက္စရဲ႕ နားအနားေလးသို႔ႏုတ္ခမ္းေလးကပ္ရင္း.. ခပ္တိုးတိုးခြင့္ေတာင္းမိေတာ့ ကေလးငယ္ရဲ႕ ပါးျပင္ေလးနီရဲကာ ရွက္ေသြးျဖာသြားေလသည္...။

"လူႀကီး စိတ္ေက်နပ္တဲ့အထိ ကြၽန္ေတာ့္ကိုပိုင္ဆိုင္ခြင့္ရွိပါတယ္... ကြၽန္ေတာ္က လူႀကီးအပိုင္ပါ"

ရွက္ရဲရဲေလးေျပာရင္း လူႀကီး၏ ႏုတ္ခမ္းကို ကြၽန္ေတာ္ဘက္မွ ဦးေဆာင္၍နမ္းလိုက္သည္...။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ႏွစ္ေယာက္ရဲ႕ အျပာေရာင္ ခ်စ္ခရီးလမ္းကို လွပစြာဖန္တီးမိသည္... ။အခ်ိန္ေတြတေ႐ြ႕ေ႐ြ႕ကုန္ဆုံးသြားသည္ႏွင့္ အခ်စ္တိုက္ပြဲဆင္ႏႊဲဲၿပီးသည့္အခါ.. ရွိုင္းမာန္ခလဲ ပင္ပန္းကာ ဈာန္ဦးထိုက္၏ ရင္ခြင္ထဲတြင္အိပ္ေပ်ာ္သြားေလသည္...။

ငိုထားလို႔နီရဲေနတဲ့ ႏွာေခါင္းလုံးေလးကို ဈာန္ဦးထိုက္အသည္းယားစြာ ခပ္ဖြဖြကိုက္ရင္း... ေယာက္်ားေပါက္စရဲ႕ ခႏၶာကိုယ္ေလးကို တင္းၾကပ္စြာဖက္ထားလိုက္သည္... ။ထိုေန႕က ဈာန္ဦးထိုက္တေယာက္ ေယာက္်ားေပါက္စ၏ မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ေနမိသည္...။

အလုပ္ကိစၥေၾကာင့္ ရက္အနည္းငယ္ေလးခြဲခြာရမည္ကို ႏွစ္မ်ားစြာခြဲခြာရမည့္အလား အကဲပို​ေနမိသည့္ မိမိတို႔ႏွစ္ေယာက္၏အျဖစ္ကိုျပန္ေတြးရင္း ဈာန္ဦးထိုက္ သေဘာက်စြာၿပဳံးမိသည္။ သူလဲဒီေယာက္်ားေပါက္စႏွင့္ေတြ႕မွ ကေလးဆန္သည့္အက်င့္ေတြဘယ္လိုတတ္လာသလဲမေျပာတတ္။ ထို႔ေနာက္ အိပ္ေပ်ာ္ေနသည့္ ေယာက္်ားေပါက္စ၏ ခႏၶာကိုယ္ေသးေသးေလးကို သူ႕ရဲ႕သန္မာေသာလက္မ်ားျဖင့္ တင္းၾကပ္စြာဖက္ထားမိသည္။

{မင္းကကိုယ့္အတြက္ေတာ့တန္ဖိုးမျဖတ္နိုင္တဲ့အရာရာပါပိစိရယ္.. မင္းနဲ႕ခြဲရမွာေတာ့ ကိုယ္ေသ​ေလာက္ေအာင္ေၾကာက္မိတယ္ကြယ္}

Ep 6ဆက္ရန္......

ဦးဈာန္နဲ႕ပိစိတို႔အတြဲေလးကိုခ်စ္ေပးၾကပါ😍 ဦးဈာန္လိုသဲသဲလႈပ္ခ်စ္ေပးမယ့္ဘဲႀကီးလိုခ်င္မိ။ ကိုယ္က ပိစိမဟုတ္ေသာအခါ🤧  Thank you for reading. Plese vote and feedback.

    🌊Hlaing Kyoe Myinn🌊

Continue Reading

You'll Also Like

92.6K 8.1K 22
Triangle LOVE ...
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
266K 7.1K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...