32
.
.
"ဦး''
"ပြန်လာပါတော့ ဦးရယ်''
"ဦး''
ရင်ဘတ်တစ်ခုလုံးကိုကွဲကြေစေတဲ့အသံ
ငိုနေခြင်းကြောင့်တုန်နေလေသောအသံ
မြူမှုန်တွေကြားငုတ်တုတ်ထိုင်ကာကိုယ်လုံးကိုကျုံ့နိုင်သမျှကျုံ့ပြီးငိုနေရှာသောကလေးငယ်တစ်ယောက်။
မငိုပါနဲ့ကလေးငယ်လို့ပြောချင်သော်ငှားလည်း တစ်ခုခုကသူ့ကိုဖိထားသလိုနဲ့ နည်းနည်းမျှလှုပ်၍မရ။
"ဦး''
ကလေးငယ်ရဲ့အော်သံကပိုကျယ်လာတဲ့
သူ့ရင်ဘတ်ဟာပေါက်ကွဲထွက်တော့မတတ်။
ထွေးဖက်လိုက်ချင်သော်ငှားလည်း သူ့ကိုတစ်ယောက်ယောက်ကချုပ်ထားသလိုပုံစံမျိုးနဲ့မို့ သူဘယ်လောက်ပဲကြိုးစားကြိုးစားပင်ပန်းသွားရုံလေးသာ အဖတ်တင်သည်။
နောက် မြူမှုန်တွေကြားထိုင်ငိုနေတဲ့ကလေးငယ်က မျက်ရည်တွေနဲ့ထရပ်ပြီး
သူအနားက ချောက်တစ်ခုထဲခုန်ချမည်လုပ်နေလေသည်။
မလုပ်နဲ့လို့သူအကျယ်ကြီးအော်ပစ်လိုက်ချင်သော်လည်း ပါးစပ်က လုံးဝဟမရတော့ သူ့တော်တော့်ကိုဒေါသထွက်ချင်လာပြီ။
သူ့အားဆွဲချုပ်ထားသောအရာဆီက
အတင်းရုန်းရင်း ကမ်းပါးနားရောက်နေသောကလေးငယ်ကိုလည်းအော်ခေါ်ပြန်သည်။
ကလေးငယ်ကချောက်ကမ်းပါးနာရပ်ကာခုန်ချဖို့မျက်လုံးပိတ်နေလေပြီ သူ့မှာတော့အခုထိရုန်း၍မရသေး။
ကျောက်ဆောင်ကြီးအောက်ပိနေသည်လားထင်ရလောက်အောက်ရုန်းလေ သူကပဲမောလေ သူကပဲနာကျင်လေမို့ သူ့မျက်ဝန်းအိမ်ထဲမျက်ရည်တို့ဝဲစလာပြီ။
သူ့အားချုပ်ထားသောအရာဆီမှအစွမ်းကုန်ရုန်းထွက်နေစဥ် ကလေးငယ်က ခုန်ချနေပြီမို့ သူ့ကျယ်လောင်စွာအော်မိတော့ငယ်။
"ငယ်!!!''
ကလေးငယ်ဆိုပြီးအကျယ်ကြီးအော်ခေါ်လိုက်ရာမှ ငယ်ဆိုတဲ့နောက်ဆုံးလုံးသာ
ရှင်းရှင်းလင်းလင်းထွက်ကျလာသည်။
ငယ်ဆိုသောအော်သံနောက်မှာတော့
"သား! "
သားဆိုသောမိန်းမကြီးတစ်ယောက်ရဲ့အော်သံကသူ့နားထဲဆူညံသွားချိန် Doctor ဆိုသောအသံကထပ်တိုးလာပြန်သည်။
နောက် စက်တွေရဲ့တီ တီမြည်သံတွေနဲ့အတူ ပြေးလွှားနေသော ခြေသံကျယ်များ။
သူ့အနားဝိုင်း၍ မြန်မာစကားမဟုတ်တဲ့
အင်္ဂလိပ်ဘာသာစကားကိုပြောနေကြသောလူတစ်စု။
သူမျက်လုံးဖွင့်၍ကြည့်ချင်သော်လည်းမရပင်။
လက်ချောင်းများကိုလှုပ်နိုင်ပြီဖြစ်သော်လည်း စကားပြောဖို့သူပါးစပ်မဟနိုင်သေး။
ချောက်ထဲခုန််ချသွားတဲ့ကလေးငယ်ကိုပြန်မြင်ယောင်လေ သူ့ရင်ဘတ်တစ်ခုလုံး ကြေကွဲလေဖြစ်နေတော့ မျက်ရည်တို့လည်း စီးကျလာသည်။
နောက် တီ တီမြည်သောစက်သံတွေငြိမ်သွားပြီး သူ့လက်မောင်းထဲအပ်ထိုးဝင်လာသလိုလည်းခံစားနေရသည်။
"သား သတိရပါတော့သားရယ် ''
ကနဦးက မိန်းမကြီးရဲ့အော်သံဖြစ်သည်။
ဘာကြောင့် မိန်းမကြီးရဲ့အော်သံကသူ့ကိုကြေကွဲစေရသလဲ။ ကလေးငယ်ကရော ဘယ်သူလဲ
သေချာတာတစ်ခုဟာ နှစ်ယောက်လုံးရဲ့အသံကသူ့ကိုဝမ်းနည်းစေသလို နှစ်ယောက်လုံးရဲ့မျက်ရည်ဟာလည်း သူ့အားကြေကွဲစေပြန်သည်။
သူမျက်လုံးဖွင့်ကြည့်သော်လည်း မျက်ခွံကအတော်လေးနေတာကြောင့် လုံးဝဖွင့်မရ။
ထို့အစား သူတဖြည်းဖြည်းနဲ့အားဆုတ်ယုတ်ပြီး အိပ်ချင်လာတော့သည်။
~~~~
ဒီနေ့ကား သွေးရဲ့အလုပ်ပိတ်ရက်ဖြစ်လေသည်။
ဦးမရှိတဲ့နောက်နေ့ရက်တိုင်းကို မရွှင်မလန်းနှင့်သာဖြတ်သန်းနေရပြီ အိမ်တော်ကြီးထဲဝယ် တစ်ယောက်တည်းအတွေးပေါင်းစုံနဲ့ဖြစ်နေပေသည်။
ဒီနေ့လည်းထိုအတိုင်းပင်။
သို့သော် မတူဘဲကွဲထွက်သွားတာတစ်ခုက
သွေးမလုပ်တော့တာကြာပြီဖြစ်တဲ့ဘုရားပန်းလဲ ဘုရားရှိခိုးခြင်းကိုပြန်၍လုပ်ဖြစ်သည်။
အမှန်အတိုင်းဆိုရသော် ဒီနေ့ကား
သွေး တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ဖြစ်သည်။
ဒါ့ကြောင့် သွေးမနက်လေးနာရီကတည်းကထပြီး ရေချိုးသန့်စင်ပြီးသည်နှင့် ခြံထဲဆင်းကာ မိမိကပ်ချင်တဲ့ပန်းကိုခူးလေသည်။
နောက် မနက်အာရုံဆွမ်းကပ်ဖို့အတွက်
သွေး ကိုယ်တိုင်မီးဖိုကြောင်ဝင်ပြီးချက်ပြုတ်သည်။
ဒေါ်နှင်းကတော့ သက်သာအောင်နံဘေးကနေရသမျှဝိုင်းကူပေးသည်။
ပြီးသောအခါဘုရားသောက်တော်ရေလဲကာအာရုံဆွမ်းကပ်ပြီး သွေး တစ်နာရီကြာကြာ ဘုရားရှိခိုးလေသည်။
ဘုရားရှိခိုးပြီးသောအခါ အခုထိမပြည့်နိုင်သေးတဲ့ဆုတစ်ခုကိုထပ်တောင်းမိပြန်သည်။
ထိုဆုသည်ကား ဦး ဖြစ်လေသည်။
တောင်းတဲ့ဆုတိုင်းမဖြစ်နိုင်တာသိပါရက်နဲ့
ဒီဆုကိုသာ သွေး ထပ်ခါထပ်ခါ တောင်းမိသည်။
ဘုရားရှိခိုးပြီးသောအခါ အိပ်ခန်းထဲပြန်ဝင်ပြီး ပြက္ခဒိန်က အချိန်တစ်ရက်ကိုမှင်နီဖြင့် ကြက်ခြေခတ် ခတ်လိုက်သည်။
ငါးလတိတိရှိလေပြီ။ သွေးကို ဦးတစ်ယောက်တည်းပစ်ထားခဲ့တာ။
ဒီကြားထဲမငိုတဲ့ရက်ရယ်လို့မရှိ နေ့တိုင်း နီးပါးငိုဖြစ်သည်။ ကုမ္ပဏီသို့ရောက်သည့်အခါ သွေးသည် စိတ်ကရောမျက်နှာကပါတင်းနေပြီး နတ်ဆိုးတစ်ပါးအသွင်ဆောင်လေသည်။
သို့သော် အိမ်ပြန်ရောက်သည့်အချိန်မှာတော့ သွေးသည် ဖယောင်းတိုင်တစ်ချောင်းထက်တောင်ပိုပျော့ညံ့ပြီး မျက်ရည်တို့သည်လည်း ဒလဟော ဆင်းသည်။
မပြိုပြိုအောင်ဖြိုချင်နေတဲ့လူတစ်ချို့က အခြေနေမဟန်သော်လည်း ဟန်ဆောင်ရပါသည်။
ခေါင်းရင်းထက်ကဦးဓာတ်ပုံအားရင်ခွင်ထဲပွေ့ထားရင်း သွေးကောင်းကင်ကြီးကိုမော့ကြည့်နေမိသည်။
"လွမ်းတယ်ဗျ အရမ်းကိုမှ လွမ်းလွန်းလို့ရူးချင်လာပြီဗျ''
ဦးကိုသတိရမိတိုင်းမျက်ရည်ကဝဲလာသည်။
ဒီနေ့တော့ မွေးနေ့မို့မငိုချင်ပေမယ့် မျက်ရည်ကစီးကျလာနေပြီ။ စိတ်ထိန်းမှရမယ်ဆိုတဲ့အသိနဲ့ သွေး ဦးဝယ်ထားပေးတဲ့ Drawing table ကိုယူပြီး ခရေပင်အောက်ဆင်းကား လေညင်းခံလိုက်လေသည်။
မွေးနေ့ဖြစ်ပေမယ့် ဦးမှသွေးကိုလက်ဆောင်မပေးဘဲ သွေးကပဲပြန်ပေးရမှာပေါ့။
နောက် ဦးပုံကိုစတင်ဆွဲလိုက်မိသည်။
ဦးရဲ့မျက်နှာကို အလွတ်ရနေပြီးမို့ သွေး
ခဏလေးအတွင်းဆွဲလို့ပြီးသည်။
ဦးပုံကိုအဖြူရောင်ရှပ်လက်ရှည်နဲ့အပေါ်တစ်ဝက်သာဆွဲဖြစ်၍ ကလေးဆန်ဆန် ဦးမျက်လုံးတွင် မြှားတစ်ချောင်းထိုးပြပြီး နွေးထွေးမှုပေးတဲ့မျက်ဝန်း ။
နှုတ်ခမ်းတွင်လည်းမြှားတစ်ချောင်းကရှိပြန်ပြီး ဆုံးမသွန်သင်တတ်သောနှုတ်ခမ်း။
နောက်ရင်ဘတ်နေရာကမြှားမှာတော့
အခိုလုံချင်ဆုံးရင်ခွင် ယုံကြည်မှုတို့ပေးစွမ်းနိုင်သောရင်ခွင်။
ထိုသို့မှတ်ချက်မျိုးစုံကိုချပြီး ပုံကိုအချောသတ်လိုက်လေသည်။
ဦးက နေမင်းကြီး ဆိုရင် သွေး လမင်းကြီးမဖြစ်ချင် ထိုအစားနေရောင်ခြည်ကိုပြည့်ပြည့်ဝဝဖူလုံလို့ရတဲ့ဒေသမှာ မွေးဖွားချင်သည်။
ဦးက ကောင်းကင်ကြီးဆိုရင် သွေး ကြယ်ကလေးတွေမဖြစ်ချင် ထိုအစား ကောင်းကင်ကြီးနှင့်အမြဲဒွန်တွဲကာရှိနေ
သည့်တိမ်တိုက်တွေဖြစ်ချင်သည်။
ချစ်တယ်ဦးတစ်ယောက်ကိုသာ....
~~~~
"သားလေး သူငယ်ချင်းရောက်နေတယ်''
သွေး မနက်စာစားပြီး ဦးရဲ့ Home office
ထဲ အလုပ်လုပ်နေစဥ် ဒေါ်နှင်းက လာခေါ်ခြင်းဖြစ်သည်။
ဒါ့ကြောင့် သွေး laptop ကို shutdown လုပ်ပြီးအောက်ထပ်ကိုဆင်းလာလိုက်လေသည်။
"Happy birthday သွေး''
"ကျေးဇူး ဒေါင်း''
ဧည့်သည်တွင်အသင့်ထိုင်စောင့်နေသော
ဒေါင်းက သွေးအတွက်မွေးနေ့လက်ဆောင်ဆိုပြီး ပါကင်ပိတ်ထားသော စတုရန်းပုံစံ ဘူးအလတ်တစ်ခုပေးလေသည်။
"ဘာလို့ပိုက်ဆံအကုန်ခံရတာလဲဒေါင်း
ဒီတိုင်း စကားတစ်ခွန်းကပိုပြီးလေးနက်ပါတယ်''
"အရင်ဖွင့်ကြည့်လိုက်ပါ ''
ဒေါင်းက အရင်ဖွင့်ကြည့်ဖို့ပြောတော့
သွေး ဖွင့်ကြည့်လိုက်သည်။
အဖြူရောင်ပုဝါအသေးလေးတစ်ခုတွင်
ဦးနဲ့သွေးရဲ့ပုံကို ချည်ဖြင့် ထိုးထားလေသည်။
ပုံတွင်သွေးကခရေပန်းကောက်နေပြီး
ဦးကသွေးနဲ့အတူကောက်သော်လည်း
အကြည့်တွေကသွေးဆီမှာသာရှိနေတဲ့ပုံဖြစ်သည်။
"ကျေးဇူးအများပါဒေါင်း ငါတကယ်ကြိုက်တယ် မင်းဘယ်ကသွားမှာထားတာလဲ''
ပုဝါထက်ကလက်နဲ့ထိုးထားတဲ့ပုံဟာအသက်ဝင်လွန်းတော့ သွေး မျက်ရည်ဝဲမတတ်ဖြစ်သွားသည်။
ထိုအခါ ဒေါင်းကရယ်သည်။
"မင်းမွေးနေ့မရောက်ခင်တစ်လလိုတုန်းကသွားမှာထားတာ မင်းကြိုက်တယ်ဆိုကျေနပ်တယ် ''
"အင်း တကယ်ကြိုက်တယ် ''
ပုဝါထက်ကဦးနဲ့သွေးပုံကိုသွေး ကြည့်မဝဖြစ်နေလေသည်။
ဦးကိုပြချင်သေးသော်လည်း ဦးမှ သွေးအနားနားမရှိဘဲ။
သွေး ဒေါင်းနှင့်သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက်ခင်မင်နေတာကြာပြီဖြစ်သည်။
"ဘိုဘို့ဆီသွားလိုက်ဦးလေ တော်ကြာစိတ်ဆိုးသွားမှ မင်းကမ္ဘာပျက်နေလိမ့်မယ်''
သွေးရဲ့စကားကို ဒေါင်းက ဖွဖွလေးပြုံးသည်။
ဒေါင်းက သူနဲ့ဘိုဘိုချစ်သူတွေဖြစ်သွားတဲ့အကြောင်း သွေးကိုလွန်ခဲ့တဲ့သုံးလကဝန်ခံခဲ့ပြီဖြစ်သည်။
"ဒါဆိုသွားလိုက်ဦးမယ်သွေး မင်းပြောသလို စိတ်ဆိုးသွားမှ ချော့ရခက်နေဦးမယ်''
"အင်း ဂရုစိုက်ပါဒေါင်း ဘိုဘို့ကို
များများချစ်ပေးလိုက်ပါ''
"စိတ်ချသွေး ဘိုဘိုကငါ့ရဲ့နောက်ဆုံးအချစ်ပါပဲ''
"အင်း''
ဒေါင်းထွက်သွားတော့ သွေးအပေါ်ထပ်ပြန်တက်လာလိုက်သည်။
ဒေါင်းပေးခဲ့တဲ့ပုဝါကိုသေချာဖြန့်ပြီး
ဦးဓာတ်ပုံနားကပ်ထားလိုက်လေသည်။
မြန်မြန်ပြန်လာပါတော့ဦးရယ်
မဖြစ်နိုင်ဘူးဆိုရင်တောင် ယုံကြည်နေတယ် ဦးပြန်လာလိမ့်မယ်လို့....
~~~~
အိမ်ရှေ့ရှိ သရက်ပင်အောက်ကဒန်းပေါ်တွင်ထိုင်ရင်း ဘိုဘို ငိုနေသည်။
ဝမ်းနည်းလို့ကျတဲ့မျက်ရည်ဖြစ်သလို
နာကျင်လို့ကျတဲ့မျက်ရည်လည်းဖြစ်နေသည်။
အစ်ကိုကချစ်တယ်သာပြောပေမယ့်ဂရုစိုက်တာကရှားသည်။
မိမိကစချစ်တာကြောင့်မိမိကပဲ သည်းခံနေရတာမျိုး။
တစ်ခါတလေကျတော့လည်း စွန့်လွှတ်ချင်လာသည်။
အစ်ကိုက အေးတိအေးစက်နဲ့ရယ်။
အပြင်သွားရအောင်ပြောရင်အကြောင်းအမျိုးမျိုးပြတတ်သည်။
ဒါက ဘိုဘို့ကို အစ်ကိုတကယ်မချစ်ဘူးဆိုတဲ့သက်သေဖြစ်နေချေပြီ။
ဒီနေ့ အပြင်သွားဖို့ချိန်းလိုက်သော်လည်း အစ်ကို့ဘက်က ကိစ္စရှိလို့ဆိုပြီးပြတ်ပြတ်သားသားငြင်းနေတာကြောင့်
ဘိုဘို နာကြည်းစွာ အခုထိငိုနေမိခြင်းပင်။
ဘာကများအရေးကြီးနေလို့ကိုယ့်ချစ်သူကိုပစ်ထားရတာလဲ?
အစ်ကို့ရဲ့အတိတ်ဟောင်းအကြောင်းကို ဘိုဘိုသိပါသည်။
အစ်ကိုရဲ့အမူအရာတွေကတစ်ခါတလေ ဘိုဘို့ကို
အစားထိုးတစ်ယောက်လိုသာသဘောထားနေတာသိသာသည်။
နောက်တစ်ချက် ဒီနေ့က ဘိုဘိုရဲ့အသက်
၁၇နှစ်ပြည့်မွေးနေ့ဖြစ်သည်။
အစ်ကိုကများမသိတာလား
ဒါဆိုရင်တော့ သေချာသလောက်ရှိနေပြီ
အစ်ကို ဘိုဘို့ကိုတကယ်မချစ်တာကိုပေါ့။
တကယ်ချစ်တဲ့သူတွေက ပြောစရာမလိုအောင် သူ့ချစ်သူနဲ့ပတ်သက်လို့အားလုံးသိအောင်လေ့လာထားကြပေမယ့် အစ်ကိုကတော့ မဟုတ်ဘူးဘဲ။
"ဘိုဘို ဘာလို့ငိုနေတာလဲ ''
ခြံဝင်းထဲဝင်ဝင်ချင်း သရက်ပင်အောက်ငုတ်တုတ်ငိုနေသော ချစ်သူကိုမြင်ရခိုက်ဒေါင်း ပျာယာခတ်တော့လေပြီ။
အနားကိုသွားပြီးမျက်ရည်သုတ်ပေးဖို့လုပ်လိုက်ပေမယ့် ဘိုဘိုကအထိမခံ ဆတ်ဆတ်ခံထုတ်လေသည်။
"ဘာဖြစ်တာလဲဘိုဘို''
"မသိဘူးပေါ့ အစ်ကိုကရော ဘယ်တွေလျှောက်သွားနေလို့ချက်ချင်းမလာနိုင်တာလဲဗျ ''
"Sorry ဘိုဘို ကိုယ်တောင်းပန်ပါတယ်
ကိုယ့်သူငယ်ချင်းမွေးနေ့ရှိနေလို့ပါ''
သူငယ်ချင်းရဲ့မွေးနေ့တဲ့လား
ဘိုဘိုဟက်ခနဲရယ်လိုက်မိသည်။
ချစ်သူထက်သူငယ်ချင်းကအရေးကြီးတယ်ဆိုတဲ့သဘောလား?
"သူငယ်ချင်း ရည်းစားဟောင်းမဟုတ်ဘူးလားဗျ မိုးတောင်မလင်းသေးဘဲအပြေးသွားရအောင် အစ်ကိုသူ့ကိုချစ်နေတုန်းပဲမဟုတ်ဘူးလားဗျ''
ဘိုဘို ရဲ့ရန်လိုမှုတွေကြောင့် ဒေါင်းပြောစရာစကားတွေပျောက်ရှသွားလေပြီ။
ဘာကများစိတ်ဆိုးစရာဖြစ်နေလို့လဲ
နောက်ကျတာလောက်နဲ့ဘိုဘိုကစိတ်ဆိုးတတ်သူမှမဟုတ်ဘဲ။
"ပြောပါဦး သေသေချာချာ ဘာကြောင့်စိတ်ဆိုးနေရတာလဲ ''
သူစိတ်ဆိုးနေတဲ့အကြောင်းရင်းကိုလုံးဝမသိတဲ့ အစ်ကိုကြောင့် ဘိုဘို ခံပြင်းစွာလက်သီးကိုကျစ်ကျစ်ဆုပ်လိုက်မိသည်။
"အစ်ကိုကျွန်တော့်ကိုတကယ််ချစ်တာရောဟုတ်ရဲ့လားဗျ လွယ်လွယ်နဲ့ရတဲ့အချစ်မို့တန်ဖိုးမထားတာလားဗျ
အစ်ကိုကျွန်တော့်ကိုအစားထိုးလို့ပဲသဘောထားတာလားဗျ အစ်ကိုသူ့ကိုမမေ့နိုင်သေးရင်ဘာလို့ကျွန်တော်ဖွင့်ပြောတုန်းက မငြင်းခဲ့လဲ''
"ဘိုဘို မင်းကိုယ့်အချစ်ကိုမစော်ကားစမ်းနဲ့ ကိုယ်မင်းကိုတကယ်ချစ်သလိုမင်းရဲ့အချစ်ကိုလည်းတန်ဖိုးထားတယ် အခု ကိုယ့်သူငယ်ချင်းကြောင့်မင်းကိုယ့်ကိုရန်တွေ့နေတာဆိုရင်ကိုယ်ပြောမယ် ကိုယ့်သူငယ်ချင်းက ကျောင်းထွက်လိုက်ရတဲ့အထိ ဒုက္ခပေါင်းစုံနဲ့လူ မိဝေးဖဝေးရောက်နေသူမို့ သူ့အနားဘယ်သူမှမရှိဘူး ကိုယ်သူဆီသွားရင်တောင်ခဏလေးပါ မင်းက ဘာကြောင့် အဲ့လောက် ခံပြင်းနေရတာလဲ?''
အစ်ကိုဘက်ကတင်းလာတော့ ဘိုဘိုသည်သူ့ပါးပြင်ထက်ကမျက်ရည်တွေကို ကြမ်းတမ်းစွာ သုတ်ပစ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး ဒီနေ့ကကျွန်တော့်မွေးနေ့ဗျ ဒါပေမဲ့ အစ်ကိုမသိဘူးမဟုတ်လားဗျ ''
ဒါ့ကြောင့်စိတ်ဆိုးနေတာကိုး။ ဒေါင်း
သူ့ကိုယ်သူသာ ရိုက်သတ်လိုက်ချင်သည်။
"ကိုယ်တကယ်တောင်းပန်ပါတယ်ဘိုဘို
မင်းလည်းမပြောသလိုကိုယ်လည်းမမေးမိတော့မသိဘူး အဲ့ဒါကြောင့်ပါ မဟုတ်ရင် ကိုယ့်ကကိုယ့်ချစ်သူဆီပဲအရင်ပြေးလာမှာပေါ့''
"ထားပါတော့ အစ်ကိုကျွန်တော့်ကိုတကယ်မှမချစ်ဘဲ သွားပါတော့ဗျာ ''
မျက်ရည်တွေနဲ့ကျောခိုင်းပြီးအိမ်ထဲဝင်တော့မယ့်ချစ်သူလေးကို ဒေါင်း နောက်ကျောကနေ ထွေးဖက်ထားလိုက်မိသည်။
"ကိုယ်တကယ်ချစ်ပါတယ် ကိုယ်ကမင်းကိုပဲချစ်တာမို့လို့ မင်းအကြောင်းတွေကိုစိတ်မဝင်စားဘူး မင်းဖြစ်နေရင်ပြီးရောဆိုတဲ့စိတ်နဲ့နေခဲ့မိလို့ပါ ဘိုဘိုရာ ကိုယ်တကယ်ကိုတောင်းပန်ပါတယ်''
အစ်ကို့စကားကြောင့် ဘိုဘိုမှာစိတ်ဆိုးနေတာတွေပျောက်သွားမတတ်ဖြစ်နေပြီ။
သို့သော် မူချင်စမ်းသေးသည်။
"လွှတ်ပါဗျ ''
"မလွှတ်ဘူးကွာ''
ပြောရင်းဒေါင်းသည် သူ့ချစ်သူလေးကိုပိုထွေးဖက်လိုက်သည်။ ဒါ့ကြောင့် ဘိုဘိုမှာတစ်ကိုယ်လုံး အစ်ကို့ရင်ခွင်ထဲမြုပ်လေတော့သည်။
"တကယ်လားဗျ ကျွန်တော့်ကိုချစ်တာ''
"တကယ်ပေါ့ကွာ ပြော ကိုယ်ဘာလုပ်ပေးရမလဲ စိတ်ကောက်ပြေသွားအောင်''
"မကောက်ပါဘူးဗျ စိတ်ဆိုးတာအရမ်းကိုမှဗျ''
"ကိုယ့်အမှားပါကိုယ်တောင်းပန်ပါတယ်
ဘိုဘို''
ထပ်ခါထပ်ခါတောင်းပန်နေသောအစ်ကို့ကြောင့် ဘိုဘိုသက်ပြင်းရှိုက်မိသည်။
အစ်ကို့ကို ရက်စက်ဖို့တွေးထားခဲ့ပေမယ့် တကယ်တမ်း မလုပ်နိုင်ခဲ့ချေ။
အရမ်းချစ်တော့ စိတ်ဆိုးရင်တောင်ခဏလေးဆိုတာမျိုးဖြစ်နေပြီ။
နောက် ပွေ့ဖက်ထားသော အစ်ကို့ရင်ခွင်ထဲက ရုန်းထွက်ပြီး မျက်နှာချင်းဆိုင်လိုက်လေသည်။
"ချော့ပါဗျ ကျွန်တော်စိတ်ဆိုးပြေအောင်''
"ကောင်းပြီ ကိုယ်ဒီနေ့တစ်နေကုန်သီချင်းဆိုပြမယ်''
အစ်ကို့နောက်ကျောကဂီတာကိုကြည့်ပြီးဘိုဘို ပြုံးမိသည်။ အစ်ကို့အသံချိုချိုလေးကို သူအရမ်းချစ်တာလေ။
ပြုံးယောင်သမ်းလာတဲ့ချစ်သူလေး၏နဖူးပြင်ကို ဒေါင်း ကြင်နာစွာ အနမ်းတစ်ပွင့်ခြွေလိုက်သည်။
"ချစ်တယ် မင်းလေးကို''
"ကျွန်တော်လည်းချစ်တယ်ဗျ''
စကားအဆုံး ရင်ခွင်ထဲတိုးဝင်လာသောချစ်သူလေးကိုဒေါင်းပြန်၍ပွေ့ဖက်လိုက်မိပြန်သည်။
သီချင်းနားထောင်ချင်တယ်ဆိုတော့လည်း ဒေါင်း သူ့ချစ်သူလေးစိတ်ဆိုးပြေအောင် ဂီတာတီးပြီး ချစ်သူလေးအကြိုက်တွေကိုပုဒ်ပြီးတစ်ပုဒ်ဆိုပြတော့သည်။
ချစ်သူလေးကအိပ်ငိုက်လာသည့်အခါ
သူ့ရင်ခွင်ထဲ တိုးဝင်ပြီးအိပ်လေသည်။
ပြန်၍နိုးလာတဲ့အခါ သီချင်းပြန်ဆိုခိုင်းတော့ သူလည်းပြန်ဆိုရပြန်သည်။
ဘယ်တတ်နိုင်မည်လဲ?
ကိုယ့်အမှားကိုယ်အဆုံးထိပေးဆပ်ရမှာပဲလေ။
နောက်တစ်ချက်က ချစ်သူလေးရွှေစိတ်တော်ညှိုးသွားမှာကို ကြောက်မိလို့လည်းပါသည်။
~~~~
"ချက်ချင်းကြီးလားသားရယ် ခဏလေးနေပါဦး ''
"တစ်စက္ကန့်လေးတောင်မနေနိုင်တော့ဘူးမေမေ သွေးဘယ်လောက်တောင်ငိုနေလိုက်မလဲ''
အမေဖြစ်သူကတားသော်လည်းသားဖြစ်သူက အကြောတင်းလွန်းကာအထုပ်သိမ်းနေလေပြီ။
အချစ်နဲ့အရာရာကိုယှဥ်တဲ့အခါအချစ်ကပို၍စွမ်းအားကြီးတာကြောင့် အချစ်ကိုသာ ပြတ်ပြတ်သားသားရွေးချယ်လိုက်တော့သည်။
လွှမ်းဝဏ္ဏထည် မေ့မြောရာကပြန်နိုးထလာတာ ယခုနဲ့ဆိုလေးရက်ပြည့်နေပြီဖြစ်သည်။ မှတ်ဉာဏ်တွေက မူမမှန်နေသေးပေမယ့် သွေးနဲ့ပတ်သက်သမျှကိုတော့ အကုန်မှတ်မိနေသည်။
ပထမသုံးရက်တုန်းကတော့ နှုတ်ခမ်းဖျားက သွေးလို့သာတစ်ချိန်လုံးယောင်နေပြီးမျက်လုံးဖွင့်တာတို့ဘာတို့မရှိချေ။
သုံးရက်မြောက်ညမှာတော့ မျက်လုံးဖွင့်လာပြီး ဟိုဟိုဒီဒီ ကြည့်ကာ မှတ်ဉာဏ်တွေကို ပြန်စစ်ထုတ်လေသည်။
လေးရက်နေ့(ယနေ့)မနက်အစောပိုင်း ငါးနာရီခွဲလောက်သာရှိနေသေးသောအချိန်တွင် လွှမ်းဝဏ္ဏထည် သည် ကျန်ခဲ့သူခင်ပွန်းလေးဆီကိုပြန်ဖို့အထုပ်ပြင်နေလေပြီ။
ဆရာဝန်ကဖြစ်နိုင်ရင်နောက်ထပ်တစ်လခွဲထပ်နေပေးဖို့ပြောကြားထားသော်လည်းလွှမ်းဝဏ္ဏထည် အဖို့ဒီနေရာတွင် တစ်စက္ကန့်လေးတောင်မနေနိုင်တော့ချေ။
အထုပ်ပြင်ပြီးသောအခါ မေမေကပြုံးပြီး
သူ့ဆံသားတွေကိုဖွလာသည်။
"မေမေမှာလန့်နေခဲ့ရတာ မေမေ့သား
မေမေ့တကယ်ထားခဲ့ပြီးလားဆိုပြီး
အခုထိလည်းလန့်နေတုန်းပဲသားရယ်''
မျက်ရည်ဝဲနဲ့ဆိုလာသောမေမေကို သူပွေ့ဖက်လိုက်မိသည်။
"တောင်းပန်ပါတယ်မေမေ ''
ထိုအခါ မေမေကသူ့ကိုပြန်ပွေ့ဖက်ပြီးငိုကြွေးချတော့သည်။
ဝမ်းသာလွန်းလို့ကျတဲ့မေမေ့မျက်ရည်ဟာ
ခဏလေးနဲ့သူ့ကျောပြင်တစ်ခုလုံးရွှဲစိုသွားတော့သည်။
အမေတစ်ခုသားတစ်ခုဘဝဖြစ်နေသောအခါ ပို၍မခွဲနိုင်မခွာနိုင်ဖြစ်ရပါသည်။
ထို့နောက် အထုပ်ဆွဲပြီးလေယာဥ်ကွင်းဆီဦးတည်လိုက်သည်။ ဆေးရုံဆင်းစ လွှမ်းဝဏ္ဏထည် အတွက်
လမ်းလျှောက်ရတာဘယ်လိုမှအဆင်မပြေ။
ခြေထောက်ကမာတောင့်နေသလို လမ်းလျှောက်ရင်
ယိုင်ချင်ပြီး ကိုယ်ကိုထိန်းနေရသည်။
မေမေက ဝှီးချဲသုံးစေပေမယ့် လွှမ်း မသုံးပါ။ သတိရလာကတည်းက အားမလျှော့တဲ့စွဲနဲ့လမ်းလျှောက်ကျင့်နေခဲ့တာ။ ခရုလောက်တော့မနှေးပေမယ့် သာမန်လူတွေလို
မမြန်နိုင်။ ယခုမှာ ချိုင်းထောက်အကူညီနဲ့ လွှမ်း ပိုမြန်လာသည်။
သွေးဆီကိုပို၍မြန်မြန်ပြန်ရောက်ချင်သောကြောင့်
လေယာဥ်ပေါ်ရောက်တာနဲ့တန်းထွက်စေပြီးမရပ်မနားနဲ့ကောင်းကင်ထက်ဝယ်ငှက်တစ်ကောင်အလား လေယာဥ်လေးက လျင်မြန်စွာ ပျံသန်းတော့သည်။
လေယာဥ်ထဲရှိတစ်ယောက်အိပ်ကုတင်ပေါ်တွင် လဲလျောင်းပြီး မျက်လုံးအစုံတို့မှိတ်ကာ အမိနိုင်ငံတွင်ကျန်ရစ်ခဲ့သည်ခင်ပွန်းလေးဆီ အာရုံတို့ကရောက်နှင့်နေပြီ။
တောင်းပန်ပါတယ်သွေး
အကြာကြီးပစ်ထားခဲ့မိလို့
ပြန်ရောက်ရင်မင်းကိုအတိုးချပြီး
ပြန်ချစ်မယ်
ဒီငါးလတိတိ မင်းအပေါ် ဝတ္တရားပျက်ကွက်ခဲ့တာတွေအတွက် တစ်သက်လုံးပြန်ပြီးပေးဆပ်ပါ့မယ်
ငိုနေတဲ့ခင်ပွန်းလေးရဲ့မျက်နှာကိုမြင်ယောင်ကြည့်ရင်း သူသက်ပြင်းရှိုက်မိတော့သည်။
သူ့နံဘေးမှာတော့ မေမေကရှိနေပြီး
သူ့ခြေထောက်တွေကိုနှိပ်ပေးရှာသည်။
မနှိပ်နဲ့ပြောပါသော်လည်းမေမေကမရ။
ကိုယ်ပိုင်လေယာဥ်အသေးစားမို့ကုတင်ကတစ်ခုတည်းရှိသည်။
မေမေ့ကိုဦးစားပေးလိုက်ပေမယ့် မေမေက
သူ့ကိုပြန်ပြီး ဦးစားပေးလေသည်။
နောက်ဆုံးတော့သူကပဲအရှုံးပေးရသည်။
Accident ဖြစ်တုန်းကရထားသည့်ဒဏ်ရာကအလျဥ်းမပြောက်သေးလို့ဖြစ်မည်။
ငါးလတိတိဆေးကုထားသော်လည်း
သူတစ်ကိုယ်လုံးနာကျင်ကိုက်နေတုန်းဖြစ်သည်။
သူကိုယ်ပေါ်ကဒဏ်ရာထက် သွေးငိုနေပါလားဆိုတဲ့အသိက သူ့ကိုပို၍နာကျင်စေသည်။
ဒါ့ကြောင့် သူခေါင်းမာပြီးတော့သာဆရာဝန်ရဲ့စကားကို လျစ်လျူရှုလိုက်သည်။
ကိုယ်တောင်းပန်ပါတယ်သွေး
ကိုယ်မင်းကိုအရင်ကထက်များစွာအတိုးချပြီးချစ်ပေးမှာပါ
တစ်သက်မှာဒီတစ်ယောက်သာရှိတာမို့
ဒီတစ်ယောက်ကိုသာ ရှိသမျှအချစ်တွေပုံအပ်ချင်ပါသည်။
.
.
.
မေ့တတ်တဲ့အကျင့်ရှိလို့သတိလေးပေးကြပါချင့်
စာupရမှာမေ့နေတာ ဒီနေ့ဟိုဟိုဒီဒီကလိရင်း
note bookကိုမြင်မှ စာupရမှာသတိရသွားတာ
😅❤❤
-----------------------------------------------------------------
32
.
.
"ဦး''
"ျပန္လာပါေတာ့ ဦးရယ္''
"ဦး''
ရင္ဘတ္တစ္ခုလုံးကိုကြဲေၾကေစတဲ့အသံ
ငိုေနျခင္းေၾကာင့္တုန္ေနေလေသာအသံ
ျမဴမႈန္ေတြၾကားငုတ္တုတ္ထိုင္ကာကိုယ္လုံးကိုက်ဳံ႕နိုင္သမွ်က်ဳံ႕ၿပီးငိုေနရွာေသာကေလးငယ္တစ္ေယာက္။
မငိုပါနဲ႕ကေလးငယ္လို႔ေျပာခ်င္ေသာ္ငွားလည္း တစ္ခုခုကသူ႕ကိုဖိထားသလိုနဲ႕ နည္းနည္းမွ်လႈပ္၍မရ။
"ဦး''
ကေလးငယ္ရဲ႕ေအာ္သံကပိုက်ယ္လာတဲ့
သူ႕ရင္ဘတ္ဟာေပါက္ကြဲထြက္ေတာ့မတတ္။
ေထြးဖက္လိုက္ခ်င္ေသာ္ငွားလည္း သူ႕ကိုတစ္ေယာက္ေယာက္ကခ်ဳပ္ထားသလိုပုံစံမ်ိဳးနဲ႕မို႔ သူဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစားပင္ပန္းသြား႐ုံေလးသာ အဖတ္တင္သည္။
ေနာက္ ျမဴမႈန္ေတြၾကားထိုင္ငိုေနတဲ့ကေလးငယ္က မ်က္ရည္ေတြနဲ႕ထရပ္ၿပီး
သူအနားက ေခ်ာက္တစ္ခုထဲခုန္ခ်မည္လုပ္ေနေလသည္။
မလုပ္နဲ႕လို႔သူအက်ယ္ႀကီးေအာ္ပစ္လိုက္ခ်င္ေသာ္လည္း ပါးစပ္က လုံးဝဟမရေတာ့ သူ႕ေတာ္ေတာ့္ကိုေဒါသထြက္ခ်င္လာၿပီ။
သူ႕အားဆြဲခ်ဳပ္ထားေသာအရာဆီက
အတင္း႐ုန္းရင္း ကမ္းပါးနားေရာက္ေနေသာကေလးငယ္ကိုလည္းေအာ္ေခၚျပန္သည္။
ကေလးငယ္ကေခ်ာက္ကမ္းပါးနာရပ္ကာခုန္ခ်ဖိဳ႕မ်က္လုံးပိတ္ေနေလၿပီ သူ႕မွာေတာ့အခုထိ႐ုန္း၍မရေသး။
ေက်ာက္ေဆာင္ႀကီးေအာက္ပိေနသည္လားထင္ရေလာက္ေအာက္႐ုန္းေလ သူကပဲေမာေလ သူကပဲနာက်င္ေလမို႔ သူ႕မ်က္ဝန္းအိမ္ထဲမ်က္ရည္တို႔ဝဲစလာၿပီ။
သူ႕အားခ်ဳပ္ထားေသာအရာဆီမွအစြမ္းကုန္႐ုန္းထြက္ေနစဥ္ ကေလးငယ္က ခုန္ခ်ေနၿပီမို႔ သူ႕က်ယ္ေလာင္စြာေအာ္မိေတာ့ငယ္။
"ငယ္!!!''
ကေလးငယ္ဆိုၿပီးအက်ယ္ႀကီးေအာ္ေခၚလိုက္ရာမွ ငယ္ဆိုတဲ့ေနာက္ဆုံးလုံးသာ
ရွင္းရွင္းလင္းလင္းထြက္က်လာသည္။
ငယ္ဆိုေသာေအာ္သံေနာက္မွာေတာ့
"သား! "
သားဆိုေသာမိန္းမႀကီးတစ္ေယာက္ရဲ႕ေအာ္သံကသူ႕နားထဲဆူညံသြားခ်ိန္ Doctor ဆိုေသာအသံကထပ္တိုးလာျပန္သည္။
ေနာက္ စက္ေတြရဲ႕တီ တီျမည္သံေတြနဲ႕အတူ ေျပးလႊားေနေသာ ေျခသံက်ယ္မ်ား။
သူ႕အနားဝိုင္း၍ ျမန္မာစကားမဟုတ္တဲ့
အဂၤလိပ္ဘာသာစကားကိုေျပာေနၾကေသာလူတစ္စု။
သူမ်က္လုံးဖြင့္၍ၾကည့္ခ်င္ေသာ္လည္းမရပင္။
လက္ေခ်ာင္းမ်ားကိုလႈပ္နိုင္ၿပီျဖစ္ေသာ္လည္း စကားေျပာဖို႔သူပါးစပ္မဟနိုင္ေသး။
ေခ်ာက္ထဲခုန္္ခ်သြားတဲ့ကေလးငယ္ကိုျပန္ျမင္ေယာင္ေလ သူ႕ရင္ဘတ္တစ္ခုလုံး ေၾကကြဲေလျဖစ္ေနေတာ့ မ်က္ရည္တို႔လည္း စီးက်လာသည္။
ေနာက္ တီ တီျမည္ေသာစက္သံေတြၿငိမ္သြားၿပီး သူ႕လက္ေမာင္းထဲအပ္ထိုးဝင္လာသလိုလည္းခံစားေနရသည္။
"သား သတိရပါေတာ့သားရယ္ ''
ကနဦးက မိန္းမႀကီးရဲ႕ေအာ္သံျဖစ္သည္။
ဘာေၾကာင့္ မိန္းမႀကီးရဲ႕ေအာ္သံကသူ႕ကိုေၾကကြဲေစရသလဲ။ ကေလးငယ္ကေရာ ဘယ္သူလဲ
ေသခ်ာတာတစ္ခုဟာ ႏွစ္ေယာက္လုံးရဲ႕အသံကသူ႕ကိုဝမ္းနည္းေစသလို ႏွစ္ေယာက္လုံးရဲ႕မ်က္ရည္ဟာလည္း သူ႕အားေၾကကြဲေစျပန္သည္။
သူမ်က္လုံးဖြင့္ၾကည့္ေသာ္လည္း မ်က္ခြံကအေတာ္ေလးေနတာေၾကာင့္ လုံးဝဖြင့္မရ။
ထို႔အစား သူတျဖည္းျဖည္းနဲ႕အားဆုတ္ယုတ္ၿပီး အိပ္ခ်င္လာေတာ့သည္။
~~~~
ဒီေန႕ကား ေသြးရဲ႕အလုပ္ပိတ္ရက္ျဖစ္ေလသည္။
ဦးမရွိတဲ့ေနာက္ေန႕ရက္တိုင္းကို မ႐ႊင္မလန္းႏွင့္သာျဖတ္သန္းေနရၿပီ အိမ္ေတာ္ႀကီးထဲဝယ္ တစ္ေယာက္တည္းအေတြးေပါင္းစုံနဲ႕ျဖစ္ေနေပသည္။
ဒီေန႕လည္းထိုအတိုင္းပင္။
သို႔ေသာ္ မတူဘဲကြဲထြက္သြားတာတစ္ခုက
ေသြးမလုပ္ေတာ့တာၾကာၿပီျဖစ္တဲ့ဘုရားပန္းလဲ ဘုရားရွိခိုးျခင္းကိုျပန္၍လုပ္ျဖစ္သည္။
အမွန္အတိုင္းဆိုရေသာ္ ဒီေန႕ကား
ေသြး တစ္ဆယ့္ရွစ္ႏွစ္ျပည့္ေမြးေန႕ျဖစ္သည္။
ဒါ့ေၾကာင့္ ေသြးမနက္ေလးနာရီကတည္းကထၿပီး ေရခ်ိဳးသန့္စင္ၿပီးသည္ႏွင့္ ၿခံထဲဆင္းကာ မိမိကပ္ခ်င္တဲ့ပန္းကိုခူးေလသည္။
ေနာက္ မနက္အာ႐ုံဆြမ္းကပ္ဖို႔အတြက္
ေသြး ကိုယ္တိုင္မီးဖိုေၾကာင္ဝင္ၿပီးခ်က္ျပဳတ္သည္။
ေဒၚႏွင္းကေတာ့ သက္သာေအာင္နံေဘးကေနရသမွ်ဝိုင္းကူေပးသည္။
ၿပီးေသာအခါဘုရားေသာက္ေတာ္ေရလဲကာအာ႐ုံဆြမ္းကပ္ၿပီး ေသြး တစ္နာရီၾကာၾကာ ဘုရားရွိခိုးေလသည္။
ဘုရားရွိခိုးၿပီးေသာအခါ အခုထိမျပည့္နိုင္ေသးတဲ့ဆုတစ္ခုကိုထပ္ေတာင္းမိျပန္သည္။
ထိုဆုသည္ကား ဦး ျဖစ္ေလသည္။
ေတာင္းတဲ့ဆုတိုင္းမျဖစ္နိုင္တာသိပါရက္နဲ႕
ဒီဆုကိုသာ ေသြး ထပ္ခါထပ္ခါ ေတာင္းမိသည္။
ဘုရားရွိခိုးၿပီးေသာအခါ အိပ္ခန္းထဲျပန္ဝင္ၿပီး ျပကၡဒိန္က အခ်ိန္တစ္ရက္ကိုမွင္နီျဖင့္ ၾကက္ေျခခတ္ ခတ္လိုက္သည္။
ငါးလတိတိရွိေလၿပီ။ ေသြးကို ဦးတစ္ေယာက္တည္းပစ္ထားခဲ့တာ။
ဒီၾကားထဲမငိုတဲ့ရက္ရယ္လို႔မရွိ ေန႕တိုင္း နီးပါးငိုျဖစ္သည္။ ကုမၸဏီသို႔ေရာက္သည့္အခါ ေသြးသည္ စိတ္ကေရာမ်က္ႏွာကပါတင္းေနၿပီး နတ္ဆိုးတစ္ပါးအသြင္ေဆာင္ေလသည္။
သို႔ေသာ္ အိမ္ျပန္ေရာက္သည့္အခ်ိန္မွာေတာ့ ေသြးသည္ ဖေယာင္းတိုင္တစ္ေခ်ာင္းထက္ေတာင္ပိုေပ်ာ့ညံ့ၿပီး မ်က္ရည္တို႔သည္လည္း ဒလေဟာ ဆင္းသည္။
မၿပိဳၿပိဳေအာင္ၿဖိဳခ်င္ေနတဲ့လူတစ္ခ်ိဳ႕က အေျခေနမဟန္ေသာ္လည္း ဟန္ေဆာင္ရပါသည္။
ေခါင္းရင္းထက္ကဦးဓာတ္ပုံအားရင္ခြင္ထဲေပြ႕ထားရင္း ေသြးေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေနမိသည္။
"လြမ္းတယ္ဗ် အရမ္းကိုမွ လြမ္းလြန္းလို႔႐ူးခ်င္လာၿပီဗ်''
ဦးကိုသတိရမိတိုင္းမ်က္ရည္ကဝဲလာသည္။
ဒီေန႕ေတာ့ ေမြးေန႕မို႔မငိုခ်င္ေပမယ့္ မ်က္ရည္ကစီးက်လာေနၿပီ။ စိတ္ထိန္းမွရမယ္ဆိုတဲ့အသိနဲ႕ ေသြး ဦးဝယ္ထားေပးတဲ့ Drawing table ကိုယူၿပီး ခေရပင္ေအာက္ဆင္းကား ေလညင္းခံလိုက္ေလသည္။
ေမြးေန႕ျဖစ္ေပမယ့္ ဦးမွေသြးကိုလက္ေဆာင္မေပးဘဲ ေသြးကပဲျပန္ေပးရမွာေပါ့။
ေနာက္ ဦးပုံကိုစတင္ဆြဲလိုက္မိသည္။
ဦးရဲ႕မ်က္ႏွာကို အလြတ္ရေနၿပီးမို႔ ေသြး
ခဏေလးအတြင္းဆြဲလို႔ၿပီးသည္။
ဦးပုံကိုအျဖဴေရာင္ရွပ္လက္ရွည္နဲ႕အေပၚတစ္ဝက္သာဆြဲျဖစ္၍ ကေလးဆန္ဆန္ ဦးမ်က္လုံးတြင္ ျမႇားတစ္ေခ်ာင္းထိုးျပၿပီး ႏြေးေထြးမႈေပးတဲ့မ်က္ဝန္း ။
ႏႈတ္ခမ္းတြင္လည္းျမႇားတစ္ေခ်ာင္းကရွိျပန္ၿပီး ဆုံးမသြန္သင္တတ္ေသာႏႈတ္ခမ္း။
ေနာက္ရင္ဘတ္ေနရာကျမႇားမွာေတာ့
အခိုလုံခ်င္ဆုံးရင္ခြင္ ယုံၾကည္မႈတို႔ေပးစြမ္းနိုင္ေသာရင္ခြင္။
ထိုသို႔မွတ္ခ်က္မ်ိဳးစုံကိုခ်ၿပီး ပုံကိုအေခ်ာသတ္လိုက္ေလသည္။
ဦးက ေနမင္းႀကီး ဆိုရင္ ေသြး လမင္းႀကီးမျဖစ္ခ်င္ ထိုအစားေနေရာင္ျခည္ကိုျပည့္ျပည့္ဝဝဖူလုံလို႔ရတဲ့ေဒသမွာ ေမြးဖြားခ်င္သည္။
ဦးက ေကာင္းကင္ႀကီးဆိုရင္ ေသြး ၾကယ္ကေလးေတြမျဖစ္ခ်င္ ထိုအစား ေကာင္းကင္ႀကီးႏွင့္အၿမဲဒြန္တြဲကာရွိေန
သည့္တိမ္တိုက္ေတြျဖစ္ခ်င္သည္။
ခ်စ္တယ္ဦးတစ္ေယာက္ကိုသာ....
~~~~
"သားေလး သူငယ္ခ်င္းေရာက္ေနတယ္''
ေသြး မနက္စာစားၿပီး ဦးရဲ႕ Home office
ထဲ အလုပ္လုပ္ေနစဥ္ ေဒၚႏွင္းက လာေခၚျခင္းျဖစ္သည္။
ဒါ့ေၾကာင့္ ေသြး laptop ကို shutdown လုပ္ၿပီးေအာက္ထပ္ကိုဆင္းလာလိုက္ေလသည္။
"Happy birthday ေသြး''
"ေက်းဇူး ေဒါင္း''
ဧည့္သည္တြင္အသင့္ထိုင္ေစာင့္ေနေသာ
ေဒါင္းက ေသြးအတြက္ေမြးေန႕လက္ေဆာင္ဆိုၿပီး ပါကင္ပိတ္ထားေသာ စတုရန္းပုံစံ ဘူးအလတ္တစ္ခုေပးေလသည္။
"ဘာလို႔ပိုက္ဆံအကုန္ခံရတာလဲေဒါင္း
ဒီတိုင္း စကားတစ္ခြန္းကပိုၿပီးေလးနက္ပါတယ္''
"အရင္ဖြင့္ၾကည့္လိုက္ပါ ''
ေဒါင္းက အရင္ဖြင့္ၾကည့္ဖို႔ေျပာေတာ့
ေသြး ဖြင့္ၾကည့္လိုက္သည္။
အျဖဴေရာင္ပုဝါအေသးေလးတစ္ခုတြင္
ဦးနဲ႕ေသြးရဲ႕ပုံကို ခ်ည္ျဖင့္ ထိုးထားေလသည္။
ပုံတြင္ေသြးကခေရပန္းေကာက္ေနၿပီး
ဦးကေသြးနဲ႕အတူေကာက္ေသာ္လည္း
အၾကည့္ေတြကေသြးဆီမွာသာရွိေနတဲ့ပုံျဖစ္သည္။
"ေက်းဇူးအမ်ားပါေဒါင္း ငါတကယ္ႀကိဳက္တယ္ မင္းဘယ္ကသြားမွာထားတာလဲ''
ပုဝါထက္ကလက္နဲ႕ထိုးထားတဲ့ပုံဟာအသက္ဝင္လြန္းေတာ့ ေသြး မ်က္ရည္ဝဲမတတ္ျဖစ္သြားသည္။
ထိုအခါ ေဒါင္းကရယ္သည္။
"မင္းေမြးေန႕မေရာက္ခင္တစ္လလိုတုန္းကသြားမွာထားတာ မင္းႀကိဳက္တယ္ဆိုေက်နပ္တယ္ ''
"အင္း တကယ္ႀကိဳက္တယ္ ''
ပုဝါထက္ကဦးနဲ႕ေသြးပုံကိုေသြး ၾကည့္မဝျဖစ္ေနေလသည္။
ဦးကိုျပခ်င္ေသးေသာ္လည္း ဦးမွ ေသြးအနားနားမရွိဘဲ။
ေသြး ေဒါင္းႏွင့္သူငယ္ခ်င္းေကာင္းေတြအျဖစ္ ဆက္လက္ခင္မင္ေနတာၾကာၿပီျဖစ္သည္။
"ဘိုဘို႔ဆီသြားလိုက္ဦးေလ ေတာ္ၾကာစိတ္ဆိုးသြားမွ မင္းကမၻာပ်က္ေနလိမ့္မယ္''
ေသြးရဲ႕စကားကို ေဒါင္းက ဖြဖြေလးၿပဳံးသည္။
ေဒါင္းက သူနဲ႕ဘိုဘိုခ်စ္သူေတြျဖစ္သြားတဲ့အေၾကာင္း ေသြးကိုလြန္ခဲ့တဲ့သုံးလကဝန္ခံခဲ့ၿပီျဖစ္သည္။
"ဒါဆိုသြားလိုက္ဦးမယ္ေသြး မင္းေျပာသလို စိတ္ဆိုးသြားမွ ေခ်ာ့ရခက္ေနဦးမယ္''
"အင္း ဂ႐ုစိုက္ပါေဒါင္း ဘိုဘို႔ကို
မ်ားမ်ားခ်စ္ေပးလိုက္ပါ''
"စိတ္ခ်ေသြး ဘိုဘိုကငါ့ရဲ႕ေနာက္ဆုံးအခ်စ္ပါပဲ''
"အင္း''
ေဒါင္းထြက္သြားေတာ့ ေသြးအေပၚထပ္ျပန္တက္လာလိုက္သည္။
ေဒါင္းေပးခဲ့တဲ့ပုဝါကိုေသခ်ာျဖန့္ၿပီး
ဦးဓာတ္ပုံနားကပ္ထားလိုက္ေလသည္။
ျမန္ျမန္ျပန္လာပါေတာ့ဦးရယ္
မျဖစ္နိုင္ဘူးဆိုရင္ေတာင္ ယုံၾကည္ေနတယ္ ဦးျပန္လာလိမ့္မယ္လို႔....
~~~~
အိမ္ေရွ႕ရွိ သရက္ပင္ေအာက္ကဒန္းေပၚတြင္ထိုင္ရင္း ဘိုဘို ငိုေနသည္။
ဝမ္းနည္းလို႔က်တဲ့မ်က္ရည္ျဖစ္သလို
နာက်င္လို႔က်တဲ့မ်က္ရည္လည္းျဖစ္ေနသည္။
အစ္ကိုကခ်စ္တယ္သာေျပာေပမယ့္ဂ႐ုစိုက္တာကရွားသည္။
မိမိကစခ်စ္တာေၾကာင့္မိမိကပဲ သည္းခံေနရတာမ်ိဳး။
တစ္ခါတေလက်ေတာ့လည္း စြန့္လႊတ္ခ်င္လာသည္။
အစ္ကိုက ေအးတိေအးစက္နဲ႕ရယ္။
အျပင္သြားရေအာင္ေျပာရင္အေၾကာင္းအမ်ိဳးမ်ိဳးျပတတ္သည္။
ဒါက ဘိုဘို႔ကို အစ္ကိုတကယ္မခ်စ္ဘူးဆိုတဲ့သက္ေသျဖစ္ေနေခ်ၿပီ။
ဒီေန႕ အျပင္သြားဖို႔ခ်ိန္းလိုက္ေသာ္လည္း အစ္ကို႔ဘက္က ကိစၥရွိလို႔ဆိုၿပီးျပတ္ျပတ္သားသားျငင္းေနတာေၾကာင့္
ဘိုဘို နာၾကည္းစြာ အခုထိငိုေနမိျခင္းပင္။
ဘာကမ်ားအေရးႀကီးေနလို႔ကိုယ့္ခ်စ္သူကိုပစ္ထားရတာလဲ?
အစ္ကို႔ရဲ႕အတိတ္ေဟာင္းအေၾကာင္းကို ဘိုဘိုသိပါသည္။
အစ္ကိုရဲ႕အမူအရာေတြကတစ္ခါတေလ ဘိုဘို႔ကို
အစားထိုးတစ္ေယာက္လိုသာသေဘာထားေနတာသိသာသည္။
ေနာက္တစ္ခ်က္ ဒီေန႕က ဘိုဘိုရဲ႕အသက္
၁၇ႏွစ္ျပည့္ေမြးေန႕ျဖစ္သည္။
အစ္ကိုကမ်ားမသိတာလား
ဒါဆိုရင္ေတာ့ ေသခ်ာသေလာက္ရွိေနၿပီ
အစ္ကို ဘိုဘို႔ကိုတကယ္မခ်စ္တာကိုေပါ့။
တကယ္ခ်စ္တဲ့သူေတြက ေျပာစရာမလိုေအာင္ သူ႕ခ်စ္သူနဲ႕ပတ္သက္လို႔အားလုံးသိေအာင္ေလ့လာထားၾကေပမယ့္ အစ္ကိုကေတာ့ မဟုတ္ဘူးဘဲ။
"ဘိုဘို ဘာလို႔ငိုေနတာလဲ ''
ၿခံဝင္းထဲဝင္ဝင္ခ်င္း သရက္ပင္ေအာက္ငုတ္တုတ္ငိုေနေသာ ခ်စ္သူကိုျမင္ရခိုက္ေဒါင္း ပ်ာယာခတ္ေတာ့ေလၿပီ။
အနားကိုသြားၿပီးမ်က္ရည္သုတ္ေပးဖို႔လုပ္လိုက္ေပမယ့္ ဘိုဘိုကအထိမခံ ဆတ္ဆတ္ခံထုတ္ေလသည္။
"ဘာျဖစ္တာလဲဘိုဘို''
"မသိဘူးေပါ့ အစ္ကိုကေရာ ဘယ္ေတြေလွ်ာက္သြားေနလို႔ခ်က္ခ်င္းမလာနိုင္တာလဲဗ် ''
"Sorry ဘိုဘို ကိုယ္ေတာင္းပန္ပါတယ္
ကိုယ့္သူငယ္ခ်င္းေမြးေန႕ရွိေနလို႔ပါ''
သူငယ္ခ်င္းရဲ႕ေမြးေန႕တဲ့လား
ဘိုဘိုဟက္ခနဲရယ္လိုက္မိသည္။
ခ်စ္သူထက္သူငယ္ခ်င္းကအေရးႀကီးတယ္ဆိုတဲ့သေဘာလား?
"သူငယ္ခ်င္း ရည္းစားေဟာင္းမဟုတ္ဘူးလားဗ် မိုးေတာင္မလင္းေသးဘဲအေျပးသြားရေအာင္ အစ္ကိုသူ႕ကိုခ်စ္ေနတုန္းပဲမဟုတ္ဘူးလားဗ်''
ဘိုဘို ရဲ႕ရန္လိုမႈေတြေၾကာင့္ ေဒါင္းေျပာစရာစကားေတြေပ်ာက္ရွသြားေလၿပီ။
ဘာကမ်ားစိတ္ဆိုးစရာျဖစ္ေနလို႔လဲ
ေနာက္က်တာေလာက္နဲ႕ဘိုဘိုကစိတ္ဆိုးတတ္သူမွမဟုတ္ဘဲ။
"ေျပာပါဦး ေသေသခ်ာခ်ာ ဘာေၾကာင့္စိတ္ဆိုးေနရတာလဲ ''
သူစိတ္ဆိုးေနတဲ့အေၾကာင္းရင္းကိုလုံးဝမသိတဲ့ အစ္ကိုေၾကာင့္ ဘိုဘို ခံျပင္းစြာလက္သီးကိုက်စ္က်စ္ဆုပ္လိုက္မိသည္။
"အစ္ကိုကြၽန္ေတာ့္ကိုတကယ္္ခ်စ္တာေရာဟုတ္ရဲ႕လားဗ် လြယ္လြယ္နဲ႕ရတဲ့အခ်စ္မို႔တန္ဖိုးမထားတာလားဗ်
အစ္ကိုကြၽန္ေတာ့္ကိုအစားထိုးလို႔ပဲသေဘာထားတာလားဗ် အစ္ကိုသူ႕ကိုမေမ့နိုင္ေသးရင္ဘာလို႔ကြၽန္ေတာ္ဖြင့္ေျပာတုန္းက မျငင္းခဲ့လဲ''
"ဘိုဘို မင္းကိုယ့္အခ်စ္ကိုမေစာ္ကားစမ္းနဲ႕ ကိုယ္မင္းကိုတကယ္ခ်စ္သလိုမင္းရဲ႕အခ်စ္ကိုလည္းတန္ဖိုးထားတယ္ အခု ကိုယ့္သူငယ္ခ်င္းေၾကာင့္မင္းကိုယ့္ကိုရန္ေတြ႕ေနတာဆိုရင္ကိုယ္ေျပာမယ္ ကိုယ့္သူငယ္ခ်င္းက ေက်ာင္းထြက္လိုက္ရတဲ့အထိ ဒုကၡေပါင္းစုံနဲ႕လူ မိေဝးဖေဝးေရာက္ေနသူမို႔ သူ႕အနားဘယ္သူမွမရွိဘူး ကိုယ္သူဆီသြားရင္ေတာင္ခဏေလးပါ မင္းက ဘာေၾကာင့္ အဲ့ေလာက္ ခံျပင္းေနရတာလဲ?''
အစ္ကိုဘက္ကတင္းလာေတာ့ ဘိုဘိုသည္သူ႕ပါးျပင္ထက္ကမ်က္ရည္ေတြကို ၾကမ္းတမ္းစြာ သုတ္ပစ္လိုက္သည္။
"ဘာမွမျဖစ္ပါဘူး ဒီေန႕ကကြၽန္ေတာ့္ေမြးေန႕ဗ် ဒါေပမဲ့ အစ္ကိုမသိဘူးမဟုတ္လားဗ် ''
ဒါ့ေၾကာင့္စိတ္ဆိုးေနတာကိုး။ ေဒါင္း
သူ႕ကိုယ္သူသာ ရိုက္သတ္လိုက္ခ်င္သည္။
"ကိုယ္တကယ္ေတာင္းပန္ပါတယ္ဘိုဘို
မင္းလည္းမေျပာသလိုကိုယ္လည္းမေမးမိေတာ့မသိဘူး အဲ့ဒါေၾကာင့္ပါ မဟုတ္ရင္ ကိုယ့္ကကိုယ့္ခ်စ္သူဆီပဲအရင္ေျပးလာမွာေပါ့''
"ထားပါေတာ့ အစ္ကိုကြၽန္ေတာ့္ကိုတကယ္မွမခ်စ္ဘဲ သြားပါေတာ့ဗ်ာ ''
မ်က္ရည္ေတြနဲ႕ေက်ာခိုင္းၿပီးအိမ္ထဲဝင္ေတာ့မယ့္ခ်စ္သူေလးကို ေဒါင္း ေနာက္ေက်ာကေန ေထြးဖက္ထားလိုက္မိသည္။
"ကိုယ္တကယ္ခ်စ္ပါတယ္ ကိုယ္ကမင္းကိုပဲခ်စ္တာမို႔လို႔ မင္းအေၾကာင္းေတြကိုစိတ္မဝင္စားဘူး မင္းျဖစ္ေနရင္ၿပီးေရာဆိုတဲ့စိတ္နဲ႕ေနခဲ့မိလို႔ပါ ဘိုဘိုရာ ကိုယ္တကယ္ကိုေတာင္းပန္ပါတယ္''
အစ္ကို႔စကားေၾကာင့္ ဘိုဘိုမွာစိတ္ဆိုးေနတာေတြေပ်ာက္သြားမတတ္ျဖစ္ေနၿပီ။
သို႔ေသာ္ မူခ်င္စမ္းေသးသည္။
"လႊတ္ပါဗ် ''
"မလႊတ္ဘူးကြာ''
ေျပာရင္းေဒါင္းသည္ သူ႕ခ်စ္သူေလးကိုပိုေထြးဖက္လိုက္သည္။ ဒါ့ေၾကာင့္ ဘိုဘိုမွာတစ္ကိုယ္လုံး အစ္ကို႔ရင္ခြင္ထဲျမဳပ္ေလေတာ့သည္။
"တကယ္လားဗ် ကြၽန္ေတာ့္ကိုခ်စ္တာ''
"တကယ္ေပါ့ကြာ ေျပာ ကိုယ္ဘာလုပ္ေပးရမလဲ စိတ္ေကာက္ေျပသြားေအာင္''
"မေကာက္ပါဘူးဗ် စိတ္ဆိုးတာအရမ္းကိုမွဗ်''
"ကိုယ့္အမွားပါကိုယ္ေတာင္းပန္ပါတယ္
ဘိုဘို''
ထပ္ခါထပ္ခါေတာင္းပန္ေနေသာအစ္ကို႔ေၾကာင့္ ဘိုဘိုသက္ျပင္းရွိုက္မိသည္။
အစ္ကို႔ကို ရက္စက္ဖို႔ေတြးထားခဲ့ေပမယ့္ တကယ္တမ္း မလုပ္နိုင္ခဲ့ေခ်။
အရမ္းခ်စ္ေတာ့ စိတ္ဆိုးရင္ေတာင္ခဏေလးဆိုတာမ်ိဳးျဖစ္ေနၿပီ။
ေနာက္ ေပြ႕ဖက္ထားေသာ အစ္ကို႔ရင္ခြင္ထဲက ႐ုန္းထြက္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္ေလသည္။
"ေခ်ာ့ပါဗ် ကြၽန္ေတာ္စိတ္ဆိုးေျပေအာင္''
"ေကာင္းၿပီ ကိုယ္ဒီေန႕တစ္ေနကုန္သီခ်င္းဆိုျပမယ္''
အစ္ကို႔ေနာက္ေက်ာကဂီတာကိုၾကည့္ၿပီးဘိုဘို ၿပဳံးမိသည္။ အစ္ကို႔အသံခ်ိဳခ်ိဳေလးကို သူအရမ္းခ်စ္တာေလ။
ၿပဳံးေယာင္သမ္းလာတဲ့ခ်စ္သူေလး၏နဖူးျပင္ကို ေဒါင္း ၾကင္နာစြာ အနမ္းတစ္ပြင့္ေႁခြလိုက္သည္။
"ခ်စ္တယ္ မင္းေလးကို''
"ကြၽန္ေတာ္လည္းခ်စ္တယ္ဗ်''
စကားအဆုံး ရင္ခြင္ထဲတိုးဝင္လာေသာခ်စ္သူေလးကိုေဒါင္းျပန္၍ေပြ႕ဖက္လိုက္မိျပန္သည္။
သီခ်င္းနားေထာင္ခ်င္တယ္ဆိုေတာ့လည္း ေဒါင္း သူ႕ခ်စ္သူေလးစိတ္ဆိုးေျပေအာင္ ဂီတာတီးၿပီး ခ်စ္သူေလးအႀကိဳက္ေတြကိုပုဒ္ၿပီးတစ္ပုဒ္ဆိုျပေတာ့သည္။
ခ်စ္သူေလးကအိပ္ငိုက္လာသည့္အခါ
သူ႕ရင္ခြင္ထဲ တိုးဝင္ၿပီးအိပ္ေလသည္။
ျပန္၍နိုးလာတဲ့အခါ သီခ်င္းျပန္ဆိုခိုင္းေတာ့ သူလည္းျပန္ဆိုရျပန္သည္။
ဘယ္တတ္နိုင္မည္လဲ?
ကိုယ့္အမွားကိုယ္အဆုံးထိေပးဆပ္ရမွာပဲေလ။
ေနာက္တစ္ခ်က္က ခ်စ္သူေလးေ႐ႊစိတ္ေတာ္ညွိုးသြားမွာကို ေၾကာက္မိလို႔လည္းပါသည္။
~~~~
"ခ်က္ခ်င္းႀကီးလားသားရယ္ ခဏေလးေနပါဦး ''
"တစ္စကၠန့္ေလးေတာင္မေနနိုင္ေတာ့ဘူးေမေမ ေသြးဘယ္ေလာက္ေတာင္ငိုေနလိုက္မလဲ''
အေမျဖစ္သူကတားေသာ္လည္းသားျဖစ္သူက အေၾကာတင္းလြန္းကာအထုပ္သိမ္းေနေလၿပီ။
အခ်စ္နဲ႕အရာရာကိုယွဥ္တဲ့အခါအခ်စ္ကပို၍စြမ္းအားႀကီးတာေၾကာင့္ အခ်စ္ကိုသာ ျပတ္ျပတ္သားသားေ႐ြးခ်ယ္လိုက္ေတာ့သည္။
လႊမ္းဝဏၰထည္ ေမ့ေျမာရာကျပန္နိုးထလာတာ ယခုနဲ႕ဆိုေလးရက္ျပည့္ေနၿပီျဖစ္သည္။ မွတ္ဉာဏ္ေတြက မူမမွန္ေနေသးေပမယ့္ ေသြးနဲ႕ပတ္သက္သမွ်ကိုေတာ့ အကုန္မွတ္မိေနသည္။
ပထမသုံးရက္တုန္းကေတာ့ ႏႈတ္ခမ္းဖ်ားက ေသြးလို႔သာတစ္ခ်ိန္လုံးေယာင္ေနၿပီးမ်က္လုံးဖြင့္တာတို႔ဘာတို႔မရွိေခ်။
သုံးရက္ေျမာက္ညမွာေတာ့ မ်က္လုံးဖြင့္လာၿပီး ဟိုဟိုဒီဒီ ၾကည့္ကာ မွတ္ဉာဏ္ေတြကို ျပန္စစ္ထုတ္ေလသည္။
ေလးရက္ေန႕(ယေန႕)မနက္အေစာပိုင္း ငါးနာရီခြဲေလာက္သာရွိေနေသးေသာအခ်ိန္တြင္ လႊမ္းဝဏၰထည္ သည္ က်န္ခဲ့သူခင္ပြန္းေလးဆီကိုျပန္ဖို႔အထုပ္ျပင္ေနေလၿပီ။
ဆရာဝန္ကျဖစ္နိုင္ရင္ေနာက္ထပ္တစ္လခြဲထပ္ေနေပးဖို႔ေျပာၾကားထားေသာ္လည္းလႊမ္းဝဏၰထည္ အဖို႔ဒီေနရာတြင္ တစ္စကၠန့္ေလးေတာင္မေနနိုင္ေတာ့ေခ်။
အထုပ္ျပင္ၿပီးေသာအခါ ေမေမကၿပဳံးၿပီး
သူ႕ဆံသားေတြကိုဖြလာသည္။
"ေမေမမွာလန့္ေနခဲ့ရတာ ေမေမ့သား
ေမေမ့တကယ္ထားခဲ့ၿပီးလားဆိုၿပီး
အခုထိလည္းလန့္ေနတုန္းပဲသားရယ္''
မ်က္ရည္ဝဲနဲ႕ဆိုလာေသာေမေမကို သူေပြ႕ဖက္လိုက္မိသည္။
"ေတာင္းပန္ပါတယ္ေမေမ ''
ထိုအခါ ေမေမကသူ႕ကိုျပန္ေပြ႕ဖက္ၿပီးငိုေႂကြးခ်ေတာ့သည္။
ဝမ္းသာလြန္းလို႔က်တဲ့ေမေမ့မ်က္ရည္ဟာ
ခဏေလးနဲ႕သူ႕ေက်ာျပင္တစ္ခုလုံး႐ႊဲစိုသြားေတာ့သည္။
အေမတစ္ခုသားတစ္ခုဘဝျဖစ္ေနေသာအခါ ပို၍မခြဲနိုင္မခြာနိုင္ျဖစ္ရပါသည္။
ထို႔ေနာက္ အထုပ္ဆြဲၿပီးေလယာဥ္ကြင္းဆီဦးတည္လိုက္သည္။ ေဆး႐ုံဆင္းစ လႊမ္းဝဏၰထည္ အတြက္
လမ္းေလွ်ာက္ရတာဘယ္လိုမွအဆင္မေျပ။
ေျခေထာက္ကမာေတာင့္ေနသလို လမ္းေလွ်ာက္ရင္
ယိုင္ခ်င္ၿပီး ကိုယ္ကိုထိန္းေနရသည္။
ေမေမက ဝွီးခ်ဲသုံးေစေပမယ့္ လႊမ္း မသုံးပါ။ သတိရလာကတည္းက အားမေလွ်ာ့တဲ့စြဲနဲ႕လမ္းေလွ်ာက္က်င့္ေနခဲ့တာ။ ခ႐ုေလာက္ေတာ့မႏွေးေပမယ့္ သာမန္လူေတြလို
မျမန္နိုင္။ ယခုမွာ ခ်ိဳင္းေထာက္အကူညီနဲ႕ လႊမ္း ပိုျမန္လာသည္။
ေသြးဆီကိုပို၍ျမန္ျမန္ျပန္ေရာက္ခ်င္ေသာေၾကာင့္
ေလယာဥ္ေပၚေရာက္တာနဲ႕တန္းထြက္ေစၿပီးမရပ္မနားနဲ႕ေကာင္းကင္ထက္ဝယ္ငွက္တစ္ေကာင္အလား ေလယာဥ္ေလးက လ်င္ျမန္စြာ ပ်ံသန္းေတာ့သည္။
ေလယာဥ္ထဲရွိတစ္ေယာက္အိပ္ကုတင္ေပၚတြင္ လဲေလ်ာင္းၿပီး မ်က္လုံးအစုံတို႔မွိတ္ကာ အမိနိုင္ငံတြင္က်န္ရစ္ခဲ့သည္ခင္ပြန္းေလးဆီ အာ႐ုံတို႔ကေရာက္ႏွင့္ေနၿပီ။
ေတာင္းပန္ပါတယ္ေသြး
အၾကာႀကီးပစ္ထားခဲ့မိလို႔
ျပန္ေရာက္ရင္မင္းကိုအတိုးခ်ၿပီး
ျပန္ခ်စ္မယ္
ဒီငါးလတိတိ မင္းအေပၚ ဝတၱရားပ်က္ကြက္ခဲ့တာေတြအတြက္ တစ္သက္လုံးျပန္ၿပီးေပးဆပ္ပါ့မယ္
ငိုေနတဲ့ခင္ပြန္းေလးရဲ႕မ်က္ႏွာကိုျမင္ေယာင္ၾကည့္ရင္း သူသက္ျပင္းရွိုက္မိေတာ့သည္။
သူ႕နံေဘးမွာေတာ့ ေမေမကရွိေနၿပီး
သူ႕ေျခေထာက္ေတြကိုႏွိပ္ေပးရွာသည္။
မႏွိပ္နဲ႕ေျပာပါေသာ္လည္းေမေမကမရ။
ကိုယ္ပိုင္ေလယာဥ္အေသးစားမို႔ကုတင္ကတစ္ခုတည္းရွိသည္။
ေမေမ့ကိုဦးစားေပးလိုက္ေပမယ့္ ေမေမက
သူ႕ကိုျပန္ၿပီး ဦးစားေပးေလသည္။
ေနာက္ဆုံးေတာ့သူကပဲအရႈံးေပးရသည္။
Accident ျဖစ္တုန္းကရထားသည့္ဒဏ္ရာကအလ်ဥ္းမေျပာက္ေသးလို႔ျဖစ္မည္။
ငါးလတိတိေဆးကုထားေသာ္လည္း
သူတစ္ကိုယ္လုံးနာက်င္ကိုက္ေနတုန္းျဖစ္သည္။
သူကိုယ္ေပၚကဒဏ္ရာထက္ ေသြးငိုေနပါလားဆိုတဲ့အသိက သူ႕ကိုပို၍နာက်င္ေစသည္။
ဒါ့ေၾကာင့္ သူေခါင္းမာၿပီးေတာ့သာဆရာဝန္ရဲ႕စကားကို လ်စ္လ်ဴရႈလိုက္သည္။
ကိုယ္ေတာင္းပန္ပါတယ္ေသြး
ကိုယ္မင္းကိုအရင္ကထက္မ်ားစြာအတိုးခ်ၿပီးခ်စ္ေပးမွာပါ
တစ္သက္မွာဒီတစ္ေယာက္သာရွိတာမို႔
ဒီတစ္ေယာက္ကိုသာ ရွိသမွ်အခ်စ္ေတြပုံအပ္ခ်င္ပါသည္။
.
.
.
ေမ့တတ္တဲ့အက်င့္ရွိလို႔သတိေလးေပးၾကပါခ်င့္
စာupရမွာေမ့ေနတာ ဒီေန႕ဟိုဟိုဒီဒီကလိရင္း
note bookကိုျမင္မွ စာupရမွာသတိရသြားတာ
😅❤❤